အမျိုးသမီးကျန်းမာ ရေးပြဿနာများ အတွက် ရွေးချယ်သင့်သော အစားအစာများ


(၁) အစိမ်းရောင်အသီးအရွက်တွေ ကတော့ သင်တို့အတွက် ဗီတာမင် တွေ၊ ဓာတ်ဆားတွေ ရရှိစေတဲ့ အဓိကအရင်းအမြစ်တစ်ခု ဖြစ်ပါ တယ်။ အစိမ်းရောင်အရွက်တွေဟာ အမျိုးသမီးတွေမှာ
ဖြစ်လေ့ရှိတဲ့ဓမ္မ တာလာခြင်းကြောင့် သွေးအားနည်း မှုကို ကာကွယ်ပေးနိုင်ပါတယ် ။ အထူးသဖြင့်တော့ ဒေါက်ခွရွက်ဟာ အမျိုးသမီးအသက်အရွယ်မရွေးတိုင်း အတွက် အထူးသင့်လျော်ပြီး သူမှာ အဓိကပါဝင်တဲ့ဗီတာမင်ကေက ဒဏ်ရာရတဲ့အခါ သွေးတိတ်စေရန် အကူအညီဖြစ်စေသလို ဗီတာမင်စီ ကလည်း အမျိုးသမီးတွေရဲ့ခုခံအား စနစ်ကို မြှင့်တင်ပေးကာ သံဓာတ် ပါဝင်မှုလည်း
များသဖြင့် သွေးအား နည်းမှုကို ကာကွယ်ပေးပါတယ်။

(၂) ပိုက်ဆံလျော်ပင်အစေ့(Flax seeds) - ကတော့ Omega -3 အက် ဆစ်ရရှိနိုင်တဲ့ တစ်ခုထဲသော ဟင်းသီး ဟင်းရွက် အရင်းအမြစ် ဖြစ်ပါတယ် ။ သူ့မှာပါဝင်တဲ့ Omega -3 အက်ဆစ်က ဦးနှောက် ဖွံ့ဖြိုးမှုကို အားပေးပါတယ် ။ ဒါ့အပြင် Flax seeds တွေက အသားအရည်နဲ့ ဆံပင်တွေကို ဝင်းလက်တောက် ပြောင်စေပြီး အရိုးကျန်းမာမှုကို အားပေးပါတယ် ။ သူ့မှာ
အမျှင်ဓာတ် အမြောက်အမြားလည်း ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်း ၊ နှလုံး ရောဂါ ၊ သွေးတိုးခြင်း နဲ့သွေးတွင်းအ ဆီတွေကို ကျစေပါတယ် ။ ယင်းအ စေ့မှာ ကြွယ်ဝစွာပါဝင်တဲ့ Lignans လို့ခေါ်တဲ့ဓာတုပစ္စည်းက အမျိုးသမီး များသွေးဆုံးချိန်မှာဖြစ်လေ့ရှိတဲ့လက္ခ ဏာတွေကို သက်သာစေပြီး စိတ်ကျဝေဒနာကို သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် ကင်ဆာအမျိုး မျိုး အထူးသဖြင့်
ရင်သားကင်ဆာ ကို ကာကွယ်ပေးနိုင်ပါတယ် ။

(၃)နို့နှင့်ဒိန်ခဲ -အဆီနည်းတဲ့နို့နဲ့ဒိန် ခဲတွေကတော့ ကယ်ဆီယမ်၊ ဗီတာ မင် B12 နဲ့ ရိုင်ဘိုဖလေဗင် (riboflavin) စတဲ့ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး အမျိုးသမီးတိုင်းအတွက် ကြံ့ခိုင်တဲ့
အရိုးတွေ ပိုင်ဆိုင်စေဖို့ အဓိကလုပ် ဆောင်ပေးပါတယ် ။ အသက်(၃၀)ကျော်လာသည့်အမျိုးသမီးတိုင်းအ တွက် တစ်ရက်ကို နို့တစ်ခွက် သောက်ခြင်းက သွေးဆုံးပြီးနောက် အရိုးပွခြင်းကို
ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ လည်း အကူအညီပေးနိုင်ပါတယ်။

(၄) ရေများများသောက်ပါ။ ရေက ခန္ဓာကိုယ်တွင်းအညစ်အကြေးတွေ ကို ဖယ်ထုတ်ရှင်းပေးနိုင် တဲ့ အ ကောင်းဆုံးသန့်စင်ပစ္စည်းဖြစ်ပါ တယ် ။ ဒါ့အပြင် ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို
ဖယ်ရှင်း ပေးနိုင်ရုံသာမက ဆောင်းတွင်းဆို လျှင် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး နွေရာသီဆိုလျှင် ခန္ဓာကိုယ်ကို အေးမြနေစေပါတယ်။ ရေက ဝမ်း ချုပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း တို့ကို
ကာကွယ်ပေးနိုင် သည့် အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်း မွန်စေကာ အရေပြား၊ ဆံပင်၊အရိုး များကျန်းမာကြံ့ခိုင်ဖို့အတွက် လိုအပ်ပါတယ်။

(၅) နနွင်း -နနွင်းဟာ အသားအရေ ကိုလှပစေပြီး အရေပြားနဲ့ပတ်သက် တဲ့ရောဂါများ(ဒဏ်ရာရခြင်းမှစပြီး အသားအရေခြောက်သွေ့သည်အထိ )ကို သက်သာစေပါတယ် ။ နနွင်းမှုန့်
အနည်းငယ် အား ရေနွေးနွေးနှင့် ဖျော်သောက်ပါက လည်ချောင်းနာ ခြင်းကို သက်သာစေပါတယ်။ ဒါ့ အပြင် နနွင်းမြစ်ကို သံပရာရည်ဖြင့် ဆားစိမ်ပြုလုပ်၍ စားပေးသင့်ပါ တယ် ။ နနွင်းဟာသွေးထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင် စေပြီး ကင်ဆာအတော်များများကို ကာကွယ်ပေးနိုင်သောအစားအစာ အဖြစ် လက်ခံထားကြပါတယ် ။

အဝင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ