ဆေးဆိုင်အချို့တွင် လူသိနည်းသော ဆေးများအား ပိုမိုအစွမ်းထက်သည်ဟုဆိုကာ အစားထိုးရောင်းချလာ


ရန်ကုန်တိုင်း ဒေသကြီး၏ မြို့နယ်များရှိ ဆေးဆိုင်အချို့တွင် ဝယ်သူများမေးသည့် ဆေးထက် ၎င်းတို့ရောင်းချလိုသည့်ဆေး အား ကြော်ငြာသည့်ပုံစံဖြင့် ရောင်းချလာသည်ဟု ကြုံတွေ့ခဲ့ရ သူများမှ ပြောသည် ။

ထိုကဲ့သို့ ရောင်းချရာတွင် ဝယ်သူမေးသည့်ဆေးနှင့် ၎င်းတို့ အညွှန်းပေးသည့်ဆေးမှာ လွဲချော်‌နေသဖြင့် ယုံယုံကြည်ကြည်ဝယ်ယူ သုံးစွဲမိသူများမှာ ဆေးအာနိ သင်မထိရောက်ခြင်း ၊ ဘေးထွက် ဆိုးကျိုးများ ခံစားရခြင်း ပြဿနာ များဖြစ်ပွားနေသည်ဟုသိရသည် ။

"ကျွန်တော်က မိုးရွာထဲ ဘောလုံးကန်ရင်း မသန့်တဲ့ ရွှံ့ ဗွက်ရည်နဲ့ထိပြီး ယားနာတွေ ပေါက်လာလို့ စကင်းနီးလ်ဆေး ဘူးသွားဝယ် တာ ဆိုင်ရှင်က စကင်းနီးလ်က တရုတ်ကလာ တာ ကြော်ငြာအားကြောင့် လူသိများနေတာ ဈေးလည်းများတယ်။ သိပ်လည်းမကောင်း ဘူး ။

ဒီဆေး ဘူးဝယ်သွား ဒါက ထိုင်းကလာတာ ဒီဆေးက မကြေညာလို့ လူသိနည်းပေမယ့် ယားနာ၊ ပွေး၊ ဝဲ၊ ညှင်း အကုန်ပျောက် တယ်။ ဈေးလည်းချိုတယ်ဆိုပြီး "ဒီယာ ဇွန်"ဆိုတဲ့ ဆေးဘူးပြတယ် ။ နှစ် တိုင်း မိုးရာသီ ရွှံ့ဗွက်ထဲမှာ ဘောလုံးကန်လို့ ယားနာဖြစ်တိုင်း စကင်းနီးလ်နဲ့ ပျောက်ပေမယ့် ဆိုင်ပိုင်ရှင် အညွှန်းကောင်းလို့ သူပြောတဲ့ဆေးဘူးဝယ်လိမ်းတာ မပျောက်ဘူး ။ အဲဒါနဲ့ စကင်းနီးလ် ပဲ ပြန်ဝယ် လိမ်းရတယ်"ဟု ကြုံတွေ့ခဲ့ရသူ ကိုဥာဏ်လင်းထက်မှ ပြောသည် ။

ထိုသို့ ကြော်ငြာရောင်းချသဖြင့် Allergic ဖြစ်ပွားခဲ့သူ တစ်ဦးမှလည်း ၎င်းအနေဖြင့် လက်အသားအရေ လှပစေရန် "Benovate" အမည်ရှိ ဆေးအား အမြဲမပြတ် လိမ်းကြောင်း၊ တစ်ရက်တွင် "Benovate" ဆေး ကုန်နေသဖြင့် ဆေးဆိုင်ပိုင်ရှင်မှ အဆိုပါဆေးထက် ပိုကောင်းသည်ဟု အခြားလိမ်းဆေး တစ်မျိုးအား ညွှန်းကြောင်း ၎င်းစမ်းသပ်လိမ်းရာ လက်တွင် အဖုအပိန့်များထ လာသဖြင့် ဆရာဝန်နှင့် ကုသခဲ့ရ‌ကြောင်းကြုံတွေ့ခဲ့ရသူ ကိုဖိုးပြည့် မှ ပြောပြခဲ့သည် ။

"မြန်မာနိုင်ငံအတွင်းမှာ ထိုင်း၊ အိန္ဒိယနဲ့ တရုတ်ကထုတ် တဲ့ ပေါချောင်ကောင်း ဆေးဝါး တွေ တရားဝင်ရော၊ တရားမဝင် ပါ အများကြီး ပဲ။ ဆေးရောင်းတဲ့ သူအနေနဲ့ ဆေးဝါးရဲ့အာနိသင်၊ ဘေးထွက်ဆိုးကျိုး နားမလည်ဘဲ ကြေညာမရောင်းသင့်သလို ဝေဒနာရှင် အနေနဲ့ လည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် မပြဘဲ အကုန်အကျသက်သာပြီးရောဆို တဲ့စိတ်နဲ့ ဆေးရောင်းတဲ့သူပြောသမျှ မယုံသင့်ဘူး။ အခုဖြစ်ရပ် ကလည်း အရေပြားလိမ်းဆေးမို့သာ အဖုအပိန့်နဲ့ တင်ပြီးသွားတာ။ နှလုံးတို့ သွေးတိုးတို့ ဆီးချို ဝေဒနာ ရှင်မျိုး ကို သောက်ဆေး အလွဲတွေညွှန်းပြီး ‌ရောင်းမိမယ်ဆိုရင် အသက် အန္တရာယ်ပါ ဖြစ်နိုင်တယ်"ဟု အထွေထွေရောဂါ ကု ဆရာဝန် တစ်ဦးမှ ရှင်းပြသည်။

ဝေယံဦး
Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ