ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားနေ




ကင်ဆာဖြစ်ပွားမှုနှုန်းဟာ ၀င်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ လျော့ကျလာပေမယ့် ၀င်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ အလယ်လတ်တန်းစား နိုင်ငံတွေမှာ အစားအသောက်နဲ့ လူနေမှုပုံစံတွေကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ဟာ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် သက်ရောက်မှုရှိတယ်လို့ American Cancer Society က သုတေသီတွေက Cancer Epidemiology, Biomarkers and Prevention မှာ လေ့လာချက်အသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သုတေသီတွေအဆိုအရ ဂရုမပြုခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းနဲ့ ကင်ဆာရောဂါ စမ်းသပ်စစ်ဆေးခြင်းတွေ မပြုလုပ်တဲ့အတွက် ရည်ရှည်ကျန်းမာရေးစောင့်ရှောက်မှုတွေ မရနိုင်တဲ့အတွက် မြင့်တက်လာတယ်လို့ သိရှိရပါတယ်။

ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသဲကင်ဆာ စတဲ့ ကင်ဆာရောဂါအားလုံးဟာ ၀င်ငွေနိမ့်ပါးတဲ့နိုင်ငံတွေနဲ့ အလယ်လတ်တန်းစား နိုင်ငံတွေမှာ အဖြစ်အများဆုံးဖြစ်နေပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ