ဒိန်းမတ်တွင် တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းကိုတားမြစ်

ဒိန်းမတ်နိုင်ငံတွင် တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းကို နိုင်ငံဂုဏ်သိက္ခာကို ပျက်စီးစေသည့် အမူအကျင့်ဖြစ်ပြီး အများဆန္ဒနှင့် ကိုက်ညီမှုလည်း မရှိသဖြင့် တားမြစ်လိုက်ပြီဖြစ်သည်။

ဥရောပဒေသ တစ်ခုလုံးနီးပါးမှာ တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှုကို တားမြစ်ထားပြီဖြစ်၍ ဒိန်းမတ်နိုင်ငံသည် တိရစ္ဆာန်နှင့် လိင်ဆက်ဆံပျော်မွေ့ တတ်သူ ခရီးသွားများ ပြီးခဲ့သည့် နှစ်များအတွင်း လာရောက်မှုအရေအတွက်များပြားလာခဲ့ကာ တိရစ္ဆာန်လိင်ဝန်ဆောင်မှုသဖွယ်ဖြစ်လာခဲ့သည်။

"ဒီလို တိရစ္ဆာန်တွေနဲ့ လိင်ဆက်ဆံကြတာကို တားမြစ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါက တိရစ္ဆာန်တွေ မဖွယ်မရာ တိုက်ခိုက်ခံနေရတာလည်း ဖြစ်တယ်။ သဘာဝနဲ့ ဖီလာကန့် လန့် ဖြစ်တဲ့ အရာပါ။" ဟု ဒိန်းမတ်စိုက်ပျိုးရေးဝန်ကြီး ဒန်ဂျော်ဂန်ဆန်ကပြောလိုက်သည်။

တခြားနေရာဒေသတွေမှာ ဒီအမူအကျင့်ကို တားမြစ်နေချိန် ဒိန်းမတ်ကလည်း မတားမြစ်ခဲ့ရင် နိုင်ငံဂုဏ်သိက္ခာပျက်စီးသွားစေမှာပဲဖြစ်ပါတယ်။``ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး မကြာသေးမီက မဲစစ်တမ်းကောက်ယူချက်အရ ရာခိုင်နှုန်း ၇၆ပြည်သူတို့ က ကန့် ကွက်ကြောင်း ဆန္ဒပေးထားသည်။

တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှုအပေါ် ဥပဒေကြမ်းလည်း ရေးဆွဲကာ ဒိန်းမတ်အစိုးရအနေဖြင့် ၂၀၁၅တွင် စတင်ကျင့်သုံးတော့မည်ဖြစ်သည်။

တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှုကို အင်္ဂလန်တွင် အက်ဒ်ဝက်ဘုရင်လက်ထက် ၁၂၉၀ခုနှစ်ကတည်းက တားမြစ်ထားပြီး ဥရောပအိမ်နီးချင်းနိုင်ငံများစွာဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်စသည့် နိုင်ငံများကလည်း လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလတည်းက တားမြစ်လာကြခြင်းဖြစ်သည်။
ဆွီဒင်နိုင်ငံတွင်လည်း ကျေးလက်ဒေသရေးရာ ဝန်ကြီးအီစကေးအာလန်ဆွန်း၏ ဦးဆောင်မှုဖြင့် ၂၀၁၄ခုနှစ် ဧပြီလတွင် တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းကို တားမြစ်ခဲ့သည်။ ဂျာမနီနိုင်ငံက ၂၀၁၂ခုနှစ်အတွင်း စတင်တားမြစ်ခဲ့ခြင်းဖြစ်သည်။

ဖင်လန်၊ ဟန်ဂေရီနှင့် ရိုမေးနီးယားနိုင်ငံများတွင်မှု တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းကို တားမြစ်သေးခြင်းမရှိပဲ တရားဝင်နေဆဲရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ