လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိစစ်ဆေးခဲ့ရာမှ အခြားလုယက်မှုများ ထပ်မံဖော်ထုတ်နိုင်

ရန်ကုန်၊ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်
များသည် မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်၊ ကြူစမ်းကျေးရွာနေသူများဖြစ်သည့်
ပြည့်စုံ(ခ)ပြည့်စုံဝင်း၊ ဘူးသီး(ခ)ထွန်းလင်းကျော်နှင့်ကျော်သူ(ခ)ကျော်သူရမင်းတို့ (၃)ဦးသည် အလုပ်အကိုင်အတည်တကျ မရှိဘဲငွေကြေးများဖောသီစွာသုံးစွဲကာ
အပေါင်ဆိုင်တွင် ရွှေထည်ပစ္စည်းများပေါင်နှံထားကြောင်းနှင့်ဆိုင်ကယ်ဖြင့်သွားလာကာ လုယက်မှုများကျူးလွန်ထားကြောင်းမသင်္ကာသတင်းအရ ဖမ်းဆီး
စစ်ဆေးရန် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်၁၉.၆.၂၀၁၄ရက်နေ့၂၀၀၀အချိန် မြောက်ဥက္ကလာပ
မြို့နယ်၊ သုနန္ဒာလမ်းမနှင့် ဂရုဏာလမ်းထိပ်၌ စက်ဘီးနောက်မှလိုက်ပါစီးနင်း
လာသည့် အမျိုးသမီးတစ်ဦး ၀တ်ဆင်ထားသော ရွှေဆွဲကြိုးအားပြည့်စုံ(ခ)
ပြည့်စုံဝင်းနှင့်ဘူးသီး(ခ)ထွန်းလင်းကျော်တို့မှ ဆိုင်ကယ်(၁)စီးဖြင့်လိုက်ပါလာကာ
လုယူစဉ် ပြည့်စုံ(ခ)ပြည့်စုံဝင်းမှာဖမ်းဆီးခံရပြီး ဘူးသီး(ခ)ထွန်းလင်းကျော်မှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ၎င်းတို့(၂)ဦးအား မြောက်ဥက္ကလာပမြို့မ
ရဲစခန်း(ပ)၄၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့်အမှုဖွင့်အရေးယူကာ စစ်ဆေး
ဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင်များသည် အမှုမှထွက်ပြေးလွတ်မြောက်သွားသူ ဘူးသီး(ခ)ထွန်းလင်းကျော်နှင့် သတင်းရရှိထားသူ ကျော်သူ (ခ)ကျော်သူရမင်းတို့ (၂)ဦးအား ၎င်းတို့၏နေအိမ် အသီးသီးမှ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၃)ဦးအားအခြားလုယက်မှုများနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ၆.၅.၂၀၁၄ရက်
နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ လောကနတ်သင်္ကန်းဆိုင်အနီး၌ အမျိုးသမီး
တစ်ဦးဝတ်ဆင်ထားသော ရွှေဆွဲကြိုး (၁)ကုံးအား ဆွဲဖြတ်လုယူခံရသဖြင့်
မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၃၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ဖြင့်အမှုဖွင့်
စုံစမ်းလျက်ရှိသောအမှုအား ပြည့်စုံ(ခ)ပြည့်စုံဝင်းနှင့် ဘူးသီး(ခ)ထွန်းလင်းကျော် တို့မှကျူးလွန်ခဲ့ပြီးအမှုမှရွှေဆွဲကြိုးအား ကျော်သူ(ခ)ကျော်သူရမင်းမှတစ်ဆင့်
ရောင်းချထားကြောင်း၊ ၂၁.၅.၂၀၁၄ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊
ဝဇီရာသမဆိုင်ရှေ့တွင်လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးဝတ်ဆင်ထား
သော ရွှေဆွဲကြိုးအားဆွဲဖြတ်လုယူခံရသဖြင့် မြောက်ဥက္ကလာပ မြို့မရဲစခန်း
(ပ)၃၈၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအား
ပြည့်စုံ(ခ) ပြည့်စုံဝင်းနှင့် ဖိုးဇော်(စုံစမ်းဆဲ) တို့မှကျူးလွန်ခဲ့ကြောင်း၊ ၂၅.၅.၂၀၁၄ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ မနောလှစတိုးဆိုင်အနီးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား
ဆွဲဖြတ်လုယူခံရသဖြင့်မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၂၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၈၂ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအား ပြည့်စုံ(ခ)ပြည့်စုံဝင်းနှင့် ကျော်ဟိန်း(ခ)
ကျော်ကျော်ဟိန်း (စုံစမ်းဆဲ)တို့မှ ကျူးလွန်ခဲ့ကြောင်း၊ ၉.၆.၂၀၁၄ရက်နေ့တွင်
မြောက်ဥက္ကလာပမြို့နယ်၊ ဒေါင်းမိခင်ဆေးခန်းရှေ့တွင် စက်ဘီးနောက်မှ စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ဆွဲဖြတ်လုယူခံရသဖြင့် ဝေဘာဂီနယ်မြေရဲစခန်း(ပ)၁၈၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအား ပြည့်စုံ(ခ)ပြည့်စုံဝင်းနှင့် ဘူးသီး(ခ)ထွန်းလင်းကျော်တို့မှကျူးလွန်ခဲ့ပြီး ရွှေဆွဲ ကြိုးအား ကျော်သူ(ခ)
ကျော်သူရမင်းမှတစ်ဆင့် ပေါင်နှံထားကြောင်း၊ ၁၈.၆.၂၀၁၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊အ.ထ.က (၁)ကျောင်းရှေ့၌ ဆိုက္ကားစီးနင်းလိုက်ပါ
လာသော အမျိုးသမီးတစ်ဦးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား ဆွဲဖြတ်လုယူ
ခံရသဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၈၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအား ပြည့်စုံ(ခ)ပြည့်စုံဝင်းနှင့် ဘူးသီး(ခ)
ထွန်းလင်းကျော်တို့မှ ကျူးလွန်ခဲ့ပြီး ကျော်သူ(ခ)ကျော်သူရမင်းမှတစ်ဆင့် ပေါင်နှံ ထားကြောင်းပေါ်ပေါက်ခဲ့သဖြင့်သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

၎င်းတို့(၃)ဦးအားအခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ/မရှိထပ်မံစစ်ဆေးခဲ့ရာ
ပြည့်စုံ(ခ) ပြည့်စုံဝင်း နှင့်ဘူးသီး(ခ)ထွန်းလင်းကျော်တို့ (၂)ဦးသည် ရွှေပြည်သာ
မြို့နယ်၊ သံဒင်းလမ်းတွင်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွှေတောင်ကုန်းဟိုတယ်
အနီးတွင်လည်းကောင်း၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမတွင်
လည်းကောင်း၊ ဘုရင့်နောင်လမ်းမနှင့် (က/၂)လမ်းထိပ်တွင်လည်းကောင်း၊
မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာပတ်လမ်းတွင်လည်းကောင်း၊ သုဓမ္မာလမ်းရှိ အ၀ိုင်းပန်းခြံရှေ့တွင်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ ခေါင်သုံးလုံးမှတ်တိုင်
အနီးတွင် လည်းကောင်း၊ ဗိုလ်ချုပ်လမ်းနှင့် ကံ့ကော်လမ်းထိပ်တွင်လည်းကောင်း၊ ပုလဲလမ်းရှိ (၈၁)ကားဂိတ်အနီးတွင်လည်းကောင်း အမျိုးသမီးများထံမှ ၀တ်ဆင်
ထားသောရွှေဆွဲကြိုးများနှင့် လက်ကိုင်အိတ်(၁)လုံးတို့အား ဆွဲဖြတ်လုယူခဲ့ကြပြီး
ရွှေဆွဲကြိုး အချို့အားကျော်သူ(ခ)ကျော်သူရမင်းမှတစ်ဆင့်ပေါင်နှံရောင်းချ
ထားကြောင်းပေါ်ပေါက်ခဲ့သည့်အပြင် ပြည့်စုံ(ခ)ပြည့်စုံဝင်းနှင့်ကျော်ဟိန်း(ခ)
ကျော်ကျော်ဟိန်းတို့(၂)ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ(၆)လမ်း
ထိပ်တွင်အမျိုးသမီးတစ်ဦးဝတ်ဆင်ထားသောရွှေဆွဲကြိုး (၁)ကုံးအား လုယူခဲ့
ကြောင်းပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီး ဖွင့်လှစ်ကာသက်သေခံ ပစ္စည်းများသိမ်းဆည်းပြီး ထပ်မံအရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ