လင်မယားချင်းစကားများနေသည်ကို တစ်လမ်းတည်းနေသူမှ ဆူညံသည်ဟု ပြောဆိုသဖြင့် ခိုက်ရန်ဖြစ်ပွားစဉ် ဓါးဖြင့်ထိုးခဲ့၍ ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၇

၁၆.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ဆယ်အိမ်မှူး ဦးမြင့်လွင်သည် မင်္ဂလာဒုံမြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့်အတူလှည့်ကင်းလိုက်ပါဆောင်ရွက်နေစဉ် သင်္ဃန်းကျွန်းကြီးကျေးရွာ၊အောင်မင်္ဂလာ(၁)လမ်း၌ ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ အဆိုပါလမ်းမပေါ်တွင် သင်္ဃန်းကျွန်းကြီးကျေးရွာနေ ဒေါ်မြင့်မြင့်စိုး(၃၁)နှစ်အား ကျောကုန်းယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးပွန်းခြစ်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးစောမင်း(၅၆)နှစ်တွင် ၀ဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နံစောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာသေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်စိုးအားမေးမြန်းရာ ၂၂၀၀ အချိန်ခန့်က ၎င်းတို့လင်မယား(၂)ဦး နေအိမ်၌ စကားများနေစဉ် တစ်လမ်းတည်းနေရဲလေး(ခ)ရဲလင်းအောင်(၂၀)နှစ်၊ (ဘ)ဦးဌေးအောင်မှာ နေအိမ်ရှေ့သို့ရောက်ရှိလာကာ ဆူညံသည်ပြောဆိုရာမှ ခင်ပွန်းဖြစ်သူနှင့် စကားများခဲ့ကြောင်း၊ ခင်းပွန်းဖြစ်သူမှ နေအိမ်ရှေ့သို့ တုတ်ဖြင့်ထွက်ရိုက်ခဲ့ရာ ရဲလေး(ခ)ရဲလင်းအောင်မှ အသင့်ယူဆောင်လာသော အရိုးအသွား(၈)လက်မ ခန့်ရှိဓါးဖြင့် ခင်ပွန်းဖြစ်သူအားထိုးခဲ့၍ ၎င်းမှ ၀င်ရောက်တားမြစ်ခဲ့ကြောင်း၊ ထိုကဲ့သို့ဝင်ရောက်တားမြစ်စဉ် ရဲလင်းအောင်မှ ၎င်းကိုလည်းဓါးဖြင့်ထိုးခဲ့၍ဒဏ်ရာများရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ရဲလေး(ခ)ရဲလင်းအောင်အား အရေးယူပေးပါရန် ဆယ်အိမ်မှူး ဦးမြင့်လွင်မှ တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၂၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ