မင်္ဂလာပါ ဒေါက်တာရှင့် သမီးနံမည့့် ဖြစ်ပါတယ်ရှင့်၊ အခုအသက်က
(၃၃)နှစ်ထဲမှာပါ။ ဟိုအရင် ဆရာကို မေးဖူးပါတယ်ရှင့်။ အဲ့တုန်းက
သမီးသပျစ်သီးသန္ဓေလဲဖြစ်ခဲ့ပါတယ်။ သားအိမ်လဲခြစ်ခဲ့ပါတယ်။
အခု ကိုယ်ဝန်ဆောင်ပြီး ကလေးဗိုက်ခွဲမွေးထားပါတယ်။ ကလေးက (၆)လထဲမှာပါ။
ကလေးဗိုက်ခွဲမွေးပြီး ဘယ်နှစ်လကြာ ကိုယ်ဝန်ပြန်ဆောင်လို့ ရပါသလဲရှင့်။
အကယ်၍ ကလေး (၆) လထဲမှာ ကိုယ်ဝန်ရှိခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ရပါမလဲရှင့်။
ကျေးဇူးပြု၍ ဖြေကြားပေးပါရှင်။
• ကလေးဗိုက်ခွဲမွေးပြီး ဘယ်တော့မှာ
နောက်ကိုယ်ဝန်ဆောင်သင့်သလဲ၊ ယေဘုယျပြောရရင် ၁၈-၂၃ လလို့ ဆိုနိုင်ပါတယ်။
ဒီလိုကာလကို ရိုးရိုးမွေးလမ်းကနေမွေးထားသူတွေအတွက်လဲ မှန်ပါတယ်။
•
ကြာလှချေလားထင်နိုင်ပါတယ်။ အစအစ အသားကျအောင်၊ ကိုယ်ခန္ဓာကလဲ
အဆင်သင့်ဖြစ်အောင် စောင့်စေချင်တာပါ။ အဲဒီစောင့်စေချင်တာထဲမှာ
သွေးအားမနည်းစေချင်တာက ထိပ်ကပါ။ ဗိုက်ခွဲမွေးရသူတွေဟာ ရိုးရိးမွေးသူတွေထက်
သွေးထွက်တာ နှစ်ဆရှိတယ်။
• လေ့လာမှုတွေအရ ပဌမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်
၆ လသာခြာသူတွေမှာ မွေးဖွါးခြင်းဆိုင်ရာ ပြဿနာတွေ ပိုများတာ တွေရတယ်။
သားအိမ်ကွဲတာ၊ စောမွေးတာ၊ ကလေးသေးတာ။
• လူမှုရေးဘက်ကတွက်ရင်လဲ ကလေးပြုစုဘို့ ပိုများလာတာ၊ အလုပ်အကိုင်၊ စိတ်ပိုင်းတွေကိုလဲ ထည့်တွက်သင့်ပါသေးတယ်။
• ဒါပေမဲ့ ပြောထားတဲ့ ၁၈ လထက်စောပြီး နော်ကကိုယ်ဝန်ရှိတယ်ဆိုရင် နည်းနည်းလေးမှ စိတ်မပျက်ပါနဲ့။
• တချို့လင်မယားတွေမှာ အသက်အရွယ်အရ သိပ်မကြီးကြခင်
ကလေးတွေမွေးထားချင်ကြပါမယ်။ ရပါတယ်။ အနည်းဆုံး ၁၂ လအထိစောင့်နိုင်ရင်
ပိုသင့်ပါမယ်။ အသက် ၃၅ နှစ်ကျော်လာရင် ကိုယ်ဝန်ရဘို့ ခက်လာသူတွေ ရှိတယ်။
တယောက်နဲ့တယောက်တော့ အတော်ကို မတူကြပါ။
• WHO ကနေအကြံပြုချက်ကတော့ ၂
နှစ် (၂၄ လ) ဖြစ်ပါတယ်။ ဒါကလဲ အရင်ကလေးကို ခွဲမွေးတာ
ဟုတ်ဟုတ်-မဟုတ်ဟုတ်အတွက် သတ်မှတ်ချက်ပါဘဲ။ တချို့အစိုးရတွေက ၃
နှစ်အထိခြာဘို့ အကြံပြုထားတယ်။
• ကလေးတွေ ၂ နှစ်ကြီး၊ ၂ နှစ်ငယ်တာက စံပြပုံစံလို့ပြောနိုင်တယ်။
• အိန္ဒိယမှာ ၈% သောကိုယ်ဝန်ဆောင်တွေက ဗိုက်ခွဲမွေးနေတယ်။
ဗိုက်ခွဲမွေးတယ်ဆိုတာ အကြီးစား ခွဲစိတ်ကုသမှု ဖြစ်ပါတယ်။ ခွဲပြီးနာနေမယ်။
အားတွေကုန်ခမ်းသလိုနေမယ်။ ရင်းစားရအောင် အချိန်ယူမယ်။ အဲတာမှာ
တယောက်နဲ့တယောက် မတူကြပြန်ပါ။ ကလေးတယောက်နဲ့တယောက်ကြား ခြာနိုင်လေလေ
သင့်လေလေ ဖြစ်တယ်။ အိန္ဒိယမှာလဲ ဆရာဝန်တွေက ၁၈ လ စောင့်စေချင်တယ်။
•
ဗိုက်ခွဲမွေးပေးတဲ့အခါ ဆီးစပ်နေရာမှာ ဒေါက်လိုက်ဖြစ်ဖြစ် (ဘီကီနီ ကတ်)
ကန့်လန့့် ဖစ်ဖြစ် ခွဲတယ်။ အထဲရောက်ရင် သားအိမ်ကို အားလုံးလောက်ကို
ကန့်လန့်သာခွဲမွေးပေးတယ်။ အဲဒီခွဲတာတွေကို ပြန်ချုပ်သမမှ ၃ လနေရင်
နရိုလိုပြန်ဖြစ်ပါပြီ။ကြာလေလေ ခိုင်မာ၊ ခိုင်မြဲလေလေဖြစ်တယ်။
ကောင်းကောင်းခိုင်မြဲနေတာကြာလေလေ၊ နောက်တခါ ခွဲစိတ်ရရင်
နောက်ဆက်တွဲနည်းလေလေဖြစ်ပါမယ်။
• နောက်ခါမှာ ရိုးရိုးမွေးလ်း (ဗဂျိုင်းနား) ကနေမွေးတာကို Vaginal birth or VBAC (ဘီးဘက်) လို့ခေါ်တယ်။
• သုတေသန သိပ်မစုံလှသေးပေမဲ့ ၁၈ လထက်စောမွေးရသူတွေမှာ အောင်မြင်မှုနှုန်း
၇၉% နဲ့ ၁၈ လစောင့်ပြီး နောက်ကလေးမွေးသူတွေမှာ (ဘီးဘက်) အောင်မြင်မှုနှုန်းက
၈၆% ရှိတာတွေ့ရတယ်။
• နောက်တယောက်ကို သိပ်မခြာဘဲမွေးသူတွေမှာ
နောက်သတိထားစရာတခုက အချင်းအောက်ပိုင်းမှာနေတာ (အချင်းရှေ့ရောက်)
ပိုဖြစ်တာတွေ့ရတယ်။ ဖတ်တာနဲ့ ကြောက်စရာလို့ မထင်စေချင်ပါ။
အချင်းကွာနိုင်တာက အလွန်ဖြစ်ခဲပါတယ်။
• နိဂုံးချုပ်လိုက်ရင်
နောက်ကလေးတယောက် ဘယ်တော့လောက် ထပ်မွေးသင့်သလဲ ဆရာဝန်တွေ တိတိကျကျ
မပြောနိုင်ပါ။ ၁၈-၂၃ လ စောင့်တာအကောင်းဆုံးဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Next pregnancy နောက်ကိုယ်ဝန် ယူချင်သူများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin