သရက်ချောင်းမြို့နယ် တွင် ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းမှောက်

သရက်ချောင်း ဧပြီ ၂၂

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ သင်းကျွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၀/ ၄)နှင့် (၁၀/၅) တံတားလမ်းလွှဲနေရာ ၌ ထားဝယ်မြို့မှ ပုလော မြို့နယ်သို့ ယာဉ်မောင်း ဦးသန်းထိုက် မောင်းနှင်း သည့် ယာဉ်အမှတ်(၅က/ ၉၀၀၉)ခရီးသည် တင် BM ကား ဖြူနီကြား သည် သရက်ချောင်းမြို့မှ ထားဝယ်မြို့ သို့ ဦးစိန်လွင် မောင်းနှင်သည့် ယာဉ်အမှတ်၊DD / ၅၇၈၂ တိုယိုတာ ဟွန်ဒိုင်း ကားအား အရှိန်လွန်ဝင်ရောက်တိုက်မိပြီး BM ကားမှာ လမ်း၏ တစ်ဖက် ယာဉ်ကျောဘက်ခြမ်း၌ တမ်းမှောက်သွားကာ ၄င်းကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ကားနှင့် ဦးရီစိန် အသက်(၅၈) (အဘ)ဦးကြည်ဖေ မြန်မာပအော့ကျေးရွာနေသူတွင် ဦးခေါင်းကွဲဒဏ်ရာ၊ (၀ဲ)ခြေဖနှောင့် ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ၊ကိုနောင်နောင်အသက်(၃၂) (အဘ)ဦးထိန်ဝင်း ဇလွန်းကျေးရွာ နေ သူနှင့် ထားဝယ်မြို့နယ် နေ ဦးရာချို နဖူးရောင်ဒဏ်ရာ၊သတိလစ်(စိုးရိမ်ရ)၊မောင်ကိုင်ဇာ အသက်(၂၇)နှစ်၊ပဒက်ကျေးရွာ သရက်ချောင်းမြို့နယ် နေ ခန္စာကိုယ် နာကျင် (မစိုးရိမ်ရ)၊မောင်မင်းစိုး အသက်(၂၇)နှစ် အဘ(ဦးဝင်းကြည်) ယာဉ်နောက်လိုက် (ယာ)ခြေကျင်းဝတ်နှင့် ဒူးပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ)၊ဦးဇော် အသက်(၃၃)နှစ် (အဘ)ဦးသန်းရှိန် ၀ဲပေါင် နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)၊မအေးအေးလွင် အသက်(၂၈)နှစ် အဘ(ဦးမျိုးလွင်) ရှမ္မလည်ဆွဲရပ်နေ ၀ဲပေါင် နာကျင်ဒဏ်ရာ(မစိုးရိမ်ရ) တို့ကို ထားဝယ်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး နှင့် သရက်ချောင်းမြို့နယ် ဆေးရုံများသို့ ဒဏ်ရာ အသီးသီးဖြင့် တင်ပို့ထားရှိပြီးဖြစ်သည်။

အဆိုပါ ယာဉ်အမှတ်(၅က/ ၉၀၀၉)ခရီးသည်တင် BM ကားမှ ယဉ်မောင်း ဦးသန်းထိုက် မှာ ထွက်ပြေး တိမ်းရှောင် နေ၍ သရက်ချောင်းမြို့နယ် မြို့မ ရဲစခန်း မှ ရဲအုပ် ဦးစိုးနိုင်ဦး (ဦးစီး)အဖွဲ့မှ ဖမ်းဆီးရန် ရှာဖွေနေ ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ