ညှင်းပေါက်တယ်ဆိုတာက အရေးပြားပေါ်မှာ ဖန်းဂပ်စ်မှိုစွဲတဲ့အခြေအနေဖြစ်ပြီး
ယားယံတာနဲ့ကိုယ်လက်မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
တကယ်တော့လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရ ဖန်းဂပ်စ်မှိုနဲ့ ဘတ်တီးရီးယားပိုးတွေ
ရှိနေတတ်ပါတယ်။ ပိုးတစ်ချို့က သိသိသာသာ ကြီးထွားပြန့်ပွားလာတဲ့အခါ
အရေပြားမှာ ယားနာ၊ ၀ဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့
အရေးပြားပြဿနာတွေဖြစ်လာတတ်ပါတယ်။
ဖြစ်ရသောအကြောင်းအရင်း
Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေးပြားမှာ
ညှင်းပေါက်ရတာဖြစ်ပါတယ်။ လူ့အရေပြားမှာညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းကသဘာဝအရ
ရှိနေပါတယ်။ ညှင်းပေါက်ဖို့အခြေအနေပေါ်လာချိန်မှာ မှိုပိုးကြောင့်
ညှင်းပေါက်ရတာပါ။ အထူးသဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း(Sebaceous Gland)တွေ
စတင်ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ
ညှင်းစပြီးပေါက်နိုင်ပါတယ်။ အကြောင်းကတော့ ညှင်းဖြစ်စေတဲ့မှိုပိုးဟာ
အရေပြားကအဆီဓာတ်ကိုသဘောကျလို့ပါ။
ထင်ရှားသောအချက်
ညှင်းဟာပူပြင်းတဲ့ရာသီမှာပေါက်နှုန်းများပါတယ်။ အထူးသဖြင့်
ချွေးထွက်များပြီး အရေပြားအစိုဓာတ်များသူတွေမှာ ညှင်းပေါက်တတ်ပါတယ်။
ညှင်းဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာပေါက်လေ့ရှိပြီး
လည်ပင်း၊ မျက်နှာ၊ ပေါင်စတဲ့ နေရာတွေမှာလည်းပေါက်တတ်ပါတယ်။ ညှင်းက
မကူးတတ်ပါဘူး။
ဖြစ်နိုင်ခြေများသူများ
ညှင်းပေါက်တာကမျိုးရိုးလိုက်တတ်ပါတယ်။
ဥပမာ-မိဘမှာညှင်းပေါက်တာမျိုးဖြစ်ခဲ့ဖူးရင်သားသမီးမှာလဲဖြစ်နိုင်ခြေရှိပါတယ်။
နောက်တစ်ချက်အနေနဲ့ ကိုယ်ခံအားကျဆင်းနေသူတွေ၊ စတီးရွိုတ်ဆေးကို
ရေရှည်သောက်ရသူတွေနဲ့ HIV/AIDS ရောဂါရှိသူတွေမှာ
ညှင်းပေါက်နိုင်ခြေများပါတယ်။ ကုသမှု Ketoconazole
ပါတဲ့ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ညှင်းပေါက်တဲ့နေရာတွေမှာ
လမ်းကာ၁၀မိနစ်ခန့်ထားပြီးရေဆေးချရင်
သက်သာစေတယ်လို့အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့
လေ့လာမှုတစ်ရပ်အရသိရပါတယ်။ဒီကုသမှုကို ညှင်းမပျောက်မချင်း နှစ်ပတ်ခန့်
ဆက်တိုက်ပြုလုပ်ပေးနိုင်ပါတယ်။
ကာကွယ်မှု
ညှင်းမပေါက်အောင် ကာကွယ်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို
အလေးထားဖို့လိုပါတယ်။အထူးသဖြင့် အတွင်းခံအ၀တ်အစားတွေကို တစ်နေ့တစ်ကြိမ်ပဲ
ဝတ်သင့်ပါတယ်။အ၀တ်အစားတွေကို သန့်သန့်ရှင်းရှင်းလျှော်ဖွပ်ကာ
မီးပူတိုက်ပြီးမှဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးထွက်များသူတွေ၊ ကိုယ်ခံအား
ကျနေသူတွေ၊ စတီးရွိုတ်ဆေးသောက်နေသူတွေ အနေနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး
အလေးထားဖို့အထူးအရေးကြီးပါတယ်။
ကုသမှု
လက်ချား ကို သနပ်ခါးဖြင့် သွေးလုးခြင်း လက်ချားကို အရည်ဖျော်ပြီးလိမ်းပေးခြင်း
Myawady News
အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin