ခရစ္စမတ်နေ့ကို မိဘမဲ့ကလေးတွေနဲ့ ဖြတ်သန်းမယ့် အွန်ဆိုင်း

ခရစ္စမတ်နေ့မှာတော့ မိဘမဲ့ ကလေးတွေနဲ့ အတူ ဖြတ်သန်းချင်တယ်လို့ အွန် ဆိုင်းက ပြောပြပါတယ်။ ဒီလို ကလေးတွေနဲ့ရှိချင်တာကလည်း အမှတ်တရလေးဖြစ်ချင် တယ် လို့ ပြောပြတာကြောင့် “ကျန် တဲ့ သူတွေက ကိုယ့်မိသားစုနဲ့ ကျင်းပလို့ရတယ်။မိဘမဲ့ကလေး တွေ၊ နယ်ဘက်က စစ်ရှောင် ကလေးတွေဆိုရင် ခရစ္စမတ်က ဘာမှန်း မသိဘူး။

လာလုပ် ပေးတဲ့သူရှိမှခရစ္စမတ်ပွဲခံစားချက်ရှိမှာ။အမှတ်တရလေးလည်းဖြစ် အောင် သူတို့နဲ့လည်း ခရစ္စမတ်ကို ဖြတ်သန်းချင်တယ်။ ခရစ္စမတ်မှာ အားလုံးေ ပျာ်ရွှင်ကြပါစေ” လို့ ပြောပြပါတယ်။ ခရစ္စမတ်နေ့ရောက် တော့မှာဖြစ်တဲ့အတွက် အခုချိန်မျာလက်ဆောင်ပေးမယ့်သူငယ်ချင်း တွေအတွက် စဉ်းစားနေတယ်လို့ ပြောပြတဲ့ အွန်ဆိုင်းက ခရစ္စမတ် အမှတ်တရလက်ဆောင်တွေနဲ့ပတ်သက်ပြီးပြောပြတာက “အွန် ဆိုင်း ခရစ္စမတ်ကို ကလေးတွေနဲ့အတူရှိမယ်။ မိဘမဲ့ကလေး တွေနဲ့ဖြစ်ရင်ဖြစ် မယ်။အဖွဲ့အစည်းတစ်ခုခုနဲ့ပေါ့။

အနုပညာ အလုပ်တွေမလုပ်ခင်ကတော့ဘုရားကျောင်းမှာ ဖြတ်သန်း တယ်။အခုနောက်ပိုင်းကတော့အဆင်ပြေတဲ့ နေရာလေးတွေ သွားဖြစ်တယ်။ ခရစ္စမတ်ကအမှတ်တရတွေအများ ကြီးပဲ အွန်ဆိုင်းတို့ခရစ်ယာန်တွေက တခြားအချိန် တွေမှာ လက်ဆောင်ဆိုတာ သိပ်မဟုတ်ပေမယ့် ခရစ္စမတ်ရောက် ရင်တော့ ခရစ္စမတ်လက်ဆောင် လေးတွေကို ပိုတန်ဖိုးထားပြီးပေးဖြစ်တယ်။

ကိုယ်က ပေးမယ့်သူတွေကိုList အလေးတွေ လုပ်ထားတယ်။ လက်ဆောင်အများဆုံးရ တဲ့အချိန်ပေါ့။ ခရစ္စမတ်ကတ် လေးတွေ မှာ သေသေချာချာဆုတောင်းစာ လေးတွေ ရေးတာကို သိပ်ကြိုက်တော့အဲဒါလေးတွေကို ခုချိန် ထိ သိမ်းထားဖြစ်တယ်။ တန်ဖိုး ရှိတာ မဟုတ်ပေမယ့် တန်ဖိုးထားပြီးချစ်ခြင်းမေတ္တာနဲ့ပေး တဲ့လက်ဆောင် လေ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ