BFAs ဆုပေးပွဲ၏ ဗြိတိန်၏ စတိုင်လ်အကျဆုံးဆုကို ဟယ်ရီစတိုင်လ်စ်ရရှိ

BFAs ဆုပေးပွဲ၏ ဗြိတိန်၏ စတိုင်လ်အကျဆုံးဆုကို ဟယ်ရီစတိုင်လ်စ်ရရှိ One Direction အဖွဲ့မှ အဆိုတော်သည် တနင်္လာနေ့ညက လန်ဒန်ကိုလီစီယမ်တွင် ကျင်းပသော ဆုပေးပွဲ၌ ယင်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဟယ်ရီစတိုင်လ်စ် အနေဖြင့် အမည်နှင့်လိုက်ဖက်အောင် စတိုင်လ်အကျဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ချီးမြှောက် ဂုဏ်ပြုခံလိုက်ရပြီ ဖြစ်သည်။ 2013 BFAs (ဗြိတိသျှဖက်ရှင်ဆု) ဆုပေးပွဲတွင် စတိုင်လ်အကျဆုံး ဗြိတိသျှ အနုပညာကြယ်ပွင့်ဆုကို ဟယ်ရီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ One Direction အဖွဲ့မှ အဆိုတော်သည် တနင်္လာနေ့ညက လန်ဒန်ကိုလီစီယမ်တွင် ကျင်းပသော ဆုပေးပွဲ၌ ယင်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အသက်(၁၉)နှစ် အရွယ်ရှိပြီး နှုတ်ခမ်းနီမလေးတို့၏ အသည်းကျော်အဖြစ် အားပေးခံရသော ဟယ်ရီအတွက် Vodafoneက စပွန်ဆာပေးသည့် ဗြိတိသျှ စတိုင်လ်ဆုအား သူငယ်ချင်းဖြစ်သူ မော်ဒယ်လ် အလက်ဆာချန်းနှင့် မော်ဒယ်လ် DJ ဂျင်ဂင်းနက်စ်တို့က ဂုဏ်ယူစွာ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဟယ်ရီသည် စင်မြင့်ထက်၌ ဆုလက်ခံယူချိန်၌ စိတ်လှုပ်ရှား ကျေနပ်နေဟန်ရှိကြောင်း မျက်မြင်များက ဆိုသည်။ ၎င်းသည် အနက်ရောင် ဝမ်းဆက်ကို ဝတ်ဆင်လာပြီး ဘောင်းဘီအကျပ်နှင့် ဦးချွန်ဖိနပ်တို့ကို ဆင်မြန်းကာ ကော်ဇောနီ လျှောက်လမ်းပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုဆုပေးပွဲတွင် အက်ဒီကမ့်ဘဲလ်က တစ်နှစ်တာ အထူးချွန်ဆုံး မော်ဒယ်လ်အဖြစ် ရွေးချယ်ခံရသည်။ သူမသည် (၂၀၁၂)ခုနှစ်က ယင်းဆုကို ရရှိခဲ့သည့် ကာရာ ဒီလီဗင်နီကို ဖြတ်ကျော်ကာ ဆုရခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ