ယာဉ်စည်းကမ်း ထပ်မံ ချိုးဖောက်ခဲ့သည့် Justin Bieber

ကမ္ဘာကျော် အဆိုတော် Justin Bieber သည် ယမန်နေ့က လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ဘက် Calabasas မြို့ရှိ ၄င်း၏ နေအိမ်အနီး မနက် ၄း၃၀ အချိန်ခန့်တွင် ၄င်းပိုင် Ferrari ကားအား မောင်းနှင်လာစဉ် ယာဉ်ရပ်နားရန် အချက်ပြမှုအား မလိုက်နာဘဲ မောင်းနှင်လာသကဲ့သို့ လိုင်စင်လည်း မရှိသည့်အတွက် ယာဉ်ထိန်းရဲ၏ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ဇွန်လ အတွင်းကလည်း Bieber မောင်းနှင်လာသော ကားဖြင့် ပါပါရာဇီ တစ်ဦးအား တိုက်မိခဲ့ကြောင်း ၊ ထို့ပြင် ဇူလိုင်လကလည်း ဗရမ်းဗတာ ယာဉ်မောင်းနှင်မှုနှင့် တရားစွဲဆိုခံခဲ့ရကြောင်း ၊ Calabasas ရှိ ၄င်း၏ နေအိမ်က ဇွန်လ အတွင်းကမှ ၀ယ်ယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက် ပြည်နယ်သို့ ပြောင်းရွှေ့လာသူများသည် ပြောင်းရွှေ့ပြီး ၁၀ ရက်အတွင်း အဆိုပါမြို့၏ သက်ဆိုင်ရာ အာဏာပိုင်များထံ ယာဉ်မောင်းလိုင်စင်အသစ် ထပ်မံ လျှောက်ထား ရယူရန် လိုအပ်သော်လည်း Bieber အနေဖြင့် ပျက်ကွက်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

Source:  AFP

by MRTV-4

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ