မြန်မာဝတ်စုံတွေပဲအ၀တ်များတဲ့ အေးမြတ်သူ

မြန်မာဝတ်စုံတွေပဲအ၀တ်များတဲ့ အေးမြတ်သူ ယခုနောက်ပိုင်းတွင် အသက်အရွယ်အရ တည်ငြိမ်သည့်ဘက်သို့ ရောက်ရှိလာသောကြောင့် မြန်မာဝတ်စုံများကို ဦးစားပေးဝတ်ဖြစ်ကြောင်း ပြောသည်။
Sexy ဆန်ဆန် ဒီဇိုင်းများ ၀တ်ဆင်လေ့ရှိသော အေးမြတ်သူက ယခုနောက်ပိုင်းတွင် အသက်အရွယ်အရ တည်ငြိမ်သည့်ဘက်သို့ ရောက်ရှိလာသောကြောင့် မြန်မာဝတ်စုံများကို ဦးစားပေးဝတ်ဖြစ်ကြောင်း ပြောသည်။ “အမျိုးသမီးတစ်ယောက်က သူ့အသက်အချိုးအဆစ်တစ်ခုမှာ အပြောင်းအလဲဖြစ်တယ်။ အဲဒီလို အပြောင်းအလဲလိုမျိုး ကျွန်တော့် အကြိုက်တွေလည်း ပြောင်းလဲသွားတာပါ”ဟု အေးမြတ်သူက ပြောသည်။ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ရဲအုပ်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ဖြိုးငွေစိုးနှင့် တွဲဖက်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း အေးမြတ်သူက ပြောသည်။

“ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ကားတွင်လည်း ဘ၀ကို လေးလေးနက်နက်မတွေးဘဲနေထိုင်သည့် မိန်းကလေးတစ်ဦး၏ပုံစံ သရုပ်ဆောင်ထားပြီး ရိုက်ရက်အနည်းငယ် ကျန်နေသေးကြောင်း အေးမြတ်သူက ပြောသည်။ “လုပ်ကွက်လည်းရတယ်။ ကိုယ့်ရဲ့အိုက်တင်ကိုလည်း ပြခွင့်ရတယ်။ ကံကောင်းလို့ ရိုက်ခွင့်ရတာပါ” ဟု ၎င်းကပြောသည်။ ယခုရိုက်ကူးပြီးသည်အထိ ဒါရိုက်တာခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးကြိုးစားထားကြောင်း အေးမြတ်သူက ပြောသည်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်၍ နိုင်ငံခြားခရီးများ ဆက်တိုက်သွားဖြစ်နေပြီး ပြီးခဲ့သည့် သြဂုတ်လက သွားရောက်ခဲ့သော ကိုရီးယားခရီးစဉ်မှာမူ ဒါရိုက်တာ မောင်မျိုးမင်း၏ ကမ်းလှမ်းမှုကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

Credit: 7Day Daily Newspaper

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ