မတော်တဆ လဲတဲ့ ဒုက္ခ

မတော်တဆ လဲတဲ့ ဒုက္ခလူ့ဘဝ သက်တမ်းမှာ အရိုးကျိုး နိုင်ခြေများတဲ့ အချိန် နှစ်ချိန်တောင် ရှိတယ်။ ပထမ တစ်ချိန်ကတော့ ကလေး ဘဝပါပဲ။ ဒုတိယ တစ်ချိန် ကတော့ အသက်ကြီးလာတဲ့အရွယ် ပေါ့။ ဒီအရွယ်တွေမှာ အရိုးကျိုးတာ အဖြစ်များလေ့ ရှိကြောင်း လူတိုင်း နားလည် သဘောပေါက် ထားကြတယ်။ ကလေးဘဝမှာ အဆော့သန်၊ ခပ် ကြမ်းကြမ်းလေးနေလေ့ရှိတဲ့ ကလေး ရော၊ နမော်နမဲ့နေတဲ့ ကလေးပါ လဲကြပြုကြ ပြုတ်ကျကြတာနဲ့ မတော်တဆ ထိခိုက်ပြီး ကျိုးလေ့ရှိ တယ်။ ဒါပေမယ့် လူကြီး ဘဝရောက် ပြီးမှ အရိုးကျိုးတာထက် ကလေးဘဝ မှာ အရိုးကျိုးတာကတော့ ရှုပ်ထွေးမှု ပိုနည်းတတ်ပါတယ်။ အသက်ကြီးလာ လေ၊ အရိုးကျိုးလွယ်လေပါပဲ။ ဒီ့အပြင် ရောဂါအခံတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စတဲ့ နာတာရှည်ရောဂါတွေရှိရင် အနာ ကျက်တာ၊ အရိုးအက်တာတွေမှာ နှောင့်နှေးကြန့်ကြာပြီး ပိုမိုရှုပ်ထွေး လာတတ် ပါသေးတယ်။ သွေးခဲတဲ့ ပြဿနာတွေရှိတဲ့ သူတွေမှာ ဒီလိုအရိုး ကျိုးရင် မလှုပ်မရှား နေရတဲ့ အတွက် သေါးကြောတွေ ထဲမှာ သွေးခဲတွေ ကြောင့် ပိတ်တာ၊ သွေးခဲတွေ ပြုတ် ထွက်တာတွေနဲ့ ကြီးမားတဲ့ ကျန်းမာ ရေးပြဿနာတွေပါ ရင်ဆိုင်ရတတ်လို့ အရိုးမကျိုးအောင် ကြိုတင် ကာကွယ် နေထိုင်တတ်ဖို့ လိုတယ်။

အရိုးကျိုးတဲ့ ပုံစံမှာ နှစ်မျိုးနှစ်စား ရှိတယ်။ တစ်မျိုးက ကျိုးပေမယ့် (Aligment) ကောင်းနေတယ်။ ဆိုလို တာက အရိုးတော့ ကျိုးတယ်။ သူ့ နေရာမှာပဲ အိနြေ္ဒရရလေး မပြောင်း မရွှေ့ဘဲ ရှိတယ်။ ကံဆိုးတဲ့ ကြားကပဲ သိပ်ကံကောင်း တယ်လို့ ပြောရမယ်။ အလိုင်းမင့်ကောင်းတဲ့ အတွက် ပြန် ဆက်တာမှာ မြန်မယ်၊ လွယ်မယ်။ ကျောက်ပတ်တီးလေးနဲ့ အရိုးကျိုးတဲ့ နေရာ မရွေ့မလှုပ်ရလေအောင် ထိန်း ထားပေးရုံပဲ။ ငယ်တဲ့ကလေးတွေ ဆိုရင်တော့ လက်လို နေရာမျိုးမှာ ၃ ပတ်လောက်၊ ခြေထောက်လို နေရာမျိုးမှာ ၆ ပတ်လောက်၊ ၁၂ ပတ်လောက် လိုအပ်သလို ထားကြ တယ်။ လက်က သိပ်မလှုပ်အောင် ထိန်းထားလို့ရတယ်။ ခြေထောက်က တော့ သိတဲ့အတိုင်း နဂိုက မျောက် ရှုံးလေးဆိုတော့ ကျောက်ပတ်တီးနဲ့ လည်း တလှုပ်လှုပ် ပဲကိုး။

ဒုတိယ တစ်မျိုးကတော့ အရိုး လည်းကျိုးတယ်။ အရိုးနေရာ ကလည်း ပြောင်းသွား၊ ရွေ့သွားတတ်တယ်။ အဲဒီလိုမျိုးဖြစ်ရင် အလိုင်းမင့်ကောင်းဖို့ ရွေ့သွားတဲ့ အရိုးကို သူ့နေရာလေး ပြန်ရောက်အောင် မေ့ဆေး၊ ထုံဆေး သုံးပြီး ပြန်ဆွဲ၊ သွင်း စသည်ဖြင့် ပြုပြင်ဖန်တီး၊ နဂိုပုံလေးဖြစ်လာအောင် အရိုးအထူးကုဆရာဝန်ကြီးတွေက ပုံသွင်းကုသပေးကြရပြန်တယ်။ ဒါတွေ မလုပ်ခင် အရိုးကျိုးပြီလို့ မသင်္ကာရင် ထုံးစံအတိုင်း ဓာတ်မှန်ရိုက်၊ ဓာတ်မှန် အရိုးအထူးကုဆရာဝန်တွေက ပြုပြင် ပေးကြတာ။

အရိုးကျိုးကြောင်း ဘယ်လိုသိ သလဲလို့မေးရင်တော့ အရိုးကျိုးရာမှာ ခုနက ပြောပြ၊ ရှင်းပြခဲ့သလို မတော် တဆ ထိခိုက်တဲ့ ရာဇဝင်ရှိပြီး အဲဒီလို ထိခိုက်ပြီးတာနဲ့ ကျိုးတဲ့နေရာမှာ (၁) နာကျင်ကိုက်ခဲခြင်း၊ (၂) ရောင်ရမ်း လာခြင်း၊ (၃) ပုံမှန်လုပ်ကိုင်နေကျ အလုပ်တွေ မလုပ်နိုင်တော့ခြင်းတို့ ဖြစ်လာပါတယ်။ ဥပမာ- ကလေး တစ်ယောက် တံတောင်ဆစ်လေးကို ထိခိုက်မိလို့ အဲဒီနေရာလေးရှိ အရိုး တစ်ချောင်း ချောင်းမှာ အရိုးအက် ခြင်းသော် လည်းကောင်း၊ ကျိုးခြင်း သော်လည်းကောင်း ရှိပါက ပထမမှာ ကလေးက နာလွန်းလို့ အော်ဟစ် ငိုယိုမှာပါ။ မကြာခင်မှာပဲ အဲဒီနေရာ က ရောင်ကိုင်းလာတတ်တယ်။ ကျိုး တဲ့၊ အက်တဲ့ နေရာအနည်းအများပေါ် မူတည် ပြီးတော့ ရောင်ရမ်းတာနဲ့ နာကျင်တာ အနည်းအများ ကွာခြား တယ်။ နာနေ၊ ရောင်နေတော့ ပုံမှန် လုပ်နိုင်တဲ့ ကွေးတာ၊ ဆန့်တာ၊ မြှောက်တာ မလုပ်နိုင်တော့ဘူး။ ခြေထောက်ကျိုးရင် လမ်းလျှောက်ဖို့ နေနေသာသာ ထောက်တောင် မရပ် နိုင်တော့တာ မျိုးပေါ့။

ကျိုးတဲ့ နေရာမှာလည်း အရေပြား အတွင်းထဲမှာ ကျိုးနေလို့ မျက်စိနဲ့ မမြင်ရပေမယ့် ဓာတ်မှန် ထဲမှာတော့ ထင်းခနဲပါပဲ။ တချို့အရှိန်ပြင်းပြင်းနဲ့ ကျိုးတာမျိုး ကတော့ အရေပြားကို ဖောက်ထွက်ပြီး အရိုးကြီးတောင် မမြင် ရက်စရာ ငေါထွက်နေတာမျိုးတွေ လည်း ကုသိုလ်ကံဆိုးရင် တွေ့ရတတ် ပါတယ်။ အဲဒီလိုမျိုးဖြစ်တာဟာ သိပ် အရေးကြီးတဲ့ ကွာခြားချက်ကြီးရှိတယ်။ အရိုးဟာ အရေပြားကို မပေါက်ထွက် ဘဲကျိုးတာဟာ အရေပြားကို ဖောက် ထွက်၊ ငေါထွက်လာတဲ့ အရိုးထက် သက်သာတယ်လို့ ဆိုရပါမယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အရေပြားကို ဖောက်ထွက်လာတဲ့ အရိုးကျိုးမှုဟာ အရိုးကို မြင်နေရတော့ အချိန်မီ မကုသနိုင်ခဲ့ရင် ပိုးဝင်ရောက်ခံရမှု အ္တရာယ် အလွန်များလှတယ်။ ဒါ့ကြောင့် ဒီအချက်တွေကို သိထားသင့်ပါတယ်။

ဒါပေမယ့် အရိုးကျိုးတာ ဆိုးဝါး မှုဟာ ကျိုးတဲ့နေရာနဲ့ ဘယ်လောက် ထိခိုက်ပျက်စီးမှုရှိလဲဆိုတာရယ်၊ ကျိုး တဲ့နေရာတစ်ဝိုက်ရှိ တစ်သျှူးတွေ အပေါ် မူတည်တယ်။ သိပ်ကိုဆိုးဝါး တဲ့ အရိုးဒဏ်ရာမှာတော့ အသေ အချာမကုသရင် အသက်အ္တရာယ် တောင် ဖြစ်နိုင်ပါတယ်။

ဒေါက်တာရည်ညွန့်မေ

By Health Digest

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ