အချစ်ရေးကံမကောင်း၍ ကယ်လီဘရွတ်ခ်က မှော်ဆရာကို အကူအညီတောင်း

ကယ်လီသည် မကြာသေးမီက သူမအပေါ် သစ္စာမဲ့သည့် ချစ်သူ ဒန်နီ ကာပရီရာနီနှင့် လမ်းခွဲခဲ့

အချစ်ရေး ကံမကောင်းတတ်သည့်နောက် ကယ်လီဘရွတ်ခ်တစ်ယောက် ကြံမိကြံရာ အခြေအနေအဖြစ်မှော်အတတ်ကို အားကိုးနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အသက်(၃၃)နှစ်ရှိ ကယ်လီသည် မကြာသေးမီက သူမအပေါ် သစ္စာမဲ့သည့် ချစ်သူ ဒန်နီ ကာပရီရာနီနှင့် လမ်းခွဲခဲ့သည်။ အသက်(၂၅)နှစ်အရွယ် အားကစားသမားသည် ကယ်လီ၏ ကွယ်ရာတွင် အခြားသော အမျိုးသမီးများနှင့် ဖောက်ပြန်မှုများ ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိရသည့်နောက် ကေတီက ကျောခိုင်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နာမည်ကြီး မော်ဒယ်လ် အနေဖြင့် အချစ်ရေးတွင် ကံမကောင်းသည့် အခြေအနေများကို စိတ်ကုန်နေပြီး မှော်ဆရာ တစ်ဦးကို အကူအညီ တောင်းထားကြောင်း သိရသည်။

သူမသည် Twitterပေါ်တွင် ချစ်ခင်ရပါသော ဘုရားသခင်။ ဝတ်ရုံတော်ကို ဖယ်ရှားလော့။ ကျွန်တော်မျိုးမ၏ ဝိညာဉ်ကို အခြားသူတို့ မြင်ပါစေသား။ ကျွန်တော်မျိုးမသည် ချစ်ခြင်းနှင့် လင်းလက်ခြင်းတို့ ရှိပါ၏။ ချစ်ခြင်းမေ တ္တာကို ကျွန်တော်မျိုးမ မြင်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည်သာ ကျွန်တော်မျိုးမကို ပြန်လည် တွေ့မြင်ပါစေသားဟု ရေးသားခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး သူမ၏ Followerများက ဇဝေဇဝါ ဖြစ်နေခဲ့ ရာ နောက်ပိုင်းတွင် ကယ်လီက ကျွန်မရဲ့ မှော်ဆရာက ဒီစာသားကို ရေးဖို့ ပြောလို့ပါ။ ခုလို အကြံပေးလို့ သူ့ကို ကျေးဇူး တင်ပါတယ်ဟု ဆက်လက် ရေးသားခဲ့သည်။ ကယ်လီသည် ယခင်က မော်ဒယ်လ် သွမ်အီဗန်စ်၊ မင်းသား ဂျေဆန်စတက်ဟမ်း အစရှိသည့် နာမည်ကြီးများနှင့်လည်း တွဲခဲ့ဖူးပြီး အချစ်ရေး မတည်မြဲဘဲ လမ်းခွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ