သီယာဂို၏ကြံ့ခိုင်မှုပေါ် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာ စိုးရိမ်


ဘာစီလိုနာနှင့် ကစားသည့် ယင်းပွဲစဉ်တွင် သီယာဂို ပါဝင်ကစားသွားသော်လည်း ဂွာဒီယိုလာက ၎င်း၏ ကြံ့ခိုင်မှုပိုင်းမှာ အားရစရာ မရှိသေးဟု မှတ်ချက်ပြုခဲ့

ဘိုင်ယန်မြူးနစ် နည်းပြ ပက်ပ်ဂွာဒီယိုလာက မိမိအနေဖြင့် အသင်းမှ အသစ်ခေါ်ယူထားသည့် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်ထရာ၏ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မိကြောင်း ဝန်ခံခဲ့သည်။ ဂွာဒီယိုလာသည် ဘာစီလိုနာတွင် လူငယ်နည်းပြ အဖြစ်ရော၊ ပထမအသင်း နည်းပြအနေဖြင့်ပါ တာဝန်ယူခဲ့ဖူးပြီး ထိုစဉ်က ၎င်းနှင့် အတွဲညီခဲ့သည့် ဘရာဇီးလ်နွယ်ဖွား စပိန်သားကို ဘိုင်ယန်အတွက် ဝယ်ယူခဲ့သည်။ ပေါင်စတာလင် (၂၂)သန်းဖြင့် ဂျာမန်ကလပ်သို့ ပြောင်းရွှေ့လာသည့် သီယာဂိုသည် ဘိုင်ယန်က (၂-၀)ဖြင့် အနိုင်ရသော အူလီဟိုးနက်စ် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ၌ အသင်းဟောင်းဘက်သို့ ပြန်လည် ရင်ဆိုင် ကစားခဲ့သည်။ ဘာစီလိုနာနှင့် ကစားသည့် ယင်းပွဲစဉ်တွင် သီယာဂို ပါဝင်ကစားသွားသော်လည်း ဂွာဒီယိုလာက ၎င်း၏ ကြံ့ခိုင်မှုပိုင်းမှာ အားရစရာ မရှိသေးဟု မှတ်ချက်ပြုခဲ့သည်။

ပါင်စတာလင် (၂၂)သန်းတန် ကစားသမားနှင့် ပတ်သက်ပြီး ဂွာဒီယိုလာက သူက မြူးနစ်ကို ရောက်လာတာ (၁)ပတ်လောက်ပဲ ရှိသေးတယ်လေ။ လောလောဆယ် သီယာဂိုရဲ့ ကာယကြံ့ခိုင်မှုပိုင်းနဲ့ လှုပ်ရှားမှုပိုင်းက တခြား ဘိုင်ယန် အသင်းသားတွေနဲ့ ယှဉ်ရင် နောက်ကျကျန်နေတယ်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘိုင်ယန်သည် အဆိုပါ ပွဲစဉ်တွင် ဖိလစ်လမ်း၊ မာရီယို မန်ဇူကစ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာဘက်တွင် အဓိက ကစားသမား အများစု မပါဝင်ခဲ့ချေ။

မည်သို့ပင်ဖြစ်စေ မြူးနစ်မြို့ရှိ၊ အေလီယန့်ဇ် ကွင်းကြီးတွင် အသင်းဟောင်းကို အောင်ပွဲရခဲ့သည့်အပေါ် ကျေနပ်မိကြောင်း ဂွာဒီယိုလာက ဝန်ခံခဲ့သည်။ ကျေနပ်စရာ နေ့တစ်နေ့ပါပဲ။ ကျွန်တော့် ကစားသမား ဘဝမှာရော၊ နည်းပြ ဘဝမှာပါ ဘာစီလိုနာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာ ဒါပထမဆုံးပဲလေ။ ခုပွဲက ခြေစမ်းပွဲလောက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ဂျာမန်စူပါဖလား မတိုင်ခင် ကောင်းမွန်တဲ့ စမ်းသပ်မှု ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အမြဲတမ်း ထိပ်တန်းအဆင့် အသင်းတစ်ခုပါ။ သူတို့အသင်းမှာ ဝင်ကစားတဲ့ ကစားသမား တော်တော်များများကို ကျွန်တော်သိတယ်။ ဘာစီလိုနာက ဘယ်အချိန်မှာမဆို ယှဉ်ကစားရ ခက်လွန်းတဲ့ အသင်းမျိုး ဖြစ်ပါတယ်ဟု ၎င်းက ပြောဆိုသွားသည်။

Planet.com.mm

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ