အိုဘားမားကို ရုပ်ဆိုးတယ်ပြောတဲ့ ဟောလီးဝုဒ် မင်းသမီး


မင်းသမီး အမန်ဒါဘင်းက သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော် မီရှဲလ် အို ဘားမားကို ရုပ်ဆိုးသည်ဟု သူမရဲ့ တွစ် တာ စာမျက်နှာ ၌ ဇူလိုင် ၈ ရက်က ဝေ ဖန်ခဲ့သည်။

”ဘားရက် အိုဘားမားနဲ့ မီရှဲလ် အို ဘားမားက ရုပ်ဆိုးတယ်” ဟု ဘင်းက တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ခဲ့သည်။

တွစ်တာ စာမျက်နှာပေါ်၌ သူမ ပြု စုထားသည့် ရုပ်ဆိုးသူ နာမည်ကျော် များ စာရင်း၌ မိုင်လီ ဆိုင်းရပ်စ်၊ ဂျေဇီး၊ ရီဟားနား၊ လန့်စ်ဘတ်စ်နှင့် ကောင့်နီ လပ်ဗ် အပါ အဝင် အခြားဟောလီးဝုဒ် နာမည်ကျော်များ ပါဝင်သည်။

ထို့အပြင် သူမ ကိုယ်တိုင်က မျက် နှာပြင် ခွဲစိတ်မှု၊ နှာတံပေါ်အော င် ပြု ပြင်မှုများနှင့် ကိုယ်အလေးချိန် ကျဆင်း အောင် ကြိုးပမ်းနေ ရသူ ဖြစ်ကြောင်း ထုတ်ဖော်ရေး သားခဲ့သည်။

”ကျွန်မ ချစ်တဲ့သူရှေ့မှာ ကြည့် ကောင်းနေစေဖို့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ မင်္ဂလာ ဆောင်ရင် လှနေမှာ။ အခု ကျွန်မ ၁၁၄ ပေါင်ပဲ ရှိတယ်။ ၁၄ ပေါင် ထပ်လျော့ အောင် ကြိုးစားပြီးရင် ၁ဝဝ ပဲ ရှိတော့ မှာ” ဟု ဖွင့်ဟဝန်ခံခဲ့သည်။

သမ္မတနှင့် သမ္မတ ကတော် အား ရုပ်ဆိုးသည်ဟု ပြောသည့် သတင်းသည် Usmagazine ဝက်ဘ်ဆိုက်၌ လူပြော အများဆုံး သတင်း ဖြစ်ခဲ့သည်။
သူမသည် မူးယစ် သောက်စား ကာ ယာဉ်မောင်းနှင် မှုဖြင့် ရဲဖမ်းခံရစဉ် ၂ဝ၁၂ ခုနှစ် ဧပြီလက တွစ်တာ စာမျက် နှာပေါ်၌ အိုဘားမားအား စာရေးသား အကူ အညီ တောင်းခဲ့ဖူးသည်။

”ကျွန်မ အရက် မသောက်ထားဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဖမ်းတဲ့ ရဲကို အလုပ်ဖြုတ်ပေးပါ။ ကားတိုက်ပြီး လည်း ထွက်မပြေးပါဘူး” ဟု သမ္မတ အိုဘားမားအား အကူအညီ တောင်းခဲ့ သည်။

သိင်္ဂီဝင်း

Ref: Celebrity gossip.ned

Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ