ဗိုလ်ချုပ်ရုပ်ရှင်၊ ဗိုလ်ချုပ်မိခင်အမည်မှန်နဲ့ သုတေသန


“ဒီဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်
အကူအညီတောင်းထားတာ ကြာပြီပေါ့နော် ။ အခုသူကဇာတ်ညွှန်း
ပေးဖတ်တယ် ။ ဇာတ်ညွှန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိခင် ဒေါ်ခင်စုလို့
ရေးထားတယ် ။ အဲ့ဒီ ကိစ္စလည်းပါတယ် ။ အဲ့ဒါနဲ့ သွားပြီးတော့
ယဉ်ကျေးမှု က ဒုညွှန်ချုပ် ဦးသိန်းလွင်တို့ ကျွန်တော်တို့ တစ်သက်လုံး
ဗျာတဲ့ ဦးဖာ ၊ ဒေါ်စု ဆိုပြီးကြီးလာတာ ။ ဇာတ်ညွှန်းထဲမှာ ဒေါ်ခင်စု
ဖြစ်နေတယ် ။ ခင်ဗျားတို့ Confirmation လုပ်ပေးပါ ။ အဘတဲ့
ဒီမှာ တန်ဆောင်းကြီး တစ်ခုရှိတယ်တဲ့ လှူထားတာ ။ သစ်သားမှာ
ထွင်းထားတာ ဒေါ်စုပါပဲ ။ ဒေါ်စု ပဲမှန်ပါတယ်။ ဒီလိုသုတေသန
ပြုတဲ့ ကိစ္စလေးလည်း ရှိတယ်ပေါ့ ။ အဲ့လို ရှိရာကနေ ရေနံချောင်း မှာ
ဒီလိုပဲရှိတယ် လက်ရေးမူကိုလည်း ကြာရှည်ခံအောင်ထိန်းသိမ်းပေး
စေချင်တယ်ဆိုတဲ့ သတင်းရလို့ သွားကြည့်တာ ။”ဟူ၍ဇူလိုင်၂၇ရက်နေ့ 
ထုတ်မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းဂျာနယ်ပါသတင်းအင်တာဗျူး
ဆောင်းပါးရှင်မောင်ရေစက်၏“လွှတ်တော်ဥက္ကဋ္ဌက၀န်ကြီးကိုခေါ်ပြီး
တာဝန်ပေးနိုင်တဲ့အဆင့်ရှိတယ်၊ပြည်ထောင်စုလွှတ်တော်နာယက
ဦးခင်အောင်မြင့်နှင့်တွေ့ ဆုံခြင်း”၌မေးမြန်မူအားဖြေကြားသည့်စကား
အဖြစ်စိတ်ဝင်စားဖွယ်ဖတ်ရူရကာဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်အတွက်
သုတေသန မှာအထူးအရေးပါကြောင်းဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ရိုက်
ကူးရာတွင်သမိုင်းအချက်အလက်များအပေါ်အထူးစိုရိမ်မကင်းရှိခဲ့ကြသူ
များကဆို၏။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ