စပါးနှင့် အတူ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်သာ အာရုံစိုက် ကြိုးပမ်းမည်ဟု ဘေးလ်ပြောကြား


ဂါရတ်သ်ဘေးလ် အနေဖြင့် အနာဂတ်ကို တော့တင်ဟမ် ဟော့စပါးတွင် ဆက်လက် မြှုပ်နှံ ထားလိုသည့် သဘောမျိုး ထုတ်ဖော် ပြောကြားလိုက်သည်။

အသက်(၂၄)နှစ်ရှိ ဝေလ လက်ရွေးစင် တောင်ပံ ကစားသမားကို စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်က အလေးအနက် ချိတ်ဆက် နေသော်လည်း ဘေးလ်ကမူ စပါးနှင့် အတူ လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြိုးစား တိုက်ပွဲဝင်လိုကြောင်းသာ ဖွင့်ဟခဲ့သည်။ သတင်းများက ရီးယဲလ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မန်ချက်စတာ ယူနိုက်တက်ထံမှ ခေါ်ယူစဉ်က ကုန်ကျခဲ့သည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအတိုင်း ပေါင်စတာလင် သန်း(၈၀)ထိ ပေးချေကာ ဘေးလ်ကို ဝယ်ယူလိုနေကြောင်း ဖော်ပြလျှက် ရှိသည်။

စပါးကမူ ဘေးလ်ကို ဆက်လက် ထိန်းသိမ်းထားလိုပြီး တစ်ပတ်လုပ်ခ ပေါင်တစာလင် (၁၅၀၀၀၀)ဖြင့် သက်တမ်းတိုး စာချုပ်ရန် ကြိုးပမ်းနေသည်။ ဘေးလ်ကလည်း Match of the Day မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် "သေချာပါတယ်။ ကျွန်တော်တို့ အားလုံးက စပါးအနေနဲ့ ချန်ပီယံလိဂ်မှာ ကစားခွင့် ရလာမှာကို ယုံကြည်ထားပါတယ်။ ဒါဟာ စိတ်ကူးယဉ်နေတဲ့ အရာမျိုး မဟုတ်ဘူး။ မဖြစ်ဖြစ်အောင် လုပ်ရမှာပါ။ ကျွန်တော်တို့ တစ်သင်းလုံး လက်တွေ့ လုပ်နိုင်တယ် ဆိုတာကို သက်သေပြချင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။

လာမည့်ရာသီ ပရီးမီးယားလိဂ် အဆင့်(၄)အတွင်း ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရလာပါက အနာဂတ်တွင် စပါးအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ မျှော်လင့်နိုင်မည်ဟု ဘေးလ်က ယူဆထားသည်။ "လွန်ခဲ့တဲ့ နှစ်ရာသီလောက်က နီးနီးစပ်စပ် အခြေအနေတချို့ ရှိခဲ့သေးတယ်။ ချန်ပီယံ ဖြစ်ခွင့်က ဘာကြောင့် မမျှော်လင့်နိုင်ရမှာလဲ။ စပါးဟာ လုံလောက်တဲ့ အင်အားတစ်ရပ် စုဖွဲ့ထားတယ်။ အရေးကြီးတာက ကျွန်တော်တို့ ဘယ်လောက် ခြေမှန်မှန် ဖြတ်သန်းနိုင်မလဲ ဆိုတာပါပဲ။ လာမယ့်ရာသီအတွက် အများကြီး မျှော်လင့်ထားပါတယ်။ အသင်းကို နောက်ထပ် လူနည်းနည်း ထပ်ဖြည့်ရုံနဲ့ အများကြီး ပိုကောင်းသွားမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်"ဟု ဘေးလ်က မှတ်ချက်ပြုသွားသည်။

soccermyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ