သီချင်းသစ်တွေရေးပြီး ရည်းစားဟောင်းတွေကို မေ့လိုက်တယ်လို့ဆိုတဲ့ တေလာဆွစ်

ကျေးလက်သီချင်းတွေကို သူမတူအောင်အဆိုကောင်းတဲ့ အမေရိကန်အဆိုတော်မလေး တေလာဆွစ်က တော့သူမအနေနဲ့ ရည်းစားဟောင်းတွေကိုလွမ်းရင် သီချင်းအသစ်တွေရေးပြီး မေ့ပျောက်အောင်လုပ် တယ်လို့ ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်တဲ့ Channel E နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

တေလာဟာ ပြီးခဲ့တဲ့နှစ်က One Direction အဖွဲ့ရဲ့ခပ်မိုက်မိုက်ကောင်လေး ဟယ်ရီစတိုင်နွဲ့ခုတ်ခဲ့ပေမယ့်နှစ်သစ်ကူးအားလပ်ရက်တွေထဲမှာပဲ ပြန်လည်ပြတ်စဲခဲ့ကြတဲ့အပေါ် ရည်ရွယ်ပြောကြားခဲ့တာပါ။ အသက် ၂၃နှစ် အရွယ်သာရှိသေးတဲ့ တေလာဆွစ်က သူမအနေနဲ့ ရည်းစားနဲ့ပြတ်စဲပြီး အသည်းကွဲတယ် လို့ခံစားရရင် သီချင်းသစ်တွေရေးပြီး မေ့ပျောက်အောင်လုပ်လေ့ရှိတယ်လို့ အပြုံး လေးနဲ့ ဖွင့်ဟခဲ့ပါတယ်။

“ရှင်တို့ဟာအသည်းကွဲပြီဆိုရင် လိုအပ်တာထက် ဂီတနဲ့ပိုရှိနေဖို့လိုအပ်တယ်လို့ကျွန်မထင်တယ်။ အသည်းကွဲတဲ့သူတိုင်းဟာ သူတို့ချစ်သူကို ဘယ်လောက်ပိုချစ်ခဲ့တယ်ဆိုတာ တွေးတတ်ကြတယ်မဟုတ်လား”လို့ သူမက ဆိုခဲ့ပါတယ်။

“ရှင်တို့ဟာအချစ်ကြောင့် ပျော်ရွှင်စရာတွေရှိနေချိန်မှာ အသည်းကွဲမယ့်အကြောင်းကို တွေးမိမှာမဟုတ်သလို တွေးစရာလည်း မလိုအပ်ဘူးလေ။ အချစ်ကအရမ်းရိုးရှင်းတယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ အချစ် ကြောင့်ခံစားနေရတဲ့အချိန်မှာတော့ ရှင်ဟာအချစ်အကြောင်းကိုပဲ တွေးနေမိတော့မှာပဲ”လို့ သူမက မှတ် ချက်ပြုပါတယ်။

“ဒါကြောင့် ရှင်တို့တစ်ယောက်တည်းရှိ နေချိန်မှာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို လွမ်းဆွတ်နေချိန်မှာ ပဲဖြစ်ဖြစ်ရှင်ခံစားနေရတာတွေကို ဂီတကအကုန်ဖန်တီးပေးနိုင်တယ်လေ။ အဲဒီအခြေအနေကိုသာ ဖန်တီးနိုင်ခဲ့ရင် ဘယ်လောက်သာယာနှစ်ခြိုက်ဖို့ကောင်းသလဲဆိုတာ တွေးကြည့်လိုက်ပါ။ အဲဒီအခြေအနေဟာ ရှင်တို့ကိုရှေ့ဆက်သွားဖို့ အားအင်တွေပေးစွမ်းပါတယ်”လို့ သူမက ပြောခဲ့ပါတယ်။

တေလာဆွစ်ရဲ့ အဲဒီဝန်ခံမှုဟာ အမှန်တကယ်ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပြီး သူမ သီဆိုခဲ့တဲ့ "I Knew You Were Trouble" သီချင်းကတော့ ဟယ်ရီစတိုင်နဲ့ ပြတ်စဲပြီးနောက်ပိုင်း သူမရဲ့ ခံစားချက်တွေကို ဖွင့်ချထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ခဲ့တာပါ။

အောင်သုတ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ