ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့်


ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့် အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။
Catwalk လျှောက်လမ်းပေါ်တွင် ရှုမငြီးသည့် အလှနတ်သမီးလေး တစ်ပါးသဖွယ် ကျော့ရှင်းပြေပြစ်သည့် ကမ္ဘာကျော် မော်ဒယ်လ် တစ်ဦးဖြစ်သော်လည်း ကြိုးဝိုင်းထဲတွင်မူ အေဒရီယန် လီမာသည် မာကျောရဲရင့်သည့် ကျားသစ်မလေးသဖွယ် ရှိနေသည်။ အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော Victoria's Secret မော်ဒယ်လ်၏ မိတ်ကပ်ဗလာ မျက်နှာဖြင့် ပြင်းပြင်းထန်ထန် လက်ဝှေ့လေ့ကျင့်နေသော ပုံများကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

ဖလော်ရီဒါရှိ မီယာမီမှ အားကစားရုံ တစ်ခုတွင် အနက်ရောင် ဝတ်စုံနှင့် အေဒရီယန်သည် ချွေးတလုံးလုံးဖြင့် လက်ဝှေ့ လေ့ကျင့်နေခဲ့သည်။ ယခုသီတင်းပတ်အတွင်း လက်ဝှေ့ကြိုးဝိုင်းပေါ်၌ ကြံ့ခိုင်ရေးမှူး တစ်ဦးနှင့်အတူ ချွေးတလုံးလုံး လက်ဝှေ့လေ့ကျင့်ခန်း ပြုလုပ်နေသော အေဒရီယန်သည် ကင်မရာအများအပြား ရှေ့မှောက်တွင် တွေ့မြင်နေက ပုံစံနှင့် လုံးဝ ကွဲလွဲနေသည်။ သူမသည် အနက်ရောင် ဆံပင်ကို နောက်ဘက်တွင် စည်းထားပြီး လက်ဝှေ့ထိုးသည့် ပစ်မှတ်ကိုသာ မျက်လုံးပြာပြာများနှင့် စူးစိုက် ကြည့်နေခဲ့သည်။ သူမ၏ လေ့ကျင့်ခန်း အစီအစဉ် အပြီးတွင် ချွေးပြိုက်ပြိုက်ကျကာ အားကစားရုံမှ ထွက်ခွာသွားချိန်ထိ အေဒရီယန်သည် အရိုင်းဆန်ဆန် တစ်မျိုးလှပနေဆဲဟု ပရိသတ်များက ဆိုသည်။

အေဒရီယန်သည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံး စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသော သန်းကြွယ်သူဌေးမလေး ဖြစ်သည်။ သူမက လက်ဝှေ့ထိုးခြင်းသည် ကောင်းမွန်သည့် ကိုယ်လက် လေ့ကျင့်ခန်း တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားဖူးသည်။ "အားကစား တစ်ခုခုကို စဉ်းစားရင်း လက်ဝှေ့ကို သဘောကျသွားတယ်။ ဒီအားကစားဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် တကယ့်ကို ကောင်းမွန်တယ်ဆိုတာ ကျွန်မ လက်ခံတယ်။ အကောင်းဆုံးဆိုတဲ့ အချိုးအဆက်မျိုးကို ရှင်ရလာချင်ရင် လက်ဝှေ့ ကစားသင့်တယ်။ ဒါဟာ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်မကလည်း စိန်ခေါ်မှုတွေကို သဘောကျတယ်လေ"ဟု အေဒရီယန်က ပြောဆိုခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ