တင့်ကားအမောင်းသင်သည့် ဘရတ်ပစ်တ် ဒုတိယ ကမ္ဘာစစ်ကာလ နောက်ခံဇာတ်လမ်း တစ်ခုဖြစ်သည့် Furyတွင် ပါဝင် သရုပ်ဆောင်ရန်အတွက် ပတ်စ်သည် ယခုလို တင့်ကားမောင်း လေ့ကျင့်နေရခြင်းဟု ဆိုသည် |
ပစ်တ်အပြင် အခြားသော တွဲဖက် သရုပ်ဆောင် အချို့တို့သည် ဝစ်ရှိုင်းယားဒေသနှင့် ဂျာမနီတို့တွင် တင့်ကားမောင်း လေ့ကျင့်ရေး သင်တန်းများ တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ စိတ်ကူးသည် ရုပ်ရှင်ကို ပိုမို အသက်ဝင် နိုးကြွစေမည်ဟု ထုတ်လုပ်သူများက မျှော်လင့်ထားသည်။ ထုတ်လုပ်မှုအပိုင်းနှင့် နီးစပ်သူ တစ်ဦးက "ခုရုပ်ရှင်အတွက် ကာယလေ့ကျင့်ခန်း အစီအစဉ်တွေအပြင် တင့်ကား အမောင်းသင်ရတာလည်း ပါမှာပါ။ ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့ဂ်က Saving Private Ryan ဇာတ်ကားမှာ အဲဒီလို လုပ်ခဲ့ဖူးတယ်"ဟု ပြောကြားခဲ့သည်။ Furyကို လာမည့်နှစ်တွင် ရုံတင်ရန် ရည်ရွယ်ထားသည်။ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဒေးဗစ်အေယာက ရိုက်ကူးရန် တာဝန်ယူထားကြောင်းလည်း သိရှိရသည်
Planet Myanmar Network