အကြီးအကျယ် အားပေးခံရတဲ့ Rolling Stone အဖွဲ့ ဖျော်ဖြေမှု

တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ Rolling Stone အဖွဲ့သားတွေ

လွန်ခဲ့တဲ့ ၄၃ နှစ်လောက်ကတည်းက နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ အင်္ဂလန် အနောက်တောင်ပိုင်းက Glastanbury ဂီတ ပွဲတော်မှာ ရိုးလင်းစတုန်း ဂီတ အဖွဲ့က ပထမဆုံး အကြိမ် ဖျော်ဖြေခဲ့ပါတယ်။

အသက် ခြောက်ဆယ့် ကိုးနှစ် ရှိပြီ ဖြစ်တဲ့ အဆိုတော် မိုက်ခ် ဂျက်ဂါ ဦးဆောင်တဲ့ ရိုးလင်း စတုန်း အဖွဲ့က တချိန်က သူတို့ အဖွဲ့ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်တဲ့ Jumping Jack Flash သီချင်းနဲ့ စတင် ဖျော်ဖြေခဲ့ပါတယ်။

Glastanbury ဂီတ ပွဲတော် လုပ်ခဲ့တဲ့ ကာလတလျှောက် အခု ရိုးလင်းစတုန်း အဖွဲ့ ရဲ့ ဖျော်ဖြေမှုဟာ ပရိသတ်ရဲ့ အားပေးမှု အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။

သုံးရက်ကြာ ကျင်းပတဲ့ ဒီဂီတပွဲတော်ကို လူပေါင်း တသိန်းသုံးသောင်းလောက် တက်ရောက်ခဲ့ ပါတယ်။

ဒီပွဲဟာ ဗြိတိန်မှာ သူတို့ ဖျော်ဖြေခဲ့တဲ့ သမိုင်းတလျောက် အထွပ်အထိပ်ကို ရောက်ခဲ့တဲ့ အောင်မြင်မှု တခုဘဲလို့ ရိုးလင်းစတုန်း အဖွဲ့က ဂီတာ သမား Keith Richards က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ