မြန်မာ့နိုင်ငံရေး အပြောင်း ၊သမိုင်းသစ် ဖွင့်ခဲ့ကြသည့် ဂီတလောကသားများ


၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာ ၁၃ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက် လာပြီးနောက် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၂၅ရက်နေ့၊ မွန်းလွဲ ၃နာရီက အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေ အိမ်တွင် ဂီတအနုပညာရှင်များ ဖြစ်ကြသည့်တေးရေးဆရာ များ၊ တူရိယာပညာရှင်များ၊ တေး ဂီတဝိုင်းမန်နေဂျာများ၊ ထုတ်လုပ် စီစဉ်သူများ၊အဆိုတော်များနှင့် ပထမဦးဆုံးတွေ့ဆုံပွဲပြုလုပ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် က ဂီတအနုပညာရှင်များကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဂီတအနုပညာများ ဖန်တီးပေး ကြပါရန်လည်း ပန်ကြားခဲ့သည်။

၂ဝ၁၁ခုနှစ်ဒီဇင်ဘာလ ၃ဝရက် နေ့၊ ညနေ ၄နာရီခွဲက MCC ခန်းမ အပြင်ဘက်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကြီးမှူးသည့် ” ပြည်ထောင်စု တိုင်းရင်းသားများပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ” အား လုံးဟာတက်ညီလက်ညီနဲ့လုပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ အင်မတန်တိုးတက်သာယာတဲ့ တိုင်းပြည်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဒါဟာတာဝန်ပါ။ အနုပညာသည်တွေကလည်း လုပ်ရ မှာဖြစ်သလိုပရိသတ်တွေက လည်းဝိုင်းလုပ်ကြရမယ်။ ကျွန်မတို့လို နိုင်ငံရေးသမားတွေက လည်းဝိုင်းဝန်းလုပ်ဆောင်ရမယ်။ ဒီနိုင်ငံမှာရှိတဲ့ အလွှာအသီးသီး အားလုံးလုပ်ရမှာပါ။ ညီညွတ်မှ ဒီတိုင်း ပြည်ဟာခိုင်မာမှာပါ။ ညီညွတ်မှု၊ ခိုင်မာစွာရှိမှ တိုးတက်နိုင်မယ်” ဟုအဖွင့်အမှာ စကားတွင်ပြောကြားခဲ့သည်။ ဂီတဖျော်ဖြေပွဲတွင် Emperor, Metal Zone, Lazy Club, The Trees, Plus 3 စသည့် တီးဝိုင်းများနှင့်အတူအဆိုတော်ပေါင်းများစွာက သီဆိုဖျော်ဖြေ ပေးခဲ့ကြပြီး Iron Cross ဂီတ အဖွဲ့နှင့်အတူ ကိုလေးဖြူတို့ လည်း ပရိသတ်အနေဖြင့် အားပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေဂီတဖျော်ဖြေရေး အောင်ပွဲညစာစားပွဲကို ၂ဝ၁၂ ခုနှစ်၊ဇန်နဝါရီ၅ရက်နေ့ ၊ည ၆ နာရီခွဲက ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ကျင်းပခဲ့သည်။

၂ဝ၁၂ခုနှစ်၊ဖေဖော်ဝါရီ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ဂီတ၊ ရုပ်ရှင် အနု ပညာရှင် အချို့သွားရောက်တွေ့ ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံသည့် အစီအစဉ်တွင်
မည်သည့် ပါတီ အတွက်မှ ကိုယ်စားပြုခြင်း မဟုတ်သော ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းများကို ပြည် သူများအတွက် ဆောင်ရွက်ရန် ဖြစ်ကြောင်း အနုပညာရှင်များ ကဆိုသည်။လူငယ်များ အမျိုး သားရေးစိတ်ဓာတ်ရှင် သန်ရေး၊ ကလေးသူငယ်စောင့် ရှောက် ရေး၊ တိုင်းပြည်အကျိုးပြုရေး၊ ဇာတိသွေးဇာတိမာန် တက်ကြွ စေမည့် သီချင်းများပါဝင်သည့် “လွတ်လပ်မြင့်မားတေးသံများ” အမှတ် ၁ ကို မတ်လ ၁၆ ရက်နေ့ တွင် စတင်ဖြန့်ချိခဲ့သည်။ လွတ်လပ်မြင့်မားတေးသံများအခွေကို အမှတ် ၂၊ ၃၊ ၄၊ ၅ အထိထွက် ရန်စီစဉ်နေကြောင်း သိရသည်။၂ဝ၁၂ခုနှစ်၊ မတ်လ ၂၆ ရက်၊ ည ၉နာရီအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(ဗဟို) အောင်နိုင်ရေးဆပ် ကော်မတီ ဦးဆောင်ကာ ရုပ် ရှင်နှင့် ဂီတအနုပညာရှင်များ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲမြို့ များသို့ သွားရောက်ရန် ရန်ကုန် မြို့မှစတင်ထွက်ခွာခဲ့သည်။ ဂီတ အနုပညာရှင် များဖြစ်ကြသည့် ဆောင်းဦးလှိုင်၊လင်းလင်း၊မာရဇ္ဇ၊ အနဂ္ဂ၊ ကိုအောင်၊ ကဗျာ ဘွဲ့မှူး၊ သံသာဝင်း၊ ချစ်သုဝေ နှင့် Metal Zone တီးဝိုင်းအဖွဲ့ သားများပါဝင်ခဲ့သည်။ မတ်လ ၂၇ရက်နေ့တွင်ပြင်ဦးလွင်မြို့၊ မတ်လ၂၈ရက်နေ့တွင် စစ်ကိုင်း မြို့၊ မတ်လ၂၉ရက်နေ့တွင် ပုလဲ မြို့၌မဲဆွယ်စည်းရုံးခြင်းနှင့်သရုပ် ဖော်ပြ သခြင်းများပြုလုပ်ခဲ့ပြီး မတ်လ၃ဝရက်နေ့၊ နံနက် ၉နာရီ တွင်ရန်ကုန်မြို့သို့ပြန်လည်ရောက် ရှိခဲ့ရာဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်ကျင်းပသောစာနယ် ဇင်းရှင်းလင်းပွဲကို ခရီးစဉ်တွင် လိုက်ပါခဲ့သော အနုပညာရှင် များ တက်ရောက်ခဲ့ကြသည်။

၂ဝ၁၂ခုနှစ်၊ ဧပြီ ၁ရက် နေ့ ကြားဖြတ်ရွေးကောက်ပွဲ အလွန်ကာလသည် မြန်မာနိုင်ငံ ရေးအခင်းအကျင်းသစ်များ ဖြစ်ပေါ်လာမည်ဟု ကမ္ဘာ့နိုင်ငံ များနှင့် ပြည်တွင်းရှိပြည်သူ များနည်းတူ အနုပညာရှင်များ ကလည်း မျှော်လင့်ထားကြ သည်။ ကြားဖြတ်ရွေးကောက် ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါဝင်လာ ခြင်း သည် ထူးခြားသောနိုင်ငံရေး တိုးတက်မှု ရလဒ်ပင်ဖြစ်သည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသည်းကြား ကမဲတစ် ပြားကို မြန်မာနိုင်ငံပြည်သူများ နှင့်အတူ အနုပညာရှင်များက လည်း သက်ဆိုင်ရာမြို့နယ် မဲ ဆန္ဒနယ်များသို့ သွားရောက်မဲ ပေးခဲ့ကြသည်။

ပြည်တွင်းရုပ်သံလိုင်း အသီးသီးတွင် ပြသနေသော သမ္မတကြီးဦးသိန်းစိန်တာဝန်ထမ်းဆောင်သည့် တစ်နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုတေး သီချင်းဖြစ်သည့်”အနာဂတ်
မြန်မာပြည်” သီချင်းကိုကိုရဲက အကြံပေးပြီး တေးရေးကေလက်မိုးကိုပြောပြရေးစပ်စေခဲ့ကာ ပုံရိပ်များကို ဒါရိုက်တာဝိုင်းက ဂီတရုပ်ရှင် အနုပညာရှင်များနှင့်ပုံဖော်သလို ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံသည့်ပုံရိပ်များ၊ ကိုမင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ပုံထည့်သွင်း ဖော် ကျူးထားသည်။သင်္ကြန်ကာ လတွင်လည်း သင်္ကြန်အလှယာဉ်အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် နေ အိမ်ရှေ့တွင် သွားရောက်ဖျော် ဖြေခဲ့သည့်အတွက် သင်္ကြန် တေးသံများ လွှမ်းခြုံခဲ့ သည်။

၂ဝ၁၂ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက် နေ့ကကော့မှူးမြို့နယ်တွင် ကျင်းပ သောသက်ကြီးပူဇော်ပွဲကို ပြည် သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင် ဆန်းစုကြည်နှင့် အတူ အနုပညာရှင်များသွား ရောက်ခဲ့ကြသည်။ သက်ကြီး ပူဇော်ပွဲတွင်ပါဝင်အားဖြည့် ကူ ညီခဲ့ကြသော အနုပညာရှင် များက ကော့မှူးမြို့သူ၊ မြို့သား များကို သီချင်းများနှင့်ဖျော်ဖြေ နေစဉ် ဒေါ်အောင်ဆန်းစုကြည် က လယ်ကွင်းပြင်ထဲ၌ ပြည်သူ လူထု နှင့် ၂နာရီကြာ အပူဒဏ် ခံရင်း တစ်သားတည်းကြည့်ရှု အားပေးခဲ့သည်။၂ဝ၁၂ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နော်ဝေနိုင်ငံ၊ အော် စလိုမြို့၊မြို့တော်ခန်းမ၌ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့သော ငြိမ်းချမ်း ရေးနိုဘယ် ဆုပေးအပ်ပွဲ အခမ်း အနားကို ဒေါ်အောင်ဆန်းစု ကြည်တက်ရောက်ခဲ့သည်။ ထို အခမ်းအနားတွင် “မေတ္တာရွှေ စောင်း” တေးသွားကို စောင်း ပညာရှင်မောင်နေဝါက တီးခတ် ဖျော်ဖြေပေးခဲ့သည်။၂ဝ၁၂ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့၊ ညနေ ၃နာရီက အာဇာနည်ဗိမာန်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အတူ တေးရေးမြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ R ဇာနည်၊ R ခိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ သျှီ၊ ဖြူဖြူ ကျော်သိန်း၊ သံသာဝင်း အစရှိသည့် အနုပညာရှင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို သွားရောက်ဂါရဝ ပြုခဲ့ကြသည်။

၈၈မျိုးဆက်ကျောင်းသားများနှင့် ဂီတလောကသားတို့ ရင်ဘတ်ချင်းပေါင်းစည်းမှု သင်္ကေတဖြစ်သည့် စေတနာ ဝသန်ဖျော်ဖြေပွဲကို စက်တင် ဘာ ၁ရက်နေ့က MCC ခန်းမ၌ ကျင်းပခဲ့သည်။ ဂီတအနုပညာ ရှင်များဖျော်ဖြေမှုနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားများစု ပေါင်းပြီးပန်းချီ ရေးဆွဲထားကြသည့်လက်လုပ်ဂီတကို လေလံ ပစ်ရောင်းချနိုင်ခဲ့သလို နှစ် ကာလအတန်ကြာ လွှင့်ခွင့်မရခဲ့ သော ကျောင်းသားကိုယ်စားပြု ခွပ်ဒေါင်းအလံကို ပရိသတ်များ ကြားတွင်လွှင့်ထူနိုင်ခဲ့သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတ ကြီးဦးသိန်းစိန်၏ ဖိတ်ကြား ချက်အရအမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် နယ်ပယ်အသီး သီးမှ ပြည်သူပြည်သားများ ကြိုဆိုခဲ့ကြသလို ဂီတအနုပညာ ရှင်များလည်း ကြိုဆိုခဲ့ကြသည်။၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့၊ မန္တလေးမြို့၊ ကံတက် ကုန်း၊ မစိုးရိမ်ကျောင်းတိုက် တွင် ကျင်းပခဲ့သော ၉၂နှစ် မြောက် အမျိုးသားနေ့စာပေ ဟောပြောပွဲနှင့် ပဒေသာကပွဲ တွင် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ရတနာပုံ သန်းဌေးအောင် မင်္ဂလာဆိုင်းအဖွဲ့၊ အဆိုတော် ပန်တျာ ဒေါ်ဌေးမြင့်တို့နှင့် အတူ “ဇေယျာကမ်းလှပန်းချီ”သီချင်းကို ကီးဘုတ်တီးခတ်ကာ သီဆိုခဲ့သည်။

အမျိုးသားဒီမိုရေစီပါတီ သစ်မှ အမျိုးသားဇာတိသွေး၊ ဇာတိမာန် နိုးကြားတက်ကြွ စေရန်တေးသီချင်း များသီ ဆိုခဲ့သော တေးသံရှင်ဒေါ်ခင် ညွန့်ရီအား ဂုဏ်ပြုပွဲအခမ်း အနားကို ဒီဇင်ဘာ ၁၅ရက် နေ့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ် ဌာနချုပ်တွင် ကျင်းပခဲ့သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့်အခမဲ့ပညာရေး ကျောင်းများ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲကို ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာ ၂၇၊ ၂၈ ရက်များတွင် ပြည်သူ့ရင်ပြင်တွင်ကျင်းပနိုင်ခဲ့ ပြီးယင်းပွဲတွင် Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊ မျိုးကြီး၊ အငဲ၊ဝိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေ ခဲ့ကြသည်။

ထွဋ်မြတ် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ