ဟော်လန်ကွင်းလယ် လူငယ် မာကို ဗန်ဂင်ကဲလ်အား ခေါ်ယူ လိုက်နိုင်ပြီဖြစ် သည့် ချဲလ်ဆီး


ချယ်ဆီး အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကို နောက် ကောက်ချ ကာ ဟော်လန်လူငယ် ကစားသမား ဗီတက်ဆီ အသင်းကွင်း လယ်လူ မာကို ဗန်ဂင်ကဲလ် အားခေါ်ယူ လိုက်နိုင်ပြီဟု သတင်းများတွင် ဖေါ်ပြ ထားသည် ။ မော်ရင်ဟိုသည် ချယ်ဆီးကို တာဝန်ယူ လိုက်သည့် အချိန်မှစပြီး မာကိုဗန်ဂင်ကဲလ်အား တောက်လျှောက်လိုက် နေခဲ့ရာ အရံခုံတန်းတွင် ထားရန် ဖြစ်နိုင်ချေ မရှိသည့် လူငယ်ကစားသမားဟု အားကစားသတင်း မီဒီယာများက သုံးသပ်ကြသည် ။ အဆိုပါ လူငယ် ကစားသမားအား အခုရက်ပိုင်းတွင် မန်ချက်စတာယူနိုက်တက် ကလည်း ချဉ်းကပ်လာသဖြင့် ချဲလ်ဆီးအသင်းက အလျှင်အမြန်လက်ဦးမှု့ ရယူသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။

အသက် (၂၀)နှစ်သာရှိသေးသည့် ဂင်ကဲလ်သည် ပြီးခဲ့သည့်ရာသီက (၃၃)ပွဲ ပွဲထွက်ခွင့်ရခဲ့ရာတွင် (၈)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး (၁၀)ဂိုး assists လုပ်ခဲ့သူဖြစ်ပြီး လမ်းပါတ်ကဲ့သို့ပင် ဗဟိုကွင်းလယ်နေရာကို စိုးမိုးနိုင်သူ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားပြီး မော်ရင်ဟို အနေဖြင့် လမ်းပါတ်၏ ပုံရိပ်များကို ဆက်ခံနိုင်မည့် သူအဖြစ် မျှော်လင့်ထားကြောင်းသိရသည် ။

Ref : Myanmar Goal .com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ