ဆီးချိုသွေးချိုဆေးတစ်မျိုးက အသည်းအဆီဖုံးခြင်းကိုသိသာစွာလျော့ကျစေ


သုတေသနအသစ်တစ်ခုအရအမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ (T2DM)သုံးတဲ့ဆေး တစ်မျိုးကအရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD) ဝေဒနာခံစားနေရတဲ့ သူတွေမှာအသည်းပေါ်ကအဆီပမာဏလျော့ကျစေပြီး၊ သွေးတွင်း သကြားဓာတ်ကို ပါလျော့ကျစေတယ်လို့သိရပါတယ်။ အမျိုးအစား (၂) ဆီးချိုသွေးချိုဝေဒနာသည်တွေ မှာ NAFLD အဖြစ်များပြီး ပြင်း ထန်အသည်းရောဂါတွေထိဆက်လက်ဖြစ်ပွားတတ်ပါတယ်။

သုတေသန တွေ့ရှိချက်တွေအရသက်လတ်ပိုင်း ဆီးချိုသွေးချိုဝေဒနာ ရှင်တွေမှာ ဆီးချိုသွေးချိုဆေးတစ်မျိုး ဖြစ်တဲ့ empagliflozin ကိုသောက်နေသူတွေကကုသမှုစတင်ပြီး ရက်သတ္တပတ် ၂၀ ခန့်အကြာတွင် အသည်းပေါ်မှအဆီ ၁၆.၂% မှ ၁၁.၃ % လောက်ထိလျော့ကျသွား တာကိုတွေ့ခဲ့ရပြီး၊ ထိန်းချုပ်စောင့် ကြည့်အုပ်စုမှာတော့မူလ ၁၆.၄ % မှ ၁၅.၆ % ထိသာအနည်း ငယ်လျော့ကျခဲ့တာတွေ့ရပါတယ်။ NAFLD ပြီးနောက်ဆက် လက်ဖြစ်ပွားတဲ့ အရက်ကြောင့် မဟုတ်ပဲအဆီကြောင့်အသည်းရောင်ရမ်းမှု Non. alcoholic Steatohepatitis (NASH) က အသည်းခြောက်ခြင်း နဲ့ အသည်း ကင်ဆာတို့ပါဖြစ်ပွားစေနိုင်ပါတယ်။ ဒါပေမဲ့ NAFLD နဲ့ NASH အခြေအနေတို့အတွက်ခွင့်ပြုထားတဲ့ သီးသန့်ကုထုံးတွေမရှိ သေးပဲ metformin, pioglitazone နဲ့ဗီတာမင်အီး တို့ကလည်း အသည်းပေါ်ကအဆီကိုအနည်း ငယ်သာလျော့ကျစေပါတယ်။

ဒါကြောင့် Empagliflozin က NAFLD အခြေအနေကို ကူညီပေးနိုင်မယ်လို့ သုတေသီတွေက အဆိုပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သုတေသနတွေမှာလည်း Empagliflozin က ကြွက်တွေရဲ့အသည်းပေါ် က အဆီပမာဏကိုလျော့ကျစေတာသက်သေပြပြီးဖြစ်ပါတယ်။ ယခုသုတေသနမှာအသက် ၄၀ အထက်အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါနဲ့ NAFLD အခြေအနေခံစားနေရသူတွေ ပါဝင်ခဲ့ပါတယ်။ ပါဝင်သူတွေကို ကျပန်းခွဲပြီး တစ်ဖွဲ့ကိုစံကုထုံးနဲ့ empagliflozin တစ်ရက်ကို 10 mg ပေး၍ကျန် တစ်ဖွဲ့ကိုစံကုထုံးသာပေးခဲ့ပါတယ်။ ရလဒ်ကတော့ empagliflozin သောက်တဲ့ အုပ်စုကအသည်းပေါ်မှအဆီပမာဏ ၄.၉ % လျော့ကျခဲ့ပြီး ကျန်အုပ်စုကတော့ ၀.၈ % သာလျော့ကျခဲ့တာတွေ့ရပါတယ်။ Empagliflozin ကို FDA မှ ၂၀၁၄ က ခွင့်ပြုပေးခဲ့ပါတယ်။

အ၀င်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးအတွက် မျှော်လင့်ချက်


Eindhoven University of Technology သိပ္ပံပညာရှင်တွေက ကော်ဖီစစ်စက္ကူ (Coffee Filter) ကိုအသုံးပြုပြီး ပိုမိုဈေးသက်သာတဲ့ကင်ဆာဆေးထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ ၎င်းင်းတို့ရဲ့နည်း ပညာကိုအသုံးပြုပြီး Z-endoxifen ကင်ဆာကုသဆေးကို ပိုမိုဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့သိရပါတယ်။ Tamoxifen က ရင်သားကင်ဆာကုသရာမှာသုံး တဲ့ကမ္ဘာသုံးဆေးတစ်မျိုးဖြစ်ပါတယ်။ ယင်းဆေးကအမြဲတမ်းတော့သက်ရောက်မှုကောင်းတွေမရစေပါဘူး။

Tamoxifen အနေနဲ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အချိန်မှာကင်ဆာဆဲလ်တွေကို တိုက်ရိုက် တိုက်ထုတ်နိုင်ခြင်းမရှိပဲ Z-endoxifen အဖြစ်ပြောင်းလဲပြီးမှသာ တိုက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ Tamoxifen ကနေ Z-endoxifen ကိုပြောင်းလဲပေးတဲ့ပမာဏက လူနာရဲ့မျိုးရိုးဗီဇအပေါ် မူတည်ပြီး အနည်းအများကွဲပြားပြန်ပါတယ်။ တကယ်လို့များ Z-endoxifen ကိုဆေးအနေနဲ့ တိုက်ရိုက်ပေးနိုင်မယ် ဆိုရင်တော့ မျိုးရိုးဗီဇကွဲပြားမှုတွေကို လျစ်လျူရှုနိုင်ပြီး ဆေးပမာဏကိုလည်း လျော့ပေးနိုင်တဲ့အတွက်ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းစေနိုင်မယ်လို့ US စမ်းသပ်ကုသမှုတွေ က သက်သေပြခဲ့ပါတယ်။ ဒါပေမဲ့ Z-endoxifen ထုတ်လုပ်မှုမှာကြုံနေရတဲ့အခက်အခဲကကုန်ကျစရိတ် အလွန်များနေတာဖြစ်ပြီး၊ ၁ ဂရမ်ရရှိဖို့အတွက် ဒေါ်လာတစ်သောင်းလောက်ကုန်ကျနေတာဖြစ်ပါတယ်။

ယခုသုတေသနမှာသိပ္ပံပညာ ရှင်တွေက လက်ရှိအသုံးပြုလျက်ရှိတဲ့ ကုန်ကျစရိတ်များတဲ့ High Pressure Liquid Chromato-graphy (HPLC) နည်းပညာအသုံး ပြုပြီး သန့်စင်တဲ့စနစ်ကို အသုံးပြုဖို့ လိုအပ်မဲ့နည်းလမ်းကို တွေ့ရှိခဲ့ပါ တယ်။ လက်ရှိ endoxifen ထုတ်လုပ်တဲ့စနစ်က Z နဲ့ E ဆိုပြီး endoxifen နှစ်မျိုးကို ၇၀း ၃၀ အချိုးနဲ့ထုတ်လုပ်ပေးပါတယ်။ HPLC နည်းကမလိုချင်တဲ့ E-endoxifen ၃၀% ကို ဖယ်ရှား ပေးဖို့သုံးတာဖြစ်ပါတယ်။ Eindhoven မှ သိပ္ပံပညာရှင်တွေက ထုတ်လုပ်တဲ့နည်းစနစ်မှာလိုချင်တဲ့ Z-endoxifen ကို ၉၅% နဲ့မလိုချင်တဲ့ E-endoxifen ကို ၅% ထိလျော့ချပေးနိုင်မဲ့နည်းကို တွေ့ရှိ ခဲ့ပြီး၊ မလိုချင်တဲ့ E-endoxifen ၅% ကိုကော်ဖီစစ်စက္ကူသုံးပြီး စစ် ထုတ်ဖယ်ရှားပေးနိုင်မဲ့နည်းကို တွေ့ ရှိခဲ့ပါတယ်။ ယင်းနည်းသစ်ကသန့်စင်တဲ့ Z-endoxifen ထုတ်လုပ်ရာမှာပိုမိုထိရောက်ပြီး၊ ကုန်ကျစရိတ်မှာလည်း အဆ ၁၀၀၀ လောက်ပိုသက်သာတာကိုတွေ့ခဲ့ရပါတယ်။

အ၀င်း

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

Alcohol and Coffee အရက်မူးတာကို ကော်ဖီကထူးစေသလား


ကော်ဖီသောက်လိုက်ရင် သောက်ထားတဲ့အရက်ရှိန် မူးနေတာပြေသွားမယ်လို့ယူဆချက်ဟာ နားထောင်ရင် အဟုတ်လို့ ထင်စရာပါ။ ဒါပေမဲ့ လေ့လာမှုတွေလုပ်ကြည့်တော့ အဲလိုမဟုတ်ပါ။

နှစ်အနည်းငယ်တုံးက မိတ်ဆွေတချို့နဲ့အတူ ကျမ ဇာတ်ရုံတခုကကပွဲမှာ အသုံးတော်ခံခဲ့ပါတယ်။ ကျမခင်ပွန်းက အရောက်နောက်ကျပါတယ်။ သူက ခရစ်မတ်နေ့လည်စာနဲ့ ကော်ဖီသောက်ပြီး မွန်းလဲနောက်ပိုင်းတခုလုံးမှာ ဝိုင်တွေ သောက်နေခဲ့တာပါ။ ကံကောင်းတာက ပြဇာတ်က ဟာသဖြစ်ပါတယ်။ ကျမယောက်ျားဟာ လိုတာထက်ပိုပြီး ရယ်မောနေလို့ သူနဲ့တွဲသရုပ်ဆောင်ရသူကတောင် အံ့သြနေကြရပါတယ်။

အားလပ်ချိန်မှာတော့ နောက်ကျိနေတာ သက်သာသွားအောင်ဆိုပြီး ကျမသူ့အတွက် ကော်ဖီ ဝယ်တိုက်ပါတယ်။ ပြဇာတ် ဒုတိယပိုင်းမှာ သူ အတော်ငြိမ်နေတာ တွေ့ရတယ်။ ဒါဖြစ်ရင် ကျမတွက်ထားသလို ကော်ဖီကနေ မျက်လှည့်ပြသလိုသတ္တိ တကယ်ရှိသတဲ့လား။

အရက်ဆိုတာ များလေလေ Sedative effects အိပ်ချင်စိတ်များလေလေဆိုတာ လူတိုင်း သိတဲ့အချက်ပါ။ ပဌမ ၁ နာရီခွဲအတွင်းမှာ သွေးထဲမှာ အရက်ပမာဏ များနေချိန်မယ် အရက်သောက်သူဟာ တက်ကြွနေပါတယ်။ ၂ နာရီ နောက်ပိုင်းမှာတော့ ၆ နာရီ အထိ အိပ်ချင်စိတ်ဟာ တိုးတိုးလာပါတယ်။

ကော်ဖီထဲမှာပါတဲ့ Caffeine ကေဖင်းဓါတ်ကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ လူတွေကို တက်ကြွနေစေပါတယ်။ ဒီအချက်ကြောင့် ဘီယာတပိုင့်သောက်ပြီး ကော်ဖီတခွက်နဲ့ဖြေတာ သဘာဝကျပါတယ်။

စိတ်မကောင်းစရာ လာပါပြီ။ အရက်သုတေသနသမိုင်းမှာ ဓါတ်ခွဲခန်းတွေထဲ အရက်သောက်ထားသူတွေကို ကော်ဖီ တိုက်ပြီး စမ်းသပ်တဲ့အခါ အဖြေတွေက ဆန့်ကျင်တာတွေ ထွက်လာပါတယ်။ တချို့မှာ အရက်ကြောင့် ပြန်လည် တုန့်ပြန်နိုင်တဲ့ ကြားကာလအချိန်ဟာ ကော်ဖီကြောင့် တိုးလာပေမဲ့ တချို့ ဘာမှမထူးပါ။

၂ဝဝ၉ ခုနှစ်မှာ (အရက် + ကော်ဖီ) အစွမ်းကို ပိုပြီး အသေးစိတ်ထုတ်ပြန်လာနိုင်ပါတယ်။ ကြွက်တွေကို အရက် တိုက်ပါတယ်။ ဒိနောက်မှာ လူတွေဆို ၈ ခွက်နဲ့ညီတဲ့ ကော်ဖီကို တိုက်ပြန်ပါတယ်။ ကေဖင်းဝင်ပြီးတဲ့နောက်မှာ ကြွက်တွေဟာ ပိုပြီး တက်ကြွနေပုံရပေမဲ့ ဒီအကောင်တွေဟာ ကော်ဖီမသောက်ရတဲ့ကြွက်တွေထက် ဝင်္ကဘာထဲမှာ အခြေအနေဆိုးတာ တွေ့ရပါတယ်။

ဒါကြောင့် ကော်ဖီဟာ အရက်ကြောင့်ဖြစ်စေတဲ့ မောပမ်းမှုကို တန်ပြန်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် နေ့စာ၊ ညစာစားပြီးဆိုင်း ကော်ဖီနဲ့ အစာပိတ်တဲ့သဘောက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရက်ကြောင့်ဖြစ်ရတဲ့ Cognitive deficits မှတ်သားမှု-ဥာဏ်ထုတ်မှုအစွမ်း နည်းပါးနေတာကိုတော့ ကော်ဖီကနေ ဖျောက်မပေးနိုင်ပါ။ Drunkenness feelings အရက်သမားခံစားမှုဆိုတာ အဲဒါပါ။

ဇီဝကမ္မ၊ ရောဂါဗေဒလိုပြောရရင် အရက်ကို ကိုယ်ခန္ဓာနေ ချက်လုပ်ပါတယ်။ ဒီအတွက် နေ့ရက်တွေ မနည်းမနော ယူပါမယ်။ ဒီအလုပ်အတွက် အသဲက အင်ဇိုင်းမ် ၂ မျိုးသုံးရပါတယ်။ Alcohol dehydrogenase အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ် နဲ့ Aldehyde dehydrogenase အယ်လ်ဒီဟိုက် ဒီဟိုက်ဒရိုဂျင်နေ့စ်တွေဖြစ်ပါတယ်။ အဆင့်တွေ အဆင့်တွေ အများကြီးအပြီးမှာ လွန်ခဲ့တဲ့ ရက်တွေတုံးက သောက်ထားတဲ့ အရက်ဟာ ရေနဲ့ Carbon dioxide ကာဗွန်အောက်ဆိုက်အဖြစ် ချွေးနဲ့ ဆီးထဲကနေ စွန့်ထုတ်ပါတယ်။

အရက်တယူနစ် (10 ml in UK = 10 grams [12.7 ml] in Australia) ကို (မက်တာဘော်လိုက်စ်) ချက်လုပ်ဘို့ရာ ၁ နာရီပျမ်းမျှ အချိန်ယူပါတယ်။ မျိုးဗီဇ၊ အစာစားထားမထား၊ အရက်ရာနှုန်းတွေအရ အနှေးအမြန် ကွာပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းကနေ ဒီဖြစ်စဉ်ကို မြန်စေအောင် မလုပ်နိုင်ပါ။ နောက်ထပ် သုတေသနအရ (ကေဖင်း) များတာကနေ အရက်ကြောင့် မှတ်ဥာဏ်ကို သက်ရောက်တာကို တန်ပြန်နိုင်တယ်။ Dizziness မူးနောက် နေတာကိုတော့ မပြေစေဘူးလို့ သိရပါတယ်။

ကေဖင်းကြောင့် ပိုဆိုးတယ်လို့ ပြောသူတွေလဲ မနည်းပါ။ ၂ဝဝ၈ ခုနှစ်ထဲမှာ အမေရိကန် ကောလိပ်ကျောင်းသားတွေကို လေ့လာတဲ့အခါ Vodka နဲ့ Red Bull လို အရက်ထဲမှာ (အယ်လ်ကိုဟော + ကေဖင်း) ပါတာမို့ သောက်သူတွေဟာ ထိခိုက်ဒဏ်ရာရတာ ပိုများကြပြီး၊ လမ်းပေါ်မှာ မြန်နှုန်းသတ်မှတ်တာထက် ပိုမောင်းသူတွေကနေ လိုက်ချင်လိုက်ခဲ့လို့ ကားပေါ်တင်ရင်လိုက်ကြသူက ၂ ဆ မက များတာကို တွေ့ရတယ်။ ဒီအချက်ဟာ သောက်ထားတဲ့အရက် နည်းတာ များတာနဲ့ တိုက်ရိုက်အချိုးမကျပါ။

ဒီသတင်းပို့ချက်ကိုရေးသူ Claudia Hammond ကလော်ဒီယာဟာ စာရေးသူ၊ အသံလွှင့်သူ၊ စိတ်ပညာကထိက ဖြစ်ပါတယ်။ သူမဟာ ဘီဘီစီ ကျန်းမာရေးစစ်ဆေးမှုဆိုတဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေသူ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

Alcohol and Liver အရက်ကနေ အသည်းကိုဘယ်လိုဆိုးစေသလဲ


၁။ ၄၅ နှစ်။ ယောက်ျား။ uric acid 10.9 alkaline phosphates 110 Alt 69 Ast 129 Gamma-gt 338 ဆရာ အသည်းယေဘုယျအခြေအနေကိုသိနိုင်ပါသလား။ အရက်အလွန်သောက်ပါသည်။

၂။ ဆရာကျွန်တော့ယောက်ဖက အသက် ၄၀ ပါ။ အရက်သောက်ပါတယ်။ ပြီးခဲ့တဲ့တလကမှအရက်ဖြတ်ပါတယ်။ မနေ့ကဖျားပြီး ဂယောင်ဂတမ်းတွေပြောပါတယ်။ ရင်ထဲကပူတယ်လို့လည်းပြောပါတယ်။ ခုမန်းလေးဆေးကြီးမှာ တင်ထားပါတယ်။ အာထွာဆောင်းရိုက်တော့ ALCOHOLIC HEPATITIS လို့ရေးထားပါတယ်။ စိုးရိမ်ရလားဆရာ။ ဘာရောဂါပါလဲဆရာ။ ဘယ်လိုနေထိုင်ပြုမူပြီးဘယ်လိုစားသောက်တွေစားလို့ရပါလဲ။ ကျေးဇူးပြုပြီးညွန်ကြားပေးပါဆရာ။

အရက်သောက်တာများလေလေ အသည်းကိုထိခိုက်လေဖြစ်တယ်။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေဖြစ်ပါမယ်။ အရက်ဟာ သက်ရှိတွေအတွက် အဆိပ်ဖြစ်တယ်။ အသည်းရောဂါ (၃) မျိုးကိုဖြစ်စေမယ်။
(၁) Fatty liver အသည်းအဆီဖုံးခြင်း၊
(၂) Alcoholic hepatitis အရက်အသည်းရောဂါနဲ့
(၃) Cirrhosis အသည်းခြောက်တာတွေ ဖြစ်တယ်။

Fatty liver အဆီဖုံးနေသူဟာ ၃ လကနေ ၆ လကြာရင် ပျောက်သွားနိုင်တယ်။ အသက်ဆက်ရှည်ချင်ရင် အရက်ဖြတ်လိုက်ပါ။ အရက်သောက်တာကြာသူတိုင်းရဲ့ အသည်းမှာ Fat globules အဆီလုံးလေးတွေဖြစ်လာမယ်။ ကြာလာရင် Hepatitis အသည်းရောင်လာမယ်။ Hepatomegaly အသည်းအရွယ်အစားကြီးလာရင် ဝမ်းဗိုက် ညာဘက် အထက်ပိုင်းနေရာမှာ နာမယ်။ တင်းနေမယ်။ အဲလိုဖြစ်နေတာ ၁ဝ နှစ်ရှိသူဆိုရင် ပျို့ချင်၊ အန်မယ်၊ ကိုယ်အလေးချိန် ကျမယ်။ ကိုယ်ပူနိုင်တယ်။ အသား-ဆီးဝါမယ်။ ဗိုက်ထဲအရည်အောင်းလို့ ဖေါင်းလာမယ်။

Cirrhosis အသည်းခြောက်တယ်ဆိုတာ အသည်းမှာအမာရွတ်ဖြစ်တာပါ။ ပြန်မကောင်းနိုင်တော့ပါ။ အသည်းခြောက်နေပေမဲ့ ဘာမှ မခံစားရသူတွေလဲရှိတယ်။ အစားအသောက်ပျက်တာ၊ အားယုတ်တာသာရှိတယ်။ ကြွက်သားတွေ လှီလာမယ်။ ဆိုးလာရင်တော့ Varicose veins သွေးပြန်ကြောတွေထုံးလာမယ်။ အပြင်ကမမြင်ရတဲ့ ဗိုက်ထဲကအစာခြေလမ်းကြောင်းမှာ ဖြစ်တယ်။ ပေါက်ထွက်ရင် သွေးယိုမယ်။ ချက်ချင်းမကုနိုင်ရင် သေနိုင်တယ်။ အသည်းခြောက်နေသူ ၂ ယောက်မှာ ၁ ယောက်က ၅ နှစ်နေရင် အသည်းအလုပ်မလုပ်နိုင်လို့သေဆုံးရတယ်။ ၁ဝ ယောက်မှာ ၁ ယောက်ကအသည်းကင်ဆာဖြစ်မယ်။ Liver failure အသည်းကအလုပ်နိုင်အောင်မလုပ်နိုင်တော့ရင် Coma သတိလစ်မယ်။ သေဆုံးမယ်။

ယောက်ျားတွေက တနေ့မှာ အရက် ၄ဝ-၈ဝ ဂရမ်၊ မိန်းမတွေက တနေ့မှာ ၂ဝ-၄ဝ ဂရမ်၊ ၁ဝ-၁၂ နှစ်သောက်ရင် တခြားအသည်းရောဂါ ဘာမှမရှိဘဲ အသည်းပျက်စီးတာ ဖြစ်စေနိုင်တယ်။ Oesophageal or Gastric variceal bleeding အစာလမ်းကနေ သွေးယိုမယ်၊ Ascites ရေဖျင်းစွဲမယ်၊ Coagulopathy သွေးမခဲတာဖြစ်မယ်၊ Hepatic encephalopathy ဦးနှောက်ထိခိုက်နိုင်တယ်၊ Liver cancer အသည်းကင်ဆာဖြစ်နိုင်တယ်။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေမှာ စွဲစေတတ်တဲ့သဘောပါတယ်။ မဌမဆုံး အမူအကျင့်က အဲတာမျိုးကို လုပ်ချင်နေမယ်။ နောက် တိုးလုပ်ချင်တာမယ်။ နောက် အဲတာကိုတောင့်တနေမယ်။ နောက်စွဲမယ်။ လူတဦးချင်းတော့ အခံမတူကြပါ။ အရက်အကြောင်းစာတွေရေးထားတာမနည်းပါ။ ဖတ်တာနဲ့တောင်မူးလောက်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

HIV ကာကွယ်ရေးနည်းလမ်းသစ်


ဝါတာလူးတက္ကသိုလ်မှ သိပ္ပံ ပညာရှင်တွေက အမျိုးသမီးများတွင်ံHIV ပိုးကူးစက်ခြင်းမှကာကွယ်ပေး နိုင်မဲ့ကိရိယာသစ်ကို တီထွင်ခဲ့ကြပါ တယ်။ သမားရိုးကျ HIV ကာကွယ် နည်းတွေဖြစ်တဲ့ ကွန်ဒုံတွေ၊ HIV ဆန့်ကျင်ဆေးတွေနဲ့ မတူပဲ၊ ကိရိယာ သစ်က လူရဲ့ သဘာဝခုခံအားစနစ် ကို အသုံးချပြီး ဗိုင်းရပ်စ်ကိုကာကွယ် ပေးတယ်လို့ သိရပါတယ်။ HIV ပိုး က လူ့ခန္ဓာကိုယ် ခုခံအားစနစ်ရဲ့ အရေးကြီးတဲ့ T ဆဲလ်တွေကို ထိခိုက် စေတာဖြစ်ပါတယ်။

 T ဆဲလ်တွေက ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့မလုပ်ရင်၊ ဗိုင်းရပ်စ်ကူးစက်မှုရှိလာမှာမဟုတ်ပဲ လူအချင်းချင်းကြား ကူးစက်မှုဖြစ်လာ မှာမဟုတ်တော့ပါဘူး။ T ဆဲလ်တွေ လှုပ်ရှားမှုမရှိတဲ့အခြေအနေကို ခုခံ အားစနစ် ငြိမ်သက်နေတဲ့အခြေ အနေလို့ခေါ်ပါတယ်။ ကျွန်တော်တို့ သိထားသလိုပါပဲ။ တချို့သောက် ဆေးတွေက မွေးလမ်းကြောင်း၊ မိန်းမ ကိုယ်တို့ထိ မရောက်နိုင်ပါဘူး။ ဒါကြောင့် ယခုကိရိယာသစ်က မိန်းမကိုယ်ထဲ မြှုပ်နှံထားရုံနဲ့ T ဆဲလ်တွေကို ဗိုင်းရပ်စ်အား မတုန့် ပြန်ဖို့ ထိန်းထားပေးနိုင်မှာဖြစ်တဲ့အတွက် ပိုစိတ်ချရကာ ပိုလည်း စရိတ်စက သက်သာစေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ ယင်းမိန်းမကိုယ် တွင်းမြှုပ်ထားရတဲ့ ကိရိယာကို ကင်ညာမှာလုပ်ခဲ့တဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေရဲ့ သုတေသနက အတွေးအခေါ်ရလာတာပါ။ ယင်း သုတေသနမှာ ပြည့်တန်ဆာ အမျိုးသမီးအများပြားက HIV ပိုးရှိတဲ့ အမျိုးသားဖောက်သည်တွေနဲ့ လိင်ဆက်ဆံပေမဲ့ HIV ပိုး ကူးစက်မ ခံရတာကို တွေ့ရပါတယ်။

ဒါကြောင့် ဆက်လက်လေ့လာ ကြည့်တဲ့အခါ ယင်းအမျိုးသမီးတွေရဲ့ T ဆဲလ်တွေက ဗိုင်းရပ်စ်ကို တုန့်ပြန် မှုမရှိတာ တွေ့ခဲ့ရပါတယ်။ ယင်း အချက်ကို တွေ့ပြီးတဲ့နောက် ကျွန်တော်တို့စဉ်းစားခဲ့တာက ဆေးဝါးတွေသုံးပြီးတော့ရော ခုခံအား စနစ်ကို တက်ကြွမှုမရှိအောင်လုပ်လို့ မရဘူးလားဆိုတဲ့ အချက်ပါပဲ။ ဆေးကို မိမိလိုအပ်တဲ့နေရာကို တိုက်ရိုက် ပို့ဆောင်ပေးခြင်းအားဖြင့် ခုခံအားစနစ်ကို ပိုပြီးထိထိရောက် ရောက် ချုပ်ကိုင်နိုင်မှာပဲလို့ တွက်ဆ ပြီး ယခုကိရိယာကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိရိယာသစ်မှာ ပြွန် ငယ်လေးတစ်ခုနဲ့ ကွေးဆန့်နိုင်ပြီး ထည့်ထားတဲ့နေရာမှာ မြဲအောင်ထိန်း ထားမဲ့ လက်မောင်းလေးနှစ်ခု ပါပါ တယ်။ ဆေးအနေနဲ့ hydroxy- chloroquine ပါဝင်ပြီး ပြွန်အပေါက် လေး များမှတဆင့် တဖြည်းဖြည်း ထုတ်ပေးကာ၊ မိန်းမကိုယ်နံရံကနေ တိုက်ရိုက်စုပ်ယူပြီး T ဆဲလ်တွေရဲ့ တက်ကြွမှုကို ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်တာ တွေ့ခဲ့ရပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ဆီးပူညောင်းကျရောဂါ (သို့) ဂနိုရောဂါအကြောင်း သိကောင်းစရာများ


၁။ဂနိုရောဂါဆိုတာဘာလဲ။
ဂနိုရောဂါဆိုတာ လိင်ဆက်ဆံ ခြင်းကနေ ကူးစက်တတ်တဲ့ရောဂါ တစ်မျိုးပါ။ Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ကြောင့် ဖြစ်ရတာပါ။ ရောဂါပိုးတွေ ကို အဓိကအားဖြင့် အမျိုးသားများ ရဲ့သုတ်ရည်၊ အမျိုးသမီးအင်္ဂါဇာတ် အတွင်းမှလာသော အရည်များမှာ တွေ့ရတတ်ပါတယ်။

၂။ ဂနိုရောဂါက ဘယ်လိုကူးစက် တတ်လဲ။
ဂနိုရောဂါဟာ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအိုတွေနဲ့ အကာ အကွယ်မဲ့ လိင်ဆက်ဆံတာ၊ လိင် ဆက်ဆံခြင်းအတွက် အသုံးပြုတဲ့ (တခြားလူသုံးထားတဲ့) sex toys, vibrators (လိင်ဖြေဖျော်မှုပစ္စည်း များ)တွေကို သေချာမဆေးဘဲ၊ အကာအကွယ်မဲ့အသုံးပြုတာတွေက နေ ကူးစက်ဝင်ရောက်နိုင်ပါတယ်။ ဂနိုပိုးဟာ သားအိမ်ခေါင်း၊ ဆီးပြွန်၊ စအို၊ တစ်ခါတရံ အာခေါင်နဲ့ မျက်လုံးတွေမှာ ပုံစံအမျိုးမျိုးဖြင့် ပေါက်ပွားနေထိုင်တတ်သောပိုးများ ဖြစ်ပြီး အလွယ်တကူ ရောဂါလက္ခ ဏာမပြတတ်ပါဘူး။ ဂနိုရောဂါက မိခင်မှာရှိနေခဲ့ရင် သူမက မွေးဖွား လာမယ့် ကလေးငယ်ဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကလေးငယ်ကို ကူးစက်ခဲ့ရင် တစ်သက်လုံး မျက်စိကွယ်တဲ့ အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်တွေအနေနဲ့ ကလေးမ မွေးဖွားခင် မိမိမှာ ဂနို ရောဂါရှိမရှိစစ် ဆေးဖို့လိုအပ်ပြီး အခ်ျိန်မီကုသဖို့လို အပ်ပါတယ်။

၃။ဂနိုရောဂါက ပွေ့ဖက်တာကနေ ကူးပါသလား။
ဂနိုရောဂါပိုးက လူ့ခန္ဓာကိုယ် ပြင်ပမှာ ကြာရှည်စွာအသက်မရှင်နိုင် တာမို့ နမ်းရှိုက်တာ၊ ပွေ့ဖက်တာ၊ ရေအတူချိုးတာ၊ အိမ်သာတစ်လုံးထဲ အတူသုံးတာ၊ ထမင်းအတူစားတာ တွေကနေ မကူးစက်နိုင်ပါဘူး။

၎။ဂနိုရောဂါရဲ့လက္ခဏာတွေက
ဘယ်လိုပေါ်လဲ။
ဂနိုရောဂါဟာ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး အမျိုးသားတွေမှာ၂ ရက်၊ ၃ ရက် အတွင်း လက္ခဏာပြလာတတ်ပါ တယ်။ တချို့အမျိုးသားတွေမှာတော့ ၁၀ ရက် မှ ၁၅ ရက် အထိ ကြာပြီးမှ ရောဂါလက္ခဏာတွေပေါ်လာတတ် ပါတယ်။ အဓိကတွေ့ရှိရတဲ့ လက္ခ ဏာတွေကတော့ ဆီးလမ်းကြောင်း ထိပ်ဝမှ အ၀ါရောင်ပြည်များ (အဖြူနှစ်ခပ်ပျစ်ပျစ်-ခပ်ဝါ၀ါ သို့ အစိမ်းရောင်များ) ထွက်လာပြီး လိင်တံထိပ်သည် နီရဲ၍ ရောင်လာ သည်အထိ ခံစားလာရခြင်း (ညောင်း ကျခြင်း) ဆီးသွားစဉ် နာကျင်ခြင်း၊ ပူစပ်ခြင်း။ ဆီးအောင့်ခြင်း။ ဆီး ကြိတ်ရောင်ခြင်း။ ဝှေးစေ့များနာခြင်း (သို့) ရောင်ခြင်း။ မည်သည့်လက္ခဏာ မှမပေါ်ခြင်း (၁၀%)။
ဂနိုရောဂါပိုးဟာ အမျိုးသမီး တွေရဲ့ လိင်အင်္ဂါအတွင်းပိုင်းမှာရှိနေ တတ်ပေမယ့် အလွယ်တကူရောဂါ လက္ခဏာမပြတတ်ပါဘူး။ ရောဂါပိုး ၀င်ရောက်ပြီး ရက်ပေါင်းများစွာ၊ လပေါင်းများစွာကြာမှ ရောဂါ လက္ခဏာတွေ ပြလာတတ်ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့ မွေး လမ်းကြောင်း (သို့) စအိုမှ အ၀ါ ရောင် (သို့) အဖြူရောင် (သို့) အစိမ်း ရောင် အရည်များဆင်းခြင်း။ ဆီး သွားရာတွင် နာကျင်ခြင်း၊ ပူလောင် ခြင်း။ ဆီးမကြာခဏသွားခြင်း။ အဖျားတက်ခြင်း။ ဗိုက်အောက် ပိုင်းနာခြင်း။ လိင်ဆက်ဆံချိန်တွင်နာ ခြင်း (သို့) သွေးထွက်ခြင်း။ ကြားရက် မှာ သွေးဆင်းခြင်း။ မည်သည့် လက္ခဏာမှ မပေါ်ခြင်း (၅၀%)။
တကယ်လို့ ရောဂါပိုးပါရှိတဲ့ သုတ်ရည်၊ အမျိုးသမီးအင်္ဂါမှထွက် လာတဲ့အရည်တွေ မျက်လုံးထဲဝင် သွားရင် မျက်လုံးရောင်ရမ်းတာ၊ နေရခက်တာ၊ နာကျင်တာ၊ မျက်ဝတ် ထွက်တာတွေဖြစ်နိုင်ပါတယ်။ စအို ထဲမှာ ပိုးတွေဝင်ရောက်ခဲ့ရင် မအီမ သာဖြစ်တာ၊ စအိုအတွင်းမှ ပြည်ရည် တွေဆင်းတာ၊ နာကျင်တာတွေဖြစ် တတ်ပါတယ်။ ရောဂါရှိတဲ့မိခင်ကနေ မွေးဖွားလာမယ့်ကလေးကို မွေးဖွား နေစဉ် ကူးနိုင်ပါတယ်။ ကလေးငယ် တွေကိုကူးစက်ခဲ့ရင် မွေးဖွားပြီး နှစ်ပတ်အတွင်း မျက်စိနာလာမယ်၊ ခပ်ပျစ်ပျစ်-ခပ်ဝါ၀ါမျက်ဝတ်တွေ ထွက်လာမယ်။ အချိန်မီမကုသရင် မျက်စိကွယ်သွားနိုင်ပါတယ်။

၅။ဂနိုရောဂါဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ။
တကယ်လို့ အထက်ပါရောဂါ လက္ခဏာတွေကို ခံစားနေရရင် နီးစပ်ရာဆရာဝန်နဲ့ ပြပါ။ ရောဂါ ဆိုတာ ကုသဖို့ပါ။ ရှက်ကြောက် နေတာနဲ့ မကုသဘဲထားတဲ့အခါ သို့ အပေါင်းအသင်းတွေပြောတဲ့ဆေးကိုပဲသောက်တာ သို့ ဆေးမြီးတိုတွေနဲ့ ကြိတ်ပြီးကုသနေတဲ့အခါ ဆိုးကျိုး များစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ တခြားလူတွေကိုပါ ကူးစက်နိုင်ပါ တယ်။ လိုအပ်ပါက တခြားစစ်ဆေး စမ်းသပ်မှုတွေ ထပ်လုပ်ရပါမယ်။ ဆေးထိုးသို့ ဆေးသောက်တဲ့အခါမှာ လည်း မိမိရဲ့လိင်ဆက်ဆံဘက်ပါ အတူကုသဖို့ လိုအပ်ပါတယ်။ ဂနိုရောဂါက ဆေးတစ်လုံးထိုးတာ သို့ ဆေးသောက်တာနဲ့တင် ပျောက် ကင်းနိုင်ပါတယ်။ လိုအပ်လို့ ဆရာဝန်ညွှန်ကြားပါက ဆေးပတ် လည်အောင်သောက်ဖို့ ဆေးထိုးဖို့လို အပ်ပါတယ်။
ဂနိုပိုးနဲ့ အတူ ကလာမိုင်ဒီယား ပိုးလည်း တွဲရှိနေတတ်လို့ ဆေးတိုက်
တဲ့အခါ ဆရာဝန်တွေက ရောဂါနှစ် မျိုးလုံးအတွက် တွဲပေးတတ်ပါတယ်။ ဆေးကုနေစဉ်မှာ လိင်ဆက်ဆံမယ် ဆိုရင် အကာကွယ်မသုံးဘဲ အတူမ နေသင့်ပါဘူး။ ဂနိုပိုးကူးစက်ခံရ သူတိုင်း တခြားလိင်မှတဆင့် ကူး စက်တတ်တဲ့ရောဂါတွေကိုပါ စစ် ဆေးသင့်ပါတယ်။
ဂနိုရောဂါက ရောဂါလက္ခဏာ တွေမေးမြန်းတာ၊ ဆီးစစ်တာ၊ လိင် အင်္ဂါကနေကျလာတဲ့အရည်တွေ စစ်ဆေးခြင်းအားဖြင့်သိနိုင်ပါတယ်။
ဂနိုရောဂါက လိင်ဆက်ဆံ ဘက်များတဲ့လူ၊ အကာအကွယ် (ကွန်ဒုံး) မသုံးတဲ့လူတွေမှာ အဖြစ် များပါတယ်။ အမျိုးသားများ ပွေရှုပ် ရာကတဆင့်လည်း ဇနီးသည်ဆီကို ကူးစက်တတ်ပါတယ်။ လိင်မှတဆင့် ဒုတိယအများဆုံးကူးစက်တတ်တဲ့ ရောဂါလည်းဖြစ်ပါတယ်။ ရောဂါပိုး ကို အောင်မြင်စွာကုသပြီးလည်း အနေအထိုင်မဆင်ခြင်ပါက ထပ်မံ ကူးစက်နိုင်ပါတယ်။

၆။ဂနိုရောဂါကိုမကုသရင် ဘာတွေ ဖြစ်လာနိုင်မလဲ။
ဂနိုရောဂါက စောစီးစွာကုသ ခဲ့ရင် ယူပစ်သလိုပျောက်ကင်းနိုင် ပေမယ့် မကုသခဲ့ရင်တော့ နောက် ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေ နိုင်ပါတယ်။ ရောဂါကိုမကုသဘဲထား လေလေ နောက်ဆက်တွဲဆိုးကျိုး တွေဝင်လာလေလေပါပဲ။ အမျိုးသမီး တွေမှာ ရောဂါပိုးပျံ့နှံ့ပြီး တင်ပဆုံ တွင်းအင်္ဂါတွေ ရောင်ခြင်း pelvic inflammatory disease (PID)၊ ကိုယ်ဝန်လွဲမှား သန္ဓေတည်ခြင်း၊ မြုံခြင်းတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် သည်အမျိုးသမီးတွေမှာ ကိုယ်ဝန် ပျက်ကျခြင်း၊ စောပြီးမွေးခြင်းနဲ့ ကလေးငယ်ဆီကို ကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အချိန်မီမကုသခဲ့ရင် ကလေးငယ်က တစ်သက်လုံး မျက်လုံးကွယ်နိုင်ပါတယ်။ အမျိုးသား တွေမှာ ဝှေးစေ့နဲ့ ဆီးကြိတ်နာကျင် ရောင်ရမ်းကာ မြုံသွားတဲ့အထိဖြစ် နိုင်ပါတယ်။ တချို့လူတွေမှာ ဂနို ရောဂါပိုးက သွေးတွေထိပျံ့နှံ့ကာ ဦးနှောက် အမြှေးရောင်ရမ်းတာ၊ နှလုံးမြှေးရောင်ရမ်းတာ၊ ခါးဆစ် ခြေဆစ်လက်ဆစ်တွေ ကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ သွေးဆိပ်တက် ရောဂါရပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

၇။ဂနိုရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ။
အကာအကွယ်မဲ့ လိင်ဆက်ဆံ တာကို ရှောင်ရှားခြင်း၊ အမျိုးသား ကွန်ဒုံးသို့ အမျိုးသမီးကွန်ဒုံးကို စနစ် တကျအသုံးပြုစေခြင်း၊ မိမိ၏လိင် ဆက်ဆံဘက်ကို သစ္စာရှိခြင်း လိင် ဖျော်ဖြေရေးပစ္စည်းများကို တစ်ဦး တည်းသုံးခြင်းတွေက ဂနိုရောဂါ ဖြစ်ပွားမလာအောင် ကာကွယ်နိုင် ပါတယ်။

၈။ဂနိုရောဂါမှာ ဘယ်ဆေးဝါးတွေ ပေးလေ့ရှိသလဲ။
ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အ၀ရောင်ခြင်း၊ သားအိမ် အ၀ရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ciprofloxacin500 mg ၁ပြား၊ဒါမှမဟုတ် Ofloxacin 400 mg ၁ပြား၊ ဒါမှမဟုတ် Levaquin® 500 mg ၁ပြားပေးနိုင်ပါတယ်။
• သာမန်ဂနိုရောဂါ၊ Ceftriaxone 500 mg IM ထိုးဆေး၁လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg ၁ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ပြား ပေးနိုင်ပါတယ်။
(ဂနိုရီးယား) ပိုးနဲ့ အတူ (ကလာမိုင်ဒီယား) ပိုးလဲတွဲရှိနေတာ က ၅၀% လောက်ရှိလို့ တခုကိုသာ မကဘဲ ၂ မျိုးလုံးတွဲပေးတာကောင်း တယ်။ (ကလာမိုင်ဒီယား) ပိုး အတွက်
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁၀-၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Zithromax® (azithromycin) 1.0 gm တခါထဲသောက်ပါ။ ဒါမှမဟုတ်
• Zithromax® (azithromycin) 1.0 gm ကို ပထမနေ့သောက်ပြီး၊ 250mg ကို တနေ့ ၁ကြိမ်၊နောက် ၄ ရက်ဆက် သောက်ပါ။

ဟမ်စိုင်း(ဆေး-မန်း)
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်


ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ db (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။

ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော db (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်ပြော မှ ကျေနပ် ကြသည့် သက်ကြီးရွယ်အို များမှာ အသံ ကျယ်လောင် စွာ ဖုန်း ပြောခြင်း မှ ရှောင်ကြဉ်ရန် လိုအပ် ကြောင်း db (decivel) ၁၀၀ နှင့် အ ထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာ ထိ ခိုက်မှုဖြစ်စေ နိုင်ကြောင်း သိရသည်။

လူငယ် အများစုမှာ အမြဲတမ်း ဆူညံ နေသော ပတ်ဝန်းကျင် တွင် ကာလ အတန်ကြာ နေထိုင်ပြီး အလေ့ အကျင့် ရလာလျှင် သို့မဟုတ် ဆူညံ နေသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် တို့တွင် အလုပ်လုပ် နေချိန်၌ တ ဖြည်းဖြည်း နားလေး လာတတ်ကာ နှစ် အတန်ကြာမှသာ မိမိကိုယ် ကို နားလေးခြင်း ကို သိသည့် အတွက် ပြင်ဆင်ချိန် မရခြင်း၊ ထို့အပြင် နားအုံ၊ နားရင်းပြင်းပြင်း ထန်ထန် ရိုက်ခတ်မိ ပြီး အနာတရ ဖြစ်ခြင်း၊ နား အတွင်း အကြောင်း အမျိုးမျိုး ကြောင့် ကူး စက် ရောဂါပိုး ၀င် ရောက်ပြီး နား ရောင်ရမ်းခြင်း များဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါ မဖြစ် စေရန် ပုံမှန်ပြောနေ db (decivel) ၆၀ နှုန်းဖြင့် နား ထောင်ကာ အလေ့အကျင့် လုပ်သင့် ကြောင်း၊ ထို့ပြင် ဖုန်းဖြင့် စကားပြော နေချိန်တွင် တစ်ဖက်မှ နားထောင် နိုင်စွမ်း ထက် ကျယ်သော အသံဖြင့် ပြောလျှင် နား အတွင်းပိုင်း ရှိ အာရုံခံ ဆဲလ်များ ကိုထိကာ ထုံထိုင်း တတ် ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ် ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှ နှစ်ရက် အထိ အနားယူ သင့်ကြောင်း၊ မသက်သာ လျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် များနှင့် အမြန်ဆုံး ပြသ ကာ ကာ ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး မှ သိရသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

လူခန္ဓာကိုယ်​စွမ်းအင်အတွက်​စားပါ ​ရှောင်​ပါ


လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့
လူခန္ဓာကိုယ်​တစ်နေ့တာ စွမ်းအင်တွေအတွက်​ မနက်စာသည်​ အဓိကအစားအစာဖြစ်​သလို မနက်​စာ​ကြောင့်​ စွမ်းအင်​လည်းရရှိ​စေပါသည်​ ။ မနက်စာ မစားမိခြင်း မစားခြင်း အ​ကြောင်းအမျိုးမျိုး​ကြောင်းမနက်စာ မစားလိုက်ဘူး ဆိုရင် ခန္ဓာကိုယ်အတွင်း သကြားဓာတ်ပမာဏ နည်းသွားပါသည်​ အဲဒီအခါ ခန္ဓာကိုယ်​မှာ အင်​အားစွမ်းအင် ရရှိမှု့လျော့နည်းသွားပြီး ဦးနှောက် အလုပ် လုပ်ပုံကိုပါ ထိခိုက် လာစေသလို ​မောဟိုက်​လွယ်​ခြင်း ၊ ရင်​တုန်​ခြင်း ကိုယ်​လက်​မအိမသာဖြစ်​ပြီး စိတ်​မကြည်​ခြင်းပါ ဖြစ်​​ပေါ်လာနိုင်​သည့်​အတွက်​ မနက်​စာမစားမိခြင်းဖြစ်​ရပ်​ကို​ရှောင်​ခါ စားသုံးရပါမည်​ ။

ဆီများများအသုံးပြု့ခါ ချက်​ပြုတ်​ခြင်း၊ကြော်​​လှော်​မုန့်သ​ရေစာ​များ​ကြောင့်​ မိမိခန္ဓာကိုယ်​အ​လေးချိန်​ဝိတ်​​တက်​လာနိုင်​ပြီး စိတ်​ဖိအားကိုပါဖြစ်​​​ပေါ်နိုင်​သည်​ ။ ဒါ​ကြောင့် ​​ဆီ​ကြော်​အစားအစာများ ဆီပါဝင်​နှုန်းများ
သောအစားအစာများကို​လျှော့ခါ စားသုံးသင့်​ပါသည်​ ။

ရေနှင့်​​ဖျော်​စပ်​ထား​သော အချိုရည်​များ ၊ ​သစ်သီးများကို​ရေဖြင့်​စိမ်​ထား​သော​ရေများကို များများ​သောက်​ပြီး ​ရေသီးသန့်​ ​ရေသန့်​​ရေ​သောက်​သုံးခြင်းနည်းပါက ဦး​နောက်​အတွင်​လိုအပ်​​သော ​အောက်​စီဂျင်​နည်းပါးသဖြင့်
ဦး​နောက်​ကြည်​လင်​လန်းဆန်းမှု့ နည်းခြင်း ၊ ကိုယ်​အပူချိန်​ညီမျှ​ထိန်းသိမ်းစွမ်းအင်​နည်းပါးခြင်း နှင့်​အတူ အသားအ​ရေစို​ပြေမှု့အတွက်​ပါ ​လျှော့နည်းကျဆင်းပြီး ​ခြောက်​​စေပါသည်​ ။ ​ရေသီးသန့်​ကို များများ​သောက်​သုံးခြင်းသည့်​လည်း စိတ်​ကြည်​လန်းဆန်း​စေမှု့ဖြစ်​​ပေါ​စေပါသည်​ ။

ဟင်းချိုမုန့်​ ၊ သကြားနှင့်​ ဆားပါဝင်​များ​သော အစားအစာများ ၊ ဟင်းလျာများ စားသုံးတက်​ခြင်း အ​လေ့အထကို ​ရှောင်​ရှားစား​သောက်​သင့်​ပါသည်​ ။ အစားများခြင်းက သွေးဖိအားကို တိုးစေပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကတစ်ဆင့် မိမိ၏ စိတ်ညစ်ညူးမှု ဖြစ်လာ​စေသလို ကိုယ်​စိတ်​မအီမသာဖြစ်​ခြင်း ၊ နှလုံး​ခုန်​မမှန်​ခြင်း ၊ ​ခေါင့်းမကြည်​ခြင်းဖြစ်​​ပေါ်​စေပါသည် ။ ​မိမိကျန်းမာ​ရေး​ရေရှည်​အတွက်ပါ ​ဆိုးကျိုးများစွာသာ ဖြစ်​​ပေါ​စေ​သော​ကြောင့်​ သတိချပ်​ခါ ​ရှောင်​ရှားစားသုံးသင့်​ပါ​တော့သည်​ ။

Mg Mandalay
https://www.facebook.com/mg.mandalay

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး


ဆရာရေ မင်္ဂလာပါ မေးချင်တာရှိလို့ပါ ကျွန်မအသက် ၃၃ ဒုတိယကိုယ်ဝန်လွယ်ထားတာ ၃၂ပတ်ရှိပါပြီ ကန်တော့ပါဆရာ ကျွန်မပထမကိုယ်ဝန်ရှိကတည်းက မိန်းမကိုယ်ခဏခဏယားတယ် အဲတုန်းက Og က Gynomix ထည့်ဆေးပေးတယ် မွေးပြီးတော့လည်း တခါတလေယားတယ် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးလည်းထိုးထားတယ် အခု ကိုယ်ဝန်ရှိတော့ ပိုပိုယားတာစိပ်လာတယ် ယားတိုင်း ဆေးထည့်တယ် ဆေးထည့်ပြီး တပတ် ၂ပတ်လောက်ဆို ပြန်ယားလာပြန်ရော ဆေးက တကဒ်လုံးကို ဆက်တိုက်ထည့်ရတာလားဆရာ ကျွန်မက ၃ လုံးလောက်ထည့်ပြီး ယားတာသက်သာရင် ဆက်မထည့်ဖြစ်လို့ ဗိုက်ထဲကကလေးအတွက်ပါစိုးရိမ်ရလားဆရာ အခုဆေးကဒ်က ၅ လုံး ဆက်တိုက်ထည့်ပြီး တပတ်လောက်ကြာတော့ပြန်ယားလာတယ်

Vaginal itching စာ ဘလော့မှာ ဖတ်နိုင်။ Personal hygiene စာလည်း ဖတ်သင့်။ ခဏခဏပြန်တင်ထားပြီး။

ကျေးဇူးပါဆရာ ဆရာရေ link ပေးပါလား blog ထဲမရှာတတ်လို့ပါ

• Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး http://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html
• Vaginal itching မိန်းမကိုယ် ယားခြင်း https://doctortintswe.blogspot.com/2014/11/vaginal-itching.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

Age Spots အသက် နဲ့ အစက်


၁။ မင်္ဂလာပါဆရာ ကျွန်မအသက် ၃၀၊ အပျိုပါ။ ရန်ကုန်ကပါ။ ရာသီက ၂၇ရက်ဝန်းကျင် တကြိမ်ပုံမှန်လာပါတယ်။ တကြိမ်ကို ၂ရက်ဝန်းကျင်ကြာပါတယ်။ လွန်ခဲ့တဲ့၃နှစ်ကျော်လောက်က ကျွန်မဂုတ်နားမှာ မန်ကျည်းစေ့သာသာလောက်ရှိတဲ့ အညိုကွက်၂ကွက်ရှိနေတာ သတိထားမိပါတယ်။ မနှစ်ကအထိ ပျောက်လဲမပျောက် ကြီးလဲကြီးမလာပါဘူး။ ယားလဲမယား စပ်လဲမစပ် အထိအတွေ့ခံစားမှုကအစ ပုံမှန်အသားအရည်အတိုင်းပါပဲ။ ဒီနှစ်ပိုင်းမှ အနည်းငယ်ကြီးလာသလို အနားတဝိုက်မှာလဲ အနည်းငယ်ပွားလာပါတယ်ဆရာ။ ရာသီဥတုပူလွန်းတာကြောင့်လား မသိဘူး။ ဒီလထဲ ပိုသိသိသာသာ ကြီးလာပြီး ပွားလာပါတယ်ဆရာ။ ဆရာဝန်နဲ့တော့ မပြဖူးသေးပါဘူး။ ပုံတွေပါ ပို့လိုက်ပါတယ်။ အလုပ်က အထိုင်တော့ များပါတယ်။ ဝမ်းချုပ်လေ့တော့ သိပ်မရှိပါဘူး။ အသားအရေမွဲခြောက်ခြင်း မရှိပါဘူး။ ပင်လယ်စာ allergy မရှိပါဘူး။ ဖုန်၊ အမှုန်နဲ့အနံ့စူးစူးပြင်းပြင်းတွေ ရှူမိရင်တော့ နှာချေ နှာရည်ကျပြီး နာရီပိုင်း(သို့)ရက်ပိုင်းလောက် နှာခေါင်းပိတ်တတ်ပါတယ်။ ဘယ်လိုကုသသင့်ပါသလဲ ညွှန်ကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ကိုယ် စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

ဒီစာကိုဖတ်ပါ။ သည်အတိုင်းထပ်တူဖြစ်နေတယ်လို့ မဆိုလိုပါ။ အသုံးတည့်တာတချို့ တွေ့ပါမယ်။ အရပ်နည်းတွေ သတိထားသင့်။

၂။ ဆရာခင်ဗျား လက်တို့ပေါင်တို့မှာ အဖြူစက်ကလေးများပေါ်လာတာဘာဖြစ်လို့ပါလဲခင်ဗျ။ ညှင်းတော့ မဟုတ်လောက်ဖူးလို့ ထင်မိပါတယ်။ စပါးလောက်တော့ရှိပါတယ်။ အသက်ကတော့ ၃၉ နှစ်ပါခင်ဗျ။ ယောက်ကျားလေးပါ။ ဘာဆေးများသောက်လို့ရပါသလဲ၊ အဖြူစက်ကလေးများ ၇ ခုလောက်ရှိပါသည်။ ယားလည်းမယားပါ။ ကုတ်လိုက်ရင် တခါတလေနီသွားပါတယ်ဗျ။

လူတိုင်း အိုလာရင် ဇာတာသက်သာမက အပိုတွေ တိုးလာတာတွေက များလှတယ်။ ဒါတွေထဲမှာ လူမြင်ရာ ကိုယ်ပေါ်မှာ အညိုစက်၊ အနက်ပျောက်တွေလဲ ပါတယ်။ ဒါ့ကြောင့် Age Spot လို့ခေါ်ကြပါတယ်။ Liver spots လို့ပါ ခေါ်သေးတယ်။ အသည်းအသက်အစက်တွေပေါ့။ အသည်းရောဂါနဲ့တော့ ဘာမှမဆိုင်ပါ။ အရောင်ဆင်တာတော့ ရှိတာပေါ့။

ဘယ်အရာမဆို စက္ကန့်မလတ် ပြောင်းလဲနေတယ်။ အသစ်တိုးလာမယ်။ အိုမင်းလာမယ်။ ပျက်စီးလာမယ်။ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကိုပါ တရားခံရှာနိုင်ပါတယ်။ အသက် ၄ဝ ဆိုတာ အသန်ဆုံးအရွယ်လို့ သတ်မှတ်သူတွေ ရှိတယ်။ ဒီအသက်က ကျော်လာရင်တော့ အရေပြား ဆဲလ်တွေ အသစ်ပြန်ဖြစ်တာက နှေးလာတယ်။ ဒီအစက်တွေက ဘာမှ ဝတ်ဆင်-ဖုံးအုပ်မထားရာ နေရာတွေမှာသာ များတယ်။ ပြားချပ်နေတယ်။ အနား သတ်သတ် မှတ်မှတ် ရှိတယ်။ တလက္မရဲ့ ရှစ်ပုံတပုံ ကနေ တလက္မလောက်အထိ ရှိတယ်။ ပုံသဏ္ဌာန်က အမျိုးမျိုး။ အရပ်သုံး ပြောရမလား၊ ကြော်ညာတွေ ပြောရမလား ဆေးနည်းတွေ ရှိတယ်။

• မုံလာထုပ်ကိုအရည်လုပ်ပြီးလိမ်းပါ။ Raw carrot မုံလာဥနီ အစိမ်း စားပါတဲ့။

• အာလူးကို ပြစ်ချွဲအောင်လုပ်ပြီး လိမ်းပါတဲ့။

• ခရမ်းချဉ်သီးကို ချေပြီး လိမ်းပါတဲ့။

• နနွင်းမှုံ့နဲ့ သုံပုရာရည်ရော လိမ်းပါတဲ့။

• လတ်ဆတ်တဲ့ နနွင်းနဲ့ တမာရွက်ကို ရောချေပြီး လိမ်းပါတဲ့။

• နွားနို့အစိမ်းနဲ့ ဆားနဲနဲရောလိမ်းပါတဲ့။

• နံ့သာဆီနဲ့ သံလွင်ဆီ ရောလိမ်းပါတဲ့။

• Olay Total Effects 7 in 1 Anti-Aging Moisturizer ကြော်ညာတာ ရှိပါတယ်။

ဒီလို အစက်အပျောက်တွေက ဘာအန္တရာယ်မှ မပေးပါ။ ကင်ဆာကို မဖြစ်စေပါ။ ကင်ဆာမဟုတ်သော အသစ်ဖြစ်ပွါးခြင်း အုပ်စုထဲမှာ ထည့်ထားတယ်။ ဆရာဝန်တွေကိုလာ ပူဆာရင်တော့ Electrosurgery, Laser, Cryotherapy နည်း တမျိုးမျိုးနဲ့ လုပ်ပေးပါမယ်။ ပြန်ဖြစ်သူတွေကို High-protection sunscreen lotion (SPF 15 or greater) နဲ့ကုရတယ်။ ကော်တီဇုန်းပါတဲ့လိမ်းဆေးတွေက ဖြစ်နေတာတွေကို အမြင်အရ ပျောက်သလို ပြောင်းလဲပေးမယ်။ အရောင်ရင့်တာ သက်သာလာမယ်။ ယားတာသက်သာမယ်။ တပတ်ဆက်တိုက်ထက် ပိုမလိမ်းသင့်။ ရေရှည်သုံးရင် အရေပြားပါးစေမယ်။ ဖြစ်စေတဲ့အကြောင်းခံကိုတော့ ပျောက်စေအောင်လုပ်မပေးနိုင်ပါ။

အသက်ရလာချိန် အသက်ကြောင့် ဖြစ်တာကို သက်သာပျောက်ကင်းချင်စိတ်ဟာ တဖက်ကကြည့်ရင် ကောင်းပါတယ်။ နုပျိုသစ်လွင်ချင်စိတ်ဟာ တက်ကြွလန်းဆန်းတာပါ။ စိတ်ပျိုရင် ကိုယ်လဲ နုတယ်မဟုတ်ပါလား။

Dr. တင့်ဆွေ
https://www.facebook.com/pg/Dr-Tint-Swe-Writings

Cholesterol (ကိုလက်စရော) များနေပြီဆိုရင်

မြန်မာနိုင်ငံမှ အာဟာရ ကျန်းမာရေး အထူးကုဆရာဝန် DR Win Win Myint ပေးပို့ထားပါတယ်။

Cholesterol (ကိုလက်စရော) များနေပြီဆိုရင် အောက်ပါ အချက်များ ကိုလိုက်နာရပါမည်။

• Keep to your ideal weight.(ကိုယ်အလေးချိန် ထိန်းသိမ်းပါ။)
• Take a high-fibre diet (အမျှင်ဓါတ်များသော အစာများကို ရွေးစားပါ)
• Eat fish at least twice a week (ငါး ကို တစ်ပါတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားပါ။)
• Restrict amount of fast food (ဟန်ဘာဂါ၊ ဟော့ဒေါ့ စသောအစာများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။)
• Avoid deep-fried foods ( အကြော်အမျိုးမျိုးကို ရှောင်ကြဉ်ပါ။)
• Take regular exercise (လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။)
• Always trim fat off meat (အသားစားလျှင် အဆီ နှင့် အရေခွံ ကိုဖယ်ရှားပြီး မှ စားပါ။)
• Avoid snacks between meals (ချိုသော သရေစာစားခြင်းကို ရှောင်ကြဉ်ပါ။)
• Drink more water (ရေများများ သောက်ပါ။)
• Do not smoke (ဆေးလိပ်လုံးဝ မသောက်ပါနှင့်။)
--------------------------------------

Ischaemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါရှိသူ၊ Ischaemic Stroke သွေးကြောပိတ်၍ လေသင်ဓုန်းဖြတ်ထားသူ၊ Hypertension သွေးတိုးရောဂါရှိသူ၊ Diabetes ဆီးချိုရောဂါရှိသူများလည်း အထက်ပါ အချက်များကို လိုက်နာရမယ် ဖြစ်ပါတယ်။

DR Win Win Myint ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်း

မြ၀တီ

ကီဝီကဲ့ သို့သော သစ်သီးနှင့် အရွက်များ နေ့စဉ် စားသုံးခြင်းဖြင့် စိုပြည်သော အသားအရေ ပိုင်ဆိုင်မှု ရရှိနိုင်

မုန်လာဥဝါ၊ ဂေါ်ဖီထုပ်နှင့် ကီဝီအသီးများ အပါအဝင် သစ်သီးနှင့် အသီးအရွက် အနည်းဆုံး သုံးမျိုးကို နေ့စဉ် စားသုံးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ် ကြာသည့် အခါအသား အရေ၏ ညိုမွဲမှုများကို လျော့ပါးစေပြီး စိုပြည်တောက်ပ၍ ကျန်းမာရေးနှင့် ညီညွတ်သော အသားအရေကို ဖြစ်ပေါ်လာစေ သည်ဟု လေ့လာတွေ့ ရှိရသည်။

သစ်သီးနှင့် အသီးအရွက်များ ကိုစားသုံးခြင်း ဖြင့်အသား အရေအတွက် အကျိုးသက် ရောက်မှုရှိ၊ မရှိကို St Andrews တက္ကသိုလ်မှ စိတ်ပညာရှင်များ ကလေ့လာခဲ့ ကြသည်။

ထိုသို့ လေ့လာရာတွင် ပညာရှင်များက အမျိုးသား၊ အမျိုးသမီးများ ၏သစ်သီးနှင့် အသီးအရွက်များ စားသုံးပြီး အသားအရေနှင့် မစားသုံးမီ အသားအရေ အခြေအနေများ ကိုဓာတ်ပုံရိုက် မှတ်တမ်းယူ ခဲ့သည်။

အသီးအရွက်များနှင့် သစ်သီး သုံးကြိမ်ခန့် နေ့စဉ် စားသုံးပြီး သီတင်းပတ် ခြောက်ပတ် ကြာသည့်အခါ ကျန်းမာရေး ပိုမိုကောင်းမွန် လာပြီး အသီးအရွက်နှင့် သစ်သီးသုံးကြိမ် ထက်ပိုမို စားသုံးသူများ သည်ဆွဲဆောင် မှုရှိပြီးစိုပြည် လှပသော အသားအရေ ကိုပိုင်ဆိုင် ရရှိနိုင်သည် ဟုသုတေသီများ ကတွက်ချက် ပြောဆိုခဲ့သည်။

စမ်းသပ်လေ့လာမှု အနေဖြင့် စားသုံးမှု မတိုင်မီနှင့် စားသုံးပြီး အသားအရေ ကွာခြားမှုများ အားဓာတ်ပုံများ ရိုက်၍ မှတ်တမ်းတင် ခဲ့ရာသစ်သီး နှင့်အသီးအရွက် များစားသုံး ပြီးသော သူတို့၏ မျက်နှာ အရောင်တို့မှာ ပိုမိုလင်းလက် တောက် ပလာသည်ကို တွေ့ရသည်။

မုန်လာဥနှင့် ကန်စွန်းဥ အစရှိသော အစားအစာ များတွင် ပါဝင်သော ကယ်ရိုတီနွိုက် အာဟာရဓာတ် များသည် လူသားများ၏ အသားအရေ ကောင်းမွန်မှုကို အထောက်အပံ့ ဖြစ်စေသည်။

ဘီတာ ကယ်ရိုတီနွိုက် နှင့် Lyco- pene ဓာတ်များသည် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပြီး ဥပမာအားဖြင့် မျက်ကြည်လွှာတွင် ပါဝင်သော ကယ်ရိုတီ နွိုက်ဓာတ်သည် မျက်စိကို အကာအကွယ် ပေးနိုင်ပါသည်။
ကီဝီကဲ့ သို့သော သစ်သီးနှင့် အရွက်များ နေ့စဉ် စားသုံးခြင်းဖြင့် စိုပြည်သော အသားအရေ ပိုင်ဆိုင်မှု ရရှိနိုင် မုန်လာဥဝါ၊ ဂေါ်ဖီထုပ်နှင့် ကီဝီအသီးများ အပါအဝင် သစ်သီးနှင့် အသီးအရွက် အနည်းဆုံး သုံးမျိုးကို နေ့စဉ် စားသုံးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ် ကြာသည့် အခါအသား အရေ၏ ညိုမွဲမှုများကို လျော့ပါးစေပြီး စိုပြည်တောက်ပ၍ ကျန်းမာရေးနှင့် ညီညွတ်သော အသားအရေကို ဖြစ်ပေါ်လာစေ သည်ဟု လေ့လာတွေ့ ရှိရသည်။ သစ်သီးနှင့် အသီးအရွက်များ ကိုစားသုံးခြင်း ဖြင့်အသား အရေအတွက် အကျိုးသက် ရောက်မှုရှိ၊ မရှိကို St Andrews တက္ကသိုလ်မှ စိတ်ပညာရှင်များ ကလေ့လာခဲ့ ကြသည်။ ထိုသို့ လေ့လာရာတွင် ပညာရှင်များက အမျိုးသား၊ အမျိုးသမီးများ ၏သစ်သီးနှင့် အသီးအရွက်များ စားသုံးပြီး အသားအရေနှင့် မစားသုံးမီ အသားအရေ အခြေအနေများ ကိုဓာတ်ပုံရိုက် မှတ်တမ်းယူ ခဲ့သည်။ အသီးအရွက်များနှင့် သစ်သီး သုံးကြိမ်ခန့် နေ့စဉ် စားသုံးပြီး သီတင်းပတ် ခြောက်ပတ် ကြာသည့်အခါ ကျန်းမာရေး ပိုမိုကောင်းမွန် လာပြီး အသီးအရွက်နှင့် သစ်သီးသုံးကြိမ် ထက်ပိုမို စားသုံးသူများ သည်ဆွဲဆောင် မှုရှိပြီးစိုပြည် လှပသော အသားအရေ ကိုပိုင်ဆိုင် ရရှိနိုင်သည် ဟုသုတေသီများ ကတွက်ချက် ပြောဆိုခဲ့သည်။ စမ်းသပ်လေ့လာမှု အနေဖြင့် စားသုံးမှု မတိုင်မီနှင့် စားသုံးပြီး အသားအရေ ကွာခြားမှုများ အားဓာတ်ပုံများ ရိုက်၍ မှတ်တမ်းတင် ခဲ့ရာသစ်သီး နှင့်အသီးအရွက် များစားသုံး ပြီးသော သူတို့၏ မျက်နှာ အရောင်တို့မှာ ပိုမိုလင်းလက် တောက် ပလာသည်ကို တွေ့ရသည်။ မုန်လာဥနှင့် ကန်စွန်းဥ အစရှိသော အစားအစာ များတွင် ပါဝင်သော ကယ်ရိုတီနွိုက် အာဟာရဓာတ် များသည် လူသားများ၏ အသားအရေ ကောင်းမွန်မှုကို အထောက်အပံ့ ဖြစ်စေသည်။ ဘီတာ ကယ်ရိုတီနွိုက် နှင့် Lyco- pene ဓာတ်များသည် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပြီး ဥပမာအားဖြင့် မျက်ကြည်လွှာတွင် ပါဝင်သော ကယ်ရိုတီ နွိုက်ဓာတ်သည် မျက်စိကို အကာအကွယ် ပေးနိုင်ပါသည်။

မြ၀တီ


အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ

ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။ ကျွန်မမှာ ဆီးချိုရောဂါတော့ ရှိပါတယ် ဆရာ။
ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။

ကျွန်မပြသနေတဲ့ ဆေးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးက ဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ် ဆရာ။ ကူညီပေးပါ။

ဒေါ်တင်တင်ဝေ(ကျောက်ကုန်း)

ဒေါ်တင်တင်ဝေရဲ့ ပြဿနာကို သက်ကြီးပိုင်း အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရ၍ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်သော် လည်းကောင်း၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါတစ်ခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်သော် လည်းကောင်း၊ နေထိုင်မှု ပုံစံမမှန်ကန်မှုကြောင့်သော် လည်းကောင်း နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ဖြစ်လေ့ရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာ လိုအပ်တဲ့အိပ်ချိန်က တူညီလေ့ မရှိတာကြောင့် ဒေါ်တင်တင်ဝေ လိုအပ်တဲ့ အိပ်ချိန်ပမာဏကို ကိုယ်တိုင်သိထားဖို့ လိုအပ်တာက ပထမအချက်ပါ။ ဥပမာ- ည ၁ဝ နာရီအိပ်ရာဝင်ပြီး မနက် ၆ နာရီထလျှင် အိပ်ချိန် ၈ နာရီရ၍ ထိုအိပ်ချိန် ၈ နာရီမျှ အိပ်ရသည်ကို ခန္ဓာကိုယ်က ကြည်လင် လန်းဆန်းပါသလားဆိုတာကို သိသင့်ပါတယ်။ ဒါကြောင့် အိပ်မပျော်သူတစ်ယောက်ဟာ-

(၁) ညစဉ်အချိန်မှန် အိပ်ရာဝင်၊ နံနက်အချိန်မှန် အိပ်ရာထတဲ့ အကျင့်လုပ်ပြီး နေ့လယ်ဘက်မှာ တစ်မှေးမျှ မအိပ်သင့်ပါ။

(၂) အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အဆီအအိမ့်များ၊ ကဖင်းဓာတ်များ မသောက်သုံးသင့်ပါ။ အိပ်ရာဝင်ခါနီး ဗိုက်ဆာပါက ခရက်ကာ အနည်းငယ် သို့မဟုတ် ငှက်ပျောသီး တစ်လုံးခန့်စားပါ။ နွားနို့ပူပူ တစ်ခွက်သောက်နိုင်ပါတယ်။

(၃) စိတ်တို၊ စိတ်ညစ်စရာများ ရှိပါက အိပ်ရာဝင်ခါနီး ကြွက်သားများကို ခေါင်းမှခြေအထိ ဖြေလျှော့ပါ။ ရေချိုးကန်ရှိပါက ရေနွေးဖြင့် အတန်ကြာစိမ်ပြီး ရေချိုးပါ။

အရေးကြီးဆုံးကတော့ အိပ်ရာမဝင်မီ တစ်နာရီအတွင်း လုပ်လက်စ အလုပ်မှန်သမျှကို ရပ်ပစ်ပြီး စာတစ်အုပ်လောက်ဖတ်ဖို့ပါ။ ဒါမှမဟုတ်သာယာ ငြိမ့်ညောင်းတဲ့ သီချင်း၊ တီးလုံးတွေကို နားဆင်ပါ။ ဒီလိုအချိန်တွေမှာ အိပ်ခန်းဟာ မပူလွန်း၊ မအေးလွန်းဘဲ ဆိတ်ငြိမ်နေပါစေ။

အိပ်ရာဝင်ပြီး နာရီဝက်ကြာသည့်တိုင် အိပ်မပျော်ပါက ဆက်မအိပ်တော့ဘဲ စာဖတ်ကြည့်ပါ။ (TV မကြည့်သင့်ပါ) မနက်ပြုလုပ်ရမယ့် အလုပ်တွေအ တွက် စိတ်ပူ၊ စိတ်ထင့်နေတာမျိုး ရှိရင် ခေါင်းအုံးဘေးမှာ မှတ်စုနဲ့ဘော ပင်ထားခြင်းဖြင့် စိတ်ကိုဖြေလျှော့ပေးပါ။ ထိုမှတ်စုထဲမှာ ပူသမျှအ လုပ်တွေကို ချရေးထားရပါမယ်။ အိပ်ဆေးမသောက်ချင်တဲ့ ဒေါ်တင်တင်ဝေ အတွက် အထက်ပါ နည်းလေးတွေဟာ လွယ်လည်း လွယ်ကူပြီး အသုံးလည်း တည့်ပါစေကြောင်း၊ အိပ်၍မရသော ညပေါင်းကုဋေကုဋာကို ထားခဲ့နိုင်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

မြ၀တီ ကျန်းမာရေး

သင့်နေ့စဉ်ဘဝအတွက် မဖြစ်မနေ လုပ်သင့်သည့် အရာများ




သင်ဖြတ်သန်းနေရသော နေ့စဉ်ဘဝကို တစ်နေ့ထက် တစ်နေ့ ပိုပြီး တိုးတက်ပျော်ရွှင်စေဖို့အတွက် ဘာတွေကို လုပ်သင့်သလဲဆိုတာ သင်သိပါသလား။ အောက်ပါ အချက်များကို နေ့စဉ် လုပ်ဆောင်ပေးခြင်းဖြင့် သင့်နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘဝကို ပိုမို အဓိပ္ပါယ်ရှိစေကာ တိုးတက်စေမယ့်အပြင် စိတ်ကော ကိုယ်ပါ ရွှင်လန်းတက်ကြွနေစေဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ အချက်တွေလဲ သိပ်မပါတာကြောင့် လုပ်ဖြစ်အောင် ကြိုးစားကြည့်လိုက်ပါ။

၁။ သင်အချစ်အနှစ်သက်ဆုံး လူများအတွက် အချိန်ပေးပါ။

၂။ “ကျေးဇူးပြု၍ ….” နှင့် “ကျေးဇူးတင်ပါတယ်” ဆိုသော စကားနှစ်ခွန်းကို မကြာခဏဆိုသလို ပြောပေးပါ။

၃။ အားရပါရ ရယ်မောပါ။

၎။ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစာကို အနည်းဆုံး တစ်နေ့တစ်ကြိမ် စားဖြစ်အောင်စားပါ။

၅။ လေ့ကျင့်ခန်း လုပ်ဖို့အတွက် အချိန်ကို ရှာဖွေဖော်ထုတ်ပါ။

၆။ “ချစ်တယ်”ဆိုတဲ့ စကားကို ပြောပေးပါ။

၇။ သီချင်း နားထောင်ပါ။

၈။ ကြင်နာမှုသဘောကိုဆောင်သည့် အပြုအမူများကို ကြုံသလို လုပ်ဆောင်ပေးပါ။

၉။ သင့်တစ်ဦးတည်းနေကာ စဉ်းစားတွေးတောနိုင်ရန် အချိန်တစ်ခု သီးသန့်ဖယ်ပေးထားပါ။

၁၀။ အသစ်အသစ်တွေကို လေ့လာ သင်ယူပါ။

( NSD )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : lifehack.org

မူးလဲတော့မည်ဆိုလျှင်


- ထိုင်ချလိုက်ပါ။ မူးလဲတော့မည့် အချိန် ထိုင်ချရန်ဝန်လေးနေလျှင် လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့် အန္တရာယ် ကြုံရတတ်သည်။

- အသက်ပြင်းပြင်းနှင့်ရှည်ရှည်ဆွဲရှူပါ။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်လွန်ကဲ ခြင်းများမဖြစ်အောင် အသက်ရှည် ရှည်ရှူခြင်းဖြင့် ကာကွယ်နိုင်သည်။

- အကူအညီတောင်းပါ။ တတ်နိုင် သလောက် ကျယ်ကျယ်အော်ပါ။ မူးလဲခါနီးလျှင် နားအူနေသည့် အတွက် မိမိအော်သံကို တိုးတိုးသာ ကြားရတတ်ပါသည်။ စိတ်မပျက်ဘဲ ဆက်၍အကူအညီတောင်းခံပါ။

- ခြေထောက်ပိုင်းကို ဦးခေါင်းပိုင်း ထက် အမြင့်တစ်နေရာတွင်ထား၍ ပက်လက်အိပ်နိုင်မည့်နေရာသို့ လိုက် ပို့ခိုင်းပါ။ အချိုဓါတ်ရနိုင်မည့် သကြား လုံး၊ အချိုရည်တစ်ခုခု ကူညီရှာဖွေ ခိုင်းပါ။

- ရံဖန်ရံခါသတိမေ့သွားသည့်အခါ သတိပြန်ရလာချိန်တွင် အလန့်တ ကြားဖြစ်သွားတတ်သည်။ မိမိဘာ ဖြစ်ခဲ့သည်ကိုလည်း မေ့နေနိုင်သည်။ အချို့လူများ၌ သတိမေ့နေစဉ်တွင် ဆီးထွက်ကျသည်အထိ ဖြစ်တတ် သည်။ ဘာပဲဖြစ်ဖြစ် သတိပြန်ရလာ ချိန်တွင်တတ်နိုင်သလောက် စိတ် အေးအေးထားပါ။

- သတိပြန်ရလာချိန်တွင် တန်းမ ထပါနှင့်။ ခဏထိုင်၍ ခေါင်းမူးခြင်း ရှိ/ မရှိစောင့်ကြည့်ပါ။

- သင့်လျော်သည့်အချိန်၌ ဆေးခန်း ပြ၍ မူးလဲသည့်ပြဿနာနောက်ထပ် ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်ပါ။

- မူးလဲခါနီးဖြစ်ပေါ်တတ်သည့် အောက်ပါလက္ခဏာများကို မှတ်သား ၍ နောက်တစ်ကြိမ်ဖြစ်ပေါ်လာလျှင် အကာအကွယ်ချက်ချင်းရယူပါ။

- အဖြူစက်၊ အနက်စက်များ တွေ့လာရခြင်း

- ခေါင်းတစ်ခုလုံး ပေါ့ပြီး ပတ် ဝန်းကျင်တစ်ခုလုံး လည်နေခြင်း

- ချွေးစေးများထွက်ခြင်း

- ဖြူဖျော့လာခြင်း

- မျက်စေ့အမြင်ဝေ၀ါးလာခြင်း။

သီဟ
Source:wikiHow
Health Updates Journal

ရေကြီးရေလျှံခြင်းကြောင့် အဖြစ်များသော ကျန်းမာရေး ပြဿနာများ


အရေပြားမှာ အပေါ်ယံပြတ်ရှဒဏ်ရာတွေ၊ ပွန်းပဲဒဏ်ရာတွေ ဒါမှမဟုတ် အင်းဆက်အကိုက်ခံထားရတဲ့ နေရာတွေမှတဆင့် အရေပြားနဲ့ တစ်သျှူးရောဂါပိုးကူးစက်မှု၊

ထိခိုက်ဒဏ်ရာမှ တဆင့်အတွင်းပိုင်းက တစ်သျှူးနက်ရှိုင်းတဲ့ နေရာအထိရောဂါ ပိုးဝင်ခြင်း၊

ရေလျှံခြင်းကြောင့် မသန့်ရှင်းတဲ့ ရေနဲ့ ထိတွေ့မိထားတဲ့ အစာနဲ့ ရေကို စားသောက်မိတဲ့အခါ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊
ကာကွယ်မှု

ရေကြီးရေလျှံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့အတွက် အခြေခံကတော့ သန့်ရှင်းရေးပါပဲ။

ရေကြီးရေလျှံရာမှ ရေတွေနဲ့ ထိတွေ့မိထားတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီးနောက်တဲ့ အစာမစားခင် လက်ကို ဆပ်ပြာနဲ့ သန့်စင်တဲ့ရေသုံးပြီး စင်ကြယ်စွာ ဆေးကြောပါ။

မသန့်ရှင်းတဲ့ရေတွေကို မသောက်ပါနဲ့။ သန့်ရှင်းတဲ့ ရေသန့်ဗူးမရနိုင်ရင် ရေကို ကြိုချက်သောက်သုံးပါ။

ရေကြီးရေလျှံရာမှ ရေတွေနဲ့ ထိတွေ့ထားတဲ့ စားစရာဘူးတွေက မလုံရင်ကွဲအက်ရာတွေရှိရင် လုံးဝမစားပါနဲ့။ လွှင့်ပစ်လိုက်ပါ။

စည်သွတ်ဘူးတွေကိုတော့ လုံရင်ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်ပါတယ်။ အညွှန်းစာရွက်ကို ဖယ်ပြီးဘူးကို ဆပ်ပြာနဲ့ ရေပူပူနဲ့ လောင်းပြီး ဆေးကြောပါ။

မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့ထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ သေသေချာချာဆေးကြောပြီးရင်တောင် အစိမ်းတော့ မစားသင့်ပါဘူး။

ရေလျှံနေတဲ့ ရေတွေနဲ့ ကြာရှည်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။

ဖြစ်နိုင်ရင်တော့ အကာအကွယ်ဘွတ်ဖိနပ်တို့၊ လက်အိတ်တွေ ဝတ်ဆင်ပါ။

ရေကြီးရေလျှံနေတဲ့ ရေတွေကို ဖြတ်လျှောက်ခဲ့ရရင် သန့်ရှင်းတဲ့ရေနဲ့ တတ်နိုင်သမျှ မြန်မြန်ပြန်လည် ဆေးကြောသန့်စင်ပါ။

မသန့်ရှင်းရေတွေနဲ့ ထိတွေ့ခဲ့ရတဲ့ အဝတ်အစားတွေကို သေချာလျှော်ဖွပ်ပါ ။

ရေလျှံတတ်တဲ့ မိုးရာသီမှာ အရေပြား ထိခိုက်ပွန်းပဲ့တာတွေနဲ့ အင်းဆက်အကိုက်ခံရတာတွေ မဖြစ်အောင် အထူးသတိထားပါ။

ကိုယ်ခံအားကောင်းနေအောင် မျှတတဲ့ အစားအာဟာရတွေကို စားသုံးပြီး အိပ်ရေးဝအောင် အိပ်ပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

ကျောက်ကပ် သန့် စင်ရအောင်


ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို ပုံမှန်ဖြစ်စေပါတယ်။
ဆိုဒီယမ်ပမာဏ များလွန်းနေရင် သွေးတိုးရောဂါ ဖြစ်စေနိုင်ပြီး ပိုတက်စီယမ်ပမာဏများလွန်းရင် နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်စေနိုင်ပါတယ်။

ကျောက်ကပ်ဟာ ပုံမှန်မစွမ်းဆောင်နိုင်တဲ့အခါ လက္ခဏာရပ်တွေအနေနဲ့ ဆီးအရောင်ဟာ ပန်းရောင်သန်းခြင်း၊ လက်နဲ့ခြေထောက်တွေ ဖောရောင်ခြင်းနဲ့ ခါးနာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသန့်စင်အောင်လုပ်မလဲလေထုညစ်ညမ်းတဲ့အခန်းထဲ ခဏလောက်နေရုံနဲ့ ဆဲလ်ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ထဲက အရည်တွေကို ဟန်ချက်ညီမျှအောင် ကြိုးစား လုပ်ဆောင်နေရလို့ပါ။

ကျောက်ကပ်သန့်စင်အောင် တစ်နေ့မှာ ရေသုံးလီတာ အနည်းဆုံးသောက်ပါ။ ရေသောက်တာဟာ ဆီးကျောက်တည်ခြင်း မဖြစ်စေပါဘူး။

ကယ်လ်စီယမ်ဟာ Oxalate၊ ဖော့စဖိတ်နဲ့ တခြားဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်တဲ့အခါ ပုံဆောင်ခဲအသေးလေးတွေဖြစ်လာရာက ဆီးကျောက်တည်ခြင်းဖြစ်လာပါတယ်။ ဆီးကျောက်တွေ ပေါင်းစပ်သွားတဲ့အခါ ကျောက်ကပ်ကနေ အရည်စီးဆင်းမှုကို ပိတ်ဆို့သွားစေနိုင်ပြီး ပြင်းထန်တဲ့ နာကျင်မှု ခံစားရတတ်ပါတယ်။

ရေသုံးလီတာအပြင် နေ့စဉ် လိမ္မော်ရည်တစ်ဖန်ခွက်ကိုပါ သောက်ပါ။

လိမ္မော်ရည်ဟာ ဆီးထဲမှာ Citrate ပမာဏများစေပြီး ဆီးအနည်ကျခြင်းလျော့ပါးကာ ဆီးကျောက်ဖြစ်ဖို့ ကယ်လ်စီယမ်ရဲ့ ပေါင်းစပ်နိုင်စွမ်းလည်း လျော့ကျသွားပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

ခြင်ကြောက်သော ခန္ဓာကိုယ်အနံ့ကိုဖြစ်စေသည့် အစားအစာများ


ကြက်သွန်ဖြူနှင့် ကြက်သွန်နီ
ယင်းတို့တွင် Allicin Compound ပါဝင်ပြီး စားပြီးသည် နှင့် ချွေးပေါက်များမှ ယင်းအနံ့များ ထွက်လာတတ်သည်။ အလားတူ Allicin အနံ့ကိုထွက်စေသော အခြားအရာများမှာ ကြက်သွန်မိတ်၊ shallots ခေါ် ကြက်သွန်နီကလေး၊ chive ကြက်သွန်မိတ်ကဲ့သို့သော ဟင်းခတ်အပင်များသည်လည်း စား ပြီးလျှင် ချွေးပေါက်မှ အလားတူ အနံ့များထွက်စေသည်။

ပန်းသီးဗနီကာ (Apple cider vinegar)
မိမိ၏ခန္ဓာကိုယ် အနံ့ကို ပြောင်းလဲစေသည်။ သို့သော် သူတပါးကို အနှောင့်အယှက်ပေး လောက်သည့်အခြေအနေမျိုး မဖြစ် ချေ။ ပန်းသီးဗနီကာ စားပွဲဇွန်း (၁) ဇွန်းကို ပျားရည်နှင့် ရော၍ တနေ့ လျှင် အနည်းဆုံး (၁) ကြိမ် သောက် ပေးပါ။ ဟင်းချိုများ၊ ဟင်းသီး ဟင်းရွက်သုပ်များ၊ အဖျော်ယမကာ များတွင်လည်း ထည့်သွင်းစားသုံးနိုင် သည်။

စပါးလင်
စပါးလင်ဆီကို လိမ်းခြင်းဖြင့် လည်း မိမိကို ခြင်းများမကိုက်ကြချေ။ စပါးလင်ကို စားခြင်းဖြင့်လည်း အလားတူ အကျိုးရရှိစေသည်။ ဟင်း ချိုများ၊ ဟင်းများ၊ ဘာဘီကရူး (barbecue) အသားကင်များတွင် အသုံးပြု စားသုံးနိုင်သည်။

ခရမ်းချဉ်သီး
ဗီတာမင် B1 ဟု လူသိများ သော thiamine ပါဝင်သဖြင့် ခရမ်းချဉ်သီးစားသူများ အနားကို ခြင်သိပ်မကပ်ပဲရှိမည်။ ခြင်ကိုက် သောနေရာကို ခရမ်းချဉ်သီးနှင့် ပွတ်ခြင်းဖြင့် ယားယံမှုကို ရပ်တန့်စေ သည်။ အသုပ်တွင်ထည့်သုပ်ခြင်း၊
ခရမ်းချဉ်သီးဟင်းချို ချက်စားနိုင် သည်။

ဂရိတ်ဖရု (Grapefruit)
ဗီတာမင် C ကြွယ်ဝပြီး အင်တီအောက်ဆီးဒင့်ကို တိုးစေ သည်။ ခြင်အပြင် ကြမ်းပိုး၊ ခေါင်းမှ သန်းများပင် မကပ်နိုင်ချေ။ အဓိက မှာ grapefruit ၌ပါဝင်သော nootkatone ကြောင့်လည်း သဘာဝ ပိုးမွှား ကာကွယ်နိုင်စွမ်းကိုဖြစ်စေ သည်။ နေ့စဉ်စားသုံးပေးပါ။

ငရုတ်သီး
အပူကိုထုတ်သော capsaicin ကြောင့် ခြင်ကဲ့သို့ အင်းဆက်ပိုးမွှား ကိုက်ခြင်းကို ကာကွယ်နိုင်သည်ဖြစ် ရာ ငရုတ်သီးစားခြင်းဖြင့် မိမိခန္ဓာ အနားသို့ ခြင်များကပ်ခြင်းကို ကာကွယ်နိုင်သည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

အစားအစာဖြင့် အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်ရန် ဘရိုကိုလီ


ဘရိုကိုလီက ကင်ဆာကို အကာအကွယ်ပေးသည်။ ဘရိုကိုလီ အစိမ်းကပို၍ အာနိသင်ကို ဖြစ်စေသည်။ ယင်း၌ diinody lmethane နှင့် swforaphane ဓာတု ပစ္စည်း (၂) မျိုးက ကင်ဆာအကျိတ်များ ကြီးထွားခြင်းကို ဟန့်တားပေးသည်။ ဘရိုကိုလီကို ကျက်ရုံချက်ခြင်းက အူမကြီးကင်ဆာကာကွယ်မှုကို ပို၍ပေးစွမ်းသည်။ ဗီတာမင် C နှင့် (၂၀%)ွ RDI ဖိုင်ဘာကို ရရှိစေ သည်။ ဗီတာမင် A, E, K နှင့် folate တို့ကို ရရှိစေပြီး အစာခြေဖျက်ခြင်းလုပ်ငန်းနှင့် ကိုယ်ခံအားကို ကောင်းစေ သည်။

ကန်စွန်းဥ
ဝမ်းချုပ်ခြင်းနှင့် အူသိမ်၊ အူမတို့ ပြဿနာကို မဖြစ်စေပဲ အူမကြီးကင်ဆာကို အကာအကွယ် ပေးသည်။ ယင်း၌ ကာဘိုဟိုက်ဒြိတ်၊ ဖိုင်ဘာ၊ အင်တီအောက်ဆီးဒင့်၊ မင်နရယ်၊ ဗီတာမင်များဖြစ်ကြသော beta carotene ၊ ဗီတာမင် C နှင့် E, pantothenic acid နှင့် မဂ္ဂနီး(စ်)တို့ <ကယ်စွာပါဝင်သည်။ အူမကြီးအတွင်းအဆိပ်အတောက် ဖြစ်ခြင်းကို လျော့ပါးစေသည်။ အခြားဓာတ်တစ်မျိုးဖြစ် သည့် Phytosterols ကလည်း အူမကြီးကင်ဆာကို အကာအကွယ်ပေးနိုင်သည်။
ဒိန်ချဉ်
နေ့စဉ်စားပေးခြင်းဖြင့် ဒိန်ချဉ်၌ရှိသော probiotic bacteria က ကင်ဆာဖြစ်စေသော ကပ်ပါးကောင် များကို အကာအကွယ်ပြုစေသည်။ အူသိမ်များ၏ လှုပ်ရှားမှုကိုလည်း ကောင်းစွာဖြစ်စေပြီး ယင်း၌ပါဝင် သော ကယ်စီယမ်နှင့် ဗီတာမင် D ကိုလည်း လွယ်ကူစွာ စုပ်ယူနိုင်သည်။ Colon acidity ကို တိုးပွားစေသဖြင့် အစာကြေလွယ်ပြီး အစာအိမ်၊ အူမကြီးအတွင်း အဆီ (polyps) နှင့် အကျိတ်များဖြစ်ခြင်းကိုကာကွယ်ပေး သည်။

တူနာငါး
Selenium ကို လုံလောက်စွာ ရရှိစေပြီး cell mutation များဖြစ် ပေါ်ခြင်းကို လျော့ပါးစေသည့်အပြင် အဆိပ်အတောက်များကို ပယ်ရှားပစ်နိုင်သည်။ တူနာငါး (၃) အောင်စသည် (၆၀%) ရှိသော RDI-selenium ၊ ခန္ဓာကိုယ်မှ မရှိမဖြစ်လိုအပ်သော Omega 3, 6 နှင့် fatty acids ကိုပေးသည်။ ခန္ဓာကိုယ်ကို အကျိုးပြု fat များသည် အူမကြီးကင်ဆာကို အကာအကွယ်ပေး နိုင်သည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

အမြင့်မှ မတော်တဆ ပြုတ်ကျမှု


မြန်မာနိုင်ငံမှာ ထိခိုက်ဒဏ်ရာရမှုကြောင့် လူအများဆုံးဆေးရုံရောက်ကြပြီး သေဆုံးတဲ့အထိမတော်တဆအဖြစ် အမြင့်ကပြုတ်ကျတာနဲ့ ပြင်ညီပေါ်လဲကျတာတွေက ဒုတိယအများဆုံးဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရကာ လူတွေဆေးရုံရောက်၊ သေကျေရတဲ့ ပြုတ်ကျ၊ လဲကျမှုတွေ အဖြစ်များနေပေမယ့် အဲဒါတွေကို ကာကွယ်နိုင်တယ်လို့ အရေးပေါ်ကုသမှုဆိုင်ရာ ကျွမ်းကျင်သူတွေက အလေးအနက် ပြောနေပါတယ်။ အမြင့်ကနေ မတော်တဆ ပြုတ်ကျမှုကြောင့် ၂၀၁၆ ခှုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး တစ်ခုထဲကို ရောက်ရှိလာသူပေါင်း (၂၈၀) ခန့် ရှိခဲ့ပြီး၊ ဒီအထဲက (၅၀) ခန့် အသက်ဆုံးရှုံးခဲ့ကြရတာမို့၊ မြန်မာနိုင်ငံတစ်ခုလုံးဆိုလျှင် ဒီထက် အများကြီး များနေလိမ့်မယ်လို့ ဒီကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခုလို အမြင့်က မတော်တဆ ပြုတ်ကျပြီး ဆေးရုံရောက်လာသူတွေ အများစုကတော့ လုပ်ငန်းခွင်တွေမှာ ဖြစ်ကြပြီး၊ ၇၅% ကနေ ၈၀% အထိ ရှိနေပါတယ်။ ဒုတိယအများဆုံးကတော့ အိမ်နဲ့ကျောင်းတွေမှာဖြစ်ကာ ၁၀% ကနေ ၁၅% ကျော်အထိ ရှိနေပါတယ်။

လုပ်ငန်းခွင်အတွင်း အမြင့်ကနေ မတော်တဆ ပြုတ်ကျတာတွေထဲမှာ အများဆုံး ဖြစ်ရတာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်ပြီး၊ အိမ်နဲ့အဆောက်အဦး ဆေးသုတ်တာနဲ့ သစ်ပင်တက် အလုပ်လုပ်ရတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဓိက ဖြစ်ရခြင်းအကြောင်းရင်းကတော့ လုပ်ငန်းခွင် ယန္တရားနဲ့ စည်းကမ်းခိုင်မာမှု၊ ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ အသုံးပြုမှုနဲ့ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတာတွေကြောင့် ဖြစ်ပါတယ်။ ဥပမာ ငြမ်းမခိုင်ဘဲ ပြိုကျတာ၊ အရက် မူးယစ်ဆေးဝါးသုံးတာကို စည်းကမ်းနဲ့မတားဘဲ အမြင့်တက်လုပ်ခိုင်းတာ၊ စိုစွတ်ပြီး မခိုင်တဲ့နေရာတွေအတွက် သတိပေးလက္ခဏာတွေ မချထားတာ၊ အလင်းရောင်အားနည်းပြီး မှောင်နေချိန်နဲ့ ညပိုင်းမှာ အလုပ်ခိုင်းတာ၊ ဖိုင်ဘာဦးထုတ်မဆောင်းတာ၊ သိုင်းကြိုး အသုံးမပြုတာ၊ အောက်အထိပြုတ်မကျအောင် ပိုက်ကွန်အကာအရံတွေ မတပ်ဆင်ထားတာ၊ အလုပ်သမားအသစ်ကို အတွေ့အကြုံမရှိခင် ချက်ချင်းအမြင့် တက်လုပ်ခိုင်းတာ စတာတွေ ဖြစ်ပါတယ်။

အခုလို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆ ပြုတ်ကျတာကနေ ကာကွယ်ဖို့ လုံခြုံရေး အဓိကဆိုတဲ့ Safety First နဲ့ အခြားစည်းကမ်းတွေ ကပ်ထားတာအပြင်၊ ဒါတွေကို လက်တွေ့လိုက်နာပေးဖို့ အထူးအရေးကြီးပါတယ်။ အဓိက လုပ်ဆောင်သင့်တာတွေကတော့ ငြမ်းကို ခိုင်အောင်ဆင်တာ၊ ခါးသိုင်းကြိုး လှေကားကြိုး တွေသုံးတာ၊ လှေကားတွေကို ခိုင်အောင်လုပ်ထားတာ၊ မြေကြီးပေါ် တိုက်ရိုက်ကျမသွားအောင် ပိုက်ကွန်တွေကာရံ ခံပေးထားတာ၊ ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ဖိုင်ဘာဦးထုတ်၊ ခါးသိုင်းကြိုး၊ အထိန်းကြိုး၊ ဘိနပ်၊ ရောင်ပြန်ဝတ်စုံ စတာတွေကို အလုံအလောက်ထုတ်ပေးထားကာ ဒါတွေကို ဝတ်ဆင်ပြီးမှ အလုပ်ခွင်ဝင်ခွင့်ပေးတာတွေ လုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြုတ်ကျနိုင် အန္တရာယ်ရှိနိုင်တဲ့ ချောတဲ့နေရာ၊ မခြောက်သေးဘဲ စိုစွတ်နေတဲ့နေရာ၊ မခိုင်တဲ့နေရာ စတာတွေအတွက် သတိပေးလက္ခဏာတွေ ချထားပေးဖို့ အထူးအရေးကြီးပါတယ်။ များသောအားဖြင့် တချို့ က အခုလို ပြုတ်ကျနိုင်တဲ့နေရာတွေကို မသိဘဲ ရောက်သွားတာကနေ ချောကျ၊ ကျွံကျ၊ ကျိုးကျ တာတွေ ဖြစ်တတ်လို့ပါ။ လုပ်ငန်းကျွမ်းကျင်မှု ရှိသူကိုသာ အမြင့်တက် လုပ်ခွင့်ပြုတာအပြင်၊ ကျန်းမာရေးမကောင်းတဲ့ မူးတတ်တဲ့ လက္ခဏာရှိမရှိ ကြိုတင်ဆေးစစ်ပြီးမှသာ အမြင့်တက်ခွင့်ပြုသင့်ပါတယ်။ အကြောင်းက သွေးတိုးတာ၊ သကြားဓာတ်နည်းတာနဲ့ အိပ်ရေးပျက်တာတွေကြောင့်လည်း ပြုတ်ကျတတ်လို့ပါ။ ဒါ့အပြင် မိုးတွင်းကာလ မိုးရွာနေချိန်မှာ စိုစွတ် ချောနေတာအပြင်၊ အလင်းရောင်ပါ အားနည်းနိုင်တာကြောင့်လည်း၊ အပြင်ထွက် အပေါ်တက်လုပ်တာတွေ လုပ်သင့်မသင့် ကြိုတင် စည်းကမ်းသတ်မှတ်ပေးထားသင့်ပါတယ်။

အမြင့်ကနေ မတော်တဆပြုတ်ကျတာတွေထဲမှာ ဒုတိယ အများဆုံးဖြစ်တဲ့ အိမ်နဲ့ကျောင်းတွေနဲ့ ပတ်သက်ပြီး၊ အိမ်တွေမှာ ၁၀% ခန့်ဖြစ်ကာ၊ ကျောင်းတွေမှာ ၇% ခန့် ဖြစ်လေ့ရှိပါတယ်။ အိမ်တွေမှာ အဓိက ဖြစ်ရခြင်းက လုပ်နေကျမဟုတ်တာတွေကို စွန့်စားလုပ်တာကြောင့်ပါ။ ဥပမာ အိမ်ခေါင်မိုး ကိုယ်တိုင်တက်မိုးတာ၊ ခုံတွေ စားပွဲတွေ အဆင့်ဆင့်ခုပြီး မီးချောင်းတက်ပြင်တာမျိုးတွေကြောင့် အဖြစ်များတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မကျွမ်းကျင်တာတွေအတွက် ကျွမ်းကျင်သူကို လုပ်စေသင့်ပါတယ်။ တကယ်လို့ ကိုယ်တိုင်လုပ်ရမယ့် အခြေအနေ ဖြစ်နေလျှင်လည်း အထူးသတိထားကာ ခိုင်ခန့်တဲ့ လှေခါး၊ အကိုင်အတွယ် စတာတွေကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အပေါ်ထပ် ဝရန်တာနဲ့ ပြူတင်းပေါက်တွေမှာ သံပန်းအကာအရံ တပ်မထားတာကြောင့် ကလေးနဲ့လူကြီးတွေ မတော်တဆ အမြင့်က ပြုတ်ကျတာတွေ ဖြစ်လေ့ရှိတာမို့၊ ဒီသံပန်း ဒီအကာအရံတွေ တပ်ထားဖို့ အရေးကြီးပါတယ်။ ကျောင်းတွေမှာတော့ ကစားကွင်းမှာ လျှောစီးတာ၊ ဒန်းလွှဲတာ၊ အမြင့်က ခုန်ချတာ၊ သစ်ပင်ပေါ်တက် ဆော့ကစားတာ စတာတွေကြောင့် ဖြစ်လေ့ရှိတာမို့၊ ကျောင်းကြီးကြပ်သူတွေ ဆရာ၊ဆရာမတွေအနေနဲ့ ဒီကစားကွင်းနဲ့ပစ္စည်းတွေ သင့်တော် ခိုင်မာမှုကို စစ်ဆေးတာ၊ ပြင်ဆင်မှုတွေလုပ်ပေးတာအပြင်၊ ကလေးတွေကိုလည်း အန္တရာယ်မရှိအောင် ကစားဖို့ ကြိုတင်သွန်သင်မှုတွေ၊ စောင့်ကြည့် ဆုံးမမှုတွေ လုပ်ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိ သတိထားလုပ်ဆောင်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ