ကျွန်တော်တို့မသိသေးတဲ့ ခန္ဓာကိုယ်ရဲ့အကြောင်း


- ကြွက်သားကခန္ဓာကိုယ်အလေး ချိန်ရဲ့ ၄၀% ရှိပါတယ်။

-မျက်လုံးကကြွက်သားတွေကတစ်နေ့ကိုအကြိမ် ၁ သိန်းကျော်လှုပ်ရှားပါတယ်။

- နှာခေါင်းမှာဂရှိတဲ့ အာရုံကြော ဆဲလ်တွေကအနံရရှိအောင်ပြုလုပ်ပေးပါတယ်။

- သွားကခန္ဓာကိုယ်ရဲ့တစ်ခုတည်း သောကိုယ်ဟာ့ကိုယ်ပြန်လည်ပြုပြင်နိုင်ခြင်းမရှိတဲ့အရာတစ်ခုပါ။

- ဦးခေါင်းခွံမှာ အရိုး ၂၂ ခုပါပါတယ်။

- မျက်လုံးမှာ အလင်းရောင်ကိုအာရုံ ခံနိုင်တဲ့ဆဲလ်ပေါင်း ၁၃၇ သန်းပါပါတယ်။

- ခန္ဓာကိုယ်မှာသွေးဖြူဥ ၃၀ - ၄၀ ဘီလီယံရှိပါတယ်။

- မျက်လုံးမှာအမျှင်ပေါင်း ၁.၂ သန်း ပါပါတယ်။

- အရေပြားပေါ်မှာရှိတဲ့သက်ရှိအရေအတွက်ကကမ္ဘာ့လူဦးရေထက်ပိုများပါတယ်။

- ကင်ဆာအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာမဆိုဖြစ်နိုင်ချေရှိပါတယ်။

- မုတ်ဆိတ်မွှေးရိတ်တာများ လေပြွန်ထွက်လာတဲ့အမွှေးကြမ်းလေဆိုတာကိုသေချလေ့လာကြည့်ရာမှာဆက်စပ်လျှက်ရှိတာကိုမတွေ့ရပါဘူး။

- ဗီတာမင်န က အရက်သောက်လို့ဦးနှောက်ပျက်စီးမယ့်ဒဏ်က ကာ ကွယ်ပေးနိုင်ပါတယ်။

- ခန္ဓာကိုယ်ရဲ့ ၇၀% က ရေဓာတ်ပါ။

- ခန္ဓာကိုယ်ထဲမှာCopper၊ Zinc၊ Cobalt၊ Calcium၊ Manganese၊Phesphatesinickel နဲ့Silicon ဓာတ်တွေ ပါဝင်ပါတယ်။

- မျက်လုံးကပုံရိပ်ကိုစတင်ဖတ်ယူရာမှာပြောင်းပြန်သာပေါ်တာပါ။ ဦးနှောက်ကပြန်တည့်မတ်ပေးရတာပါ။
- သန်းဝေခြင်းက အောက်ဆီဂျင်ပမာဏကိုအဆုတ်ထဲကိုပိုမိုရောက်စေပါတယ်။
- လူကခွေးရဲ့ ၂၀ ပုံ ၁ ပုံသာခံနိုင်စွမမ်း ရှိပါတယ်။

- အရိုးကကွန်ကရစ်ထက် ၄ ဆ ပိုမာပါတယ်။

- မျက်လုံးမှာဆားဓာတ် ၃.၅% ပါဝင်ပါတယ်။

- နှလုံးခုန်နှုန်းကသီချင်းသံစဉ်ပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။

- နံရိုးတွေက အသက်ရှုတိုင်းလှုပ်ရှား နေပြီး တစ်နှစ်ကိုအကြိမ်သန်း ၅၀ လောက်လှုပ်ရှားပါတယ်။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ဆီးကျိတ်ကြီးခြင်းအတွက် ကုသမှုနည်းလမ်းသစ်


အမျိုးသားရောဂါတစ်ခုဖြစ်သော ဆီးကျိတ်ကြီးနေသော အမျိုး သားများတွင် ညအိပ်ချိန်မှာဆီး မကြာခဏ ထသွားရသော အကြိမ်အရေအတွက်ကြောင့် အိပ်ရေးပျက်သည် အထိဖြစ်တတ်သည် ။ အဆိုပါ ဆီးကျိတ်ကြီးခြင်းကို အသက် ၅၀ ကျော်အရွယ် အမျိုးသားထက်ဝက်ခန့် တွင် ရှိနေကြပြီး ဆေးပညာအရ ပရောစတိတ်ဂလင်းကြီးခြင်း ( benign prostatic hyperplasia BPH ) ဟု ခေါ်သည် ။

အသက်အန္တရာယ်ကို မခြိမ်းခြောက်သော်လည်း ဆီးကျိတ်ကြီးလာခြင်းကြောင့် ဆီးလမ်းကြောင်း ကျဉ်းမြောင်းလာခြင်း ၊ ပိတ်ဆို့ခြင်း တို့ဖြစ်လာသည် ။ ဆီးသွားပြီးသော်လည်း ဆီးကျန်နေခြင်း ၊ ဆီးသွားလျှင်အားမရခြင်း၊ ညအိပ်ချိန် ဆီးမကြာမကြာသွားခြင်းတို့ ဖြစ်လာနိုင်သည်။

 သေချာမကုသပါက ဆီးကျောက်တည်ခြင်း ၊ ကျောက်ကပ်နှင့် ဆီးလမ်း ကြောင်း ပိုးဝင်ခြင်းတို့  ဖြစ်နိုင်ပါသည် ။ Prostatic artery emboli-zation (PAE) သည် ဆီး ကျိတ်ကြီးခြင်း အတွက် ကုသမှုနည်း လမ်းအသစ် တစ်ခုဖြစ်သည် ။ ပြင်ပလူနာဌာနတွင်ပင်ပြုလုပ်နိုင်ပြီး လူနာမှာလည်း လုပ်ဆောင်မှုပြီးစီး သွားလျှင် အိမ်သို့နေ့ချင်း ပင်ပြန်နိုင်သည် ။ ပေါင်ရင်းရှိ သွေးကြောကြီး မှ တဆင့် ပိုက်ပြွန်လေး (catheter) အား ထည့်သွင်းကာ ဆီးကျိတ်ဆီသို့ သွားသောသွေးပြန်ကြောဆီ သို့ ရောက် ရှိအောင် သွားသည် ။

ထို့နောက်သေးငယ်သော ပလတ်စတစ် ပတီးလုံးစေ့များကဲ့သို့ အရာများ ဖြင့်သွေးစီးဆင်းမှုအား ပိတ်လိုက်ခြင်းဖြင့် ဆီးကျိတ်အား ကျုံ့သွားစေသည် ။ အဆိုပါPAE အသုံးပြုခြင်းဖြင့်အမျိုးသားများ ဆီးမကြာခဏသွား ခြင်း ကို များစွာလျော့နည်းသွားစေသည် ဟု သုတေသန အသစ်တစ်ခုမှ ဆိုထားပါသည် ။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/


Sleepwalking အိပ်ရင်း လမ်းလျှောက်


ဆေးစာမှာ somnambulism နဲ့ noctambulism လို့ခေါ်တယ် ။ အိပ်စက်ရောဂါ အုပ်စုထဲကတခု parasomnia ဖြစ်ပါတယ် ။ အိပ်ပျော်ခြင်းအဆင့်တွေထဲက slow wave sleep stage အဆင့်မှာဖြစ်တယ် ။ ညဦးပိုင်းမှာဖြစ်တာများတယ် ။ သတိမလစ်သေးခင်မှာ သတိရှိနေစဉ်ကလို အလုပ်မျိုးလုပ်တာဖြစ်တယ် ။ ထထိုင်မယ် ။ လမ်းလျှောက်မယ် ။ အိမ်မှုကိစ္စတွေ လုပ်မယ် ။ တချို့က ကြမ်းတမ်းမယ် ။

အများအားဖြင့် လုပ်နေတာကို ထပ်လုပ်ကြတယ် ။ တချို့ကသာ တမျိုးမကလုပ်တယ် ။ နိုးတဲ့အခါ အဲတာကို သတိမရပါ ။ မျက်စိကဖွင့်ထားပေမဲ့ အမူအယာက ထင်ရှားလှတာမဟုတ်ပါ ။ ၃ဝ စက္ကန့်ကနေ ၃ဝ မိနစ်အထိ ကြာရှည်နိုင်တယ် ။ တညမှာတော့ တကြိမ်သာဖြစ်တယ် ။

အဲလိုဖြစ်တာနဲ့ အရက်မူးပြီးနဲ့ မူးယစ်ဆေးကြောင့်ရှောက်လုပ်တာ မတူပါ ။ အရက်ကနေဖြစ်တဲ့ alcohol-induced blackout နဲ့ drug-related amnesia မူးယစ်ဆေးကနေဖြစ်တာမျိုးမှာ တုန့်ပြန်မှုရှိတယ် ။ မေးတာဖြေမယ် ။ မကြိုက်တာ ကြိုက်တာ ပြောမယ် ။

အိပ်ရင်း လမ်းလျှောက်တာမှာ အမျိုးအစားခွဲတွေရှိတယ် ။ လမ်းလျှောက်ရင်း စားတာနဲ့ sexsomnia လိင်အပြုအမူ ။

လေ့လာမှုတခုအရ လူဦးရေရဲ့ ၄့၆% ကနေ ၁ဝ့၃% အထိရှိတယ် ။ ကလေးတွေလည်းပါတယ် ။ ဘာလို့ဖြစ်သလဲ တိတိကျကျမသိသေးပါ ။ တချို့မှာသာ အိပ်ရေးပျက်ထားတာ ၊ ဖျားနာတာ ၊ မောပန်းတာတွေအခြေခံတွေ့ရတယ် ။ တချို့ကတော့ မျိုးရိုးလိုက်တယ် ။ chlorpromazine , perphenazine , lithium , triazolam , amitriptyline , zolpidem , Quetiapine  နဲ့  beta blockers ဆေးတွေသောက်နေရသူတွေမှာလည်း ဖြစ်တတ်တာတွေ့ရတယ် ။

ထူးခြားတဲ့အဖြစ်အပျက်တွေရှိတယ် ။ ရာဇဝတ်မှုကျူးလွန်တာတွေ ။ ၁၈၄၆ မှာ Albert Tirrell လူသတ်မှု ၊ ၁၉၈၁ မှာ Steven Steinberg ကနေ သူ့ဇနီးသတ်မှု ၊ ၁၉၉၁ မှာ Burgess က သူ့ရည်းစားမိန်းကလေးကို ရန်ပြုမှု ၊ ၁၉၉၂ မှာ R. v. Parks က သူ့ယောက္ခမကိုသတ်မှု ။

ကုသနည်းမှာလည်း သေချာတာ မရှိသေးပါ ။ ဆောရီး ။ biperiden , carbamazepine , valproate , quetiapine , clonazepam , diazepam , flurazepam , imipramine , triazolam , melatonin , paroxetine , sodium amytal ဆေးတွေပေးနိုင်ပါတယ် ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Water Birth ရေထဲမှာ ကလေးမွေးခြင်း


ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ် ။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ် ။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ် ။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန် မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ် ။

Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ ။

မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ ။ နေရာတကာတော့ မရောက်ဘူးပါ ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ် ။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ် ။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာရည်ထဲမယ် ၉ လ ကျော်နေလဲတာမို့ မွေးတာကိုလည်း ရေထဲမှာလုပ်ရင်ရမယ်လို့ ယူဆချက်ကနေဖြစ်ပါတယ် ။ ဒီလို ရေထဲမှာဆင်းပြီး ကလေးမွေးရင် ကောင်းမယ့်အချက်တွေနဲ့ သတိထားစရာတွေဆိုပြီး လေ့လာလို့ရလာတယ် ။

အကျိုးကျေးဇူးတွေ
အမေအတွက် = ရေခပ်နွေးနွေးက နေရထိုင်ရတာသက်တောင့်သက်သာရှိတယ် ။ အားရှိသလိုထင်မှတ်စေတယ် ။ ရေထဲမှာ ကိုယ်ကြိုက်သလိုထိုင်နေနိုင်တယ် ။ သားအိမ်ညှစ်အားပိုပေးမယ်လို့ယူဆရတယ် ။ ဗိုက်နာတာ သက်သာစေနိုင်တယ် ။ သွေးဖိအားများနေတာကိုကျစေနိုင်တယ် ။ စိုးရိမ်စိတ်နည်းစေမယ် ။ ကလေးမွေးတဲ့အခါ ပြောင်းလဲမှုတွေဖြစ်ရတဲ့ တင်ပါးဆုံနေရာက ကြွက်သားတွေကို ဆန့်နိုင် ကြုံ့နိုင်မှုပိုစေမယ် ။ စုပ်ပြဲတာနည်းစေမယ် ။ မွေးလမ်းချဲ့ပေရမှု နည်းစေမယ် ။ ရေထဲမှာမို့ မမြင်အပ်တဲ့နေရာကို ဖုံးကာပေးသလိုမို့ စိတ်လုံခြုံမှုပိုစေမယ်။

ကလေးအတွက် = ရေမြွာရည်အိတ်ထဲနဲ့ မထူးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်။

သတိထားရမယ့်အန္တရာယ်တွေ
လွန်ခဲ့တဲ့နှစ်၃ဝ ကျော်အတွင်း ရေထဲဆင်းပြီးကလေးမွေးတာက ပေါ်ပြူလာလိုဖြစ်လာပေမယ့် ဆေးသုတေသနတွေ မစုံလင်သေးပါ ။ ဥရောပမှာသိထားသမျှ ရိုးရိုးမွေးကုတင်ပေါ်မွေးတာနဲ့ အန္တရာယ်တွေမထူးဘူးလို့ ဆိုပါတယ် ။ Royal College of Obstetrician and Gynecologists တော်ဝင် သားဖွါးမီးယပ် ပညာရှင်တွေက သီအိုရီအရ Water embolism သွေးကြောထဲရေနဲ့ပိတ်တို့ခြင်းအန္တရာယ် ရှိနိုင်တယ် ။ British Medical Journal ကတော့ ၉၅% စိတ်ချရတယ်လို့ ဆိုပါတယ် ။

တကယ်လို့ ကလေးဟာ မွေးလမ်းထဲမှာ ဖိအား သက်ရောက်မှု ခံနေရတာဖြစ်ဖြစ် ၊ ချက်ကြိုး လိမ်နေတာဖြစ်ဖြစ်ရှိနေရင် ကလေးက ထွက်ထွက်ချင်း လေရှူမှာမို့ ရေက အသက်ရှူလမ်းထဲဝင်စေမယ် ။ ဖြစ်တာရှားပါတယ်လို့ ဆေးစာတွေမှာ ဖတ်ရတယ် ။ ကျွန်တော့်ကိုယ်ပိုင် အမြင် ကတော့ မွေးမွေးချင် ငိုတဲ့ကလေးက မငိုတဲ့ကလေးထက် များတယ် ။ ငိုတာ ကောင်းတယ်။ ငိုချင်တဲ့ကလေးက ရေထဲမှာရှိနေရင် ငိုလို့မရသေးပါ။ ကလေးက လေနဲ့တွေ့မှသာ အသက်ရှူတယ်။ အသက်ရှူတာ မိနစ်ပိုင်းဖြစ်ဖြစ် စက္ကန့်ပိုင်းဖြစ်ဖြစ် နောက်ကျမယ် ။ အန္တရာယ်လို့တော့မပြောပါ ။ ချက်ကြိုးမဖြတ်သေးသ၍ အောက်စီဂျင်ကို မိခင်ဆီကနေရတယ် ။ နောက်တချက်ကတော့ ကလေးကို ရေထဲကနေထုတ်လိုက်ချိန်မှာ ချက်ကြိုးပြတ် သွားတတ်တယ် ။ သတိထားရင်တော့ မဖြစ်ပါ။

ရေထဲမှာ ကလေးမမွေးသင့်တဲ့ အခြေအနေတွေ
• Herpes မိခင်မှာ ရေယုံပေါက်နေရင် ။
• Breech ကလေးအနေအထားက တင်ပါးဆုံပြုနေရင် ။
• Excessive bleeding သွေးဆင်းတာ များလွန်းရင် ။
• Maternal infection ရောဂါပိုးရှိနေရင် ။
• Multiples အမွှာဖြစ်နေရင် ။
• Pre-term လမစေ့မွေးတာဆိုရင် ။
• Severe meconium ရေမြွာရည်နောက်တာ များနေရင် ။
• Toxemia or preeclampsia ကိုယ်ဝန်သွေးဆိပ်တက်ရှိနေရင် ။
• Hot tubs and whirlpools ရေပူနဲ့ ရေလှိုင်းလုပ်ထားတဲ့ရေချိုးကန်ဆိုရင် လုံးဝမလုပ်သင့်ပါ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

ပါတီအစားအစာများ၏အကျိုးနှင့်အပြစ်


ယနေ့ ၂၁ ရာစုရေစီးကြောင်းဟာ အလျင်အမြန်ပြောင်းလဲနေပါတယ်။ ကျမတို့တွေလည်း ရေစီးကြောင်းကိုအမှီလိုက်ရင်း ဘ၀လူနေမှုပုံစံ ၊ ၀တ်စားဆင်ယင်မှု ၊ အစား အသောက်ရွေးချယ်မှု အစစအရာရာပြောင်းလဲလာတာကို သတိမထားမိတတ် ဖြစ်တတ်ပါတယ် ။
အနောက်တိုင်းယဉ်ကျေးမှုကူးစက်မြန်လာတဲ့အတွက် လူငယ်တွေကြားမှာ ပါတီသွားခြင်း ၊ ပါတီပေးခြင်းဆိုတဲ့ ဓလေ့ကခေတ်စားလာပါတယ်။ ကျမတို့အနေနဲ့ ထောက်ပြချင်တာကတော့ ပါတီအစားအစာ( party foods ) (ခ) အသင့်စား ( fast foods ) တွေပါ ။

Party foods တွေကတော့ အစားများတဲ့ အာလူးကြော်အမျိုးမျိုး ( French fries , potato wedge , baked potato , fries with cheese ) ပီဇာ ( pizza ) ၊ Burger ၊ အသားကြော် အမျိုးမျိုး ( Fish finger,chicken wings, sausage )၊ အသားကင်( BBQ ) ၊ ဆလတ်( Salad )၊ အချိုပွဲတွေဖြစ်တဲ့ ကိတ်မျိုးစုံ ( Cheese cakes, brownie, layer cake, butter cake, chocolate cake,....) ရေခဲမုန့်၊ ဖျော်ရည်၊ ဘီယာ၊ အရက် စသဖြင့် အမျိုးအမည်စုံပါတယ် ။

နိုင်ငံတကာမှာပြုလုပ်ထားတဲ့ Scientific Research Papers တွေအရ ပါတီအစားအစာတွေဟာအ၀လွန်ခြင်းနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။ အ၀လွန်ခြင်းရဲ့နောက်မှာ သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဉ်းတာတွေ၊နာတာရှည်နှလုံးရောဂါသွေးတွင်းအဆီများတာတွေဟာ နောက်ဆက်တွဲအနေနဲ့ ပါလာပါတယ်။အခုနောက်ပိုင်းမှာ အသက်ငယ်တဲ့လူတွေမှာ ဒီရောဂါတွေအတွေ့များလာပါတယ်။ အစားအသောက်နဲ့ Life Style Changes ကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

အဓိကတော့ ပါတီအစားအစာတွေမှာပါတဲ့ အဆီတွေကြောင့် ဖြစ်ရတာပါ ။ လူကိုဆိုးကျိုးပေးတဲ့ ပြည့်ဝဆီ ( Saturated fats )၊ မမြင်နိုင်တဲ့အဆီ ( Invisible fats ) နဲ့ အသွင်ပြောင်းအဆီ ( Trans fats ) တွေပါ ။ ဒီအဆီတွေဟာ ပိုလျှံလာတဲ့အခါ အဆီတစ်ရူးတွေအဖြစ် ကြွက်သားတွေနေရာမှာ နေရာဝင်ယူပါတယ် ။
ဒီလို အပြင်ပန်းဝလာတာဟာ သိသာတဲ့အတွက် အချိန်မှီ ကိုယ်အလေးချိန်ထိန်းလို့ရပါသေးတယ် ။ ပိုဆိုးတာကတော့ သွေးတွင်းအဆီဓာတ်များတာ ဖြစ်ပါတယ်။ သွေးတွင်းအဆီဓာတ်များတာဟာ အသည်းအဆီဖုံးခြင်းအပြင်၊ သွေးကြောနံရံတွေစုဝေးပြီး သွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း ဖြစ်နိုင်ပါတယ် ။နှလုံးသွေးကြောပိတ်တာတွေ ဦးနှောက်သွေးကြောပိတ်တာ လေဖြန်း လေးဖြတ်တာတွေ အထိ ဖြစ်နိုင်ပါတယ် ။ဆေးလိပ်၊ ဘီယာ၊ အရက်သောက်တဲ့လူတွေမှာတော့ ပိုဆိုးဝါးနိုင်ပါတယ်။ တိတ်တဆိတ်လူသတ်သမားလို့တောင် ခေါ်နိုင်ပါတယ်။

အစားအသောက်အပြင် ကျမတို့ရဲ့ Unhealthy life style ကရောဂါတွေကို ပိုတိုးစေပါတယ် ။ Computer ရှေ့အလုပ်လုပ်ချိန်များခြင်း ၊ အလုပ်များလွန်းသဖြင့် လေ့ကျင့်ခန်းလုပ်ရန် အချိန်မပေးနိုင်ခြင်း ၊ အိပ်ချိန်စားချိန်မမှန်ခြင်း စတာတွေဟာ ကျမတို့ ဘ၀တွေကို အဆိုးဘက်ကို မသိမသာ ဆွဲချနေပါတယ် ။သူငယ်ချင်းတွေနဲ့ ပါတီမှာ မကြာခဏစားသောက်မိတာတွေ ၊ ကိုယ်ကြိုက်တဲ့အစားအသောက်တွေက ကျန်းမာရေးအတွက် မသင့်တော်တဲ့အရာတွေ ဖြစ်နေတာတွေ၊ ဒါတွေဟာ လူငယ်အများစု ဖြစ်တတ်တဲ့ အရာတွေပါ ။

ဒါပေမယ့် ကျမတို့ရဲ့ အစားအစာတွေရွေးချယ်မှုနဲ့ life style ကို အနည်းငယ်ပြောင်းလိုက်တာနဲ့ မယုံနိုင်လောက်တဲ့ ကောင်းကျိုးကို ရရှိနိုင်ပါတယ် ။ ဥပမာ - ပါတီအစားအစာများထဲမှာမှ အဆီများတဲ့ အစားအစာကို ရှောင်လိုက်တာမျိုး ၊ လျှော့စားတာများ ၊ နောက်ပြီးတော့ အချိုပွဲကို အသီးအနှံရွေးစားတာမျိုး ၊ အသီးဖျော်ရည်လေး သောက်လိုက်တာမျိုး ၊ ဒီလိုလွယ်လွယ်ကူကူပြောင်းလဲနိုင်ပါတယ် ။

နောက်တစ်ချက်က အစားအသောက်ကို ဖြည်းဖြည်းစားပါ။ မြန်မြန်စားရင် များများဝင်သွားတာကြောင့် ပိုစားမိနိုင်ပါတယ် ။ နောက်တစ်ချက်ကတော့ ပါတီမှာ အစားအသောက်များများ စားမိလိုက်ပြီ ဆိုရင် နောက်တစ်နေ့မှာ ချွေးများများထွက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပေးပါ ။ ခန္ဓာကိုယ်က အဆီတွေလောက်ကျွမ်းဖို့ အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ် ။ အဓိက ကတော့ energy intake နဲ့ output ညီမျှဖို့ပါ ။ ကိုယ်စားမိသလောက် ခန္ဓာကိုယ်က လောင်ကျွမ်းအသုံးပြုပေးမယ်ဆို
မျှတပါတယ်  ။

ဒါကြောင့် ဒီနေ့ခေတ်မှာ ဒီလိုအစားအသောက်ရေစီးကြောင်းကို ရှောင်ရန်ခက်တဲ့အတွက်
ကိုယ်ဖက်က သတိနဲ့ အစားအသောက်ကိုရွေးချယ်သင့်ပါတယ် ။ Life Style ကိုလည်း ကျန်းမာတဲ့နေထိုင်မှုပုံစံပြောင်းလဲပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရရှိနိုင်ပါတယ် ။ ကျန်းမာခြင်းဟာ ကျမတို့ရဲ့ ရွေးချယ်မှု အပေါ် မူတည်ပါတယ် ။

Dr.Jasmine
HealthGuide
https://www.facebook.com/healthguidemyanmar

Marijuana ခေါ် ဆေးခြောက်ပင်သည် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး အရွယ်တင် နုပျိုစေနိုင်


အမေရိကန်နိုင်ငံ၏ အချို့ပြည်နယ်များ၌သာ သုံးစွဲခွင့် ပြုထားသည့် Marijuana ခေါ် ဆေးခြောက်ကို သုံးစွဲခြင်းသည် လူခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်းကျိုးများ ပေးစွမ်းနိုင်ပြီး အရွယ်တင် နုပျိုစေနိုင် သည့် ဆေးဖက်ဝင် အပင်ဖြစ်ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Marijuana ခေါ် ဆေးခြောက်ပင်ကို သုံးစွဲခြင်းအားဖြင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်း ကျိုး ပေးစွမ်းနိုင်ရုံမက ကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ် တားဆီးပေးနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရပြီး ဆေးခြောက်ကို ပုံမှန် သုံးစွဲမည်ဆိုပါက အရွယ် နုပျိုစေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ပြီး Marijuana ခေါ် ဆေးခြောက်ပင်သည် အရက်ကဲ့သို့ မူးဝေခြင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးကဲ့သို့ စိတ်ကို ထိုင်းမှိုင်းခြင်းများ မဖြစ်ပေါ်စေပဲ စိတ်အာရုံ စူးစိုက်မှု၌ အထောက် အကူပြုနိုင်ကာ အမျိုးသမီးများအနေဖြင့်လည်း ဆေးခြောက်ပင်ကို သုံးစွဲခြင်းဖြင့် အသားအရည် နုပျို လန်းဆန်းခြင်း ၊ အရေးအကြောင်းများ မဖြစ်ပေါ်ခြင်း ၊ မျက်နှာကို တင်းတင်းရင်း ရင်းဖြစ်ပေါ်စေနိုင် သည့် အပြင် ဝက်ခြံ ၊ တင်းတိတ်စသည့်တို့ကိုလည်း မဖြစ်ပေါ်စေနိုင်ပြီး ဆေးခြောက်ပင်ကို သုံးစွဲခြင်း သည် ဘေးထွက်ဆိုးကျိုး လုံးဝ မဖြစ်ပေါ်စေနိုင်ကာ ဆေးခြောက်၌ ပါဝင်သည့် အာနိသင်ကြောင့် ရင်သား ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါများကို လည်း ပျောက် ကင်းစေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
 
Marijuana ကို ယခင်က နိုင်ငံ အတော်များများ၌ သုံးစွဲခွင့် ပိတ်ပင်ထားရာမှ ယခုလို တွေ့ရှိချက် အသစ်ကြောင့် အမေရိကန် ပြည်နယ်အချို့၌ တရားဝင် ရောင်းချခွင့်၊ သုံးစွဲခွင့်များကို ရရှိ ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံတွင်လည်း တရားဝင် သုံးစွဲခွင့် ပေးထားကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးပါက ကိုယ်ဝန်ဆောင်သည်ထက် ကလေး၌ ပိုမိုထိခိုက်နိုင်


ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွားလာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်ကို ပိုမိုထိခိုက်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ပုံမုန် သောက်သုံးပါက ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွား လာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်တို့ကို ၂၀ ရာခိုင်နှုန်း ပိုမို ပျက်စီးစေနိုင်ပြီး မွေးဖွား လာလျှင်လည်း အဆိုပါ ကလေး၌ ကျောက်ကပ်၊ အဆုတ်နှင့် ဆိုင်သည့် ရောဂါများကို ဖြစ်ပွားတတ်ကာ ကိုယ်ဝန်ဆောင်သည်များအနေဖြင့်လည်း ကလေး ပျက်ကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနှင့် အခြား ကိုယ်တွင်း အင်္ဂါများ ကို ထိခိုက်စေနိုင်သည့် နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ပိုလီ ကာဗွန်နိုက်နှင့် ကာဗွန် မိုနောက်ဆိုဒ်တို့ ပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ သာမက ကလေးငယ်များကိုပါ ထိခိုက်စေနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ ဆေးလိပ် မသောက်သုံးကြရန် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်ရှိ Dr. Maki Shinzawa မှ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ၂၅ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်တတ်ကြပြီး ကိုယ်ဝန်ဆောင်သည် များ၏ ဆေးလိပ် သောက်သုံးမှုကို မေးမြန်းရာ၌ အမျိုးသမီးများ၏ ၇၉ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆေးလိပ် ဖြတ်ထားကြပြီး ၁၇ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ဆက်လက် သောက်သုံးလျက် ရှိကြောင်း  Global Health  မှ ထုတ်ပြန်ကြေညာခဲ့သည့် အပြင် ဆေးလိပ် သောက်သုံးသူများအနေဖြင့် ကလေးငယ်များနှင့် လူထူထပ်သော နေရာ၌ ဆေး လိပ် သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ကြောင်း Dr. Maki Shinzawa မှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်


လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်) တွင် ပျို့အန်ခြင်း ၊ အော့အန်ခြင်းကို သက်သာ
ပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည် ။ လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည် ။

လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ ။ သာမန်ပျို့ခြင်း ၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည် ။ ဆေးမလိုပါ ။ ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည် ။ လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည် ။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ် လက်မခန့် အကွာ တွင် နှိပ်ကွက်ကလေး ရှိပါသည် ။

ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်
အောင့်ပါသည် ။ သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ် (Endorphins)များ ထွက်စေသဖြင့် ခေါင်းကိုက်ခြင်း ၊ ဇက်ကြောတက်ခြင်း ဝေဒနာများ ကို ပျောက်စေကြောင်း တွေ့ရပါသည် ။
ထို့ကြောင့် ခေါင်းကိုက်ခြင်း ၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်ညှိုး ၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ် ၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

ဝိုင်အဖြူသောက်သုံးခြင်းနှင့် အရေပြားကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေ


လူလတ်ပိုင်းအရွယ် အယောက် ၂၀၀၀၀ ထက်မနည်းကို ၁၈ နှစ်ကြာစောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၀ိုင်အဖြူ သောက်သုံးခြင်းနှင့် အရေပြားကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေကြောင်းအမေရိကန်ပြည်ထောင်စု Brown တက္က သိုလ်မှ သုတေသီများကထုတ်ပြန်ကြေညာသည် ။ အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ၊ တစ်ရက်ကိုဝိုင်ဖြူတစ်ခွက်သောက်ရုံနဲ့  မယ်လနိုမာလို့ ခေါ်တဲ့ အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေက ၁၃ ရာခိုင်နှုန်း မြင့်တက်သွားတာကိုတွေ့ ရပါတယ် ။အရေပြားကင်ဆာတွေထဲမှာမယ်လနိုမာဆိုတာ လူကိုသေ ဆုံးနိုင်ခြေအမြင့်မားဆုံးဖြစ်ပါတယ် ဟု သုတေသီတစ်ဦး ကပြောပြသည် ။

 နေရောင်ခြည် နှင့်ထိတွေ့  မှုနည်း၍ဖြစ်သည့် အရေပြားကင်ဆာဖြစ်ပွားမှုတွင်လည်း ၀ိုင်မသောက် သူများထက် ၀ိုင်ဖြူ သောက် သူများ၌ ရောဂါဖြစ်ပွားနိုင်ခြေ ၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားသည် ကိုတွေ့ ရှိရကြောင်း ၊ ဘီယာ ၊ ၀ိုင်အနီ နှင့် အယ်လ်ကိုဟောတို့ ကိုသောက်သုံးရာတွင်မူ အရေပြား ကင်ဆာဖြစ်ပွားမှု နှင့် တစ်စုံတစ်ရာ ဆက်နွယ်နေသည့် လက္ခဏာကိုမတွေ့ ရကြောင်း ၄င်းက ဆက် လက်ပြောပြသည် ။ ၀ိုင်သောက်သုံးခြင်းသည် ကျန်းမာရေးကိုအကျိုးပြုသည်မှာမှန်ကန်ကြောင်း ၊ ကင်ဆာ ၊နှလုံးရောဂါ ၊လေဖြတ်ခြင်း ၊ သူငယ်ပြန်ခြင်းအစရှိသည့်ရောဂါများကိုကာကွယ်ပေးကြောင်း ၊ မကာကွယ် နိုင်လျင်လည်း ဖြစ်ပွားသည့်နှုန်းကို နှောင့်နှေးစေကြောင်း ၊ သို့ သော် ၀ိုင်အဖြူသောက်ခြင်းကြောင့် မူဖော်ပြပါအတိုင်း အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားသည်ကိုတွေ့ ရှိရခြင်းဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည် ။

ဝိုင်ရဲ့ အကျိုးအပြစ်နဲ့ ပါတ်သက်လာရင် ကျန်းမာရေး သုတေသီတွေအကြားမှာလည်း သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ် ။ အချို့ က ၀ိုင်တစ်ခွက်သောက်ရင် ကျန်းမာရေး ဘယ်လို ဘယ်ပုံကောင်း လာမယ်ဆိုတာ မျိုးပြောတတ် ကြသလိုအချို့ ကလည်း ၀ိုင်တစ်ခွက်သောက်လိုက်တိုင်း ကျန်းမာရေးကို ဘယ်လိုဘယ်ပုံ ထိခိုက်တယ်လို့  ပြောကြ ပြန်ပါတယ် ။ ဒါကြောင့်လည်းအများပြည်သူလူထုအနေနဲ့  ၀ိုင်ကိုချင့်ချိန်ပြီးမှပဲသောက်သင့်ပါတယ်ဟု ၄င်းက ထပ်လောင်းပြောကြားသည် ။ ၀ိုင်ဖြူ၊၀ိုင်နီ နှစ်မျိုးလုံးက အစာအဆိပ်သင့်ခြင်းကို သက်သာစေနိုင်ပြီး ဦးနှောက်အိုမင်းရင့်ရော်ခြင်း ၊ သွေးကြောပိတ် ခြင်း ၊ ဗက်တီးရီးယားပိုးကူးစက်ခြင်း ၊ သူငယ်ပြန်ခြင်း ၊ မျက်စိမှုန်ခြင်း ၊ ကိုလက်စထရော များခြင်းတို့ ကို သက်သာစေနိုင်သည်ဟု ဆိုကြရာဝယ် အချို့ ကလည်းအမျိုးသမီးများ ၀ိုင်အသောက်များလျင် ကိုယ်ဝန် မရနိုင်ခြင်း ၊ အမျိုးသားများအိမ်ထောင်ရေးသုခကိုမခံစားနိုင်ခြင်း ၊ လူငယ်များတွင် ၀က်ခြံထွက်ခြင်း ၊ ကင်ဆာဖြစ်စေနိုင်ခြင်းအစရှိသည့် ဆိုးကျိုးများရှိသည်ဟုလည်းဆို နေကြခြင်းဖြစ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

Mumps ပသိရောင်ရောဂါ


ဆရာ သမီးလေးက ၅ နှစ်ပါ ။ ဖျားပြီး နားအောက်နားက နှစ်ဖက်လုံး နာပြီးယောင်နေလို့ ဆေးခန်းပြတာ ဆရာဝန်က ပါးချိတ်ယောင်တာ ကာကွယ်ဆေးမထိုးထားဘူးလားလို့ မေးတယ်ဆရာ ။ ဒေသန္တရဆေး တွေတော့ အကုန် ထိုးပါတယ်ဆရာ။ အပြင်ဆေးတွေတော့ မထိုးရသေးပါဘူးဆရာ ။ သမီးလေး ဖြစ်နေတာ မကြည့်ရက်ဘူးဆရာ ။ ဆေးခန်းက Ammoxilim250နဲ့ Biogesic ပဲ ပေးတယ်ဆရာ။ သမီးလေး မသက်သာဘူး။ မျက်နှာမှာလဲ အပူတွေကန်သလို အဖုနီလေးတွေ ပေါက်နေတယ်ဆရာ ။ အစားလည်း သိပ်မစားနိုင်ဘူးဆရာ။ အဲဒါ ဘယ်လို ကာကွယ်ကုသရမလဲ ဆိုတာ ဖြေကြားပေးပါဆရာရှင့် ။ ကျေးဇူးတင်စွာဖြင့် ။

၂။ ကျမသားက အသက် ၄ နှစ်နဲ့ ၂ လ ရှိပါပြီ။ မနေ့က မနက်အိပ်ယာထတော့ ဘယ်ဘက်ပါး နား အောက်ကအခြမ်း ယောင်နေပါတယ်။ အိမ်နားကအဖွားကိုမေးတော့ ဝက်ပါးရောင်တာတဲ့။ မန်းတဲ့။ အဖွားစီကို လိုက်ပို့ပါတယ်။ မန်းပေးတဲ့အဖွားက ဘုရားရှိခိုးပြီး ရေမန်းပေးတယ်။ ပြီးတော့ ထုံးနဲ့ကွင်းပြီး မန်းပေးပါတယ် ။ ကျမကတော့ သိပ့်အယုံအကြည်မရှိပေမယ့် ကိုယ့်သားသမီးဖြစ် လာတော့ ပျောက် ချင်ဇောနဲ့ လုပ်မိတာပါ ။ အိမ်မှာလဲ မောရိယမန်းဆေး ထပ်လိမ်းပေးပါတယ် ။ နေ့ခင်း ကျတော့ ကိုယ်ပူလာ တာနဲ့ ပါရာစီတမော တဇွန်းတိုက်လိုက်ပါတယ် ။ ညကျ တဇွန်းတိုက်ပါတယ် ။ အခု ဒီနေ့မနက် အိပ်ရာ ထတော့ မနေ့ကထက် ပိုရောင်နေပါတယ်။ ကျမကိုင်ကြည့်တော့ အကျိတ်လိုပဲ မာနေပါတယ်။ အရောင် မကျပဲ ပြည်တည်ပြီး ခွဲရမှာကို စိတ်ပူပါတယ်ဆရာ။ ကျမ ဒီနေ့ ဆေးခန်းကို သွားပြပါ့မယ်။ ဒီပါးချိတ် ရောင် တာစိတ်ပူရလားဆရာ ။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆရာ။ ဘာရောဂါလဲဆရာ ။ ကျမကို ဆောင်ရန် ရှောင် ရန်လေးတွေ ပြောပြပါလားဆရာ ။ စာလုံးပေါင်းမှားရင် တောင်းပန်ပါတယ်ဆရာ ။

ပသိရောင်ရောဂါဟာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဖြစ်တယ် ။ အသက်ရှူလမ်းကနေ ပိုးပါနေတဲ့ အမှုံအမွှားလေးတွေကို ရှူမိလို့ ကူးစက်တယ် ။ တခါတလေမှာ အမှုံအမွှားတွေက အိပ်ယာ ၊ အသုံး အဆောင်တွေပေါ်တင်နေတာက ကိုယ်ထဲ ဝင်လို့လဲကူးမယ် ။ ချောင်းဆိုး၊ နှာချေရာကနေကူးမယ် ။ တံတွေးကနေလဲ ကူးမယ်။ အစာအတူစားရာကနေလဲ ကူးနိုင်သေးတယ် ။ ကိုယ်ထဲကနေ ထွက် လာပြီးနောက်လဲ ဗိုင်းရပ်စ်ကရှင်နေနိုင်သေးလို့ဖြစ်တယ်။ အများအားဖြင့် တက်စေ့မရောင်ခင်ကနေ တက်စေ့ရောင်ပြီး ၅ ရက်ကြာအထိ ကူးစက်နိုင်တယ်။ ကလေးတွေမှာဖြစ်တာက နောက်ဆက် တွဲဖြစ်တာနည်းတယ် ။

ကူးစက်ခံရပြီးနောက် ၁၆-၁၈ (၁၂-၂၅) ရက်မှာရောဂါစခံစားရတယ်။ ကိုယ်ပူ ၊ မအီမသာဖြစ် ၊ ခေါင်းကိုက်  ကိုယ်လက် ကိုက်ခဲ၊ မစားချင်ဆိုတဲ့ခံစားရတာတွေရှိမယ်။ ထူခြားတာက သူများကို မကူးစေအောင် တံတွေးထွက်အကျိတ် ရောင်ကာစ ၅ ရက်မှာ ကလေးကို သီးခြားခွဲထားရမယ် ။ ပိုးကူးစက်ခံရပြီးနောက် ၁၄-၁၈ ရက်မှာ ရောဂါလက္ခဏာတွေ ပေါ်တယ်။ ၇-၁ဝ ရက်နေ ပျောက်ပါမယ် ။ တတိယနေ့လောက်မှာ ၉၅% ပါးယောင်လာမယ်။ တံတွေးထွက်အကျိတ် ရောင်လာတာ ဖြစ်တယ် ။

နောက်ဆက်တွဲဖြစ်နိုင်တာတွေ
• Meningitis ဦးနှောက်မြှေးရောင်တာ ၅ဝ% မှာဖြစ်နိုင်တယ်။ ဒါပေမဲ့ ပျောက်ပြီးနောက်မှာ အားလုံးလောက်ဟာ ဒုက္ခိတ မဖြစ်ကြပါ။
• Encephalitis ဦးနှောက်ရောင်တာ ကာကွယ်ဆေးပေါ်တကည်းက ဖြစ်တာရှားသွားပါပြီ။ ပျောက်ပြီးနောက်မှာ အားလုံးလောက်ဟာ ဒုက္ခိတ မဖြစ်ကြပါ။
• Deafness နားမကြားတော့တာလဲ အဖြစ်နည်းလာပြီ။ နာ တဖက်-နှစ်ဖက်ဖြစ်နိုင်တယ်။
• Orchitis ယောက်ျားအကြောရောင်တာ ၄ဝ% မှာဖြစ်တယ်။ ၉ဝ% က တဖက်ထဲဖြစ်တယ်။ ၃ဝ-၅ဝ% မှာ ကျားအစိ သေးသွားတယ်။ ၁၃% ကလေးရနိုင်စွမ်းနည်းတယ်။ မိန်းကလေးဆိုရင် ၇% မှာ မျိုးဥအိမ်ကို ထိခိုက်တယ်။
• ကပ်ရောဂါလိုဖြစ်ချိန်မှာ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ၂၈ ရက်နေရင် တခါထပ်ထိုးသင့်တယ်။
• ရောဂါမပြီးတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ကူးစက်ခံရရင် ကိုယ်ဝန် ပဌမ ၃ လထဲမှာဆိုရင် ကိုယ်ဝန်ပျက်စေနိုင်တယ်။ ကလေးကို မထိခိုက်စေပါ။
• ၂ဝ% မှာ ဘာမှ မခံစားရပါ။
• ၁၅-၂ဝ% ယောက်ျားလေးတွေမှာ အကြောရောင်တယ်။
• ၂၇% ကိုယ်ဝန်ပျက်တယ်။ ၁ဝ% ဦးနှောက်မြှေးရောင်တယ်။ ၅% မျိုးဥအိမ်ရောင်တယ်။ တဝက်လောက်မှာ ကလေးမရတာဖြစ်တယ်။ ၄% သရက်ရွက်ရောင်တယ်။ ၁% လောက်သာ ဦးနှောက်ရောင်ရာကနေ သေဆုံးတယ်။ ဝ့ဝဝ၅% သာ နားလေးသွားတယ်။

ဘယ်လိုကုသမလဲ
နားနေပါ။ ဆေးကုဘို့ဆိုတာ တိတိကျကျမရှိပါ။ ခံစားနေတာ၊ ဖြစ်လာတာကိုကြည့်ပြီး ကုသပေးရတယ်။ အနာသက်သာဆေးကို မလွဲမသွေပေးပါမယ်။ Acetaminophen/Paracetamol/Ibuprofen ဆေးတွေပေးမယ်။ ဆားရည်နွေးနဲ့ ပါးစပ်ဆေးရမယ်။ တံတွေးအိတ်ပေါ် အပူ-အအေးကပ်ပေးရမယ် ရေ-အရည်ပိုသောက်စေရမယ်။ အစာကို ကျေလွယ်တာသာစားပါ။

ဘယ်လိုကာကွယ်မလဲ
MMR ကာကွယ်ဆေးကို အမေရိကန်ဆရာဝန် Maurice Hilleman ကနေတီထွင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ chickenpox ကိုပါကာကွယ်နိုင်တဲ့ MMRV ကာကွယ်ဆေးပေါ်လာတယ်။ MMR ဆိုတာ Measles ဝက်သက်၊ Mumps ပသိရောင်နဲ့ Rubella (German measles) ဂျာမန် ဝက်သက် (ဂျိုက်သိုး) ရောဂါတွေကို ကာကွယ်ပေးမယ်။ HIV/AIDS ဖြစ်နေသူတွေ၊ ကင်ဆာရှိနေသူတွေ ၊ စတီရွိုက်ဆေး လောလောဆယ် (၂ ပါတ်) ရနေသူတွေ၊ ဆေးကို မတည့်သူတွေကိုတော့ ကာကွယ်ဆေးမထိုးပါ ။ MMR vaccine ကာကွယ်ဆေးကနေ ၈ဝ% ကာကွယ်နိုင်တယ် ။ ကလေးတိုင်း ၁၂-၁၅ လအတွင်း ၂ ခါ ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါထပ်ထိုးသေးတယ် ။ ယူကေမှာ ကလေးတိုင်းကို ၁၃ လမှာထိုးပေးတယ် ။ ကျောင်းမသွားမီအရွယ် ၃-၅ နှစ်မှာ တခါထပ်ထိုးပေးတယ် ။ အမေရိကားမှာ ၁၂-၁၅ လအရွယ်မှာထိုးပေးပြီး ၊ ၄-၆ နှစ်မှာ ထပ်ထိုးတယ် ။

ရောဂါကြောင့် အသက်ဆုံးပါးရတာ မဖြစ်သလောက်ပါ ။ တခါဖြစ်ဘူးရင် တသက်တာရောဂါပြီး သွားတယ် ။ မေးတဲ့သူ ဘယ်မှာနေသလဲ မသိပါ ။ ကူးစက်တတ်တယ် ။ ဒါကြောင့် မေးနည်းစည်းကမ်းမှာ ဘယ်မှာနေသလဲ ထည့်ထားတာပါ ။

Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://doctortintswe.blogspot.com/2014/11/pregnancy-and-rubella.html
Rubella (ရူဘဲလား) http://doctortintswe.blogspot.com/2014/12/rubella.html ကိုတွဲဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Premature labor ကလေးစောမွေးခြင်း


Dr ဆောင်းပါးကို Blog မှာ ကလေးတစ်ယောက်ရဲ့စတင်ဖြစ်တည်ပုံကိုသိရှိခဲ့ရပါတယ် ။ ဒါကြောင့် စာရေးချင်နေတာ ကြာပါပြီ ။ သမီးအသက် ၃၇ ရှိပါပြီ ။ လမစေ့လို့ ကလေးတပတ်မပြည့်ခင်တစ်ယောက်၊ ၁ဝ ရက်ပြည့်တော့ တယောက် ဆုံးသွားပါတယ်ဆရာ။ OG ပြောတာက 33 ပတ်နဲ့ဖွားတော့ နလုံးအလုပ်ကောင်းကောင်း မလုပ်နိုင်သေးလို့ မရှင်တာပါတဲ့။ Ultrasound ၃ ကြိမ်ရိုက်ဖူးပါတယ်။ အားလုံးကောင်းပါတယ်။ ဖွားတော့ဆုံပိုင်းဖြစ်တဲ့အပြင် ကလေးနစ်ဦးက လည်တံချင်း လိမ်နေပါတယ်ဆရာ ။ သမီးကိုယ်ဝန် ၅ လအထိ ကျန်းမာရေးနည်းနည်းမကောင်းပါဘူး ။ နောက်ပိုင်းအရမ်းကောင်းပါတယ် ။ ဘာကြောင့်စောမွေးရတာပါလဲ။ ကိုယ်ဝန် ၄ လမှာ ဆီးလမ်းကြောင်းပိုးဝင် ကျောက်ကပ်မှာ sport တွေ့လို့ ၂ ပတ်ကျော်လောက် ဆေးကုသခဲ့ရပါတယ်။ သမီးက ဆရာမပါ ။ သင်တန်းတက်ရပါတယ် ။ တာဝန်ကျတာက ၄ နာရီခရီး စက်လှေစီးရပါတယ် ။ ကားတွေမရှိတော့လို့ ရန်ကုန်ပြန်ပြီးမှ သမီးတို့ဆီရောက်ဖို့ ၅ နာရီ ကားစီးရပါတယ်။ အများအပြောက ခရီးသွားတာများလို့ စောမွေးတာတဲ့။ မီးဖွားခွင့် သွားတင်ပါတယ်။ နေ့ချင်းပြန် သွားခဲ့ပါတယ်။ ဒါကြောင့်လို့ ပြောကြပါတယ် ။ အရပ်ထဲမှာပြောကြတာ ၇ လမွေး အသက်ရှင်တယ်တဲ့ ။ ဘာကြောင့် သမီးလေးတွေ မရှင်ရတာလဲ ။ ဒီတကြိမ် ကိုယ်ဝန် ပြန်ဆောင်ရင် စောမွေးမှာကြောက်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန် ဘယ်နှစ်ပတ်မှာ ကိုယ်ဝန်စောမမွေးအောင် ဆေးထိုးရပါမလဲဆရာ ။

ကျွန်တော် OG မဟုတ်ပါ။ ကလေးစောမွေးတာကို Pre-term labor လို့လဲခေါ်တယ်။ ခန့်မှန်းခြေမွေးမဲ့ရက်ထက် ၃ ပါတ်စောရင်၊ ကိုယ်ဝန် ၃၇ ပါတ်ထက်စောမွေးရင် ခေါ်တယ် ။ စောမမွေးစေအောင် အိပ်ယာမှာ ဆေးရုံတက်သလို နားနေတာ ၊ အားဆေးသွင်းပေးတာ နဲ့ ဆေးပေးတာတွေနဲ့ အတော်များများကို ကာကွယ်နိုင်တယ် ။

တကမ္ဘာလုံးမှာ တနှစ်အောက်ကလေးသေဆုံးမှုထဲမှာ လမစေ့ဘဲမွေးတဲ့ကလေး ၁ဝ% ပါတယ် ။ အရေအတွက်ဆိုရင် တနှစ်မှာ အဲလိုကလေးပေါင်း ၅ သိန်းလောက်ရှိတယ် ။ ဘာလို့စောမွေးသလဲ တခါတလေ (၅ဝ%) အကြောင်းရှာမရဘူး ။ အာဟာရဓါတ်နည်းတာကို စဉ်းစားရတယ် ။ တခါအဲလိုမွေးဘူးသူတွေမှာ သူများထက် ၁၅-၅ဝ%) ပိုဖြစ်နိုင်တယ်။ ရာနှုန်းပြည့်မဟုတ်ပါ ။ ဖင်လန်မှာ ဆန်းစစ်မှုတခု လုပ်တော့ လက်ထပ်ပေါင်းသင်းခြင်းမရှိဘဲ ကလေးမွေးသူတွေမှာ ၂ဝ% ပိုများတာ တွေ့ရတယ် ။

အမွှာကိုယ်ဝန်မှာ ပိုဖြစ်တယ်။ ရောဂါပိုးဝင်တာကိုလဲ ထည့်တွက်ရတယ်။ ဥပမာ မွေးလမ်းကြောင်း ပိုးဝင်တာ ။ စမ်းသပ်ကြည့်ရင် မွေးလမ်း-သားအိမ်ဝအရည်ထဲမှာ Fetal fibronectin များနေရင် ဖြစ်တယ်။ Obstetric ultrasound အာလ်ထွာဆောင်းနဲ့လဲစစ်ရမယ်။ သားအိမ်ဝ (နှုတ်ခမ်း အလျား) တိုရင် မကောင်းပါ။ ကိုယ်ဝန် ၂၄ ပါတ်မှာ ၂၅ မီလီမီတာထက်ရှည်သင့်တယ်။ တချို့ ကိုယ်ဝန်ဆောင်မှာ အလုပ်လုပ်မျိုးတွေမှာ ဥပမာ မတ်တပ်အကြာကြီး ရပ်ရသူတွေမှာ အဖြစ်ပိုများတာ တွေ့ရတယ် ။ ဖေါလစ်အက်စစ်နည်းရင်လဲ မကောင်းပါ။ ဆီးစစ်လို့ ပိုးတွေ့ရင် ဆေးကုရမယ်။ Progesterone (ပရိုဂျက်တီရုန်း) ဟော်မုန်း ပေးသင့်ရင်ပေးရတယ်။ ၃၂ ပါတ်နောက်မှာပေးတယ်။

ကာကွယ်ဘို့ရာ Glucocorticosteroids စတီရွိုက်ဆေးပေးနည်းကို နေရာအတော်များများမှာသုံးတယ်။ တခြား စမ်းသပ်သုံးတဲ့ဆေးနည်းတွေလဲရှိပါတယ်။ NSAIDs, Magnesium sulfate, Calcium channel blockers, Beta mimetics, Atosiban တွေပါဝင်တယ်။ Tocolysis ဆေးလဲပါတယ်။ Calcium-channel blockers နဲ့ Oxytocin antagonist ဆေးတွေက ၄၈ နာရီနောက်ကျစေပေမဲ့ ဘေးထွက်-ဆိုးကျိုးတွေ လဲရတယ်။ Prophylactic antibiotic ကာကွယ်တဲ့သဘောနဲ့ ပိုးသေဆေးပေးနည်းကလဲ အကျိုးရှိတယ်။ Amoxicillin နဲ့ Erythromycin ဆေးတွေပေးတယ်။ ဒါပေမဲ့ Amoxicillin + Clavulanic acid ဆေးတွဲကို မသုံးသင့်ပါ။

Cervical cerclage သားအိမ်ဝမလုံသူတွေကို ကိုယ်ဝန်ဆောင်နေတုံးမှာ သားအိမ်ဝကို ချုပ်ပေးထား ရတယ်။ ကျွန်တော် ဒေလီ ဒုက္ခသည်တွေအတွက် ယမုန်နာဆေးခန်းလေးဖွင့်ခဲ့တုန်းက အဲလို ကိုယ်ဝန်ဆောင်တယောက်ကို သားအိမ်ဝ ချုပ်ပေးထားခဲ့တယ် ။ လမစေ့ခင် ဗိုက်နာလာတော့ ကျွန်တော်က အစည်းအဝေးတက်နေရတယ်။ ကံတရားလည်း အားကိုးရပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

လူသားနှင့် ကမ္ဘာမြေ နှစ်ရပ်လုံးအတွက်အကျိုးရှိသည့် ဟင်းသီးဟင်းရွက်ကို စားသုံးရန်တိုက်တွန်း


ဟင်းသီးဟင်းရွက်စားသုံးခြင်းသည် လူကြီးလူငယ် အရွယ်မရွေးဘဲ ကျန်းမာရေး အကျိုးကျေးဇူး ရှိသော ရွေးချယ်မှု ဖြစ်သည့် အပြင် သဘာဝပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးနည်းပါးသည့်အတွက် အသားစားခြင်းထက် ဟင်းသီး ဟင်းရွက်ကို ဦးစားပေးရွေးချယ် စားသုံးသင့်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ အဟာရ နှင့် အစားအစာတက္ကသိုလ်မှ သုတေသီများက ပြောသည် ။

ဟင်းသီးဟင်းရွက် စားသုံးသူများတွင် အ၀လွန်နိုင်ခြေနည်းပါးခြင်း ၊ ဆီးချို၊ နှလုံး ၊ ကင်ဆာ အစရှိသည့် နာတာရှည် ရောဂါဆိုးများကိုခံစားရနိုင်ခြေ နည်းပါးကြောင်း ၊ အထူးသဖြင့် အသားအပြင် ငါး ၊ နို့ ထွက်ပစ္စည်း အစရှိသည်တို့ ကို လည်း ရှောင်ကြဉ်သူများတွင် ကျန်းမာရေးအကျိုးခံစားရနိုင်ခြေ ပိုမိုများပြားသည့်ပြင် သက်သတ်လွှတ်စားသုံး သူ များကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အကျိုးပြုသည် ကိုတွေ့ ရှိရကြောင်း သိရသည် ။ ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးဖို့ အတွက် အရင်းအမြစ်လိုအပ်ချက် နည်းပါတယ် ။ မြေ ၊ရေ ၊လောင်စာ ၊ဓါတ်မြေသြဇာ စသည်ဖြင့် လိုအပ်ချက်နည်းပါတယ် ။ ပဲတစ်ပေါင်နဲ့  အမဲသားတစ်ပေါင် ထုတ်လုပ်ရတဲ့ကုန်ကျစရိတ်ခြင်းနဲ့  သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ပမာဏခြင်း နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ် ဟု သုတေသီတစ်ဦးက ပြောပြ သည် ။

ဟင်းသီးဟင်းရွက်ကို အသားနဲ့ တွဲစားတာထက် သက်သတ်လွှတ်ချဉ်းစားပေးကြမယ်ဆိုရင် ကာဗွန်ထုတ်လွှင့်မှု လည်း လျော့ပါးသွားပါမယ်။ အသားစားသူများလာရင် ကာဗွန်ထုတ်လွှင့်မှု များလာပါမယ်။ ဒီနေရာမှာ ပန်းထဲက အသားကို ယူစားလိုက်တာနဲ့  ကာဗွန်ထုတ်လွှင့်မှု များလာမယ်လို့  မဆိုလိုပါဘူး။ အဲဒီအသားဖြစ်အောင် ရက်ပေါင်း ၊ လပေါင်း ၊နှစ်ပေါင်းများစွာ ကြာအောင် မွေးမြူလာတဲ့ အချိန်မှာ ဖြစ်ပေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုလိုပါ တယ် ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

အချို့ ကလည်း ဟင်းသီးဟင်းရွက်ပဲစားရင် ကလေးတွေရဲ့ ဖွံ့ ဖြိုးတိုးတက်မှုနှုန်းကို ထိခိုက်စေ နိုင်မယ်လို့  တွေးပူ ကြပါတယ် ။ ဟင်းသီးဟင်းရွက်ကို ညီညွှတ်မျှတစွာစားတတ်ရင် အရွယ်မရွေးအတွက် သင့်လျော်ပါတယ် ။ ဟင်းသီး ဟင်းရွက်စားတဲ့ကလေးတွေက အပြင်မှာ မုန့် ပဲသွားရေစာ စားချင်စိတ်လည်း နည်းသွားလေ့ရှိပါတယ် ။ အဲဒါ ကြောင့် အ၀လွန်တာတွေလည်း မဖြစ်တော့တဲ့အကျိုးကျေးဇူးရှိတဲ့အပြင် ဖွံ့ ဖြိုးမှုကိုလည်း မထိခိုက်ပါဘူး ဟု သုတေသီတစ်ဦးက ရှင်းပြသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

လမ်းဘေးအစားအစာများ၏သန့်ရှင်းမှု နှင့် ကျန်းမာရေးအန္တရာယ်


စားသုံးသူ ပြည်သူများအတွက် လမ်းဘေးအစားအစာအများစုက သန့် ရှင်းမှုမရှိဘူး ၊ ကျန်းမာရေး နဲ့ မညီညွတ်ဘူး ၊ လမ်းဘေး အစားအစာတွေကို ရှောင်သင့်တယ်ဟူ၍ ကျန်းမာရေးဝန်ကြီးဌာနမှနေ၍ သတင်းစာများ ၊ ဂျာနယ်များ ၊ ရေဒီယိုလှိုင်းများ ၊ တီဗွီများ …စသဖြင့် သတင်းမီဒီယာဘက်ပေါင်းစုံမှ သတိပေးအကြံပြုထားသော်လည်း ယနေ့ မြန်မာနိုင်ငံမှာတော့ လမ်းဘေး အစားအစာတွေ ကို ရောင်း ချမြဲရောင်းချနေကြသလို ၊ စားသုံးမြဲစားသုံးလျက်ရှိကြပါတယ် ။ ဘာကြောင့်လဲဆိုရင် ၄င်းလမ်းဘေး အစားအစာ များဟာ အရသာမဆိုးပဲ ဈေးပေါ၍တွက်ခြေကိုက်တာကြောင့် ဆာလောင်မှုကို လွယ်လွယ်နဲ့  ဖြေရှင်းနိုင်လို့ ပါဘဲ ။ ဒီတော့ လူများများစားကြပြီးနောက် ရောဂါဆိုးတွေရကြကာ သက်တမ်းစေ့မနေနိုင်ကြတော့ပါဘူး ။

(ရေ မသန့် ရှင်းမှု)
လမ်းဘေးအစားအစာဆိုသည့်အတိုင်း လမ်းဘေးတွင် ရောင်းချနေရတာကြောင့်လည်း အိုးခွက် ပန်းကန်ခွက်ယောက်တွေကို ရေစင်စင်ဆေးကြောမှု အားနည်းပါတယ် ။ ဒါ့ပြင် မသန့် ရှင်းသောရေဖြင့် ချက်ပြုတ်ထားတဲ့ မသန့် ရှင်းသော အစားအစာများ ကြောင့် အသည်းရောဂါ ဖြစ်ပွားနိုင်ခြေ အလား အလာပိုနေပါပြီ ။ အလျဉ်းသင့်၍ ပြောရရင် မိုးရေ နှင့်  မိုးသီး တို့ ဟာလည်း ကျန်းမာရေး အတွက် ဘေးဖြစ်စေပါတယ် ။ မိုးရေဟာ ကောင်းကင်မှ လေထုကို ဖြတ်သန်းလာရသောကြောင့် ယင်းအထဲတွင် ဖုန် မှုန့် များ ၊ မီးခိုး ၊ ကျပ်ခိုးများ ၊ အခြားသောဓာတ်ငွေ့ များအပြင် အနုမြူပြာများ ပါဝင်နိုင်ပါသေးတယ် ။ ဒါ့ကြောင့် မိုးရေသည်ပင်လျှင် သောက်သုံးရန်အတွက် ရောဂါကင်းပြီဟု မဆိုနိုင်သေးပါ ။  မိုးသီးလည်း ထိုနည်း၎င်းပါဘဲ ။

(ထုံချိုင်း တုတ်ထိုးများ)
ရန်ကုန်မြို့မှာ လမ်းဘေး အသားကင်ဆိုင်တွေ တော်တော်များများ ပေါ်လာသလို ထုံချိုင်း ၊ တရုပ်ပြည် နှင့် ကိုရီးယား တို့ မှ တင် သွင်းလာသော တန်ဖိုးနည်း အသားကြိတ်လုံးလေးတွေကို စားချင့်စဖွယ်ဖြစ်အောင် ပုံစံအမျိုးမျိုး အရောင်မျိုးစုံတို့ ဖြင့် ကြော်၍ သော်လည်းကောင်း ၊ ကင်၍တစ်ဖုံ တုတ်ချောင်းလေးများ ထိုးသီ၍ ရောင်းချလျက်ရှိပါတယ် ။ လမ်းဘေးဆိုင်တွေ များလာကာ မြို့ပြနေလူထုရဲ့ စားသောက်မှု ပုံစံပြောင်းလဲလာကြပြီး အာသာငမ်းငမ်း ခံတွင်းတွေ့ နေကြပါတယ် ။ တစ်ခုမှ ကျပ် ၁၀၀ ၊ အလွန်ဆုံး ၂၀၀ ထက် မပိုတာကြောင့် ဈေးနှုန်းသက်သာပြီး အရသာကောင်းလို့ ၀ယ်စားနေကြပါတယ် ။ တကယ်တော့ ၄င်း အသားလုံး ၊ အသားချောင်းများဟာ သူတို့ အမည်ပေးကင်ပွန်းတပ်ထားသော အသားစစ်စစ်တော့ မဟုတ်ကြပါဘူး ။ အဆိုးဆုံးမှာ ၄င်းတို့ ကို တို့ ၍စားရသော အချဉ်ရည်ဖြစ်ပါတယ် ။ တန်ဖိုး နည်းဈေးဆိုင်ဖြစ်တာကြောင့် အချဉ်ရေက ငရုတ်ဆီစစ်စစ်မဟုတ်ဘဲ စားကောင်းအောင် ရောစပ် ထားတာတွေ ဖြစ်နေခြင်း (သို့ ) ဘယ်နှရက်မှန်းမသိ ထည့်ထားတဲ့ အချဉ်ရေတွေနဲ့ တို့စားကြတာ ကြောင့် အစာအိမ် နှင့် အူတွေကို ပိုးဝင်ကာ ၀မ်းလျောဝမ်းပျက်ဖြစ်စေနိုင်ပါတယ် ။

(ကြက်-၀က်-ဆိတ်-အမဲသား တုတ်ထိုးများ)
လမ်းဘေးမှာ တန်းစီရောင်းချနေတဲ့ အသားတုတ်ထိုးများကို သင့်အနေဖြင့် ကျန်းမာရေး ရှုထောင့် မှ လေ့လာကြည့်ဖူးပါသလား ။ သင်စားပြီးတဲ့ တုတ်ချောင်းလေးတွေကိုရေတွက်၍ ငွေရှင်းပြီးတဲ့အခါမှာ၊ ဆိုင်ရှင်က ၄င်းတုတ်ချောင်းများကို ပြီးစလွယ် ရေခွက်ထဲမှာ တစ်ချက် နှစ်ချက်လှုပ်ခါ ဆေးကြောရုံ သာပြုပါတယ် ။ ပြီးနောက် ၄င်းတုတ်ချောင်းတွေ မပျက်စီး မကျိုးပဲ့မချင်း ဆက်လက်၍ သုံးစွဲလျက် ရှိပါတယ် ။ နောက်ပြီး လမ်းဘေး တုတ်ထိုးဆိုင်အများစုဟာ အသားပြုတ်ရည်ကို တသီးတသန့်  ပန်းကန် လုံးဖြင့် စီမံထားခြင်းမရှိပဲ စတီးဇွန်း ၃ - ၄ ချောင်းသာချထားပြီး အလှည့်ကျ ခပ်ယူသောက်စား ကြတာမျိုးပါ ။ ၄င်း အသား တုတ်ထိုးများကို တို့ ၍စားကြသော အချဉ်ရည်များကလည်း အထက် မှာ ဖော်ပြ ထားသကဲ့သို့  အန္တရာယ်ရှိပါတယ် ။ ထို့ ပြင် လတ်ဆတ်မှုမရှိ လက်ကျန်အဟောင်း ပစ္စည်း များဖြစ်နိုင်သေး တာကို သတိပြုပါ ။ ဒါကြောင့် မစားခင်မှာ မိမိရွေးချယ်မည့် ဆိုင်၏ သန့် ရှင်းမှု ၊ ၄င်းဆိုင်၏ ပတ်ဝန်းကျင် သန့် ရှင်းမှု ၊ ဈေးရောင်းသူ၏ သပ်ရပ်မှုတို့ ကို ဦးစွာလေ့လာပါ ။ သို့ မဟုတ်ပါက (၁) ရက်လွန် အသားများ (၂) ထပ်ခါထပ်ခါသုံးထားသော တုတ်ချောင်းများ (၃) အလှည့်ကျ ခပ်ယူသောက်သုံးပြီးသော စတီးဇွန်းများ (၄) အချဉ်များ ..စသဖြင့် လေးထပ်ကွမ်း ကျန်းမာရေးအန္တာရာယ် ရနိုင်ကြောင်း သတိရှိပါလေ ။

(အသားကင်-ငါးးကင်)
အသားကင်တွေမှာ ရောဂါပိုးတွေ ရှိနေတဲ့အတွက် ၄င်းတို့ ကို နေ့ စဉ်ရက်ဆက်စားသောက်ပြီးနောက် ၂ နှစ်အတွင်းမှာပင် အူမကြီးကင်ဆာ ဝေဒနာကို ခံစားရနိုင်ကြောင်း ၊ အသားကင်တွေမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ E.Coli (Escherichia Coil) ခေါ် ဘက်တီးရီယားပိုးတွေ တွေ့ရှိရကြောင်း၊ အဲဒီ E. Coli ပိုးက အူမကြီးရောင်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ ဆီးထဲသွေးပါခြင်း နှင့် နောက် ဆက်တွဲ ကင်ဆာရောဂါတွေကို ဖြစ်လာစေနိုင်ကြောင်းတို့ ကို FDA မှ သတိပေးထားပြီးဖြစ် ပါတယ် ။ ရိုးရိုးလေးဘဲ စဉ်းစားကြည့်ကြရအောင် ။ လမ်းဘေးအစားအစာတစ်မျိုးဖြစ်တဲ့ အထူးသဖြင့် အသားကင် ဆိုတာ ကျက်ချင်မှ ကျက်မယ် (သို့ ) တူးတာတွေရှိပါမယ်။ ဒီလိုမျိုးတွေ ကြာကြာစားမိလာရင် ကျန်းမာရေး ကို ထိခိုက်လာနိုင်ပါတယ် ။ ၄င်းအသားကင်အတွက် စီမံထားသော အချဉ်ရည်များဟာ လတ်ဆတ်မှု ရှိမရှိ သင်သိနိုင်ပါမည်လား ။ ဒါ့ပြင် အကင်ဖြင့် တွဲ ဖက်၍စားရသော တန်ဖိုးနည်းဟင်းရွက်များဖြစ်ကြတဲ့ ဂေါ်ဖီ၊ ပဲသီး တို့ ဟာလည်း စင်ကြယ်စွာဆေးကြောထားပါရဲ့ လား ။

(လက်သုပ်စုံ)
မြန်မာပြည်တွင် ခေတ်တွေဘယ်လောက်ပြောင်းပြောင်း အရိုးပေါ်အရွက်မဖုံး အစဉ်အမြဲ တည်ရှိနေတာ ကတော့ လမ်းဘေး အစားအစာ နှင့် လက်သုပ်စုံပဲ ဖြစ်ပါတယ်။ အသုပ်စုံအတွက် ပြင်ဆင်ထားသော ပစ္စည်းအမယ်စုံ ၊ အချဉ်ရည် ၊  ချက်ပြုတ် ဆေးကြော အသုံးပြုသောရေ ၊ အရည်အသွေးနိမ့် တန်ဖိုးနည်း အချိုမှုန့် များ၊ ဈေးသည်၏ တစ်ကိုယ်ရေ သန့် ရှင်းမှု.. စတာ တွေအပြင် ၊ ယင်ကောင်သတ္တ၀ါတို့ ၏ အန္တရာယ်ကို သိလေလေ ၊ မိမိကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး နည်းလေလေ ဖြစ်ပါတယ် ။

(အကြော်စုံ) 
လမ်းဘေးအစားအစာတွေထဲမှာ အကြော်တွေလည်း ပါနေပါသေးတယ် ။ ဆီကြော်မုန့်ဆိုသည်မှာ ကျန်းမာရေးနဲ့  လုံးဝ မညီ ညွတ်ပါဘူး ။ ဈေးသက်သာသော စားအုန်းဆီကိုသုံးခြင်း ၊ ဆီဟောင်းများကို ထပ်ခါထပ်ခါသုံးခြင်းက စားသုံးသူအတွက် အာ ဟာရ မဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရောတက်၍ အဆီပို အ၀လွန်စေပါမယ် ။ တချို့ သော ၀ိသမလောက အကြော်သည်တွေ က ဈေးရောင်းကောင်းစေရန်အလို့ ဌာ မျက်စိအမြင်မှာ အကြော်လှစေဖို့ နဲ့  တာရှည်ခံကြွပ် ရွ နေစေ ဖို့ အတွက် အကြော်ဆီပူအိုးထဲကို ပလတ်စတစ် အကြည်တွေ ထည့်ကြော်တာမျိုးရှိနေပါတယ် ။ ထို့ ပြင် အကြော်ဖြင့်တို့ ၍ စားရသော မသန့် ရှင်းသည့် လက်လုပ်အချဉ်ရည်ကလည်း စားသုံးသူတွေ  အတွက် ဘေးဖြစ်စေတာကို မမေ့ပါနှင့် ။

(အချိုမှုန့် )
လမ်းဘေးအစားအစာ ရောင်းချသောဆိုင်တွေဟာ အရည်အသွေးနိမ့် အချိုမှုန့် တွေကို သုံးစွဲလျက်ရှိပါတယ်။ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ် ။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ် ကို ပြောင်းလဲ သွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ် ။ ဒါကြောင့် ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲ ။ ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ် ။ အမှန်က ဆား က Sodium chloride ၊ အချိုမှုန့်က Monosodium glutamate  ဖြစ်လို့  နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ် ။ အချိုမှုန့် မှ ရရှိသော ရောဂါများမှာ အကြောတက် ၊ ဆီးချို၊ အ၀လွန် ၊ နှလုံးသွေးကြောပိတ် ၊ ဦးနှောက်ဆဲလ်တွေ၍ ပျက်စီး၍ မှတ်ဥာဏ် အားနည်း ၊ သားသမီးမရနိုင်ခြင်း ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ ၊ သွေးတိုးရောဂါတို့ ဖြစ်ပါတယ် ။ ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ် ။

(သကြား)
တချို့ လမ်းဘေး အစားအစာဆိုင်တွေက အချိုမှုန့် လုံးဝမသုံးဘူးလို့  ဆိုကြပါလိမ့်မယ်။ တန်းဖိုးနည်း ဈေးဆိုင်ဖြစ်တဲ့အတွက် အသားမှုန့် ကိုတော့ သုံးစွဲခြင်းဌာ မတတ်နိုင်ကြပါဘူး။ ဒီတော့ ဈေးကွက်ထဲမှာ အပေါဆုံးသကြားဖြူဖြူအမှုန့် တွေကို သုံး နေကြပါတယ် ။ နိုင်ငံခြား တိုင်းပြည်များတွင် သကြားကို မူသဘာဝအရောင်အတိုင်း ၀ါညစ်ညစ်သကြားများကို စားသုံးကြသော် လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟုခေါ်သော ဓာတုချွတ်ဆေးသုံး ၍ ဖြူဖွေးသကြားများ ကို ရွေးချယ် စားသုံးနေကြပါတယ် ။ ထန်းလျက်မှာလည်း မူလအညိုရောင်ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေး သွားပါတယ် ။ အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံး၍ ဖြူဖွေးအောင်လုပ်ထားကြပါတယ်။ ထိုဓာတုချွတ်ဆေးများဟာ ကင်ဆာရောဂါကိုဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက တိုက်တွန်းထားပါတယ်။

မှတ်ချက်။
(၁) လမ်းဘေးအစားအစာများ နှင့် ပတ်သက်၍ စာရေးသူမှ သိသင့်သိထိုက်သော အခြေခံကျန်းမာရေး ဗဟုသုတကို အထက် ပါအတိုင်း တင်ပြခဲ့ပြီးဖြစ်ရာ၊ သင်ရွေးချယ် စားသုံးနေသော အစားအစာဟာ သင့်အတွက် “ အာဟာရလား၊ အန္တရာယ်လား ” ဆိုတာကို ခွဲခြားဝေဖန်ကြည့်စေလိုပါတယ်။
(၂) မသန့် ရှင်းသော အစားအစာကို စားသုံးမိခြင်းကြောင့် အစာအဆိပ်ဖြစ်တတ်ပြီး၊ အထူးသဖြင့် အသက်ငယ်လွန်းသူ၊ အသက်ကြီးရင့်သူ၊ နာတာရှည်ရောဂါ တစ်မျိုးမျိုး ခံစားနေ ရသူ၊ ကိုယ်ခံအား စံနစ်ပျက်ပြားသူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
(၃) လမ်းဘေးအစားအစာ ယင်နားထားသောအစားအစာကို စားမိတဲ့အခါ ကာလ၀မ်းရောဂါ၊ တိုက်ဖွိုက်(ခေါ်) အူရောင် ငန်းဖျား ရောဂါ၊ အထက် လန်အောက်လျော(ခေါ်)ရေငတ်ဝမ်းကျရောဂါ၊ ၀မ်းဖောဝမ်းရောင်၊ သွေးဝမ်းသွား(ခေါ်)၀မ်းကိုက်ရောဂါတို့  ဖြစ်ပေါ်လာပါတယ်။ ၄င်းရောဂါတွေဟာ ကပ်ရောဂါသဖွယ် လူသားမျိုးနွယ်တွေကို ဒုက္ခပေးတတ်ပါတယ်။
(၄) ၂၁ ရာစုမှာ လူအများက ကျန်းမာရေး အသိအမြင်ရှိကြသော်လည်း လမ်းဘေးအစာတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဖုံးအုပ် ထား ခြင်းမရှိ၊ မသန့် ရှင်းသောအစားအစာတွေမှာ သန်ဥတွေကပ်ပြီး ၀မ်းဗိုက်အထဲရောက်သွားတဲ့အခါ သန်ကောင်တွေ ပေါက် ပွား လာပါတော့တယ် ။
xxxxxxxxx
ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်တွင်းရောဂါဖြစ်တာကြောင့် အပေါ်ယံမှာ ရောဂါတစ်ခုခုဖြစ်သလို ချက်ချင်း မသိနိုင်ပါဘူး ။ ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အခုခေတ် လူတွေရဲ့နေထိုင် စားသောက်မှု ပုံစံတွေပြောင်းလဲ လာတာ ကြောင့် အဖြစ်များလာရခြင်းဖြစ်ပါကြောင်း စာရေးသူမှ အကြံပြု လိုက်ရပါတယ် ။
စေတနာများစွာဖြင့်….
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Health Guide
https://www.facebook.com/pg/healthguidemyanmar

မျက်စိထိခိုက်ခြင်း အရေးပေါ်အခြေအနေများ


မျက်စိထိခိုက်ခြင်း အရေးပေါ် အခြေအနေတွေမှာ မျက်လုံးကို ထိခိုက်ရှနာဖြစ်ခြင်း ၊ ကုတ်ခြစ်မိခြင်းများ၊ ဓာတု ပစ္စည်းများ မျက်လုံးထဲသို့ ဝင်ခြင်း ၊ မျက်လုံးကို တုံးသောအရာဖြင့် ထိုးမိခြင်း ( ခိုက်ရန်ဖြစ်ပွားတဲ့ အခါမျိုး မတော်တဆ ထိခိုက်မိတာမျိုး ) ရောဂါကြောင့် နီရဲရောင်ရမ်းခြင်းအပြင် တခြားသော မျက်လုံး အတွင်းသွေးခဲခြင်း တွေ ပါဝင်ပါတယ် ။ ဖြစ်ပေါ်လာသော အကြောင်းတွေကတော

၁ .ထိခိုက်ဒဏ်ရာရခြင်း

ညိုမဲဖူးယောင်လာတဲ့ မျက်လုံးတွေက ထိခိုက်ဒဏ်ရာကြောင့် ပဲဖြစ်ပါတယ် ။ မျက်လုံး အရေပြား တဝိုက် သွေးခြည်ဥရာကနေ အညို အမည်းတွေ ဖြစ်လာတာပါ ။ အရောင်တဖြည်းဖြည်းလျော့ သွားပြီး ပျောက်ကင်းသွားဖို့တော့ အချိန် ၂ပတ်ခန့် ကြာပါတယ် ။ မျက်လုံးကိုတိုက်ရိုက်မထိခိုက်ဘဲ ဦးခေါင်းရိုးထိခိုက်အက်ကွဲခြင်း ( skull fracture) မှာလည်း ညိုမည်းတဲ့ မျက်လုံး (Panda eyes) တွေ ဖြစ်လာတတ်ပါတယ် ။

၂.ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း

ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်းဟာ များသောအားဖြင့် လုပ်ငန်းခွင်မှာ ထိခိုက်မှုတွေ ဖြစ်ပါတယ် ။ အက်ဆစ်များ ၊ထုံးစတဲ့ အယ်လ်ကာလီ ပျော်ရည်များ ၊ ဥယျာဉ်လုပ်ငန်းသုံးဓာတ်မြေသြဇာအရည်တွေ ၊စက်ရုံသုံးဓာတုပစ္စည်းတွေ ရေခဲသေတ္တာတွေမှာ သုံးတဲ့ ဆိုဒီယမ် ဟိုက်ဒြောက်ဆိုက်များဟာ မျက်ကြည်လွှာကို ထိခိုက်ပျက်စီးစေပါတယ် ။ အိမ်သုံး ဆပ်ပြာဆီ၊ ရေမွှေး ၊hair spray ၊air spray စတဲ့ အငွေ့လွှတ်ပစ္စည်းတွေကလည်း မျက်လုံးကို ထိခိုက်စေတဲ့ chemical burns တွေကို ရစေတာပါပဲ။ အဲ့ဒီအတွက် ဓာတုပစ္စည်းများ ကိုင်တွယ်ရတဲ့ လုပ်ငန်းတွေမှာ လက်အိတ် ၊မျက်မှန် များ ( Safety glasses) တပ်ဆင် အသုံးပြုပြီး ကိုင်တွယ်သင့်ပါတယ် ။

၃.မျက်ခွံကို ဒဏ်ရာရစေခြင်း မျက်ခွံထိခိုက်ခြင်းက မျက်လုံးကိုပါသက်ရောက်သော ထိခိုက်မှု ဖြစ်စေပါတယ်။

၎ မျက်စိအတွင်းသို့ ပစ္စည်းများဝင်ခြင်း ဖုန်များ သဲများနှင့် တချို့လုပ်ငန်းခွင်များတွင် ကျောက်စများ မျက်လုံးထဲဝင်ခြင်းဟာလည်း သင့်ရဲ့မျက်လုံး အရှေ့ပိုင်းကို ဖုံးအုပ်ထားတဲ့ မျက်ကြည်လွှာကို ထိခိုက်စေပြီး မျက်စိနာကျင်ကိုက်ခဲခြင်း ၊နီရဲခြင်းများဖြစ်လာပါတယ်။

#မျက်စိထိခိုက်တဲ့အခါမှာ ထိခိုက်မိတဲ့ အနာတရအပေါ်မူတည်ပြီး ဖြစ်ပေါ်ခံစားနိုင်တာတွေကတော့ သွေး သို့မဟုတ်တခြားသော မျက်ဝတ်၊ပြည်စသည်များထွက်ခြင်း မျက်လုံး ညိုမဲ ရောင်ယမ်းခြင်း ပုံရိပ် ၂ထပ်မြင်ခြင်း အမြင်ဝေဝါးခြင်း မျက်စိ နီရဲနာကျင်ခြင်း အလင်းရောင် ထိသောအခါ မျက်စိနာကျင်ခြင်းတို့ အပြင် အမြင်အာရုံပျောက်ကွယ်သည် အထိ ဖြစ်တတ်ပါတယ်။

#အိမ်တွင်း သို့မဟုတ် လုပ်ငန်းခွင် အရေးပေါ်ကုသနည်းတွေအနေနဲ့ လုပ်ပေးနိုင်တာတွေကတော့ ဖုန် ၊အမှုန် ၊မျက်တောင်မွှေးစတဲ့ သေးငယ်တဲ့ အရာဝတ္ထုတွေအတွက် လက်ကို ဆပ်ပြာဖြင့် သေချာ စွာ ဆေးကြောပါ ။ အလင်းရောင်ကောင်းသော နေရာမှာ တစ်စုံတစ်ယောက်ရဲ့ အကူအညီယူ၍ မိမိမျက်စိကို သေချာစွာကြည့်စေပါ။ မျက်ခွံအတွင်းထဲမှာလို့ သံသယရှိတဲ့အခါ အောက်မျက်ခွံဆိုလျှင် မျက်ခွံကို လက်ဖြင့် ညင်သာစွာဆွဲချပါ။ အပေါ်မျက်ခွံဆိုလျှင်တော့ သန့်စင်သော ဂွမ်းတုတ်တံ ( cotton swab ) ကို မျက်ခွံပေါ်တင်ပါ ။ မျက်ခွံကို ဆွဲတင်ပြီး ဂွမ်းတုတ်တံပေါ်ခေါက်တင်လိုက်ပါ ။ မျက်ခွံအတွင်း ဝင်နေတဲ့ အရာဝတ္ထုလေးကို တွေ့လျှင် သန့်စင်သောရေဖြင့် ဆေးကြောဖယ်ရှားပါ ။အကယ်၍ မရ လျှင် နောက်ထပ် ဂွမ်းတုတ်တံတစ်ချောင်း ကို အသုံးပြုပြီး ဖယ်ရှားကြည့်ပါ ။ ဝတ္ထုဟာ မျက်လုံးရဲ့ မျက်နှာပြင်ပေါ်မှာဆိုရင်တော့ ရေနဲ့ ပဲ ဆေးကြောပါ ။ မျက်စဉ်းကိုလည်း အသုံးပြု နိုင်ပါတယ် ။ အဲ့ဒီလို ဖယ်ရှားသော်လည်း ကျန်နေသေးတယ်လို့ ခံစားရလျှင်တော့ နီးစပ်ရာ ဆေးခန်းကို ပြသပါ ။ တကယ်လို့ ဝင်ရောက်နေတဲ့ အမှုန် ကျောက်စ ခဲ စသည်ဟာ အရွယ်အစားကြီးမားနေတဲ့ အခါမှာတော့ ဒီအတိုင်းပဲ ထားပါ ။ ဖယ်ရှားဖို့ မကြိုးစားပါနဲ့ ။ ပွတ်ချေတာ ဖိတာတွေက ပိုဆိုးသွားနိုင်ပါတယ် ။ ဖြစ်နိုင်ရင်တော့ မျက်လုံး လှုပ်ရှားမှု နည်းသွားအောင် ပတ်တီးလေး စည်းပေးတာမျိုး လုပ်ထားပေးတာက ထပ်မံ ဒဏ်ရာရခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ် ။ ပြီးရင်တော့ နှောင့်နှေးမနေဘဲ မျက်စိကုသမှု ခံယူ ရန် ဆေးရုံဆေးခန်းကို သွားပါ ။ Acid ,Alkali စတဲ့ ဓာတုပစ္စည်းများ ဝင်ရောက်တဲ့ အခါ လူကို ဘေးတိုက်စောင်းပြီး မျက်လုံးဖွင့်ထားကာ ဘုံဘိုင်ရေ (running water) နဲ့ ၁၅မိနစ် မိနစ်၂၀ခန့် ဆေးကြောပေးရမှာ ဖြစ်ပါတယ်။မျက်ကပ်မှန်တပ်ထားခဲ့ရင် ရေဆေးတဲ့အခါ မျက်ကပ်မှန်က မကျွတ်သွားဘူး ဆိုရင် ရေဆေးပြီးမှပဲ မျက်ကပ်မှန်ကို ဂရုတစိုက်ချွတ်ပါ ။ ပြီးလျှင် ထပ်မံပြီး မျက်လုံး ကို ရေဖြင့်ဆးကြောပါ ။တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာပါ အဲ့ဒီဓာတု ပစ္စည်းတွေ ပေကျံနေ ရင် ဆေးကြောရပါမယ် ။ မျက်လုံးကို ပိတ်ထားခြင်းက အဲ့ဒီဓာတုပစ္စည်းတွေနဲ့ မျက်လုံးကို ပိုမိုထိတွေ့စေသလိုဖြစ်တတ်ပါတယ် ။မျက်လုံးကို ဖွင့်ထားပါ ။ ထိခိုက်မိခြင်း ၊ထိခိုက်မိခြင်း ၊ထိုးမိခြင်း အတွက် ရေခဲကပ်ပေးနိုင်ပါတယ် ။ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်အောင်လို့ပါ ။ ရေခဲကို အရေပြားပေါ်တိုက်ရိုက်မကပ်ဘဲ ရေခဲနဲ့ အရေပြားကြားမှာ သန့်စင်တဲ့ အဝတ်စလေး ခံပေးပါ ။၂၄နာရီ နောက်ပိုင်းမှာတော့ ရေနွေးဖတ်ကပ်ပေးခြင်းက အညိုအမည်းစွဲတာတွေ ကို လျော့ပါးစေမှာပါ ။ သွေးထွက်နေတဲ့ဒဏ်ရာ အနာတရတွေကိုတော့ သန့်စင်တဲ့ အဝတ်စနဲ့ ဖုံးအုပ်ပြီး ဆေးကုသမှုခံယူဖို့ သွားပါ ။

# မလုပ်ရမဲ့ အရာတွေက မျက်လုံးကို ဖိပွတ်တာမျိုး ချေတာမျိုး မလုပ်ရပါဘူး မျက်လုံးထဲကို စိုက်ဝင်နေတဲ့ ပစ္စည်းတွေကို အတင်းဖယ်ရှားဖို့ မကြိုးစားပါနဲ့ သိသာတဲ့ နာကျင်ရောင်ယမ်းမှု မရှိသေးရင် မျက်ကပ်မှန်ကို မချွတ်ပါနဲ့ ။ချွတ်ဖို့ ကြိုးစားခြင်းက မျက်လုံးကို ပိုမိုထိခိုက်စေပါတယ်။ ရေဆေးကြောပြီးသောအခါမှ ချွတ်ပါ။ ဆူးထွင်ရန် ကျောက်စ ဖယ်ရှားရန် မျက်လုံးထဲကို ဇာဂနာ အပ်စတဲ့ ချွန်ထက်တဲ့ အရာများနဲ့ မထိုးပါနဲ့။ မျက်ခွံတွင် ငြိနေသော အရာများကိုသာ ဂွမ်းတုတ်တံ ( cotton swab ) လေး သုံးနိုင်ပါတယ်

----------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...
ခွန်းညိုသွေး
HealthGuide
https://www.facebook.com/pg/healthguidemyanmar

အဆုတ်ကျန်းမာ လေ့ကျင့်ပါ


သင်ရှူရှိက်မိသော လေထုအတွင်းတွင် မသန့် ရှင်းသောလေများဖြစ်ဖြစ် ကောင်းမွန်သော လေထု ဖြစ် ဖြစ် လေရှူ  ရှိက်လုပ်ဆောင်ပေးသော အဆုတ်တွက် ကောင်းမွန်ကျန်းမာရန် တစ်နေ့ တာအတွက် ပုံမှန် လုပ်ဆောင်ပေးသင့်ခြင်းကို သိသင့်ပါသည် ။

ဦးစွာ သင်သည် နံနက်နိုးထလာသည့်နှင့် ချက်ခြင်း အိပ်ယာမှထခြင်း မပြု့ သေးဘဲ ပက်လက်အိပ်နေသည့် အနေအထားဖြင့် ၅ မိနစ်ခန့် သတိထားပြီး အသက်မှန်မှန်ရှူရှိုက်ပေးပါ  ။ အဲလို ရှူရှိုက်ခြင်း သည် အောက်စီဂျင်များပိုမိုသဖြင့် ဦးနှောက်ကြည်လင်လန်းဆန်းခြင်း အဖြစ်ကို ပါ ရရှိစေပါသည် ။ ပုံမှန်ရှူရှိုက်နေခြင်းကနေပြီး တဖြေးဖြေးနဲ့  ခပ်ပြင်းပြင်း လေဝင်လေထွက်ကို ရှူရှိုက်ပေးပါ ။

ထပ်မံ ပိုမိုကောင်းမွန်စေဖို့ တွက် ကိုယ်လက်သန့် စင်ပြီးနောက် ကိုယ်လက်လှုပ်ရှားခြင်း နဲ့  ပါ လေဝင်လေထွက် လေ့ကျင့်ခန်းကိုပါ ထပ်မံလုပ်ဆောင်စေချင်ပါသည် ။ မိမိခန္ဓာကိုယ်ကို ခြေထောက် အနည်းငယ်ကာထားပြီး မတ်တက်ရပ်အနေအထားဖြင့် ရပ်ပေးပါ ။ ခြေဖနောင့် အနည်းငယ်ကြွထားပြီး လက်နှစ်ဖက်ကို အပေါ်သို့ လွဲမြှောက်လိုက်သည်နှင့် အသက်ကို ခပ်ပြင်းပြင်း လေကို ဝဝလင်လင် ရှူသွင်းလိုက်ပါ ( လက်မြှောက်သည့် အချိန်တွင် လေကိုရှူသွင်းပါ ) ။ လေဝင်မှု့ ကိုပြန်ထုတ်ချိန်တွင် ကြွထားသော ဖနောင့်နဲ့  မြှောက်ထားသောလက်ကို အောက်သို့ ပြန်ချချိန်တွင် ခပ်ပြင်းပြင်းလေကို ပြန်လည်ထုတ်လိုက်ပါ ။ မိမိအဆင်ပြေနိုင်မည့် မိနစ်အနည်းငယ်ကြာချိန်ထိ ကိုယ်လက်လှုပ်ရှားခြင်းနှင့် အတူ လေရှူသွင်းထုတ် အလေ့အကျင့်ကိုနေ့ စဉ် လုပ်ဆောင်သင့်ပါသည် ။ လေဝင်လေထွက် ခပ်ပြင်းပြင်း ရှူရှိက် အသက်ရှူခြင်းသည် အဆုတ်တွက် ကောင်းမွန်သော လေ့ကျင့်ခန်း တစ်ခုပင်နေလို့ ပါ ။
လမ်းခပ်မြန်မြန် လျှောက်ပေးခြင်းကြောင့် ချွေးများ ထွက်လာခြင်းသည် မိမိခန္ဓာကိုယ်တွင်း အဆိပ်တောက်များ လျော့ချနိုင် အကျိုးကို ရရှိစေပါသည် ။

အသက်ရှူလမ်းကြောင်းစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် နာနတ်သီး နာနတ် ဖျော်ရည် ၊ ဂရိတ် ဖရုသီး ဖျော်ရည်များကို သောက်ပေးနိုင်ပါသည် ။
နေ့ ခင်း ထမင်းစားသောက်ပြီးသည့်နှင့် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော ဌက်ပျော်သီးကို စားသုံးခြင်း သည်လည်း အစာချေဖျတ်မှု့ ကောင်းစေသည့်အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာအတွက်ပါ သန့် စင် အားကောင်းစေပါသည် ။

မနက်နိုးထချိန်ကစပြီး လန်းဆန်းခြင်း တွက် အထောက်အကူပြု့ ရုံသာမက အသက်ရှူခြင်း စနစ်အတွက်ပါ များစွာ အကျိုးများသော အလေ့အကျင့်တစ်ခုပင် ဆိုချင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

Female hormones မိန်းမဟော်မုန်း


အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ် ။

မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်း ကနေလည်း ထုတ်ပေးတယ် ။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက် ၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။

Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ် ။ ရာသီမှန်မယ် ။ မျိုးပွါးနိုင်တယ် ။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရ တယ် ။ အရိုးပါးတာကို သက်သာစေတယ် ။ ကယ်လ်စီယန် ၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ် ။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃ဝ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ် ။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီး ခြောက်သွေ့လာမယ်။ ဆီးသွားပြွန်လေးကိုလည်းသက်ရောက်တယ်။ အားနည်းရင် ဆီးအောင့်မယ် ။ သွေးဆုံးကာနီးလာရင် ရာသီမမှန်ဖြစ်မယ်။ ရင်သားနာမယ် ။ စိတ်မူပြောင်းမာယ် ။ မျက်နှာနီမြန်းမယ် ။ ဟော်မုန်းအစားထိုး ကုသနည်း လုပ်ရတယ် ။

အပျိုဖြစ်နောက်ကျတာ ၊ ဗဂျိုင်းနားမဖွံ့ဖြိုးတာ ၊ သွေးဆုံးချိန်စောလွန်းတာ ၊ ရာသီမမှန်တာ နဲ့ သွေးဆုံးရောဂါတွေ အတွက် အီစထိုဂျင်တမျိုးတည်းပေးနည်းနဲ့ အီစထိုဂျင် + ပရိုဂျင်စတီရုန်း တွဲပေးနည်းတွေရှိတယ် ။ သတိတော့ထားရမယ် ။ ဟော်မုန်းအလေးချိန် အနည်းဆုံးသာပေးဘို့ ၂ဝဝ၂ ကစပြီး ထုတ်ပြန်ထားတယ် ။

အီစထိုဂျင်က ဇီဝဖြစ်စဉ်ကိုအားပေးတယ်။ အဆီပိုစုစေတယ် ။ ကောင်းတဲ့ကိုလက်စထော HDL တိုးစေပြီး ဆိုးတဲ့ LDL နည်းစေတယ် ။ ဆား + ရေ စုဆောင်းစေတယ် ။ နည်းနေရင် Binge eating ခေါ် အစားအငန်းမရ စားချင်စိတ်ဖြစ်တယ် ။ ရင်သားကင်ဆာ ၈ဝ% က ဟော်မုန်းနဲ့ ဆက်စပ်နေ လို့ ဟော်မုန်းပေးပြီးကုသနည်းပါ လုပ်နိုင်တယ် ။ ယောက်ျား ဆီးကျိတ် ကင်ဆာနဲ့လည်း ဆက်စပ်နေတယ် ။ ဆေးကုနည်းထဲမှာသုံးရတယ် ။ အလှအပသုံးပစ္စည်းတွေထဲမှာ ထည့်သုံးကြတယ် ။ အားလုံးက စိတ်ချရတာမဟုတ်ပါ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း


ဆရာရှင့် ကျွန်မအသက်က ၂၆ ပါ ။ ချောင်းတွေဆိုးနေတာ သုံးပါတ်ကျော်ပါပြီ ။ အခုချိန်ထိ မပျောက်သေးလို့ပါ ။ ပိုးသတ်ဆေးလဲ ဆရာဝန်ပေးလို့ ၅ ရက်သောက်ထားပါတယ် ။ မပျောက်ပါ ။ အခုချောင်းဆိုးရင် ချွဲတွေပါလာပြီး မနက်ပိုင်းဆို ချွဲတွေက အညိုပုပ်ပုပ်တွေ သွေးရောင် လိုလိုတွေပါလာတယ် ဆရာ ။ မိဘနဲ့ဝေးနေတာမို့ ကူညီပါဆရာ ။

အသက်ရှူလမ်းပိုးဝင်တာ ဗက်တီးရီးယား ၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ် တွေကနေ ဖြစ်စေနိုင်တယ် ။ အသက်ရှူရာကနေ ဝင်လာတာဖြစ်တယ် ။ ချောင်းဆိုး ၊ သလိပ်ထွက် ၊ ကိုယ်ပူ ၊ အသက်ရှူသွင်းချိန်မှာ စူးပြီးရင်ပတ်နာတာတွေခံစားရမယ် ။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ် ။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံ တိုးနေနိုင်တယ် ။

များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ် ။ ဖျားလာမယ် ။ ချမ်းနိုင်တယ် ။ ချောင်းဆိုးမယ် ။ သလိပ်ထွက်မယ် ။ သလိပ်က အရောင်ရှိနိုင်တယ် ။ ဖြစ်တဲ့နေရာအလိုက် လက္ခဏာ မတူတတ်ဘူး ။ တချို့က ချောင်းပိုဆိုးမယ် ။ တချို့က အသက်ရှူမဝ ဖြစ်မယ် ။ ပြာနှမ်းနေမယ် ။ အဆုပ်ကို ဖုံးထားတဲ့အလွှာမှာသာ နာတာကို ခံနိုင်တဲ့ အာရုံကြောရှိလို့ အဲဒီနေရာ ရောဂါလာ ဖြစ်ရင် နာမယ် ။ နာရင် စူးရှပြီးနာတာ။ အဆုပ်ဆိုတာ (လုပ်ဘ်) တွေရှိတယ် ။ ဘယ်မှာ ၂ ခု ၊ ညာမှာ ၃ ခု ။ တခုမှာသာ ဖြစ်တာကို (ဘိုဘာ နူမိုးနီးယား) ခေါ်တယ် ။ အဆုပ်နှစ်ဘက်လုံးမှာလဲ ဖြစ်နိုင်တယ် ။

အများဆုံးတရားခံက Streptococcus pneumoniae ဗက်တီးရီးယားဘဲ။ အခု Pneumococcal conjugate vaccine (PCV13) နဲ့ Pneumococcal polysaccharide vaccine (PPV23; Pneumovax) ကာကွယ်ဆေး ၂ မျိုး ပေါ်နေပြီ။ Pneumococcal conjugate vaccine ကာကွယ်ဆေးကို အမေရိကားမှာ ပုံမှန်ကာကွယ်ဆေး စာရင်းထဲ ထည့်တယ် ။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ် ။ နူမိုးနီးယား ဖြစ်နိုင်ခြေရှိတဲ့ လူကြီး (နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ အရက်သမား၊ စီးကရက်သောက်သူ၊ ဘေလုံးထုတ်ထားသူ၊ အသက်အိုသူ) တွေကို Pneumococcal polysaccharide vaccine ထိုးပေးတယ်။ ၅-၇ နှစ်ကြာတခါ ထပ်ထိုးတယ် ။

ထွက်တဲ့သလိပ်ကို စစ်ဆေးရင် ဖြစ်တဲ့ပိုးသိမယ် ။ ပိုးကိုနိုင်တဲ့ဆေးကိုလဲ ရှာနိုင်တယ် ။ သွေးဖြူဥတွေ များနေမယ်။ Neutrophils များနေရင် ဗက်တီးရီးယားကြောင့်၊ Lymphocytes များနေရင် ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ တီဘီပိုးကြောင့် ဖြစ်ဘို့များတယ်။ ဓါတ်မှန် ရိုက်ကြည့်ရင် သိမယ်။ Bronchoscopy ကရိယာထည့် စစ်ဆေးတာလဲ လုပ်နိုင်တယ်။ အဆုပ်အိတ်ထဲ အရည် အောင်း-များနေတာကို Pleural effusion ခေါ်တယ်။ များရင် Thoracentesis လုပ်ပြီး စုပ်ထုတ်ရမယ်။ Empyema ဆိုတာ ဖြစ်ရင် ခွဲစိတ်တန် ခွဲစိတ်ရတယ်။ Thoracoscope ကရိယာသုံးပြီး Video-assisted thoracoscopic surgery or VATS ဆိုတာ လုပ်လာနိုင်နေပြီ ။

အသက်ရှူလမ်းရောင်ခြင်းပိုးသေဆေးတွေကို ရွေးပေးရတယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ်၊ (သို့) Azithromycin 500 mg ပဌမနေ့ ပေးပြီး 250 mg ကို နေ့ ၂-၅ ရက်မှာပေးပါ။
• Amoxicillin 500 mg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။ (သို့) Fluoroquinolone (Levofloacin) 500 mg တနေ့ ၁ ကြိမ်၊
• Gatifloxacin 400 mg တနေ့ ၁ ကြိမ်၊ Sparfloxacin 400 mg စပေးပြီး 200 mg တနေ့ ၁ ကြိမ်၊
• Moxifloxacin 400 mg တနေ့ ၁ ကြိမ်၊ x ၁ဝ-၁၄ ရက်၊
• Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ x 10 days (သို့) Doxycycline 200 mg တနေ့ ၂ ကြိမ်၊ x ၁ဝ ရက်၊

ချုပ်လိုက်ရင် ပိုးသေဆေးရွေးပေးရမယ်။ ဖြစ်တာကြာထားလို့ ဆေးသောက်တာ ပိုအချိန်ယူနိုင်တယ်။ ချွဲထွက်တာ ကောင်းတယ်။ ချွဲပျော်တဲ့စေတဲ့ ချောင်းဆိုးပျောက်ဆေးကနေ ချွဲထွက်လွယ်ကူစေမယ်။ ချောင်းဆိုးရတာ ပိုများလာပြီး ချွဲထုတ်ရတာလွယ်လာရင် သက်သာလာတာဖြစ်မယ်။ အစားအသောက် ရှောင်စရာမရှိပါ။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။

တီဘီရောဂါလက္ခဏာတွေကိုလည်း သိပါ။
၁။ ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
၂။ ချောင်းဆိုး = ချောင်းဆိုးနေတာ ၂-၃ ပါတ်ကြာနေနိုင်တယ်။
၃။ ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
၎။ ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
၅။ ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
၆။ ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
၇။ အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
၈။ မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
၉။ အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
၁ဝ။ ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အသုပ်တစ်ပွဲကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးလေးများ


အသုပ်

အသုပ်လက်ရာကောင်းတဲ့ အိမ်ရှင်မတွေကို လင်ယောက်ျားတွေက အချစ်ပိုတယ်လို့ရှေးလူကြီးများက ဆိုထားကြ ပါတယ်။ ကျွန်မတို့မြန်မာပါးစပ်ကတော့ အသုပ်ဆိုရင် အမျိုးသမီး ၊ အမျိုးသား ၊ ကလေး၊ လူကြီး အားလုံးကြိုက်ပြီးသားဖြစ် ပါတယ် ။ အစပ်မစားသူတွေအတွက်ကတော့ ငရုတ်သီးကို လိုအပ်သလို ဖယ်လိုက်လျော့လိုက်ရင် အဆင်ပြေသွားမှာပါ ။ တစ်နေ့တစ်နေ့ ဘာချက်စားရမလဲ ။ အကြံအိုက်နေသူများအတွက် ကျန်းမာစေဖို့ အသုပ်စားကြပါလို့ တိုက်တွန်းလိုက်ပါ တယ်။ အသီးအရွက်သုပ်လေးတွေက အိမ်ရှင်မတွေအတွက်လည်း ထမင်းဝိုင်းလည်းမြိန်စေ ၊ ဈေးဖိုး လည်းချွေတာစေဖြစ်ပါ တယ် ။ အိမ်မှာသုပ်စားတွက်အတွက်ကြောင့်လည်း ဝယ်စားရ တာလောက်ဈေးမကြီးဘဲ လုံလုံလောက်လောက်စားနိုင်ပါ တယ် ။ သုတေသီများရဲ့လေ့လာစမ်းသပ်ချက်မှု မှတ်တမ်းများအရ လတ်လတ်ဆတ်ဆတ် အစိမ်းရောင်အရွက်များများပါတဲ့ ဟင်းရွက်စုံသုပ်တစ်ပွဲမှာ အသီးအရွက်မှရရှိတဲ့ သဘာဝအာဟာရဓာတ်များဖြစ်ကြတဲ့ ဗီတာမင်စီ ၊ ဖောလစ်အက်ဆစ် ၊ အယ်လ်ဖာ ၊ ဘီတာကယ်ရိုတင်း ၊ လိုက်ဆိုပင် ၊ ဗီတာမင်အီး စတဲ့ဓာတ်တွေ ရရှိစေနိုင်တာကြောင့် အသီးအရွက် များများစား သူတွေမျာ သွေးလည်ပတ်စီးဆင်းမှုအားကောင်းမွန်စေကြောင်းသိရှိရပါတယ် ။ ၎င်းစမ်းသပ်မှုကို Louisiana State University မှ လူဦးရေ ၁၇၅၀၀ ဖြင့်လေ့လာခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် အသုပ်စုံ ဟင်းလျာထဲမှာ အသီးအရွက်စုံ အမယ် များလေ ကျန်းမာရေးနဲ့ညီညွတ်လေပါပဲ ။ ဒါပေမဲ့ အော်ဂဲနစ် ပစ္စည်းများကိုသာ ရွေးချယ်တတ်ဖို့လိုပါတယ် ။ နေ့စဉ် ထမင်းစား မီနူးစာရင်းထဲမှာ အသုပ် ဟင်းလျာ တစ်ခွက် ပါအောင်စားခြင်းဟာ ကျန်းမာရေးအတွက် အလေ့ အကျင့်ကောင်းဖြစ်စေတာအမှန်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစိမ်းလိုက်သုပ်စားခြင်းက လူကို ပေါ့ပေါ့ပါး ပါးဖြစ်စေတဲ့အပြင် ကျန်းမာပြီး အသက်ရှည်ရှည်နေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရွေးချယ်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ဟာသန့်ရှင်းလတ်ဆတ်ပြီး ဓာတုပစ္စည်းများကင်းစင်ဖို့တော့လိုပါတယ်။ သတိပြုရမှာက မိမိပြင်ဆင်တဲ့ အသုပ်ထဲမှာ ပါဝင် ပစ္စည်းအမျိုးအစားနဲ့ အချိုးအစားဟာ ပမာဏပေါ်မူတည်ပြီး အာဟာရတန်ဖိုး ရရှိမှုမှာလည်း မတူညီနိုင်ပါဘူး ။ တကယ်လို့ အသုပ်ထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ချိစ်(သို့)မရောနိစ်(သို့) အစေ့အဆန်တွေပါဝင်မှုများပြားနေခဲ့ရင် ကယ်လိုရီများသွား ပြီးမို့ ကျန်းမာရေးနဲ့မညီညွတ်နိုင်တော့ပါဘူး။
အမေရိကန်ပြည်ထောင်စုရှိ The National Cancer Institute ရဲ့အကြံပြုချက်များအရ ကင်ဆာဝေဒနာ ခံစားနေရ သောလူနာတွေကို (က) ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုရံဖန်ရံခါမျှသာ စားသောအုပ်စု၊ (ခ) ဟင်းသီးဟင်းရွက် တစ်မျိုးတည်းကိုသာ တစိုက်မတ်မတ်စားသောအုပ်စု၊ (ဂ) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံနှစ်မျိုးစလုံးကို နေ့တိုင်းနီးပါး စုံစုံလင်လင်စားသောအုပ်စုဟူပြီး အုပ်စု-၃မျိုးခွဲလေ့လာခဲ့ရာမှာ အဲဒီနှစ်မျိုးစလုံးကိုစုံလင်စွာစားကြသူတွေမှာ ဦးနှောက် ကင်ဆာနဲ့ လည်ပင်း ကင်ဆာဖြစ်နိုင်ခြေ အလားအလာလျော့ကျသွားကြောင်း အဖြေထွက်ရှိခဲ့ပါတယ် ။ ၎င်းစမ်းသပ်မှုမှာ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့အမျိုးမျိုး၊ ပန်းငရုတ်ပွ၊ ငရုပ်သီးစိမ်း၊ ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းသီး၊ ဇီးသီး၊ ပန်းသစ်တော်သီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီးတို့ပါဝင်ပါတယ် ။

အသုပ်စားသုံးခြင့်ဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့

ကိုယ်အလေးချိန်ကျစေပါတယ်
ကျန်းမာရေးသုတေသီများရဲ့ အကြံပြုချက်အရ ကိုယ်အလေးချိန်ကျလိုသူများဟာ ထမင်းဝိုင်းမှာ ဟင်းရွက်စုံသုပ် တစ်ပန်းကန်နဲ့ဦးစွာပထမ ဝမ်းဖြည့်ထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာပါရှိတဲ့အမျှင် ဓာတ်က လူကိုဗိုက်ပြည့်သွားစေပြီး ဆာလောင်မှုကိုအာသာပြေသွားကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာ ကြောင့် ဝိတ်တက်မှာကိုစိတ်မပူရတော့ပါဘူး။

ခံတွင်းမြိန်စေပါတယ်
ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတို့ရောပြွန်းထားတဲ့အသုပ်စုံတစ်ခွက်ရဖို့အတွက် လှီးချွတ်ပြင်ဆင်ရတာ အတန်ငယ်ကရိကထများပေမယ့် အဲဒီအသုပ်ထဲရှိ အရောင်အမျိုးစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်ဝါးစား ရတာကြောင့် လူကိုခံစားမှုအပြောင်းအလဲဖြစ်ကာ ခံတွင်းမြိန်စေပြီး အာဟာရဖြစ်စေပါတယ်။

ကယ်လိုရီကျစေပါတယ်

ဟင်းသီးဟင်းရွက်တွေကို ဆီဖြင့်မကြော်ဘဲ သုပ်စားတဲ့အတွက်ကြောင့် လူကိုကယ်လိုရီကျစေပြီး ကိုယ်အလေး ချိန်ကျဖို့ကိုလည်း အထောက်အပံဖြစ်စေပါတယ်။ အသုပ်ထဲကို သံလွင်ဆီထည့်သုပ်ခြင်း ၊ ထောပတ်သီးပါးပါးလှီးထည့်ခြင်း ၊ Lycopene ဓာတ်ပါဝင်သော ခရမ်းချဉ်သီးထည့်ခြင်း၊ Lutein ဓာတ်ပါသော အစိမ်းရင့်ရောင်ဟင်းရွက်များလှီးထည့်ခြင်း ၊ သံ ဓာတ်ပါသော ဟင်းနုနွယ်ရွက် ကိုရေနွေးဖြောထည့်ခြင်း အထူးတလည်အမယ်စုံအောင်ပြင်ဆင်စားသုံးနိုင်မယ်ဆိုရင် ကယ်လိုရီ ကျစေသောဟင်းလျာကောင်းတစ်ခွက်ကိုရရှိနိုင်ပါပြီ ။ လေ့လာစမ်းသပ်မှုမှတ်တမ်းများအရ၊ အစိမ်းရောင်အရွက်စုံ သုပ်တစ်ဇလုံကိုတစ်ထိုင်တည်းစားခြင်းက ကယ်လိုရီ ၁၅၀ ကျစေကြောင်းအကြံပြုထားပါတယ် ။ ဆောင်ပုဒ်က ‘Bigger is better’ ပါတဲ့ ။ ဆိုလိုသည်မှာ “ကယ်လိုရီများများကျလေ ကျန်းမာရေးအတွက်ပိုကောင်းလေ” ဖြစ်ပါတယ် ။

အမျှင်ဓာတ်တွေ ရရှိနိုင်ပါတယ်

အမျှင်ဓာတ်ပါတဲ့ ဟင်းရွက်စုံသုပ်တစ်ပွဲက ကိုလက်စထရောကိုကျစေကာ ဝမ်းချုပ်ခြင်းကို လည်းပြေလျော့စေပါ တယ် ။ တနည်းအားဖြင့်ဆိုရင် အမျှင်ဓာတ်က ကိုယ်အလေးချိန်ကျခြင်း၊ အူသိမ်အူမများကိုသန့်စေခြင်း ၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပေးပါတယ် ။

အကောင်းဆုံးသရေစာဖြစ်ပါတယ်

ဟင်းသီးဟင်းရွက်အသုပ်စုံဆိုတာ နေ့လည်စာ၊ ညစာတို့လို ထမင်းဖြင့်စားဖို့သက်သက် ဟင်းလျာ မျှသာမယူဆ သင့်ပါဘူး ။ ဥပမာ-ကွတ်ကီး၊ အာလူးကြော်၊ ဒိုးနတ်မုန့်တို့မစားဘဲ မြင်းခွာရွက်သုပ် ၊ ဂျင်းသုပ် ၊ မိုးကျလက်ဖက်သုပ် ၊ ပဲကတ္တီပါသုပ် ၊ ငှက်ပျောဖူးသုပ် ၊ ပဲပင်ပေါက် ပဲပြားသုပ် ၊ ထမင်းသုပ် ၊ မုန့်ဖတ်သုပ် ၊ မဲဇလီဖူးသုပ် ၊ သင်္ဘောသီးသုပ် ၊ ရှောက်သီးသုပ် ၊ ကျောက်ပွင့်သုပ် ၊ ရေညှိစိမ်းတို့ကိုစားပေးခြင်းက ကျန်းမာရေးနဲ့ညီညွတ်သောအဆာပြေသရေစာများဖြစ် ပါတယ် ။

အာဟာရစုံနိုင်ပါတယ်

မည်သည့်အသုပ်မျိုးဖြစ်ပါစေ။ အသုပ်တစ်ပွဲမှာ အခြေခံအားဖြင့် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးအနှစ် ၊ ငရုတ်သီးစိမ်း ၊ သံပုရာရည်(သို့)ရှောက်ရည် ၊ ရှောက်ရွက်တို့ပါရှိကြစမြဲဖြစ်ပါတယ် ။ ဥပမာ-မြင်းခွာရွက်သုပ်တစ်ပွဲရဖို့ အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ထည့်ပေးရပါမယ် ။ မိမိပြင်ဆင်တဲ့အသုပ်ပွဲအမျိုးအစားပေါ်မူတည်ပြီး ဆလပ်ရွက်၊ အာလူး၊ သခွားသီး၊ မုန်လာဥနီ၊ ပူစီနံရွက်၊ ပင်စိမ်းရွက်၊ ပဲပင်ပေါက် စသည်ဖြင့်စီမံထည့်ဝင်ရပါမယ်။ ဟင်းသီးဟင်းရွက်တွေ မှာ သူ့အမျိုးချင်းစီလိုက် သဘာဝအလျောက်ကျန်းမာရေးအာနိသင်ပါရှိနေကြပြီး၊ ၎င်းဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကိုရောစပ်၍ အသုပ်စုံလုပ်စားခြင်းဖြင့် အမျိုးမျိုးအဖုံဖုံသော ကျန်းမာရေးအာနိသင်တွေကို ထမင်း တစ်နပ်စာထဲမှာပင် ရရှိသွားမှာဖြစ်ပါတယ် ။ အသီးအနှံမကြိုက်သူတွေ အတွက် အဆင်ပြေစေ ပါတယ် အသီးအနှံမကြိုက်သူများနဲ့ ရံဖန်ရံခါမှသာစားလေ့ရှိသူများဟာ ဟင်းရွက်စုံသုပ်ကို ထမင်းနဲ့တွဲဖက် ၍သော်လည်း ကောင်း ၊ သရေစာအစာပြေအသုပ်လုပ်စား၍သော်လည်ကောင်း အချိန်ယူစီမံ၍ စားပေးသင့်ပါတယ် ။ ဒါမှသာ အပင်မှရတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းလေးများက ခန္ဓာကိုယ်ထဲရှိ လူကိုဘေးဖြစ်စေတတ်တဲ့ Free radicals မော်လီကျူးများ အန္တရာယ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုသော် ကျွဲကောသီးမကြိုက်ပါက သုပ်စား ၍သော်လည်း ကောင်း ၊ ထောပတ်သီး မကြိုက်ပါက အသုပ်ထဲမှာ ခပ်ပါးပါးလှီးထည့် ၍သော်လည်ကောင်း ရောပြွန်း၍ ထည့်စားပေးနိုင်ပါ တယ် ။

သဘာဝအဆီဓာတ်ကို ရရှိစေပါတယ်

ကျန်းမာရေးအတွက် ညီညွတ်တဲ့အသုပ်ဖြစ်ဖို့အတွက်ဆိုရင် သံလွင်ဆီကိုသာဦးစားပေးရွေးချယ်ရမှာပါ ။ ဘာ ကြောင့်လဲဆိုရင် သံလွင်ဆီနဲ့နယ်ထားတဲ့ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံမျိုးစုံကို ဝါးစားမျိုချ လိုက်တဲ့အခါ ၊ ၎င်းအရော အနှောများဟာ ခန္ဓာကိုယ်ထဲက အပူရှိန်ဖြင့်ကောင်းစွာချက်လုပ်ပြီး၍ ဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်ထဲကအပူရှိန်ဖြင့်ကောင်း စွာချက်လုပ်ပြီး၍ ဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်ကြီးက photo-chemicals တွေကို ကာကွယ်ပေးနိုင်တာမို့ ခံရခက်တဲ့ကင်ဆာရောဂါဆိုးတွေမှ ကင်းဝေးစေနိုင် ပါလိမ့်မယ် ။ အကယ်၍ အသုပ်ထဲမှာ ဆီသုံးတာများနေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီ ညွတ်နိုင်တော့ပါဘူး ။ ဆီများများစားသုံးခြင်းက ကင်ဆာရောဂါနဲ့ နှလုံးရောဂါကိုဖြစ်စေနိုင်လို့ အထူးသတိပြုပါ ။

ပေါက်ပေါက်
HealthGuide
https://www.facebook.com/healthguidemyanmar/

အ၀လွန်သောအမျိုးသမီးမရှိစေရ


လူသားဟူသည် အလှအပကြိုက်သည်မှာ အမှန်ဖြစ်သည် ။ မိမိ ကိုယ်တိုင်လည်း လှပချင်သလို အများသူငါ လှပတာ မြင်ရင်လည်း အားကျတတ်သည်မှာ လူသဘာဝ ပင်ဖြစ်သည် ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အလှအပ ကြိုက်သလို လမ်းတွင် တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးများတွေ့ရင် လည်ပြန်ငေးတတ် သည်မှာ ယနေ့အချိန်ထိဖြစ်သည် ။ သို့သော်လည်း ထိုသို့သော အလှအပ နောက်သို့ ကောက်ကောက် ပါပြီး ဖြတ်လမ်းမှ လိုက်၍ အမှားနောင်တ ရသူတွေလည်း ရှိနေသလို မှန်ကန်သည့် နည်းစနစ်ဖြင့် ပုံမှန်လျောက်လှမ်းနေသူများလည်းရှိသည် ။

ကျွှန်တော် ဆိုလိုသည်မှာ ကျွန်တော်တို့ဧ။် ကမ္ဘာမြေကြီးသည် ယနေ့အချိန်အခါတွင် နည်းပညာများသည် အချိန်နှင့် တပြေးညီ တိုးတက် နေသည်မှာ လူသားတိုင်း အသိဖြစ်သည် ။ တိုးတက်လာသည် နည်းပညာများနှင့် အပြိုင် လူသားတို့ဧ။် အလှအပ ကို မက်မော ခင်တွယ်စိတ်ဖြင့် သဘာဝနည်းလမ်း မဟုတ်သည့် အရာများဖြင့် ပြုပြင် ခွဲစိတ်မှုများ သည်လည်း တရှိန်တိုး ပြုလုပ်လာကြသည် ။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ နည်းပညာများ တစ်စစဖြင့် ထွန်းကားနေပြီဖြစ်သည် ။ ရင်သား ၊ တင်သား များခွဲစိတ်ပြီး ဆီလီကွန်များ ထည့်သွင်းခြင်း ၀မ်းဗိုက်ခွဲစိတ်ပြီး အဆီပြင် အလွာလိုက် ထုတ်ခြင်း၊ အဆီစုတ်ထုပ်ခြင်း ၊ အစားများများ မ၀င်နိုင်အောင် အစာအိမ်ကိုကိုခွဲစိတ်ပြီး လမ်းလွဲခြင်း၊ အစားအစာ အငတ်ခံနည်း ၊ ၀မ်းဗိုက်ကို ဆေးပူလိမ်းပြီး နှိပ်နှယ်ခြင်း ၊အဆီကျဆေးဆိုပြီး ၀မ်းနုတ်ဆေးနီးနီး အာနိသင်ဆေးဝါးများ သောက်သုံးခြင်း ၊ အဆီကျစားသောက်နည်း ပရိုဂ၇မ်များဖြင့် လွဲမှားစွာ စားသုံးခြင်းစသည့် နည်းလမ်းများဖြင့် ဖြတ်လမ်းမှ လိုက်ပြီး ခဏတာ အဆီကျခြင်းကို မက်မောတွယ်တာ၍ ကိုယ်တွင်း အင်္ဂါ၇ပ်များ ထိခိုက်မည် ဆိုတာကို နားမလည်ကြပေ။ အဆိုပါ အရာများသည် လုံးဝ မလုပ်ပါနှင့်ဟုလည်း မတားဆီးနိုင်ပေ မိမိကိုယ်ကိုသာ ပိုင်ဆိုင်ပါသည် ။ မှားသည် မှန်သည် အကျိုးအပြစ် ကို ကိုယ်တိုင်ဆင်ခြင်ပါ နားလည် တတ်ကျွမ်းသည် ဆရာများနှင့် တိုင်ပင်ပြီး ဆွေးနွေးသုံးသပ်ပါ သူများပြော စကားအတိုင်း လက်ခံပြီး မျက်စိမှိတ် မယုံလိုက်ပါနှင့် ။ ခါးသေး ရင်ချီ ပဒုမ္မနီ ဆိုသည့် ဆိုရိုးစကား အတိုင်း မဖြစ်ရင်နေပါစေ သင့်တင့်သည် ကိုယ်ခန္ဓာ အချိုးအစား ရနိုင်ရေးကို အရင်မျှော်မှန်းပါ။ကျန်းမာရေး ပျက်ယွင်းပြီး ကိုယ်ခန္ဓာ အချိုးအစား ကြည့်မကောင်းအောင် အထိ ပိန်လွန်းခြင်း ၊ ၀လွန်းခြင်းသည် အများသူ အမြင်တွင် လုံးဝမတင့်တယ်နိုင်ပေ ။

ယနေ့အချိန်အခါသည် ။နိုင်ငံတော်ဧ။် ဈေးကွက်စီးပွားရေးစနစ် နက်နဲကျယ်ပြန်လာတာနဲ့ အမျှ နိုင်ငံသား တို့ရဲ့ ကျန်းမားရေး ထိန်းသိမ်းမြှင့်တင်တတ်မှု အသိတရားဟာလည်း တစ်ဆင့်ခြင်း လိုက်ပါတိုးတက် လာတာကို တွေ့ရ ပါတယ် ။ မြို့ပြဒေသအချို့ရဲ့ ကျန်းမာရေးအသိတရားအခြေအနေဟာ စည်းကမ်း တကျ နေထိုင် စားသောက်မှု အဆင့်ကို ကျော်လွန်ပြီး ကိုယ်ခန္ဓာကြံခိုင်ရေးအတွက် သင့်တော်ရာ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခြင်းနဲ့ ဘ၀ရဲ့အမြင့်မားဆုံး ကျန်းမားရေးဆု ရယူတတ်သူ အရေအတွက်ဟာ သိသိသာသာများပြားလာတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။အရင်တုံးက အိမ်မှုကိစ္စတွေနဲ့ဘဲ တစ်နေ့တာ အချိန် ကုန်လွန်တတ်တဲ့ အမျိုးသမီးတွေဟာ အခုတော့ အိမ်မှုကိစ္စလုပ်ကိုင်ရုံလောက်နဲ့ ကိုယ်ခန္ဓာကြံခိုင်မှုအတွက် စိတ်မချရဘူး မလုံလောက် ဘူးဆိုတာ သူတို့သိလာကြပါပြီ။

ဒိလိုသိလာတာနဲ့အမျှ မေတို့ယုံကြည်နှစ်ခြိုက်ရာ နည်းလမ်းအမျိုးမျိုးနဲ့ ကိုယ်ကာယ ကြံခိုင်ရေးကို လေ့ကျင့် တည်ဆောက်လာကြပါတယ် ။ နည်းမျိုးစုံအနက်က အမျိုးသမီးကိုယ်ကာယ လှပမှုကို အချိန်တိုအတွင်း အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ ကိရိယာလွတ်/ ကိရိယာ တွဲဖက် ကာယအလှလေ့ကျင့်နည်းဟာ ခုချိန်မှာ အမျိုးသမိးများ အဓိကအားထားရာ ရေပန်းအစားဆုံး လေ့ကျင့်မှုတစ်ခု ဖြစ်နေပါတယ် ။
ကာယအလှကိုလေ့ကျင့်တဲ့ အမျိုးသမိးတို့ရဲ့ရင်ထဲမှာ၊ အချိုးအစားမကျတဲ့ ကိုယ်ခန္ဓာကိုအမြန်ဆုံး အချိုးအစားကျအောင် ပြုပြင်လိုကြပါတယ် ။ ဒီဆန္ဒကို အရင်းတည်ပြီး အမြန်ဆုံးဖြစ်ချင်စိတ်နဲ့ ကြားဘူးနားဝရှိတဲ့ ဒါမှမဟုတ် ယုံကြည်ဘွယ်ရာ ပုဂ္ဂိုလ်များရဲ့ အကြံပေး လမ်းညွှန်မှုနဲ့  မြန်မြန် ကျ မြန်မြန်လှရင်ပြီးရောဆိုပြီး ရေပေါ်ဆီဖြတ်လမ်းနည်းကို သုံးတတ်ကြပါတယ် ။

ဒီအခါမှာ အမျိုးသမီးတို့ဟာ ကိုယ်အလေးချိန်လျော့အောင် ရေလျော့သောက်တယ် ၊ အစား အစာ လျော့ စားတယ် ၊ ညစာလွတ်တယ် ၊ ၀မ်းနုတ်ဆေး၊ ဆီးဆေးနဲ့ ကောင်းနိုးရာရာအဆီကျဆေးတွေ သောက်တယ် ၊ အပြင်းစားခုန်တယ်၊ အပြင်းစားတစ်ကိုယ်လုံးခါတယ်၊ ရေနွေးအကြာကြီး စိမ်ချိုး တယ် ၊ ပိန်နေတဲ့ သူက လည်း ၀လာအောင် အဆီအစိမ့်တွေများများစား ကိုယ်ခန္ဓာကိုအနည်းဆုံး လှုပ်ရှားပြီး တစ်နေကုန်အိပ်တယ် ၊ ပြီးတော့ ဗိုက်ချပ်အောင် တစ်ခုခုနဲ့စည်းတယ် ၊ ၀မ်းဗိုက်နဲ့ ဆီးစပ်ပိုင်းကို ခြေဖ၀ါးနဲ့ ခပ်ဖွဖွဖိပြီး အနင်းခံ တယ် ။ဒီလိုလုပ်တာတွေဟာ နဂိုလက်ရှိကျန်းမာရေးကို ထိခိုက်စေတဲ့ ပိုးဖလံမျိုးမီးကိုတိုး ကျိန်းသေ ကိုယ်ကျိုးနည်းမယ့် အမှားဆုံးလုပ်ရပ်တွေပါဘဲ ၊ ကာယအလှလေ့ကျင့်ရေးနည်းလမ်း အမှန်နဲ့လည်း တစ်လမ်းဆီ မျဉ်းပြိုင်အနေအထားဖြစ်နေပါတယ်။ ဒီအမှားတွေ ဘယ်လိုဖြစ်ပေါ်လာသလဲလို့ ဆန်းစစ် ကြည့်ရင် ကိုယ်အလေးချိန်လျော့ဖို့ ကိုယ်အလေးချိန်တက်ဖို့ဆိုတဲ့ ဦးတည်ချက် နဲ့ လေ့ကျင့် ခန်း လုပ်တဲ့နေရာမှာ ကိုယ်အလေးချိန်ကို အဓိကမထားဘဲ အဆီကျပြီး ကြွက်သားတွေပုံစံကျကျ ကျစ်လစ် ဖွံ့ဖြိုးဖို့သာ ရည်ရွယ်ရမှာ ဖြစ်ပါ တယ် ။မလိုအပ်တဲ့ အဆီတွေလျော့ချဖို့နဲ့ လိုအပ်တဲ့ကြွက်သားတွေ ဖွံ့ဖြိုးလာဖို့ ဘယ်လောက် အတိုင်းအတာထိ လေ့ကျင့်ရမလဲဆိုတာကတော့ ပုံသေအတိအကျတွက်လို့ ရတဲ့အရာ မဟုတ် ပါဘူး၊ လေ့ကျင့်သူရဲ့ လက်ရှိအခြေအနေများအပေါ်မှာသာ အခြေပြုတည်နေလို့ ဆိုရပါလိမ့်မယ်။ အဆီပိုလျော့ချရာမှာ မှန်ကန်တဲ့လေ့ကျင့်ခန်းနဲ့ သင့်တင့်မျှတစွာ ကယ်လိုရီဓာတ်ပါဝင်တဲ့ အစားအစာကို စည်းကမ်းတကျ ချင့်ချိန်စားသောက်ပေးခြင်းကသာ အဆီကိုလျော့ချခြင်းရဲ့ အရေး ကြီးဆုံး ပင်မသော့ချက်ဖြစ်ပါတယ် ။

တစ်ချို့က အစားအသောက်လျော့၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီး အဆီ လျော့တတ်ကြပါတယ်၊ အစားအသောက်နည်းလို့ လိုအပ်တဲ့ကယ်လိုရီမရတဲ့ချိန်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုရဲ့ ကယ်လိုရီလောင် ကျွမ်းနှုန်းဟာ သူ့ရဲ့လောင်စာကယ်လိုရီနဲ့ အဆီကုန်ခမ်းသွားခဲ့ရင် ကြွက်သားကိုပါ လောင်စာအဖြစ်နဲ့ ဆက်လက်လောင်ကျွမ်းစေတာကြောင့် ဖွတ်မရ-ဓားလည်း ဆုံးမယ် ၊ ကြံ့ခိုင်မှုပျက်သုန်းခြင်း ကို ဖြစ်ပေါ်စေပါတယ် ။အဆိုးဝါးဆုံးကတော့ ၀နေတဲ့ကိုယ်ခန္ဓာကို ချက်ချင်းအလေးချိန်လျော့ကျသွားပြီး ကြည့် ကောင်းအောင် အစားအသောက်ကို အနည်းဆုံးကန့်သတ်စားသောက်တဲ့ နည်းဘဲဖြစ်ပါတယ် ။ ပိန်ရင် ကြည့်ကောင်းတယ်ဆိုပြီး၊ အလွန်အကျွံအစားအသောက်လျော့ခြင်း၊ (Diet) နည်းကိုသုံးတဲ့ အမျိုးသမီးတွေဟာ နောက်ပိုင်းမှာ အစားအသောက် ပျက်ခြင်းဝေဒနာ (Arioreda Nernosa) ခံစားရပြီး အံ့သြရလောက်အောင် အရိုးပေါ်အရေတင် ပိန်လှီတဲ့ဘ၀နဲ့ အသက်ဆုံးရှုံး ကြရပါတယ် ။

တစ်ချို့ကြပြန်တော့ ပိန်နေတဲ့ကိုယ်ခန္ဓာကို ပြည့်လာအောင်လို့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး လှုပ်ရှားမှုနည်းနည်းဘဲ လုပ်ကြပါတယ်၊ ဒီလိုလုပ်တဲ့အခါ လိုတာထက် အဆမတန်များနေတဲ့ ကယ်လိုရီဟာ အဆီနဲ့ကိုလက်စထရောလ်အဖြစ်ပြောင်းလဲပြီး သွေးကြော များကို ကျဉ်းမြောင်းစေတဲ့ အတွက် သွေး တိုးရောဂါနဲ့  (Coronary Occlusion)လို့ခေါ်တဲ့ နှလုံး သွေးကြောပိတ်ရောဂါကို တကူးတကမွေးမြူထား သလို ဖြစ်နေပါတယ် ။ ဘာကြောင့်လဲလို့ရှင်းပြရရ င်၊  အမျိုးသမိးတို့ရဲ့အစားအစား သာမာန်စားသုံးနှုန်းဟာ တစ်ပတ်မှာ ကယ်လိုရီ (၁၅၀၀)တိတိ ပိုလျှံစေပါတယ်။ ဒီပိုလျှံကယ်လိုရီကို ကျန်းမာရေးအသိနဲ့ အမြဲတွက်ချက် ချေဖျက်သွားသင့်ပါတယ်၊ လှုပ်ရှားမှုနည်းပါးတဲ့ အလေ့အ ထကြောင့် လောင်ကျွမ်းချေ ဖျက်နိုင်မှု မရှိခဲ့ရင် ပိုလျှံကယ်လိုရီဟာ (Fats) ခေါ် အဆီဓာတ်အဖြစ် ပြောင်းလဲသွားပါတယ် ၊ ဒီအခါမှာ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်အလိုက် တည်ရှိရမယ့်ကြွက်သား/အဆီအချိုးမှာ အဆီ အလေး ချိန်နဲ့ရာခိုင်နှုန်း ပိုမိုများပြားလာပါလိမ့်မယ် ။ အဲဒီအခါ အဆီအချိုးလွန်ကဲခြင်းဖြစ်လာပြီး ကိုယ်ခန္ဓာ အချိုးအဆစ်ဟာလည်း တစ်နေ့တစ်ခြား ပုံပျက်ပန်းပျက် ၀လာပါလိမ့်မယ် ။ ဒီလိုဖြစ်လာပြီဆိုရင် ၊ လိုတာထက်ကိုယ်အလေးချိန်တိုးပြီး ၀လာလေလေ အသက်ပိုတို လေလေဆိုတဲ့ ကျန်းမာရေးအသိနဲ့ ကြွက်သား / အဆီအချိုး ပြန်လည်မှန်ကန်မှုရရှိရေးအတွက် လှုပ်ရှားမှုကို ချိန်ဆပြုလုပ်သွားဖို့လိုပါတယ် ။ ချိန်ဆလှုပ်ရှားသွားနိုင်ဖို့အတွက် နေ့တဓူဝ လုပ်ဆောင်နေကျအလုပ် သီးခြား လေ့ကျင့်လှုပ်ရှားမှုတွေရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်း အကြမ်းဖျဉ်းပမာဏကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ် ။

နေထိုင်လှုပ်ရှားမှုများ အသုံးပြုကယ်လိုရီ
ငြိမ်ငြိမ်ထိုင်နေခြင်း ၈၅- ၁၀၅
အိမ်သန့်ရှင်းရေး/ ရုံးအလုပ် ၁၂၅- ၃၀၀
လမ်းလျှောက်ခြင်း (တစ်နာရီ ၂ မိုင်နှုန်း) ၂၁၀- ၂၃၀
အမြန်လျှောက်ခြင်း (တစ်နာရီ ၄ မိုင်နှုန်း) ၃၁၅- ၃၄၅
တင်းနစ်ရိုက်ခြင်း၊ ဖြေးဖြေးပြေးခြင်း
(Jogring) တစ်နာရီ ၆ မိုင်နှုန်း ၃၁၅- ၄၈၀
ဘတ်စကတ်ဘောလ်/ ဘောလီဘောလ်
အေရိုးဗစ်/ ကြပ်တောင်/ ရေကူး
ကာယအလှကစားခြင်း ၄၈၀- ၆၂၅

အလေးချိန်လျော့ ကာယအလှလေ့ကျင့်တော့မယ်ဆိုရင် အစားအစာအနည်းဆုံး ကန့်သတ်လျော့စားတဲ့နည်းလမ်းကို လုံးဝရှောင်ကျဉ်ဖို့လိုသလို ဆင်ခြင်ချိန်ဆ စားသောက်နည်း ကိုလည်း မဖြစ်မနေအသုံးပြုတတ်ဖို့လိုပါတယ်။
ဘာပြုလို့လဲဆိုတော့-
ကိုယ်ခန္ဓာအချိုးအဆစ်ကြံ့ခိုင်မှုဟာ အစားအသောက်အပေါ် (၄၀)ရာခိုင်နှုန်း လှုပ်ရှားမှုအပေါ် (၃၀)ရာခိုင်နှုန်း အခြေပြုတည်ဆောက်ထားလို့ဘဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်လျော့လိုတဲ့ အမျိုးသမီးတို့ဟာ အစားအစာ ဆင်ခြင်ချိန်ဆ စားသောက်တဲ့နည်းနဲ့အညီ
(၁) (Fats) အဆီဓာတ်များပြားတဲ့ ဟင်းရွက်ဆီ၊ ၀က်သား၊ ဘဲသား၊ အမဲသား၊ အဆီနဲ့ သွေးကြောတွင်း အဆီဖြစ်စေတဲ့ ကိုလက်စထရော (Cholesterol) ပမာဏများကို လုံးဝ ရှောင်ကျဉ်စားသုံးရပါမည်။ (အကာကို လိုသလောက်စားသုံးနိုင်ပါတယ်။)
(၂) ကယ်လိုရီ အကြွယ်ဝဆုံးဖြစ်တဲ့ အဆီနဲ့ အချိုဓာတ်များပြားတဲ့ အိုက်စ်ကရင်၊ ကိတ်မုန့်၊ ဘီစကစ်မုန့်၊ အဆီများသော နို့၊ မလိုင်၊ ထောပတ်၊ Margaring ဟင်းရွက်ဆီ၊ ဒိန်ခဲများကို ရှောင်ကျဉ်စားသောက်ရပါမယ်။
(၃) (Arbohydrites) ကဆီဓာတ်များပြားတဲ့ အာလူး၊ ပိန်းဥ၊ ကန်းစွန်းဥ၊ ပြောင်းဖူး၊ သာကူ၊ ကောက်ညှင်းဆန်များကို ဂရုပြုချိန်ဆစားသောက်ရပါမယ်။
(၄) စည်သွပ်အသား/ဖျော်ရည်များနဲ့ ဆော်ဒါများစွာ ထည့်လုပ်ထားတဲ့ အစားအစာကို ရှောင်ကျဉ်စားသောက်ရပါမယ်။
(၅) အချိုဓာတ်လွန်ကဲတဲ့ အစားအစာများနဲ့ ဖျော်ရည်များကို ရှောင်ကျဉ်ရပါမယ်။ ဟောလစ်၊ ကိုးကိုး၊ မက်တိုဘာ၊ ကော်ဖီ၊ လက်ဘက်ရည်သောက်ခြင်းကို အချိုဓာတ်အနည်းဆုံးနဲ့ လျော့နိုင်သမျှ လျော့သောက်ပါ။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အသီးအနှံ (သံပရာရည်) ဖျော်စပ်ရာမှ သကြားအစား (Glucose) ဂလူးကို့အသုံးခြင်းဟာ ကိုယ်ခန္ဓာ အတွင်း အဆီတည်ဆောက်မှု အချိုလွန်ကဲခြင်းကို ကင်းရှင်းစေပါတယ်။
(၆) တစ်ချို့က အချဉ်ဓာတ်ရှိတဲ့ အစားတွေတိုင်းမှာ ကိုလက်စထရော (Cholestrol) ဓာတ် ကင်းရှင်းတယ်လို့ ထင်ကြပါတယ်။ အဲဒါ မှားပါတယ်။ မန်ကျည်းသီး၊ မရမ်းသီး၊ ဇီးသီး တွေမှာ ကိုလက်စထရော (Cholestrol)ဓာတ် ပမာဏဟာ အသင့်အသင့်ပါဝင်နေတာမို့ ကိုလက်စထရောလ်ဓာတ် နည်းပါးကင်းရှင်းတဲ့ သံပရာသီး၊ ရှောက်သီး၊ ဇီးဖြူသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သရက်သီးတို့ကို ဦးစားပေး ရွေးချယ်စားသုံး ပေးသင့်ပါတယ်။
(၇) ဟင်းအနှစ် ဟင်းအရည်များများနဲ့ အစားအစာစားသောက်ခြင်းကို ရှောင်ကျဉ်ရပါမယ်။
(၈) ရေသောက်နည်းခြင်းမရှိစေဖို့ ရေအေးသောက်သုံးခြင်းကို တစ်နေ့ ပျမ်းမျှနှုန်း အနည်းဆုံး ဖန်ခွက် (၈)ခွက် သောက်သုံးပေးရပါမယ်။ အဆီအချိုးပိုမိုမှုကာကွယ်ရေး နည်းလမ်း ကောင်းတစ်ခုဖြစ်တဲ့ ရေလုံလောက်စွာသောက်သုံးပေးခြင်းကို မိမိအရပ်အမြင့် (လက်မ ပေါင်း)အား တစ်လက်မနှစ်ပေါင်နှုန်းနဲ့တွက်ချက်ပြီး ယင်းပေါင်ချိန်ထက် (၂၅)ပေါင်ပိုတိုင်း တစ်နေ့ ပျမ်းမျှသောက်နှုန်း ဖန်ခွက် (၈)ခွက်အပြင် ရေအေးတစ်ဖန်ခွက်နှုန်းကျ တိုးမြှင့် သောက်သုံးပေးရပါမည်။
(၉) အစားအစာစားသောက်ချိန်နဲ့ ရေသောက်ချိန် အနည်းဆုံး နာရီဝက်ခန့် အစာ စားသောက်ချိန်နဲ့ လဲလျောင်းအိပ်စက်ချိန်ကို အနည်းဆုံး တစ်နာရီခန့် ကွာခြားပြီး ညစာစားချိန်နှင့် အိပ်ရာဝင်ချိန်အကြား ညင်သာတဲ့လှုပ်ရှားမှုတစ်ခုခု ရှိသင့်ပါတယ်။ (ဥပမာ- လမ်းလျှောက်ခြင်း)
(၁၀) လေ့ကျင့်ခန်းအတွက် အနားတဲ့အခါ လဲလျောင်းအိပ်စက်ပြီး အနားမယူမိပါစေနဲ့၊ သွေးလှည့်ပတ်နှုန်းကျဆင်းပြီး လှုပ်ရှားမှုဆက်စပ်ခြင်း ကင်းမဲ့စေကာ ရာနှုန်းပြည့် ထိရောက်နိုင်ခြင်းမရှိတော့ဘဲ ဖြစ်သွားပါလိမ့်မည်။
(၁၁) ကရိယာတွဲဖက်လှုပ်ရှားမှု နည်းစနစ်သင်ကြားရာမှာ (အလေးလွတ်အပေါ့)နဲ့ စတင် လေ့ကျင့်ရပါမယ်။
(၁၂) နေမကောင်းတဲ့ဖြစ်တဲ့အခါ လေ့ကျင့်လှုပ်ရှားမှု လုံးဝမပြုလုပ်ပါနဲ့။
(၁၃) လှုပ်ရှားမှုအင်အားမှန်ကန်စေဖို့အတွက် အသက်ရှုခြင်းကို ဖွင့်ပြီးရှုထုတ်ပါ။ (နှာခေါင်းမှ ရှုသွင်းပြီး ပါးစပ်မှမှုတ်ထုတ်ရမှာ ဖြစ်ပါတယ်။)
(၁၄) လေ့ကျင့်ကောင်းတိုင်း စိတ်အလိုလိုက်ပြီး သတ်မှတ်ထားတာထက် ပိုကစားခြင်းကို ရှောင်ကျဉ်ရပါမယ်။
(၁၅) လေ့ကျင့်မှုပြုလုပ်ရာမှာ ရှောင်ကျဉ်ရမယ့် အချက် (၅)ချက် ရှိပါတယ်။ (တစ်) စိတ်ပါဝင်စား မှု မရှိခြင်း။ (နှစ်) အကြိမ်/အကျော့/အလေးသတ်မှတ်မှု များလွန်ခြင်းနဲ့ နည်းလွန်းခြင်း။ (သုံး) နည်းစနစ်ကျမှုကို အလေးမထားခြင်း။ (လေး) ပင်ပန်းခဲယဉ်းလွန်းတဲ့ လေ့ကျင့်ခန်း များကို အစဉ်အလိုက် စတင်မလှုပ်ရှားခြင်းနဲ့ ချို့ယွင်းချက်အရှိဆုံး ကြွက်သားအစိတ် အပိုင်းများအတွက် ဦးစားပေးစတင်မလှုပ်ရှားမှုများ ပြီးဆုံးပါက သွေးအေးလေ့ကျင့်ခန်းများ ကို မပျက်မကွက် ပြုလုပ်ရပါမယ်။
(၁၇) လေ့ကျင့်ပြီးသောအခါ အမောပြေမှ ရေချိုးပါ။ (အချိန်ကြာကြာစိမ်ပြီး မချိုးပါနဲ့) ရေချိုးပြီး အ၀တ်နဲ့ ခြောက်အောင်သုတ်ပစ်ပါ။ အေးတဲ့ရာသီမှာ ကိုယ်ကိုနွေးထွေးစေမယ်။
(၁၈) ပျမ်းမျှတစ်နေ့ (၈)နာရီတိတိအိပ်စက်ပါ။ ည(၁၀)နာရီမှ နံနက်(၆)နာရီအတွင်း အိပ်စက်ရင် ပိုသင့်တော်ပါတယ်။ တကယ်လို့ ကာယ/ဥာဏအသုံးချချိန်များတဲ့နေ့တွေအတွက် အိပ်ချိန် တိုးမြှင့်ပြီး အနားယူတဲ့အခါ အိပ်ရာထချိန် နံနက်(၆)နာရီကို မပြောင်းလဲဘဲ ညအိပ်ရာ ၀င်ချိန် စောပြီးအိပ်ရာဝင် အနားယူရပါမယ်။
(၁၉) လှုပ်ရှားမှုပြုချိန်/လှုပ်ရှားမှုကင်းမဲ့ချိန် ခွဲခြားခြင်းစနစ်အရ စားသောက်ချိန်နဲ့ အိပ်စက်ချိန်ကို နီးကပ်မှုမရှိစေဖို့ လိုပါတယ်။ စားသောက်ချိန်နဲ့ အိပ်စက်ချိန်ကို အနည်းဆုံး တစ်နာရီခန့် ကွာခြားမှု ပြုရပါမယ်။
(၂၀) ကစားရက်/အချိန်နဲ့ အနားယူရက်များကို တိကျမှန်ကန်စွာ လှုပ်ရှားဆောင်ရွက်ရပါမယ်။
အဲဒီကိုယ်ကာယအလှစည်းကမ်းတွေနဲ့အညီ လှုပ်ရှားတဲ့နေရာမှာ အသက်အရွယ် အရပ် အမောင်းအလိုက် အမျိုးသမီးတို့ရှိသင့်တဲ့ ကိုယ်အလေးချိန်ဇယားနဲ့ ကိုက်ညှိပြီး ကိုယ်အလေးချိန် လျော့တာ တင်တာ ထိန်းသိမ်းတာတွေကို နည်းလမ်းမှန်မှန် နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ရေးဇယား ဆွဲပြီး စနစ်တကျလုပ်ဆောင်သွားသင့်ပါတယ်။
အမျိုးသမီးတို့ရဲ့ လက်ရှိအခြေအနေဟာ ဘယ်လောက်ပဲ ပုံပျက်ပန်းပျက်ဖြစ်နေပါစေ စိတ်မပျက် ပါနဲ့၊ အားငယ်မှုကိုဖျောက် မုချပြောင်းလဲသွားရမယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ထားပြီး တစ်ဆင့်ခြင်း ကြိုးစားသွားဖို့ တိုက်တွန်းလိုက်ပါရစေ။
လေ့ကျင့်မှုစ-စချင်း ပထမပတ်အတွင်းမှာ ကိုယ်အလေးချိန်နည်းနည်းတက်လာတာကို အမျိုးသမီးတို့ စိတ်မညစ်ပါနဲ့၊ ဒါဟာလှုပ်ရှားမှုကြောင့် ကြွက်သားတွေ ကျစ်လစ်သိပ်သည်းလာတဲ့ ကောင်းသော လက္ခဏာသာ ဖြစ်ပါတယ်။ အဲဒီတက်လာတဲ့ ကိုယ်အလေးချိန်ဟာ နောက်အပတ်ထဲမှာ ပြန်ကျ သွားပါလိမ့်မယ်။
လေ့ကျင့်မှုအရှိန်ရလာတာနဲ့အမျှ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာအချိုးအစား မှန်ကန်မှုဟာ တစ်လ အတွင်း သိသိသာသာကြီး ပြောင်းလဲတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။ စည်းကမ်းတကျ ဆက်ပြီးလေ့ကျင့် လိုက်ရင် မကြာခင်မှာဘဲ၊ ကျန်းမားရေးဇယား ကိုယ်အလေးချိန်နဲ့ ကိုက်ညီ လာပါလိမ့်မယ်။အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ပေါင် ဘယ်လောက်ရှိသင့် သလဲ ဆိုတာ ဇယားထဲမှာ ကြည့်ရှုရင်း အမျိုးသမီးထု အားလုံး အ၀လွန် အလွန်ဝခြင်းမှ ကင်းဝေးနိုင်ကြပါစေ ။။

အောင်အောင်(လှိုင်)
HealthGuide
https://www.facebook.com/pg/healthguidemyanmar

ခွဲစိပ်မှုဖြင့်ကိုယ်အလေးချိန်လျှော့ချသူများ နာတာရှည်အစာမကြေဝေဒနာခံစားရနိုင်


ကိုယ်အလေးချိန်ကို မထိန်းနိုင်ဘဲ အ၀လွန်ကဲလာသူများသည် ခွဲစိပ်မှုဖြင့် ကိုယ်အလေးချိန်လျှော့ချ ကြလေ့ရှိရာဝယ် ၄င်းခွဲစိပ်မှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုမှာနာတာရှည်လေနာရောဂါရရှိခြင်း နှင့် အစာမကြေသည့်ရောဂါကို ခံစားရနိုင်ခြင်းဖြစ်ကြောင်း နယ်သာလန်နိုင်ငံ သုတေသီများကပြောသည် ။

သုတေသီများက အ၀လွန်နေသောလူနာ ၂၄၉ ဦးထက်မနည်းအားလေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းတို့  သည် Laparoscopic Roux-en-Y နည်းဖြင့် ခွဲစိပ်ကုသခြင်းဖြစ်ပြီး အစာအိမ်ကို ကြက်ဥတစ်လုံး အရွယ်သို့ ရောက် အောင် ကျုံ့ စေကြောင်း ၊ ထိုခွဲစိပ်မှုပြုလုပ်ပြီးနောက်ထပ် ၂-နှစ်ခန့် အချိန်ကြာမြင့်သော် ၄င်းလူနာများ၏ ကိုယ် အလေးချိန် ၃၁ ရာခိုင်နှုန်းထက်မနည်းကျဆင်းသွားခဲ့ကြောင်း ၊ သို့ သော် ၄င်းတို့ တွင် အစာအိမ်လေနာခြင်း ၊ အစာမကြေခြင်းတို့ အပြင် အစားအစာအတော်များများအား စား၍မရအောင် ဓါတ်မတည့်ခြင်း အစရှိသည်တို့ ဖြစ်ပွားသည်ကို တွေ့ ရှိရကြောင်း သုတေသီတစ်ဦး ကပြောသည် ။ ဒီခွဲစိပ်မှုမျိုးက အူလမ်းကြောင်းကို ဒုက္ခပေးလာနိုင်တယ်ဆိုတာ အစောပိုင်းလေ့လာမှုတွေ ကနေ သိရှိခဲ့ပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲဒီလေ့လာမှုတွေ အရ ခွဲစိပ်ပြီး ပထမတစ်နှစ်လောက်မှာပဲ ရှုပ်ထွေးမှုဖြစ်မယ်ဆိုတဲ့သဘော ဖြစ်ပါတယ် ။

ဒါပေမယ့် လေ့လာဆန်းစစ်မှုတွေအရခွဲစိပ်ခံလူနာတွေဟာနာတာရှည် အစာမကြေနဲ့ လေနာရောဂါ တို့ ကိုခံစားရနိုင်ခြင်းဖြစ်တာကိုတွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည် ။ သုတေသီများသည် ၂၀၁၂ ခုနှစ်က ပျှမ်းမျှအသက် ၄၆ နှစ်အရွယ်လူနာများအားလေ့လာဆန်းစစ်ခဲ့ကြောင်း ၊ ၄င်း လူနာများ အနက် ၄၅ ရာခိုင်နှုန်းခန့် တွင် သွေးတိုးဝေဒနာရှိပြီး ၂၉ ရာခိုင်နှုန်းတွင် ဆီးချိုရောဂါရှိခဲ့ကြောင်း ၊ ၄င်းတို့  အနက် အချို့ က ကိုယ်အလေးချိန်လျှော့ချနိုင်ရန် ခွဲစိပ်မှုခံယူခဲ့ကြောင်း ၊ ခွဲစိပ်မှုခံယူခဲ့သူများနှင့် ခွဲစိပ်မှုမခံယူခဲ့ သူများကို (၂)ဖွဲ့ ခွဲကာအစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ (၁၆)မျိုးကို မည်သူက မည်မျှခံစားနေရသည် ၊ နောင် တွင် ခံစားရနိုင်ခြေရှိသည် အစရှိသည်တို့ ကို စူးစမ်းလေ့ လာခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းလေ့လာဆန်းစစ်မှုများအ၇ ခွဲစိပ်မှုခံယူခဲ့သူများတွင် အစာမကြေလေ နာရောဂါခံစား ရနိုင်ခြေ ၂.၂ ရာခိုင်နှုန်းရှိခဲ့ပြီးခွဲစိပ်မှုခံယူထားခြင်းမရှိသူများတွင် အလားတူရောဂါဖြစ် ပွားနိုင်ခြေ ၁.၈ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

အမေရိကန်ပြည်ထောင်စုတွင် ဆီးချိုနှင့်နှလုံးရောဂါစောင့်ရှောက်စရိတ် အကြီးမားဆုံးဖြစ်နေ


အမေရိကန်ပြည်ထောင်စုတ၀န်းတွင် အစိုးရကတာဝန်ယူ ကုသပေးရသော ကျန်းမာရေး စရိတ်စောင့်ရှောက်မှု စုစုပေါင်း၏ ထက်ဝက်ခန့် မှာ ဖျားနာနှင့်ရောဂါ အမျိုး ၂၀ ခန့် အတွက်ကုန်ကျနေပြီး ယင်းဖျားနာနှင့်ရောဂါများ အနက် ဆီးချိုနှင့်နှလုံး ရောဂါတို့ အတွက် ကုန်ကျစရိတ်မှာ အကြီးမား ဆုံးဖြစ်နေကြောင်း အမေရိကန်ပြည်သူ့  ကျန်းမာရေးဌာနမှ ထုတ်ပြန်ကြေညာသည် ။

 အမေရိကန်ပြည်ထောင်စုတ၀န်းတွင် ဖျားနာနှင့်ရောဂါ ၁၅၅ မျိုးထက်မနည်းကို အစိုးရက အပြည့် အ၀ဖြစ်စေ ၊ ကာယကံရှင်နှင့်စရိတ်မျှခံ၍ဖြစ်စေ ၊ ကာယကံရှင်က ကုန်ကျစရိတ်အ၀၀ကို ကျခံခြင်းဖြင့်ဖြစ်စေ ကုသပေးလျက် ရှိကြောင်း ၊ ၄င်းစရိတ်ကျခံမှု သုံးမျိုးလုံးတွင် ဆီးချိုနှင့် နှလုံးရောဂါ အတွက် ကုန်ကျစရိတ်က အကြီးဆုံး ဖြစ်နေခြင်း ဖြစ်ကြောင်း ၄င်းဌာန၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည် ။ ကျန်းမာရေးစောင့်ရှောက်စရိတ်အမြင့်ဆုံးကိုဖြစ်စေသော ဆီးချိုနှင့်နှလုံးရောဂါ နှစ်မျိုးတည်းကို ပြန်လည်နှိုင်းယှဉ် ကြည့်ရာဝယ် ဆီးချိုအတွက်ကုန်ကျစရိတ်က များစွာမြင့်မားနေပြန်ကြောင်း ၊ ဆီးချိုရောဂါအတွက် ရောဂါရှာဖွေ ခြင်းနှင့် ကုသခြင်းအတွက် နှစ်စဉ်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၀၁ ဘီလီယံထက်မနည်း ရှိကြောင်း ၊ ၄င်း ကုန်ကျစရိတ်သည် နှလုံးရောဂါအတွက်ကုန်ကျစရိတ်ထက် ၃၆ ဆထက်မနည်း ပိုများနေကြောင်း၊ လွန်ခဲ့သည့် ၁၈ နှစ် လုံးလုံး အမေရိကန်ပြည်ထောင်စုတွင် လူအသေ အပျောက်အများဆုံး ကိုဖြစ်စေခဲ့သောရောဂါသည်လည်း ဆီးချို ရောဂါပင်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုမှာ အသက် ၆၅ နှစ်ကျော်သွားတဲ့လူအတော်များများမှာ ဆီးချိုနဲ့ နှလုံး ရောဂါ နှစ်ခုလုံး မဟုတ်တောင် တစ်ခုတော့ ရှိပါတယ်။ ဆီးချိုနဲ့ နှလုံးပြီးရင် အလုပ်လုပ်နေဆဲလူလတ်တန်းစားတွေမှာ အတွေ့ ရ အများဆုံးက ခါးကိုက်ခါးနာဝေဒနာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ ၂၀၁၃ တွင် အဆိုပါ ရောဂါ ဝေဒနာ ၃ မျိုးနှင့်အတူ လိမ့်ကျခြင်းလဲ ကျခြင်းတို့ ကြောင့်ဖြစ်သောဝေဒနာ ၊ သွေးတိုးခြင်းကြောင့်ဖြစ်သောဝေဒနာ အစရှိသည်တို့ ကို ကုသရန်အတွက် အစိုးရကုန်ကျစရိတ်မှာ စုစုပေါင်းပြည်သူ့ ကျန်းမာရေးကုန်ကျစရိတ်၏ ၁၈ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ငွေသားအားဖြင့် အမေရိကန်ဒေါ်လာ ၄၃၇ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရသည် ။
ယင်းကုန်ကျစရိတ်များကို လေ့လာဆန်းစစ်ကာ အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ့  ကျန်းမာရေး စောင့်ရှောက် မှု အောင်မြင်မှု ရရှိသည့်နှုန်းကို ဆက်လက် တွက်ချက်ဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

ဆံနွယ်လေးတွေ ခွန်အားဖြည့်ပေးခြင်း (ဆံကေသာအတွက် အသုံးဝင်သော အစားအစာများ)


၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

၂။ Salmon (ဆော်မွန်ငါး)
Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည် ။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များ ရှင်သန်ခြင်းနှင့် ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည် ။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ် ။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ် ။

၃။ကြက်ဥ၏ အနှစ်
ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)
ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)
မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်)
Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။

Mg Mandalay
https://www.facebook.com/mg.mandalay

ရာသီအေးလာ ဆောင်းအခါ သတိထားစရာ


အေးလာသည့် ရာသီဥတုမျိုးတွင် မိမိကျန်းမာရေး အတွက် ကျန်းမာစွာနေထိုင်နိုင်ရန် မိမိ ခန္ဓာကိုယ့်အပူချိန်ကို ထိန်းသိမ်းဖို့ လိုအပ်ပါသည် ။ အဓိကသည်လို့ ဥတုမျိုးတွင် သွေးတိုးရောဂါ အခံရှိသူများ အထူးသတိထားနေထိုင်ရန် လိုအပ်ပါသည် ။ တစ်ချို့ ငယ်ရွယ်သူများအနေဖြင့် မိမိတွင် သွေးတိုးနေသည့် အနေအထားလည်း မသိ မရှိဘူးထင်ပြီး ခေါင်းလျှော်ခြင်း ၊ ရေချိုးခြင်းကို အလေးအနက်မထားဘဲ ပေါ့ပေါ့လေးတွေးပြီး လုပ်ဆောင်ကျလို့  လေဖြတ်ခြင်း ၊ လေဖြန်းခြင်း အဖြစ် ပါးတွေရွဲခြင်း မျက်ခွံတစ်ဖက် ပိတ်မရခြင်း အဖြစ်ကို ရောက်ရှိတက်ပါသည် ။

ကျန်းမာရေးကိုယ်လက်လှုပ်ရှားခြင်း အဖြစ် ရာသီဥတုအေးချမ်းသော နံနက်ခင်းစောစောထပြီး လမ်းလျှောက်ခြင်း ၊ ပြေးခြင်း လုပ်ဆောင်သည့် အခါတွင် အအေးမပတ်အောင် ကြိုတင်ကာကွယ်ဝတ်ဆင်ပြီးမှသာ ကိုယ့်လက်လှုပ်ရှားဆောင်ရွက်သင့်ပါသည် ။

အအေးပတ်ခြင်းကြောင့် သွေးတိုးခြင်း ၊ ချောင်းဆိုးခြင်း ၊ နားစည်ရောင်ခြင်း ၊ မူးတက်ခြင်း ၊ အစာမကြေ အော့အန်တက်ခြင်း နှင့် ခြေလက်ကိုက်ခဲနေခြင်း များဖြစ်တက်ပါသည် ။အဓိက ကျန်းမာရေးအလျင်အမြန် ဆိုးရွားသွားစေနိုင်သည့်ကတော့ သွေးတိုးခြင်းဖြစ်ပါတယ် ။ သွေးတိုးနုန်း မြင့်မားလာတာကို မသိရှိလိုက်ပါက မိမိ အသက်အန္တရာယ်ရှိပါတယ် ။ လူကြီး လူငယ်များအပါ အထူးသတိချပ်စေချင်ပါတယ် ။
ရာသီဥတုနှင့်လိုက်ဖက်သည့် ဝတ်စားမှု့ ကို ဝတ်ဆင်ပြီး နေထိုင်သည့်ပါသည် ။ ရေသောက်မနည်းဖို့ လည်း လိုအပ်ပါတယ် အေးနေသည့် ဥတုကြောင့် ရေသောက်နည်းတက်ကြပါတယ် အေးနေပေမဲ့ တစ်နေ့ ရေကို အနည်းဆုံး နှစ်လီတာလောက် သောက်သုံးပေးသင့်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

နေရောင်ခြည်ကရရှိမယ့် အကျိုးကျေးဇူး


၁။ ရင်သားကင်ဆာကို သက်သာ ကောင်းမွန်စေခြင်း
American Physcian Dr.Zane Kime သူ့ရဲ့ ကင်ဆာ လူနာတွေကို နေပူဆာလှုံ့ခြင်းနဲ့ ဓာတ်စာတွေကျွေးပြီး ကုသရာမှ ကင်ဆာပြန့်ပွားခြင်းကို ရပ်တန့်ပစ် နိုင်တယ်လို့ ဆိုပါတယ်။

၂။ မကောင်းတဲ့ ဗက်တီးရီးယားတွေကို သေစေနိုင်ခြင်း
ပထမ ကမ္ဘာစစ်တုန်းက ဂျာ မန် ဆေးပညာရှင်တွေရဲ့ တွေ့ရှိ ချက် ၁ ခုက ဆေးပညာနိုဘယ်ဆု ကိုတောင် ရရှိသွားခဲ့ပါတယ်။ သူတို့ က နေရောင်ခြည်ကို အသုံးပြုပြီး ပိုးသတ် သန့်စင်ခြင်းနဲ့ အနာတွေ ကျက်အောင် ပြုလုပ်ခဲ့ကြပါတယ်။

၃။ အရေပြား ရောဂါတွေအတွက် အကျိုးရှိခြင်း
ဝက်ခြံ၊ မှိုရောဂါ၊ အရေပြား ယားယံခြင်းတွေကို သက်သာစေပါ တယ်။

၎။ ကိုလက်စထရော ကျစေခြင်း
နေရောင်ခြည်က ကိုလက်စ ထရော အချို့ကိုSteroid Hor- mones အဖြစ် ပြောင်းပေးသ လို အချို့ကိုSex Hornones အဖြစ် ပြောင်းလဲပေးပါတယ်။

၅။ သွေးဖိအား ကျစေခြင်း
နေရောင်ခြည် ပမာဏအနည်း ငယ်လောက်နဲ့တင် သွေးဖိအား ကို လျှော့ကျစေနိုင်ပါတယ်။

၆။ သွေးနဲ့ သွေးကြောကို သန့်စင်ပေး ခြင်း
နေရောင်ခြည်က အရေပြား ထဲကို စိမ့်ဝင်ပြီး သွေးလည်ပတ်မှုကို ပုံမှန် ဖြစ်စေပါတယ်။

၇။ သွေးထဲမှာ အောက်စီဂျင်ပမာဏ မြင့်တက်စေခြင်း
လေ့ကျင့်ခန်းလုပ်ရင်း ရရှိသ လိုမျိုးပဲ နေရောင်ခြည်နဲ့ ထိတွေ့ ခြင်းအားဖြင့် သွေးထဲက အောက်စီ ဂျင်တွေ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း တွေဆီကို ပမာဏများများ ရောက် စေပြီး သက်လုံ ကောင်းစေပါတယ်။

၈။ ကိုယ်ခံအားကောင်းမွန်စေခြင်း
နေရောင်ခြည်ကြောင့် သွေး ဖြူဥ ပမာဏမြင့်တက်စေပြီး ကိုယ်ခံ အားစနစ် တိုးတက်စေပါတယ်။

၉။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုး မှုအတွက် အရေးပါခြင်း
လေ့လာချက်အချို့အရ မွေး ခါစ လအချို့မှာ နေရောင်ခြည် ပ မာဏ ထိတွေ့ထားခြင်းအပေါ် မူ တည်ပြီး ကလေး ဘယ်လောက်အ ထိ အရပ်ရှည်လာမလဲဆိုတာအပေါ် သက်ရောက်မှု ရှိနေပါတယ်။

၁၀။ Depressionကို ကုစားပေး နိုင်ခြင်း
နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းလာရင်Seasonal Affective Disorder (SAD) ဖြစ်လာပါတယ်။ စိတ်ကျရောဂါ ၁ ခု ဖြစ်ပြီး ဆောင်း တွင်းကာလတွေမှာ ဖြစ်တတ်ပါ တယ်။ ရုံးလုပ်ငန်းလုပ်ကိုင်နေသူ တွေမှာလည်း ဖြစ်လေ့ ရှိပါတယ်

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ငါးစားသုံးခြင်းနှင့် ကိုယ်ဝန်


ငါးစားသုံးခြင်း၏ အကျိုး ကျေးဇူးများထဲတွင် ဖွံ့ဖြိုးနေသော သန္ဓေသားအတွ့် လိုအပ်သော အစာအဟာရမျိုးစုံ ကြွယ်ဝစွာပါဝင် သည့်အတွက် ကိုယ်ဝန်ဆောင်သည် များအနေဖြင့် ၁ ပတ် ၂ ကြိမ် သို့မ ဟုတ် ၃ ကြိမ် စားသုံးခြင်းသည် သင့်တော်သည်ဟူသော အကြံပြု ချက်များအား ပေးကြသည်။ သို့ရာ တွင် ငါးအမျိုးအစားတိုင်းလိုလိုတွင် အနည်းနှင့် အများဆိုသလို တွေ့ရှိရ သည့် မာကျူရီပါဝင်မှုကြောင့် ရရှိ လာနိုင်သည့် ဆိုးကျိုးများနှင့် ပတ် သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေကြ သည်။ စင်စင်တီကလေးဆေးရုံ ဆေး ပညာရှင်များမှ သုတေသနပညာရှင် များ ဦးဆောင်ကာ ပြုလုပ်ခဲ့သော လေ့လာမှုတွင် ၁ နှစ်အောက် ကလေးငယ် ၃၄၄ ယောက်ကား ၅ လခန့်အရောက်တွင်NICU Network Neurobevavioral Scale (NNNS) စနစ်အား အသုံး ပြုကာ လေ့လာခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်စဉ် မာကျူရီထိ တွေ့မှုများစွာ ရှိနေပြီး ငါးစားသုံးမှု ပိုမို များပြားသော မိခင်များမှ မွေး ဖွားလာသော ကလေးငယ်များသည် အာရုံစူးစိုက်နိုင်ခြင်း ပိုမိုပြုလုပ်နိုင် ကာ ထူးထူးခြားခြား ထိန်းသိမ်းမှု လည်း မလိုအပ်ကြောင်း တွေ့ရှိခဲ့ကြ သည်။ ထိုကြောင့် ငါးစားသုံးမှုတွင် မာကျူရီများ ပါဝင်ခြင်းကြောင့် ရရှိ လာမည့် ဆိုးကျိုးများထက် အဟာရ ဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုးများက ပိုမို အားသာသည့်အတွက် ငါးစားသုံးမှု ကို အားပေးကြောင်း အကြံပြုထား ပါသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ