ဆေးလိပ်မသောက်ခင် ဝိုင်သောက်တာက အန္တရာယ်ရှိတဲ့ အဆိပ်တွေကို ရပ်တန့်သွားစေနိုင်


ဝိုင်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေရဲ့ တစ်ခဏတာ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ကြောင်း ဂျာမန်သုတေသီတွေက ဆိုပါတယ်။ NHS ရဲ့ ပြောကြားချက် အရ ဆေားလိပ်သောက်တာကြောင့် လူတွေအများအပြားသေဆုံးနေကြပြီး ပြီးခဲ့တဲ့နှစ်အတွင်းက အင်္ဂလန်မှာရှိတဲ့ လူ ၈၀၀၀၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ဆေးလိပ်မသောက်တဲ့ ကျန်းမာတဲ့ လူအယောက်နှစ်ဆယ်ကို ဆေးလိပ်သုံးလိပ်သောက်ကြည့်စေရာမှာ ဆေးလိပ်ဟာ သွေးတွင်းမှာရှိနေတဲ့ အရာတွေကို ဆိုးကျိုးဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြရတာပါ။

အဲ့ဒီအပြင် ဆေးလိပ်မသောက်တဲ့ လူတွေထဲက တစ်ဝက်ကို ဆေးလိပ်မသောက်ခင် ဝိုင်တစ်ခွက်သောက်ကြည့်စေပြီး အယ်လ်ကိုဟောပမာဏကို ၀.၇၅ရာခိုင်နှုန်းအထိ မြှင့်တင်ပေးခဲ့ပါတယ်။ သုတေသီတွေက ဝိုင်ဟာ ဆေးလိပ်သောက်တာကနေ ထိခိုက်မှုရှိတဲ့ သွေးဆဲလ်တွေထိခိုက်မှုကို ရပ်တန့်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြရတာပါ။

အဲ့ဒီအပြင် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို နည်းသွားစေတဲ့ အရာတွေကိုလည်း လျှော့ချပေးနိုင်တာကိုတွေ့ရှိခဲ့ကြရတာပါ။

( Mocha )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref: Express

အိမ်ထဲမှာနေပြီး ကိုယ့်ကိုကိုယ် အပန်းပြေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းသုံးသွယ်


ကိုယ့်ကိုကိုယ်အပန်းပြေစေဖို့အတွက် သင့်အနေနဲ့ ကမ်းခြေသွားဖို့ ၊ Beauty Salon ကို သွားပြီး အနှိပ်ခံဖို့တွေ မလိုအပ်တော့ပါဘူး။ နေတတ်ရင် ကျေနပ်စရာဆိုတဲ့ စကားအတိုင်းပဲ ပိုက်ဆံသိပ်မကုန်ဘဲ အိမ်တွင်းမှာ အပန်းပြေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁.နှိပ်တဲ့စက်လေးတစ်ခု ဝယ်ထားပါ

နှိပ်နယ်ခံတာဟာ သင့်အတွက် အပန်းပြေစေပါတယ်။ မာဆတ်သွားရင်တော့ ငွေကုန်ကြေးကျများနိုင်တာကြောင့် အိမ်တွင်းမှာပဲ အနှိပ်ခံလို့ရအောင် နှိပ်တဲ့ ပစ္စည်းတစ်ခုခုတော့ ဝယ်ယူထားသင့်ပါတယ်။ အနှိပ်ထိုင်ခုံ ၊ အနှိပ်ခေါင်းအုံးစတဲ့ ပစ္စည်းတွေကို အိမ်တွင်းမှာ ဝယ်ယူထားပြီး ပင်ပန်းညောင်းညာနေတဲ့ ကျောကုန်း ၊ လက်မောင်းနဲ့ ခြေထောက်တွေကို သက်သာစေမှာပါ။ အနှိပ်ခံပစ္စည်းတွေဟာ အိမ်မှာ ရေရှည်အသုံးပြုနိုင်ပြီး ဈေးလည်းအရမ်းမမြောက်ပါဘူး။


၂.ရေချိုးပါ

ရေချိုးတာက တော်တော်များများဖော်ပြကြတဲ့ အပန်းဖြေနည်းပါပဲ။ သင့်အနေနဲ့ ရေနွေးကန်အတွင်းမှာ ဝင်စိမ်နေပြီး သီချင်းခံစားတာဖြစ်ဖြစ်ပြုလုပ်ပေးသင့်ပါတယ်။ ရေချိုးကန်အတွင်းကို ရေချိုးဆားအနည်းငယ်ထည့်ပြီး စိမ်နေတာက သင့်အတွက် ပိုကောင်းစေပါတယ်။ အဲ့ဒီအချိန်မှာ ဘီယာလေးတစ်ခွက်ဖြစ်ဖြစ် ဝိုင်လေးတစ်ခွက်ဖြစ်ဖြစ်သောက်လိုက်တာကလည်း ပိုပြီးအပန်းပြေစေမှာပါ။


၃. ဆံပင်နဲ့ အသားအရေကို ဂရုစိုက်ပါ

ဆံပင်နဲ့ အသားအရေကို ဂရုစိုက်ရတယ်ဆိုတာဟာ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း လုပ်သင့်ပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်တာကို ပဲများတယ်လို့ ပြောတဲ့သူတွေအတွက် လှည့်ကြည့်မနေပါနဲ့။ Salon သွားမှ မျက်နှာကို ဂရုစိုက်ဖြစ်တာမဟုတ်ပါဘူး။

ပိုက်ဆံသိပ်မသုံးပဲ အိမ်မှာလည်း လုပ်ကြည့်လို့ရပါတယ်။ Face masks ကပ်တာဖြစ်ဖြစ် ၊ အသားအရေလှဖို့ ခရင်မ်လိမ်းတာမျိုးနဲ့ အုန်းဆီကို အသုံးပြုပြီးတော့လည်း အသားအရေကို ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဆံပင်အတွက်လည်း အိမ်မှာအဆင်သင့်ပြုလုပ်နိုင်တဲ့ အရာတွေရှိနေပါသေးတယ်။ အခုလို ကိုယ့်ကိုကိုယ်ဂရုစိုက်တာဟာ ကိုယ့်ကိုကိုယ် အပန်းပြေအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Life

သရက်သီးအခွံစားသုံးခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေ


အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီ ကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုး ကွဲပြား ခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။

သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်း များက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

( Mocha )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Health Doctor

ချောကလက်စားခြင်းက မှတ်ဥာဏ်စွမ်းအား တိုးတက်စေ


ချောကလက်ဟာ ခန္ဒာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုတယ်လို့ သိရပါတယ်။ ကိုကိုးပါဝင်တဲ့ ချောကလက်တွေ စားသုံးတာဟာ ဥာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေပြီး မှတ်ဥာဏ်ချွတ်ယင်းမှု ဖြစ်နေတဲ့ သက်ကြီးပိုင်းများအား သွေးပေါင်ချိန် တက်လာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။

မှတ်ဥာဏ်ချွတ်ယွင်းမှု အနည်းငယ်ဖြစ်နေတဲ့ သက်ကြီးလူနာတွေဟာ ကိုကိုးအနည်းဖြစ်စေ အတန်အသင့်ဖြစ်စေ အများအပြားဖြစ်စေ ပါဝင်သော ချောကလက်များကို စားသုံးပေးသင့်သည်ဟု အဆိုပါ လေ့လာ စူးစမ်းမှုအရ သိရပါတယ်။

 ရေရှည်၊ ရေတို မှတ်ဥာဏ်စွမ်းအား၊ စဉ်းစား တွေးတောနိုင်စွမ်းနှင့် စဉ်းစာခြင်း လျင်မြန်နှုန်းတို့ကို ရက်သတ္တ ၈ ပတ်ကြာ စမ်းသပ် စစ်ဆေး ခဲ့ကြရာ ကိုကိုးပါသော ချောကလက် အသင့်အတင့် သို့မဟုတ် အများအပြား စားသောက်သူ လူနာများတွင် မှတ်ဥာဏ်စွမ်း တိုးတက်မှုရှိသည်ကို တွေ့ခဲ့ကြတာပါ။

ချောကလက် ပုံမှန် စားသောက်ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းရည် တိုးတက်မှု ရှိကြောင်းကို အီတလီနိုင်ငံ L’Aquil တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Giovambattista Desideri ဦးဆောင်သော အဖွဲ့က သုတေသနပြု လေ့လာခဲ့ ကြခြင်းဖြစ်ပါတယ်။

( Mocha )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Health Doctor

့် ဦးဏှောက်အမြှေးရောင်ရောဂါကို အရက်အလွန်အကျွံသောက်မိတဲ့ ဝေဒနာထင်လို့ အသက်ဆုံးရှုံးလိုက်ရတဲ့ မိန်းကလေး


ယခုနှစ် ဧပရယ် ၁၆ ရက်နေ့က အသက် ၂၁ နှစ်အရွယ် Jennifer Gray က သူ့အမေကို ‘အရက်သောက်တာများလို့ထင်တယ် အမေ။ နေလို့တော်တော်မကောင်းဘူး ခေါင်းကလည်း ခဏ ခဏ ကိုက်နေတယ်’ လို့ ပြောပြီး နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အရက်သောက်တာများလို့ ခေါင်းကိုက်တယ်ထင်ခဲ့ပေမယ့် တကယ်တော့ ဦးဏှောက်အမြှေးရောင် စေတဲ့ ဘက်တီးရီးယား ကြောင့်ဖြစ်ခဲ့တာပါ။ Jennifer ရဲ့ မိသားစုကတော့ ဒီအကြောင်းကို နောက်ကျမှ သိခဲ့ရပါတယ်။ အမေ ဖြစ်သူ Edwina က ဒီလိုအခြေအနေမှာ ဒီရောဂါလက္ခဏာကို ဘယ်လို သတိထား ဂရုပြုရမယ်ဆိုတာကို သိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဦးဏှောက်နဲ့ ကျောရိုးနဗ်ကြော တစ်ဝိုက်က အသားမျှင်တွေ ရောင်ရမ်းနာကျင်တဲ့ ဦးဏှောက်အမြှေးရောင်တာက အမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲဒီထဲကမှ ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင်တာက အန္တရာယ်အများဆုံးပါပဲ။ ကုသနိုင်ပေမယ့် ရောဂါပျံ့နှံ့တာ မြန်ဆန်ပါတယ်။

ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် အဖျားဝင်တာ ၊ ပျို့တာ အန်တာ၊ အလင်းရောင်ဒဏ် မခံနိုင်တာ၊ စိတ်ရှုပ်တာ နဲ့ ဇာတ်ကြောတက်သလို လည်ပင်းနာတာတွေ ခံစားရမှာပါ။

Jennifer လည်း ဒီလို လက္ခဏာတွေ ခံစားခဲ့ရပေမယ့် သူကော သူ့မိသားစုကပါ အရက်သောက်တာ များလို့ဖြစ်တယ်ထင်ခဲ့ကြတာပါ။ ဧပရယ် ၁၅ ရက်နေ့မှာစပြီး နေမကောင်သလို စခံစားခဲ့ရာက ၁၆ ရက်နေ့မှာ မိခင်ဖြစ်သူက စစ်ဆေးကြည့်တော့ ခေါင်းကိုက်တာတွေ လည်ချောင်းနာတာနဲ့ ပျို့အန်တဲ့ လက္ခဏာတွေ ပေါ်နေပါပြီ။ အကိုက်အခဲပျောက်ဆေးတိုက်ပြီး အနားယူခိုင်းလိုက်တာက ပိုဆိုးသွားစေသလို ဖြစ်သွားပါတယ်။

ဧပရယ် ၁၇ ရက်မှာတော့ Jennifer ရဲ့ ရောဂါလက္ခဏာတွေက  ပြင်းထန်လာပြီး ဆေးရုံပို့လိုက်ရပါတယ်။

ဆရာဝန်တွေက ဘာဖြစ်တယ်ဆိုတာကို သေချာမသိခင်မှာ ပထမတော့ အဖျားဝင်တာ ဒါမှမဟုတ် ဦးဏှောက်အမြှေးရောင် ဗိုင်းရပ်ကြောင့် ဒါမှမဟုတ်  ပြင်းထန်မှု နည်းတဲ့ ဘက်တီးရီယားကြောင့် ဖြစ်တဲ့ ဦးဏှောက်အမြှေးရောင် တစ်မျိုးဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် Jennifer ပုံစံက ထိန့်လန့်နေပြီး မျက်နှာမှာလည်း နာကျင်နေတဲ့ အရိပ်အရောင်တွေပြည့်နေပြီး ပျို့အန်တာတွေပိုဆိုးလာပါတယ်။

ဧပရယ် ၁၈ ရက် မှာတော့ Jennifer ဆုံးပါးသွားပါတယ်။


( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : MSN

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ