Six-Pack ထွက်ဖို့အတွက် လေ့ကျင့်နေသူများ စားသုံးသင့်တဲ့အစားအစာများ





နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေရင်တောင်မှ လိုအပ်တဲ့ အဟာရဓါတ်တွေ ရရှိဖို့အတွက် သင့်တော်တဲ့ အစားအစာတွေ စားသုံးပေးဖို့လိုပါတယ်။

ကြွက်သားတွေအတွက် အားဖြစ်စေပြီး ခက်ခဲတဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေချိန်အတွက် မှန်ကန်သင့်လျော်တဲ့ အစားအသောက်တွေကသာ အထောက်အကူဖြစ်စေပြီး ၀မ်းဗိုက်အဆီတွေကိုလည်း အမြန်ဆုံးလောင်ကျွမ်းစေဖို့ အကူအညီဖြစ်စေမှာပါ။


ဒိန်ချဉ်

ကြွက်သားတွေ သန်မာထွားကြိုင်းစေဖို ၂၃ဂရမ် ပမာဏ ပရိုတိန်းဓါတ်လိုအပ်တာကြောင့် ဒိန်ချဉ်ဟာ အသင့်တော်ဆုံး အစားအစာဖြစ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ပရိုတိန်းဓါတ်တွေအပြည့်အ၀ ပါဝင်တာကြောင့် ကြွက်သားနဲ့ ကိုယ်တွင်းကလီစာတွေအတွက် အကောင်းဆုံးစားစရာဖြစ်ပြီး ၀မ်းဗိုက်သားအဆီလုံးဝ မတက်စေတဲ့ အစားအစာဖြစ်ပါတယ်။



ကညွတ်

အစိမ်းရောင် ကညွတ်ရှည်ရှည်လေးတွေမှာ ဖိုက်ဘာလို့ခေါ်တဲ့ အမျှင်ဓါတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေကို အကူအညီပေးနိုင်တဲ့အတွက် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကိုသန်မာစေပြီး ကိုယ်အလေးချိန်တက်ခြင်းကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။


လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းမှာ ကဖိန်းဓါတ်နဲ့ ဓါတ်တိုးပစ္စည်းတွေ ပါဝင်တာကြောင့် ၀မ်းဗိုက်က အဆီပိုတွေကို လျှော့ချပေးနိုင်ပြီး လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်းမှာ သောက်သုံးမယ်ဆိုရင် ထိထိရောက်ရောက်ရှိမှာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealth



ကျန်းမာရေးနဲ့ညီညွတ်ပြီး အလုပ်စားပွဲမှာ ထားသင့်တဲ့ အဆာပြေ စားစရာများ



နေ့ခင်းဘက် အလုပ်ချိန်အတွင်း အလုပ်စားပွဲပေါ်မှာထားပြီး အဆာပြေစားလေ့ရှိကြပါတယ်။ ရုံးကရေခဲသေတ္တာထဲမှာ တကူးတကထည့်ပြီး စားနေကြတဲ့စားစရာတွေရှိတယ်ဆိုရင်တော့ ကျန်းမာရေးနဲ့လည်း ကိုက်ညီတဲ့ စားစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ချောကလက်အညို


ဟုတ်ပါတယ် ချောကလက်အညိုဟာ ကျန်းမာရေးညီညွတ်တဲ့ အချိုတည်းစရာတစ်ခုပါပဲ။ ဒါပေမယ့် ၇၂ ရာခိုင်နှုန်းညိုမှိုင်းနေဖို့လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ချောကလက်ညိုဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး သွေးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်ကလည်း အဆာပြေစားသုံးဖို့ သင့်တော်တဲ့စားစရာပါပဲ။ ပြောင်းဖူးပေါက်ပေါက်ဖူးမှာ ပါဝင်တဲ့ ကယ်လိုရီဟာ ၁၀၀ ထက်နည်းတာကြောင့် ၀မှာကိုစိတ်ပူစရာမလိုဘဲ စားနိုင်ပါတယ်။

ရေညှိ

အသင့်စားရေညှိထုတ်လေးတွေဟာလည်း ကယ်လိုရီနည်းတဲ့ အဆာပြေစားစရာတစ်မျိုးပဲဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှု အနည်းဆုံးဖြစ်တဲ့အပြင် အရသာလည်းရှိတဲ့အတွက် အာလူးကြော်အစား ပြောင်းလဲစားသုံးသင့်တဲ့ စားစရာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealthmag


ခရီးသွားရင် ခရီးမပန်းဘဲ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းများ



ရေ

ရေဓါတ်ဆုံးရှုံးမှုက မူးဝေအော့အန်ခြင်း၊ ထိုင်းမှိုင်းခြင်းတွေဖြစ်နိုင်တာမို့ အချိန်မရွေးရေသောက်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လေယာဉ်နဲ့ခရီးသွားတဲ့အခါမျိုးတွေမှာ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ခရီးထွက်တဲ့အခါတိုင်း အိတ်ဆောင်ရေဗူးတစ်ဗူး သယ်ဆောင်သွားသင့်ပါတယ်။

Essential Oils


Essential Oils တော်တော်များများမှာ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတတ်တဲ့အပြင် ခရီးသွားတဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။

လက်သန့်စင်ဆေးရည်

ခရီးစဉ်တစ်လျှောက်ကိုင်ခဲ့တဲ့ တံခါးလက်ကိုင်တွေ၊ ငွေထုတ်စက်တွေကမှာ ရောဂါပိုးမွှားတွေရှိနေနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ? ဒီတော့ ရေလည်းမလိုတဲ့ လက်သန့်စင်ဆေးရည်လေးတစ်ဗူးကတော့ ဆောင်ထားသင့်တာပေါ့။

တစ်ရေးတစ်မော အိပ်စက်ပါ

ခရီးသွားတဲ့အခါ မတူညီတဲ့နေရာဒေသတွေ အများကြီးကို သွားရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားခရီစဉ်တွေ သွားတဲ့အခါ အချိန်ကွာဟချက်ရှိတတ်ပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ အချိန်ရသလောက် အိပ်စက်အနားယူပြီး ခရီးသွားသင့်ပါတယ်။





( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GoodHealth




သွေးပေါင်ကျခြင်းကနေ ကာကွယ်ဖို့



ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်းတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GoodHealth




အိပ်ယာမ၀င်ခင် တင်ပါးနဲ့ကျောအတွက် အကောင်းဆုံးလေ့ကျင့်ခန်းများ



အိပ်ယာမ၀င်ခင် အကြောအချဉ်တွေဆန့်ပြီး အိပ်ရင် နောက်တစ်နေ့မနက် အိပ်ယာထချိန်မှာ ပေါ့ပါးသွက်လက်နေတဲ့ ခံစားချက်ကို တကယ်ပဲခံစားရနိုင်ပါတယ်။ ကျောနဲ့ တင်ပါးတွေကို အကြောဖြေပေးခြင်းက တစ်နေ့တာလုံးအတွက် အရေးပါလှပါတယ်။

အကြောဆန့်ခြင်းဟာ သက်တောင့်သက်သာရှိစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အတွက် ကျန်းမာလှပတဲ့ အသားအရည်ပိုင်ဆိုင်ဖို့အတွက်လည်း အားပေးရာရောက်ပါတယ်။

ကြွက်သားနာကြင်မှုတွေမရှိစေပဲ လေ့ကျင့်ခန်းလုပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ရိုးရှင်းပြီး လိုက်လုပ်ဖို့လွယ်ကူတဲ့ အိပ်ယာမ၀င်ခင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျောကိုဆန့်ထားပြီး ဒူးတစ်ဖက်ကို ဆွဲကွေးလိုက်ပါ။ ဒူးကို ရင်ဘတ်ဘက်ဆီကို ဖြည်းဖြည်းချင်း ဆွဲယူနေချိန်မှာ ကျန်တဲ့ခြေထောက်တစ်ဖက်ကိုတော့ ကြမ်းပြင်ပေါ်မှာပဲ ရှိနေပါစေ။ ပြီးရင် ဘက်ပြောင်းပြီး ကျန်တဲ့ဒူးတစ်ဖက်ကို ထပ်ပြီးဆွဲကွေးပါ။ ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ကျောအောက်ဘက်ပိုင်းတွေအတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

၂။ မှောက်လျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ပခုံးအောက်မှာထားပါ။ တင်ပါးကကြမ်းကိုထိနေတဲ့အချိန်မှာ လက်နှစ်ဖက်ကိုအားယူပြီး မ တင်ပါ။ အသက်ရှုသွင်း၊ရှုထုတ် လုပ်ဖို့မမေ့ပါနဲ့။

၃။ ကြမ်းပြင်မှာ ဒူးထောက်ထိုင်ပြီး လက်နှစ်ဖက်ကို ဆန့်နိုင်သလောက် ဆန့်ထုတ်ပါ။ ခန္ဓာကိုယ်ကိုလည်း ကြမ်းပြင်ကို ထိနိုင်သလောက်ထိအောက် ကြိုးစားပြီး လက်မောင်းတွေကိုလည်း ကြမ်းပြင်ကိုထိပြီး ဆန့်ထုတ်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ကျောနဲ့ ပခုံးတွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

၎။ ကြမ်းပြင်မှာ ထိုင်ချပြီး ခြေထောက်နှစ်ဘက်ကို အတွင်းဘက်ကိုကွေးပါ။ ခြေမျက်စိနေရာကနေ ဖြည်းဖြည်းချင်းဆွဲကွေးပြီး ဒူးခေါင်းတွေကိုလည်း ကြမ်းပြင်နဲ့ထိနေစေဖို့ တံတောင်ဆစ်နှစ်ဖက်နဲ့ ဖိထားပါ။ ပေါင်အတွင်းသားတွေနဲ့ တင်ပါးတွေအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

၅။ ကျောဆန့်ထားပြီး တင်ပါးကို နံရံမှာကပ်မီပြီး ခြေထောက်တွေကို နံရံအတိုင်းမတ်နေအောင် ဆန့်ထားပါ။ ဒီလေ့ကျင့်ခန်းက ကျောအောက်ပိုင်းအတွင်း သွေးလည်ပတ်မှု ကောင်းမွန်အောင် အကူအညီပေးပြီး အိပ်ယာထဲမှာတင်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

ပူစီနံ မိုဂျီတို ရေချိုးဆားဆပ်ပြာ အိမ်မှာပြုလုပ်ပုံ



တစ်ချို့အိမ်တွေရဲ့ နောက်ဖေးကွက်လပ်မှာ ပူစီနံပင်တွေ အလေ့ကျပေါက်နေလေ့ရှိတတ်ပါတယ်။ ဒီပူစီနံတွေက ဘယ်လောက်ရှင်းရှင်း ရှင်းမနိုင်ဘဲ အပင်တွေတောင် ပိုပွားလာတတ်ပါသေးတယ်။ ဒီတော့ အလကားထားမယ့်အတူတူ ကိုယ့်အတွက် အကျိုးရှိတာလေးတွေဖြစ်လာအောင် အသုံးချနည်းလေးတစ်ခု ပြောပြပေးပါမယ်။

ဒီနှစ်နွေရာသီအတွက် ပူစီနံမိုဂျီတို ဆားဆပ်ပြာလေးနဲ့ အသားအရည်ထိန်းသိမ်းပြီး အနားယူအပန်းဖြေနိုင်ဖို့ အိမ်မှာပဲ စမ်းကြည့်လိုက်ကြပါစို့
လိုအပ်တဲ့ ပစ္စည်းတွေကတော့ :

•    ပင်လယ်ဆား သို့ သဘာဝဆား ဆားခါး၊
•    လတ်ဆတ်သန့်ရှင်းတဲ့ ပူစီနံရွက်များ
•    သံပုရာသီး တစ်ခြမ်း
•    Mint essential oil

ပန်းကန်လုံးထဲမှာ ဆား၊ ပူစီနံရွက်၊ သံပုရာရည်နဲ့ သံပုရာသီးစိတ်တို့ ထည့်ပါ။ ပြီးရင်တော့ Mint essential oil ကို  ၃ - ၅ စက်ခန့် ထည့်ပါ။ ပြီးရင်တော့ အမွှေးနံ့နဲ့ အရောင်မျှမျှတတ ရောစပ်သွားသည်အထိ ရောမွှေပါ။ ရေချိုကန်ထဲကို ရောစပ်ပြီးသား ဆားဆပ်ပြာ တစ်ခွက်သို့ နှစ်ခွက်ခန့်ထည့်ပြီး ရေချိုးနိုင်ပါပြီ။ မိုဂျီတိုလေးသောက်ရင်း ရေစိမ်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့နွေရာသီနေ့ရက်ကလေး တစ်ရက်ကိုပိုင်ဆိုင်နိုင်ပြီပေါ့။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Helloglow


နေ့လည်ဘက်မှာ အချိန်ကြာကြာအိပ်စက်ခြင်းက စောစီးစွာ သေဆုံးနိုင်မှုကို မြင့်မားစေ


နေ့လည်ပိုင်းမှာ မိနစ်လေးဆယ်ထက် ပိုအိပ်တာက စောစီးစွာသေဆုံးနိုင်မှုကို မြင့်မားစေတယ်လို့ လေ့လာမှုအသစ် တစ်ရပ်က ဆိုပါတယ်။

လူသုံးသိန်းလောက်ကို စမ်းသပ်ခဲ့ရာမှာတော့ နေ့လည်ဘက်မှာ အချိန်ကြာကြာ အိပ်စက်လေ့ရှိသူတွေဟာ ဇီဝကမ္မဆိုင်ရာဖြစ်စဉ်တွေ နှောင့်နှေးသွားပြီးတော့ သွေးဖိအားမြင့်မားတာတွေ ၊ ကိုလက်စထရော ပါဝင်မှုမြင့်တက်တာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

လေ့လာမှုပေါင်း ၂၁ ခုနဲ့ လူသုံးသိန်းကျော်ကို စမ်းသပ်ခဲ့ပြီးမှ အမေရိကန်နိုင်ငံ နှလုံးဘက်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးမှာ အခုလိုမျိုး အတည်ပြု ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာ ပင်ပန်းလို့ ခဏတာ အိပ်စက်ခြင်းဟာ လူကို အားပြည့်လန်းဆန်းစေပေမယ့်လည်း မိနစ်လေးဆယ်ထက်ပိုသွားရင်တော့ ကျန်းမာရေးဆိုးကျိုးတွေများမှာဖြစ်ပြီး အရွယ်မတိုင်ခင်သေဆုံးမှုကို အားပေးနေတယ်လို့ Daily Mail က ဖော်ပြခဲ့တာပါ။

လူတွေရဲ့ တစ်နေ့တာလှုပ်ရှားနေထိုင်မှုတွေကိုခြေရာခံကြည့်လိုက်တဲ့ အချိန်မှာတော့ မိနစ်လေးဆယ်ထက်ပိုအိပ်တတ်သူတွေဟာ အဝလွန်တာတွေ ၊ ဆီးချိုသွေးချိုရောဂါတွေနဲ့ နှလုံးရောဂါလိုမျိုး သေစေနိုင်တဲ့ ရောဂါတွေရှိနေပြီး မိနစ်လေးဆယ်ထက်ပိုမအိပ်သူတွေမှာ ဒီရောဂါအရိပ်အယောင်တွေကို မတွေ့ခဲ့ရပါဘူး။

နေ့လည်ပိုင်း အိပ်ချိန်ရှည်ကြာတဲ့သူတွေမှာဆိုရင်တော့ ခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ကမောက်ကမဖြစ်သွားပြီး အိပ်ရာထတဲ့အချိန်အထိ ပုံမှန်ပြန်မဖြစ်တော့တာကို တွေ့ခဲ့ရပါတယ်။ အကယ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးဘူးဆိုရင်တော့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ ပုံမှန်အတိုင်းပဲဆက်သွားနေတယ်လို့ သိရပါတယ်။

ဦးဆောင်လေ့လာသူ ဒေါက်တာ တိုမိုဟိုက်တမားဒါးကတော့ “နေ့လည်ဘက် အိပ်စက်တာက ကမ္ဘာတစ်ဝှမ်းမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုမျိုး နေ့လည်ဘက် အချိန်ကြာအိပ်စက်မှုများလာရင်တော့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်တယ်လေ။ ဒီလို အိပ်စက်တာနဲ့ အန္တရာယ်ရှိတဲ့ ရောဂါတွေကို ဖြစ်ပွားစေတယ်ဆိုတာကို လူတွေ သိမြင်အောင်ပါ။ ဒါဆိုရင်တော့ အဖြစ်များတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်သလိုလည်း ဖြစ်စေပါတယ်” လို့ ပြောခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Independent



သွားပုံမှန်တိုက်ခြင်းက အသက်ကြီးလာတဲ့အခါ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြု




သွားပုံမှန်တိုက်တာဟာဆိုရင်တော့ မိမိရဲ့ သွားတွေကို သန့်ရှင်းခိုင်မာစေရုံသာမကပဲ တစ်ခြား ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ပေးစွမ်းနေပါတယ်။ သွားပုံမှန်တိုက်တာဟာ အသက်ကြီးလာတဲ့အခါမှာ စိတ်ကူးစိတ်သန်းပျောက်ဆုံးမှု (dementia) ရောဂါဖြစ်ပွားမှုကို လျော့ကျစေတဲ့အပြင် ဦးနှောက်နဲ့ ပတ်သက်နေတဲ့ အယ်လ်ဇိုင်းမားရောဂါလိုမျိုး ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

အသက်အရွယ်ရလာတဲ့အချိန်မှာ သွားအချောင်းနှစ်ဆယ်အောက်ရှိနေတဲ့သူတွေဟာ အယ်ဇိုင်းမားရောဂါကို ၂၀ ရာနှုန်းလောက်ပိုမိုခံစားရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် dementia ရောဂါဖြစ်ပွားမှုကလည်း ၂၂ ရာနှုန်းလောက်အထိ တိုးပွားလာပါသတဲ့။

ဒီလိုဖြစ်ရတာကတော့ ခံတွင်းလှုပ်ရှားမှု (အစာဝါးသကဲ့သို့ လှုပ်ရှားမှု) များပြားတာဟာဆိုရင်တော့ ဦးနှောက်ထဲကို သွေးပိုရောက်စေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေလို့ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှု ၁၀ ခုအရတော့ သွားတွေကို စောစောစီးစီးဆုံးရှုံးလိုက်ရတာဟာဆိုရင် ဦးနှောက်ပိုင်းဆိုင်ရာနဲ့ dementia ရောဂါဖြစ်ပွားမှုနှုန်းကို တိုးမြှင့်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် သွားတွေကို လိုတာထက် ပိုပြီး မြန်မြန်မဆုံးရှုံးရဖို့အတွက် သွားပုံမှန်တိုက်သင့်ပြီး ဒီရဲ့အမူအကျင့်က သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနေတာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်သော အစားအသောက်များ


အရသာလည်းရှိပြီး နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါတယ်။ ကိုလက်စထရောနှင့် သွေးခုန်နှုန်းတွေအတွက်ပါ ကောင်းမွန်စေတဲ့ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ အသီးအရွက်နဲ့ ပြည့်ဝဆီစတာတွေကို ဘယ်လိုစားသုံးရမယ်ဆိုတာကို လေ့လာထားဖို့လိုအပ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ ဟင်းအမျိုးအစားတွေကတော့ နှလုံးရောဂါဖြစ်ပွားစေနိုင်မှုတွေကို လျှော့ချပေးနိုင်မယ့် အစားအစာတွေပဲဖြစ်ပါတယ်။

အမဲသားဂေါ်ဖီ ချိုချဉ်စွတ်ပြုတ်


ဒီဟင်းလျာလေးကတော့ ချိုချဉ်အရသာဖြစ်ပြီး အမဲသားနဲ့ ဂေါ်ဖီ တွဲဖက်ချက်ထားတဲ့ ဂျာမန်ဟင်းလျာအမျိုးအစား ဖြစ်ပါတယ်။ ပိုပြီးအရသာရှိစေမယ့် စွတ်ပြုတ်ဖြစ်စေဖို့ဆိုရင် အာလူးပြုတ်ကို လေးထောင့်တုံးလေးတွေ တုံးပြီးထည့်နိုင်ပါတယ်။

ကြက်သားနဲ့ ခရမ်းချဉ်သီးခြောက်ဟင်း


နေရောင်အောက်မှာ အခြောက်လှန်းထားတဲ့ ခရမ်းချဉ်သီးကို ချိစ်နဲ့တွဲဖက်ပြီး ကြက်သားဟင်းကို အီတလီစတိုင်ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ဒီဟင်းလျာကိုတော့ ပေါင်းခံထားတဲ့ ဘရိုကိုလီလို့ခေါ်တဲ့ ပန်းပွင့်စိမ်းနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ကြက်သားနဲ့ အသီးအရွက်စုံ မြေပဲခေါက်ဆွဲ

ခေါက်ဆွဲပြုတ်ထဲကို အသီးအရွက်စုံ ၁၂ အောင်စလောက် ပါးပါးလှီးထည့်ပြီး စိတ်ကြိုက်ရောမွှေ သုံးဆောင်နိုင်ပါတယ်။

ကြက်ဥနဲ့ ဘေကွန် စပိန်ဟင်းလျာ

ပေါင်မုန့်အလယ်မှာ အပေါက်လေးဖောက်ပြီးတော့ ကြက်ဥနဲ့ဘေကွန်ထည့်သွင်းပြီး စပိန်စတိုင် မနက်စာကို အရသာရှိရှိ စားသုံးနိုင်မှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : EatingWell




ကလေးကြိုက်အချိုရည်တစ်ဘူးမှာ လူတစ်ယောက် တစ်နေ့တာလုံးလိုအပ်သမျှ သကြားဓါတ်ပမာဏလောက်အထိ သကြားတွေပါဝင်နေ



ကလေးတွေအကြိုက် စီးပွားဖြစ် ထုတ်လုပ်ရောင်းချပေးနေတဲ့ သစ်သီးဖျော်ရည်တွေနဲ့ အချိုရည်တွေဟာ အရွယ်ရောက်ပြီး လူတစ်ယောက် တစ်နေ့စာလုံးအတွက် လိုအပ်သမျှသကြားဓါတ်အားလုံးကို တစ်ဗူးသောက်ရုံမျှနဲ့ ပြည့်ဝစေနိုင်ကြောင်း လေ့လာချက်အသစ်အရ သိရပါတယ်။

ဒီလောက်သကြားများများပါဝင်တာကတော့ အချိုကြိုက်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်မှာတော့ ကြောက်စရာကောင်းပါတယ်။

 “ စက်ရုံထုတ် စီးပွားဖြစ် သစ်သီးဖျော်ရည်တွေမှာ လိုအပ်တာထက် အများကြီးပိုမိုတဲ့ သကြားပမာဏတွေ ပါဝင်ပါတယ်။ ပြီးတော့ ဈေးကွက်ထဲမှာတော့ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဆိုပြီး ရောင်းချနေတဲ့အတွက် မိဘနဲ့ကလေးငယ်တွေအတွက် ရှုပ်ထွေးစေပါတယ်။ “ လို့ New York ရှိTeachers College, Columbia University မှ အဟာရဆိုင်ရာ အစီအစဉ်ညွန်ကြားရေးမှူး Pamela Koch က ရှင်းလင်းပြောပြထားပါတယ်။

သကြားမပါဘူးလို့ပြောတဲ့ ထုတ်ကုန်ပစ္စည်းတွေမှာတောင် ဂလူးကို့စ်၊ ဖယူတို့စ်၊ ဆူခရိုစ့်နဲ့ အိမ်သုံးသကြားတွေ ပါဝင်နေတတ်ပြီး သဘာဝအတိုင်း တွေ့ရလေ့ရှိတဲ့ ပျားရည်မှာပါဝင်တဲ့ သကြားဓါတ်၊ သစ်သီးအနှစ်နဲ့ သစ်သီးဖျော်ရည်တွေမှာလည်း သကြားဓါတ်တွေ ပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ သဘာဝအတိုင်းတွေ့ရှိနေရတဲ့ သကြားဓါတ်ကိုလည်း သကြားမပါဘူးလို့ ဆိုလို့မရပါဘူး။

လေ့လာချက်အသစ်အရ ကလေးငယ်တွေဟာ နေ့စဉ် အများဆုံးသကြားပမာဏ ၁၉ ဂရမ် ( စားပွဲတင်ဇွန်း ၅ ဇွန်း ) အထိ စားသုံးသင့်ပြီး ယခုထုတ်လုပ်ထားတဲ့ ကလေးငယ်တွေအတွက် အစားအသောက်ထုတ်ကုန်တွေရဲ့ တစ်ဝက်လောက်မှာ ဒီသကြားပမာဏအထိရှိနေတယ်လို့ လေ့လာသူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI



သစ်ပင်တက်ခြင်းက ဦးနှောက်မှတ်ဥာဏ်အခြေခံ စွမ်းရည်တွေကို တိုးတက်အောင် ကူညီနိုင်



ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက အလုပ်လုပ်တဲ့အခါ သတင်းအချက်အလက်တွေကို ထိန်းသိမ်းမှတ်သားနိုင်စွမ်းရည် တိုးတက်စေဖို့ အကူအညီဖြစ်စေတယ်လို့ သိရပါတယ်။

သစ်ပင်တက်ခြင်း၊ ခြေဗလာဖြင့်လမ်းလျှောက်ခြင်း၊ အတားအစီးများကို ရှောင်ရှားသွားလာခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်နေ့ကို မိနစ်အနည်းငယ်မျှပြုလုပ်ခြင်းဖြင့် ဦးနှောက်မှတ်ဥာဏ်အခြေခံ စွမ်းရည်တွေကို တိုးတက်စေတယ်လို့ စူးစမ်းသူတွေ အသစ်လေ့လာတွေ့ရှိရပါတယ်။

 “ အလုပ်လုပ်ရင်းနဲ့ စွမ်းရည်တိုးတက်လာမှုဟာဆိုရင်တော့ ကျွန်တော်တို့ဘ၀ရဲ့နေရာတော်တော်များများမှာ အကျိုးရှိစေပါတယ်။” လို့ University of North Florida မှ တွဲဖက်ပါမောက္ခ Tracy Alloway က သတင်းစာမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။

လေ့လာသူတွေဟာ အသက် ၁၈နှစ်နဲ့ ၅၉ နှစ်ကြား လူတွေကို ခေါ်ယူလေ့လာခဲ့ပါတယ်။ သူတို့ရဲ့အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်ကို စစ်ဆေးပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်စေခဲ့ပါတယ်။ သစ်ပင်တက်ခြင်း၊ လမ်းလျှောက်ခြင်း၊ တွားသွားခြင်း၊ ခြေဗလာဖြင့်ပြေးခြင်းစတာတွေကို ပြုလုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။

၂နာရီကြာ စမ်းသပ်ပြီးတဲ့နောက်မှာ ပါဝင်သူတွေရဲ့ အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်တွေကို ထပ်မံစစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရှိရပါတယ်။

လေ့လာသူတွေဟာ အခြားအဖွဲ့၂ဖွဲ့ကိုလည်း လေ့လာခဲ့ပါတယ်။ တစ်ဖွဲ့ကတော့ ကောလိပ်မှာ သတင်းအချက်အလက်အသစ်တွေကို လေ့လာသင်ယူနေသူတွေဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ ယောဂသင်တန်းသားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့လှုပ်ရှားမှုတွေမှာတော့ တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

 “ ဒီသုတေသနအရ ကိုယ်လက်လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်သာမက ဦးနှောက်ကိုလည်း လေ့ကျင့်မှုတွေပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။ ဒါဟာ ကလေးတွေရော လူကြီးတွေအတွက်ပါ အသုံးဝင်ပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကို အချိန်ခဏပေးပြီး လုပ်ခြင်းဖြင့် အလုပ်လုပ်နိုင်မှု မှတ်ဥာဏ်တွေကို ပိုမိုတိုးတက်စေပြီး စာသင်ကြားခြင်းနဲ့ အစည်းအဝေးတက်ခြင်းတွေမှာလည်း ပိုမိုကောင်းမွန်တက်ကြွစွာ သင်ကြားဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဦးဆောင်လေ့လာသူတစ်ယောက်က ဆိုပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

လှပတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံရခြင်းက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေနိုင်



နှလုံးခုန်မြန်လာတာနဲ့ ခြေဖဝါး၊ လက်ဖဝါးများတွေမှာ ချွေးပြန်လာတွေတာဟာဆိုရင်တော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံရတဲ့အခါ ဖြစ်တတ်တဲ့ အမျိုးသားတွေရဲ့ အမူအကျင့်တွေဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သုတေသန အသစ်တစ်ရပ်အရတော့ အမျိုးသားတွေဟာ လှပတဲ့ သူစိမ်းအမျိုးသမီးတစ်ဦးနဲ့ ငါးမိနစ်လောက် တွေ့ဆုံရုံနဲ့ စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ဒါဟာ ကျန်းမာရေးအတွက် အတော်လေးကို အကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

“ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားတယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာပြောကြားခဲ့ပါတယ်။

အဲ့လိုမျိုါ် အမျိုးသားတွေရဲ့ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရတဲ့အခါ ဖြစ်ပေါ်တဲ့နှုန်းနှင့် ညီမျှတယ်လို့ ဆိုပါတယ်။ အဲ့လိုအချိန်မှာတော့ အမျိုးသားတွေရဲ့ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပိုပြီးတော့တောင် မြင့်မားတယ်လို့ သိရပါတယ်။

ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံး ရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေတယ်လို့လည်း ပြောပါတယ်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်က ပညာရှင်တွေကတော့ သူတို့ရဲ့ သုတေသနမှာ အမျိုးသား ၈၄ဦးကို ပါဝင်စေခဲ့ပြီး တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက် သုတေသန ပြုခဲ့ကြတာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GD

ကဆောက်ကဆများတဲ့ မိဘတွေက ကလေးငယ်ရဲ့ အခွင့်အရေးကောင်းတွေကို ထိခိုက်စေနိုင်


ကဆောက်ကဆများပြီး အမြဲလိုလို ရန်ဖြစ်နေကြတဲ့ မိဘတွေကြောင့် သူတို့ရဲ့ကလေးငယ်အများစုဟာ အခွင့်အရေးတွေ ဆုံးရှုံးနေကြတယ်လို့ သိရပါတယ်။ မိဘနှစ်ပါးရဲ့ မပြေလည်တဲ့ဆက်ဆံရေးဟာ ရင်သွေးငယ်တွေကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်စေပြီး နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေအထိ ဖြစ်သွားအောင် တွန်းအားပေးနေတယ်လို့ လေ့လာမှုတွေက သတိပေးလိုက်ပါတယ်။

မိဘနှစ်ဦးကြားက မပြေလည်နိုင်တဲ့ တင်းမာမှုတွေဟာဆိုရင် ကာလရှည်ကြာလာတဲ့အခါမှာ ကလေးငယ်ရဲ့ စာရိတ္တပိုင်းဆိုင်ရာကို ပျက်စီးစေနိုင်သလို ကလေးရဲ့ စိတ်ထားကိုလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

EIF လို့ ခေါ်ဆိုတဲ့ လေ့လာရေးအဖွဲ့ရဲ့အဆိုအရတော့ မိဘတွေရဲ့ အခုလိုမျိုး အိမ်ထောင်ရေးဟာ ကလေးတွေအတွက် လုံခြုံစိတ်ချရမှုတွေနဲ့ မိသားစုဆိုင်ရာ ဖြည့်ဆည်းမှုတွေကို လျစ်လျူရှုထားသလို ဖြစ်စေတယ်လို့ သိရပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေး မပြေလည်မှု ပြဿနာတွေကို ချဉ်းကပ်လေ့လာခဲ့ရာမှာတော့ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုမိုအားနည်းအောင်ပြုလုပ်နေပြီး ရသင့်တဲ့အခွင့်အလမ်းပိုင်းဆိုင်ရာမှာတော့ အနှုတ်လက္ခဏာသာ ဆောင်နေပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ ကိစ္စရပ်တွေနဲ့ ထိတွေ့မှုများပြားတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားနည်းသွားပြီး စိုးရိမ်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကတော့ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ဒီလိုမျိုးကိစ္စရပ်တွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာသာ မကပဲနဲ့  သူတို့ရဲ့ ပညာရေးပိုင်းမှာလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ပညာရေးပိုင်း ညွှန်းကိန်းတွေမှာတော့ သူတို့ရဲ့ လူမှုရေးပိုင်းဆက်ဆံရေးနဲ့ စိတ်ဓာတ်ပိုင်းညွှန်းကိန်းတွေမှာလည်း အောက်ကို ကျဆင်းနေပါသတဲ့။

ဒီလိုမျိုးပြဿနာတွေဟာဆိုရင်တော့ အသက်အရွယ်မရွေး သားသမီးတိုင်းမှာ ဖြစ်ပေါ်နိုင်ပြီး သားသမီးတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အနာဂတ် အခွင့်အရေးတွေကို ရိုက်ချိုးပစ်တဲ့ အဓိက တရားခံဖြစ်တယ်လို့လည်း EIF က ပြောကြားခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref : Independent


ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းကောင်းများ



ဝက်ခြံ အမာရွတ် တွေကြောင့် စိတ်ညစ် နေရရင်တော့ အဲ့ဒီအမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။ အိမ်တွင်းဖြစ် ပစ္စည်းလေးတွေနဲ့ပဲ ဝက်ခြံနဲ့ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေကိုတော့ အခုလိုပဲ ဝေမျှလိုက်ရပါတယ်။

ရေခဲကပ်ပါ

ဝက်ခြံအဖုနဲ့ အမာရွတ်တွေ လျော့ပါးစေဖို့ ရေခဲကပ် ပေးပါ။ ရေခဲ ကပ်တာကြောင့် ဝက်ခြံဖု နီမြန်းရောင် ရမ်းမှုနဲ့ အမာရွတ်ထင်တာတို့ကို သက်သာ စေပါတယ်။ အအေးဒဏ်ကို မခံနိုင်ရင် ရေခဲတုံးကို သန့်စင်တဲ့ ပိတ်စနဲ့ ထုပ်ပြီး ဝက်ခြံ အမာရွတ်တွေပေါ် ၁၅ မိနစ်ခန့် ပွတ်သပ်လိမ်းပေး နိုင်ပါတယ်။

အာလူး သခွားသီးနှင့် ခရမ်းချဉ်သီး လိမ်းပါ

အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါး လှီးပြီး ဝက်ခြံ အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ပေးပါ။ အဲဒီအသီးအရည်တွေ ကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ ၁၅ မိ နစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေး ရင် ဝက်ခြံအမာရွတ်တွေကို မှိန်ဖျော့သွား စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာ မင်အေပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံး ပြန်လည်ပြု ပြင်ပေးနိုင်ပါတယ်။

သံပုရာရည် လိမ်းပါ

ဝက်ခြံအမာရွတ်တွေက အရောင် ရင့်တယ်ဆိုရင် သံပရာရည်ထဲမှာ ဝါဂွမ်း စကို နှစ်ပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာ ဖြစ်ပါတယ်။

ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ပါ

မျက်နှာ အရေပြားကို ဆော်ဒါမှုန့်နဲ့ ကြေးချွတ်သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထ မင်းစားဇွန်း တစ်ဇွန်းနဲ့ ရေထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက် ခြံ အမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန်နှစ် မိနစ်ခန့်ထားပါ။ ပြီးမှ ကြက် သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

သံလွင်ဆီ လိမ်းပါ

သံလွင်ဆီက အသားအရေ၊ ဆံကေ သာနဲ့ တစ်ကိုယ်လုံး ကျန်းမာရေးအ တွက် တကယ်အသုံးဝင်ပါတယ်။ အစာ ထဲမှာထည့်သုံးရင် အရသာရှိစေရုံသာမ က အသားအရေရဲ့ လှပမှုကိုလည်း တိုး တက်စေပြီး အရေပြား နူးညံ့ချောမွေ့စေ ပါတယ်။ သံလွင်ဆီနှစ်စက်-သုံးစက်ခန့် ကို မျက်နှာပေါ် သုတ်လိမ်းပေးရင် ဝက် ခြံ အမာရွတ်ကို လျော့ပါးစေပါတယ်။

သခွားသီးဖြင့် ပေါင်းတင်ပါ

အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင် သလို သုတ်လိမ်းပေးပါ။ အရေပြားရောင် ရမ်းမှုကို လျော့ကျစေရုံသာမက အသား အရေကို ပြန်လည်လန်းဆန်းစေပြီး ဝက် ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။

ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ

ရှားစောင်းလက်ပပ်ကို ဝက်ခြံအ မာရွတ်ကုသရာမှာ အသုံးများပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားဟာ ဝက်ခြံ အဖကု သိုာမက အမာရတွ က် ပိုလျာပါးစေတဲ့ အနာကျက် ဂုဏ်သတ္တိရှိလို့ပါ။ ရှား စောင်း လက်ပပ်အနှစ်သားအရည်ကို ပုံ မှန်လိမ်းပေးရင် ဝက်ခြံအမာရွတ် တဖြည်း ဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health

ပလတ်စတစ်တွေကို စားသုံးနိုင်တဲ့ ဘက်တီးရီးယားမျိုးစိတ်အသစ်တစ်ခုကို တွေ့ရှိ



ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေကတော့ ပလတ်စတစ်အများစုကို စားသုံးနိုင်တဲ့ ဘက်တီးရီးယားမျိုးစိတ်အသစ်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယားမျိုးစိတ်အသစ်ကို Ideonella sakaiensis လို့ခေါ်ပြီး ပလတ်စတစ်အမျိုးအစားကို PET သို့မဟုတ် polyethylene terephthalate လို့ခေါ်ပါတယ်။

သိပံ္ပပညာရှင်တွေက အဆိုပါဘက်တီးရီးယားတွေကို ဂျပန်နိင်ငံရဲ့မြို့တစ်မြို့ဖြစ်တဲ့ Sakai ရဲ့တံတားတိုင်တစ်ခုအောက်က ပလတ်စတစ်အမှိုက်ပုံထဲမှာတွေ့ရှိခဲ့ပါတယ်။PETကို ပလတ်စတစ်ပုလင်း၊ဓာတုနည်းပညာနဲ့ရက်လုပ်ထားတဲ့အ၀တ်အထည်တွေ၊အစားအသောက်ထုတ်ပိုးတဲ့ အိတ်တွေနဲ့အပူကာ ကိရိယာတွေမှာတွေ့နိုင်ပါတယ်။

ရှည်လျားတဲ့ မော်လီကျူးကွင်းဆက်တွေကို ပေါ်လီမာလို့ခေါ်ပြီး သက်ရှိတော်တော်များများက မဖျက်စီးနိုင်ပါဘူး။သုတေသန ရလဒ်တွေက ဘက်တီးရီးယားတွေက ဘက်တီးရီးယားတွေကို မစားသုံးခင်မှာ အင်ဇိုင်းဓာတ်နှစ်ခုကို အသုံးပြုပြီး ပေါ်လီမာတွေကို အပိုင်းပိုင်းဖြစ်အောင်လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယားတွေရဲ့ အထဲကိုရောက်သွားတဲ့အခါ PETက ပြိုကွဲသွားပြီး ကာဗွန်နဲ့အင်အားတွေက ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။
“ဒါက ပြိုင်ဘက်ကင်းတဲ့အချက်ပါ ။ဘက်တီးရီးယားတွေက PETကိုပြိုကွဲအောင်လုပ်နိုင်ပြီးသူတို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းတယ်”လို့ Kyoto Universityက ခေါင်းဆောင် ဇီဝပညာရှင် ရှိုဆုကီ ယိုရှီဒါ(Shosuke Yoshida)ကဆိုပါတယ်။

အဆိုပါသုတေသနကို ယိုရှီဒါနဲ့သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကြာသပတေးနေ့က “Science” ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
သုတေသနပညာရှင်တွေက ဘက်တီးရီးယားတွေက ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ PETကို ဖြိုခွဲနိုင်တယ်လို့ဆိုပါတယ်။ ဘက်တီးရီးယားတွေက တဖြည်းဖြည်းစားသုံးပြီး အဆိုပါ ပလတ်စတစ်တွေကို စားသုံးခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးပါတယ်။

“အဲဒီဘက်တီးရီးယားတွေက ဘယ်လိုရောက်ရှိလာလဲဆိုတာ မတွေးတတ်အောင်ပါပဲ ၊ပလတ်စတစ်ပုလင်းတွေကိုအသစ်ပြန်ထုတ်ဖို့ ပြန်သုံးလို့ရတဲ့အမှိုက်ပုံးထဲထည့်တာထက် သေးငယ်တဲ့ ဘက်တီးရီးယားတွေကဖျက်စီးတာက ပိုကောင်းတယ်လို့တော့ ကျွန်တော်မထင်ဘူး”လို့ မက်ဆာချူးဆက်က The Woods Hole Oceanographic Institution မှာ ပလတ်စတစ်ကြောင့်ညစ်ညမ်းမှုကို သုတေသနပြုနေတဲ့ ကျွမ်းကျင်ပညာရှင်ထရေစီ မင်ဆာက the Los Angeles Timeကို ပြောကြားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားပေးမယ့် အားကစားလေ့ကျင့်ခန်း ၅ ခု


ခန္ဓာကိုယ်မှာ အဆီပိုတွေဖယ်ရှားရ အခက်ဆုံးနေရာကတော့ ဗိုက်သားက အဆီတွေပဲဖြစ်ပါတယ်။

လေ့လာချက်တွေအရ ၀မ်းဗိုက်မှာ အဆီပိုတွေစုနေတာ ၀မ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီးဖြစ်ပွားစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေတဲ့ အစားအသောက်တွေဖြစ်တောင် အစိမ်းရောင်အသီးအရွက်၊ သစ်သီးဝလံ၊ နို့ထွက်ပစ္စည်းတွေနဲ့ အသားငါးတွေကို စားသောက်ခြင်း၊ ကောင်းမွန်မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းဖြင့် ကြံ့ခိုင်လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

နေ့စဉ် မိနစ် ၂၀ ခန့် အောက်ပါလေ့ကျင့်ခန်းတွေ ပြုလုပ်ရုံနဲ့ ၀မ်းဗိုက်ကအဆီပိုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

အပြေးလေ့ကျင့်ခြင်း

အပြေးလေ့ကျင့်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်မှန်ကန်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လှုပ်ရှားမှုအားလုံးကို ချိန်ညှိပေးပြီး သွေးလည်ပတ်မှုမှန်ကန်ကောင်းမွန်စေကာ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

ရေကူးခြင်း

ရေဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် သဘာဝအလျောက် ခုခံစွမ်းအားတွေကို ထောက်ပံ့ပေးပါတယ်။ ရေကူးခြင်းက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေထဲမှာ အကောင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ အ၀လွန်သူတွေအတွက် သင့်လျော်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်းတွေလို မြေပြင်ပေါ်မှာ လေ့ကျင့်ခန်းလုပ်သလို အရိုးအဆစ်တွေကို ထိခိုက်တာမျိုးတွေ မရှိစေပါဘူး။

လမ်းလျှောက်ခြင်း

လူတွေဟာ နေ့တိုင်းလမ်းလျှောက်နေတာမျိုးတွေ ရှိနေပေမယ့် တကယ့်ခါးနဲ့ ၀မ်းဗိုက်သားတွေကို ထိထိရောက်ရောက် လျော့ကျမသွားတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ လမ်းလျှောက်တဲ့အခါ ၁၀ မိနစ်ထက်ပိုပြီး လမ်းမလျှောက်ကြလို့ပဲ ဖြစ်ပါတယ်။

အချိန်အလုံအလောက်ရှိမယ်ဆိုရင် အချိန်ကြာကြာ လမ်းလျှောက်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း လေ့လာပြီး အပန်းဖြေနိုင်ပါတယ်။ ဒါဟာ အလွယ်ကူအရိုးရှင်းဆုံး အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းက ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကိုအသုံးချတာဖြစ်တဲ့အတွက် အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

အလေးမ လေ့ကျင့်ခန်း

အဆီပိုတွေကျဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ သံသရရှိစရာမလိုပါဘူး။ အလေးမတာဟာ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို အထောက်အပံ့ဖြစ်စေပြီး အနားယူနေတဲ့အချိန်မှာတောင် ကယ်လိုရီတွေကို အမြင့်ဆုံးလောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Stylecraze


အုန်းနို့နဲ့ သဘာဝအတိုင်း ဆံသားပေါင်းတင်နည်း



အုန်းနို့ကို ဟင်းလျာတွေချက်ပြုတ်တဲ့ နေရာမှာ အသုံးပြုတာများကြပါတယ်။ အုန်းဆီကိုတော့ ဆံပင်မှာ လိမ်းလေ့ရှိကြပေမယ့် အုန်းနို့ကိုတော့ အသုံးပြုတာ သိပ်မတွေ့ရပါတယ်။ အုန်းနို့က အထူးသဖြင့် ခြောက်သွေ့တဲ့ ဆံသားတွေ၊ အဖျားနှစ်ခွ ဒါမှမဟုတ် ပျက်စီးနေတဲ့ ဆံသားတွေအတွက် ကောင်းမွန်သင့်တော်ပါတယ်။

အုန်းနို့ဆံပင်ပေါင်းဆေး ပြုလုပ်ဖို့က အလွယ်ဆုံးသဘာဝ ပေါင်းတင်ဆေးပဲဖြစ်ပါတယ်။ အုန့်နို့ ခွက်တစ်ဝက်ပဲ လိုအပ်တာကြောင့်ပါပဲ။

အုန်းနို့်ကို ဈေးကွက်ထဲမှာလည်း လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တာပေမယ့် အုန်းနို့စစ်စစ်ရဖို့ကိုတော့ ဂရုစိုက်ဝယ်ယူသင့်ပါတယ်။ အုန်းနို့ကို ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တော့ ခဲသွားမှာဖြစ်ပြီး အပြင်မှာပဲ အခန်းတွင်းအပူချိန်နဲ့ ထားမယ်ဆိုရင်တော့ အုန်းနို့အရည်ပုံစံနဲ့ပဲ ရှိနေမှာဖြစ်ပါတယ်။

ဆံပင်အတွက် ပေါင်းဆေးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ အခန်းတွင်းအပူချိန်မှာပဲ ထားရှိသင့်ပါတယ်။

ခွက်ထဲမှာ အုန်းနို့ကိုထည့် ပြီးရင်တော့ ဘီးတစ်ချောင်းကို အုန်းနို့ခွက်ထဲမှာနှစ်ပြီး ခေါင်းဖီးချနိုင်ပါတယ်။ ဒီနည်းကတော့ အုန်းနို့ရည်တွေ ကိုယ်ပေါ်ကို စီးကျလာစေနိုင်တာမို့  ရေမြုပ် ဒါမှမဟုတ် ဂွမ်းစလေးကို အုန်းနို့ထဲနှစ်ပြီး ဆံပင်မှာ သုတ်လိမ်းနိုင်ပါတယ်။ ဆံပင်အရင်းတွေနားကို ရှောင်ပြီး သုတ်လိမ်းပေးပါ။

ပြီးရင်တော့ တံဘက်နဲ့ဆံပင်ကို ထုတ်သိမ်းပေါင်းထားပြီး မိနစ်၃၀ လောက်ထားပြီး ပေါင်းတင်ထားနိုင်ပါတယ်။ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းလျှော်ချလိုက်ရင်တော့ နဂိုဆံပင်သားထက် ပိုမိုပျော့ပြောင်းပြီး ခေါင်းဖီးရ လွယ်ကူသွားတာကို ခံစားသိရှိနိုင်ပါတယ်။


( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Who


အလုပ်ခွင်မှာ အချိန်ကြာကြာထိုင်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ



အလုပ်ခွင်မှာ အချိန်ကြာကြာလုပ်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေတယ်လို့ သုတေသနအသစ်တစ်ရပ်က ဆိုပါတယ်။

အဆိုပါ လေ့လာမှုအတွက် သုတေသနပညာရှင်တွေက လူ ၁၉၀၀ကျော်ကို အချိန်ကြာကြာသုတေသနပြုလုပ်ခဲ့ပါတယ်။

အဆိုပါလေ့လာချက်မှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့ ၄၃ရာခိုင်နှုန်းက ရင်ခေါင်းစူးအောင့်ရောဂါ၊ နှလုံးသွေးလွှတ်ကြော ယိုယွင်းရောဂါ၊ ရုတ်တရပ် နှလုံးခုန်ရပ်ခြင်း၊ နှလုံးရောဂါ နဲ့ သွေးဖိအားကျဆင်းတာ စတဲ့ နှလုံးသွေးလှည့်ပတ်မှုရောဂါ( Cardiovascular Disease CVD)ဖြစ်နိုင်ဖို့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အလုပ်ချိန် ၄၆နာရီကစပြီးအပိုအလုပ်ချိန်တွေက နှလုံးရောဂါကို ပိုမိုဖြစ်ပွားနိုင်ပါတယ်။

တပတ်ပျှမ်းမျှ ၄၅နာရီကို  ၁၀နှစ်နဲ့ ၁၀အထက် လုပ်သူနဲ့ တပတ် ၅၅နာရီလုပ်သူကို နှိုင်းယှဉ်တဲ့အခါ ၅၅နာရီလုပ်သူက ၁၆ရာနှုန်းဖြစ်နိုင်ချေပိုများပြီး ၆၆နာရီအလုပ်လုပ်သူက ၃၆ရာနှုန်းဖြစ်နိုင်ချေ ပိုများကြောင်း အဆိုပါသုတေသနက ဖော်ပြထားပါတယ်။

မတ်လထုတ် Journal of Occupational and Environmental Medicine ရဲ့လေ့လာချက်အရ ရှာဖွေတွေ့ရှိချက်တွေက အချိန်ပိုင်း အလုပ်လုပ်သူတွေပေါ်မှာ မသက်ရောက်ဘူးလို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေကအချိန်ကြာကြာအလုပ်လုပ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကြားထဲက ကောင်းကျိုးဆိုးကျိုးဆက်နွယ်မှုတွေကိုတော့ယခုထိ သက်သေမပြရသေးပါဘူး။

“ဒီသုတေသနက အလုပ်ချိန်အကြာကြီးလုပ်တာနဲ့ CVDရောဂါတိုးပွားနိုင်မှုကို တိကျတဲ့သက်သေပေးပါတယ်။

အဲဒီမှာ အချိန်အကြာကြီးအလုပ်လုပ်တဲ့ မီလီယံနဲ့ချီတဲ့အမေရိကန်တွေအတွက် အလုပ်အချိန်ဇယားပေါ်အဓိကထားပြီး  CVDရောဂါကို ကာကွယ်ပေးဖို့ အခြေခံတွေလည်းပေးပါတယ်”လို့ဟူစတန်မှာရှိတဲ့University of Texas Health Science Centreမှ
လေ့လာမှုအကြောင်း စာရေးသူ ဆဒီ ကွန်ဝေးက ဂျာနယ်တစ်စောင်မှာဖော်ပြရေးသားခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : UPI

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?


ခြေဖနောင့်ကွဲခြင်း အတွက်ထိရောက်တဲ့ အိမ်တွင်းသဘာဝ ကုထုံးလေးတွေရှိပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ ခြေထောက်ကြမ်း သူများလဲဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။

၁။ သံလွင်ဆီ သို့ မဟုတ်အုန်း ဆီ ကို ညမအိပ်မှီ ခြေဖနောင့်ကိုလိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့် စင်အောင်ဆေးဖို့ လိုပါတယ်။ ထို့ နောက် ချည်သားခြေအိတ်စွပ်၍ အိပ်လိုက်ပါ။

၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့် ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့ နောက်ရေအေးနှင့် ခနစိမ်လိုက်ပါ။ နေ့ စဉ်လုပ်ပေးနိုင်ပါသည်။ နူးညံ့အိစက်သော ခြေဖဝါး လေးဖြစ်လာပါလိမ့်မည်။

၃။ ပျားရည် တစ်ခွက်ကိုရေ တစ်ပုံးနှင့်ရော ပါ။ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်၍ တိုက်ချွတ်ပေးပါ။ တစ်ပတ် တစ်ခါ လုပ်နိုင်ပါသည်။
အထက်ပါနည်း ၃ မျိုးထဲမှမိမိနှင့် အဆင်ပြေသည့်နည်းကိုရွေးချယ်လုပ်ဆောင်နိုင်ပါသည်။

Dr.Marie

အမျိုးသမီးနှင့်ကျန်းမာရေး

မီးဖိုချောင်ထဲက စဉ်းတီတုံးကို သတိထား


စဉ်းတီတုံးသည် မီးဖိုချောင် တစ်ခုတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ သူရှိမှ အသားငါး တင်ခုတ် လို့ရသည်။ အသီးအရွက် တင်ဖြတ်လို့ ရသည်။ လူသားတို့ စားသမျှ အတော် များများသည် စဉ်းတီတုံးပေါ်တွင် ခုတ်ထစ် ဖြတ်တောက်ခံပြီးမှ ဒယ်အိုးထဲ ရောက်ကာ လူသားတို့ အစာအိမ်ထဲ ရောက်လာခြင်း ဖြစ်သည်။

နောက်ဆုံး လေ့လာမှု စစ်တမ်းသစ် တစ်ရပ်အရကား စဉ်းတီတုံးသည် အိမ်သာ ဘိုထိုင် ကြွေခွက် ထက်ပင် ဘက်တီးရီးယား (၂၀၀) ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။

လေ့လာမှု စစ်တမ်းကို တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကောင်စီ ဖြစ်သော Global Hygiene Council က ပြုလုပ်ခြင်း ဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း (၄၀) ရာခိုင်နှုန်းသည် အိမ်တွင်း တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းခြင်း အရင်းခံဖြစ်ကြောင်းလည်း GHC က ပြောသည်။

စဉ်းတီတုံး အပါအ၀င် အိမ်တွင် မကြာမကြာ ကိုင်တွယ် ခံရသော ပစ္စည်းများသည် အီကိုလိုင်ကဲ့ သို့သော ဘက်တီးရီးယားများ စွဲကပ်လျက်ရှိသည်။
““အိမ်တွင်း သန့်ရှင်းမှု မရှိဆုံး နေရာတွေကို ရွေးထုတ် သုတေသန ပြုကြည့်တော့ အံ့အားသင့်စရာ ကောင်းလောက်အောင် တွေ့ရတာ ကတော့ စဉ်းတီတုံးပဲ။

သူတော်တော် ဘက်တီးရီးယားများတာ တွေ့လိုက်ရတယ်။ ကိုယ့်အိမ် ကိုယ်လည်း ပြန်သုံးသပ် ကြည့်မယ် ဆိုရင် စဉ်းတီတုံးကို သေချာ တိုက်ချွတ် ဆေးကြောတာ သိပ်နည်းတယ်ဆိုတာ သိနိုင်တယ်။ လှီးစရာ ရှိရင် စဉ်းတီတုံး ရေနည်းနည်းစွတ်ပြီး ခုတ်ကြ ထစ်ကြ တော့တာပဲ”” ဟု အစားအသောက် ကျန်းမာရေး ဆိုင်ရာ ဆရာဝန် လီဆာ အက်ကာလေက ပြောသည်။

““လူတွေက အိမ်တွင်း သန့်ရှင်းရေးဆိုရင် အိမ်သာလောက်ပဲ အာရုံရောက်ကြတယ်။ လူတွေဆီ ဘတ်တီးရီးယား အရောက်နိုင်ဆုံး ဖြစ်တဲ့ စဉ်းတီတုံးကို မေ့နေကြတယ်။ စဉ်းတီတုံးက တစ်ဆင့် လူတွေဆီ ဘတ်တီးရီးယား အရောက်ဆုံး ပဲ”” ဟု၎င်းက ဆက်ပြောသည်။

နေ့စဉ် မချက်ပြုတ်မီ စဉ်းတီတုံးကို သန့်ရှင်းအောင် ဆေးကြောဖို့ လိုသလို၊ ချက်ပြုတ် ပြီးလျှင်လည်း တစ်ကြိမ် သန့်ရှင်းအောင် ဆေးကြောဖို့ လိုကြောင်း စစ်တမ်းက လမ်းညွှန်သည်။

Credit to lyhealthcare.com

အမျိုးသမီးနှင့်ကျန်းမာရေး

ပိန္နဲပင်နှင့် မျက်နှာပေါင်းတင်မယ်


ပိန္နဲသီး/အရွက်နှင့်အပင်မြစ်တို့သည် အသားအရေကိုကျန်းမာစေ ၍ ၄င်းတို့ဖြင့်  ပြုလုပ်ထား သော
 ရေချိုးခရင်မ်၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်းနှင့်ခေါင်းလျှော်ရည်တို့မှာ အလှကုန်ဈေးကွက်များတွင် ရောင်း ချလျက်ရှိပါသည်။

(၁) ပိန္နဲသီးအရွက် ၁ဝ ရွက်ကို ရေစင်အောင်ဆေးကာကြိတ် ခြေပြီးရရှိလာသော ပိန္နဲရွက်သတ္တုရည်ကို မျက်နှာအနှံ့လိမ်းကျံပြီး နောက် အခြောက်ခံထားပါ။ ၁၅ မိနစ်ခန့် အကြာတွင် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာအသားအရေနူးညံ့သန့်စင်သွား စေပါမည်။

(၂) အစေ့ဖယ်ထားသော ပိန္နဲသီးမှည့်မှည့် ငါးမြွှာခန့်ကို ကြိတ် စက်ဖြင့် ကြိတ်ခြေပြီးနောက် ထိုအနှစ်ကို သကြားစားပွဲတင်ဇွန်း နှစ်ဇွန်း ရောမွှေ၍ မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်၂ဝ ခန့်အကြာတွင် ရေအေးအေးဖြင့် ဆေးကြောသန့်စင်ပါ။ ဤနည်းအတိုင်းတစ်ပတ် လျှင် တစ်ကြိမ်လုပ်ပေးရုံမျှဖြင့် မျက်နှာအရေပြားပေါ်ရှိ ဆဲလ်အသေ များကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေ ဝင်းမွတ်တောက်ပလာ ပါလိမ့်မည်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net/News/DetailView.aspx?id=11352&path=Health.aspx

ဝင်ငွေနည်းပါးပြီး ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေ အ၀လွန်ရောဂါရနိုင်



ဆင်းရဲတဲ့ ပတ်ဝန်းကျင်နဲ့ကြီးပြင်းလာတာက အ၀လွန်ရောဂါကိုဖြစ်စေနိုင်ပြီး အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတွေမှာ ဖြစ်စေနိုင်တယ်လို့ သုတေသနတစ်ရပ်ကဆိုပါတယ်။

University of Coloradoကသုတေသနပညာရှင်တွေက ၀င်ငွေနည်းတဲ့ အိမ်နီးချင်းနဲ့နေတာက ငယ်ရွယ်တဲ့လူတွေကို ၀လာစေပြီး အဆိုပါ အိမ်နီးချင်းတွေနားကိုပြောင်းရွေ့ခြင်းလည်း ရောဂါကိုမြင့်တက်စေတယ်လို့ပါတယ်။

အပြန်အလှန်အားဖြင့် အဆိုပါပတ်ဝန်းကျင်ကနေ ပြောင်းရွေ့လိုက်တာကရောဂါဖြစ်စေနှုန်းနည်းစေနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဆယ်ကျော်သက်တွေရဲ့ အချိန်အကြာကြီးနေထိုင်မှုက သူတို့ရဲ့ဘ၀သက်တမ်းတစ်လျှောက် ကျန်းမာရေးကိုသက်ရောက်နေတယ်လို့ Denverမှာရှိတဲ့ Colorado  University ရဲ့ လက်ထောက် ပရော်ဖက်ဆာ ဒေါက်တာ အဒမ် လစ်ပ်ပက်တ် က သတင်းတစ်ခုမှာ ဆိုပါတယ်။

ဒေါက်တာ အဒမ်က ၀င်ငွေနည်းပါးတဲ့ပတ်ဝန်းကျင်ကနေ ပြောင်းရွေ့လိုက်တာက အ၀လွန်ရောဂါကို လျော့ချပေးနိုင်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Journal of Health and Social Behavior ကဖော်ပြခဲ့တဲ့ အဆိုပါသုတေသနအတွက် ပညာရှင်တွေက
National Longitudinal of Adolescent  Healthက Grade 7ကနေ 12ထိ ဆယ်ကျော်သက် ၁၂၁၆၄ယောက်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

ကောက်ယူခဲ့တဲ့စစ်တမ်း အချက်အလက်တွေအရ ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေ၊၀င်ငွေနည်းပါးတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့သူတွေက နဂိုအခြေအနေကနေ ၀လာတာ ၊အ၀လွန်ရောဂါတွေဖြစ်နိုင်တာတွေတွေ့ခဲ့ရပါတယ်။

ဝင်ငွေနည်းပါးတဲ့ပတ်ဝန်းကျင်မှာနေထိုင်ရတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ကျန်းမာတဲ့အစားအသောက်တွေမစားသုံးတာနဲ့ စိတ်ဖိအားတွေတိုးပွားစေတာတွေနဲ့ အ၀လွန်ရောဂါက ဆက်စပ်နေတယ်ဆိုတဲ့ဆက်နွယ်မှုတွေကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

“ဆင်းရဲမှုပြင်းထန်တဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းတာက အ၀လွန်ရောဂါကိုတကယ်ပဲလျော့ချပေးပါတယ်
အဲဒါက အရွယ်ရောက်သူတွေနဲ့ငယ်ရွယ်တဲ့သူတွေကို အ၀လွန်ဖြစ်စေတယ် ”လို့ သုတေသနပညာရှင်တွေက
ရေးသားခဲ့ပါတယ်။

ဒါ့အပြင်  “တွေ့ရှိချက်တွေကနေ ရောဂါစုပုံတာတွေနဲ့ ဆက်ဆံရေးရှုထောင့်တွေကို ထောက်ခံနေပါတယ် ပြီးတော့ အဖိုးတန်ပြီး သမမျှတတဲ့ပတ်ဝန်းကျင် ကျန်းမာရေးနဲ့ဆက်စပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်”လို့ ဆိုပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

အသားအရည်အတွက် အကောင်းဆုံး ရှားစောင်းလက်ပတ်


နေလောင်ဒဏ်တွေအတွက် အကောင်းဆုံးကုသမှုကတော့ ရှားစောင်းလက်ပတ်ပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ကို လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး နေလောင်ဒဏ်တွေအတွက်တော့ အကောင်းဆုံးကုထုံးပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒီထက်ပိုပြီး အသုံးဝင်တဲ့အတွက် ရှားစောင်းလက်ပတ်ကို ဂျယ်လီပုံစံ၊ အသားအရည်ထိန်းသိမ်းမှု ကုန်ပစ္စည်းတွေအပြင် ရှားစောင်းလက်ပတ်ဖျော်ရည်တွေအဖြစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတွေလည်း အများကြီး ပေါ်ပေါက်နေပြီဖြစ်ပါတယ်။

မိတ်ကပ်ဖျက်ဆေး

ယုံချင်ယုံ၊ မယုံချင်နေ..ရှားစောင်းလက်ပတ်ကို မိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မိတ်ကပ်ဖျက်မယ့် ၀ါဂွမ်းလုံးလေးပေါ်မှာ ရှားစောင်းလက်ပတ်အနည်းငယ်ထည့်ပြီး မျက်နှာပေါ်ကို ဖြည်းဖြည်းချင်း သုတ်လိမ်းပွတ်တိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်နိုင်ပါတယ်။

သဘာဝ အရေးအကြောင်းပျောက်ဆေး

၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ရှားစောင်းလက်ပတ်အနှစ်က အရေးအကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအားကို ပိုပြီးတိုးတက်စေနိုင်တယ်လို့ သိရှိရပါတယ်။

ကြာရှည်ခံ မျက်ခုံးမွေးနဲ့ မျက်တောင်ကော့ဆေး


မျက်ခုံးမွေးဆွဲတံ၊ မျက်တောင်ကော့ဆေး စုတ်တံကို ရိုးရိုးရှင်းရှင်းလေးပဲ ရှားစောင်းလက်ပတ်အနှစ်ထဲကို နှစ်လိုက်ပြီးမှ မျက်ခုံးမွေးဆွဲမယ်၊ မျက်တောင်ကော့မယ်ဆိုရင်တာ့ တစ်နေ့တာလုံး စွဲစွဲမြဲမြဲနဲ့ လှပနေမှာဖြစ်ပါတယ်။

အပူလောင်ခြင်းများ သက်သာစေရန်


ဝက်ခြံအထွက်များတဲ့ အသားအရည်မျိုးအတွက်သာမက ယားယံတာတွေ၊ အပူလောင်ဒဏ်ရာတွေကိုလည်း သက်သာစေပြီး နီရဲယောင်းရမ်းမှုတွေကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ခံတွင်းသန့်ဆေး


၂၀၁၄ ခုနှစ်က လေ့လာချက်အရ ရှားစောင်းလက်ပတ်က ခံတွင်းနဲ့ပတ်သက်ပြီးလည်း အကျိုးကျေးဇူးတွေ ရှိကြောင်းသိရှိရပါတယ်။ သွားဖုံးယောင်ခြင်း၊ အပူကန်ခြင်း၊ သွားဖုံးသွေးယိုခြင်းတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womanshealth


တက်တူးထိုးထားသူတွေဟာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေကို ပိုမိုခံနိုင်ရည်ရှိကြ


လေ့လာမှုအသစ်တစ်ခုရဲ့ အဆိုအရတော့ တက်တူးထိုးထားတဲ့သူတွေဟာ ရောဂါတွေကို ပိုမိုခံနိုင်ရည်ရှိကြပြီး တက်တူးများလေလေ ကူးစက်ရောဂါတွေကို ခံနိုင်ရည်က ပိုရှိလာလေလေဖြစ်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာဆိုရင်တော့ တက်တူးကိုယ်စီရှိကြပြီး ဒေါ်လာ ၁.၆၅ ဘီလျံလောက်ကို သူတို့ရဲ့ ခန္ဒာကိုယ်ဆေးရေးပန်းချီအတွက် အကုန်အကျခံ အသုံးပြုနေကြတယ်လို့ သိရပါတယ်။

လေ့လာသူတွေဟာ တက်တူးထိုးထားသူတွေရဲ့ တံတွေးနမူနာကို စစ်ဆေးခဲ့ကြပြီး တံတွေးတွင်း အင်မူဂလိုဗျူလင် A ဓာတ်ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ ဒီဓာတ်ဟာဆိုရင်တော့ အဖြစ်များတဲ့ ကူးစက်ရောဂါတွေနဲ့ စိတ်ဖိအားကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို လျော့ကျစေပါတယ်။

တက်တူးထိုးနေစဉ် နာကျင်မှုကိုခံစားရတဲ့အခါမှာည ဒီရဲ့ အင်မူဂလိုဗျူလင် A ဓာတ်ဟာ ပိုမိုထွက်ရှိလာပြီး သည်းခံနိုင်စွမ်းနဲ့ တစ်ခြားကူးစက်ရောဂါ ကာကွယ်နိုင်စွမ်းတွေကလည်း ပိုပြီး မြင့်တက်လာခဲ့ပါတယ်။

“သင်တက်တူးထိုးပြီးစအခါမှာ နာကျင်နေပြီး ကိုယ်ခံစွမ်းအားတွေလည်း ကုန်ဆုံးနေပါလိမ့်မယ်။ ဒီအချိန်မှာတော့ အဖျားရဖို့လွယ်ကူတယ်ဗျ။ ဒါပေမယ့်လည်း သင့်အနေနဲ့ ပြန်သက်သာသွားရင် ခန္ဒာကိုယ်က မျှခြေ ပြန်ဖြစ်သွားလိမ့်မယ်။ ဒီလိုမျှခြေမှာ ကိုယ်ခံစွမ်းအားက ပိုတိုးတက်လာတယ်။ သင်တက်တူးထိုးလေ ၊ ထိုးလေ  ကိုယ်ခံအားကလည်း ပိုကောင်းလာလေဖြစ်ပြီး ဒါက သင့်ကို အကျိုးပြုစေလိမ့်မယ်” လို့ ဦးဆောင်လေ့လာခဲ့သူ Dr.Lynn က ပြောပါတယ်။

ဒီလိုဖြစ်စဉ်ဟာ နာကျင်မှုကို သည်းခံနိုင်တဲ့ ဖိအားပေးဟော်မုန်းတွေနဲ့ ဆက်စပ်နေပြီး ခန္ဒာကိုယ်အပြင်ပိုင်း ခံနိုင်ရည်က တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတိုးတက်လာတာလည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချဉ်ဖောက်အစားအစာများ



အချဉ်ဖောက် အစားအစာတွေဟာဆိုရင်တော့ အူလမ်းကြောင်းနဲ့ တစ်ခြား အစာလမ်းကြောင်းတွေကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

မုန်ညင်းချဉ် ၊ ကင်မ်ချီ ၊ ဒိန်ချဉ်တို့လို ဓာတုဆေးမသုံးဘဲ သဘာဝအတိုင်း အချဉ်ဖောက်ပြီး စားသုံးတာက အူလမ်းကြောင်းတွင်းမှာရှိတဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို တိုးပွားလာအောင် အားပေးတယ်လို့ သိရပါတယ်။

နို့ ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ရက်အတော်ကြာ အချဉ်တည်ထားရာမှာတော့ လက်တိုဘက်ဆဲလ်လက်စ်လို့ အမည်ရတဲ့ ဘက်တီးရီးယားတွေ ထွက်ပေါ်လာပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ဆီက သကြားဓာတ်တွေကို လူတွေနှစ်သက်တဲ့ ချဉ်စူးစူးအရသာကို ကူးပြောင်းပေးသွားပါတယ်။

ဒီဘက်တီးရီးယားဟာဆိုရင်တော့ ရန်သူမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အစာခြေဖျက်မှုစနစ်ကို အားပေးပြီး အစာလမ်ကြောင်းတွင်းက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးသွားမယ့် မိတ်ဆွေတော်တစ်ယောက်ဖြစ်ပါတယ်။

ဒီလိုမျိုး အူလမ်းကြောင်းတွင်းက ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကိုတော့ များသောအားဖြင့် probiotic လို့ ခေါ်ကြပါတယ်။ Prebiotic ဆိုတာ လည်း တစ်မျိုး ရှိပါသေးတယ်။ သူကတော့ အူမှာ ပုံမှန်ရှိရမယ့် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့၊ကြီးထွားဖို့ ကူညီပေးတယ်။ probiotic နဲ့ prebiotic နှစ်မျိုးပေါင်းတာမျိုးကို synbiotic လို့ခေါ်ပါတယ်။

အသက်ကြီးတဲ့လူတွေ ၊ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေနဲ့ ၊ နာမကျန်းဖြစ်နေတဲ့ လူနာတွေမှာဆိုရင်တော့ ဒီရဲ့ ဘက်တီးရီးယားတွေ ယုတ်လျော့နေပြီး ပြန်ပြီးဖြည့်စွက်ပေးသင့်တယ်လို့ သိရပါတယ်။ ကလေးငယ်တွေမှာ ဒီလိုမျိုး အချဉ်ဖောက်အစားအစာတွေကို ကျွေးမွေးခြင်းအားဖြင့် ဓာတ်မတည့်မှုတွေကို လျှော့ချပေးနိုင်ပြီး အားနည်းနေတဲ့ လူတွေရဲ့ ကျန်းမာရေးဖြစ်စဉ်တွေကိုလည်း တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အကယ်လို့ ဝမ်းလျှောပြီးတဲ့ အခါမျိုးမှာ သဘာဝအချဉ်တွေကို ပြန်စားပေးသင့်ပါတယ်။ ငှက်ပျောသီးဟာဆိုရင်တော့ ဝမ်းလျှောအပြီးစားပေးသင့်ပြီး နည်းနည်းအခြေအနေကောင်းသွားရင်တော့ မုန်ညင်းချဉ်လိုမျိုး ပြန်စားပေးသင့်ပါတယ်။ ဝမ်းလျှောတဲ့အခါမှာ မကောင်းတဲ့ဘက်တီးရီးယားတွေနဲ့အတူ အစာလမ်းကြောင်းထဲက ကောင်းမွန်ပါတယ်ဆိုတဲ့ ဘက်တီးရီးယားတွေပါ ပါဝင်သွားလို့ ဖြစ်ပါတယ်။

ဒီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားသုံးမှုများတဲ့ နိုင်ငံတွေဟာဆိုရင်လည်း အကျန်းမာဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။ တရုတ် ၊ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံသားတွေဟာဆိုရင်တော့ ကင်မ်ချီ ၊ မုန်လာချဉ်စတဲ့ အချဉ်ဖောက်အစားအစာတွေကို နေ့စဉ်ပုံမှန်စားသုံးလေ့ရှိတာကြောင့် ကျန်းမာကြတယ်လို့ BBC က ဖော်ပြထားပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်မယ့် နည်းလမ်းများ



လူတွေမှာ အင်အားတွေကုန်ခမ်းပြီး အရမ်းပင်ပမ်းနွမ်းနယ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ ဒီလိုခံစားရတာဟာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ လျော့နည်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။

အိပ်ရေးမ၀တဲ့အခါ၊ နားချိန်အပြည့်အ၀မရှိတဲ့အခါ၊ စိတ်ဖိစီးမှုတွေရှိတဲ့အခါ၊ ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာ ဒီလိုပင်ပမ်းနွမ်းနယ်တာတွေ ပိုပြီးဖြစ်လေ့ရှိကြပါတယ်။ ဒီတော့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ

ပင်ပမ်းနွမ်းနယ်မှုနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့အကြား ဆက်သွယ်မှုတွေကို မှားယွင်းစွာနားလည်ထားတတ်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်တာဟာ လိုအပ်တဲ့စွမ်းအင်တွေကို ပိုမိုထုတ်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးကြွက်သားတွေက အောက်ဆီဂျင်တဲ့ အဟာရဓါတ်တွေကို သွေးကြောတွေထဲကို ပိုမိုထုတ်လွှတ်ပေးနိုင်တာမို့ ခန္ဓာကိုယ်ကို ပိုမိုသွက်လက်စေပြီး ဦးနှောက်ကိုလည်း ပိုမိုကြည်လင်လန်းဆန်းစေပါတယ်။

သမ်းဝေပါ
သမ်းဝေခြင်းကလည်း ဦးနှောက်ကို အနားပေးတဲ့ ခန္ဓာကိုယ်ရဲ့နည်းစနစ်တစ်ခုပဲ ဖြစ်တာမို့ အရေးကြီးတဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် သမ်းဝေတာကိုလည်း အောင့်ထားတာမျိုးမလုပ်သင့်ပါဘူး

တစ်မှေးအိပ်စက်အနားယူပါ

ဦးနှောက်ကို အနားပေးပြီး ကြည်လင်လန်းဆန်းနေစေဖို့ ၁၀ မိနစ်မှ မိနစ် ၂၀ခန့်အထိ တစ်မှေးလောက် အိပ်စက်အနားယူသင့်ပါတယ်။

အားရပါးရရယ်မောပါ

သူငယ်ချင်းတွေနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ ဟာသဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် အားရပါးရရယ်မောဖို့ လိုအပ်ပါတယ်။ ရယ်မောခြင်းက နှစ်လုံးခုန်နှုန်းကို တိုးစေပြီး သွေးဖိအား ပိုမိုမြန်ဆန်သွက်လက်လာစေတဲ့အတွက် လူကိုလည်း သွက်လက်တက်ကြွလာစေနိုင်ပါတယ်။





( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : ideadigezt

ကာဗိုဟိုက်ဒရိတ်မြင့်မားစွာပါဝင်တဲ့ အစားအစာတွေက အဆုတ်ကင်ဆာ ဖြစ်ပွားစေနိုင်



အာလူး၊ပေါင်မုန့်နဲ့ကောက်ပဲသီးနှံစတဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေက အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပြီး အထူးသဖြင့် ဆေးလိပ် ဘယ်တော့မှ မသောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်လို့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။

University of Texas MD Andersen Cancer Centerက သုတေသနပညာရှင်တွေက သွေးထဲက သကြားဓာတ်တိုင်းတာတဲ့ဂလင်းစမစစ် အညွှန်းနဲ့ ကာဗို ဟိုက်ဒရိတ်ရဲ့ အကျိုးတွေက အဆုတ်ကင်ဆာဖြစ်ဖို့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

အဆုတ်ကင်ဆာက အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာဒုတိယအများဆုံးအဖြစ်များပြီး
စီးကရက်သောက်ခြင်းနဲ့ အများအားဖြင့်ဆက်သွယ်နေပါတယ်။ပြီးခဲ့တဲ့သုတေသနတွေမှာ အနီရောင်ရှိတဲ့အသား၊ပေါင်းခံထားတဲ့ အဆီတွေနဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေက အဆုတ်ကင်ဆာဖြစ်စေနိုင်တယ်လို့ဖော်ပြခဲ့ပြီး ကာဗို ဟိုက်ဒရိတ်ဓာတ်မပါဝင်ခဲ့ပါဘူး။


အဆိုပါ သုတေသနအတွက် “Cancer Epide Biomarkers and Preventမှာ ပါဝင်တဲ့သုတေသန ပညာရှင်တွေက အဆုတ်ကင်ဆာခံစားနေရတဲ့ လူအယောက် ၁၉၀၅ကို စမ်းသပ်ခဲ့ပြီး သူတို့ရဲ့အစားအသောက် ၊ဂလင်းစမစ် ပါဝင်မှုနှုန်းနဲ့နေထိုင်မှုပုံစံတွေကို ကျန်းမာတဲ့လူ ၂၄၃၃ယောက်နဲ့နှိုင်းယှဉ်ခဲ့ပါတယ်။

လေ့လာမှုကနေ ဂလင်းစမစ် ပါဝင်မှုနည်းတဲ့သူက အမြင့်ဆုံးရှိတဲ့သူတွေထက်စာရင်  အဆုတ်ကင်ဆာ ၄၉%ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ကာဗိုဟိုက်ဒရိတ်များများစားလေ ဂလင်းစမစ်အညွှန်းမြင့်တက်လေဖြစ်ပြီးအဆုတ်ကင်ဆာဖြစ်ပွားနိုင်ပါတယ်။

 ဒါ့အပြင် အရေပြားကင်ဆာရောဂါသည်တွေနဲ့ ဘယ်တော့မှဆေးလိပ်မသောက်သူတွေမှာလည်းဖြစ်နိုင်ပြီး ၁၂ နှစ် ထက်နည်းပါးတဲ့ ပညာရေးရှိတဲ့သူတွေမှာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

သုတေသီတွေက ပညာရေးအဆင့်ကလည်း နိမ့်ကျတဲ့ စီးပွားရေး လူမှုရေးအခြေအနေနဲ့လူနေမှုဘ၀ကိုဖော်ပြနေပြီး နိမ့်ကျတဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကို တိုးပွားစေပါတယ်။

ပညာရှင်တွေက သုတေသနလုပ်စေစဉ်မှာ လူတစ်ယောက်ရဲ့ သွေးချို၊သွေးဖိအားနဲ့နှလုံးရောဂါတွေကို ထည့်သွင်းမစဉ်းစားဘူးလို့ဆိုပြီး သူတို့ရဲ့ရလဒ်အဖြေတွေက အရင်က သူတို့စားခဲ့တဲ့ အရာတွေပေါ်ပဲမူတည်တယ်လို့ဆိုပါတယ်။ဒါ့အပြင်
လူတစ်ယောက်နေ့စဉ်စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်က အလွန်အကျွံစားတာနဲ့ယှဉ်ရင်
ဆိုးကျိုးမရှိဘူးလို့ ဆိုပါတယ်။နေ့စဉ်စားသုံးတဲ့ အလယ်အလတ် ပျှမ်းမျှ အစားအစာတွေက ကင်ဆာနဲ့ကင်ဆာကို ဖြစ်စေတဲ့နာတာရှည်ရောဂါတွေကို လျော့နည်းစေတယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

(beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

ဆီးအောင့်ထားခြင်းရဲ့ အကျိုးအပြစ်များ



ထိုင်ရာက မထနိုင်လောက်အောင် အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အပေါ့အပါးသွားချင်တာမျိုး ဖြစ်ဖူးပါသလား ? ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေအရ အပေါ့သွားချင်တာကို အောင့်ထားတာက သင့်ရဲ့စိတ်စွမ်းအားကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်စွမ်းနဲ့သက်ဆိုင်တယ်လို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။ ဆီးသွားချင်နေပေမယ့် မသွားပဲအောင့်ထားတာက ရုတ်တရက်လှုံ့ဆော်မှုတွေကို ဆန့်ကျင်တဲ့ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှားစေပါတယ်။ ဒါ့ကြောင့် အခြားသောစိတ်လှုံ့ဆော်မှုတွေဖြစ်တဲ့ သွားရည်စာ စားချင်စိတ်တွေ၊ အပျင်းထူတာတွေကိုလည်း ဆန့်ကျင်နိုင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆီးသွားချင်စိတ်ကို ထိန်းနိုင်တာက အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုကောင်းလာစေပါတယ်။ လေ့လာမှုတွေအရ ဆီးအိတ်ထဲမှာ ဆီးအပြည့်ရှိနေပြီး အပေါ့သွားချင်စိတ်ကို ထိန်းချုပ်ထားရသူတွေက စမ်းသပ်မေးခွန်းတွေကို အပြည့်အ၀အာရုံစိုက်နိုင်တယ်လို့ သိရပါတယ်။

ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုပြီး ရေတွေအများကြီးသောက်၊ ဆီးသွားချင်တာကို စွတ်အတင်းထိန်းချုပ်ထားလို့တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးအောင့်ထားခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိလို့ဖြစ်ပါတယ်။ ဆီးကို အကြာကြီးအောင့်ထားမယ်ဆိုရင် အစပိုင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေတိုးမြင့်လာနိုင်ပြီး ရေရှည်မှာဆိုရင်တော့ ဆီးအိမ်နံရံကို ထိခိုက်လာစေနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးအောက်ပိုင်းတွေ နာကျင်လာသည်အထိ ဆီးကိုထိန်းမထားသင့်ပါဘူး။ ဒီလက္ခဏာတွေက ဆီးသွားချင်တာကို ခံနိုင်တာထက်ပိုပြီး ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အရေးကြီးတဲ့အလုပ်တွေ အပြီးလုပ်ရမယ့်အချိန်မျိုးမှာ ဆီးသွားချင်စိတ်ကို အနည်းငယ်ထိန်းပြီး အောင့်ထားမယ်ဆိုရင် အလုပ်မှာအကောင်းဆုံးရလဒ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်ပေမယ့် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health

အရပ်ရှည်ချင်တဲ့သူတွေအတွက် အကောင်းဆုံးအစားအစာများ



အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင်ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ

ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း


ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ

ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်

အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ

လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။

ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။

 နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။


ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏနဲ့ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။








( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health

ကျန်းမာရေးအတွက် ကောင်းကျိုးများတဲ့ လိင်ဆက်ဆံခြင်း



အိပ်ခန်းထဲက အချစ်ဟာဆိုရင် သင့်အတွက် ကင်ဆာရောဂါကို ချေဖျက်ပစ်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်

ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်

အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်

လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Sex

ကျန်းမာသွက်လက်တဲ့ နေ့သစ်အတွက် ပြုလုပ်သင့်တဲ့ အမူအကျင့် သုံးမျိုး


ကျန်းမာတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်တော့ နေ့တိုင်းပြုလုပ်သင့်တဲ့ အကျင့်သုံးမျိုးကို ဖော်ပြလိုက်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ တစ်နေ့တာမှာ ကောင်းမွန်တဲ့ အရာလေးတွေကို ထပ်ပြီးပေါင်းထည့်လိုက်တာဟာဆိုရင်တော့ သင့်ရဲ့ ကျန်ုးမာရေးကို မမျှော်လင့်ဘဲ အကျိုးများစေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ ထပ်တိုးပေါင်းထည့်သင့်တဲ့ အမူအကျင့်လေးတွေကို အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

၁။ တစ်နေ့လုံးမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတစ်ခုတောင် မလုပ်ဖြစ်ပဲ ဖြစ်နေရင်တော့ ထိုင်ခုံတစ်ခုကို ယူလိုက်ပါ။ ပြီးရင် ထိုင်ခုံပေါ်မှာ ထိုင်နေပါ။ ပြီးရင်မတ်တပ်ပြန်ရပ်ပါ။ ပြီးရင်တော့ ပြန်ထိုင်ပါ။ ဒီလိုမျိုး အကြိမ် ၂၀ လောက်ပြုလုပ်လိုက်တာဟာဆိုရင် ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အဝလွန်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အဲ့လိုမျိုး ထိုင်ခုံကို အသုံးပြုပြီး ထိုင်,ထ ပြုလုပ်ပြီးရင်တော့ မတ်တပ်ရပ်အနေအထားနဲ့ ငယ်ငယ်တုန်းက အတန်းထဲမှာ လုပ်သလိုမျိုး ထိုင်,ထကို အကြိမ် ၂၀ လောက်ပြုလုပ်လိုက်ပါ။  ဒီလိုမျိုး ထိုင်ထပြုလုပ်တာဟာဆိုရင်တော့ ခြေသလုံးကြွက်သားတွေကို ကြီးမားလာစေမှာဖြစ်ပြီး သင့်ရဲ့ ခန္ဒာကိုယ်အောက်ပိုင်းကို သန်စွမ်းစေမှာဖြစ်ပါတယ်။

၂။ ဈေးဝယ်ထွက်တဲ့အခါမှာ လမ်းအနည်းငယ်ပိုလျှောက်လိုက်ပါ။ ဓာတ်လှေကားတို့ စက်လှေကားတို့ကို မသုံးဘဲနဲ့ ရိုးရိုးလှေကားကနေ တက်သွားတာမျိုးပေါ့။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်ကြည့်လိုက်တာကလည်း သင့်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါလိမ့်မယ်။

၃။ စားစရာတွေဝယ်ရင် ထုပ်ပိုးပြီး သယ်လာပါ။ ဆိုင်မှာ စားမလာပါနဲ့။ အိမ်ရောက်မှ စားသုံးတာကတော့ သင့်ရဲ့ အစာခြေဖျက်အားကို ပိုကောင်းစေမှာဖြစ်ပြီး အစားအစာမှာပါဝင်တဲ့ ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေပါလိမ့်မယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health


အက်စပရင် ပုံမှန် သောက်သုံးခြင်းဟာ ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေနိုင်



နာကျင်ကိုက်ခဲမှုတွေအတွက် ထုံဆေးအနေနဲ့ သောက်သုံးရတဲ့ အက်စပရင် ဟာ ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေတယ်လို့ သုတေသန အသစ်တစ်ခုက တွေ့ရှိခဲ့ကြပါတယ်။

JAMA Oncology ဆိုတဲ့ စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန အရတော့ သုတေသီတွေဟာ လူဦးရေ ၁၃၆၀၀၀ ယောက်တို့ကို လေ့လာပြီး အက်စပရင်နဲ့ ကင်ဆာ ကြားက ချိတ်ဆက်နေမှုတို့ကို လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့  အချက်အလက်တွေကိုတော့ ၃၂ နှစ် တိတိ စောင့်ကြည့် လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အနည်းဆုံး ၆ နှစ်အတွင်း အက်စပရင် ကို ပုံမှန်သောက်သုံးခြင်း(တစ်ပတ်ကို ၂ကြိမ်နှင့်အထက်) ဟာ အူမကြီးကင်ဆာ နဲ့ စအို ကင်ဆာ တို့ကို ၁၉ ရာခိုင်နှုန်း ဖြစ်နိုင်ချေ လျော့နည်းစေပြီး ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာကို ၁၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေလျော့နည်းစေတာကို တွေ့ရှိခဲ့ကြပါတယ်။

အဖြစ်များတဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ချေကိုတော့ ၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်သားကင်ဆာ ၊ ဝှေးစေ့ ကင်ဆာနဲ့ အဆုတ်ကင်ဆာတို့မှာတော့ အက်စပရင်ဟာ သက်ရောက်မှု မရှိခဲ့ပါဘူး။

သုတေသီတွေ ရှင်းပြခဲ့တာကတော့ အက်စပရင် ရဲ့  ဓါတု သက်ရောက်မှုတွေဟာ ကင်ဆာ အသားပို ကြီးထွားလာစေတဲ့ အစောပိုင်း အချိန်ကာလတွေမှာ ကင်ဆာ အသားပိုကြီးထွားမှုကို တိုက်ခိုက်တားဆီး နိုင်တာကြောင့်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : TIME

ဆားများများ ပါဝင်တဲ့အစားအစာတွေ စားသုံးခြင်းဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်


သင့် စိတ်ထဲမှာ အဆီတက်စေတဲ့ အစားအစာတွေဟာ အရသာရှိတယ်လို့ ထင်မိပါလိမ့်မယ်။ အဲဒါဆိုရင်တော့ စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အရာက အဆီတွေမဟုတ်ပါဘူး။ ထိုအဆီတက်စေတဲ့ အစားအစာမှာ ပါဝင်တဲ့ သကြား (သို့) ဆားတစ်ခုခု ကြောင့်ပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ ဆားနဲ့ ပတ်သက်ပြီး အနီးကပ်လေ့လာခဲ့ကြပါတယ်။ သူတို့အနေနဲ့ ဆား အလွန်အကျွံ စားသုံးခြင်းဟာလည်း အ၀လွန်ရောဂါ နဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ Journal of Nutrition မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုမှာတော့ ဆားဟာ အစားအစာ တွေပိုပြီးစားသုံးခြင်း ကို ဖြစ်ပေါ်စေဖို့ အဓိက နေရာမှာ ရှိနေတယ်လို့ ဆိုထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ရှိတဲ့ Deakin တက္ကသိုလ်က သုတေသီတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်သူ ၄၈ ယောက်ကို လူစုပြီး အစားအုပ်စု ၄ စု ခွဲပြီးစားသုံးစေခဲ့ပါတယ်။ ထို အစာအုပ်စု ၄ ခုကတော့ အဆီနည်း/ဆားနည်း ၊ အဆီများ/ဆားများ ၊ အဆီများ/ဆားနည်း နဲ့ အဆီများ/ဆားများ တဲ့ အုပ်စု တို့ပဲ ဖြစ်ပါတယ်။ ထိုအစားအစာတွေကို စားသုံးတဲ့အခါမှာ သူတို့ဘယ်လောက်စားခဲ့တယ်ဆိုတာနဲ့ အစားအစာတွေအပေါ် ဗိုက်ဆာမှု ၊ ဗိုက်ပြည့်မှု နဲ့ စားလို့ကောင်းမှု စတဲ့ တုံ့ပြန်မှုတွေကိုလည်း အဆင့်သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ ဆားနည်းနည်းပဲ ပါဝင်တဲ့အစားအစာတွေထက် ဆားများများ ပါဝင်တဲ့အစားအစာတွေ စားသုံးတဲ့အခါမှာ သူတို့ဟာ အစားအစာ တွေက စားလို့ကောင်းတယ်လို့ ခံစားရပြီး စားပြီးရင်းထပ်စားချင်နေတာကိုတွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဆား တွေဟာ လူတွေအစားဘယ်လောက်စားလဲ ဆိုတာပေါ် မူတည်နေပါတယ်။ ဆားဟာ လူတွေကို ၁၁ ရာခိုင်နှုန်းအထိ အစားအစာ နဲ့ ကယ်လိုရီ ပိုစားဖြစ်စေဖို့ လုပ်ဆောင်ပေးတာကိုလည်း တွေ့ရပါတယ်။



( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : News.health

မျက်လုံးညောင်းညာမှုတွေ သက်သာစေဖို့



မျက်မှောက်ခေတ်လူနေမှုပုံစံတွေအရ တီဗီကြည့်လိုက် ၊ ဖုန်းပွတ်လိုက်နဲ့ နေတတ်တာကြောင့် အိပ်ရေးပျက်တာတွေ ဖြစ်ပေါ်လာပါတယ်။ အိပ်ရေးပျက်လာရင်တော့ မျက်လုံးဖောင်းအစ်တာနဲ့ မျက်လုံးညောင်းညာတာတွေဖြစ်တတ်ပြီး မျက်စိကျိန်းစပ်မှုတွေကိုလည်း ခံစားရတတ်ပါတယ်။

ဒီလိုမျိုး မျက်လုံးညောင်းညာမှုတွေဖြစ်လာရင်တော့ သက်သာအောင် ကုသပေးနိုင်မယ့်နည်းလမ်းတွေကို အခုလိုပဲ ဝေမျှလိုက်ရပါတယ်။

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့် တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ်ခန်းခြောက်မှုကြောင့် မျက်စိညောင်းညာမှုမဖြစ်အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health

ကောင်းမွန်မှန်ကန်တဲ့ အိပ်စက်မှုပုံစံအတွက် အပြောင်းအလဲလုပ်သင့်တဲ့ အချက်၎ချက်



အိပ်စက်မှုပုံစံမှန်ကန်ဖို့က အရေးအကြီးဆုံးဆိုတာ အသေအချာပါပဲ။ ညဘက်ကောင်းစွာအိပ်ပျော်ခြင်းက လုပ်ငန်းခွင်မှာလည်း အကျိုးသက်ရောက်မှုရှိသလို စွမ်းအင်တွေလည်း ပြည့်ဝစေတဲ့အပြင် နှလုံးရောဂါ၊ စိတ်ခံမှုကောင်းမွန်ခြင်းနဲ့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှုတွေလည်း ရရှိစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှလိုက်ပါတယ်။

ကဖိန်းဓါတ်ကို ထိန်းချုပ်ပါ


လူအများစုဟာ ကဖိန်းဓါတ် အထူးသဖြင့် ကော်ဖီကို ဆုလဘ်တစ်ခုလို စွဲစွဲမြဲမြဲသောက်သုံးနေကြပါတယ်။ ဒါဟာ အိပ်စက်မှုပုံစံကို နှောက်ယှက်ပေးမှုတွေထဲက တစ်ခုပါပဲ။ လုံးဝကော်ဖီသောက်သုံးခြင်းကို ရပ်တန့်လိုက်ဖို့မလိုပါဘူး။

နာရီတွေကို မဟုတ်ဘဲ အချိန်ပေါ်ကို အာရုံစိုက်ပါ

ပြီးပြည့်စုံတဲ့ အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ဖို့က နာရီပေါင်းဘယ်လောက်အိပ်လိုက်တယ်ဆိုတာထက် မှန်ကန်တဲ့အချိန်မှာ အိပ်စက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ မှန်ကန်တဲ့ အိပ်စက်ချိန်က ည ၁၀ နာရီကနေ မနက် ၂ နာရီကြားထိဖြစ်ပြီး အဲဒီအချိန်တွေမှာဆိုရင် နုပျိုစေတဲ့ဟော်မုန်းဓါတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်တယ်လို ဆိုပါတယ်။

အစားအသောက်ကိုလည်း ဂရုစိုက်ပါ

ကိုယ့်ရဲ့ စားသောက်မှုပုံစံကလည်း အိပ်စက်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ အော်ဂဲနစ်အစားအသောက်တွေကို စားသောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက ပိုမိုကောင်းမွန်တဲ့ အိပ်စက်မှုပုံစံကို ရရှိစေနိုင်ပါသတဲ့။ ဗိုက်တာမင် စီ၊ ပိုတက်ဆီယမ်နဲ့ အိုမီဂါ -3 စတဲ့ ဓါတ်တွေမပြည့်ဝတဲ့အခါ အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

သက်တောင့်သက်သာ ၀တ်ဆင်ပါ

အိပ်ယာဝင်တော့မယ်ဆိုရင် ပေါ့ပါးလွတ်လပ်ပြီး သက်တောင့်သက်သာရှိစေမယ့် ညအိပ်ဝတ်စုံမျိုး ၀တ်ဆင်သင့်ပါတယ်။ ညအိပ်ဝတ်စုံကလည်း ကောင်းမွန်တဲ့အိပ်စက်မှုအတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်ကြပ်တီရှပ်နဲ့ အတွင်းခံဝတ်စုံ၊ အသားကပ်ဘောင်းဘီစတဲ့ ၀တ်စုံမျိုးတွေကို ရှောင်ကြဉ်ပြီး အခန်းတွင်းအပူချိန်နဲ့ ကိုက်ညီတဲ့ ချောင်ချောင်ချိချိဝတ်စုံမျိုးတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter


၆ လနဲ့ ၈ လသားအရွယ် ကလေးငယ်များအတွက် သင့်တော်တဲ့ သရက်သီးနဲ့ငှက်ပျောသီးအနှစ်



ရင်သွေးငယ်လေးအတွက် အစားအစာချက်ပြုတ်ဖို့က မခက်ခဲပါဘူး။ လွယ်ကူမြန်ဆန်တဲ့ အကောင်းဆုံးနည်းလမ်းတွေ ရှိတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကလေးလေး ကြိုက်နှစ်သက်လာအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

၆ လသားကနေ ၈ လသားအရွယ်ထိ အကောင်းဆုံး ကျွေးမွေးနိုင်တဲ့ အိမ်မှာပဲပြုလုပ်လို့ရတဲ့ ဟင်းသီးဟင်းရွက် အနှစ်တိုက်ဟင်းလုပ်နည်းတစ်ခု ဖော်ပြပေးလိုက်ပါတယ်။

သရက်သီးနဲ့ ငှက်ပျောသီး အနှစ်ဟင်း

နူးညံ့မွှေးပျံ့တဲ့ သရက်သီးနဲ့ ငှက်ပျောသီးတွေက ဗိုက်သေးသေးလေးအတွက် အကောင်းဆုံးအစားအစာတွေဖြစ်ပြီး ပြလုပ်ရလွယ်ကူလျင်မြန်တာကြောင့် နာမည်ကျော်လူကြိုက်များလှပါတယ်။

 ငှက်ပျောသီိးချည်းပဲဖြစ်ဖြစ်၊ သရက်သီးချည်းပဲဖြစ်ဖြစ်လည်း စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ အသီး ၂ မျိုးစလုံးက တခြားအသီးအရွက်နဲ့ ရောနှောပြီးလည်း ကျွေးမွေးနိုင်တဲ့အပြင် ဒိန်ချဉ်ကို သကြားအနည်းငယ်ထည့်ပြီးလည်း ရောနှောကျွေးလို့ အဆင်ပြေပါတယ်။

၆ လနဲ့အထက် ကလေးငယ်လေးတွေအတွက် ပြုလုပ်ပြင်ဆင်ဖို့ဆိုရင်တော့

ပါဝင်ပစ္စည်းများ -

ငှက်ပျောသီးတစ်လုံး
သရက်သီးအသေးတစ်လုံး

ပြင်ဆင်ပြုလုပ်ပုံ -

ငှက်ပျောသီးနဲ့ သရက်သီးကို အခွံသင်ပါ။ သရက်သီးကို ဒေါင်လိုက်ပါးပါးလှီးပါ။ ငှက်ပျောသီးနဲ့ သရက်သီးကို အတုံးလေးတွေတုံးပါ။ Brender သို့ Food Processor ထဲကို ထည့်ပြီး အနှစ်ဖြစ်တဲ့အထိ ရောမွှေနိုင်ပါတယ်။ ကလေးရဲ့ ၀ါးစားနိုင်မှုအခြေအနေပေါ် မူတည်ပြီး အနှစ် သို့ အတုံးသေးသေးလေးတွေ ကျန်တဲ့အထိ ရောမွှေနိုင်ပါတယ်။ ရေ၊ မိခင်နို့၊ နို့မှုန့်စသည်တို့ကိုလည်း လိုအပ်သလို ထည့်သွင်းရောနှော ကျွေးမွေးနိုင်ပါတယ်။

ထည့်စရာဗူးလေးထဲမှာ ထည့်သွင်းပြီး ရေခဲသေတ္တာထဲမှာလည်း ၃ ရက်ခန့်အထိ အအေးခံသိမ်းဆည်းထားတာပဲဖြစ်ဖြစ် ရေခဲခန်းထဲမှာ ထည့်ပြီး ၃ လခန့်အထိ အေးခဲထားနိုင်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter


နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲက ရှောင်ရှားသင့်တဲ့ အစားအစာ (၆)မျိုး



နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲက အချို့ဟာ ရှောင်ရှားသင့်တယ်လို့ အစာအဆိပ်သင့်တာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

အစာအဆိပ်သင့်တာတွေနဲ့ ပတ်သက်ပြီးနှစ်ပေါင်းနှစ်ဆယ်ကြာအောင် အလုပ်လုပ်ခဲ့တဲ့ ရှေ့နေ ၀ီလျံ မာလာ (William Marler)က အောက်ပါအစားအစာတွေက ကြာရှည်စွာ မစားသင့်တဲ့အစားအစာတွေလို့ ဆိုပါတယ်။

Food Poison Journalက ဆောင်းပါးတစ်ခုမှာ သူဘယ်တော့မှ မစားတဲ့အစားအစာခြောက်မျိုးကို ဖော်ပြခဲ့ပါတယ်။



၁။ ယောက်သွား (ကမာ)အစိမ်းလိုက်

ယောက်သွားတွေဟာ  အရည်တွေစားသုံးကြပြီး သူတို့ဟာ ရေထဲက အရာမှန်သမျှ သယ်ဆောင်နိုင်ပါတယ်။
တကယ်လို့ရေထဲမှာ ဘက်တီးရီးယားတွေရှိရင် သူတို့ထဲကို အလိုအလျောက်ရောက်သွားမှာဖြစ်ပြီး လူကိုထိခိုက်စေပါတယ်လို့ မာလာကဆိုပါတယ်။

 



၂။ ကြိုတင် လှီးဖြတ်ဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံ

မာလာက ကြိုတင်ဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို ပုလိပ်ရောဂါလိုပဲ ရှောင်ကြဉ်ပါတယ်တဲ့။သူက ရေလည်းမဆေးရသေးတဲ့အပြင် မလှီးဖြတ်ထားတဲ့ အသီးအရွက်တွေကို
Listeriaလို့ခေါ်တဲ့ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ၀ယ်ပြီး သုံးနာရီကနေလေးနာရီအတွင်း စားတယ်လို့ ဆိုပါတယ်။






၃။ ပဲပင်ပေါက်အစိမ်း

၁၉၉၀အလယ်လောက်တည်းက USမှာပဲပင်ပေါက်အစိမ်းနဲ့မကျက်တကျက်ချက်ထားတဲ့ပဲပင်ပေါက်တွေကြောင့်
၃၀ထက်ပိုတဲ့ ဘက်တီးရီးယားရောဂါတွေဖြစ်ပွားခဲ့ပါတယ်။

ပဲပင်ပေါက်အမျိုးအစားအားလုံးဟာ သူတို့ရဲ့အစေ့ မသန့်ရှင်းမှုတွေကြောင့် ဘက်တီးရီးယားတွေကို ပျံ့နှံ့စေနိုင်ပြီး ရောဂါတွေဖြစ်စေပါတယ်။

 


၎။ မကျက်တကျက်အသား

 အသားတွေကို ၁၆၀ ဒီဂရီ ဖာရင်ဟိုက်အထိ ချက်ပြုတ်ဖို့လိုအပ်ပြီး ဒါမှသာ E.coli,salmonellaနဲ့တခြား ဘက်တီးရီးယားရောဂါတွေကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါအသားကို လုံးဝကျက်အောင် ချက်ပေးဖို့အမြဲသတိသင့်တယ်လို့လည်း  ဖော်ပြခဲ့ပါတယ်။

 



၅။ ကြက်ဥ ၊ ဘဲဥအစိမ်း

မာလာက “ဘက်တီးရီးယားကနေ တဆင့်ကူးတဲ့ ကိစ္စက ဥတွေမှာ ဖြစ်ပျက်နိုင်ခြေက လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကထက်လျော့နည်းသွားပါပြီ ဒါပေမယ့်ကျွန်တော်ကြက်ဥ ဘဲဥတွေစားတဲ့အခါ ကျက်အောင်ပဲချက်ပါတယ်”လို့ ဆိုပါတယ်။





 



၆။ ပိုးသတ်မထားတဲ့နွားနို့နဲ့ အသီးဖျော်ရည်တွေ

နွားနို့အစိမ်းမှာ  ဘက်တီးရီးယား ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေပါဝင်နိုင်တယ်လို့ မာလာကဆိုပါတယ်။

ပိုးသတ်တဲ့အဆင့်ကို ကျော်လိုက်တာက ဘက်တီးရီးယားတွေ ကပ်ပါးကောင်တွေကို ပိုမိုတိုးပွားလာစေနိုင်ပါတယ်။


အထက်ပါ အစားအစာခြောက်မျိုးက ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် ရှောင်ရှားဖို့လမ်းညွှန်ထားတဲ့အစားအသောက်တွေဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror



ကွန်ပျူတာအသုံးပြုတာက အသက်ကြီးရင့်ချိန် စိတ်ကူးစိတ်သန်း ပျောက်ဆုံးမှုကို လျှော့ချပေးနိုင်



အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ  ဦးနှောက်တွေရဲ့ မှတ်နိုင်စွမ်းတွေဟာ တစ်ဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒီလို မှတ်ဥာဏ်စွမ်းရည် လျော့ကျရတာဟာဆိုရင်တော့ ဆဲလ်အရရော ၊ သွေးကြောတွေရဲ့ ယိုယွင်းလာမှုတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ လေဖြတ်နိုင်ချေတွေ ၊ တစ်ခြားအနာရောဂါတွေနဲ့ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာ ရောဂါတွေလည်း အသက်ကြီးလာတာနဲ့ အမျှဖြစ်နိုင်ချေက ပိုများလာပါတယ်။

အခုဆိုရင်တော့ အသက်အရွယ်ကြီးရင့်နေတဲ့သူတွေကို ကာလရှည်ကြာ စောင့်ကြည့်နေတဲ့ လေ့လာမှုတွေအရတော့ ကွန်ပျူတာအသုံးပြုသူတွေဟာ အသက်ကြီးရင့်လာတဲ့အချိန်မှာ သူတို့ရဲ့ မှတ်ဥာဏ်တွေက ပိုကောင်းနေတယ်ဆိုတာပါပဲ။

ကွန်ပျူတာကို ပုံမှန်အသုံးပြုသူတွေ ၊ လုံးဝအသုံးမပြုသူတွေနဲ့ အနည်းငယ်သာအသုံးပြုလေ့ရှိသူတွေဆိုပြီး သုံးအုပ်စုခွဲလိုက်ချိန်မှာတော့ ကွန်ပျူတာအနည်းငယ်အသုံးပြုသူတွေဟာ အသက်ကြီးလာချိန် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်း ပျောက်ဆုံးမှု ဖြစ်နိုင်ချေ ၁၇.၉ ရာနှုန်းနဲ့ ကွန်ပျူတာကို လုံးဝအသုံးမပြုသူတွေကတော့ ၃၀.၉ ရာနှုန်းအထိ ရှိခဲ့ကြပါတယ်။

ကွန်ပျူတာကို ပုံမှန်အသုံးပြုနေတဲ့သူတွေကတော့ ဦးနှောက်နဲ့ မှတ်ဥာဏ်စွမ်းရည်ထိခိုက်မှုကို ၄၂ ရာနှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒီလို ဖြစ်ရတာကတော့ ကွန်ပျူတာ အသုံးပြုသူတွေဟာ အာရုံပိုစိုက်ရပြီး ဦးနှောက်ကို စဉ်ဆက်မပြတ် အသုံးချနေရတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ကွန်ပျူတာအသုံးမပြုဘဲ တစ်ခြား သိုးမွှေးထိုးတာနဲ့ ကစားနည်းတစ်ခုခုကို ပုံမှန်ကစားတတ်တဲ့သူတွေဟာဆိုရင်လည်း ဒီလို မှတ်ဥာဏ်ပျောက်ဆုံးမှုကို အတန်အသင့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT , Dr.Tint Swe


ရေများများသောက်ပေးခြင်းဟာ အစာချေဖျက်မှု အားကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်



ရေ သောက်သုံးမှု ပိုများလာခြင်းဟာ လူတွေကို သူတို့စားသုံးလိုက်တဲ့အစားအစာ တွေနဲ့ ပတ်သက်ပြီး ပိုမို ကောင်းမွန်တဲ့ ထိန်းချုပ်မှု ရရှိစေတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

ရိုးရိုး သောက်ရေသန့်တွေဟာ လူတွေရဲ့  ကယ်လိုရီ ရရှိမှုကို လျော့နည်းသွားစေနိုင်ပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ရေဟာ အဆီ ၊ သကြား ၊ ဆိုဒီယမ် နဲ့ ကိုလက်စထရော တို့ကို ဓါတ်ပြယ် သွားစေနိုင်တာကြောင့်ဖြစ်တယ်လို့ Illinois တက္ကသိုလ်က လေ့လာမှုက ဖော်ပြထားပါတယ်။
ဇန်န၀ါရီလမှာ ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုမှာလည်း နယူးယော့်ခ် မြို့ က ကျောင်းအချို့မှာ ရေသန့်စင် စက် တွေ တပ်ဆင်ပေးပြီးတဲ့နောက်မှာ ကျောင်းသားတွေရဲ့  အ၀လွန်ရောဂါ ဖြစ်ပွားနှုန်း ကို လျှော့ချ နိုင်ခဲ့တာကို တွေ့ရှိပြီး နောက်မှာ မှ အခုရှာဖွေတွေ့ရှိမှုကို ထုတ်ပြန်ခဲ့တာ လည်း ဖြစ်ပါတယ်။

Human Nutrition and Dietetics ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု အသစ်တစ်ခုအရတော့ သုတေသီ တွေဟာ ၂၀၀၅ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် အရွယ် ရောက်ပြီး သူ ၁၈၃၁၁ ယောက်တို့ကို လေ့လာထားတဲ့ အမျိုးသားကျန်းမာရေးနဲ့ ခွဲခြမ်းစိတ်ဖြာမှု လေ့လာရေး ရဲ့  အချက်အလက်တွေကို သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ထို အရွယ်ရောက်ပြီးသူတွေကို ၁ ရက်ကို ရေ ၄.၂ ခွက်ခန့်ဆီ သောက်သုံးစေခဲ့ပါတယ်။ ထိုရေပမာဏ ဟာ နေ့စဉ် ရေသောက်သုံးသင့်တဲ့ ပမာဏ ရဲ့  ၃၀ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ သူတို့ရဲ့  ပျမ်းမျှ ကယ်လိုရီ မှီဝဲမှုကတော့ ၂၁၅၇  ရှိပြီး ၁၂၅ ကယ်လိုရီဟာ သကြားပါဝင်တဲ့ ဖျော်ရည်တွေက ရတာ ဖြစ်ပြီး ၄၃၂ ကယ်လိုရီကတော့ သားရည်စာ တွေက ရတာပဲ ဖြစ်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ် ကတော့ ရေ သောက်သုံးမှု ပမာဏ ၁ ရာခိုင်နှုန်းတိုးလာတာနဲ့ ကယ်လိုရီ ၈.၅၈ လျော့နည်းသွားတာနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာပါပဲ။

( Mario )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ