ဗြိတိန်နိုင်ငံရဲ့ကျန်းမာရေးအလိုက်စားဆုံးမြို့များကိုထုတ်ပြန်


အောက်စဖို့မြို့လေးဟာ ဗြိတိန်ရဲ့ ကျန်းမာရေးအလိုက်စားဆုံးမြို့တစ်မြို့ဖြစ်တယ်လို့ မဲဆန္ဒစစ်တမ်း တစ်ခုအရ သိရပါတယ်။ အဲ့ဒီသမိုင်းဝင်မြို့မှာနေထိုင်ကြတဲ့ နေထိုင်သူ ၇၄ ရာခိုင်နှုန်းဟာ တစ်ပတ်ကို အနည်းဆုံး တစ်ခေါက် အားကစားခန်းမ (GYM) တွေသွားလေ့ရှိကြလို့ဖြစ်ပါတယ်။

Oxford City
ဒုတိယနေရာမှာကတော့ မန်ချက်စတာမြို့က နေထိုင်သူ၆၅ရာခိုင်နှုန်းဟာ GYM ကိုအပတ်တိုင်းသွားလေ့ရှိကြတာဖြစ်ပါတယ်။ နောက်ထပ် နည်းနည်းနီးစပ်တဲ့မြို့ကတော့ လီဗာပူးမြို့ဖြစ်ပြီး ၆၃ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ နောက်မှာတော့ နယူးကာဆယ်နဲ့ ဂျော်ဒိစ်က ပဉ္စမနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဆောက်သမ်တမ်မြို့က ၂၃ရာခိုင်နှုန်း၊ ရှက်ဖီးမြို့က ၂၈ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။ ဂလက်ဂိုးမြို့နဲ့ ဝုလ်ဗာဟမ်တန် တို့က ၃၁နဲ့ ၃၃ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပါတယ်။

ဒီဆာဗေးကို အရွယ်ရောက်ပြီးသူ ဗြိတိန်နိုင်ငံသား ၂၀၀၀ လောက်ပါဝင်ခဲ့ကြပြီး ဦးဆောင်သူ Adam Dickinson က "ကျွန်တော်တို့ ဒီစိတ်ဝင်စားစရာ သုတေသနကနေ ဘာကိုတွေ့ခဲ့သလဲဆိုတော့ ကျန်းမာရေး လိုက်စားမှုတွေမှာ မြောက်ပိုင်းကမြို့တွေက ဦးဆောင်နေတာပါပဲ" လို့ ဆိုပါတယ်။

ဆက်လက်ပြီး "ဒီစစ်တမ်းကောက်ယူမှုမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တချို့ကိုတွေ့ခဲ့ရပြီး အားကစားနဲ့ အာဟာရ တွေကိုလိုက်စားတဲ့ နေရာမှာ မြောက်ပိုင်းမြို့တော်တွေက ထိပ်ဆုံးမှာရှိနေပါတယ်။ လန်ဒန်မှာတော့ အားကစားလိုက်စားသူဟာ ၁၃ရာခိုင်နှုန်းလောက်ပဲရှိပြီး လီဗာပူးကနဲ့စာလို့ရှိရင် လေးပုံတစ်ပုံပဲရှိတာကိုတွေ့ရမှာပါ" လို့ပြောပါတယ်။

Liverpool City
(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

သင်သွားတိုက်ဖို့အကောင်းဆုံးအချိန်များ


သွားဆရာဝန်တွေဆီက ရထားတဲ့ အခြေခံအကြံဥာဏ်ကတော့ သွားကို တစ်နေ့နှစ်ခါတိုက်ရမယ်၊ သွားပွတ်ကြိုးပုံမှန်သုံးရမယ်နဲ့ ပါးလုပ်ကျင်းဆေးသုံးရမယ်ဆိုတာပါပဲ။ သွားတိုက်မယ်ဆိုရင်တော့ မနက်ပိုင်း သွားတိုက်တာကတော့ ပုံမှန်ပဲပေါ့။ ပြီးတော့ တချို့လူတွေဆိုရင် အစာစားပြီးတိုင်းကို သူတို့ရဲ့သွားတွေကို တိုက်တတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အချိန်က သင့်တွက်သွားတိုက်ဖို့ အကောင်းဆုံးအချိန်လဲ?

တချို့ သွားဆရာဝန်တွေကတော့ သင့်အနေနဲ့ အစားအသောက်အနည်းငယ်၊ သောက်စရာအနည်းငယ်တို့ကိုစားသောက်ပြီးရင် သွားမတိုက်ပဲ အချိန်ခေတ္တနေလို့ရပါတယ်တဲ့၊ အမြုပ်ပါတဲ့အချိုရည်တွေနဲ့ ဝိုင်တွေက သင့်သွားအပေါ်ယံကြွေလွှာကို မပျက်စီးစေလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန်သွားဆရာဝန်ကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Richard Marques ကတော့ "တစ်ရက်ကိုမနက်တစ်ခါ ညနေတစ်ခါ နှစ်ခါတိုက်ပေးခြင်းက သင့်သွားတွေအတွက် အကောင်းဆုံးပါပဲ" လို့ Independent ကို အကြံပေး ပြောကြားခဲ့ပါတယ်။

သူကဆက်လက်ပြီး "သင့်အနေနဲ့ အစားအသောက်တစ်ခုခုကို စားသောက်ပြီးတိုင်း အနည်းဆုံး မိနစ်သုံးဆယ်ခြားပြီး သွားတိုက်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အစားအသောက်ထဲက အက်ဆစ်တွေက သင့်သွားမျက်နှာပြင်တွေကို ထိခိုက်နိုင်ပါတယ်။ အိပ်ရာမဝင်ခင်သွားတိုက်တာက တကယ်ကိုအရေးကြီးပါတယ်။ မဟုတ်ရင် သွားထဲက စားကြွင်းစားကျန်တွေက သွားတွေရဲ့မျက်နှာပြင်တွေကို တိုက်စားပြီး တစ်ညလုံး ယိုယွင်းပျက်စီးမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပါပဲ" လို့ဆိုပါတယ်။

ဒါကြောင့်သွားတွေကို မနက်တစ်ခါ ညအိပ်ရာဝင်ခါနီးတစ်ခါ မှန်မှန်တိုက်ပေးပြီး ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်။ သင့်အိမ်ကကလေးငယ်တွေကိုလည်း အမြဲတမ်းသွားတိုက်တဲ့ အကျင့်လေးတွေရအောင် လေ့ကျင့်ပေးထားခြင်းက သူတို့ကို နောင်အခါမှာ သွားလှလှလေးတွေနဲ့ သွားကျန်းမာရေးအတွက်စိတ်မပူရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

အသီးအရွက်တွေက ဝိတ်ကျစေရန်ကူညီနိုင်


အသီးအရွက်တွေစားသုံးတာဟာ အခုတော့သာမန်သာမဟုတ်တော့ပါဘူး။ သင့်အတွက်ကောင်းမွန်တဲ့ သော့ချက်တစ်ခု ဖြစ်လာပါပြီ။ ပန်းသီး၊ သစ်တော်သီး၊ အပြာရောင်ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥ တွေလိုမျိုးသီးနှံတွေဟာ သင့်ကိုဝိတ်ကျအောင်ကူညီပေးမှာပါ။

အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်နဲ့ အန်ဂလီယာတက္ကသိုလ်က သုတေသီတွေက အသီးအရွက်တွေမှာ လူတွေရဲ့ ကျန်းမာစေတဲ့ဝိတ်မှာရှိနေအောင် ထိန်းထားပေးတဲ့ Flavonoid တွေကြွယ်ဝစွာ ပါဝင်တာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တစ်ရက်ကို အသီးအရွက် ၈၀ဂရမ်လောက်စားပေးရင်တောင်မှ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်လို့သိရပါတယ်။

Flavonoid ဆိုတာကတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး အသီးအရွက်တော်တော်များများနဲ့ လက်ဖက်ရည်၊ ချောကလက်၊ ဝိုင်တို့လိုစားသောက်ဖွယ်ရာတွေမှာလည်းတွေ့နိုင်ပါတယ်။ အဲ့ဒီဒြပ်မှာ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးတဲ့ Antioidant တွေ အများအပြားပါဝင်တာပါ။

လေ့လာချက်ကို ဗြိတိသျှဆေးဝါးဂျာနယ်မှာ ဖော်ပြခဲ့ပြီး အချက်အလက်တွေကို အသက်၂၄နှစ် ကျော် အမျိုးသား၊ အမျိုးသမီး ၁၂၄ ၀၈၆ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ သုတေသီတွေအနေနဲ့ လူတွေကိုအုပ်စုသုံးခုခွဲခဲ့ပြီး အသက်၃၆နှစ်အရွယ် အမျိုးသမီးတွေ၊ အသက် ၄၈နှစ်အရွယ် အမျိုးသမီးတွေနဲ့၊ အသက်၄၇ နှစ်အရွယ် အမျိုးသားတွေတို့ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ Flavonoid ပမာဏ အနည်းငယ်လောက်စားရင်တောင် ကျန်းမာရေးအတွက် ဝိတ်ကျသွားစေတယ်လို့ ဆိုပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent


ကော်ဖီသောက်ခြင်းနှလုံးကိုထိခိုက်နိုင်ခြင်းမရှိကြောင်းလေ့လာမှုအသစ်တစ်ရပ်ဆို


ကော်ဖီကိုပုံမှန်သောက်သုံးခြင်းက နှလုံးကိုထိခိုက်မှုမရှိပါဘူးလို့ လေ့လာမှုအသစ်တစ်ရပ်ကဆိုပါတယ်။ ယခုတွေ့ရှိချက်ဟာ အရင်လေ့လာမှုတွေမှာ တွေ့ခဲ့ရတဲ့ ကော်ဖီသောက်ခြင်းက နှလုံးခုန်နှုန်းမြန်ဆန်စေတယ် (ရင်တုန်တယ်) ဆိုတဲ့ အဆိုတွေကို ပယ်ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ သုတေသနအဖွဲ့တွေကို ဆေးဘက်ဆိုင်ရာထောက်ခံချက်တွေအတွက် ပြန်လည်စဉ်းစားဆင်ခြင်စေဖို့အတွက် ဖြစ်လာခဲ့ပါတယ်။

ဒီသုတေသနကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနအဖွဲ့က လူပေါင်းခြောက်ထောင်ကို သုတေသနပြုလုပ်ရာကနေရရှိခဲ့တဲ့တွေ့ရှိမှုကို "American Heart" ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ သုတေသနပြုလုပ်ရာမှာ လူတွေရဲ့ နဂိုနှလုံးအခြေအနေတွေကို ဖယ်ထုတ်ပြီး စဉ်းစားခဲ့တာဖြစ်ပါတယ်။

လေ့လာရာမှာ လူတွေရဲ့ နေစဉ်စားသုံးနေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စတဲ့ ကဖိန်းဓာတ်ပါအစားအစာတွေ စားသုံးမှုအပေါ်မူတည်ပြီးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အားလုံးသောလူတွေရဲ့ ရာခိုင်နှုန်း ၈၀ လောက်ဟာ ကဖိန်းဓာတ်ပါအစားအစာ တစ်ခုထက်မနည်းကိုနေ့စဉ်စားသုံးနေကြသူတွေဖြစ်ပါတယ်။ သုတေသီတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စတဲ့ ကဖိန်းဓာတ်ပါအစားအစာတွေ စားသုံးမှုကြောင့် တစ်နာရီနှလုံးခုန်နှုန်းထက် တစ်ကြိမ်တောင်ပိုခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

"အရင်ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေက ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကို အမြဲစားသုံးရင် နှလုံးနဲ့သက်ဆိုင်တဲ့ နှလုံးခုန်နှုန်းဖြန့်ဝေမှုကို တားဆီးတယ်လို့ဆိုခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ သုတေသနကတော့ ချောကလက်၊ ကော်ဖီနဲ့ လက်ဘက်ရည်လို ကဖိန်းဓာတ်ပါတဲ့အစားအသောက်တွေစားသုံးရင် နှလုံးအတွက်တောင်အထောက်အကူဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်" လို့ အဆိုပါသုတေသနအကြီးအကဲ Gregory Marcus ကဆိုပါတယ်။

အခုလုပ်ခဲ့တဲ့သုတေသနက ကဖိန်းဓာတ်ပါအစားအသောက်တွေဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတော့ သင်တို့အနေနဲ့ ရင်တုန်မှာကြောက်လို့ရှောင်နေခဲ့တဲ့ အစားအသောက်တွေကို နည်းနည်းလေးဖြစ်ဖြစ် ပြန်လည်မှီဝဲသင့်ပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

ဒေါက်တာ Manny ပြောတဲ့ Zika ဗိုင်းရပ်စ်ရဲ့ ကြီးမားသောအန္တရယ် ၃ခုအကြောင်း





Aedes ageypti ခြင်အမျိုးအစားက အဓိကသယ်ဆောင်တဲ့ Zika virus မှာ အမေရိကနှင့်ကာရေဘီကမ်ဒေသအတွင်းရှိ လူထောင်ပေါင်းများစွာကို ကူးစက်ပျံ့နှံ့ပြီးဖြစ်ပါတယ်။ဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး သင်သိထားသင့်သော အချက်၃ချက်ဖြစ်ပါတယ်။
Zika ဗိုင်းရပ်စ်က ကလေးများတွင် မွေးရာပါ မျိုးရိုးဗီဇဖောက်ပြန်တဲ့ပုံစံများဖြစ်ပေါ်စေပါတယ်။

အချက်အလက်များအရ ခြင်မှကူးစက်ပြန့်ပွားသောဒီရောဂါမှာ West Nile ဗိုင်းရပ်စ် နှင့် Chikugunya  တို့ကြောင့်ဖြစ်တဲ့ အသားဝါရောဂါလိုအဖျားမျိုး နဲ့ ဆင်တူပါတယ်။ ဒီမျိုးစုဝင်ဗိုင်းရပ်စ်တွေကတစ်ဆင့် Microcephalyလို မွေးရာပါမျိုးရိုးဗီဇ ဖောက်ပြန်တဲ့ပုံစံမျိုးနဲ့ တိုက်ရိုက်ဆက်နွယ်သွားတာကို တွေ့ရှိခဲ့တာ ဒါကပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်မိခင်တွေမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ သိရှိထားကြပြီး West Nile လိုဗိုင်းရပ်စ်မျိုးက သီအိုရီအရဆိုရင် စောစီးစွာ သားပျက်ခြင်းတွေကို ဖြစ်စေနိုင်တယ်လို့ပဲ သိရှိထားကြတာပါ။ အရင်တုန်းက ဒီဗိုင်းရပ်စ်မျိုးပေါင်းစုထဲမှာ ဒီလိုဗိုင်းရပ်စ်ပုံစံမျိုးကို ဘယ်တုန်းကမှမတွေ့ခဲ့ရပါ။ အဲ့ဒီဗိုင်းရပ်စ်မျိုးစုတွေက ကလေးငယ်ရဲ့ဦးနှောက်ကို ပုံစံမကျစေခြင်းဖြင့် အဓိကခန္ဓာပိုင်းဆိုင်ရာပုံပန်းပျက်မှုကို ဖြစ်စေပါတယ်။ ယခုဗိုင်းရပ်စ်ကတော့ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားရဲ့ဖွံဖြိုးတိုးတတ်မှုတွေကို ပေါင်းပေးမှာပါ။ ကလေးငယ်က Microcephaly ရောဂါလက္ခဏာတွေနဲ့မွေးလာမှာဖြစ်ပြီး အသက်ဆက်ရှင်နိုင်ဖို့အတွက် ဂရုစိုက်ပြုစုမှုတွေ လိုအပ်မှာဖြစ်ပါတယ်။ဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထိခိုက်စေနိင်တဲ့ အန္တရာယ်တွေကို ပြောပြပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်က လူရဲ့အာရုံကြောအဖွဲ့အစည်းများကို တိုက်ခိုက်စေနိုင်တဲ့အတွက် ကျောရိုးထဲမှာရှိတဲ့  နာဗ်ကြောများရောင်ရမ်းမှုတွေကိုလည်း ဖြစ်စေပါတယ်။ အဲ့ဒီလိုဖြစ်ပေါ်မှုကိုတော့ Guillain-Barre လို့ခေါ်ပါတယ်။ နာဗ်ကြောတွေကို ရှုပ်ထွေးစေကာ ခြေထောက်ကြွက်သားများကို အားနည်းစေပြီး နောက်ပိုင်းတွင် လက်တွေနဲ့မျက်နှာတွေအထိပါ ပြန့်နှံ့သွားစေပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO) က ဒီဇင်ဘာလ ၁ရက်နေ့မှ ဇန်န၀ါရီလ ၆ ရက်နေ့ ငါးပတ်အတွင်း El Salvador မှာ Guillian-Barre ဖြစ်ပေါ်မှု ၄၆ခုတွေ့ရှိရတယ်လို့ ပြောခဲ့ပါတယ်။ခရီးသွားလာခြင်းကိုရာတွင် အထူးဂရုပြုရမှာဖြစ်ပြီး အင်းဆက်တွေနဲ့မထိတွေ့အောင် အ၀တ်အစားကို လုံလုံခြုံခြုံ ၀တ်သင့်ပါတယ်။

Zika ရဲ့ကူးစက်မှုနှုန်းမှာ အလွန်လျှင်မြန်နေကာ တောင်ဘက်ပိုင်းကို မကြာမီရောက်ရှိ လာနိုင်ပါတယ်
Zika ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသော နိုင်ငံများရဲ့ အချိန်နဲ့အမျှ သတင်းပို့ချက်များအရ ကူးစက်မှုတွေရဲ့နံပါတ်တွေက တိုးလာတာကို ပဲတွေ့ရပါတယ်။ ကိုလံဘီယာမှာ ပြောရေးဆိုခွင့်ရှိသူတွေက သူတို့ တွေ ဒီလိုအဖြစ်အပျက် ၆သိန်းလောက်နဲ့ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဗိုင်းရပ်စ်ကလည်း လျှင်လျှင်မြန်မြန်ကို ကူးစက်နေတာပါ။

ရောဂါဖြစ်ပွားနေတဲ့ဒေသများသို့ သွားရောက်စဉ် Zika ဗိုင်းရပ်စ်ကူးစက်ခံပါက ဗိုင်းရပ်စ်ကို ပြန့်ပွားစေရန် ကူးစက်ခံရသူမှာ Aedes aegypti ခြင်ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ Zika အတွက် မည်သည့် ဆေးကုသမှု နှင့် ကာကွယ်ဆေးကိုမတွေ့ရှိကြသေးပါဘူး။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Fox News



အနာကျက်ပိုမြန်စေမယ့် ဂဏန်းခွံကနေထုတ်လုပ်ထားတဲ့ ပတ်တီး



ဂဏန်းခွံကနေ ထုတ်လုပ်ထားတဲ့ ပတ်တီးဟာဆိုရင်တော့ သင့်ရဲ့ဒဏ်ရာကို အကျက်ပိုမြန်စေပြီး ဒဏ်ရာတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် ပတ်တီးဖြစ်လာမှာပါ။ ဒီပတ်တီးကိုတော့ အင်္ဂလန်နိုင်ငံ ဘော်လ်တန်ဒေသမှာဆိုရင်တော့ ပြီးခဲ့တဲ့ဆယ်နှစ်လောက်တည်းက အချိန်ယူစမ်းသပ်နေခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဒီပတ်တီးဟာ  ဝတ်ဆင်လို့ရတဲ့အဆင့်အထိ အောင်မြင်ခဲ့ပါပြီ။ 

ဒီရဲ့ ဂဏန်းခွံကနေ ထုတ်လုပ်ထားတဲ့ ပတ်တီးဟာဆိုရင်တော့ ခိုင်တိုဇင်ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီဓာတ်က အနာတွေကို အကျက်မြန်စေသလို ဘက်တီးရီးယားတွေကိုလည်း သတ်ပေးနိုင်တယ်လို့ သိရပါတယ်။ ရှေးတုန်းက တရုတ်လူမျိုးတွေဟာဆိုရင်တော့ ဂဏန်းတွေကို ထုချေပြီး ဒဏ်ရာပေါ်ကို အုံပေးတာက အနာရင်းမှုကို လျှော့ချနိုင်ပြီး သက်သာစေနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဂဏန်းခွံကို ပျော့ဖတ်အောင်ပြုလုပ်ပြီး ပတ်တီးလိုဖြစ်အောင် ပြုလုပ်ဖို့က အဓိက အခက်အခဲဖြစ်ခဲ့ပေမယ့်လည်း ပညာရှင်တွေကတော့ အခြားသော အမျှင်ဓာတ်တွေနဲ့ ပေါင်းစပ်ပြီး အနာကျက်ပတ်တီးဖြစ်အောင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီပတ်တီးကိုတော့ တရုတ်နိုင်ငံမှာ လက်တွေ့စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ကလေးလေးရှိနေပြီလား?ကျန်းမာတဲ့ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေဖို့အချက်များ


သင့်ရဲ့ ဆရာဝန်ကသင့်ကို ကိုယ်ဝန်ရှိနေပြီလို့ ပြောတဲ့အချိန်ကစပြီး သင့်အနေနဲ့ စစ်ပွဲတစ်ပွဲတိုက်နေရသလို အမျိုးမျိုးသော အန္တရာယ်တွေကျော်လွှားရတော့မှာဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့ သင့်ကလေးရော သင်ကိုယ်တိုင်ပါကျန်းမာနေဖို့လိုအပ်လို့ သင့်အနေနဲ့ အစားအသောက်တွေကအစ အစစအရာရာ ဆင်ခြင်နေထိုင်ရတော့မှာဖြစ်ပါတယ်။ ဒီအတွက် အောက်ကအချက်လေးတွေက သင့်ကိုအထောက်အကူဖြစ်နိုင်စေဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။

၁) ကျန်းမာတဲ့ အစားရှောင်ခြင်း

ဒီအချက်ကတော့ ဘယ်လိုအသက်အရွယ် အဆင့်အတန်းမှာမဆိုအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ ဖြစ်လာရင်တော့ ပိုပြီးအရေးပါတာပေါ့။ သင်နဲ့ သင့်ကလေး ဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အလွန်အရေးပါပါတယ်။

၂) တစ်ရက်ကိုအသီးအရွက် ငါးမျိုးလောက်စားဖို့ရည်ရွယ်ထားပါ


အသီးအရွက်တွေကို ပေါင်မုန့်၊ အာလူး၊ ဆန်စပါးတို့လို မူလအစားအသောက်တွေနဲ့ တွဲဖက်စားသုံးပေးရပါမယ်။ အသီးအရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်သလို၊ အမျှင်ဓာတ်တွေလည်းပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ဝမ်းချုပ်စေတာနဲ့ အစာမကြေတာတွေကို ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။

၃) ပရိုတိန်းဓာတ်တွေများများစားဖို့လို


ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပရိုတိန်းဓာတ်ကိုနေ့စဉ်မှီဝဲသင့်ပါတယ်။ ပရိုတိန်းတွေကို ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆံအမျိုးမျိုး နဲ့ နီရဲတဲ့အသားတွေမှာ တွေ့ရမှာပါ။ ဒါပေမယ့် အသည်းတွေ ကလီစာတွေကိုတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရှောင်သင့်ပါတယ်။ ရှောင်ရမယ့် အစားအစာတွေကိုတော့ သင့် OG နဲ့ညှိနှိုင်းတိုင်ပင် သင့်ပါတယ်။

၎) ကယ်လ်ဆီယမ်ကိုမြှင့်တင်ပါ


သင့်အနေနဲ့ ကယ်လ်ဆီယမ်လုံလောက်တာ သေချာပါစေ။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ချိစ်နဲ့ ဒိန်ချဉ်တို့မှာ ကယ်လ်ဆီယမ်တွေကြွယ်ဝပါတယ်။ သကြားများတဲ့ Snack တွေကိုတော့ မစားမိဖို့ကြိုးစားပါ။

၅) ရေများများသောက်ပါ


ဝမ်းချုပ်တာတွေမဖြစ်ရအောင် ရေများများကို ပုံမှန်သောက်ဖို့ ကလည်းအရေးပါပါတယ်။ ကော်ဖီကိုလည်း သတ်သတ်မှတ်မှတ်သောက်နိုင်ပါတယ်။

၆) ကလေးကိုဒီအတိုင်းနို့တိုက်မလား နို့ဘူးပဲတိုက်မလား


ခြောက်လအောက် နို့စို့ကလေးတွေအတွက် ကလေးမိခင်တွေအတွက် မိခင်နို့ရည်သာအကောင်းဆုံးလို့ သိရပါတယ်။ မိခင်နို့ရည်ဟာ ကလေးအတွက် ပြည့်စုံတဲ့ အစာအာဟာရပဲဖြစ်ပါတယ်။ မိခင်နို့ရည်မှာ ကလေးကို ကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့အတွက် ကူညီပေးတဲ့ အားသာချက်တွေအများကြီးရှိပါတယ်။

၇) ကိုယ်ဝန်ဆောင်အာဟာရဓာတ်များ


ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်လောက်ကို သင့်အနေနဲ့ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်၁၂ပတ်အထိ မှီဝဲသင့်ပါတယ်။ ဗီတာမင်ဒီ ၁၀မိုက်ခရိုဂရမ်လောက်ကို နို့တိုက်မိခင်မဖြစ်ခင်အထိမှီဝဲသင့်ပါတယ်။

(Blue Lion) 

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

အ၀လွန်တဲ့ ကလေးငယ်အရေအတွက်က ဆယ်စုနှစ်အတွင်း ၂ဆ ပိုမိုများပြားလာမယ်လို့ WHO ကဆို



အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄၁ သန်းကျော်ဟာ အ၀လွန်နေကြတာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အစီရင်ခံစာမှာ ဖော်ပြထားပြီး နောင်လာမည့် ၁၀ စုနှစ်အတွင်းမှာ သန်း ၇၀ ကျော်ထိ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ ကမ္ဘာတစ်လွှားမှာ မြင့်တက်လာတဲ့ အ၀လွန်ကလေးတွေရဲ့ အဓိကတရားခံကတော့ ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်၊ သန့်ရှင်းမှုမရှိ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေကို ဈေးကွက်အတွင်းမှာ ရောင်းလိုအားများနေတာဖြစ်ကြောင်း ထောက်ပြထားပါတယ်။

 “ အ၀လွန် ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေသာမက ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ပြီးတော့ ပညာရေးမှာလည်း ထိခိုက်နိုင်ပြီး ဒီလိုအ၀လွန်တာဟာ အသက်ကြီးတဲ့အထိ ဖြစ်သွားနိုင်တာကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ မိသားစုရေးရာမှာသာမက လူမှုအဖွဲ့အစည်းမှာလည်း အဓိကပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်လို့ “ အဖွဲ့အစည်းရဲ့ တွဲဖက်ဥက္ကဌဖြစ်သူ Sania Nishtar က ရှင်းလင်းပြောပြ ထားတာဖြစ်ပါတယ်။


( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Dailymail

KFC ကကျန်းမာရေးနှင့်ပိုညီညွတ်ကြောင်းလေ့လာတွေ့ရှိ


KFC ရဲ့အစားအစာတွေဟာကျန်းမာရေးနဲ့ ပိုမိုညီညွတ်တယ်လို့ လေ့လာချက်အသစ်တစ်ခုအရသိရပါတယ်။ ဗြိတိန်နာမည်ကြီးရုပ်သံ Channel 4 က ပြုလုပ်ခဲ့တဲ့ Documentry တစ်ခုက နာမည်ကြီးစားသောက်ဆိုင် Nando ကအစားအစာတွေကို KFC ကအစားအစာတွေနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါထုတ်လွှင့်ချက်အရ Nando ရဲ့ အစားအသောက်တွေဟာ KFC ထက် ကယ်လိုရီနဲ့ သကြားပမာဏတွေ ပိုများတယ်လို့ဆိုပါတယ်။ Nando နဲ့ KFC တို့ဟာ သူတို့ရဲ့ကုန်ကြမ်းနဲ့ ကြက်သားတွေကို တူညီတဲ့ Supplier ဆီကနေရတာဖြစ်ပေမယ့် Nando ကဈေးအနည်းငယ်ပိုကြီးတာကိုလည်းတွေ့ရပါတယ်။

အဆိုပါထုတ်လွှင့်မှုမှာ တင်ဆက်သူ Amanda Ursell က KFC ရဲ့ ပေါင်မုန့်အသားလိပ် (Toasted Twister wrap) နဲ့ Nando ရဲ့ (Chicken wrap) တို့ကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။ သူမက KFC အသားလိပ်မှာ
ကယ်လိုရီ ၄၈၀နဲ့ သကြား ၄.၇ ဂရမ်ပါဝင်ပြီး၊ Nando ရဲ့အသားလိပ်မှာတော့ ၅၉၄ကယ်လိုရီနဲ့ KFC မှာပါဝင်တဲ့ သကြားပမာဏထက်သုံးဆများတဲ့ ၁၆.၂ဂရမ်ရှိတဲ့ သကြားတွေကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Nando Chicken Wrap
Nando ရဲ့အသားလိပ်ဟာ ဆားပမာဏအနည်းငယ်သာတွေ့ခဲ့ရပြီး အာလူးChips ချင်းနှိုင်းယှဉ်ကြည့်ရင်တော့ Nando ကပိုမို ကောင်းမွန်တဲ့ အဆီတွေကိုတွေ့ခဲ့ရပါတယ်။ Nando အာလူးကြော်တစ်ပွဲမှာ ၅၄၆
ကယ်လိုရီပါဝင်ပြီး၊ KFC အာလူးကြော်တစ်ပွဲမှာတော့ ၃၁၀ကယ်လိုရီ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဈေးနှုန်းချင်းကွာခြားတာတွေ့ခဲ့ရပေမယ့် ဆိုင်နှစ်ခုစလုံးရဲ့ ကြက်သားတွေဟာ Moy Park ဆိုတဲ့တူညီတဲ့ ထောက်ပံ့ပေးသူဆီကနေလာတာဖြစ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

ဆောင်းတွင်းမှာ ရေချိုးရမှာကြောက်ရွံ့သူတွေဟာ လေးလံ ထိုင်းမှိုင်းနေတတ်


ဆောင်းတွင်းမှာ အအေးဒဏ်ကိုကြောက်နေတာကြောင့် ရေမချိုးတတ်တဲ့သူတွေဟာဆိုရင်တော့ ပုံမှန်ရေချိုးတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ပိုကျန်းမာတာကိုတွေ့ရပါတယ်။ ရေချိုးတာဟာဆိုရင် မိမိရဲ့ ခန္ဒာကိုယ်တွင်းက အခိုးအပုတ်တွေကို ဖယ်ရှားလိုက်ပြီး စိတ်ကို ကြည်လင်စေတာကြောင့် သင့်ကိုယ်သင်ယုံကြည်မှုကတော့ အမြင့်ဆုံးနေရာမှာ ရှိနေမှာပါ။

ကျွန်တော်တို့ဟာဆိုရင် ရာသီဥတုအေးမြနေတဲ့ အချိန်မှာ ရေချိုးရမှာကို ကြောက်နေတတ်ကြပြီး ပျင်းရိတတ်ကြပါတယ်။ ရေချိုးတဲ့အချိန်မှာဆိုရင် ပထမဆုံးရေတစ်ခွက်လောက်ကသာပဲ သင့်ကို အလွန်အမင်း အေးမြစေမှာဖြစ်ပြီး နောက်ထပ်ဆက်တိုက်လောင်းလိုက်တဲ့အချိန်မှာတော့ ကိုယ်တွင်းက အပူတွေထွက်သွားတာကြောင့်  သိပ်မအေးတော့ဘဲ နေသားကျသွားမှာဖြစ်ပါတယ်။

အကယ်လို့သင်ဟာရေမချိုးဖြစ်ခဲ့ရင်တော့ ခန္ဒာကိုယ်တွင်းမှာ အခိုးငုတ်တာ ၊ မသန့်တာ ၊ လေချုပ်တာ ၊ သွားနာတာနဲ့ မျက်စိဝေတာ ၊ ဆံပင်ကျွတ်တာတွေဖြစ်နိုင်သလို ခေါင်းမူးတာတွေတောင်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူပုံစံကိုကြည့်လိုက်ရင်လည်း ဖျတ်ဖျတ်လတ်လတ်မရှိဘဲနဲ့ ထိုင်းမှိုင်းနေတတ်တာကိုတွေ့ရမှာပါ။

ရေချိုးရင်တော့ သင်ဟာဒီပြဿနာတွေကနေ ရှောင်လွဲနိုင်မှာဖြစ်ပြီးတော့ နေလို့ထိုင်လို့ကောင်းမွန်တာကို တွေ့ရမှာပါ။ သင့်ရဲ့ အာရုံကြောအခြေအနေဟာဆိုရင်လည်း ဖွံ့ဖြိုးနေမှာဖြစ်ပြီး အဆစ်အမြစ်ကိုက်ခဲတာတွေ ၊ ဇက်ကြောတက်တဲ့ြ့ပဿနာတွေကိုလည်း ရှောင်လွဲသွားနိုင်မှာပါ။

ရေချိုးရာမှာလည်း မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ တစ်ရက်ခြားတစ်ခါလိုမျိုး ပုံမှန်ရေချိုးနှုန်းကို သတ်မှတ်ပေးသင့်ပါတယ်။ ရေနွေးကို အချိုးကျရောစပ်ပြီးချိုးတာကလည်း သင့်ရဲ့ အကြောတွေကို ပိုမိုအညောင်းပြေစေမှာပါ။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Useful tips


ခြင်သယ်ဆောင်လာတဲ့ Zika virus ကြောင့်ဖြစ်တဲ့ရောဂါဟာ အမေရိကန်မှာ ပျံ့နှံ့မှု မြန်ဆန်လာ



ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက Zika virus အမေရိကန်နိုင်ငံအနုံ့အပြားသို့ ကူးစက်ပြန့်နှံ့လာနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

ရောဂါလက္ခဏာတွေဖြစ်တဲ့ အနည်းငယ်ကိုယ်ပူခြင်း၊ မျက်လုံးအမြှေးပါးရောင်ရမ်းခြင်းနဲ့ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်စေတတ်တဲ့ ကူးစက်မှုကို အမေရိကတောင်ပိုင်းနဲ့မြောက်ပိုင်း နှင့် ကာရေဘီယန်နိင်ငံ၂၁နိုင်ငံမှာ တွေ့ရှိပြီးဖြစ်ပါတယ်။

အဲ့ဒါက ဦးနှောက်ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်ထောင်ပေါင်းများစွာ မွေးဖွားတာနဲ့ ဆက်နွယ်နေပြီး တချို့နိုင်ငံတွေမှာဆို အမျိုးသမီးတွေမှာ ကလေးမရနိုင်တာလဲ ဖြစ်စေနိင်ပါသတဲ့။မည်သည့် ကုသမှုမျိုး သို့ ကာကွယ်ဆေးမျိုးမှ ဒီရောဂါအတွက်တော့ မထုတ်လုပ်နိုင်သေးပါဘူး။

ဗိုင်းရပ်စ်ကို ၁၉၄၇ခုနှစ် အာဖရိကမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ အချို့အစိတ်အပိုင်းတွေ နဲ့ ပစိဖိတ်ကျွန်းစုတွေပေါ်မှာလည်း ရောဂါဖြစ်ပွားနေတဲ့လူတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ မြန်မြန်ဆန်ဆန်ကိုပြန့်နှံ့နေပြီး ၂၀၁၅ခုနှစ် မေလတုန်းကတော့ ဘရာဇီးနိုင်ငံမှာ ကူးစက်မှုကို စတင်တွေ့ရှိခဲ့တာပါ။

များပြားလှတဲ့ ခြင်တွေက ဗိုင်းရပ်စ်ကို သယ်ဆောင်ကြပြီး သဘာဝဒဏ်ကိုခံနိုင်ကြတာကလည်း ကူးစက်မှုကို မြန်မြန်ဆန်ဆန် ပြန့်ပွားအောင် ကူညီနေသလိုဖြစ်နေပါတယ်။



( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#www.health.thithtoolwin.com

Ref: BBC

ငှက်ဖျားရောဂါတိုက်ဖျက်ဖို့အတွက် Bill Gates နဲ့ ယူကေအစိုးရတို့ပူးပေါင်းကာ ဒေါ်လာ ၄ ဘီလီယံ လှူဒါန်းသွားမည်



Bill Gates နဲ့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး George Osborne တို့ဟာ ငှက်ဖျားရောဂါကိုတိုက်ဖျက်ဖို့အတွက် ဒေါ်လာ ၄.၃ ဘီလီယံ ပံ့ပိုးသွားမှာဖြစ်ကြောင်း ကတိက၀တ်ပြုပြောကြားလိုက်ပါတယ်။

ခြင်ကနေတဆင့်ကူးစက်ပျံ့ပွားတဲ့ငှက်ဖျားရောဂါကြောင့် လွန်ခဲ့တဲ့နှစ်မှာ ကမ္ဘာတစ်လွှား လူပေါင်း ၄၃၈၀၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။

Microsoft သူဌေး Bill Gates နဲ့ George Osborne ဟာ The Times သတင်းစာကနေ ယခုငွေပမာဏကို ကြေငြာခဲ့တာဖြစ်ပြီး၊ နောက်ငါးနှစ်အတွင်း ငှက်ဖျားရောဂါတိုက်ဖျက်ဖို့ကြိုးပမ်းမှုတွေနဲ့ သုတေသနလုပ်ငန်းတွေ မှာ ဒီငွေတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

“ တိရိစ္ဆာန်တွေကြောင့် လူတွေသေကြေပျက်စီးရမှုမှာ ခြင်တွေကအဆိုးရွားဆုံးပါပဲ။ ကမ္ဘာ့ကျန်းမာရေးအတွက် ငှက်ဖျားရောဂါကင်းစင်တဲ့ ကမ္ဘာကြီးကို ဦးစားပေးဖော်ဆောင်သင့်ပါတယ်”

ငှက်ဖျားရောဂါတိုက်ဖျက်ရေးဟာ Bill and Melinda Gates ဖောင်ဒေးရှင်းရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလမှာ၊ ဖောင်ဒေးရှင်းဟာ ယူကေအစိုးရနဲ့ပူးပေါင်းကာ Ross Fund ကို ဒေါ်လာ ၁ ဘီလီယံနဲ့ စတင် တည်ထောင်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်အရ၊ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတစ်လွှားမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၂၁၄ သန်းခန့်ရှိခဲ့ပြီး၊ ဒီထဲက ၈၉ ရာခိုင်နှုန်းလောက်ဟာ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တရာ တောင်ပိုင်းနိုင်ငံတွေမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူပေါင်း ၄၃၈၀၀၀ ကျော်သေဆုံးခဲ့ပြီး၊ အများစုဟာ အသက်ငါးနှစ်အောက် ကလေးအရွယ်တွေဖြစ်ပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးနဲ့ထိန်းချုပ်ရေးလုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့်လည်း၊ ပိုးသတ်ဆေးနဲ့ကာကွယ်ဆေးတွေကို ဆေးယဉ်ပါးမှုကြောင့် သေဆုံးသူဦးရေဟာ များပြားဆဲ ဖြစ်နေရကြောင်း သိရပါတယ်။

(Ye Wint)


#သစ်ထူးလွင်(ကျန်းမာရေး)
#www.health.thithtoolwin.com 

Ref: The Verge

အသားစိမ်းစားခြင်းကြောင့် အစာအိမ်ထဲမှာ ၆ လက်မအရွယ် တုတ်ကောင်ဖြစ်ပေါ်နေခဲ့တဲ့ အမျိုးသား




အသား စားရတာ ကြိုက်နှစ်သက်သူ အမျိုးသားတစ်ဦးဟာ ၂ နှစ်ခန့် အစာအိမ် နာကျင်မှု ဝေဒနာကို ခံစားခဲ့ရတဲ့အတွက် ဆရာဝန် သွားပြရာမှာတော့ သူ့ရဲ့  အစာအိမ်အတွင်းမှာ ၆ မီတာရှည်လျားတဲ့ တုတ်ကောင် တစ်ကောင် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဆရာဝန်တွေ ကတော့ ထိုအမျိုးသားရဲ့  ၀မ်းဗိုက်ထဲမှာ အခုလို တုတ်ကောင်တွေ ရောက်ရှိနေခြင်းဟာ ထိုအမျိုးသားရဲ့  အမဲသား အစိမ်း နှစ်သက်ခြင်း ကြောင့်ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၂နှစ်ကတည်း ပျို့ အန်ခြင်း ၊ ကိုယ်ခံအား နည်းခြင်း နဲ့ အစာစားချင်စိတ် ကုန်ဆုံးနေခြင်းတို့ကြောင့် ဆရာဝန်တွေ အများအပြားထံ အကြိမ်ကြိမ် သွားရောက် ကုသခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ သူ့ကို အစာအိမ် နာကျင်ကိုက်ခဲမှုနဲ့ နာတာရှည် သွေးအားနည်း ရောဂါလို့သာ သတ်မှတ်ကာ ဆေးဝါးတွေ ပေးခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ်မှာတော့ သူဟာ တရုတ်နိုင်ငံ ၊ ရှီယန်း မြို့ မှာရှိတဲ့ Hubei ဆေးတက္ကသိုလ်ကို သွားရောက်တဲ့အခါမှာ ဆရာဝန်တွေက သူ့ကို စမ်းသပ် စစ်ဆေးခဲ့ကြရာမှာ မှတ်ချက်ပေးလောက်တဲ့ရောဂါတစ်ခုမှ မတွေ့ပဲ ဖြစ်ခဲ့ရတယ်လို့ New England Journal of Medicine ဂျာနယ်မှာ ဖော်ပြထားချက်အရသိရပါတယ်။

Hubei ဆေးတက္ကသိုလ်က ဆရာဝန်တွေက ထိုအမျိုးသားကို ၀မ်းနှုတ်ဆေးတစ်ချို့  တိုက်ကျွေးခဲ့ရာမှာတော့ ၂ နာရီခန့်အကြာမှာပဲ သူ့ရဲ့  ၀မ်းဗိုက်ထဲမှာ ၂ နှစ်ခန့် ကိန်းအောင်းနေခဲ့တဲ့ ဧရာမ တုတ်ကောင်ပါ အညစ်အကြေးတွေနဲ့ အတူ ထွက်ပါလာတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူ့ရဲ့ ရောဂါကို အမဲသား တုတ်ကောင် ကူးစက်ရောဂါ လို့ သတ်မှတ်ထားပြီး ထိုရောဂါဟာ လုံလောက်စွာ ချက်ပြုတ်ထားခြင်း မရှိသော အမဲသား (သို့) အသားစိမ်း တို့ကိုစားသုံးခဲ့ခြင်းကြောင့် ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တုတ်ကောင် ကူးစက်ရောဂါ ဟာ ဖွံဖြိုးဆဲ နိုင်ငံတွေမှာသာ အဖြစ်များပြီး ဗြိတိန်လိုနိုင်ငံမျိုးမှာတော့ ရှားပါးရောဂါ တစ်မျိုးသားဖြစ်နေခဲ့တာပါ။ ဒါကြောင့်လည်း ထို အမျိုးသားဟာ ၂ နှစ်လောက် ရောဂါ အခြေအနေကို မသိပဲ နေလာခဲ့ရတာပါ။ လူသားတွေဟာ ထို တုတ်ကောင်ကူးစက်ရောဂါကို မသန့်ရှင်းသောအရာများကို ထိတွေ့ပြီး ထို ထိတွေ့ထားတဲ့ လက်တွေကို ပါးစပ်အနားမှာ ထားလိုက်တဲ့အခါမျိုး ၊ မသန့်ရှင်းတဲ့ အစားအစာ နဲ့ ရေတို့ကို သောက်သုံးမိတဲ့အခါမျိုး ၊ ဒါမှမဟုတ် အမဲသား ၊ ၀က်သား ၊ ငါးတို့ကို အစိမ်းလိုက်စားသုံးတဲ့(သို့) လုံလောက်စွာ မချက်ပြုတ်ပဲ စားသုံးတဲ့အခါမျိုးတွေမှာသာ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

၆ လက်မ ခန့်ရှိတဲ့ တုတ်ကောင်ကြီး ၀မ်းဗိုက်ထဲက ထွက်သွားပြီးတဲ့နောက်မှာတော့ ထို အမျိုးသားဟာ အစာအိမ် နာကျင်မှု ဝေဒနာ ကနေ သက်သာပျက်ကင်းသွားခဲ့ပြီး သာမန် အတိုင်းပြန်ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ကြက်သွန်ဖြူကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ရာမှာ ကူညီပေး









ကြက်သွန်ဖြူကနေ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ သွေးလွှတ်ကြောနဲ့ နှလုံးရောဂါဖြစ်ပွားမှု ရာနှုန်းတွေကို လျှော့ကျစေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေအဆိုအရ နေ့စဉ်ဖြည့်စွက်ဆေးဝါး စားသုံးသူတွေမှာ သွေးလွှတ်ကြောအတွင်းအညစ်ကြေးတွေစုပုံမူ သိသိသာသာ လျော့ကျလာတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။

လေ့လာမူတွေအရတော့ သုသေသနပြုသူများဟာ ဇီဝဗေဒလက္ခဏာတွေကိုစစ်ဆေးထားတဲ့ နှလုံးရောဂါစဖြစ်နိုင်တဲ့လက္ခဏာတွေ့ရှိပြီး အသက် ၄၀မှ၇၅နှစ်အတွင်းရှိတဲ့လူနာတွေကို စုဆောင်းခဲ့ပါတယ်။

သွေးကြောများထဲတွင် ကယ်လ်ဆီယမ်အနည်ကျခြင်းနှင့် သွေးခဲများစုပုံလာခြင်းကို တိုင်းတာပြီးနောက် သုသေသနပြုသူတွေက နေ့တိုင်း ကြက်သွန်ဖြူမှ ထုတ်လုပ်ထားတဲ့ဖြည့်စွက်ဆေးဝါး ၂၄၀၀မီလီဂရမ် တိုက်ကျွေးခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ သုသေသနပြုပြီးနောက် ကြက်သွန်ဖြူမှထုတ်လုပ်ထားသောဖြည့်စွက်ဆေးဝါး သောက်သုံးတဲ့သူတွေမှာ သူတို့ရဲ့သွေးကြောတွင်းရှိ သွေးခဲများဖြစ်ပေါ်မူနှုန်း ၈၀ရာခိုင်နှုန်း လျော့ကျသွားတာကိုတွေ့ရှိရပြီး ရှိနေတဲ့သွေးခဲတွေဟာလည်း လျော့ကျသွားတာကိုတွေ့ရှိရပါတယ်။

 “ ဒီလေ့လာမှုက နှလုံးရောဂါဖြစ်ပွားစေတဲ့ သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ခြင်းနှင့် ရှိပြီးသားသွေးခဲများတိုးပွားလာခြင်းကို လျော့ကျစေတဲ့ ဖြည့်စွက်အစားအစာရဲ့ ကောင်းကျိုးတွေကို ပြသလိုက်တဲ့နောက်ထပ်  စမ်းသပ်မှုတစ်ခုဖြစ်ပါတယ် “ လို့  LA BioMeduu မှ သုသေသနပညာရှင် ဒေါက်တာ Matthew Budoff ကပြောပါတယ်။

လေ့လာမှုများကို အသေးစိတ်စစ်ဆေးရာတွင် သုသေသနပြုလုပ်သူများက ကြက်သွန်ဖြူမှ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ သွေးပေါင်ချိန်နှင့်ကိုလက်စထရော ကိုလည်း လျော့ကျစေနိုင်ကြောင်း ထင်ရှားတဲ့ အချက်အလက်တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။


( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ငယ်စဉ်ဘ၀မှာ အ၀လွန်ရောဂါ မဖြစ်စေဖို့ ရေများများ သောက်ပေးရန် လိုအပ်



စာသင်ကျောင်းတွေရဲ့  မုန့်ဈေးတန်းမှာ ရေ အလွယ်တကူ သောက်လို့ရအောင် ဖန်တီးပေးထားခြင်းဟာ ကျောင်းသားတွေရဲ့  ငယ်စဉ် ကျန်းမာရေးအခြေအနေတွေမှာ သက်ရောက်မှု ရှိလာနိုင်တယ်လို့ နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုအရသိရပါတယ်။

နယူးယော့ခ် တက္ကသိုလ် လန်ဂေါန်း ဆေးပညာစင်တာက သုတေသီတွေ တွေ့ရှိခဲ့တာကတော့ ငယ်စဉ်ကလေး ဘ၀မှာ ရေ များများ သောက်ခြင်းဟာ အ၀လွန်ရောဂါ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။

နယူးယော့ခ် မြို့ တော်မှာရှိတဲ့ ကျန်းမာရေး နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဌာန ၊ ပညာရေး ဌာနတို့ဟာ ရေသန့်စက်လို့ ခေါ်တဲ့ ခလုပ်နှိပ်တာနဲ့ ရေ ရယူနိုင်မယ့် လျှပ်စစ် ကိရိယာ တစ်မျိုးကို မြို့ တော်ရဲ့  စာသင်ကျောင်း ၄၀ ရာခိုင်နှုန်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ကျောင်းတွေမှာ တပ်ဆင်ခဲ့ကြပါတယ်။ သုတေသီတွေရဲ့  ပြောကြားချက်အရတော့ ရေသန့်စက် တပ်ဆက်လိုက်တဲ့ ကျောင်းတွေမှာ ယောကျာင်္းလေးတွေဟာ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ  ၀.၉ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး မိန်းကလေးတွေအတွက်တော့ အ၀လွန်ရောဂါ ဖြစ်နိုင်ချေ ၀.၆ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ထိုလေ့လာမှုက တစ်ဆင့် သိရှိခဲ့ရတာက ငယ်ရွယ်စဉ်မှာ အ၀လွန်ရောဂါကို ရှောင်ကြဉ်နိုင်ဖို့အတွက် နွားနို့ သောက်သုံးမှုကိုလည်း လျှော့ချဖို့လိုမယ် ဆိုတာပါပဲ။

ဒီလေ့လာမှုကိုတော့ JAMA Pediatrics ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ခံတွင်းရှိ HPV ပိုးဟာ ဦးခေါင်းနှင့်လည်ချောင်းကင်ဆာဖြစ်ပွားမှုနှုန်းကို တိုးစေနိုင်



လေ့လာတွေ့ရှိချက်အသစ်တွေအရ လူတွေမှာ HPVပိုးရှိနေခြင်းဟာ ဦးခေါင်းနှင့်လည်ချောင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မားစေတယ်လို့ သိရှိရပါတယ်။

ခံတွင်းရှိ HPV-16ပိုးက ကင်ဆာဖြစ်ပွားမှုနှုန်းကို အဓိကအားဖြင့်တိုးစေတယ်လို့ သိရှိထားခဲ့ပါတယ်။ အခြား HPVပိုးအမျိုးအစားတွေကလည်း ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားတာနဲ့ ဆက်နွယ်နေပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့ သုသေသနပြုလုပ်မှုတွေအရတော့ HPV ပိုးက အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာကိုဖြစ်စေပြီး အမျိုးသားများမှာဆိုရင် လည်ချောင်းကင်ဆာကိုဖြစ်စေနိုင်တယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မတိုင်ခင်ကထဲက ကာကွယ်ဆေးကို ပေးဖို့လမ်းညွန်ချက်တွေ တိုးပြီးလုပ်ဆောင်လာကြပါတယ်။

လေ့လာတွေရှိချက်အသစ်များအပေါ်အခြေခံကာ သုသေသနပြုသူတွေက ပလုတ်ကျင်းခြင်းဖြင့် ဦးခေါင်းနှင့်လည်ချောင်းကင်ဆာတွေ ဖြစ်ပွားနိုင်မှုနှုန်းကို ရိုးရှင်းစွာကာကွယ်နိုင်ပါတယ်လို့ ရှင်းလင်းလမ်းညွှန်ပေးထားပါတယ်။

ဓါတ်ခွဲစမ်းသပ်မှုနမူနာများထဲမှာတော့ HPV 16 ပိုးတွေ့ရှိတဲ့လူတွေဟာ ပိုးမတွေ့ရတဲ့သူတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေ ၂၂ဆပိုများတယ်လို့ တွေ့ရှိရပါတယ်။ သုသေသနပြုသူတွေက အရေပြားပေါ်တွင်ပုံမှန်တွေ့ရှိရတဲ့ Beta-gamma-HPVs ပိုးကလည်း ကင်ဆာဖြစ်ပွားမူနဲ့ ဆက်နွယ်နေတယ် ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : UPI



မျက်နှာကို ဖြူစင်ဝင်းပလာစေမယ့် သဘာဝနည်းလမ်းများ





နေရောင်ခြည်အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသားအရေတွေ ညိုမည်းခြောက်သွေ့ လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့နည်းတွေကတော့ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသားအရေကို ပြန်လည် ဝင်းပလာစေနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

သရက်သီးနဲ့ နွားနို့

မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့်ထည့်ရောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓါတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကိုစုပ်ယူပြီး နွားနို့က ဆေးကြောပေးလိုက်တာကြောင့် မျက်နှာကိုချောမွတ်တောက်ပလာစေပြီး အရေပြားကင်ဆာကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ှ*သတိပြုရန် = သရက်သီးကို မွှေထားစဉ်မှာတော့ ယင်ကောင်တွေ မနားစေရပါဘူး။ ရေရောထားတဲ့ နွားနို့တော့မဖြစ်စေရပါဘူး။*

နွားနို့နဲ့ပျားရည်

နွားနို့စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပါ။ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။

ပျားရည်နဲ့ ထောပတ်သီး

မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းလောက်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်မတိုင်ခင် ပြန်ခွါနိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ်လာစေတာကို တွေ့ရမှာပါ။

ကြက်ဥအကာနဲ့ ပျားရည်

ကြက်ဥအကာနှင့် ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံးပြုလုပ်ပေးပါ။၁၅ မိနစ်လောက် ကြာအောင်ထားပြီး ပြန်ခွါလိုက်ပါ။ မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။

မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရုံမကပဲ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။



( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: MNT

ကာစီနိုမှာအသုံးပြုတဲ့ အလင်းရောင်နှင့်သီချင်းသံတွေက ဦးနှောက်ကို ဆေးစွဲသလိုဖြစ်စေ



လေ့လာစမ်းသပ်ချက်အရ ကာဆီနိုထဲမှာရှိတဲ့ အလင်းရောင်တွေနဲ့သီချင်းသံတွေက အန္တရာယ်များတဲ့ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ဖို့ ကြွက်တွေကို တိုက်တွန်းတယ်ဆိုတာ တွေ့ရှိခဲ့ရပါသတဲ့။ အဲ့ဒီလိုပဲ လူတွေအပေါ်မှာလဲ သက်ရောက်မှုကတူတူပဲ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက လောင်းကစားကိုစွဲလမ်းခြင်းအတွက် ရှင်းလင်းဖော်ပြထားပါတယ်။

University of British Columbia မှ သိပ္ပံပညာရှင်တွေဟာ စူးရှတဲ့အလင်းရောင်နဲ့ ကျယ်လောင်တဲ့အသံတွေဟာ ဦးနှောက်အတွင်းမှာရှိတဲ့ Dopamine တွေကို အနှောက်အယှက်ပေးပြီး အန္တာရယ်များတဲ့ အပြုအမူ ဆုံးဖြတ်ချက်မှားတွေကို ပိုပြီးပြုလုပ်စေနိုင်တာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဦးနှောက်အတွင်းရှိ Dopamind D3 receptor ဟာ မူးယစ်ဆေးစွဲမှုတွေ ဖြစ်စေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းးဆိုတာ သိရှိပြီးနောက် စွဲလမ်းခြင်းတွေဟာ များသောအားဖြင့် ဇီဝဗေဒအချက်အလက်တွေကြောင့် ဖြစ်တယ်ဆိုတာတွေကို လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
လေ့လာမှုတွေမှာ သုသေသနပြုသူတွေက ကြွက်တွေကို လောင်းကစားပုံစံကစားနည်းတွေ ကစားတတ်စေရန် လေ့ကျင့်ပေးထားခဲ့ပါတယ်။

ကြွက်တွေက ဆုလေးခုနဲ့ပြစ်ဒဏ်လေးခုကို လောင်းကစားပုံစံအတိုင်း ရွေးချယ်ရပါတယ်။ သုသေသနပြုသူတွေက ကြွက်တွေရဲ့တုန့်ပြန်ပုံတွေကို အလင်းနဲ့အသံကျယ်တွေ ပြုလုပ်ပြီးသော်လည်းကောင်း  မပြုလုပ်ဘဲနဲ့သော်လည်းကောင်း စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနပညာရှင်တွေက ကြွက်တွေဟာ ပုံမှန်အားဖြင့် အန္တရာယ်ကို ရှောင်ရှားနိုင်တဲ့အပြုအမှုတွေကို သိရှိကြပြီး ဒဏ်ပေးခြင်းမှရလဒ်ကတော့ အသံနဲ့အလင်းရောင်တွေက ကြွက်တွေကို ပိုပြီးအန္တရာယ်ရှိတဲ့ အပြုအမူတွေကို ဆက်လက်လုပ်ဆောင်စေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သိပံ္ပပညာရှင်တွေက Dopamine D3 receptor ကို ပိတ်ဆို့ပေးနိုင်တဲ့ ဆေးဝါးတစ်မျိုးသုံးစွဲပေးလိုက်တဲ့အခါမှာတော့ ကြွက်တွေရဲ့အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်ခြင်း လျော့ကျသွားခဲ့ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: UPI

ဘယ်နှစ်ကြိမ်လောက်ကာမဆက်ဆံခြင်းကသင့်ကိုပျော်ရွှင်စေနိုင်မလဲ


တကယ်လို့သင်မှာ ချစ်သူ၊ စုံတွဲတစ်ယောက်ယောက်ရှိနေတယ်ဆိုရင် သင်ပျော်ရွှင်မှုတွေကို တစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။ ဒီထက်များသွားရင်တော့ သင်ထပ်မံပျော်ရွှင်ရမှာမဟုတ်ဘူးလို့ သုတေသနတစ်ခုကဆိုပါတယ်။

သင့်မှာပျော်ရွှင်မှုတွေအများကြီးမရှိနိုင်ပါဘူး။ ကာမဆက်ဆံတာဟာ သင့်အတွက်ကောင်းမွန်တဲ့အရာတစ်ခုပါပဲ။ လေ့လာချက်တွေအရ စုံတွဲတွေဟာ သူတို့ဆက်ဆံရေးမှာ ပိုပြီးစိတ်ကျေနပ်ပျော်ရွှင်ဖို့နဲ့ ပိုအဆင်ပြေဖို့ အလိုရှိကြပါတယ်။ တချို့လူငယ်တွေကတော့ ဒီလိုကာမကိစ္စတွေမှာ တက်ကြွတတ်တာမို့ ဘယ်လောက်ပဲ ဆက်ဆံဆက်ဆံ ပျော်ရွှင်မှုအတိုင်းအတာက ပိုမလာနိုင်ဘူးလို့ဆိုပါတယ်။

လူမှုစိတ်ပိုင်းဆိုင်ရာနဲ့ပုဂ္ဂိုလ်ရေးသိပ္ပံမဂ္ဂဇင်းက ပုံမှန်ကာမဆက်ဆံပျော်ရွှင်တဲ့ အမေရိကန်လူမျိုး သုံးသောင်းကို ၁၉၈၉ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း လေ့လာချက်တွေအရ အကောင်းဆုံး ပျော်ရွှင်ဖို့အကြိမ်ရေဟာ တစ်ပတ်တစ်ခါပဲဖြစ်တယ်လို့ သိရပါတယ်။ လေ့လာမှုက စုံတွဲတွေဟာ လိင်ဆက်ဆံရင်ပျော်တတ်ကြပါတယ်၊ ဒါပေမယ့် တစ်ပတ်တစ်ကြိမ်ထက် ပိုပြုလုပ်ခဲ့လို့ရှိရင်တော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ ထပ်တိုးမလာတော့ဘူးလို့သိရပါတယ်။


တစ်ပတ်တစ်ကြိမ်စည်းမျဉ်းဟာ အသက်၊ လိင် ဒါမှမဟုတ် အချစ်ရေးအခြေအနေတွေပေါ်မူတည်မှုမရှိဘူးလို့ဆိုပါတယ်။ သုတေသနရဲ့ တွေ့ရှိချက်မှာတော့ ကာမဆက်ဆံရေးပျော်ရွှင်မှုဟာ သူတို့အနေနဲ့ ဘယ်နှစ်ကြိမ်ဆက်ဆံခဲ့ဖူးတယ်ဆိုတဲ့ အချက်နဲ့လည်း ဆက်စပ်မှုမရှိတာဖြစ်ပါတယ်။ "ကာမဆက်ဆံရေးမှာ အကြိမ်ရေပေါ်မူတည်ပြီး အကျိုးအမြတ် ဘယ်လောက်ရှိတယ်ဆိုတာ မရှိပါဘူး" လို့ သုတေသနကိုဦးဆောင်ခဲ့သူ Amy Muise ကဆိုပါတယ်။

တစ်ချိန်ထဲမှာပဲ တခြားလေ့လာမှုတစ်ရပ်မှာတော့ ယောက်ျားတွေဟာ ကာမဆက်ဆံမှုတောင့်တချက်က မိန်းမတွေထက်မြင့်မားတယ်လို့သိရပါတယ်။ ဒီသုတေသနကလည်း တစ်ပတ်ကိုတစ်ကြိမ်ထက်ပိုပြီး ကာမဆက်ဆံတာဟာ ပျော်ရွှင်မှုကိုထပ်မံမဖြစ်စေဘူးလို့ အကြံပြုခဲ့ပါတယ်။ လေ့လာမှုက ကာမဆက်ဆံခြင်းရဲ့ အရည်အချင်းကိုမကြည့်ပေမယ့် တစ်ပတ်တစ်ကြိမ်ဆက်ဆံရေးဟာ စုံတွဲတွေအတွက် သူတို့ရဲ့ ဆက်ဆံရေးမှာ အကောင်းဆုံးအခိုက်အတန့်တွေကို ခံစားရစေတယ်လို့ သိရပါတယ်။

စုံတွဲတွေအနေနဲ့ တစ်ပတ်တစ်ကြိမ် ကာမဆက်ဆံခြင်းဟာ ပျမ်းမျှပမာဏ တစ်ခုဖြစ်ပေမယ့်လည်း တကယ်လို့ ကလေးလိုချင်တဲ့သူတွေအတွက်ကတော့ ဒီပမာဏဟာ အကောင်းဆုံးအကြိမ်ရေပမာဏမဟုတ်ဘူးလို့ ဆိုပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: The Guardian







ဆောင်းတွင်းမှာ နှုတ်ခမ်းကွဲခြောက်တာတွေ အတွက် အကောင်းဆုံးအဖြေများ



ဆောင်းတွင်းရောက်လာတာနဲ့ လူတိုင်းကြုံရတဲ့ ပြဿနာကတော့ အသားတွေပက်တာ ၊ နှုတ်ခမ်းတွေကလည်း  စိုစွတ်မနေဘဲ ကွဲခြောက်အက်ကွဲတာမျိုးတွေကို ကြုံရလေ့ရှိပါတယ်။

နှုတ်ခမ်းခြောက်တဲ့အချိန်မှာ လုပ်လေ့ရှိမိနေတာကတော့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို ပြန်စိုလာစေဖို့ လျှာနဲ့ သပ်မိတာပါပဲ။နှုတ်ခမ်းကို လျှာနဲ့သပ်မိတာက သက်သာသလို ဖြစ်စေပေမယ့်လည်း  နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွားလာစေပါတယ်။ နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် အစိုဓာတ်ကို ထိန်းသိမ်းမှုအားနည်းတာကြောင့် ခြောက်သွေ့လွယ်ပါတယ်။

ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ ခြောက်သွေ့ပြီး နှုတ်ခမ်းဖတ်တွေ လန်တာတွေပိုဖြစ်တတ်ပါတယ်။နှုတ်ခမ်းနဲ့ပတ်သက်ပြီး ရှောင်ကြည်ရမဲ့ အချက်လေးတွေနဲ့ သဘာဝကုထုံးလေးတွေကို ပြန်ပြီးစုစည်းတင်ပြလိုက်ရပါတယ်။

ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေကတော့

- နှုတ်ခမ်းကို လျှာနဲ့သပ်တာမျိုး မလုပ်ပါနဲ့။ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တာက သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
- နှုတ်ခမ်းကို သွားတိုက်တံနဲ့ မပွတ်ပါနဲ့။ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
- နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်နေပါ။
- နေပူ သိပ်မခံပါနဲ့။
- နှုတ်ခမ်းနီကို အလွန်အမင်း သုံးစွဲခြင်းဟာလည်း နှုတ်ခမ်းကို ခြောက်သွေ့ပြီး မည်းစေပါတယ်။
- နှုတ်ခမ်းကွဲတဲ့အခါ အရေပြား ကွာနေတာကို မနေတတ်လို့ဆိုပြီး ခွာတာတွေ မလုပ်ပါနဲ့။
- အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှု ဖြစ်လွယ်လို့ပါ။

ကုသလို့ရတဲ့ သဘာဝနည်းတွေကတော့

- သခွားသီးစိတ်နဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ။
- နှင်းဆီနီပွင့်ချပ် အနည်းငယ်ကို နို့အစိမ်းထဲ နာရီအနည်းငယ် ကြာအောင် စိမ်ပြီး အရည်ပျစ်ပျစ် ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။
- သံလွင်ဆီ အနည်းငယ်ကို လက်မှာ ဆွတ်ပြီး နှုတ်ခမ်းကို ပွတ်သပ်ပေးပါ။
- ပျားရည်နဲ့ နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။
- အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။
- ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင် သောက်သုံးပေးပါ။ တစ်နေ့ကို ခြောက်ခွက်ကနေ ၁၀ ခွက်အတွင်း သောက်သုံး ပေးသင့်ပါတယ်။

နှုတ်ခမ်းခြောက်သွေ့ပြီး အက်ကွဲနေရင်တော့ ရှောင်ရမယ့် အစားအသောက်တွေရှိလာပါပြီ။ အစပ်၊ အပူတွေကို ရှောင်ပါ။ ကော်ဖီသောက်တာ လျှော့ပေးပါ။ ကော်ဖီဟာ ရေဓာတ် ခြောက်ခမ်းစေပါတယ်။ အအေးနဲ့ အချိုရည် တွေကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပေးတာကလည်း နှုတ်ခမ်းခြောက်သွေ့တာကို သက်သာစေပါလိမ့်မယ်။


( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : MNT


ခါးပတ်ကျပ်ကျပ် ၀တ်တတ်တဲ့သူတွေဟာ လည်ချောင်းကင်ဆာဖြစ်ပွားနိုင်




ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer) ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေသနတစ်ရပ်က ပြောထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။

ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့တာပါ။

ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု မှုမရှိဖူးတဲ့ လူတွေကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ ထက်ဝက်သောသူတွေကတော့  ပုံမှန်ခါးဆိုဒ်ရှိသူတွေဖြစ်ပြီးတော့ အခြားသူတွေကတော့ အ၀လွန်သူတွေပဲဖြစ်ပါတယ်။

ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။ ဒါကအစာခြေအက်ဆစ်တွေပြန်ဆန်တက်ခြင်းနဲ့ ကြုံလာခဲ့ရင်တော့ လည်ချောင်းကင်ဆာ နဲ့အစာရေမျိုကင်ဆာတွေဖြစ်ဖို့  ဖြစ်နိုင်ချေ တော်တော် များစေပါတယ်”လို့ ရှင်းပြထားပါတယ်။

ဒါဟာအစာအိမ်နဲ့မတူဘဲနဲ့ အစာရေမျိုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အက်ဆစ်ရဲ့ဒဏ်ကို ခံနိုင်ရည် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် ရင်ပူတာ ဗိုက်အောင့်တာတွေကို ခါးပတ်ကျပ်ကျပ် ၀တ်ရင်ခံစားရတာဖြစ်ပြီး အခုလေ့လာမှုကြောင့် အစာရေမျိုကင်ဆာတောင် ဖြစ်နိုင်တယ်ဆိုတာကို သိရှိနိုင်ခဲ့ပါ တယ်။ ဒီလေ့လာမှုကို Journal of Gut မှာ ဖော်ပြထားတာဖြစ်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

ref: PTI

ဆေးခြောက်သုံးစွဲတာက ဆယ်ကျော်သက်တွေရဲ့ IQကျဆင်းခြင်းကို သက်ရောက်မှုမရှိ



ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဆေးခြောက်က ဉာဏ်ရည်ဥာဏ်သွေး ကျဆင်းမှုနဲ့သက်ဆိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်တွေ့ရှိချက်တွေအရ မမှန်ကန်တော့ဘူးလို့ပြောနေပါတယ်။

လေ့လာမှုတစ်ခုမှာ ဗြိတိန်ဆယ်ကျော်သက်တွေနှင့်အမေရိကန်ဆယ်ကျော်သက်များကိုလေ့လာခဲ့ရာ ငယ်ရွယ်စဉ် ဆေးခြောက်သုံးစွဲခြင်းက အသက်ကြီးလာတဲ့အခါမှာ ဥာဏ်ရည်ဥာဏ်သွေးအပေါ် သက်ရောက်မှုမရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။

အရင်ကပြုလုပ်ခဲ့သော လေ့လာမှုတွေမှာတော့ ဆေးခြောက်က ခံစားမှုနဲ့ဆိုင်တဲ့ အပြုအမှု နှင့် ဉာဏ်ရည်တို့ အပေါ်သက်ရောက်မှုများရှိတယ်လို့ ရှိခဲ့ပါတယ်။ အဲ့ဒီလေ့လာချက်တွေမှာ ပတ်ဝန်းကျင်နှင့်ဆိုင်သောအချက်အလက်တွေကို ရှင်းလင်းဖော်ပြဖို့တော့ လိုအပ်ခဲ့ပါတယ်။ အဲ့ဒီအချက်အလက်တွေကြောင့် သုသေသနပြုသူတွေက ဆေးခြောက်သည် ဆယ်ကျော်သက်တွေအတွက် အန္တရာယ်မဖြစ်စေဘူးလို့ ပြန်လည်ရှင်းလင်း ပြောဆိုခဲ့တာပါ။

သုသေသနပြုသူတွေက ယေဘူယျအားဖြင့် ဆေးခြောက်သုံးစွဲသောဆယ်ကျော်သက်တွေက သူတို့ရဲ့ စာမေးပွဲတွေမှာ အမှတ်တွေနည်းနေတာကိုတွေ့ရှိခဲ့ပါတယ်။ တစ်ယောက်ကဆေးခြောက်သုံးစွဲပြီး နောက်တစ်ယောက်ကတော့ ဆေးခြောက်မသုံးတဲ့ ဆယ်ကျော်သက် အတွဲပေါင်း၂၉၀မှာ ဆေးခြောက်သုံးစွဲခြင်းက ကျောင်းသားတွေရဲ့ စာမေးပွဲရလဒ်တွေဟာ မသုံးတဲ့ ကျောင်းသားတွေရဲ့ ရလဒ်တွေထက် ထူးထူးခြားခြား ပိုဆိုးရွားနေတာမျိုး မရှိပါဘူးလို့ ဆိုပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ IQ ကျဆင်းစေတဲ့ အဓိကအကြောင်းအရာတွေက မိသားစုရေးရာ၊ ကျောင်း ဒါမှမဟုတ် တခြားပြဿနာတွေက ဆေးခြောက်သုံးစွဲခြင်းထက် ပိုပြီးသက်ရောက်မှု ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။



( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : UPI

အခုခေတ် ကလေးငယ်တွေရဲ့ ကိုးရာနှုန်းသာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိ




အခုတိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ဖြူစင်တဲ့ ကလေးငယ်တွေဟာ မိုဘိုင်းပစ္စည်းတွေနဲ့ ကျွမ်းဝင်နေကြပြီး ကလေးငယ်ဆယ်ယောက်မှာ တစ်ယောက်လောက်သာပဲ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မှု ရှိတော့တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ တစ်နေ့ကို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့အတွက် မိဘတွေရဲ့ တိုက်တွန်းမှုဟာလည်း နည်းပါးသွားပြီး မိဘအချို့ကသာ တစ်နေ့ကို တစ်နာရီကနေ သုံးနာရီအထိ ကလေးငယ်တွေကို ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခိုင်းနေပါတယ်။

ဒါ့ကြောင့် ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးဌာနကတော့ သက်ဆိုင်ရာ အစိုးရတွေကို ဒီလို ကလေးငယ်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြောင်းလဲပေးဖို့ တိုက်တွန်းနေပါတယ်။ ကလေးငယ်တွေဟာ တစ်နေ့ရဲ့ ငါးပုံတစ်ပုံလောက်တော့ ကိုယ်လက်လှုပ်ရှားမှု ရှိမှလည်း ကျန်းမာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကလေးငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် အဝလွန်တာတွေ ၊ နှလုံးရောဂါတွေနဲ့ အပြင် သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ မနေနိုင်တဲ့ ပြဿနာတွေ အခုခေတ်မှာ အဖြစ်များနေတယ်လို့လည်း ပြောပါတယ်။

အခုဆိုရင်တော့ ဗြိတိန်နိုင်ငံမှာ ကလေးငယ်တွေ လေ့ကျင့်ခန်းပြုလုပ်ဖြစ်စေဖို့အတွက်  တိုက်တွန်းပေးမယ့် ကျန်းမာရေးလုပ်အားပေးတွေ အလိုရှိနေပါတယ်။ ကလေးငယ်တွေ လမ်းလျှောက်တာတွေ ၊ ပြေးတာတွေ ၊ တောင်တက်တာတွေ ၊ စက်ဘီးစီး စတာတွေကိုလုပ်ဆောင်ဖို့ ကလေးတွေနဲ့ အတူ ကျန်းမာရေးလုပ်သားတွေက ကူညီပေးသွားရမှာပါ။

ဦးဆောင်လေ့လာသူ Elaine McNish ကတော့ " ကျွန်တော်တို့ အနာဂတ်မျိုးဆက်တွေကိုတော့ အမြဲတမ်း တက်တက်ကြွကြွဖြစ်ပြီး ကျန်းမာအောင် လုပ်ပေးရပါမယ်။ သူတို့ဟာ တစ်နေ့မှာ ဖျတ်လတ်တဲ့ ဦးဆောင်သူတွေဖြစ်လာမှာပါ။ သူတို့အတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးရပါလိမ့်မယ် " လို့ ပြောပါတယ်။

ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေ ကလေးတွေကို ပြုလုပ်ပေးတာဟာဆိုရင်တော့ ကလေးငယ်တွေ အဝလွန်တာတွေလျော့ကျသွားစေမယ့်အပြင် အရိုး ၊ ဦးနှောက်နဲ့ ကြွက်သားတွေ ကြံ့ခိုင်လာအောင်လည်း ကူညီပေးပါတယ်။ ကလေးငယ်တွေမှာ ဒီလို အလေ့အကျင့်ကောင်းတွေ ရှိနေရင်တော့ လာမယ့် အနာဂတ်မှာလည်း ကျန်းမာတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာပါလို့လည်း ဖော်ပြထားပါတယ်။


( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Mirror

အဆီကိုလောင်ကျွမ်းစေတဲ့ အကောင်းဆုံးအစားအသာက် ၆မျိုး



အောက်မှာဖော်ပြထားတဲ့ အစားအသောက် ၁၂မျိုးကတော့ သင့်ရဲ့ ကိုယ်ခန္ဓာကိုယ်လှပစေဖို့ အကူအညီပေးမယ့် အစားအသောက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ခါ ဈေးဝယ်ရင် ဈေးစာရင်းထဲ ထည့်ဖို့မမေ့ပါနဲ့တော့။




ကျွဲကောသီး

ဗီတာမင် စီ ကတော့ အဆီတွေကိုလောင်ကျွမ်းစေရာမှာအကူအညီပေးပါတယ်။ ဒီလိုဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေဟာ အဆီကိုလောင်ကျွမ်းစေဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ မနက်စာမစားခင် ကျွဲကောသီးတစ်ဝက်လောက်စားခြင်း သို့ အစာမစားမီ မိနစ်၃၀ခန့် ကြိုတင်ကာစားခြင်းတို့က ပိုပြီးဗိုက်ပြည့်သလို ခံစားရတဲ့အတွက် အစာစားလွန်ခြင်းကလည်း ကာကွယ်ပေးပါတယ်။



ငရုတ်ကောင်းမှုန့်

အဆီဓါတ် ဆဲလ်တွေဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့ Piperine တွေက ငရုတ်ကောင်းမှုန့်ထဲမှာအရေးပါဆုံးပစ္စည်း ဖြစ်ပါတယ်။ ပြီးတော့ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက်စေဖို့ အကူအညီပေးတဲ့အတွက် ငရုတ်ကောင်းမှုန့်ကို စားသုံးခြင်းဟာလည်း ပေါင်ချိန်တော်တော်များများကို လျှော့ချနိုင်ဖို့ လွယ်ကူတဲ့နည်းတစ်ခုပဲ ဖြစ်ပါတယ်။အဆီဆဲလ်တွေရဲ့ပုံစံကိုလည်း လျော့စေပါတယ်။



သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်တွေကတော့ သွေးထဲမှာရှိတဲ့ သကြားဓါတ်ကိုလျော့စေပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ နဲ့ ဒိန်ချဉ် တို့ထဲကို ထည့်၍ အသုံးပြုနိုင်ပါတယ်။



ဥများ

ကြက်ဥတွေရဲ့ အကောင်းဆုံးအချက်ကတော့ ကယ်လိုရီနည်းပြီး ပရိုတင်း ၇ ဂရမ်ပါဝင်တာပဲဖြစ်ပါတယ်။ ပြီးတော့ အခြားအာဟာရများလည်းပါဝင်ပါတယ်။ သုသေသနပြုလုပ်မှုများအရ ကြက်ဥကို မနက်စာအဖြစ်စားသုံးခြင်းက ကယ်လိုရီပမာဏတော်တော်များများကို လျှော့ချပေးတယ်လို့တွေ့ရှိရပါတယ်။


 

ပန်းသီး ( နှင့် အခြားသစ်သီးဝလံများ )

အသီးအနှံတွေက ကိုယ်အလေးချိန်လျော့စေရန် အရေးပါလှပါတယ်။ သူတို့တွေက မရေတွက်နိုင်တဲ့ ကောင်းကျိုးတွေပေးသလို ကောင်းမွန်သောအရသာကိုလည်းပေးစွမ်းနိုင်ပါတယ်။ ပန်းသီးကို အခွံမနွာပဲစားသုံးခြင်းက ဖိုက်ဘာ နှင့် ရေဓါတ်ကို လည်းပေးနိုင်ပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။



လက်ဖက်ရည်ကြမ်း

က်ဖက်ရည်ကြမ်းရဲ့အသုံးဝင်ခြင်းကတော့ အဆီတွေထပ် ဖြစ်မလာအောင် တိုက်ထုတ်တဲ့ phytochemical catechins ဓါတ်ပါဝင်ခြင်းပါပဲ။ လက်ဖက်ရည်ကြမ်းအပူကို သောက်သုံးခြင်းက ပိုပြီး ကောင်းမွန်ပါတယ်။ ပျားရည် နှင့် လိမ္မော်သီးတို့ကို ထည့်ခြင်းက ကျန်းမာရေးအတွက် ပိုကောင်းလာရုံသာမက ပိုပြီးလည်းအရသာရှိစေလာမှာပါ။





( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Newszoom

မြွေဟောက်ကိုက်ရင် သမီးရဲ့သွေးအားနည်းရောဂါပျောက်မယ်လို့ အထင်မှားခဲ့တဲ့ အဖေ


သမီးဖြစ်သူရဲ့ သွေးအားနည်းရောဂါကို ဆရာဝန်တွေအားလုံးလက်လျှော့လိုက်တဲ့နောက် မြွေဟောက်ကိုက်ရင်တော့ ပျောက်သွားမှာပါလို့ ဖခင်ဖြစ်သူက ယုံကြည်ခဲ့ပြီး တကယ်လည်း သမီးဖြစ်သူကို မြွေဟောက်ကိုက်စေခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖခင်ဖြစ်သူရဲ့ အမည်ဟာ Wang Jingshuai ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံ၊ Hebei ပြည်နယ်၊ Wuqiang စီရင်စုမှာ နေထိုင်သူဖြစ်ပါတယ်။ သွေးအားနည်းရောဂါ ဝေဒနာရှင် သမီးကို မြွေဟောက်သာကိုက်ခဲ့ရင် ရောဂါကုသနိုင်လိမ့်မယ်လို့ သူဟာ အတွေးအမြင်မှားခဲ့ပါတယ်။

သူ့သမီးရဲ့ သွေးအားနည်းရောဂါကို ကုသဖို့အတွက် သူစုထားတဲ့ပိုက်ဆံတွေအားလုံး သုံးခဲ့ပေမဲ့ ရောဂါက ပျောက်မသွားခဲ့ပါဘူး။ ဒီ့အတွက် မြွေဟောက်ကိုက်စေပြီး ကုသဖို့ကို Wang ရဲ့မိတ်ဆွေတွေက အကြံဉာဏ်ပေးခဲ့ပါတယ်။ "အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်ရတယ်ကွ။" လို့ မိတ်ဆွေတွေက ပြောခဲ့ပါတယ်။

Wang ရဲ့ သမီးကို မြွေဟောက်က ကိုက်လိုက်ပြီးတဲ့နောက်မှာတော့ မြွေဆိပ်တက်ခဲ့ပြီး ဆေးရုံပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက မြွေဆိပ်ကိုဖြေပေးနိုင်ခဲ့ပြီး ခုတော့ စိတ်ချရဲ့အခြေအနေမှာ ရှိကြောင်း Wang ကပြောခဲ့ပါတယ်။

သမီးရဲ့ ရောဂါကို ကုသပေးနိုင်ဖို့ အခွင့်အလမ်းကိုသာ မျှော်လင့်ခဲ့ကြောင်း၊ သူ့ရဲ့ လုပ်ရပ်တွေအတွက် ဝမ်းနည်းမိကြောင်း Wang က ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: CCTVNews

ဘယ်ရီသီးနဲ့ ၀ိုင်နီတွေမှာ ပါဝင်တဲ့ Biochemical ဓါတ်တွေက ပန်းသေပန်းညှိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်






လေ့လာတွေ့ရှိချက်အသစ်အရ ဘယ်ရီသီး၊ ၀ိုင်နီ စတာတွေမှာပါဝင်တဲ့ Flavonoids ဓါတ်ကြွယ်ဝမှုဟာ ပန်းသေပန်းညိုးဖြစ်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

Harvard T.H. Chan School of Public Health နဲ့ University of East Anglia မှ သုတေသီတွေ စုပေါင်းစမ်းသပ်ချက် အစီရင်ခံစာကို American Journal of Clinical Nutrition ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Flavonoids ဟာ အသီးအနှံနဲ့ အသီးအရွက်တွေရဲ့ တောက်ပတဲ့အရောင်အတွက် ပါဝင်တဲ့ Biochemical ဓါတ်တစ်မျိုးဖြစ်ပါတယ်။ သုတေသီတွေက ဓါတ်ပေါင်းသုံးခုဖြစ်တဲ့ flavonoids -- anthocyanins, flavanones, flavones တို့နဲ့ ပန်းသေပန်းညိုးဖြစ်ပွားမှုနှုန်း ကျဆင်းစေတဲ့ ဆက်နွယ်ချက်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 “ ဒီလို flavonoids ဓါတ်မြင့်မားစွာပါဝင်တဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးတဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် ပန်းသေပန်းညှိုးဖြစ်ပွားနှုန်း ၁၀ %  အထိ လျော့နည်းမှာ ဖြစ်ပါတယ်။” လို့ East Anglia မှ အဟာရဓါတ်ဆိုင်ရာ ပါမောက္ခ Aedin Cassidy က ရှင်းလင်းပြောပြသွားတာ ဖြစ်ပါတယ်။

 “ ပန်းသေပန်းညှိုးရောဂါရှိသူ အမျိုးသားတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအားကစား၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ အစရှိတဲ့ ပိုမိုကျန်းမာတဲ့ လူနေမှုပုံစံတွေကို ရွေးချယ်နေထိုင်ဖို့ တိုက်တွန်းပါတယ်” လို့လည်း သူကဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI

အိပ်ချိန်အများကြီးမရှိသူများအတွက် ပိုမိုကောင်းမွန်စွာအိပ်ပျော်စေနိုင်သည့်အချက်များ


တချို့အလွန်အောင်မြင်သူတွေဟာ အလွန်အလုပ်လုပ်ကြရုံမက အိပ်ချိန်ပါတော်တော်နည်းကြတာကိုတွေ့ရမှာပါ။ ဒါပေမယ့် အချိန်အနည်းငယ်လောက်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ မလွယ်ပါဘူး။

အွန်လိုင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ SleepyPeople.com ဟာ အခုတော့ ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်တဲ့ အချက်လေးတွေကို ထုတ်ပြန်ပေးလိုက်ပါတယ်။ အခုအချက်လေးတွေကိုလိုက်နာမယ်ဆိုရင် အိပ်မပျော်တာ အိပ်ရေးပျက်တာတွေဖြစ်နေသူတွေအတွက် အဆင်ပြေစေနိုင်မှာပါ။

၁) သင့်ခန္ဓာကိုယ်ကိုနာရီလုပ်ပေးပါ

သင့်အနေနဲ့ အိပ်ချိန်မမှန်တာကိုအရင်ဆုံး ပြင်ဆင်သင့်ပါတယ်။ သင့်အနေနဲ့ အိပ်ချိန်ကို အချိန်ဇယားတစ်ခုလုပ်ထားပြီး တိတိကျကျ လိုက်နာသင့်ပါတယ်။ အဲ့လိုလေးပြောင်းလဲလိုက်တာနဲ့ မနက်ပိုင်းကျရင် လန်းလန်းဆန်းဆန်းတက်တက်ကြွကြွ ဖြစ်နေမှာပါ။

၂) အိပ်ရာမဝင်ခင်အေးအေးဆေးဆေးနေပါ

အိပ်ရာမဝင်ခင် အချိန်ခဏလေးအတွင်းမှာ အလုပ်မလုပ်တာတော့ အကောင်းဆုံးပါပဲ။ သင့်ရဲ့ခန္ဓာကိုယ်ကို ညတိုင်းအချိန်ပေးဖို့ ထိုက်တန်ပါတယ်။ အိပ်ရာမဝင်ခင် နာရီဝက်လောက်အလိုမှာ စာအုပ်တွေဖတ်တာ၊ TV ကြည့်တာ စတာတွေနဲ့ အချိန်အသုံးပြုကာ နောက်တစ်နေ့အတွက် အင်အားတွေအရယူထားပါ။

၃) စခရင်တွေကိုအိပ်ခန်းထဲကနေဖယ်ပစ်ပါ

စခရင်တွေဖြစ်တဲ့ ဖုန်းတွေ၊ တီဗီတွေ၊ ကွန်ပျူတာတွေဟာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ ဖယ်ရှားလိုက်ရင် နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

၎) အိပ်ခန်းကိုအေးနေအောင်ထားပါ

အိပ်ဖို့အတွက် အခန်းအပူချိန်အနေနဲ့ သင့်တော်တာကတော့ ၁၅ဒီဂရီစင်တီဂရိတ်(၅၉ဒီဂရီဖာရင်ဟိုက်) ကနေ  ၁၈ဒီဂရီစင်တီဂရိတ်(၆၄ဒီဂရီဖာရင်ဟိုက်) ထိဖြစ်ပါတယ်။


၅) ဒိုင်ယာရီဆောင်ထားပါ

သင့်ရဲ့ ပြဿနာတွေကို ချရေးဖို့ဒိုင်ယာရီတစ်အုပ်လောက်တော့လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေဟာ သင်အိပ်ပျော်ဖို့အတွက် ကြီးမားတဲ့အခက်အခဲပါပဲ။ သင့်အခက်အခဲတွေကို ချရေးပြီး အိပ်ရာမဝင်ခင် အားလုံးကို ဖယ်ထုတ်ပစ်ပါ။

၆) တရားထိုင်ပါ

တရားထိုင်တာဟာ သင့်ရဲ့စိတ်ကို ကြည်လင်စေပြီး ပစ္စုပ္ပန် အတွက် တွန်းအားဖြစ်စေပါတယ်။

၇) သဘာဝအသံလေးတွေကိုနားဆင်ပါ

အိပ်တော့မယ့် အချိန်ထိအောင် သင့်ရဲ့ဦးနှောက်ဟာ အသံတွေကို အဆက်မပြတ် နားထောင်နေတတ်ပါတယ်။ အသံသာသာလေးတွေ၊ တေးသံချိုတေးသွားလေးတွေ၊ သဘာဝအသံတွေဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ အသံတွေကိုဖယ်ထုတ်ပြီး သင့်ကိုကောင်းမွန်စွာအိပ်ပျော်စေမှာပါ။

၈) ကဖိန်းဓာတ်တွေကိုရှောင်ပါ

ကော်ဖီ၊ လက်ဖက်ရည်တွေကို အိပ်ရာမဝင်ခင်သောက်လိုက်ရင် သင့်ကို၁၄နာရီလောက်ထိ လန်းနေတတ်လို့ အိပ်ရာမဝင်ခင် ကဖိန်းဓာတ်တွေရှောင်နိုင်သမျှရှောင်ပါ။

၉) မနက်ဖြန်လုပ်ရမှာတွေကို ဒီနေ့ညမှာရေးပါ

တချို့လူတွေက အိပ်ရာထဲမှာ နောက်တစ်နေ့အတွက်ဘာလုပ်ရမယ်ဆိုတာကိုတွေးနေတတ်လို့ အိပ်မပျော်ပဲဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကိုမအိပ်ခင် ရှင်းထားလိုက်ပါ။

၁၀) အိပ်ခန်းဟာအနားယူဖို့

အိပ်ခန်းဟာ အိပ်ဖို့အတွက်သာဖြစ်သင့်ပြီး အလုပ်လုပ်ဖို့နဲ့ တီဗီကြည့်ဖို့မဟုတ်ပါဘူး၊ သင့်ရဲ့ဦးနှောက်ကိုအိပ်စက်ခြင်းနဲ့ အနားပေးလိုက်ပါ။


၁၁) သင့်အနေနဲ့ဘယ်လောက်အိပ်ဖို့လိုလဲ

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဟာ သူတို့အနေနဲ့တစ်ရက်ကို ၄၊၅ နာရီပဲအိပ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ အိပ်စက်ချိန်တူညီမှာမဟုတ်ပါဘူး။ တစ်ရက်လောက် နာရီသံပတ်မပေးပဲနဲ့ အိပ်ကြည့်ပြီး ကိုယ့်ဟာကိုထရင်း သင့်အနေနဲ့ အိပ်စက်ချိန် ဘယ်လောက် တကယ် လိုတယ်ဆိုတာ တွက်ကြည့်ပါ။ ဒါဟာ သင့်အနေနဲ့ ညတိုင်းအိပ်စက်ဖို့လိုတဲ့ အချိန်ပမာဏပါပဲ။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

အသက်ရှည်စေနိုင်မယ့် ဟော်မုန်းတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ




ဒါဟာ ကျန်းမာရေးသုတေသန တွေထဲမှာ တန်ဖိုးအရှိဆုံးဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသုတေသန က တဆင့် လူတွေ အသက်ရှည်စေမယ့် အဓိက နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြလို့ပါ။ သိပ္ပံပညာရှင်တွေဟာ တစ်ဖြည်းဖြည်းချင်း ပိုမို နီးစပ်လာပြီဆိုတာကိုလည်း ယုံကြည်ခဲ့ကြပါတယ်။

Yale ဆေးပညာ တက္ကသိုလ်က အဖွဲ့တွေဟာ လည်ပင်းသငံရည်အင်္ဂါစုက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ဘ၀သက်တမ်းကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါ့အပြင်သူတို့ရဲ့  ရှာဖွေတွေ့ရှိမှုက တဆင့် ထုတ်ဖော်ပြသနိုင်ခဲ့တာက FGF21 လို့ခေါ်တဲ့ ထိုဟော်မုန်းပမာဏ များပြားခြင်းဟာ ခုခံအားစနစ်ကို အသက်အရွယ်အရ ထိခိုက်ပျက်စီးစေခြင်းမှ လည်း ကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။

သုတေသီတွေ ပြောကြားချက်အရတော့ ထို လေ့လာမှုဟာ အနာဂါတ်မှာ သက်ကြီးရွယ်အိုတွေရဲ့  ခုခံအားလုပ်ဆောင်မှုကို မြှင့်တင်ပေးရင်းနဲ့ အ၀လွန်ရောဂါ ၊ ကင်ဆာနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါတို့ကို ကာကွယ်နိုင်လိမ့်လို့ သိရပါတယ်။ သာမန်အားဖြင့်တော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ခုခံအားစနစ်အတွက် လိုအပ်တဲ့ တီ ဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ပိုမို ၀ လာပြီး ဆဲလ်တွေထုတ်လုပ်နိုင်စွမ်းလျော့နည်းလာပါတယ်။ အဲဒီလို တီဆဲလ်တွေ လျော့နည်းလာခြင်းဟာ ကူးစက်ရောဂါများနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားလာစေနိုင်ပါတယ်။ သုတေသီတွေက ထို FGF21 ဆိုတဲ့ဟော်မုန်းရဲ့  သက်ရောက်မှုတွေကို ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့တာဖြစ်ပါတယ်။

ထို FGF21 ဟော်မုန်းဟာ အသည်းမှာလည်း အန်ဒိုခရိုင်း ဆိုတဲ့ ဟော်မုန်းအဖြစ်နဲ့ ထုတ်လုပ်နေပါတယ်။ ထိုဟော်မုန်းတွေဟာ ကယ်လိုရီတွေအနေနဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ တားမြစ်ခံထားရချိန် ၊ ဂလူးကို့စ် ပမာဏ နည်းပါးနေချိန်တွေမှာ များပြားလာတတ်ပါတယ်။

FGF21 ဟာ အင်ဆူလင် ထိတွေ့ခံနိုင်မှုကိုလည်း ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ကျစေမှုကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုက ဖော်ထုတ်ပေးခဲ့တဲ့ သေချာတဲ့အဖြေကတော့ ထိုဟော်မုန်းဟာ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါနဲ့ အ၀လွန်ရောဂါ တို့ကို ထိရောက်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒီလေ့လာမှုကိုတော့ Proceedings of the National Academy of Sciences ဆိုတဲ့ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail

ဝိုင်သောက်ခြင်းက အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ခံစားရဖို့ အခွင့်အလမ်းနည်းစေ




ဝိုင်သောက်တဲ့ သူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်း နာကျင်ခြင်း ဝေဒနာ ကို ခံစားရဖို့အခွင့်အလမ်း နည်းပေမယ့်လည်း ဘီယာ သောက်တဲ့သူတွေကတော့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ပိုများစေတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

နော့တင်ဟမ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဒူးခေါင်း (သို့) တင်ပါးရောင်ရမ်း နာကျင်တာ မျိုးတွေ ခံစားနေရပြီး အသက် ၄၅ နှစ်ကနေ ၈၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၂၀၀၀ ရဲ့ ယမကာ မှီဝဲမှု အကျင့်တွေကို ကျန်းမာတဲ့ လူ အယောက် ၁၀၀၀ နဲ့ နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

ဘီယာ မသောက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် တစ်ပတ်ကို ၂၀ ယူနစ်ထက်ပိုပြီးဘီယာ သောက်သုံးသူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ၉၃ ရာခိုင်နှုန်း အခွင့်အရေးပိုများနေပါတယ်။ ခါး ၊ တင်ပါး တို့ရဲ့ အဆစ်အမြစ်တွေရောင်ရမ်းနိုင်ချေကတော့ ဒူးခေါင်းထက်ပင် အခွင့်အရေး ၂ ဆ ပိုများနေပြန်ပါတယ်။

တစ်ဖက်မှာကျပြန်တော့လည်း တစ်ပတ်ကို ၀ိုင် ၄ ခွက်ကနေ ၆ ခွက် အထိ သောက်သုံးသူတွေဟာ ဒူးခေါင်းအဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၇ ခွက် သောက်သုံးသူတွေဆိုရင် ၂ ဆ ပိုမို လျော့ကျစေမှာ ဖြစ်ပါတယ်။

ဒီလို ဘာကြောင့် ၀ိုင်က အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို သက်သာစေသလဲဆိုတဲ့ အကြောင်းပြချက်တော့ တိတိကျကျမသိရပါဘူး။ သီအိုရီအရတော့ ၀ိုင်မှာပါဝင်တဲ့ Polyphenols ဆိုတဲ့ အန်တီအောက်ဆီးဒင့် တစ်မျိုးကြောင့်ဖြစ်ပါတယ်။ Polyphenols ဟာ ကာကွယ်မှုနဲ့ ဆိုင်တဲ့ သက်ရောက်မှု တွေ ခန္ဓာကိုယ်ကို ဖြစ်စေပါတယ်။ ဘီယာမှာပါဝင်တဲ့ Uric အက်ဆစ် ပမာဏကတော့ ထိခိုက်တဲ့ သက်ရောက်မှုတွေစာ ဖြစ်စေနိုင်တာဖြစ်ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ Arthtitis Research Therapy ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တံတွေးကိုစစ်ဆေးခြင်းဖြင့် အရက်သောက်ထားခြင်း ရှိမရှိ (GHB)ကို လျင်မြန်စွာ သိရှိနိုင်




Cordoba တက္ကသိုလ် နှင့် Loughborough တက္ကသိုလ်က သုသေတနပြုသူတွေဟာ တံတွေးကိုစစ်ဆေးပြီးတော့ အရက်နဲ့မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းရှိမရှိကို   စစ်ဆေးနိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။  

GHB ကို ၁၉၉၀ ခုနှစ်တွေမှာ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့အတွက် အသုံးပြုခဲ့ကြပေမယ့် ၂၀၀၀ ခုနှစ်မှာတော့ တရားမ၀င်ဆေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ GHB ဟာ တားမြစ်ဆေးအဖြစ် လူသိများလာပြီး အရောင်၊အနံ့ ၊ အခြားသောက်စရာတွေနဲ့ ရောထည့်ပါရင်လည်း အရသာမဲ့ဖြစ်တာကြောင့် လူသုံးများတဲ့ မူးယစ်ဆေးဖြစ်လာခဲ့ပါတယ်။

Ketamine ကို စစ်ဆေးတဲ့ စစ်ဆေးမှုစတင်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကလိုပဲ အရေးပေါ်ဌာနကို ရောက်လာတဲ့လူတွေဟာ အရက်မသောက်ထားပေမယ့်လည်း သောက်ထားပုံပေါ်နေကြတဲ့အခါမှာတော့ တံတွေးကို စစ်ဆေးတာက ER ဆရာဝန်တွေအနေနဲ့လည်း အရက်နှင့်ဆေးအလွန်အကျွံသုံးစွဲထားတဲ့လူနာတွေကို ရွေးချယ်ကုသပေးမှာတွင် အကူအညီ ဖြစ်ဖို့ကို ရည်ရွယ်ပါတယ်။

လေ့လာတွေ့ရှိချက်အရတော့ သုသေသနပြုသူတွေဟာ  Methanol, ethanol, ethylene glycol, propan 1,3 glycol, နှင့် γ-hydroxybutyric acid  သို့ GHB တို့သုံးဆွဲထားခြင်းရှိမရှိကိုစစ်ဆေးနိုင်သည့် ဓာတုဗေဒစစ်ဆေးမှုတစ်ခုကိုရှာဖွေတွေရှိခဲ့ပါတယ်။

 " ပုံမှန်အားဖြင့်တော့ ပိတ်ရက်တွေတိုင်း လူတော်တော်များများ အရေးပေါ်ဌာနကို အရက်ကြောင့် ရောက်လာကြပါတယ် " လို့ Thomas ကပြောပါတယ်။ ကျွန်တော်တို့က ဒီစမ်းသပ်ချက်ကို သာမိုမီတာနဲ့အပူချိန်ကိုတိုင်းတာသလို ရိုးရှင်းစွာလုပ်နိုင်လို့  လူနာတွေ အသောက်လွန်ထားတာကို စမ်းသပ်နိုင်ဖို့ ရည်ရွယ်ပြီး ရှာဖွေခဲ့တာပါ လို့လည်းပြောပါတယ်။

( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Metro



တစ်ညကို ၈နာရီ အိပ်စက်ခြင်းဟာ မှတ်ဥာဏ် ပိုမို ကောင်းမွန်စေနိုင်




ကျန်းမာရေးအတွက် လိုအပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ အတွက် လူသားတွေလိုအပ်နေတာက တစ်ညကို ၈ နာရီ ဆိုတဲ့ အိပ်ချိန်ပါ။

ဒါပေမယ့်လည်း သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သင့်ကို လုံလောက်စွာ အိပ်တာ သေချာစေမယ့် မက်လုံး တစ်ခုကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။ သူတို့ ရှာဖွေတွေ့ရှိခဲ့တာက လူတွေဟာ တစ်ညကို အိပ်ချိန် ၈ နာရီ ရှိတဲ့အခါမှာ သူတို့ မမှတ်မိနိုင်တဲ့ မျက်နှာတွေနဲ့ နာမည်တွေကို ကောင်းမွန်စွာ မှတ်မိသွားနိုင်ပါတယ်တဲ့။

Brigham မှာ အာရုံကြော သိပ္ပံဆိုင်ရာ တွဲဖက်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဘော်စတွန်မှာရှိတဲ့ အမျိုးသမီး ဆေးရုံမှာလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Jeanne Duffy က ပြောပြခဲ့တာကတော့" ငါတို့သိထားတာက မတူညီတဲ့များစွာသော မှတ်ဥာဏ်တွေဟာ အိပ်စက်ခြင်း နဲ့ ကောင်းမွန်လာနိုင်ပါတယ်။ လေ့လာမှု အချို့ကနေသိခဲ့ရတာက အိပ်စက်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ လူတွေ ၊ နာမည်တွေကို မှတ်မိနိုင်စွမ်းကို ဘယ်လောက်ထိ သက်ရောက်မှု ရှိလဲဆိုတာပါပဲ"။

ထိုလေ့လာမှု မှာပါဝင်တဲ့ လုပ်အားပေးတွေဟာ ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု မှာ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ကြရပါတယ်။ သူတို့ဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ကာလာဓါတ်ပုံ ၆၀၀ ကျော်ထဲကမှာ အယောက် ၂၀ ရဲ့ ဓါတ်ပုံနဲ့ အမည်တွေကို ပြသခြင်းခံခဲ့ရပါတယ်။ ၁၂ နာရီ ကြာတဲ့အခါမှာတော့ သူတို့ကို ဓါတ်ပုံတွေပြန်ပြခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဓါတ်ပုံနဲ့ နာမည်တွေနဲ့ တွဲဖက်ထားခြင်းမရှိတော့ပါဘူး။

သူတို့ကို မှန်ကန်တဲ့နာမည်တွေ ပြောပြခိုင်းပြီး ၂ ကြိမ်တိုင်စစ်ဆေးခဲ့ပါတယ်။ ရလဒ်ကတော့ ၈ နာရီကြာ အိပ်စက်ခဲ့ရသူတွေဟာ အိပ်ရေးမ၀ခဲ့တဲ့ သူတွေထက် အမည်နဲ့ ဓါတ်ပုံတွေကို တွဲဖက် ဖြေဆိုနိုင်စွမ်း ၁၂ ရာခိုင်နှုန်း ပိုမို ကောင်းမွန်နေတာကို တွေ့ရပါတယ်။

"အိပ်စက်ခြင်းစာ သတင်းအချက်အလက် အသစ်တွေကို လေ့လာဖို့အတွက် အရေးကြီးပါတယ်" လို့ ဒေါက်တာ Duffy က ဆိုပါတယ်။

လူတွေဟာ အသက်ကြီးလာတဲ့အခါမှာ အိပ်ချိန်တွေ မှားယွင်းလာပြီး အိပ်ရေးပျက်လာကြတာ များပါတယ်။ အဲဒီကတဆင့် မှတ်ဥာဏ် ပြသနာ တွေ ဖြစ်လာတာပဲဖြစ်ပါတယ်။ ထိုရှာဖွေတွေ့ရှိမှုတွေကိုတော့ Neurobiology of Learning and Memory ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ