ဖခင်တွေ ကလေးငယ်ကို ပုံပြင်ဖတ်ပြခြင်းဟာ ထိုကလေးငယ်တွေကို ဘာသာစကား ထူးချွန်စေ




ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့ အခါမှာ ပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသန က တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် မိခင်တွေထက် ဖခင်တွေဟာ ကလေးငယ်တွေကို ပုံပြင်ပြောပြဖို့ ပိုမိုသင့်တော်နေတာပါ။ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Elisabeth Duursma ဆိုသူက "သက်ရောက်မှုက ကြီးမားပါတယ်။ ဖခင်တွေအနေနဲ့ အသက်၂နှစ် အောက်ကလေးငယ်တွေကို စာဖတ်ပြသင့်ပါတယ်။ စာဖတ်ပြတာဟာ အမျိုးသမီးတွေ အလုပ်လို့ထင်မှတ်ရပေမယ့်လည်း ကလေးတွေကိတော့ သူတို့ရဲ့ဖခင်တွေစာဖတ်ပြတဲ့အခါမှာ ပိုပြီး သဘောကျကြပါတယ်" လို့ဆိုပါတယ်။

သူမရဲ့ ပြောကြားချက်အရတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ ကလေးငယ်တွေကို ချဉ်းကပ်ပုံခြင်း မတူကြပါဘူး။ မိခင်တွေဟာ ဆရာမတွေနဲ့တူပါတယ်။ မိခင်တွေဘက်က ကလေးငယ်တွေကို မေးခွန်းထုတ်တဲ့အခါမှာ "ပန်းသီးဘယ်နှစ်လုံးမြင်ရသလဲ" ဆိုတဲ့ ရိုးရှင်းသော မေးခွန်းတွေကိုသာ ကလေးငယ်တွေကို ပြောနိုင်စွမ်းရှိကြပါတယ်။ ဖခင်တွေကတော့ ပိုပြီး အနုပညာဆန်တဲ့ မေးခွန်းတွေကို မေးနိုင်စွမ်းရှိတာကိုတွေ့ရတယ်လို့ သူမက ဆိုထားပါတယ်။

ထို ကောင်းကျိုးတွေရှိနေပါလျက်နဲ့ ဗြိတိန်နိုင်ငံက သုတေသန တစ်ခုက ဖော်ပြခဲ့တာက မိဘ ၄ ယောက်မှာ ၁ ယောက်ခန့်ကပဲ ကလေးတွေကို စာဖတ်ပြလေ့ရှိပြီးထို မိဘတွေဟာလည်း ၆ လမှာ တစ်ကြိမ်ခန့်သာ ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မိဘ အရေအတွက် ရဲ့ ထက်ဝက်ခန့်သာ မိမိရဲ့ ကလေးငယ်တွေကို ပုံပြင်ဖတ်ပြကြတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

တစ်နေ့ကို သံဗူး အချိုရည် ၂ ဗူး ခန့် သောက်ခြင်းဟာ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နိုင်ခြေ များစေနိုင်




တစ်နေ့ကို သံဗူး အချိုရည် ၂ ဗူး ခန့် သောက်ခြင်းဟာ နှလုံးရောဂါ နဲ့ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နိုင်ခြေ တို့ကို များလာစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

အတုအယောက်အားဖြင့် အချိုဓါတ်ရအောင်ဖန်တီးထားတဲ့ ထို အချိုရည်တွေဟာ ခဏတာအတွက်သာ အချိုရည်အဖြစ် သတ်မှတ်နိုင်တာ ဖြစ်ပြီး ရေရှည်မှာတော့ ကျန်းမာရေး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဟားဗတ်ဒ် တက္ကသိုလ်က လေ့လာမှုက သတိပေးလိုက်ပါတယ်။ ထိုလေ့လာမှုက အခိုင်အမာဆိုလိုက်တာကတော့ တစ်နေ့ အချိုရည် ၂ ဗူး ခန့်သောက်သုံးခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ကို ၂၆ ရာခိုင်နှုန်း ဖြစ်နိုင်ခြေ များစေပြီး ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ ကိုလည်း ၃၅ ရာခိုင်နှုန်းအထိ များလာစေတယ် ဆိုတာပါပဲ။

အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ ထို အချိုရည်တွေကို နေ့စဉ် သောက်သုံးနေကြပြီး ၄ ယောက်မှာ ၁ ယောက်ခန့်ဟာ ထို အချိုရည်တွေက နေ ကယ်လိုရီ ၂၀၀ ခန့် ရယူနေကြပြီး ၅ ရာခိုင်နှုန်းခန့်ကတော့ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ထက်ပိုပြီး ရယူနေကြတယ်လို့ သိရပါတယ်။ ကယ်လိုရီ ၅၀၀ ဆိုတာဟာ သံဗူးအချိုရည် ၄ ဗူးစာ နဲ့ညီမျှပါတယ်။

ထိုလေ့လာမှုဟာ သကြားဓါတ်တစ်မျိုးဖြစ်တဲ့ Fructose ကို အဓိကထားပြီးလေ့လာခဲ့တဲ့အခါမှာ Fructose တွေဟာအချိုရည်တွေနဲ့ အစားအစာတွေမှာ လိုအပ်တဲ့ သကြားဓါတ် Sucrose နေရာမှာ အစားထိုးပြီး နေရာယူနေတာကိုတွေ့ခဲ့ရပြန်ပါတယ်။ Fructose တွေဟာ Sucrose ထက် ဈေးသက်သာတဲ့အတွက်ကြောင့် အခုလို ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။

ထို Fructose တွေဟာ လူ့ခန္ဓာကိုယ် ရဲ့ အသည်းအတွင်း ၀င်ရောက်ပြီးတဲ့နောက် Triglycerides ဆိုတဲ့ Fatty ကွန်ပေါင်းတွေအဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီက တစ်ဆင့် Fatty အသည်းရောဂါကို ဖြစ်စေပါတယ်။ အဲဒီအခြေအနေဟာ ဆီးချိုသွေးချို နဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့ကို အဓိက ဖြစ်စေနိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Fructose ရယူမှု များသွားတဲ့အခါမှာ ဒူလာ ရောဂါကိုလည်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုထားပါသေးတယ်။ ဒီလေ့လာမှုကိုတော့ Journal of American College of Cardiology ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror



ကယ်လ်ဆီယမ် ဆေးဝါးတွေ သောက်သုံးခြင်းဟာ အစာအိမ်နာကျင်မှု ဖြစ်စေနိုင်




ကယ်လ်ဆီယမ် ထောက်ပံ့ပေးနိုင်တဲ့ ဆေးဝါး တွေမှီဝဲ ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးမှာ ကောင်းမွန်တဲ့ သက်ရောက်မှု တစ်ခု မှ မရှိဘူးလို့ သုတေသန အသစ်တစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကျန်းမာရေး ကုမ္မဏီတွေဟာ ဈေးကွက်အတွင်းမှာ သန်းပေါင်းများစွာ သော လူသားတွေကို ကယ်လ်ဆီယမ်ဆေးဝါးတွေက အရိုးကျန်းမာရေးကောင်းမွန်စေတယ်ဆိုတဲ့ ကတိစကား နဲ့ ကယ်လ်ဆီယမ် ဆေးဝါးတွေ ရောင်းချနေခဲ့ကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ကယ်လ်ဆီယမ် ဆေးဝါးတွေ သောက်သုံးခြင်းဟာ အရိုးကျိုးပဲ့ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားနည်းနေတာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ British Medical Journal မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန ဟာ လေ့လာမှုပေါင်းများစွာ ကရလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ကြပါတယ်။

အမျိုးသားကျန်းမာရေးဌာန ရဲ့ ဖော်ပြချက်အရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ် ၇၀၀ မီလီဂရမ် မှီဝဲဖို့ လိုအပ်နေပါတယ်။ ဒါဟာ လူတွေကို နေ့စဉ်အစားအစာ ထဲမှာ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏ ပြည့်အောင် စားသုံးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့်လူတွေဟာ နေ့စဉ်အစားအစာထဲမှာ ကယ်လ်ဆီယမ် ထည့်သွင်း မစားပဲ ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ကျန်းမာရေး ဌာန က သတိပေးခဲ့တာကတော့ ထို ကယ်လ်ဆီယမ် ပါဝင်တဲ့ဆေးဝါးတွေ မှာ ကယ်လ်ဆီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်အထိပါဝင်နေတဲ့အတွက် သင့်ရဲ့ အစာအိမ်နာကျင်မှု နဲ့ ၀မ်းပျက်ဝမ်းလျှောခငြ်းတို့ကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

နယူးဇီလန် နိုင်ငံ က ကျွမ်းကျင်သူတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်မှာလည်း ကယ်လ်ဆီယမ် မှီဝဲမှု များတာဟာ အရိုးကျန်းမာရေးကို မကောင်းမွန်စေနိုင်ဘူးဆိုတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ် ပါဝင်တဲ့ ဆေးဝါးတွေမှီဝဲခြင်းဟာ အစာအိမ်နာကျင်မှုကိုသာ ဖြစ်စေနိုင်ပြီး အရိုးကျန်းမာရေး အတွက် မကောင်းမွန်စေဘူးဆိုတာကို သိရှိကာ ကယ်လ်ဆီယမ် ဆေးဝါးတွေအစား နေ့စဉ်အစားအစာ မှာသာ သတ်မှတ် ကယ်လ်ဆီယမ် ပမာဏ ပြည့်အောင် စားသုံးသင့်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ရှောက်သီး ရဲ့ အသုံးဝင်ပုံများ




ရှောက်သီးကို အလှအပနှင့် သဘာဝ အိမ်သုံးပစ္စည်းများအဖြစ် အသုံးပြုနိုင်တာကို သင်သိပါသလား။ ရှောက်သီး ဟာ သင့်အတွက် အသုံးဝင်စေတယ် ဆိုတာကို သိစေနိုင်မယ့် အချက်တချို့ကို ဖော်ပြပေးထားပါတယ်။

(၁) ဆံသားတောက်ပြောင်စေခြင်း

ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။

(၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။

(၃) လက်သည်းဖြူစေခြင်း

လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။

(၄) ချွေးနံ့ပျောက်စေခြင်း

ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

(၅) တင်းတိပ်များကို ဖယ်ရှားပေးခြင်း

ရှောက်ရည်က တင်းတိပ်နဲ့ သက်ကြီး အစက်အပြောက်တွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်မှု အစွဲအလမ်းတွေ ရှိတတ်ကြပါတယ်။ ရှောက်ရည်ကို ဂွမ်းစနဲ့တို့ပြီး အစက်အပြောက်ရှိတဲ့ နေရာကို တစ်နေ့တစ်ကြိမ် လိမ်းပေးပါ။

(၆) အစွန်းအထင်းတွေကို ဖယ်ရှားပေးခြင်း

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ရှိခဲ့ရင် ရှောက်ရည်နဲ့ အစွန်း ချွတ်ပေးနိုင်ပါတယ်။ မပျက်ဘဲ စွဲထင်နေမယ်ဆိုရင်တော့ ရှောက်ရည်ကို ဆားနဲ့ရောပြီး အစွန်း ချွတ်ပေးနိုင်ပါတယ်။ အဝတ်စက နူးညံ့လွန်းတဲ့အစ ဖြစ်နေရင်တော့ ရှောက်ရည်တစ်မျိုးတည်းကိုသာ အစွန်းချွတ်ဆေးအဖြစ် အသုံးပြုပါ။

(၇) ဗောက်ပျောက်စေခြင်း

ရှောက်ရည်ကို ဗောက်မထအောင် ကာကွယ်တဲ့ အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။ ဗောက်ထနေခဲ့ရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ရှောက်ရည်ကို ဆံသားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀ မိနစ်လောက် ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။

(၈) ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှောက်ရည်၊ ဆားနဲ့ သံလွင်ဆီတို့ကို ဆတူရောပြီး သဘာဝ ကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

( Sandar )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Beliefnet


ထာဝရအသက်ရှည်ဆေး ဖော်စပ်ဖို့  နီးစပ်လာပြီဖြစ်ကြောင်း သိပ္ပံပညာရှင်တွေပြောကြား




ဆိုက်ဘေးရီးယားရေခဲပြင်မြေလွှာထဲမှာ နှစ်ပေါင်း ၃.၅ သန်းကျော်အသက်ရှင်နေခဲ့တဲ့ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိပြီးနောက်မှာ သိပ္ပံပညာရှင်တွေရဲ့ နတ်သက်ရှည်ဆေး ဖော်စပ်ဖို့ ကြိုးပမ်းမှုဟာ အရေးကြီးခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆိုက်ဘေးရီးယားရေခဲပြင်လို ကြမ်းတမ်းတဲ့ဒေသအခြေအနေမှာ ဒီဘက်တီးရီးယားအနေနဲ့ ဘယ်လိုအသက်ရှင်နေခဲ့သလဲ ဆိုတဲ့အပေါ်မှာ ဘက်တီးရီးယားရဲ့ DNA ကို ဖော်ထုတ်နိုင်ပြီးတဲ့အခါ ပိုမိုနားလည်သဘောပေါက်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

ယခုအထိ တွေ့ ရှိရတဲ့ အရိပ်လက္ခဏာတွေကတော့ အလားအလာကောင်းလျက်ရှိပါတယ်။

“ ကြွက်တွေနဲ့ အသီးအနှံတွေမှာ ကျွန်တော်တို့ စမ်းသပ်မှုအများအပြားလုပ်ခဲ့ပြီးနောက်မှာ၊ အသက်ရှည်မှုနဲ့ သန္ဓေ အောင်မှုပိုင်းကို ဒီဘက်တီးရီးယားက ထိန်းထားပေးနိုင်တဲ့ အကျိုးသက်ရောက်မှုကို တွေ့ ရှိခဲ့ရပါတယ်” လို့  အဆိုပါ ဘက်တီးရီးယားကို ရှာဖွေတွေ့ ရှိခဲ့တဲ့ ရှရှားလူမျိုး Dr Anatoli Brouchkov က ပြောကြားပါတယ်။

“ ဒီဘက်တီးရီးယားရဲ့ မျိုးဗီဇအသုံးဝင်ပုံ၊ ဂျီနို(မ်) ခေါ် ဒီအင်န်အေထဲက အချက်အလက်စုကို ကာကွယ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းစုရဲ့ဆောင်ရွက်ပုံတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့  လိုအပ်ပါတယ်” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ မသေဆုံးနိုင်တဲ့ (၀ါ) ထာဝရအသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ သတ္တ၀ါတွေ ရှိတယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ သူတို့ က မသေနိုင်ဘူး။ ပိုပြီးအတိအကျပြောရရင်၊ ဆဲလ်ပျက်စီးမှုကို သူတို့ ဘာသာ ကာကွယ်နိုင်ပါတယ်”

“ကျွန်တော်တို့ ဆဲလ်တွေကတော့ ပျက်စီးမှုကို သူတို့ ဘာသာ မကာကွယ်နိုင်ပါဘူး။ ဒီဘက်တီးရီးယားရဲ့ ပျက်စီးမှုနဲ့ အိုမင်းမှုကို ကာကွယ်ပေးတဲ့ ဆောင်ရွက်ပုံယန္တရား ကို ရှာတွေ့ မယ်ဆိုရင်၊ ကျွန်တော်တို့ လူသားတွေ အိုမင်းရင့်ရော်မှုအတွက် ပြန်အသုံးချနိုင်မှာပါ။ ဒါဟာ လူသားတွေရဲ့ အဓိကပဟေဠိပုစ္ဆာတစ်ပုဒ်ဖြစ်ပြီး ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ Dr.Brouchkov က ရှင်းပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

ကျန်းမာရေးအတွက် ကြက်မောက်သီး ရဲ့ အကျိုးပြုပုံများ




ယခုရာသီမှာ ပေါပေါများများတွေ့ရတဲ့ အသီးတွေထဲမှာ ကြက်မောက်သီးလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုယ်စားသုံးတဲ့အရာဟာ ကိုယ်အတွက် ဘယ်လို အာနိသင်ကောင်းတွေ ပေးတယ်ဆိုတာကို လူတိုင်း သိထားသင့်ပါတယ်။ ဒါမှသာ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါ ဝေဒနာသည်များ အနေနဲ့ တစ်နေ ကို ကြက်မောက်သီး ၈-လုံးကနေ ၁ဝ-လုံးခန့် စားပေးသင့်ပါတယ်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် လည်း သွေးထဲရှိသကြားပမာဏကိုကျဆင်းစေပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

ကျောက်ကပ်ကိုလည်းသန့် စင်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့် စေပါတယ်။  ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင် ၊ ဝမ်းလျှော/ဝမ်းပျက်ခြင်း ဝေဒနာတို့  ကိုလည်း သက်သာစေပါတယ်။

 ကြက်မောက်သီးအစေ့ကို သူ့ ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီးအခြားအစားအစာတို့ နဲ့  တွဲဘက်စားပေးခြင်ဖြင့် ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ထို့ ပြင် အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ့ စေပါတယ်။ (လူအချို့ ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)။

 ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရေခြောက်သွေ့ ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါတယ်။ ထို့ ပြင် ကြက်မောက်သီးအရွက်ကိုသန့် စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ်သန့် သန့် ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို ဦးရေးပြားအနှံ့  မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများသန်စွမ်းနက်မှောင်လာစေပါမည်။

ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။  ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ့ ၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါ ကို ပျောက်ကင်းစေနိုင်ပါတယ်။  ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့ ၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါတယ်။ ကြက်မောက်သီး အခွံခြောက် ၁၅-ဂရမ် ခန့် ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍ ၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့  ၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။

ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်သည့်အပြင် ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်းဝေဒနာအမျိုးမျိုးတို့ ကို ကုသရန်အတွက် အသုံးပြုနိုင်ပါတယ်။

( Sandar )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Organic Pilinuts

တရုတ်အရက်ဖြူ Baiju ၌ ကာမအားတိုးဆေးများပါဝင်၍FDSမှ တားမြစ်ခဲ့


 တရုတ်နိုင်ငံသည် လွန်လေပြီး သောနှစ်ပေါင်းများစွာကပင် ကာမ အားတိုးဆေးများအား တိရိစ္ဆာန်များ ၏ လိင်အင်္ဂါများမှ ထုတ်လုပ်သုံးစွဲခဲ့ ကြသည်။ ယခုခေတ်ကာလ၌ တရုတ် ဥပဒေက အစားအသောက်များတွင် ကာမအားတိုးဆေးများ ထည့်သွင်း အသုံးပြုခြင်းအားတားမြစ်ခဲ့ကြသည်။ သို့သော်လည်း ယင်းကဲ့သို့တည့်သွင်း အသုံးပြုမှုများမှာ အလျဉ်းသင့်သလို လုပ်ဆောင်ကြဆဲဖြစ်သည်။ တရုတ် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှာLiuzhou ရှိ စက်ရုံနှစ်ရုံတွင် ၎င်းင်းတို့၏ ထုတ်ကုန်များ၌ှSildenafil နှင့် tadalafil ကဲ့သို့ ကာမအား တိုးဆေးများထည့်သွင်း သုံးလျက်ရှိ ကြောင်း တွေ့ခဲ့ရသည်။FDA မှ ၎င်းင်းတို့၏ ယမကာပုလင်းပေါင်း များစွာအား ပန်းသေပန်းညှိုးတွင် သုံးသော ကာမအားဆေး Viagra များ ပါဝင်သည့်အတွက် သိမ်းဆည်း ခဲ့သည်။ ၎င်းင်းတို့၏ ထုတ်ကုန် Baiju မှာ အရက်ဖြူတစ်မျိုးဖြစ်ပြီး၊ အရက် ပြင်းအားပမာဏ များပြားကာ ကွန်ဖူးအရက်၊ အသက်ရှည်ဆေး စသဖြင့် အမည်အမျိုးမျိုးပေးကာ ရောင်းချခဲ့ကြောင်း သိရသည်။

အ၀င်;
Ref: AFP
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဆေးလိပ်ငွေ့ တစ်ဆင့်ရှူရှိုက်ခြင်းက ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်နိုင်ခြေများ




ဆေးလိပ်သောက်သူတစ်ယောက်နဲ့ အတူနေထိုင်ခြင်းက သင်ကိုယ်တိုင် ဆေးလိပ်မသောက်သည့်တိုင် ဆီးချိုအမျိုးအစား ၂ ကို ရစေနိုင်ကြောင်း လေ့လာတွေ့ ရှိမှုအသစ်တစ်ခုအရ သိရှိရပါတယ်။

ဆေးလိပ်မီးခိုးငွေ့ တွေကိုရှူရှိုက်ခြင်းက အဆိုပါရောဂါရရှိမှုနဲ့ ဆက်စပ်နေကြောင်း လူပေါင်း ခြောက်သန်း နီးပါးကို ဆန်းစစ်ခဲ့တဲ့ လေ့လာမှုပေါင်း ၈၈ ခု ရဲ့ အချက်အလက်တွေကို ထုတ်ယူလေ့လာပြီးနောက် တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ နှလုံးရောဂါတွေကို ရနိုင်ကြောင်း အထောက်အထားတွေ များပေမယ့် ဆီးချိုအမျိုးအစား ၂ နဲ့ ပတ်သက်ပြီး အထောက်အထားတွေကိုတော့ ပြသနိုင်မှုပိုင်းမှာ နည်းပါးခဲ့ပါတယ်။

ဒါပေမယ့် ယခုလေ့လာမှုအသစ်ကတော့ တစ်ကမ္ဘာလုံးကဆီးချိုဖြစ်ပွားမှု ၂၈ သန်းလောက်ဟာ ဆေးလိပ်သောက်မှုကြောင့် အဓိကဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

The Lancet Diabetes & Endrocrinology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ ဆေးလိပ်သောက်သုံးသူတွေဟာ လုံးဝမသောက်ဖူးတဲ့သူတွေနဲ့ ယှဉ်ရင် ဆီးချိုဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း မြင့်တက်နေကြောင်း တွေ့ ရှိခဲ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီးတဲ့လူတွေမှာတော့၊ ဆီးချိုဖြစ်နိုင်ခြေက ပြန်ကျသွားပြီး ၁၄ ရာခိုင်နှုန်းသာရှိတော့ကာ ဆေးလိပ်ငွေ့ တစ်ဆင့်ရှုရှိုက်ရသူတွေကတော့ ၂၂ ရာခိုင်နှုန်း နဲ့ စိုးရိမ်ဖွယ်ရာအဆင့်မှာရှိပါတယ်။

လက်ရှိဆေးလိပ်သောက်နေသူတွေအနေနဲ့ တစ်နေ့ တစ်လိပ်နှစ်လိပ်သာသောက်တတ်သူတွေဟာ ဆီးချို ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများပြီး၊ အသင့်အတင့်သောက်သူတွေက ၃၄ ရာခိုင်နှုန်းနဲ့ အလွန်အကျွံ ဆေးလိပ်သောက်သူတွေကတော့ ၅၇ ရာခိုင်နှုန်းပိုများပါတယ်။

ဆေးလိပ်မသောက်သုံးရနေရာတွေသတ်မှတ်ပေးခြင်းက ဆေးလိပ်မသောက်သူတွေကို ကာကွယ်မှုပေးနိုင် သလို၊ ဆေးလိပ်သောက်သူတွေအနေနဲ့ လည်း ဆေးလိပ်အောင်မြင်စွာဖြတ်နိုင်မှုပိုများလာနိုင်တယ်လို့  ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

Teddy Bear အမွှေးပွ ရုပ်တွေမှာ ကလေးငယ်တွေကို အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်




Teddy Bear အမွှေးပွ ၀က်ဝံ ရုပ်လေးတွေဟာ သင့်ရဲ့ ကလေးအတွက် ပါဝါတွေပေးစွမ်းကောင်းပေးစွမ်းနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ ထို အရုပ်လေးတွေဟာ သင့်ကလေးရဲ့ သွားလေရာ တစ်ကောက်ကောက်ပါဝင်နေမှာဖြစ်ပြီး အမြဲတမ်းလည်း သင့်ကလေး က ဖက်ထားမိနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့် ကလေးအတွက်တော့ ကျန်းမာရေးထိခိုက်မှု အကြီးကြီး ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူတွေ သတိပေးလိုက်တာကတော့ အမွှေးပွ ၀က်ဝံရုပ် ၈၀ ရာခိုင်နှုန်းခန့်ဟာ သင့်ကလေးကို အစာအဆိပ်သင့်စေနိုင်မယ့် ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ စစ်ဆေးမှုအရတော့ အမွှေးပွ ၀က်ဝံရုပ် ၄ ရုပ် မှာ ၁ ရုပ်ခန့်ဟာ မစင် အမှုန်အမွှားတွေ ကပ်တွယ်နေတာကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Dettol ဆပ်ပြာ ကုမ္မဏီ က ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ သုတေသန အရတော့ ကလေးငယ် ၉၀ ရာခိုင်နှုန်းခန့်ဟာ သူတို့ချစ်တဲ့အရုပ်တွေကို ကြမ်းပြင်ပေါ်အလွယ်တကူ ပစ်ချထားကြပြီး အရုပ်ကို သတိရတဲ့အခါမှာတော့ ပစ်ချခဲ့တဲ့နေရာကနေ ပဲ အရုပ်ကို ကောက်ယူ ပွေ့ဖက်ထားကြတာကို တွေ့ခဲ့ရပါတယ်။

ထို အမွှေးပွ အရုပ်တွေဟာလည်း ၄ ရုပ်မှာ ၃ ရုပ်ခန့်ဟာ ပိုင်ရှင် ကလေးငယ် ဖျားနာပြီးတဲ့နောက်မှာတောင် သန့်စင်ဆေးကြောခြင်း မရှိခဲ့သလို ၅ ရုပ်မှာ ၁ ရုပ်ခန့်ဟာ ဘယ်တော့မှ ဆေးကြောခြင်း မရှိဘူးလို့ သိခဲ့ရပါတယ်။

ဒါ့အပြင် အဏုဇီဝ ပညာရှင်တွေရဲ့ စစ်ဆေးတိုင်းတာချက်အရလည်း ကလေးငယ်တွေရဲ့ အမွှေးပွရုပ် ၈၀ ရာခိုင်နှုန်းခန့် ဟာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ Staphylococcus spp လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး ကပ်တွယ်နေတာကိုလည်း တွေ့ခဲ့ကြပြန်ပါတယ်။

ဒါကြောင့် ဆေးပညာ ကျွမ်းကျင်သူတွေကတော့ ကလေးငယ်တွေကို အမွှေးပွ ရုပ်တွေနဲ့ အနီးကပ် ဆော့ကစားခွင့်ပေးထားတဲ့ မိဘတွေကို မိမိ ကလေးရဲ့ အမွှေးပွ ရုပ်အား ပုံမှန်အားဖြင့် သန့်စင်ဆေးကြောပေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အမျိုးသမီးတွေ တစ်ပတ်ကို ဘီယာ ၂ ပိုင့်ခန့် ပုံမှန်သောက်ပေးခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းစေ




အမျိုးသမီးတစ်ယောက်မှာ အကြိုက်ဆုံး ဘီယာ ရှိနေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ် ကို ၂ ပိုင့်သာ သောက်သုံးပေးဖို့တော့လိုအပ်ပါတယ်။

တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့် သောက်သုံးတဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းကို ခံစားရဖို့ အခွင့်အလမ်းနည်းစေတယ်လို့ Gothenburg တက္ကသိုလ်က သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့် ခန့် သောက်သုံးသူတွေဟာ ဘီယာ အလွန်အကျွံသောက်သုံးသူတွေ ၊ ဘီယာ လုံးဝ မသောက်သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းနည်းပါးနေပါတယ်။

သုတေသီတွေဟာ အသက် ၅၀ ၀န်းကျင်ရှိနေပြီဖြစ်တဲ့ အမျိုးသမီး အယောက် ၁၅၀၀ ကို လေ့လာမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ထို အသက်အရွယ် အလယ်အလတ် ရှိတဲ့ အမျိုးသမီးတွေကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ တောက်လျှောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ယမကာ မှီဝဲမှုတွေကိုလည်း ရောဂါ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

၃၂ နှစ်တာ လေ့လာခဲ့တဲ့ ရလဒ်ကတော့ အမျိုးသမီး ၁၈၅ ယောက်ဟာ နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး ၁၆၀ ယောက် ဆီးချိုသွေးချို နဲ့ ၃၄၅ ယောက်တို့က ကင်ဆာ ဖြစ်ခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ယမကာ အလွန်အကျွံသောက်သုံးသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းအထိတိုးလာတာကို တွေ့ရသလို တစ်ပတ်ကို ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့်သာ သောက်သုံးသူတွေကတော့ ဘီယာ အလွန်အကျွံသောက်သုံးသူတွေနဲ့ လုံးဝ မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရပြန်ပါတယ်။

ထို လေ့လာမှုကိုတော့ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Scandinavian Journal of Primary Health Care မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အပင်မှရရှိသော ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးကလေးများ


နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဟု ဆိုသော်လည်း လောကနိယာမသဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက်ရှိနေကြစမြဲပါ။ တချို့သစ်ပင်တွေမှာ လူသားတို့၏ ကျန်းမာရေးအတွက် အားသာချက်တွေ တော်တော်များများရှိကြပါတယ်။ သို့သော် လူတစ်ဦးနဲ့တစ်ဦး ကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့  အပြောင်းအလဲကိုဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့ လိုပါတယ်။ သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲ မသုံးစွဲသင့်ကြောင်း အောက်ပါ အတိုင်း အသိပေး မျှဝေ လိုက်ရပါတယ်။

(၁) ရှားစောင်းလက်ပပ်

(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ(အနှစ်)ထဲတွင်ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင် ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။

(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွားစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါဘူး။ သို့သော် အပင်ကို အခြောက်ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ အကျင့်ပါသွားတတ်ပါ
တယ်။

(၂) စမုန်မျိုးနှင့် စမုန်နက်

စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညက်စေပါတယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။ သို့သော် ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစားသင့်ပါဘူး။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ သို့သော် (က) ကြက်သွန်ဖြူဟာ သွေးကျဲစေတာကြောင့် သွေးမခဲဆေးစားနေရသူများဟာ ခွဲစိပ်ကုသမှုမပြု
မီ ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ (ခ)Hypoglyceamic

(ခေါ်) သွေးထဲမှာ ဂလူးကို့စ်နည်း၍ ဆေးစားနေရသူများ
ဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။

(၄) ငရုတ်ကောင်း

ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့် တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက်ခြင်း၊ ချွေးမထွက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်အတွင်း ပူသောအနာတို့ကိုလည်း သက်သာဖြေလျော့ပေးနိုင်ပါတယ်။ သို့သော် (က) ငရုတ်ကောင်းကို နေ့စဉ် ၃ဝဝ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။ (ခ) အရက်သေစာနှင့် တွဲ၍ မမှီဝဲပါနှင့်။ (ဂ) အသည်းရောဂါသမားများဟာ
ငရုတ်ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။ (ဃ) ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်း နိုင်စွမ်းရှိတာ ကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရ သူများဟာလည်း ငရုတ်ကောင်း မစားသင့်ပါဘူး။

(၅) နွယ်ချို

နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့ သလိပ်နာရောဂါကို ပျောက်စေ ပါတယ်။ လေနာရောဂါကို နိုင်ပါတယ်။ လူကို ဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။ သို့သော် (က) နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ်ထက်ပို၍ စွဲမစားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်း
နိုင်ပါတယ်။ (ခ) ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။ (ဂ) နွယ်ချိုဟာ ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့
နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစား သင့်ပါဘူး။

(၆) တရုတ်နံနံ

တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝစွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော acetylenics, phenolic acids နှင့်coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ
ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများ
ဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။ သို့သော် တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွား စေတာကြောင့် ကျောက်ကပ်ရောဂါသည်များနဲ့ သည်း ခြေအိတ်ဝေဒနာ သည်များ အတွက် အထူးရှောင်ရှားသင့်ပါတယ်။

(၇) ပင်စိမ်းပင်

ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစု တစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်း မွန်စေသည့်ပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက်တာ ကလေးငယ်များ
ရဲ့ ဥာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်သုံးပါးမရွေး စားသုံးသင့်ပါတယ်။ သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့
ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကို မစားသင့်ပါဘူး။

(၈) ချင်း(ဂျင်း)

ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကို ရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို
 ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေး အာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။ သို့သော် ချင်းဟာ သည်းခြေရည်ကို ပိုထွက်
 စေတာကြောင့် သည်းခြေ ရောဂါရှိသူများက ချင်းအခြောက်ကိုဖြစ်စေ၊ ချင်းမှုန့်ကို
ဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန် တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။

(၉) နနွင်း

လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ ကမ္ဘာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများဖြစ်ကြရာ ၎င်းလူမျိုးတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ချေလွန်စွာနည်းပါး ကြောင်း၊ နနွင်းမှုန့်ကို ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်း ကလေးငယ်တွေမှာ သွေးကင်ဆာဖြစ်ပွားနှုန်းနည်းပါးကြောင်း၊ အဆိပ်အတောက်ပြေစေကာ အသည်းကို ကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊ အမျိုးသမီးများရဲ့ သားအိမ်ကို သန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ် ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း အိန္ဒိယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ(ခေါ်)အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါး
ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့သော် အစာအိမ် အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေကျောက်နှင့် သည်းခြေအိတ်ပိတ်ဆို့သူများကတော့ နနွင်းစားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။

တင်ထက်ထက်ဇော်

The Mirror Daily
https://www.facebook.com/TheMirrorDaily

ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ်ဟာ တိရိစ္ဆာန်တွေမှာ ကောင်းမွန်စွာ အလုပ်လုပ်တာကိုတွေ့ရှိ




ဓါတ်ခွဲခန်းအတွင်းမှာ ဖန်တီး ရှင်သန်လာစေခဲ့တဲ့ ကျောက်ကပ် တစ်လုံးဟာ ကြွက်တွေနဲ့ ၀က်တွေရဲ့ အညစ်အကြေးစွန့် စနစ်တွေမှာ အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး ထို အစိတ်အပိုင်းကို ကောင်းမွန်သေချာစွာ အလုပ်လုပ်နိုင်ရန် နဲ့ ရှင်သန်နိုင်စေခဲ့ပြီဖြစ်တယ်လို့ သုတေသီတွေက လေ့လာမှု တစ်ခုမှာ တင်ပြခဲ့ပါတယ်။

သုတေသီတွေဟာ ဓါတ်ခွဲခန်းအတွင်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ် ကို လူတွေရဲ့ ခန္ဓာကိုယ်အတွင်း ထည့်သွင်းနိုင်အောင် ကြိုးစားခဲ့ပေမယ့်လည်း အခုတစ်ကြိမ် တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ခဲ့တာကတော့ အောင်မြင်မှု အတွက် အကြီးမားဆုံး ခြေလှမ်းပဲ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကျောက်ကပ် မကောင်းတဲ့သူတွေဟာ အစားထိုး ကုသမှုတွေပြုလုပ်နိုင်ခွင့်ရှိနေပေမယ့် သူတို့ဟာ အချိန်ဘယ်လောက်ထိပဲ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ သက်တမ်း ကန့်သတ်ချက် တွေရှိနေပါသေးတယ်။

သုတေသီတွေ တင်ပြထားတာကတော့ သူတို့ဟာ လူတစ်ယောက်ရဲ့ ကျောက်ကပ်ကို ပင်စည်ဆဲလ်တွေက တစ်ဆင့် ရှင်သန်စေခဲ့ပေမယ့်လည်း သူတို့ ထုတ်လုပ်တဲ့ ဆီးအညစ်အကြေးတွေကို စွန့်ပစ်နိုင်မယ့် နည်းလမ်းမရှိခဲ့ဘူးလို့သိရပါတယ်။

ဒါကို ဖြေရှင်းနိုင်ဖို့အတွက် သုတေသီတွေဟာ Metanephroi ကို အသုံးပြုပြီး ၀က်တွေရဲ့ ကျောက်ကပ်ကို ရှင်သန်စေခဲ့တဲ့အခါမှာ ကျောက်ကပ်ဟာ ရှင်သန်လာပြီး ဆီးတွေကို ထုတ်လုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုကျောက်ကပ်ဟာ ဆီးကို အညစ်အကြေးအဖြစ် မစွန့်ပစ်နိုင်ပါဘူး။

အဲဒီနောက် သုတေသီတွေဟာ နည်းလမ်းတစ်ခုရှာဖွေတွေ့ရှိခဲ့ပြီး ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ကျောက်ကပ် ကနေ ဆီးတွေ စွန့်ပစ်နိုင်ဖို့ လမ်းကြောင်းကို ဖြစ်လာစေဖို့ ကြွက်တွေရဲ့ Metanephroi နဲ့ ဆီးအိတ်တွေကပို အသုံးပြုပြီး ကြွက်တွေထဲကို ထည့်သွင်းကြည့်တဲ့အခါမှာ ထို ဖန်တီးထားတဲ့ ဆီးအိတ်စာ တိရိစ္ဆာန်တွေမှာ မူလပါဝင်တဲ့ ဆီးအိတ်နဲ့ ထပ်မံချိတ်ဆက်ပြီးတဲ့နောက် ဓါတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ကျောက်ကပ်ထဲက ဆီးတွေကို ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ပစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဓါတ်ခွဲခန်းမှာဖန်တီးထားတဲ့ ကျောက်ကပ်ဟာ နည်းလမ်းမျိုးစုံ နဲ့ ကောင်းမွန်မှန်ကန်စွာ အလုပ်လုပ်နိုင်ခဲ့ပြီး လူသားတွေမှာ အစားထိုး ကုသနိုင်တော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

Sex အကြောင်း မက်ဆေ့ဂ်ျ အပြန်အလှန်ပေးပို့ခြင်းဟာ အချစ်ရေး မှာ ပိုမို စိတ်ကျေနပ်မှု ရစေနိုင်




Sexting ဆိုတာကို လေ့လာမှုမှာပါဝင်တဲ့ သုတေသီတွေက အဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ (သို့) ဆက်စပ်အကြောင်းအရာများကို မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် စာသားမက်ဆေ့ဂ်ျ အဖြစ်ပေးပို့ခြင်း ၊ လက်ခံရရှိခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။

သုတေသီတွေဟာ အမေရိက မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၈၂ နှစ်ကြားရှိတဲ့ လူဦးရေ ၈၇၀ ယောက်ကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ ထို လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ အမျိုးသမီးတွေဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းကတော့ တစ်ကိုယ်တည်း သမား(Single) တွေ ဖြစ်ကြပါတယ်။

သုတေသီတွေဟာ ထို အစစ်ဆေးခံခဲ့သူတွေကို Sexting အမူအကျင့်တွေတင်မကပဲ သူတို့ရဲ့ လှုပ်ရှားမှု ၊ အချစ်ရေး နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကိုပါ မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

ထို အစစ်ဆေးခံသူ ၈၈ ရာခိုင်နှုန်းဟာ တစ်ခါတစ်လေ မှ သာ Sexting ပြုလုပ်ကြပြီး ၈၂ ရာခိုင်နှုန်းကတော့ မနှစ်က Sexting ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုထားကြပါတယ်။ ၇၅ ရာခိုင်နှုန်းကတော့ Sexting ဟာ ကျူးကျူးလွန်လွန်ဖြစ်တဲ့ အချစ်ရေးမှာ အရေးပါနေတယ်လို့ ဆိုကြပြီး ၄၃ ရာခိုင်နှုန်းကတော့ Sexting ဆိုတဲ့ သာမန် အချစ်ရေးတွေမှာ ရှိသင့်တဲ့အရာ လို့ပဲ ဆိုထားပါတယ်။

အချစ်ရေးတွေတိုင်းမှာ Sexting လုပ်ဆောင်မှု မြင့်မားလာတာနဲ့ အမျှ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု လည်း ပိုမို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် အစမ်းသပ်ခံခဲ့ကြသူတွေထဲမှာ Sexting လုပ်ဆောင်ခဲ့ကြတဲ့ စုံတွဲတွေဟာ ပိုမို ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ကြပြီး အချစ်ရေး တစ်ခုရဲ့ မျှော်လင့်ထားတဲ့ အခြေအနေတွေ ကို ရရှိနိုင်တယ်လို့ ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

နှလုံးရောဂါသည်တွေ ချစ်တင်းနှော တဲ့အခါ နှလုံးထဖောက်မှာကို စိုးရိမ်စရာမလို




နှလုံးရောဂါကို ခံစားနေရသူတွေအတွက်တော့ ချစ်တင်းနှောခြင်း လှုပ်ရှားမှု ကြောင့် အန္တရာယ်ဖြစ်လာမှာ ကို စိတ်ပူစရာမလိုဘူးလို့ သုတေသီတွေက ဆိုလိုက်ပါတယ်။

အတိအကျ ပြောရမယ်ဆိုရင်တော့ ချစ်တင်းနှောခြင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ သိမ်မွေ့တဲ့ အေးရိုးဘစ် လေ့ကျင့်ခန်း တစ်မျိုးလိုဖြစ်နေပြီး ချစ်တင်းနှောခြင်းလှုပ်ရှားမှုဟာနှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းလည်းဖြစ်သလို နှလုံးရောဂါ ဖြစ်နေသူတွေအတွက်လည်း သက်သာလာစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ခံပြောကြားလိုက်ပါတယ်။

ထို အကြောင်းအရာကို တင်ပြဆွေးနွေးခဲ့သူကတော့ ချစ်တင်းနှောခြင်းဟာ သာမန်အားဖြင့်တော့ လှေကား ၂ ထစ် တက်ခြင်း (သို့) နံရံ့တစ်ခုပေါ်ကို တက်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ အာနိသင်ခြင်း ဆင်တူတယ်လို့ဆိုပါတယ်။

ထို လေ့လာရေး အဖွဲ့ဟာ အသက် ၃၀ ကနေ ၇၀ ကြားရှိတဲ့ နှလုံးရောဂါသည် ၅၃၆ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ထို နှလုံးရောဂါသည်တွေရဲ့ ကိုယ်တိုင် မေးခွန်းထုတ် ကိုယ်တိုင်ဖြေကြားရတဲ့ အချက်အလက်တွေကို စုစည်းလိုက်တဲ့အခါမှာတော့ ၁၂ လ အတွင်း ချစ်တင်းနှောခြင်း တွေရဲ့ နှလုံးရောဂါ အမော ထဖောက်မှု ဖြစ်နိုင်ချေ တွေဟာ အခုလို ရလဒ်ထွက်ပေါ်လာပါတယ်။

လုံးဝ ချစ်တင်းနှောခြင်းမရှိသူတွေဟာ နှလုံး ထ ဖောက်ဖို့ ဖြစ်နိုင်ချေဟာ ၁၄.၉ ရာခိုင်နှုန်း ဖြစ်ပြီး ၊ တစ်လမှာ တစ်ကြိမ်ခန့် ချစ်တင်းနှောခြင်း ဟာ ၄.၇ ရာခိုင်နှုန်း နှလုံးထဖောက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ တစ်ပတ် မှာ တစ်ကြိမ်ခန့်တောင် ချစ်တင်း မနှောတဲ့သူတွေဟာ နှလုံး ထဖောက်နိုင်ချေ ၂၅.၄ ရာခိုင်နှုန်း ရှိပြီး တစ်ပတ်ကို တစ်ကြိမ် (သို့) အကြိမ်ရေများစွာ ချစ်တင်းနှောသူတွေကတော့ ၅၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိနေပါတယ်။

ဒါ့အပြင် ထို နှလုံးရောဂါသည် တွေရဲ့ ချစ်တင်းနှောခြင်းနဲ့ နှလုံးထဖောက်ခြင်းကြားက အချိန်ကိုက်ဖြစ်စဉ်တွေကို လေ့လာခဲ့ရာမှာတော့ နှလုံးရောဂါ သည် ၇၈ ရာခိုင်နှုန်းဟာ သူတို့ နှလုံးထဖောက်တဲ့အချိန်ဟာ ချစ်တင်းနှောတဲ့ အချိန်နဲ့ ၂၄ နာရီမက ကွာခြားတယ်လို့ ဆိုထားပြီး ၀.၇ ရာခိုင်နှုန်းသာ နှလုံးမဖောက်ခင် ၁ နာရီ အတွင်း ချစ်တင်းနှောမိခဲ့ကြတယ်လို့ ဆိုထားတာကိုလည်းတွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

ဂနာ မငြိမ်ဖြစ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိစေနိုင်




ဂနာ မငြိမ်ဖြစ်တယ်ဆိုတာ ဘေးက ကြည့်နေတဲ့လူအတွက်တော့ အာရုံနောက်စရာဖြစ်နိုင်ပေမယ့် သင့်ရဲ့ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။

သုတေသန တစ်ခုက အကြံပေးလိုက်တာကတော့ မနားမနေ လှုပ်ရှားနေခြင်းဟာ အချိန်ကြာရှည်စွာ ထိုင်နေခြင်းရဲ့ သက်ရောက်မှု တွေကို ပြောင်းပြန် သက်ရောက်မှု ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

ထိုင်နေတဲ့အချိန်တွေ မရှိခြင်းဟာ သင့်ရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ လိဒ် တက္ကသိုလ် နဲ့ လန်ဒန် တက္ကသိုလ် ကောလိပ် မှာရှိတဲ့ သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာမှု တစ်ခုဟာ ဂနာ မငြိမ် ဖြစ်ခြင်း ရဲ့ သက်ရောက်မှုတွေကို ပထမဆုံးအကြိမ် လေ့လာ ကြည့်ခဲ့ကြပါတယ်။

သုတေသီတွေ အနေနဲ့ အချိန်ကြာရှည်စွာ ထိုင်နေခြင်းဟာ တစ်ခါတစ်လေ မှ ဂနာမငြိမ် ဖြစ်တတ်တယ်လို့ ဆိုတဲ့အမျိုးသမီးတွေအတွက် စောစောစီးစီး သေဆုံးဖို့ အခွင့်အလမ်းများစေနိုင်တယ် ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဂနာမငြိမ်ဖြစ်တတ်တယ်ဆိုတာကို လက်ခံထားသူတွေနဲ့ မကြာမကြာ ဂနာမငြိမ် ဖြစ်နေတတ်သူတွေကတော့ စောစောစီးစီး သေဆုံးမယ့် အလားအလာ နည်းပါးတာကိုတွေ့ရပြန်ပါတယ်။

ဒါ့အပြင် ညွှန်ကြားထားတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ပမာဏ ရှိပြီး တစ်ညကို ၈ နာရီခန့် အိပ်စက်သူတွေဟာ တစ်နေ့ကို ၁၅ နာရီ ခန့် ထိုင်နေခြင်းနဲ့ အချိန်ကုန်ဆုံး နေလေ့ရှိကြပါတယ်။ တစ်ကယ်တော့ ထိုင်ပြီး အလုပ်လုပ်ရတဲ့ ဘ၀နေထိုင်မှုတွေဟာ ကျန်းမာရေးအတွက် လုံးဝ မကောင်းပါဘူး။ ဒါကြောင့် ထိုင်တဲ့အချိန်တွေ မရှိစေခြင်းဟာ ခန္ဓာကိုယ်အတွင်းက ဂလူးကို့စ် နဲ့ အင်ဆူလင် တုံ့ပြန်မှု တွေကို ရရှိစေတဲ့အတွက် ကောင်းမွန်တဲ့ ကျန်းမာရေး မျိုးဖြစ်လာအောင် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ အသက် ၃၅ နှစ်ကနေ အသက် ၆၉ နှစ်ကြားရှိကြတဲ့ အမျိုးသမီး အယောက် ၃၅၀၀၀ ရဲ့ လူနေမှု ပုံစံတွေက ရယူထားတဲ့အချက်အလက် တွေကို ခွဲခြမ်းစိတ်ဖျာ လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ အမေရိကန်ဂျာနယ် ဖြစ်တဲ့ Preventive Medicine မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ


ပျားရည်သောက်တော့မယ်ဆိုရင် နံက်စောစောအိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင်နှစ်နာရီခန့်အလို နဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်းသောက်ပေးနိုင် ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ်သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည်စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီး အအေးခံမထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။

ပျားရည်သောက်ရန် သင့်တော်သူများ

(၁) နို့တိုက်မိခင်များ
မီးဖွားပြီးစ နှင့် နို့ ချိုတိုက်ချိန်များမှာ ပျားရည်စား
သင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည်သောက်သင့်ပါတယ်။

(၂) ကင်ဆာ ရောဂါသည်များ
အရိုးကင်ဆာ နှင့် အဆာအိမ်ကင်ဆာ ဝေဒနာသည် များဟာ သဘာဝနှစ်ချို့ပျားရည်စစ်စစ်နှင့် သစ်ကြပိုးခေါက်မှုန့်တို့ ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ ပမာဏစီ ဆတူရော၍ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာမစားမီ နာရီဝက် အလို သို့မဟုတ် အစာစားပြီးနောက် နာရီဝက်အကြာ
မှာ သောက်သုံးပေးရပါမယ်။ အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေး တစ်ဖန်ခွက် သောက်ပါ (ရေခဲရေနှင့် ရေနွေးပူတို့မဟုတ် ပါ။)

(၃) အပူကန် လည်ချောင်းနာသူများ
ပျားရည်ဟာ အပူဓာတ်ရှိတာကြောင့် ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြပါတယ်။ တကယ်တော့ သောက်လို့ရပါတယ်။ အပူကန်လည်ချောင်း နာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေပါ တယ်။

(၄) ချောင်းဆိုးနေသူများ
ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ပါပဲ။ ဆေးသောက်ရန်အသင့်တော်ဆုံးအချိန်ကတော့ နံက်အိပ်ယာထ ဘာမျှမစားခင်ဖြစ်ပြီး၊ ရေနွေးဖြူတစ်ဖန်ခွက်ထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲ့၍ ဖျော်သောက်ပေးရမှာပါ။ တဖန်နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်ရှည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။

(၅) အသက် တစ်နှစ်နှင့်အထက် ကလေးငယ်များ
(က) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်ရင် ပျား ရည်ကိုသံပုရာရည်ဖြင့် ဆတူရော၍ တိုက်ပါ။
(ခ) ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်း အတွက် ပျားရည် အနည်းငယ်ကျွေးပါ။
(ဂ) ပျားရည်က စိတ်ကိုထိန်းပေးနိုင်သောအစွမ်းသတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့် တတ်သော ကလေးများကို ညအိပ်ယာဝင်ခါနီးပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်ပါတယ်။
(ဃ) ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေရင် ပျားရည်ကျွေးပေး ခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
(င) တုတ်ကောင်၊သန်ကောင် ရှိသောကလေး
ငယ်များကို နာနတ်သီးကို ပျားရည်ဖြင့်နယ် ၍ ကျွေးပါ၊ သို့မဟုတ် ပျားရည်နှင့် အုန်းနို့
ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ

(၁) အသက် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များ။ ပျားရည်ထဲမှာ Microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ မြောက်များစွာပါရှိနေကြပါတယ်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက်နိုင်သော်လဲပဲ
ကလေးငယ်များအတွက်ကတော့ အစာချေလမ်းကြောင်းမှာ သွေးခဲ၍ အစာ
အဆိပ်သင့် ဝေဒနာကိုဖြစ်စေပါတယ်။

ဒါ ကြောင့် အသက် တစ် နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များကို ပျား ရည် (လုံးဝ) မကျွေး သင့်ပါဘူး။

(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းများ
Botulinumtoxin(ခေါ်)ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်းအဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန်သည်တွေက ပျားရည်သောက်ရန် သင့်လား၊
မသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေကြပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာပျားရည် သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်
က ပျားရည်ထဲမှာပါရှိတဲ့Botulinumtoxin အဆိပ်ကို အလိုအလျောက် ဖယ်ရှားသုတ်သင်ပေးလေ့ရှိပါ တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်
သောက်လို့ရပါတယ်။ ပဋိသန္ဓေသားကိုလည်း လုံးဝ ဘေးဥပဒ်မဖြစ်စေနိုင်ပါဘူး။ သို့သော်မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေး
ထဲရှိသကြားပမာဏ မြင့်တက်လေ့ရှိကြပါတယ်။ ပျားရည်ထဲမှာလည်းFructose သကြားပမာဏမြင့်မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်သည်များ အနေဖြင့် ပျားရည်မစားတာဘေးအကင်းဆုံးပဲ ဖြစ်ပါတယ်။

(၃) ဆီးချိုသွေးချို ရောဂါသည်များ
ပျားရည်ထဲမှာFructose နှင့်Glucose တို့ ဓာတ်တွေ ပြည့်ဝတူညီစွာပါရှိနေပါတယ်။ ဒါကြောင့် ဆီးချို သွေးချိုရောဂါသည်များနှင့် သွေးထဲမှာ Glucose ပြဿနာရှိနေသူများဟာ ပျားရည်စားသုံးခြင်းမှ အထူးရှောင်ရှားရပါမယ်။

(၄) ကိုယ်အလေးချိန် လျော့ချလိုသူများ
ပျားရည်နဲ့ သကြားညို(သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂
ပါရှိနေပြီး၊ သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေပါတယ်။ ဒါကြောင့်ပျားရည်ဟာ ကယ်လိုရီ တက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများ
အနေဖြင့် ပျားရည်မသောက်သင့်ပါဘူး။

ပျားရည် သံပုရာကို သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး
အကျိုးကျေးဇူးများရေနွေးဖြူ တစ် ဖန်ခွက်ထဲကို ပျားရည်နှင့် သံပုရာရည်
တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံနက် အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမျှမရှိခင်မှာ သောက်ပေး ရမှာဖြစ်ပါတယ်။

၎င်းဆေးပျားရည်ကို သောက်ပေးခြင်းဖြင့်တစ်နေ့ တာလုံး အစာကျေညက်စေခြင်း၊ အူသိမ်အူမထဲမှအချွဲ အကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင် ကျန်းမာစေခြင်း၊ အူမကြီးကို စိုစွတ်၍လွယ်ကူစွာ ဝမ်း သက်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှု တွေပြေပျောက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားလာခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းကို သန့်စေခြင်း၊ ခံတွင်းရနံ့ သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသားအရည် ဝင်းပကြည်လင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

ပေါက်ပေါက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

စာရင်းကောက်ယူချက်အရ အမျိုးသား လေးပုံတစ်ပုံအထက်ဟာ အလုပ်ကို ဒေါက်ဖိနပ်စီးသွားချင်ကြ





အမျိုးသားလေးပုံတစ်ပုံကျော်ဟာ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိကြောင်း ပိုခံစားရအောင်လို့ အလုပ်ကို ဒေါက်ဖိနပ်စီးသွားချင်ကြတယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့ ၊ အနောက်မြောက်ပိုင်းက အမျိုးသား ၃၂ ရာခိုင်နှုန်းလောက်ဟာ သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေကို အားကျမနာလိုဖြစ်နေကြတယ်လို့ စာရင်းကောက်ယူထားမှုအရ သိရပါတယ်။ အမျိုးသားတစ်ဝက်ကျော်ဟာ အမျိုးသမီးတွေပဲ စကတ်ဝတ်ခွင့်ရပြီး အမျိုးသားတွေဝတ်မယ်ဆိုရင် လူမှုပတ်ဝန်းကျင်က လက်ခံနိုင်မှုမရှိခြင်းဟာ မမျှတဘူးလို့ ခံစားနေကြရတယ်လို့ လည်း စာရင်းကောက်လေ့လာမှုမှာ တွေ့ ရှိခဲ့ရပါတယ်။

ဝိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Barefoot Wine က အမျိုးသားတွေရဲရင့်မှုရှိအောင်၊သူတို့ ရဲ့ အတွင်းစိတ်တွေကို အ၀တ်အစားတွေကနေတဆင့်ထုတ်ဖော်ပြသဖို့ နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မှုရှိအောင် တိုက်တွန်းအားပေးမှုပြုဖို့ အတွက် ယခုအချက်အလက်တွေကို ကောက်ယူစာရင်းပြုစုခဲ့တာဖြစ်ပါတယ်။

အမျိုးသား၊အမျိုးသမီး သုံးပုံတစ်ပုံလောက်ဟာ အလုပ်ကို ခြေဗလာနဲ့ သာ သွားချင်ကြပြီး ရှူးဖိနပ်တွေ မစီးချင်ဘူးလို့ ဆိုပါတယ်။ ၈၀ ရာခိုင်နှုန်းကျော်ဟာ တစ်ပတ်ကို တစ်ရက်၊ သူတို့ ဝတ်ချင်တာ ၀တ်ချင်ကြတယ်လို့ သိရပါတယ်။

အံ့အားသင့်ဖို့ ကောင်းတဲ့တစ်ချက်ကတော့ အမျိုးသားအများအပြားဟာ လုပ်ငန်းခွင်မှာ ယုံကြည်စိတ်ချမှု ပိုရှိအောင်လို့ ဒေါက်ဖိနပ်တွေကို စီးဖို့ ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

Selfie ရိုက်ရင်းသေဆုံးမှု ဟာ ငါးမန်းကိုက်လို့ သေဆုံမှု နှုန်းထားထက် ပိုများနေ




လူတစ်ချို့ဟာ ပြီးပြည့်စုံပြီး ဖန်တီးမှုကောင်းတဲ့ ဆယ်လ်ဖီ ဓါတ်ပုံတွေ ရိုက်ရင်း Taj Mahal အဆောက်အဦးလှေကားတွေပေါ်က ပြုတ်ကြခြင်း ၊ တံတားပေါ်မှာ ချော်ကြခြင်း ၊ ဓါတ်လိုက်ခြင်းတို့ကို ခံစားရပြီး သေဆုံးခဲ့ရဖူးပါတယ်။

အချက်အလက်အရပြောရရင်တော့ ဆယ်လ်ဖီ ဓါတ်ပုံရိုက်ရင်း သေဆုံးမှု နှုန်းထားဟာ ငါးမန်းကိုက်လို့ သေဆုံးမှုတွေထက် ဒီနှစ်မှာ ပိုများခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ အနည်းဆုံး လူ ၁၂ ယောက်ထက်မနည်း ဆယ်လ်ဖီ ရိုက်ရင်းသေဆုံးခဲ့ရပြီး ငါးမန်းကိုက်လို့ သေဆုံးခဲ့သူကတော့ ၈ ယောက်သာရှိခဲ့တယ်လို့ သိရပါတယ်။

ဆယ်လ်ဖီ ရိုက်ကူးခြင်း ၀ါသနာတွေဟာ အန္တာရာယ် ဖြစ်စေနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီး သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီဖြစ်စဉ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့လိုအပ်နေပါပြီ။ သြစတြေးလျမှာဆိုရင် မင်္ဂလာဆောင် ကိတ်မုန့်နဲ့ ပုံစံဆင်တူပြီး အလွှာ ၁၆ ထပ်ဆင့်ထားတဲ့ ကျောက်တုံး တစ်ခုဟာ  ပြိုကျကာနီးဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပေမယ့်လည်း လူတွေကတော့ ထိုကျောက်တုံးပေါ်တက်ပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေကြဆဲပါ။

ရုရှားနိင်ငံမှာ ဆိုရင်လည်း လူငယ်တစ်ယောက် သေနတ် ကိုင်ပြီး ဆယ်လ်ဖီ ရိုက်ရင်း သေနတ် မတော်တဆ ပစ်ခတ်မိပြီး သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ သေနတ်ကိုင်ရင်း ဓါတ်ပုံရိုက်တာဟာ အန္တရာယ်များတဲ့အကြောင်းတွေကို သတိပေးဖို့ ဆိုင်းဘုတ်ပင် ထောင်ထားရပါတယ်။

ဒါကြောင့် အင်တာနက် သုံးစွဲမှု ကျယ်ပြန့်လာတဲ့ လူငယ်တွေကြားမှာ ဆယ်လ်ဖီ ရိုက်ခြင်းနဲ့ ပတ်သက်ပြီး အထူး ဂရုစိုက်ဖို့အတွက် လိုအပ်နေပါပြီ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

တစ်နေ့ ကို ချောကလက်ပူပူ မတ်ခွက်တစ်ခွက်သောက်ပေးခြင်းက နှလုံးရောဂါ ထဖောက်မှုကို ကာကွယ်ပေးနိုင်




တစ်နေ့ ကို ချောကလက်ပူပူ မတ်ခွက်တစ်ခွက်သောက်ပေးခြင်းက နောက်ထပ် ၁၀ နှစ်အတွင်းမှာ နှလုံးရောဂါ ထဖောက်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

အပင်တွေကအများဆုံးရရှိတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ flavanols ဓာတ်ပစ္စည်းဟာ ကိုကိုးစေ့မှာ ပါဝင်ပြီး အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ သွေးလွှတ်ကြောတွေ မာတောင့်တင်းလာမှုကြောင့် ကျဆင်းလာတဲ့နှလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ဖလေဗာနွိုက် (flavonoid) ဒြပ်ဟာ ကင်ဆာရောဂါဖြစ်နိုင်ချေကိုပါ နည်းပါးစေကြောင်း တွေ့ ရှိထားရပါတယ်။

Flavonoid ဒြပ်ကို ရရှိထားတဲ့ အမျိုးသား ၄၂ ယောက်စီပါဝင်တဲ့ အသက် ၃၅ နှစ်အောက် နဲ့ အသက် ၅၀ ကနေ ၈၀ ကြား နှစ်အုပ်စုကို လေ့လာစမ်းသပ်ခဲ့ရာမှာ သွေးကြောကျယ်ခြင်း (vasodilation) ဟာ အုပ်စုနှစ်ခုလုံးမှာ သိသိသာသာ သက်သာတိုးတက်မှု ရှိခဲ့ကြောင်းတွေ့ ရှိခဲ့ရပါတယ်။

အသက်ပိုငယ်တဲ့အုပ်စုမှာ သွေးကြောကျယ်ခြင်းဟာ ၃၃ ရာခိုင်နှုန်းအထိ သက်သာတိုးတက်မှုရှိခဲ့ပြီး လူကြီးအုပ်စုမှာတော့ ၃၂ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါတယ်။

ဒုတိယမြောက်စမ်းသပ်မှုအဖြစ် ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၃၅ ကနေ ၆၀ အတွင်း အမျိုးသမီး၊ အမျိုးသားတွေကိုလည်း လေ့လာခဲ့ရာမှာလည်း flavanol ပါဝင်တဲ့ ကိုကိုးကို မတ်ခွက်တစ်ခွက် တစ်နေ့ နှစ်ကြိမ်၊ လေးပတ်တိတိသောက်သုံးခဲ့ပြီးနောက်မှာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် သွေးပေါင်ချိန်ပမာဏနဲ့ ကိုလက်စထရောပမာဏတွေ ကျဆင်းခဲ့တာလည်းကိုလည်း တွေ့ ခဲ့ရပြန်ပါတယ်။

ကမ္ဘာ့လူဦးရေဟာ အသက်ပိုရှည်လာကြပြီးနောက်မှာ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ နှလုံးဖောက်မှု နဲ့ လေသင်တုန်းဖြတ်မှုတို့ ကလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ ဒီရောဂါတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖလေဗာနွိုက် ပါဝင်တဲ့ ကိုကိုးပူပူကို တစ်နေ့ မတ်ခွက်တစ်ခွက်သောက်သင့်တယ်လို့ လေ့လာမှု နှစ်ခုလုံးကို ပြုလုပ်ခဲ့တဲ့ ဥရောပသမဂ္ဂရန်ပုံငွေရ Flaviola Research Consortium အဖွဲ့ က တိုက်တွန်း လိုက်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

ဝက်ခြံအတွက် အကောင်းဆုံးကုထုံးများ




ဝက်ခြံတွေထွက်လို့ စိတ်ညစ်နေမယ့်အစား ဒီစာလေးကိုဖတ်လိုက်ပါ။

ဝက်ခြံတွေ တအားထွက်နေလို့ ဝက်ခြံအတွက် အကောင်းဆုံးဆိုတဲ့ ဆေးတွေဝယ်သုံးနေတာဟာ သင့်ရဲ့ငွေတွေကို ဖြုန်းတီးရာရောက်ပါလိမ့်မယ်။ အောက်မှာပြောမယ့် အချက်လေးတွေကို နေ့စဉ်မှန်မှန်လေး လုပ်ပေးကြည့်ပါ။ အမှန်တကယ်ကို သက်သာလာပါလိမ့်မယ်။

သင့်ရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ကိုယ့်ရဲ့မျက်နှာကို သန့်ရှင်းနေစေဖို့အတွက် ခဏခဏမျက်နှာသစ်ခိုင်းနေတာ မဟုတ်ပါဘူး။ တစ်နေ့မှာ နှစ်ကြိမ်ပဲ မျက်နှာသစ်ပါ။ မနက်တစ်ခါ ညတစ်ခါ ဆိုပိုကောင်းပါလိမ့်မယ်။

မျက်နှာသစ်တဲ့အခါမှာလည်း  ရေနွေးနွေးနဲ့ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာကိုသုံးရင် လုံလောက်ပါတယ်။

မျက်နှာသုတ်တဲ့အချိန်မှာလည်း နူးညံ့တဲ့ တဘက် နဲ့ အသာအယာသုတ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်လိုက်တာကြောင့် မလိုအပ်တဲ့ အဆီတွေ နဲ့ သေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေမှာ ပိတ်နေတဲ့ ချေးညှော်တွေကို ဖယ်ရှားပေးလိုက်သလို ဖြစ်စေတယ်လို့ သိရပါတယ်။

မျက်နှာသစ်ပြီးရင်တော့ moisturizer လေးတစ်ခုခုသုံးကြည့်ပါ။ moisturizer ကိုရွေးချယ်ရာမှာလည်း ဝက်ခြံမဖြစ်စေတဲ့  "noncomedogenic" ဆိုတဲ့ စာသားကို label မှာရှာကြည့်ပြီးမှရွေးချယ်ဝယ်ယူသင့်ပါတယ်။

မိတ်ကပ်လိမ်းတာကြိုက်တဲ့သူဆိုရင်တော့ မိတ်ကပ်ကို ပါးပါးလိမ်းထားတာ ပိုသင့်လျော်တယ်လို့သိရပါတယ်။ မိတ်ကပ်ကထူနေမယ်ဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေပိုဆိုးလာနိုင်ပါတယ်။

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ မျက်နှာပေါ်မှာ ဘာမှရှိမနေတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။

မိမိရဲ့ ဆံပင်တွေဟာ မျက်နှာပေါ်မှာကျနေမယ်ဆိုရင် ဝက်ခြံတွေကို ပွန်းစားမှုတွေဖြစ်စေပြီး ရောင်ရမ်းလာမှာဖြစ်ပါတယ်။ သင်ဟာ Gel နဲ့ Hair cream တွေအသုံးပြုသူဖြစ်မယ်ဆိုရင် ထိုအရာတွေဟာ မျက်နှာပေါ်ကျရောက်သွားချိန်မှာ အဆီတွေပြန်ပြီး ချွေးပေါက်တွေကို ပိုပိတ်သွားစေတယ်လို့ သိရပါတယ်။

သင့်ရဲ့လက်တွေကိုလည်း မျက်နှာနဲ့ အဝေးမှာ ထားတာက ပိုသင့်တော်မယ်လို့ ပြောပါတယ်။

လက်ဟာ ဘက်တီးရီးယား အများဆုံးတည်ရှိတဲ့နေရာဖြစ်တာကြောင့် မျက်နှာကို ကုတ်ခြစ်မိတဲ့ အချိန်မှာ ဘက်တီးရိးယားတွေ ပျံ့နှံ့ပြီး ဝက်ခြံတွေကို ပိုဆိုးရွားလာစေတယ်လို့ သိရပါတယ်။

နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကလည်း ဝက်ခြံတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ သိရပါတယ်။ SPF 30 အထက်ရှိတဲ့နေရောင်ထဲမှာ မိနစ်နှစ်ဆယ်ထက်ပိုပြီးမနေတာ ကောင်းတယ်လို့သိရပါတယ်။

နေ့စဉ်ပုံမှန် exercise လုပ်ခြင်းကလည်း ဝက်ခြံတွေကို သက်သာစေလာတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုတွေကလည်း ဝက်ခြံကိုပိုထွက်လာစေလို့ စိတ်ကိုတည်ငြိမ်အောင် လုပ်တာကလည်း အကောင်းမွန်ဆုံးဖြစ်စေနိုင်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMd

ငါးကြီးဆီ၏ ကောင်းကျိုးများ




ငါးကြီးဆီဟာ Omega 3 တွေ ကြွယ်ဝစွာပါဝင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။ Omega 3 ဟာ ငါးတွေရဲ့ အဆီပိုင်းမှာပဲ ကြွယ်ဝစွာ ပါဝင်တဲ့အရာတစ်ခုပါ။ လူတွေမှာဆိုရင်တော့ မျက်ကြည်လွှာဟာ Omega 3 အကြွယ်ဝဆုံးအပိုင်းဖြစ်ပါတယ်။

ငါးကြီးဆီဟာ စိတ်ဖိစီးမှုတွေကိုလည်း အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။ အဲ့လို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အကောင်းဆုံးလျှော့ချပေးနိုင်လို့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့ပါးသွားစေနိုင်တယ်လို့ သိရပါတယ်။

အတက်ရောဂါရှိတဲ့ လူတွေနဲ့  ဝက်ရူးပြန်ရောဂါရှိတဲ့သူတွေဟာ  ငါးကြီးဆီကိုပုံမှန်မှီဝဲရင် အကောင်းပကတိ အခြေအနေအထိ သက်သာလာနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

ငါးကြီးဆီဟာ သက်ကြိးရွယ်အိုတွေမှာ အဖြစ်များတတ်တဲ့ ဦးနှောက်ထိန်းချုပ်မှုအားနည်းတဲ့ရောဂါ (သူငယ်ပြန်ရောဂါ) ကိုလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။ ကလေးတွေကို တိုက်ကျွေးမယ်ဆိုရင်လည်း ဦးနှောက်ရဲ့ တုံ့ပြန်မှုအားပိုကောင်းလာပြီး ပိုမိုပြီး သွက်လက်လာတယ်လို့ သိရပါတယ်။

ငါးကြီးဆီဟာ ဦးနှောက်အတွက် အလွန်အကျိုးပြုတဲ့အရာဖြစ်ပြီး ဦးနှောက်အမှေးရောင်ရောဂါ (Alzheimer's disease) ကိုလည်းကာကွယ်ပေးတယ်လို့သိရပါတယ်။

ဒါ့အပြင် အမျိုးသားတွေမှာ  အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကိုလည်း ၇၂% ထိ လျှော့ချပေးနိုင်တာကို အံသြဖါယ်တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် အသက်အရွယ်ကြီးလာတဲ့အထိ မှတ်ဥာဏ်ကောင်းချင်သေးရင်တော့ ငါးကြီးဆီကို ပုံမှန်မှီဝဲသင့်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် ယခုခေတ်ကလေးတွေမှာ အဖြစ်များလာတဲ့  အော်တစ်ဇင်ရောဂါ (autism) ကို ကုသဖို့အတွက် ငါးကြီးဆီကိုအခြေခံပြီး ကြိုးစားနေတယ်လို့ MNT သတင်းကဖော်ပြပါတယ်။

(Paing A K)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးမယ့် ရိုးရှင်းသော နည်းလမ်းများ ( ၂ )




လေ့ကျင့်ခန်း ပိုလုပ်တာ နဲ့ အရက်လျှော့သောက်တာဟာ သင့်ကျန်းမာရေးအတွက် အကြံဥာဏ်ကောင်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ လူနေမှု ပုံစံ ပြောင်းလဲလိုက်တာဟာလည်း လူတစ်ယောက်ရဲ့ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီလေ့လာမှုဟာ ရင်သားကင်ဆာ ၂၀၃၀၀ ၊ အူမကြီး ကင်ဆာ ၁၉၈၀၀ ၊ ကျောက်ကပ် ကင်ဆာ ၂၂၀၀ နဲ့ ပန်းခရိယ ကင်ဆာ ၁၄၀၀ တို့ကို ပြုလုပ်ထားတဲ့လေ့လာမှု ဖြစ်ပါတယ်။ ဒီလေ့လာမှုကတစ်ဆင့် ကျွမ်းကျင်သူတွေက ကင်ဆာ ရောဂါ ၁၃ မျိုး ရဲ့ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးမယ့် အချက် ၁၀ ချက်ကို ဖော်ပြထားပါတယ်။

( ၆ ) ဆား သုံးစွဲမှု ကို လျှော့ချပါ

ဆားတွေဟာ အသားဟင်းတွေရဲ့ အရသာ ကို ပိုမိုအရသာ ရှိစေတာတော့မှန်ပါတယ်။ ဒါပေမယ့် သွေးဖိအား တွေ မြင့်တက်လာစေနိုင်ပြီး အစာအိမ် ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာတော့ မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဆားတွေဟာ အစာအိမ်နံရံတွေကို ထိခိုက်စေခဲ့ပါတယ်။ အမှန်တစ်ကယ်ကတော့ ဆိုဒီယမ် ၊ ကလိုရင်း တို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ်ဟာ ဆား ပမာဏ အနည်းငယ်သာလိုအပ်တာ ဖြစ်ပါတယ်။

( ၇ ) အနီရောင် အသား တွေကို ရှောင်ကြဉ်ပါ

အနီရောင်ရှိတဲ့ စင်းကောသား တွေ ၊ အမဲသားပြား တွေဟာ အူမကြီး ကင်ဆာ ရောဂါဖြစ်ပေါ်လာစေဖို့  ခိုင်လုံတဲ့ သက်သေတွေရှိနေပါတယ်။ အကြောင်းအရင်းကတော့ ကင်ဆာ နဲ့ ဆက်စပ်သတင်းတွေမှာ ဖော်ပြနေကြအတိုင်းပဲ haem ဆိုတဲ့ ဓါတုဗေဒ ဓါတ်ပေါင်း တစ်မျိုး ကြောင့်ဖြစ်ပါတယ်။ ထို haem ဟာ အူမကြီးနံရံ တွေကို တိုက်စားသွားတိုက်တဲ့အတွက် ထို ပျက်စီးသွားတဲ့ ဆဲလ်တွေနေရာမှာ ကင်ဆာ ဆဲလ် တွေရောက်လာနိုင်တာပဲ ဖြစ်ပါတယ်။

( ၈ ) ဗီတာမင် တွေကို အားမထားပါနဲ့

ဆိုလိုချင်တာက လူအများစုဟာ ဗီတာမင် နဲ့ သံဓါတ်ပါတဲ့ ဆေးဝါးတွေသောက်သုံးတာ ကျန်းမာရေး အတွက်ကောင်းတယ်လို့ ထင်နေကြပါတယ်။ တစ်ကယ်တော့ စွမ်းအားပြင်း ဆေးဝါး တွေဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့ကင်ဆယသုတေသန အဖွဲ့အစည်းကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဟာ ထိုဆေးဝါးတွေထက်ပိုပြီး ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင် တယ်လို့ ဆိုထားပါတယ်။

( ၉ ) မိမိကလေးကို ကိုယ်တိုင် နို့တိုက်ပါ

ဒါကတော့ မိခင်တွေအတွက် ပါ။ ကလေးကို နို့တိုက်ခြင်းဟာ မိခင်တွေအတွက် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မိခင်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ကင်ဆာ ဖြစ်မယ့် ဟော်မုန်းတွေကို နို့တိုက်ခြင်းနဲ့ လျှော့ချနိုင်လို့ပါ။ နို့တိုက်ပြီးတဲ့အချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်ဟာ DNA ထိခိုက်မှု တွေ ဖြစ်ပေါ်စေတဲ့ ရင်သားအတွင်းက ဆဲလ်တွေကို ပြောင်းလဲသွားစေပါတယ်။ ထိုပြောင်းလဲမှုကပဲ ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တာဖြစ်ပါတယ်။

( ၁၀ ) ဆေးလိပ်ဖြတ်ပါ

ကမ္ဘာ့ ကင်ဆာသုတေသန အဖွဲ့အစည်း ရဲ့ အဆိုအရတော့ လူတစ်ယောက် ဟာ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချဖို့အတွက် အရေးအကြီးဆုံး လုပ်ဆောင်ရမှာက ဆေးလိပ်ဖြတ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆုတ်ကင်ဆာ ဖြစ်ပွားမှု ရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကနေ ဖြစ်ပေါ်လာတာပါ။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်အတွင်းမှာ ရှိတဲ့ တစ်သျှူးတွေကို ချက်ချင်းဆိုသလို ပြောင်းလဲသွားစေပြီး အဆုတ်အတွင်းက ဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့အတွက် အဆုတ်ကင်ဆာ ဖြစ်ဖို့ အခွင့်အရေး အရမ်းများနေတယ်လို့ ကျွမ်းကျင်သူ ဆရာဝန်တွေက ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးမယ့် ရိုးရှင်းသော နည်းလမ်းများ ( ၁ )




လေ့ကျင့်ခန်း ပိုလုပ်တာ နဲ့ အရက်လျှော့သောက်တာဟာ သင့်ကျန်းမာရေးအတွက် အကြံဥာဏ်ကောင်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ လူနေမှု ပုံစံ ပြောင်းလဲလိုက်တာဟာလည်း လူတစ်ယောက်ရဲ့ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီလေ့လာမှုဟာ ရင်သားကင်ဆာ ၂၀၃၀၀ ၊ အူမကြီး ကင်ဆာ ၁၉၈၀၀ ၊ ကျောက်ကပ် ကင်ဆာ ၂၂၀၀ နဲ့ ပန်းခရိယ ကင်ဆာ ၁၄၀၀ တို့ကို ပြုလုပ်ထားတဲ့လေ့လာမှု ဖြစ်ပါတယ်။ ဒီလေ့လာမှုကတစ်ဆင့် ကျွမ်းကျင်သူတွေက ကင်ဆာ ရောဂါ ၁၃ မျိုး ရဲ့ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးမယ့် အချက် ၁၀ ချက်ကို ဖော်ပြထားပါတယ်။

( ၁ ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ဖြစ်အောင် ထိန်းညှိုပါ

အ၀လွန်နေခြင်းဟာလည်း အူမကြီး ၊ ရင်သား ၊ အသည်း နဲ့ ကပ္ပာယ် အိတ် စတဲ့ ကင်ဆာ ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆီတွေဟာ ကင်ဆာ ရောဂါ ဖွံဖြိုးလာဖို့အတွက် ယေဘူယျ အသားရေ ရောင်ရမ်းခြင်း တွေဖြစ်လာအောင် လှုံ့ဆော်ပေးနေပါတယ်။

( ၂ ) လှုပ်ရှားမှု တွေ ပြုလုပ်ပေးပါ

လေ့ကျင့်ခန်း လုပ်တာလိုမျိုး လှုပ်လှုပ်ရှားရှားနေခြင်းတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်စေရုံတင်မကပဲ ကင်ဆာ ဖြစ်နိုင်ချေ ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အတိအကျအားဖြင့်ဆိုရင် အူမကြီး နဲ့ ရင်သား ကင်ဆာ ဝေဒနာသည် ၉ ယောက်မှာ ၁ ယောက်ခန့်ဟာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကင်ဆာရောဂါကနေ သက်သာလာတာကိုလည်း တွေ့ခဲ့ရပါတယ်။

( ၃ ) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေစားပါ

အသီးအရွက် တွေဟာ ပါးစပ် ၊ လည်ချောင်း ၊ အစာအိမ်နဲ့ အဆုတ် ကင်ဆာ တို့ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟင်းသီးဟင်းရွက်တွေဟာ ဖြစ်နိုင်တဲ့ ဆဲလ် ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တဲ့ Phytochemicals တွေပါဝင်တာကြောင့်ပါ။

( ၄ ) ယမကာ မှီဝဲ မှု လျှော့ချပေးပါ

ယမကာ သောက်ခြင်းဟာ ပါးစပ် ၊ လည်ချောင်း ၊ အသည်း ၊ အူမကြီး နဲ့ ရင်သား ကင်ဆာ တို့နဲ့ သက်ဆိုင်နေပါတယ်။ ကျွမ်းကျင်သူတွေ သုံးသပ်ထားတာကတော့ ယမကာ ရှောင်ကြဉ်ခြင်းဟာ ကင်ဆာ ရောဂါကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ။

( ၅ ) ဂတ်စ်များတဲ့ အအေး တွေနဲ့ အစာမကြေစေတဲ့ သရေစာ တွေကို ရှောင်ကြဉ်ပါ

ကိုလာ တို့ ၊ ဒိုးနတ် တို့လို အသင့်စား အစားအစာ တွေဟာ ကယ်လိုရီ ပါဝင်မှု များတဲ့အတွက် ကင်ဆာရောဂါ ဖြစ်လာနိုင်ချေများနေပါတယ်။ ထိုအစားအသောက်တွေနဲ့ ကင်ဆာရောဂါ နဲ့ ဆက်စပ်နေမှု ရဲ့ အကြောင်းအရင်း အတိအကျ ကို မသိရသေးပေမယ့် ဆက်စပ်နေကြောင်းကိုတော့ သုတေသန တွေက တစ်ဆင့်တွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ထိုက်ကျိ သိုင်းကစားခြင်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်




လူ အယောက် ၁၆၀၀ ကို စောင့်ကြည့်ခဲ့တဲ့ လေ့လာမှု ၃၄ ခုပါဝင်တဲ့ သုတေသန အရ ဆောင်းပါးပေါင်း ၁၁၀၀ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အဲဒီထဲက ဆောင်းပါး ၂၁ ခု ဟာ အသက် ၅၀ ကနေ ၇၀ ကြား လူတွေကို စောင့်ကြည့်ခဲ့တဲ့ လေ့လာမှု က ဖြစ်ပေါ်လာပါတယ်။

ပျမ်းမျှအားဖြင့် ထို စောင့်ကြည့်ခံရတဲ့ အသက်ကြီးပိုင်းတွေဟာ ၁၂ ပတ်တိတိ ၁ ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ် အထိ ထိုက်ကျိ သိုင်းကစားနည်း ကို ၁ ကြိမ်မှာ ၁ နာရီ ခန့်စီ လေ့ကျင့်ခဲ့ကြပါတယ်။

ထိုက်ကျိ ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိကျစွာ အဆင့်မြှင့်တင်ပေးနိုင်ပြီး ကြွက်သားတွေရဲ့ သန်မာမှုကိုလည်း အများဆုံးဖြစ်ပေါ်စေနိုင်တဲ့ သိုင်းကစားနည်းဖြစ်တယ်ဆိုတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

အထူး သဖြင့် ထိုင်ရာကနေထရာမှာ နာကျင်မှု တွေရှိတဲ့ အရိုးအဆစ် ရောင်ရမ်းနာကျင်တဲ့ Osteoarthritis ဆိုတဲ့ ရောဂါ ဝေဒနာ ရှင်တွေအတွက် ပိုပြီး အသုံးတည့်တဲ့ သိုင်းကစားနည်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း သန်မာမှု နဲ့ ဟန်ချက်ညီမှုတို့ကို ရရှိအောင်လည်း ဆော့ကစားနိုင်ပါတယ်။ အသက်ရှု မ၀တဲ့ ရောဂါကို ကုသဖို့အတွက်လည်း အသုံးတည့်တယ်လို့ ထိုလေ့လာမှု က ဖော်ပြခဲ့ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကို အခြေခံပြီး သုတေသီ အဖွဲ့က ဖော်ပြခဲ့တာကတော့ ထိုက်ကျိ သိုင်းကစားခြင်းဟာ ကျန်းမာရေး အခြေအနေပေါင်းမြောက်များစွာအတွက် ကောင်းကျိုးပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

အထက်ပါ ဆောင်းပါးတွေထဲမှာ ခြုံငုံပြီး ဖော်ပြခဲ့တာကတော့ ထိုက်ကျိဟာ နှလုံးကျန်းမာရေး မကောင်းသူတွေ နဲ့ အရိုးအဆစ်ရောင်ရမ်းနာကျင်တဲ့ ဝေဒနာ ခံစားနေရသူတွေအတွက် အထူးသင့်တော်တယ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့ နှစ်မှာ Medical News Today သတင်းဌာနက ဖော်ပြခဲ့ဖူးတာက ထိုက်ကျိ သိုင်းကစားခြင်းဟာ ရင်သားကင်ဆာ ရောဂါရှင်တွေအတွက်လည်း အသားအရေ ဖူးရောင်နီရဲ နေတဲ့ နာတာရှည်ဝေဒနာ ကို ကုသ ရာမှာ အသုံးဝင်သေးတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

သွားမှာ အပေါက်ဖြစ်နေခြင်းတွေကို မိုက်ခရွန် ဆီလီကွန် အမှုန်တွေက ပြန်ပိတ်အောင် လုပ်ပေးနိုင်စွမ်းရှိ




တစ်မီတာ ရဲ့ တစ်သန်းပုံ တစ်ပုံ ခန့်သာ အရွယ်အစားရှိတဲ့ မိုက်ခရွန် ဆီလီကွန် အမှုန်တွေဟာ သွားတွေရဲ့ ထိခိုက်နာကျင်မှုတွေကို ပြန်လည် ထိန်းသိမ်း ပေးနိုင်မယ့် ကွန်ပေါင်းတွေကို သယ်ဆောင်လာနိုင်တဲ့နေရာမှာ အသုံးဝင်ပြီး အနာဂါတ်မှာလည်း ထိခိုက်နာကျင်မှုတွေကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။

ထို သုတေသန ရဲ့ ရည်ရွယ်ချက်ကတော့ အထိမခံနိုင်ဖြစ်တဲ့ သွားတွေနဲ့ ပတ်သက်နေတဲ့ နာကျင်မှုတွေကို လျှော့ချနိုင်ဖို့ပဲ ဖြစ်ပြီး သွားတွေမှာ ရှိတဲ့ ကြွေရည်တွေနဲ့ ကျစ်လစ်တဲ့ တစ်သျှူးတွေကို ပိုမို သန်မာလာစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကိုတော့ ထို မိုက်ခရွန် ဆီလီကွန် အမှုန်တွေက လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်တွေဟာ ထို ဆီလီကွန်အမှုန်တွေကို သွားနဲ့ ပတ်သက်တဲ့ ကုသရေး အပိုင်းတွေမှာ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါပြီ။

အရင်တုန်းကလေ့လာမှုတွေမှာတော့ သွားတွေရဲ့ ကြွေရည်တွေနဲ့ ကျစ်လစ်တဲ့ တစ်သျှူးတွေကို ပြုပြင်ပေးနိုင်မယ့် အရာတွေကို ရှာဖွေရှာမှာ ကာဗွန်နိတ်ဟိုက်ဒရောက်ပတ်တိုက် နာနို ခရစ်စတယ် အမှုန်တွေနဲ့ ဇီဝဗေဒ သဘောအရ သက်ရောက်မှု ရှိတဲ့ ဖန်သားတွေနဲ့ ပေါင်းစပ်ထားတဲ့ ကယ်လ်ဆီယမ် ဖလိုရိုဒ် တွေကို တွေ့ရှိခဲ့ကြပေမယ့် ထို ကယ်လ်ဆီယမ် ဖလိုရိုဒ်တွေဟာ သွားတွေရဲက အတွင်းပိုင်းကို ၀င်ရောက်နိုင်ခြင်း မရှိတာကို တွေ့ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဆီလီကွန်အမှုန်တွေကတော့ သွားတွေရဲ့ အတွင်းပိုင်းကိုပါ စိမ့်ဝင်နိုင်တယ်ဆိုတာကို သုတေသီတွေက ဓါတ်ခွဲခန်း လေ့လာမှု အရတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ထို ဆီလီကွန်အမှုန်တွေကို သွားတွေရဲ့ ကြွေရည်နဲ့ တစ်သျှူးတွေကို သန်မာလာအောင်သုံးနိုင်ရုံတင်မကပဲ သွားတွေရဲ့ ဖွံဖြိုး ကြီးထွားမှု ကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် သွားတွေမှာ အပေါက်ဖြစ်နေခြင်းကို ပါ ပြန်လည် ပိတ်သွားစေနိုင်တယ်လို့ သိရပါတယ်။

ဒီလေ့လာမှု ကိုတော့ Dentistry ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကျွဲနွားတွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိ




သုတေသနပညာရှင်တွေဟာ အမျိုးသမီး၂၀၀ကျော်ထံမှ ရင်သားကင်ဆာဆဲလ်အရေအတွက် အများအပြားဟာ ကျွဲနွားတွေရှိ သွေးအားနည်းစေတဲ့ဗိုင်းရပ်စ် BLV နဲ့ ဆက်စပ်မှုရှိတဲ့ အထောက်အထားတွေကို အံ့သြဖွယ် တွေ့ရှိခဲ့ကြပါတယ်။

BLV ဟာ အမဲသားနဲ့ နို့ထွက်ပစ္စည်းတွေကို ကူးစက်နိုင်သော်လည်း အချိန်အတော်ကြာထိ လူသားတွေကိုတော့ မကူးစက်နိုင်ပါဘူး။

လယ်ကွင်းတွေထဲက စက်ရုံကြီးတွေရှိ နို့ စည်ပေါင်းများစွာမှာ BLV ကူးစက်မှုရှိနေပမယ့် နွားတွေရဲ့ ၅ရာခိုင်နှုန်းကသာ ဒီဗိုင်းရပ်စ်ကြောင့် နာမကျန်းဖြစ်ကြတယ်လို့ US Department of Agriculture ရဲ့အဆိုအရ သိရပါတယ်။ University of California Berkeley မှ လေ့လာသူတွေကလည်း BLV ဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့နှစ်ကစပြီး လူသားတွေဆီကို ကူးစက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။

ရင်သားကင်ဆာဆဲလ်တွေရဲ့ ၅၉ရာခိုင်နှုန်းဟာ BLV ကိုအခြေခံပြီး ဆဲလ်အတွင်း DNA ပါဝင်မှုတွေကြောင့်ဆိုတာကို ထင်ရှားတဲ့ အထောက်အထားတွေနဲ့ တွေ့ရှိခဲ့ကြပါတယ်။ ရင်သားကင်ဆာမရှိသူ အမျိုးသမီးတွေရဲ့ ဆဲလ်တွေမှာတော့ ၂၉ ရာခိုင်နှုန်းလောက်သာ ပါဝင်နေတယ်လို့ ဆိုပါတယ်။

လေ့လာချက်အရ BLV က ရင်သားကင်ဆာဖြစ်ပွားစေတယ်ဆိုတာကို သက်သေမပြနိုင်သေးပါဘူး။ Hepatitus B ဗိုင်းရပ်စ်ကတော့ လူတွေမှာ အသဲကင်ဆာဖြစ်ပွားစေနိုင်ပြီး Papilloma ဗိုင်းရပ်စ်ကတော့ လည်ပင်းနဲ့ စအိုကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါသတဲ့။

“တကယ်လို့ BLV ဟာ ရင်သားကင်ဆာကို ဖြစ်ပွားစေတဲ့အချက်ကို သက်သေပြနိုင်ရင်တော့ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်။ ကင်ဆာရောဂါ ထိန်းချုပ်ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးဘက်ကို ပြောင်းလဲသွားနိုင်ပါတယ်။” လို့ သုတေသနပညာရှင် Buehring က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါ ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေသုံးစွဲခြင်းက ရင်သွေးအပေါ် ထိခိုက်မှုမရှိ




ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ကျရောဂါပျောက်ဆေးတွေသုံးစွဲခြင်းဟာ ကလေးငယ်ရဲ့ အာရုံကြောဆိုင်ရာ ဖွံဖြိုးမှု သို့ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေအပေါ် ထိခိုက်မှုမရှိကြောင်း လေ့လာတွေ့ရှိချက် အသစ်တွေအရသိရပါတယ်။

“ဒီလေ့လာချက်တွေက ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေး သုံးစွဲမှုဟာ ကလေးငယ်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို မထိခိုက်နိုင်ကြောင်း အထောက်အထားတွေပဲ ဖြစ်ပါတယ်။ တခြား အန္တရာယ်ဖြစ်နိုင်ချေတွေရှိပေမယ့် ခုထိ တွေ့ရှိရတဲ့ အထောက်အထားတွေကတော့ စိတ်ကျဝေဒနာကို မကုသပဲထားတာက ပိုပြီးအန္တရာယ်များနိုင်ပါတယ်။" လို့ International Journal of Obstetrics and Gynecology ရဲ့ အယ်ဒီတာချုပ် John Thorp က ထုတ်ဖော်ပြောကြားထားပါတယ်။

လေ့လာသူတွေဟာ ဆေးဝါးသုံးစွဲမှု ပမာဏနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ပေါ် မူတည်ပြီး သွေးထွက်လွန်နိုင်တဲ့ အခြေအနေလိုမျိုး အန္တရာယ်ဖြစ်နိုင်ခြေတွေကိုလည်း စမ်းသပ်လေ့လာခဲ့ကြပါတယ်။

“ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေးတွေကို သုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဖျားနာတာတွေဟာ ဆေးတွေကြောင့်မဟုတ်ဘဲ  သွေးကြောမျှင်တွေ ပေါက်ပြဲတာကြောင့် ဖြစ်ပါတယ်။ ဒီလေ့လာမှုကို အခြေခံပြီးပြောရရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးသုံးစွဲမှု ရပ်တန့်စရာမလိုဘူးလို့ အမျိုးသမီးတွေကို အကြံပေးချင်ပါတယ်။ ဒါပေမယ့် သွေးထွက်လွန်တာလိုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ စနစတကျနဲ့အနီးကပ် ညွှန်ကြားချက်တွေအတိုင်း သုံးစွဲသင့်ပါတယ်။” လို့ University of Adelaide မှ ပါမောက္ခ Dr. Luke Grzekowiak က ပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

သက်သက်လွတ်စားခြင်းဟာ ၀ိတ်ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်




ကာဗွန်ဟိုက်ဒြိတ် အများအပြားပါဝင်သော အချိုစာများကို ရှောင်ကြဉ်ပါ။ ပရိုတင်းပမာဏ များသော အစာများကို စားသုံးပါ။ ဒါတွေဟာ ပေါ်ပြူလာ အဖြစ်ဆုံး ၀ိတ်ချတဲ့ အစီအစဉ်တွေ ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ ၀ိတ်ချဖို့ အကောင်းဆုံး နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒါကတော့ တိရိစ္ဆာန်အသားတွေအားလုံးကို မစားတော့ပဲ သက်သက်လွတ် အသီးအရွက်များသာ စားသုံးခြင်း ပါပဲ။

လေ့လာမှုတစ်ခုက ပြသခဲ့တာကတော့ အသီးအရွက်တွေပဲစားသုံးပြီး ၀ိတ်ချနေသူတွေဟာ အခြား ၀ိတ်ချနည်း တွေသုံးပြီး ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူတွေထက် ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာတာကို တွေ့ခဲ့ရပါတယ်။

အသား ၊ ငါး များနဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ခဲ့သူတွေဟာ အသီးအရွက်မစားတဲ့လူတွေထက် ၅ပေါင် (၂.၅ကီလိုဂရမ်) အလေးချိန်လျော့ကျသွားခဲ့ပါတယ်။ အသားတစ်ခုပဲ ရှောင်ကြဉ်ပြီး နို့ထွက်ပစ္စည်းတွေကို မရှောင်ကြဉ်တဲ့ အသားလွတ်သမားတွေသည်ပင် အသီးအရွက်မစားသူတွေထက် ၃ ပေါင် ( ၁.၄ ကီလိုဂရမ် ) ကိုယ်အလေးချိန်လျော့ကျသွားခဲ့ပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံ ဆေးရုံ က Ru-Ti Huang ဆိုသူ သုတေသီ က သက်သက်လွတ်စားသုံးသူတွေအတွက် သိသိသာသာ ၀ိတ်ကျသွားစေတာကတော့ ကောက်ပဲသီးနှံများ ၊ သစ်သီးဝလံများနဲ့ အသီးအရွက်တွေကို စားသုံးခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကောက်ပဲသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက် တွေဟာ များသောအားဖြင့် Glycemic Index နည်းတဲ့အတွက် သွေးထဲမှာ သကြားဓါတ်တွေ ကို ဖြစ်ပေါ်စေခြင်းမရှိပါဘူး။ သစ်သီးတွေဟာ ဖိုက်ဘာ ၊ အန်တီအောက်စီဒန့် ၊ သတ္တု နဲ့ အန္တရာယ်မဖြစ်စေနိုင်တဲ့ အပင်ငယ်တွေမှာ သဘာဝအားဖြင့်တွေ့ရတတ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကောက်ပဲ သီးနှံတွေမှာတော့ ဖိုက်ဘာ ပမာဏ များစွာပါဝင်ပါတယ်။

ထို ကြွယ်ဝလှတဲ့ ပါဝင်ပစ္စည်းတွေဟာ အစားအစာတွေ အစာအိမ်ထဲက ထွက်ခွာသွားတဲ့ အရှိန်ကို ကြန့်ကြာစေပြီး ကောင်းမွန်တဲ့ အစာချေဖျက်ခြင်းကို သေချာစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အစားအစာ တွေ အူလမ်းကြောင်းတစ်ယောက် ရွေ့လျားနေစဉ်မှာလည်း လုံလောက်တဲ့ အာဟာရ တွေကို စုပ်ယူထားနိုင်စွမ်းရှိပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု ပေါင်းများစွာကလည်း ဖိုက်ဘာ ဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင့် ရှာဖွေတွေ့ရှိခဲ့ကြပြီးပါပြီ။ ဒီလေ့လာမှုကိုတော့ အထွေထွေခန္ဓာကိုယ်တွင်းဆေးပညာ ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အရက် ပုံမှန်သောက်သုံးခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေပြီး ကင်ဆာဖြစ်နိုင်ချေ များစေ




အရက်သမား တွေအတွက် သတင်းကောင်းရော ၊ သတင်းဆိုးပါ ပါလာပါတယ်။

အရွယ်ရောက်ပြီး အရက်သောက်တတ်သူ တွေဟာ အရက်ရှောင်ကြဉ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းတယ်လို့ သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အရက်သောက်တတ်သူတွေဟာ ကင်ဆာ ရောဂါ ဖြစ်ပွားဖို့ အခွင့်အရေးကတော့ အရက်မသောက်တတ်သူတွေထက် ပိုများနေတာကို တွေ့ရပါတယ်။

တစ်ပတ် ကို ၁၄ ယူနစ် ခန့် အရက်ပုံမှန်သောက်သုံးတဲ့ အမျိုးသမီး တွေနဲ့ တစ်ပတ် ကို ၂၁ ယူနစ် ခန့် ပုံမှန်သောက်သုံးတဲ့ အမျိုးသားတွေဟာ စောစော စီးစီး သေဆုံးဖို့ အခွင့်အရေး ပိုများတယ်လို့ Lancet လေ့လာမှု က ဖော်ပြခဲ့ပါတယ်။

ထို လေ့လာမှု မှာတော့ ဆွီဒင် ၊ ကနေဒါ ၊ အာဂျင်တီးနား ၊ ဘရာဇီးလ် ၊ အိန္ဒိယ နဲ့ တူရကီ နိုင်ငံ တို့ အပါအ၀င် နိုင်ငံ ပေါင်း ၁၂ နိုင်ငံက အမျိုးသားနဲ့ အမျိုးသမီး အရေအတွက် ၁၁၄၉၇၀ ယောက်တို့ကို လေ့လာကြည့်ခဲ့ပါတယ်။ သူတို့ဟာ တစ်ပတ် မှာ တစ်ကြိမ် သို့ နှစ်ကြိမ် အရက်သောက်သုံးတတ်သူတွေဖြစ်ပြီး တစ်ညကို ၀ိုင် အနည်းငယ်သောက်သုံးလေ့ရှိသူတွေပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ သူတို့ကို ၃ နှစ်ခန့်အထိ စောင့်ကြည့်လေ့လာခဲ့တဲ့အခါမှာ သူတို့ဟာ အရက်မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၄ ရာခိုင်နှုန်း လျော့နည်းနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အရက်မသောက်တတ်သူတွေထက် ရင်သား ၊ သားအိမ် ၊ အသည်း ၊ အစာအိမ် စတဲ့ ကင်ဆာ ရောဂါ တွေဖြစ်ပွားဖို့ ၅၁ ရာခိုင်နှုန်ခန့် အထိ အခွင့်အရေးပိုများနေပါတယ်။

ဒါ့အပြင် အရက် ပုံမှန်သောက်သုံးသူတွေဟာ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေခြင်းတွေ ဖြစ်ပေါ်စေဖို့ အရက်မသောက်တတ်သူတွေထက် ၂၉ ရာခိုင်နှုန်း ပိုများနေပါတယ်။ ဥပမာ ချော်လဲတာမျိုးပါ။

နောက်ဆုံးမှာတော့ သုတေသီတွေ ပျမ်းမျှ သတ်မှတ်ခဲ့ကြတာ အရက်သောက်ခြင်းဟာ ရေရှည်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ပေးနိုင်ခြင်း မရှိဘူးဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ကော်ဖီ သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း ကို နှေးကွေးသွားစေနိုင်




အိပ်ယာ ၀င်ချိန် မတိုင်ခင်မှာ ကော်ဖီ တစ်ခွက် လောက်သောက်ခြင်းဟာ သင့်ကို အိပ်မပျော်တော့ပဲ နိုးကြားနေစေတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ အခုတော့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။

သုတေသန တစ်ခုက ပြသခဲ့တာကတော့ ညနေပိုင်းမှာ ကော်ဖီကောင်းကောင်း တစ်ခွက်ကို သောက်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်းတွေကို တစ်နာရီ ခန့် နောက်ပြန်ဆုတ်ပေးလိုက် သလို ဖြစ်သွားစေတယ် ဆိုတာကို သုတေသီ တွေက တွေ့ရှိခဲ့ကြပါတယ်။ ကဖိန်း ၂၀၀ မီလီဂရမ်ခန့် မှီဝဲ ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အချိန်စက်ဝိုင်း ကို တစ်နာရီ စာလောက် နှေးကွေးသွားစေနိုင်ပါတယ်။

အဲဒါကြောင့် ကော်ဖီ သောက်ခြင်းဟာ တော်တော်နဲ့ အိပ်ပျော်ဖို့ ခက်သွားစေသလိုပဲ အိပ်ပျော်သွားရင်လည်း မနက်မှာ တော်တော် နဲ့ မထနိုင်တော့ပါဘူး။

ဗြိတိန် နဲ့ အမေရိက မှာရှိတဲ့ သုတေသီတွေက ညနေပိုင်းမှာ ကဖိန်း ဓါတ်မှီဝဲ ခြင်းကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ရုံတင်မကပါဘူး။ ဦးနှောက်ထဲ ပုံမှန် လုပ်ဆောင်မှု အချိန်စက်ဝိုင်းတွေကိုလည်း နှေးကွေးသွားစေနိုင်ပါတယ်။

ဒီ ဖြစ်စဉ်ကို လေ့လာဖို့အတွက် သုတေသီတွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့စေပြီး ပြတင်းပေါက်မရှိ ၊ နာရီ မရှိတဲ့ စမ်းသပ်ခန်းထဲမှာ ၇ ပတ်ခန့် နေထိုင်စေခဲ့ပါတယ်။ တစ်ချို့ညတွေမှာတော့ သူတို့ကို ကဖိန်း ဓါတ်ပါဝင်တဲ့ ဆေးလုံးတွေကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးစေခဲ့ပါတယ်။ တစ်ခြားညတွေမှာတော့ သူတို့ဟာ အခြား ဆေးဝါးတွေကို သောက်ရပါတယ်။

ထို ကဖိန်းပါတဲ့ ဆေးလုံးတွေမှာ ကဖိန်းဓါတ် ၂၀၀ မီလီဂရမ် ပါဝင်ပါတယ်။ သာမန် ကော်ဖီတစ်ခွက်မှာဆိုရင် ကဖိန်း ၁၀၀ မီလီဂရမ် ပါဝင်ပြီး လက်ဖက်ရည်တစ်ခွက်မှာဆိုရင်တော့ ၅၀ မီလီဂရမ်သာ ပါဝင်ပါတယ်။ espresso ကော်ဖီ တစ်ခွက်မှာဆိုရင်တော့ ကဖိန်း ဓါတ် ၈၀ မီလီဂရမ် ပါဝင်ပါတယ်။

ထို အစစ်ဆေးခံတဲ့ လူတွေကို အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ melatonin ဆိုတဲ့ ဟော်မုန်း ပမာဏ စစ်ဆေးလိုက်တဲ့အခါမှာ ကဖိန်းပါတဲ့ ဆေးလုံး သောက်သုံးထားသူတွေဟာ ထို ဟော်မုန်းကို ဖြစ်ပေါ်စေဖို့ ၂ နာရီစာ ခန့် နောက်ကျနေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


မျိုးရိုးဗီဇက အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အိပ်မပျော်တဲ့ရောဂါကို ထောက်ပံ့ပေးနိုင်




အိပ်မပျော်တဲ့ရောဂါမှာ မျိုးရိုးဗီဇက တစ်စိတ်တစ်ပိုင်း လွှမ်းမိုးမှုရှိပြီး အမျိုးသမီးတွေအပေါ်မှာ အမျိုးသားတွေထက် ပိုမိုအကျိုးသက်ရောက်မှုရှိကြောင်း လတ်တလော လေ့လာတွေ့ရှိမှုအရ သိရပါတယ်။

လူဦးရေရဲ့ ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိမှာ အိပ်မပျော်တဲ့ရောဂါ လက္ခဏာတွေကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ အနည်းဆုံး ၃လနီးပါး တစ်ပတ်ကိုက ၃ကြိမ်ခန့် အိပ်မပျော်တဲ့ ပြဿနာလိုမျိုး ပြင်းထန်တဲ့ အိပ်မပျော်တဲ့ရောဂါတွေဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းမှာ အမြဲလိုလိုရှိနေတာ ဖြစ်ပါတယ်။

Virginia Commonwealth University မှ ဒေါက်တာ Mackenzie Lind က “ ဒီလေ့လာမှုက အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ် အိပ်မပျော်ရောဂါ ဖြစ်ပွားမှုနှုန်းကို အားပေးတဲ့နေရာမှာ မျိုးရိုးဗီဇက တော်တော်ပါဝင်ပတ်သက်နေတာကို ဖော်ပြနေပါတယ်။ ကျားမကွဲပြားမှုအပေါ် ထင်ရှားတဲ့ သာဓကတွေကြောင့် အမျိုးသမီးတွေအတွက် အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေတာတွေကို အသေးစိတ်လေ့လာနိုင်ဖို့ အသုံးဝင်မှာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။

လေ့လာသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဟာ အိပ်မပျော်ခြင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့အကျိုးသက်ရောက်မှုရှိတာကို တွေ့ရှိပြီးဖြစ်သော်လည်း လူတစ်ယောက်ရဲ့ပုံမှန်အိပ်စက်မှုတွေကို အနှောက်အယှက်ဖြစ်စေတဲ့ မျိုးရိုးဗီဇအကြောင်းအရာတွေကိုလည်း သိရှိခဲ့ရတာဖြစ်ပါတယ်။ အမျိုးသားတွေမှာ မျိုးရိုးဗီဇကြောင့် အိပ်မပျော်တဲ့ရောဂါ ဖြစ်ပွားနိုင်ချေ ၃၈ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာတော့ ၅၉ရာခိုင်နှုန်းအထိ ရှိနေကြောင်းကို သိသာထင်ရှားစွာ သိရှိခဲ့ရတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi



အစာအိမ်ရောဂါ


 ၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

 အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

နေထိုင်မှုပုံစံမှားယွင်းမှုကြောင့် အသည်းပျက်စီးနေသည်ကို သိရှိမှုနည်းပါး


 စက် (၁၅) ကျန်းမာရေး

 အထိုင်များခြင်းနှင့်၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ကြောင့် အ၀လွန်ခြင်း၊ သွေးချိုဆီးချိုဝေဒနာခံစားရခြင်း
စိုးရိမ်ပူပန်မှုလွန်ကဲကာ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းတို့ ကို ဖြစ်စေသည့်အပြင် အသည်းကိုလည်း ပျက်စီးစေ
ကြောင်း တောင်ကိုရီးယားနိုင်ငံ သုတေသီများက ထုတ်ပြန်ကြေညာသည်။

အသည်းကိုအဆီဖုံးတယ်ဆိုတာ အရက်တစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။ အရက်မသောက်လည်းပဲ အထိုင်
များတဲ့သူတွေမှာ အသည်းအဆီဖုံးတာကိုတွေ့ ရပြီး နေ့ စဉ်အရက်ကို စွဲစွဲလန်းလန်း သောက်နေသူမှာလိုပဲ
အသည်းပျက်စီးတာကို တွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

တစ်ရက်လျှင် ၁၀ နာရီထက်မနည်း ထိုင်သူများတွင် အသည်းပျက်စီးနိုင်ခြေသည်လည်း နေ့ စဉ် ၉ ရာခိုင်နှုန်း
ရှိကြောင်း၊ ထိုင်လျှက် အလုပ်လုပ်သည်ဖြစ်စေ၊ ရုပ်သံကြည့်သည်ဖြစ်စေ၊ မည်သည့်အရာကိုပြုလုပ်သည်ဖြစ်
စေ အထိုင်များခြင်းကြောင့်ပင်လျင် အသည်းပျက်စီးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

ထိုင်နေရုံနဲ့ ကို ကျန်းမာရေးကို အဲဒီလောက်အထိ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု
ပြုလုပ်သူတွေမှာကျပြန်တော့လည်း အကျိုးသက်ရောက်မှုက ကောင်းနေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို
ပြင်းပြင်းထန်ထန်မလုပ်နိုင်ဘူးဆိုရင်တောင် တစ်ရက်ကို ခြေလှမ်းအနည်းဆုံး ၁၀၀၀ လျှောက်ပေးရုံနဲ့  အသည်း
ပျက်စီးနိုင်ခြေကို ၂၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်ု ၄င်းက ပြောပြသည်။

တောင်ကိုရီးယားနိုင်ငံရှိ အထိုင်များသော အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသား၊အမျိုးသမီးပေါင်း ၁၄၀၀၀၀ ဦးတို့ ကို စစ်တမ်း ကောက်ယူခဲ့ရာ ၃၅ ရာခိုင်နှုန်းခန့် ဖြစ်သော ၄၀၀၀၀ ဦးတို့ တွင် အသည်းအဆီဖုံး
နေသည်ကို အာလထရာစောင်းရိုက်ယူသိရှိခဲ့ရကြောင်း၊ ၄င်းတို့ အများစုသည် ကျန်းမာရေးအားဖြင့် ကောင်းမွန်
နေကြကြောင်း၊ သာမန်ကြည့်ရှုရုံမျှဖြင့် အသည်းပျက်စီးနေသည်ဟု သံသယဖြစ်ဖွယ်မရှိကြောင်းသိရသည်။

ထို့ ကြောင့် အထိုင်များသူတို့ သည် နေ့ စဉ် ကိုယ်လက်လှုပ်ရှားမှုကို မပျက်မကွက်ပြုလုပ်သင့်ကြောင်း၊ ကိုယ်
လက် မလှုပ်ရှားနိုင်လျင်လည်း မကြာခဏ မတ်တပ်ရပ်ပေးသင့်ကြောင်း၊ ထို့ အပြင် ညအချိန်တွင် မိမိစား သောက်မည့်အရာများးကို အထူးဆင်ခြင်သင့်ကြောင်း၊ အသည်းကို ထပ်မံထိခိုက်စေမည့် ဆေးလိပ်
သောက်ခြင်း၊ အရက်သောက်ခြင်းတို့ ကို လုံးဝ ရှောင်ကြဉ်သင့်ကြောင်း ၄င်းက ဖြည့်စွက်အကြံပေးထားသည်။

 သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/lashio.news.city

အာလူးစားပြီးတိုင်းအရက်မူးတဲ့ ရောဂါလက္ခဏာ ခံစားနေရသူ အမျိုးသား




Nick Hess ဆိုသူ အမျိုးသားမှာ ရှားပါးတဲ့ auto-brewery syndrome ခန္ဓာကိုယ်တွင်းအလိုအလျောက်ကစော်ဖောက်တဲ့ရောဂါခံစားနေရပြီး ထိုရောဂါကြောင့် စားသမျှ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ အချဉ်ဖောက်ကာ အယ်လ်ကိုဟောအဖြစ်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

“ကျွန်တော့် မိန်းမက ကျွန်တော့်ကိုမူးနေတယ်လို့ ပထမဆုံးစွပ်စွဲတုန်းက သူမတော့ ရူးနေပြီလို့ ကျွန်တော် ထင်ခဲ့မိတယ်။ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကတော့ ကျွန်တော့်ကို ခွက်ပုန်းသမားလို့ ထင်ခဲ့ကြတယ်” လို့ အသက် ၃၅ နှစ်အရွယ် Nick က ပြန်ပြောပြပါတယ်။

Nick ရဲ့ ဇနီး Karen ဟာ Nick တစ်ယောက် စကားတွေ ဗလုံးဗထွေးပြောပြီး ယိုင်ထိုးယိုင်ထိုးလျှောက်နေပုံကို ဗီဒီယိုရိုက်ပြခဲ့ပေမယ့် Nick က မှတ်မိခြင်းမရှိဘူးလို့ ဆိုပါတယ်။

“ဗီဒီယိုထဲမှာ ကျွန်တော့်မျက်လုံးကို ကျွန်တော်သေချာပြန်ကြည့်မိတော့ ကျွန်တော် သတိလွတ်နေတာကို တွေ့ ရတယ်ဗျ။ တော်တော်လန့် သွားတယ်။ ကျွန်တော်အဲဒါကို တစ်ခုမှပြန်မမှတ်မိဘူး”  လို့ Nick က ပြောပါတယ်။

Nick ဟာ auto-brewery syndrome ခေါ် ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုမှာ အီသနောဓာတ် အလွန်အကျွံထုတ်ကာ ကိုယ်တွင်းအလိုအလျောက်ကစော်ဖောက်တဲ့ရောဂါကို ခံစားနေရကြောင်း ဆရာဝန်တွေက နောက်ဆုံးမှာ တွေ့ ရှိခဲ့ပါတယ်။ Nick ရဲ့ ခန္ဓာကိုယ်မှာ တဆေးဓာတ်ပါဝင်မှုက သာမန်ထက် ၄၀၀ ရာခိုင်နှုန်း ပိုများနေကြောင်း သိရှိရပါတယ်။

သူဟာ ယခုအခါမှာ ကစီဓာတ်မပါဝင်တဲ့ဓာတ်စာတွေစားသုံးနေရပြီး ဆေးကုသမှုခံယူနေရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

အသည်းအဆီဖုံးရောဂါ


 အသည်းအဆီဖုံးခြင်း အသည်းအဆီဖုံးရောဂါဟာ အခုအခါမှာ လူနာတော်တော်များများမှာ တွေ့လာရပြီး ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်လာတဲ့ အတွက် အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။

အသည်းထဲမှာ အဆီဖုံးနိုင်တဲ့ ရောဂါတွေကတော့ အများကြီးပဲ။ ပြောရ မယ်ဆိုရင် အရက်သောက်တဲ့လူတွေတိုင်းမှာ အသည်းမှာအဆီဖုံးပါတယ်။ ဒါပေမယ့် အရက်သောက်တဲ့လူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးတာနဲ့ အရက်မသောက်ဘဲ အသည်းအဆီဖုံးတဲ့ရောဂါဟာ ကွာခြားပါတယ်။ ဒါကြောင့် နေ့စဉ်အမြဲတွေ့နေရတဲ့ အသည်းအဆီဖုံးရောဂါဆိုတာ အရက် မသောက်တဲ့လူတွေမှာဖြစ်တဲ့ အသည်းအဆီဖုံးရောဂါကို ပြောတာပါ။ အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ Non- Alcoholic Fatty Liver
Disease လို့ ခေါ်ပါတယ်။ အတိုပြောရမယ်ဆိုရင်NAFLD လို့ရေးပြီး နက်ဖဲလ်ဒီလို့ အသံထွက်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃ဝ ရာခိုင်နှုန်းလောက် မှာ ဖြစ်ပါတယ်။ ဝတာနဲ့ ဆက်စပ်နေတာပေါ့။ ဘော်ဒီဝိတ်တွေများ၊ အဆီတွေ များပြီး ဝိတ်တွေတက်တော့ အသည်းထဲမှာ အဆီတွေရောက် ကုန်တာပေါ့။

အသည်းအဆီဖုံးရောဂါ ဘာလို့ဖြစ်တာလဲဆိုတာကို ဖြေရမယ်ဆိုရင် ကြက်မကြီးနဲ့ ကြက်ဥ ဘယ်ကစဖြစ်တာလဲဆိုတာကို ပြောရမလို ဖြစ်နေ တယ်။ ဘာလို့လဲဆိုတော့ အသည်းအဆီဖုံးရတာရဲ့ အစက အင်ဆူလင် မတိုးတော့တာ (Insulin resistance) ကြောင့် စတယ်လို့ဆိုတယ်။ အဲဒီမှာ တင် သွေးချိုတွေတက်၊ ဝိတ်တွေတက်ပြီး သွေးထဲမှာ အဆီတွေများလာပြီး အသည်းထဲကို အဆီတွေရောက်ကုန်တယ်။ အဲဒီမှာတင် အင်ဆူလင်က မတိုးတော့ဘူး။ အင်ဆူလင်မတိုးတော့ သွေးချိုတွေ တက်မယ်။ ဒီလိုနဲ့ လုံးချာပတ်ချာလည်ပြီး ဘယ်ကဘယ်လိုစမှန်းမသိပဲ အသည်းထဲမှာ အဆီ တွေတစ်ဖြည်းဖြည်းများလာပြီး အသည်းအဆီဖုံးရောဂါ ဖြစ်တော့ တာပေါ့။

အလွယ်ဆုံး အရှင်းဆုံး ပြောရမယ်ဆိုရင် အစားအသောက် အနေအထိုင် မဆင်မခြင် လွန်လွန်ကျူးကျူးစား၊ အဆီတွေစား၊ အချိုတွေစား၊ ကိုယ်လက် လှုပ်ရှားမှုက မရှိဆိုတော့ ဝိတ်တွေတက်၊ တစ်ကိုယ်လုံးမှာ အဆီတွေ ဖုံး၊ အသည်းထဲမှာလည်း အဆီတွေဖုံးမယ်။ အဲလို အသည်းနဲ့ တစ်ကိုယ်လုံးမှာ အဆီတွေဖုံးတော့ သွေးချိုတွေကိုထိန်းဖို့ ပန်ကရိယကထုတ်ပေးတဲ့ အင်ဆူလင်တွေဟာ သူလုပ်ရမယ့် အလုပ်တွေ မလုပ်နိုင်တော့ဘူး၊ အင်ဆူ လင် ရဆစ်(စ်)တင့်ရတယ်၊ အင်ဆူလင် မတိုးတော့ဘူးပေါ့။ အင်ဆူလင်ရဲ့ အဓိက အလုပ်တာဝန်က သွေးထဲမှာ အချိုဓာတ် ဂလူး ကို့စ်တွေ များလာရင် အဲဒါတွေကို ဆဲလ်တွေထဲ ဝင်အောင်လုပ်ပေးရပါ တယ်။ အဲတော့မှ ဆဲလ်တွေက ဂလူးကို့စ်ကို သုံးနိုင်ပါမယ်။ ပြီးတော့ သွေး ထဲမှာလည်း အချိုဓာတ်တွေ ပုံမှန်ပြန်ဖြစ်သွားပါမယ်။

ဒါပေမယ့် အခုပြောခဲ့သလို အင်ဆူလင် မတိုးတော့ဘူးဆိုရင် ဂလူးကို့စ် တွေ ဆဲလ်တွေထဲကို မဝင်နိုင်တော့ဘဲ သွေးထဲမှာ သွေးချိုဓာတ်တွေ များနေ ပါမယ်။ ဆေးအခေါ် ဟိုင်ပါဂလိုင်ဆီးမီးယား (hyperglycaemia) ဖြစ်တယ် လို့ ပြောရမှာပါ။ သွေးထဲမှာ ဂလူးကို့စ်တွေ များနေတော့ အဲလို ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို အဆီတွေအဖြစ်ပြောင်းပြီး သိမ်းရပါတော့ တယ်။ အကျိုးဆက်က အသည်းဆဲလ်တွေထဲမှာ အဆီတွေများကုန်တာပေါ့။ အဲဒါကြောင့် အသည်းအဆီဖုံးရောဂါ ရတော့တာပေါ့။

အင်ဆူလင်ရဲ့ နောက်အလုပ်တာဝန်တစ်ခုကတော့ ကိုယ်ခန္ဓာအနှံ့အပြား မှာ အဆီတွေပျော်ထွက်မလာအောင် ကာကွယ်ပေးရပါတယ်။ ဒါပေမယ့် အခုနကပြောခဲ့သလို အင်ဆူလင်မတိုးတော့ဘူး၊ အင်ဆူလင် အလုပ် မလုပ် တော့ဘူးဆိုတော့ အဆီတွေပျော်မလာအောင် ထိန်းမထားနိုင်တော့ ဘူးပေါ့။ အကျိုးဆက်ကတော့ ဗိုက်ခေါက်၊ ပေါင်၊ တင်ပါး၊ ရင်သား စတဲ့ နေရာ အနှံ့မှာရှိတဲ့အဆီတွေ ပျော်ကုန်ပါတယ်။ အဲလို အဆီတွေ ပျက်ပျယ် ပျော်သွားတာကို လိုင်ပိုလိုင်းဆစ်(Lipolysis) လို့ ခေါ်ပါတယ်။ အဆီ တွေပျော်လာတော့ သွေးထဲမှာ အဆီတွေများလာပြီး အဲဒီအဆီတွေက အသည်းဆဲလ်တွေထဲကိုရောက်ပြီး အသည်းအဆီဖုံးတော့တာပေါ့။

အသည်းဆဲလ်တွေထဲကို အဆီတွေဝင်လာတဲ့အခါမှာ အဆီတွေကနေ အသည်းဆဲလ်တွေကို ပျက်စီးစေပြီး အသည်းဆဲလ်တွေသေကုန်မယ်၊ အသည်းတွေရောင်ပါမယ်။ အဲလို အဆီတွေကြောင့် အသည်းရောင်တာကို စတီယာတို ဟက်ပတိုက်တစ်(စ်) (steato hepatitis) လို့ ခေါ်ပါတယ်။ စတီယာတိုဆိုတာက အဆီ၊ ဟက်တိုက်တစ်(စ်)ဆိုတာက အသည်းရောင် တာ၊ စတီယာတို ဟက်ပတိုက်တစ် ဆိုတော့ အဆီကြောင့် အသည်း ဆဲလ်တွေ ပျက်စီးကုန်တာကို ပြောတာပေါ့။ ရှေ့မှာပြောခဲ့သလိုပဲ အရက်ကြောင့် မဟုတ်ဘဲ အဆီကြောင့် အသည်းတွေ ရောင်တယ်ဆိုတာကို 'Non Alcoholic Steato Hepatitisနက် (ရှ်) (NASH) လို့ ခေါ်ပါတယ်။

အသည်းအဆီဖုံးနေပုံ

အဲလို အဆီတွေကနေပြီး အသည်းဆဲလ်တွေကို တိုက်ရိုက်ပျက်စီးအောင် လုပ်သလို အဆီတွေရဲ့ တခြားအန္တရာယ်တွေ ရှိပါသေးတယ်။
အဲဒါတွေကတော့ အသည်းထဲမှာ ရောက်နေတဲ့ အဆီတွေကြောင့် ဆဲလ် တွေထဲမှာ ရှိတဲ့ အတွန် (atom)တွေကို ပျက်စီးစေ ပြီးတော့ အောက်ဆီဒင့် မော်လီကူးလ်တွေ ထွက်လာမယ်။ အောက်ဆီ ဒင့်တွေကြောင့် ဆဲလ်တွေမှာ စထရက်တွေ ရကုန်မယ်။ အဲဒါကို အောက် ဆီဒေးတစ် စထရက်(စ်) (oxidative stress) လို့ ခေါ်ပါတယ်။
အောက်ဆီဒေးတစ်စထရက်(စ်)ဆိုတာ မျက်စေ့နဲ့မမြင်သာဘဲ တော်တော် ကိုကြောက်စရာကောင်းတဲ့ ဇီဝဖြစ်စဉ်အကျိုးဆက်တွေကို ဖြစ်စေတာပါ။ ဒီလို စထရက်(စ်)တွေကြောင့် ဆိုင်တိုကိုင်း (cytokine) လို့ခေါ်တဲ့ ဓာတုဇီဝ ပရိုတိန်းတွေ ထွက်ပေးပါတယ်။ အဲဒီ ဆိုင်တိုကိုင်းတွေဟာ အသည်း ဆဲလ် တွေကို သေစေတယ်။ အသည်းထဲမှာ အနာရွတ်တွေ ထင်စေတယ်။

ဒီလိုနဲ့ အသည်းအဆီဖုံးတာကို ဂရုမစိုက်ဘဲထားလိုက်တော့ နှစ်တွေ ကြာတဲ့အခါမှာ အသည်းတစ်ခုလုံးမှာ အနာရွတ်တွေပျံ့သွားတော့ အသည်း ခြောက်တယ်ဆိုတာ ဖြစ်သွားတာပေါ့။ ဒါကြောင့် အရင်တုန်းက ဘာမှ ဂရုစိုက်စရာမလိုဘူးလို့ထင်ခဲ့တဲ့၊ အရေးမကြီးတဲ့ ရောဂါတစ်ခုလို့ ယူဆထား ခဲ့တဲ့ အသည်းအဆီဖုံးရောဂါဟာ စနစ်တကျ မစစ်ဆေး၊ မကုသဘူးဆိုရင် နောက်ဆုံးမှာ အသည်းခြောက်ရောဂါဖြစ်တဲ့အဆင့် အထိ ရောက်သွားနိုင် ပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးရောဂါဟာ အသည်းခြောက်ရောဂါနဲ့ တင် ရပ်မနေတော့ပဲ အသည်းကင်ဆာဖြစ်တဲ့အထိ တဆက်တည်းသွားမှာပါလို့ ပြောချင်ပါတယ်။

ရောဂါလက္ခဏာတွေအသည်းအဆီဖုံးရောဂါသည်တွေက များသော အားဖြင့် ဘာရောဂါလက္ခ ဏာမှ မပြပါဘူး၊ ဘာမှလည်း မခံစားရပါဘူး။ ဒါပေမယ့် တစ်ချို့လူနာတွေ မှာတော့ ညာဘက်တစ်ခြမ်းအောင့်တယ်၊ ပုဆိုး၊ ထဘီ တင်းတင်းဝတ်လို့ မရဘူး၊ ကားဆောင့်ရင် ဗိုက်ရဲ့ ညာဘက်က နာတယ်ဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလိုတွေ ခံစားရတဲ့အခါမှာ တစ်ခါတလေ အမီးဘား ဝမ်းကိုက်ပိုး အသည်းရောင်ရောဂါနဲ့လွဲမှားပြီး မက်ထရိုနီတာဇော၊ တင်နီတ ဇောဆိုတဲ့ ဆေးတွေတိုက်ပြီးကုရင် လူနာတွေမလိုအပ်ဘဲနဲ့ ဆေးဒဏ်တွေ ခံရပါလိမ့်မယ်။ လူနာတွေရဲ့ဗိုက်ကို စမ်းကြည့်လိုက်ရင် အသည်းကြီး နေတာလည်း တွေ့နိုင်ပါ တယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ အသည်းအဆီ ဖုံးရောဂါရဲ့ သတ်သတ်မှတ်မှတ်ရောဂါလက္ခဏာလို့ မရှိပါဘူး။

စမ်းသပ်စစ်ဆေးမှုတွေအသည်းအဆီဖုံးရောဂါရှိတယ်လို့ထင်ရင် ပထမဆုံးနဲ့ အလွယ်ဆုံး စစ်ဆေးရမှာကတော့ တယ်လီဗီးရှင်းဓာတ်မှန်လို့ခေါ်တဲ့ အာလ်ထရာဆောင်း(Ultrasound) နဲ့ ဗိုက်ကို စစ်ဆေးရမှာပါ။ အသည်းထဲမှာ အဆီများ မများဆိုတာကို တော်တော်လေး မှန်အောင်ပြောနိုင်ပါတယ်။ ပိုပြီးသေချာ ချင်ရင်တော့ စီတီစကင် CT Scan နဲ့MRI ဓာတ်မှန်တွေဆက်ပြီးရိုက်သင့်ရင် ရိုက်ရပါမယ်။
အသည်းအဆီဖုံးတာ သေချာပြီဆိုတော့မှ အသည်းဟာ ထိခိုက်ပျက် စီး နေပြီလား၊ အသည်းရောင်နေပြီလားဆိုတာကို ဆက်ပြီးစစ်ရပါမယ်။

အရက်ကြောင့်မဟုတ်တဲ့ ရိုးရိုးအသည်းအဆီဖုံး (Non Alcoholic Fatty
Liver NAFL) အဆင့်ကနေ အသည်းထိခိုက်ပျက်စီးတဲ့ နက်ရှ်NASH
(Non-Alcoholic Steato Hepatitis) အဆင့်ကို ရောက်သွား/မသွား စစ်ဆေးဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့NAFL ရိုးရိုး ဆိုရင် ဆေးဝါးတွေနဲ့သုံးပြီးကုဖို့ မလို ပါဘူး။ အစားအသောက် အနေအထိုင် လိုက်ဖ်စတိုင် (life style) ကို ပြင်ရုံပဲလုပ်ရမှာပါ။ ဒါပေမယ့်NASH အဆင့်ကို ရောက်ပြီဆိုရင်တော့ ထိရောက်တဲ့ဆေးဝါးကုသမှုတွေ လုပ်ရမှာပါ။ ဒါမှသာ အသည်းရောင်တဲ့ အဆင့်ကနေ အသည်းခြောက် တဲ့အဆင့်ကို ဆက်ကူးမသွားပါဘူး။ အသည်းထိခိုက်မှု ရှိ မရှိ စစ်ရမှာတွေ အသည်းဆဲလ်တွေ ပျက်စီး မှု ရှိမရှိဆိုတာကို သိရအောင် အလွယ်ဆုံး စစ်ဆေးမှုကတော့ သွေးထဲမှာရှိတဲ့ ALT, AST ဆိုတဲ့ အင်ဇိုင်းတွေကို စစ်ရပါမယ်။ ALT နဲ့ AST ဆိုတဲ့ အင်ဇိုင်းတွေဟာ ပုံမှန်အားဖြင့် အသည်းဆဲလ်တွေထဲမှာပဲရှိရမယ့် အင်ဇိုင်းတွေပါ။ အကြောင်းတစ်စုံ တစ်ရာကြောင့် အသည်းဆဲလ်တွေ ပျက်စီးပေါက်ကွဲသွားပြီဆိုရင်တော့ ALT နဲ့AST တွေ သွေးထဲမှာ မြင့်တက်နေမှာပါ။ အထူးသဖြင့် AST ကALT ထက်ပိုများနေမှာပါ။ ဒါကြောင့် ALT နဲ့AST တက်နေတယ် ဆိုရင် အသည်းဆဲလ်တွေ ပျက်စီးနေတာ သေချာပြီ၊ ဒီလူနာဟာ NASH အဆင့်ကို ရောက်နေပြီလို့ ကောက်ချက်ချရပါမယ်။

အသည်းအဆီဖုံးရောဂါသည် တစ်ယောက်မှာ ALT နဲ့ AST မတက်ဘူး ဆိုရင် အသည်းပျက်/မပျက် သိဖို့ရာ အကောင်းဆုံးစစ်ဆေးမှုကတော့Liver Biopsy လို့ခေါ်တဲ့ အသည်းအသားစယူပြီး စစ်ဆေးတာပါပဲ။ အင်္ဂလိပ် လိုပြောရမယ်ဆိုရင်တော့Liver Biopsy is the gold standard ပါ။ အသည်း အသားစမယူပဲ အသည်းရောင်/မရောင် စမ်းသပ်စစ်ဆေးနိုင်တဲ့ အာလ်ထရာဆောင်း တစ်မျိုးဖြစ်တဲ့ ဖိုင်ဗရိုစကင်(Fibroscan) ဆိုတဲ့ စစ်ဆေးမှုတွေစပြီး စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ အသည်းရောင်/မရောင်NASH ဟုတ် မဟုတ် သေချာပေါက်သိချင်ရင် အသည်းအသားစယူပြီး စစ်ဆေးရမှာပါ။

ပါမောက္ခခင်မောင်ဝင်း(အသည်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အမျိုးသမီးများလည်း အမျိုးသားများလို ဆန္ဒပြင်းပြကြသည်


      အမျိုးသမီးများသည်လည်း ချစ်သူ အမျိုးသားများကဲ့သို့ လိင်ဆန္ဒ ပြပြင်းပြမှု ရှိတတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

      မျိုးပွားမှုဆိုင်ရာ အပလီကေးရှင်း Kindara က အမျိုးသမီး အသုံးပြုသူ (၅၀၀)အား ၎င်းတို့၏ လိင်စိတ်အခြေအနေနှင့် ပတ်သက်ပြီး စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းဖြေဆိုသူ ထက်ဝက်ကျော်တို့က လက်ရှိရနေသော လိင်ဆက်ဆံသည့် အကြိမ်နှင့် အားရကျေနပ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။

      (၇၅)ရာခိုင်နှုန်းက တစ်ပတ်လျှင် သုံးကြိမ်ကျော်ခန့် လိင်ဆက်ဆံလိုကြောင်း ပြောဆိုခဲ့သည်။ တက်ကြွသည့် (၁၃) ရာခိုင်နှုန်းကမူ တစ်ပတ်လျှင် ခြောက်ကြိမ်ကျော် လိင်ဆက်ဆံလိုကြောင်း ပြောဆိုခဲ့သည်။

      စွမ်းဆောင်ရည်နှင့် ပတ်သက်လျှင် (၇၂)ရာခိုင်နှုန်းက လိင်ဆက်ဆံမှု အကြိမ်တိုင်းတွင် လိင်ဆန္ဒ အထွတ်အထိပ်ကို ရောက်ရှိကြောင်း ပြောဆိုခဲ့သည်။ အမျိုးသမီး ထက်ဝက်ကျော်က လိင်ကောင်းကောင်း ဆက်ဆံရခြင်းနှင့် စိတ်ချင်း နီးစပ်ခြင်းတို့ကြား  ဆက်စပ်နေကြောင်း ပြောဆိုခဲ့သည်။

      စိတ်ဖိစီးမှုသည် လိင်ဆက်ဆံမှုတွင် အဓိက ပြဿနာဖြစ်ကြောင်း (၄၀) ရာခိုင်နှုန်းက ပြောဆိုခဲ့သည်။

Source:Mirror
The Messenger Media
http://messengernewsjournal.com

ကိုလက်စထရော( cholesterol) အကြောင်းသိကောင်းစရာ




ကိုလက်စထရော( cholesterol)ဆိုတာ မိမိခန္ဒာကိုယ်မှာ အရေးကြီးတဲ့ဓာတ်တစ်မျိုးပါ။ သူဟာမိမိတို့ရဲ့ ခန္ဒာကိုယ်အတွင်းကထုတ်ပေးတဲ့ ဓါတု ကွန်ပေါင်း တစ်မျိုးဖြစ်ပြီး အသားငါးတွေမှာလည်း ကြွယ်ဝစွာပါဝင်တယ်လို့ သိရပါတယ်။ သူရဲ့ ပါဝင်မှုနှုန်းမြင့်မားတယ် မမြင့်မားဘူးဆိုတာကတော့ မိမိတို့ရဲ့စားသောက်နေထိုင်မှုပုံစံပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မျိုးရိုးဗီဇပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါတယ်။  ကိုလက်စထရော( cholesterol)  မြင့်မားခြင်းမှာ ရောဂါလက္ခဏာပြတယ်လို့တော့မရှိပါဘူး။ ကိုလက်စထရော( cholesterol) ဟာ မိမိတို့အတွက် ရန်သူဖြစ်သလို မိတ်ဆွေလည်းဖြစ်ပါတယ်။ သူဟာ ပါဝင်မှု သာမန်အဆင့်မှာတော့ မိမိတို့အတွက်ကောင်းကျိုးတွေပေးနေပေမယ့် ပါဝင်မှုများလာရင်တော့ မိမိတို့အတွက် အသံတိတ်လူသတ်သမားပါလို့ သုတေတသီတွေက ဆိုပါတယ်။

ကိုလက်စထရော( cholesterol) ပါဝင်မှုများလာရင် နှလုံးရောဂါဖြစ်နိုင်ခြေကို အားပေးတတ်လို့ အသံတိတ်လူသတ်သမားလို့ ပြောကြတာပါ။ လူတိုင်းဟာ မိမိသွေးတွင်း ကိုလက်စထရော( cholesterol)ပါဝင်မှုကို ငါးနှစ်တစ်ခါ စစ်ဆေးသင့်တယ်လို့ဆိုပါတယ်။  ကိုလက်စထရော( cholesterol) ပါဝင်မှုမြင့်မားနေတာကို လက်လွတ်စပယ်ပြုထားမယ်ဆိုရင် ဆယ်နှစ်အတွင်း နှလုံးရောဂါဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

ပြီးရင်တော့ လူအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေအပြင် ခန္ဒာကိုယ်ကိုကြီးထွားစေတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းတွေကိုလည်း ရပ်တန့်လိုက်တယ်လို့ သိရပါတယ်။

ကိုလက်စထရော( cholesterol)ဟာ ဆဲလ်တိုင်းမှာပါဝင်ပြီး ဖယောင်းဆီလိုမျိုး ပုံသဏ္ဍာန်ရှိတယ်လို့ သိရပါတယ်။ သူဟာခန္ဒာကိုယ်မှာ ဘာကြောင့်အရေးကြီးရသလဲဆိုရင် သူဟာဆဲလ်နံရံတွေကို တည်ဆောက်ပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ အူတွေထဲမှာရှိတဲ့ အစာခြေအက်စစ်တွေမှာလည်း သူကအဓိကဇာတ်ကောင်လည်းဖြစ်ပါတယ်။ ကိုယ်တွင်း ဗီတာမင် D နဲ့ ဟော်မုန်းတွေကိုလည်း ကိုလည်းသူကထုတ်လုပ်ပေးပါတယ်။

တကယ်လို့များ မိမိခန္ဒာကိုယ်မှာ ကိုလက်စထရော( cholesterol)များနေရင်တော့  ပဲငါးပိ ၊ ဘာလီ ၊ ပန်းဂေါ်ဖီစိမ်း ၊ အခွံမာသီးတွေနဲ့ သစ်သီးဝလံတွေကို စားသုံးပေးရမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရက်၊ ဆေးလိပ် နဲ့ ဘီယာစတဲ့ လူနေမှုပုံစံတွေကြောင့်လည်း အဖြစ်များပါတယ်။ နှလုံးရောဂါကို ဖြစ်မှန်းမသိရခြင်းရဲ့ အကြောင်းရင်းကလည်း မိမိခန္ဒာကိုယ်မှာ ကိုလက်စထရော( cholesterol) ပါဝင်မှုနှုန်းကို မသိလို့ပဲဖြစ်တယ်လို့သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT

လေထုညစ်ညမ်းမှုတွေဟာ နှလုံးရောဂါ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေ ဖြစ်ပွားနိုင်နှုန်းများစေ




လေထု ထဲမှာ ရှိတဲ့ ဓါတု ပစ္စည်းတွေဟာ လူတွေကို နှလုံးရောဂါ ၊ အသက်ရှု လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါ တွေနဲ့ သေဆုံးနိုင်ခြေ ပိုများလာစေတယ်လို့ သုတေသီတွေက ကြီးမားတဲ့ လေ့လာမှု အရ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒီလို လေထု ညစ်ညမ်း မှု ရဲ့ သက်ရောက်မှု ကို ခံခဲ့ရသူတွေဟာ အသက်အရွယ် ၊ ကျား/မ နဲ့ ဆေးလိပ်သောက်တတ်ခြင်း/မသောက်တတ်ခြင်း တို့ဟာ ကွဲပြားခြားနားမှု မရှိပါဘူး။ လေထု ထဲမှာ ပါဝင်လာတဲ့ ဓါတု အမှုန်အမွှားတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ထို အမှုန်အမွှားတွေဟာ သေးငယ်လွန်းတဲ့အတွက် လူတွေရဲ့ သွေးကြောထဲ စိမ့်ဝင်သွားပြီး ရောဂါ ဖြစ်ပွားစေနိုင်တာပဲ ဖြစ်ပါတယ်။

သုတေသီတွေဟာ သက္ကရာဇ် ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်း အမျိုးသားနဲ့ အမျိုးသမီး ၅၁၇၀၄၁ ယောက် တို့ကို ဒေတာ တွေကောက်ယူပြီး ခွဲချမ်းစိတ်ဖြာ ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ထို ပုဂ္ဂိုလ်တွေဟာ အသက် ၅၁ နှစ်နဲ့ ၇၀ ကြားမှာ ရှိကြပြီး ကယ်လီဖိုးနီးယား ၊ ဖလော်ရီဒါ ၊ နယူးဂျာစီ ၊ ကယ်ရိုလိုင်းနား မြောက်ပိုင်း ၊ ပင်နီဆယ်လ်ဗေးနီးယား ပြည်နယ်တို့အပါအ၀င် အတ္တလန်တာ နဲ့ ဒက်ထရွိုက် တို့လို ဖွံဖြိုးဆဲ မြို့ပြ တွေမှာပါ နေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။

ထိုလေ့လာမှု ကတွေ့ရှိခဲ့တာကတော့ နေရာဒေသ ပေါ်မူတည်ပြီး Arsenic ၊ Selenium ၊ Mercury တို့အပါအ၀င် ဆာလဖာ နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ် အစရှိတဲ့ ဓါတု ပစ္စည်းတွေကို ရှုရှိုက်မိသူတွေဟာ သေဆုံးနိုင်ခြေ ကို ၃ ရာခိုင်နှုန်း ပိုများစေခဲ့တာကိုတွေ့ရပါတယ်။ အဲဒီလို ဓါတု အမှုန်အမွှားတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို ၁၀ ရာခိုင်နှုန်း ပိုများစေသလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေ ဖြစ်နိုင်ခြေကိုလည်း ၂၇ ရာခိုင်နှုန်း အထိ ပိုများစေခဲ့ပါတယ်။

ပိုဆိုးတာက လေထုညစ်ညမ်းမှု များတယ်လို့ သတ်မှတ်ခံထားရတဲ့ ကယ်လီဖိုးနီးယား လို ဒေသ မျိုးမှာ နေထိုင်သူတွေဟာ အခြား ဒေသမှာ နေထိုင်သူတွေထက် ဓါတု အမှုန်အမွှားတွေ ပိုမို ရှုရှိုက်မိပေမယ့်လည်း သေဆုံးနိုင်ခြေကတော့ အားလုံးတူတူပဲ ဖြစ်နေတာပါ။

ထိုလေ့လာမှုကိုတော့ Environmental Health Perspectives ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ