ပထမဆုံးတစ်ချိန် သုတ်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရ




သုတေသနပြုသူတွေဟာ သုတ်သွေးလွှတ်ခြင်း အဆင့်ဆင့်ကို ခွဲခြားလေ့လာခဲ့ပြီး ပထမဆုံးအချိန် သုတ်သွေးလွှတ်ခြင်းဟာ မျိုးအောင်ဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသတဲ့။

ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်မှာ ပိုမိုလျင်မြန်စွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းတဲ့ မျိုးရိုးဗီဇတွေပါဝင်တဲ့ သုတ်ပိုးပမာဏဟာ အလွန်များပြားစွာ ပါဝင်လာတာကြောင့်ဖြစ်ပါတယ်။

Seville ရှိ Ginemed မျိုးဆက်ပြန့်ပွားရေး သုတေသနဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Maria Hebles က “ အရင်က သုတ်သွေးလွှတ်ခြင်းကို တစ်ကြိမ်တည်း တစ်ခါတည်း လွှတ်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမယ့် အဓိက မျိုးဆက်ပြန့်ပွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ ပါဝင်မှုပမာဏကို အညီအမျှထိန်းညှိပေးနိုင်ဖို့ နှစ်ပိုင်းခွဲခြားထားတာကို တွေ့ရှိရပါတယ် “ လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

ပညာရှင်တွေက ပထမပိုင်း သုတ်သွေးလွှတ်ချိန်မှာ မျိုးအောင်နိုင်ဖို့အတွက် မမျိုးဥနှင့် ပေါင်းစပ်မယ့် သုတ်ပိုးကို အကာအကွယ်ပေးထားတဲ့ ဖော့စဖိတ်၊ စစ်ထရစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တွေပါဝင်ပါတယ်။

ဒုတိယပိုင်း သုတ်သွေးလွှတ်ချိန်မှာတော့ သုတ်ပိုးကို ထိခိုက်မှုများမှ ကာကွယ်ပေးပြီး မမျိုးဥနှင့် ပေါင်းစပ်မျိုးအောင်ခြင်းကို နှောင့်နှေးစေနိုင်သည့် အခြေအနေဖြစ်ပါတယ်။

( MTN )

Ref : Upi

မနက်စာမစားပဲကျောင်းသွားတဲ့ ကလေးတွေ စာမလိုက်နိုင်ဖြစ်




သြစတြေးလျနိုင်ငံ က ကလေးငယ်အများစုဟာ ဗိုက်ဆာစွာနဲ့ ကျောင်းသွားနေရတယ်လို့ သုတေသန အသစ်တစ်ခု အရ သိရပါတယ်။

အဲဒီလို မနက်စာ မစား ပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ နေ့စဉ် စာသင်ကြားမှုမှာ ၂ နာရီ စာလောက် ဆုံးရှုံးလိုက်ရတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

တစ်ပတ်မှာ တစ်ရက်လောက်ပဲ မနက်စာ မစားပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ တစ်နှစ်စာမှာ သင်ကြားနိုင်မှု နှုန်းလျော့ကြနိုင်ပါသေးတယ်။ အကြောင်းအရင်းကတော့ ဗိုက်ဆာနေတဲ့ ကလေးငယ်တွေဟာ ဗိုက်ဆာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အာရုံစူးစိုက်မှု နည်းလာခြင်း ၊ မောပန်းနွမ်းနယ်ခြင်း နဲ့ အမူအကျင့်ဆိုင်ရာ ပြသနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ကျောင်းဆရာ ၅၃၂ ယောက်ကို စစ်တမ်းကောက်ယူပြီး မေးမြန်းခဲ့ရာမှာတော့ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၃ ယောက်ခန့်ဟာ အမြဲတမ်း မနက်စာ မစားပဲ ကျောင်းကိုရောက်လာတတ်ပါတယ်။ ဒါ့အပြင် အစိုးရ စာသင်ကျောင်းတွေ ဟာ အစိုးရ မဟုတ်တဲ့ စာသင်ကျောင်းတွေထက် မနက်စာ မစားပဲ ကျောင်းရောက်လာတဲ့ ကျောင်းသား အရေအတွက် ၃ ဆ ပိုများနေပါတယ်။

အဲဒီလို မနက်စာ မစားပဲ ကျောင်းရောက်လာတတ်တဲ့ ကလေးငယ်တွေရဲက ၇၃ ရာခိုင်နှုန်းခန့်ဟာ အာရုံစူးစိုက်ရာမှာ အခက်အခဲရှိတတ်ကြပြီး ၆၆ ရာခိုင်နှုန်းဟာ သင်ကြားရေးမှာ စိတ်မပါလက်မပါ ဖြစ်တတ်ကြသလို ၅၄ ရာခိုင်နှုန်းက တော့ စာမလိုက်နိုင်ကြပဲ ၅၂ ရာခိုင်နှုန်းကတော့ အပြုအမူနဲ့ ဆိုင်တဲ့ ပြသနာတွေကို ကြုံတွေ့နေရတယ်လို့ လေ့လာမှု အရသိရပါတယ်။

ဆရာ ၊ ဆရာမ တွေရဲ့ ပြောကြားချက်အရ အဲဒီလို ဗိုက်ဆာနေတတ်တဲ့ ကျောင်းသားတွေဟာ အမြဲတမ်း ကျောင်းနောက်ကျတတ်တဲ့ ကျောင်းသားတွေဖြစ်ကြပြီး သူတို့ဟာ ပျက်ကွက် စာရင်းမှာ ထိပ်ဆုံးက ရှိနေတတ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ကျောင်းသားတွေကို မနက်စာကျွေးတဲ့ ကျောင်းတွေမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာပါတယ်။။ ကျောင်းမှာ မနက်စာစားတဲ့ ကျောင်းသားတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြပြီး ၉၁ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။

ကျန်းမာရေးတင်မပဲ အဲဒီလို မနက်စာစား ပြီးမှ ကျောင်းစာသင်ကြားတဲ့ ကလေးငယ် ၈၃ ရာခိုင်နှုန်းဟာ ကျောင်း က ၀န်ထမ်းအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိကြပြီး ၇၀ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်လာကြပါတယ်။

( Mario )

Ref : Dailymail

သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် နေ့စဉ်ပြုလုပ်ပေးသင့်တဲ့ အချက်အချို့




(၁) တရားထိုင်ခြင်း

တစ်နေ့ ကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် တရားထိုင်ပေး ခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမူ အကျင့် တစ်ခု ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှု တွေ ကို လျှော့ကျစေခြင်း၊ အိပ်ရေးဝခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးသွေးလည်ပတ်မှုကောင်းစေခြင်းစတဲ့ အကျိုးကျေးဇူး တွေ ကို ရရှိစေနိုင်တဲ့အတွက် တရားထိုင်ခြင်းကို ပြုလုပ်သင့်ပါတယ်။

(၂) အိပ်စက်ခြင်း

တစ်နေ့ ကို အနည်းဆုံး ၆နာရီခန့် အိပ်ပေးခြင်းဟာလည်း သင့်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးမ၀ခြင်းဟာ သင့်စိတ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အနည်းဆုံးတစ်နေ့ကို ၆ နာရီခန့်  အိပ်စက်ပေးပါ။

(၃) ရေနွေးကြမ်းသောက်သုံးခြင်း

ရေနွေးကြမ်းဟာ သင့်ခန္ဓာကိုယ် အတွက် တကယ့်ကိုကောင်းမွန်စေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Green Tea ရေနွေးကြမ်းဟာ သင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက်များစွာ အထောက်အကူပြုပါတယ်။

(၄) အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ပါ

အားကစား မလုပ် ခင်မှာ သွေးပူလေကျင့်ခန်း ပြုလုပ်ခြင်းဟာ ကြွက်တက်ခြင်း  နဲ့  အခြားဖြစ်ပေါ်လာနိုင်တဲ့ ဒဏ်ရာတွေ ကနေ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၅) နေကာမျက်မှန်တပ်ဆင်ပါ

  နေကာမျက်မှန်တပ်ဆင်ပါက UV 400 ခန့် ပါဝင်တဲ့  မျက်မှန်ကို တပ်ဆင်သင့်ပါတယ် ။ မျက်မှန်ဆိုဒ်ကြီးလေ သင့်အတွက်ကာကွယ်မှု ပိုရလေ ဖြစ်ပါတယ်။

( NSD )

Ref : mensfitness



ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။

ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay

တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုပြီး သောက်သုံးခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေနဲ့ လူငယ်တွေအတွက် အန္တရာယ်ရှိနေ




တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုပြီး သောက်သုံးခြင်းဟာ အန္တရာယ်ရှိနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ ပါ ဂရုစိုက်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကော်ဖီ ၄ ခွက်ထက် ပိုသောက်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေနဲ့ လူငယ်တွေအတွက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။

ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနက ကဖိန်းဓါတ်မှီဝဲမှု ကန့်သတ် ပမာဏ ကို သတ်မှတ်ခဲ့တာကတော့ တစ်နေ့ကို ကဖိန်းဓါတ် ၄၀၀ မီလီဂရမ် သာ သုံးစွဲသင့်တယ်လို့ သိရပါတယ်။

အသင့်ဖျော်သောက်နိုင်တဲ့ Instant ကော်ဖီထုပ် တစ်ထုပ်မှာ ကဖိန်း ပမာဏ ၁၀၀ မီလီဂရမ် ပါဝင်နေပါတယ်။

ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနကသတိပေးခဲ့တာကတော့ ထို သတ်မှတ်ပမာဏ ထက်ပိုပြီး ကဖိန်းဓါတ်ကို မှီဝဲပါက မောပန်းနွမ်းနယ်ခြင်း နဲ့ အိပ်မပျော်ခြင်းတို့ကနေ နှလုံးရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကဖိန်းဓါတ်များများ သုံးစွဲမယ်ဆိုရင်တော့ ပေါင်မပြည့်တဲ့ ကလေးကို မွေးလာနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာန က သတိပေးထားတာကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကဖိန်းဓါတ်များများမှီဝဲ မိတဲ့အခါ ကိုယ်ဝန် ပျက်ကျတဲ့ အထိ ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။

ကဖိန်းပါဝင်မှုများတဲ့ အစားအစာတွေကတော့ epresso ကော်ဖီ တစ်ခွက်မှာ ကဖိန်း ၈၀ မီလီဂရမ် ပါဝင်နေပါတယ်။ လက်ဖက်ရည်တစ်ခွက်မှာ ၅၀ မီလီဂရမ်ပါဝင်ပါတယ်။ ကျွဲရိုင်းတစ်ဘူးမှာတော့ ကဖိန်း ၈၀ မီလီဂရမ်ပါဝင်ပြီး ချော့ကလက်တစ်ခွက်မှာ ကဖိန်း ၅၀ မီလီ ဂ၇မ်ပါဝင်နေပါတယ်။ Coke မှာတောင်မှ တစ်ဘူး ကို ကဖိန်း ၃၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဥရောပ သမဂ္ဂ ရဲ့ အစားအသောက်ဆိုင်ရာ လုံခြုံရေးဌာနက ကဖိန်းကြောင့် နှလုံး နဲ့ အာရုံ ကြော အပြင် ကိုယ်ဝန်ဆောင်တွေအတွက် သန္ဓေသားကိုပါ ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

Ref : dailymail

မိမိကလေးကိုနို့ဘူးနဲ့နို့တိုက်တဲ့ မိခင်တွေ အပြင်းအထန် ဝေဖန်ခံနေရ




မိမိရဲ့ ရင်သွေးတွေကို နို့ဘူး နဲ့ နို့တိုက်တဲ့ မိခင်တွေဟာ လူကြားထဲမှာ နို့တိုက်တဲ့ မိခင်တွေထက် နှုတ်ပိုင်းဆိုင်ရာ ဝေဖန်ခံရမှု များစွာကို ကြုံတွေ့ရနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

လက်ရှိမှာ Gwen Stefani ၊ Gisele Bundchen အစရှိတဲ့ အနုပညာရှင်တွေကသူတို့ရဲက လူမှုကွန်ရက်ဆိုက်တွေမှာ "Brelfie" လို့ခေါ်တဲ့ ကလေးနို့တိုက်နေတဲ့ Selfie ဓါတ်ပုံများစွာကို တင်ပြီး "Breast is best" ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်နေပါတယ်။

မိဘရေးရာ ကျွမ်းကျင်သူတွေဟာ Channel Mum ဆိုတဲ့ အွန်လိုင်းဗီဒီယို ၀က်ဘ်ဆိုက်က တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ မိခင် တွေရဲ့ ထက်ဝက်အရေအတွက်ခန့်ဟာ သူတို့ရဲ့ ကလေးတွေကို ဖျော်စပ်ထားတဲ့ နို့ရည်တွေ တိုက်ကျွေးခြင်းနဲ့ သူတို့ရဲ့ ကလေး တွေ ကျန်းမာရေး မကောင်းအောင် ပြုလုပ်နေတာသာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

စစ်တမ်းကောင်ယူမှု တစ်ခုအရလည်း ပန်းခြံနဲ့ စားသောက်ဆိုင်အစရှိတဲ့ ပြည်သူပိုင်နေရာတွေမှာ မိခင် ကိုယ်တိုင် နို့တိုက်ခြင်းဟာ နို့ပုလင်းနဲ့ နို့တိုက်ခြင်းထက် ပိုပြီးလက်ခံစရာဖြစ်ခဲ့ပါတယ်။ မိခင်နို့ရည်ပဲ တိုက်ကျွေးတဲ့ ၂၈ ရာခိုင်နှုန်းသော မိခင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ ၃၉ ရာခိုင်နှုန်းသော နို့ပုလင်းနဲ့ ကလေးကိုနို့တိုက်တဲ့ မိခင်တွေဟာ အပြင်းအထန်ဝေဖန်ခံနေရတာ ကိုတွေ့ရပါတယ်။

ဒါ့အပြင်ပိုဆိုးတာက မိခင်ခြင်းဝေဖန်ခံနေရတာပါပဲ။ နို့ဘူးနဲ့ နို့တိုက်တတ်တဲ့ မိခင် ၅ ယောက်မှာ ၁ ယောက် ဟာ မိမိ ကလေးကို မိခင်နို့မတိုက်တဲ့အတွက် အခြားမိခင်တွေရဲ့ ဝေဖန်မှု ကို ခံနေရပါတယ်။ အခုမှ မိခင်ဖြစ်လာတဲ့ မိခင်အသစ် ၁၀ ယောက်မှာ ၇ ယောက်ခန့်ဟာလည်း လူကြားထဲမှ မိမိကလေးကို မိခင်နို့မတိုက်ရဲ ကြတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် မိခင် အယောက် ၅၀ မှာ ၁ ယောက်ဟာ အကောင်းဆုံးနည်းလမ်းနဲ့ မိမိ ကလေးကို နို့တိုက်နိုင်ဖို့အတွက် အွန်လိုင်းကနေ X-Rated ( ညစ်ညမ်းအဆင့်ရှိတဲ့) ဗီဒီယိုတွေကို ကြည့်ရှုပြီး လေ့လာခဲ့ရတယ်လို့ ၀န်ခံထားကြပါတယ်။

ထိုလေ့လာမှုကနေ သတိပေးခဲ့တာကတော့ မိခင်တွေအနေနဲ့ မိမိကလေးကို မိခင်နို့မတိုက်ကျွေးတဲ့အခါမှာ မိမိ ကလေးဟာ လိုအပ်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို မရရှိပဲ ကျန်းမာရေး မကောင်းတဲ့ အနေအထား တွေ ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Ref : Mirror

လူနာ ၅ ယောက် မှာ ၁ ယောက်ဟာ ရေ လုံလောက်စွာ မသောက်တဲ့အတွက် ရောဂါ ဖြစ်နေဟု




သန်းနဲ့ချီ အရေအတွက် ရှိတဲ့ လူနာတွေဟာ ရေလုံလောက်စွာ မသောက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြသနာ တွေကြောင့် ဆေးရုံ ဆေးခန်းတွေကို လာရောက်နေကြကြောင်းကို သုတေသီတွေက အခိုင်အမာဆိုလိုက်ပါတယ်။

အများဆုံး လာရောက်ကြတဲ့ ဘုံ ပြသနာ တွေကတော့ ရေဓါတ်ခမ်းခြောက်မှုကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

စစ်တမ်းကောက်ယူကြည့်ခဲ့ရာမှာတော့ ဆေးရုံ ဆေးခန်း တွေသို့ လာရောက်နေကြတဲ့ လူနာ ၅ ယောက်မှာ ၁ ယောက်ဟာ ရေလုံလောက်စွာ မသောက်တဲ့အတွက် ပင်ပန်းနွမ်းနယ် ခြင်းကို ဖြစ်ပေါ်စေပြီး အခြား ဆက်စပ် ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆရာဝန် ၄ ရာခိုင်နှုန်းခန့်ကလည်း သူတို့ရဲ့ လူနာတွေဟာ တစ်နေ့ကို ရေ ပမာဏ ဘယ်လောက်သောက်သင့်တယ်ဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။

အမှန်တစ်ကယ်တော့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာနရဲ့ လမ်းညွှန်မှုတွေအရ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ရေ ၁.၆ လီတာ ခန့်သောက်သုံးသင့်ပါတယ်။ ဒါဟာ ဖန်ခွက် ၈ ခွက် စာနဲ့ ညီမျှပါတယ်။

အမျိုးသား တွေအနေနဲ့ ကတော့ တစ်နေ့ကို ရေ ၂ လီတာ ခန့်သောက်သုံးသင့်ပြီး ဒါဟာ ဖန်ခွက် ၁၀ ခွက်စာနဲ့ ညီမျှပါတယ်။

ရေ လို့ ပြောပေမယ့် အခြား ဖျော်ရည်နဲ့ သောက်စရာတွေဖြစ်တဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ နွားနို့ နဲ့ သစ်သီးဖျော်ရည်တွေကိုလည်း သောက်သင့်ပေမယ့် အဲဒီအရာတွေမှာ ပါဝင်တဲ့ ကဖိန်းဓါတ်နဲ့ သကြားဓါတ်ကတော့ သုံးစွဲမှုများနေရင် အန္တရာယ်ရှိလာနိုင်ပါတယ်။

ရေ သောက်ရခြင်းအကြောင်းအရင်းကတော့ ရေဓါတ်ခမ်းခြောက်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှု တွေကို ရှောင်ရှားဖို့နဲ့ အာရုံစူးစိုက်လို့ မရတဲ့ ပြသနာမျိုးကို ပျောက်ကင်းစေဖို့ပဲ ဖြစ်ပါတယ်။ အခြား ရေသောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ လှပမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

သစ်သီးဖျော်ရည်တွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ပေးစွမ်းနိုင်ပေမယ့် များသောအားဖြင့် ရေဓါတ်ထက် သကြားဓါတ်ပိုများနေတာ မျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို သစ်သီးဖျော်ရည် တစ်ခွက်ခန့်သာ သောက်သုံးပေးသင့်ပါတယ်။ နွားနို့ကတော့ ကယ်လ်ဆီယမ် နဲ့ ပရိုတိန်း ကို ပေးစွမ်းနိုင်တဲ့အတွက် သစ်သီးဖျော်ရည်ထက်စာရင် ပိုပြီး သင့်တော်တယ်လို့ သိရပါတယ်။

( Mario )

Ref : Dailymail

နာရီဝက်ခန့် အချိန်ယူပြီး အလုပ်သွားရခြင်းဟာ အမြန်ဆုံး အလုပ်ထွက်ဖို့ဖြစ်လာစေနိုင်




အလုပ် ကိုသွားဖို့အတွက် ခရီးဝေးတစ်ခုကို ဖြတ်သန်းရခြင်းဟာ သင့်ကို ဆန္ဓတွေစော စေပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတယ်လို့ သိရပါတယ်။

လေ့လာမှု အသစ်တစ်ခုက တွေ့ရှိခဲ့တာကတော့ အလုပ်ကို သွားဖို့အတွက် မိနစ် ၂၀ လောက် အချိန်ယူရခြင်းဟာ စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင် ပါတယ်။

ထို အခြေအနေမျိုးဟာ အလုပ်သွားရတဲ့ ၀န်ထမ်းတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အရ ပင်ပန်းနွမ်းနယ်မှု ကို ဖြစ်စေပြီး  အလုပ် အပေါ် အပြစ်တင် အဆိုးမြင် စေနိုင်သလို ထို ၀န်ထမ်းကို အလုပ်က ထွက်ဖို့ ဖိအားပေးနေသလိုလည်း ဖြစ်စေ နိုင်ပါတယ်။

အဲဒီလို ဖြစ်စေခြင်းဟာ အလုပ်ကိုသွားရဖို့ အကွာအဝေးပေါ်လည်း မူတည်ပြီး ကား ၊ ရထား ၊ ဘတ်စ်ကား နဲ့ စက်ဘီးတို့လို အလုပ်သွားရတဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် နဲ့ မြို့ပြ ၊ စက်မှုဇုန် ၊ ဆင်ခြေဖုံး စတဲ့ ဖြတ်သန်းသွားရတဲ့ နေရာဒေသ အပေါ်လည်း မူတည်ပါတယ်။

ထို လေ့လာမှု ဟာ ကနေဒါနိုင်ငံက သုတေသီတွေ အနေနဲ့  Quebec ပြည်နယ် မှာရှိတဲ့ အဖွဲ့အစည်း ၆၃ ခုမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း ၁၉၄၂ ယောက်အပေါ် ကို အခြေခံပြီး စစ်တမ်းကောက်ယူခဲ့တာပဲဖြစ်ပါတယ်။ ထို ၀န်ထမ်းတွေဟာ အသက် ၁၇ နှစ် ကနေ အသက် ၆၉ နှစ်ကြား အသက်အရွယ် တွေဖြစ်ကြပါတယ်။

သုတေသီတွေဟာ ကျေးလက်ဒေသ နဲ့ မြို့ပြဒေသ တို့အသီးသီးမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ မတူညီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ ကို နှိုင်းယှဉ်ပြီး သူတို့ရဲ့ ခံစားချက်ဆိုင်ရာ အဆိုးမြင် ခြင်းတွေကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။

ထိုလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Montreal တက္ကသိုလ်က Annie Barrack ရဲ့ ပြောကြားချက်အရတော့ မြို့ပြမှာနေထိုင် အလုပ်လုပ်ပြီး ကိုယ်ပိုင်ကား ၊ ဘတ်စ်ကားတို့နဲ့ အလုပ်သွားရသူတွေဟာ ကျေးလက်ဒေသ နဲ့ ဆင်ခြေဖုံးတွေမှာ နေထိုင် အလုပ်လုပ်ရသူတွေထက် ပိုပြီး စိတ်ဖိစီးမှု များပါတယ်။

ဒါဟာ ယာဉ်ကြော ပိတ်ဆို့မှု အပေါ်လည်းမူတည်နေပြီး မြို့ပြဒေသ ရဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေ ဟာ ယာဉ်မောင်းထက် စီးနင်သူ ၀န်ထမ်းတွေကို ပိုပြီး အာရုံနောက်စေနိုင်ပါတယ်။ အဲဒီလို အလုပ်ကိုရောက်ဖို့ အချိန်ကြာကြာ ၊ ခရီးဝေး ဖြတ်သန်းလာရသူတွေဟာ အလုပ်ထဲမှာ ထိရောက်စွာ အလုပ်လုပ်နိုင်မှု နည်းပါးတာကိုတွေ့ခဲ့ရပါတယ်။

အဲဒီလို အာရုံနောက်ခြင်း နဲ့ စိတ်ဖိစီးခြင်းတို့ဟာ အလုပ်သွားဖို့ မိနစ်၂၀ ခန့် အချိန်ယူရတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အလုပ်ကိုရောက်ဖို့ ၃၅ မိနစ် နဲ့ အထက် ဖြတ်သန်းသွားရသူတွေဟာတော့ အချိန်တစ်ခုအကြာမှာ မိမိ အလုပ်ကို အဆိုးမြင်လာပြီး အလုပ်ကထွက်ဖို့အထိ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ ထိုလေ့လာမှုအရ Annie Barrack က အလုပ်ရှင်တွေအနေနဲ့ မိမိဝန်ထမ်းတွေရဲ့ နေထိုင်ရာဒေသ နဲ့ အလုပ်ကိုရောက်ဖို့ ဖြတ်သန်းရတဲ့ ကြာချိန်နဲ့ သယ်ယူပို့ဆောင်ရေး စနစ်ပေါ်မူတည်ပြီး အလုပ်ချိန်အပြောင်းအလဲတွေ လုပ်ပေးသင့်တယ်လို့ ဆိုထားပါတယ်။


ယာဉ်ကြောပိတ်ဆို့မှု တွေ ဟာ ယာဉ်မောင်းထက် စီးနင်သူ ၀န်ထမ်းတွေကို ပိုပြီး အာရုံနောက်စေနိုင်ပါတယ်

( Mario )

Ref : Dailymail

သံဓာတ်ချို့ တဲ့ခြင်းကိုဖော်ပြတဲ့ လက္ခဏာ ကိုးရပ်


ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးမှာ ခြောက်ဦးခန့်က သံဓာတ်ချို့တဲ့ လေ့ရှိကြပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ပိုမိုလိုအပ်နေတယ်လို့  အမေရိကန်နိုင်ငံရှိ the Centers for Disease Control and Prevention မှ ကျွမ်းကျင်သူများက ဆိုပါတယ်။ သံဓာတ်ချို့တဲ့ခြင်းရှိ-မရှိ မိမိကျန်းမာရေး အခြေအနေကို အောက်ပါ လက္ခဏာကိုးရပ်တို့ဖြင့် စမ်းစစ်နိုင်ပါတယ် -

အလွန်အမင်း မောပန်းခြင်း

ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြု၍၊ သွေးကလာပ် စည်းဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့ လာသော အခါမှာ ကျန်းမာသန်စွမ်းတဲ့ သွေးဆဲလ်
တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း မောပမ်း နွမ်းနယ်လာပါတော့တယ်။

အာရုံစူးစိုက်၍ မရခြင်း

သံဓာတ်ချို့တဲ့လာတဲ့အခါ အာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျအလုပ်တွေ
မှာတောင် စိတ်အာရုံစူးစိုက်၍မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းကျဆင်းလာပါတယ်။

စိတ်ဝင်စားမှု မရှိုခြင်း

သံဓာတ်ချို့တဲ့လာခြင်းကြောင့်၊ အာရုံခံအဖွဲ့အစည်းတွေကို ထိခိုက်စေရုံမျှမက စိတ်နှလုံးနောက်ကျိလာကာ မိမိရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်
ယောက်ထည်း ဘာသိဘာသာနေလိုစိတ် ပြင်းပြနေတတ်ပါတယ်။

အသက်ရှူကြပ်ခြင်း

သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်က အောက်စီဂျင်ကို အလွန်အမင်းတောင်းတလာပြီး
အသက်ရှူမဝ မွန်းကြပ်မှုတွေဖြစ်လာပါတယ်။ ပုံမှန်အားကစားလေ့ကျင့်ခန်းလုပ်တဲ့အခါတွေ၊ ပုံမှန်လမ်း
လျှောက်တဲ့အခါတွေမှာ သိသိသာသာ အသက်ရှူမဝလာခြင်းဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အသားအရေဖြူရော်ရော်ဖြစ်ခြင်း

နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့မတူ ဖြူစွတ်လာခြင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေ အေးစက်ကာ မျက်နှာနှင့် အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းကလည်း သွေးနီဥပမာဏတွေ ကျဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။

ကြွက်သားတွေနာကျင်ခြင်း

ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်တွေအားနည်းလာတာကြောင့် ကြွက်သားတွေ ပျော့အိလျော့ရဲလာပြီး တော်ရုံတန်ရုံ ဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။

ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း

ခြေသည်း၊ လက်သည်းအစပ်နားတွေ သူ့အလိုလိုတစ်စစီကွဲထွက်ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာ
တစ်ရပ်ဖြစ်ပါတယ်။ အချို့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ၊ ဇွန်းသဏ္ဍာန် အတွင်းပိုင်းကို ချိုင့်ခွက်ဝင်နေကြပါတယ်။

မကြာခဏဖျားနာခြင်း

အသက်ရှူလမ်းကြောင်းမှတဆင့် အလွယ်တကူကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ရာသီဖျားတွေကို မကြာခဏကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံတန်ရုံအအေးခံရရုံမျှနှင့် နှာခေါင်းပိတ်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါပဲ။

ပန်းရောင် (သို့မဟုတ်) အနီရောင် ဆီးသွားခြင်း

သွေးဆုံးပြီး အမျိုးသမီးကြီးတွေ ၁ဝ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် (သို့မ ဟုတ်) အနီရောင် ဆီးသွားတတ်ပါတယ်။ တချို့အမျိုးသမီးကြီးတွေက လက်ဖက်ရည်ကြမ်း ကျကျကဲ့သို့ နီညိုရောင်ဆီးသွားတတ်ပါတယ်။ အကယ်၍ အနီရောင်ခြယ် စတော်ဘယ်ရီသီးတွေ၊ beet root (ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့ မုန် လာဥနီအလုံးတွေကို မစားဖြစ်ဘဲ ဆီးအရောင်က သူ့အလိုလို ပြောင်းသွားခြင်းက သံဓာတ်ချို့တဲ့ခြင်း၏လက္ခဏာဖြစ်ပါတယ်။

သံဓာတ်ဖြည့်တင်းပေးတဲ့အစားအစာများ

(၁) အမဲအသည်းမှာ သံဓာတ်ပမာဏ ၅ ဒသမ ၈ မီလီ ဂရမ်အထိ အပြည့်အဝပါရှိပြီး ကျန်းမာရေးကိုထိခိုက်
စေမယ့် အဆီနှင့် ကယ်လိုရီပါဝင်မှု လွန်စွာနည်းပါးပါတယ်။

(၂) အမဲသား(မိုးခိုသား)ထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ၉ မီလီဂရမ်ပါရှိတဲ့အပြင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ပရိုတင်း၊ ဗီတာမင်ဘီ ၆၊ ဗီတာမင်စီနှင့် ဗီတာမင်ဒီတို့ ကြွယ်ဝစွာပါရှိပါတယ်။

(၃) အမဲသားမှာ သံဓာတ်ပမာဏ ၁ ဒသမ ၈ မီလီဂရမ်ပါရှိပြီး၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကိုလက်
စထရောတွေကျအောင် ပံ့ပိုးပေးပါတယ်။

(၄) ကြက်(ရင်ပုံသား)ထဲမှာ သံဓာတ်ပမာဏ ၁ ဒသမ ၁ မီလီဂရမ်ပါရှိနေလို့ ခြေလေးချောင်းသား မစားသူများအဖို့ သံဓာတ်အားဖြည့်စာအဖြစ် ကြက် (ရင်ပုံ) သား စားပေးသင့်ပါတယ်။ (အရေခွံမစားပါနှင့်)

(၅) ဆဲလ်မွန်ငါးထဲမှာ သံဓာတ်ပမာဏ ဝ ဒသမ ၇မီလီဂရမ်ပါရှိပြီး အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေ ပါရှိ
နေတာကြောင့် သွေးခဲပိတ်ဆို့ခြင်းနှင့် လေဖြတ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၆) ရွှေဖရုံသီးအစေ့ထဲမှာ သံဓာတ်ပမာဏ ၄ ဒသမ ၂ မီလီဂရမ်ပါရှိပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၇) ချောကလက်စစ်စစ် အမည်းရောင်ထဲမှာ သံဓာတ်ပမာဏ ၄ ဒသမ ၁ မီလီဂရမ်ပါရှိပြီး သွေးထဲက
ကိုလက်စထရောတွေကိုချပေးကာ သွေးအားနည်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၈) စမုန်ဖြူ (အခြောက်) ထဲမှာ သံဓာတ် ပမာဏ ၃ ဒသမ ၇ မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီတို့ ပါရှိတဲ့အပြင် ခန္ဓာကိုယ်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ ကိုလက်စထရော လုံးဝမပါရှိပါဘူး။

(၉) တင်လဲရည်(သကာရည်)ထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၅ မီလီဂရမ်ပါရှိတဲ့ပြင် ကယ်လ်စီယမ်ဓာတ်တွေ အပြည့်အဝပါရှိပါတယ်။

(၁ဝ)Apricotsျ(ခေါ်)ဆီးသီးခြောက်ထဲမှာ သံဓာတ် ပမာဏ ၃ ဒသမ ၆ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု
beta carotene ၊ အမျှင်ဓာတ်နှင့် အခြားအာဟာရဓာတ်တွေ ပါရှိနေပါတယ်။

(၁၁) ပဲနီလေးထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၃မီလီဂရမ်ပါရှိပြီး မပျော်ဝင်လွယ်သော အမျှင်ဓာတ်တွေ
ပါရှိနေတာကြောင့် ဆာလောင်မွတ်သိပ်မှုမဖြစ်စေတော့ဘဲအဆာခံစေပါတယ်။

(၁၂) အာလူး(ကြီးကြီး)တွေထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၂ မီလီဂရမ်ပါရှိပြီး အာဟာရသိဒ္ဓိပြည့်ဝတဲ့
အစာဖြစ်ပါတယ်။

(၁၃) ဟင်းနုနွယ်ပင်ထဲမှာ သံဓာတ်ပမာဏ ၃ ဒသမ ၂မီလီဂရမ်ပါရှိပြီး ကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။

(၁၄) ပဲကတ္တီပါထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ၆မီလီဂရမ်ပါရှိပြီး ခွန်အားတိုးပွားစေတဲ့အပြင် နှလုံးရောဂါ
ဖြစ်နိုင်ခြေနည်းပါးအောင် ကူညီပေးပါတယ်။

(၁၅) တို့ဟူးထဲမှာ သံဓာတ်ပမာဏ ၂ ဒသမ ဝ မီလီဂရမ်ပါရှိပြီး အာဟာရဓာတ်ပြည့်ဝတာကြောင့် သက်သတ်
လွတ်စားသူတွေ မှီဝဲသင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

(၁၆) ပဲထောပတ်ထဲမှာ သံဓာတ်ပမာဏ ၁ ဒသမ ၈မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု သတ္တုဓာတ်တွေနှင့် အင်ဇိုင်းတွေကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။

(၁၇) ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ သံဓာတ် ပမာဏ ၁ ဒသမ ၂ မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်တွေ အမြောက်အများပါရှိတာကြောင့် အူမကြီးနှင့် အစာအိမ်ကင်ဆာတို့ကို မဖြစ်စေအောင် ဟန့်တားပေးပါတယ်။

ကိုးကား Women Health
ပေါက်ပေါက်
The Mirror Daily
https://www.facebook.com/TheMirrorDaily

HCQ ဆိုတဲ့ ငှက်ဖျားဆေး ဟာ နှလုံးရောဂါကိုပါ ကုသနိုင်တာကို တွေ့ရှိ




သိပ္ပံ ပညာရှင်တွေဟာ နှလုံးရောဂါ အတွက် ကုသနိုင်မယ့် ဆေးကို တွေ့ရှိခဲ့ပြီး အဲဒီဆေးကတော့ ၁၉၅၀ ခုနှစ်ကတည်းက ထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုး ပဲ ဖြစ်ပါတယ်။

နှလုံးရောဂါ ဟာ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ လူဦးရေ ၉၀၀,၀၀၀ ယောက်တို့ကို သက်ရောက်မှု တွေ ရှိခဲ့ပါတယ်။

အသက် အရွယ်မရွေး နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး လူအများစုကတော့ အသက်ကြီးပိုင်းတွေပဲ ဖြစ်ပါတယ်။ ထို နှလုံးရောဂါရှင်တွေရဲ့ ထက်ဝက်လောက်က အသက် ၇၅ နှစ်အထက် တွေပဲဖြစ်ကြပါတယ်။

Hydroxychloroquine (HCQ) ဆိုတဲ့ ဆေးဝါးတစ်မျိုးဟာ လွန်ခဲ့တဲ့ ၆၅ နှစ်ကတည်းက ငှက်ဖျားရောဂါ ကုသဖို့အတွက် တီထွင်ခဲ့ကြတာဖြစ်ပြီး တီထွင်ပြီး မကြာခင်မှာပဲ ထိုဆေး ဟာ ခုခံအား ကျဆင်းစေတဲ့ ရောဂါတွေဖြစ်တဲ့ Lupus နဲ့ rheumatoid arthritis တို့လိုရောဂါ တွေကိုလည်း ပျောက်ကင်းစေတာကို သိရှိခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာတော့ Oxford တက္ကသိုလ်က သုတေသီတွေဟာ နှလုံးရောဂါကို ထိုဆေးဝါးနဲ့ သက်သာစေနိုင်တာ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

" Lupus ရောဂါဖြစ်ပွားနေတဲ့သူတွေဟာ နှလုံးကိုပါထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီလို Lupus ရောဂါ ခံစားနေရတဲ့ သူတွေကို HCQ တိုက်ကျွေးလိုက်တဲ့အခါမှာ နှလုံးရောဂါ ဖြစ်ပွားနိုင်နှုန်းလည်း လျော့နည်းသွားတာကိုတွေ့ရပါတယ်။ " လို့ ထိုသုတေသန ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Rebecca Burton ကဆိုပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ ထို HCQ ဆေးဝါးဟာ နှလုံးရဲ့ sino-atrial node လို့ခေါ်တဲ့ နေရာ မှာ သက်ရောက်မှုတွေဖြစ်လာအောင်လုပ်ဆောင်ပေးပါတယ်။ ထိုနေရာမှာရှိတဲ့ ဆဲလ်တွေဟာ နှလုံးရဲ့ကြွက်သားတွေက ထုတ်လွှတ်ပေးတဲ့ အီလက်ထရို အချက်ပြ မှုတွေကို ဖန်တီးပေးပြီး နှလုံးခုန်ခြင်းကို ထိန်းထားပေးပါတယ်။ HCQ ဟာ ထို အရေးကြီးတဲ့ အီလက်ထရို အချက်ပြမှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းကို ဖန်တီးပေးနိုင်တာပဲ ဖြစ်ပါတယ်။

ထို အဖွဲ့ဟာ HCQ ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာ လေ့လာ စမ်းသပ်နေပြီး အောင်မြင်သွားတာနဲ့ ဗြိတိန် နိုင်ငံ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု (NHS) တစ်ဆင့် ထိုဆေးတွေကို နှလုံးရောဂါ ခံစားနေရသူတွေထံ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror

အမျိုးသမီးတွေ မျက်နှာ နီရဲ လာခြင်း အကြောင်းအရင်း




အမျိုးသမီးတွေ အနေနဲ့ မျက်နှာ နီ လာတာကို စိတ်ပျက်နေစရာ မလိုပါဘူး ၊ အဲဒီလို နှင်းဆီရောင်လွှမ်းနေတဲ့ မျက်နှာတွေဟာ အမျိုးသားတွေကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတာကို လေ့လာမှု အသစ်တစ်ခုက ပြသလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့  သန္ဓေအောင်ခြင်းကို ဖြစ်ပေါ်စေတဲ့ Oestradiol ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ အမြင့်ဆုံး အဆင့်ကို ရောက်နေတဲ့အခါမျိုးမှာ  သူမတို့ရဲ့ မျက်နှာ အသားအရေဟာ ပိုပြီး နီလာ တတ်ပါတယ်။ အဲဒီလို ဖြစ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အရေပြားရဲ့ သွေးကြော တွေ ပိုမိုကြီးမားလာစေတာပါပဲ။

အရင်တစ်ခေါက် လေ့လာတွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သန္ဓေအောင် လိုချိန်တွေနဲ့ လစဉ် ဓမ္မတာ ချိန်တွေမှာ အနီရောင် (သို့) ပန်းရောင် တွေကို ၀တ်ဆင်ရတာ နှစ်သက်ကြတယ်လို့ သိရပါတယ်။

အဲဒီလို အနီရောင် ရှိတဲ့ အရာတွေဟာ ဥရောပ လူဖြူ အမျိုးသမီးတွေနဲ့ အာဖရိက လူမည်း အမျိုးသမီးတွေ ကို ကျန်းမာတဲ့ မျက်နှာ အနေအထား မျိုးဖြစ်ပေါ်စေတယ်လို့ သုတေသန အရသိရပါတယ်။

"Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေရှိနေပါတယ်။ Oestradiol ဟာ သွေးလည်ပတ်မှုကိုတွေ များလာစေပြီး သွေးကြောတွေကို အရေပြားနဲ့ ပိုမို နီးသွားစေတဲ့အတွက် မျက်နှာ နီ လာတာပဲ ဖြစ်တယ် " လို့ Glasgow တက္ကသိုလ်က ပရော်ဖက်ဆာ Benedict Jones က ဆိုပါတယ်။

Oestradiol ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာဟော်မုန်း တစ်မျိုးဖြစ်ပြီး ရင့်ကျက်မှုကို စတင်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းလည်း ဖြစ်သလို ၊ အမျိုးသမီးတွေရဲ့ မျိုးပွားခြင်း ဓမ္မတာ ကို ပုံမှန်လည်ပတ်စေတဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ အသက် ၂၁ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီး ၁၁၆ ယောက်ကို ရက်သတ္တပတ် ၅ခုစာ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို Volunteers အမျိုးသမီးတွေရဲ့ မျက်နှာကို နောင်ရောင်ခြည်ခံ ခရင်မ် ၊ လိုးရှင်း ၊ အခြား ဆေးဝါး ဘာတစ်ခုမှ မသုံးစွဲခိုင်းပဲ သူတို့ရဲ့ မျက်နှာ အနေအထားတွေကို အချိန် အလိုက် လေ့လာခဲ့ရာမှာ Oestradiol နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာ နီရဲလာမှုတို့ဟာ တိုက်ရိုက် ချိတ်ဆက်မှုတွေရှိနေတယ်ဆိုတာကို သိခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref : Dailymail

ဆီးချိုရောဂါ အား ချောကလက်စားခြင်းဖြင့် သက်သာစေနိုင်ကြောင့် လေ့လာတွေ့ ရှိ


(ဒီလို ချောကလက် အကြောင်းကို အရင်တင်ပေးထားပါသည် အခု News တခုမှ ပါလာလို့  မျှဝေခြင်းပါ )

ဗြိတိန်နိုင်ငံ ဆေးပညာရှင်သုတေသီများ၏ လေ့လောတွေ့ ရှိချက်အရ ဆီးချိုရောဂါ အား ချောကလက်စားခြင်းဖြင့် သက်သာစေနိုင်ကြောင့်လေ့ လာတွေ့ ရှိခဲ့ရသည် ။

“ ဖလာဗာနိုစ် “ဟု အမည်ရသော ရောဂါတိုက်ဖျက်နိုင်သည့် ဓာတုဓာတ်တမျိုး ချောကလက်တွင် ပါဝင်သောကြောင့် ဆီးချိုရောဂါကို သက်သာစေခြင်းဖြစ်သည် ။

သို့ သော် ချောကလက် အမည်းရောင်၌သာ အဆိုပါ ဓာတ်ပါဝင်ပြီး နို့ ချောကလက်နှင့် အဖြူရောင်ချောကလက်များတွင် ပါဝင်ခြင်း မရှိပေ ။

ဗြိတိန်တွင် လူပေါင်း ၁ ဒသမ ၈ သန်းခန့် ဆီးချိုရောဂါ ကြုံတွေနေရကြောင်းသိရသည် ။
News

Mg Mandalay
https://www.facebook.com/mg.mandalay

စိတ်ကျခြင်းကိုရှောင်ရှားပါ


ဆန်းပြားသောစိတ်ပိုင်းဆိုင်ရာကြောင့် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည် ။ စိတ်ထောင်းရင် ကိုယ့်ခန္ဓာကိုယ်တောင် လုပ်ကိုင်နေပေမဲ့ အားမလို အားမရဖြစ်လာတက်သည့် စိတ်ပါ ။

စိတ်ဓာတ်ကျနေသည့်အခါမှာ လူက မလှုပ်ချင် မကိုင်ချင်လောက်အောင်ပင်ဖြစ်ပေါ်လာတက်သည် ။

အဲလိုစိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပေါ်လာပြီဆိုလျှင် လုပ်ဆောင်သင့်ခြင်းအကောင်းဆုံးက လေ့ကျင့်ခန်းလုပ်ပေးရပါမယ် လမ်းတွေလျှောက်ပေးရပါမယ် အသက်ဝဝ ရှူရိုက်သည့်လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ဆောင်ရပါလိမ့်မည် အဲလို လုပ်ဆောင်ပေးခြင်းကြောင့် ပြန်လည်လန်းဆန်းလာပါလိမ့်မည် ။ ညဖက်ပိုင်း အိပ်ချိန်များကို လျော့နည်းခြင်းမရှိစေရပါဘူး အိပ်ရေးပျက်မှု့ တွေများလာပြီဆိုလျှင် သွားလာနေထိုင်သည့် ခန္ဓာကိုယ့်တွေလေးလံလာမယ် လှုပ်ရှားခြင်းတွေနည်းပါးလာမယ် နောက်တစ်ခုတက်လှမ်းမှု့ က အစားအသောက်တွေပျက်လာပါမယ် အဲလိုမျိုးဖြစ်ပေါ်လာခဲ့ရင် ကျန်းမာရေးကို ဆိုးရွားစွာဖြစ်ပေါ်လာပါလိမ့်မည် ။

စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျဆင်းခြင်းအတွေးစိတ်တစ်ခုမျှ မိမိစဉ်းစားမိလာလျှင် အားမရခဲ့လျှင် ဌင်းအကြောင်းအ၇ာအတွေးများကို ချက်ခြင်းဖယ်ထုတ်ရှင်းလင်းလိုက်ပါ မိမိဝါသနာပါသော အလုပ်ကို သာမန်လုပ်ဆောင်နေသည့်အချိန်ထက် အနည်းငယ် ပိုမိုလုပ်ဆောင်လိုက်ပါ ။ စိတ်အာရုံပြောင်းလဲခြင်းတစ်ခုကိုချက်ခြင်း အစားထိုးလုပ်ဆောင်ရပါလိမ့်မည် ။
စိတ်ကို စိတ်နဲ့ ပြန်လည်ကုသရပါလိမ့်မည် ။ စိတ်ပိုင်းဆိုင်ရာဝေဒနာအရပ်ရပ်များစွာရှိနေပေမဲ့ စိတ်ဓာတ်ကျဆင်းခြင်းသည့် မိမိရှင်သန်နေသည့်ဘဝတွက် အနာဂတ်ကို ပုံဖော်နိုင်စွမ်းစွမ်းရည်တွေလည်း ပျောက်ကွယ်သွားတက်ပါသည် ။ အခုတင်ပြချက်သည့်လုံလောက်သောအနေအထားတစ်ခု မဟုတ်ပါ ဆန်းကြယ်သောစိတ်ပိုင်းဆိုင်ရာအကြောင်းများစွာကို ရေးသားတင်ပြခဲ့ပြီးလည်းဖြစ်ပါသည် ။

အမျိုးသားများတွင်စိတ်ဓာတ်ကျဆင်းခြင်း လက္ခဏာကို သိသာနိုင်ပေမဲ့ အမျိုးသမီများအနေဖြင့် သိသာနိင်ခဲးပါသည် ။ ပြောဆိုရခြင်းကို ရှက်ကြောက်ခြင်းနှင့် တစ်ခြားလုပ်ဆောင်သည့်သည်များကို အရှက်အကြောက်များကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာအတွက် ဖော်ဆောင်နိုင်ရန် ခက်ခဲးပါသည် ။ မိမိဖာသာ ခံစားခြင်းကိုဘဲ အမျိုးသမီးများကသာ ဖြစ်ပေါ်ပါတယ် ဒါပေမဲ့ အမျိုးသားများထက် အမျိုးသမီးများတွင်ချက်ခြင်း ကြီးမားသော ပြသနာမဖြစ်ပေါ်ပေနိုင်ပေမဲ့ ကာလရက်ရှည်လာလျှင်တော့ မကောင်းပါဘူးလို့ ပြောပါရစေ ။

တဖြေးဖြေးခြင်း လောင်မြိုက်တက်သော စိတ်ဓာတ်ကျဆင်းကို လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း ၊ လေကောင်းလေသန့် များကို ဝဝလင်လင်ရှုရှိုက်ပေးခြင်း ၊ အစားသောက်ကို ပုံမှန်အတိုင်းဖြစ်အောင် စားသောက်ပေးခြင်း ၊ မိမိ ဝါသနာပါသောအလုပ်ကို အချိန်ပိုမိုလုပ်ဆောင်ပေးခြင်း ၊ မိမိခံစားမှု့ ကိုဖွင့်ဟတိုင်ပင်ပြောကြားပေးခြင်း ၊ အိပ်ရေးပျက်ခြင်းအပြု့ အမှု့ ရှောင်ရှားခြင်းနှင့် တရားထိုင်အလုပ် လုပ်ဆောင်ပေးခြင်းတို့ သည့် ကျော်လွှားနိုင်သော နည်းလမ်းတစ်ချို့ ပင်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay

စိတ်ကျရောဂါ (Depression ) သိထားသင့်သည်


စိတ်ကျရောဂါ ( Depression ) သည် ဘယ်လို လူမျိုးတွေမှာဖြစ်နိုင်ပါသလဲလို့ မေးလာနိုင်စရာရှိပါတယ် ၊ သုတေသန ပညာရှင်တွေ ၊ လူတန်းစားအလွှာပေါင်းစုံ ၊ အောင်မြင်ခြင်းရရှိသူတွေ ရှုံးနိမ်းခြင်းကျဆုံးခြင်းဖြစ်သည့်လူတွေ နောက်ဆုံးကုန်ကုန်ပြောရရင် လူသားများဖြစ်သော လူသားတိုင်းဖြစ်နိုင်သည့် ရောဂါတမျိုးဘဲဖြစ်ပါတယ် ။

ဒီလို စိတ်ကျရောဂါ ဖြစ်ပွားနေသော သူများတွင်လည်း တခြားရောဂါများလည်း ရှိနေနိုင်ပါသည် ။ စိတ်ကျရောဂါ ဖြစ်ပွားနေပြီးလို့ သတ်မှတ်ထားသည့်ကိုတော့ စိတ်ပျက်ဖွယ် လည်း မဟုတ်ပါဘူး စိတ်ကျရောဂါသည် ကုသခြင်းဖြင့် ပြန်လည်ကောင်းမွန်နိုင်သော ရောဂါတစ်မျိုးလည်း ဖြစ်ပါသည် ။ ကမ္ဘာ့ စိတ်ကျန်းမာရေး အဖွဲ့ ၏ လေ့လာထာသော အစီရင်ခံစာ အရ ထုတ်ဖော်တင်ပြထားသည်မှာ လူ ၂၀ တွင် တစ်ယောက်သည် စိတ်ကျရောဂါ ဖြစ်ပွားစေသည်ဟု ထုတ်ပြန်ခဲ့ပါသည် ။
စိတ်ကျရောဂါ ရဲ့ လက္ခဏာတွေ အများကြီးရှိသည့်ထဲ့မှာ လူတိုင်းသိနားလည်နိုင်သည့် အချက်တွေကို တင်ပြရမယ်ဆိုရင် မိမိသည့် အလိုလိုနေရင်း မောပန်းနေမယ် အာရုံစိုက်ခြင်းတွေ နည်းပါးလာပြီးတော့ အာရုံစိုက်မှုတွေ ခက်ခဲနေလာမယ် စိတ်ခံစားချက်တွေက မအီမလည်ကြီးတွေ ဖြစ်နေမယ် အလိုလို နေရင်းနဲ့ လည်း စိတ်တိုနေတတ်တယ် ဘာလုပ်လုပ် မဖြစ်တော့ပါဘူးကွာ ဆိုသည့် စိတ်ပိုင်းဆိုင်ရာတွေမှာလည်း စိတ်ဓာတ်တွေ ကျဆင်းနေမယ် ဒါတွေဟာ စိတ်ဓာတ်ကျဆင်းခြင်း ရဲ့ လက္ခဏာတွေဘဲဖြစ်ပါတော့သည် ။

စိတ်ကျရောဂါ ကြောင့် လူတစ်ယောက်၏ လုပ်ငန်းဆောင်တာများ ကို ထိခိုက်စေပါသည် နောက်ဆက်တွဲ အဖြစ် အဆိုးဆုံးမှာ ခံစားလာမိသော စိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ( Suicide ) ကို ဖြစ်ပွားလာစေနိုင်ပါသည် ။

အသက်ပိုင်းခြားအလိုက်ကတော့ ယနေ့ လူငယ်များ နှင့် လူလတ်ပိုင်း တွေ ပိုများပြားလာကြောင့်တွေ့ ရှိနေရပေသည် ။အသက်ကြီးရင့်သည့် အပိုင်းတွင် ရာခိုင်နှုန်း နည်းပါးကြောင်းလည်း လေ့လာတွေ့ ရှိပါသည် ။
အာရှဒေသများဖြစ်သော စင်္ကာပူနိုင်ငံ ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ တွင် လွန်ခဲ့သော နှစ်များကပင် သေကြောင့်ကြံစည်မှု့ သည် ခေတ်စားသလို့ဖြစ်ခဲ့ဘူးပါသည် ။

ကမ္ဘာ့ကြီးအပေါ်တွင် လူသားအားလုံးအနေနဲ့  ပြောပြရရင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ကြောင့် နှစ်စဉ်လူဦးရေ တစ်ဘီလီယံ သည် ဝမ်းနည်းကြေကွဲစွာ အဖြစ်များနဲ့  သေဆုံးနေကြရပါသည် ။ တနည်းအားဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် နေ့ စဉ် လူသုံးထောင် လောက်သေဆုံးနေကြရပါသည် ။ ထိုကဲ့သို့  လုပ်ဆောင်သူသည့် အကြိမ် ၂၀ အထက် သေကြောင်းကြံစည်ကြကြောင်း စာတမ်းများ သိတင်းများ ထုတ်ပြန်ချက်များ အရ သိရှိရပါသည် ။

အမျိုးသမီးများသည် စိတ်ကျရောဂါ ဖြစ်ပွားမှု့  အများဆုံးဖြစ်ပွားခဲ့ပြိး ဆင်းရဲခြင်း ၊ လှပမှု့ ကိုရှေ့တန်းတင်မိခြင်း ၊ ပညာရေး အဆင့်အတန်း နိမ့်ကျခြင်း ၊ မျိုးရိုးရှိခြင်း ၊ လိင်အကြမ်းဖက်မှု့ ပြုမှုခံစားရခြင်း ၊ အချစ်ရေး ကိစ္စများ ၊ အိမ်ထောင်ကွဲခြင်း ၊ နာတာရှည်ရောဂါများ ခံစားရခြင်းတို့ သည် စိတ်ကျရောဂါ ဖြစ်ပွားမှုများသော အခြေအနေအရပ်ရပ်များ ဖြစ်ပါသည် ။


စိတ်ကျရောဂါဖြစ်ပွားသူတွက် ကူညီနိုင်သော နည်းလမ်းများမှာ -
စကားပြောပြောပေးခြင်း ၊ ပြောဖြစ်သည့် အကြောင်းများကို ဂရုတစိုက် နားစိုက်ထောင်ပေးခြင်း ၊ ဘာသာရေး အသိများကို တဖြေးဖြေးခြင်း သိရှိနားလည်အောင် လေးလေးနက်နက် အသိပေး ပြောပြပေးခြင်း ၊ စိတ်ရောဂါအတွက် ဆေးဝါးကုသမှု ပြုလုပ်ပေးခြင်း ၊ ကုသခြင်းအတွက် လိုအပ်သော အကူအညီများ ထောက်ပံ့ပေးစေခြင်း ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်မှု၏ ရှေ့ပြေး လက္ခဏာများကို သိရှိအောင် လေ့လာခြင်း ၊ နေ့ စဉ်နေတိုင်း သူ၏ လုပ်ဆောင်ချက်များကို ဝင်ရောက်အကုအညီပေးပေးခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်အောင် လုပ်ပေးနိုင်အောင် များစွာကူညီပေးခြင်း တို့ ဖြစ်ပါသည် ။

ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ….စိတ်ကျရောဂါသည် ပြည့်သူကျန်းမာရေး ပြဿနာ တရပ် …..အနေဖြင့် ရောက်ရှိလာနေခြင်းကြောင့် လူတိုင်း လူတိုင်းအနေဖြင့် စိတ်ကျရောဂါ အကြောင်း သိရှိအောင် လေ့လာခြင်း ဖြင့် ထို စိတ်ကျရောဂါရှိကို … “ စိတ်ကျရောဂါ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးဆုံး အချိန် ” ( Depression : A Global Crisis ) ဆောင်ပုဒ်လေး အတိုင်း …လူသားများ အားလုံး ပူးပေါင်းပါဝင်ပြီး အသက်ရာကျော်ရှည်ပါစေ ရန် ……..

Mg Mandalay
https://www.facebook.com/mg.mandalay

စိတ်ကဖန်တည်း စိတ်ကျခြင်း


လူတစ်ယောက်တွင် စိတ်ကျခြင်းစိတ်ပိုင်းဆိုင်ရာ တစ်ခါတစ်ရံလူအတိုင်းတွေ့ ကြုံနိုင်ပါတယ် ဖြစ်လည်းဖြစ်ကြပါတယ် လူသားတွေ နေ့ စဉ်နှင့်အမျှ စားဝတ်နေရေး အတွက် လှုပ်ရှားကြရ ရုန်းကန်ကြရနဲ့  တစ်နေ့ နေ့ တစ်ချိန်တွင် စိတ်မသင့်သည့်အခါ ဆန္ဒတစ်ခုဖြစ်မလာသည့်အခါ ကြပ်တည်းခြင်းဆိုသည့်အသိတွေ ဖြစ်ချင်တာလည်း မဖြစ်ကြရသည့် သည် အတွေးစ တစ်စတစ်စဖြစ်ပေါ်လာခဲ့လျှင် စိတ်ကျရောဂါဖြစ်ပေါ်လာတက်ပါသည် ။ တစ်ချို့ တစ်လေမှ မသိသလို့ ဖြစ်ပေါ်လာပေနဲ့ တစ်ချို့ လူတွေမှာ ဆိုးဝါးစွာဖြစ်ပေါ်လာတက်ကြပါသည် ။

သည့်လို အချိန်တွေမှာအကောင်းဆုံးနည်းတစ်ခုကို ပြောပြရရင် စိတ်ကို စိတ်နဲ့ ဘဲ ပြန်လည်တိုက်ဖျတ်ချေမှုန်းပါလို့ ပြောကြားလိုပါသည် ။

စိတ်နောက်ကိုမလိုက်မိစေတော့ဘဲ အသိတရားဖြင့်ထိန်းချုပ်ရန်အလွန်အရေးကြီပါလာပါတယ် အဲလို့ အချိန်တွေမှာ စိတ်ကို စိတ်နဲ့ မချေမှုန်း မသတ်နိုင်ခဲ့ရင် မိမိကိုယ် အကြောင်းဖန်လာ ပြောမပြ မရေးချင်လောက်အောင်ပင်တွေ့ ကြုံဖြစ်ပျက်စွန့် ခွာသွားကြပါလေတော့သည် ။

တစ်ချို့ မှာမှု မသိလိုက် မသိဖာသာ ပျောက်ကင်းသွားတက်ကြတာလည်း ရှိပါကြသည် ။ ဒီလို စိတ်ကျရောဂါတွေဟာ အမျိုးသမီးများထက်စာရင် အမျိုးသားများတွင် ပိုမိုအဖြစ်များပါတယ် အခုနောက်ပိုင်းတွင် လူငယ်မိန်းကလေးများတစ်ချို့ ငယ်ငယ်ရွယ်ရွယ်ပင် ဖြစ်ပေါ်နေတာကိုလည်း တွေ့ ရှိချက်များစွာရှိလာနေပါပြီ ။တစ်ချို့ မိန်းကလေးတွေမှာမိမိအသားကို လှီးပစ်ခြင်း အိမ်ကနေထွက်ပြီး စိတ်အလိုလိုက်တာတွေလည်းပြု့ လုပ်ကြပါသည် ။ သည်လိုဖြစ်နိုင်တာက အသက်အရွယ်ရောဆိုင်သလားလို့ မေးစရာဖြစ်လာခဲ့ရင် ဖြစ်နိုင်ချက်တွေက အသက်အရွယ်မရွေးဖြစ်ပေါ်ပေနိုင်ပေမဲ့ ဆေးသုတေသနအချက်အလက်များအရပြောပြရရင် အသက် ၄၀ ကျော်အရွယ်တွေမှာအဖြစ်များကြပါတယ် ။

လူတစ်ချို့ တွင် စိတ်ကျရောဂါ ဖြစ်နေသော သူများသည် သာမန်လူများထက် ဝမ်းဗိုက်ပိုင်း ဝလာပြီး ဗိုက်ရွဲလာရန် အခွင့်အလမ်း ပိုမိုရှိသော်လည်း မူလတည်းက အဝလွန်နေသူအဖို့ တော့ စိတ်ကျရောဂါဖြစ်နိုင်ချေ ပိုမများနိုင်ပါ ။အရက်သေစာ မူးယစ်စေသည့်အရာများကို အလွန်သုံးစွဲသောက်သုံးသူများလည်း ဖြစ်တက်ကြပါသည် ။
အမျိုးသမီးများတွင် ရာသီမမှန် တော့ခြင်းဖြစ်လာခဲ့ပြီဆိုလျှင် ဂရုစိုက်သင့်ပါတယ် အဲလိုဖြစ်လာခဲ့ရင် နောက်ဆက်တွဲအနေဖြင့် စိတ်တွေ ဂယောက်ခြောက်ခြားဖြစ်လာမယ် မရှိတာကို အရှိထင် နားထဲ့မှာအသံတွေကြားလာနေမယ် ဟိုတစ်ယောက်ကပြောနေတယ် ကြားလားဆိုပြီး တစ်ယောက်တည်းပြောစကားတွေထွက်ပေါ်လာမယ်။ လူပြောများကြသည့် စကားတစ်ရပ်ပါ သူကတစ်ယောက်တည်းသမားဆိုတော့ ဂေါက်တောက်တောက် လို့ ပြောကြပါတယ် ။

ဒါကြောင့် စိတ်ကျရောဂါဖြစ်နေခြင်း၏လက္ခဏာရပ်များမှ -
ငေးမှိုင်တွေဝေနေခြင်း ၊ လုပ်ဆောင်ချက်မရှိဘဲ အကြောင်းမဲ့ စိတ်တွေတိုနေခြင်း ၊ စိတ်ဂဏာမငြိမ်ဖြစ်နေခြင်း ၊ အစာစားချင်စိတ်တွေမရှိခြင်း ၊ စားသည့်အခါတွင်လည်း ပုံမှန်ထက် အစားများကို အလွန်ပင်စားသောက်လာနေခြင်း ၊ ရောဂါမရှိဘဲ ခေါင်းတွေကိုက်နေခြင်း ၊ရည်မှန်းချက်ပန်းတိုင်လည်း မရှိတော့ခြင်း ၊ မောပန်းလွယ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အိပ်နေသည့်အချိန်တွင် အကြိမ်များစွာ လန့် လန့် နိုးပြိး ကြောက်စိတ်တွေအလိုလိုဖြစ်ပေါ်နေခြင်း ၊ မမြင်တာကို အမြင်လုပ်ပြီး တုန်ပြန့် မှု့ တွေ ဆောင်ရွက်လာနေခြင်း ၊ မိမိဘေးပတ်ဝန်ကျင်းကို အကောင်းလုံးဝ မထင်တော့ခြင်း ၊ လိင်ပိုင်းဆိုင်ရာစိတ်များလျော့ကျလာခြင်းနှင့် ပုံမှန်အပေါင်းအသင်းများနှင့်မသွားလာတော့ဘဲ မိမိတစ်ယောက်တည်းနေထိုင်ခြင်းတို့ သည့် သိသာထင်ရှားသောလက္ခဏာများဖြစ်ပါသည် သို့ သော်လည်း ဆန်းကြယ်သောစိတ်အပြု့ အမှုအယာများစွာလည်းရှိနေပါသေးသည် ။

အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay

ဥအမျိုးမျိုးတို့၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းများမှ ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

၁။ ကြက်ဥ၊ ၊ ငုံးဥ၊ ငှက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။

၂။ ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။

၃။ ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

၎။ ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင့်အမျှ လျှော့နည်းလာတဲ့ မျက်စိအားနည်းလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးခဲမှုနှင့် လေဖြတ်ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သတိပြုရန် =

ကြက်ဥ၏ အနှစ်ထဲတွင် ကိုလက်စရောပါဝင်မှု မြင့်မားနေသည့်အတွက်
နေ့တိုင်း မစားသင့်ပါ။ တစ်ပတ်ကို ၃၊ ၄ ကြိမ်သာ စားသင့်ပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ Eggs for health & Good Health

ကျန်းမာရေးသတင်းများ

ဘယ်အစားအစာတွေက ဘာရောဂါတွေကို ကာကွယ်ပေးနိုင်သလဲ


၁။ ပျားရည်

ပျားရည်မှာပါဝင်တဲ့ Antioksidant ဓါတ်တစ်မျိုးဟာ ခုခံအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ၊ ပိုးမွှားကူးစက်မှုတို့ကို တားဆီးနိုင်စွမ်းရှိပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေပြီး အားအင်ကို ပြည့်ဝစေပါတယ်။

၂။ အစေ့အဆန်များ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန်ကာကွယ်နိုင်ပါတယ်။ အစေ့အဆန်တွေမှာများစွာပါဝင်တဲ့
ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

၃။ ကန်စွန်းဥ

ကန်စွန်းဥမှာ ပါဝင်တဲ့ Beta-carotene ဓါတ်တွေက ကင်ဆာဖြစ်စေတဲ့ ဆဲလ်များကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ သုတေသီများက ဆိုထားပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာတို့လို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၎။ ကော်ဖီ

ကော်ဖီမှာပါဝင်တဲ့ Antioksidant (အင်တီအောက်ဆီးဒင့်) ဓါတ်က ဦးနှောက်သွေးကြော၊ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ ကော်ဖီမှ ကက်ဖင်းဓာတ်က ဦးနှောက်ကို အားကောင်းစေပြီး အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင်၊ သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ပဲသုပ်

ပဲအမျိုးမျိုးတို့မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ ပဲမှာပါတဲ့ ကစီဓာတ်က ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

၆။ ငရုတ်သီး

ငရုတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက အရိုးအဆစ် နာကျင်မှုများမှ သက်သာစေပါတယ်။ အင်တီအောက်ဆီးဒင့် ဓါတ်တစ်မျိုးဟာ တွယ်ဆက်တစ်သျှူးတွေကို free radical ပျက်စီးမှုကို ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပြီး အရိုးအဆစ် ယိုယွင်းမှုတွေကို လျော့နည်းစေပါတယ်။

၇။ အသား

အဆီမပါဝင်သည့် အသားမှာ ပါဝင်သည့် ပရိုတင်းဓာတ်တွေက စိတ်ခံစားမှုကို မြင်တင်ပေးနိုင်ကြောင်း Elizabeth Somer က ပြောပါတယ်။ အဆီမပါတဲ့ အမဲသားမှာ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲတွေရရှိနိုင်သည့်အတွက် အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

ဒီအစားအသောက်များအပြင် လူတို့၏ ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်သည့် အစားအစာများကတော့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ပဲသီး၊ ကန်စွန်းရွက်စတဲ့ အသီးအရွက်တွေ ဖြစ်ပါတယ်။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား ။ ။ Foods For Health-Home Medical Tips

ကျန်းမာရေးသတင်းများ

ဆိုဒီယမ်ဓာတ် ပါဝင်မှုများသော အစားအစာများကို စားသုံးပါက သွေးတိုးရောဂါ ဖြစ်ပွားနိုင်


ရန်ကုန် ၊ ၂၆-၅-၂၀၁၅

ဆိုဒီယမ်ဓာတ် ပါဝင်မှု များသော အစားအစာ များကို စားသုံးခြင်းသည် သွေးတိုး ရောဂါ ဖြစ်ပွားတတ်
 သောကြောင့် ဆိုဒီယမ်ဓာတ် ကို လျှော့ချသည့် အနေဖြင့် ဆိုဒီယမ် ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ များကိုသာ စားသုံးသင့်ကြောင်း
 ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး) က ပြောသည်။

ဆိုဒီယမ်ဓာတ် များစွာ ပါဝင်နေသော ဆား၊ ဟင်းချိုမှုန့်၊ ပဲပိစပ်ဆော့စ်၊ စားပွဲတင်ဆော့စ်နှင့် ဟင်းချက်ဆော့စ် များကို လွန်ကဲစွာ စားသုံးခြင်း၊ ဆိုဒီယမ်ဓာတ် ကို ပြုပြင်စီမံ ထားသော စည်သွတ် အစာဘူးများ၊ အသင့်စား ခေါက်ဆွဲများ၊ ဝက်ဆားနယ် ခြောက်များ နှင့် အေးခဲထားသော အစားအစာ များကို စားသုံးခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားပြီး ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များ ဖြစ်သော နှလုံး ရောဂါ၊ ကျောက်ကပ် ရောဂါ နှင့် နာတာရှည် ရောဂါများ ဖြစ်ပွားကာ ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း သိရသည်။

လူ၏ ခန္ဓာကိုယ်တွင်း ကောင်းစွာ အလုပ်လုပ် နိုင်ရန် ဆိုဒီယမ်ဓာတ် တချို့ လိုအပ်ပြီး ခန္ဓာကိုယ် အတွက် အရေးပါသည် များလည်း ရှိရာ ခန္ဓာကိုယ် ထဲတွင်ရှိသော အရည်ဓာတ်များ ဟန်ချက် ညီမျှအောင် ပြုလုပ်ပေးခြင်း၊ အာရုံကြောများ လှုံ့ဆော်မှု ကောင်းစေခြင်း နှင့် ကြွက်သားများ ကျုံ့ဆန့်ပြီး အနားရစေ ခြင်းများကို ကူညီ ဆောင်ရွက် ပေးလျက်ရှိရာ ဆိုဒီယမ် ပါဝင်သော အစားအစာ များကို လျှော့စားခြင်းဖြင့် ကျောက်ကပ် သည် ဆိုဒီယမ် ပမာဏကို ကောင်းစွာ သိုလှောင် ထားနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) မှ ကျန်းမာသော လူတစ်ယောက် သည် နေ့စဉ် ဆားသုံးစွဲမှု ၅ ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်း တစ်ဇွန်းထက်မပိုရ ဟူ၍ သတ်မှတ်ထားပြီး အသက်ငယ်သော ကလေးများ သည် ၅ ဂရမ်ထက် လျော့နည်းစွာ စားသုံးသင့်ပြီး ဆိုဒီယမ် ၁ ဂရမ်သည် ဆား ၂ ဒသမ ၅ ဂရမ်နှင့် ညီမျှကြောင်း သိရသည်။

ထိုသို့ ဆိုဒီယမ်ကို လျှော့စားရန် လိုအပ်သောကြောင့် ဆိုဒီယမ်ဓာတ် များစွာ ပါဝင်သော အစားအစာ များကို စားသုံးခြင်းမှ ရှောင်ကြဉ် ရမည်ဖြစ်ပြီး ဆိုဒီယမ် ပမာဏ လျော့နည်းသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် များနှင့် အသီးအနှံများ ကိုသာ စားသုံးရန်နှင့် ကြက်ကင်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆတ်သား ခြောက်ကင်၊ ပီဇာ အမျိုးမျိုးနှင့် ဟော့ဒေါ့မုန့် များတွင် ဆိုဒီယမ် ပါဝင်မှု များတတ် သောကြောင့် သတိပြု စားသုံး သင့်ကြောင်း သိရသည်။

နေနေ

Themyawadydaily
http://myawady-myawady.blogspot.com

ခန္ဓာကိုယ်မှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေကြောင့် ဥာဏ်ရည်ဥာဏ်သွေး နိမ့်ပါးနိုင်




ခန္ဓာကိုယ်မှာ သာမာန် ကူစက်ရောဂါတစ်ခု ဖြစ်ပွားရုံနဲ့တင် ဦးနှောက်ကိုသာ ထိခိုင်နိုင်ပြီး ဥာဏ်ရည်ဥာဏ်သွေး (IQ) ပါ နိမ့်ပါးသွားစေနိုင်တယ်လို့ သုတေသန အသစ်တစ်ခုက အခိုင်အမာဆိုလိုက်ပါတယ်။

သုတေသီတွေရဲ့  အဆိုအရတော့ ထို ဆက်စပ်မှုဟာ တစ်ကယ်မှန်ကန်ပြီး ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများလေလေ ဦးနှောက်ရဲ့ စွမ်းရည်ကို ထိခိုက်မှု ကြီးလေလေပဲ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ထို ထိခိုက်မှုဟာ နှစ်များစွာ ကြာရှည်နိုင်တယ်ဆိုတာကိုလည်း သုတေသီ တွေက သတိပေးထားကြပါတယ်။

ခန္ဓာကိုယ်မှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေဆိုတာဟာလည်း အစာအိမ် ၊ ဆီးလမ်းကြောင်း နဲ့ အရေပြား စတဲ့ ကူးစက်ရောဂါ တွေကိုပါ ဆိုလိုတာဖြစ်ပါတယ်။ ထို ကူးစက်ရောဂါတွေဟာ ဦးနှောက် ကို ထိခိုက်မှု အပြင်းဆုံး ဖြစ်ပေါ်စေမယ့် ရောဂါတွေဆိုလည်း ဟုတ်ပါတယ်။

ကူးစက်ရောဂါ ကြောင့်ဆေးရုံတက်ခဲ့ရတဲ့ လူတွေဟာ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေးထက် ၁.၇၆ ခန့် နိမ့်ပါးသွားတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ ကူးစက်ရောဂါကြောင့်ချည်းပဲ ဆေးရုံ ၅ ကြိမ် အထက်တက်ခဲ့ရသူတွေကတော့ ပျမ်းမျှထက် ဥာဏ်ရည်ဥာဏ်သွေး ၉.၄၄ လျော့နည်းသွားတာကိုတွေ့ရမှာပါ။

လူတစ်ယောက်ရဲ့ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေး ဟာ ၁၁၅ ထက်မများပါဘူး။

ထို လေ့လာမှုနဲ့ ပတ်သက်ပြီး Copenhagen တက္ကသိုလ်က Dr Michael Eriksen Benros က " ကူးစက်ရောဂါတွေဟာ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အကြောင်းအရင်းကတော့ ခုခံအား စနစ်ကြောင့်ပါ။ ကူးစက်ရောဂါတွေဟာ ခုခံအား စနစ်တွေကို တိုက်ဖျက်ပစ်လိုက်ပါတယ်။ ဦးနှောက်ကို ခုခံအား စနစ်က ကာကွယ်ပေးထားတာဖြစ်ပြီး ကူးစက်ရောဂါတွေဟာ ခုခံအားစနစ်ကို တိုက်ဖျက်ပစ်လိုက်တဲ့အတွက် ဦးနှောက် ကို ထိခိုက်စေနိုင်တာဖြစ်ပြီး ခုခံအား စနစ် ထိခိုက်တာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ အလိုလျောက်ဖြစ်ပေါ်လာတာပါ " လို့ လေ့လာမှုရဲ့ အကျိုးအကြောင်းကိုရှင်းပြခဲ့ပါတယ်။

ထိုလေ့လာမှုဟာ ၁၉၇၄ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်ကြားမှာ မွေးဖွားခဲ့တဲ့ လူ အယောက် ၁၉၀,၀၀၀ ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကို ၂၀၀၆ နဲ့ ၂၀၁၂ တို့မှာ ၂ ကြိမ် စစ်ဆေးကြည့်ခဲ့ပါတယ်။ ထိုလူတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ ဥာဏ်ရည်ဥာဏ်သွေး မစစ်ဆေးခင်တွေမှာ ကူးစက်ရောဂါကြောင့်ဆေးရုံတက်ခဲ့ရဖူးပါတယ်။ ထို ကူးစက်ရောဂါကြောင့်ဆေးရုံ တက်ခဲ့ရတဲ့ လူတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ သာမန် လူတွေရဲ့ ပျမ်းမျှ ဥာဏ်ရည်ဥာဏ်သွေးထက် နိမ့်ပါးနေတာကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

( Mario )

Ref : Dailymail

သံပယို ဖျော်ရည် မနက်စောစော သောက်သင့်တဲ့ ကောင်းကျိုးများ




လူတစ်ယောက်ယောက်က သင့်ကို မနက်ပိုင်းမှာ အစောဆုံး အစားအစာ အဖြစ် သံပယိုရည် နွေးနွေးလေး(Warm Lemon Water) ကို သောက်သုံးသင့်တယ်လို့ ပြောလာခဲ့ရင်တော့ အဲဒါဟာ မမှားပါဘူး။ သံပယို(Lemon) ဟာ အရသာ ရှိသလိုပဲ အာဟာရ ဖြစ်စေတဲ့ ဓါတ်တွေလည်း အများကြီးပါဝင်ပါတယ်။ သင်အိပ်ရာ ကနိုးနိုးချင်းမှာတင် သံပုယိုရည် ကို သောက်သုံးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ရေရှည် ကောင်းမွန်လာစေမှာပါ။

၁။ အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်

သံပယို မှာ သတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အစာချေဖျက်ခြင်းကရတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ကျွမ်းကျင်သူတွေက သံပယိုရည်နွေးနွေးလေးကို မနက်စောစောမှာ သောက်တာဟာ အစာအိမ်ရဲ့ လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။

၂။ ကိုယ်အလေးချိန်လျော့ကျစေပါတယ်

သံပယို နဲ့ ပျားရည်ကို နွေးနွေး လေး ဖျော်စပ်ပြီး မနက်စောစောမှာ သောက်သုံးတာဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ နည်းလမ်းကောင်းပါ။ သံပယိုမှာပါဝင်တဲ့ ဖိုင်ဘာတွေဟာ အစာအိမ်အတွင်း က ဗိုက်ဆာစေတဲ့ အရည်တွေကို ဖယ်ရှားပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက်လည်း အသုံးဝင်ပါတယ်။

၃။ အသားအရေ ကိုကြည်လင်စေပါတယ်

သံပယိုဟာ သွေးကြောထဲက အဆိပ်အတောက်တွေကိုသာ ဖယ်ရှားပေးရုံတင်မကပဲ သွေးကြောဆဲလ် အသစ်တွေကို လည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ပျားရည်နဲ့သာ ရောစပ်ပြီးသောက်သုံးမယ်ဆိုရင်တော့ သင့်အရေပြားတွေကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယား တွေကို ကင်းစင်စေပါတယ်။

၎။ ကိုယ်ခံအား ကောင်းစေပါတယ်

သံပယိုမှာ ဗီတာမင် စီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ ချွဲ ၊ သလိပ် ပမာဏ ကိုလျော့နည်းသွားစေပြီး ပိုတက်ဆီယမ် ပါဝင်တဲ့အတွက်လည်း အာရုံကြောစနစ်နဲ့ သွေးဖိအား ထိန်းချုပ်မှုတွေကို ကူညီပေးနိုင်ပါတယ်။

၅။ အဆိပ်အတောက်ပြေစေပါတယ်

အစောက ပြောခဲ့သလိုပဲ သံပယိုဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတဲ့ အပြင် သင့်ရဲ့ ဆီးသွားခြင်းကို လည်း ကောင်းမွန်စေနိုင်ပါတယ်။ သံပယိုမှာပါဝင်တဲ့ Citric Acid ဟာ အသည်း ကိုလှုံ့ဆောင်ပေးနိုင်တဲ့အတွက်လည်း အဆိပ်အတောက်တွေ ကင်းစင်စေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Menxp

ကျန်းမာရေးထိခိုက် စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် မြင့်တက်နေဆဲ ပဲ ဖြစ်




ပြီးခဲ့တဲ့ နှစ်တုန်းက လူဦးရေ ၅ သိန်းခန့်ဟာ ဆေးလိပ်သောက်တဲ့ အကျင့် ကိုဖျောက်ပစ်ဖို့အတွက် e-cigarettes တွေကို ပြောင်းသောက်လာကြတယ်လို့ သုတေသနတစ်ခု က ပြသခဲ့ပါတယ်။

Action on Smoking and Health (ASH)  အဖွဲ့က ပြောခဲ့တာကတော့ ဗြိတိန် နိုင်ငံမှာ e-cigerattes နဲ့ Vape သောက်သုံးသူ ၂.၁ သန်းခန့်ရှိရာမှ ၂၀၁၄ ခုနှစ်မှာ ၂.၆ သန်းထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သောက်သုံးမှု ပမာဏ တိုးလာစေတဲ့ လူတွေဟာ အရင်တုန်းက ဆေးလိပ်သောက်တတ်ကြသူများ ဖြစ်နေတာများပြီး e-cigarettes ကို ဆေးလိပ်ဖြတ်တဲ့ အရာ အဖြစ် သောက်သုံးလာကြတယ်လို့လည်း သိရပါတယ်။

တစ်ကယ်တော့ ဒါဟာ မှားယွင်းနေတာ ဖြစ်တယ်လို့ ASH အဖွဲ့က သတိပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို e-cigarettes တွေဟာ ဆေးလိပ်တွေထက်ပိုပြီး အန္တရာယ်ရှိနေလို့ပါ။

မနှစ်က ၁၅ ရာခိုင်နှုန်းသာ e-Cigarettes သောက်ခဲ့ကြတဲ့ လူအရေအတွက် ဟာ ၂၀၁၅ မှာ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပါပြီ။  ဒါ့အပြင် စီးကရက်တောင် မသောက်တတ်ခဲ့ပဲနဲ့ Vape သောက်သုံးခဲ့သူ ၀.၂ ရာခိုင်နှုန်းရှိနေပြီလို့လည်း သိရပါတယ်။

သိပ်မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ သုတေသန တစ်ခုအရတော့ အမေရိကန် လူမျိုးတွေက e-cigarettes တွေနဲ့ Vape တွေရဲ့ ဓာတုပစ္စည်း ပါဝင်မှုကို ကြွက်တွေနဲ့ စမ်းသပ်လိုက်တဲ့အခါမှာ လူတွေကို ကျန်းမာရေး ထိခိုက်စေမယ့် ဓာတုဗေဒ ပစ္စည်းတွေ ပမာဏ များပြားစွာ ပါဝင်နေပြီး အဆုတ် နဲ့ ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်သလို ခုခံအား စနစ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လူတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ e-cigarettes နဲ့ Vape သောက်သုံးသူ အရေအတွက် ကတော့ မြင့်တက်နေဆဲ ပဲ ဖြစ်ပါတယ်။

( Mario )

Ref : Dailymail

ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်သုံးမိပါက မွေးလာတဲ့ ကလေးအန္တရာယ်ရှိနိုင်




မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးခြင်းဟာ မမွေးရသေးတဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တယ်လို့ ဆေးပညာကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

အကယ်၍ မွေးလာမယ့်ကလေးက ယောကျာင်္းလေးသာဆိုရင်တော့ ရေပန်းအစားဆုံး နာကျင်မှု ပျောက်ကင်းဆေးဖြစ်တဲ့ ပါရာစီတမော ဟာ ထိုမွေးလာမယ့် ယောကျာင်္းလေးတွေကို မျိုးမအောင်ခြင်းကနေ ကင်ဆာရောဂါ အထိ ဘ၀ တစ်လျှောက်လုံး ထိခိုက်စေမယ့် ရောဂါမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

Edinburgh တက္ကသိုလ်က သုတေသီတွေ တိုက်တွန်းခဲ့တာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ပါရာစီတမော သောက်မယ်ဆိုရင် ၂ ကြိမ် ၂ ခါ စဉ်းစားဖို့လိုလိမ့်မယ်ဆိုတာပါပဲ။ ပါရာစီတမော သောက်သုံးလိုက်လို့ နာကျင်မှုတွေသက်သာ သွားခဲ့တယ်ဆိုရင်လည်း ခဏတာ လေးအတွင်းမှာ ထိရောက်မှု အနည်းငယ်ကိုသာ ရရှိမှာပါ။ မွေးလာမယ့်ကလေးငယ်ကတော့ ဘ၀တစ်လျှောက်လုံး ခံစားသွားရနိုင်ပါတယ်။

လေ့လာမှုများစွာကနေ သိခဲ့ရတာက ပါရာစီတမော ဟာ သားအိမ်အတွင်းမှာပင် ရှိနေသေးတဲ့ ကလေးငယ်ရဲ့  အမျိုးသား မျိုးပွား စနစ် ဖွံ့ဖြိုးမှုကို နှောင့်ယှက် ဟန့်တားလိုက်ပါတယ်။ ထိုစနစ်ဟာ အရေးကြီးပါတယ်။ ထို စနစ်ရဲ့ ဖွံ့ဖြိုးမှုဟာ မိခင်သားအိမ်ထဲမှာ ရှိနေစဉ်ကတည်းက  မှားယွင်းသွားခဲ့မယ်ဆိုရင် အသက်ကြီးလာတဲ့အခါ သန္ဓေအောင် လောက်အောင် မျိုးပွားခြင်းမှာ မစွမ်းဆောင်နိုင်တော့ပဲ ယောကျာင်္းလေးတစ်ယောက်အနေနဲ့ လူဖြစ်ရှုံးသွားရနိုင်ပါတယ်။

ပိုဆိုးတာက အမျိုးသားတွေရဲ့ အဖြစ်အများဆုံး ဝှေးစေ့နဲ့ဆိုင်တဲ့ (Testicular) ကင်ဆာရောဂါ အထိ ဖြစ်သွားစေနိုင်ပါတယ်။ဝှေးစေ့ အတွင်းမှာ ရှိတဲ့ အမျိုးသား မျိုးပွားစနစ်ရဲ့ အဓိက ဟော်မုန်းကို Testosterone လို့ ခေါ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆောင်နေစဉ်မှာ ပါရာစီတမော သောက်သုံးလိုက်မယ်ဆိုရင် သားအိမ်ထဲက မမွေးသေးတဲ့ ကလေးငယ်(ယောကျာင်္းလေး) ရဲ့ အမျိုးသား မျိုးပွားစနစ် ဖွံ့ဖြိုးမှုမှာ Testosterone ဟော်မုန်း ပမာဏ ကို ပါရာစီတမော က လျော့ချ ပစ်လိုက်မှာ ဖြစ်ပါတယ်။

ထိုလေ့လာမှုကိုတော့ Edinburgh တက္ကသိုလ်က Dr Rod Mitchell ဦးဆောင်တဲ့ အဖွဲ့က ကြွက်တွေနဲ့ စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ မိခင်လောင်းကြွက်တွေကို ပါရာစီတမော တိုက်ကျွေးလိုက်တဲ့အခါ မွေးလာတဲ့ ကြွက်အထီးတွေရဲ့ အမျိုးသားမျိုးပွား စနစ်ဟာ ဖွံ့ဖြိုးမှု မရှိတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

( Mario )

Ref : Dailymail

စိတ်ဖိစီးမှုတွေ နဲ့ စိတ်ပူပန်မှု တွေဟာ အသည်းရောဂါ အမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်




စိတ်ဖိစီးမှုတွေ နဲ့ စိတ်ပူပန်မှု တွေဟာ သင့်ကို စောစောစီးစီး အနိစ္စရောက်စေနိုင်တယ်လို့ လေ့လာမှု အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့ကြတာကတော့ စိတ်အားငယ်ခြင်း နဲ့ သောက များခြင်းတို့ဟာ အသည်းရောဂါအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပြီး သတ်မှတ်ချိန်ထက် စောပြီး ကွယ်လွန်ဖို့ လမ်းစကို မြှင့်တင်ပေးနိုင်ပါတယ်။

အခုလိုမျိုး စိတ်ဖိစီးမှုတွေ ၊ စိတ်ပူပန်မှုတွေနဲ့ အသည်းရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကိုတော့ အခုမှ ပထမဆုံး အကြိမ် သိရှိခဲ့ကြတာပါ။ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရတော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဟာ လူတွေကို နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေတယ်လို့ပဲ သိထားခဲ့ကြတာပါ။

အခုတစ်ကြိမ်မှာ ထပ်မံ သိရှိခဲ့ကြတာကတော့ အ၀လွန်ခြင်း နဲ့ သွေးဖိအား တိုးခြင်းတို့လိုမျိုး နှလုံးသွေးကြောကျဉ်း ရောဂါ ကိုလည်း ဖြစ်ပွားစေနိုင်ပြီး ထို နှလုံးသွေးကြောကျဉ်း ရောဂါ ဟာလည်း ပုံမှန် ဖြစ်နေကြ အသည်း ရောဂါ တစ်မျိုး နဲ့ ဆက်စပ်နေပါတယ်။ ထို အသည်းရောဂါကိုတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါ လို့လူသိများကြပါတယ်။

အဲဒီလို အသည်းမှာ အဆီဖုံးခြင်းဟာ အသည်းကို ယောင်ယမ်း ကာ အနာများ ဖြစ်ပေါ်စေပြီးတဲ့နောက် အသည်းရဲ့ အလုပ်လုပ်ဆောင်မှု တွေကို ရပ်နားလိုက်ပါတယ်။

ဒါကြောင့်မို့လို့ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေဟာ တိုက်ရိုက်မဟုတ်တဲ့ နည်းလမ်းနဲ့ အသည်းရောဂါကြောင့် သေဆုံးခြင်း ကို ဖြစ်စေနိုင်တာဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

Edinburgh တက္ကသိုလ်က Dr Tom Russ ဆိုသူနဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ လူဦးရေ ၁၆၅၀၀၀ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု တွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ ၁၀ နှစ်ကြာတဲ့အခါမှာ ဘယ်သူတွေဘာကြောင့် သေသွားတယ်ဆိုတာကိုလည်း စစ်တမ်း ကောက်ယူခဲ့ပြန်ပါတယ်။

အဲဒီအခါမှာတော့ စိတ်ဖိစီးမှု နည်းတဲ့ လူတစ်ချို့က အရက်သောက်သုံးခြင်းကြောင့် ၊ တစ်ချို့က အ၀လွန်ခြင်းကြောင့် ၊ တစ်ချို့က ဆီးချို ၊သွေးချို ရောဂါ တွေကြောင့် သေဆုံးသွားကြပြီး စိတ်ဖိစီးမှု အများဆုံး ရှိခဲ့တဲ့ ပုဂ္ဂိုလ် တွေကတော့ အသည်းရောဂါ ကြောင့် သေဆုံးသွားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

( Mario )

Ref : Dailymail

တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ခွက် ခန့် သောက်သုံးတဲ့ အမျိုးသားတွေ ပန်းသေ နိုင်ခြေ နည်း




တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ခွက် ခန့် သောက်သုံးတဲ့ အမျိုးသားတွေဟာ ချစ်တင်းနှီးနှောတဲ့အခါ မစွမ်းဆောင်နိုင်တဲ့ "ပန်းသေခြင်း" ဝေဒနာကို ခံစားရဖို့ နည်းတယ်လို့ လေ့လာမှု တစ်ခုက ဆိုလိုက်ပါတယ်။

NHS အချက်အလက်တွေအရ ရယ်ဒီမိတ်ကော်ဖီ တစ်ခွက်မှာ ကဖိန်းဓါတ် ၁၀၀ မီလီဂရမ် ပါဝင်ပါတယ်။ ဖျော်သောက်ရတဲ့ နှပ်ကော်ဖီတွေမှာတော့ ကဖိန်းဓါတ် ၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။ လက်ဖက်ရည် ၁ ခွက်မှာတော့ ကဖိန်း ၇၅ မီလီဂရမ် ပါဝင်ပြီး ကိုကာကိုလာ ၁ ဘူးမှာတော့ ကဖိန်းဓါတ် ၄၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ နေ့စဉ် ကဖိန်းဓါတ် ၈၅ မီလီဂရမ် နဲ့ ၁၇၀ မီလီဂရမ် ကြား မှီဝဲ သူတွေဟာ ကဖိန်းဓါတ်လုံးဝမမှီဝဲသူတွေထက် ပန်းသေဖို့ ၄၂ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။ တစ်ေန့ကို ကဖိန်း ၁၇၁ မီလီဂရမ်နဲ့ ၃၀၃ မီလီဂ၇မ်ကြား မှီဝဲသူတွေကတော့ ၃၉ ရာခိုင်နှုန်း ပန်းသေနိုင်နှုန်း လျော့နည်းစေနိုင်ပါတယ်။

အ၀လွန်နေတဲ့ အမျိုးသားတွေနဲ့ သွေးဖိအား မြင့်နေတဲ့ အမျိုးသားတွေကတော့ ပန်းသေဖို့အတွက် အခွင့်အလမ်းပိုများတဲ့သူတွေ ဖြစ်ကြပြီး ထို အမျိုးသားတွေအနေနဲ့ တစ်နေ့ကို ကော်ဖီ ၁ ခွက် (သို့) ၂ ခွက်ခန့်သောက်မယ်ဆိုရင်တော့ ပန်းသေနိုင်နှုန်း လျော့နည်းစေနိုင်မှာပါ။ ဆီးချို ၊သွေးချို ရောဂါရှိသူတွေအတွက်ကတော့ ကဖိန်းဓါတ်က ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။

တက္ကဆက်ပြည်နယ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဆွေးနွေးခဲ့တာကတော့ ကဖိန်းဓါတ်ဟာ လိင်အဂါင်္မှာရှိတဲ့ သွေးကြောတွေကို သက်တောင့်သက်သာ ရှိစေပြီး သွေးလည်ပတ်မှုနှုန်းကိုလည်း မြင့်တက်လာစေတယ်နိုင်တဲ့ သက်ရောက်ပေါင်းများစွာကို ကဖိန်းဓါတ်က ဖန်တီးပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ထိုလေ့လာမှု ဟာ အမျိုးသား အယောက် ၄၀၀၀ ရဲ့ ၂၄နာရီဟာ အစားအသောက် မှတ်တမ်းတွေကို အချက်အလက် ကောက်ယတွက်ချက်ပြီး သုတေသနပြုလုပ်ထားတာဖြစ်ပါတယ်။ ထိုလေ့လာမှုကို ဦးဆောင်ခဲ့တာကတော့ စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာ David Lopez ပဲဖြစ်ပါတယ်။

( Mario )

Ref : Dailymail

အဝလွန်ခြင်းကို လျှော့ချစေသော နည်းလမ်းများ


ကိုယ်အလေးချန်ချက်ခြင်း ကျစေနိုင်သော နည်းလမ်းများအစား ဖြည်းဖြည်းချင်း လျှော့ချစေသည့် နည်းလမ်းများကိုသာ အသုံးပြုခြင်း ။

လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန် လျှော့ချရာတွင် အသုံးဝင်သည့်အပြင် ခန္ဓာကိုယ်ဖွဲ့ စည်းမှု ပြေပြစ်စေရန် ထိန်းသိမ်းပေးနိုင်ခြင်း ။

လက်ဖက်ရည် နှင့် ကော်ဖီများကို လျှော့၍ သောက်သုံးပေးခြင်း ။

အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း ။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများ စားသုံးပေးခြင်း ။

ရေများများသောက်ခြင်းသည်လည်း ကယ်လိုရီလျော့ကျစေနိုင်ခြင်း ။

မလိုအပ်သော စားသုံးမှုများကို ထိန်းသိမ်း ရှောင်ကြဉ်ခြင်း ။

အဆီများသော အစားအစာများ နှင့် အသားဟင်းများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း ။

သင်သည် အဝလွန်ခြင်း နှင့် ဝလာလို့  အလှပျက်မှာကို ကြောက်လန့် မိခြင်း မဖြစ်ပေါ်စေရန် မဝသေးခင် လိုက်နာပေးလိုက်ပါ ။ ကျန်းမာရေးအတွက် သိရှိလိုက်နာပြီး အသက်ရာကျော် ရှည်ပါစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မြွေအဆိပ်ကို ခြေဖျက်နိုင်သော ခွေးလှေးယားသီးနက်စေ့


အောက်မြန်မာပြည် ဆေးသုတေသနဦးစီးဌာနမှ ဆေးသုတေသီများသည်
ခွေးလှေးယားသီးစေ့ဖြင့် မြွေပွေး၏ အဆိပ်ကို ခြေဖျက်နိုင်ကြောင်း စမ်းသပ်ဖော်ထုတ်၍ မှတ်တမ်းတင်နိုင်ခဲ့သည်။

ထိုစမ်းသပ်မှုကို ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများဖြင့် စနစ်တကျ စမ်းသပ်ခဲ့သည်။ ခွေးလှေးယားသီအစေ့၏ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် လူကိုသေစေနိုင်သော မြွေပွေး အဆိပ်ရည်များကို ခြေဖျက်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှ မြွှေအကိုက်ခံရသော လူနာတို့အား ဆေးမြီးတိုအဖြစ် ခွေးလှေးယားသီးအစေ့ဖြင့် လက်တွေစမ်းသပ်ကုသခဲ့ရာ များစွာထိရောက် အောင်မြင်ခဲ့ကြောင်းလည်း
ဖော်ပြထားသည်။

ဆေးမြီးတိုဖြင့် အရေးပေါ်ကုသနည်း

(၁) ခွေးလှေးယားသီးစေ့ကို အမှုန့်ကြိတ်၍ မြွေအကိုက်ခံထားရသော
နေရာအား ထည့်ပေးပါ။

(၂) သို့မဟုတ် ၄င်းအမှုန့်ကို အရည်ဖော်၍ လိမ်းပေးပါ။

(၃) အစေ့ ၂ စေ့ခန့်ကို မီးဖုတ်၍ အခွံခွါကာ အဆန်ကို ၀ါးစားပေးပါ။

ခွေးလှေယားသီး(၂)မျိုး

ခွေးလှေးယားသီးသည် အရိုင်းသီး၊ အယဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ အယဉ်သီးမျိုးသည် ပို၍ ဆေးဖက်ဝင်သည်။ အစေ့သည် အနက်ရောင် ဖြစ်သည်။ အရိုင်းသီးသည် အမွေးပါသည်။ ယားတတ်သည်။ အစေ့သည် ၀ါဖတ်ဖတ်အရောင် ရှိသည်။ အယဉ်သီးသည် မြွေဆိပ်၊ ကင်းဆိပ်စသည့် အဆိပ်မျိုးစုံကို နိုင်သည်။ အခြားရောဂါများအတွက်လည်း အသုံးပြုနိုင်သည်။

ဆေးရုံဆေးခန်းနှင့်ဝေးလံသော တောရွာဒေသတို့တွင် အရေးကြုံလာပါက ဆေးမြီးတိုနည်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။

( ဒီပို့စ်ကိုလည်း မိမိတို့လက်လှမ်းမီသလောက် လက်ဆင့်ကမ်း မျှဝေပေးနိုင်ကြပါသည်)

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးမြီးများ၊ ဆေးဖက်ဝင်အပင်များ

ကျန်းမာရေးသတင်းများ

ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ အိမ်သာတက်ခြင်းဟာ အမှန်ကန်ဆုံးနည်းလမ်းဖြစ်




လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ် တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံ ပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း ပြောပြီး အောင်မြင်မှု ရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

ဂျာမနီ နိုင်ငံက အနုဇီဝ ပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ အခိုင်အမာ ပြောပြခဲ့တာ ကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက် ၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့ အရှေ့တိုင်း အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ငုတ်တုတ်ထိုင် မစင်စွန့်ခြင်း က ဘာကြောင့်မှားယွင်းရသလဲဆိုတာကိုလည်း ဂျာမနီနိုင်ငံ Frankfurt မြို့မှာ အနုဇီဝ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။

အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင် အိမ်သာတက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လို အူမကြီးအတွင်းမှာ နာကျင်မှု ကိုခံစားရတဲ့ ရောဂါ တွေဟာ အာရှနိုင်ငံတွေမှာ ထက် အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာ အိမ်သာတက်တဲ့ ပုံစံ အနေအထားကြောင့်ပါ။

"၁.၂ ဘီလီယံ အရေအတွက် ရှိတဲ့ ကမ္ဘာတစ်ဝှမ်းက ဆောင့်ကြောင့်ထိုင် ပြီး အိမ်သာတက်တဲ့သူတွေဟာ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလေ့သိပ် မရှိ သလို လိပ်ခေါင်းပြသနာ လည်း မရှိကြပါဘူး" လို့ Enders က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းဟာ အူလမ်းကြောင်းကို အန္တရာယ် ကင်းစေနိုင်ပါတယ်။ အစာအိမ်ကနေ အစာချေဖျက်ပြီး ကျန်နေတဲ့ အကြွင်းအကျန်တွေကို မစင်စွန့်ရတဲ့ အူလမ်းကြောင်း အ၀ ဟာ ကျွန်ုပ်တို့ ငုတ်တုတ်ထိုင်နေချိန်နဲ့ မတ်တပ်ရပ်နေချိန်တို့မှာ မစင်စွန့်ဖို့ အတွက် လိုအပ်သလောက် မဟ ပေးနိုင်ပါဘူး။ ထို အူလမ်းကြောင်းကို လုံလောက်စွာ ဟ နေစေဖို့အတွက် အာရှ နိုင်ငံ တွေမှာလို ဆောင့်ကြောင့်ထိုင် အိမ်သာတက်တာသာ အကောင်းဆုံး ဖြစ်ပါတယ်။

အနောက်နိုင်ငံ သုံး အိမ်သာတွေမှာ ဆောင့်ကြောင့်ထိုင် အသုံးပြုဖို့ကလည်း အဲဒီလို အသုံးပြုဖူးတဲ့ ကျောင်းသား တွေ ဒဏ်ရာကိုယ်စီ ရခဲ့ဖူးတဲ့ သာဓက တွေရှိနေပါတယ်။ ဒါကြောင့် အာရှ နိုင်ငံတွေမှာ သုံးတဲ့ အိမ်သာက သာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။



( Mario )

Ref : Dailymail




အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက "ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်"ဟု ထောက်ခံ ပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က "ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်"ဟု ရှင်းလင်းပြောဆိုသွားသည်။

Planet Myanmar Network

ရင်သားကို ပလပ်စတစ်ဆာဂျရီလုပ်တော့မှာလား Demi Lovato

ပလပ်စတစ်ဆာဂျရီလုပ်မယ့်လို့ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Demi Lovato ကအရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Heart Attack သီချင်းရဲ့အဆိုတော်မလေးဟာ အထူးသဖြင့် သူမရဲ့ ရင်သားနှစ်မွှာကြား အရွယ်အစားနဲ့ပါတ်သတ်ပြီးမပျော်ရွှင်နိုင်ဖြစ်နေကြောင်းဝန်ခံလိုက်ပြီး ရင်သားဖြည့်တဲ့ ခွဲစိပ်မှုလုပ်သင့်တယ်လို့ဆိုပါတယ်။

ပလပ်စတစ်ဆာဂျရီလုပ်ဖို့လိုတယ်လို့သူမထင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်ကိုပြောပြဖို့မေးတဲ့အခါ ၂၁နှစ်အရွယ်အဆိုတော်က “အဲဒါကျွန်မပဲဖြစ်မှာ။ ကျွန်မရင်သားနဲ့ပါတ်သတ်ပြီးလုပ်စရာရှိတယ်လေ။ သူတို့ဟာ ခြင်ကိုက်တဲ့ဒဏ်ရာလိုဖြစ်နေတယ်” လို့ Y100 ရေဒီယိုဌာနကိုပြောပါတယ်။

ရာသီနှစ်ခုပါဝင်ခဲ့ပြီး နောက်နှစ် X Factor ပြိုင်ပွဲရဲ့ဒိုင်လူကြီးအလုပ်ကိုဆက်လုပ်မှာမဟုတ်တဲ့ Demi ဟာ သူ့ကိုယ်သူချစ်မြတ်နိုးတတ်အောင်သင်ယူပြီး ၂၀၁၄ခုနှစ်မှာ ကျန်းမာစွာနေထိုင်ချင်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားသွားပါတယ်။

“အနားယူချိန်ဆိုတာကျွန်မအတွက်သိပ်အရေးကြီးပါတယ်။ ကျွန်မလုပ်ခဲ့ဖူးပြီး နှစ်သက်မြတ်နိုးတဲ့အလုပ်တွေကို ဟိုမှာဒီမှာ လုပ်သင့်တယ်လို့ထင်တယ်။ ကျွန်မအလုပ်များပြီဆိုရင် အိပ်ရေးလဲပျက်သလို ကျွန်မတကယ်ကို သန်စွမ်းကြံ့ခိုင်ချင်ပြီး ကျန်းမာရေးလဲကောင်းအောင်နေချင်တယ်လို့ ကျွန်မစဉ်းစားမိပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာအနားယူတာလုပ်ချင်ပါတယ်။ အားအင်တွေပြန်ပြည့်ဖို့ တစ်လအချိန်ယူရမယ်လို့ထင်ပါတယ်။ ပြီးတော့ကျွန်မအဲဒီ့ထက်ပိုပြီးလိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မနယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ကိုလဲဆုံးဖြတ်ခဲ့တယ်” လို့ဆိုပါတယ်။

Ref:starpulse
Trend Myanmar

ဆံပင်ဖြောင့်မည့် သူများ အတွက် သိသင့်သည်များ

ဆံပင်သားကို မီးအပူဖြောင့် စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေး သုံးကာ ဖြောင့်လိုက် မယ်ဆိုရင် ဘယ်လောကပဲ ကောက်သား ရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွား တတ်ကြတယ်။

ဆံပင်သားဖြောင့်စင်း လှပနေ တာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သားဖြောင့် ချင်ကြတဲ့ သူတွေက အကြောင်းပြချက် မျိုးစုံ ရှိကြတယ်။ ပင်ကို ကောက်သား ရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့်စင်း မနေဘဲ ပင်ကို ဆံပင်သား လှိုင်းတွန့်ပါသူတွေ၊ ဆံသား ကြမ်းတမ်းတဲ့ သူတွေနဲ့ ဆံပင်ဖြောင့် စင်းနေတာကို သဘောကျ နှစ်သက်တဲ့ သူတွေက ဆံပင်သားကို ပိုပြီး လှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့် တတ်ကြတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဆံပင်ဖြောင့်ပါစေ။ အဓိကကတော့ ကိုယ့်ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲလှပဖို့နဲ့ ပုံစံကျ သွားစေဖို့လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော်များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျ တတ်ကြပြီး၊ နည်းနည်းလေး ဆံပင်သား သိမ်နေမယ်၊ ကွေးနေမယ်ဆိုရင်တောင် မကြိုက်တတ်ကြဘူး။

ဒါဟာ ဆံပင်ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒ တစ်ခုပါပဲ။ ဆံပင်သား ဖြောင့်တော့ မယ်ဆိုရင် ဆံပင်မှာ အလွှာသုံးလွှာ ရှိပါတယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာ ပါဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြား ထားပါတယ်။ ဆံပင်ဖြောင့်တော့ မယ်ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့အရင် ဆံပင်ကိုထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာပိုပြီး ပုံစံကျစေဖို့ အတွက် ဖြောင့်စက်ကို အပူဆုံး အဆင့်ပေးပြီး ဆံပင်ကို စက်ဆွဲပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာသုံးလွှာထဲက နောက်ဆုံး အလွှာအထိ မီးအပူနဲ့ ဆေးတွေရောက်ရှိသွားမယ် ဆိုရင်တော့ ဆံပင်သားဟာပင်ကိုမူလ သင့်ဆံပင်သားလို မဟုတ်တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သား ဖြစ်သွား ပါတော့တယ်။ ဒါကိုဆံပင်ဖြောင့်တဲ့သူတွေက အရမ်းကို သဘောကျတတ် ကြပါတယ်။

ဆံပင်ဖြောင့် ထားတဲ့ အပိုင်းဟာ ဦးရေပြားက ဆံပင်သား ပေါက်လာ လေလေ၊ အဖျားပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျ လာလေလေ ဖြစ်တာကြောင့် ကြာလာတဲ့အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာ ပါတော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံပြောင်းလာပါတော့တယ်။ ပင်ကိုဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်းဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကိုမြင်ရတဲ့ အထိ ဖြစ်လာပါတော့တယ်။ဒါကို ဦးရေပြားမာသွားတယ်လို့ခေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆံပင်ပေါက်တာလည်း နှေးလာ တတ်ပါတယ်။ ဆံပင်ဖြောင့်တဲ့ သူပဲဖြစ်ဖြစ်၊ ကောက်တဲ့သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံ တစ်မျိုးတည်းကို စိတ်မ၀င်စားဘဲ အမျိုးမျိုး စိတ်ရဲ့ အလှအပ ပုံစံ ဖန်တီးမှုကို လိုက်ပြီး ပြောင်းလဲ နေတတ်ကြပါတယ်။

ဒါကြောင့် ဒီနေ့ဆံပင် ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင် တတ်ကြ ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာမျိုးကို မလုပ်သင့်ပါဘူး။ ဆံပင် အလွှာသုံးလွာထဲက ပထမအဆင့် အလွှာ လောက်ကိုပဲ ဆံပင်ဖြောင့်ဆေး ၀င်အောင် စက်ဆွဲပေးသင့်ပါတယ်။ ဒါမှ နောက်ထပ်ဘယ်လို ဆံပင်ပုံစံတွေပဲပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေပြာကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင် စတိုင်တွေကို နောက်ထပ် ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည် နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပံျ့နွယ်မှ မငယ်လေးက အကြံပြု ပြောပြ ပေးထားတာ တွေကို အလှအပ ရေးရာတွေ စိတ်ဝင်စားတဲ့ သူတိုင်းအတွက် ရေးသား တင်ပြ လိုက်ရပါတယ်။

မြ၀တီ

သန္ဓေတားဆေးကတ် သောက်သုံးခြင်းက အတွင်းတိမ် ဖြစ်ပွားစေနိုင်

သုံးနှစ်နဲ့အထက် သန္ဓေတားဆေးကတ် ocpills ကို သောက်သုံးရတဲ့ အမျိုးသမီးတွေဟာ အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ နှစ်ဆမြင့်တက်နိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါဟာ မိသားစုအစီအစဉ် ဆွဲဖို့ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေအပေါ် သန်းပေါင်း ၆၀နီးပါးကို ခြိမ်းခြောက်နေတဲ့ မျက်လုံးကွယ်နိုင်ခြင်းက ထိုးနှက်မှုတစ်ခုလို့လည်း သိရပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ Duke ဆေးတက္ကသိုလ်နဲ့ တရုတ်နိုင်ငံမှ Nanchang University တို့မှ သုတေသီတွေက ပူးပေါင်းလေ့လာ ခဲ့ပြီး ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ CDC ရဲ့ ၂၀၀၅ခုနှစ်မှ၂၀၁၀ခုနှစ်အတွင်း အမေရိကန်အမျိုးသမီး ၃၄၀၆ ဦးထံမှရရှိတဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအမျိုးသမီးတွေဟာ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ရပြီး မျက်စိကျန်းမာရေး စစ်ဆေးမှုတွေကို လည်း ခံယူခဲ့ကြပါတယ်။

တွေ့ရှိရတဲ့ အချက်ကတော့ သုံးနှစ်အထက် ocpills  သောက်သုံးရတဲ့ အမျိုးသမီးတွေဟာ သာမန်ထက် အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ ၂ ဆ မြင့်တက်နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ရလဒ်များအရ သန္ဓေတားဆေးကတ်ရဲ့ အတွင်းတိမ် ဖြစ်ပေါ်စေတဲ့အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေမယ့် ကာလ ကြာရှည် သုံးစွဲမှုဟာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံ risk factor ဖြစ်တယ်ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သက်နှင်း
ref: ANI
Health Updates Journal No. 98

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြဿနာများ

အနာမခံဘဲ အသာမစံရ နိုင်ပေ။

ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကို အချိန် ပမာဏ တစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ် စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်း ထားသလို ဖိအား အများကြီး ဖြစ်ပေါ် စေပါတယ်။

အဲဒီအခါ ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကို လှန်ထားရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ''ပုံစံ ကောက်ကြောင်းကို ပျက်စေပြီးလည် ပင်းရိုးများနဲ့ ခါးရိုးများကို ဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့် ဖိနပ်စီးပြီး လမ်းလျှောက် ပုံကြည့်ရတာ တကယ်ကို ထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ် ဒေါက်မြင့်ဖိနပ် ဝတ်ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်း ကွေးနေရသည့် အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ် စေပါသည်။

ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့ အမျှ သူမတို့ ခြေသလုံးရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက် ထိန်းသိမ်းနိုင်မှု လျော့နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာ နားချိန်မရဘဲ တောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်းဖြည်း တိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ် ရောင်ခြင်းများ ဖြစ်ပွားနိုင်သည်။ ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ် နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်း သွားစေပြီး ယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည် ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့ အတွက်ဆိုရင်၊ နာတာရှည် ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီး ဒေါက်မြင့် စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်း အကြံပေးလိုက် ရပါသည်။

မိုင်ကိ

Health Updates Journal

စပျစ်သီး ဖျော်ရည် အကျိုး သက်ရောက်မှု

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရ ဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာ သန်စွမ်းမှုကို ရရှိ စေပါတယ်။

လတ်တလော လေ့လာမှုတွေ အရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပြီး သွေးလှည့် ပတ်မှုကို ကောင်း မွန် စေပါတယ်။

၁။စပျစ်ဖျော်ရည်မှာ အင်တီ အောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရ ထရောတို့ အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင် စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီး ထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာထက် ပိုများပါတယ်။

၂။စပျစ်သီး ဖျော်ရည်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျ စေပါတယ်။ လေ့လာမှုအရ စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းပေး နိုင်ကြောင်း သိရ ပါတယ်။

၃။တက်ဖ် တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ စပျစ် ဖျော်ရည်ကို ပုံမှန် သောက်တာက ဦးနှောက်ရဲ့လှုပ်ရှားမှုကို ကောင်းမွန် စေကြောင်း သိရပါတယ်။

၎။တခြား လေ့လာမှုတွေ အရ နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေ ခံစား နေရတဲ့ လူနာတွေဟာ စပျစ်သီး ဖျော်ရည်ကို ပုံမှန် သောက်တာကြောင့် အကျိုးကျေးဇူး ရနိုင်ကြောင်း သိရပါတယ်။

၅။စပျစ် ဖျော်ရည်ဟာ စွမ်းအင် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်း ပေးနိုင်တာကြောင့် လန်းဆန်း တက်ကြွမှုကို ရရှိစေပါတယ်။ သံဓာတ် ချို့တဲ့နေတဲ့ အမျိုးသမီး တွေဟာ စပျစ်ဖျော်ရည် သောက်တာကြောင့် စွမ်းအား ကောင်းစေ ပါတယ်။

၆။စိတ်ဖိစီးမှု များနေသလား။ စပျစ် ဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဖိစီးမှု လျော့ကျပြီး လန်းဆန်း သွားပါ လိမ့်မယ်။

၇။သွေးတွင်း ကိုလက် စထရော အဆင့် မြင့်မားနေရင် စပျစ် ဖျော်ရည်ကို နေ့စဉ် ပုံမှန် သောက်ပါ။

၈။စပျစ် ဖျော်ရည်ကို ပုံမှန် သောက်နေသူ တွေက ဝမ်းမှန်မှန် သွားစေပြီး အသည်းနဲ့ အရေပြား ကျန်းမာ ရေးကို ကောင်းမွန် စေပါတယ်။

၉။စပျစ် သီးမှာပါတဲ့ ရက်စ်ဗာရ ထရောဟာ အယ်လ်ဇိုင်းမား ရောဂါရှိသူတွေမှာ amyloidal-beta peptides အဆင့် လျော့ကျ စေတာကြောင့် ဦးနှောက် ကျန်းမာရေး ကောင်းမွန် စေပါတယ်။

၁ဝ။စပျစ်သီးမှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ကူးစက် ပိုးဝင်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၁၁။စပျစ်သီး မှာပါတဲ့ ဖလေဗိုးနွိုက်တွေ ကမျက်စိ အတွင်းတိမ် ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ Tip! အဆင်သင့် စပျစ်သီး ဖျော်ရည်မှာ သကြားပါဝင်မှု မြင့်မားတာကြောင့် စပျစ် ဖျော်ရည်ကို အများအပြား မသောက်သင့်ပါ။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ စပျစ်သီးကို မိမိ ဘာသာ ဖျော်ရည် လုပ်ပြီး သောက်သုံး သင့်ပါတယ်။

မြ၀တီ


ကိုယ်အလေးချိန် လျှော့ချရာတွင် ကျန်းမာရေး မထိခိုက်စေရန် ပရိုတင်းများများ မှီဝဲပါ

ပရိုတင်းဓာတ် များတဲ့ အစာတွေက ကြွက်သား တည်ဆောက် မှုမှာ အရေးပါ တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ကိုလည်း ပြည့်စေ ပါတယ်။

ပရိုတင်းဆိုတာ အင်ဇိုင်း ဖြစ်ပေါ်ရေး အတွက် အရေးပါတဲ့ အပြင် အရေပြား၊ အရိုး၊ အရိုးနုနဲ့ သွေးတွေထဲမှာ အရေးကြီးတဲ့ ပါဝင် ပစ္စည်းတစ် မျိုးဖြစ်သလို ကိုယ်တွင်း ဆဲလ်နဲ့ တစ်သျှူး တွေ တည်ဆောက် ပြုပြင်ရေး အတွက်လည်း အရေးပါ ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချတဲ့အခါ ကျန်းမာရေး ထိခိုက်မှု မရှိစေဖို့ရာ အတွက် အောက်ပါ ပရိုတင်း ဓာတ်ပါတဲ့ အစားအသောက် တွေကို ထည့်စား သင့်ပါတယ်။

ပင်လယ်စာ

ဆယ်လ်မွန်ငါး၊ တူနာငါးတို့လို တချို့ငါးတွေမှာ အရေးကြီးတဲ့ အိုမီဂါ ၃ အဆီ ပါဝင် ပါတယ်။ ကမာနဲ့ ကဏန်းလို တခြားပင်လယ်စာ ထဲမှာလည်း အဆီနည်းပြီး ပရိုတင်းဓာတ် ပါဝင်မှု များပါတယ်။

ကြက်သား၊ ဘဲသား

အရေခွံခွာထားတဲ့ ကြက်သားနဲ့ ဘဲသားတွေမှာ အဆီနဲ့ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ပရိုတင်းဓာတ် အကောင်း ဆုံးပါဝင်တဲ့ အသားတွေ ဖြစ်ကြပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်း

ဒိန်ချဉ်၊ အဆီနည်းနို့၊ ဒိန်ခဲစတဲ့ အ ဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရို တင်းဓာတ် များစွာ ပါဝင်ပါတယ်။ ကြက် ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာလည်း ပရို တင်းဓာတ် ပါဝင်ပါတယ်။

ပဲအမျိုးမျိုး

ပဲနီလေး၊ ပဲစေ့စတဲ့ ပဲအမျိုးမျိုးမှာ အပင်ထွက်ပရိုတင်းဓာတ် အကောင်းဆုံး ပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း များ စွာ ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့် စေပါတယ်။

အခွံမာသော အစေ့အဆန်

ဗာဒံစေ့တစ်အောင်စမှာ ပရိုတင်းဓာတ် ခြောက်ဂရမ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဖက်တီး အက်စစ်တို့ ပါဝင် ပါတယ်။

အခွံချွတ်မထားသော ကောက်နှံစာ

ဆန်လုံးညို၊ ခရက်ကာမုန့်၊ ကွေကာ စတဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တွေမှာ ပရိုတင်းဓာတ် တချို့နဲ့ အမျှင် ဓာတ်အများအပြား ပါဝင်ပါတယ်။

အသား

အသားမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်ပေမယ့် အနီရောင် အသားက ကိုယ်တွင်း ရောင်ရမ်းမှုနဲ့ ရောဂါဝေ ဒနာဖြစ်နှုန်းကို မြင့်တက် စေတယ် လို့ လေ့ လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် အဆီနည်းပါးတဲ့ အသားကိုသာ ရွေးစား ပြီး ပြုပြင်ထားတဲ့ အသားတွေကို ရှောင်ဖို့ လိုအပ်ပါတယ်။


မြ၀တီ

နွားနို့ ပုံမှန်သောက်ခြင်းရဲ့ ကောင်းကျိုး ၊ ဆိုးကျိုးများ




ကျွန်ုပ်တို့အားလုံးဟာ နွားနို့သောက်ရခြင်းကိုနှစ်သက်သလို ကျန်းမာရေးအတွက် အကောင်းဆုံး အရာ အဖြစ်သတ်မှတ်ထားကြပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ် ပါဝင်ပြီး ဗီတာမင် ဒီ ကို ရရှိစေတဲ့အတွက် အရိုးကျန်းမာရေးအတွက် အသင့်တော်ဆုံး အရာ လည်း ဖြစ်ပါတယ်။

အဆီတက်စေတာကို ဖယ်လိုက်မယ်ဆိုရင်တော့ နွားနို့ရဲ့ ကောင်းကျိုးတွေက အံ့မခန်းပါပဲ။ သင့်ကို အချိန်ကြာရှည် ကျန်းမာနေစေမယ့် ပရိုတိန်း ကိုလည်း နွားနို့ သောက်ခြင်းက ရရှိစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆိုရင် ပရိုတိန်း အားကိုးနဲ့ သင် နွားနို့သောက်ပြီး အခြားအစားအစာတွေရှောင်ကြဉ်ကာ ၀ိတ်ချလို့ ရနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စိုက်ပျိုးရေး ဌာန က အရွယ်ရောက်ပြီးသူတွေကို နေ့စဉ် နို့ထွက်ပစ္စည်း ( နွားနို့ ၊ ဒိန်ချဉ် နဲ့ချိစ် )တွေကို တစ်နေ့ ၃ ခွက်ခန့် သောက်သုံးပေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒါဆို နွားနို့က ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား?

မကောင်းပါဘူး။ မိန်းကလေးတွေအတွက်တော့ သိပ်မကောင်းလှပါဘူး။ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အရိုးနဲ့ ပတ်သက်တဲ့ ဂျာနယ်တစ်ခုမှာ သုတေသန တစ်ခုက နွားနို့ဟာ မိန်းမတွေရဲ့ အရိုးပွ ပြသနာ ကို မလျော့သွားစေပါဘူး။ ၂၀၁၄ မှာ ထပ်မံလေ့လာခဲ့တဲ့ သုတေသန အရဆိုရင် အရိုးပွ ရောဂါရှိသူတွေ နွားနို့ အလွန်အကျွံ သောက်တဲ့အခါမှာ အရိုး ကျန်းမာရေး ပိုမကောင်းလာပဲ နည်းနည်းပဲ သောက်တဲ့ အမျိုးသမီးတွေထက် စောစော ကွယ်လွန်ဖို့ အခွင့်အရေးပိုများလာတာကိုတွေ့ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို နွားနို့ ၃ ခွက် သောက်ခြင်းဟာ အရိုးပွရောဂါ ဖြစ်လာဖို့ ပိုများပြီး တစ်နေ့ကို နွားနို့ တစ်ခွက်မှ မသောက်တဲ့သူတွေထက် စောစော ကွယ်လွန်ဖို့ သာ ဖြစ်လာနိုင်ပါတယ်။

တစ်ကယ်တော့ နွားနို့ဟာ လူငယ်တွေနဲ့ အမျိုးသားတွေအတွက် သာ ပုံမှန်သောက်သုံးဖို့ သင့်တော်တာကိုတွေ့ခဲ့ရပါတယ်။

( Mario )

Ref : Health Megazine

မိန်းခလေးအလှပြင် ပစ္စည်းများ များအား အန္တရယ်၇ှိသော ဓါတုဆေးများဖြင့် အတုများ ထုတ်လုပ်နေမှု မြင့်မားလာနေ




Date 18May2015

အင်္ဂလန်နိုင်ငံသူ Buyers risk ဘိုင်ယာရစ် ရဲ့ မျက်နှာ တခုလုံးမှာ အဖုအပိန့် တွေထွက်ပြီး နာတာ၇ှည် ခံစားနေတာ ကို ဆေးကု သရင်း နဲ့  သူသုံးနေတဲ့  အမျိုးသမီးအလှပြင် မိတ်ကပ်တွေမှာ ပါဝင်နေတဲ့ toxic chemicals ဓါတု ဓါတ်ပေါင်း ခုလို့ ဖြစ်လာရတာကို ဆရာဝန်များက စုံစမ်းဖေါ်ထုတ်နိင်ခဲ့ပါတယ်။

စုံစမ်းစစ်ရေးအဖွဲ့ တွေဟာ အင်တာနက်က အလှပြင်ပစ္စည်းအင်တာနက် အွန်လိုင်း မှ ကြော်ငြာစာမျက်နှာပါင်း ၅၅၀၀ ကိုစစ်ဆေးခဲ့ရာမှာ တရုတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ MAC ထုတ်ကုန်ပစ္စည်း ၄၇၀၀ ခန့် ဟာ ရေလမ်းကနေ ကွန်တိန်နာတွေနဲ့  ရောက်ရှိလာနေတာသိခဲ့ပါတယ်။

အဆိုပါအလှကုန်ပစ္စည်းတွေ အစစ်နဲ့ မခြား တုပပြုလုပ်ထားပါတယ်-အိမ်တွင်းအလုပ်ရုံတွေကနေ အန္တရယ်ရှိတဲ့ ဓါတု ဓါတ်ပေါင်းတွေ ဆိုးဆေးရည်တွေနဲ့  ပေါင်းစပ် ထုတ်ထားတော့ ကြာကြာသုံးမိတဲ့ သူတွေအတွက် အဖုအပိန့် တွေ -အသားအရည်မှာ အကွတ်တွေထွက်မယ်-မှည့်ခြောက်တွေ ပေါက်လာပြီး တချို့ ဆို ကင်ဆာရောဂါမျိုး အထိ ဖြစ်ပွား နိုင်တဲ့အတွက် အင်္ဂလန် နိုင်ငံမှာ အရေးပေါ် သတိပေးမှုတွေလုပ်နေရသလို အလှကုန်ပစ္စည်း တွေ ၀င်လာတဲ့ လမ်းကြောင်းတွေကိုလဲ ပိတ်ဆို့ ၇ှညဖွေ ဖမ်းဆီမှုတွေ လုပ်နေပြီလို့  daily mail online သတင်းမှာ ရေးသားဖေါ်ပြထားပါတယ်။

Social Action for Women - SAW
SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW

နွေရာသီတွင် သျှားစောင်းလက်ပတ်ကို သောက်သုံးခြင်း



လူတော်တော်များများဟာ သျှားစောင်းလက်ပတ်ကို အတွင်းကြေဒဏ်ရာမျိုးနှင့် နေလောင်သောအခါတွင် အသုံးပြုလေ့ရှိပါတယ်။

သျှားစောင်းလက်ပတ်ဟာ ဂုဏ်သတင်းကြီးမားပြီး ရေပန်းစားသော ဆေးစွမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

 အများစုကတော့ အချိုရည် အဖြစ် ဖျော်သောက်လို့ ရတယ်ဆိုတာ ကိုမသိကြသေးပါဘူး။

 လူတော်တော်များများဟာ သျှားစောင်းလက်ပတ်ကို အတွင်းကြေဒဏ်ရာမျိုးနှင့် နေလောင်သောအခါတွင် အသုံးပြုလေ့ရှိပါတယ်။ အခြားအရာများတွင်လည်း ကောင်းမွန်စွာအသုံးဝင်တယ့် အရာဖြစ်ပါတယ်။

သျှားစောင်းလက်ပတ်ကိုဖျော်ရည် အဖြစ် အိမ်တွင် အလွယ်တကူအသုံးပြုနိုင်မည့် နည်းလမ်းကိုဖော်ပြလိုက်ပါတယ်။

 (၁) သျှားစောင်းလက်ပတ် အရွက်ကြီးတစ်ခု

 (၂) ရေ

 သျှားစောင်းလက်ပတ်အရွက် အလယ် မှ အသားများကိုဇွန်းဖြစ် ခြစ်ချပါပြီးလျှင် ရေနှင့်ရောမွှေကာ သောက်သုံးနိုင်ပါတယ်။

အရသာမကြိုက်လျှင် သင့်အနေနဲ့ လိမ္မော်သီး သို့ မဟုတ် ရှောက်သီးဖျော်ရည် သကြားတို့ဖြင့် ရောစပ်ကာသောက်သုံးနိုင်ပါတယ်။

သျှားစောင်းလက်ပတ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက ရိုးရာဆေးအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်တယ်။ 

ယခုခေတ်တွင် ခေတ်မီဆေးဝါးများနှင့်ပေါင်းစပ်ကာ အလှကုန် ပစ္စည်းများ၊ ဆပ်ပြာ၊ လှိုးရှင်း၊ ရေမွေးစသဖြင့် များစွာထုတ်လုပ်လျက်ရှိပါတယ်။

 အချုပ်အားဖြင် ပြောရမယ်ဆိုရင်တော့ သျှားစောင်းလက်ပတ် ကိုသောက်သုံးခြင်းဟာ သင့်ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ကြံခိုင်မူစနစ်ကို များစွာအထောက်အကူ ဖြစ်စေပါတယ်။


(NSD)

Ref : dailyhealthpost

သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်


သွေးတိုးရောဂါသည် အသက် ၄ဝ ကျော်လာသည့် လူကြီး အတော် များများတွင် ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။ သွေးတိုးရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေ သောသွေးလွှတ်ကြော၊ သွေးပြန်ကြောများမှ သွေးများတိုးပွားလာခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ
သွေးကိုညှစ်ပို့ရသည်။ ထိုသို့ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပို့ညှစ်သည့် ဖိအားတိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ် သည်။

အနောက်တိုင်း သွေးပေါင်ချိန် ကိရိယာတွင် ပြဒါးနှင့်တိုင်းသော ဖိအားအပေါ် ၁၄ဝ မီလီမီတာ၊ ပြဒါးနှင့် အောက် ၉ဝ မီလီမီတာ၊ ပြဒါး အထက်ကျော်လွန်သွားလျှင် သွေးတိုးရောဂါဝင်လာပြီဟု သတ်မှတ်ပေသည်။ ပုံမှန်လူကောင်းတစ်ယောက်၏ နှလုံးမှညှစ်သော သွေးဖိအားမှာ အပေါ် ၁၂ဝ မီလီမီတာ၊ ပြ
ဒါးအောက် ၈ဝ မီလီမီတာဟု သတ်မှတ်ထားပေသည်။ တစ်နည်းအားဖြင့် စြ ၁၂ဝ - ၈ဝာာါံ သည် အကောင်းဆုံးဟု ဆိုသည်။

တိုင်းရင်းမြန်မာဆေးပညာတွင်လည်း သွေးစမ်းပညာရှိသည်။ လက်မဆစ်အရင်း လက်ကောက်ဝတ် အခြေတွင်ရှိသောသွေးကြောသည် နှလုံးမှထွက်လာသော ပင်မသွေးကြောကြီးနှင့် ဆက်လျက်ရှိသည်။ ထိုသွေးကြော တွင် သွေးတိုးပုံအနေအထား အမျိုးမျိုးကို လေ့လာရာတွင် သွေးလုံးကြီးသော သွေးတိုး၊
သွေးလုံးငယ်သောသွေးတိုး၊ အလယ်အလတ်သွေးတိုးဟူ၍ အခြေခံသုံးမျိုးကိုတွေ့ရသည်။ ထိုသုံးမျိုးတွင် ပူ၍သွေးလုံးကြီးသော သွေးတိုးသည် မကောင်းပေ။ အေး၍ အလယ်အလတ် ရှိသောသွေးတိုးသာ အကောင်းဆုံးဖြစ်သည်။ သွေးတိုးရောဂါရင့်လာလျှင် လက်ကောက်ဝတ်တွင် ဆောင့်တိုးပြီး မြွေကဲ့သို့တိုးသော သွေးတိုး၊ ဖားကဲ့သို့ခုန်သော သွေးတိုး၊ ပုစွန်ဆိတ်ကဲ့သို့ခုန်၍တိုးသော သွေးတိုးများသည် သွေးစမ်း ပညာရပ်တွင် မကောင်းသော သွေးတိုးများဖြစ်သည်။

သွေးတိုးဝေဒနာ ခံစားနေရသူ၏ ရုပ်လက္ခဏာမှာလည်း မျက်နှာမကြည်လင်ခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ နထင်နှင့်မျက်ခုံးအကြောများ တင်း၍ကိုက်ခြင်း၊ အိပ်ချင်ခြင်း၊ သမ်းဝေခြင်း၊ အာရုံမစူး
စိုက်နိုင်ခြင်း၊ မျက်စိအမြင်အာရုံ မကြည်လင်ခြင်း ဝေဒနာများကို ခံစားနေရတတ်သည်။ အလွန်သွေးတိုးတက်နေလျှင် မျက်စိထောင့်မှသွေးကြောလေးများ နီရဲနေသည်ကို တွေ့ရနိုင်သည်။ သွေးဖိအား အလွန်အမင်းတိုးခြင်းကြောင့် မျက်စိသွေးကြောငယ်လေးများ ပေါက်ခြင်း၊ ဦးနှောက်အတွင်း သွေးကြော ပေါက်၍ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ပေသည်။

လေဖြတ်ရောဂါ ဖြစ်ရသူအတော်များများသည် သွေးတိုးရောဂါအကြောင်းအရင်းခံ ကြောင့် ဖြစ်ရသည်။
 သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါတို့ သည် ညီနောင်ရောဂါများဖြစ်သည်။ တစ်ခု
ဖြစ်လျှင် တစ်ခုဆက်၍လာတတ်သည်။ အစားအသောက်၊ အနေအထိုင် ခေတ်နှင့်အညီ ပြောင်းလဲ လာမှုကြောင့် ရှေးက အသက်ကြီးသူများတွင်သာဖြစ်လေ့ရှိသော လေဖြတ်ရောဂါမှာ ယခုအခါ အသက် ၃ဝ ကျော်
လူငယ်လူရွယ်များတွင်ပါ ဖြစ်လာသည်ကို တွေ့ရသဖြင့် တရားခံကိုရှာဖို့လိုလာသည်။

လူ့သက်တမ်းတိုစေသော အကြောင်းအမျိုးမျိုးတို့တွင် သွေးတိုးရောဂါသည် ထိပ်ဆုံးမှပါဝင်သည်။ သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းရောဂါကြောင့်ပင် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်းတွင်လူတစ်ဦးမသန်မစွမ်းဘဝသို့ ရောက်လျက်ရှိ သည်ဟုဆိုသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက် သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။ အသက်မသေသူများမှာလည်း ပကတိပြန်ကောင်းသူ အလွန် ရှားသည်။ ကျန်ရှိသောဘဝတစ် လျှောက်လုံး မသန်မစွမ်းဘဝဖြင့်နေသွားရသဖြင့် သွေးတိုး ရောဂါသည် အလွန်ကြောက်စရာ ကောင်းသောရောဂါဖြစ်သည်။ သွေးတိုးအကြောင်းပြောရလျှင် မျိုးရိုး
ကြောင့်ဖြစ်သော သွေးတိုးရောဂါအကြောင်း အရင်ဦးဆုံး ပြောရမည်ဖြစ်သည်။ ကံကြောင့် ဖြစ်သော သွေးတိုးဟုလည်း ဆိုနိုင်ပေသည်။ မျိုးရိုးလိုက်ဝသူများတွင် ပို၍တွေ့ရသည်။ အချိုရှောင်၊ အငန်ရှောင်၊ အနေအထိုင်ဆင်ခြင်၊ စိတ်သောကမများအောင် ဆင်ခြင်နေထိုင်ခြင်းဖြင့်သာ လေဖြတ်ခြင်းမှ ကာကွယ်
ပြီး အသက်ရှည်ရှည်နေနိုင်မည်ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ အဆီကျအောင် ကြိုး စားခြင်း၊ အပူအအေးမျှတအောင် နေထိုင် ခြင်းဖြင့် သက်တမ်းစေ့နေနိုင်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးများစွာတွင် အငန်စားသုံးမှုအများဆုံးကို သုတေသနပြုကြည့်ရာ မြန်မာ လူမျိုးများသည် ဒုတိယလိုက်သည် ဟုဆိုသည်။ ဟင်းခတ်ဆားကို အလွန်အကျွံသုံးစွဲမှုကို လေ့လာသောအခါတွင်လည်း ဒုတိယ ဆားအစားဆုံး လူမျိုးဖြစ်သည်ဟုဆိုသည်။ စားသုံးသည့် ရိုးရာဓလေ့ အစားအစာများမှာလည်း ငါးပိ၊ ငါးခြောက်စသည့် ဆားများစွာဖြင့် နှပ်ထားသော အစာမျိုးဖြစ် သည်ကိုတွေ့ရပြန်သည်။ မြန်မာနိုင်ငံတွင်ပင် လေဖြတ်မှုနှုန်းကို ဆန်းစစ်ကြည့်သောအခါ ငါးပိ၊ ငါးခြောက်ထွက်သော ဧရာဝတီတိုင်း
တွင် အများဆုံးဖြစ်သည်ဟု မြန်မာတိုင်းမ် သတင်းစာကြီးတွင် လွန်ခဲ့သောငါးနှစ်ခန့်က ဖတ်လိုက်ရဖူးသည်။

ဆားသည် လူသားနှင့် တိရစ္ဆာန်များတွင် မရှိမဖြစ်လိုအပ်သော အာဟာရမျိုးဖြစ်သည်။ ဘုရားရှင်လက်ထက်ကပင် တောထဲတွင် တရားအားထုတ်ကြသော ရသေ့ရဟန်းများ သည် ဆားအလှူခံရန် သပိတ်ဖြင့် လူများရှိရာအရပ်သို့ တစ်နှစ်တစ်ကြိမ် ကြွလာရသည်ဟုဆိုသည်။ တောတွင်းရှိ တိရစ္ဆာန်များ
မှာ ဆားကျင်းရှိရာမြေကြီးသို့ လာရောက် တူးဆွပြီး ဆားစားကြသည်ဟုဆိုသည်။

လူ၏ခန္ဓာကိုယ်ရှိ ကြွက်သားမှန်သမျှ နှလုံးကြွက်သားအပါအဝင် ဆားဓာတ်ဖြင့် အလုပ်လုပ်ရသည်ဟုဆိုသည်။ အားကစားသမားများ ချွေးထွက်လွန်ပြီး ဆားဓာတ်ဆုံးရှုံး သောအခါ ကြွက်တက်တတ်သည်။ ထိုအခါ ဆားကိုရေဖျော်ပြီး ချက်ချင်းတိုက်ပေးလျှင် ကြွက်တက်သက်သာသည်။ အချို့သွေးတိုး နှလုံး၊ ရောဂါရှိသူများ ဆားကိုရှောင်လွန်းလျှင်လည်း ညအိပ်ရာဝင်ချိန် အိပ်ရာထဲတွင် ကြွက်တက်တတ်သည်ကို တွေ့ရသည်။ သွေးချိုဆီးချိုရောဂါရှိသူများ ရုတ်တရက်မူးလဲ သောအခါ သွေးစစ်ကြည့်လျှင် သွေးထဲ
တွင် သကြားဓာတ်အလွန်နည်းနေသည်ကို တွေ့ရသဖြင့် သကြားလုံးစသော အချိုဓာတ်
ပါသည့်အစာကို ချက်ချင်းကျွေးရသည်။ အချို့ဆိုလျှင် အချိုရည်သွင်းရသည်အထိ ဖြစ် တတ်သည်။

ထို့အတူပင် သွေးတိုးမှာစိုးရိမ်ပြီး အငန်ကို အလွန်ရှောင်ရာမှ နှလုံးကြွက်သားနှင့် အခြားခန္ဓာကိုယ်မှ ကြွက်သားများအားနည်း လာမှာကို စိုးရိမ်ရသည်။ အငန်ရှောင်ရသူ တစ်ဦးအတွက် ဟင်းများကို အပေါ့ချက်သောအခါ ကျန်သောအိမ်သားများပါ ခံတွင်းမတွေ့တော့ဘဲ မိသားစုထမင်းဝိုင်းတွင် အစား အသောက်များ စားမကောင်းဖြစ်သွားလေ့ ရှိသည်။

ရိုးရာဆေးပညာရှုထောင့်မှ အငန်မှန်သမျှ သွေးတိုးသည်ဟုမယူဆ။ ပုပ်ငန်သောအစာများကသာ သွေးတိုးသည်။ အပုပ်နံ့ရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိကောင်၊ ငန်သောပုစွန်ခြောက်တို့အပြင် အချဉ်နံ့ရှိ သောအစာများ ငါးချဉ်၊ နှမ်းဖတ်ချဉ်၊ ပုစွန်ချဉ် စသည်များလည်း သွေးတိုးစေနိုင်သည်။ မသန့်ရှင်းသော အစာများတွင်လည်း အတွင်းတွင် အပုပ်ဓာတ်၊ အချဉ်ဓာတ်တို့ ကိန်းအောင်းနေသဖြင့် မငန်ဘဲ သွေးတိုးစေနိုင်သည်။ ရိုးရာဆေးပညာအယူအဆတွင် လေစာသည်လည်း အဓိကကျသည်။ သွေးတိုးရောဂါ ကိုကုသသော ရှေးမြန်မာဆရာကြီးများက သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ဝါယောဓာတ် တွန်းအားကြောင့် နှလုံးမှသွေးများသည် ခန္ဓာကိုယ်အနှံ့အပြားသို့ လည်ပတ်ပြီး နှလုံးသို့ပင် ပြန်လည်ရောက်ရှိလာသည်ဟု ယူဆကြသည်။ ထို့ကြောင့် လေစာများများစားလျှင် ဝါယော
ဓာတ်တွန်းကန်အားများပြီး သွေးတိုးလာမည် ဟု ယူဆကြသည်။ လေစာမှန်သမျှ သွေးတိုးစေနိုင်သည်ဟု မြန်မာ့ဆေးပညာရှင်များက ယူဆသည်။ သွေးတိုးသည် လေတိုးဖြစ်သည်။ သွေးဖိအားကို လေကတွန်းသောကြောင့်
 သွေးတိုးရခြင်းဖြစ်သည်ဟု ယူဆသည်။ လေပွလေပျက်စေသော အစာများကြောင့် သွေးတိုးနိုင်သည်။ ခွေးတောက်ရွက်၊ တမာရွက်၊ ကြောင်လျာသီး၊ ကြက်ဟင်းခါး၊ မျှစ်ချဉ်၊ ဆူးပုပ်ကြီး၊ တညင်းသီး၊ လက်ဖက်၊ ဝက်သား စသည်များကို သွေးတိုးစေသည့် အစာများအဖြစ်ယူဆ သည်။ တစ်နေ့တည်းတွင် လေစာနှစ်မျိုးတွဲ စားသူများသည် သွေးတိုးတက်ပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်သည်ကိုတွေ့ ရဖူးသည်။

တက်စာဟူ၍လည်း ရှိသေးသည်။ ငါးသလောက်၊ ငါးမြင်း၊ ငါးတန်၊ ငါးပတ်တို့ ကို တက်စာများ ဟုယူဆသည်။ အုန်းနို့ပါ သောအစာ၊ အုန်းထမင်း၊ ဒံပေါက်၊ အဆီများသော ဝက်သားနှင့် ဖား၊ ပုရစ်စသော မြေအောင်းသားများကိုလည်း တက်စာဟုယူ ဆလေသည်။ ထိုတက်စာမှန်သမျှသည် သွေးတိုးစေနိုင်သည်။ ရေသတ္တဝါများတွင် ငါးသလဲထိုး၊ ငါးရှဥ့်၊ ငါးမြွေတိုး၊ ပုစွန်ဆိတ်ကလေး၊ ဂုံး စသော အစာများကိုလည်း တက်စာများဟု အချို့ဆရာကြီးများက ယူဆသည်။ တက်စာမှန်သမျှ သွေးတိုးတက်စေသည်ဟု ယူဆရမည်ဖြစ်သည်။ မြေအောင်းသားများနှင့် မြေအောင်းသည့်ဥများကိုလည်း အကြောတက် စာများဟုယူဆသည်။ အကြောတက်စေရုံမက အခန့်မသင့်လျှင် သွေးကိုလည်းတက်စေသည်။ အနောက်တိုင်းနည်း ဖြင့်ဆိုလျှင် Bp 140/90 mmHg အထက်သို့ ရောက်စေနိုင်သော အစာများဖြစ်သည်။

သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်

(၁) စိတ်သောကများကို လျှော့ချပါ။
(၂) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ် ပါ။
(၃) အိမ်သုံးဆားအငန်ကို လျော့၍ စားသုံး ပါ။
(၄) အသားနှင့်အသီးအနှံကို မျှတစွာစား သုံးပါ။
(၅) လမ်းလျှောက်ခြင်း(သို့မဟုတ်) ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပါ။
(၆) အလွန်ပြင်းထန်သော အားကစား မလုပ်ပါနှင့်။
(၇) ဝမ်းမချုပ်အောင် အစဉ်ဂရုပြုပါ။ ဝမ်း နုတ်ဆေးကိုစွဲ၍

စားသုံးခြင်းမပြုဘဲ

သဘာဝအတိုင်းဝမ်းမှန်အောင် ပြုပြင် ပေးပါ။ အသီးအနှံများများစားခြင်း၊ အိပ်ရာဝင် ရေအဝသောက်ခြင်းဖြင့် ဝမ်းမှန်စေနိုင်ပါသည်။
(၈) အအေးဓါတ်များသောနေရာများတွင်အိပ်စက်ခြင်း မပြုပါနှင့်။ အိပ်စက်လျှင်လည်း စောင်၊ အနွေးထည်များ ဝတ်ဆင်ရန်မမေ့ပါနှင့်။
(၉) အရက်သေစာ၊ ဘီယာ စသည်များကို ရှောင်ကြဉ်လျှင် အကောင်းဆုံးဖြစ်ပါ သည်။
(၁ဝ) ဆေးလိပ်အငွေ့၊ ခြင်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်ကျွမ်းရာမှထွက်သောအငွေ့များမှ ရှောင်ကြဉ်ပါ။
(၁၁) အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အရောင်ဆိုးဆေး၊ ဓာတုပစ္စည်းသုံးစွဲသောအစာများ ကို ရှောင်ကြဉ်ပါ။

(၁၂) သဘာဝနေရောင်ခြည်နှင့် လေကောင်း လေသန့်ရသောနေရာတွင် နေထိုင်နိုင် လျှင် အကောင်းဆုံးဖြစ်ပါသည်။
ဆားနှင့်အငန်ဓာတ်သည် လူ့ခန္ဓာကိုယ် လိုအပ်ချက်ဖြစ်သဖြင့် ရှောင်လွန်းလျှင် စားလွန်းလျှင်လည်းမကောင်းပေ။ ဆားရှောင်ပါသည်ဆိုသူများသည် ဟင်းခတ်မှုန့်များသုံးစွဲပြီး ဟင်းအရသာကောင်းအောင်ချက်ကြသည်။

ထိုဟင်းခတ်မှုန့်သည် အရသာချိုစေသော်လည်း မူလအရင်းခံမှာ ဆားများသာဖြစ်ကြောင်း သတိမမူမိကြပေ။ အချိုမှုန့်နှင့် ဟင်းခတ်မှုန့်သုံးစွဲသောနေရာတိုင်းတွင် သွေးတိုးရောဂါရောက်ရှိလာသည်ကို သတိပြုကြဖို့ လိုသည်။
သွေးတိုးရောဂါဘေးမှ ကင်းဝေးလိုသူတိုင်း၊ အငန်ဓာတ်နှင့် ဆားကိုရှောင်သလို အချိုမှုန့်၊ ဟင်းခတ်မှုန့်တို့ကိုလည်း ရှောင်ကြဉ် ဖို့လိုသည်။ တစ်နေ့လျှင် ဇွန်းတစ်ဝက်စာမျှ ဖြင့် ခန္ဓာကိုယ်အတွင်းသို့ တစ်နှစ်ကြာလျှင် ရောက်ရှိမည့် ဟင်းခတ်အချိုမှုန့်ပမာဏကို တွက်ဆကြည့်လျှင် သွေးတိုးရောဂါအတွက် ရှောင်ကြဉ်သင့်သည်ကို ဆင်ခြင်နိုင်ပေလိမ့် မည်။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ