သတိပြုကာကွယ် ပဋိဇီဝဆေး ယဉ်ပါးမှုအန္တရာယ်


ယနေ့ကမ္ဘာပေါ်တွင် ပဋိဇီဝဆေးကို ပုံစံ အမျိုးမျိုးဖြင့် အသုံးပြုနေကြပါသည်။ လူထု ဆေးပညာတွင်သာမက တိရစ္ဆာန်မွေးမြူရေး နှင့် တိရစ္ဆာန်ဆေးပညာတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နောက်ဆုံး ထွက်ရှိသည့် ပဋိဇီဝဆေးများကို ဈေးကွက်တွင်
အလွယ်တကူ ရရှိနိုင်ပေသည်။

နေမကောင်းဖြစ်ပါက ဆေးခန်းသွားပြီး ဆရာဝန်ဆီ ပြသရန် ဝန်လေးတတ်သည်မှာ လူ့မနောပင်ဖြစ်တော့သည်။ လမ်းဘေးမှ ဆေးဆိုင်မှာ အလွယ်တကူပင် ဝယ်ယူတတ် ကြသည်။ ဆေးသက်တမ်းလည်းမကြည့်၊ မည်သည့်ဆေး ပေးလိုက်မှန်း မသိကြဘဲ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ အိပ်ရာဝင်ခါနီး တစ်ကြိမ်သောက် ဆိုပြီးသာသိကြ၏။ ကိစ္စများမြောင်လူတို့ဘောင်တွင် စားဝတ်နေရေးအတွက် လုံးပန်းနေကြရင်း ပဋိဇီဝဆေး၏ ခုခံနိုင်စွမ်းအား များပြားလာမှုကို သတိမပြုမိကြပေ။

စာရေးသူသည် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ Faculty of Veterinary Medicine တွင် ပဋိဇီဝဆေးခုခံနိုင်မှုနှင့်ပတ်သက်၍ တိရစ္ဆာန် ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေးဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့ပါသည်။

ထို့ကြောင့် ပြည်သူများ ပဋိဇီဝဆေး ခုခံနိုင်မှုနှင့်ပတ်သက်၍ သိရှိစေရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။ ဗိုင်းရပ်(စ်)ပိုး၊ ဗက်တီးရီးယားပိုးနှင့် သန်ကောင်ပိုးတို့ ကြောင့် တိရစ္ဆာန်များအပါအဝင် လူတို့တွင် အမျိုးမျိုးသောရောဂါများ ဖြစ်ပေါ်တတ်၏။ ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော ရောဂါကို ဆေးသောက်ခြင်းဖြင့် မကုသနိုင်သော်လည်း ဘက်တီးရီးယားပိုးကြောင့် ရောဂါများ ဖြစ်ပေါ်ခဲ့ပါက ပဋိဇီဝဆေးဝါးကို အသုံးပြုနိုင်
ပါသည်။

ထို့ကြောင့် ပဋိဇီဝဆေးသည် လက်နက်ကြီးသဖွယ်ဖြစ်နေတော့သည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို လွဲမှားစွာသောက်သုံးခြင်း၊ ဆေးပတ်လည်အောင် သောက်သုံးမှုမရှိခြင်းတို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်စေသလို ပဋိဇီဝဆေးကြွင်းဆေးကျန်များသည် လူတို့စားသုံးသော အသား၊ ငါး၊ နို့နှင့် ဥတို့မှတစ်ဆင့်
ပဋိဇီဝဆေး ယဉ်ပါးခြင်းဖြစ်စေနိုင်ပါသည်။ ပဋိဇီဝဆေးကို ခုခံနိုင်သည့် မျိုးရိုးဗီဇသည် ရေထဲမှတစ်ဆင့်၊ မွေးမြူရေးတိရစ္ဆာန်များမှတစ်ဆင့်နှင့် ရှားပါးစွာပင် မြေကြီးမှတစ်ဆင့် ကူးစက်တတ်ပေသည်။

ထို့အတူပင် တိရစ္ဆာန်မွေးမြူသူများသည် လည်း လွန်ခဲ့သည့် နှစ်များစွာကပင် စွဲမှတ်နေကြသည်မှာ ပဋိဇီဝဆေးကို ကုသဖို့ထက် ကာကွယ်ရန်အတွက် အများဆုံးအသုံးပြုကြသည်။ မွေးမြူရေးခြံများတွင် ပဋိဇီဝဆေး အသုံးမပြုနှင့်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မွေးမြူရေးနယ်ပယ်၌ ပဋိဇီဝဆေးကို ကုသမှုပေး
သော ပမာဏထက် တိရစ္ဆာန်များကို လျှော့ကျွေးသောအခါ တိရစ္ဆာန်များ၏ သားထွက်မှုပမာဏ မြင့်တက်လာသည်ဟု နားလည်ထားကြသော်လည်း မွေးမြူသူများမှာ နားလည်မှု လွဲမှားခြင်းကြောင့်လည်းကောင်း၊ မိမိခြံသို့ ရောဂါဝင်ရောက်ခြင်းကို စိုးရိမ်သည့် အတွက်ကြောင့်လည်းကောင်း၊ ပဋိဇီဝဆေးကို
ရေ၌ဖြစ်စေ အစာထဲ၌ဖြစ်စေ လိုသည်ထက်ပို၍ အသုံးပြုမှုကြောင့် ပဋိဇီဝဆေးခုခံနိုင်မှုများ တိရစ္ဆာန်များ၏ကိုယ်တွင် ဖြစ်ပေါ်လာပြီး ပဋိဇီဝဆေး အကြွင်းအကျန်များသည် လူတို့စားသုံးသော အသားမှတဆင့် လူသားတို့ကိုယ်ထဲသို့ ရောက်ရှိလာသည်။

ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု ဖြင့် မွေးမြူရေးခြံများ၌ ပဋိဇီဝဆေးများ အသုံးပြုမှုကို ပညာပေးဟောပြောခြင်း၊ စစ်ဆေး ခြင်း၊ အသား၊ ငါး၊ နို့နှင့် ဥမှတစ်ဆင့် ပဋိဇီဝ ဆေးကြွင်းဆေးကျန်များ ဝင်ရောက်မှု မရှိ
စေရန်အတွက် ပဋိဇီဝဆေးပေးထားသည့် တိရစ္ဆာန်များကို ကန့်သတ်ရက်ထားပြီးမှသာ ရောင်းချစေခြင်း၊ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အသုံးပြုခွင့်မရှိသည့် မွေးမြူရေးသုံး ပဋိဇီဝဆေးဝါးများကို စစ်ဆေးခြင်း
နှင့် တင်ပို့ရောင်းချမှုကို တားမြစ်ခြင်းတို့ကို ပြည်သူလူထုသို့ ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ဈေးကွက်တွင် ရောင်းချလျက်ရှိ သည့် အသား၊ ငါး၊နို့နှင့် ဥတို့ကို နမူနာ ပစ္စည်းများရယူပြီး တိရစ္ဆာန်ရောဂါ စစ်ဆေးရေးဓာတ်ခွဲခန်းများ၌ ပဋိဇီဝဆေးကြွင်း ဆေးကျန်များပါရှိမှု ရှိ/မရှိကို စစ်ဆေးပေး လျက်ရှိပါသည်။

ဆေးယဉ်ပါးမှုဆိုသည်မှာ ပြီးခဲ့သည့် အကြိမ်က သောက်လိုက်သည့် ပဋိဇီဝဆေး၏ အာနိသင်အစွမ်းကို ခံနိုင်ရည်ရှိလာပြီး ဆေးဘယ်လောက်သောက်သောက် ရောဂါမပျောက်တော့ပေ။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်တဲ့သူက ရှားသည်။ စာရေးသူလည်း ရံဖန်ရံခါ ဆေးသောက်ရန် မေ့တတ်၏။ နောက်ပြီး ဆေးပတ်လည်အောင်မသောက်။ ခံစားနေရသည့် ဝေဒနာသက်သာလျှင် ဆေးကို မသောက်တော့ဘဲ ဆရာဝန်ပေးလိုက်သည့် ပလတ်စတစ်အိတ်အတိုင်း ပစ်ထားတတ်သည်။ ထို့ကြောင့်ပဋိဇီဝဆေးခုခံနိုင်မှုသည် တဖြည်းဖြည်း ကြီးထွားလာသည်။

ပဋိဇီဝဆေးကို ခုခံနိုင်သော မျိုးရိုးဗီဇသည်လည်း လက်ဆင့်ကမ်းတတ်သော သဘောရှိသည့်အတွက် နှစ်များစွာကပင် တဖြည်းဖြည်းပြောင်းလဲလာ၍ နောက်ဆုံးပေါ် မျိုးဆက် ဗက်တီးရီးယားများ ပေါ်ထွက်လာပါ သည်။ နောက်ဆုံးပေါ်မျိုးဆက် ဗက်တီးရီးယားများကို နှိမ်နင်းနိုင်သည့် ပဋိဇီဝဆေးများကို ကုမ္ပဏီများက အပြိုင်အဆိုင် ထုတ်လုပ်ပြီး ရောင်းချကြ၏။ စာဖတ်သူများ နားလည်အောင်ရှင်းပြရလျှင် ပဋိဇီဝဆေးမှာ
ဗက်တီးရီးယားပိုးကို သတ်သည့်ဆေးနှင့် ဗက်တီးရီးယားပိုး ဆက်လက်မပွားအောင် ပြုလုပ်သည့် ပဋိဇီဝဆေးဆိုပြီး နှစ်မျိုးရှိသည်။
ကျွန်တော်တို့ ခံစားရတာ သက်သာပြီဟု ဆေးဖြတ်လိုက်ချိန်တွင် တချို့ ဘက်တီးရီးယားပိုးများမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေတတ်၏။ ထို့ကြောင့် ဘက်တီးရီးယားပိုးများသည် ပျော်ပျော်ပါးပါးပင် ပဋိဇီဝဆေး ယဉ်ပါးခြင်းဖြစ်လာသည်။

ဆေးယဉ်ပါးခြင်းတွင် သာမန်ရောဂါဖြစ်သူများတွင် မသိသာဘဲ ငှက်ဖျားရောဂါသည်များ၊ တီဘီရောဂါသည်များ၊ ခုခံအားကျဆင်းသည့်ရောဂါ HIV/AIDS ရောဂါသည်များ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် အလွန်အရေးကြီးပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ပါသည်။ ဆေးယဉ်ပါးသော တီဘီရောဂါကို မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူ လူ ၁ဝ ယောက်လျှင် တစ်ယောက်တွေ့ရသည်ဟု သိရပါသည်။

အရှေ့တောင်အာရှ နိုင်ငံများ၌ တတိယမျိုးဆက်ဖြစ်သည့် Cephalosporins ပဋိဇီဝဆေး၏
ဆေးယဉ်ပါးမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တင်ပြချက်အရ E.coli တွင် ပဋိဇီဝဆေး
ယဉ်ပါးမှုသည် ၆၈ ရာခိုင်နှုန်း၊ Klebsiella တွင် ပဋိဇီဝဆေးယဉ်ပါးမှုသည် ရှစ်ရာခိုင်နှုန်း၊ Staph တွင် ပဋိဇီဝဆေးယဉ်ပါးမှုသည် ၂၆ ရာခိုင်နှုန်းနှင့် Gonorrhea တွင် ပဋိဇီဝဆေးပါးမှု
သည် ငါးရာခိုင်နှုန်း အသီးသီးရှိသည်ဟု သုတေသန မှတ်တမ်းများအရ သိရသည်။ ခေတ်မီ
တိုးတက်သည့် အမေရိကန်ပြည်ထောင်စုပင် တခြားနိုင်ငံသို့ သွားရောက်ပြီး ဝမ်းလျှောရောဂါ
ဖြစ်ခဲ့သော အမေရိကန်ခရီးသွား ၃ဝဝဝဝ မှ ၈ဝဝဝဝ တွင် ပဋိဇီဝဆေးယဉ်ပါးမှုကိုတွေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်စေရန် သိထားသင့်သောအချက်များကို ဝေမျှရလျှင်

- အနာသိလျှင် ဆေးရှိသည်ဆိုသကဲ့သို့ နေမကောင်းဖြစ်လျှင် ပဋိဇီဝဆေးကို လိုအပ်မှ
သာ သောက်သုံးပါ။
- နာမကျန်းဖြစ်ခဲ့ပါက ဘက်တီးရီးယားပိုးကို စစ်ဆေးပြီး တိကျသည့်ပဋိဇီဝဆေးကို သောက်ပါ။
- ပဋိဇီဝဆေးကို မှန်မှန်ကန်ကန် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသောက်ပါ။
- ဆေးပတ်လည်အောင်သောက်ပါ။
- သက်သာပြီဟု ယူဆပြီး ဆေးသောက်ခြင်းကို ရပ်မပစ်ပါနှင့်။
- မိမိကျန်ရှိနေသည့် ဆေးကို သိမ်းထားပြီး တခြားသူများ နာမကျန်းဖြစ်သောအခါ ဆေးသောက်
ရန် မျှဝေခြင်း မပြုပါနှင့်။
- ကျန်ရှိနေသည့်ဆေးဝါးများကို ဆက်လက်သိမ်းထားခြင်းမလုပ်ရန် အကောင်းဆုံးဖြစ်သည်။
- ဆရာဝန်ထံပြသမှုမခံယူဘဲ မိမိဘာသာ ပဋိဇီဝဆေးကို မသောက်သုံးသင့်ပါ။
- ပဋိဇီဝဆေးများ၌ ဘေးထွက်ဆိုးကျိုး Side Effect ရှိသည်ကို သတိပြုပါ။
- ဝယ်ယူလာသည့် သား၊ ငါးများကို ရေဖြင့်ပြောင်စင်အောင်ဆေးကြောပြီး ဘက်တီးရီး ယားပိုးများသည် အပူချိန်မြင့်မြင့်တွင် အသက်မရှင်နိုင်သည့်အတွက် ကျက်အောင် ကြော်လှော်
ချက်ပြုတ်ပါ။

အချုပ်ဆိုရသော် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ခဲ့လျှင် ဆေးကုသမှုပေးသောအခါ နှောင့်နှေး
ကြန့်ကြာတတ်ပြီး ဆေးရုံတွင် အချိန်ကြာကြာ ဆေးကုသမှုခံယူရသောကြောင့် အချိန်ကုန်
၍ ဆေးကုသမှုစရိတ်များ ပိုမိုကုန်ကျလာကာ ပြည်သူလူထု၏ မိသားစုဝင်ငွေလျော့ကျလာစေနိုင်
ပါသည်။ ထို့ကြောင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တာဝန်ကျရာဒေသများတွင် ဝန်ကြီးဌာန
၏ မူဝါဒဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ကျေးလက်
နေပြည်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို
အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုကဲ့သို့ ပြည်သူလူထု ကျန်းမာပျော်ရွှင်၍ တစ်ဦး
ချင်းဝင်ငွေတိုးတက်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး
တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပြည်သူလူထုသို့ ကျန်းမာရေးအသိ
ပညာများကို ဝေငှရင်း တဖြည်းဖြည်းကျယ်ပြန့်လာသော ပဋိဇီဝဆေးယဉ်ပါးမှုကိုသတိပြု
ကာကွယ်ကြပါစို့။ ။

ဒေါက်တာဖြိုးသူအောင် (မွေး/ကု)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မိန်းကလေးများသည့် တစ်နေ့ တာအတွက် မနက်ခင်းမှ စပြီးအသုံးပြု့ ခဲ့သည့် မိတ်ကပ်များ ၊ ခရင်မ်များကို ညပိုင်းရောက်သည့်နှင့် မျက်နှာကိုစင်ကြယ်အောင်သန့် စင်အောင်ပြု့ လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ် ။ တစ်ချို့ မိန်းကလေးများတွင် လိမ်းထားသည့်မျက်နှာကို နှမြောပြီး မျက်နှာကို စင်ကြယ်အောင် မလုပ်ဘဲ ဒီအတိုင်းထားခဲ့သည့် ကြိမ်ဖန်များစွာ ရှိလာခဲ့လျှင် မိန်းကလေးများတွင် တင်းတိပ်များ စွဲလာတက်ပါသည် ။

မျက်နှာစင်ကြယ်အောင် ပြု့ လုပ်ပြီး အိပ်ယာဝင်ခြင်းသည့် မိန်းကလေးများတွင် မဟုတ်ဘဲ ယောင်္ကျားလေးများပင် မဖြစ်မနေ လုပ်ဆောင်သင့်သော မျက်နှာသစ်ခြင်းပင်ဖြစ်ပါသည် ။

မျက်နှာမသစ်ခင် မိမိလက်များကိုဆပ်ပြာဖြင့် သန့် ရှင်းအောင် ဆေးကြောပြီးမှသာ မျက်နှာသစ်ခြင်းကို လုပ်ဆောင်ပါ မျက်နှာသစ်သည့်အခါတွင် လက်သည်များနှင့် မျက်နှာသစ်အရေပြားများကို ကုတ်ဖဲ့ခြင်းလုံးဝ မလုပ်ရပါ ။ လက်ချောင်းများနဲ့ သည် မျက်နှာပြင် အရေပြားကို နှိပ်နယ်ခြင်း ပုံစံမျို့ ဖြင့် မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာလုပ်ဆောင်ပါ ။ ထို့ ကဲ့သို့ မျက်နှာသစ်သည့် စနစ်မျိုးကို မလုပ်ဆောင်မိခဲ့ပါက သင့်သည် ယနေ့ မှ စပြီး လုပ်ဆောင်ပါလိုက်ပါ ။

လုပ်ဆောင်ချက်များကြောင့် Dead cells (ဆဲလ်) များအတွက် ပြန်လည် အစားထိုးနိုင်ပြီး သင့်အသားရည်များ ခြောက်သွေ့ နေခြင်း ကင်းဝေးစေပါမည် ။မျက်လုံးအိပ်ဘေး အသားရည်များ တွန့် ခြင်းကို ကာကွယ်ပေးနိုင်သလို့  မျက်နှာ အသားရည်လှပါ ဆိုပြေနေပါလိမ့်မည် ။

Mg Mandalay

ဆံပင်နှင့်ဦးရေပြားအတွက် ကြက်သွန်နီ


ဆံပင်သန်၊ ဆံပင်ပြန်ပေါက်တဲ့ အိမ်တွင်းကုထုံးနည်းလေး ရှိတယ်။ အဲဒါကတော့ ကြက်သွန်နီကို ရေလဲသုံးတာပါပဲ။

ကြက်သွန်နီက ဆာလဖာဓာတ် ပါဝင်မှု မြင့်မားနေသည့်အတွက် မွှန်တဲ့ အနံ့တော့ရှိတယ်။ ဆံပင်မကျွတ်တော့တဲ့အထိ၊ ဆံပင်ပြန်ပေါက်တဲ့အထိ
ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့
ဘေးကင်းတဲ့ဆေးတစ်ခုဖြစ်တယ်ဆိုတာကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ သတင်းစကား ပါးချင်ပါတယ်။

အသုံးပြုနည်း

(၁) ကြက်သွန်နီကို ထုထောင်း၊ ဘရန်ဒါနဲ့ကြိတ်ပြီး အ၀တ်သန့်သန့်ဖြင့် အရည်ညစ်ယူပါ။

((၂) အနံ့သက်သာပြီး အကျိုးအာနိသင်လည်း ပိုကောင်းလာအောင် သံပုရာသီး တစ်စိတ်လောက် ညစ်ထည့်ပါ။

(၃) ပျားရည် လက်ဖက်စားဇွန်းခန့် ရောစပ်ပါ။

၎င်းကြက်သွန်နီအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင်
သွေးလှည့်ပတ်မှု တိုးတက်လာမယ်။ ကြက်သွန်နီထဲက ဆာလဖာဓာတ်ဟာ ဆံပင်ကျန်းမာရေးအတွက် အကျိုးပြုမယ့် ကော်လာဂျင်ကို ထုတ်ပေးတယ်။ ဘက်တီးရီးယားကို နိုင်နင်းတဲ့ အစွမ်းသတ္တိကြောင့် ဦးရေပြားပေါ်က ကူးစက်ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်တယ်။

ပုံမှန်ကတော့ ဆံပင်ထူချင်လို့ ကြက်သွန်နီကို အသုံးပြုကြပေမယ့် နောက်ထပ်အစွမ်းတွေလဲ ရှိပါတယ်။ ဆံပင်မသန်၊၊ ဆံပင်ကျွတ်လွယ် စတဲ့ ဦီးရေပြားပြသနာတွေအတွက် ကောင်းမွန်တာပါပဲ။

ဦးခေါင်းထဲ Yeast infection ခေါ်တဲ့ စေးထန်းနေတာမျိုး၊ ဦးရေပြား မှိုတက်တာ၊ ဦးရေပြားမှာ ၀က်ခြံပေါက်တာ၊ ဗောက်တွေ ပေါက်တာမျိုးတွေကို ကုသ ပျောက်ကင်းစေပါတယ်။ ဦးရေပြား ခြောက်သူ၊ ဦးရေပြား အဆီထွက်သူတွေလဲ အလားတူ ပျောက်ကင်းသက်သာစေပါတယ်။

မိုးသိမ့်သိမ့်ဝေ(ပူတာအို)
ကိုးကား ။ ။ Onion for hair growth

ကျန်းမာရေးသတင်းများ

ကြက်မောက်သီး အစွမ်း

၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစ်ပါတယ်။

၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

၃။ ကော့ပါးဓာတ် အတော်အသင့် ပါဝင်တာမို့ သွေးဖြူဥ၊ သွေးနီဥ တိုးပွား စေပြီး သွေးအားလည်း ကောင်းမွန် စေပါတယ်။

၎။ ကြက်မောက်သီးဟာ ကယ်လိုရီဓာတ် နည်းပါးပြီး ဖိုက်ဘာဓာတ် များ၃ တဲ့အတွက် ဝိတ်ချဖို့အတွက် မှီဝဲသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။

ကြက်မောက်သီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ စပေါ်ပြီး အာရှတိုက်သို့ ပြန့်နှံ့ ပါတယ်။ ယခုတော့ အမေရိက တိုက်အထိ ရောက်ရှိသွားပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေတဲ့ အသီးတစ်မျိုး အဖြစ် သတ်မှတ်ထားကြကြောင်း သိရပါတယ်။
.
Ref: medic facts
Aung Kham (MM Social Sky)

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။နေရာ မှန်ပါစေသင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။

ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။

သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။

ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။ မျက်စဉ်း ခတ်ပေးပါလူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။

အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။လက်ဖဝါးအုပ်ခြင်းထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။မျက်နှာသစ်ခြင်းအားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။လက်ဖက်ခြောက် အထုပ်သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။အစားအသောက်ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။မျက်စိရောဂါ ကင်းဝေကြပါစေ။

Good Health

အမျိုးသမီး ဆီးမလုံခြင်း


ဆရာရှင့် ခုတစ်ခါ ကျမရဲ့  အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ် ယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။

ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။

စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။

• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။

• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။

• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။

• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။

• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။
ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။

• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။

• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)

• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊
• အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။

• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။

• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။

• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။

• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။

• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။

• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Dr. တင့်ဆွေ

ကျန်းမာရေးသတင်းများ

ခရီးသွားစဉ် ကြုံရတတ်တဲ့ ပြဿနာများ

မူးဝေခြင်း (motion sickness )

ခရီးသွားစဉ် ကားမူးခြင်း၊ လှိုင်း မူးခြင်းတို့ဖြစ်ပါက ပြတင်းပေါက်မှ တစ်ဆင့် အဝေးတစ်နေရာသို့ ကြည့် ပေးပါ။ မျက်စိ၊ နားနှင့် ခြေဆစ်လက် ဆစ်များမှ ဦးနှောက်ထံ သတင်း အချက်အလက်များ အဆက်မပြတ် ပေးပို့နေစဉ် ဦးနှောက်မှနားလည်မှု လွဲပါက ရုတ်တရက်မူးဝေလာတတ် သည်။ သင်္ဘောခရီးဆိုပါက ကုန်း ပတ်ပေါ်တက်၍ လေကောင်းလေ သန့်ထွက်ရှူပါ။ လှုပ်ယမ်းမှုအနည်း ဆုံးဖြစ်ပေါ်သည့်သင်္ဘောအထပ်နိမ့် အလယ်ပိုင်းတွင် နေထိုင်ပါ။ ကားစီး လျှင် ရှေ့ဘီးနှင့် နောက်ဘီးကြားအ လယ်ခုံများ၌ ထိုင်ပါ။

ဝမ်းပျက်ခြင်း

သင်္ဘောရက်ရှည်ခရီးသွားတဲ့ အခါ သင်္ဘောတစ်ခုလုံး ဝမ်းပျက်ဝမ်း လျှောကပ်ကျရောက်တတ်ပါတယ်။ Norovirus အမည်ရှိ ဗိုင်းရပ် ဟာ သင်္ဘောဆရာဝန်တွေ ကြောက် ရတဲ့ပိုးဖြစ်ပြီး မသန့်ရှင်းမှုကြောင့် အဓိကကူးစက်လေ့ရှိပါတယ်။ သင်္ဘောစားသောက်ခန်း၊ သန့်စင်ခန်း များအနေနှင့် သန့်ရှင်းဖို့ အထူးလို အပ်ပါတယ်။

နားအူခြင်း

သန်းဝေခြင်း၊ ပီကေဝါးခြင်းဖြင့် နားအူ၊ နားပိတ်ခြင်းမှသက်သာစေပါ တယ်။ လေယာဉ်ခရီးမသွားခင် pseudoephedrine ပါဝင်တဲ့ ချောင်း ဆိုးပျောက်ဆေးကို နာရီဝက်ခန့်ကြို သောက်ခြင်းဖြင့် နားအူ၊ နားပိတ် သက်သာစေပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

ကလေးများအတွက် သတိထားရမည့်အန္တရာယ်


မိမိတို့၏ကလေးများနှင့် ကုန်တိုက်၊ ရှော့ပ်ပင်မော၊ ရုပ်ရှင်ရုံ စသည့် စက်လှေကားရှိသည့်နေရာများကို အတူသွားလာသည့်အချိန် ကလေးများကို လွတ်မထားပဲ သတိဖြင့် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့ အတိုင်း ကလေးတစ်ယောက်ဟာ စက်လှေကားစီးနေစဉ် လည်ပတ်နေသော စက်လှေကားများ၏လုပ်ရှားမှုများကို စိတ်ဝင်သွားပြီး စူးစမ်းသည့်အနေဖြင့် သူ၏ခြေထောက်ကို ထိုးကြည့်လိုက်သည့်အခါ ဖိနပ်နှင့် စက်လှေကားညှပ်မိပြီး တရွတ်တိုက်ပါသွားပါတယ်။ လုံခြုံရေးများ၏ အကူအညီဖြင့် ကံကောင်းထောက်မစွာ ခြေထောက်မကျိုး၊ အသက်မဆုံးရှုံးလိုက်ရတာပါ။

ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို စက်လှေကားစီးသည့်အခါ အထူးသတိထားကြည့်ပေးဖို့ လိုအပ်ပါတယ်။

(လူအများသိရှိပြီး အန္တရာယ်မှ ကင်းဝေးစေဖို့ ပြန်လည် မျှဝေပေးနိုင်ကြပါတယ်)

စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref : The Danger of Escalator

ကျန်းမာရေးသတင်းများ

လှုပ်ရှားမှု နည်းသော နေထိုင်မှု ပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက် နိုင် သည်များ

လှုပ်ရှားမှု နည်းသော နေထိုင်မှု ပုံစံကြောင့် သင့်ကျန်းမာရေးကို ထိခိုက် နိုင်သည်များ အထိုင်များတာက သင့်ကျန်းမာရေးအတွက် မကောင်းသလို မတ်တတ်ရပ်တာများရင်လည်း ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ၊ ခြေဖဝါးတွေ ကျိန်းတာ၊ ခြေဖနောင့် နာတာတွေ ခံစား ရနိုင်တာကြောင့် သင့်တစ်နေ့ တာမှာ မတ်တတ် ရပ်တာနဲ့ ထိုင်တာကို မျှခြေ ဖြစ်အောင် ကြိုးစားပါ။
လေ့ကျင့်ခန်း မလုပ်တဲ့ အခါ သင့်ခန္ဓာ ကိုယ်က ကြွက်သားတွေ တောင့်တင်း နေတာကြောင့် တက်ကြွ လန်းဆန်းမှု မရှိ ဖြစ်နေ တတ်ပါတယ်။ တစ်နေ့ ငါး-ခြောက်ကြိမ်လောက် ခန္ဓာကိုယ်ကို အကြော ဆန့်ပေးတာမျိုး လုပ်ဆောင် ပေးပါ။ ရုံးတွင်းမှာ လုပ်ဖော် ကိုင်ဖက် အချင်းချင်း ထိုင်ရာက မထဘဲ စကား လှမ်းပြောမယ့် အစား နေရာ အရောက် သွားပြီး စကား ပြောဆိုပါ။ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ပြီး ပြောပါ။ သင့်တစ်နေ့တာ အချိန်တွေမှာ လှုပ်ရှား ဆောင်ရွက် နေတာထက် ထိုင်နေတဲ့ အချိန်က ပိုများ နေပါ သလား။

လှုပ်ရှားမှု နည်းတာကြောင့် အဝလွန်တာ၊ သွေးတိုးတာတွေ အပြင် အရွယ် မတိုင်မီ သေဆုံး နိုင်ခြေ များစေ ပါတယ်။ ဒါ့အပြင် တခြား ဖြစ်နိုင်ခြေ များတဲ့ ကျန်းမာရေး အခြေအနေ တွေနဲ့ ဖြေရှင်းနည်း တွေကို ရေးသား လိုက်ပါတယ်။

(၁) နောက်ကျောနာကျင်ခြင်း

လှုပ်ရှားမှု နည်းတာကြောင့် နောက်ကျော နာကျင်မှုကို ဖြစ်စေတယ် လို့နော် တင်ဟမ် တက္ကသိုလ်မှ အားကစားနဲ့ ဆေးပညာ ဆရာဝန် ဒေါက်တာ တင်ဘိတ်ကာက ပြောပါတယ်။ တက်ကြွ လှုပ်ရှားတဲ့ နေထိုင်မှုပုံစံက သွေးလှည့်ပတ်မှု ကောင်းပြီး ကြွက်သားနဲ့ အရွတ်တွေရဲ့ လုပ်ဆောင်မှု တွေကိုလည်း ကောင်းစေ ပါတယ်။ လှုပ်ရှား မှုနည်းတာက ကြွက်သားတွေရဲ့ တောင့် တင်းအားကို လျော့နည်း စေပြီး နောက်ကျော နာကျင်မှုကို ဖြစ်စေ ပါတယ်။ သင်က လှုပ်ရှားမှု နည်းလို့ နောက်ကျောနာ ကျင်တဲ့ဝေဒနာကို ခံစား နေရတယ် ဆိုရင်တောင် လှုပ်ရှားမှု များတဲ့ နေထိုင်မှု ပုံစံကို ပြောင်းလဲနေ ထိုင်မယ်ဆိုရင် နာကျင်မှု ဝေဒနာတွေ လျော့နည်း သက်သာ နိုင်ပါတယ်။

(၂) အဝလွန်ခြင်း

အဝလွန်တဲ့ လူတွေက လှုပ်ရှားမှု နည်းကြပြီး လှုပ်ရှားမှု နည်းတဲ့ လူတွေက အဝလွန် တတ်ကြ ပါတယ်။ အဝလွန်တာနဲ့ လှုပ်ရှားမှု နည်းတာက ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင် ဖြစ်တာလဲ ဆိုတာလိုပဲ ပြောရ ခက်တယ်လို့ ပညာရှင် တွေက ပြောပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်း နိုင်ပါတယ်။

(၃) ကြွက်သားများ ပျော့တွဲလာခြင်း

အချိန် ကြာရှည်စွာ ထိုင်တာက ကြွက်သားတွေ ပျော့တွဲ လာစေ ပါတယ်။ ကြွက်သား တွေကို အသုံး မပြုတာကြာ လာတဲ့အခါ ကြွက်သားရဲ့ တောင့်တင်း အားကျဆင်း လာပါတယ်။ ဒါကြောင့် ကြွက်သားတွေ တောင့်တင်း သန်မာလာ စေဖို့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ငါး ပါတယ်။

(၄) နှလုံးတိုက်ခိုက်ခံရခြင်း

သင်က လှုပ်ရှားမှု နည်းပြီး အထိုင် များတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သွေးလှည့်ပတ်မှု နည်းသွားတာက နှလုံးတိုက် ခိုက်ခံရနိုင်ခြေ များစေပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို သွေးတွေ ရောက်ရှိဖို့အတွက် ညှစ်ထုတ် ပေးပါတယ်။ လှုပ်ရှားမှု နည်းတာကြောင့် နှလုံး ကြွက်သားတွေလည်း အားနည်း လာပါတယ်။ နှလုံး ကြွက်သားတွေ သန်မာဖို့အတွက် ရေကူးတာ၊ ရွရွပြေးတာ၊ လမ်းလျှောက်တာ၊ လှေကား တက်တာနဲ့ ဥယျာဉ်ခြံ စိုက်ပျိုး တာတွေကို လုပ်ဆောင် သင့်ပါတယ်။

(၅) လေဖြတ်ခြင်း

လှုပ်ရှား တက်ကြွမှုရှိတဲ့ နေထိုင်မှုပုံ စံကြောင့် လေဖြတ် နိုင်ခြေ လျော့နည်းနိုင် ပါတယ်။ နှလုံး ရောဂါရှိသူ၊ ကိုယ်အလေး ချိန်များသူ၊ လှုပ်ရှားမှု မရှိသူ၊ သွေးတိုးရှိ သူနဲ့ ဆေးလိပ် သောက်သူ တွေဟာ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း များသူ တွေပါ။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ် ဆောင်တာတွေနဲ့ လေဖြတ် နိုင်ခြေကို လျှော့ချ နိုင်ပါတယ်။

(၆) ကင်ဆာဖြစ်ခြင်း

လှုပ်ရှား တက်ကြွမှု မရှိတာကြောင့် ရင်သားကင်ဆာ၊ အူကင်ဆာနဲ့ သားအိမ် ကင်ဆာ ဖြစ်ပွားမှုကို များစေ ပါတယ်။ အင်္ဂလန်နိုင်ငံမှာ လှုပ်ရှား တက်ကြွတဲ့နေ ထိုင်မှုပုံစံကြောင့် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချ နိုင်တာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင် တာကြောင့် ကိုယ်တွင်း အဆီတွေကို လျှော့ချပေးပြီး ကိုယ်ခံ စွမ်းအားကို မြှင့်တင် ပေးပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ

လှုပ်ရှားမှု နည်းတာကြောင့် သွေးတွင်း အင်ဆူလင် ပမာဏကို လျော့နည်း စေပြီး အမျိုးအစား၂ ဆီးချို သွေးချိုရောဂါ ဖြစ်ပွား နိုင်ခြေ များပါတယ်။ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၂၀နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ဖို့ လိုပါတယ်။

(၈) စိတ်ဓာတ်ကျခြင်း

Bristol တက္ကသိုလ်မှ သုတေသီတွေက လှုပ်ရှားမှု မရှိသူတွေဟာ စိတ်ဓာတ်ကျ ရောဂါ ဖြစ်ပွားနိုင်ခြေ နှစ်ဆခန့် ပိုမို များပြား တယ်လို့ ဆိုပါတယ်။ လှုပ်ရှားမှု ရှိသူတွေဟာ ခန္ဓာကိုယ် ကနေ ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်း ထွက်ရှိတာကြောင့် စိတ်ဓာတ်ကျ ရောဂါ ဖြစ်နိုင်ခြေကို လျော့နည်း စေပါတယ်။

(၉) အယ်လ်ဇိုင်းမားရောဂါ

ချီကာဂို တက္ကသိုလ်မှ လေ့လာသူ တွေက လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့ အယ်လ်ဇိုင်းမား ရောဂါ ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေ အရ လှုပ်ရှားမှု မရှိတဲ့ လူတွေဟာ လှုပ်ရှားမှု ရှိသူတွေထက် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုမိုတာကို တွေ့ရှိ ခဲ့ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သက်ကြီး သတိမေ့ ရောဂါ ဖြစ်ပွားမှုကိုပါ လျှော့ချ နိုင်ပါတယ်။ မျိုးရိုးမှာ အယ်လ်ဇိုင်းမား ရောဂါရှိသူ ရှိပါက လှုပ်ရှားမှု များတဲ့ နေထိုင်မှုပုံစံနဲ့ အယ်လ်ဇိုင်းမား ရောဂါ ဖြစ် ပွား နိုင်ခြေကို လျှော့ချ သင့်ပါတယ်။

(၁၀) အရိုးပါးရောဂါ

အရိုးသိပ်သည်းဆ နည်းလာပြီး ကြွပ်ဆတ် လာတာကြောင့် အရိုးကျိုးနိုင်ခြေ များလာပါတယ်။ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ တွေသာ မလုပ်ဆောင် ဘူးဆိုရင် အရိုးပါးလာပြီး ကျိုးနိုင်ခြေ များပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health

အစာအိမ် အချဉ်ပေါက်တယ် ဆိုတာ

အစာအိမ် အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင် သိထားဖို့ လိုပါတယ်။

ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော် ပျင်းပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေ နိုင်ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက် အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ်က လူကို ဒုက္ခ မပေးစေပါဘူး။

အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာ ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာ ကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ်သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။

အစာအိမ်နဲ့ ဆက်စပ် ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက် ဆက်စပ်နေကြောင်း သိရပါတယ်။

Ref: medic-fact
မြ၀တီ ကျန်းမာရေး

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ

ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ

လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်

လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြက်သား၊ ရင်အုပ် ပိုင်ြးွကက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ

ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။အသက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ၁၀အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ

ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက်ဘီးစီးပါ

ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
GOOD HEALTH

နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ


ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။

သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။

(၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။)

(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။

(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။

(၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။

(၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ်ဇွန်းတို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမိုဆိုးရွားလာစေပါလိမ့်မယ်။)

(၆) အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည်(ခေါ်)rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)

(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။

(၈) ဗီတာမင်အီး အဆီဆေးလုံး ဖောက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။)

(၉) ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။

(၁ဝ) နွားနို့ကရင်မင် လိမ်းပေးပါ။

(၁၁) နေမထိပါစေနှင့်။

(၁၂) လေစိမ်းတိုက်မခံပါနှင့်။

(၁၃) မကြာခဏ တံတွေးဆွတ်ခြင်းကလည်း နှုတ်ခမ်းသားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုးဆေးများနှင့် ကာဗွန်
ဓာတ်ပါဝင်မှုများသော ဆိုးဆေးအရောင်ရင့်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို့  အထူးသတိပြုပါ။)

(၁၅) ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်ပေးပါ။

(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။

(၁၇)အရေပြားဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေအဖတ်လန်လာရပါတယ်။ နောက်ထပ်ဆဲလ်တွေ မသေနိုင်အောင်ကြိုတင်ကာကွယ်သည့်အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးပွတ်တိုက် ပေးပါ။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

တင်ထက်ထက်ဇော်
The Mirror Daily
https://www.facebook.com/TheMirrorDaily

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း


ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။

ဆေးနည်း

၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။

၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။

၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။

၎။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။

နောက်တစ်နည်း

ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။

ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။

သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဦးစောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ

ကျန်းမာရေးသတင်းများ

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်


ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။

၁။ အသားအရေလှပခြင်းအတွက်

ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။

၂။ အမျိုးသမီးများအတွက်

ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။

၃။ အနာအမျိုးမျိုးအတွက်

ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။

၎။ နားကိုက်၊ နားနာအတွက်

ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။

၅။ ဆီး၊ ၀မ်းရောဂါများအတွက်

ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။

၆။ မျက်စိနာအတွက်

မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။

၇။ အရေပြားရောဂါအမျိုးမျိုးအတွက်

ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။

၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်

ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။

၉။ အရက်နာကျသူများအတွက်

ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။

၁၀။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်

ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။

စောနွဲ့ နေဆိုင် (New Harmony)
Ref: Benefits of Aloe Vera.
ကျန်းမာရေးသတင်းများ

သင့်ကျန်းမာရေးအတွက် ဒါလေးတွေ သတိထားပါ


ဖုန်းငွေဖြည့်ကဒ်မှ ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းကြောင့် ခဲသားမှာ ပါဝင်ထားတဲ့ ငွေရောင်နိုက်ထရိုအောက်ဆီဂျင်ဓါတ်တစ်ခုဟာ လက်မမှတဆင့် အရေပြားကို ကူးစက်သွားပြီး ကင်ဆာရောဂါတစ်မျိုးကို ဖြစ်စေနိုင်တယ်လို့ အမေရိကမှ ဆေးပါရဂူ Dr.Brian Berry ဆိုသူက ထုတ်ဖော်ပြောကြားထားပါတယ်။

လူသားတွေမှာ ကင်ဆာရောဂါအမျိုးပေါင်းများစွာ ဖြစ်ပေါ်လာတဲ့အထဲမှာ ကင်ဆာအသစ်တစ်မျိုးကို စမ်းသပ်ကြည့်တဲ့အခါ လက်သည်းမှတဆင့် ဖြစ်ပေါ်နေကြောင်း၊ ဖုန်းငွေကဒ်ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းပြုလုပ်သူများမှ အများဆုံးဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ၄င်းဆရာဝန်၏ တင်ပြချက်ကို အိန္ဒိယ ကျန်းမာရေးစာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ ထို့ကြောင့် ဖုန်းငွေဖြည့်ကဒ်များကို လက်သည်းနှင့်မခြစ်ပဲ အရာဝတ္ထုတစ်ခုခုနှင့်သာ ခြစ်ကြဖို့ တိုက်တွန်းထားပါတယ်။

------

ကျန်းမာရေးနှင့်ပတ်သက်သော သိထားစရာအချက်အလက်အချို့

(၁) ဖုန်းပြောသည့်အခါတိုင်း ဘယ်ဘက်နားဖြင့်သာ ပြောရန်။

(၂) ဖုန်းဘတ္ထရီအရမ်းနည်းနေပြီး နောက်ဆုံးအတုံးသာ ကျန်နေသည့်အခါ ဖုန်းလိုင်းမှ ခြောင်ချည်ဖြာထွက်မှုဟာ သာမန်အချိန်ထက် အဆပေါင်းများစွာ သာလွန်နေသည့်အတွက် ဦးနှောက်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်မှာ ဖုန်းမပြောပါနဲ့။

(၃) ဟန်းဖုန်းကို ဖွင့်ထားပြီး အိပ်ယာဘေး၊ ခေါင်းအုံးအောက်သို့တွင် ထား၍ မအိပ်ပါနှင့်။ ဖုန်းလိုင်းများမှတဆင့် ဦးနှောက်အာရုံကြောများကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်သည့် လက္ခဏာများ တွေ့ရှိထားပါတယ်။ တစ်ခါတရံဆိုလျှင် မသိသာပေမယ့် အမြဲလိုလို နှစ်ရှည်လများ ထားအိပ်ပါက သင့်ဦးနှောက်ဟာ ရောဂါရလာမှာ အမှန်ပါ။

(၄) ဆေးဝါးများကို သောက်သည့်အခါ အလွန်အေးနေသော ရေခဲရေများနှင့်အတူ မသောက်ပါနှင့်။ ဆေးအာနိသင် ပယ်နိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးအချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၅) ရေကို နံနက်ပိုင်းမှာ ပိုသောက်၍ ညပိုင်းကို လျှော့သောက်ပါ။

(၆) အစာများကို ည ၈ နာရီမတိုင်ခင် စားလျှင် အကောင်းဆုံးဖြစ်ပြီး ည ၈ နာရီနောက်ပိုင်း စားလျှင် ကျန်းမာရေးနှင့် မညီညွတ်ပါ။

(၇) လူသားတို့အတွက် အိပ်စက်ရန် အကောင်းဆုံးအချိန်ဟာ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ဖြစ်ပါတယ်။ ၄င်းအချိန်အတွင်းမှာ မအိပ်စက်နိုင်လျှင် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှာ ဖြစ်ပါတယ်။

( သင့်မိတ်ဆွေများအတွက် ကျန်းမာရေးအသိများကို Share လုပ်ပေးခြင်းဖြင့် မပင်မပန်းပဲ ကုသိုလ်ယူနိုင်ကြပါတယ် )

ဦးစောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Government Jobs Portal India

ကျန်းမာရေးသတင်းများ

လိင်မှုရေးရာနှင့် ဆီးကြိတ်ကင်ဆာ ဆက်စပ်မှုရှိ .....


အသက်(၅၀)ကျော် အမျိုးသားများ အတွက် လိင်ဆက်ဆံမှု ဓလေ့အထုံသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှုအား လျှော့ချပေးနိုင်ကြောင်း သိရသည်။

အသက်အရွယ် ကြီးရင့်သော အမျိုးသားများ အတွက် လိင်ဆက်ဆံခြင်း၊ လက်ကို အသုံးပြုပြီး တကိုယ်ရည် အာရုံဖြေဖျောက်ခြင်းစသည့် နည်းလမ်းများ အသုံးပြုခြင်းဖြင့် သုက်ပြွန်နှင့် ဆီးလမ်းကြောင်းကို ချောမွေ့ပြီး အဆိပ်အတောက်များကို စွန့်ထုတ်ပေးကြောင်း သိရသည်။

အသက်(၆၀)နား နီးကပ်နေပြီး ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာများ ပေါ်ပေါက်နေသူ အမျိုးသား(၄၀၀)နှင့် ကျန်းမာသော အမျိုးသား (၄၀၀)တို့ကို စနစ်တကျ သုတေသန ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း Independent သတင်းစာတွင် ဖော်ပြထားသည်။

သင့်တော်သော အကြိမ် အရေအတွက်အထိ လိင်မှုဆိုင်ရာ မှီဝဲမှုမျိုး ပြုလုပ်ခြင်းသည် လူကြီးပိုင်း အမျိုးသားများ အတွက် ကျန်းမာရေးအရ အထောက်အကူပြု နိုင်ပြီး အသက်(၂၀)မှ (၃၀)ကြား အရွယ်ကောင်းများ အတွင်း လိင်အပျော်အပါး အကြီးအကျယ် လိုက်စား သူများမှာမူ အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာ တိုးတက် များပြားလာကြောင်း သိရှိရသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts

Colors of your nails လက်သည်းအရောင်


၁။ ခြေသည်းအရောင်တွေမည်းသွားတာ ကောင်းအောင်ဘယ်လိုလုပ်ရပါ့မလဲဆရာ။
၂။ ဆရာရှင့် သိချင်တာလေးတခုရှိလို့ ဖြေပေးစေချင်ပါတယ်။ အမှားပါရင်ခွင့် လွတ်ပါနော်။ လက်သည်း ပါးပြီး၊ အရောင် ညိုနေရင် ဘယ်လိုလုပ်ရမှာပါလဲရှင့်။

လက်သည်းတွေကနေ သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့ ဆေးပညာမှာရှိတယ်။

၁။ Pale Nails အရောင်ဖျော့တော့နေရင်
• Anemia သွေးအားနည်း၊
• Congestive heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊
• Liver disease အသည်းရောဂါ၊
• Malnutrition အာဟာရချို့တဲ့ခြင်း၊

၂။ White Nails လက်သည်းဖြူနေရင်
• Hepatitis အသဲရောင်ခြင်း၊
• Jaundice အသားဝါရောဂါ၊

၃။ Yellow Nails လက်သည်းဝါနေရင်
• Fungal infection ဖန်းဂတ်းစ် (မှို) ပိုးဝင်နေခြင်း၊ ပိုဆိုးလာရင် လက်သည်းအခြေကဖုတ်ယုတ်ပြီး လက်သည်းတွေ ကြွတ်ဆတ်လာမယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အသဲရောဂါ၊
• Diabetes ဆီးချို၊
• Psoriasis ဆိုရီယေးဆစ်ရောဂါ။

၎။ Bluish Nails လက်သည်းပြာနေရင်
• Oxygen အသက်ရှူလေထဲက အောက်စီဂျင်နည်းနေလို့၊ အဆုပ်ရောဂါ၊ ဥပမာ နူမိုးနီးယား၊
• Heart problems နှလုံးရောဂါ၊

၅။ Rippled Nails လက်သည်းတွေ ဖေါင်းရောင်နေရင်
• Psoriasis ဆိုရီယေးဆစ်ရောဂါ၊ အပေါက်လေးတွေလဲရှိနိုင်တယ်။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊

၆။ Cracked or split nails လက်သည်းကွဲအက်နေရင်
• Thyroid disease လည်ပင်းကြီးရောဂါရှိနေရင် ခြောက်ပြီး ကြွတ်ဆတ်မယ်။
• Fungal infection ဖန်းဂတ်စ် (မှို) ပိုးဝင်နေရင် ခပ်ဝါဝါလဲနေမယ်။

၇။ Puffy Nail Fold လက်သည်းနားကအရေပြးနေရာဖေါင်းမေယ်ဆိုရင်
• Inflammation of the nail fold အဲဒီနေရာရောင်လို့၊
• Lupus လူးပတ်စ်ရောဂါ၊
• Connective tissue disorder တွယ်ဆက်တစ်ရှူးရောဂါ၊

၈။ Dark lines beneath the nail လက်သည်းအောက်မှာ အပြာရောင်အစဉ်းတွေရှိနေရင်
• Melanoma အရေပြားကင်ဆာ၊

၉။ Gnawed Nails လက်သည်းကိုက်တဲ့အကျင့်ရှိရင်
• Persistent anxiety စိုးရိမ်စိတ်တဲနေလို့၊
• Obsessive-compulsive disorder စိတ်ရောဂါနဲ့ဆက်စပ်နေနိုင်တယ်။

၁ဝ။ Nails are only part of the puzzle လက်သည်းဟာ ကျန်းမာရေးပဟေဠိဖြစ်နိုင်တယ်
• Dermatologist မသေချာရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

သိထားရမည့် နှင်းခူအကြောင်း


နှင်းခူဖြစ်ရင် အရေပြား နီမြန်းတာနဲ့ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေး ငါးဦးအနက် တစ်ဦးနှုန်းနဲ့ အရွယ်ရောက် လူကြီး ၁၀ ဦးအနက် တစ်ဦးနှုန်းဟာ အဖြစ်များတဲ့ နှင်းခူအမျိုးအစား Atopic Eczema ကို ဖြစ်စေနိုင်ပါတယ်။

နှင်းခူဖြစ်နှုန်းက အရင်ကထက်စာရင် အခုအခါမှာ ပိုမိုသိသာလာတာကြောင့် အလေးထားရမယ့် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနေပါပြီ။

နှင်းခူဖြစ်မှန်း ဘယ်လို သိနိုင်သလဲ

နှင်းခူရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကုသမှုပုံစံက အပြောင်းအလဲ ရှိနိုင်ပါတယ်။ နှင်းခူဆိုတာ အရေပြားကို ယားယံတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာ၊ အက်ကွဲတာနဲ့ နီမြန်းတာတွေကို ဖြစ်စေတဲ့ အရေပြား အခြေအနေ တစ်မျိုးပဲ ဖြစ်ပါတယ်။

နှင်းခူအမျိုးအစားကို ဆန်းစစ်ရှာဖွေဖို့ အလွန်အရေးကြီးပါတယ်။ အကြောင်းကတော့ နှင်းခူအမျိုးအစား အမျိုးမျိုးအတွက် မတူညီတဲ့ ကုသမှုနဲ့ ထိန်းသိမ်းနည်းတွေ လိုအပ်နေလို့ပါ။ နှင်းခူကို ပိုမဆိုးသွားအောင် နေထိုင်စားသောက်မှု ပုံစံနဲ့ ထိန်းချုပ်ဖို့လည်း လိုအပ်နေပါသေးတယ်။ နှင်းခူနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကလည်း အသေးအမွှားမှ အပြင်းအထန်အထိ အမျိုးမျိုးရှိပါတယ်။ နှင်းခူရဲ့ လက္ခဏာပေါ် မူတည်ပြီး ကုသမှုက အမျိုးမျိုးရှိပါတယ်။

နှင်းခူဖြစ်စေသော အကြောင်းရင်းများ

နှင်းခူက မျိုးရိုးလိုက်နိုင်ခြေ ရှိပါတယ်။ နှင်းခူဟာ စိတ်ဖိစီးမှု၊ စိုထိုင်းဆများတဲ့ အပူချိန်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖြစ်တတ်တာမျိုးပါ။

ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှင်းခူနဲ့ အရေပြားမှာ သဘာဝအတိုင်း ရှိနေတဲ့မှို (Yeast) ပုံမမှန် ကြီးထွားမှုကြောင့် ဖြစ်တဲ့ နှင်းခူဆိုပြီး တခြားနှင်းခူ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ နှင်းခူ သက်သာစေမည့် နည်းများ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် နှင်းခူကို ထိန်းချုပ် ပေးနိုင်ပါတယ်။ နှင်းခူ ထိန်းချုပ်ရေးအတွက် ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မှု မရှိအောင် ရှောင်ဖို့ လိုပါတယ်။

နှင်းခူဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ကြေးချွတ်ပစ္စည်းတွေ၊ ဆပ်ပြာ၊ ရှမ်ပူတွေနဲ့ ကြမ်းတမ်းတဲ့အင်္ကျီ၊ လုံခြည်တွေကို သတိထားဖို့ လိုပါတယ်။ အရေပြားမှာ ကြမ်းတမ်း ထိခိုက်မှုတွေ မဖြစ်စေဖို့ အရေပြားစိုပြည် နူးညံ့နေအောင် အစိုဓာတ်ထိန်း ခရင်မ်တွေကို လိမ်းပေးဖို့ လိုပါတယ်။ အရေပြားက ထိခိုက်ပျက်စီးနေရင် ပိုးဝင်နိုင်ခြေ များပါတယ်။

ရုတ်တရက်နဲ့ ပြင်းထန်တဲ့ အရေပြားအနာတွေကို ကော်တီစုန်းခရင်မ်၊ အရေပြားချောမွေ့စေတဲ့ ခရင်မ်တွေ လိမ်းပြီး သက်သာအောင် လုပ်သင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချတာ၊ အစာကို ကောင်းကောင်းစားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်တာနဲ့ ကိုယ်ခံစွမ်းအား ကောင်းအောင် ထိန်းတာတွေ အားလုံးက နှင်းခူကို ထိန်းချုပ်နိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။

အရေပြားကို အပူဒဏ်၊ အအေးဒဏ်နဲ့ မထိတွေ့မိအောင် ကြိုးစားပါ။ ဒီဒဏ်တွေကို ခံရတာကြောင့် နှင်းခူကို ပိုဆိုး စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သူတွေမှာ အကျိုးပြု ဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်လို အစာတွေကို စားပေးတာကြောင့် ကလေးငယ်မှာ နှင်းခူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လေ့လာမှုအရ အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ နွားနို့ကိုသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ကလေးငယ်တွေဟာ နှင်းခူဖြစ်နှုန်းကို ၄၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း တွေ့ရှိရပါတယ်။ နှင်းခူဖြစ်တဲ့ ကလေးငယ်တွေကို အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစာတွေ ကျွေးတာကြောင့် နှင်းခူကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နှင်းခူကို မကုတ်ခြစ်ပါနဲ့။ ကလေးတွေကို လက်သည်းတိုတို ညှပ်ထားပေးပါ။ ဒါမှ အရေပြားကို ကုတ်ခြစ်မှု လျော့ကျပြီး အရေပြား ထိခိုက်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ ရေကူးတဲ့အခါ သတိထားပါ။

ကလိုရင်းပါတဲ့ ရေထဲမှာ ကူးတာကြောင့် တချို့ကလေးတွေမှာ
နှင်းခူဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ နားမှာ နီကယ်ပါတဲ့ နားကွင်း တပ်ဆင်တဲ့အတွက် ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှင်းခူကို ဖြစ်စေနိုင်ပါတယ်။

နားကပ်နဲ့ ဓာတ်မတည့်တာကြောင့် နား ယားယံတာ၊ နီမြန်းတာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ရွှေ၊ ငွေနဲ့ လုပ်ထားတဲ့ နားကပ်ကို တပ်တာက ဓာတ်မတည့်မှု ဖြစ်နှုန်း နည်းပါတယ်။
ကြေးချွတ်ဆေးတွေကို ကြာကြာထိတွေ့တာကြောင့် နှင်းခူဖြစ်တတ်ပါတယ်။

ဒါကြောင့် ဆိုဒီယမ်လော်ရိုင်းဆာလဖိတ်ပါတဲ့ ဆပ်ပြာနဲ့ ကြေးချွတ်ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်လို့ပါ။ ဥအမျိုးမျိုး၊ အခွံမာသီးနဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာတွေက ကလေးတွေမှာ နှင်းခူ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ နှင်းခူကို ပိုဆိုးစေနိုင်တဲ့ အစာတွေကို သတိထားပြီး ရှောင်သင့်ပါတယ်။

ကြယ်စင် (Good Health)

ကျန်းမာရေးသတင်းများ

အိပ်မပျော်သူများအတွက် သဘာဝဆေးနည်း


နှလုံးအားနည်းသောရောဂါအခံရှိပြီး အိပ်မပျော်သူများအတွက် သဘာဝဆေးနည်းကောင်းလေးကို ညွန်ပေးလိုက်ပါတယ်။

ဆေးနည်း-

(၁) ဇာတိပ္ဖိုလ်သီးအခြောက်ကို အမှုန့်ကြိတ်၍ အဖုံးလုံသော ပုလင်းထဲကို သေချာစွာ ထည့်ထားပါ။

(၂) ညစာစားပြီး တစ်နာရီခန့် ခွါ၍ နွားနို့ခပ်နွေးနွေးတစ်ခွက်ထဲသို့ ဇာတိပ္ဖိုလ်အမှုန့်ကို ဇီးသီးတစ်လုံးခန့် ထည့်၍ သောက်ပါ။

(၃) နွားနို့မရပါက ပျားရည်နှင့်အတူ သောက်ပါ။

(၄) အိပ်ယာမ၀င်ခင် အကြောလျှော့ပြီးမှ အိပ်ယာဝင်ပါ။

(၅) နံနက်ပိုင်းမှာ ချွေးထွက်စေရန် လမ်းပုံမှန် လျှောက်ပေးပါ။

ဇာတိပ္ဖိုလ်သီးနှင့် အမှုန့်ကြိတ်ပြီးသားကို ပရဆေးဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

တစ်လခန့် ပုံမှန်သောက်ပေးလျှင် နှလုံးအားကောင်းလာပြီး စားဝင်အိပ်ပျော်စေပါမည်။ တစ်နေ့ကို ၆ နာရီခန့် အိပ်ပျော်လာနိုင်လျှင် ဆေးကို ထပ်မသောက်ပဲ ရပ်ထားနိုင်ပါသည်။

လူသားတိုင်း စားဝင်အိပ်ပျော်၍ ကျန်းမာစွာအသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Warazein Min (မြန်မာတို့အတွက်ဆေးမြီးတိုများ)

ကျန်းမာရေးသတင်းများ

ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ


ခါးနာခြင်းအမျိုးမျိုးရှိရာ ဒဏ်ကြောင့်ဖြစ်သော ခါးနာရောဂါ၊ အထိုင်များ၍ဖြစ်သော ခါးနာ၊ အလေးအပင်မရင်းဖြစ်သောခါးနာတို့ထက် အိပ်ရာကြောင့်ဖြစ်သောခါးနာက ပို၍များလိမ့်မည်ထင်ပါသည်။

စာရေးသူကိုယ်တိုင် ငယ်စဉ်ကခါးနာဖူးသည်။ နာသည်မှ တစ်နှစ်ခန့်ကြာအောင် နာခဲ့သည်။ ကျောင်းတွင်ထိုင်တာကြာပြီး ပြန်ထလျှင် မနည်းထရသည်။ ကြာကြာထိုင်လျှင်လည်း ခါးဆက်ထဲမှ ပူပြီးနာလာသည်။ ခါးနာ၊ ခါးကိုက်ပျောက်ဆေးသောက်သည်။ ဘမ်းပရုတ်ဆီ လိမ်းသည်။ ခဏသက်သာပြီးနောက် ပြန်နာသည်။

ခါးနာဖြစ်ရသည့်အကြောင်းအရင်းကို ပြန်စဉ်းစားကြည့်သောအခါ ထိုခေတ်က အသုံးပြုလေ့ရှိသော စပရင်မွေ့ရာနှင့် အိပ်မိသောကြောင့်ဖြစ်သည်။ ထိုစပရင်မွေ့ရာမှာ အဟောင်းဖြစ်သဖြင့် အားပျော့ပြီး အချို့နေရာများတွင်ခွက်နေသည်။ အချို့နေရာတွင် ပေါက်ပြဲပြီး စပရင်အပြင်သို့ ကန်ထွက်နေသည်။ ပေါက်သည့်နေရာကို အပေါ်က ဂုံနီအိတ်အထူခင်းပြီးအိပ်သဖြင့် မွေ့ရာမှာ မြင့်သည့်နေရာတွင်မြင့်၊ ခွက်သည့်နေရာတွင်ခွက် ဖြစ်နေသည်။

စာရေးသူ ရန်ကုန်တက္ကသိုလ်တက်စဉ်က အဒေါ်တစ်ယောက်၏နေအိမ်မှ တက်ခဲ့ခြင်းဖြစ်သည်။ သူတို့အိမ်မှ ရှေးကသိမ်းထားသော မိဘများလက်ထက်ကမွေ့ရာကို စာရေးသူအိပ်ရန် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျောင်းတစ်နှစ်ပြီး၍ နယ်မြို့လေးသို့ပြန်သောအခါ ကိုယ့်အိမ်မှအိပ်နေကျအိပ်ရာနှင့် ပြန်အိပ်ရသည်။ စာရေးသူ၏မိဘအိမ်က အိပ်ခန်းမှာ ခုတင်မရှိ၊ မွေ့ရာမရှိ၊ ကြမ်းပြင်တွင် သင်ဖြူးဖျာခင်းပြီး ခြင်ထောင်ထောင်အိပ်ရသည်။ ကျောင်းတက်ရင်းရခဲ့သောခါးနာသည် နယ်ကအိမ်ရောက်ပြီး တစ်လခန့်ကြာသောအခါ အလိုလိုသက်သာပြီး ပျောက်ကင်းသွားသည်။ ထိုအခါကျမှ စပရင်မွေ့ရာကြောင့်ဖြစ်သော ခါးနာဖြစ်ကြောင်းကို သတိထား မိတော့သည်။

စပရင်မွေ့ရာသာမဟုတ်၊ ကြာရှည်အသုံးပြုထားသဖြင့် ခါးနေရာတွင်ခွက်ဝင်နေသော ဆိုဖာမွေ့ရာ၊ ဝါဂွမ်းမွေ့ရာများဖြင့်အိပ်လျှင်လည်း ခါးနာနိုင်ပါသည်။ အိပ်ပျော်သောအခါ လူ၏အလေးချိန်ဖိအားနှင့် ခါးမှာ မွေ့ရာအတွင်း ခွက်ဝင်သွားသောကြောင့်ဖြစ်သည်။

ခါးရိုးဆစ် ခုနစ်ဆစ်ရှိရာ အိပ်ရာအနေအထားမမှန်လျှင် ခါးရိုးအဆစ်များပါ အနေအထားပျက်ယွင်းပြီး ကြာလျှင် ကျီးပေါင်းတက်လာနိုင်သည်။ ခါးရိုးဆစ်များအတွင်းမှ အရွတ်ပြားများ အနေအထားပျက်ယွင်းခြင်း၊ အပြင်သို့ကန်ထွက်ခြင်းတို့ ဖြစ်နိုင်သည်။

ခါးရိုးဆစ်ကျီးပေါင်းတက်လျှင် ခါးရိုးဆစ်နံပါတ် (၄)နှင့် (၅) ကြားနှင့်၊ (၅) နှင့် (၆) ကြား အကြောညပ်လျှင် အနာကျင်ဆုံးဖြစ်သည်။ အချို့မှာ မီးညောင့်ရိုးဆစ်အထက်တွင် မခံနိုင်အောင်နာတတ်သည်။ ထိုင်လျှင်လည်းနာ၊ ပက်လက်လှန်အိပ်လျှင်လည်းနာနှင့် ဘေးနှစ်ဖက်ကို တစ်လှည့်စီစောင်းအိပ်မှ သက်သာလေ့ရှိသည်။

ခါးနာကြာလျှင် ကုသမှုစနစ်တကျမခံယူလျှင် အာရုံကြောရောင်ပြီး ခြေတစ်ဖက်တွင်ကိုက်ခဲပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သော ဝေဒနာခံစားရတတ်သည်။ ဆိုင်ယာတီကာဟုခေါ်သော အာရုံကြောနှင့် ခါးဆစ်ကျီးပေါင်းညပ်ပြီး ပေါင်တစ်လျှောက်ထုံဆင်းနာသောရောဂါမှာ အလွန်ဆိုးသည်။ ဆိုင်ယက်တစ်နာဗ်ကြောရောင်သောရောဂါကြောင့် ခြေတစ်ဖက်ကိုခဲနှင့်ဆွဲပြီး အိပ်ရာထဲတွင်ရက်ရှည်အိပ်နေရတတ်သည်။

အချို့ခါးကျီးပေါင်းနှင့် အာရုံကြောညပ်သောဝေဒနာသည်များမှာ ခဲဆွဲရုံနှင့်မရတော့သဖြင့် ခွဲစိတ်ကုသရတတ်သည်။ ခါးခွဲစိတ်ကုသခြင်းသည် စွန့်စားရပြီး အလွန်အန္တရာယ်များသည်။ အခန့်မသင့်၍ ခါးအောက်ကိုယ်တစ်ပိုင်းသေသွားသူများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ခါးနာလျှင် ဖြစ်စကတည်းက ဂရုစိုက်ကုသသင့်သည်။ ခွဲစိတ်ကုသရသည့် အဆင့်ထိရောက်အောင် အချိန်မဆွဲသင့်ပေ။

ခါးနာကုသရာတွင် Lumber attraction ခေါ် ခါးဆွဲကုသခြင်းဖြင့် ခါးနာသက်သာစေနိုင်သည်။ သို့သော် အမြဲတမ်းခဲဆွဲနေခြင်းသည်လည်း မကောင်းပေ။ ခါးရိုးဆစ်အားလုံးကို ဟသွားအောင်ဆွဲခြင်းဖြစ်သဖြင့် မလိုအပ်သော ခါးဆစ်များနှင့် အရွတ်ကြော၊ ဆိုင်းကြော၊ ခုတုံးများမှာ ဒဏ်ဖြစ်ပြီး ခါးနှင့်အောက်ပိုင်း အားပျော့သွားစေ နိုင်သည်ကို သတိပြုရန်လိုအပ်သည်။

အိပ်ရာကြောင့် ခါးနာခြင်းဟုတ်မဟုတ်ကို နံနက်အိပ်ရာထလျှင် သိနိုင်သည်။ တစ်ချိန်က စာရေးသူ၏ဖခင်ကြီး ခါးနာဖူးသည်။ နံနက်အိပ်ရာထလျှင် ထူပေးဖို့လူအကူကို အော်ခေါ်ရသည်။ နေ့လယ်နေ့ခင်း အကောင်း၊ ကြာတော့ ထူပေးရသူများကို အားနာသဖြင့် အိပ်ရာဘေး နံရံအမြင့်မှ ကြိုးတစ်ချောင်းချထားသည်။ နံနက်လင်းလျှင် ယင်းကြိုးကိုဆွဲယူပြီး အိပ်ရာမှထသည်။

စာရေးသူဖခင်၏မွေ့ယာကို အထူမှအပါးသို့ပြောင်းလိုက်သည်။ ထို့အပြင် မွေ့ရာအရွယ် သုံးထပ်သားအပါးတစ်ချပ်ကို အိပ်ရာပေါ်တွင်တင်၊ ထိုအပေါ်မှ စောင်တစ်ထည် ခင်းပြီးအိပ်စေသည်။ ခါးနာမှာ တဖြည်းဖြည်းသက်သာလာပြီး နောက်ပိုင်းတွင် ပျောက်ကင်းသွားသည်။

အသက်ကြီးသူများတွင် ခါးရိုးဆစ်များကို ဓာတ်မှန်ရိုက်ကြည့်လျှင် ကျီးပေါင်းတက်နေသည်ကို တွေ့ရမြဲဖြစ်
သည်။ သစ်ပင်များ အသက်ရင့်လာလျှင် အခေါက်ထူပြီးအပွေးတက်လာသကဲ့သို့ဖြစ်သည်။ အဆန်းမဟုတ်ပါ။ ကျီးပေါင်းရှိသောအဆစ်နှင့် ခါးအာရုံကြောများ မညပ်မိစေ ရန်သာ အိပ်ယာမှအစ ဂရုစိုက်ပေးရန်ဖြစ်သည်။ မမာလွန်း၊ မပျော့လွန်းသော မွေ့ယာမျိုးဖြင့်သာ လူကြီးများကို အိပ်စေသင့်သည်။

ပက်လက်ကုလားထိုင်ကြောင့်ဖြစ်သောခါးနာခေါက်၍ဆန့်၍ရသော ပတ္တူဖျင်ဖြင့်ပြုလုပ်ထားသောထိုင်ခုံများကို ပက်လက်ကုလားထိုင်ဟုခေါ်ကြသည်။ ကုလားထိုင်ဟူသော ဝေါဟာရမှာ အင်္ဂလိပ်ခေတ်ကပေါ်လာခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာများက အင်္ဂလိပ်များကို ကုလားဟုခေါ်ခဲ့ကြသည်။ သူတို့ထိုင်သောထိုင်ခုံများကို ကုလားထိုင်ဟု ခေါ်ခဲ့ကြပုံရသည်။

စာရေးသူ၏ညီငယ်တစ်ဦးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ခါးနာဖူးသည်။ သူ့အကျင့်မှာ နေအိမ်အနောက်ဘက် သစ်ပင်အရိပ်ကောင်းသောနေရာတွင် ပက်လက်ကုလားထိုင်နှင့် စာကျက်လေ့ရှိသည်။ တစ်ခါတရံ သူသည် စာကျက်နေရင်း အိပ်ပျော်သွားလေ့ရှိသည်။ စာမေးပွဲကြီးနီးချိန်တွင် သူ့မှာခါးနာရောဂါစွဲကပ်နေပြီး ဝမ်းလျားမှောက်ပြီး ခါးကိုအနင်းခံသည်။ ပရုပ်ဆီများလိမ်းသည်။ မသက်သာ။ နောက်ဆုံး ပက်လက်ကုလားထိုင်နှင့် စာမကျက်တော့မှ သက်သာသွားသည်။ သူသည် ယခုအခါ မေ့ဆေးဆရာဝန်ကြီး ဖြစ်နေပြီဖြစ်သည်။

စာရေးသူ၏ဖခင်မှာလည်း တစ်ခါက ပက်လက်ကုလားထိုင်ဖျင်ပြဲပြီး ကျွံကျသဖြင့် ခါးနာဖူးသည်။ ပြတ်ကျရုံမျှမက ကုလားထိုင်တန်းများက ခေါက်ပြီး ဦးခေါင်းနောက်စေ့သို့ ရိုက်မိသဖြင့် ဦးခေါင်းတွင်ပါ ဒဏ်ရာရလေသည်။ ခါးတွင်ရသောဒဏ်ရာမှာ အရိုးဖုသွားပြီး ကျီးပေါင်းတက်နေသဖြင့် ခါးမတ်၍မရသည်မှာ ယခုတိုင်ဖြစ်သည်။

ဖျင်ကုလားထိုင်မဟုတ်သော်လည်း ဝါးဖြင့်ပြုလုပ်သော ပက်လက်ကုလားထိုင်၊ ကြိမ်ဖြင့်ပြုလုပ်သော ပက်လက် ကုလားထိုင်၊ နောက်ဆုံးခေတ်ပေါ် Dream bed ဖြင့်အိပ်သူများမှာလည်း ခါးနာသည်ကိုမကြာခဏတွေ့ရသည်။ ဝါးဖြင့်ပြုလုပ်သောခေါင်းတင်တန်းပါသည့် ကုလားထိုင်များဖြင့် အိပ်ပျော်သူများမှာ ခါးသာမက ဇက်ကျီးပေါင်းတက်ခြင်းပါဖြစ်နိုင်သည်။ မကြာခဏ ခေါင်းမူးသူတစ်ဦးကိုတွေ့ဖူးသည်။ သူသည် ဇက်ကြောတက်သက်သာစေရန် ဝါးကုလားထိုင်ဝယ်ပြီး ဇက်တင်အိပ်ရာမှ ကျီးပေါင်းတက်ပြီး မူးလာခြင်းဖြစ်လေသည်။

အနှိပ်သည်ဖုကြောင့်ဖြစ်သောခါးနာရှေးလူကြီးများသည် 'အနှိပ်သည်ဖု' ခေါ် သစ်သားဖုလုံးနှစ်ခုကို တစ်လက်မခန့်အကွာထားသည့် ပွတ်လုံးဖြင့် ဇက်ရင်းတွင်ထား၍ အိပ်ခြင်း၊ ခါးဆစ်တွင်ခု၍အိပ်ခြင်းကို ပြုလုပ်လေ့ရှိကြသည်။

သီလရှင်စာသင်တိုက်မှ ဆရာကြီးတစ်ပါးခါးနာ၍ ကုသပေးရဖူးသည်။ ခြေတစ်ဖက်ကို ဆန့်ထား၍မရ၊ ကွေးထားရသည်။ ဆွဲဆန့်လျှင် နာ၍အော်ရသည်။ လမ်းမလျှောက်နိုင်၊ ပွေ့ယူလာရသည်။ ထိုသီလရှင်ဆရာကြီးသည် အနှိပ်သည်ဖုကို ခါးအောက်ခုထားရင်း အိပ်ပျော်သွားရာမှ တစ်နာရီခန့်အကြာတွင် ခါးထဲမှပူပြီးနိုးလာသည်ဟုဆိုသည်။ ထို့နောက် ခြေတစ်ဖက်တွင်ပါ ကျဉ်ထုံပြီးကိုက်ခဲလာသည်။ သူသည် အနှိပ်သည်ဖုကြောင့် ခါးအာရုံကြောညပ်သောရောဂါဝေဒနာ ရခဲ့ခြင်းဖြစ်သည်။ အနှိပ်သည်ဖုခံပြီး အိပ်ပျော်သွားရာမှ ဒုက္ခရောက်သူများစွာရှိသဖြင့် အထူးသတိပြုသင့်သည်။

အနှိပ်သည်ဖုကို ရှေးကမည်သူကတီထွင်ခဲ့သည်ကို မသိရသော်လည်း ဘုရားစောင်းတန်းဈေးသည်များ၊ ပန်းပုဆိုင်များတွင် အများအပြားရောင်းချသည်ကို တွေ့ရသည်။ တုတ်နှစ်ချောင်းကို သစ်သားဝက်အူရစ်ဖြင့် လှည့်ညှစ်သောအနှိပ်ကိရိယာများလည်း ရောင်းနေသည်ကိုတွေ့ရသည်။ ပေါင်ကိုက်သည်ကို ၎င်းတုတ်နှစ်ချောင်းနှင့် အချိန်ကြာမြင့် စွာ ညှစ်ထားမိသဖြင့် ပေါင်တွင်းသွေးလွှတ်ကြောမကြီးပိတ်သွားကာ ခြေတစ်ချောင်းလုံးဖြတ်ပစ်လိုက်ရ သူရှိသည်ဟု ဆရာဝန်ကြီးတစ်ဦးက ပြောပြဖူးသည်။

အရပ်သုံးလက်ဖြစ် အနှိပ်ကိရိယာများသည် အန္တရာယ်ရှိသည်။ အမှုမဲ့အမှတ်မဲ့သုံးစွဲရာမှ အကြောညပ်ခြင်း၊
အဆစ်လွဲခြင်း၊ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း၊ အာရုံကြောရောင်ခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ လက်တဲ့စမ်း မသုံးသင့်ပါ။

အိပ်စက်ခြင်းနှင့်အနားယူခြင်းသည် လူတို့နေ့စဉ်ပြုရသော အမှုဖြစ်သည်။ အိပ်ရာအနေအထားမသင့်တော်၍ ဖြစ်ရသော ခါးနာရောဂါ၊ ကျီးပေါင်းတက်ရောဂါ၊ ပက်လက်ကုလားထိုင်နှင့်အိပ်ခြင်းကြောင့်ဖြစ်သော ခါးနာဝေဒနာ၊ လက်လုပ်အနှိပ်ကိရိယာတို့ကြောင့်ဖြစ်သော ခါးနာ၊ အာရုံကြောညပ်ဝေဒနာများမှာ မြန်မာလူမျိုးတို့တွင်အဖြစ်များသောကြောင့် သတိပြုဆင်ခြင်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါသည်။ ။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မြန်မာ့ဆေးဖက်ဝင် နန်းလုံးကြိုင်ပင်


Item Name --------- Cassia Flower (နန်းလုံးကြိုင်)
Category ------------ Raw Material
Botany Term -------- Acacia farnesiana Willd
Species Family ----- Mimosaceae

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက်အလေ့ကျ ပေါက်ရောက်သည်။

♥ အပင်

အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၁၀-၁၂ ပေ ခန့်ထိမြင့် သည်။ အကိုင်းအ ခက်များပြီး ဆူးရှိသည်။ အကိုင်းအခက်များပြီး ဆူးရှိသည်။ အကိုင်း အခက်များ ဆစ်ချိုး ထွက် သည်။ ပင်စည် ပေါ် တွင် အညိုနုရောင် အစက်ကလေး များ ပါရှိသည်။ အခေါက်မှ အစေးထွက် သည်။ အခေါက် စိမ်းညိုရောင် ရှိသည်။

♥ အရွက်

နှစ်ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်ကာ ရွက်ဆိုင်ထွက် သည်။ ရွက်မြွာ များသည်သေးငယ် သည်။ ရှည်မျောမျော ပုံသဏ္ဍာန် ရှိပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရွက်ပြား နူးညံ့သည်။ အနားညီ သည်။ 


♥ အပွင့်

အ၀ါရောင် ရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ် တွင်ဘောလုံး သဏ္ဍာန်စု ပြုံ၍ထွက် သည်။ အနံ့မွှေး သည်။ တပေါင်းလ ၀ါခေါင်လ အတွင်း ပွင့် သည်။

♥ အသီး

အသီး တောင့် ဖြစ်၍ နှစ်ဖက် ချွန်ပြီး ပြောင်ချောသည်။ အညိုရင့် ရောင်ရှိသည်။ အခန်း ၄-၅ ခန်း ပါသည်။ တစ်ခန်းလျှင် အစေ့ တစ်စေ့စီ ပါရှိ၏ ။ အစေ့ အနည်းငယ်ပြား၍အညို ရောင်ရှိသည်။ နယုန်-၀ါဆို တွင် သီးသည်။

► အသုံးဝင်ပုံ

အခေါက် ၊ အရွက်။

♥ အာနိသင်။

မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏ ။ သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏ ။အစေးသည် ချို၏ ။ ခွန်အားကို ဖြစ်စေ၏ ။ ကာမကို အားပေး၏ ။

 ► အခေါက်အသုံးပြုပုံ

၁ ။ အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ်ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
၂ ။ အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ၀မ်းရောဂါ ပျောက်၏ ။ 

► အရွက်အသုံးပြုပုံ

၁ ။ အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ည တစ်လုံးစီ သောက်က ညောင်းကျ ရောဂါ ပျောက်စေသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့

ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။

သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။

By Health Articles

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ

ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင် ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။

"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။

လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင် ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။

Planet Myanmar Network

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ

ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ
ခွန်အားဖြည့် အချိုရည်များသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ပေးနိုင်သည့် သက်ရောက်မှုမျိုး ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ၊ ဘွန်းတက္ကသိုလ်မှ ပညာရှင်များသည် လူ(၁၇)ဦး၏ နှလုံးလှုပ်ရှားမှုများကို လေ့လာပြီးနောက် ယခုကောက်ချက်ကို အခိုင်အမာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါတွင် အားဖြည့်အချိုရည် သောက်သုံးထားသည့်နောက် နှလုံးခုန်နှုန်း သိသိသာသာ နှေးကွေးသွားသည်ကို ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။

သုတေသီ တစ်ဦးဖြစ်သည့် ဂျိုနက်စ် ဒေါနားက "ခွန်အားဖြည့် အချိုရည်တွေကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေကို သက်ရောက်သွားတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ ခုထိ တိတိကျကျ မသိရသေးဘူး။ ဒါပေမဲ့ အားဖြည့် အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ကော်ဖီလို၊ ကိုလာလို ကဖိန်းပါဝင်တဲ့ တခြားအစားအသောက်တွေထက် (၃)ဆလောက် မြင့်နေတာကိုတော့ သတိပြုရပါမယ်။ ကဖိန်းဓာတ်ဟာ များများမှီဝဲရင် ဘေးထွက်အာနိသင်တွေ ရှိတတ်တာကို ကျွန်တော်တို့ သိပြီးသားပါ။ တစ်ခါတစ်လေ နှလုံးခုန်နှုန်း မြန်သွားတယ်။ သွေးဖိအား ပြောင်းသွားတတ်တယ်။ အဆိုးဆုံး အခြေအနေဆိုရင် လေသင်တုန်း ဖြတ်သွားတာ၊ ရုတ်တရက် အသက်ဆုံးရှုံးသွားတာတွေထိ ဖြစ်နိုင်တယ်လေ"ဟု ပြောကြားခဲ့သည်။

သုတေသီများက အားဖြည့် အချိုရည်များ သောက်သုံးပြီးချိန်တွင် နှလုံးအတွင်းရှိ အခန်းအကန့်များ၌ ကြွက်သားများသည် ပို၍ကျုံ့သွားပြီး ဖော်ထုတ် တွေ့ရှိခဲ့သည်။ "အနည်းဆုံးတော့ ကာလတို သက်ရောက်မှုတစ်ခု နှလုံးကို ရိုက်ခတ်သွားပါတယ်။ အားဖြည့် အချိုရည်တွေကြောင့် နှလုံးကြွက်သားတွေ လှုပ်ရှားပုံ ပြောင်းသွားတာကို ကျွန်တော်တို့ ပြနိုင်ပါတယ်။ အကြောင်းရင်းကိုသာ မသိသေးတာပါ။ ပြောရရင် နေ့စဉ်နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ နှလုံးကြွက်သားတွေ သန်မာ မြန်ဆန်လာတာကို သိနိုင်ပေမယ့် ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ ခက်နေသလိုပေါ့"ဟုလည်း ဒေါနားက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး


ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။

ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။

ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံး ကိုတောင် ရောင်းချ နိုင်လောက်အောင် ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။

တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူ စားသုံး နိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွား လာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများ အတွက် အထူးပင် သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။

(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်း နွမ်းနယ်မှု များကိုလည်း လျော့ပါးသက်သာစေပါတယ် ။

(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။

(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်း မွန်စေပါတယ် ။

(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ ဖျားရောဂါများကို ကြိုတင်ကာ ကွယ်ပေးနိုင်ပါတယ် ။

(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။

(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်း သက်သာ စေနိုင်ပါတယ် ။

(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင် တာလည်းတွေ့ရပါတယ် ။

ဂေါ်ရခါးသီး သာမက ဂေါ်ရခါးရွက်၊ ဂေါ်ရခါးညွန့် တို့ဟာလည်း အလွန် ဆေးဘက် ၀င်လှပါတယ်။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း (အခါးရည်) အဖြစ် မှန်မှန် သောက်သုံး သွားပါက သွေးတိုး ကျစေခြင်း၊ သွေးကြော မကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ် ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။

ဒါကြောင့် ဈေးနှုန်းသက်သာ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြုပြီး ဘေးထွက် ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်း မေတ္တာပို့သ လိုက်ပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မြန်မာ့ဆေးဖက်ဝင် ဒန့်သလွန်ပင်


Item Name --------- Horseradish (ဒန့်သလွန်ပင်)
Category ------------ Raw Material
Botany Term -------- Moringa oleifera Lamk
Species Family ----- Moringaceae

မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီး ဟင်းရွက်ပင် အဖြစ် စိုက်ပျိုး ပေါက်ရောက်၏။

♥ အပင်

ပင်လတ် မျိုးဖြစ် သည်။ အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက် ထူ၍ ချောပြီး အဖြူ စက်ကလေး များရှိသည်။ အတွင်းသား ဖြူသည်။

♥ အရွက်

သုံးခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ သေးငယ်၍ ဘဲဥပုံ ရှိပြီး အရင်း အနည်းငယ် သွယ်သည်။ထိပ်ဝိုင်း သည်။ မျက်နှာ ချင်းဆိုင် ထွက်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်ပြား နူးညံ့ ချောမွေ့ ပြီး အနားညီ၏။အပွင့်- အဖြူရောင် ရှိပြီး အနံ့ ရှိသည်။ တန်ခူး၊ ကဆုန် တွင် ပွင့်သည်။


♥ အသီး

ရှည်လျား ၍ အစိမ်း ရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်း ပါသည်။ အသီး အတွင်း တွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါဝင် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန် လတွင် သီး၏။

♥ အမြစ်

အမြစ်ခေါက် ထူသည်။ အမြစ် ဖြာသည်။

► အသုံးဝင်ပုံ

အရွက်၊ အမြစ် ၊အသီး ၊ အစေ့ ၊အစေး ၊အပွင့် ၊အခေါက် ။

♥ အာနိသင်

မြန်မာ ဆေးကျမ်းများ အလို အရ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ၀မ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။ 

► အရွက်အသုံးပြုပုံ

၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။ 

► အမြစ် အသုံးပြုပုံ

၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။ 
၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တ
စ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ၀မ်းဖော ၀မ်းရောင် ပျောက်၏။ 
၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ၀မ်းတွင်း သက်တန့် ပျောက်၏။
၎။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္န၀ါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

► အသီးအသုံးပြုပုံ

၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။

► အစေ့အသုံးပြုပုံ

၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။ 

► အစေးအသုံးပြုပုံ

၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။

► အပွင့်အသုံးပြုပုံ

၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။

► အခေါက်အသုံးပြုပုံ

၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

ညညချောင်းဆိုးရင်

လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။

ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်-

(၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ (နွယ်မျက် သစ်ပင် ဆေးဖက်ဝင် သတဲ့) မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည် ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူး ဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့ အရွက်လေးသောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်လေး တွေဖြစ်စေ ခတ်သောက် ပေးနိုင်ပါတယ်။ ၄င်း ပူဒီနာရွက်နဲ့ ပင်စိမ်းရွက် လေးတွေဟာ ခံတွင်း ရှင်းစေသလို၊ လည်ချောင်း တစ်လျှောက်ရှိ ကလာပ် စည်းများထဲမှ ချွဲတွေကင်းစင်သွား အောင်လည်း ကူညီ ပေးနိုင်ပါတယ်။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ် နိုင်ပါတယ်။ ပူဒီနာရွက် သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေး မပျက် စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊ အိပ်လို့လည်း ကောင်းစေ ပါတယ်။

(၂) အနေအထားလေး ပြောင်းအိပ်ကြည့်ရအောင်

အိပ်ပျော်နေစဉ် ချောင်းဆိုးရ ခြင်းဟာ ကမ္ဘာမြေကြီး ဆွဲငင်အားကြောင့် ဖြစ်တယ်။ လှဲပြီး ကျောချအိပ် လိုက်တဲ့အခါ နှာခေါင်း အနောက်ဘက် ထဲက အရည်တွေဟာ လည်ချောင်းထဲ ပြန်စီးဝင်လာတော့ လည်ချောင်းကို ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်လို့ ကောင်းချိန် ရောက်မှ ချောင်းထ ဆိုးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ ဆွဲငင်အားကို ဆန့် ကျင်ဖို့ နောက်ကြောမှာ ခေါင်းအုံး တွေထား၍မှီပြီး ခြေဆင်းထိုင်သည့် အနေအထား ပြောင်းလိုက်ပါ။ ပြီးရင် အနားယူ အိပ်စက်ပါ။ တချို့သော သူတွေမှာ စားချဥ့် ပြန်ရောဂါ ရှိပါက ညအိပ်တဲ့အခါ ခုတင် ခေါင်းရင်း နိမ့်ပါက အစာအိမ်ထဲက အက်စစ်ဓာတ် တွေဟာ လည်ချောင်း ဘက်ပြန် စီးဝင်လာ တတ်လို့ ညမှာ ချောင်းထဆိုး တတ်တယ်။ ဒါကြောင့် ခုတင် ခေါင်းရင်းဘက်ကို ၄ လက်မလောက် ပိုမြင့်အောင် ခုတင် ခေါင်းရင်း ဘက်က ခြေထောက်မှာ သစ်သားတုံး များထားပြီး ခြေရင်းထက် မြင့်အောင် လုပ်ပေးထားပါ။

(၃) ရေနွေးငွေ့ သုံးရင်သတိထားသုံးစွဲပါ

ခြောက်သွေ့တဲ့ လေဟာ ချောင်း ပိုဆိုး စေပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် ကြက်သီးနွေး ရေဖြင့် ရေချိုး ပြီးမှ အိပ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့ ရေချိုးခန်း ရှိရင်လည်း မအိပ်ခင် အဲဒီမှာ သွားထိုင်ခြင်းဖြင့် ချောင်းဆိုး သက်သာ စေနိုင်ပါတယ်။ ဒါပေမယ့် ရင်ကျပ်ပန်းနာ ရှိသူ ဆိုရင်တော့ ရေနွေးငွေ့ရေချိုးခန်းမှာ ထိုင်ရင်ပိုရင် ကျပ်သွား စေနိုင်တယ်။

(၄) စိုထိုင်းထိုင်းဆကို သတိထားပါ

ပတ်ဝန်းကျင် လေထု ခြောက်သွေ့ပါက လေထု စိုထိုင်းဆ များအောင် လုပ်ပေးနိုင်တဲ့ စက်လေးတွေ ဖွင့်ထားခြင်းဖြင့် ချောင်းမဆိုးအောင် ကာကွယ် နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆ အလွန်များရင်လည်း ချောင်းဆိုးစေနိုင်လို့ ချိန်ဆကြည့်ဖို့တော့ လိုတယ်။ လေထု စိုစွတ် စိုထိုင်း လာတော့ အမှိုက်တွေ၊ မှိုစတွေဖြစ်လာပြီး ဓာတ်မတည့် ဖြစ်တတ်တယ်။ အဲဒီအခါ ချောင်းဆိုး နိုင်ပြန်တယ်။ စိုထိုင်းဆကို ၄၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်း လောက် ထိန်းထားနိုင်ရင် OK တယ်။ ဟိုက်ဒရိုမီတာ တစ်ချောင်းဝယ်ထားပြီး တိုင်းနိုင်ပါတယ်။ ဈေးလည်း မကြီးပါ။

(၅) အိပ်ရာကို သန့်ရှင်းအောင်ထားပါ

အိပ်ရာဝင်မှ ချောင်းဆိုးစပြုတယ် ဆိုရင် အိပ်ရာ မသန့်လို့လားဆိုတာ သတိထား ရပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ရာဖုံး စသည်တို့ကို တစ်ပတ်တစ်ခါ နေပူ လှန်းတန်လှန်း၊ ဆပ်ပြာနဲ့ လျှော်တန် လျှော်ရပါမယ်။ လျှော်ပြီးရင် နေပူထဲမှာ ခြောက်အောင် လှန်း၊ မီးပူထိုးပြီးမှ သုံးပါ။ ခုတင်မှာ ဖုန်တွေ ရှိနေရင်လည်း သန့်ရှင်းပေးပါ။

(၆) အိပ်ရာနံဘေး အဆင်သင့် ထားရမယ့်ပစ္စည်းများ

အိပ်ရာဘေးမှာ ရေသန့်တစ်ပုလင်း၊ ဖန်ခွက်၁ခွက်၊ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေးပြား၊ တစ်သျှူး၊ လက်သုတ်ပဝါ စသည်ဖြင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ အဆင်သင့် (ရှာနေ စရာ မလိုရအောင်) ထားပေးခြင်းဖြင့် ညဘက် ချောင်းဆိုးတဲ့ အခါ အလွယ် တကူ လုပ်စရာရှိတာ လုပ်နိုင်ပါတယ်။

(၇) ဆေးဝါးတွေလည်း စဉ်းစားထားပါ

အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုး သက်သာစေတဲ့ ဆေးတွေကလည်း ကူညီ နိုင်ပါတယ်။ ချွဲပျော်ဆေးက ရင်ချောင်စေတယ်။ ချောင်းဆိုး ပျောက်ဆေးက ချောင်းဆိုးသက်သာ မယ်။ ရင်ကျပ်ရင်တော့ ရင်ချောင် ဆေးဝယ်သောက်ရမယ်။

(၈) ဆရာဝန်နှင့် ပြသပါ

ချောင်းဆိုးတာ ၂ ပတ်ကျော် လာလို့မှ မသက်သာရင် သို့မဟုတ် နေရထိုင်ရ ခက်ခဲပြီး ပိုဆိုးဝါး လာတယ်ထင်ရင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု၊ ကုသမှုခံယူပါ။ ချောင်းဆိုးနေပြီဆိုရင် အဲဒီလူမှာ ကျန်းမာရေး ပြဿနာ တစ်ခု ရှိနေပြီဆိုတာ သိထားဖို့ လိုပါတယ်။

ဒေါက်တာရည်ညွန့်မေ


မြ၀တီ

ကျောင်း ကျန်းမာရေး (တစ်ကိုယ်ရေ သန့်ရှင်းရေး)

 ကျောင်းသား များ၏ တစ်ကိုယ်ရေ သန့်ရှင်းခြင်းသည် ယင်းတို့အတွက် အကျင့်ကောင်းများ ကျင့်တတ်စေဖို့ ဆောင်ရန် လိုအပ် ချက်များ ကိုပြုပြင် ယူခြင်းဖြစ်သည်။ ကျောင်းသားများ၏ ကျန်းမာရေး အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အသေးစိတ် စစ်ဆေးခြင်းများ လုပ်ဆောင် ပေးသင့်သည်။

(၁) ကလေးများ၏ လက်သည်း၊ ခြေသည်းများကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စစ်ဆေးပေးရမည်။

(၂) သွားနှင့် ခံတွင်းရောဂါရှိ၊ မရှိ စစ်ဆေးရမည်။ (ငယ်သွားများ အချိန်မီ ချိုးထားရမည်။)

(၃) သွားကို စင်ကြယ်စွာ တိုက်ခြင်း၊ ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ နေ့စဉ် အိပ်ရာဝင်၊ အိပ်ရာထ သွားတိုက်ခြင်း ပြုလုပ် စေရမည်။

(၄) အလင်းရောင်တွင် ကလေးကို ရပ်၍ အဝတ်အစား သန့်ရှင်းရေးနှင့် အရေပြားတွင် ရောဂါရှိ၊ မရှိ စစ်ဆေးရမည်။

(၅) ဖိနပ် မှန်မှန် စီးတတ်သော အလေ့အကျင့် ရှိ/ မရှိ စစ်ဆေး ပေးရမည်။ ညအိပ်ရာဝင် ခြေထောက်ဆေးခြင်း၊ လက်ဆေးခြင်း ပြုပြီးမှ အိပ်စေသင့်သည်။

(၆) ဆံပင်ကို တစ်ပတ်လျှင် တစ်ကြိမ် (အနည်းဆုံး) လျှော်ရမည်။ ခေါင်းလျှော်ရည် သို့မဟုတ် ဆပ်ပြာဖြင့် လျှော်ရမည်။ ဆံပင်တွင် သန်းရှိ/မရှိ စစ်ဆေးရမည်။

(၇) မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းတွင် အနာ ရှိ/မရှိ စစ်ဆေးရမည် ဖြစ်သည်။

ပြုပြင်ရန်

(၁) ကျောင်းတိုင်း၊ အတန်းတိုင်း လက်သည်း ညှပ်ထားရန်နှင့် လက်သည်း ညှပ်ကို တစ် ယောက် တစ်ခု ဆောင်ခိုင်း ထားရမည်။ သို့မှသာ လက်သည်းညှပ်မှ ကူးစက်ရောဂါ (အသည်း ရောင်ဘီ၊ စီနှင့် HIV) ရောဂါများ ကူးစက်ခြင်းမှ ကင်းဝေးမည်။ အိမ်မှာ မညှပ်ပါက ကျောင်း တွင် ညှပ်ပေးရမည်။

(၂) ကျန်းမာရေး ဌာနနှင့် ညှိနှိုင်း၍ သန်းသတ် ဆေးများကို ကျောင်းများ၌ ထားရှိသုံးစွဲ ရမည်။

(၃) ချို့ယွင်းချက် ရှိသော (ဥပမာ-အော်တစ်ဇင် ရောဂါ) ကလေးများအတွက် တစ်ဦးချင်း၏ ကျန်းမာရေး ပညာပေးရန် အခက်အခဲ ရှိပါက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ပညာပေးရန်။

မျက်နှာသန့်ရှင်းရေး

(၁) နေ့စဉ် နံနက် ရေချိုးစဉ်နှင့် ညအိပ်ရာ ဝင်ချိန်များတွင် မျက်နှာကို ဆပ်ပြာဖြင့် လုံလောက် စွာ ဆေးကြောရမည်။

(၂) မျက်နှာ သုတ်သောအခါ သန့်ရှင်းသော မျက်နှာသုတ် ပဝါကို အသုံးပြုရမည်။

(၃) မျက်နှာရှိ ဝက်ခြံနှင့် အနာများကို ဆိတ်ဆွခြင်း၊ ညှစ်ခြင်း၊ ကုတ်ဖဲ့ခြင်း မပြုလုပ်ရပါ။ မျက်နှာ ရောင်ရမ်း လာပါက ပိုးမွှားများ ဦးနှောက်ထဲ ရောက်ပြီး အသက်အန္တရာယ် ဖြစ်ပေါ်စေသည်။

ဆံပင်

(၁) ဆံပင်ကို ဆီလိမ်း၍ သပ်ရပ် သေသပ်စွာ ဖြီးရမည်။

(၂) ယောက်ျားလေးများ လစဉ် ဆံပင်ညှပ်၍ မိန်းကလေးများ သပ်ရပ်စွာ စုစည်းထုံးဖွဲ့ ထားရမည်။

(၃) သန်းကင်းစင် ရမည်။

(၄) အနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ရမည်။ ဆံပင်ကို သန့်ရှင်း သပ်ရပ်စွာ ဖြီးလိမ်း ခြင်းဖြင့် အလှ ကျက်သရေ တိုးကာ လူ၏ရုပ်ရည် ရူပကာကို ကြည်လင်ခံ့ညား စေပါသည်။

သွားနှင့် ခံတွင်းသန့်ရှင်းရေး

(၁) သွားနှင့်ခံတွင်း သန့်ရှင်းရေး အတွက် နေ့စဉ် နံနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက် ရမည်။

(၂) အစာ စားပြီးတိုင်း ခံတွင်းကို ပလုတ်ကျင်း ရမည်။

(၃) သွားတိုက် ရာတွင် အထက်မှ အောက်သို့ ဆွဲချရမည်။ အောက်သွားမှ အထက်သို့ဆွဲတင် ၍ တိုက်ရန်လိုသည်။

(၄) သွားပွတ်တံ မရှိပါက အစာ စားပြီးတိုင်း အာလုတ်ကျင်း ရမည်။ ရေနှင့် အာလုတ်ကျင်း သည့်အခါ အရှိန်ပြင်းပြင်း ကျင်းပေးရမည်။

(၅) မာကျောသော သစ်စေ့၊ သစ်ဖုများ အရာဝတ္ထု ပစ္စည်းများကို သွားဖြင့်ကိုက်ခြင်း ရှောင်ရမည်။ သွားများနာခြင်း၊ ပိုးစားခြင်း၊ ပြည်ယိုခြင်း၊ သွားရင်းများ သွေးထွက်ခြင်း စသည့် ရောဂါများသည် သွားနှင့်ခံတွင်း သန့်ရှင်းရေး ဂရုမစိုက်ပါက ရောဂါများ ရတတ်သဖြင့် သွားဆရာဝန်နှင့် ပြသ ပေးရမည်။

ကိုသက်

မြ၀တီ

စာမေးပွဲကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ

စာမေးပွဲ ကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။

စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။

ဥအမျိုးမျိုး ဘာကြောင့် စားသင့်တာလဲ

ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။

ဗီတာမင်စီပါသော အစားအစာ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင် စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ်ခံ စွမ်းအားကို မြင့်တက် စေပြီး ခန္ဓာကိုယ် ကနေ သံဓာတ် စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်တွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာ သီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

ငါး ဘာကြောင့် စားသင့်တာလဲ

တစ်ပတ်မှာ အနည်းဆုံး ငါးသုံးကြိမ် စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့လို အဆီများတဲ့ ငါးတွေမှာ မှတ်ဥာဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်ပါတယ်။

ထောပတ်သီး ဘာကြောင့် စားသင့်တာလဲ

ထောပတ်သီး၊ အခွံမာတဲ့ အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။

ဟင်းသီးဟင်းရွက်များ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီး ဟင်းရွက်တွေက ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေ သလို မျက်စိ အမြင်အာရုံကို ကောင်းမွန် စေတာကြောင့် သင်ခန်းစာတွေကို ဖတ် ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။

အမျှင်ပါသော ကောက်နှံစာ ဘာကြောင့် စားသင့်တာလဲ

အခွံချွတ် မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ် အများအပြား ပါဝင်တာကြောင့် အူလှုပ်ရှား မှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေပါတယ်။ စိတ်ဖိစီးမှု တွန်းလှန် ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ်တည်ငြိမ် စေပြီး အရာရာကို ရှင်းရှင်း လင်းလင်း၊ ကြည်ကြည် လင်လင် တွေးခေါ် နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာ တွေကို လေ့လာမှတ်သားနေ ချိန်အတွင်း စွမ်းအင် တိုးစေပါတယ်။ ဗီတာမင် ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်း ဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။

ဒိန်ချဉ် ဘာကြောင့် စားသင့်တာလဲ

ဒိန်ချဉ် အလွတ်ကို စားတာက အစာ ကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီး ရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် သင့်တော်ပါတယ်။

အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ ဘာကြောင့် ရှောင်သင့်တာလဲ

သွေးတွင်း သကြားဓာတ်ကို မြင့်တက် စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံ စူးစိုက်နိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာနဲ့ ရောပြီး အစာကြေ နှုန်းနှေးကာ သွေးကြော ထဲ ရောက်ရှိနှုန်း လျော့နည်း သွား နိုင်ပါတယ်။

ကော်ဖီပြင်းပြင်း ဘာကြောင့် ရှောင်သင့်တာလဲ

တစ်နေ့တာ အတွင်း ကော်ဖီ အနည်းငယ် သောက်တာနဲ့ အိပ်ရာ မဝင်ခင် အချိန် လေးနာရီ အတွင်း ကော်ဖီ မသောက်ဘဲ နေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်း ကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန် အောင် လှုံ့ဆော် ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင် ယူခဲ့သမျှ မှတ်မိ နေစေဖို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။

ဆီကြော်ထားသော အမြန်စာများ ဘာကြောင့် ရှောင်သင့်တာလဲ

ဆီကြော်ထားတဲ့ အမြန်စာ ထဲမှာပါတဲ့ ထရန့်စ်ဖတ်စ် တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီ ပါဝင်မှု လွန်ကဲပြီး အာဟာရ ဓာတ်နည်း တာကြောင့် တစ်နေ့လုံး ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင် တွေကို ဦးနှောက်က အာရုံ စူးစိုက်နိုင်ဖို့ မသုံး နိုင်တော့ဘဲ အစာချေ ဖျက်ဖို့ အတွက် သုံးနေရတာကြောင့် လေ့လာ သင်ယူ နိုင်စွမ်း လျော့ကျ တတ်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

မြ၀တီ

ဆီးချိုသမားတွေစားဖို့ ဓာတ်စာ


ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ် မြင့်မားလာရခြင်းကြောင့် ဖြစ်ပေါ်လာ တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုရောဂါအမျိုးအစား

(၁) ခန္ဓာကိုယ်မှ အင်ဆူလင် မထုတ်လုပ်နိုင်တဲ့ အမျိုးအစား၊
(၂) ထုတ်လုပ်ပေးတဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်မှ ကောင်းမွန်စွာအသုံး
မချနိုင်တဲ့အမျိုးအစား ဆိုပြီး ခွဲခြားထားပါတယ်။

ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ကာကွယ်ဖို့ဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။
အဲဒါက ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ နှလုံးရောဂါ၊ သွေးလည်ပတ်မှုအားနည်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း စတဲ့
ပြဿ နာတွေဖြစ်ပွားနိုင်ပါတယ်။

ပြီးပြည့်စုံတဲ့စားသောက်မှု၊ လေ့ကျင့်ခန်း၊ ကောင်းမွန်စွာအိပ်စက်အနားယူ
ခြင်း၊ စိတ်ဖိစီးမှုနည်းပါးခြင်း စတဲ့ မှန်ကန်တဲ့ လူနေထိုင်မှုဘ၀ပုံစံကသာ
သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။
ဆီးချိုသမားတွေရဲ့ စားသောက်မှုမှာလည်း အာဟာရဖြစ်စေပြီး၊ အဆီနည်း ပါးဖို့က အရေးကြီးပါတယ်။ အဲဒီအထဲမှာ အသီးအနှံ။
သစ်သီးတွေက ယေဘုယျအားဖြင့် ချိုမြိန်နေတဲ့အတွက် လူအများစုက ဆီးချိုသမားတွေ သစ်သီးမစားသင့်ဘူးလို့ ထင်မြင်နေကြပါတယ်။
တချို့သစ်သီးတွေကတော့ ဆီးချိုသမားတွေအတွက် ကောင်းမွန်ပါတယ်။ ဘယ်လိုအသီးမျိုးတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ကြရအောင်

ပန်းသီး
---------
ဝါးစားလို့ရပြီး ချိုမြတဲ့အရည်ရွှမ်းတဲ့ပန်းသီးက ဆီးချိုရောဂါကို ကာကွယ် ရာမှာ အကူအညီဖြစ်စေပါတယ်။ ပန်းသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်၊ ဗီတာ မင်စီနဲ့ အင်တီအောက်ဆီဒင့်တွေ ကြွယ်ဝစေပါတယ်။ အဲဒါအပြင် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး၊ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တဲ့ pection ပါဝင်တယ်။
အဲဒါက ဆီးချိုသမားတွေရဲ့အင်ဆူလင်လိုအပ်မှုကို ၃၅% အထိ လျှော့ချပေး
နိုင်ပါတယ်။ ပန်းသီးက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုသမားများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမြင်အာရုံေ၀၀ါးခြင်းကို ကာကွယ်ကုသပေးနိုင်ပါတယ်။
အဲဒီအတွက်ပန်းသီးကို တစ်နေ့တစ်လုံးစားသုံးပေးခြင်းက ဆီးချိုရောဂါကို ကာကွယ်ပြီးသား၊ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။

ချယ်ရီသီး
-----------
ချယ်ရီသီးမှာ အင်တီအောက်ဆီဒင့်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ပို တက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်တွေ ပြည့်စုံစွာပါဝင်နေပါ တယ်။ ဒါ့အပြင် ချယ်ရီသီးမှာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်တဲ့ အင်ဆူလင် ထုတ်လုပ်မှုကို ၅၀% အထိတိုးပွားစေနိုင်တဲ့ anthocyanin ဓာတ်တစ်မျိုးပါဝင် ပါတယ်။

မာလကာသီး
---------------
မာလကာသီး lycopene၊ အစာခံစေတဲ့အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ပိုတက်စီ ယမ်လုံလောက်စွာ ပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေအားလုံးက သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးရာမှာ အကူအညီပေးနိုင်တဲ့ အဓိက ပစ္စည်းတွေ
ဖြစ်ပါတယ်။

စပျစ်သီး
---------
စပျစ်သီးကတော့ American Diabetes Association ရဲ့ထောက်ခံချက် အပြည့်ရထားတဲ့ ဆီးချိုသမားများအတွက် ဓာတ်စာတစ်ခုဖြစ်ပါတယ်။
စပျစ်သီးမှာပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်၊ ဗီတာမင်စီကြွယ်ဝစွာပါနေပါတယ်။ ယင်းအပြင် စပျစ်သီးက ဆီးချိုရောဂါကို ကာကွယ်ပေးရာ၊ ထိန်းချုပ်ပေးရာမှာ အကူအညီပေးပါတယ်။

ထောပတ်သီး
---------------
အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်ကျန်းမာစေတဲ့ အဆီတွေပါဝင်နေတဲ့ ထောပတ်သီး က သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေရာမှာ အကူအညီဖြစ်စေပါတယ်။
Academy of Nutrition and Dietetics ရဲ့အဆိုအရ ခန္ဓာကိုယ်ကျန်းမာ
စေတဲ့ ယင်းအဆီတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

စတော်ဘယ်ရီသီး
---------------------
စတော်ဘယ်ရီသီးကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အင်တီအောက်ဆီဒင့်၊ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

လိမ္မော်သီး
-------------
လိမ္မော်သီးကလည်း ဆီးချိုသမားတွေ စားသုံးသင့်တဲ့ ကျန်းမာရေးဓာတ်စာ
တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ လိမ္မော်သီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ အခြားသောသတ္ထုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပြီးအဲဒါတွေက သွေးတွင်းသကြား
ဓာတ်ကို လျှော့ချပေးရာမှာ အကူအညီဖြစ်စေပါတယ်။

ကီဝီသီး
---------
ကီဝီသီးမှာ ဗီတာမင် စီ၊ အီး၊ အေ၊ ပိုတက်ဆီယမ်နဲ့ ဘီတာကယ်ရိုဘင်းတို့
ပြည့်စုံစွာပါဝင်ပြီး ယင်းတို့က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို တိုးတက်
ကောင်းမွန်စေပါတယ်။

Shape Journal အတွဲ ၁ အမှတ် ၁၈ မှ ကောက် နှုတ်ဖော်ပြသည်။

www.facebook.com/shapejournal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ