မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ


-ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာ ပါဝင်သည်။

-တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာ ကယ်ရိုတင်းကို စားပါက ကင်ဆာ အများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့စေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။

-တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁% လျော့စေသည်။

-Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။

-Macular degeneration မျက်စိ အမြင်အာရုံကို စုစည်းထားသော နေရာ ပျက်စီးမှု ဖြစ်နိုင်ချေကို ၄၀% လျော့ပါး စေသည်။

- Vit A ချို့တဲ့ သူများတွင် အလင်းရောင် မှိန်သော အချိန်၊ မျက်စိအမြင် အားနည်းမှုကို လျော့ပါး စေသည်။ တစ်ရက်လျှင် မုန်လာဥနီ တစ်လုံး စားသုံးပါက Stroke (လေဖြတ်ခြင်း) ဖြစ်နိုင်ချေကို ၆၈% လျော့ပါး စေသည်။ ဦးနှောက်ကို ခွန်အားဖြစ်စေ၍ လေဖြတ် လူနာများ၏ အသက် ရှင်သန်မှုနှုန်းကို အကောင်းဆုံးဖြစ်စေသည်။

-Blood Sugar Level သွေးတွင်းရှိ သကြားဓါတ်ကို ကောင်းစေသည်။ အသည်းမှ ဘက်တီးရီးယားကို သေစေသည်။

- Carrot Oil သည် Dry Skin အတွက် ကောင်းစေသည်။ ချောမွေ့နူးညံပြီး တင်းရင်းစေသည်။

ကံကော်

ref: organicfacts
မြ၀တီ
https://www.facebook.com/mwdmedia

ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ


ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။

ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး
မြ၀တီ
https://www.facebook.com/mwdmedia

အသည်းရောင်အသားဝါ B ပိုးအတွက် သဘာဝဆေးနည်းများ


အသည်းရောင်အသားဝါ B ပိုးအတွက် သဘာဝဆေးနည်းများကို စုစည်း၍ ကျန်းမာရေးသတင်းများမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆေးနည်း(၁)

မြန်မာ့ရိုးရာသဘာဝဆေးနည်းများမှာတော့ ဘီပိုးအတွက် သခွတ်ပွင့်ဟာ ထင်ရှားပါတယ်။ သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သခွတ်၏ အခေါက်နှင့် အရွက်တို့ကို အခြောက်ခံထားပြီး မြေအိုးနှင့် ရေ သုံးခွက်တစ်ခွက် ကျိုပြီး တစ်နေ့ကို လက်ဖက်ရည်ပန်းကန် ၂ လုံးခန့် သောက်ပေးနိုင်ပါတယ်။ အရွက်နှင့်အပွင့်တို့ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ပြုလုပ်၍ ရေနွေးထဲ ထည့်သောက်နိုင်ပါတယ်။

အပွင့်ကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။ ကန်ဇွန်းရွက်တို့လို အသီးအရွတ်တို့နှင့်လည်း ရော၍ ကြော်စားနိုင်ပါတယ်။ သခွတ်ပင်ဟာ ဘီပိုးရောဂါတင်မကပဲ အသည်းရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၂)

၁။ ဟင်းနုနယ် ဆူးပေါက် ပဉ္စငါးပါးကို လက်တစ်ဆုပ်ခန့်

၂။ ထန်းလျက် ၁ ကျပ်သား

၃။ သကြား ၁ ကျပ်သား

၎။ ရေသန့် ၁ နို့ဆီဗူး ၃ခွက်

၎င်းတို့ကို သုံးခွက်တစ်ခွက်တင် ကျို၍ မနက်တစ်ခွက် ညတစ်ခွက်ဖြင့် တစ်ပတ်ခန့် သောက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၃)

စပလင် ၃ ပင်ခန့်ကို ရေစင်အောင် ဆေးကျောပြီး ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ လက်ဖက်ရည်ပန်းကန်ဖြင့် မနက်၊ နေ့၊ ည တစ်နေ့ကို ၃ ကြိမ်၊ ၁ ပတ်ခန့် သောက်ပေးနိုင်ပါတယ်။

သူ့ရဲ့အရသာက ခါးလိမ့်မည်။ ပူလိမ့်မည်။ သို့သော် ငွေကြေးလည်း အကုန်အကျနည်းသည့်အပြင် ဆေးစွမ်းလည်း အလွန်ထက်တာမို့ တဖြေးဖြေးသောက်ပေးပါက ဘီပိုးရောဂါသက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၄)

ရိုးရာဆေးနည်းတွေထဲက ဘီပိုးအတွက် ထင်ရှားပြီး လူသိများတဲ့ ဆေးနည်းတစ်မျိုးကတော့ *ဣဿရမူလီ* အရွက် ဖြစ်ပါတယ်။

အင်္ဂလိပ်လို The Indian Brithwort (*Atistolochia indica) လို့ခေါ်ပြီး ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပါတယ်။ တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အနွယ်ပင်မျိုး၊ ပန်းအိုး ခြံစည်းရိုးတို့မှာလည်း အလွယ်တကူ စိုက်နိုင်ပါတယ်။ ရန်ကုန်နှင့် လားရှိုးမြို့တို့မှာ ရနိုင်တယ်လို့ သိရပါတယ်။ ရောင်က အစိမ်းရောင်ကို အဖြူအနည်းငယ်သန်းပါတယ်။၊ အရသာကတော့ ကွမ်းရွက်ကဲ့သို့ ဖန်သလိုလို၊ ရှိန်းသလိုလို ရှိပါတယ်။

၁။ *ဣဿရမူလီ* အရွက်ကို အစိမ်းလိုက် ၀ါးစားပြီးလျှင် ရေသောက်လိုက်ပါ။

၂။ အရွက်ကို ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်နိုင်ပါတယ်။

၃။ အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ အခြောက်လန်း၍ ရေနွေးလုပ်ပြီး သောက်ပေးနိုင်ပါတယ်။

*ဣဿရမူလီ* အရွက်ကို ၃ လခန့် သောက်သုံးပေးပါက ဘီပိုးရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

(B ပိုး) ရှိသူများ ရှောင်သင့်သော အစားအစာများ
--------------------------------------------------------
၁။ အရက် ရှောင်ပါ။

၂။ ငရုတ်သီးနှင့် ငရုတ်ကောင်းကို ရှောင်ပါ။

၃။ ဆီကြော်မုန့်များကို ရှောင်ပါ။

၎။ ကဖင်းဓါတ်များကို ရှောင်ပါ။

၅။ ဒိန်ခဲကို ရှောင်ပါ။

၎င်း အစားအစာ (၅)မျိုးဟာ ရောဂါကို ပိုမိုဆိုးဝါးစေနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပါတယ်။

(သင့်မိတ်ဆွေများကို Share လုပ်ပေးခြင်းဖြင့် ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူနိုင်ကြပါတယ်)

စောနွဲ့ နေဆိုင်(ပူတာအို) စုစည်း၍ မျှဝေပါသည်။
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ

ကျန်းမာရေးသတင်းများ

ဆေးဖက်ဝင်သောဇီဇ၀ါပန်းဆီ

ဇီဇ၀ါပန်းအဆီသည် အကြော အခြင်များကို ပြေလျော့စေသည်။ သို့ဖြစ်၍ စိတ်ဓာတ်ကျခြင်း၊ စိတ် မကျန်းမာခြင်းကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှု၊အားအင်ကုန်ခမ်း၍ ၀န်ပိနေခြင်း၊ စိုးရိမ်ကြောင့်ကျမှုများ၊ အာရုံကြောစနစ်များ ချွတ်ယွင်းမှုကို ကုသရာ၌ အသုံးပြုသည်။
ထိုမျှမက အိပ်မပျော်သော ဝေဒနာခံစားနေရသူများကို ကုသ ရာ၌လည်း အကျိုးဖြစ်စေသည်။ အထက်ပါဝေဒနာများ ခံစားနေရ မည်ဆိုပါက မိမိမအိပ်မီ ဇီဇ၀ါပန်း အဆီအစက်အနည်းငယ်ကို ရေချိုး ကန်တွင် ထည့်ပြီး (၁၅-၂၀)မိနစ် ခန္ဓာကိုယ်ကို စိမ်ပေးပါ။
ဤပန်းရနံ့ဆီကို အနာတရ ဖြစ်ပြီး သွေးထွက်သည့်အခါတွင် လိမ်းပေးပါက သွေးကိုတိတ်ပြီး ပိုး သတ်ဆေးအနေနှင့်အသုံးပြုနိုင် သည်။ ယင်းကို ရေနွေးအနည်းငယ် နှင့်ရောပြီး အနာပေါ်ကို လိမ်းပေး ပါက အနာလည်း ကျက်လွယ်သည်။
အကြောလွဲခြင်း ၊ ရောင် ရမ်းခြင်း၊ အကြောဆွဲခြင်းတို့၌လည်း အသုံးပြုနိုင်ပြီး ကြက်သားများ တောင့်တင်းမှုကို ပြေလျော့စေသည်။ အဆစ်များ ရောင်ခြင်း၊ နာကျင်ခြင်း ကိုလည်း လိမ်းပေးနိုင်သည်။ ယင်းကို လိမ်းပေးလျှင်  သွေးလည်ပတ်မှုကို ကောင်းစေသ ဖြင့် တစ်ပတ်လျှင် (၂)ကြိမ် လိမ်းပြီး နှိပ်နယ်ပေးပါက သွေးပုံမှန်လည် ပတ်စီးဆင်းနိုင် သည်။ ခန္ဓာကိုယ်ကို ဒုက္ခပေးတတ် သောအဆိပ်အတောက်များကိုလည်း ပယ်ရှားပေးနိုင်သော အစွမ်းသတ္တိ ရှိသဖြင့် မကြာမကြာ လိမ်းပေးနိုင် ပါက ပို၍ထိရောက်စေသည်။

ဒေါန

Health Updates Journal Vol.2, No.37

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် ကာကွယ်နည်းများ


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို Share တစ်ချက် လုပ်ပေးပါ။

ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit to ပျိုမေတို့သိစေဖို့

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုး

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုးအောက်ပါ သစ်သီး လေးမျိုးကို ကိုယ်အလေးချိန် လျှော့ချ နေသူတွေ မဖြစ်မနေ စားသင့် ပါတယ်။

ပန်းသီး

ပန်းသီးစားတဲ့ အခါ မခွံမနွှာဘဲ စားပါလို့ ပညာရှင်တွေက အကြံပြုထား ပါတယ်။ ပန်းသီးအခွံမှာ အဆီကျစေတဲ့ Unolic အက်စစ် ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေ ကို အထောက်အကူဖြစ် စေပါတယ်။ Unolic အက်စစ်ကကြွက် သားတွေကို သန်မာစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေ ပါတယ်။

လိမ္မော်သီး

လေ့လာမှုအရ လိမ္မော်သီးမှာ အဆီကို လောင်ကျွမ်းစေတ ဓာတ်တွေ ပါဝင်ပြီးကိုယ်အလေးချိန် ကျဆင်းစေဖို့ အထောက်အ ကူပေးတာကို တွေ့ရပါတယ်။

ဘလူးဘယ်ရီးသီး

လတ်တလော လေ့လာမှု အရ ဘလူးဘယ်ရီသီးက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် အဆီတွေ သိုလှောင်မှုကိုလည်း တားဆီးပေးပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို လျှော့နည်းစေပါတယ်။

သစ်တော်သီး

သစ်တော်သီးမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဖလေ ဗိုနွိုက်နဲ့ ကက်တီချင်တွေ ပါဝင်တာကြောင့် အမျိုးသမီးတွေ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ စားသင့် ပါတယ်။ 

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 By Good Health

ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ


မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-

(၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊

(၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက်အိပ် ပါ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကြော့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊)

(၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊တစ်နေ့လျှင် (၁၅)ကြိမ် ပြုလုပ်ပါ၊(ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပါ၊)

အထက်ပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်။

Mg Mandalay စာကြည့်ခန်း

( ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ မှ ကာကွယ်နည်း ဟု ထပ်မံသိရှိနိုင်စေရန် ကောက်နုတ်ချက်အဖြင့် တင်ပြလိုက်ရပါသည် ။ )

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

ခါးနာခြင်း


လူတစ်ယောက်သွားလာ လှုပ်ရှားနိုင်ရန် ဟန်ချက်ညီညာ ထိန်းထားသော အဓိကတာဝန်ကို လုပ်ဆောင်ပေးသော ခါးအတွက် ခါးဝေဒနာ တစ်ခု မဖြစ်ပေါ်စေရန် အရေးပါသော အချက်ပင်ဖြစ်ပါသည် ။
တစ်နေ့ တာအတွက် တစ်ပတ်တာ အတွက် အထိုင်များခြင်း ၊ လုပ်ငန်းဆောင်တာများ များပြားခြင်းကြောင့် အနှိပ်ခံခြင်းကို လုပ်ဆောင်ကြပါသည် ။ တစ်ချို့ ဆိုလျှင် အနှိပ်ခံရန် အနှိပ်ခန်း (ဇိမ်ခံရန်အတွက် )တစ်ခုကို သွားလာခြင်းသည်အတွက် လူနေမှု့ ပုံစံတစ်ခု အနေဖြင့် သွားလာနေရခြင်းကို အရသာတစ်ခု အနေဖြင့် ခံယူနေကြပါသည် ။ နှိပ်နယ်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာမည်ကိုပင် သတိပင်မရ နတ်စည်းစိမ်အလားအောက်မေ့လာကြသည့်အခါ ကြိမ်ဖန်များလာတော့ ကြွက်သားတွေနာ အရိုးအဆစ်တွေနာ ရောဂါဝေဒနာတွေ ပြလာကြတော့မှ ဝေဒနာ တစ်ဖက် ဆေးတွေ နဲ့ ဖက်ရသည့်လူအများအပြားရှိကြပါသည် ။ သည်လို အဆိုးဆုံးကတော့ ခါးနာဝေဒနာစွဲကပ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါသည် ။

လူအသက် လေးဆယ်ကျော်လျှင် အနင်းခံ အနှိပ်ခံခြင်းကြောင့် ခါးနာတက်သည်ကို သတိပြု့ စေချင်ပါသည် ။

လူအများအပြားသည် ထိုင်နေပေမဲ့ ခါးကိုတည့်မတ်သည့်ပုံစံအဖြင့် မရှိကြပါဘူး ဆိုဖာအပေါ်ကြာကြာထိုင်မိလျှင် ပိုမိုဂရုစိုက်ရန်လိုအပ်ပါသည် ။ ခါးဆစ်ရိုးအနေအထားကို တည့်မတ်ခြင်းမရှိသည့်အတွက်ကြာကြာထိုင်လာလျှင် ခါးနာခြင်းဖြစ်ပေါ်လာမည်ကို အထူးသတိထားပြီး တည့်မတ်စွာထိုင်ရန်အရေးကြီးပါသည် ။

ခါးနာဝေဒနာအမျိုးမျိုးတွင် ထိခိုက်ဒဏ်ရာကြောင့် ခါးနာခြင်း ၊ ခါးရိုးဆစ် တီဘီရောဂါကြောင့် ခါးနာခြင်း ၊ ကိုယ်တွင်ကလီစာတစ်ခုဖြစ်သော ကျောက်ကပ်လုပ်ဆောင်ချက်အားနည်းရောဂါကြောင့် ခါးနာခြင်း ၊ အသက်အရွယ်ကြောင့် ခါးနာခြင်း ၊ အထိုင်များသာအလုပ်များနေ့ စဉ်လုပ်ဆောင်ပြီး ကိုယ်လက်လေ့ကျင့်ခန်းနည်းပါးခြင်းကြောင့် ခါးနာခြင်း ၊ အနင်းအနှိပ်ကြောင့် ခါးဆစ်အရိုးများ အကြောများညှပ်ခြင်းကြောင့် ခါးနာခြင်း ပင်ဖြစ်ပါသည် ။

အလေးပင်ကိုပင်မဆိုထားဘဲ သာမန်ခါးကုန်ပြီး ပုံမှန်အလေးချိန်မများသောပစ္စည်းတစ်ခုကို မယူလိုက်သည့်အခါတွင် ခါးအနေအထား မမှန်သဖြင့် ခါးနာခြင်း ခါးစောင်းသွားခြင်း နှင့် ပြန်လည်မတ်တပ်ရပ်ဖို့ ပင် မလွယ်ကူဘဲ ခါးနာဝေဒနာတစ်ခုအဖြင့်ရောက်ရှိသွားတက်ပါသည် ။

ခါးနာဝေဒနာမဖြစ်ပေါ်စေရန်အတွက် မနိုင်သောအလေးဝန်ပစ္စည်းများကို မယူခြင်း ၊ ညောင်ညာအနိပ်ခံတက်သူများ ခါးနောက်ကျောပေါ်တွင် နှိပ်ခြင်း ခါးချိုးခြင်းလုပ်ဆောင်ခြင်း ၊ အထိုင်များပြီး လမ်းလျှောက်မှု့ မပြု့ လုပ်ခြင်း ၊ အိစက်ပျော့သော အိပ်ယာများပေါ်တွင် အိပ်စက်မှု့ များပြားခဲ့ခြင်းများကို အထူးသတိထား ရှောင်ရှားလုပ်ဆောင်သတိပြု့ သင့်ကြောင့်ရေးသားလိုက်ရပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

မြွေအဆိပ်ကိုနိုင်သော သဘာဝဆေးပင်


ဒီပုံထဲက အပင်ဟာ ဒန္တသုခဆေးပင်(တောဓါးပြဆေးပင်) ဖြစ်ပါတယ်။

ဒီဆေးပင်ကို ရှေးကတည်း သမားတော်များကလည်း ဆေးအမျိုးမျိုးအဖြစ် အသုံးပြုလာခဲ့ကြပါတယ်။

မြွေ၊ ကင်း၊ ပျား၊ ပုရွတ်ဆိတ်စတဲ့ အဆိပ်ရှိတဲ့အကောင်များ အကိုက်ခံရလျှင် ၄င်းအပင်၏ အရွက်၊ အကိုင်း၊ အပွင့်တို့ကို ရောကြိတ်၍ အနာပေါ်ကို အုပ်ပေးထားပါက ၅ မိနစ်အတွင်း အဆိပ်ပြေသွားပါမယ်။

အရေးကြုံလာလို့ ကြိတ်စရာမရှိလျှင် သွားဖြင့်ဝါး၍ အရည်ကို မျိုချကာ အဖတ်ကို အနာပေါ်အုပ်ပေးနိုင်ပါတယ်။

နယ်စွန်နယ်ဖျားဒေသ၊ တောအရပ်ဒေသနှင့် မြွေပေါသည့် အရပ်ဒေသတို့မှာ နေထိုင်ကြတဲ့ သူများအတွက် အလွန်အဖိုးတန်သည့် အရေးပေါ်အသက်ကယ်ဆေးတစ်လက်ဖြစ်ပါတယ်။

သင့်မိတ်ဆွေများကိုလည်း Share ပေးခြင်းဖြင့် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ

ကျန်းမာရေးသတင်းများ

ထိခိုက်၊ရှနာနှင့် မီးလောင်ဒဏ်ရာများတွက် သဘာဝဆေးနည်း


ဒီအပင်ဟာ မြန်မာပြည်အနှံ့အပြားမှာ ပေါက်နေကြသည့်အတွက် မြင်ဖူးကြမှာပါ။ ရွက်ကျပင်ပေါက်ပင် ဖြစ်ပါတယ်။

အင်္ဂလိပ်လို Air plant Life Plant (ရွက်ကျ ပင်ပေါက်) Botany Term အသုံးအနှုန်းနဲ့ဆိုရင်တော့ Bryophyllum calycinum Salisb လို့ခေါ်ပါတယ်။

ရွက်ကျပင်ပေါက်ပင်ဟာ ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင် စတဲ့ ဒဏ်ရာတွေအတွက် အလွန်ကို အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။

ဆေးအဖြစ် အသုံးပြုပုံ အညွန်း

၁။ ထိခိုက် ရှနာနှင့် သွေးစိမ်းထွက်သောအနာများအတွက် ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ၍ အနာကျက်လွယ်၏။

၂။ အရွက်ကို ကြိတ်ညှစ်၍ ရသောအရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။

၃။ ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်းကျဆင်း၍ ဒဏ်ရာများ သက်သာပျောက်ကင်း၏။

၎။ ရွက်ကျ ပင်ပေါက်၂ ရွက် ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။

၅။ အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပေးပါက ကာလ ၀မ်းရောဂါ ပျောက်ကင်း၏။

၆။ အရွက်ရည်ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်းနှင့် မီးလောင်သော အနာများ ပျောက်ကင်း၏။

၇။ အပူအားကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်းခြင်း၊ ရောင်ရမ်းခြင်းအတွက် ၎င်းအရွက် သက်သက်ကို ညက်စွာ ကြိတ်၍ လည်းကောင်း၊ အအေးလွန်၍ ဖြစ်သော မျက်စိနာအတွက် ၎င်းအရွက် ကြိတ်ပြီးသားတွင် နနွင်းစစ် အနည်းငယ်ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါက မျက်စိနာ ပျောက်၏။

လူသားတိုင်း ရောဂါကင်းစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ကျန်းမာရေးသတင်းများ)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေးနှင့်ဆေးဖက်ဝင်အပင်များ
ကျန်းမာရေးသတင်းများ

ဒူးဆစ်ရောင်နာပျောက်လိုသော


ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ်သော နာတာရှည်ရောင်ရမ်းနာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။

အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာစေနိုင်ပါသည်။

၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်း
ခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး သို့မဟုတ် ထိုင်ခုံပေါ်ထိုင်ပြီး ခုံညင်းရိုး (ဒူးခေါင်းရိုး) ပေါ်လက်ဖဝါးထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့် အားစိုက်၍ နှိပ်ပေးပါ။

၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြော အချက်အချာနေရာများအား နှိပ်နယ်ပေးခြင်း
ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့် ညို့သကျည်းရိုး ထိပ်ပိုင်းရှိ ချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။

ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်း လက်မထိပ်ပိုင်းဖြင့် နှိပ်နယ်ပေးနိုင်ပါသည်။ အဆိုပါ အာရုံကြောအချက်အချာနေရာများကို တစ်မိနစ်စီ နှိပ်နယ်ပေးပါ။ တဖြည်းဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ ထုံလာ၊ ကျဉ်လာ၊ နာလာ၊ တောင့်တင်းလာသည်အထိ နှိပ်နယ်ပေးသွားပါ။ ဒူးဆစ်ရောနာ ဝေဒနာ မုချပျောက်ကင်းသွားပါလိမ့်မည်။

Mg Mandalay

ဒူးနာ အဆစ်နာ


အသက်ငယ်စဉ်အရွယ်တွင်မသိပေမဲ့ အသက်အရွယ်ရလာသောအခါတွင် အကြောတက် အဆစ်နာ ဆိုသည်အရွယ်အရ စကားပြောလာပါသည် ။ မိမိ၏ ကိုယ်ခန္ဓာအလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် ဒူးနာ ခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည် ။ ခန္ဓာကိုယ်အထက်ပိုင်းကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် ထိုင်နေရာမှ ထလျှင်ဖြစ်ဖြစ် သွားလာနေရင်းဖြစ်ဖြစ် ဒူးနာလာခြင်း ၊ ခါးနာလာခြင်း သိသိသာသာနာကျင်နေမှု့ ဖြစ်ပေါ်လာသည် ။ တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည် ရောဂါလည်းဖြစ်ပါသည် ။အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည် ။

လှုပ်ရှားလျှင် ဒူးခေါင်း အဆစ်နေရာတွင် အသံတွေမြည်ပြီး နာကျင်ပါသည် ။ လူတစ်ယေက်ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ် အိမ်သာသွားလည်း ထိုင်လိုတောင် အစဉ်မပြေဖြစ်တက်ပါသည် ။

အဆစ်အမြစ်တွေနာနေပြီဆိုလျှင်တစ်ချို့ က လေးဖက်နာဆိုပြီး အလွယ်တစ်ကူ အမည်ပေးတက်ကြပါသည် ။အဆစ်နာခြင်းလား အဆစ်ရောင်ခြင်းဆိုတာကို မသိကြပါ ။
အဆစ်ရောင်ခြင်းတွင်ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ပါ ဌင်း ရောဂါဆိုလျှင်ရုတ်တရပ်နာကျင်လာတက်ပါသည်။ နာနေစဉ် အလွန်နာ၊ မခံနိုင်အောင်နာ၊ လှုပ်မရ အောင်နာလေ့ရှိပါသည် ။ ဌင်းအနာပျောက်သွားချိန်ဆိုလျှင် အကောင်းပကတိ ဖြစ်နေတတ် သည်။ရောဂါလုံးဝပျောက်သွားသလားလို့ ထင်မြင်မိကြပါသည်။

ဆေးပညာသဘောအရ အဆစ်နာ၊ အဆစ်ရောင်ရောဂါများကို အုပ်စုခွဲ သတ်မှတ်ထားပါသည် ။ရောင်ရမ်းသောအဆစ်ရောင်ရောဂါ ၊ သက်ကြီးဇရာနှင့်ထိခိုက်မိသောကြောင့် ဒဏ် နှင့် ဇိဝဓာတုဓာတ်ပစ္စည်းများကြောင့် အဆစ်ရောင်ဖြစ်ပေါ်စေခြင်းတို့ ဖြစ်ပါသည် ။
အဆစ်ရောင် အဆစ်နာဖြစ်နေသည်နေရာ ၊ ဘယ်နှဆစ်ရောင်နေလဲ နာကျင်ဝေဒနာအချိန်ကြာကြာဖြစ်ပေါ်နေလား ၊ ဘယ်လိုအချိန်တွေမှာပိုမိုနာကျင်မှု့ ဖြစ်ပေါ်လာသဆိုပြီး ဖြစ်ပေါ်သည်ရောဂါများတွင် ကွဲပြားခြားနားမှု့ ရှိပါသည် ။ နာကျင်နေသည့်အခါတိုင်းတွင် မိမိဖာသာ နာကျင်ခြင်းကို သက်သာစေသော အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းမပြု့ လုပ်သင့်ဘဲ နာကျင်နေမှု့ အတွက် တိကျသောအဖြေတစ်ခုရရှိရန်အတွက် ဓာတ်ခွဲမှု့ လုပ်ဆောင်သင့်ပါသည် ။

သင်လိုက်နာသင့်သည့်မှာ
အဝလွန်မဖြစ်စေရန်ထိန်းပါ
အလေးပင်မခြင်း ရှောင်ရှားပါ
ပြင်းထန်းသောအားကစားများလုပ်ဆောင်ခြင်းကို ရှောင်ရှားပါ
နာကျင်နေသည့်အချိန်တွင် ခြေထောက်များကို ခါရမ်းခြင်း မပြု့ လုပ်သင့်ပါ
ရောင်ရမ်းနာသော ဒူးအဆစ်နေရာများကို ဖိနှိတ်ခြင်း မလုပ်သင့်ပါ
ကလိစာအစာအစားများ စားသုံခြင်းမပြု့ သင့်ပါ
အရက်ဘီယာ သောက်သုံးခြင်း ရှောင်ရှားခြင်း တို့ ပင်ဖြစ်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

သွားနာခြင်းကိုပျောက်စေမည့် နည်းလမ်းအသွယ်သွယ်


အနာမျိုး (၉၆)ပါးထဲမှာ ခံစားရ ခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုးမဟုတ်ဘဲ အပူကန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံး ပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး (သို့မဟုတ်) အစာမာမာ ဖိကိုက်မိခြင်းစတဲ့ ခံတွင်း ရောဂါအမျိုးမျိုးတို့ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါရိုးရှင်းလွယ်ကူ တဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

(၁) ရေနွေးနွေးလေးထဲမှာ ဆားနည်း နည်းခပ်၊TeaTree Oil (ခေါ်) လက်ဖက် စိမ်းရွက်အဆီထည့်ပြီး အာလုတ်နာနာ ကျင်းပေးပါ။ (Tea Tree Oil ကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်) လက်ဖက်ခြောက် ရေ နွေးကြမ်း ငုံပေးခြင်းကလည်း သွားနာ၍ ထုံကျဉ်ခြင်းကို သက်သာလာစေပါတယ်။

(၂) ကြက်သွန်ဖြူနဲ့ လေးညှင်းပွင့်များ ကလည်း သွားနာခြင်းကို သက်သာစေပါ တယ်။ ကြက်သွန်ဖြူကို ညက်ညက် ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့မဟုတ်) လေးညှင်းပွင့်ငုံထားပါ။

(၃) နာနေတဲ့သွားရဲ့ပါးပြင်ကို အပေါ် ကနေ ရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကို သက်သာစေတဲ့အပြင် ရောင်ကိုင်းမှုကိုပါ ပြေလျော့စေပါတယ်။

(၄) သစ်ကြံပိုးခေါက်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက် ဆေး ကောင်းလေးတွေပါပဲ။

(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသနဌာနခွဲနဲ့ သွား ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့ပူးပေါင်း သုတေသနတွေ့ရှိချက်အရ ဒန္တသုခပြုတ် ရည် ၁ ရာခိုင်နှုန်းငုံဆေးရည်ရဲ့ အကျိုး အာနိသင်ဟာ ဝ ဒသမ ဝ၂ ရာခိုင်နှုန်း Chlorhexidine Gluconate ငုံဆေးရည်နဲ့ အကျိုးအာနိသင်တူညီကြောင်း တွေ့ရှိပြီး ဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို ငုံထွေး ခြင်းဖြင့် သွားကျောက်တည်ခြင်း၊ သွားဖုံး ရောင်ခြင်းကိုပါ သက်သာပျောက်ကင်း နိုင်ပါတယ်တဲ့။ ဒါ့အပြင် သွားနာခြင်းစတဲ့ သွားရောဂါအမျိုးမျိုးတို့အတွက် ဒန္တသုခ အရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့မဟုတ်) အရွက်/အကိုင်း/အခြောက် ခံကာ ရေနွေးကြမ်းကဲ့သို့ သောက်ပေးပါ။

(၆) သွားဖုံးရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့်ထည့်၊ ဆားထည့်၍သောက်ပေး ခြင်း၊ သွားအောက်ခြေတွင် နနွင်းမှုန့်သိပ် ပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။

(၇) သွားနဲ့သွားဖုံးရောဂါအမျိုးမျိုးတို့ အတွက် ဖန်ခါးသီးရေအေးစိမ်ပြီး ငုံထွေး ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။ (ရေခဲရည်မဟုတ်ပါ)

(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဓောဆား ဆတူကြိတ်ပြီး နံနက်တိုင်းသွားတိုက်ပေး ခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုး စား၊ သွားဖုံးရောင်၊ ခံတွင်းပုပ်ရောဂါစတဲ့ ခံတွင်းရောဂါများအပြင် နှုတ်မမြိန်သော ရောဂါတို့ကိုပါ ပျောက်ကင်းစေပါတယ်။

(၉) သွားနာ၊ သွားဖုံးရောင်၊ သွားဖုံးပြည် ယို ရောဂါများကို မာလကာခေါင်ပြုတ် ရည်ငုံပေးခြင်း(သို့မဟုတ်) မာလကာသီး အစေ့မှုန့်ကို သွားအောက်ခြေ(သွားခြေ) တွင် သိပ်ပေးခြင်းဖြင့် သက်သာပျောက် ကင်းစေပါတယ်။

(၁ဝ) သွားဖုံးသွေးထွက်တတ်သူများ သံပရာရည်ကို နေ့စဉ်သောက်ပေးပါ။

(၁၁) သင်္ဘောသီး(အစေး)များက သွား နာ၊ သွားကိုက်ရောဂါအတွက် ဆေးဖက် ဝင်လှပါတယ်။

(၁၂) ကြိတ်မှန်ရွက်ကို အမှုန့်ထောင်း၍ ရလာသောအမှုန့် လက်ဖက်ရည်ဇွန်းတစ် ဇွန်းစာကို နွားနို့တစ်ခွက်ဖြင့် ညအိပ်ရာ ဝင်ခါနီးတိုင်း တစ်လကြာအောင်သောက် ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများကို ခိုင်မာလာစေပါတယ်။

(၁၃) နတ်ဆေးဂမုန်းကိုလှီး၍ အခြောက် ခံပါ။ သွားကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းတို့အတွက် အိပ်ရာဝင် ခါနီးတိုင်း ထိုနတ်ဆေးဂမုန်းအခြောက် ကို ကွမ်းဝါးသကဲ့သို့ ငုံထားပါ။ ၄င်းနတ် ဆေးဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ် ၍ ငုံပေးပါ။ နံနက်အိပ်ရာထတဲ့အခါ နာကျင်ခြင်းဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၁၄) သွားဖုံးရောင်ခြင်းနဲ့ သွားရောဂါ အမျိုးမျိုးတို့အတွက် ပူဒီနာရွက်သတ္တုရည် ကို ပါးစပ်ထဲထည့်ပေးပါ။

(၁၅) ပျဉ်းတော်သိမ်အရွက်၊ အခေါက် တို့ကို ဆားအနည်းငယ်ထည့်၍ ပြုတ် သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

The Union Daily

ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်


၁။ ရေကို လုံလောက်စွာ သောက်ပါ

၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ

၃။ ဆား၊ အငံတို့ကို လျှော့စားပါ

၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေမည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အများဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေးပါ။ ရေဓါတ်ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။

၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး
ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။

၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို လျှော့နည်းစေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စားသင့်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ salt and kidney infection, Good Health

ကျန်းမာရေးသတင်းများ

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ


တစ်နေ့ မိမိသည် စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားသုံးနေခိုက် ဆိုင်ရှေ့လမ်းပေါ်မှာ အမျိုးသမီးတစ်ဦး ရုတ်တရက် ချော်လဲ၍ လူနှစ်ဦး သုံးဦးမှ ၀ိုင်းဝန်းကူညီပြီး ပြန်ဆွဲထူးပေးနေတာကို တွေ့လိုက်ရလို့ သွားကြည့်လိုက်တော့ မိမိအသိမိတ်ဆွေတစ်ဦး၏ ဇနီးသည် ဖြစ်နေကြောင်း သိလိုက်ရတာနဲ့ ဘာကူညီပေးရမလဲလို့ မေးလိုက်တော့ သူမက

" ရပါတယ်အကို၊ ဘာမှမဖြစ်ဘူး၊ ဖိနပ်အသစ်မို့ အခန့်မသင့်ပဲ ချော်သွားတာပါ၊ ကားဒရိုင်ဘာလည်း ပါပါတယ်" ဟု ပြောဆို၍ ကားပေါ်တက်၍ ပြန်သွားကြပါသည်။

နောက်တစ်နေ့ မိတ်ဆွေထံမှ ဖုန်းဝင်လာပါသည်။ သူ့ဇနီး လေဖြတ်၍ ဆေးရုံပို့လိုက်ရာ အချိန်မီမပို့နိုင်ခဲ့၍ အသက်ဆုံးရှုံးသွားကြောင်း စိတ်မကောင်းစွာ ကြားလိုက်ရသည်။

သူ့ဇနီးလေဖြတ်ထားသည်ကို မည်သူမှ မသိထားကြောင်း၊ အခြေအနေ ဆိုးသထက်ဆိုးလာ၍ အသက်ပင် မရှူနိုင်သည့်အခြေအနေရောက်မှ အကုန်လုံးက အရေးပေါ်ကားခေါ်၍ ဆေးရုံကို ပို့ခဲ့ပေမယ့် အသက်ကို အချိန်မီ မကယ်တင်နိုင်လိုက်သည့်အတွက် ယူကျုံးမရဖြစ်နေကြောင်း မိမိ၏ မိတ်ဆွေမှ နောင်တကြီးစွာဖြင့် ပြောပြလာပါသည်။

ထို့ကြောင့် လူတစ်ယောက် လေဖြတ်ထားခြင်း ရှိမရှိကို သိရှိရန် အလွန်ပင် လိုအပ်လှပါသည်။ ထိုသို့ သရှိထားမှသာလျှင် အရေးပေါ်ကြုံလာလျှင် အသက်တစ်ချောင်းကို ကယ်တင်နိုင်မည် မဟုတ်ပါလော။

လေဖြတ်ထားခြင်း ရှိမရှိကို စမ်းသပ်သိရှိနိုင်ရန်အတွက် ဆေးလောကမှာ လူသိများသည့် စကားလုံးမှာ FAST (Face, Arm, Speech, Time) တို့ဖြစ်ပါသည်။

(၁) Face - လေဖြတ်ရန် လက္ခဏာပြလာလျှင် မျက်နှာဟာ သာမန်အချိန်နှင့်မတူပဲ ပါးစောင်ရွက်ခြင်း၊ မျက်ခွံတွန့်ခြင်း၊ အကြောဆွဲခြင်းများ ရှိမရှိကို ကြည့်ပါ။

(၂) Arm - လက်မောင်းကို ဘေးတိုက်၊ အရှေ့၊ အပေါ် ဆန့်ထုတ်ကြည့်ပါ။ ကျင်ခြင်း၊ ထုံခြင်း၊ ပစ္စည်းတစ်ခုခု ကိုင်လျှင် လွတ်ကျခြင်းရှိမရှိ ကြည့်ပါ။

(၃) Speech - စာကြောင်းတစ်ခုခုကို ရွတ်ခိုင်း၍ အသံအနေအထားနှင့် ရှာလေးအာလေးဖြစ်မဖြစ်၊ ပုံမှန်ဟုတ်မဟုတ် နားထောင်ကြည့်ပါ။

(၄) Time - အထက်က စမ်းသပ်ချက် ၃ ချက်မှာ မသင်္ကာစရာ တစ်ခုခုရှိလျှင်၊ ထူးခြားမှုရှိလျှင်၊ လေဖြတ်တာ သေချာနေပြီဟု ယူဆလျှင် အရေးပေါ်ဌာနကိုသာ အမြန်ဆက်သွယ်လိုက်ပါ။ ဦးနှောက်နှင့် အာရုံကြောနှင့် အဆက်အသွယ် ပြတ်သွားပြီး သတိလစ်သွားသည့်အထိ အရောက်မခံပါနှင့်။

( ဤ Post ကို Share တစ်ချက်စီ လုပ်ပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်ကြပါစေ )

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ Stroke Warning and Signs Symptoms

ကျန်းမာရေးသတင်းများ

ပန်းနာရင်ကျပ်ရောဂါအတွက် ဆေးမြီးတိုများ


ပန်းနာရင်ကျပ်ရောဂါကိုခံစားနေရသော ဝေဒနာရှင်များမှ ကျန်းမာရေးသတင်းများကို သဘာဝဆေးနည်းဖြင့် ကုသနိုင်ဖို့ မကြာခဏ တောင်းဆိုလာကြသည့်အတွက် jမြန်မာ့ရိုးရာ ဆေးမြီးတိုနည်းများကို ပြန်လည်မျှဝေပေးလိုက်ပါသည်။

မြန်မာဆေးမြီးတိုများ
------------------------

(၁) ပင်စိမ်းရွက်အခြောက်ကိုမီးမြှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့ က လူကို လန်းဆန်း ပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာ စေပါတယ်။

(၂) ပဲစဉ်းငုံ တစ်နေ့ နို့ ဆီဗူး ၁-ဗူးဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ်သက်သာစေပါတယ်။ ထို နည်းအတိုင်း ၄-လကြာ စားပေးပါက၊ လုံးဝပျောက်ကင်းစေပါတယ်။

(၃) အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း ၂-ကျပ် သားကို ပျားရည် ၁ပုလင်း ရောစပ်မွှေ၍ ၃-ရက်နေလှန်းပါ၊ ထောပတ် ၂၀-ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် ၄-ရက် နေဆက်လှန်းပေးပါ၊ စုစုပေါင်း ၇-ရက်တိတိနေလှန်းပြီးပါက၊ လ္ဘက်ရည်ဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ်စား ပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊

(၄) ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်/ဒန့်ဒလွန်မြစ်/သဘောင်္ဖိုမြစ်(ထိုအမြစ် ၃-မျိုး ကို ရှောက်သီးတစ် လုံးအလေးတူ)တို့ ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့် ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ့ အနည်း ဆုံး ၂-ကြိမ် လျှက်စားပါ။

(၅) ဟင်းခတ်မဆလာ နှင့် ပျားရည်ဆတူရောပြီးလျှက်ပေးပါ။

(၆) ကြောင်၊ ရှူးပျံသား ကို သင်္ဘောသီးစိမ်းနှင့်ချက်စားပါ။

(၇) (ပထမရက်) သင်္ဘောသီးစိမ်းတစ်လုံးကို အလုံးလိုက်ရေစင်စင်ဆေးပါ။ အပေါ်ခွံကိုလွှာမ ပစ်ဘဲ သင်္ဘောခြစ်နှင့်ခြစ်၍၊ ငရုတ်စိမ်း/ကြက်သွန်နီ/ပုစွန်ခြောက်/ငန်ပြာရည် နှင့် သံပုရာရည်ရွှဲရွှဲဆမ်းပြီးအ၀စားပါ (နေ့ လည် ထမင်းလျော့စားပါ)။

(ဒုတိယရက်)နောက်တနေ့ သင်္ဘောမယ်ဇလီပွင့်ခြောက်ကို လ္ကက်ရည်ကြမ်းသောက်သကဲ့သို့ အကြမ်းပုဂံနှင့် ၅-လုံးခန့်  သောက်ပါ။ အပွင့်ခြောက်မရရင် အပွင့်အစိုကို ပြုတ်၍ဖြစ်စေ၊ အရွက်နုကိုငပိနှင့်တို့ စား၍ဖြစ်စေ ၀မ်းသွားလောက် အောင်စားပါ(သလိပ်များဝမ်းနဲ့ အတူဆင်းသွားပါလိမ့်မယ်)။

(တတိယရက်) ၀မ်းသွားပြီးနောက်တနေ့ မှာ အုန်းနှဲရွက်အစိုဖြစ်စေ၊ အခြောက ဖြစ်စေ ထန်းလျက်နှင့်ဆတူကြိတ်ပါ။ ဆီးဖြူသီးအရွယ်ခန့် လုံးပြီး နံက်-နေ့ -ည ၁လုံးစီသောက်ပါ။ (ဖော်ပြပါအစီအစဉ် အတိုင်း ဆေးပတ်လည်အောင် ၃-ရက်သောက်ပါ။ ရောဂါအထူအပါးအပေါ်မူတည်ကာ တချို့ က ၁ကြိမ်/တချို့ က ၃ကြိမ် ဆေးပတ်လည် အောင် သောက်ခြင်းဖြင့် ရောဂါအမြစ်ပြတ်ပျောက်သည်)
-----

အိမ်တွင်းကုထုံးများ
-----------------------

(၁) ပျားရည်က ချွဲများကိုပျော်ကျစေပြီး၊ အသက်ရှုလမ်းကြောင်းကို ပွင့်စေလို့  ပျားရည် ရနံ့ ကိုရှုရှိုက်ပါ။ ရေနွေးပူပူ ၁-ခွက်ထဲမှာ ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းရောဖျော်၍ တနေ့  ၃-ကြိမ်ကျ စုစုပေါင်း၃-ခွက်သောက်ပါ။

(၂) သဖန်းသီးအခြောက်များ ကို ရေ နွေးစိမ်၍ တညသိပ်ထားပါ။ နံက်အိပ်ယာထ ထိုစိမ်ထားသောရေ ကိုေ သာက်ပေးခြင်းဖြင့် ချွဲသလိပ်များပျော်ဆင်းသွားစေ ပါ တယ်(ထိုနည်းအတိုင်း ၂-လ တိတိဆက်သောက်ပါ)

(၃) ပန်းနာရင်ကျပ်ထနေချိန် သံပုရာရည်သောက်ပေးခြင်း ကလည်း ထူးခြား သက်သာစေပါတယ်။

(၄) ဂျင်း နှင့် ပဲနံ့ သာပင်ပြှုတ်ရည်ထဲကို ပျားရည်ခပ်၍ နံက်တကြိမ်/ညနေတကြိမ်သောက်ပါ။

(၅) ကြက် သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံးမီးဖိုချောင်ဆေးဝါးဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၁၀-မွှာကို နွားနို့  ၃၀ မီလီ လီတာ ဖြင့်ပြုတ်၍ တနေ့ တကြိမ်သောက်ပါ(သို့ မဟုတ်)ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ၄-မွှာခပ်၍ ၅-မိနစ်လောက်အအေးခံပါ။ နံက်တ ကြိမ်/ညနေတကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရောဂါသိသိသာသာလျော့ကျစေပါတယ်။

(၆) ပန်းနာရောဂါထနေချိန်မှာ မုန်ညင်း ဆီကို ပရုတ်ဆ်ီနှင့်ရော၍ ကျော နှင့် ရင်ဘတ်အနှံ့ စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှုလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မယ်။

(ရ) အစေ့ထုတ်ထားသော ဆီးဖြူသီး ၅-ဂရမ်ကို ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တို့ စားပေးပါ။ ထိုသို့  စားပေးခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အားပြန်ပြည့်လာစေပါတယ်။

(၈) ဒ န့် ဒလွန် ရွက် လက်တဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် ၅-မိနစ်မျှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များလဲဝါးစားပါ။

(၉) အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကို သိသိသာသာ လျော့ကျစေပါတယ်။
---

သတိပြုရှောင်ကြဉ်ရန်
------------------------

(၁) ရနံ့ စူးရှသော အစားအသောက်/ရေမွှေး/ပန့်း ရနံ တို့ က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ်ထလာစေလို့ သတိနဲ့ ဆင် ခြင်နေထိုင်ပါ။

(၂) အေးမြတဲ့လေကို ရှူရှိုက် ရတဲ့အခါ ရောဂါပိုစေနိုင်၍ အေးတဲ့ရာသီမှာ နှာခေါင်း နှင့် ပါးစပ်တို့ ကို ခေါင်းစည်း ပဝါနှင့် စည်းပတ်ထားပါ။

(၃) အမှိုက်ရွက်များမီးရှို့ ခြင်း(သို့ မဟုတ်) ထင်းနှင့်ချက်တဲ့ မီးဖိုဘေးမှာ မနေပါနှင့်။

(၄) စီးကရက်အငွေ့က အသက်ရှူလမ်းကြောင်းများကို လှုံ့ ဆွပေးလို့ ဆေးလိပ်မသောက်ပါနှင့် (သို့ မဟုတ်)ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေပါ။

(၅) ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများ ခွဲစားပါ။ အစာအိမ်အက်စစ် အပေါ်ဆန် တက်လာခြင်းက ရင်ပူနာဖြစ်ကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင် ၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။

(၆) ပန်းနာရင်ကျပ်ရှိသူ၏ ၅% ခန့် မှာ အကိုက် အခဲပျောက်ဆေး(NSAIDS) များနှင့် ဓာတ်မတည့်ကြ၍ ထိုသူများအတွက် အက်စ်ပရင်မပါတဲ့ အကိုက်အခဲ ပျောက်ဆေးတစ်မျိုးဖြစ်သော Acetaminophen (Tyneno)ကိုသာ သုံးပါ။

စောနွဲ့ နေဆိုင်(ပူတာအို) ပြန်လည်မျှဝေပါသည်။
ကိုးကား ။ ။ Daily Health Tips. မြန်မာ့ဆေးကျမ်းများ၊ ပေါက်ပေါက်

ကျန်းမာရေးသတင်းများ

မျက်စိစွံခြင်းကို ကာကွယ်ရန်

(၁)မျက်ခွံကို ဆေးကြောခြင်း

မကြာခဏ မျက်စိစွံတတ်သူတို့ သည် အထူးသဖြင့် ဘက်တီးရီးယား ကူးစက်ပေါက်ပွားမှုကို ဖြစ်လွယ်သူ များဖြစ်သည်။ မျက်နှာသုတ်ပဝါ သန့်သန့်နှင့်အပျော့စား ခေါင်းလျှော် ရေ ဥပမာ ကလေးသုံးခေါင်းလျှော် ရေသုံး၍ အညစ်အကြေးများကို သာသာလေးပွတ်ပြီး မျက်ခွံမှ ဆဲလ် သေများကို ဖယ်ပစ်ပါ။ ပြီးလျှင် ရေ နွေးနှင့်ဆေးပါ။

(၂)သန့်ရှင်းသောလက်များ

ဖြစ်လေ့ဖြစ်ထရှိသော အ ကြောင်းရင်းမှာ လက်မှ ဘက်တီး ရီးယားများက မျက်လုံးကို ကူးစက် ခြင်းဖြစ်သည်။ လက်များကို မကြာ ခဏဆေးပေးပါ။ အထူးသဖြင့် အိမ် သာသုံးပြီးချိန်၊ အစာမစားမီ၊ စားပြီး ချိန်များတွင် ဆေးကြောပါ။ မျက်လုံး ကိုပွတ်ခြင်း၊ ထိခြင်း ရှောင်ပါ။

(၃)မျက်ကပ်မှန်

မျက်ကပ်မှန်ကိုထိသော လက် များကို စင်ကြယ်အောင် အထူးဂရု စိုက်ပါ။ မျက်ကပ်မှန်ချည်းသက် သက်၌ပင် ဘက်တီးရီးယား ကူးစက် တတ်သည် ဖြစ်ရာ ယင်းတို့ကို နေ့စဉ် မျက်ကပ်မှန်ဆေးရည်နှင့် ဆေးပေး ပါ။ လစဉ်တပ်ရပါက (၄)ပတ် တစ် ခါ မျက်ကပ်မှန်အသစ်ပြောင်းပါ။ ည အိပ်လျှင် မတပ်ပါနှင့်။ မည်သို့ပင် စိတ်ချရအောင် လုပ်ထားသည့်မျက် ကပ်မှန်မျိုးဖြစ်စေ မျက်စိစွံခြင်းကို ဖြစ်စေသည်။

(၄)မျက်လုံးဆိုးလိုင်နာရည်နှင့် ရှဲဒိုးများ

မျက်ခွံတွင် လိုင်နာနှင့် ရှဲ ဒိုးဆိုးဆေးများ လိမ်းခြင်းသည်လည်း မျက်စိစွံစေတတ်သည်။ အထူးသဖြင့် မိတ်ကပ်အများကြီးလိမ်းခြင်း တစ် နေတည်းမှ အထပ်ထပ်ဆိုးခြင်းတို့ သည် မျက်စိစွံခြင်းကို ဖြစ်စေတတ် သည်။

မျက်ခွံတွင် မိတ်ကပ်များ စွဲ ငြိပြီး မဆေးဘဲ မအိပ်ပါနှင့်။ ည မအိပ်မီ မျက်ခွံကို ရေနွေးဖြင့် ဆေးပါ။ မျက်ခွံကို လိမ်းသည့်ဖော့တံ၊ စုတ်တံ၊ မြကျ့ ၊ခဲတံတို့တွင် ဘက် တီးရီးယား ကပ်ငြိစေတတ်သဖြင့် မကြာခဏလဲပေးပါ။ မျက်လုံးဆိုး ဆေး၊ ရှဲဒိုးတို့ကို အကြာကြီးထား၍သုံးခြင်းမျိုးမပြုလုပ်ဘဲ လဲလှယ်ပေး ခြင်းဖြင့် ဘက်တီးရီးယားကြောင့် မျက်စိစွံခြင်းကို ကာကွယ်နိုင်ပါလိမ့် မည်။

ဒေါန
Health Updates Journal

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း


မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။

ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း(၁)

(၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။

(၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။

(၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။

(၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။

ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။

ဆေးနည်း(၂)

သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။

ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

ဆီးလွယ်၊ဆီးများရောဂါအတွက် မုရိုးပင်


ယခုပုံမှာ မြင်နေရတဲ့အပင်ဟာ မုရိုးပင်(မရိုးပင်၊ ငဖြူကြီးပင်၊ ကျွဲနုပေါင်ပင်) ဖြစ်ပါတယ်။ မုရိုးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။

(၁) ဆီးလွယ်သူများနှင့် ဆီးများ၍ ခဏခဏသွားနေရလို့ စိတ်ညစ်နေသူများသည် မုရိုးပွင့်များကို ပြုတ်၍ သုပ်စား၊ တို့စားပါက ဆီးကို ပြန်ချုပ်စေပါသည်။

(၂) မုရိုးရွက်များကို နေရိပ်တွင် အခြာက်ခံ၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲ ခတ်သောက်လျှင် ဆီးချုပ်စေပါသည်။

(၃) ကျွဲ၊ နွားများ ခွါနာလျှာနာဖြစ်လျှင် မုရိုးရွက်ကို ကြိတ်၍ ကုသပေးနိုင်ပါသည်။

(၄) ပဲစင်းငုံများကို ပိုးမ၀င်အောင် မုရိုးပင်၏ အရွက်များဖြင့် အုပ်ထားပါက ပိုးကောင်းများ ပြေးပါသည်။

(၅) မုရိုးရွက်ကို မီးကင်၍ အရည်ညစ်ယူကာ ရှူပေးလျှင် ထိပ်ခပ်နာရောဂါကို သက်သာပျောက်ကင်းစေပါသည်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကျမ်းကိုး ။ ။ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

Azoospermia သုက်ပိုးမရှိခြင်း


• ကလေးမရနိုင်တဲ့ အကြောင်းတရားတွေထဲက ယောက်ျားရဲ့ချို့ယွင်းချက်တခုဖြစ်တယ်။ ကလေးမရတဲ့ အမျိုးသားတွေထဲမှာ ၅% ရှိတယ်။
• သုက်ပိုးထုတ်လုပ်မှု ချို့ယွင်းချက် နဲ့ လမ်းပိတ်ဆို့နေတာ တခုခုဖြစ်မယ်။
• စစ်ဆေးတဲ့အခါ ထုတ်လွှတ်လိုက်တာထဲမှာ သုက်ပိုးမတွေ့ပေမဲ့ ကျားစိထဲမှာတော့ သုက်ပိုးရှိနေတာလဲ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာမှ သုက်ပိုးမတွေ့တာလဲဖြစ်နိုင်တယ်။
• မိသားစုလိုက်တာ၊ တချို့ဆေးဝါးပေးထားတာ၊ ဓါတ်ကင်တာ စတဲ့အကြောင်းခံတွေကို မေးမယ်။ လူကို စစ်ဆေးမယ်။
• သွေးစစ်မယ်။ testosterone (တက်စတိုစတီရုန်း) ဟော်မုန်းနဲ့ FSH (ဖေါ်လီကူလာ) ဟော်မုန်းတွေစစိမယ်။
• Semen samples သုက်ရည် ၂ ခါယူမယ်။ Standard semen analysis စစ်ဆေးမှုလုပ်မယ်။ ပဌမအကြိမ်မှာ သုက်ပိုးမတွေ့သေရင် Centrifuge ဗဟိုခွါအားစက်နဲ့အနယ်ထိုင်အောင်လုပ်ပြီး ထပ်စစ်မယ်။
• နည်းနည်းလေးတွေ့ရင် လမ်းလုံးဝပိတ်ဆို့နေတာဖြစ်နိုင်တယ်။ သုက်ပိုးကိုအဲလိုရယူပြီး ကလေးရစေအောင် နည်းလမ်းကို သုံးနိုင်မယ်။
• နောက်ထပ်စစ်ဆေးမှု ကျားအစိကိုစစ်ဆေးမယ်။ Testis Biopsy ခေါ်တယ်။ FNA mapping လဲလုပ်နိုင်တယ်။

ဘာလို့ သုက်ပိုးမပါသလဲ
1. Primary testicular failure, Klinefelter syndrome မူလကျားအစိအလုပ်မလုပ်ခြင်း၊
2. Y chromosome microdeletions ဝိုင်ခရိုမဇုန်း၊
3. Genetic infertility due to abnormal chromosomes (karyotype) မျိုးဗီဇချု့ယွင်းခြင်း၊
4. Secondary testicular failure, Kallman syndrome ထပ်ဆင့် ကျားအစိအလုပ်မလုပ်ခြင်း၊
5. Hypothalamic/pituitary tumor ဦးနှောက်အကျတ်၊
6. Hyperprolactinemia ပရိုလက်တင်ဟော်မုန်း များနေခြင်း၊
7. Cancer treatment ကင်ဆာကုသမှုခံယူနေခြင်း၊
8. Varicocele effect အကြောထုံးရောဂါ၊
9. Pituitary suppression, drug induced (anabolic steroids, alcohol, glucocorticoids)
10. Testosterone supplements တက်စတိုစတီရုန်းဆေးရယူနေခြင်း၊
11. Congenital adrenal hyperplasia မွေးရာပါ အဒရီနယ်ဂလင်းရောဂါ၊
12. Cancer, kidney or liver failure ကင်ဆာ၊ ကျောက်ကပ်၊ အသဲ နာတာရှည်ရောဂါရှိခြင်း၊
13. Diabetes mellitus ဆီးချို၊
14. Sickle cell anemia သွေးအားနည်းရောဂါတမျိုး၊
15. Sperm autoimmunity သုက်ပိုး အော်တိုအင်မြူနတီဖြစ်ခြင်း၊
16. Pesticide/toxin exposure ရေနွေးချုခြင်းအပါအဝင် အဆိပ်အတောက်နဲ့ထိတွေ့မိထားခြင်း၊
17. Undescended testicles at birth ကျားအစိအောက်မကျခြင်း၊
18. Congenital absence of the vas deferens မွေးရာပါ အကြောမပါခြင်း၊
19. Ejaculatory duct obstruction သူက်ထုတ်ပြွန်ပိတ်နေခြင်း၊
20. Epididymitis အကြောရောင်ခြင်း၊
21. Scrotal trauma or surgery ထိခိုက်မှုနဲ့ ခွဲစိတ်မှု၊
22. Young syndrome ယန်းဆင်ဒရုမ်း၊
23. Vasectomy သားကြောဖြတ်ထားခြင်း။

Azoospermia due to Blockage လမ်းပိတ်နေလို့ သုက်ပိုးမပါခြင်း
• Epididymis (အပီဒီဒါးဒမစ်စ်) အစိအထက်နေရာမှာ ပိတ်နေသူ ၆၅% ရှိတယ်။
• Vas deferens (ဗတ်စ်ဒက်ဖရင်) အကြောမှာ ပိတ်နေသူ ၃ဝ% ရှိတယ်။
• Ejaculatory duct ထုတ်ပြွန်မှာပိတ်နေသူ ၄% ရှိတယ်။

Microsurgery အနုစိတ်ခွဲစိတ်မှု နဲ့ ပိတ်နေတဲ့နေရာကိ တိတိကျကျသိနိုင်ပြီး Microsurgery repair အနုစိတ်ခွဲစိတ်မှု နဲ့ ပြုပြင်ပေးနိုင်တယ်။

ပိတ်ဆို့ခြင်းမရှိသူ
Kallman syndrome နဲ့ hyperprolactinemia တွေဆိုရင် ကုသပေးလို့ရတယ်။ သုက်ပိုးကို ကျားအစိကနေထုတ်ယူမယ်။ IVF နဲ့ ICSI နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ခက်ခဲတာက ၅ဝ% သာသုက်ပိုးထုတ်ယူလို့ရတယ်။ ကျားအစိ အရွယ်အစား၊ serum FSH level နဲ့ biopsy reading တွေကြည့်ပြီး အောင်မြင်နိုင်မှုကို မှန်းဘို့ခက်တာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်


ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များ စာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။

(၁) အသားအရေလှပခြင်းအတွက်

ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။

(၂) အမျိုးသမီးများအတွက်

ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။

(၃) အနာအမျိုးမျိုးအတွက်

ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။

(၄) နားကိုက်၊ နားနာအတွက်

ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။

(၅) ဆီး၊ ၀မ်းရောဂါများအတွက်

ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။

(၆) မျက်စိနာအတွက်

မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။

(၇) အရေပြားရောဂါအမျိုးမျိုးအတွက်

ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။

(၈) အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်

ရှားစောင်း၏အရည်ကို ညစ်ယူ၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။

(၉) အရက်နာကျသူများအတွက်

ရှားစောင်းလက်ပပ်ကို အစိမ်းလိုက် ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကို ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။

(၁၀) လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်

ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref : Benefits of Aloe Vera.

ကျန်းမာရေးသတင်းများ

ရှားစောင်းလက်ပပ် ဆေးစွမ်းထက် ( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် )


ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။

ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။

ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

Mg Mandalay

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်


၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့
ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း
၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း
၃- ကင်ဆာရောဂါကာကွယ်မှုနှင့်
အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း
၎- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း
၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့
နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော
ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း
၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး
ဝက်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာ
လိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ
ကင်းဝေးစေခြင်း
၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊
ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။
၈- ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး
အမျှင်ဓါတ်နှင့်ပရိုတိန်းတို့ လည်းပါဝင်ပါတယ်။
၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင်
သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့
ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကို
ပိုမိုတောက်ပြောင်လာစေမှာပါ။
၁၀- ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါထိန်းသိမ်းပေးပြီး
သင့်သွားတွေတောင်ပြောင်စေဖို့ နဲ့ ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ ကို
လုပ်ဆောင်ပေးပါတယ်။
၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့်
ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

Ref: ZK(ကနောင်)

ဆံပင် ၂-ခွ မဖြစ်စေလို


ဆံပင်ထိပ်ဖျားလေးတွေ ကွဲထွက်လာခြင်းကို ဆံပင် ၂-ခွဖြစ်တယ်လို့အလွယ်ခေါ်လေ့ ရှိပါတယ်။ သေသေချာချာကြည့်တဲ့အခါ၊ ၂-ခွမကဘဲ ၄-ခွ/၅-ခွ လောက်ထိ ကွဲထွက် တတ်ကြပါတယ်။ ဆံစထိပ်ဖျားကို ကတ်ကြေးနဲ့ တိညှပ်ပေးရုံမှတပါး တခြားဘယ်လို နည်းနဲ့ မှ ကွဲနေတဲ့ဆံပင်ထိပ်ဖျားကို မူလအတိုင်းပြန်ကောင်းအောင်လုပ်လို့ မရနိုင်ပါ။ သို့ သော် စိတ်မပျက်ပါနဲ့ ။ ညှပ်ပြီးတဲ့ ဆံ ပင်ထိပ်ဖျားတွေ နောက်ထပ်ကွဲမ ထွက် လာအောင်အောက်ပါနည်းလမ်းကောင်းများဖြင့် ထိန်းသိမ်းလို့ ရပါတယ်။

(၁) ဆံပင် ၂-ခွဖြစ်နေရင်၊ သူဆက်လက်ကွဲထွက်နိုင်တဲ့ အပေါ်ပိုင်းရောက်တဲ့အထိ
(ဥပမာ.. ဆံပင်ထိပ်ဖျားကနေ လက်တဆစ် လောက်အထိ) ကို ကတ်ကြေးနဲ့ ညှပ်ပေး လိုက်ပါ။ မကြာခဏ ဆံသားခြောက်သွေ့ ကွဲထွက်လေ့ရှိသူများအဖို့ ၊ ရက်သတ္တ ၆-ပတ် (သို့ မဟုတ်) ၂-လ တစ်ကြိမ်လောက် ဆံပင်ထိပ်ဖျားကို ညှပ်ပေးပါ။

(၂) နေပူပူထဲ ထွက်တော့မယ်ဆိုရင်၊ ဆံပင်ကို ဖားလျားချမသွားဘဲ ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ထားသင့်ပါတယ်။ နောက်ပြီး ခေါင်းစည်းပုဝါ(သို့ မဟုတ်)ဦးထုပ်(သို့ မဟုတ်)ထီး စသည်တို့ ကို အကာအကွယ်ယူ၍ နေပူထဲထွက်ပါ။

(၃) ခေါင်းလျှော်ပြီးတဲ့အခါ conditioner သုံးတဲ့အလေ့ကျင့်ကောင်းကိုမွေးမြူပါ။ ဒီနည်း က ဆံပင်ထိပ် ၂-ခွဖြစ်မလာအောင် အ ကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ (conditioner သုံးတဲ့အခါမှာ၊ ရှမ်ပူတွေသုံးသလိုမျိုး ဦးရေပြားအထိရောက်အောင် လိမ်းပေးဖို့ မလိုအပ်ပါဘူး။ conditioner ကို နားရွက်အောက်ဖက်မှစ၍ မိမိဆံပင် ရှည်အောက်ခြေထိပ်ဖျားအထိ လိမ်းပေးရမှာဖြစ် ပါတယ်)

(၄) ဆံပင် ၂-ခွဖြစ်ခြင်းအတွက် အကြောင်းအမျိုးမျိုးကြောင့် ဆံပင်ညှပ်ဆိုင်ကို မသွားနိုင်သေးတဲ့အခါ၊ မိမိဖာသာအိမ်မှာ ကတ် ကြေးနဲ့ ညှပ်လို့ ရပါတယ်။ (သို့ သော် ကပ်ကြေးအတုံးတွေ နဲ့  စက္ကူညှပ် ကတ်ကြေးတွေက ဆံသားကိုနာစေလို့  ထိုကပ်ကြေးမျိုး တွေကို မသုံးသင့်ပါဘူး)

(၅) ရှမ်ပူတွေနဲ့ ခေါင်းလျှော်တဲ့အခါတိုင်း ထိုရှမ်ပူအမွှေးရနံ့ တွေ ပျောက်တဲ့အထိ ဦးရေပြားကနေပြီး ရေများများလောင်းချပေး ပါ။

(၆) ဓာတုပစ္စည်းတွေများများပါတဲ့ ရှမ်ပူခေါင်းလျှော်ရည်အမျိုးအစားကို (အထူး) ရှောင်ပါ။

(၇) ဆံပင်ရေစိုနေတဲ့အချိန်မှာ ဘီးဖြင့် ခပ်ကြမ်းကြမ်းမဖြီးပါနဲ့ ။

(၈) တစ်နေ့ ကို အနည်းဆုံး ၃-ကြိမ်မှ အများဆုံး ၆-ကြိမ်အထိသာခေါင်းဖြီးပါ။ မကြာခဏဆိုသလို ဆံပင်တွေကို မလိုအပ်ဘဲ လက်နဲ့ ပွတ်သက်ခြင်း၊ ဘီး- ဘရက် ရှ် တွေနဲ့  ဖြီးခြင်းက ဆံပင် ၂-ခွဖြစ်လာစေရုံမျှမက၊ ဆံပင် ကျွတ်စေနိုင် ပါတယ်။

(၉) ဆံပင်ဖြီးတဲ့အခါ ဦးရေပြားမှနေ၍ ဆံစထိပ်ဖျားသို့ သာ အပေါ်မှအောက်ဖက် သို့  အသာအယာဆွဲချ ဖြီးပေးရမှာဖြစ်ပြီး၊ ၄င်း နဲ့ ပြောင်းပြန် အောက်မှအပေါ်သို့  လှန်ဖြီးခြင်း မျိုးကို ရှောင်ပါ။

(၁၀) ဆံသားတွေကို ဘီးနဲ့ ခုတ်၍ ဆံပင်အမောက်ထောင်ခြင်းကလည်း ဆံသား ပျက်စီး ကာ ဆံပင် ၂-ခွ ဖြစ်လာစေလို့  သတိပြု သင့်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)

Anti Emetics အအန်ပျောက်ဆေးများ


မင်္ဂလာပါဆရာ။ သမီးအသက်က ၁၇ နှစ်ပါ။ သမီး ၁ ရက် ကို ၅ ခါ ၆ ခါ လောက် ပျို့ပြီး အော့အန်နေခဲ့တာ ၄ လ ကျော်ရှိနေပါပြီ။ အန်တယ်ဆိုပေမဲ့လည်း ဒီအတိုင်း အစာမပါဘဲ အရည်ပဲ အန်တာပါ။ တစ်ခါတစ်လေတော့ အရည်လည်း မအန်ဘဲ ပျို့တက်လာပြီး မျက်ရည်တွေပဲ ထွက်လာပါတယ်။ အရမ်းပင်ပန်းပါတယ်ဆရာ။ ပြီးတော့လည်း တစ်ခါတစ်ခါ ဗိုက်ထဲက ဘယ်လိုကြီးမှန်းလည်း မသိဘူး တင်းနေသလိုပဲဆရာ။ အဲ့ဒါ သမီး ဘာဆက်လုပ်သင့်သလဲဆိုတာကို သိပါရစေဆရာ။ ဆရာ့ကို ယုံကြည်လေးစားလျက်။

ပျို့ချင်-အန်ချင်ဖြစ်သည်မှာ လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျောဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိပ်ရောဂါများ၊ အစား အလွန်အကြွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲအကျိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့် အနံ့ဆိုးရှူမိခြင်း၊ မေ့ဆေးပေးရခြင်း၊ ကင်ဆာဆေးပေးရခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။

Anti-Emetics အအန်ပျောက်ဆေးများ
• Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Promethazine) အင်တီဟစ်တမင်း ခေါ်အာလာဂျီဖြစ်ခြင်းအတွက် အသုံးများသည့်ဆေးများကို သုံးသည်။
• Metoclopramide အစာအိမ်ထဲကအစာကို မြန်မြန်အောက်သို့ ပို့ပေးသည့်အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုက ပေးနိုင်သည်။
• Domperidone အစာစားပြီး အန်ချင်သည့်ရောဂါအတွက် ပေးသည်။ အချို့က မိခင်နို့ထွက်များစေရန် သုံးသော်လည်း မသုံးရန်အကြံပြုထားသည်။
• Meclizine = Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည်အမျိုးမျိုးရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကိုပေးနိုင်သည်။ မကောင်းကျိုးနဲသည်။

ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ခြင်း
• Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊
• Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။
• Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။
• Nabilone တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။

မိုင်ဂရင်းရောဂါကြောင့်အန်ခြင်း
• Phenothiazines (Prochlorperazine, Trifluoperazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန်အန်ခြင်း၊ ကြို့ထိုးခြင်းတို့အတွက်ဆေးများ၊ အန်ခြင်းအားသက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက် ရောဂါကိုတားဆီးနိုင်သည်။ ပါးစပ်ကသာမက စအိုကလည်း ပေးနိုင်သည်။
• Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည့်ဆေး၊

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်သည့် ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့်ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ်ခေါ်သည်။ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့်ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများ ဖြစ်သည်။ Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ ကိုဖတ်ပါ။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံအန်ခြင်း
ဆိုးရွားသည်။ ကြာလျင်ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂ဝ ပတ်ဆိုလျင် ၁ဝ% ကလွဲလျင် ပျောက်နိုင်သွားသည်။ ဘာ့ကြောင့် ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂ဝဝ လျင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်းများများကျွေးသင့်ပြီး အဆီနှင့်အစပ်လျော့သင့်သည်။

NS or RL သွင်းပေးဘို့လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၎င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylprednisolone 16 mg စားဆေး or IV တနေ့ ၃ ကြိမ်ကို နောက်ဆုံးအဖြစ်ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာကရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းသည်။ ဂျင်း(ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ်။

ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း
• Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူလမ်းမှထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့်ထိုးဆေး၊ ခွဲစိတ်ခြင်းမပြုမီပေးရသည်။
• A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့် ဆေးသည် 90% ကောင်းသည်။ phenothiazines, metoclopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန် ပေးသည်။

Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း
ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, cinnarizine, promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းကလာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်းဖြစ်သည်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ

ခရီးသွားစဉ် မူးဝေအော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျင် ၄-၆ ကြိမ်သောက်ရသည်။

ဆေးနာမည်အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။ Dimenhydrinate, Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan, Viabom, Dramin, Daedalon, Antimo နောက်ပြီး၊ DRAMAMINE® Less Drowsy Formula ဆိုတာက အိပ်ချင်တာ သက်သာတဲ့ ကားမူးပျောက်ဆေးဖြစ်တယ်။

သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောက်ျား ဆီးကြိတ် ကြီးရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။

ဆေး၏မကောင်းကျိုးများမှာ မျက်စိအမြင်ဝါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေး တိုက်လျင် အကျိုးမများနိုင်ပါ။ ဝယ်လို့လွယ်သည့်ဆေးကို အားကိုးရတတ်ပါသည်။ အန်လွန်းနေသူတယောက်ကို အလွယ်ရှာရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါ နှင့် ကြို့ထိုးခြင်း တို့အတွက် သုံးသည့်ဆေးလည်းဖြစ်သည်) ကို အချိန်အဆနှင့်ပေးနိုင်ပါသည်။ Dramamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ်ဝယ်ယူရစေရန် စီစဉ်ခြင်းကကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျပေးရပါမည်။

အန်ပြီးလျင် ဝမ်းလျောသူများလို ဆားဓါတ် နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓါတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓါတ်ဆားရေတိုက်ရပါမည်။ လိုအပ်လျင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။

ကလေးများအန်ခြင်း
ဖြစ်တတ်ပါတယ်။ ရောဂါမဟုတ်တာက အများဆုံးပါ။ နို့-အစာ အောက်မဆင်းတာ၊ အဆင်းနှေးတာကြောင့်ဆိုရင် စိုးရိမ်စရာမရှိပါ။ အန်လဲအန်မယ်၊ ဗိုက်လဲတင်းဖေါင်းမယ်၊ ဝမ်းလဲချုပ်လာမယ်ဆိုရင် အစာလမ်းမှာ ဆို့တာ၊ ပိတ်တကို စစ်ဆေးရပါတယ်။ အဲလိုက အတော်ကြီးအဖြစ်နည်းပါတယ်။ နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ အအန်ပျောက်ဆေးတွေ dexamethasone, dimenhydrinate, granisetron, metoclopramide ထဲက ondansetron က အထိရောက်မှုအများဆုံးလို့ လေ့လာမှုတခုကဆိုပါတယ်။ ဆေးမှန်သမျှကို ကိုယ်အလေးချိန်အရ တိုက်ရမည်။

ကလေးတွေအတွက် အအန်သက်သာဆေးများ
• Bsmuth subsalicylate (Pepto Bismol or Kaopectate)
• Antihistamines = Diphenhydramine (Benadryl)
• Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊
• Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?fref=nf

ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )


၁။ ကျွန်တော် အသက် ၃၁ နှစ်ဖြစ်နေပြီ။ အခုချိန်ထိ ခရီးဝေးသွားရင် ကားစီးတ့အခါ ခေါင်းချွေးတွေထွက်ပြီး မူးပြီးအန်တယ်။ အဲကွန်းပါပေမယ့် အလုံးပိတ်ဆိုရင် ကားစီးပြီး ၃ နာရီကြာလောက်ဆို ကားမူးပြီး ဆေးကြိုသောက်ပေမယ့်လည်း မရဘူး။ ခရီးသွားရင် အစာမစားရဲဘူး။ စားရင်အန်တယ်။ ရေသောက်ရင် ရေပြန်အန်တယ်ဆရာ။ ကိုယ်ရဲ့ immune system အားနည်းလို့လား။ အဓိကတော့ ချွေးစေးထွက်ပြီးမူးတာ။ လေရရင် သက်သာတယ်။ ခရီးသွားရင် ကားမမူးအောင် ဘယ်လိုပြင်ဆင်ရမလဲ။

၂။ အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်း ရှိပါတယ်။ ရန်ကုန်မှာနေတုန်းက ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။

ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။

အကြံပြုချက်များ

မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။ အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။

Meclizine (Antivert), Dimenhydrinate (Dramamine) ဆေးတခုခုကို ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။ Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြားသုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။ Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။ head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။ ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။ Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။ Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။

ဒေါက်တာတင့်ဆွေ

သွေးတိုးရောဂါသမားများ စားသင့်သော အစားအစာများ


သွေးတိုးရောဂါရှိသူများ အောက်ပါ အစားအသောက်များကို စားသုံးပေးပါက သွေးတိုးရောဂါ သက်သာပျောက်ကင်းစေပါတယ်။

(၁) အားလူးမီးဖုတ်

အားလူးကို မီးဖုတ်ပြီး စားပေးလျှင် အားလူးထဲမှ မဂ္ဂနီစီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်တို့ဟာ ခန္ဓာကိုယ်ကို သွေးတိုးခြင်းဖြစ်စေတဲ့ အပိုဆိုဒီယမ်ဓါတ်များကို လှောင်ကျွမ်းသွားစေတယ်လို့ လေ့လာမှုများအရ ဖော်ပြထားပါတယ်။

(၂) အဆီမပါတဲ့ နွားနို့

အဆီထုတ်ထားတဲ့ နွားနို့မှာ ကာလ်စီယမ်ဓါတ်နဲ့ ဗီတာမင်ဒီ အာဟာရဓါတ်နှစ်မျိုး ပါရှိနေတာကြောင့် သွေးတိုးခြင်းကို ၅ ရာခိုင်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

(၃) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်ထားတဲ့ ပိုတက်စီယမ်အာဟာရဓါတ်ကြောင့် တစ်နေ့တစ်လုံး စားပေးပါက သွေးတိုးကို လျှော့ချပေးနိုင်ပါတယ်။

(၄) မုန်လာဥနီ ဖျော်ရည်

မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ နိုက်ထရိတ်ဓါတ်ဟာ သွေးတိုးနှုန်းကို ၁၀ ရာခိုင်နှုံးအထိ လျှော့ပေးနိုင်တာကြောင့် သွေးတိုးရှိသူများ တစ်နေ့တစ်ခွက် သောက်သုံးသင့်ပါတယ်။

(၅) နှမ်းဆီ

နှမ်းဆီမှာ ပါဝင်တဲ့ အင်ဒီအောက်ဆီးဒဲန့်ဓါတ်ဟာ သွေးကြောများ၏ လှုပ်ရှားမှုကို ပိုမိုသန်မာစေသည့်အတွက် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် နှမ်းဆီကိုလည်း မကြာခဏ စားသုံးသင့်ပါတယ်။

(၆) ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥ၊ ငုံးဥစတဲ့ ဥအမျိုးမျိုးတို့၏ အကာကို စားသုံးပေးပါက ပရိုတင်းဓါတ်နှင့် ပီတာမင်ဒီပြည့်ဝစေပြီး သွေးတိုးခြင်းကို ကာကွယ်ပေးစေပါတယ်။

(၇) ပန်းဂေါ်ဖီအမျိုးမျိုး

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီထုပ်စသည်တို့မှာ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်ဓါတ်များ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးဖိအားနှုန်းကို ထိန်းချုပ်ပေးနိုင်သည့်အပြင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၈) အမည်းရောင် ချောကလက်

အမည်းရောင်ချောကလက်မှာ ပါဝင်ထားတဲ့ ဖလေဗိုနွိုက် အင်ဒီအောက်ဆီးဒဲန့်ဓါတ်တစ်မျိုးဟာ သွေးကြောစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကိုလည်း ကျန်းမာစေသည့်အတွက် မကြာခဏ စားသုံးသင့်ကြောင်း နှလုံးနှင့်သွေးတိုးအထူးကု ဆရာဝန်တစ်ဦးမှ အကြံပြုထားပါတယ်။

အထူးရှောင်ကြဉ်ရမည့် အစားအစာကတော့ ဆားဖြစ်ပါတယ်။

ဆားနှင့် အငံကို အလွန်အကျွံ မစားမိစေပဲ ပုံမှန်စားသုံးနေတာထက်ကို ပိုပြီးလျှော့စားသင့်ပါတယ်။

အစာလည်းဆေး ဆေးလည်းအစာဆိုသလို အစာစားရင်း ဆေးအဖြစ် အသုံးပြုနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Good Health, Foods For Hyperthesis

ကျန်းမာရေးသတင်းများ

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။

ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။
.
International news for myanmar

အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှိုကို ရွေးချယ်စားတတ်စေဖို့


အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှိုကို ရွေးချယ်စားတတ်စေဖို့ မိုးဦး ကာလတွင် မှိုကို ရာသီစာ အဖြစ် ဟင်းပွဲများတွင် ပါဝင်လေ့ ရှိသည်။ မှိုကိုကန်စွန်း ရွက်ဖြင့် ကြော်စားလေ့ ရှိကြသည်။ ကန်စွန်းရွက်သည် အနည်းငယ် သောအဆိပ် အတောက်ကို ပြေ စေသော်လည်း အဆိပ်
အတောက်များသော အသီးအရွက်များအတွက် ထူးခြားမှုရှိမည် မဟုတ်
ပါချေ။

ဥပမာ - ဝက်စတူးကဲ့ သို့သော ဟင်းလျာအတွက် ကန်စွန်းရွက် အထိန်း
အဖြစ် ပါရှိအောင် ထည့်သွင်းချက် ကြသည်။ မိုးရာသီ ရောက်လေတိုင်း မှိုစားမိသောကြောင့် အစာအဆိပ်သင့်သော သတင်းများလည်း မကြာခဏ ကြားနေရ တတ်၏။ မှို၏အရသာသည်ဆိမ့်၏။ သို့သော် အဆိပ် အတောက် မရှိသော မှိုကိုရွေးချယ်တတ်ဖို့ လိုပေလိမ့်မည်။ အဆိပ်အတောက်ရှိပြီး မစားကောင်း သည့်မှိုများတွင် အောက်ပါအမှတ်လက္ခဏာများပါရှိမည်
ဖြစ်သည်။သို့အတွက် ဗဟုသုတရရှိစေရန် အတွက်ဖော်ပြ လိုက်ပါသည်။

၁။ မှိုကိုချိုး၍ လျှာဖြင့် တို့ကြည့်ပါက အလွန်အပူပြီး ငရဲမီးနံ့ထွက် နေလျှင် မစားသင့်ပါ။

၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့နှင့်တူသော အစေးများ ထွက်လာလျှင်မစား သင့်ပါ။

၃။ မှိုပေါ်တွင် ဆားအနည်းငယ် ဖြူးကြည့်ခြင်း၊ ဆားရည်တွင်စိမ် ကြည့်ခြင်းဖြင့် ညို၊ပြာ၊နက် အရောင်များ ဖြစ်ခဲ့သော် ထိုမှိုကို မစားသင့်ပါ။

၎။ မှို၏ရိုးတံကိုခြေကြည့်ခြင်း ဖြင့်ကြေမွသွားသော်ထိုမှိုကိုမစားသင့်ပါ။

၅။မှိုတစ်ပွင့်လုံးကိုလက်နှင့်ချေ ကြည့်ခြင်းဖြင့်အနီရောင် အရည် များထွက်လာသော်မစားသင့်ပါ။

၆။ မှို၏ အရိုးကို ဓားနှင့်ဖြတ် ကြည့်ပြီး ဖြတ်စသည် ညို၊ ပြာ အရောင်ဖြစ်
သွားသော် မစားသင့်။

၇။ အဝါရောင်၊အနီရောင်၊ အပြာရောင် စသည့် တောက် ပြောင်ထင်ရှားသော
အရောင်များရှိသည့်မှိုကို မစားသင့်ပါ။

၈။ မှိုမှုန်(Sponre)အစိမ်းရောင် သန်းနေလျှင် ထိုမှိုကို မစားသင့်။

၉။ ပန်းရောင်ရှိသော စပိုး (Spore) အစိမ်းရောင် ပါရှိသည့် မှိုကို မစားသင့်ပါ။

၁၀။ မှိုခြေကျင်းနှင့် မှိုခွက်နှစ်ခု ပါပြီး အဖြူရောင် ပါးဟက်မျိုးပါ တတ်သည့် မှိုမျိုးကိုမစားသင့်ပါ။

၁၁။ပိုးမွှားကျ ရောက်၍သွန်နေ သောမှိုမျိုးကိုလည်း မစားသင့်ပါ။

၁၂။ သဲမြေတွင်သိပ်မဝင်သော(သို့မဟုတ်) မြေမျက်နှာပြင်ပေါ် တွင်ရှိသော
အပွင့်သေးသည့်မှို များကိုမစားသင့်ပါ။

၁၃။ လွန်စွာ လင်းရိပ်ကျပြီး မည်းမှောင်သောနေရာတွင်ပေါက်သည့်မှိုမျိုး
များကို မစားသင့်ပါ။

၁၄။ အရွယ်မရောက် သေးသည့် မှိုလုံး ကလေးများသည် မှိုအင်္ဂါ ရပ်များကို အပြည့်အစုံ မဖော်ပြ သေးသဖြင့် စားသင့်၊ မစားသင့် ခွဲခြားရန်ခက်သဖြင့် ဤမှိုကိုမစား သင့်ပါ။

၁၅။ အချို့သော မှိုများသည် တစ်ဦးကို အဆိပ်မဖြစ်စေတတ် သော်လည်း အခြားတစ်ဦးကိုမူ အဆိပ်ဖြစ်စေတတ်သဖြင့် စားနေကျ မှိုမျိုးမဟုတ်လျှင် လုံးဝမစားခြင်းသည် အကောင်းဆုံးဖြစ်သည်။

SHADE Journal
အေးမြသာစည်ရွာ

Black Spots on Tongue လျှာအမဲစက်


ဆရာရှင့် အမျိုးသားရဲ့ အကောင့်ကနေဝင်သုံးတာပါရှင့်။ သမီးအသက်က ၂၈ နှစ်ထဲမှာပါရှင့်။ သားသားမွေးပြီးစမှာ လျှာထိပ်မှာ အမဲစက်လေးတွေပေါ်လာပါတယ်ရှင့်။ သမီးကလဲ အမှုမဲ့အမှတ်မဲ့ပဲနေလာတာခု ၄ နှစ်ကျော်ပါပြီရှင့်။ ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါရှင့်။ ဆေးသောက်ရင်ပျောက်နိုင်လားသိချင်ပါတယ်ရှင့် ပုံပါရိုက်တင်လိုက်ပါတယ်ရှင့်။ ကျေးဇူးတင် လေးစားလျက်ပါရှင့်။

• လျှာမှာအမဲစက်ပါတာ ရုတ်ရက်မှာ စိုးရိမ်စရာဖြစ်တယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။
• ဘာလို့ဖြစ်သလဲ မတူကြပါ။ အမြင်အရလဲကွဲပြားတယ်။ အရောင် အနုအရင့်လဲမတူပါ။
• နေမကောင်းလို့လဲဖြစ်နိုင်တယ်။
• Birthmark မွေးရာပါအမှတ်ဖြစ်နိုင်တယ်။
• Oral piercing အလှအပအတွက် ကွင်းတပ်တာကနေလဲဖြစ်လာနိုင်တယ်။
• Exposure to chemicals ဓါတုဆေးနဲ့ထိတွေ့မိလို့လဲဖြစ်နိုင်တယ်။ ဥပမာ ဝါးစားလို့ရတဲ့ Pepto-Bismol tablets ဆေးပြား။
• Hairy tongue လျှာမွှေးပေါက်တာ။
• ဆေး-ဆေးလိပ်၊ အရက်၊ အင်တီဘိုင်အောတစ်ဆေးတွေကနေလဲဖြစ်လာနိုင်တယ်။ အဲလိုသုံးစွဲသူမှာ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်လာကနေဖြစ်မယ်။ လျှာတခုလုံး မဲလာတတ်တယ်။
• Oral cancer ခံတွင်းကင်ဆာကို စစ်ဆေးရမယ်။ ရှားတယ်။ တခြားခံစားရမှာတွေနဲ့ တွဲနေမယ်။ ဥပမာ အစာမြိုရခက်တာ။
• ခံတွင်းသန့်ရှင်းရေး ပိုလုပ်ပေးပါ။ သွားတိုက်တဲ့အခါ လျှာကိုပါ ညင်ညင်သာသာတိုက်ပါ။ ဆေးလိပ်-အရက် ဆင်ခြင်ပါ။ မှိုပိုးရှိနေရင် ဆေးသောက်ပါ။
• မွေးရာပါမဟုတ်လို့ မပျောက်သေးရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၅
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ


ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။

စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။

ဂရင်ဂျီနာဖြစ်ခဲ့ရင်

စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။

ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖောက်ဝင်ရောက်ပြီး အမြစ်နေရာဟာ ကာလကြာ မပေါက်ဘဲ ရှိနေတတ်တယ်။ အနာမှာ အမြစ်ပွားခြင်း၊ အမြစ်ခြောက်ရှိခြင်း၊ ပြည်သွေးဖြစ်တည်ခြင်း စတဲ့အနာတစ်မျိုး ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်ရင် ခွဲစိတ်ဖြတ်တောက်ပြီး စနစ်တကျကုသမှသာ ပြန်ကောင်းနိုင်တယ်။ အညှော်ရှောင်ရမယ်။ ဝမ်းမချုပ်အောင် ဟင်းသီးဟင်းရွက်၊ သစ်သီးများများ စားရမယ်။

ကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်း ကတော့ ဝမ်းမချုပ်ပါစေနဲ့။ ဆီး၊ ဝမ်း၊ သွေးမှန်အောင် ဆင်ခြင်နေထိုင်ပြီး နေ့စဉ်နာရီဝက်လောက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။ ဝမ်းချုပ်သူများ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစားပေးရမယ်။ အသား၊ အဆီနဲ့အငန် လျှော့စား ရမယ်။ ဟော်မုန်းအားဆေးများ၊ ကာမအားဆေးများ မသုံးစွဲသင့်ပါဘူး။ သဘာဝသစ်သီးနဲ့ ဖျော်ရည်များ ကို သောက်သင့်တယ်။ ဂက်စ်ပါတဲ့ အချိုရည်ဘူး၊ ဘီယာ၊ အရက်ရှောင်ရမယ်။ ရေဆာရင် ရေသာသောက်သင့်တယ်။ ဆေးလိပ်ဖြတ်ရမယ်။ အရက်၊ ဆေးလိပ်များ ရင် ကျန်းမာရေးချို့တဲ့ကာ ခုခံမှုအားစနစ် ပျက်ယွင်းလာပြီး ဂရင်ဂျီနာ ဖြစ်တတ်တာ ပိုတွေ့ရတယ်။ သဘာဝ သောက်ရေသန့်သောက်၊ အညှီအဟောက်ရှောင်၊ နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း လုပ်ဆောင်ရမယ်။

ကုသနည်း

ခွဲစိတ်ကုသနည်းဟာ ရောဂါပျောက်ကင်းအောင် ကုသတဲ့နည်း ဖြစ်တယ်။ သောက်ဆေး အနေနဲ့ အကိုက်အခဲ ပျောက်ဆေးများနဲ့ မက်ထရိုစားဆေး၊ အမောက်ဆလင် (၅ဝဝ) မီလီဂရမ် စားဆေးတို့ကို သုံးလုံးပါတစ်တွဲ သုံးကြိမ်နဲ့ငါးရက်မှ ခုနစ်ရက် သောက်သင့်တယ်။ မက်ထရိုအမှုန့် သို့မဟုတ်ဆားခါးကို အနာဝမှာ အုံပေးနိုင်တယ်။

မြ၀တီ
https://www.facebook.com/mwdmedia

နှာခေါင်းသွေးလျှံခြင်း ပြဿနာအဖြေရှာ


နှာခေါင်းသွေးယိုခြင်းကို “နှာခေါင်းသွေးလျှံတယ်”လို့ ပြောလေ့ရှိကြပြီး၊ နှာယောင်(nostrils) တလျောက်မှ သွေးတွေစီးကျလာ တာပါ။ ယေဘုယျအားဖြင့် ကလေးသူငယ်များ၊ ဆယ်ကျော် သက် များနှင့် သက်ကြီးပိုင်းတွေမှာ နှာခေါင်းသွေးလျှံတတ်ကြပြီး၊ သက်လတ်ပိုင်းမှာတော့ မေ တ်ာတဆ ထိခိုက်ဒဏ်ရာရချိန်မှလွဲ၍ ထိုရောဂါပြဿနာမျိုး ဖြစ်ခဲပါတယ်။ တချို့ သူတွေမှာ ဆိုးဆိုး ရွားရွားသွေးများဟာ နှာခေါင်းအတွင်းမျက်ရည်လမ်းကြောင်းမှတဆင့် မျက်စိထဲကနေ သွေးစိမ့် ထွက်လာတတ်ပါတယ်။ နှာခေါင်း သွေးလျှံခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်း ရှားပါသော်လည်း၊ ထိုရှားပါးလူဦးရေစာရင်းမှာ မိမိမပါဖို့ လိုပါတယ်။ ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။
နှာေ ခါင်းသွေးလျှံရသည့်အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(ရာသီဥတု ပယောဂ) အထူးသဖြင့် ရာသီဥတုပြင်းထန်သော အေးမြလွန်းတဲ့ဆောင်းရာ သီ(သို့  မဟုတ်)ပူလွန်းတဲ့နွေရာသီတွေမှာ အဖြစ်များပါတယ်။ တခါတရံမှာတော့ အပြင်ဖက်အေးတဲ့ေ နရာ ကနေ ပူနွေြးေ ခာက်သွေ့တဲ့ အိမ်အတွင်းဖက် ပတ်ဝန်းကျင်ကိုဝင် လာတဲ့အခါ အအေး အပူ ရုတ်ချည်းပြောင်းလဲမှုကြောင့် နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားလာရပါတယ် ။

(နှာခေါင်းအတွင်းသို့ လက်နှိုက်ကလိခြင်း) ကလေးသူငယ်များ နှင့် ဆယ်ကျော်သက်များဖြစ်လေ့ ရှိပါ တယ်။ သဘာဝအားဖြင့် နှာခေါင်း ၂-ပေါက်ကြားရှိ နံရံ၏အရှေ့ ဖက်အပိုင်း(ခေါ်)Little Area နေ ရာတွင် အချွဲများခြောက်နေပြီး အမြှေးဖတ်လေးရှိပါ တယ်။ ထို Little Area အရှေ့  နား မှာ သွေးပြန် ကြောငယ်တစ်ခုရှိပြီး၊ ၄င်းနှင့်ကပ်လျက်မှာ သွေးလွှတ်ကြောရှိပါတယ်။ နှာခေါင်း ထဲ လက်နှိုက်ကလိ၍ ၄င်းအမြှေးဖတ်ကို ခွာမိ တဲ့အခါ အခမသင့်ဘဲ သွေးကြောတွေ မှ သွေးယို စိမ့်ကျလာပါတော့တယ်။ (မကြာ ခဏ လက်နှိုက်ကလိခြင်းကြောင့်လည်း အ သက်ရှုလမ်းေ ကြာင်း မှာ ပိုး ၀င်၍ေ ရာဂါရလာပြီး နှာခေါင်းသွေးယိုနိုင်ပါတယ်)

(အသက်အရွယ် အိုမင်းလာခြင်း) သက်ကြီးပိုင်း နှာခေါင်းသွေးလျှံရခြင်းကို ဆေးသိပ္ပံနည်ြး ဖင့် ပြောရမ ည်ဆိုပါက၊ နှာခေါင်း အ တွင်းရှိ သွေးကြောနံရံကြွက်သားတွေပေါ်မှာ အရွတ် များ နှင့် ထုံးကျောက်များ ဖြစ်ပေါ်လာခြင်းပါဘဲ။ ယင်းပြဿနာကြောင့် နှာခေါင်း သွေး လျှံတတ် ပါတယ်။

(နှာခေါင်းအတွင်းနံရံ အတက်ကလေးမှ သွေးထွက်ခြင်း) နှာခေါင်းနှစ်ပေါက်ကြားရှိ နံရံအရှေ့ ဖ က် အ ပိုင်း တွင် အသားပိုတက် ကလေးဖြစ်လာပြီး ထိုအတက်ကလေးကို ခပ်ကြမ်းကြမ်း က လိ မိပါက သွေးထွက်တတ်ပါတယ်။ (သွေးကြောမျှင်များဖြင့် ဖွဲ့ စည်း ထားသော ထိုအသားပိုအဖု အတက် ကလေးကို ဖြတ် တောက်ပစ်ခြင်းဖြင့် ကုသနိုင်ပါတယ်)

(အကျိတ်အဖုများ) အကျိတ်အဖုတွေကို ပုံစံ ၃-မျိုးဖြင့် မြင်တွေ့ ရပါတယ်။ (၁) နှာခေါင်းထဲမှာဖြစ်စေ၊ နှာခေါင်းနှင့်ဆက်စပ်နေ သည့် အရိုးအတွင်း ခေါင်း(ခေါ်) Sinus မှာဖြစ်စေ ကင်ဆာရောဂါအဖုဖြစ်တဲ့အခါ နှာခေါင်းသွေးလျှံတတ်ပါတယ်။ ထိုရောဂါက သွေးစိမ်း ရှင် ရှင် မထွက်သော်လည်း သွေးနှင့်အတူ အချွဲတွေရော၍ ထွက်ကျလာတတ်ပါတယ်။ (၂) နှာခေါင်း၏နောက်ဖက်ရှိ အာခေါင်ပိုင်းမှာဖြစ်သော အဖုအကျိတ်ကင်ဆာကလည်း နှာေ ခါင်းသွေးလျှံသည့် လက္ခဏာတစ်မျိုးပါဘဲ။
(၃) လူပျိုဖော်ဝင်စ အရွယ်မှာ ဖြစ်တတ်တဲ့ ရှားရှားပါးပါး အဖုအကျိတ်ကလည်း၊ ကင်ဆာမဟု တ်သော်ငြား မကြာခဏဆိုသလို နှာခေါင်းသွေးများ လျှံကျလေ့ရှိပါတယ်။

(မျက်နှာပေါ် ထိခိုက် ဒဏ်ရာရခြင်း) မျက်နှာပေါ်ထိခိုက်ဒဏ်ရာရခြင်းကြောင့် အရိုးကျိုးဒဏ်ရာ မှ နှာေ ခါင်းသွေတွေ ဆက်တိုက်လျှံ ထွက်တတ်ပါတယ်။ ၄င်းဒဏ်ရာ သက်သာလာတာနဲ့ အမျှ နှာခေါင်းသွေးလျှံတာပါ သက်သာသွားပါလိမ့်မယ်။

(တခြားရောဂါများ) (က) သွေးတိုးရောဂါ နှင့် နှာခေါင်းသွေးလျှံခြင်းဟာ ပတ်သက်စပ်ဆက်မှုမရှိေ သ်ာလည်း၊ အကယ်၍ သွေးတိုး နေချိန်မှာ နှာခေါင်းသွေးလျှံတဲ့အခါ သွေးထွက်မှုပ မာဏများ တတ်၍ အသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။ (ခ) familial hereditary telangiectasia(ခေါ်) မျိုးရိုးလို က်သည့် သွေးကြောရောဂါ တစ်မျိုးကတော့၊ သွေးကြောနံရံများ၏ အတွင်းဖက် အကျ ဆုံးအလွှာက ကြံ့ ခိုင်မှုအားနည်းလာ၍ အသက်ရှုလမ်းကြောင်းတလျှောက် နေရာ အနှံ့ အပြား မှာ သွေးယိုလာတတ်ပါတယ်။ ထိုပြဿနာအတွက် အရေပြားအစားထိုး ကုသခြင်း(သို့ မဟုတ်) အီစထရိုဂျင်ဟော်မုန်းပေး၍ ကုသနိုင်မှသာ သက်သာပျောက် ကင်းမှာပါ။ (ဂ) Platelets(ခေါ် )သွေးပ န်ကန်ပြားလို့ အမည်ရတဲ့ ပြန့် ကျဲနေသော သွေးဆဲလ်အရေအတွက်နည်းခြင်း၊ လူကီးမီး ယား(ခေါ်)သွေးဖြူဥကင်ဆာ၊ Aplastic anaemia(ခေါ်)ရိုးတွင်းခြင်ဆီအလုပ်မလုပ် သည့် သွေးအား နည်းရောဂါ ...စသည့် သွေး ရောဂါ အမျိုးမျိုးတို့ ကြောင့် ခန္ဓာကိုယ်နေရာအနှံ့ အပြားမှာသွေးယိုစီးကာ အနီအစက်ပြောက်များဖြစ်ခြင်းနှင့်အတူ နှာခေါင်းသွေး လျှံ ကျလာ တတ်ပါတယ်။ (ဃ) ရောဂါတစ်ခုခုကြောင့် Anti-coagulants(ခေါ်)သွေးခဲခြင်းကိုကာကွယ်တဲ့ ပဋိဇီဝဆေးများ၊ သွေး ကျဲဆေးများဖြစ်တဲ့ warfarin(သို့ မဟုတ်)aspirin နှင့် အခြားအရောင်ကျဆေးတွေကို မှီဝဲသောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုး အဖြစ် နှာခေါင်းသွေးလျှံကျတတ်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းအတွက် ကာကွယ် ကုသနည်းများ။
(၁) နှာခေါင်းသွေးယိုတဲ့အခါ စိုးရွံ့ ထိတ်လန့် ခြင်းမဖြစ်မိပါစေနဲ့ ၊ ဦးစွာငြိမ်ငြိမ်လေးထိုင်ချလိုက်ပါ၊ ပြီးရင် ခန္ဓာကိုယ်ကို အရှေ့ ဘက်သို့ အနည်းငယ်ယိုင်ပေးပါ၊ အဲဒီလို အရှေ့ ဖက်ကိုယိုင်လိုက်ခြင်းက နှာခေါင်းထဲမှသွေးများဟာ လည်ချောင်းထဲမ၀င်မိ တော့ ဘဲ နှာခါင်းပေါက်ထဲက ထွက်ကျသွားစေမှာဖြစ်ပါတယ်၊ ဒီနည်းက သွေးတွေကို မျိုမချမဖြစ်တော့တာမို့  ပျို့အန်ခြင်းတွေ မဖြစ် စေတော့ပါဘူး။ (၂) ထို့ နောက် နှာခေါင်းထိပ်ဖက် မာကျောတဲ့ အရိုးပုံစံနေရာကြားမှာ လက်မနဲ့ လက်ညိုးကို မပျောလွန်း မပြင်း လွန်းဖိ၍ သွေးများကို ဖြေးညှင်းစွာညှစ်ထုတ်ပါ။ (၃) ပြီးရင် လက်မနှင့်လက်ညှိုးတို့ ဖြင့် နှာခေါင်းပေါက်တွေကို ညှစ်ကာပိတ် ထားခြင်းအားဖြင့် နှာခေါင်းပေါက် ၂-ပေါက်အကြား နံရံ၏သွေးကြောကို ဖိထားသကဲ့သို့ ဖြစ်ပြီး သွေးတိတ်သွားစေနိုင်ပါတယ်။ (၄) သွေးတိတ်သွားတဲ့အထိ အနည်းဆုံး ၈-မိနစ်ခန့် ကြာအောင် လက်ဖြင့် ဆက်၍ဖိပိတ်ထားဖို့ လိုပါတယ်။ (၅) ဤကဲ့သို့  လက်ဖြင့် ပိတ်ညှစ်ထားစဉ် ပါးစပ်ဖြင့်သာအသက်ရှုပါ။ (၆) ရေအေးရှုပါ(သို့ မဟုတ်)နှာခေါင်းကို ရေခဲဖြင့်အုံပေးပါ (သို့ မဟုတ်) ရေစိုအ၀တ်ဖြင့်အုပ်ပါ။ (၇) သွေးတိတ်သွားပြီဆိုပါက ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပြီး အနားယူပါ၊ အကယ်၍ နှာချေ ချင်တယ်ဆိုပါက ပါးစပ်ကိုဟထားပါ။ (၈) အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို အမှတ်စဉ်(၂) တွင် ဖော်ပြထားသည့်အတိုင်း လက်မလက်ညှိုးနဲ့ ညှစ်ထုတ်ပါ။ (၉) ခေါင်း(နှာခေါင်း)ကို နှလုံးသားနေရာထက် မြင့်နေတဲ့အနေအ ထားမျိုးဖြင့် အနားယူပါ။ (၁၀) ၂၄-နာရီအတွင်း ပူ လွန်းတဲ့ အရည်တွေမသောက်ရ၊ အေးသောပျော့သော အစာများကိုသာ စား ပေးပါ။ (၁၁) အလေးအပင်မခြင်းမပြုရ (အပင်ပန်း ခံလွန်းမှရှောင်ကြဉ်ပါ) (၁၂) ဆေးလိပ်မသောက်ပါနဲ့ ။ (၁၃) ၀မ်းမချုပ်ပါစေ နှင့်။ (၁၄) ယာယီအားဖြင့် Afrin(သို့မဟုတ်)Neo-Synephrine တို့ လို စပရေး(ဖြန်းဆေး)တွေကို သုံးနိုင်ပါတယ်။ (သို့ သော် သွေးတိုး၍ နှာခေါင်းသွေးလျှံခြင်းကိုတော့ စပရေး မသုံးသင့်ပေ) (၁၅) အကယ်၍ သွေးမရပ်သေးပါက ဆရာဝန်ဖြင့် ကုသမှုခံယူ ပါ။ (၁၆) သွေးထွက်နေ သည့် သွေးကြောကို Silver Nitrate(သို့ မဟုတ်)လျှပ်စစ်ဓာတ်ကို အသုံးပြုကာအပူပေး၍ ပိတ်ခြင်း၊ သွေးတိတ်စေသော ဆေးရည်ဆွတ်ထားသည့် အ၀တ်စကို နှာခေါင်းပေါက်တွင်း ဖိသိပ်၍ထည့်ပေးခြင်း၊ နှာခေါင်းအတွင်း ဘော လုံးငယ်ထဲ့၍ ဖိအားပေးထားခြင်း… စသည့်ဆေးသိပ္ပံ နည်းများဖြင့် ကုသပေးလေ့ရှိပါတယ်။ (၁၇) နှာခေါင်းသွေးယိုလေ့ရှိသူများ အဖို့  ဌက်ပျောပင်ကို ဓားနှင့် ပိုင်းခုတ်၍ ပင်စည်မှထွက်လာသော သတ္တုရည်ကို ရှုပေးပါ၊ မင်းကွတ်သီးစားပါ၊ မြင်းခွာရွက် များ များစားပါ၊ ကြက်သွန်မြိတ်ကိုကျိတ်ချေပြီး ရရှိလာသော သတ္တုရည်ကို ချည်သားအ၀တ်ဖြင့်တို့ ယူပြီးနောက် နှာခေါင်းဝတွင်အုပ်ပေးပါ၊ ပင်စိမ်းရွက်ခြောက်မှုန့် ကို ရှုပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

ဟင်းသီးဟင်းရွက်များကို မချက်ခင် သတိထားကြပါ


ဈေးကနေ ဟင်းသီးဟင်းရွက်များကို ၀ယ်လာပြီးလျှင် မချက်ခင်မှာ အန္တရာယ်ကင်းအောင် ရေဇလုံထဲကို ရေမြုပ်အောင်ထည့်ပြီး ဆား (သိုမဟုတ်) ရှာကကာရည် ၂ ဇွန်းခန့်ထည့်ပြီး အနည်းဆုံ ၃ မိနစ်မှ ၅ မိနစ်ခန့် စိမ်ထားပြီးမှ ချက်ပြုတ်စားသောက်သင့်ကြောင်း ကျန်းမာရေးစာမျက်နှာများမှာ သတိပေးထားကြပါတယ်။

အကြောင်းကတော့ ဟင်းသီးဟင်းရွက်များမှာ ကပ်ပါလာတတ်တဲ့ မျှော့၊ ခူ စသည့် အသက်ပြင်းသည့် အကောင်များပါရှိလာပါက ဆားရည်နှင့် ထိတွေ့လျှင် ဟင်းသီးဟင်းရွက်များကို မတွယ်ကပ်နိုင်ပဲ အလိုလို ရေထဲ ပြုတ်ကျပြီး ရေဆေးသည့်အခါ ပါသွားနိုင်အောင် ဆားရည်စိမ်ရခြင်း ဖြစ်တယ်။

အသီးများကိုလည်း တာရှည်ခံအောင်၊ အရောင်လှအောင် ဖြန်းရည်၊ သုတ်ရည်အမျိုးမျိုးဖြင့် သုတ်လိမ်းထားတတ်သောကြောင့် ဆားရည်ဖြင့် စိမ်ထားပြီး အခွံကို ဆေးကျောပြီးမှသာ စားသုံးသင့်ပါတယ်။ ရေမဆေးပဲ အခွံနှင့်အတူ အလုံးလိုက် ကိုက်စားခြင်းမျိုးကို မပြုလုပ်သင့်ပါ။

ဟင်းသီးဟင်းရွက်များကိုလည်း မကျက်တကျက်ကြော်စားခြင်းသည် ကျန်းမာရေးအတွက်အန္တရာယ်များကြောင်း သတိပေးလိုက်ပါတယ်။

သတိလေးကို ဆောင်ထားပြီး အန္တရာယ်ကင်းစွာ စားသုံးနိုင်ကြပါစေ။

ဦးနေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ

နွားနို့ + ကိုကာကိုလာ


ပုံထဲမှာ ပြထားတဲ့အတိုင်း နွားနို့နဲ့ ကိုကာကိုလာကို အထူရောလိုက်ရင် နာရီဝက်အကြာမှာ အရောင်များပြောင်းသွားသလို အောက်မှာလည်း အနယ်တွေ ထိုင်နေပြီး အမြုပ်တွေ တစီစီထွက်လာပါတယ်။ ကိုလာမှာ ပါတဲ့ ဂတ်စ်နဲ့ နွားနို့တို့ထိတွေ့ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

အဲဒီနှစ်ခုကို အတူသောက်မိလျှင် ၀မ်းတွင်းကလီစာများကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကျောက်တည်ရောဂါကို ရာခိုင်နှုန်း ၆၀ အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ကိုကာကိုလာသာမကပဲ ပက်ပဆီနဲ့ အခြားဂတ်စ်များများပါဝင်ထားတဲ့ အချိုရည်များနဲ့ နွားနို့ကို အတူမသောက်သုံးသင့်ကြောင်း အသိပေးလိုက်ပါတယ်။

Credit to ကျန်းမာရေးသတင်းများ

မြန်မာ့ဆေးဖက်ဝင် ငရုတ်ကောင်းပင်


Item Name ------- Black Pepper (ငရုတ်ကောင်း)
Category ---------- Raw Material
Botany Term ------ Piper nigrum Linn
Species Family ---- Piperaceae

မြန်မာ့ကမ်းရိုးတန်း ၊ ကရင်ပြည်နယ်၊ ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင် စိုက်ပျိုးပေါက်ရောက်သည်။ အပူချိန် ၅၀ံ မှ ၁၀၀ံ ဖာရင်ဟိုက်အတွင်းရှိပြီး မိုးရေချိန် ၆၀ လက်မ ရွာသွန်းသော ဒေသများ၌ ဖြစ်ထွန်းသည်။ စိုက်ပျိုးပင်ဖြစ်သည်။
သဲနုန်းမြေ ၊ နုန်းတင်မြေနု၊ ဂ၀ံမြေ၊ မြေနီ၊ သဲဝန်းတောင်စောင်း တောင်ကုန်းတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။မြေချဉ်ကို ပို၍ နှစ်ခြိုက်သည်။ မြေတွင်အစိုဓာတ် ကောင်းစွာရှိ၍ ရေအလွန်မ၀ပ်သော မြေမျိုးဖြစ်သင့်သည်။

အပင်ကြီးမျိုးများနှင့်တွဲ၍ စိုက်နိုင်သည်။သီးခြားစိုက်ပါကပင်စည်ကုပ်တွယ်နိုင်ရန်အတွက် ခိုင်မာသော တိုင်များစိုက်ရမည်။ အရိပ်ပင်/တွယ်ပင်များ၏ ခြေရင်း၌ ၁ ၁/၂ ပေ ရှည်သော အညွန့် ၂ ညွန့် ၃ ညွန့်ကို တော်သလင်း၊သီတင်းကျွတ်လလောက်တွင် တိုက်ရိုက်ချ၍ စိုက်နိုင်သည်။ သို့မဟုတ် အညွန့်တိုတို ကို သီးခြားစိုက်ပျိုး၍ အမြင့် ၁ ၁/၂ ပေ ခန့်ရှိသောအခါတွင် စိုက်နိုင်သည်။ တိုင်ထူစိုက်ပါက တစ်တိုင်နှင့် တစ်တိုင် ၅-၇ ပေ အကွာထားသင့်သည်။
ပေါင်းမြက်ကင်းစင်ပြီး မြေတွင်ရေအစိုဓာတ် အမြဲရှိနေရမည်။ အပင်နွယ်တက်ရာတွင် လိုအပ်သလို စိတ်ကြိုက်ပြုပြင်ပေးသင့်သည်။ ၂ နှစ်သားအပင်အားတိုင်ခြေရင်းတွင် ခွေထားခြင်းဖြင့် အပင်များထပ်ပွားစေပြီး တိုင်လုံးပြည့် ထပ်မံပေါက်တက်လာသော အပင်များ၏ အညွန့်များကို ဖြတ်တောက်ပေးခြင်းဖြင့် အကိုင်းအခက်များ ပိုမိုဝေဆာပြီး အသီးဆွတ် လွယ်ကူ၍ သီးထွက်ပိုမို များပြားစေသည်။

ပင်သက် ၃-၄ နှစ်တွင် စသီးသော်လည်း ၆-၇ နှစ် အရွယ်ရောက်မှသာ သီးထွက်ကောင်းသည်။ အသီးကို တစ်နှစ်လျှင်တစ်ကြိမ်(တပေါင်းလမှ ကဆုန်လ) တွင် ဆွတ်ပေးရသည်။ အသီးများအနီရောင်စပြလျှင် မှည့်ရင့်ပြီးဖြစ်၍ ဆွတ်ခူးနိုင်သည်။ ဆွတ်ခူးပြီး ကောင်းစွာခြောက်သွေ့အောင် နေလှန်းပေးရမည်
ဆွတ်ခူးပြီး အခိုင်များကို နေတွင်အခြောက်လှန်း၍ သွေ့ခြောက်သောအခါ အညှာနှင့်အမှိုက်သရိုက်များကို ပြာထုတ်ပြီးသန့်စင်လိုက်ပါက အနက်ရောင် ငရုတ်ကောင်းစေ့များကို ရသည်။ Appearance : အပင်- နှစ်ရှည်ခံ နွယ်ပင်မျိုးဖြစ်သည်။ အဖိုပင် အမပင်နှင့် အဖိုအမ ၂ မျိုးပါသော အပင်ဟူ၍ ရှိသည်။ ပင်စည် ပြောင်ချော နေပြီး အဆစ်နေရာများမှ ကြားမြစ်များထွက်သည်။

•အရွက်

ရွက်လွှဲထွက်သည်။ ကွမ်းရွက်နှင့် ဆင်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် နှလုံးပုံရှိသည်။ မျက်နှာပြင်ပြောင်ချော၍ ရွက်ကြော၅ ခုမှ ၉ ခုထိပါရှိသည်။ရွက်နားညီ၍ ရွက်ပြားထူပြီး မာ၏။

•အပွင့်

အောက်သို့ ငိုက်ကျနေသော ကြောင်မြီးပုံသဏ္ဌာန် ပန်းခိုင်တွင် ပွင့်ညှာမဲ့ ပန်းပွင့်လေးများ များပြားစွာပါရှိသည်။ပန်းခိုင် ၂ လက်မမှ ၅ လက်မထိ ရှည်သည်။ အဖိုပန်းခိုင်နှင့် အမပန်းခိုင်ဟူ၍ ရှိ၏။

•အသီး

အစိမ်းရင့်ရောင်ရှိ၍ ခွံပျော့ တစ်စေ့သီးဖြစ်သည်။ အသားထူသည်။ရင့်မှည့်လာပါက လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းသွားသည်။တစ်ခိုင်လျှင် အသီး ၂၀ မှ ၈၀ ထိပါရှိသည်။

•အစေ့

ခြောက်သွေ့က အစေ့ခွံသည် အနက်ရောင်ရှိပြီး ပြင်း၍ စူးရှသောအနံ့ရှိသည်။

►အသုံးဝင်ပုံ

အစေ့

•အာနိသင်

မြန်မာဆေးကျမ်းများအလို အရ စပ်၏ ၊ ပူ၏ ၊ ၀မ်းမီးကို တောက်စေ၏ ။ သည်းခြေကိုဖြစ်စေ၏။ နှုတ်ကိုမြိန်စေ၏ လေသလိပ်ကို ကြေစေ၏ သွေးကိုကြွစေ၏ ။ နို့ရည်ကို ထွက်စေ၏။

►အစေ့အသုံးပြုပုံ

၁။ငရုတ်ကောင်းစေ့ကို အမှုန့်ပြုပြီး ပျားရည်နှင့် ရော၍ လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများကို ပျောက်ကင်း၏။မိခင်များ နို့ထွက်၏။

၂။ငရုတ်ကောင်းစေ့ကို ရှိန်းခို ၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီး စားပါကအဆက်မပြတ်သွားသော ၀မ်းပျက်ရောဂါ ပျောက်၏။

၃။ငရုတ်ကောင်းကို ဒိန်ရည်နှင့်သွေး၍ အနည်းငယ်မျှ မျက်စဉ်းခတ်ပေးသော် ကြက်မျက်သင့်နာ ပျောက်ကင်း၏။ အမှုန့်ပြု၍ ဒိန်ရည် ၊ ကြံသကာနှင့် ရော၍စားပါက နှာခေါင်း သွေးလျှံခြင်း သွေးယိုစီးခြင်းနှင့် နှာစေးခြင်း ပျောက်၏။

၎။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များ ရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါပျောက်ကင်း၏။

၅။ငရုတ်ကောင်းစေ့နှင့် အညာခရာစေ့ ၂ မျိုးကို အသင့်အတင့် ရော၍ အမှုန့်ပြုပြီး စားသုံးပါက ခွေးရူးဆိပ် ပြေစေသည်။

၆။ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း ၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊၀မ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေသည်။

၇။ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ