အိမ့်ချစ် မိသားစုခံစားချက်ပြဿနာကို ဖွင့်ဟ

မကြာမီရက်ပိုင်းအတွင်း တေးသံ ရှင် အိမ့်ချစ်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ သူမ ဖခင်ဖြစ်သူ ဦးချစ်ကောင်းနှင့် မိသားစုပုံနှင့်တကွ အိမ့်ချစ်ရဲ့ ကိုယ်ရေးခံစားချက် စာသားတချို့ကို ထူးဆန်းစွာတွေ့မြင်ခဲ့ရ ပါတယ်။ ယခင်က အိမ့်ချစ်တယောက် ဖခင်နဲ့ ပတ်သက်သော မိသားစုခံစားချက်များကို Interview မှာပင် ပြောလေ့သိပ် မရှိတာမို့ အိမ့်ချစ်ကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။

“ဖေဖေနဲ့မေမေကွဲသွားတာ ၁၀ နှစ်ရှိပါပြီ။ ဒါတွေကို ရင်းနှီးတဲ့ အနု ပညာအသိုင်းဝိုင်းနဲ့ စာနယ်ဇင်းတချို့က လွဲလို့ ပြင်ပက ပရိသတ်တွေ မသိခဲ့ကြ ပါဘူး။ အိမ့်ချစ်ကို ဖေဖေဘာလုပ်နေလဲ၊ နေကောင်းလားမေးရင်တောင် အင်း၊ ကောင်းပါတယ်၊ ဘာညာဆိုပြီး ဒီလိုပဲ ဖြေပေးခဲ့တယ်။ ဒီရက်ပိုင်း News Feed တခုမှာ အဖေ့ရဲ့ နောက်အိမ်ထောင်နဲ့ မိသားစုပုံတက်လာတယ်။ အဲတော့ ညီမက အဲဒီပုံတွေကြည့်ပြီး မသိတဲ့ပရိသတ် တွေကို ကိုယ့်အမေကို လူမမှားစေချင်ဘူး။ အဲဒီအောက်မှာရေးထားတဲ့ ကောမန့်တွေ မှာက ဒါအိမ့်ချစ်အမေလား၊ အိမ့်ချစ်အစ်မ လားဆိုတာမျိုးတွေကျတော့ ညီမဘက်က သေးသိမ်ရာကျရင်လည်းကျပေါ့နော်။ ဒါပေမဲ့ ဒါကိုတော့ သည်းမခံနိုင်ဘူး။ ညီမ အဖေ ဘာလုပ်လုပ် ညီမခွင့်လွှတ်တယ်။ ဘာမှမပြောဘူး။ သို့သော်လည်း ညီမမှာ အစ်ကိုရှိတယ်။ မောင်လေးရှိတယ်။ အမေ ရှိတယ်။ သူတို့တွေမှာလည်း သိက္ခာရှိ တယ်။ သူတို့ သိက္ခာကျဆင်းမယ်။ ပတ်ဝန်းကျင်မှာ လူတွေမေးငေါ့တာခံရမယ်။ ညီမကတော့ အနုပညာလုပ်နေတာမို့ ကဲ့ရဲ့ တဲ့ဒဏ်ကို ညီမမှာ ခံနိုင်ရည်ရှိတယ်။ သူတို့လေးတွေဟာ ပြင်ပလောကမှာနေတော့ ခံနိုင်ရည်မရှိဘူး။ အဲလိုတက်လာတာသည် သူတို့အတွက် အရမ်းအနှောင့်အယှက် ဖြစ်တယ်။ အရှက်သိက်္ခာတွေ ထိခိုက်စေ တယ်။ ညီမအမေဆို ငိုတော့ ညီမကြည့် ပြီး စိတ်မကောင်းဘူး။ ဒါကြောင့် ဒီလိုရေးဖို့လိုတယ်ဆိုပြီး ရေးလိုက်တာဟု ဆိုခဲ့ ပြီး သူမရဲ့ ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒနဲ့ပတ်သက်လို့ အိမ်ထောင်တခုကို ဘယ်သူမှ မကွဲချင်ကြပါဘူး။ ကွဲသွားခဲ့တာကိုလည်း အပြစ်မပြောလိုဘူး။ ညီမတို့ အလှည့်ကျရင်လည်း အိမ်ထောင်ရေးကို ထိန်းသိမ်း နိုင်ဖို့ မထိန်းသိမ်းနိုင်ဖို့ မသေချာပါဘူး။ အစ်မကတော့ ဘယ်လိုပဲ မိသားစုတွေ ပြိုကွဲသွားပါစေ၊ မိဘတွေ အနေနဲ့ကတော့ သားသမီးတွေကို ဂရုစိုက်မှုလေးတော့ အမြဲတမ်းရှိစေချင်ပါတယ်။ ညီမရဲ့ ကိုယ် တွေ့နဲ့ ယှဉ်လိုက်ပြီးပြောတာပါ။ ညီမ အဖေသည် ညီမတို့ သားသမီးတွေကို အရမ်းချစ်ပါတယ်။ သူက လက်တွေ့မှာ ချစ်တာကို မပြသနိုင်ဘူး။ ညီမတို့ ကလေးတွေဘက်က ဖေဖေက ငါတို့ကို မချစ်ဘူး ဆိုပြီး အထင်လွဲတာပေါ့။ ညီမတို့ ကလေး တွေဘက်ကလည်း ငရဲကြီးပါတယ်။ ဒါကြောင့် ဘယ်မိသားစုကိုမှ ဒီလိုမျိုး မဖြစ် စေချင်ပါဘူး”လို့ ဆိုသွားခဲ့ပါတယ်။

MYN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။

ဝင်ခဲ့သော် မျက်ရည်က သယ်ယူပေးခြင်းဖြင့် သာမန် အမှုန်အမွှားများကို နေ့စဉ် ဖယ်ရှား ပေးနိုင်မည် ဖြစ်သည်။ ဂျုံကြမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ သဲ၊ သတ္တုအမှုန် အစများ မျက်စိထဲ ဝင်နေလျှင် မျက်စိ နာနေတတ်သည်။

မျက်စိ အနာ သက်သာစေဖို့ မျက်စဉ်းဆေးများကို ဆရာဝန် ညွှန်ကြားချက် မရဘဲ မထည့်သင့်ပါ။ အကယ်၍ သတ္တုစ စူးဝင်ပါက ပြင်းထန်သော ဝေဒနာ ခံစား ရတတ်သည်။ မျက်စိထဲကို တစ်ခုခု ဝင်ခဲ့လျှင်

(၁) လူနာကို မျက်စိ မပွတ်ရန် တားမြစ်ရမည်။ ကလေး ဆိုလျှင် ငြိမ်ငြိမ်နေအောင် အထူး ကြပ်မတ်ရမည်။

(၂) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေပြီး လူနာ၏ ရှေ့၌ရပ်ကာ အောက် မျက်ခမ်းကို လှန်ချရမည်။

(၃) ပြင်ပပစ္စည်း ဆိုလျှင် မြင်နိုင်ပြီး မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေခြင်း သို့မဟုတ် လက်ကိုင်ပဝါ အဖြူဖြင့် ထောင့်စွန်းကို လိမ်၍ ရေဆွတ်ပြီး မျက်လုံးထဲမှ အရာဝတ္ထုကို ဆွဲဖယ် ထုတ်သင့်သည်။

(၄) ပြင်ပ ပစ္စည်းသည် မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေလျှင် ဖယ်ရန် မကြိုးစားဘဲ လူနာကို မျက်စိ မှိတ်စေပြီး မျက်စိပေါ်မှ ဂွမ်းဖြင့် အုပ်၍ ပတ်တီး စည်းပေးပြီး ဆေးရုံသို့ ပို့သင့်သည်။

(၅) ပြင်ပ ပစ္စည်းကို မမြင်ရဘဲ အထက်ဘက် မျက်ခွံ အောက်ထဲကို ဝင်နေလျှင် လူနာ၏ မျက်စိကို ကြည်လင်သော ရေထဲတွင် စိမ်ပြီး မျက်တောင်ခတ်ရန် ညွှန်ကြား ပေးရမည်။ မျက်ခွံလှန်ပြီး ကြည့်၍ မထွက်သေးပါက မျက်စိထဲမှ အရာကို ပြင်ပသို့ ထွက်စေရန် အထက် မျက်ခွံကို ဆွဲမပြီး အောက် မျက်ခမ်းကို အထက် မျက်ခွံအောက် အသာသွင်းကာ လွှတ်လိုက် ရမည်။ ဆရာဝန်နှင့် ပြရမည်။

(၆) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေကာ လူနာ၏ နောက်မှ ရပ်ပြီး လူနာ၏ ဦးခေါင်းကို ကိုင်ကာ ရင်ဘတ်နှင့် ထိန်းထားရမည်။ ကလေးငယ် ဆိုလျှင် မကြောက်လန့်ရန်၊ မငိုရန် နှစ်သိမ့် ဆွေးနွေးရမည်။

(၇) မီးခြစ်ဆံ တစ်ချောင်းကို မျက်ခွံ၏ အရင်းနားတွင် တင်ပြီး ဖြည်းညင်းစွာ နောက်ကို ဖိထား၍ လူနာကို အောက်သို့ စိုက်ကြည့်စေကာ အထက်မျက်ခွံကို မပြီး မီးခြစ်ဆံပေါ်ကို လှန်ယူ၍ ဝင်နေသော အရာကို ဖယ်ထုတ်ရမည်။

(၈) လက်ကိုင်ပဝါ ထောင့်ဖြင့် ဝင်နေသော အရာကို ဆွဲထုတ် သင့်သည်။

(၉) ဆား လောင်တတ်သော အက်စစ် သို့မဟုတ် ဘေ့စ်(အယ်ကာလီ)များ မျက်စိထဲ ဝင်လျှင် လူနာ၏ မျက်စိကို ရေများများ လောင်းချပြီး မျက်စိပေါ်ကို ဂွမ်းနှင့်အုပ်၊ ပတ်တီးနဲ့စည်းပြီး ဆေးဘက် အကူအညီ အမြန်ဆုံး ရယူသင့်သည်။

သတိပြုရန်

မျက်စိကို ဒဏ်ရာ မရအောင် အထူး ဂရုစိုက်သင့်သည်။ ဖုန်၊ ခဲ၊ သဲ၊ ဖွဲကြမ်း၊ မီးသွေးမှုန့်တို့ ကဲ့သို့သော အရာဝတ္ထုများ မျက်စိထဲ ဝင်လျှင် အခံရ ခက်ကာ မျက်စိ နာတတ်သည်။ မျက်စိ နီရဲပြီး မျက်ရည် အမြဲ ယိုနေ တတ်သည်။ မျက်လုံးထိ စူးဝင်လျှင် ပြင်းထန်ပါက မျက်စိ ပျက်စီး နိုင်သည်။

ပြင်ပပစ္စည်း မျက်ကြည်လွှာတွင် ကပ်နေလျှင် ဖယ်ထုတ်ဖို့ မကြိုးစား သင့်ပါ။ မျက်ကြည်လွှာ အပြင် မျက်မြှေးပါးတွင် ရှိနေမှ ထုတ်ပစ် သင့်ပါသည်။ တစ်ခါတရံ အပေါ်မျက်ခွံ အတွင်းပိုင်းမှာ ဖုန်စ၊ အမှိုက်စနှင့် သေးငယ်သော ပိုးမွှား ကောင်များ တစ်နေရာရာတွင် ကပ်နေလျှင် မြင်အောင် ကြည့်ပြီးမှ လက်ကိုင်ပဝါ ထောင့်စွန်းကို ရေဆွတ်ပြီး ဖယ်ထုတ် နိုင်သည်။

ပြုစုနည်း

မျက်စိကို လုံးဝ မပွတ်သင့်ပါ။ ကလေးကို ငြိမ်ငြိမ် ထားသင့်သည်။ ပြုစုသော သူက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးရမည်။ ပြင်ပ ပစ္စည်းသည် မြင်နိုင်ပြီး မျက်သားအတွင်း စူးဝင်ခြင်း မဟုတ်လျှင် ဂွမ်း သို့မဟုတ် သန့်ရှင်းသော လက်ကိုင်ပဝါ၊ အဝတ်၊ ပိတ်ပါးစဖြင့် ထောင့်စွန်းကို ရေဆွတ်ပြီး ဆွဲထုတ်ရမည်။ ပြင်ပပစ္စည်းကို ရေ အပြည့်ထည့်ထားသော ရေပုံး၊ ရေခွက်တွင် မျက်နှာ နှစ်ပြီး ဖွင့်ချည် ပိတ်ချည် လုပ်၍ ထုတ်နိုင်သည်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းဆေး ထည့်နိုင်သည်။ အက်စစ်၊ အယ်ကာလီ ဝင်လျှင် ရေ များများဖြင့် ဆေးကြော ပေးရမည်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


Why coat apple fruits ဖယောင်းသုတ် ပန်းသီး

ပန်းသီးပေါ်မှာ ဖယောင်းသုတ်ပြီးရောင်းတာကိုစားရင် ဘာဖြစ်နိုင်သလဲ။ ဖယောင်းသုတ်ရတဲ့အကြောင်းတွေ တခုမကရှိတယ်။ အထားခံအောင်နဲ့ အမြင်လှအောင် အတွက်ဖြစ်တယ်။ ပန်းသီးမှာ နဂိုအတိုင်း သဘာဝဖယောင်း ပါနေပြီးသာဖြစ်တယ်။ ဒါကြောင့် ပန်းသီးဟာ ထားတာကြာပေမဲ့ ရှုံ့တွမသွား၊ အလေးချိန်လဲ မလျော့ပါ။ ဖယောင်းအတု သုတ်ကြတာက မရောင်းချမီ၊ မတင်ပို့မီ၊ ထုပ်ပိုးမီမှာ သဘာဝဖယောင်းကို ပွတ်တိုက် ဆေးကြောလိုက်တာမို့ ဖယောင်းအတု ထပ်သုတ်တာဖြစ်တယ်။ ဒီလိုလုပ်လိုက်ရင် ၅ဝ% ကုန်သွားနိုင်တယ်။ ဆေးကြောနည်းအပေါ်မှာ မူတည်တယ်။

ဖယောင်းအတုဆိုတာ တိရစ္ဆာန်ဖယောင်းနဲ့ အသီးအနှံဖယောင်းဖြစ်မယ်။ ဒါမှမဟုတ် ဓါတ်ဆားနဲ့ ဓါတ်ခွဲခန်းကထုတ်တာ ဖြစ်မယ်။ အများဆုံးသုံးကြတာက အသီးအနှံကရတဲ့ Canauba wax နဲ့ Shellac ဖြစ်တယ်။ ဆူပါမားကက်တွေမှာဝယ်ရင် ဖယာင်းသုတ်တာ မလွတ်ပါ။

ပန်းသီးထဲမှာနေပါတဲ့ ရေဓါတ်မခမ်းစေအောင်အတွက်လဲ ဖယောင်းသုတ်ကြတယ်။ အလေးချိန်လဲမလျော့စေပါ။ အရည်ရွှမ်းတာကိုလဲ ထိန်းထားမယ်။ အဝေးကိုတင်ပို့ရောင်းချဘို့ဆိုရင် ပိုအပ်တယ်။ ဒါမှ မှည့်မှာကို နှေးစေမယ်။

ပန်းသီးကို ဖယောင်းသုတ်လို့ အနုတ်သဘောဆောင်တာတွေရစေနိုင်တယ်။ လေမရတဲ့ အသက်ရှူဖြစ်စဉ်ဖြစ်စေမယ်။ ပန်းသီးရဲ့ ပင်ကိုယ်အရည်အသွေးကို လှည့်ဖျားစေမယ်။ ကြည့်လိုက်ရင်တော့ ပန်းသီးဟာ တောက်ပြောင်၊ တင်းတင်းရင်းရင်း ရှိနေမယ်၊ စားချင်စဖွယ်ဖြစ်မယ်။ ဒါပေမဲ့ စားကြည့်လိုက်ရင် ကြွတ်ဆတ်မှုနည်းနေမယ်။

ပန်းသီးကိုဖယာင်းသုတ်ထား-မထားဘယ်လိုသိနိုင်လဲ။ ပန်းသီးကို အပင်ကနေ ခူးဆွတ်ပြီး လက်နဲ့ပွတ်လိုက်ရင် လက်မှာ အဖြူရောင်အမှုံပေလာတာတွေ့ရမယ်။ အဲဒါက သဘာဝဖယောင်းဖြစ်တယ်။ အဲလိုဘဲ ဖယောင်းအတုသုတ်ထားတဲ့ ပန်းသီးကို ပွတ်လိုက်ရင် အလွှာတခုကွာကျလာတောတွေ့ရမယ်။

၁၆-၈-၂ဝ၁၂ နေ့က ကနေဒါကလာတဲ့သတင်းတခုမှာ Ottawa to review fruit wax after reports of cancer link အသီးတွေမှာ ဖယာင်းပါတာနဲ့ ကင်ဆာ ဆက်စပ်မှု သတင်းထွက်လို့ ဆန်းစစ်မှုလုပ်မယ်လို့ဆိုပါတယ်။ ဖယောင်းထဲမှာ morpholine ပါနေရင်ကို ဆိုလိုတာဖြစ်တယ်။ ဒီဓါတ်ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ N-nitrosomorpholine ဖြစ်တယ်။

သဘာဝဖယောင်းရော ဖယောင်းအတုရော စားလို့ ကျန်းမာရေးမှာ ဘာထိခိုက်သလဲ တိတိကျကျ မပြောနိုင်ပါ။ တိတိကျကျ မပြောနိုင်တာမို့ ကျန်းမာရေးအတွက် စိုးရိမ်ရင် ဒါတွေလုပ်နိုင်ပါတယ်။ မစားခင်မှာ ပန်းသီးကို ရေခပ်နွေးနွေးလေးနဲ့ ပွတ်ဆေးပါ။ ဖယောင်းသာမက ကျန်တဲ့ မလိုလားအပ်တာတွေလဲ ပြောင်စေပါမယ်။ ဆပ်ပြာလိုဟာ မသုံးသင့်ပါ။ အပေါက်ပါနေတာအတွက်လဲ မသုံးပါနဲ့။ ဗနီဂါရည်သုံးချင် သုံးနိုင်ပါတယ်။ ပြီးရင် စက္ကူနဲ့သုတ်ပါ။ အရှင်းဆုံးနည်းကတော့ ပန်းသီးကို အခွံနွှာပြီးမှ စားသုံးပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?ref=br_tf

Nose Plastic Surgery နှာခေါင်း လှချင်သူ

ဆရာ Nose plastic surgery လုပ်ရင် ဆိုးကျိုးတွေရှိလားဆရာ။

• နှာခေါင်းကို အမေမွေးတဲ့အတိုင်း မဟုတ်ဘဲ၊ ကိုယ်လိုချင်သလို ပြုပြင်ပေးနည်းကို ဆေးစာနဲ့ Rhinoplasty လို့ ခေါ်တယ်။ Nose job လို့လဲ ခေါ်တယ်။
• သေးနေလို့ ကြီးချင်၊ ကြီးနေတာ သေးချင်၊ လန်နေတာ-ကောက်နေတာ ဘာဖြစ်နေနေ စိတ်ကြိုက်ရအောင် ခွဲစိတ်ပြုပြင်တာ ဖြစ်တယ်။
• လျှောက်လွှာ တင်ရင် -
- ကိုယ်ခံကျန်းမာရေး ကောင်နေရမယ်၊
- စိတ်ကျန်းမာရေး ကောင်နေရမယ်၊
- ဖြစ်နိုင်တာကိုသာ မျှော်မှန်းသူလဲ ဖြစ်ရမယ်။
• စံပြလူနာဆိုတာ -
- မိန်းကလေး ၁၅-၁၆ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ယောက်ျားလေး ၁၇-၁၈ နှစ်၊ အရင်တခါမှ ဒီလိုမခွဲစိတ်ရသေးသူ။
- ခွဲပြီးနောက် အားကစားလိုမျိုးလုပ်ဘို့ နားနေနိုင်သူ။
• မွေးရာပါချို့ယွင်းနေသူတွေဟာလဲ လက်ရွေးစဉ်လူနာတွေ ဖြစ်ကြတယ်။
• နှာခေါင်းဟာ ယောက်ျား-မိန်မ မတူတာတွေ ရှိလို့ Rhinoplasty for Men ဆိုပြီး သပ်သပ်ရှိတယ်။
• Ethnic Rhinoplasty ဆိုတာ လူမျိုးအရ သတ်မှတ်ချက်နဲ့ ညီစေအောင် ပြုပြင်တာကို ခေါ်တယ်။
• Non-surgical မခွဲစိတ်ဘဲ ဆေးထိုးနည်းနဲ့ ပြုပြင်တာလဲ ရှိပါသေးတယ်။ Facial filler ခေါ်တယ်။
• အဆိုတော် ဖြစ်နေရင် အသံကို ပြောင်းစေနိုင်တယ်။
• မခွဲခင် Computer imaging နည်းနဲ့ လုပ်ပြတာ ကြိုတင်သိထားနိုင်တယ်။
• နှာခေါင်း ပြုပြင်တာဟာ Minor သာမန်အဆင့် Plastic surgery သာဖြစ်တယ်။
• ဘယ်ခွဲစိတ်နည်းမှာမဆို Complications နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ မကင်းကြပါ။
- Infection ပိုးဝင်တာ၊
- Nosebleed သွေးယိုတာနဲ့
- Anesthesia မေ့ဆေးဒဏ်တွေသာ ဖြစ်ပါမယ်။
• မေ့ဆေး၊ ထုံဆေး၊ ငြိမ်ဆေးတွေ သုံးနိုင်တယ်။
• ခွဲနည်း ၂ မျိုး Closed approach နဲ့ Open approach ရွေးရတယ်။
• အပေါ်က အရေပြားကို အောက်ခံ ပုံဖေါ်ပေးထားတဲ့ အရိုးနဲ့ အရိုးနုတွေကနေ ခွါထုတ်ရတယ်။ ပြုပြင်မယ်။
• ပုံမှန်ဆိုရင် ခွဲစိတ်ရတာ ၂-၃ နာရီ ကြာတတ်ပါတယ်။
• ခွဲတဲ့နေ့နဲ့ ၂၄ နာရီအတွင်း ခေါင်းကိုက်မယ်၊ နာကျင်မယ်၊ မျက်နှာဖေါင်းနေမယ်။
• ၂ ရက်ဆိုရင် ထနိုင်၊ လျှောက်နိုင်ပါပြီ။ အလှအပတွက် ခွဲစိတ်ရသူတိုင်း နလံထ အချိန်ပိုယူကြရပါတယ်။
• လိုအပ်သူတွေဆိုရင် Chin augmentation မေးရိုးပြင်တာနဲ့ တွဲရတယ်။
• Chin မေးရိုး၊ Cheekbone ပါရိုး၊ အစားထိုတာလဲ လုပ်ချင်လုပ်ဘို့ လိုနိုင်တယ်။
• အနာကို (တိပ်) နဲ့ ၇ ရက်ကပ်ထားမယ်။
• သာမန်အလုပ်မျိုးကို ၃-၄ ရက်အတွင်း ပြန်လုပ်နိုင်မယ်။ ခေါင်းပိုင်ကို အမြင့်မှာ အတတ်နိုင်ဆုံး ထားရမယ်။
• မျက်စိနားတဝှိုက် ရောင်ပြီး ညိုပြာပြာဖြစ်နေတာတွေ ၁ဝ ရက်ဆိုပျောက်ပြီ။ အအေးကပ်ပေးတာ သက်သာစေမယ်။
• အခုအခံ တပ်ပေးထားတာပါရင် ၃-၅ ရက်မှာဖြုတ်ပေးမယ်။
• ၅-၇ ရက်မှာ ချုပ်ရိုးဖြေတယ်။
• ၂ ပါတ်ဆိုရင် အရောင်တွေ ပုံမှန်ဖြစ်ပြီ။
• နှာခေါင်းကို မထိဘို့၊ နှပ်မညှစ်ဘို့ ၂ ပါတ် သတိထား ထိန်းရအုံးမယ်။
• နေကာမျက်မှန်ကို (တိပ်) နဲ့ ကပ်ပေးထားချင်ထားမယ်။ ထုံနေတဲ့နေရာ ရှိနေနိုင်တယ်။
• ခွဲပြီးပြီးချင်း စိတ်တိုင်ကျ တခါထဲ ဖြစ်ချင်မှ ဖြစ်မယ်။ ရောင်နေအုံးမယ်။ ၃ လ ဒါမှမဟုတ် ၁-၂ နှစ်ကြာမှ အကဲဖြတ်တာ အမှန်ဆုံးဘဲ။
• နှာခေါင်းဆိုတာ မျက်နှာမှာ အသိသာ အထင်ရှားဆုံး နေရာဖြစ်လို့ နဲနဲလေး ပြုပြင်တာကိုက သိသာတယ်။
• နှာခေါင်းပြုပြင်တာနဲ့အတူ အနေအထိုင်၊ အမူအယာ၊ အသုံးအဆောင်၊ အဝတ်အစားကအစ အသစ်ပြုပြင်နိုင်တာ ပိုကောင်းတယ်။
• နာမည်ကြီးတွေထဲက Ashlee Simpson, Britney Spears, Halle Berry, Marylin Monroe, Salma Hayek, Winona Ryder တို့ဟာ Nose job လုပ်ထားသူတွေ ဖြစ်ကြတယ်။
• Taylor Armstrong ကတော့ Dermal fillers ဆေးထိုးပြီး နှာခေါင်းလှအောင် လုပ်ထားတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?ref=br_tf

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

ဆရာ သမီးတို့ဇနီးမောင်နှံက အသက် ၃၂ အိမ်ထောင်သက် ၇ လရှိပါပြီ။ ဒါပင်မဲ့ဝန်ထမ်းတွေမို့ တယောက်တနယ် နေကြပါတယ်။ တစ်လတစ်ကြိမ်တော့တွေ့ပါတယ်။ ကလေးယူဖို့ တားဆေးမာသုံးပါ။ ရာသီက အမြဲလိုတပါတ် နောက်ကျလေ့ရှိပါတယ်။ သမီးခုထိရာသီမပေါ်တာ ၂ လနီးပါးမို့ ဆီးစစ်ကြည့်တော့လည်း အဖြေတကြောင်းပဲ ပေါ်ပါတယ်ဆရာ။ ပို့တိကျတဲ့ စမ်းသပ်နည်းရှိပါလားဆရာ။ ဒါမှမဟုတ်အိုဂျီပြသင့်လား ဆီးထပ်စစ်သင့်လားဆိုတာ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရှင့်။

• ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာရှိလာ၊ ဆီးထဲမှာပါလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။ Urine pregnancy test ကိုဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။
• မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။
• HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
• ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။
• အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။
• ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
• ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။
• စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
• သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။
• သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။

• ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။
• ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
• ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
• ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
• အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ် လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။
• အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။
• တကြာင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ သေချာချင်ရင် နောက် ၅-၆-၇ ရက်အကြာမှာ တခါ ထပ်စစ်ပါ။ ဘာလို့အဲလိုဖြစ်သလဲဆိုတော့ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျမှသာစစ်ပါ။

အဖြေမှားများ
• Thorazine ဆေး၊ ကလေးရစေအောင်ပေးတဲ့ HCG injections ဆေး၊ perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီး အပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာထိထားရင်လဲ မှားပြီး အပေါင်း ပြနိုင်တယ်။ Trophoblastic tumors အကျိတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ Hysterical or false pregnancy ကိုယ်ဝန်လိုချင်လွန်းလို့စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။
• False positives မှားပြီးအပေါင်းပြတာက False negatives မှားပြီး အနုတ်ပြတာထက် ပိုနည်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?ref=br_tf


ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်


နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ ပန်းချီကားသည် မြူးနစ်မြို့ရှိ မြို့တော်ခန်းမဟောင်း တစ်ခု၏ ပုံတူကို ရေးဆွဲထားသော ရေဆေးပန်းချီကား ဖြစ်ပြီး ပန်းချီကား၏ လက်ဝဲဘက် အောက်ခြေတွင် "A.Hitler"ဟု ရေးထိုး ထားကြောင်း၊ ယင်း ပန်းချီကားသည် ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကား အချပ် ၂ဝဝဝ အနက် တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်း ပန်းချီကား၏ အရွယ်အစားမှာ ၂၈x၂၂ စင်တီမီတာ (၁၁x၈ ဒသမ ၅ ) လက်မရှိပြီး "The Old City Hall" ဟု အမည် ပေးထားကြောင်း သိရသည်။ ဟစ်တလာသည် နာဇီခေါင်းဆောင်အဖြစ် အာဏာမရမီ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပန်းချီဆရာတစ်ဦး အဖြစ် နေထိုင်ခဲ့စဉ်တွင် ကမ္ဘာအနှံ့ရှိ စိတ်ဝင်စားဖွယ် ကောင်းသော အရာများကို ပန်းချီကားများ ရေးဆွဲ ခဲ့သည်ဟု သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

Tonsillitis အာသီးရောင်ခြင်း

ဒေါက်တာ အာသီးရောင်တာ ဆေးပညာအကြောင်းသိချင်ပါတယ် ခင်ဗျာ။

Sore throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျားရောဂါ နဲ့ Post-Streptococcal Glomerulonephritis ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Antibiotics ပိုးသေဆေးပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုး နည်းနည်းသာရှိတယ်တဲ့။ တာရှည်ပေးဘို့လိုသူကို Azithromycin ပေးနိုင်တယ်။ Tympanostomy tube ပြွန်ထည့်ဘို့လိုသူကို ထည့်ပေးရမယ်။

လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခု။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှ ကြီးလာ၊ နီလာ၊ ပြည်တည်တာတွေမြင်ရတယ်။ ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားတွေကနေ ရောင်စေတယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။ Group A β-hemolytic streptococcus ဗက်တီးရီးယားကြောင့်ဖြစ်တာကို strep throat လို့ခေါ်ကြတယ်။
အများစုက ဆေးမလိုဘဲ ပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာကြာတယ်။

ရှားပေမဲ့ ဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus, or HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။

အာသီးရောင်ခြင်း
ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင်ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။

ဆေးကုတဲ့အခါ အနာသက်သာဆေး Paracetamol/Acetaminophen/Ibuprofen တခုခု ပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။ ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလဲ သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။
- Penicillin or amoxicillin ကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။
- Cephalosporins နဲ့ Erythromycin တွေကဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။
- နောက်တဆင့် Clindamycin or Amoxicillin-Clavulanate ဆေးပေးမယ်။
- Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။ ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးကောက်ပါ။ မတည့်တာကိုရှောင်ပါ။ နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။

Amoxicillin အမောက်ဆာစလင်
• အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• လေပြွန်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊

Azithromycin (အဇစ်သရိုမိုင်စင်)
ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax, Zithromax TRI-PAK, Zithromax, Z-PAK, Zmax နာမည်တွေ ပေးထားတယ်။

ဘေးထွက်-ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက် မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာသောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ Azithromycin extended-release suspension (Zmax) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။

• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ STD (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ (လိုင်မ်) ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်ပေး။
• (ဂနိုရီးယား) ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း (ရှန်ကာ) အနာ၊ (ဂနိုရီးယား) မဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။

ကလေးတွေအတွက် Azithromycin ဆေးရည် 100mg/5mL နဲ့ 200mg/5mL လာတယ်။ ထိုးဆေးမှာ 500mg ပါတယ်။ Tablet ဆေးပြာမှာ 250mg, 500mg, 600mg လာတယ်။
• နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg for 3 days or 10 mg/kg x 1 on day 1 followed by 5 mg/kg 2 – 5 days
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg x 1 on day 1 followed by 5 mg/kg days 2 – 5 days
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg oral suspension PO qDay x 3 days
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg PO qDay x 5 days; maximum 500 mg/day
• MAC ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။

Ofloxacin (အိုဖလောက်ဆာစင်)
• Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin
• ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။
• ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ နူမိုးနီးယား နဲ့ လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ (ဂနိုးရီးယား) နဲ့ (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ ဆီးလမ်းရောင်တာနဲ့ ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။

ဘေးထွက်-ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေဖြစ်နိုင်တယ်။ ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။

ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ရှားရှားပါးပါး (ရှော့ခ်) ရတတ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Breast Cancer ရင်သား-ကင်ဆာ

1. ဆရာရှင့် ကျွန်မရဲ့ယောင်းမ က ရင်သားကင်ဆာ အဆင့် ၁ လို့ပြောပါတယ်။ ဘယ်လိုကြောင့် ရင်သားကင်ဆာ ဖြစ်ပါသလဲ။ ဘယ်လိုနေထိုင် စားသောက်မှု ပုံစံလုပ်ရပါမလဲရှင်။ ဆရာ ဖြေကြားပေးပါလို့ လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင့်။
2. ရင်သားကင်ဆာအကြောင်းသိချင်ပါတယ်ရှင်။ ရောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြပါသလဲရှင်။ ရင်သားမှာ အကျိတ်ရှိရင် ကင်ဆာကျိတ်လား၊ ရိုးရိုးအကျိတ်လားဆိုတာ ဘယ်လိုခွဲခြားစမ်းသတ်လို့ရပါသလဲရှင်။ ကျေးဖူးပြုပြီး ဖြေပေးပါရှင် အရင်ဖြေခဲ့တာတွေကိုလည်း ကျေးဇူးတင်လျက်ပါ။ ကျွန်မနဲ့နီးစပ်တဲ့သူတွေကို ပြန်မျှဝေပေးနေရလို့ပါ။

ကနေ့ ဖေ့စ်ဘွတ် စာမျက်နှာ မက်ဆေ့ခ်ျကနေမေးတာတွေထဲမှာ အသက်၊ ကျန်းမာရေးနောက်ခံ အချက်အလက်မပါပဲ မေးကြသူတွေများတယ်။

ရင်သား-ကင်ဆာဟာ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဖြစ်နိုင်တယ်။ (စာရင်းဇယား တိတိကျကျ ထားနိုင်ကြတဲ့ နိုင်ငံတွေမှာ ပြောတာပါ။ ကျွန်တော်တို့ တိုင်းပြည်က ညံ့ရမဲ့နေရာတွေမှာ နောက်မကျပါ။) ဘာလို့လာဖြစ်သလဲ အတိအကျ မသိရသေးပါ။ ဖြစ်နိုင်ခြေရှိသူ ဆိုတာလောက်သာ သိသေးတယ်။ ရင်သား-ကင်ဆာ ဖြစ်ရာကနေ တခြားနေရာတွေကို ကူးစက်သွားနိုင်တာမှာ ကင်ဆာ အမျိုးအစား တခုနဲ့တခု မတူကြပါ။ ကိုယ့်ဖါသာစမ်းတာ၊ ဆရာဝန်က စမ်းသပ်တာ၊ Mammography, Ultrasound testing နဲ့ Biopsy တွေနဲ့ ရောဂါ ဟုတ်-မဟုတ်သိတယ်။ ကုသနည်းဟာ အမျိုးအစား၊ အဆင့်၊ ဖြစ်တဲ့နေရာ၊ လူနာအသက်နဲ့ ကျန်းမာရေးတွေအပေါ်မှာ မူတည်တယ်။ "အသက် ၃၅-၄ဝ နှစ်ရှိသူ အမျိုးသမီးတိုင်း Mammogram ရိုက်သင့်တယ်။ အသက် ၄ဝ-၅ဝ နှစ်ရှိသူတွေ ၂ နှစ်တခါ ရိုက်သင့်တယ်။ ၅ဝ ကျော်ရင် နှစ်စဉ်ရိုက်သင့်တယ်" လို့ အမေရိကန် ကင်ဆာ အသင်းကနေ အကြံပြုထားတယ်။

ဘာလို့ဖြစ်ရသလဲ မျိုးဗီဇ နဲ့ ဟော်မုန်းတွေကို လက်ညှိုးထိုးလို့ရတယ်။ ရင်သား-ကင်ဆာဟာ မျိုးဥအိမ်-ကင်ဆာ၊ ယောက်ျား ဆီးကျိတ်-ကင်ဆာတွေလိုဘဲ မိသားစု တခုထဲမှာ တယောက်မက ဖြစ်ကြရတယ်။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်သမျှကင်ဆာထဲက အဖြစ်အများဆုံး နဲ့ ကင်ဆာကြောင့် သေဆုံးမှုမှာ ဒုတိယအများဆုံး ဖြစ်တယ်။ အမျိုးသမီးတိုင်းကို ဆန်ကာတင် စစ်ဆေးတာ၊ ရောဂါ နာမယ်တပ်နိုင်တာ နဲ့ ကုသမှုတွေမှာ ပိုကောင်းလာလို့ သေဆုံးတာ နည်းလာပြီ။ အသစ်တွေ့လာတဲ့ ရင်သား-ကင်ဆာရှိသူတွေ ၉ဝ% ဟာ ၅ နှစ်မက အသက်ရှင်နိုင်နေပြီဖြစ်ပါတယ်။ ဒါလဲ သူများတိုင်းပြည်တွေမှာပါဘဲ။

အမျိုးအစားတွေ များတယ်။ နေရာတခုထဲမှာရှိတဲ့ Ductal carcinoma in situ (DCIS) ကနေ နေရာအနှံ့ ဖြစ်နေတဲ့ Invasive cancers တွေအထိ ရှိတယ်။ Colloid carcinomas နဲ့ Papillary carcinomas တွေက ကြားကျတယ်။ တခါတလေ မဆိုးတာက ဆိုးတာနဲ့ တွဲဖြစ်နေတာလဲ ရှိတယ်။ ရင်သားတဖက်ထဲသာမက နှစ်ဖက်လုံး ဖြစ်တာလဲ ရှိသလို၊ တဖက်ထဲမှာ တနေရာမက ဖြစ်တာလဲ ရှိတယ်။

ကင်ဆာ ရှိလာပေမဲ့ ဘာမှ လက္ခဏာမပေါ်ဘဲ နေသေးတယ်။ နောက်တော့ အကျိတ်-အခဲ စိမ်းတွေ့လာမယ်။ ရင်သား အရွယ်-ပုံပန်း ပြောင်းလာနိုင်တယ်။ ခွက်ဝင်နေတာမျိုး တွေ့လာ နိုင်တယ်။ နို့သီးထိပ်ဖျား ခွက်ဝင်လာနိုင်တယ်။ နို့ကနေ အရည်တမျိုးမျိုး (သွေး) ထွက်လာနိုင်တယ်။ နို့အရေပြား ခြောက်မယ်၊ နီမြန်းမယ်၊ ဖေါင်းလာမယ်၊ လိမ်မော်ခွံနဲ့ ဆင်တူလာနိုင်တယ်။

• Mammogram ဆိုတဲ့ X-ray ဓါတ်မှန်ရိုက်ရင် လက်နဲ့စမ်းမတွေ့ခင်ကတည်းက အထဲမှာ ဖြစ်နေတာကို သိနိုင်တယ်။ (ကယ်လ်စီယမ်) ကနေ အဖြူရောင်မြင်ရတာကို Microcalcifications ခေါ်တယ်။ ကင်ဆာ ဖြစ်နေတာ၊ ကင်ဆာ မဖြစ်ခင် နဲ့ တခြား အကြောင်းခံကြောင့်လဲ ဓါတ်မှန်မှာ အဲဒါမျိုး ပေါ်နိုင်တယ်။
• Ultrasound (အာလ်ထွာဆောင်း) ရိုက်ရင် အကျိတ်ဟာ ကင်ဆာဖြစ်နိုင်တဲ့ Solid အစိုင်အခဲလား၊ ကင်ဆာ မဟုတ်လောက်တဲ့ Cyst (ဆစ်စ်) အရည်အောင်းနေတာမျိုးလား ခွဲခြားသိနိုင်တယ်။
• MRI ရိုက်ရင် ပုံမှန် (တစ်ရှူး) နဲ့ ပုံမှန်မဟုတ်တဲ့ (တစ်ရှူး) ခွဲသိနိုင်တယ်။
• Biopsy အသားစဖြတ်ယူစစ်ဆေးရင် ကင်ဆာဆိုတာကို သေခြာစေမယ်။ အမျိုးအစားလဲ သိရမယ်။
• အများစုက (ကင်ဆာ-ဆဲလ်) တွေကို အခက်အခဲမရှိ သိနိုင်ပေမဲ့ တခါတလေ ကင်ဆာ-မဟုတ်တဲ့ အကျိတ်က (ဆဲလ်) တွေက Atypical cells or atypical hyperplasia တမျိုးတမည် ဖြစ်နေရင် ခွဲခြားရ ခက်လို့ အတွေ့အကြုံများတဲ့ Pathologist ရောဂါဗေဒ ဆရာဝန်ကို အားကိုးသင့်တယ်။ ရောဂါဗေဒ ဆရာဝန် တဦးကနေ စစ်ဆေးမှတ်ချက် ပေးထားတာကို ပိုသေခြာချင်ရင် တခြားတဦးဆီက ဒုတိယ အကြံဥာဏ် ရယူနိုင်တယ်။ ရင်သား-ကင်ဆာဟာ တခြား အရေးပေါ် ရောဂါတွေလို အချိန်နဲနဲနောက်ကျလို့ သိပ်ပူစရာ မရှိဘူး။
• Hormone receptor tests ဟော်မုန်းအခြေအနေသိဘို့ ဓါတ်ခွဲစမ်းသပ်မှုလဲ လုပ်တယ်။
• Staging ရောဂါအဆင့် သတ်မှတ်မှု လုပ်ရာမှာ Blood tests သွေးစစ်တာနဲ့ တခြား Bone scan, CT scan, Lymph node biopsy စစ်တာတွေပါ လုပ်သေးတယ်။

ရောဂါအဆင့်တွေကို တိတိကျကျသတ်မှတ်ထားတယ်။ နဲနဲပါးပါး မတူတာတော့ ရှိတယ်။ အဆင့် သုညကနေ ၄ အထိ ထားတယ်။ အဆင့် ၃ ကို က၊ ခ၊ ဂ လို့ ထပ်ခွဲသေးတယ်။ ပြန်ဖြစ်သူဆိုတာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ (ဆောရီး)

ဆေးကုရာမှာ Well-coordinated team ဆက်စပ်မှု ကောင်းကောင်းရှိတဲ့ အစုအဖွဲ့နဲ့ လုပ်ရတယ်။ Pathologist ရောဂါဗေဒ-ဆရာဝန်၊ Surgeon ခွဲစိတ်-ဆရာဝန်၊ Radiologist ဓါတ်ရောင်ခြည် အထူးကုဆရာဝန်တွေပါမယ်။ ကုသမှု ရွေးခြယ်ရာမှာ တခြားဆရာဝန်ဆီကနေ အကြံယူချင်ယူပါ။ ဆရာဝန်တွေ အမြင်မတူကြတာ ရှိနိုင်တယ်။ ဒါပေမဲ့ အမှန် နဲ့ အမှား ကွဲပြားကြတာမျိုးတော့ မဟုတ်ဘူး။ အကျိုး-အပြစ် ချိန်ဆရာမှာ မတူကြတာကို ဆိုလိုတာပါ။ ဥပမာ ခွဲစိတ်လို့ Cosmetic appearance အမြင်ဆိုးသွားမလား။ ရုပ်မဆိုးစေချင်တော့ နောက်ထပ် ဖြစ်မှာလေလား ချိန်ဆကြရလို့ပါ။

• ကုသနည်းတွေက တယောက်မှာ သင့်တာက နောက်တယောက်အတွက် သင့်ချင်မှ သင့်မယ်။
• ခွဲစိတ်နည်းထဲမှာ Breast-sparing surgery ရင်သားကို ထုတ်မပြစ်ဘဲ ထားနည်းနဲ့ Mastectomy ရင်သား ထုတ်နည်းတွေ ရှိတယ်။ ထုတ်ပြစ်နည်းမှာလဲ Total mastectomy ရင်သားတခုလုံးနဲ့ တက်စေ့ တချို့ထုတ်နည်း နဲ့ Modified radical mastectomy ရင်သား + ဆိုင်ရာ တက်စေ့ + အောက်ကခံ ကြွက်သားတွေကိုပါ ထုတ်ပြစ်တယ်။
• Standard lymph-node removal ချိုင်းက တက်စေ့တွေကိုပါ တပါတည်းထုတ်ပြစ်တာလုပ်မလား Sentinel node biopsy ဆိုတာလုပ်မလား ချိန်ဆရတယ်။
• Radiation therapy (Radiotherapy) ဓါတ်ကင်နည်းဆိုတာမှာ ၂ နည်းသုံးတယ်။ External radiation therapy နဲ့ Internal radiation therapy တွေဖြစ်တယ်။
• Hormone therapy ဟော်မုန်းပေးနည်းဟာ အမှန်က Anti-hormone treatment ဟော်မုန်း ဆန့်ကျင်တာ ပေးနည်း ဖြစ်ပါတယ်။
• Menopause သွေးမဆုံးသေးသူတွေကို Tamoxifen (Nolvadex) ဆေးပေးတယ်။ တနေ့ ၁ လုံး ၅ နှစ် သောက်ရတယ်။ LH-RH agonist ဆေးကိုလဲ သုံးတယ်။ ဆေး ပေး-မပေး စဉ်းစားရာမှာ Ductal carcinoma in situ (DCIS) ဆိုတဲ့ နေရာတခုလေးမှာ ကွက်ဖြစ်တာဆိုရင် စဉ်းစားရ ခက်တတ်တယ်။
• Surgery to remove ovaries မျိုးဥအိမ်တွေကို ခွဲစိတ်ထုတ်ပြစ်နည်းလဲ လုပ်နိုင်တယ်။ သွေးဆုံးစေလိုက်တာပါ။
• သွေးဆုံးပြီးသူတွေအတွက် Aromatase inhibitor ဆေးနဲ့ Tamoxifen ဆေး ပေးမယ်။
• Chemotherapy ကင်ဆာဆေးမှာ သွေးပြန်ကြေထဲထိုးပေးတာနဲ့ စားဆေး ၂ မျိုးရှိတယ်။ ဆေး အမျိုးအစား ၂ မျိုးတွဲ ပေးတတ်တယ်။
• Targeted therapy ဆေးပေးနည်းလဲ သုံးတယ်။ HER2 ဆိုတာ များနေသူတွေကို Trastuzumab (Herceptin®) ဖြစ်ဖြစ် lapatinib (TYKERB®) ဖြစ်ဖြစ် ပေးမယ်။

သမားရိုးကျ ကုထုံးကတော့ ကင်ဆာနေရာကို ဖြတ်ထုတ်မယ်။ ဆေးပေးတာဖြစ်ဖြစ် ဓါတ်ကင်တာဖြစ်ဖြစ် လုပ်ပေးမယ်။ ခွဲစိတ်တာနဲ့ ဓါတ်ကင်တာက ဖြစ်နေတဲ့နေရာက ကင်ဆာ ဆဲလ်တွေကို သေစေဘို့ဖြစ်ပြီး ဆေးပေးကုသတာကတော့ တခြားနေရာတွေ ရောက်နေမဲ့ ကင်ဆာ ဆဲလ်တွေကို သေစေဘို့ပါ။ ခုနောက်ပိုင်းမှာ မခွဲစိတ်ခင် ဆေးပေးတာကို လုပ်လာကြတယ်။ ပိုကောင်းစေမလား ယူဆလို့ပါ။ ဒီလိုနည်းသစ်ကို ကင်ဆာ အကျိတ် ကြီးတာတွေ အတွက်သာ လုပ်ပါတယ်။

Mastectomy ရင်သားကို ခွဲထုတ်ပြီးတဲ့နောက် Reconstruction ရင်သားအတု ချက်ချင်း လုပ်ပေးနိုင်တယ်။ အလှအပ သိပ်ဂရုစိုက်သူတွေ စိတ်သက်သာရာ ရစေနိုင်တယ်။ ဒါပေမဲ့ တချို့ဟာ Trade-off မသုံးတော့တာတွေ ဖြစ်တယ်။ ဓါတ်ကင်တာပါ ဆက်လုပ်ရသူတွေမှာ အဲလို ချက်ချင်း ရင်သားအတုတပ်ပေးတာ သိပ်မကောင်းဘူး။

ရင်သားထဲက Breast cells (ဆဲလ်) တွေဟာ ကင်ဆာ ဖြစ်လာပေမဲ့ Estrogens နဲ့ Progesterone ဟော်မုန်းတွေနဲ့ ပတ်သက်နိုင်သေးလို့ ဟော်မုန်းနဲ့ ကုလိုရနိုင်တယ်။ ဒါပေမဲ့ ယေဘုယျ ပြောရရင် လူတိုင်းကို Hormone replacement therapy ဟော်မုန်းပေးကုသတာ မလုပ်ပါ။ စဉ်းစာနေဆဲအဆင့်မှာ မပေးဘူး။ ဒါပေမဲ့ နောင်လဲ ပေးမှာ မဟုတ်ဘူးလို့တော့ ကံသေကံမ ပြောမရပါ။

Follow-up care ဆေးကုထားသူတိုင်း ဆရာဝန်နဲ့ ဆက်ပြနေရပါမယ်။ တိုင်းရင်းနည်း၊ (ဟာဗယ်) နည်းတွေထဲက ထိရောက်တယ် ဆိုတာ မတွေ့ဘူးသေးပါ။ မြန်မာလူမျိုးတွေအတွက် ဒီလိုမျိုး ဝေဒနာရကြရင် စိတ်ဓါတ် ခိုင်မာအောင် လုပ်သင့်တယ်။ ကံတရားကိုလဲ အားကိုးသင့်တယ်။ ရောဂါကို စောစောစီးစီး ကြိုတင်သိနိုင်အောင် စီမံမှုမျိုးထားနိုင်တဲ့ တိုင်းပြည်ဘဝ ရောက်ရအောင် လုပ်ကြရပါမယ်။

၇-၁၁-၂ဝ၁၁ နေ့သတင်းအရ ရင်သား-ကင်ဆာအတွက် (မင်မို-ဂရမ်) ရိုက်ပြီး စစ်ဆေးတာ ထင်သလောက် အသက်မကယ်နိုင်လို့ဆိုပါတယ်။

ရင်သား-ကင်ဆာဖြစ်ပြီး ကောင်းသွားသူ အမျိုးသမီးတွေက “ငါ့ကိုကယ်ခဲ့တာ (မင်မို-ဂရမ်) ပါ” လို့ ပြောတတ်ကြတယ်။ (မင်မို-ဂရမ်) ဆိုတာ ရင်သားမှာ ကင်ဆာရှိ-မရှိ စောစောသိဘို့ Breast cancer screening test လူအုပ်စုလိုက် ကြိုတင် ဓါတ်မှန်ရိုက် စစ်ဆေးနည်း ဖြစ်ပါတယ်။

Archives of Internal Medicine ကနေ နောက်ဆုံးထုတ်ပြန်ချက်အရ (မင်မို-ဂရမ်) ကျေးဇူးက ထင်သလောက် မများတာ သိလာရတယ်။ စာရင်းတွေအရ အများဆုံး ၁၃% ကိုသာ ကယ်နိုင်ခဲ့တာတွေ့ရတယ်။ ၈၇% လောက်ကို မကယ်နိုင်ဘူး လို့ Welch of Dartmouth College (၀ဲလ်ခ်ျ-ဒါ့တ်မွန်) ကောလိပ်က Dr. Gilbert ကနေ ပြောပါတယ်။

အမျိုးသမီးတွေက အဲလို အားရှိစရာတွေ ပြောပေးတာ ကောင်းတယ်။ ဒါမှ ကျန်တဲ့ အမျိုးသမီးတွေလဲ ဆေးစစ်ဘို့ လာကြမယ်။ Mammogram technology (မင်ပိုဂရမ်) နည်းပညာကလဲ တိုးတက်လာပါပြီ။ သံသယရှိတာကို စောစော သိစေနိုင်ပြီ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Breast Cancer (2) ရင်သားကင်ဆာ (၂)

“ပြောမဆုံးပေါင် တောသုံးထာင်” ဆိုတာက ဆိုရိုးစကား။ “ပြဿနာပေါင်း သောင်းခြောက်ထောင်” ဆိုတာက ဖဆပလ ခေတ်မှာ ရေပမ်းစာခဲ့တဲ့ နိုင်ငံရေးအသုံး။ သီချင်းစပ်ရင် “မန်ကျီးကိုးပင်”၊ “သဲကိုးဖျာ”၊ များတာတွေကို စာဖွဲ့ကြပါတယ်။ မြန်မာပြည်မှာ ပြောစရာတွေ များသလားမမေးနဲ့။ သိတာလေးသာ ရွေးပြောပါမယ်။ အမှန်က “ကိုယ့်ပေါင်ကိုယ် လှန်ထောင်း” မှာပါ။ တင်စားချက်ကို ရေးသာရေးရတယ်၊ ခုခေတ်မှာ မြန်မာစာကအစ ပြောစရာဖြစ်နေလို့ “ဒီဆရာဝန် ညောင်းလို့ ထောင်းတယ်” လို့ ထင်နေကြမလား မပြောတတ်ပါ။

တူမတယောက်ဆီက သတင်းရတယ်။ သူ့မှာ “ရင်သားကင်ဆာ အဆင့် (၂)” တဲ့။ ဝတ္တရားလဲရှိ၊ ဆွေမျိုးတွေ မတွေ့ရတာကလည်း ကြာလှပြီ၊ တူမရဲ့ အမေ၊ သူ့အဒေါ် နှစ်ယောက်ကလဲ ရင်သားကင်ဆာနဲ့ ဆုံးပါးသွားကြပြီးပြီ၊ (အင်ဂျလီနာ ဂျိုလီ) အသားမြက်နှစ်ဖက် ခွဲစိတ်ထုတ်ပြစ်လိုက်တဲ့သတင်းနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုတော့ “ဒီကိုသာ လာကုလှည့်” လို့ ခေါ်လိုက်ပါတယ်။

သူ့ဖါသူ ရင်သားမှာ အကျိတ်စမ်းတာနဲ့ ချက်ချင်း ဆိုသလို ဒေါက်တာ (့) ဦးစီးပြီးဖွင့်ထားတဲ့ (့) ပုဂ္ဂလိကဆေးတိုက်ကို သွားပြပါတယ်။ ဆရာဝန်ကလဲ ချက်ချင်းပါဘဲ နောက်ရက်မှာ ရင်သားကအကျိတ်ကို ခွဲထုတ်လိုက်ပါတယ်။ ခွဲထားတာကို (ဘိုင်အော့ပ်စီ) လုပ်ဘို့ ဓါတ်ခွဲခန်းကို ကိုယ်တိုင်ပို့၊ အဖြေကို ကိုယ်တိုင် ရွေးစေပါတယ်။ ခွဲအပြီး ၄ ရက်မှာ အဖြေစာရွက် ယူပြီး တခေါက် ထပ်ပြတော့ “နို့ပြွန်ကင်ဆာ အဆင့် ၂” တဲ့။ နောက်ရက်လာခဲ့ ရင်သားတဖက်လုံးကို ထုတ်ပြစ်ရမယ်။ မြန်မြန်လုပ်ပေးတဲ့ ဆရာဝန်ကို ကျေးဇူးတင်ရမလိုပါဘဲ။

အဲဒီညမှာ ကျွန်တော်တို့ဖုန်းရပါတယ်။ မလာခင် ဆေးစစ်ချက်တွေကို (စကင်) လုပ်ပို့ခိုင်းတော့ Infiltrative ductal Carcinoma (B-R Histologic grade II), breast left လို့ဖတ်ရပါတယ်။ “ဝဲဘက်ရင်သားမှာ တိုးပွါးနေတဲ့ နို့ပြွန်ကင်ဆာ (အနုစိတ်ကြည့်ခြင်း အဆင့် ၂)” လို့ အဓိပ္ပါယ်ရပါတယ်။ သေချာပြီ၊ ကင်ဆာဘဲ။ ဘာဘဲဖြစ်ဖြစ်ကွာ လာသာလာခဲ့။ ဒို့ မျက်စိအောက်မှာတင် ဒုက္ခသည်တယောက် ရင်သားကင်ဆာ ဒေလီမှာကုတာ ကောင်းနေပြီ။ အခုဆို အမေရိကားကို အခြေချနေဘို့ သားအမိနှစ်ယောက်လုံး ရောက်သွားကြပြီ။

အဲဒီ အမျိုးသမီးဆိုရင် (တီဘီ) ရှိလို့ကုရ၊ ဆီးချိုရှိလို့လဲကုရနဲ့။ ချီးကျူးဘို့ကောင်းတာက သူ့စိတ်ဓါတ်ခိုင်မာမှုနဲ့ သူပါဝင်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကနေ ဝိုင်းကြဝန်းကြတာ ဖြစ်တယ်။ ဒေလီရဲ့ ပူပျင်းလွန်းလှတဲ့ နွေလည်ခေါင်မှာ တနာရီကားစီးရတဲ့ အကွာမှာရှိတဲ့ အစိုးရဆေးရုံကြီးရှိရာကို အခေါက်ခေါက်အခါခါသွားရတယ်။ ရောက်ပြန်တော့ လူတန်းရှည်ကြီးမှာ ဝင်ပြီးတန်းစီရတယ်။ ဒေလီကို လာသူသူတိုင်းကို စိတ်ရှည်ဘို့၊ သည်းခံဘို့၊ အောင့်အီးတတ်ဘို့ ဆိုတဲ့ “ဒူးစ်-အင်-ဒုန့်စ်” လမ်းညွှန်ချက်ဟာ ထုံးစံပါ။

ဆေးရုံ ကြိုတင်ရွေးရပါတယ်။ All India Institute Of Medical Sciences (AIIMS) ဆိုတာက အစိုးရဆေးရုံလဲဖြစ်၊ အကြီးဆုံးဆေးရုံလဲဖြစ်တယ်။ Safdarjung Hospital အစိုးရဆေးရုံမှာ ပြောခဲ့တဲ့ အမျိုးသမီးရဲ့ ရင်သားကင်ဆာကို ကုခဲ့တာပါ။ Deen Dayal Upadhyay Hospital (DDU) ဆိုတာ မြန်မာဒုက္ခသည်မှန်သမျှ မသိမရှိကြပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလဲ ဒီလိုဆေးရုံသွားမှ ဘောင်ဝင်သတဲ့။ Mata Chanan Devi Hospital ဆေးရုံကိုလဲ အလတ်စားအဆင့် သင့်တော်တဲ့ဆေးရုံဖြစ်ပြီး အနီးအနားမှာရှိလို့ မြန်မာတွေအဖို့ အားကိုးကြရပါတယ်။

မြန်မာပြည်ကနေ အသဲအစားထိုး၊ ကျောက်ကပ်အစားထိုး စတဲ့ရောဂါသည်တိုင်း အများဆုံး လာကုကြလေ့ရှိတဲ့ ဆေးရုံတွေကတော့ ပုဂ္ဂလိက အကောင်းစားဆေးရုံတွေဖြစ်တဲ့ Apollo hospital ဆေးရုံ၊ Sir Ganga Ram Hospital ဆေးရုံ၊ Medanta Medicity Gurgaon ဆေးရုံ စတာတွေကတော့ ဖိုက်စတားတွေ ဖြစ်တဲ့အတိုင်း ဈေးကြီးပါတယ်။ ဆေးကုတဲ့အလုပ်ဟာ တကမ္ဘာလုံးမှာ အတော်အလုပ်ဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းကြီး ဖြစ်နေပါပြီ။ ရန်ကုန်၊ မန္တလေး၊ ဒေလီမှာ ရှိကြတဲ့ အေးဂျင့်ဆိုသူတွေနဲ့ ဆက်သွယ်ကြရတယ်။ အေးဂျင့် ဆိုတာတွေက ဗုဒ္ဓဂါယာကို ဘုရားဖူးလာကြရသလိုဘဲ အဆင်ပြေတဲ့အခါပြေ မပြေကြတာကများတယ်။ “ဘုရားဖူးပို့တာ၊ ဆေးကုဘို့ ကူညီတာတိုင်း ကုသိုလ်လဲရ ဝမ်းလဲဝလို့ မပြောနိုင်ဖြစ်နေပါတယ်။” ဆေးကုလာသူများရဲ့ ဒုက္ခအကြောင်း စာတပုဒ် ရေးမလားလို့ စိတ်ကူးထားပါတယ်။ တိုင်းတပါးကို ဆေးကုလာသူများအတွက် အကျိုးဆောင်ဘို့ရာ သီတဂူဆရာတော်လို၊ ဦးကျော်သူလို လုပ်ပေးနိုင်သူများရှိရင် သိပ်ကောင်းမှာဘဲလို့ အခါခါစဉ်းစားနေမိပါတယ်။

ရင်သားကင်ဆာ ဆက်ရေးပါမယ်။ ကင်ဆာဆေးရုံတွေကို သပ်သပ်ရှာတော့ Rajiv Gandhi Cancer Institute & Research Centre ကိုလဲ ထည့်စဉ်းစားပါတယ်။ မြန်မာဒုက္ခသည် အမျိုးသားတဦး လည်ချောင်းကင်ဆာ ကုသဘူးတယ်။ အခုဆိုရင် တတိယနိုင်ငံ ရောက်နေပြီး၊ ရေဒီယိုကနေ သူ့အသံ (နဲနဲသြနေတာ) ကို မကြာမကြာ ကြားနေရပါတယ်။ အဲဒီကို သွားရတာလဲ မဝေးဘူး။ အစိုးရတပိုင်း၊ ပုဂ္ဂလိကတပိုင်းဖြစ်ပြီး၊ ဈေးလဲ မများလှပါ။ အဆင့်လဲ မြင့်ပါတယ်။

“ဘယ်အရာမဆို ကံတရား အားကိုပါ” လို့ သိပ္ပံနည်းကျ ဆေးပညာသင်ထားရသူ ကျွန်တော်က အမြဲအကြံပြုလေ့ရှိတာကို ကျန်းမာရေး မေးဘူးသူတွေ သိကြမှာပါ။ ဆေးကုလာတဲ့ တူမကို (ရာဂျစ်ဂန္ဒီ) ကင်ဆာဆေးရုံကို ခေါ်သွားဖြစ်ပါတယ်။ ဆွေတွေမျိုးတွေနဲ့တိုင်ပင်ပြီး အိန္ဒိယကိုဆေးလာကုဘို့ကို ရွေးချယ်ခဲ့တာ၊ ဒီဆေးရုံရွေးဖြစ်သွားတာ ဆိုတဲ့နှစ်ချက်ဟာ သူမရဲ့ ကျန်းမာရေး၊ သူမရဲ့ နောက်ထပ်အသက်ရှင်နေရမဲ့ကာလတွေကို ပြဋ္ဌာန်းပါတော့မယ်။

ရင်သားကင်ဆာဆိုရင် (၁) ကင်ဆာ ဟုတ်-မဟုတ်နဲ့၊ ဟုတ်နေရင် ဘယ်အဆင့်ရှိပြီ၊ ဘယ်ကိုပြန့်နေပြီ စတာတွေကို အရင်ဆုံး စစ်ဆေးရပါတယ်။ (၂) စစ်ဆေးမှုအဖြေတွေကို စုပေါင်းပြီး ဘယ်လိုနည်းတွေနဲ့ ဆေးကုမလဲ ဆိုတာကို (ကင်ဆာ ခွဲစိတ်အထူးကု + ဓါတ်ရောင်ခြည်အထူးကု + ကင်ဆာသမားတော်) တွေကနေ အတူထိုင် တိုင်ပင်ပြီးနောက်မှာ (၃) ဆရာဝန် + လူနာ၊ လူနာရှင်နဲ့ ဆွေးနွေးရပါတယ်။

ဆေးရုံမှာ မှတ်ပုံတင်လို့ရအောင် ကြိုးစာမှုတွေ အပူတပြင်းလုပ်ပြီးတာနဲ့ ဆေးစစ်မှုတွေ စလုပ်ပါတော့တယ်။ သွေးစစ်တယ်။ Memogram (မင်မိုဂရမ်) ရိုက်တယ်။ Biopsy အသားစထုတ်ယူပြီး အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးတာ လုပ်တယ်။ ECG နှလုံးစက်ရိုက်တယ်။ Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တယ်။ Abdomen Ultrasound ဝမ်းဗိုက် (အာလ်ထွာဆောင်း) ရိုက်တယ်။

Memogram (မင်မိုဂရမ်) ရိုက်တဲ့အခါ ဆရာဝန်က လူနာနောက်ကြောင်းရာဇဝင်ကို ထွက်မေးလာပါတယ်။ မြန်မာပြည် (့) မြို့မှာ ခွဲထုတ်ထားတာ၊ ငယ်ငယ်တုံးက ရိုးရိုး ရင်သားအကျိတ် ခွဲထုတ်ဘူးတာကိုလဲ ပြောပြပါတယ်။ ဆရာဝန်က နုတ်ကနေပြောပါတယ် “ကင်ဆာ မတွေ့ဘူး” တဲ့။ နားရွက်မခတ်ရဲပါ။ စာရွက်နဲ့အဖြေလဲမရသေး။ ကျန်တဲ့အဖြေတွေလဲ မရသေးပါ။ ဒါနဲ့ Biopsy အသားစထုတ်ယူတာကို သွားတော့ ဘာမှ မတွေ့ပြန်ဘူးတဲ့။ မြန်မာပြည်မှာ ပြောထားတာက ကင်ဆာ အဆင့် (၂) ဆိုတာမို့၊ (ဘိုင်အော့ပ်စီ) ကို နှစ်ခါပြန် စစ်ပါတော့တယ်။ အဖြေယူဘို့သွားပြန်တော့ အရင် ဆရာဝန်ထက် အဆင့်မြင့်သူဆရာဝန်ကနေ ကိုယ်တိုင် ထပ်လုပ်ပြန်ပါတယ်။

အားလုံးအဖြေတွေ ရလာပါပြီ -
• Blood tests သွေးစစ်ချက်များ = လည်ပင်းကြီးဟော်မုန်း၊ ဆီးချို၊ Anti HCV (စီ) ပိုး၊ HBsAg (ဘီ) ပိုး၊ HIV အားလုံးကောင်းပါသည်။
• Chext X-ray ရင်ပတ်ဓါတ်မှန် = ပုံမှန်။
• USG Whole abdomen ဗိုက်တခုလုံး (အာလ်ထွာဆောင်း) = ကင်ဆာကနေပြန့်လာတဲ့လက္ခဏာ တစုံတရာ မရှိပါ။
• Mammography BI-RADS (Breast Imaging-Reporting and Data System) = 0 ရင်သားပုံဖေါ်ခြင်း အစီရင်ခံချက် ဒေတာ စနစ် = သုည။ Bilateral dense breasts ရင်သားနှစ်ဖက် တင်းခဲမှုရှိနေသည်။ Suggest: USG Breast Correlation အကြံပြုချက် = ရင်သားကို (အာလ်ထွာဆောင်း) ရိုက်ခြင်းနဲ့ တွဲဖတ်ပါ။
• FNAC (Fine needle aspiration cytology) from left breast, Opinion = No Atypical/Malignant cell seen. Features are suggestive of Inflammatory/Reparative lesion. အပ်သေးဖြင့် စုပ်ယူပြီး ဆဲလ်များကို လေ့လာခြင်း = မူမမှန်သော/ကင်ဆာဆဲလ်များ မတွေ့ရှိ။ သွင်ပြင်များသည် ရောင်ရမ်းဖြစ်စဉ်၊ ပြန်လည် အနာကျက်ဖြစ်စဉ် အနာဖြစ်သည်။

“မြန်မာပြည်မှာ အဆင့် ၂ ရောက်နေသူကို ဒေလီမှာ ဆေးစစ်တော့ ကင်ဆာ ရှာမတွေ့ပါ။ ဘယ်မှာ မှားနေပါသလဲ။”

ရင်သားတင်းခဲမှုဆိုတာ ခွဲထုတ်တာက ၁ ခါ၊ (ဘိုင်အော့ပ်စီ) ၃ ခါ လုပ်ထားရလို့ ရောင်ရမ်းဖြစ်စဉ်ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုးသေဆေး၊ အနာ-အရောင်ကျဆေး၊ ၄ မျိုး ၅ ရက်သောက်စေပါတယ်။ “ခုချိန်မှာသာ ဒီလူနာ မြန်မာပြည်မှာ ဆိုရင် ရင်သားတဖက်ကိုလဲ ခွဲစိတ်ထုတ်ပြစ်ပြီးပြီ၊ ဓါတ်ကင်ဘို့ရာ တန်းစီဇယားရှည်ထဲမှာ စာရင်းသွင်းထားရလောက်ပြီလို့ မှန်းဆကြည့်မိပါတယ်။ စိတ်ဓါတ်ရေးရာတော့ မှန်းသာကြည့်ကြပေတော့။”

“စောစောသိလေ ကောင်းလေ” ဆိုတာ ရင်သား-ကင်ဆာမှာ သိပ်မှန်တယ်။ (မင်မိုဂရမ်) ရိုက်တာနဲ့ လက်နဲ့ စမ်းမတွေ့ခင် ကတည်းကနေ သိတယ်။ American Cancer Society ကနေ အသက် ၄ဝ ကျော်သူတိုင်း ဖြစ်နိုင်ခြေ အုပ်စုမှာပါနေရင် တနှစ်တခါ၊ ၅ဝ-၇၄ နှစ်ရှိသူတိုင်း ၂ နှစ်တခါစစ်ဘို့ ပြောထားတယ်။ သိရသလောက် မြန်မာပြည်မှာ Mammogram (မင်မိုဂရမ်) စက် မရှိသေးပါ။ တရုပ်ပြည်လုပ်စက်တွေက ဒေါ်လာ ၁ ထောင်ကနေ ၂ သိန်းအထိရှိပါတယ်။ ခရိုနီတွေ လှူရင်လဲ သာဓုသုံးကြိမ်တိတိ ခေါ်ပါမယ်။

မြန်မာပြည်မှာ ကျန်းမာရေးကဏ္ဍက ချို့ယွင်းနေတာတွေရေးရတာ အလွန်တရာ စိတ်မကောင်းပါ။ ဘယ်ဆရာဝန်၊ ဘယ်ဆေးခန်းလို့ နာမည်တပ်ပြီး ထောက်ပြယုံနဲ့ တစုံလုံးကို ပြင်ဘို့မှာ အထောက်အကူပြုမယ်မထင်ပါ။ အမှားဆိုတာ လူ့အမှား၊ ပစ္စည်းကရိယာအမှား၊ စီမံခန့်ခွဲမှုအမှား အမျိုးမျိုးရှိနိုင်ပါတယ်။ ကံတရားကလဲ ပြေးမလွတ်ပါ။

ကျွန်တော့်အလုပ်က အပြစ်ရှာရေး မဟုတ်ပါ။ ပြုပြင်တည်ဆောက်ရေးသာ လုပ်ချင်ပါတယ်။ ဘာတွေပြင်ရမလဲ၊ ဘယ်လိုပြင်ရမလဲ၊ ငါ ဘာကူနိုင်သလဲ။ ပေါင်နာချင်နာပါစေ ထောင်းနေပါမယ်ခင်ဗျား။

ရင်သားကင်ဆာစစ်ဆေးရတဲ့ မင်မိုဂရမ် ကို လှူနိုင်ရင်လှူဘို့ စုံစမ်းသူတွေရှိတယ်။
1. Digital mammography machine with CE certificate, FOB Price: US $10,000-200,000 / Unit
2. MA9800 Mammography machine, FOB Price: US $1-100,000 / Set
3. Mammography machine with CE/FDA Certificate, FOB Price: US $20,000-40,000 / Unit
4. High Frequency Mammography Machine MD-M002, FOB Price: US $5,000-20,000 / Set
5. MO30 Mammography x-ray machine, FOB Price: US $1,000-3,000 / Set

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


မက်ဆီကိုခေါ်ယူမည်ဟု အာဆင်နယ်ဆို

ဘာစီလိုနာအသင်း၏ ထိပ်တန်း လူငယ်ကစားသမားများကို ခေါ်ယူ ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် တိုက်စစ်မှူးလီယွန်နယ်မက်ဆီအား စာချုပ်ရန်ကြိုးစားနေကြောင်း အာဆင်နယ် နည်းပြဝင်းဂါးက အတည်ပြုပြော ကြားလိုက်သည်။ ''မက်ဆီဟာ အသက် ၁၅ နှစ်ကတည်းက ဂျရတ်၊ ပီကေး၊ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်တို့နှင့်အတူ ကစားခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖာဘရီဂတ်စ်ကို ခေါ်ယူနိုင်ခဲ့သလို မက်ဆီကိုလည်း ခေါ်ယူဖို့ကြိုးစား နေပါတယ်''ဟု အာစင်ဝင်းဂါးက ပြောသည်။ ဖာဘရီဂတ်စ်သည် ဘာစီလိုနာသို့ ပြန်မပြောင်းမီ အာဆင်နယ်၌ ရှစ်နှစ်ကြာကစားခဲ့ သူဖြစ်သည်။

ထိုအတောအတွင်း ပီကေးသည် ၂ဝဝ၄ ခုနှစ်က မန်ယူသို့ပြောင်းခဲ့သည်။ အသက် ၂၇ နှစ်ရှိ မက်ဆီသည် ဘာစီလိုနာနှင့်အတူ လာလီဂါ ဖလားခြောက်လုံး၊ ချန်ပီယံလိဂ်ဖလား သုံးလုံးဆွတ်ခူးခဲ့သည်။

ကောင်းမြတ်သူ-စုစည်းသည်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ

Breast cancer ရင်သား-ကင်ဆာ ဟာ ဆရာဝန်တွေအဖို့ရော လူနာတွေအတွက်ပါ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကနဲ့ မတူတော့ပါ။ ပျောက်ကင်း-ချမ်းသာလာတဲ့နှုန်း မြင့်မားလာနေတယ်။ ကျန်းမာရေးအသိ ပိုရှိလာနဲ့ စောစောစီးစီး သိပြီး ထိရောက်တဲ့ကုသမှုတွေ ရှိလာတာကို ကျေးဇူးတင်ရမယ်။ ဒါတောင် တနှစ်မှာ အမေရိကန် အမျိုးသမီးပေါင်း ၂ သိန်းလောက် ရင်သား-ကင်ဆာနဲ့ ဆေးလာကုနေကြရသေးတယ်။

• Breast Cancer Symptoms ရင်သား-ကင်ဆာမှာ ဘယ်လိုလက္ခဏာတွေ ရှိသလဲ
ဘာမှကို မခံစားရသူတွေ မနည်းဘူး။ တချို့က ရင်သားမှာ မနာတဲ့ အကျိတ်တွေ့တယ်။ တချို့မှာ ရင်သား အရွယ်အစား ပြောင်းလာတယ်။ တချို့ ချိုင်းနေရာ ဖေါင်းလာတယ်။ တချို့ နို့ကနေ တခုခုထွက်တယ်။ ရင်သားနာတာဟာ ကင်ဆာ မဟုတ်ဘို့ များတယ်။

Inflammatory Breast Cancer နို့နာနဲ့တူတဲ့ ရင်သားကင်ဆာဆိုတာ အတော်ရှားပါတယ်။ ကြီးလာတာ မြန်တယ်။ အကျိတ်သပ်သပ်ရယ်လို့ မတွေ့တတ်ဘူး။ အပေါ်ယံအရေပြားက ထူထဲ၊ ရဲလာမယ်။ လိမ်မော်ခွံနဲ့ ဆင်တယ်။

• Breast Cancer and Mammograms (မင်မိုဂရမ်)
စောစောသိလေ ကောင်းလေဆိုတာ ရင်သား-ကင်ဆာမှာ သိပ်မှန်တယ်။ (မင်မိုဂရမ်) စစ်တာနဲ့သိနိုင်တယ်။ လက်နဲ့ စမ်းမတွေ့ခင်ကတည်းကနေ သိတယ်။ American Cancer Society ကနေ အသက် ၄ဝ ကျော်သူတိုင်း ဖြစ်နိုင်ခြေ အုပ်စုမှာပါနေရင် တနှစ်တခါ (မင်မိုဂရမ်) ရိုက်ဘို့ အကြံပြုထားတယ်။ ၅ဝ-၇၄ နှစ်ရှိသူတိုင်း ၂ နှစ်တခါစစ်ဘို့ ပြောထားတယ်။

• Breast Ultrasound and MRI (အာလ်ထွာဆောင်း) နဲ့ (အမ်အာရ်အိုင်)
(အာလ်ထွာဆောင်း) ရိုက်ရင် Cysts (ဆစ်စ်) ခေါ်တဲ့ အထဲမှာ အရည်လိုဟာရှိနေတဲ့အိတ်ကို သိနိုင်တယ်။ ဒီလိုတွေ့တာ ကင်ဆာ မဟုတ်ပါ။ ရင်သား-ကင်ဆာ ဖြစ်နိုင်ဘို့ အလားအလာရှိသူတွေကို Mammogram routine screening ပုံမှန် ဆန်ကာတင်စစ်နည်း (မင်မိုဂရမ်) နဲ့အတူ MRI ပါရိုက်ရမယ်။

Breast Self-Exams ကိုယ့်ဖါသာ စစ်ဆေးနည်းကလဲ အထောက်အကူပြုပါတယ်။ လတိုင်းစစ်နေသင့်တယ်။ စစ်ဆေးနည်းကို ဆရာဝန်ဆီကနေ လေ့လာသင်ယူထားပါ။ ကိုယ့်ဖါသာရှာလို့ မတွေ့ပေမဲ့ မရှိတာလို့တော့ မပြောနိုင်ပါ။

• Lump အကျိတ်စမ်းရရင် ဘာလုပ်မလဲ ပဌမဆုံးအချက်က အစိုးရိမ်မကြီးပါနဲ့။ ရင်သား-အကျိတ် ၈ဝ% ဟာ ကင်ဆာ မဟုတ်ပါ။ ဒါပေမဲ့ ဆရာဝန်ကိုတော့ပြပါ။ Cysts (ဆစ်စ်) အကျိတ်ဖြစ်နိုင်တယ်၊ လစဉ်လာ ရာသီခွင်ကြောင့် အပြောင်းအလဲ ဖြစ်နိုင်တယ်။ ကလေးနို့တိုက်နေတုံး အဆင်မသင့်တာလဲ ဖြစ်နိုင်တယ်။ Breast Biopsy အသားစ ထုတ်ယူစစ်ဆေးခြင်းက ရောဂါနာမည်ကို သေခြာစေမယ်။

• Hormone-Sensitive Breast Cancer ဟော်မုန်းသက်ရောက်မှုရှိတဲ့ ရင်သား-ကင်ဆာ အမျိုးအစား
Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုံး) ဟော်မုန်း ၂ မျိုးရဲ့ သက်ရောက်မှုအရ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ရင်သား-ကင်ဆာ ဟုတ်-မဟုတ်ကို Biopsy အသားစဖြတ်ယူစစ်ဆေးတာလုပ်ရင် သိစေမယ်။ Receptors ဆိုတာကို တွေ့ရမယ်။ Estrogen (ER-positive) ဒါမှမဟုတ် Progesterone (PR-positive) ဒါမှမဟုတ် ၂ မျိုးလုံး ဖြစ်နိုင်တယ်။ တချို့မှာ ၃ ပုံ ၁ ပုံမှာ ဘယ်ဟာမှ မပါဘူး။ ပါတာအတွက် ဟော်မုန်းဆေးတွေသုံးပြီး ကုသနိုင်တယ်။ ၂ဝ% နည်းပါး HER2 ခေါ်တဲ့ (ပရိုတင်း) တွေတွေ့ရတယ်။ ဒီလိုအမျိုးအစားကို HER2-positive လို့သတ်မှတ်မယ်။ ပြန့်ပွါးတာ မြန်တယ်။ ကုသမှု တနည်းသုံးရတယ်။

• Breast Cancer Stages ရင်သား-ကင်ဆာ အဆင့်သတ်မှတ်မှု
ရင်သား-ကင်ဆာကို ရောဂါနာမည်တပ်ပြီးတာနဲ့ တဆက်ထဲလုပ်မှာက ဘယ်အဆင့်ရောက်နေပြီလဲ။ ဆိုလိုတာက ဘယ်လောက်ကြီးနေလို့ ဘယ်အထိပြန့်နေပြီလဲ။ အဆင့် သုညကနေ လေးအထိ သတ်မှတ်တယ်။ ဒါကိုသိမှ ဘယ်လိုနည်း သုံးပြီးကုမလဲ ဆုံးဖြတ်ရတယ်။

• Breast Cancer Surgery ခွဲစိတ်ကုသနည်း
ခွဲနည်း အမျိုးမျိုးရှိတယ်။ Lumpectomy ဆိုတာ Breast-conservation surgery အကျိတ်ကိုသာထုတ်ပြစ်ပြီး ရင်သားကိုချန်ထားနည်း။ Mastectomy ရင်သားတခုလုံး ထုတ်ပြစ်နည်း။

• Radiation Therapy ဓါတ်ကင်နည်း
High-energy rays ပြင်းတဲ့ဓါတ်ရောင်ခြည်သုံးရတယ်။ ကင်ဆာ-ဆဲလ်တွေကိုသေစေမယ်။ ခွဲစိတ်ပြီးမှလဲလုပ်တယ်။ ဆေးပေးနည်းနဲ့လဲတွဲတယ်။

• Chemotherapy ဆေးပေးနည်း
တကိုယ်လုံးက ရှိသမျှ ကင်ဆာ-ဆဲလ် တွေကို သတ်ပြစ်မယ်။ အကြောဆေး၊ စားဆေး နဲ့ ထိုးဆေးတွေရှိတယ်။ ခွဲပြီးမှလဲပေးတယ်။ နောက်ပိုင်းကျနေတဲ့ အဆင့်အတွက်လဲ ထိန်းနိုင်အောင် ပေးတယ်။ ဆံပင်ကျွတ်၊ ပျို့၊ အားယုတ်၊ ရောဂါပိုးဝင်ဆိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။

• Hormone Therapy ဟော်မုန်းပေးနည်း
ER-positive နဲ့ PR-positive breast cancer အမျိုးအစားတွေအတွက် ကောင်းတယ်။ ခွဲစိတ်ပြီးနောက် ပေးရတာများတယ်။ ရင်သား-ကင်ဆာဖြစ်ဘို့ အန္တရာယ်ရှိနိုင်သူတွေကိုလဲ ပေးနိုင်တယ်။

• Targeted Drugs ဆေးပေးကုသနည်း
ဆေးသစ်တွေသုံးတယ်။ HER2-positive breast cancer အမျိုးအစားမှာ HER2 ပရိုတင်းတွေများနေတယ်။ ဒီဟာတွေကို ပစ်မှတ်ထားပြီး တားမဲ့ဆေးသုံးတယ်။ (ခီမို) ဆေးနဲ့ တွဲတတ်တယ်။

• Breast Cancer Survival Rates ရင်သား-ကင်ဆာ ဘယ်လောက်အသက်ရှင်မှာလဲ
ဘယ်အခြေအနေမှာ စသိသလဲအပေါ်မှာ အများကြီးမူတည်တယ်။ American Cancer Society အလိုအရ အဆင့် (၁)မှာ စသိပြီး ဆေးကုရင် ၅ နှစ်သေခြာပေါက်ရှင်မှာ ရာနှုန်းပြည့်။ နောက်ကျမှသိလေလေ အသက်ရှင်နေနိုင်ဘို့ နှစ် နည်းလေလေ။ အဆင့် (၄) ကျမှသိရင် ၂ဝ% အထိသာရှိမယ်။ ကံကောင်းသူတွေ (ဆေးကုနည်းကောင်းရင်) ဒိထက် ရှည်ပါအုံးမယ်။

• Life After Diagnosis ရင်သား-ကင်ဆာရှိနေတယ်လို့ သိတဲ့နောက် ဘယ်လိုနေမလဲ
ကင်ဆာဆိုတာ ဆရာဝန်တွေပြောစရာမလိုအောင် ဆိုးတာတော့ သိနေကြပြီ။ အသေအခြာ၊ စောစော၊ စနစ်တကျ ကုသရင် အများကြီး ကောင်းစေမယ် ဆိုတာတော့ ပြောပါရစေ။ နေ့တဓူဝကိစ္စမျိုးတွေ အရင်လိုတော့ မလုပ်နိုင်၊ မလုပ်သင့်ပါ။ တကိုယ်တည်းလိုလို ခံစားရနိုင်တယ်။ မိတ်ဆွေတွေ အမျိုးတွေနဲ့ ပိုပြီးထိစပ်ဆက်ဆံပါ။ အားပေးမှုရယူပါ။ Support group ဘဝတူအုပ်စုတွေမှာ ပါဝင်ပါ။

• Breast Reconstruction ရင်သားအသစ်လုပ်ခြင်း
ရင်သားတခုလုံး ထုတ်လိုက်ရသူတွေက Reconstructive surgery အတုပြန်လုပ်တဲ့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ အရေပြား၊ ခွဲစိတ်ထုတ်ပြစ်လိုက်တဲ့ နို့သီး၊ နို့ (တစ်ရှူး) တွေ အစားလုပ်ပေးနည်းဖြစ်တယ်။ Breast implant နို့အတုထည့်နည်း နဲ့ ကိုယ့်ခန္ဓာကိုယ် တခြားနေရာက (တစ်ရှူး) တွေယူပြီး အသစ်တည်ဆောက်နည်းလို့ ရှိတယ်။ ရင်သားထုတ်တဲ့အချိန်မှာ တခါတည်းလဲလုပ်တာရှိတယ်။ နောက်မှ အေးအေးဆေးဆေး လုပ်တာလဲရှိတယ်။ (သပ်သပ် ရေးထားပါတယ်။)

Breast Forms ရင်သားပုံစံအတု သုံးနည်း။ Breast-shaped prosthesis ခေါ်တယ်။ ခွဲစိတ်စရာမလိုဘူး။ ကိုယ်လိုချင်သလို ဝတ်ဆင်နိုင်တယ်။

• Risk Factors ရင်သား-ကင်ဆာ ဖြစ်စေနိုင်တဲ့ အလားအလာရှိသူတွေ
ကိုယ်အလေးချိန် များသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သူတွေ၊ အရက်သေစာ သောက်စားသူတွေ၊ ကိုယ်ဝန်တားဆေး တချို့၊ သွေးဆုံးချိန်မှာ ဟော်မုန်းဆေးပေးကုသသူတွေ၊ ဒီလိုဆေးတွေကြောင့်ဖြစ်တာမျိုးက ဆေးဖြတ်လိုက်ရင် ဖြစ်နိုင်ခြေ အလားအလာလဲ ရပ်တန့်သွားမယ်။ ရင်သား-ကင်ဆာက လွန်မြောက်လာသူတွေရဲ့ အတွေ့အကြုံအရ လူနေမှုပုံစံ ပြုပြင်ခြင်းဟာ အများကြီးအထောက်အကူပြုတာ တွေ့ရတယ်။ သုတေသနတွေ ဆက်လုပ်နေပါတယ်။

• Why Me ကျမကျမှ ဘာလို့ဖြစ်ရသလဲရှင်
- ပဌမအချက်က မိန်းမဖြစ်နေလို့ပါ။ (ဆောရီး)။
- ယောက်ျားတွေမှာ အဆ ၁ဝဝ နည်းကြတယ်။
- အမျိုးသမီး အသက် ၅၅ နှစ် ကျော်သူတွေ။
- အမေမှာ ဒါဖြစ်ဘူးတယ်ဆိုလို့ သိပ်မစိုးရိမ်ပါနဲ့။ မျိုးရိုးမလိုက်တာ ၈ဝ% ရှိတာလဲ သတိပြုပါ။

- တချို့မှာ Breast Cancer Genes ရင်သား-ကင်ဆာ မျိုးဗီဇ ပါနေတယ်။ အဲဒီ Genes မျိုးဗီဇတွေကို BRCA1 နဲ့ BRCA2 လို့ ခေါ်တယ်။ ဒါရှိနေသူတွေထဲက ၈ဝ% က ရင်သား-ကင်ဆာ ဖြစ်စေနိုင်တယ်။ မျိုးဗီဇအကြောင်း ဆရာဝန်တွေ သိတာ နည်းသေးတယ်။ ကံတရားလို့ပြောတာ ဘယ်သူငြင်းနိုင်ပါသလဲ။

၁၁-၆-၂ဝ၁၂ နေ့ကလာတဲ့ ဆေးပညာသတင်းတခုက ရင်သားကင်ဆာ ဝေဒနာသည်တွေအတွက် အားတက်စရာ ဖြစ်ပါတယ်။ Perjeta ခေါ်တဲ့ ထိုးဆေးကို FDA ကနေ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ Perjeta ဆေးဟာ pertuzumab ဖြစ်တယ်။ ရင်သားကင်ဆာထဲက HER2-positive အမျိုးအစား အတွက် သုံးမှာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း

သမီးရဲ့ ညာဘက် ရင်သားမှာ အကျိတ်တွေ့ပြီးနောက် တစ်နှစ်ခွဲကြာတဲ့အချိန် ကိုယ်ဝန် ၆လ ရတဲ့အချိန်မှာ အကျိတ်က သိသိသာသာ လျှင်မြန်စွာ ကြီးထွားလာတဲ့အတွက် ULTRASOUND ရိုက်ပါတယ်။ နောက် BIOPSY စစ်ပြီး (Left breast: Infiltrating ductal carcinoma, grade 2) ဆိုပြီး ရင်သားကင်ဆာလို့ ပြောလာပါတယ်။ နောက် သမီးရဲ့ ကိုယ်ဝန်ကြောင့် အမြန် ခွဲစိတ်ရမယ်ဆိုပြီး ကိုယ်ဝန် ၃ဝ ပတ်ရောက်တဲ့အချိန်(့) နိုင်ငံ (့) မြို့ ရှိ (့) ဆေးရုံကြီးမှာ ရင်သား တခုလုံးကို ထုတ်ပြစ်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ရပါတယ်။ ရင်ညွှန့်နေရာကနေ ချိုင်းအောက်နားထိအောင် တဖြောင့်ထဲခွဲစိတ်ပြီး အစနဲ့အဆုံး နှစ်ဖက်ကို ထုံးထားတယ်။ အသားချုပ်လို့ ပြောပါတယ်။ အကြောတွေ ဖြတ်ခံထားရသလို လက်က လှုပ်လို့မရဘူး။ ခုဖြည်းဖြည်းချင်း လေ့ကျင့်ခန်း လုပ်နေရပါတယ်။

သမီးရဲ့ကိုယ်ဝန် ဂျုးဒိတ်က (့) ပါ။ ဆေးရုံက ခွဲစိတ်ဖို့နဲ့ Chemotherapy ပေးဖို့ Professor က ညွှန်ကြားခဲ့တာလို့ ပြောပါတယ်။ ခီမိုပေးရင် ဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေအပြင် အထဲကကလေးကို ထိခိုက်မှု ရှိမရှိ အသေအချာ သိပါရစေ။ ကလေးမွေးပြီးမှ ပေးလို့ ရ-မရ သိချင်ပါတယ်။ ဒီခီမိုဆေးသွင်းပြီးရင် ဘယ်လိုနေထိုင် စားသောက်ရမလဲ၊ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘယ်လို အစားအသောက်တွေကို စားသုံးပြီး ဘယ်လို ရှောင်သင့်ပါသလဲ။ ကျန်ရှိတဲ့ ရင်သားတဖက်ကနေ မွေးလာမယ့် ကလေးကိုရော နို့တိုက်နိုင်ပါသလား။ တိုက်ခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ ကလေးကို ထိခိုက်မှု ရှိပါသလား။ တိုက်သင့်ပါသလား။ ဒီနိုင်ငံကရော ဆေးဆက်ကုဖို့ စိတ်ချရတဲ့ နိုင်ငံမှာ ပါပါသလား။ သမီးက အစထဲက အစားအစာတွေကို ဆီမပါတဲ့အပြုတ်တွေ၊ စွတ်ပြုတ်တွေ၊ ဆန်ပြုတ်တွေနဲ့ ပူပူနွေးနွေးကြော်တဲ့ အသီးအရွက်ကြော်တွေပဲ စားတယ်။ အသားငါးတွေကို မဖြစ်မနေမှ စားတယ်။ ခေါက်ဆွဲတွေ ပေါင်မုန့်တွေလဲ အစားများတယ်။ အသက် ၃၂ နှစ်။

Chemotherapy (ခီမို) လို့ အတိုခေါ်နေတာက (ခီမိုသာရာပီ) ဖြစ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင် ဆေးပေးတာ မှန်သမျှကို ခေါ်ပေမဲ့ တကယ်တော့ ကင်ဆာအတွက် ဆေးပေးကုသတာကိုသာ အဲလိုခေါ်တယ်။ (ကင်ဆာ-ဆဲလ်) တွေ ဆက်မပွါးစေမဲ့ ဆေးတွေဖြစ်တယ်။ သွေးပြန်ကြောထဲထိုးတာ နဲ့ သောက်ဆေးတွေ ရှိတယ်။ ၂ မျိုးလုံး ပေးတာလဲ ရှိတယ်။ ဆေးတွေက မနည်းဘူးရှိတယ်။

ရည်ရွယ်ချက် ၃ ခုအတွက် ဆေးပေးကုသနည်း လုပ်ပါတယ်။
1. Adjuvant therapy ခွဲစိတ်ပြီးနာက်မှာဖြစ်ဖြစ်၊ ဓါတ်ကင်ပြီးနောက်မှာဖြစ်ဖြစ် ကင်ဆာ ထပ်ပေါ်မလာအောင် လုပ်တယ်။ တကယ်လို့ ရင်သားကင်ဆာက ရင်သား နဲ့ တက်စေ့မှာသာ ရှိနေသေးရင် ခွဲစိတ်ပြီးနောက် ဆေးပေးတယ်။ ကင်ဆာ ပြန်ပေါ်လာမှာကို တားတာဖြစ်တယ်။
2. Neo-adjuvant therapy ကင်ဆာ အကျိတ်ကကြီးမယ်ဆိုရင် မခွဲစိတ်ခင် အရင်ပေးတယ်။ ဆေးနဲ့သေးသွားရင် mastectomy ရင်သားတခုလုံး ထုတ်တာ မလုပ်ရဘဲ lumpectomy အကျိတ်ကိုသာထုတ်တာနဲ့ ရနိုင်မယ်။
3. To treat metastatic disease တကယ်လို့ ကင်ဆာ တခြားဆီပြန့်နေတဲ့အဆင့် ရောက်နေမှ သိရရင် ဆေးကုနည်းကို အဓိက ကုသနည်းအဖြစ်သုံးမယ်။

ဆေးရွေးရတာ လူနာတယောက်ချင်းကို ကြည့်ရတယ်။ Personalized Breast Cancer Treatment Report တဦးချင်းဆီမှာ ရှိရမယ်။ အသုံးများတဲ့ ရင်သား-ကင်ဆာဆေးတွေ-
• Anthracyclines = Adriamycin, Ellence, Doxil
• Taxanes = Taxotere, Taxol, Protein-bound Abraxane
• Cytoxan
• Xeloda and 5 fluorouracil (5 FU)
• Navelbine
• Gemzar
• Herceptin (HER-2 gene ရှိသူတွေအတွက်သာ)
• Other drugs = Ixempra, Halaven, Methotrexate (Rheumatrex, Trexall), Tykerb

အများအားဖြင့် ၂-၄ ပတ် အစီအစဉ်နဲ့ပေးတယ်။ တချို့ကို ၁ ပတ် တခါပေးတာလဲရှိတယ်။ Adjuvant နဲ့ Neo-adjuvant အတွက်ဆိုရင် ဆေး ၂ မျိုး၊ ၂ မျိုးမက တွဲပေးတတ်တယ်။ ဆေးတမျိုးထဲ သုံးတာက နောက်ကျနေတဲ့ အဆင့်အတွက် ဖြစ်တယ်။ ဆေးများလေလေ ရလဒ်ကောင်းလေလေဖြစ်သလို၊ ဘေးထွက်-ဆိုးကျိုး များလေလေလဲဖြစ်မယ်။ Adjuvant chemotherapy အတွက်ဆိုရင် ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမလုပ်ခင်မှာ စပေးပြီး ၃-၆ လကြာနိုင်တယ်။ ဆေးပေးနေတုံး သွေးစစ်နေမယ်။ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ အရေအတွက်သိချင်တယ်။ သွေးမှုံသွင်းဘို့ လိုရင် သွင်းရတယ်။

Side Effects ဘေးထွက်-ဆိုးကျိုးတွေကို ဆရာဝန်ကို မေးထားပါ၊ လက်ခံနိုင်အောင် ကိုယ့်စိတ်ကိုပြင်ဆင်ထားပါ။
• Nausea and vomiting ပျို့ချင်၊ အန်ချင်၊
• Loss of appetite အစာမစားချင်၊
• Fatigue အားယုတ်၊
• Mouth soreness ပါးစပ်နာပေါက်၊
• Hair loss ဆံပင်ကျွတ်၊
• Weight gain ကိုယ်အလေးချိန်တက်၊
• Premature menopause သွေးဆုံးတာစော၊
• Lowered resistance to infections ကူးစက်ရောဂါကို မခံနိုင်၊
• Increased bleeding သွေးထွက်လွယ်။
• Diarrhea ဝမ်းပျက်ခြင်း၊
• Feelings of fear, sadness and isolation ဝမ်းနည်းခြင်း၊ အထီးကျန်စိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊

Long-term side effects ရေရှည် ဘေးထွက်-ဆိုးကျိုးများ -
• Infertility ကလေးမရနိုင်ခြင်း၊ ဆေးကုသနေတုံး ကိုယ်ဝန်လာရှိရင် ကလေးကို ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ တားနည်း ဆွေးနွေးပါ။
• Nerve damage အာရုံကြောတချို့ ထိခိုက်ခြင်း၊ ခြေ-လက် ထုံကျင်ခြင်း၊
• Osteoporosis အရိုးအားနည်းခြင်း၊
• Cognitive function ဦးနှောက်အသိနည်းခြင်း၊ ရေတိုမှတ်ဥာဏ်နည်းခြင်း၊ နှစ်ကြာရင် ပြန်ကောင်းတယ်။
• Heart damage နှလုံးထိခိုက်ခြင်း၊ Doxorubicin (Adriamycin), Epirubicin (Ellence) ဆေးများ၊
• Leukemia (လူကီးမီးယား) ဖြစ်ခြင်း၊

ကိုယ်တိုင် သတိထားစရာတွေ -
• Get plenty of rest ကောင်းကောင်း အနားယူပါ၊
• Eat a balanced diet အစာအာဟာရ လုံလောက်မျှတအောင်စားပါ၊
• Minimize stress စိတ်ဖိအား လျှော့ချပါ၊
• Avoid infections ရောဂါပိုးမကူးစက်အောင် ဆင်ခြင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အောက်တိုဘာ ၂ဝဝ၆

1. Ductal carcinoma in situ နို့ပြွန်လေးမှာသာ ကွက်ဖြစ်နေတဲ့ ရင်သား-ကင်ဆာ
Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
(a) Conservative surgery + Radiotherapy
Reduced risk of recurrence and invasive carcinoma with no evidence of an effect on survival

(b) Conservative surgery + Tamoxifen + Radiotherapy
Significantly reduces but found no significant difference in overall survival at about 6 years.

2. Breast cancer (Operable) ခွဲစိတ်နိုင်တဲ့အဆင့်ရှိတဲ့ ရင်သား-ကင်ဆာ
(a) Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
- Adjuvant chemotherapy
- Adjuvant Tamoxifen
- Athracycline regime as adjuvant chemotherapy
- Breast conservative surgery
- Chemotherapy + Tamoxifen
- Ovarian ablation in premenopausal women
- Breast conservative surgery + Radiotherapy

(b) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Neoadjuvant chemotherapy
- Mastectomy + Tadiotherapy
- Total nodal radiotherapy in high risk disease

(c) Trade-off မသုံးတော့တဲ့နည်း
- Axillary clearance
- Axillary radiotherapy
- Radiotherapy after mastectomy

(d) Unknown to be beneficial မသခြာတဲ့နည်း
- Radiotherapy to the internal mammary chain
- Radiotherapy to the ipsilateral supraclavicular fossa

(e) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Enhanced dose regimes of adjuvant chemotherapy
Prolonged chemotherapy (8-12 months Vs 4-6 months)
Radical mastectomy

3. Locally advanced Breast cancer နေရာမှာကွက်ပြန့်နေတဲ့ ရင်သား-ကင်ဆာ
(a) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Radiotherapy
- Radiotherapy after attempted curative surgery
- Surgery
- Tamoxifen + Radiotherapy

(b) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Chemotherapy (Cyclophosphamide/Methotrexate/Fluorouracil or Anthracycline based regimes)

(B) Breast cancer (Metastatic) အဝေးကိုပြန့်နေပြီဖြစ်တဲ့ ရင်သား-ကင်ဆာ
1. Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
(a) Chemotherapy ဆေးပေးကုသနည်း
- Anthracycline based regimes (CAF) containing Doxorubican as final line of treatment
- Classical combination chemotherapy (CMF)
- First line chemotherapy + Monoclonal antibody (in women with over-expressed HER2 neu Oncogene)

(b) Hormone treatment ဟော်မုန်းပေးကုသနည်း
- Selected Aromatase inhibitors as first line hormonal treatment in postmenopausal women
- Selected Aromatase inhibitors as second line hormonal treatment in postmenopausal women
- Tamoxifen as first line treatment in Oestrogen receptor positive disease

(c) Radiotherapy ဓါတ်ကင်နည်း
- Radiotherapy + appropriate analgesia
- Radiotherapy for spinal cord compression
- Radiotherapy + high dose steroids in spinal cord compression

2. Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Bisphosphonates for bone metastasis
- Combined Gonadorelin analogues + Tamoxifen as first line treatment in premenopausal wpmen
- New cytotoxic drugs in Anthracycline resistant diseases such as Taxanes and smisynthetic vinca alkaloids as second line treatment
- Radiotherapy to control cerebral and choroidal metastases

3. Trade-off မသုံးတော့တဲ့နည်း
- Ovarian ablation as first line treatment in premenopausal women Vs Tamoxifan
- Progestin as first line treatment Vs Tamoxafen, beneficial in women with bone pain and anorexia

2-11-2011 Breast Cancer Survival Improves By Switching Drugs
Wednesday, 02 November 2011 15:56
ရင်သား-ကင်ဆာ ဆေးကုသနည်းသစ်

Clinical Oncology ဆေးပညာ ဂျာနယ်ထဲမှာ Intergroup Exemestane Study's (IES) ရဲ့ ထုတ်ချက်အရ breast cancer ရင်သား-ကင်ဆာကြောင့် Tamoxifen ဆေးကို ၂-၃ နှစ် ပေးပြီးတဲ့နောက်မှာ Exemestane ခေါ်တဲ့ Aromatase inhibitor ဆေးကို ပြောင်းရင် သေဆုံးရတဲ့ဦးရေကို သိသိသာသာ လျှော့စေနိုင်တယ်လို့ ပါရှိပါတယ်။

ရင်သား-ကင်ဆာထဲက Estrogen receptor-positive ဟော်မုန်းဓါတ်ကိုသက်ရောက်မှုရှိတဲ့ အမျိုးအစားကို စောစောသိသူတွေကို ခွဲစိတ်ပြီးတဲ့နောက်မှာ Tamoxifen ဆေးကို ၅ နှစ်ကြာပေးနေတာက ကနေ့ စံအနေနဲ့ သတ်မှတ်သုံးစွဲနေတာ ဖြစ်ပါတယ်။ Recurrence နောင်ပြန်မဖြစ်အောင် လုပ်တာပါ။ သေဆုံးမှုနှုန်း ၃၄% လျှောနည်းတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီးတွေကို Aromatase inhibitors ဆေးကို အစေပေးဆေး အနေဲ့ဖြစ်ဖြစ်၊ နောက်ပေးဆေးအနေနဲ့ဖြစ်ဖြစ် ပြောင်းပေးနေပါတယ်။

Intergroup Exemestane Study ရယ် Institute of Cancer Research's Clinical Trials & Statistics Unit ရယ် Imperial College London's Clinical Trials Unit (Cancer) ရယ် ပူးပေါင်းပြီး ရေရှည်အကျိုးဖြစ်တာကို ၃၇ နိုင်ငံမှာ ၁၉၉၈ ကတည်းက လေ့လာနေခဲ့ပါတယ်။ Tamoxifen ဆေးကို ၂-၃ နှစ်ပေးပြီး၊ Exemestane ဆေးကို စုစုပေါင်း ၅ နှစ်ပြည့်အောင် ပေးနည်း ဖြစ်ပါတယ်။ Pfizer Inc. ကနေ ငွေကြေးထောက်ပံတဲ့ သုတေသန ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် ထုတ်ပြန်ချက်အရ အဲလို ဆေးတမျိုးထဲကနေ နောက်တမျိုးကို ပြောင်းပေးခဲ့သူ၊ နောက်ပြီး ရောဂါလဲ ၂-၃ နှစ်အထိ ရောဂါ ပြန်မဖြစ်သူတွေ ဖြစ်တဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သေဆုံးမှုနှုန်း နည်းတာသိရတယ်။ ဒါပေမဲ့ ဒီလိုကောင်းတဲ့ အလားအလာဟာ နောက်မှာလဲ ဆက်ကောင်းနေ-မနေတော့ စောင့်ကြည့်ရပါအုံးမယ်။

လေ့လာမှုပြုသူတွေထဲမှာ ဟော်မုန်း သက်ရောက်မှုရှိတဲ့ ကင်ဆာ လူနာပေါင်း ၄ဝ၅၂ ယောက်နဲ့၊ တခြားအမျိုးအစား ကင်ဆာ လူနာပေါင်း ၅၄၇ ယောက်တို့ ပါဝင်ခဲ့ပါတယ်။ သူတို့ကို ၉၁ လအကြာမှာ ပြန်လေ့လာခဲ့တယ်။ ဆေးပြောင်းသူတွေမှာ ဆေးတမျိုးထဲသာ ပေးသူတွေထက် ကင်ဆာ ပြန်ဖြစ်နှုန်း ၁၈% နည်းပြီး၊ သေဆုံးမှုမှာ ၁၄% လျှော့နည်းတာ တွေ့ရတယ်။ ဆေးသစ်ရဲ့ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ကြွက်သား-အရိုး နဲ့ ဆိုင်တာတွေ များပြီး၊ မီးယပ်နဲ့ဆိုင်တာတွေ နည်းတယ်။ ခြုံကြည့်ရင်တော့ သိပ်မကွာပါ။

ICR's Clinical Trials & Statistics Unit ဒါရိုက်တာ Professor Judith Bliss ကနေပြောတာက "တိုးတက်မှုတွေ့ရတာက တကယ်ဖြစ်တယ်။ ဆေးပါတ်လည်တဲ့နောက်မှာ ၅ နှစ်အထိ သိသာတာဖြစ်တယ်။ အခုလို အသင့်အတင့်သာ ပိုကောင်းပေမဲ့ ကောင်းတာက တာရှည်သဘောဖြစ်တာမို့ ဒီတွေ့ရှိချက်ဟာ သွေးဆုံးပြီး ဝေဒနာသည် အမျိုးသမီးတွေအတွက် ကြိုဆိုဘို့ ကောင်းတဲ့ သတင်းပါတယ်။"

Division of Cancer at Imperial College London အကြီးအကဲ Professor Charles Coombes ပြောတာက "လေ့လာမှု ပြုကာစတုံးက ကျွန်တော်တို့မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဆိုတာလဲ အသေအခြာမပြောနိုင်ခဲ့ဘူး။ ကောင်းတာနဲ့ ဆိုးတာ ဘယ်ဟာက သာမလဲဆိုတာပါ မပြောနိုင်ခဲ့ပါ။ အခုတော့ ပြောနိုင်ပါပြီ။ အမျိုးသမီးတွေအတွက် ပိုကောင်းသလို ဘေးထွက်-ဆိုးကျိုးတွေဖြစ်တဲ့ Deep vein thrombosis အတွင်းပိုင်းနေ သွေးပြန်ကြောထဲ သွေးခဲတာ နဲ့ Uterine cancer သားအိမ်-ကင်ဆာ ဖြစ်တာတွေ နည်းစေတာပါ သိလာပါပြီ။"

(ယူကေ) မှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးပေါင်း ၄၈ဝဝဝ ယောက်မှာ ရင်သား-ကင်ဆာ ဖြစ်နေတာ တွေ့နေရပါတယ်။ ၇၅% လောက်ဟာ estrogen receptor positive tumor (အီစထိုဂျင်) ဟော်မုန်း နဲ့ ဆက်နွယ်နေတဲ့ အမျိုးအစားဖြစ်ကြတယ်။ Tamoxifen ရော Exemestane ရောဟာ ဒီလို အမျိုးအစား ကင်ဆာအတွက်သုံးရတဲ့ဆေးတွေပါ။ tamoxifen ဆေဒဟာ ကင်ဆာ အကျိတ်ကို (အီစထိုဂျင်) အသုံးမချစေအောင် လုပ်ပေးတယ်။ aromatase ဆေးကတော့ ကိုယ်ကနေ (အီစထိုဂျင်) တွေ ထွက်မလာစေအောင် လုပ်ပေးတယ်။

သုတေသနလုပ်သူတွေ ယူဆတာက တချို့ကင်ဆာ (ဆဲလ်) တွေက Tamoxifen ဆေးကို ခံနိုင်ရည်ရှိလာနိုင်တယ်။ Exemestane ဆေးကနေ အဲလို ခံနိုင်ရည်ရှိသွားတဲ့ (ဆဲလ်) တွေကို သတ်ပြစ်မယ်။ (အီစထိုဂျင်) တွေ သွေးထဲကနေ ဖယ်ရှားပေးတာမို့ အဲလို လုပ်စေနိုင်တာ ဖြစ်မယ်။

UK မှာရှိတဲ့ Cancer Research ကင်ဆာသုတေသန သတင်းပြန်ကြား ဒါရိုက်တာ Dr Lesley Walker ပြောတာက "ဒီရလဒ်တွေအရ Exemestane ဆေးဟာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရင်သား-ကင်ဆာ ကုသဘို့အတွက် အပိုတန်ဘိုးရှိပါတယ်။ Tamoxifen ဆေးပြီးသူတွေအတွက်လဲ ရှောင်ရှားနိုင်တယ်။ ဆေးကုသမှုကို တိုးတက်စေပြီး၊ အမျိုးသမီးတွေကို သေနှုန်းနည်းစေတယ်။

Aromatase inhibitors ဖြစ်တဲ့ Exemestane လိုဆေးဟာ ရင်သား-ကင်ဆာ ကုထုံးကို ပိုမိုကောင်းစေတယ်။ ရင်သား-ကင်ဆာ ကာကွယ်ရေးအတွက် အားတက်စရာ ဖြစ်ပါတယ်။"


ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


အာဆင်နယ်၏အားနည်းချက်ကို မန်ယူသိရှိခဲ့ဟု ရွန်းနီဆို

အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့သည် ပရီမီယာလိဂ်ပွဲစဉ် (၁၂)အဖြစ် အာဆင်နယ်အသင်း၏ အမ်းမရိတ်ကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့်အနိုင်ရှိခဲ့သည်။ ယင်းပွဲစဉ်၌ မန်ယူအသင်းတွင် ဖယ်လ်ကာအို၊ ရိုဂျိုနှင့်ဘလိုင်းတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့သကဲ့သို့ အာဆင်နယ်တွင်လည်း အိုဇေးလ်၊ ဒီဘူချီနှင့်ကိုစီယယ်နီတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေ။

သို့ရာတွင် အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် အိမ်ကွင်းဖြစ်သော်လည်း ဧည့်သည်မန်ယူအသင်း၏ ဦးဆောင်ဂိုးသွင်းယူမှုကို ခံခဲ့ရပြီး သာမန်ပွဲကစားချိန် မိနစ် ၉ဝ ပြည့်ခဲ့ပြီးနောက် မန်ယူအသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိကာ အနိုင်သုံးမှတ်အပြည့်ရယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင် မန်ယူအသင်းအတွက် အသင်းခေါင်းဆောင် ရွန်းနီကတစ်ဂိုး ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ကီရန်ဂစ်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခြင်းကြောင့် မန်ယူအသင်း နှစ်ဂိုးရရှိခဲ့ခြင်းဖြစ်ကာ အာဆင်နယ်အတွက် ခြေပဂိုးကို မိနစ် ၉ဝ ရောက်မှသာ တိုက်စစ်မှူးဂီရောက်က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲစဉ်တွင် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲစဉ်တွင် အာဆင်နယ်၏ အားနည်းချက်ကို မန်ယူသိရှိခဲ့ကြောင်း တိုက်စစ်မှူးရွန်းနီက ထုတ်ဖော်ပြောကြားခဲ့သည်။

(ငွေကြယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

အဲဗာတန်နောက်ခံလူ ကိုးလ်မန်းအားခေါ်ယူရန် ချယ်လ်ဆီးပြင်ဆင်

အင်္ဂလန်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ခံစစ်ကိုအားဖြည့်ရန်အတွက် အဲဗာတန်အသင်း၏ အိုင်ယာလန်နောက်ခံလူ ဆီးမက်စ်ကိုးလ်မန်းအားခေါ်ယူ ရန်ပြင်ဆင်နေကြောင်းသိရသည်။ ချယ်လ်ဆီးအသင်းမှာ ကိုးလ်မန်းအတွက်ပေါင်သန်း ၂ဝ ခန့်အသုံးပြုရန်ပြင်ဆင်နေပြီး စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါက တစ်ပတ်လုပ်ခပေါင် ၈ဝဝဝဝ အထိပေးချေသွားရန် အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုမှာ အသင်း၏ ညာနောက်ခံနေရာတွင် အိုင်ဗန်နိုဗစ်နှင့်ယှဉ်ပြိုင်စေရေး ကိုးလ်မန်းအားခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး အခြားအသင်းများထက် ကြိုတင်လက်ဦးမှုရယူကာပြင်ဆင်နေ ခြင်းလည်းဖြစ်သည်။ အသက် (၂၆)နှစ်အရွယ်ရှိ အိုင်ယာလန်လက်ရွေးစင်နောက်ခံလူ ကိုးလ်မန်းအား ချယ်လ်ဆီးအသင်းအပြင် စီးရီးအေထိပ်သီးကလပ်အသင်းအချို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။ အဲဗာတန်အသင်းမှာ ၎င်းအားအသင်းတွင်ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိနေသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့်ကမ်းလှမ်းလာပါက ရောင်းထုတ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ကိုးလ်မန်းမှာ အဲဗာတန်အသင်းသို့ ၂ဝဝ၉ ခုနှစ်က ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၂၆ ပွဲပါဝင်ကစားကာ ၁၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ကြောင်း သိရသည်။

(ကိုရဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ

1. ဆရာရှင့် ရာသီလာခါနီး ရင်သားနာတာနဲ့စစလာချင်းမှာ ဗိုက်နာတာက များသောအားဖြင့်ဖြစ်ကြပါလားဆရာ။ သားအိမ်ရောဂါတခုခုရှိလို့ပါလားဆရာ။ ဗိုက်နာတာကတော့ ရာသီစလာလာချင်း ၁နာရီ လောက်ပဲ နာပါတယ်ဆရာ။ ဒါပေမဲ့ တခါတလေကြလဲ ဘာမှမဖြစ်ပါဘူးဆရာ။ သမီးတို့က ကလေးယူနေတာ အခုထိမရသေးလို့ပါရှင့်။ ဆရာဝန်နဲ့ စစ်ကြည့်တော့လည်းအားလုံး normal လို့ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်မလည်းသိချင်လို့ပါရှင့်

2. ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီ လာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသ အကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေးနဲ့လည်း ရင်ထဲမှာ ဝမ်းနည်းထိခိုက်လွယ်ပါတယ်။ အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်းဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုးနဲ့ဆို သွေးဆုံးမယ့်အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေထိုင်သင့်သလဲ။

မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တယောက်မှာ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။

ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။

ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။

မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေတာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။

ရုပ်ပိုင်းပြောင်းတာတွေက -
• Fatigue အားယုတ်နေတာ၊
• Bloating ရင်ကယ်နေတာ၊
• Breast tenderness ရင်သားနာတာ၊
• Acne ဝက်ခြံထွက်တာ၊
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊
• Food cravings ခြင်ခြင်းတပ်တာ။
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။

စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။

• Depression စိတ်ဓါတ်ကျတယ်၊
• Sadness ဝမ်းနည်းတယ်၊
• Lack of motivation စိတက်ကြွမှု နည်းမယ်၊
• Irritability စိတ်တိုတယ်၊
• Aggression ဇွတ်လုပ်ခြင်တယ်၊
• Less patience သည်းခံစိတ် လျော့မယ်၊
• Increased stress ပူပင်စိတ် များမယ်၊
• Anxiety စိုးရိမ်စိတ် ကဲမယ်၊
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊

တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။
• Release လွတ်လပ်သွားသလို၊
• New beginning အသစ် အစပျိုးလာသလို၊
• Invigoration အားအင် ပြန်ပြည့်သလို၊
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊
• Creative energy စိတ်သစ် ရလာလာတာလိုလို၊
• Exhilaration လွတ်မြောက်တာလိုလို၊
• Increased sex drive လိင်စိတ်ပိုလာမယ်၊
• More intense orgasms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။

PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ Lifestyle changes လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊
• Alcohol အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ Meat အသား၊ Fatty foods ဆီများတာ နဲ့ Refined Sugar သကြားတွေက ပိုဆိုးစေတယ်။
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။
• Drink ginger root tea ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊
• Breathe deeply အသက်ပြင်းပြင်းရှူပါ၊
• ကိုယ့်အတွက် အချိန်ကို ယူပါ။
• Orgasm လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။
• Exercise ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
• Socialize လူတော-သူတော ဝင်ရောပါ။

ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။

ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။

လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။

Menopause သွေးဆုံး-သားဆုံး ကိုလဲ ဖတ်ပါ။ အဲဒါဖြစ်လဲ စိတ်ရော၊ ရုပ်ပါ အတော် ခံစားကြရတာ။ ဒါပေမဲ့ သွေးဆုံးဘို့ အနှစ် ၂ဝ မက လိုပါသေးတယ်။ ဒီကြားမှာ ဆေးကောင်း-ဝါးကောင်းတွေ မပေါ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း

• ဆရာရှင့် သမီးညာဘက်နံရိုးအောက်ဝမ်းဗိုက်ကနာပါတယ်။ ဖြစ်တာ ၄နှစ်လောက်ရှိပါပြီ နာလိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ၂ဝ၁၄ မှာ နာတာစိပ်လာသလို ညာဘက်စောင်းအိပ်လည်း နာပါတယ်။ ဆေးခန်းပြကြည့်တော့ အသဲအဆီဖုံးတယ်လို့ ပြောပါတယ်။ သောက်ဆေးကတော့ URSA-S ဆေးကို တနေ့ ၁ လုံး သောက်ဖို့ ပြောပါတယ်။ ဆေးစွဲသောက်ဖို့လိုပါသလားဆရာ။ အသဲကင်ဆာ ဖြစ်မှာလည်းကြောက်ပါတယ်ဆရာ။ လိုအပ်သည်များကို ပြည့်စုံစွာ ဖြေကြားပေးစေချင်ပါတယ်။
• ကျွန်တော်အသက်က ၂၅ နှစ်ပါဆရာ။ ကျွန်တော်ကို အသည်း ဆီဖုံးချင်နေတယ်လို့ ပြောပါတယ်ဆရာ၊
• ကျွန်တော်ဘယ်လို့ ကုသနိုင်ပါသလဲဆရာ၊ အသည်းဆီမဖုံးအောင် ဘယ်လို နေထိုင်၊ ပြုမှူ၊ စားသောက်၊ လေ့ကျင့်ရပါသလဲဆရာ။
• အခု ကျနော်အသက် (၆၉) နှစ်ပါဆရာ။ အစားအသောက်မပျက်ပါ။ Ultrasound ရိုက်တော့ အသဲအဆီဖုံးတယ်လို့ ပြောပါတယ်ဆရာ။ သောက်ဆေးလေးများညွှန်ပေးပါဆရာ။

အသဲနဲ့ အရက် ဆက်နေတာလူတိုင်းသိကြပါတယ်။ ခက်တာကသိပေမဲ့ မဆင်ခြင်နိုင်ကြဘူး။ အရက်ဖြတ်စာ ရေးမှာ မဟုတ်ပါ။ အရက် မသောက်ဘဲလဲ အသဲမှာရောဂါဖြစ်နိုင်တာရေးပါရစေ။

FLD အသဲအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလို ဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသဲမှာအဆီလာဖုံးနေတဲ့ Fatty liver ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်မအားလုံးမှာ ဖြစ်နိုင်တယ်။ အသဲမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသဲ (ဆဲလ်) တွေဟာနေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။

(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသဲမှာလာစုနေလို့၊ အူထဲကအဆီကိုအသဲကနေများများစုပ်ယူလို့၊ အသဲကနေ အဆီကိုချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသဲမှာအဲလိုအဆီမများစေပါ။

Alcohol အရက်၊ Obesity အဝလွန်တာ၊ Starvation အစာငတ်ခံတာ၊ Diabetes mellitus ဆီးချို၊ Corticosteroids (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသဲအဆီများနေတာမျိုးကတော့ Valproic acid နဲ့မသင့်တာ၊ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ Pregnancy ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။

Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။

အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosisဒါမှမဟုတ် Non-alcoholic fatty liver disease ခေါ်ပြီး၊ အရက်ကနေ ဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသဲရောင်တာနဲ့ တွဲနေသူလဲရှိတယ်။

လူအတော်များများ အသဲအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသဲ ကြီးနေတာ တွေ့ရနိုင်တယ်။ အသဲလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသဲမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသဲရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသဲက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေခြာမယ်။

• အသဲနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။
• ပိုဆိုးလာရင် အသဲ (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသဲခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသဲအစားထိုးရမယ်။
• ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
• အရက်ကြောင့်ဖြစ်တဲ့ အသဲခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသဲကင်ဆာ ဖြစ်လာနိုင်တယ်။

အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသဲအဆီဖုံးရောဂါကနေအသဲရောဂါ မဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသဲခြောက်တာနဲ့ အသဲမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။

ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသဲအဆီဖုံးတာကိုကုစရာမလိုပါ။ Steatosisကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။

• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• Ursodeoxycholic acid ဆေးကအကျိုးများစေနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• အသီးတွေနဲ့ အသီအရွက်တွေကိုနေ့တိုင်းစားပါ။
• နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနဲနဲသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်ဆင်နဲ့ ကြက်သားတွေကတော်သေးတယ်။
• (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
• ရေများများသောက်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း

ဆရာရှင့် ကလေးမွေးပြီးကတည်းက သားဆက်ခြားတဲ့အနေဖြင့် သုံးလခံဆေးထိုးထားပါတယ်ဆရာ။ သုံးချောင်း ထိုးဖူးပါတယ်ဆရာ။ ကလေး ၁ နှစ်ကျော်တော့ marvelon 28 ဆက်သောက်ပါတယ်။ ခုကလေး ၁ နှစ်နဲ့ ၁ဝ လရှိပါပြီ။ နို့လဲမဖြတ်ရသေးပါဘူး။ ခုသမီးတားဆေးဖြတ်လိုက်ပါပြီဆရာ။ အဲ့ဒါနောက်ကလေး ထပ်ယူရင် ကိုယ်ဝန်ချက်ချင်း ကပ်နိုင်လားဆရာ နို့တိုက်တဲ့အချိန် တားဆေးစားရင် နို့ထွက်နဲစေတာလား ကလေးကိုရောဆိုးကျိုးပေးနိုင်ပါသလားဆရာ။ သမီး OG က နို့တိုက်နေရင် တားဆေးလုံးဝ မစားရဘူးလို့ပြောလို့ပါ။ ဆရာ့ဆောင်းပါးထဲမှာ ဟော်မုန်း ၁ မျိုးထဲပါတာ စားရင်တော့ ရတယ်လို့ရေးထားတာတွေ့လို့ပါ။ ခုတားဆေးဖြတ်လိုက်တော့ ရာသီလဲမမှန်ပါဘူးဆရာ။ အရင်လိုရာသီ လစဉ်ပြန်မှန်အောင် ဘာလုပ်ရမလဲဆရာ။

ကိုယ်ဝန်ဆောင်တာ ၁၆ ပတ်ရှိရင် နို့တွေကနေ နို့ရည်ထွက်နိုင်ခြေရှိလာပြီ။ အရွယ်အစား ကြီးထွားလာလို့ပါ။ ဒါပေမဲ့ အချင်းကနေ ထုတ်ပေးနေတဲ့ Estrogen နဲ့ Progestin ဟော်မုန်းတွေကြောင့် နို့ထွက်အောင်လုပ်ပေးမဲ့ ဦးနောက်မှာရှိတဲ့ Pituitary gland ကနေ နို့ထွက်ဟော်မုန်း Lactation hormone ကို ထွက်မလာအောင် တားထားသေးတယ်။

ကလေးဖွါးပြီး အချင်းကျတာနဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေ နည်းလာပြီး ပြောခဲ့တဲ့ နို့ထွက်ဟော်မုန်း (ပရိုလက်တင်) ထွက်လာပြီးသကာလ နို့တွေကနေ နို့ရည်တွေ ထွက်တော့မယ်။ တခုရှိပြန်တာက ကလေးကို နို့မတိုက်ရင်တော့ အဲလို မဖြစ်တော့ ပြန်ဘူး။ ကလေးက နို့ကို စို့ (စုပ်) တာကနေ နိုးဆွပေးတဲ့သဘော သက်ရောက်တယ်။

ကလေး တလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေးနို့ဖြတ်ပြီးရင် ကြိုက်တဲ့နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။ ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေဖြစ်တယ်။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ (အီစထိုဂျင်) က နို့ထွက်နည်းစေမယ်။

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
- Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
- Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pill အမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့ အချိန်လဲ မှန်မှန်သောက်ဘို့ အထူးသတိကြီးရမယ်။
- Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။
- Contraceptive implant အရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
- Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။
- Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။
- Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
- Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
- NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။
- Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


U2 အဖွဲ့ဝင်ဘိုနို စက်ဘီး မတော်တဆမှုဖြစ်ပွား ငါးနာရီကြာခွဲစိတ်ကုသမှုခံယူခဲ့ရ


နာမည်ကြီး ဂီတအဖွဲ့တစ်ခု ဖြစ်သော U2 အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဘိုနိုသည် စက်ဘီး မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ခြင်း ကြောင့် ငါးနာရီကြာမြင့်ခဲ့သည့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု သိရ သည်။ ဘိုနိုသည်ပန်းခြံတစ်ခုအတွင်း ၌ စက်ဘီးစီးလာစဉ် မတော်တဆ မှုကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ ၄င်း၏ ဝဲဘက်ပခုံးနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သည့် ဒဏ်ရာများရရှိ ခဲ့ခြင်းကြောင့် ခွဲစိတ်ကုသမှုခံယူ ခဲ့ရခြင်းဖြစ်သည်။

ဆရာဝန်များ၏ အတည်ပြုချက်အရ ဘိုနို၏ဝဲဘက် လက်မှာ အရိုးခြောက် ပိုင်းခန့်ကျိုး သွားခဲ့ပြီး ဦးခေါင်းခွံကို ထိခိုက် မှုဖြစ်ပေါ်စေခဲ့သည့် ဒဏ်ရာလည်း ရရှိခဲ့သည်ဟု သိရသည်။ ၏ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ ခြင်းကြောင့် ဘိုနို၏အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားမျိုးမရှိတော့သော်လည်း လအနည်းငယ်ကြာ အနားယူရဖွယ်ရှိသည်ဟု ဆို သည်။

U2 အဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ''မမျှော်လင့်ဘဲ ဖြစ် ပွားခဲ့တဲ့မတော်တဆမှုဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့အခြေအနေက တော်တော်ဆိုးသွားခဲ့ပါတယ်။ ဒါ ပေမယ့် ဆေးရုံမှာအချိန်မီကုသမှု လုပ်နိုင်ခဲ့တာကြောင့် ဘိုနိုရဲ့အခြေ အနေက စိုးရိမ်စရာမရှိတော့ပါ ဘူး။ ဒါပေမယ့် ပုံမှန်အနေအထား မျိုးရောက်ဖို့အတွက် အချိန်ယူရဦး မှာပါ။ ဖျော်ဖြေရေးပွဲတွေနဲ့ပတ် သက်တဲ့ စာချုပ်တွေကို ပြန်လည် သုံးသပ်ရဖို့များပါတယ်''ဟု ပြော သည်။

ဘိုနို၏ဒဏ်ရာကို ခွဲစိတ်ကုသရာတွင်ပါဝင်ခဲ့သော အရိုးအထူးကုဆရာဝန်ဒင်းလိုရစ်ကလည်းဝဲဘက် လက်တွင် ကျိုးသွားခဲ့သော ဘိုနို၏ အရိုးအခြေအနေမှာ ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့ကြောင်း၊အရိုးပြန် ဆက်ရန်အတွက် သတ္တုပြားသုံးခု၊ဝက်အူ ၁၈ ခုဖြင့် ထိန်းချုပ်ပေးထားရကြောင်း၊အချိန်ခြောက်လခန့်ကြာမှပျောက်ကင်းဖွယ်ရှိ ကြောင်း ပြောသည်။ ဘိုနို၏ ပရိသတ်များသည် ၄င်းကျန်းမာရေးပြန်လည်ကောင်းမွန် လာရန်အတွက် မတော်တဆမှုဖြစ် ပွားခဲ့သောနေရာတွင် ဆုတောင်းမှု များပြုလုပ်လျက်ရှိသည်။

ပြည့်ဖြိုးနိုင်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

သရုပ်ဆောင်ဘဝမှအနားယူပြီး ဒါရိုက်တာအဖြစ်သာရပ်တည်ဖွယ်ရှိဟု အင်ဂျလီနာဂျိုလီ ပြောကြား

ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင် အင်ဂျလီနာဂျိုလီက သရုပ်ဆောင်ဘဝမှ အနားယူပြီး ဒါရိုက်တာအဖြစ်သာရပ်တည် ဖွယ်ရှိသည်ဟုပြောကြားခဲ့ကြောင်း eonline သတင်းဌာနက ယနေ့ဖော်ပြသည်။

အသက်(၃၉)နှစ်အရွယ်ရှိ အင်ဂျလီနာ ဂျိုလီသည် Varity မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့ သော အင်တာဗျူးတွင် ''အနာဂတ်မှာ မဖြစ်မနေလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ အရာတွေအများကြီး ရှိပါတယ်။ ဘရက်ပစ် နဲ့တွဲပြီး သရုပ်မှန်ဇာတ်ကားတွေ ရိုက်ချင် တဲ့အချက်ကလဲ ကျွန်မအတွက်အရေးကြီး တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ကျွန်မနဲ့ပတ်သက်ပြီး လူတွေစိတ်ဝင်စား နေတဲ့သတင်းတွေထဲမှာ သရုပ်ဆောင်ဘဝ ကနေ အနားယူတော့မယ်ဆိုတဲ့ သတင်း တွေဖြစ်ပါလိမ့်မယ်။ အဲဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး အတိအကျ မပြောနိုင်သေး ပေမယ့် လက်ရှိအချိန်မှာ ခံစားနေရတဲ့ ခံစားချက်ကို ရိုးရိုးသားသား ဝန်ခံရမယ် ဆိုရင် ကင်မရာရှေ့ရောက်နေတာထက် ကင်မရာနောက်ကွယ်ကနေ စီစဉ်ညွှန် ကြား နေ ရတာကို ပိုပြီးသဘောကျနေပါတယ်။ ဒါရိုက်တာလုပ်ရတာဟာ မျှော်လင့်ထား တာထက် ပိုပြီးပင်ပန်းပေမယ့် အဲဒီအရာ က ကျွန်မကို ကျေနပ်မှုပိုပေးနိုင်စွမ်းရှိနေ ပါတယ်။ လူတွေဟာ ခံစားချက်ကိုပဲဦးစား ပေးကြတာများပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ သရုပ်ဆောင်တဲ့အလုပ်ကို လုံးဝစွန့်လွှတ်ပြီး ဒါရိုက်တာအနေနဲ့ပဲ ရပ် တည်တာ မျိုးဖြစ်လာနိုင်ပါတယ်။ ကျွန်မရဲ့ အဖေကြောင့် ဒါရိုက်တာပညာတွေ အများ ကြီးရခဲ့ပါတယ်။ ကုလသမဂ္ဂအထူး သံအမတ် အနေနဲ့ ဆောင်ရွက်ခဲ့တာကလဲလူသိနည်း တဲ့ဖြစ်ရပ်မှန်အကြောင်းအရာတွေကိုတင်ပြ လိုစိတ် များပြားစေခဲ့ပါတယ်။ ကျွန်မ ဒါရိုက်တာအနေနဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ ဟာဒါကြောင့်ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ပဲအခြေခံခဲ့တာဖြစ်ပါတယ်''ဟုပြောသည်။

အင်ဂျလီနာဂျိုလီသည်ဒုတိယကမ္ဘာစစ် နောက်ခံ စစ်သုံ့ပန်းတစ်ဦးအကြောင်း ကို နောက်ခံထားပြီး ဇာတ်လမ်းဆင်ထားသည့် Unbroken ဇာတ်လမ်း ကိုဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးသည့် ဒုတိယမြောက် ဇာတ်လမ်းအဖြစ် ရိုက်ကူးလျက်ရှိပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ရုံတင်ရန်ရည် မှန်းလျက်ရှိသည်။

လက်ရှိအချိန်တွင် ရုပ်ရှင်ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဂျိုလီ၏ ခင်ပွန်းသည် ဘရက်ပစ်သည် ဇနီးသည် ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးသည့် ဇာတ်ကားများကို ကိုယ်ပိုင်ငွေဖြင့် ရိုက်ကူးထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်ဆိုသော သတင်းများလည်း ထွက် ပေါ်လျက်ရှိသည်။

ပြည့်ဖြိုးနိုင်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


ချွဲသလိပ်ပျော် စေသော ဆေးနည်းများ

ဥတုမှန်သမျှ တွင် ဆောင်းဥတုသည် ချောင်းဆိုး ရင်ကျပ်ရောဂါ အဖြစ်ဆုံး ဥတု ဖြစ်သည်။ ချောင်းဆိုး ရင်ကျပ်ရောဂါ သည် သလိပ်ရလျှင် သက်သာ၍ သလိပ် မရလျှင် အမောဖောက်ပြီး အသက်ရှူ မရ ဖြစ်ကာ အသက် အန္တရာယ် အထိ ဒုက္ခပေးတတ် လေသည်။ ကလေးများတွင် အဆုတ်အား ကောင်းသဖြင့် ချောင်းဆိုး ရောဂါသည် ရက်တိုတို နှင့် ပျောက်နိုင် သော်လည်း လူကြီးများ၊ သက်ကြီး ရွယ်အိုများမှာ တော်တော်နှင့် မပျောက် နှစ်လ သုံးလ ကြာသည်အထိ ဖြစ်နေ တတ်သည်။

အချို့လူကြီး များသည် ချောင်းဆိုးပြီး သလိပ်ကပ် နေလျှင်၊ သလိပ် မထွက်လျှင် တစ်ညလုံး မအိပ်ရတော့။ သူတို့၏ ချောင်းဆိုးသံ ကြောင့် အခြားသော အိမ်သားများပါ အိပ်မပျော် ဖြစ်ရလေ့ ရှိသည်။ ထို့ကြောင့် ချွဲသလိပ် ပျော်စေသော ရင်လူးဆေး၊ လျက်ဆား တို့မှာ ရှေးမြန်မာ လူမျိုးများ၏ အိမ်သုံး သက်စောင့် ဆေးများ ဖြစ်ခဲ့လေသည်။ ယခုအချိန် အထိလည်း ကျေးလက် တောရွာများတွင် အနောက်တိုင်း ဆေးမသုံးစွဲ ဘဲ တိုင်းရင်းဆေး၊ ရိုးရာဆေးကို သုံးစွဲ နေကြဆဲ ဖြစ်သည်။

ဆေးပရုတ်ဆီချက်လုပ်နည်း-

၁။ ပျားဖယောင်း ၈ ကျပ်သား ၂။ ထင်းရှူးဆီ ၅ ကျပ်သား ၃။ မုန်ညင်းဆီ ၂ဝ ကျပ်သား ၄။ ပရုတ် ၁၂ ကျပ်သား ၅။ မင်သော် ၂ ကျပ်သား ၆။ ငရုတ်ကောင်းဆီ ၂ ကျပ်သား ၇။ မီသိုင်း ၂ကျပ်သား
(စုစုပေါင်းဆေးချိန် ၅၁ကျပ်သား)

ဆေးချက်နည်းမှာ မီးဖိုပြီး ဒန်အိုးတွင် မုန်ညင်းဆီ ထည့်၍ အပူပေးပါ။ ဆူပွက် လာသောအခါ ပျားဖယောင်းကို ထည့်ပါ။ ပျော်ဝင်သွား သောအခါ ထင်းရှူးဆီကို ထည့်မွှေပါ။ အားလုံး ပျော်ဝင်သွားပြီး သောအခါ ဒန်အိုးကို မီးဖိုပေါ်မှ ချပါ။ ပရုတ်၊ မင်သော် စသော ကျန် ဆေးအမယ် များကိုထည့်ပြီး အငွေ့လုံအောင် အဖုံးအုပ်ထားပါ။ ၁၅ မိနစ်ခန့် ကြာသောအခါ ပရုတ်ဆီ ထည့်ရန် သင့်သော ဖန်ပုလင်း အဝကျယ် လေးများတွင် လိုက်ပြီး တစ်ပုလင်းစီ လောင်းထည့်ပါ။ တစ်နာရီခန့် ကြာသောအခါ ဆေးခဲသွားပြီး ပရုတ်ဆီ၊ ရင်လူးဆေး အဖြစ် သုံးစွဲနိုင်ပြီ ဖြစ်သည်။

သလိပ်ရလျက်ဆားဆေးနည်းမှာ-

၁။ စမုန်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ ပဲ ၂။ ကပ်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ်သား ၈ပဲ ၃။ လေးညှင်းပွင့် ၈ ပဲ ၄။ ကျောက်ချဉ် ၈ ပဲ ၅။ နွယ်ချို ၁ ကျပ်သား ၈ ပဲ ၆။ ဇဝက်သာ ၂ ကျပ်သား ၇။ ပရုတ် ၂ ကျပ်သား ၈ ပဲ
၈။ ဖုံးမသိမ် ၃ ကျပ်သား ၉။ သိန္ဓော ၁၃ ကျပ်သား
(စုစုပေါင်းဆေးချိန် ၂၆ကျပ်သား)

ဆေးအမည် အားလုံးစုပြီး ၄င်းတို့ကို အမှုန့်ပြုပါ။ လေလုံစွာ ထားပြီး မကြာခဏ လျက်ပေးခြင်းဖြင့် လည်ချောင်းထဲမှ ချွဲသလိပ်များ ထွက်ကျလာ စေနိုင်ပါသည်။ မိသားစု ကလေးရော လူကြီးပါ တစ်ဆောင်း တွင်းလုံး အသုံးပြုနိုင်သော ဆေးနည်း ကောင်းဖြစ်သည်။ (မြိုင်နံ့သာ ဆေးမြီးတိုကျမ်း၊ ၁၉၅၆ ခုနှစ်ထုတ်မှ)

ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ များသည် သလိပ်ရ စေသော အထက်ပါ ဆေးနည်း နှစ်မျိုးဖြင့် သက်သာ စေနိုင်ကြောင်း တင်ပြလိုက် ရပေသည်။

ကြည်မြင့်လွင် (မုဒြာ)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
http://myawady-myawady.blogspot.com/2014/11/blog-post_925.html


Agony ဆီးလမ်းကျောက်က နာခြင်း

ဆရာရှင့် ကျောက်ကပ်မှာ ကျောက်တည်တဲ့အကြောင်း ရေးထားတဲ့ဆောင်းပါးရှိပါလားရှင့်။ သမီးကျောက်ကပ်ထဲက တော်တော်နာလို့ပါ။ ဆေးခန်းပြတော့ ကျောက်ကထွက်တော့မယ်လို့တော့ ပြောပါတယ်။ နာတဲ့အချိန်ကျရင် မျက်ရည်ကျလောက်အောင် ခံစားရလို့ပါဆရာ။

CT result အရ Ureteric Colic ဆီးပြွန်ကျောက်တည်ရောဂါလို့ ပြောပါတယ်။ Kidney Stone နဲ့  ဘာကွာလဲ ဆရာ။

Kidney ကျောက်ကပ်နဲ့ Bladder ဆီးအိမ်ကြားမှာ အထက်ကနေ အောက်ကို ဆင်းလာပြီးဆက်နေတဲ့ ပြွန်လိုအင်္ဂါကို Ureter လို့ခေါ်တယ်။ အထက်မှာ ကျယ်ပြီး အောက်ရောက်လေသေးလေဖြစ်တယ်။ ဘယ်-ညာ ရှိတယ်။ အဲဒီမှာ ကျောက်ကတစ်နေလို့နာတာကို Ureteric colic လို့ခေါ်တယ်။ အလွန်နာတတ်တယ်။

နာတာအတွက် ဆေးဆောင်ထားသင့်တယ်။ သွားလေရာယူသွားပါ။ Buscopan/Spasmo Cibalgin စတဲ့ဆေးဖြစ်တယ်။ စားဆေးနဲ့ ထိုးဆေးရှိတယ်။

ဆရာလဲ ဖြစ်ဘူးလို့ Buscopan ကို သွားလေရာကို ယူသွားရဘူးတယ်။ တခါက တခြားနိုင်ငံတခုကို အစည်းအဝေး သွားတော့ ယူသွားတယ်။ မိတ်ဆွေတဦး ညကြီးမင်းကြီး နာလို့ ပါလာတဲ့ဆေးကို ထိုးပေးရတယ်။ ၅ မိနစ်အတွင်း သက်သာသွားတယ်။

သက်သာမှသူပြောတာက “အနားမှာ သေနပ်သာရှိရင် ကိုယ့်ကိုယ်ကို ပြစ်သတ်ချင်လောက်အောင်ဘဲ” တဲ့။ သူက လူကောင်ကြီးလို့ 3 ampoules IV ထိုးပေးရတယ်။ သာမန်လူဆိုရင် ၂ လုံးဆိုရတယ်။ တော်တော်တန်တန်နာရင် စားဆေး ၁-၂ ပြားဆိုရင် ရတယ်။

အဲလို ဆီးလမ်းကျောက်ကြောင့်နာတာကို Pain, severe pain လို့ပြောတာနဲ့မလုံလောက်လို့ Agony လို့သုံးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Kidney Stones Home Remedies ကျောက်ကပ် ကျောက်တည်တာ အိမ်မှာသက်သာအောင် ဘယ်လိုလုပ်မလဲ

ကျွန်တော် မလေးရှားမှာ အလုပ်လုပ်နေပါတယ် လွန်ခဲ့တဲ့ တစ်နှစ်က နံရိုးဘေးအောက်မှာ နေ့တဝက်လောက် မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ဖူးပါတယ်။ အခုတခါ ထပ်နာလာပါတယ်။ (အာလ်ထွာ-ဆောင်း) ရိုက်တော့ ကျောက်ကပ်မှာ ကျောက်တည်နေပါတယ်။ တဖက်က တစ်လုံး နောက်တဖက်က သုံးလုံးရှိနေပါတယ်။ အရွယ်အစားက သေးလို့ မခွဲပဲ ထုတ်လို့ရတယ်လို့ ပြောပါတယ်။ 4 mm ကနေ10 mm ကြားလောက်ရှိပါတယ်။ ကုန်ကျစရိတ်က လုပ်အားခနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကျောက်ကပ်မှာ ကျောက်တည်ရင်ဘယ်နည်းဘယ်ပုံနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပါသလဲ။ ပြီးတော့ ဈေးသက်သာတဲ့ ကုသနည်း။ ဆိုးကျိုးနည်းတဲ့ ကုသနည်း၊ နောက်ပြီး နောက်ထပ် ၆ လ လောက်ကြာမှ မြန်မာပြည် ပြန်ပြီး ကုသမယ်ဆိုရင်ရော အန္တရာယ်ရှိနိုင်ပါသလား။

ရေများများ သောက်ပါ။ တနေ့ ၃ လီတာ။
သံပုရာရည် ဖျော်သောက်ပါ။
အုံးရည် သောက်ပါ။
ပျားရည်နဲ့ ပင်စိမ်းရွက် ဖျော်သောက်ပါ။
လိမ်မော်သီး-ရည်၊ သလဲသီး-သလဲစေ့ စားပါ။
ရွှေဖရုံ၊ မုံလာဥဝါ၊ မက်မွန်သီး၊ ကန်ဇွန်းဥ၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး၊ ဖရဲသီး၊ စားပါ။
မုံလာရွက်-ဖျော်ရည် သောက်ပါ။
ဗိုလ်စားပဲ Kidney beans စားပါ။
ဗီတာမင် ဘီ ၆ တနေ့မှာ 100 to 150 mg သောက်ပါ။
ဗီတာမင် အေ မနည်းစေနဲ့။
အစပ်၊ တည်ချဉ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဂျုံအပြည်နဲ့လုပ်တဲ့အစာတွေ၊ ပဲ၊ ပဲပုတ်၊ ဟင်းနုနွယ်၊ ပန်းမုံလာ၊ မုံလာဥဝါ၊ လျှော့စားပါ။
အရက်၊ ကာဗွန်ထည့်ထားတဲ့ ရေနဲ့ ဖျော်ရည်တွေ ရှောင်ပါ။
အသား၊ ဆား လျှော့စားပါ။
Calcium ဆေး မစားနဲ့။
ကိုယ်လက် လှုတ်ရှားပါ။

နာတာခံနိုင်နေရင် ကိစ္စမရှိသေးပါ။ နာလာရင် အရေးပေါ်သောက်ဘို့ Buscopan ဆေးပြားနဲ့ Buscopan ထိုးဆေးက ချက်ချင်း သက်သာစေမယ်။ ခရီးသွားရင် ဆောင်ထားသင့်တယ်။
ဇောချွေးပြန်အောင်နာရင် လူကိုယ်အလေးချိန်လိုက်ပြီး ထိုးဆေး ၂-၃-၄ လုံး တခါထဲ ရောထိုးရတယ်။ ၅-၁ဝ မိနစ်အတွင်း သက်သာသွားမယ်။ ခဏအိပ်ပျော်သွားမယ်။
ကျောက်ပျော်စေဘို့ အိန္ဒိယမှာ Cystone တိုင်းရင်းစားဆေး သုံးကြတယ်။ ဈေးလဲချိုတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


Kidney stones ကျောက်ကပ်-ကျောက်

• ဆရာဝန် သမီးကျောက်ရှိတယ်။့ နယ်၊့။
• ကျောက်က ဘယ်မှာ၊ အသက်ကဘယ်လောက်၊ ဘာသိချင်ပါသလဲ။
• အသက် ၃၅ လွန်ခဲံတဲ့ ၂၉၊့ နိုင်ငံမှာ ထုတ်ပြီး၊ အခုပြန်ရှိတယ် ဆရာ။
• ပြန်ဖြေတာထဲ ကျောက်ဘယ်မှာလဲ မသိရသေးပါ။ ကျောက်ကပ်ကျောက်က အဖြစ်များလို့၊ ရေးထားတာကို ပို့လိုက်ပါမယ်။

ဘာလို့ ကျောက်ကပ်မှာ ကျောက်တည်သလဲ။ တခုထဲလဲ မဟုတ်၊ တိတိကျကျလဲ ပြောမရပါ။ ဆီးထဲမှာ အရည်၊ ဓါတ်ဆား နဲ့ (အက်စစ်) ဓါတ်တွေဟာ ဖြစ်သင့်တာတွေ မဖြစ်ရာကနေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဆီးထဲက ပုံဆောင်ခဲ အချင်းချင်း ကပ်တွယ်ပြီး ကျောက်ဖြစ်မှာကို တားနိုင်တဲ့ သတ္တိ ရှိနေတယ်။

ဆောင်ရန်-ရှောင်ရန်များ
• ရေကို တနေ့မှာ ၂ လီတာ ၂ လီတာခွဲ သောက်ပါ။ ရေဓါတ်နည်းတာ မကောင်းပါ။ ဒီလိုလူမျိုး ဝမ်းလျောရင် ရေများဘို့ ပိုသတိထားပါ။ နိုင်အောင် မသောက်နိုင်ရင် Drip သွင်းပါ။
• Renal tubular acidosis, Dent's disease, Hyperparathyroidism, Primary hyperoxaluria and Medullary sponge kidney ရောဂါတခုခုရှိနေရင် ကျောက်ဖြစ်စေမဲ့ Calcium oxalate crystals တွေဖြစ်စေမယ်။
• Crohn's disease ရောဂါရှိနေသူတွေမှာ ပိုများတာ တွေ့ရတယ်။ ကျောက် ပြန်ဖြစ်သူတွေမှာ ဒါတွေပါရှိနေ-မနေ စစ်ရမယ်။
• ရေထဲက Fluoridation ကြောင့်လဲ အဖြစ်များစေနိုင်တယ်။ ရေကောင်း-ရေသန့် သောက်ပါ။
• ဗီတာမင် ဒီ များရင်လဲ ဖြစ်စေတယ်လို့ ၁၉၉၈ Archives of Internal Medicine က ဆိုတယ်။
• ဖို-မဆက်ဆံတာ Causal relationship ကြုံရာနဲ့ စခန်းသွားတဲ့ အကျင့်ကလဲ ဖြစ်မလားလို့ ပြောကြသေးတယ်။
• American Urological Association က ကမ္ဘာကြီး ပူနွေးလာတာကို ထောက်ပြသေးတယ်။
• Hypercalciuria သွေးထဲမှာ (ကယ်လ်စီယမ်) များနေသူ ပိုဖြစ်တယ်။ (ကယ်လ်စီယမ်) များတဲ့အစာ လျော့စားပါ။
• ဆီးလမ်း ပိုးဝင်တာ စောစော သေခြာ ကုသပါ။
• Thiazides, Potassium citrate, Magnesium citrate ဆေးတွေကို သတိထားသောက်ပါ။
• သံပုရာရည်၊ လိမ်မော်ရည် ဖျော်ရည်တွေ သောက်တာ ကောင်းတယ်။
• Beer ကိုလဲ သက်သာတယ်ပြောတယ်။ စပျစ်ရည်လောက်တော့ မကောင်းပါ။
• (ကိုကာကိုလာ)၊ (ကေဖင်း) ပါအရည်၊ အချို့အရည်တွေလဲ မသင့်ပါ။
• အသား (ပရိုတင်း) နဲ့ ဆား လျော့စားပါ။
• သကြားဓါတ်များတာ မကောင်းပါ။
• ဟင်းနုနွယ်ရွက် မတည့်ပါ။ Calcium နဲ့ Oxalates များတဲ့ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး ရောမချက်သင့်ဘူးလို့ တောင်အာရှမှာ ပြောစမှတ် ရှိတယ်။
• Potassium citrate ဆေးကို ကျောက်ဖြစ်မှာ ကာကွယ်ဘို့သုံး နိုင်ပါတယ်။ စားဆေးနဲ့ အရည်လာတယ်။ ဆီးရဲ့ pH များစေပြီး အက်စစ်ဓါတ် နည်းစေတယ်။
• သွေးတိုး ကျဆေးထဲက Calcium channel blockers (Nifedipine) နဲ့ Alpha blockers (Tamsulosin) ဆေးတွေက ကျောက်ရှိနေသူတွေအတွက်ပါ အသုံးကျတယ်။ ကျောက်ရှိနေရင် ကျစေတယ်။
• Allopurinol (Zyloprim) ဂေါက်ရောဂါဆေးက အကျိုးများစေတယ်။
• ဆီးသွားချင်တာကို အောင့်မထားပါနဲ့။
• အသက် ၂ဝ-၄၉ အတွင်းအဖြစ်များလို့ ကြီးလာရင်သက်သာတယ်။

Treatment စနစ်တကျ ဘယ်လိုကုသမလဲ
(၁) Extracorporeal Shock Wave Lithotripsy (ESWL) (ရှော့ခ်) လှိုင်းသုံးခွဲစိတ်ကုသနည်း
Ultrasound waves (အာလ်ထွာဆောင်း) သုံးတယ်။ တုန်ခါမှုကနေ ကျောက်ကို ချေဖျက်ပေးမယ်။ သေးသေးလေးတွေက ဆီးထဲမှာပါလာလိမ့်မယ်။ နာမယ်။ ထုံဆေးနဲ့လုပ်ရတယ်။ ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် Ureteroscope ကရိယာသုံးမယ်။

(၂) Ureterorenoscopy ယူရစ်တရိုကရိယာသုံးခွဲစိတ်ကုသနည်း
ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် လုပ်နိုင်တယ်။ Ureteroscope ကရိယာသုံးတယ်။ ကျောက်တွေ့ပြီဆိုရင် Specialized instrument အထူးကရိယနဲ့ဖြစ်ဖြစ် Laser beams လေဆာနဲ့ဖ်ြစဖြစ် ကျောက်ကိုခွဲထုတ်မယ်။

(၃) Percutaneous Nephrolithotomy (PCNL) အရေပြားကနေခွဲနည်း
ကျောက်က သိပ်ကြီးနေရင် လုပ်တယ်။ နောက်ကျော်ဘက်မှာ ဒါးရာပေးတယ်။ Nephroscope ကရိယာလေးသုံးမယ်။ ကျောက်ကိုသေးအောင်လုပ်ပေးပြီး ထုတ်မယ်။ Laser လေဆာဖြစ်ဖြစ် Pneumatic energy လေအားသုံးပြီးဖြစ်ဖြစ် သုံးတယ်။

(၄) Open Surgery သမားရိုးကျခွဲစိတ်နည်း
ခုခေတ်မှာ ဒီနည်းသုံးတာနည်းလာပြီ။ တခြားနည်းတွေနဲ့မရအောင် သိပ်ကြီးနေရင်တော့ လုပ်ရမယ်။ ကရိယာမရှိတဲ့ နေရာတွေမှာလဲ လုပ်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ