အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသော ယာဉ်အားဝင်တိုက်

နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်နေ ဘုန်းမောင်ဦး(၅၁)နှစ် မောင်းနှင်လာသော ၄စ/xxxx တိုယိုတာတောင်းအေ့စ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဇော်မင်းလတ်(၃၀)နှစ်မောင်းနှင်သည့် 8J/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းစွန်းအား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် 8J/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၄စ/xxxxယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်နေ ဦးမြတ်ဇော်(၄၈)နှစ်တွင် ၀ဲခြေဖ၀ါး/၀ဲခြေဖနောင့်/၀ဲခြေခုံ/ယာခြေသလုံးပေါက်ပြဲ၊ ယာဒူးခေါင်းညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 8J/xxxx ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းပိန်ချိုင့်၊ ဘော်ဒီယာဘက်ခြမ်းဆေးပွန်း၊ ယာဘက် ရှေ့အချက်ပြ မီးကွဲ၍ တန်ဘိုးငွေကျပ် (၁)သိန်းခန့်နှင့် ၄စ/xxxxယာဉ်၏ရှေ့ခေါင်းပိုင်းဝဲဘက်ခြမ်း၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲတံခါးပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးသီးကွဲကာ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမောင်ဦးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဟင်္သတတွင် ရုတ်တစ်ရက် ဓါတ်ဆီလှယ်ရာမှ အပှုရှိန် လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား

ဟင်္သာတ ဧပြီ ၃၀

ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ် ညောင်ပင် ရပ်ကွက် ဓမ္မာရုံ ကျောင်းလမ်းနှင့် တာသစ်လမ်းထိပ် ဆုံရာ (ယခင် မိုးဂွဲကျောင်းဂုံး) ယခု တိုက်သစ် မိုးကောင်း ကျောင်းဂုံးရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင်ခွဲတွင် ရေသန့်ဗူး အတွင်းသို့ ဓါတ်ဆီခွဲထည့်စဉ် အပူရှိန် လွန်ကဲမှုကြောင့် ငုင်းဓါတ်ဆီဆိုင်မှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်စဉ်တွင် အိမ်ရှင် ဦးကြည်လင်း (ဘ) ဦးဘမောင် ပိုင်ဆိုင်သော ဓါတ်ဆီဆိုင်မှ စတင်၍ ဧပြီလ (၃၀) ရက်နေ့ နေ့လည် ၁၅ နာရီအချိန်ခန့်တွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး (၁၅း ၁၅) အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် (၂၀×၂၀) ပေ သွပ်ကာ သွပ်မိုး ပျဉ်ခင်း ဓါတ်ဆီဆိုင်နှင့် (၁၀×၁၀) ပတ်လည် သွပ်ကာ သွပ်မိုး ပျဉ်ခင်း ဒေါက်တာ အံ့မော်ကောင်းပိုင် ဆေးခန်းတို့ မီးလောင် ကျွမ်းခဲ့ရသည်။

ဆီပုလင်းထဲသို့ ဓါတ်ဆီ ခွဲထည့်စဉ် မဥမ္မာလင်း (ဘ) ဦးကြည်လင်း အသက် (၃၂) နှစ်မှာ ၀ဲဘက် ကိုယ်ခန္ဒာ တစ်ခြမ်းတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင် ကုသလျှက်ရှိကြောင်းနှင့် မီးလောင်ရာ နေရာသို့ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဟင်္သာတ မီးသတ် တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် (၄) စီးနှင့် အင်အား (၁၆) ဦး အရံမီးသတ် ( ၁၀ ) ဦးတို့နှင့် အတူ ပြည်သူများက ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ပြီး မီးလောင် ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရုံးမှု တန်ဘိုး ငွေကျပ် (၈) သိန်းခွဲခန့် ဆုံးရုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရှိရပါသည်။

မီးစတင် လောင်ကျွမ်းရာ ပိုင်ရှင် ဦးကြည်လင်း (ဘ) ဦးဘမောင်အား (ပ) ၃၅ /၂ဝ၁၄ ပုဒ်မ ၂၈၅ ဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar

ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း
အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက—

ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး—

တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။

ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး
ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။

ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း
အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။

ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee’s tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုးကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။

အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက်တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။

ဆေးသုံးစွဲပုံ—
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။
စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။
ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။

အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက်သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။

မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင်ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။

ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။

ဇော်ရဲနိုင်

Myawady News

တက်တူးထိုးအပြီး သိထားသင့်တဲ့အချက်များ

တက်တူးထိုးတယ်ဆိုတာ ကိုယ့်ကိုကိုယ် ဖော်ကျူးခြင်းရဲ့ အားအပါဆုံး သင်္ကေတတွေထဲက တစ်ခုပါ။ အနုပညာလို့လည်း တင်စားလို့ရပါတယ်။ တက်တူးထိုးပြီးသွားတဲ့အခါ တက်တူးအနာ သေသေချာချာကျက်စေဖို့ ခင်ဗျားရဲ့ တက်တူးဆရာဆီက လမ်းညွှန်ချက်တွေ လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါမှသာ တက်တူးထိုးပြီးနောက် ဘ၀တစ်လျှောက်လုံးအတွက် စိတ်ချရပြီး ထိရောက်မှုရှိတဲ့ တက်တူးအနာကျက်မှု ဖြစ်လာမှာပေါ့။

ရောဂါပိုးမွှားကင်းစင်တဲ့ စက်ပစ္စည်းသစ် တွေရှိတဲ့ ခေတ်သစ် တက်တူးစတူဒီယိုကြီးမှာ ခင်ဗျားတက်တူးထိုးပြီးပြီ ဆိုပါစို့။ အဲ့ဒီ့လို တက်တူးထိုးပြီးပြီဆိုရင် တက်တူးထိုးပြီး ဂရုစိုက်ရမယ့်အချက်တွေနဲ့ အတူ တက်တူဆရာက အထုပ်လေးတစ်ထုပ် ခင်ဗျားကိုပေးပါလိမ့်မယ်။

ကမ္ဘာအနှံ့က အရည်အသွေးမြင့် တက်တူးပါလာ ဖွင့်ထားသူတွေက ကူညီပေးအပ်ထားတဲ့ လုံခြုံစိတ်ချတက်တူးအနာကျက်ရေး လမ်းညွှန်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့တက်တူးအတွက် အထူးလမ်းညွှန်ချက်တွေကို ခင်ဗျားကိုယ်ပိုင် ပရောဖက်ရှင်နယ် တက်တူးဆရာနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးလုပ်ဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။

. တက်လာတဲ့အနာဖေးတွေကို ဆွဲမခွာပါနဲ့။ မသုတ်ပစ်ပါနဲ့။ အနာကျက်ဖို့စောင့်နေတုန်း လက်ဝတ်ရတနာ ၀တ်ဆင်တာမျိုး မလုပ်ပါနဲ့။

. ဘက်တီးရီးယားတိုက်ဖျက်ရေး လိမ်းဆေးတွေ မသုံးပါနဲ့။

. အရက်ပြန် (ဒါမှမဟုတ်) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် မသုတ်လိမ်းပါနဲ့။

တက်တူးထိုးပြီးခါစ နာရီအနည်းငယ်အတွင်းမှာ သွေးထွက်တာ ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ တက်တူးထိုးပြီး ၄၈နာရီနောက်ပိုင်းထိ သွေးဆက်ထွက်နေတုန်း ဆိုရင်တော့ ခင်ဗျားရဲ့ ပရောဖက်ရှင်နယ် တက်တူးဆရာနဲ့ တိုင်ပင်ဖို့ လိုပါပြီ။

ထိုးထားတဲ့ တက်တူးအသစ်တွေကို နေ့စဉ် ၂ကြိမ်၊ ၃ကြိမ် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ တနေကုန် ထိတွေ့နိုင်တဲ့အတွက် ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။ တက်တူးကို မကိုင်ခင်တိုင်းမှာ လက်ဆေးဖို့ သတိပြုပါ။ တက်တူးပေါ်မူတည်ပြီး အနာကျက်တဲ့ အချိန်အတိုင်းအတာ ကွာနိုင်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းစဉ် ဘယ်လောက်ကြာကြာ ဆက်လုပ်နေရမယ်ဆိုတာ ခင်ဗျားရဲ့ တက်တူးဆရာကို မေးပါ။

တက်တူးအနာကျက်စ ပြုတဲ့ အစပိုင်း ရက်သတ္တပတ်တွေအတွင်းမှာ အနာဖေးလေးတွေ တက်လာပါလိမ့်မယ်။ ဒါဟာ ပုံမှန်ပါ။ တက်တူးနာကျက်ဖို့ စောင့်နေတုန်းမှာ ဆားရည်နဲ့ ဆေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း ခင်ဗျားရဲ့ ပရောဖက်ရှင်နယ် တက်တူးဆရာက ပေးလာတဲ့ စည်းစနစ်တကျ လမ်းညွှန်ချက်တွေအတွက် တိုင်ပင်ပါ။

Ref:tattoogoo.com

Myawady News

အဆိုတော် မီးမီးခဲနှင့် ထူးအယ်လင်း တရားဝင် ကွာရှင်းခွင့်ရရှိ

(ရန်ကုန်၊ ဧပြီ ၃၀)

အဆိုတော် မီးမီးခဲနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ အဆိုတော် ထူးအယ်လင်း တို့နှစ်ဦးအား ယနေ့နေ့လည် နှစ်နာရီခန့် တွင် အနောက်ပိုင်း ခရိုင်တရားရုံးမှ တရားဝင် ကွာရှင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မီးမီးခဲထံမှ သိရသည်။

လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲ ခွင့်ပြုရန်တောင်း ဆိုခြင်းနှင့် နှစ်ဦးသား ပိုင်ဆိုင်မှုများမှ ထက်ဝက်ကို ရရှိရန် မီးမီးခဲဘက် မှ တောင်းဆိုခဲ့ပြီး ယင်း အချက်များကိုလည်း တရားရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အဆိုတော်မီးမီးခဲကမူ " အစ်မခုချိန်ကစပြီး သမီးကလေးနဲ့အတူတူ ဘ၀ကို ရှင်သန်နိုင်ခွင့် ရရှိသွားပါပြီ။ " ဟုပေါ်ပြူလာနယူးစ်ကို ပြောကြားခဲ့သည်။

ယင်းသို့ တရားဝင် ကွာရှင်းခွင့် ရရန်အတွက် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့် အချိန်မှ စ၍ မီးမီးခဲဘက်မှ တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားရုံးမှ ကွာရှင်းခွင့် ပြုလုပ်ခြင်းဖြစ်သည်။

သုတလင်း

Popular Myanmar News Journal


လမ်းဆောက်ရေး အထူးအဖွဲ့မှ ထော်လာဂျီယာဉ် တိမ်းမှောက်မှု ၁၃ ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ

မိုင်းတုံ၊ ဧပြီ ၂၉

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အတွင်းရှိ နားကောင်းမူး-မုံးထ သွားကားလမ်းတွင် ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က လေးလုံးထိုး ထော်လာဂျီ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းတုံမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ဒုရဲအုပ်သိန်းဝင်းက ပြောကြားသည်။

“လမ်းလုပ်ငန်းအဖွဲ့ လုပ်ငန်းသိမ်း အပြန်မှာ ထော်လာဂျီ မှောက်ပြီး ကလေးလေးဦး အပါအဝင် ၁၃ ဦး ဆုံးပါတယ်။ စစ်ချက်ယူနေဆဲဘဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်တွင် လမ်းဆောက်ရေး အထူးအဖွဲ့ ၄ မှ အငယ်တန်း အင်ဂျင်နီယာ ဦးမြင့်ဌေး ဦးစီးသည့် လမ်းလုပ်ငန်း အဖွဲ့သည် မုံးထမှ နားကောင်းမူးသို့ မော်တော်ယာဉ်ငါးစီး၊ လူအင်အား တစ်ရာကျော်ဖြင့် လုပ်ငန်းသိမ်း ပြန်လာစဉ် ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ၉ဌ/၁၇၆၂၅ လေးလုံးထိုး ထော်လာဂျီ ယာဉ်သည် နားကောင်းမူးရွာ၏ အနောက်ဘက် ငါးမိုင်ခန့်အကွာ ရေပူစမ်းရွာအရောက် ကုန်းအဆင်းတွင် ရှေ့မှလာသည့် မော်တော်ယာဉ် တစ်စီးကို ရှောင်တိမ်းရာမှ ဘရိတ်ပေါက်ပြီး ယာဉ်မှာ လမ်းညာလက်ရှိ ၁၅ ပေခန့်ရှိသော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုအတွက် လိုက်ပါ ဆောင်ရွက်သူ ပုံပါကျင် နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းနိုင်က ပြောကြားသည်။

ယာဉ်ပေါ်ပါလာသူ ၃၇ ဦးရှိပြီး လမ်းလုပ်သား ၃၅ ဦးအနက် လုပ်သားခြောက်ဦးနှင့် ကလေးလေးဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၇ ဦးကို မိုင်းတုံဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သုံးဦး ထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း၊ သေဆုံးသူများမှာ မြန်မာပြည် အလယ်ပိုင်း သာစည် အုတ်တွင်းဘက်မှ အများဆုံး ပါဝင်ပြီး ကားငါးစီးအနက် တိမ်းမှောက်သည့် ယာဉ်မှာ နံပါတ်လေးဖြစ်ကာ သေဆုံးသူ များထဲတွင် မိသားစု လေးဦးလုံး သေဆုံးခဲ့ပြီး လေးလသားအရွယ် ကလေးငယ်တစ်ဦး အသက်ရှင် ကျန်ရစ်ကြောင်း အခြားယာဉ်မောင်းတစ်ဦး ဖြစ်သူ တောင်ရိုး (ခေါ်) နိုင်မင်းထွန်းက ဆိုသည်။

“ကုန်းအဆင်းမှာ ရှေ့ကလာတဲ့ ယာဉ်ကို ရှောင်လိုက်တာမှာ ဘေးကိုချော်ပြီး မှောက်သွားတာဘဲ” ဟု ၎င်းကဆိုသည်။
နေ့လည် ၁ နာရီခွဲခန့်တွင် ဆေးရုံသို့ ယာဉ်တိမ်းမှောက်မှုဖြင့် ရောက်ရှိလာသည့် လူနာ ၂၇ ဦးအနက် မလူနာသုံးဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ကျန်လူနာ ၂၄ ဦးတွင် စိုးရိမ်ရအဆင့် ကျားခြောက်ဦး၊ မခုနှစ်ဦးထဲမှ လူနာရှစ်ဦးကို မိုင်းဆတ်ခရိုင် ဆေးရုံသို့ ညတွင်းချင်း ပေးပို့ခဲ့ကြောင်း၊ ကျန်ရှိ စိုးရိမ်ရ လူနာငါးဦးအနက် မလူနာနှစ်ဦးမှာ စောင့်ကြည့် အဆင့်တွင် ရှိနေပြီး သာမန်အဆင့် လူနာကျားငါးဦး၊ မခြောက်ဦး၊ စုစုပေါင်း ၁၁ ဦးမှာ မိုင်းတုံဆေးရုံတွင်ပင် ကုသဆဲ ဖြစ်ကြောင်း ယာဉ်မောင်း ဖိုးဇော်မှာ အခြေအနေ ကောင်းကြောင်း မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဦးမောင်မောင်ဌေးက ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။

ဒဏ်ရာရ လူနာများကို ၎င်းအပြင် မုံးထမြို့နယ် တာဝန်ကျ ဆရာဝန်ကြီး အပါအဝင် ဆရာဝန် နှစ်ဦး၊ နေပြည်တော်မှ ကျန်းမာရေး စီမံကိန်းဖြင့် ရောက်ရှိနေသည့် သူနာပြု ၁၀ ဦးအပါအဝင် သူနာပြု ၂၀ ဦးနှင့် လူထုမှ ဝိုင်းဝန်းကုသ ကူညီခဲ့ကြကြောင်း အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။

ယာဉ်တိမ်းမှောက် ဖြစ်ပွားရာ နားကောင်းမူး-မုံးထသွား ကားလမ်းမှာ အမြင့်ဆုံး နေရာတွင် ပေ ၅၅၀၀ ကျော် မြင့်မားသော်လည်း လမ်းလုပ်ငန်း အဖွဲ့သည် ပေ ၃၃၀၀ အထိ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ပေ ၆၅၀ ထိ လျှော့ချပြုပြင် ဖောက်လုပ်လျှက်ရှိရာ တိမ်းမှောက်ယာဉ်ပေါ်ပါ လုပ်သားများမှာ အဆိုပါလမ်းကို ပြုပြင် ဖောက်လုပ်နေသည့် အဖွဲ့မှ ဖြစ်ကြောင်း၊ လမ်းအပိုင်းများ ၉၀ ရာခိုင်နှုန်းမျှ ပြီးစီးပြီ ဖြစ်ကြောင်း လမ်းလုပ်ငန်း အဖွဲ့ထံမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်စဉ်မှ ယင်းမာပင် မြို့နယ်နေ အသက် ၂၉ နှစ်ရှိ ယာဉ်မောင်း ဖိုးဇော်ကို ယာဉ် (ပ)၁/၂၀၁၄၊ ၃၀၄(က) ဖြင့် ပုံပါကျင် နယ်မြေ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း အဆိုပါလမ်းတွင်ပင် လမ်းလုပ်သားယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့ စခန်းမှတ်တမ်းအရ သိရသည်။

The Voice Weekly

မွေးရာပါ ဗိုက်ဖေါင်းနေသည့်ကလေးငယ်၊ ဆေးကုသရေး အခက်ကြုံနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ယောစုကျေးရွာတွင် မွေးဖွားချိန်မှစတင်ပြီး ဗိုက်ဖေါင်းနေသောကလေးငယ်တစ်ဦးမှာ ဆေးကုသစရိတ်ခက်ခဲနေပြီး၊ ကျွမ်းကျင်ဆရာဝန်ကြီးများဖြင့် ပြသနိုင်
ရေးပါ ခက်ခဲနေသည့်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“မွေးရာပါလို့ပြောရမှာပါ၊ လေဖေါင်းနေတာလို့ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ဘာမှနားမလည်ပါဘူး၊ ကလေးမြို့ဆေးရုံမှာပြတော့ မန္တလေး၊ ရန်ကုန်မှာ သွားကုသဖို့ပြောပါတယ်၊ ကျွန်တော်တို့မှာ စားရေးသောက်ရေးပါ ခက်ခဲနေတာဆိုတော့၊ ဘယ်လိုမှသွားလာဖို့မလွယ်ပါဘူး၊ ကျွန်တော်တို့ကိုကယ်ကြပါ။”ဟု ကလေးငယ်၏ မိခင်ကပြောသည်။

ကလေးငယ်မှာ အသက်တစ်နှစ်နှင့်ရှစ်လရှိပြီဖြစ်ပြီး ဦးမောင်နိုင်၊ ဒေါ်ခင်ဇော်အေး၏ ဒုတိယသားငယ်ဖြစ်သည်။ စေတနာရှင်များအနေဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင် ဖုန်းနံပါတ်(၀၉-၄၉၂၇၁၅၀၆)သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သီရိမေ-ကလေးဝ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လန်ဒန်မြို့ ကောင်းကင်ယံမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်စီးကို တွေ့ ရှိ

အမျိုးအမည်မသိရတဲ့ ယာဉ်ပျံတစ်စီး လန်ဒန်မြို့ ကောင်းကင်ယံမှာ ပျံသန်းနေ တာကို မနေ့ က ၂၈ ရက်နေ့ က တွေ့ မြင် ခဲ့ရကြောင်း သိရှိရပါတယ်။ ဒါဟာ UFO တစ်စီးဖြစ်နိုင်ကြောင်း တစ်ချို့ က ခန့်  မှန်းပြောဆိုနေကြပါတယ်။

ဒီထူးဆန်းတဲ့ယာဉ်ပျံကို လန်ဒန်မြောက်ပိုင်းမှာ နေ့ လည် ၁နာရီခွဲဝန်းကျင်က တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

မျက်မြင်တွေ့ ရှိသူတွေထဲက တစ်ယောက်က ဒီယာဉ်ပျံကို ဓာတ်ပုံ အမိအရရိုက်ကူးခဲ့ပြီး Facebook ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော် နေတဲ့နေရာက လမ်းနည်းနည်းခြားတဲ့နေရာကနေ ဒီအရာဝတ္ထုကို ရိုက်ကူးခဲ့တာပါ” လို့ သူက ဆိုရှယ်နက်ဝေါ့ခ်မှာ ရေးသားခဲ့ပါတယ်။

“ ဒီ ယာဉ်ရဲ့ အရောင်က အနက်ရောင်ပါ။ ယာဉ်က လည်ပတ်ပြီး ပျံသန်းနေတာဗျ။ ဒီယာဉ် ကျွန်တော့်မြင်ကွင်းက ပျောက်ပြီး Highbury နဲ့ Islington ဘက်မထွက်သွားခင် ငါးမိနစ်စာလောက်ကို ကျွန်တော် ဗီဒီယိုရိုက်ထားနိုင်ခဲ့တယ်။ ဒါက ဘာအရာဝတ္ထုလဲတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ပထမတော့ မိုးလေ၀သပူဖောင်းထင်နေတာ။ နောက်တော့ အဲ့ကနေ အလင်းရောင်လေးကို မြင်လိုက်ရတယ်။” လို့ ပြောကြားခဲ့ကြောင်း Mirror သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
Treand Myanmar

လက်ထပ်နိုင်ဖို့ အတွက် ကိုယ်အလေးချိန် ပေါင် ၂၈၀ လျော့ချသွားမယ့် ကမ္ဘာ့အ၀ဆုံး အမျိုးသမီး


‘ ကမ္ဘာ့အ၀ဆုံးအမျိုးသမီး’ က ကိုယ်အလေးချိန်  ပေါင် ၂၈၀ ချပြီး သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြောင်း ပြောကြား လိုက်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီ ဖြစ်တဲ့ Charity Pierce ဟာ သူမနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူကောင်လေးထက် အလေးချိန်နှစ်ဆရှိပြီး ကိုယ်အလေးချိန် ၇၆၄.၄ ပေါင်နဲ့ ကမ္ဘာ့အ၀ဆုံးအမျိုးသမီးဆုကို ဆွတ်ခူးထားသူပါ။ အခုတော့ သူမရဲ့ ကိုယ်အလေးချိန် တစ်ဝက်လောက် လျော့ချဖို့ လိုအပ်နေပြီး အသက်အန္တရာယ်မရှိအောင်လို့  အစာအိမ်ဖယ်ထုတ်၊ လမ်းလွဲကြောင်းခွဲစိတ်မှု (bypass surgery) ကို ခံယူရမှာ ဖြစ်ပါတယ်။

Charity ဟာ သူမထက် အသက် ၁၆ နှစ်ကျော်ငယ်တဲ့ ၂၂ နှစ်အရွယ် ရည်းစားကောင်လေးနဲ့ လက်ထပ်ဖို့  ဆုံးဖြတ်ချက်ချထားခဲ့ပြီး သူမတို့ မင်္ဂလာဆောင်မှာ ဘုရားကျောင်းလျှောက်လမ်းထဲ လမ်းလျှောက်ဝင်နိုင်ဖို့ နဲ့  ကခုန်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

“ အိမ်ထဲမှာတော့ လက်မထပ်ချင်ပါဘူး။ မင်္ဂလာဆောင်လျှောက်လမ်းမှာ လျှောက်ချင်သေးတယ်” လို့ Charity က ရင်ဖွင့်ခဲ့ပါတယ်။

“ ကျွန်မတို့ နှစ်ယောက်လုံး Country ဂီတ ကိုကြိုက်တယ်။ ဒါကြောင့် ကျွန်မတို့ မင်္ဂလာဆောင် ၀တ်စုံကို Cowboy ဖိနပ်၊ ဦးထုပ် နဲ့ ဝတ်ဖို့ စဉ်းစားထားပြီး Tony ကိုလည်း ဂျင်းဝတ်စုံရယ်၊ Cowboy ဖိနပ်ရယ် ၀တ်ဖို့  စဉ်းစားထားတယ်”

“ ကျွန်မ လူတွေ အများကြီးဆန့် တဲ့ ခန်းမအကြီးကြီးလိုချင်တယ်။ ကျွန်မ တစ်ညလုံး က ပစ်လိုက်ချင်ပြီး အကောင်းဆုံး ပျားရည်ဆမ်းခရီးထွက်ပစ်လိုက်ချင်တယ်” လို့  သူမက မျှော်လင့်တကြီးနဲ့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၀၁ ခုနှစ်ထဲက အိမ်တွင်းလှဲနေခဲ့ရတဲ့ Charity ကို အလေးချိန်လျှော့မချနိုင်ရင် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆရာဝန်တွေက သတိပေးစကားဆိုခဲ့ပါတယ်။

“ နှလုံးဖောက်မှာ၊ သွေးစောင့်တိုးမှာနဲ့ အိပ်ပျော်နေတုန်း သေသွားမှာကို ကျွန်မ အရမ်းကြောက်တယ်။ ကျွန်မရဲ့ အိပ်မက်ကတော့ ၁၄ စတုံ (၁၉၆ ပေါင်) လောက်ရှိတဲ့ မိန်းကလေးဖြစ်ချင်တာပေါ့။ ကျွန်မရဲ့ ကြင်ယာဖက်ကိုလည်း လက်ထပ်ချင်တယ်”

“ ကျွန်မ အများကြီး မလိုချင်ပါဘူး။ ကျွန်မ ဘ၀တစ်ခု ပိုင်ဆိုင်ချင်ယုံပါ” လို့ Charity က သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။

Charity ဟာ ၅၄.၆ စတုံ နဲ့ ကမ္ဘာ့အ၀ဆုံးအမျိုးသမီးအဖြစ် စံချိန်တင်ထားသူပါ။

Ref: Mirror.co.uk

Treand Myanmar

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း ( ၅ ) ချက်

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး

ရောဂါအကြောင်း ....
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။
ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း

ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်းလွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး

ရောဂါအကြောင်း -ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။

ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟုတ်၊ မဟုတ် သေချာအောင် ဆီးထဲမှာ ဘက်တီးရီးယားပိုးရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ဆီးအိတ်ကို Cytoscope သုံးပြီး ကြည့်ရှုခြင်း။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ဖြစ်ပွားနှုန်း - အဖြစ်များပေမယ့် လူဦးရေ ဘယ်လောက်မှာ ခံစားနေရမှန်း အတိအကျမသိပါ

ရောဂါအကြောင်း - ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း

စမ်းသပ်စစ်ဆေးခြင်း - ခန္ဓာကိုယ်ကို စစ်ဆေးမှု ပြုလုပ်ခြင်း (Physical Examination)

၎။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခုနစ်သန်းနီးပါး

ရောဂါအကြောင်း - ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ်။

ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်း (လဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အပူကပ်တဲ့အခါမှာ နာကျင်မှု ပိုဆိုးတတ်ပါတယ်)

စမ်းသပ်စစ်ဆေးခြင်း - Transcervical venogram လို့ခေါ်တဲ့ အထူးစစ်ဆေးနည်းသုံးပြီး ပုံမမှန်သွေးပြန်ကြော အရွယ်အစားနဲ့ သွေးစီးဆင်းနှုန်းကို တိုင်းတာနိုင်ပါတယ်။

၅။ တာရှည် မိန်းမကိုယ်နာခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခြောက်သန်းနီးပါး

ရောဂါအကြောင်း - တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။

ခံစားရတတ်သော လက္ခဏာများ - မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။

စမ်းသပ်စစ်ဆေးခြင်း - နာကျင်မှုကို စစ်ဆေးနိုင်ဖို့ မိန်းမကိုယ်ဝကို စစ်ဆေးတဲ့ Cotton Swab test နဲ့ စစ်ဆေးလေ့ရှိပါတယ်။

Health

မြ၀တီ

အမျိုးသမီးများ အတွက် အကောင်းဆုံး အစားအစာများ

အဆီနည်းအသား

လစဉ်ရာသီလာတာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုသွေးအားနည်း တတ်ပါတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ လျော့နည်းတာဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ သံဓာတ်ကောင်းကောင်း ရရှိဖို့ အဆီနည်းအသားကို စားပေးပါ။

သင်္ဘောသီး

သင်္ဘောသီးမှာ လိမ္မော်သီးမှာထက် ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လူတစ်သောင်းသုံးထောင်ကို လေ့လာမှုအရ ဗီတာမင်စီပမာဏနည်းတဲ့ အမျိုးသမီးတွေဟာ သည်းခြေအိတ်ပြဿနာအဖြစ်များကြောင်း သိရပါတယ်။ ၁၀ အောင်စခန့် လေးတဲ့ အနေတော် သင်္ဘောသီး တစ်လုံးမှာ ဗီတာမင်စီ ၁၈၈ မီလီဂရမ်နဲ့ ၁၁၉ ကယ်လိုရီပါဝင်တဲ့အတွက် ဗီတာမင်စီ လုံလုံလောက်လောက်ရဖို့ သင်္ဘောသီးစားသင့်ပါတယ်။

ဂုန်လျှော်စေ့

မုန့်ဖုတ်သမားတွေဟာ အရသာနဲ့ အမျှင်ဓာတ်တိုးအောင် ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့ကို ထည့်သုံးတတ်ကြပါတယ်။ ဂုန်လျှော်စေ့မှာ Lignan လို့ခေါ်တဲ့ အီစထရိုဂျင်နဲ့ တူတဲ့ ဓာတ်များများ ပါဝင်တဲ့အတွက် ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ရင်သားကင်ဆာရှိသူ အမျိုးသမီးတွေမှာလည်း ဂုန်လျှော်စေ့ပါတဲ့ အစာစားရင် ရင်သားကင်ဆာ အကျိတ်ကြီးထွားနှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ Lignan ဓာတ်ရဖို့ နံနက်စာကွေကာမှာ ဂုံလျှော်စေ့ ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်စားပေးနိုင်ပါတယ်။

တိုဟူး (Tofu)

ပဲပိစပ်ပါတဲ့ အစားအစာတွေဟာ ကိုလက်စထရော ကျစေခြင်း၊ သွေးဆုံးချိန်ပူနွေးမှုများ လျော့ကျစေခြင်းနဲ့ အရိုးသန်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး တစ်နေ့မှာ Isoflavone ၉၀ မီလီဂရမ်စားပေးရင် အရိုးအတွက် အကျိုးကျေးဇူး ရရှိစေပါတယ်။

အစိမ်းရောင်ဟင်းရွက်

ဗီတာမင်ကေ ပေါကြွယ်ဝတဲ့ အစားအစာကို အလုံအလောက်စားတဲ့ (တစ်နေ့ ၁၀၉ မိုက်ခရိုဂရမ်) အမျိုးသမီးတွေဟာ အလုံအလောက် မစားသူတွေနဲ့ ယှဉ်ရင် ၁၀ နှစ်အတွင်း တင်ပါးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းကြောင်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ရေကညွတ်၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ စိမ်းစတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေများစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ လိုအပ်တဲ့ ဗီတာမင်ကေ ပမာဏရဖို့ တစ်နေ့မှာ အစိမ်းရင့် ဟင်းရွက်ခွက်တစ်ဝက်စာ စားပေးပါ။

Mg Mandalay

ဆော်ဒီအာရေဗျ နိုင်ငံတွင် MERS ဗိုင်းရပ် ကူးစက် ပြန့်ပွားမှုအတွက် WHO က ကူညီမည်

မက္ကာ ၊ ၂၉-၄-၂၀၁၄

ဆော်ဒီအာရေဗျ နိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါပိုး Middle East respiratory syndrome coronavirus ( Mers-CoV) မားစ်ကိုရိုနာ ဗိုင်းရပ် ကူးစက် ပြန့်ပွားမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ယနေ့ အချိန်အထိ ရောဂါပိုး ကူးစက်ခံရသူ ၃၃၉ ဦးရှိပြီး ၄င်းတို့အနက် သေဆုံးသူ ၁၀၂ ဦး ရှိပြီ ဖြစ်ကြောင်း ဆောဒီ ကျန်းမာရေး ၀န်ကြီးဌာန က သတင်း ထုတ်ပြန်သည်။

Mers-CoV ကို ၂၀၁၂ ခုနှစ် စက်တငဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဆော်ဒီတွင် ရောဂါ ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားခဲ့ကာ ကျန်းမာရေး ၀န်ထမ်းများက အဆိုပါ ရောဂါပိုးကို ကာကွယ် တိုက်ဖျက်နိုင်ရန် အပြင်းအထန် ကြိုးပမ်း နေရကြောင်း သိရသည်။

ယမန်နှစ်တွင် Mers-CoV ကူးစက် ပြန့်ပွားသည့်နှုန်း ကို မထိန်းချုပ် နိုင်ခဲ့သဖြင့် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ အဘဒူလာဘင် အဘဒူလာဇစ် ရာထူးမှ နုတ်ထွက် ခဲ့ရသည်။ ဆော်ဒီ အာဏာပိုင် များက ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO ထံ အကူအညီ တောင်းခံထားပြီး ဧပြီလ နောက်ဆုံးပတ်တွင် WHO မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ဆော်ဒီနိုင်ငံ သို့ ရောက်ရှိ အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကလည်း ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက ဆော်ဒီနိုင်ငံ သို့ လာရောက်ကာ Mers-CoV ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ် သွားရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

Mers-CoV ဗိုင်းရပ် ကူးစက်လျှင် အအေးမိ သကဲ့သို့ ရောဂါ လက္ခဏာများကို တွေ့မြင်ရပြီး အသက်ရှူ လမ်းကြောင်းကို ဆိုးရွားစွာ ထိခိုက် ပျက်စီးစေကာ အဖျားတက်ခြင်း ၊ ချောင်း အဆက်မပြတ် ဆိုးခြင်း ၊ အသက်ရှူ မ၀ခြင်း ၊ နမိုးနီးယား ဖြစ်စေခြင်း ၊ ကျောက်ကပ် ပျက်စီးခြင်း တို့ကို ဖြစ်စေနိုင်ကြောင်း သိရသည်။

Mers-CoV သည် အာရေဗျ ကျွန်းဆွယ်တွင် စတင် ဖြစ်ပွားခဲ့ သော်လည်း ဥရောပ နိုင်ငံများ ၊ မြောက်အာဖရိက တိုက်နိုင်ငံများ အထိ ကူးစက် ပြန့်ပွားကာ လူသေဆုံးမှု ရှိနေသည့် အတွက် ဆော်ဒီ နိုင်ငံအတွင်း Mers-CoV ဗိုင်းရပ် ကူးစက်ခံရ သူများ အားလုံးကို သီးသန့် ထားရှိကာ ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ် ထားရှိပြီး ကုသမှု ကိုလည်း ကြိုးစား ဆောင်ရွက် နေကြောင်း သိရသည်။ (TMK)

Themyawadydaily

ကော်ဖီပုံမှန်သောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်

နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ကော်ဖီပုံမှန်သောက်ခြင်းသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သင့်တင့်မျှတသည့် ပမာဏမျှ ကြီးကြီးမားမား ဖြစ်နိုင်ခြေမျိုးထိ လျှော့ချနိုင်သော ကောင်းကျိုးရှိကြောင်း သိရှိရသည်။ အမေရိကန်မှ သုတေသီများက ကော်ဖီကြိုက်နှစ်သက်သူများအတွက် ကျေနပ်နှစ်သိမ့်စရာ သတင်းကောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

လူပေါင်း (၁၂၀၀၀၀)၏ နေ့စဉ် ပုံမှန်နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို ဆက်စပ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အနည်းအများကို ခြေရာခံ လေ့လာခဲ့ရာ ယခုရလဒ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက်ခွဲစာမျှ ပုံမှန်သောက်သုံးသူသည် (၄)နှစ်မျှ အကြာတွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၁၁)ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်းသွားကြောင်း သိရှိရသည်။ အဆိုပါ သက်ရောက်မှုသည် Type 2 ဆီးချိုအမျိုးအစားအတွက် ဖြစ်သည်။ အဆိုပါ သုတေသန အဖွဲ့က Diabetologia ဆေးပညာ ဂျာနယ်တွင် ယင်းအချက်အလက်များကို ဖော်ပြခဲ့ပြီး “တကယ်လို့ တစ်နေ့ကို ကော်ဖီနှစ်ခွက်လောက် ပုံမှန်သောက်ခဲ့မယ် ဆိုရင်တော့ ရေရှည်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို (၁၈)ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ပါလိမ့်မယ်”ဟု ထောက်ခံခဲ့သည်။

“ကော်ဖီ သောက်သုံးမှု အလေ့အထကို ပြောင်းလဲလိုက်တဲ့အခါ ဆီးချိုဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အတည်ပြု ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု ယခုစစ်တမ်းတွင် ပါဝင်လေ့လာသည့် ဟားဗက်ဆေးကျောင်းမှ သုတေသီ ရှီလ်ပါ ဘူပါသီရာဂျူက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းသို့သော ကောင်းကျိုးသက်ရောက်မှုမျိုးသည် ကာလရှည်ကြာ ကော်ဖီစွဲသောက်ခဲ့သူများတွင်သာ ပိုမိုထင်ရှား ပေါ်လွင်နေကြောင်းလည်း ပညာရှင်များက ယုံကြည်ထားသည်။ တစ်နေ့လျှင် ကော်ဖီ(၃)ခွက်အထက် သောက်သုံးသူများမှာမူ ဆီးချိုဖြစ်နိုင်ခြေကို အမြင့်ဆုံး လျှော့ချနိုင်ပြီး Type 2ဆီးချိုရောဂါ စွဲကပ်နိုင်မည့် အလားအလာ (၃၇)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရှိရသည်။

Myawady News

မင်းသမီး ဆုပန်ထွာရဲ့ စေ့စပ်ကြောင်းလမ်းခြင်း သတင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ သတင်းစာပါ ကြော်ငြာတခု

အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ ရုပ်ရှင် မင်းသမီး ဆုပန်ထွာရဲ့ စေ့စပ်ကြောင်းလမ်းခြင်း သတင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ သတင်းစာပါ ကြော်ငြာတခု


အီရတ်တွင် အသေခံ ဗုံးခွဲ၊ လူ ၃၀ သေဆုံး

အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ အရှေ့မြောက်ပိုင်း ခါနာချင်မြို့မှာ ကာဒစ်ရှ်မွတ်စလင်တွေက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူအယောက် ၃၀ သေဆုံးခဲ့ပြီး လူအယောက် ၅၀ လောက် ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကာ့ဒ်လူမျိုးတွေဟာ ကာ့ဒ်လူမျိုး အီရတ်သမ္မတ ဂျလဲလ် တာလာဘာနီရဲ့ ရုပ်သံထုတ်လွှင့်မှုကို အောင်ပွဲခံနေခဲ့တာပါ။ သမ္မတဟာ ဂျာမနီနိုင်ငံမှာ ဆေးကုသခံနေရင်း မဲထည့်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်သူက ကာဒစ္စတန် သူရဲကောင်းသမဂ္ဂရဲ့ ဌာနချုပ်နားက လူအုပ်ကြားထဲကို ၀င်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။

အဲဒီ ရဲအရာရှိရဲ့ ညီဖြစ်သူဟာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အီရတ်နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ၂ ရက် အလိုမှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာ ပါ။

By ဒီဗွီဘီ

ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူသတ်မှုဖြစ်

ရန်ကုန်၊ ဧပြီ ၂၉

၂၈.၄.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာအရှေ့ဘက် လယ်ကွင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ အကြောင်း ကြားလာသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဦးရဲနိုင်၏နေအိမ်တွင် လယ်သူရင်းငှားလုပ်သူ ဦးအေးငြိမ်း၊ (၅၂)နှစ်ဖြစ်ကြောင်းသိရှိရပြီး လယ်ကန်သင်းရိုးဘေးတွင် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာ(၂)ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ဦးအေးငြိမ်းသေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းအရေးယူပေး ပါရန် ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးမှ တိုင်တန်းလာ သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်နယ်မြေရဲစခန်း
(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Lazer World ကုမ္ပဏီ မှ တရားစွဲဆိုခြင်း အပေါ် အဆိုတော် Cobra ၏ ဖြေရှင်းချက်

Lazer World ကုမ္ပဏီတွင် Presenter အဖြစ် လုပ်ကိုင်ခဲ့ဖူး သော မဆုဆုအောင် ၏ ဇာတ်ညွှန်း မိတ္တူ အမှုကိစ္စ အတွက် ကြားလူ တစ်ယောက် အနေဖြင့် ဖေ့စ်ဘုတ် တွင် ဖြစ်စဉ်အား ရေးသားတင်ပြခဲ့ သည့် တေးသံရှင် Cobra ကို Lazer World ကုမ္ပဏီ မှကျောက်တံတား ရဲစခန်းတွင် ဧပြီ ၉ရက်နေ့က (ပ) ၁၄၄/၁၄ ပုဒ်မ ၃၄(ဃ)/ ၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး တေးသံရှင် Cobra က “တကယ် တမ်းပြောရင်ဖေ့စ် ဘုတ်က မြန်မာနိုင်ငံက ထောင်ထားတာ မဟုတ်သလိုကိုယ့် Wall ပေါ်မှာ ဘယ် သူ မဆို ဝင်ရေးကြတာပဲ။ လူ တိုင်းလည်း ရေးနေကြတာ။ အဲဒီလို သာလုပ်မယ် ဆိုရင်မြန်မာ တစ်နိုင်ငံ လုံးက လူတွေတောင် အကုန်ထောင် ထဲ ထည့်ထားလို့ရတယ်။ ကျွန်တော် ရေးတာကလည်း ဘာရည် ရွယ်ချက်မှ မရှိဘူး။ ရှင်းရှင်းပြောရရင် ကိုအောင်ကြူဟိန်း နဲ့ ကျွန်တော် နဲ့ ကြားမှာ လည်း ဘာမှပြဿနာ မရှိဘူး။ အမြင် မတော်တဲ့ ကိစ္စလေးကို ကူညီနိုင်တဲ့ သူတွေ့သွားရင် အဆင်ပြေ သွားအောင်လို့ပါ။ ဒီအမှု ကိစ္စမှာ လုံးဝမတရားဘူး ထင်လို့ ဝင်ပြီးတော့ ပါပေးတာ။ နောက်ပြီး တော့ ဒီ ကောင် မလေး ကို ဒီလောက် ကိစ္စလေး နဲ့ ချုပ် ထားတယ် ဆိုတာကလည်း မဖြစ် သင့်ဘူး။ ကျွန်တော်လည်း ရုပ်ရှင် လောကက လူတွေ နဲ့ ဒီလောက် ခင်နေတာ။ ဒီဇာတ်ညွှန်း ကိစ္စက ဒီလောက်ကြီးလည်း မဟုတ်ဘဲနဲ့ အချုပ်ထဲကို မရမက အတင်း ထည့်တယ် ဆိုတာ အဲဒါ ကြီးက မဖြစ်သင့်ဘူးလေ။ အခုကျတော့ ကျွန်တော်ရယ်၊ တရား ခံ ကောင်မလေးရယ် ကျွန် တော့်မိတ်ဆွေ တစ်ယောက်ရယ် သူလည်း ကျွန်တော့် လိုပဲ။ ကိုအောင် ကြူဟိန်း ကို သွားပြီး မေတ္တာ ရပ်ခံတာ။ သူ့ကိုလည်း တရား စွဲထား တယ်။ ၃ယောက် စွဲထားတယ်”ဟုရှင်းလင်း ပြောပြသည်။
ယခုလို တရားစွဲ ဆိုခံ ရသည့် အတွက် တစ်ကိုယ်တော် အခွေ အတွက် ပြင် ဆင်နေသော တေးသံ ရှင် Cobra အနေဖြင့် ကြန့်ကြာမှု များရှိကြောင်း၊ စိတ် အနှောင့်အယှက် လည်းဖြစ်မိကြောင်း ကို “အမှန် အတိုင်းပြောရရင် ကျွန်တော် က ရုံး တွေဘာတွေ သိပ် မသွားချင်ဘူး။ အဲဒီတော့ အောက်မှာ ပဲ ဖြတ်လို့ရ ရင် ဖြတ်မယ်။ ကျွန်တော့်ရှေ့နေ ကလည်း ပြောတယ်။ ရုံးသွားတော့ ဘာဖြစ် လဲ ဆိုတော့ တကယ်တမ်းဒီ အမှုက ရုံးပေါ်ရောက်လည်း ပယ် လိုက်မှာပဲ။ ဒီအမှုက တကယ်တမ်း ကျွန်တော့်ကို ဘာမှတော့ လုပ်လို့ မရ ဘူးပေါ့။ ဒါပေမဲ့ စိတ်အနှောင့် အယှက်တော့ ဖြစ်တာပေါ့။ သူ့အနေ နဲ့ အဲဒီလောက်ဖြစ်လည်း နည်းလား ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ကဲ အဲဒါ ဆိုလည်း လုပ် ပါလေ့စေ။ ဖြစ်သင့် တာက အောင်ကြူဟိန်း ကို ပြောတာဖြစ်တဲ့ အတွက် အောင်ကြူဟိန်း နာမည် နဲ့ပဲ တရားစွဲရမှာ။ ဒါပေမဲ့ သူ့ရဲ့ ဝန်ထမ်း အမျိုးသမီး တစ်ယောက် နာမည် နဲ့ စွဲ ထားတယ်။ အမှန်တကယ်က ကိုအောင်ကြူဟိန်း နာမည်နဲ့ စွဲရ မှာပေါ့”ဟု Cobra က ဆိုသည်။
Cobra နှင့် ခင်မဉ္ဇူခိုင် တို့၏ သမီးငယ်လေး မှာလည်း ၂လအ ရွယ်သို့ ရောက် ရှိနေပြီး အိမ်နာမည် ကို Cara ဟု ချစ်စနိုး အမည်ပေးထား ကြောင်း သိရှိ ရသည်။ သမီးလေးနှင့် ပတ်သက်ပြီး လည်း ဖခင်ဖြစ်သူ Cobra က”စိတ်ကူးလေးတွေ ကတော့ အများကြီးပေါ့။ ဖြစ်နိုင်ရင် အကုန် လုံး လုပ်ပေး ချင်တယ်။ ပညာရေး က အစ အနု ပညာကိုလည်း ဝါသနာ ပါရင် လုပ်ပေးမယ်။ အခု လောလောဆယ် ကတော့ ရက် ၁ဝဝပြည့် နဲ့ နာမည်ပေး ကင်ပွန်း တပ်ပွဲလေး လုပ်ဖို့ တော့ စဉ်းစား ထားပါ တယ်” ဟု ပြောသည်။
P069

Popular Journal

ရဲတိုက် ရဲ့ ဇာတ်ကားတွေ ကို ဈေးနှိမ်ဝယ်ယူ လျက်ရှိနေ

သရုပ်ဆောင် ရဲတိုက်ရဲ့ ဗီဒီယို ဇာတ်ကားတွေကို အတွေးအခေါ် ပါတဲ့အတွက် နားမလည်ဘူး ဆိုပြီး ဈေးနှိမ် ဝယ်ယူနေကြတာမို့ အရှုံးခံကာ ဈေးကွက် အ တွင်း ဖြန့် ချိရောင်း ချနေရကြောင်း ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော်က ဖွင့်ဟပြောပြသည်။

“မင်းသားသစ်ဆိုပြီးတော့ နယ်ဈေးကွက်တွေ ကလည်း ဈေးနှိမ်ပြီးတော့ ဝယ်ကြ တယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေး ကလည်း ကိုယ်တင်ပြချင် တာတွေကို ပြတာဖြစ်တဲ့ အတွက် အရှုံးခံ ပြီးတော့ပဲ ဇာတ်ကားတွေ ကို ဖြန့်ခဲ့တယ်။ နယ်ဈေးကွက် မှာလည်း အနှိမ်ခံရတယ်။ ဇာတ်ကားတွေက အတွေးအခေါ် ပါတဲ့ အတွက် နားမလည်ဘူး ဆိုပြီး တော့ ဈေးနှိမ်ပြီး ဝယ် တယ်။ အဲဒီတော့ အရှုံးခံပြီး ရောင်းရတယ်။ ရဲတိုက်လည်း သရုပ်ဆောင် ခ ကောင်းကောင်း မရရှာပါဘူး။ အပြင် ထုတ်လုပ်ရေး နဲ့ ရိုက်မှသာ ပိုက်ဆံလေး ဘာလေးရတယ်။ ရတဲ့ ပိုက်ဆံလေးတွေ ကိုလည်း သူက လှူချင် တန်းချင်၊ ပေးချင် ကမ်းချင်တဲ့ ဆန္ဒကများတော့ တွေ့တဲ့နေရာမှာ တွေ့ သလို လှူဒါန်းတယ်။ တခြား မင်းသားတွေလိုမျိုး ပိုက်ဆံ ကောင်းကောင်း မရပါဘူး။ သူ့ရဲ့နှလုံးသား က နူးညံ့တယ်။ ထိခိုက်ကြေကွဲ လွယ်တယ်။ သူက အဲဒီလို လူမျိုးပါ”လို့ ဦးမျိုးဇော်က ရှင်းပြသည်။

ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေး အနေဖြင့် လက်ရှိအချိန် အထိ သရုပ်ဆောင် ရဲတိုက်နှင့် ဇာတ်ကားပေါင်း ၄၆ ကားအထိ ရိုက်ကူး ပြီးစီးခဲ့ပြီး “နတ္ထိ ဟင်းလင်းပြင်” ဆိုသည့် ဇာတ်ကား ကို ရန်ကုန် ဈေးကွက် အတွင်း ဖြန့်ချိရန် ကျန်ရှိနေကြောင်း၊ ရဲတိုက် အမှုတွေ အားလုံး ရင်ဆိုင်ပြီး နောက်ပိုင်း မှာလည်း ရဲတိုက်နှင့် ပြန်လည် လက်တွဲပြီး ရုပ်ရှင် ဇာတ်ကားကြီးများ ရိုက်ကူး ထုတ် လုပ် သွားမှာဖြစ်ကြောင်း ဆာတိုရီ ထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော် က ပြောပြသည်။

ထက်လူလူ
Popular Journal

အမျိုးသမီးအင်္ဂါထဲ သေနတ်ဖွက်ယူလာတဲ့ ဆယ်ကျော်သက်မိန်းကလေး

အသက် ၁၉ နှစ်အရွယ် Dallas Archerဆိုသူ မိန်းကလေး တစ်ယောက်ကို ဆိုင်းငံ့ ထားတဲ့ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင် မှုနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

Tennessee ပြည်နယ်၊ Kingsport မြို့ သူ Archer ကို ထောင်မိန့် ချပြီးနောက် အမျိုးသမီးထောင်အရာရှိ တစ်ယောက်က ရှာဖွေစစ်ဆေးခဲ့ရာ ပေါင်ခြံကြားက အမည်မသိအရာဝတ္ထုတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။

ထောင်မှူးနဲ့ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်က သူမကို သန့် စင်ခန်းဆီခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ Revolver သေနတ်တစ်လက်ကို သူမရဲ့ မိန်းမအင်္ဂါအတွင်းက တွေ့ ရှိခဲ့ကြောင်း သိရှိရပါတယ်။

လေးလက်မအရွယ်ရှိတဲ့ Revolver သေနတ်ကို ၂၀၀၃ ခုနှစ်က အသက်ကြီးအမျိုးသားတစ်ယောက်ရဲ့ ကားထဲကနေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်ပိုင်ရှင် အသက် ၇၀ အရွယ် John Souther က သေနတ်လေးကို ပြန်လည် တိုက်ချွတ်ပြီးမှ ပြန်ယူချင်တယ်လို့ ဆိုပါတယ်။

The Smoking Gun သတင်းဌာနရဲ့ အဆိုအရ Archer ကို သေနတ်လက်ဝယ်ထားရှိမှု ၊ အကျဉ်းထောင်ထဲ တားမြစ်ပစ္စည်း ခိုးသွင်းမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Archer ကို အာမခံဒေါ်လာ ၆၀၀၀ နဲ့ အချုပ်ထောင်ကနေ လက်ရှိလွှတ်ပေး ထားကြောင်း ထောင်အာဏာပိုင် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

တရားဝင်ရဲမှတ်တမ်းမှာ “ Ms.Archer ကို ရေချိုးခန်းတွင် ထောင်မှူးက စစ်ဆေးခဲ့ရာမှာ NAA 22 LR revolver အသေးစားတစ်လက်ကို Ms Dallas ရဲ့ မိန်းမအင်္ဂါအတွင်းကနေ ကျည်ဖြည့်ထားလျက်နဲ့ တွေ့ ရှိခဲ့ရတယ်” လို့  ဖော်ပြထားပါတယ်။

Ref: Mirror.co.uk
Tewand Myanmar

အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ

အချစ်နဲ့တွေ့တဲ့အခါ စိတ်ခံစားမှုတွေ ပြောင်းလဲလာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပြောင်းလဲသွားပါတယ်။

မြင်မြင်းချင်း ချစ်သွားမျိုးက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ငြင်းခုန်ကြတဲ့အခါ Sexual Medicine ဂျာနယ်မှာတော့ မြင်မြင်ချင်းချစ်တာမျိုးက ဖြစ်နိုင်တယ်လို့ ဆိုထားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ချစ်သွားတတ်တယ် လို့လည်း ဖော်ပြထားပါတယ်။

၂။နှလုံးခုန်တာ နှေးသွားတတ်ပါတယ်။

အချစ်နဲ့ထိတွေ့နေသူတစ်ယောက်ဟာ ဟော်မုန်းအပြောင်းအလဲ ရှိကိုရှိပါတယ်။ ဒါဟာ သွေးဖိအားနဲ့နှလုံခုန်နှုန်းတွေနဲ့လည်း ဆက်စပ်တာပါ။

၃။အိပ်မပျော်တဲ့ ပြဿနာလေးတွေ ရှိလာပါတယ်။

လွမ်းရ၊ ဆွေးရတာတွေ၊ ကိုယ့်ရဲ့စိတ်ဆန္ဒတွေကြောင့် ညအိပ်မပျော်တာမျိုးတွေတောင် ဖြစ်လာတတ်ပါတယ်။

၎။သ၀န်တိုတတ်လာပါတယ်။

ကိုယ့်ချစ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနေတာကို မြင်လိုက်တာနဲ့ သ၀န်တိုလာတတ်ရော။ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ စာတမ်းတွေမှာ ဖော်ပြထားတာကတော့ အချစ်ကြောင့် သူ/သူမဟာ ကိုယ့်ရဲ့လက်တွဲဖော်ကို အလွန်အကျူးကာကွယ်ပေးတာမျိုးတွေတောင် ဖြစ်လာပါသတဲ့။

၅။အရာရာတိုင်းဟာ ချိုမြိန်နေပါတယ်။

အမေရိကန်စိတ်ပိုင်းဆိုင်ရာ အသင်းအဖွဲ့ကတော့ ချစ်သူနဲ့အဆင်ပြေနေတဲ့သူတွေဟာ အရာရာတိုင်းကို ချိုမြိန်တယ်လို့ ခံစားမိကြပြီး စားနေ၊ သောက်နေတဲ့ အစားအစာတွေကိုတောင် ပိုမိုအရသာရှိတယ်လို့ ခံစားတတ်ကြပါသတဲ့။

၆။ပိုမိုချိုသာတဲ့ အသံနဲ့ ဖုန်းပြောတတ်လာတယ်။

ကိုယ့်ချစ်ရသူနဲ့ ဖုန်းပြောပြီဆို ဘယ်သူမဆို ချိုချိုသာသာလေးပဲ ပြောဆိုတတ်ကြပါတယ်။ ဒါကလည်း လေ့လာမှုတွေထဲက တစ်ခုပေါ့။

၇။သင့်ရဲ့အရိုးတွေဟာ ပိုမိုသန်မာလာပါတယ်။

လေ့လာတွေ့ရှိမှုတွေထဲက တစ်ခုကတော့ အိမ်ထောင်ရေးသာယာတဲ့ အတွဲတွေဟာ ပိုမိုကောင်းမွန်ပြီး သန်မာတဲ့ အရိုးတွေပိုင်ဆိုင်လာကြပါသတဲ့။

Ref:womenshealthmag.com
Trend Myanmar

အမျိုးသမီးအချင်းချင်း လိင်တူဆက်ဆံရင်လည်း HIV ကူးနိုင်

အမျိုးသမီး အချင်းချင်း လိင်တူဆက်ဆံစဉ် HIV ပိုးကူးစက်ခံရသော ဖြစ်ရပ်တစ်ခုကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည် နယ်တွင် တွေ့ရှိရသောကြောင့် အမျိုးသမီး အချင်းချင်းလည်း HIV ကူးစက်နိုင်ကြောင်း အမေရိကန် ကျန်းမာရေး အရာရှိများက ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း တက္ကဆက်ပြည်နယ်တွင် ခြောက်လခန့် အတူနေထိုင်ခဲ့သည့် အမျိုးသမီးအချင်းချင်း HIV ကူးစက်မှုကိုတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးတွင် HIV ရှိပြီး ကျန်တစ်ဦး၌ HIV ကင်းစင်ခဲ့သည်။ လိင်ဆက်ဆံမှုပြုစဉ် အကာအကွယ်ပစ္စည်း တစ်စုံတစ်ရာ မသုံးခဲ့ဘဲ ဒဏ်ရာအနာတရ ဖြစ်မှုမှ တစ်ဆင့် HIV ကူးစက်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။

HIVကူးစက်ခံရသည့် အမျိုးသမီးတွင် ကူးစက်ခံရနိုင်သည့် အခြားနည်းလမ်း တစ်စုံတစ်ရာမတွေ့ရဘဲ အတူနေသူ အမျိုးသမီးထံမှသာ ကူးစက်ခံရနိုင်ဟု ကျန်းမာရေးအရာရှိများက ဖြေကြားသည်။ အမျိုးသမီးအချင်းချင်းလိင်ဆက်ဆံသည့်အခါ HIVကူးစက်ရန်အလားအလာ နည်းသော်လည်း ရာသီသွေး၊ ယောနိတွင်း သဘာဝအရည်များနှင့် ထိခိုက်ဒဏ်ရာတစ်ခုခုထိတွေ့မိသည့်အခါ HIV ကူးစက်နိုင်သည်။

အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံသော စုံတွဲများအပါအ၀င် စုံတွဲတိုင်း HIV ပိုးကူးစက်မခံရစေရန် အကာအကွယ်နည်းလမ်းများအသုံး ပြုသင့်ကြောင်း အထက်ပါဖြစ်ရပ်ကို ရှာဖွေဖော်ထုတ်သူ သုသေတီများက ဆိုသည်။ HIV ပိုးပါဝင်နိုင်သော သွေး၊ ကိုယ်တွင်းရည်တို့ကို အရေ ပြားဒဏ်ရာ၊ ခံတွင်းနှင့်မျိုးပွားအင်္ဂါ ဒဏ်ရာများနှင့် ထိတွေ့မှုမရှိစေရန် ဂရုပြုသင့်သည်။

အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (CDC) ၏ မတ်လ (၁၃) ရက်နေ့ ထုတ်စာစောင်တွင် အဆိုပါသတင်းဖြစ်ရပ်ကို ဖော်ပြထားပြီး ဓမ္မတာအတိုင်း လိင်ဆက်ဆံမှု၊ ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုများတွင် HIV ပိုးမကူးစက်စေရန် အကာအကွယ်သုံး သင့်ကြောင်းCDC က တိုက်တွန်းထားသည်။

ဇော်ကို
Ref:NMD
Health Updates Journal

ဆင်ရိုင်းတစ်ကောင်မှ အစွယ်ဖြင့် ထိုးသတ်၍ ရွာသား(၂)ဦးသေဆုံး

နေပြည်တော်၊ ဧပြီ ၂၅

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပလူဇ၀ကျေးရွာ ချောင်းစပ်အနီးတွင် မည်သည့်အရပ်မှဝင်ရောက်လာမှန်းမသိသော ဆင်တစ်ကောင်ရောက်ရှိလာရာ ရွာအတွင်းသို့ဝင်ရောက်မှုမရှိစေရေး ရွာသူ/သားများမှ ၀ါးများအား မီးရှို့ပြီး အော်ဟစ်ခြောက်လှန်မှု့များပြုလုပ်ခဲ့သဖြင့် ၎င်းဆင်မှာ ကလေးဝ-မော်လိုက်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါဆင်မှာ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးဝ- မော်လိုက်ကားလမ်းဘေး၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာအနီးရှိ ဦးအဲညီထွေး(၄၀)နှစ်၏နေအိမ် အတွင်းသို့ဝင်ရောက်၍ ဦးအဲညီထွေးအား အစွယ်ဖြင့်ထိုးသတ်ခဲ့ကာ ကားလမ်းအတိုင်း မော်လိုက်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၇ နာရီအချိန် မန်ဖာလေးကျေးရွာအနီး၊ ကားလမ်းဘေးရှိ ဦးဘသောင်း(၈၂)နှစ်၏လယ်တဲအားဖျက်ဆီး၍ ဦးဘသောင်းအား အစွယ်ဖြင့်ထိုးသတ်သွားခဲ့ကြောင်း သ   တင်းအရ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာန/မြို့နယ်သစ်တော ဦးစီးဌာနမှဝန်ထမ်းများနှင့် ကလေးဝပြည်သူ့ဆေးရုံမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆင်အား တောနက်ထဲသို့မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မိုးကုတ်တွင် ရှို့မီး လောင်ကျွမ်းမှု ၂ ကြိမ်ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး  မိုးကုတ်မြို့နယ်မှာ ခုရက်ပိုင်းအတွင်း လူနေအိမ်တွေကို  မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မိုးကုတ်မြို့နယ်  အောင်နန်းရပ်ကွက်က လူနေအိမ်တလုံးနဲ့ မြို့မရပ်ကွက်က နေအိမ် ၂ လုံးမှာ ဒီရက်ပိုင်းအတွင်း  အမည်မသိလူတွေရဲ့ မီးရှို့မှု ၂ ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက်  ရပ်ကွက်နေပြည်သူနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီငြိမ်းသတ်ခဲ့ရ ပါတယ်။

ဧပြီ ၂၁ ရက်နေ့က  အောင်နန်းရပ် ကွက်မှာ ဆေးခန်းနဲ့ ပူးတွဲဖွင့်ထားတဲ့ နေအိမ်ကို  မီးရှို့ခဲ့တာဖြစ်ပြီး မြို့မရပ်ကွက်က နေအိမ်ထဲမှာတော့ ဧပြီ ၂၄ ရက်နေ့က မီးရှို့မှု ဖြစ်ပွားခဲ့တာပါ။

မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးသာဌေးကတော့ ရှို့မီး ၂ အနက် ၁ ခုက  အ၀တ်စုတ်ကို ဓာတ်ဆီလောင်းမီးရှို့တာဖြစ်ပြီး ကျန်တခုကတော့ ဖယောင်းတိုင်နဲ့ ဂျပ်စက္ကူကို မီးရှို့တာဖြစ်ကြောင်းနဲ့ မီးလောင်မှု ထပ်မဖြစ်စေဖို့ ညဘက်မှာ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မီးရှို့သူတွေကို ဖမ်းဆီနိုင်ခြင်းမရှိသေးသလို  ဘာကြောင့် မီးရှို့ရတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မြို့မရပ်ကွက်မှာ နေထိုင်တဲ့  ဦးပါလေးကတော့ မီးလောင်မူဖြစ်ခဲ့တဲ့နေရာက မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး မီးလောင်မှုဟာ ဘာသာရေးပဋိပက္ခကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးကုတ်မြို့ မြို့မရပ်ကွက်မှာ  ယခင်ကလည်း လူငယ်ချင်းစကားများရာက မီးရှို့မှုတခု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုမီးရှိုမှုတွေမှာတော့ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

  By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

အပြည့်အစုံ အသံဖိုင်နားဆင်ရန်




အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်မှ အနားယူမည်

၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုလို ပြန်လည်အရွေးချယ်မခံချင်တာဟာ တခြားဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကိုပဲ အချိန်ပေးပြီး လုပ်ချင်လို့ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးလူမင်းက ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်နေ ရာ ရွေးချယ်ပွဲကိုတော့ ဘယ်အချိန်မှာ စမယ်ဆိုတာ မသိရသေးပါဘူး။

ဒါရိုက်တာကြည်စိုးထွန်း ကတော့ ရုပ်ရှင်လောက အလွှာအသီးသီး က ကော်မရှင် အဖွဲ့တွေ ခေါ်ထားတဲ့ အဆင့်ပဲရှိသေးပြီး နာယကတွေ နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ အများဆန္ဒပဲ သွားမယ်လို့ ပြောပါတယ်။

မဲပေးမယ့် လူစာရင်းတွေ၊ အရွေးချယ်ခံပိုင်ခွင့် ရှိတဲ့လူစာရင်းကိုလည်း အများသဘောတူ ရွေးချယ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်ရဦးမှာဖြစ်သလို အဲ့ဒီစာရင်းတွေကိုလည်း အသိးပေးကြေညာသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နေရာအတွက် အချိန်ပေးနိုင်တဲ့၊ တက်ကြွတဲ့ လူတွေ ဖြစ်နိုင်ရင်တော့ ကောင်းတယ်လို့ ဦးကြည်စိုးထွန်းက ပြောပါတယ်။

အလားတူ ဒါရိုက်တာကြည်ဖြူသျှင်ကလည်း အမှုဆောင်သစ် ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် ရုပ်ရှင်လောကအတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တဲ့ လူမျိုး ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသား အများစုရဲ့ ဆန္ဒနဲ့ ၂၀၁၂ ဧပြီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ဦးလူမင်းမတိုင်ခင် ဦးဇင်ဝိုင်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

 By သာနိုးဝေ(ဒီဗွီဘီ)

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



၁၃၇၆ လူထုရပ်ဝန်းဟောကိန်း – စံ-ဇာဏီဘို

    စာပေအနုပညာ လောကတွင် အဓိက အထင်ကရ အနုပညာရှင်ကြီးများ ကြွေလွင့်ကြလိမ့်မည် စာနယ်ဇင်း မီဒီယာသမားများ ဖမ်းဆီးချုပ်နှောင် ခံရလိမ့်မည် စာပေလောက အကျပ်အတည်းကြုံမည် ယတြာမရှိ

4မဟာသင်္ကြန် နှစ်သစ်ကူးပြောင်းမှု အယူအဆအရ နတ်ပြည်တွင် တည်ရှိသော ဗြဟ္မာ့ဦးခေါင်းကို နတ်သမီးတို့ အလှည့်ကျ တာဝန်ယူ ထိန်းသိမ်းရသည်။ အလှည့်စေ့၍ နတ်သမီး တစ်ပါးမှသည် အခြားနတ်သမီးထံသို့ ဗြဟ္မာ့ဦးခေါင်း လက်ပြောင်း လက်လွှဲသော ကာလကို အချိန်ကာလ တစ်နှစ်တာဟု သတ်မှတ်သည်။ ကညာဒေ၀ီ နတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား ““အာသီ””အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် စံသီနတ်သမီးကား ရွှင်သောမျက်နှာဖြင့် လှမ်းလင့်၏။ ဤကား ဗြဟ္မာ့ဦးခေါင်း လက်လွှဲ၍ နှစ်ကူးခြင်းဆိုင်ရာ အယူအဆဖြစ်သည်။

မဟာသင်္ကြန် အယူအဆအရ ကောင်းကင်ထက်၌နေမင်းကို သင်္ကြန်မင်းဟု ခေါ်သည်။ တနင်္ဂနွေဂြိုဟ်နေမင်း မိဿရာသီသို့ ရောက်ရှိချိန်ကို မဟာသင်္ကြန်အဖြစ် သတ်မှတ်သည်။ ယခုကာလ မဟာသင်္ကြန် အယူအဆတွင်

ဘာဏုရာဇာမည်သော တနင်္ဂနွေ ဂြိုဟ်မင်းသည် နွားနို့သစ်အဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင် လျက် မြွေကိုစီး၍ လက်တစ်ဖက်ကား အဲမောင်း၊ လက်တစ်ဖက်ကား ချွန်တောင်းကိုကိုင်လျက် အနောက်မြောက်ထောင့်ကသည် တောင်သို့ဝင်၏။ ဃောရဿဒေ၀ီ နတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။

5

၂၀၁၄၊ ဧပြီ ၁၄ ရက်၊ တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ၊ ၁၈ မိနစ်၊ ၃၉ စက္ကန့်တွင် မဟာသင်္ကြန် ကျ၍ ၂၀၁၄ ဧပြီ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ခင်း မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၃ မိနစ်၊ ၂၀ စက္ကန့်တွင် မဟာသင်္ကြန် တက်၏။ ၂၀၁၄ ဧပြီလ ၁၇ ရက် ကြာသပတေးနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၆ ၏ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။

မြန်မာကောဇာသက္ကရာဇ် ၁၃၇၆ တစ်နှစ်တာ အတောအတွင်း အလွှာရပ်ဝန်း အသီးသီးကို သုံးသပ်လေသော်

- ကုန်သွယ်စီးပွား ပြုသူများအတွက် ဤတစ်နှစ်တာအတွင်း ကြာသပတေးနံ “မြေ”၊ ဗုဒ္ဓဟူးနံ “ရွှေ”နှင့် စနေနံ ““အထည်၊ ဓာတ်သတ္ထု၊ တွင်းထွက်”” ပစ္စည်းများ ရောင်းဝယ်စီးပွား ကမောက်ကမ ဖြစ်မည်။ တနင်္လာနံ၊ အင်္ဂါနံ လုပ်ငန်းများ အထူးကောင်းသည်။ ယခင် ၄ နှစ်ဆက်တိုက် ညံ့သော အညံ့မှ လွတ်မည်။ အလုပ်စီးပွားများ လုပ်သောအခါ အောင်မြင်မှုများရစေရန် သပြေညွန့်၊ သစ္စာပန်းတို့ မကြာခဏ ဘုရားကပ်လှူပါ။ အလှူအတန်းများလုပ်ပါ။

- ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ ထူးထူးခြားခြား ထွန်းပေါက်အောင် လုပ်နိုင်လိမ့်မည်။ အရည်အချင်း ရှိလျှင် ရှိသလောက် တိုးတက်မည်။ နိုင်ငံတကာ အဆင့်အထိ ထွန်းပေါက်မည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင် များသာမက အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံချောင်းမှအစ ဆောက်လုပ်ရေး ပစ္စည်းများတွင် စီးပွားဖြစ်ထွန်း ကြကုန်မည်။ လုပ်ငန်းခိုင်မာ ကောင်းမွန်စေရန် အလို့ငှာ ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်းတို့ကို မကြာခဏ ဘုရား ကပ်လှူခြင်းပြုပါ။

- ပညာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း ရပ်ဝန်း မှ သူများအဖို့ အလုပ်စီးပွားများတွင် မှန်းချက်မကိုက်၊ ရှေ့တိုး အခက်၊ နောက်ဆုတ်အခက်နှင့် အကျိုးအမြတ် ရည်မှန်းသလောက် မဖြစ်၊ ကျောင်းသားတို့အား ထိန်းသိမ်း အုပ်ချုပ်ခြင်းနှင့် သင်ကြားမှုပိုင်း ကျွမ်းကျင်သူ ဆရာတို့အား ရရှိခက်ခဲသော ပြဿနာတို့ ကြုံပေမည်။ အညံ့အဆိုး ကင်းစေရန် အလို့ငှာ သပြေညွန့် မကြာခဏ ဘုရားတင်ပါ။

- ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ ဆောင်ရေး၊ အငှားယာဉ် တက္ကစီယာဉ်မောင်းမှအစ ကုန်ကျစရိတ်၊ ပြုပြင် ထိန်းသိမ်းမှု ဆိုင်ရာစရိတ်နှင့် လောင်စာဆီတို့ကို အကြောင်းပြု၍ အကျိုးအမြတ် နည်းပါးမည်။ ငွေကြေး အင်အား ကောင်းသူသာ ရှင်သန်နိုင်မည်။ ဂန္ဓမာအ၀ါပွင့် ဓာတ်ပုံကို ဆောင်ယူခြင်းပြုပါ။

- စက်ရုံနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဝန်းကျင် နယ်ပယ်တွင် စွမ်းအင်ပြဿနာ၊ လျှပ်စစ်ဓာတ်အား ပြဿနာနှင့် အလုပ်သမားမတည်မြဲမှု၊ လူ့အရင်းအမြစ် ပြဿနာတို့ကို ရင်ဆိုင်ရကာ ကုန်ထုတ်လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးမှုများ နှေးကွေးမည်။ အဖြူရောင်ပန်းများ၊ သပြေညွန့်နှင့် နှင်းဆီပန်းတို့ကို မကြာခဏ ဘုရားလှူဒါန်းခြင်းပြုပါ။

စာပေအနုပညာလောကတွင် အဓိက အထင်ကရ အနုပညာရှင်ကြီးများ ကြွေလွင့်ကြလိမ့်မည်။ စာနယ်ဇင်း မီဒီယာသမားများ ဖမ်းဆီး ချုပ်နှောင်ခံရလိမ့်မည်။ စာပေလောက အကျပ်အတည်း ကြုံမည်။ ယတြာမရှိ။

ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်

စံ-ဇာဏီဘို

Myanmartandawsint Newspaper

အမှန်တရားဘက်က ရပ်တည်မယ်ဟု ထွန်းအိန္ဒြာဗိုပြောကြား

ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျ ရန်ပုံငွေဖျော်ဖြေပွဲက ရရှိခဲ့တဲ့အလှူ ငွေများကို ဧပြီ ၄ရက်နေ့က  MCC မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်ဂုဏ်ပြုပွဲ မှာ ဒေါ်အောင် ဆန်းစုကြည်ထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဒီဓာတ်ပုံများကိုလည်း ပရိသတ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် နောက်ထပ် ရန်ပုံငွေပွဲတွေထဲ သဒ္ဓါပေါက်အောင်လို့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ဖြစ် ခဲ့ခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။ သြစတြေးလျမှာ ရရှိခဲ့တဲ့ဆုကြေးငွေများ ကိုတော့ လင်းလင်းတာဝန်ယူပြီး ကော့မှူးမြို့ နယ်မှာရှိတဲ့ ဘကကျောင်းတွေမှာ သွား ရောက်လှူဒါန်းမှာဖြစ်ကြောင်း
သိရပါ တယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး
ကွန် ရက်များအတွက် နောက်ထပ်ရန်ပုံငွေပွဲများကို လည်း လုပ်ဆောင်နိုင်သလောက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို
ထွန်းအိန္ဒြာဗိုက
" အမေ့အတွက်ကို တော့ ကျွန်မကဘယ်ဘက်က ကူရ ကူရ ကူနိုင်သမျှကူနိုင်တဲ့ဘက်က ကူမှာပါပဲ။ အမေရိကကလည်း အလှူပွဲလုပ်ဖို့ ကမ်းလှမ်းလာတယ်။

အမေရိကလိုနိုင်ငံမျိုးက သိပ်လုပ်သင့်တဲ့နေရာပေါ့။ မြန်မာလည်းများတဲ့ အပြင် ဖျော်ဖြေပွဲလုပ်ရမယ့် စတိတ်တွေလည်း သိပ်များတယ်။ သြစတြေးလျဆိုရင် အလွန်ဆုံး ၄ မြို့လောက်ပဲရှိတာ။ အမေရိကဆိုရင် ၁ဝမြို့ လောက် အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်ကတည်းက လက်ခံထားတာက ရက်ရွှေ့လာတာ။ အခု ဒီနှစ်မှ သွားဖြစ် သွားတော့ ကိုယ့်ရဲ့အပြင်ပွဲနဲ့ charity ပွဲနဲ့သွားတိုက်နေတော့ ရန်ပုံငွေပွဲက နောက်မှ လာတော့ရန်ပုံငွေပွဲ ကို နောက်ရွှေ့လိုက်ရတယ်။ နောက် နှစ်နှစ်လောက်နေမှပဲ
သွားဖြစ်မယ်ထင်တယ်။

နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် လှူလိုက်တာပေါ့။ အမေ့ကို ယုံကြည်လို့ လှူ တယ်။ ကလေးတွေကို သဒ္ဓါတရားပေါက်ပြီး သားသမီးချင်းကိုယ်ချင်းစာပြီး လှူဒါန်းတာဖြစ်တဲ့အတွက် တအားသာဓုခေါ်ပါတယ်" လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကူပေးနိုင်သလောက်ကူ ပေးခြင်းဖြစ်ပေမယ့် ပါတီ၊ နိုင်ငံရေးကိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတဲ့ ထွန်းအိန္ဒြာဗိုက ...
" နိုင်ငံရေးမှာ တကယ်တမ်းလုပ်မယ်ဆိုရင် လေ့လာစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ်လုပ်နိုင်သလားဆိုရင်လည်း အချိန်ပေးဖို့ တစ်ခုတည်းနဲ့တင် ကိုယ်နဲ့ မကိုက်ညီဘူးလို့မြင်တယ်။ အဲဒီအတွက်ကြောင့် ပါတီနိုင်ငံရေး လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့အထိကတော့ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ နေနေတယ်။ အနာဂတ်တော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမေစုကိုတော့ တအားကြည်ညိုတဲ့အတွက် ဘယ်လိုများကူနိုင်မလဲဆိုတဲ့ စိတ်နဲ့စဉ်းစားတော့ ကူနိုင်တဲ့ဘက်က
ကူမှာပဲ။ အမေ့ကို တအားယုံကြည်တယ်။ ကျွန်မတို့ တိုင်းပြည်အတွက်လည်း တကယ်လိုအပ်တဲ့အတွက်ပါ။ အမေ့ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ကိုယ်ကူနိုင် သလောက် လိုက်ကူမယ်။ အမေ သမ္မတဖြစ်ဖို့ကတော့ အခြေခံဥပဒေ မပြောင်းမချင်းကတော့ မလွယ်ဘူး။ အမေ့ကို သမ္မတဖြစ်စေချင်ပါတယ်" လို့ ပြော ပါတယ်။

အနုပညာရှင်တွေရော၊ နိုင်ငံသူနိုင်ငံသားတိုင်းပါ အမှန်တရားဘက်က ပါဝင်ပံ့ပိုးသင့်ကြောင်းကို ထွန်းအိန္ဒြာဗိုက
" အမှန်တရားဘက်ကနေ လူတိုင်းပါဝင်သင့်တယ်။ နိုင်ငံသူနိုင်ငံသားတိုင်းက အမှန်တရားတစ်ခုအပေါ်မှာ ဝိုင်းဝန်းပံ့ပိုးသင့်တယ်။ ပံ့ပိုးတဲ့ နိုင်ငံသားရဲ့ အနေအထားက သာမန်အရပ်သားဆိုရင် သူနိုင်သလောက် celebrity တစ်ယောက်ဖြစ်ရင်လည်း သူလုပ်သမျှက အင်အားပိုကြီးတာပေါ့။
celebrity တွေအနေနဲ့ အမှန်တရားဘက်မှာ ပိုပြီးတော့ ပါသင့်တယ်။ ကျွန်မရဲ့ စိတ်ထဲမှာလည်း အမေစုက အမှန်တရားလမ်းကြောင်းပေါ်မှာသွားနေတယ် ဆိုတာ ယုံကြည်တဲ့အတွက် အမေစုဘက်က အမှန်တရားဘက်ကိုပါတာပါ" လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

ခိုင်သော အရိုးများ တည်ဆောက်နိုင်ရေး (သို့မဟုတ်) အရိုးပွရောဂါ အကြောင်း

Osteoporosis ဟု ခေါ်သော အရိုးပွရောဂါ အကြောင်း ရေးသားလိုသည်။

အရိုးတွင် အပေါက်ငယ် ကလေးများ ပေါ်လာကာ အရိုး၏ ခိုင်မာမှုကို ထိခိုက်ပြီး အရိုး ကျိုးလွယ်သွားခြင်းဖြစ်သည်။ အသက် ၃ဝ ကျော် အမျိုးသမီးများနှင့် အသက် ၄ဝ ကျော်လာသော အမျိုးသားများတွင် အရိုးများ တဖြည်းဖြည်း ပါးလွှာ လာကာ အရိုးပွရောဂါ ဖြစ်ပွားလာနိုင်သည်။ အရိုးပွရောဂါ ဖြစ်နေပြီဟု သတ်မှတ် ခံရသောအခါ အရိုးမှာ သိသာစွာ ပါးလွှာနေပြီ ဖြစ်ပြီး သာမန် ထိခိုက်မှု ကလေးကြောင့်ပင် အရိုး ကျိုးနိုင်သည်။ ထိခိုက်မိခြင်း မရှိဘဲ အလိုအလျောက် ကျိုးသူများလည်း ရှိသည်။

အရိုးပွခြင်း

ကယ်လ်စီယမ် ထုံးဓာတ် ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါ ဆက်စပ်လျက် ရှိသည်။ မ ဟော်မုန်းဓာတ် oestrogen သည် အစာတွင် ပါဝင်သော ထုံးဓာတ်ကို အရိုးအတွင်း စိမ့်ဝင် စေကာ အရိုး ခိုင်အောင် ပြုလုပ်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့အပြင် အမျိုးသမီးများ၏ အရိုးမှာ အမျိုးသားများထက် ပိုမိုပါး လွှာသည်။ ထိုအချက်များ ကြောင့်ပင် အရိုးပွရောဂါသည် အမျိုးသားများထက် သွေးဆုံးပြီး အမျိုးသမီး များတွင် ပို အဖြစ်များသည်။

ရောဂါ လက္ခဏာများ

ခါးနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လက်ကောက်ဝတ်နှင့် တင်ပါးဆုံရိုး နာခြင်း၊ ပေါင်ရိုးနာခြင်းတို့ ခံစားရ တတ်သည်။ နာကျင်မှုသည် အလိုအလျောက် သို့မဟုတ် ထိခိုက်မိခြင်းကြောင့် ဖြစ်ပေါ် လာတတ်သည်။ အရပ် နိမ့်သွားတတ်သည် (ခါးရိုးပွရောဂါ ရှိသူများတွင် တွေ့ရလေ့ရှိသည်) သာမန် ထိခိုက်ဒဏ်ရာကြောင့် သို့မဟုတ် အလိုအလျောက် အရိုးများ ကျိုးတတ်သည်။ ပေါင်ရိုး ကျိုးခြင်း၊ လက်ကောက်ဝတ်ရိုး ကျိုးခြင်းနှင့် ခါးရိုး ကျိုးခြင်းတို့ ဖြစ်တတ်သည်။

ရောဂါ ဖော်ထုတ်ခြင်း နည်းလမ်းများ

Bone X-ray (အရိုးဓာတ်မှန်) ရိုက်ခြင်း၊ DXA (Dual energy X-ray Absortiometry) X-ray ကို အသုံးပြုကာ အရိုး ပါးလွှာခြင်း ရှိ၊ မရှိ တိုင်းတာသည့် နည်းစနစ် ဖြစ်သည်။ T score-၁ နှင့် - ၂ ဒသမ ၅ ကြားတွင် ရှိပါက အရိုး ပါးလွှာနေပြီ ဖြစ်ပြီး ၂ ဒသမ ၅ နှင့် အောက် ဆိုပါက အရိုးပွရောဂါ ရှိနေပြီ ဖြစ်သည်။

ကာကွယ်ရန် နည်းလမ်းများ

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည်။ ရောဂါ စဖြစ်နေလျှင်တောင် နေထိုင်မှုပုံစံ ပြောင်းလဲ နိုင်ပါလျှင် အရိုးများ ကျိုးခြင်းကို ကာကွယ်တားဆီး နိုင်ပါလိမ့်မည်။ ကယ်လ်စီယမ် ပါဝင်သော အစားအစာများ စားသုံးခြင်း။ ဒိန်ချဉ်၊ နွားနို့၊ ငါးသေးကလေးများ၊ ဆာဒင်းငါးနှင့် ဆော်လမွန်ငါးများ၊ Almond (မက်မွန်သီး) တို့သည် ထုံးဓာတ် ကြွယ်ဝကြသည်။ ကိုယ်လက်လှုပ်ရှား အားကစား။ ပုံမှန် လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို ပြုလုပ်ရမည်။ အရိုးရှိ ထုံးဓာတ်ကို လျော့နည်းစေသော အရည်များ သောက်သုံးမှုကို ရှောင်။ အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ရမည်။ ကော်ဖီကို တစ်နေ့နှစ်ခွက်ထက် ပိုမ သောက်သင့်။ ကိုကာကိုလာ၊ Pepsi တို့တွင် ပါရှိသော Phosphoric Acid သည် အရိုး တည်ဆောက်မှုကို အနှောင့်အယှက် ပေးသောကြောင့် အလွန်အကျွံ မသောက်သင့်။ ဆေးလိပ် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ဆေးလိပ် သောက်ခြင်းသည် အရိုး တည်ဆောက်မှု လုပ်ငန်းစဉ်များကို အနှောင့်အယှက် ပေးသောကြောင့် မသောက်သင့်။ အရိုးကို သက်ညှာစေသော လုပ်ဆောင်မှုများ။ ထိုင်သည့်အခါ ခါးကို မတ်မတ်ထားပါ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်သည့်အခါ ခါးမကုန်းဘဲ ဒူးနှင့် ပေါင်ဆစ်များ (Knee and hip joints) ကိုကွေးပါ။ ကြမ်းပြင်ပေါ်သို့ ကျနေသော ပစ္စည်းကို ကောက်ယူရာတွင် လည်းကောင်း၊ အိပ်ရာပြင်ရာတွင် လည်းကောင်း၊ အန်ဆွဲကို ဖွင့်ရာတွင်လည်းကောင်း၊ ခါးမကုန်းဘဲ ဆောင့်ကြောင့်ထိုင်၍ လုပ်ပါ။ အလေးအ ပင်မရန် လိုပါက မနိုင်ဝန် မထမ်းပါနှင့်။ မနိုင်ပါက ဘေးလူ အကူအညီ ရယူပါ။ လေးလံသော ပစ္စည်းကို တွန်းရွှေ့ပါ။ ဆွဲမရွှေ့ပါနှင့်။ ချောင်းဆိုး၊ နှာချေလိုသောအခါ ခါးကို မတ်မတ်ထား၊ ဒူးကွေးကာ လက်နှစ်ဖက် ကို ပေါင်နှစ်ဖက်ပေါ် တင်ပြီး ထိန်းကာ ချောင်းဆိုး၊ နှာချေပါ။ ခါး ရုတ်တရက် လှည့်ခြင်းမှ ရှောင်ကြဉ်ရမည်။ ဘတ်စကား၊ ရထားပေါ်သို့ ပြေးတက်၊ ပြေးဆင်းခြင်းကို မပြုလုပ်သင့်။ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း။ ၂ဝဝ၂ ခုနှစ်တွင် ထိုင်ဝမ်၌ ပြုလုပ်သော သုတေသန တစ်ခုအရ တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း နှစ်ခွက် အနည်းဆုံး ပုံမှန် သောက်သုံးပါက ခြောက်နှစ်ကြာသောအခါ အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေ သည်ဟု တွေ့ရှိခဲ့ကြသည်။ လက်ဖက်ရည်ကြမ်းတွင် မ ဟော်မုန်းဓာတ်နှင့် သဘာဝချင်း ဆင်သော Flavonoids များ ပါဝင်သောကြောင့်ဟု ဆိုသည်။

ခေတ်မီနေထိုင် စားသောက်မှု ပုံစံသို့ ပြောင်းလဲ လာသောကြောင့် အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မား လာသည်။ အရိုးပွခြင်းကြောင့် ဆိုးရွားသော နောက်ဆက်တွဲ ဝေဒနာနှင့် ပြဿနာများ ဖြစ်ပွားတတ်သည်။ ကုသခြင်းထက် ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်သောကြောင့် ထိုရောဂါ အကြောင်း သိရှိနားလည် သဘောပေါက်ပြီး ကာကွယ် နိုင်ကြစေရန် ရည်သန်ကာ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ရေးသား ဖော်ပြ လိုက်ရပေသည်။ ။

မောင်ဥာဏ်မင်း

မြ၀တီ


အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

Myawady News

အပူလွန်ရောဂါ ခံစားရသော ဝေဒနာရှင် လူနာများ အတွက် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ကြိုတင်ပြင်ဆင်

မန္တလေး ဧပြီ ၂၃

နိုင်ငံတကာ ရာသီဥတု ခန့်မှန်းချက်အရ ယခုရက်ပိုင်းတွင် အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်ထက် ပိုမို အပူလွန်ကာလ ဖြတ်သန်း ရနိုင်ဖွယ် ရှိသဖြင့်

ရာသီဥတု ပူပြင်းသော အချိန်တွင် အပူလွန်ရောဂါ ခံစားရသော ဝေဒနာရှင် လူနာများအတွက် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အနေဖြင့် လိုအပ်သော ဆေးဝါးများနှင့် ဆေးဝါးကုသရေး လုပ်ငန်းစဉ်များကို စနစ်တကျ ကြိုတင်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ် မန္တလေးမြို့တွင် အပူလွန်ကဲမှု ဖြစ်ပွားခဲ့ရာ မန္တလေး မြို့ပေါ်ရှိ ပရဟိတ လူမှုရေးအသင်း အဖွဲ့များ၊ ရေခဲစက်များ၊ စေတနာ လုပ်အားရှင်များက ဆေးဝါးများ ထောက်ပံ့လှူဒါန်းခြင်း၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းများကြောင့် အသေအပျောက် မများဘဲ ကုသ ပေးနိုင်ခဲ့ပြီး အဆိုပါ နှစ်မှစ၍ နွေရာသီ ရောက်တိုင်း အပူလွန်ကဲမှု မဖြစ်မီ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ အပူလွန်ကဲ လူနာများ ရောက်ရှိလာပါက အရေးပေါ် ကုသပေးနိုင်ရန် အတွက် လိုအပ်မည့် အခန်းများ၊ ပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားသည့် အပြင် ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများသို့လည်း ကြိုတင် အသိပေး အကြောင်းကြားထားပြီး လူမှုကူညီရေး ဆောင်ရွက်နေကြသည့် ပရဟိတ အသင်းအဖွဲ့များ၊ ရေခဲစက်များ အနေဖြင့်လည်း ယခင် ၂ဝ၁ဝ ပြည့်နှစ် နည်းတူ ပူးပေါင်းကူညီပံ့ပိုး ပေးနိုင်ရန် မန္တလေးမြို့အထွေထွေ ရောဂါ ကု ဆေးရုံကြီးမှ ကြိုတင်ပြင်ဆင် လျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ


ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း

ဘိုလီးဗီးယား နိုင်ငံမှ ဘောလုံးကွင်း တစ်ကွင်းသည် သရဲခြောက်ကြောင်း နာမည်ကြီးနေသည့် အဖြစ်ကို ပိုမိုလူပြောများစေမည့် အခြေအနေမျိုး ကြုံနေရပြီ ဖြစ်သည်။ ဟာနန်ဒိုဆိုင်းလ်စ် ဘောလုံးကွင်းသည် လာပက်ဇ်မြို့တော်တွင် တည်ရှိသည်။

ယမန်နေ့ညက ကစားသော ဘောလုံးပွဲစဉ် တစ်ခုကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ရာ ပွဲကြည့်စင်၌ လူပုံသဏ္ဍန် အရိပ်တစ်ခု ထူးခြားစွာ ပေါ်လာသည်ကို ကင်မရာ မှတ်တမ်းများ၌ တွေ့မြင်ခဲ့ရသည်။

 ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ ပွဲကြည့်စင်တစ်လျှောက် ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

ထိုအရိပ်သည် အတန်ငယ် ကျဲပါးစွာ ထိုင်နေသည့် ပရိသတ်များကြားမှ လျင်မြန်စွာ ဖြတ်သွားသလို အကာအကွယ် နံရံတစ်ချပ်ကိုပါ ကျော်ဖြတ်ပြီး တစ်ဖက်ခြမ်းသို့ ရွေ့လျားသွားသည်ကို TVမှ ကြည့်ရှုနေသည့် ပရိသတ်များ အံ့ဩတကြီး မြင်တွေ့ခဲ့ကြရသည်။

အဆိုပါ ပွဲစဉ်ကို ထုတ်လုပ်ပြသသည့် ဗီဒီယို၏ ဖြတ်ပိုင်းမှ ထူးခြားသော ဖြစ်စဉ်ကို သတိပြုမိသူများက အင်တာနက်တွင် လွှင့်တင်ရာမှ လူပြောများစရာ အခြေအနေမျိုး ဖြစ်လာသည်။ သို့သော်လည်း အရိပ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေမသိရသေးချေ။ ယင်းဘောလုံးကွင်းတွင် ယခင်ကလည်း သရဲခြောက်ကြောင်း ပြောဆိုမှုများ ရှိနေသည့်တိုင် ယုံတမ်းသက်သက်သာ ဖြစ်နေခဲ့သည်။ ဘိုလီးဗီယား နိုင်ငံသား အများစုက ထိုကွင်းတွင် ရှိနေသော သရဲမှာ ကွယ်လွန်သွားပြီဖြစ်သည့် သမ္မတဟောင်း ဟူဂိုချားဗက်ဇ်ဟု ယုံကြည်ကြသည်။

ကိုလံဘီယာနှင့် နိုင်ငံတကာ ပွဲစဉ်ကို ယင်းကွင်းကြီးတွင် ကစားခဲ့ရာ ဂိုးတိုင်အပေါ်ဘက်၌ အရိပ်သဏ္ဍန် တစ်ခုက ဘောလုံးကို ပုတ်ထုတ်ဖယ်ရှားခဲ့သည်ကို တွေ့မြင်ရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

 Planet Myanmar Network.


ဘိုလီးဗီးယားမှ သရဲခြောက်သည့် ဘောလုံးကွင်း ပြည်တွင်းကလပ်နှစ်ခု ယှဉ်ပြိုင်ကစားရင်း ပွဲပြီးခါနီး အချိန်တွင် ကင်မရာက အဝေးမှ ဆွဲ၍ ရိုက်ပြခဲ့ရာ ပွဲကြည့်စင်တစ်လျှောက် ပြေးလွှားသွားသည့် အဆိုပါ အမျိုးအမည်မသိ ပုံရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရသည်။

တောင်ကြီး အတက်လမ်းတွင် ကားမီးလောင်မှုဖြစ်

တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီးသည် ဧပြီလ ၂၄ရက် ညနေ ၄နာရီ ၁၅ မိနစ်က တောင်ကြီး အတက်လမ်း 'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာ တွင် ရောက်ရှိနေသည့် တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကားမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။ ယာဉ်မောင်းနှင့် အတူပါသူ အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး စုံစမ်းဆဲဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကားမီးလောင်ကျွမ်းမှုကို တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူငြိမ်းနှင့် အဖွဲ့ နှင့် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၂၅မိနစ်တွင် မီးငြိမ်းခဲ့ပြီး ယင်းကဲ့သို့ ကားမီးလောင်ကျွမ်းခြင်းကို အရေးယူရန် ဆောင်ရွက်ဆဲဖြစ်သည်ဟု ဆိုသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese



ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးကနေ ကမ္ဘာ့စံချိန်တင်ဖို့ အတွက် အလွတ်ခုန်ချပြခဲ့တဲ့ လူစွန့် စားနှစ်ဦး





 ဒူဘိုင်းနိုင်ငံမှာ တည်ရှိတဲ့ ၈၂၉.၈ မီတာမြင့်တဲ့ ကမ္ဘာအမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa ကနေ လူစွန့် စားနှစ်ဦးက ခုန်ချပြီး စတန့် ပြခဲ့တာပါ။

Vince Reffet နဲ့ Fred Fugen ဆိုသူနှစ်ယောက်အတွဲဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ပါဝင်ခွင့်ရဖို့ အတွက် ဒီစိန်ခေါ်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Burj Khalifa မိုးမျှော်တိုက်ရဲ့ ထိပ်ဖျားနေရာကနေ နှစ်ယောက်တွဲ အလွတ်ခုန်ချခဲ့တာဖြစ်ပြီး လေထုထဲမှာ အလှပြကွက်တစ်ချို့ ပြသခဲ့ပြီးမှ မြေပြင်ကို လေထီးနဲ့  အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။

Base Jumping ကစားသမားတွေဖြစ်တဲ့ Vince နဲ့ Fred တို့ ဟာ အခုလို အသက်အန္တရာယ်အများဆုံး စတန့်  ပြကွက်ကို ပြသဖို့ အတွက် အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။ Base Jumping ဟာ အသက်အန္တရာယ်အများဆုံးကစားနည်းထဲကတစ်ခုဖြစ်ပြီး အမြင့်ဆုံးနေရာရဲ့ အစွန်အဖျား၊ ထိပ်ဖျားတွေကနေ မြေပြင်ပေါ်ကို အလွတ်ခုန်ချရတဲ့ကစားနည်းပါ။ လေထုထဲမှာ အလှပြကွက်တွေပြသပြီးမှ လေထီးကို အသုံးပြုကြတဲ့ ကစားနည်းဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အလွတ်ခုန်ချမှုကို တာဝန်ယူစီစဉ်ပေးခဲ့တာက Skydive Dubai အဖွဲ့ အစည်းက ဖြစ်ပါတယ်။ The Burj Khalifa မိုးမျှော်တိုက်ဟာ မီတာပေါင်း ၈၃၀ နီးပါးမြင့်ပြီး Empire State အဆောက်အဦးထက် နှစ်ဆပိုမြင့်ပါတယ်။

Ref: Mirror.co.uk
Treand Myanmar

ကမ္ဘာ့စံချိန်တင် အလေးချိန်ရှိတဲ့ ငါးမန်းကြီးကို ဖမ်းမိပြီး အသားကင်လုပ်စားခဲ့သူ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အသက် ၂၉ နှစ်အရွယ် Joey Polk ဆိုသူဟာ ကမ္ဘာ့စံချိန်တင် အလေးချိန် ၈၀၅ ပေါင် ရှိတဲ့ ငါးမန်းကြီးတစ်ကောင်ကို ဖမ်းဆီးမိခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတုန်းက Earnie ဆိုသူ ဖမ်းဆီးရရှိခဲ့တဲ့ ပေါင်ချိန် ၇၃၀ ရှိတဲ့ ငါးမန်းကြီးထက် အလေးချိန်ပိုများတာကြောင့် ကမ္ဘာ့စံချိန်သစ်ကို ထပ်တင်နိုင်ခဲ့တာပါ။

ဝါရင့်ငါးဖမ်းသမားတွေဟာ ပုံမှန်အားဖြင့် သူတို့ ဖမ်းဆီးရရှိမိတဲ့ ငါးတွေကို ပြန်လွှတ်ပေးတတ်ပေမယ့် Joey နဲ့  ၀မ်းကွဲညီအစ်ကိုနှစ်ယောက်ဟာ ငါးမန်းကြီးနဲ့ တစ်နာရီကျော်ကြာ တိုက်ပွဲဝင်ပြီးနောက် အရမ်းပင်ပန်းနေတာ ကြောင့် ပြန်လွှတ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

သူတို့ သုံးယောက်ဟာ ကမ္ဘာ့စံချိန်တင် ငါးမန်းကြီးကို ကမ်းခြေမှာတင် မီးမွှေးပြီး အသားကင်လုပ်စားကာ ဒေသခံ လူ အယောက် ၂၀၀ ကျော်ကိုပါ ဝေမျှကျွေးခဲ့တယ်လို့ သိရပါတယ်။

“ ပထမ တွေ့ တွေ့ ချင်း ဒီကောင်ကြီးကို ငါးအကြီးကြီးလို့ ပဲထင်နေတာ။ နောက်တော့မှ ငါးမန်းကြီးမှန်း သိတာဗျို့ ။ ကျွန်တော် ချာတိတ်လေးအရွယ်ကတည်းက ငါးမျှားလာတာ။ ဒါပေမယ့် ဒီကောင်ကြီးကို ပေါင် ၇၀၀ လောက်ပဲရှိမယ်ပေါ့။ ကျွန်တော်တို့ အလေးချိန်ချိန်ကြည့်တော့ ၈၀၅ ပေါင်တဲ့။ အရမ်းမိုက်တယ်”  လို့  Mr.Polk က ပြန်ပြောပြပါတယ်။

အခု ဖမ်းဆီးရမိတဲ့ ငါးမန်းအမျိုးအစားဟာ Makos ငါးမန်းမျိုးတွေဖြစ်ပြီး ငါးမန်းမျိုးနွယ်တွေထဲမှာ အမြန်ဆန်ဆုံး ငါးမန်းတွေဖြစ်ပါတယ်။ ရေမိုင် တစ်နာရီ မိုင် ၆၀ လောက်အထိ ကူးခတ်နိုင်တဲ့ ငါးမန်းမျိုးတွေပါ။

Ref: Mirror.co.uk
Treand Myanmar

ဟိုဘက်နဲ့ဒီဘက်ကို ကစားပြရင်း အဝတ်အစားလဲ ပြသွားတာနော်

ဟိုဘက်နဲ့ဒီဘက်ကို ကစားပြရင်း အဝတ်အစားလဲ ပြသွားတာနော် မြင်ရသူတောင် ရင် ခုန်တယ်သူတို့ အစား ခံစားကြည့်ပါအုံး

ထူးခြားတဲ့ အိန္ဒိယစုံတွဲ အက

ထူးခြားတဲ့ စုံတွဲ အက ရုပ်/သံ လေးပါ။


ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားရောဂါများ

အရေပြားဟာ ခန္ဓာကိုယ် အပူချိန်များခြင်း၊ ခြောက်သွေ့ခြင်း၊ လေတိုက်ခြင်း၊ နေလောင်ခြင်း၊ ခရမ်းလွန်ရောင်ခြည် သင့်ခြင်းကြောင့် အရေပြားရောဂါ အမျိုးမျိုးခံစားရပါတယ။် ကူးစက်ရောဂါ

ယားနာအမျိုးမျိုးကို ဖြစ်စေပါတယ်။ အသက်အရွယ်အလိုက် အရေပြားပြောင်းခြင်း အသက်အရွယ်ကြောင့် အရေပြားဟာ ပြောင်းလာတယ်။ အသက်အရွယ် အလိုက်ပြောင်းတာကို မလွန်ဆန်နိုင်ပေမယ့် ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းတာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ပြင်ပအကြောင်းရင်းကြောင့် အရေပြားပြောင်းခြင်း ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းရတာဟာ ခရမ်းလွန် ရောင်ခြည်ကြောင့်ဖြစ်တာ၊ နေရောင်ထိတဲ့ မျက်နှာ၊လည်ပင်း၊ လက်ဖမိုးတို့မှာ တွေ့ရများတယ်။ မတ်လက ခရမ်းလွန်ရောင်ခြည် အမှတ်၁၂ ဒသမ ၇ ထိရောက်တယ်။ ပုံမှန် ၈-၁အထိရှိသင့်တယ်။ ယခုအခါ ခရမ်းလွန်ရောင် ခြည်ကြောင့် အရေပြားအောက်ပိုင်း အထိအရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရေပြားရောဂါ အမျိုးမျိုးဖြစ်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

မျက်နှာဆိုင်ရာ အမူအရာများ ထပ်ကာထပ်ကာလုပ်ခြင်း၊ အသက် ၃ဝ နောက်ပိုင်း အရေပြားဆန့်နိုင်၊ ကျုံ့နိုင်စွမ်း ကျဆင်းကာ အရေပြားလျော့ခြင်း၊ တွဲခြင်း၊ ဆိုင်းခြင်း ဖြစ်လာ တယ်။ ဆေး လိပ်သောက်ခြင်းဟာ အရေပြား ရောဂါဖြစ်ရတဲ့ အဓိက လက္ခဏာပဲ ဖြစ်တယ်။ အရေပြားကြမ်းလာခြင်း၊ အရေပြား အဝါရောင်သမ်းခြင်းကို ဖြစ်စေတယ်။ ခရမ်း လွန်ရောင်ခြည် နဲ့ ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားမှာ အရေးအကြောင်း ဖြစ်လာခြင်း၊ နေလောင်ကွက်ပေါ်ခြင်း၊ တခြားအရောင်ရှိ အကွက်ပေါ်ခြင်း၊ အရေပြား ကြမ်းခြင်း၊ သွေးကြောမျှင်ပေါ် ဖလာခြင်း၊ မှဲ့ခြောက်များ ပေါ်လာခြင်းတို့ ဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးလို့ အရေပြားပြောင်းလဲခြင်းမှာ Super Oxidics ကြောင့် ဖြစ်တယ်။ Fibroblasts ဟာ အရေပြားဆဲလ်ရှိ Extramatrie ထုတ်လုပ်ခြင်း၊ ပြန်လည် ဖျက်ဆီးခြင်းကြောင့်ဖြစ်ပြီး အသက်ကြီးပါက အရေဓာတ်နည်းခြင်း၊ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်းတို့ဖြစ် တယ်။ ကော်လာဂျင်များဟာ အပေါ်ယံဆဲလ် အစိတ်အပိုင်းအဖြစ် အရေပြား အောက်လွှာကို ထောက်ပံ့ပေးကာ အသက်ကြီးလာပါက အသစ်ထုတ်နိုင်စွမ်း ကျလာပြီး၊ ကော်လာဂျင်များပြန်လည် ဖြိုဖျက်နိုင်စွမ်း ကျဆင်းလာတယ်။ အီလက်စတစ်များမှ ဆဲလ်အပေါ်ယံ အဖြစ်နဲ့ အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှုဖြစ်စေခြင်း၊ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ကျဆင်းလာစေတယ်။

ကာရက်တင်ဆိုက်များဟာ ခရမ်းလွန်ရောင်ခြည်နဲ့ တခြားထိခိုက်မှုများမှ ကာကွယ်ခြင်း၊ ဆဲလ်အချက်ပေးခြင်း၊ အရေပြားရောင်ခြယ် ပစ္စည်းသယ်ဆောင်ခြင်းက အသက်အရွယ် ကြီးလာ၍ ကာကွယ်ပေးမှု နည်းသွားပြီး အရေပြားပါးလာတယ်။ မယ်လင်နိုဆိုက်များဟာ ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးတဲ့ ရောင်ခြယ်ဆဲလ်များကို ထုတ်လုပ်ပေးခြင်း၊ လွတ်နေတဲ့ ဓာတ်တိုးပစ္စည်းများ ဖယ်ရှားပေးခြင်းတွေကို ဆောင်ရွက်ပေးပြီး အသက်ကြီးလာရင် အရေအတွက် နည်းပါးကာ သက်တမ်းတိုလာတယ်။ လင်ဂါဟင်ဆဲလ်များက ဓာတ်ပစ္စည်း ပြသပေးပြီး ဆဲလ်အရေအတွက် နည်းလာခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်လာတယ်။ အသက်ကြီးငယ်မရွေး အရေပြား အလှလိုချင်ပေမယ့် ထိန်းသိမ်းမှုမရှိ သို့မဟုတ် လွဲမှားခြင်းကြောင့် မလှမပဖြစ်ရတယ်။

နေရောင်ခြည်ကာကွယ်နည်း

နေရောင်ခြည်ဟာ ပိုးများကိုသေစေတယ်။ နွေမိုးဆောင်း ရာသီဥတုပြောင်းလဲမှုနဲ့ လိုက် အောင် ဝတ်စားဆင်ယင်မှု ပုံစံပြောင်းလဲဖို့ လိုအပ်တယ်။ အရေပြားကို နေရောင်ခြည်မှ ကာကွယ်ဖို့၊ အဝတ်ပါးပါး အရောင်ဖျော့ဖျော့ ဝတ်ဆင်သင့်တယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်း၊ အစက်အပြောက် ထွက်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်။ နေရောင်ခံ လိမ်းဆေးဟာ နေပူထဲ မထွက်မီ ၁၅ မိနစ်မှာ လိမ်းပေးရမယ်။ ၂ နာရီ ကြာတိုင်းတစ်ကြိမ် လိမ်းရမယ်။ ဒါမှမဟုတ် သနပ်ခါးလိမ်းရမယ်။ ထီး၊ ဦးထုပ်၊ ယာဉ်ကိုအသုံးပြုရမယ်။

မြ၀တီ

ရပ်နေသူ အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့်တိုက်၍ ယာဉ်တိမ်းမှောက် တဦးသေဆုံး

ရန်ကုန် ဧပြီ ၂၂

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်း အလက (၅)ကျောင်းရှေ့၌ ဧပြီ ၁၉ ရက် ည ၇နာရီခန့်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ်၂၇ ဘီနေ ယာဉ်မောင်း မျိုးမင်းသွင်(၃၃နှစ်) သည် တိုယိုတာ ဟိုင်းလပ်ဆပ်(ဖ်)၂ဂ/--- အနက်ရောင် မော်တော်ယာဉ်ကို ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် ကျိုက်ဝိုင်းဘုရား ကားမှတ်တိုင်အနီး လမ်းအလယ်ကျွန်း ပလက်ဖောင်းပေါ်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးကို အရှိန်ဖြင့် ဝင်တိုက်မိပြီး ယာဉ်မှာ တိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်မင်္ဂလာ ၂ လမ်းသွယ် (၆) အမှတ်-၈၂၂ နေ မအေးသူဇာဝင်း (၂၉နှစ်) နှင့် တောင်ဥက္ကလာပမြို့နယ် (၇) ရပ် ကွက် ၂၄ လမ်းနေ မဝင်းမြတ်သန္တာမြင့် (၃၁နှစ်) တို့ကို ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန အရေးပေါ်ကုသဆောင်သို့ ပို့ဆောင်ပေးခဲ့စဉ် မအေးသူဇာဝင်းမှာ ယင်းနေ့ည ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း မျိုးမင်းသွင်ကိုအဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သတ်၍ ဘုရင့်နောင်ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

MOI Webportal Myanmar

ပေ ၄၀ ရှည်ကမ္ဘာ့အလေးဆုံး မြွေ - Anaconda

အနာကွန်ဒါမြွေလို့ လူသိများတဲ့ စပါးကြီးမြွေ တစ်မျိုးဟာ တောင်အမေရိကမှာပဲ ရှိပါတယ်။ သူ့ကို စပါးကြီးမြွေ အမျိုးအစားထဲတောင် မထည့်ပါဘူး။ Anaconda (အနာကွန်ဒါ)မြွေ ဆိုပြီးတောင် သီးသန့် အမျိုးအစား မျိုးဆိပ်တစ်ခု ခွဲထားပါတယ်။ သူ့ထဲမှာမှ အနည်းဆုံး ၇ မျိုးအထိ ထပ်ကွဲသွားပြီး အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး ကတော့ အစိမ်းရောင် အနာကွန်ဒါ ဖြစ်ပါတယ်။

စားသုံးမှု

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကိုယ့်ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးတဲ့ သတ္တဝါတွေကို ဖမ်းယူ စားသုံး နိုင်ပါတယ်။ အဆိပ်ရှိတဲ့ မြွှေများ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသုံးပြုတဲ့ မြွှေဖြစ်ပြီး သားကို အရိုးချိုးပြီးတော့ မြိုပါတယ်။ ရေကူးကျွမ်းပြီး ကုန်းနေ၊ ရေနေသတ္တဝါ နှစ်မျိုးလုံးက သူ့အတွက် အစာပဲ ဖြစ်ပါတယ်။ နွား၊ ဆိတ်၊ ယုန်၊ ရေမြင်း၊ သမင်နဲ့ အကောင်ငယ်၊ အကောင်လတ် အမျိုးမျိုးက သူ့အတွက် အစာတွေပဲ ဖြစ်ပါတယ်။

  နေထိုင်မှု

တောင်အမေရိက တိုက်မှာပဲ နေပါတယ်။ အများအားဖြင့် ဗင်နီဇွဲလားနိုင်ငံမှာ စံချိန်တင် အကြီးဆုံး အကောင်တွေ တွေ့မြင်ရပြီး၊ ဘိုလီဗီးယား၊ ကိုလံဘီယာ တို့လို နိုင်ငံတွေမှာလည်း ရှိပါတယ်။ တောင်အမေရိကန်က နိုင်ငံတွေတိုင်းက တောထဲမှာ အသက်ရှင် နေထိုင်ကျက်စားပါတယ်။

အရွယ်ကြီးထွားမှု

သူ့မှာ အရွယ်ကြီးထွားမှုအတွက် ကန့်သတ်ချက် မရှိပါဘူး။ အသက်ရှင်နေသရွေ့  အရွယ်က ကြီးနေ နိုင်ပါတယ်။ ဒါကြောင့် စံချိန်တင် ကမ္ဘာ့အရှည်ဆုံး အနာကွန်ဒါဆိုရင် ပေ ၄၀ ကျော်အထိ ရှည်တာ တွေ့မြင်ခဲ့ရပါတယ်။ အငယ်ဆုံးကတော့ ၅ ပေအထက်ရှိပြီး ၂၅ ပေ အထိ ရှည်တဲ့ အနာကွန်ဒါများကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ အရွယ်ပဲ ကြီးတာ မဟုတ်ပါဘူး။ အလေးချိန်လည်း စီးပါတယ်။ ပေါင် ၅၀၀ အထက်အထိ စံချိန်တင်တွေ့ရှိထားပြီး ယင်းထက်လည်းပိုလေးနိုင်ပါတယ်။ ဒါကြောင့် အနာကွန်ဒါကို ဖမ်းဆီးတဲ့အခါကျ ဘူဒိုဇာစက်ကြီးများနဲ့ သယ်ဆောင်ရတဲ့အထိ တောင်အမေရိကမှာ တွင်ကျယ်ပါတယ်။

အန္တရယ်ပြုမှု

လူသားတွေကို အန္တရယ်မပြုနိုင်ပါဘူး။ သို့ပေမယ့် နီးနီးစပ်စပ်မနေဖို့ တားမြစ်ထားပါတယ်။ အများအားဖြင့် သူတို့ရဲ့  သားကောင်ဟာ အခြား တောရိုင်းသတ္တဝါများ ဖြစ်ပေမယ့် လူသားကိုလည်း ပစ်မှတ်ထားနိုင်ချေ ရှိလို့ ဖြစ်ပါတယ်။

အနာကွန်ဒါနှင့် သမိုင်းကြောင်း

ကမ္ဘာဦးကတည်းက တည်ရှိတဲ့ မြွေမျိုးစိတ် တစ်မျိုးဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားကြပါတယ်။ ပေ ရာကျော် ရှာတဲ့ အနာကွန်ဒါမြွေမျိုးမှာ တစ်ချိန်က ရှိခဲ့မယ်လို့ လေ့လာသူများက မှတ်ချတ်ပြုထားပါတယ်။ ယနေ့အချိန်မှာတောင် သေချာရှာမယ်ဆိုရင် ပေ ၅၀ ကျော်လည်းတွေ့နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ သမိုင်းထဲမှာလည်း အကြီးဆုံး ဖြစ်သလို ယနေ့ခေတ်မှာလည်း အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး မြွှေတစ်မျိုး အဖြစ် စံချိန်တင်ပါတယ်။

မျိုးပွားမှု

အနာကွန်ဒါမြွေတစ်ကောင်ဟာ ဥဥရင် အလုံး ၄၀ အထိ ဥတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် တောတွေထဲမှာကျ ဥအလုံးရေ ၁၀၀ မကလည်း တစ်ပြိုင်နက်တည်းဥနိုင်တဲ့ အနာကွန်ဒါများ ရှိနေတယ်လို့ လက်ခံ ယုံကြည်ထားပါတယ်။ ဥတစ်ခါ ဥပြီးရင် အနာကွန်ဒါမဟာ သူ့ယခင် အလေးချိန်ထက် တစ်ဝက်တိတိ ကျတယ်လို့ ဆိုပါတယ်။

အနာကွန်ဒါနှင့် အနာဂတ်

အနာကွန်ဒါမြွှေမျိုးကို အခြေခံလို့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ဒိုင်နိုဆောကဲ့သို့ အကောင်ကားတွေ များစွာပေါ်ထွက် ခဲ့ပါတယ်။ အမှန်တော့ ဇာတ်လမ်းတွေထဲမှာသာ အန္တရယ်ပြုတတ်တဲ့အကောင်လို ထင်ရမြင်ရပြီး အပြင်မှာကျ လူသားတွေနဲ့ဝေးဝေးနေတတ်တဲ့အကောင် ဖြစ်ပါတယ်။ ပေ ၂၀ အထက်ရှည်တဲ့ အနာကွန်ဒါတစ်ကောင်ကို အမေရိကန်ဒေါ်လာ ငါးသောင်းအထက်နဲ့ ပေါက်ဈေးရှိလို့ တောင်အမေရိကမှာ အနာကွန်ဒါမြွှေအမဲလိုက်မှု ခေတ်စားတယ်လို့ ဆိုပါတယ်။ အနာကွန်ဒါမြွှေမျိုးများဟာ မြွှေမှာတင်မကပပဲ သတ္တဝါတွေအားလုံးမှာ ကမ္ဘာ့ထုထည် အကြီးဆုံး သတ္တဝါတစ်မျိုးအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။

International news for myanmar

မိုယက်စ် ထုတ်ပယ် ခံရမှုတွင် ယူနိုက်တက် ကစားသမားများ ရှက်သင့်ကြောင်း ကိန်းဝေဖန်

အသင်း မန်နေဂျာ ဒေးဗစ်မိုယက်စ် ထုတ်ပယ် ခံရမှုတွင် မန်ချက်စတာ ယူနိုက်တက် ကစားသမားများ အနေဖြင့် မိမိကိုယ်ကိုယ် ရှက်သင့်ကြကြောင်း အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝေဖန် ပြောကြားလိုက်သည်။

အသင်းဖော် များကို ပက်ပက်စက်စက် ဝေဖန်မှုကြောင့် ယူနိုက်တက်နှင့် လမ်းခွဲဖြစ်ခဲ့သည့် အိုင်ယာလန် ကစားသမားဟောင်းက မိုယက်စ်ကို အသင်းက အချိန်ပိုပေးသင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သေးသည်။ ဘောလုံးသမား ဘဝမှ အနားယူပြီးနောက် ITV၏ အစီအစဉ်မှူးအဖြစ် တာဝန်ယူထားသည့် ကိန်းက “မိုယက်စ်ဟာ ခက်ခဲတဲ့ အခြေအနေ တစ်ခုနဲ့ အစပြုခဲ့ရတာပါ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူမန်နေဂျာအဖြစ် တာဝန်ယူတော့ အသင်းအမှုဆောင်ချုပ်က လူသစ်ခေါ်ဖို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ အသင်းရဲ့ အစပြုပုံကိုက လေးလံနေခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ခုဖြစ်ရပ်က ရှက်စရာလို့ ကျွန်တော်ထင်တယ်။ မိုယက်စ်ဟာ ခုထက်ပိုပြီး အချိန်ရခဲ့သင့်ပါတယ်။ ယူနိုက်တက် ကစားသမား တချို့ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် မိုယက်စ် ဒုက္ခရောက်ခဲ့ရလို့ပါပဲ”ဟုလည်း ပြစ်တင်ခဲ့သည်။ ၎င်းက မိုယက်စ်ကို ယူနိုက်တက် မန်နေဂျာ ရာထူးအတွက် ထောက်ခံခဲ့သည့် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကိုမူ အပြစ်တင်စရာ လုံးဝအကြောင်းမရှိဟု ကာကွယ်သွားခဲ့သည်။

“ဒီကိစ္စမှာ ဆာအဲလက်စ်ကို ဝေဖန်လို့ မရဘူးလေ။ အမှတ်ပေးဇယား အဆင့်(၇)ကို ရောက်နေတာဟာ အသင်းအတွက် စိတ်ပျက်စရာပဲ။ ဒါပေမဲ့ ဒီအတွက် တာဝန်ယူမှု အပိုင်းမှာ မိုယက်စ်အတွက် အဓိက ပြဿနာက ကစားသမားတွေဆီက ဘာအကူအညီမှ မရခဲ့တာပါပဲ”ဟု ကိန်းက ပြောဆိုခဲ့သည်။ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုကလည်း ITVနှင့် တွေ့ဆုံရာတွင် မိုယက်စ်အတွက် စိတ်မကောင်းကြောင်း စာနာစကားပြောသွားသည်။ “ကျွန်တော်ကတော့ ခုကိစ္စမှာ မှတ်ချက် မပေးဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ တခြားကောက်ချက် တစ်ခုခုတော့ ကျွန်တော် မပေးချင်ဘူး။ မိုယက်စ်အတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်။ တကယ်တော့ အလုပ်တာဝန် ဆုံးရှုံးသွားတဲ့ ဘယ်မန်နေဂျာအတွက်မဆို ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်”ဟု မော်ရင်ဟိုက ဖွင့်ဟသွားသည်။

Soccer Myanmar

ချယ်လ်ဆီးနှင့်သရေကျခဲ့သည့် ရလဒ်ကို အက်သလက်ကစားသမားများ မကျေနပ်

အိမ်ကွင်းဗင်းဆင့်တေးကယ်ဒါရွန်တွင် ကစားခဲ့သည့်ပွဲစဉ်၌ ချယ်လ်ဆီးအသင်းကို အနိုင်ရအောင်မကစားနိုင်ခဲ့သည့်အတွက် အက်သလက်ကစားသမားများမှာမကျေမနပ်ဖြစ်လျက်ရှိသည်။ အက်သလက်အသင်းသည် ထိုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအသာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ ကျော်ပြုလုပ်ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ၀-၀ ဂိုးရလဒ်ဖြင့် သရေကျခဲ့ရသည်။

အက်သလက်အသင်းခေါင်းဆောင်ဂါဘီက “ဒီပွဲရလဒ်ကို ကျွန်တော်တို့ လုံးဝမကျေနပ်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲအခြေအနေက ရှင်းရှင်းလင်းလင်းရှိနေပါတယ်။ သူတို့က ခံစစ်ကိုအားပြုကစားတဲ့ အသင်းဆိုတာ အခု ကျွန်တော်တို့သိသွားပါပြီ” ဟုဆိုခဲ့သည်။

အက်သလက်နောက်ခံလူ ဂျူအန်ဖရန်ကလည်း ထိုရလဒ်အတွက် မပျော်ရွှင်နိုင်ကြောင်းပြောဆိုခဲ့သည်။ ဂျူအန်ဖရန်က “ဒီပွဲရလဒ်အတွက် မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီပွဲကိုအနိုင်ရဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ဒါကိုကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” ဟုဆိုခဲ့သည်။

ထို့အပြင် ဂျူအန်ဖရန်က ချယ်လ်ဆီးကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၎င်းတို့အနိုင်ရနိုင်ကြောင်းလည်းဆိုခဲ့သည်။ “ချယ်လ်ဆီးက ခံစစ်ကစားပွဲတစ်ခုကို ကစားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကျွန်တော်တို့ကို အနိုင်ရမယ်လို့ ယူဆထားလို့ပါ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အနိုင်ရဖို့ခက်ခဲမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနိုင်ရဖို့အခွင့်အလမ်းတွေ လည်းရှိနေပါသေးတယ်”ဟု ဆိုခဲ့သည်။

အက်သလက်နှင့်ချယ်လ်ဆီးတို့သည် လာမည့်မေလ ၁ ရက်နေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်း၌ ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ရည်ညွှန်း ဖွတ်ဘောအက်စ်ပန်နာ
Mizzima - News in Burmese

၁၁ နှစ်အရွယ် ယောင်္ကျားလေးနှင့် မကြာခဏလိင်ဆက်ဆံပြီး ဗီဒီယို ရိုက်ကူးမှုကြောင့် အမျိုးသမီးတစ်ဦး ထောင်ချခံရ

အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီ မှာ နေထိုင်တဲ့ အသက် (၃၃) နှစ် အရွယ်ရှိ ပါလီရာစီယို အမည် ရ အမျိုးသမီး တစ် ဦးဟာ အသက် (၁၁) နှစ် အရွယ် ကလေး ငယ် တစ်ဦးနဲ့ ပေါင်းသင်း နေထိုင် ခဲ့လို့ ထောင် ဒဏ် အနှစ် (၂၀) ချမှတ် ခြင်း ခံရကြောင်း သိရှိ ရပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်နဲ့ ပေါင်းသင်း နေ စဉ် အတွင်း ဗီဒီယိုရိုက်ကူးမှုတွေကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ပါတယ်။

ပါလီရာစီ ယိုဟာ ၂၀၀၉ ခုနှစ်၊ မေလ ကနေ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ အထိ အသက်(၁၁)နှစ် အရွယ် ကောင်ကလေး တစ်ဦးနဲ့ ပေါင်းသင်း နေထိုင်ခဲ့ တာဖြစ် ပါတယ်။ ပါလီရာစီယိုဟာ ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေး တဲ့ ကျောင်းတစ်ကျောင်းမှာ ၀င် ရောက်လုပ် ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

တရားရေးဆိုင်ရာ တာဝန် ရှိသူတွေက တော့ ပါလီရာစီယိုဟာ အရွယ်မရောက်သေး တဲ့ ကလေးငယ်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ အ ပြင် မဖွယ်မရာဆက်ဆံပုံတွေကို ဗီဒီယို ရိုက် ကူးမှု ပြုလုပ် ခဲ့တာမို့ ယခုလို ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါ တယ်။

 အမေရိကန်နိုင်ငံမှာ အရွယ်မရောက် သေးတဲ့ ကလေး ငယ်တွေနဲ့ ပေါင်းသင်းဆက် ဆံမှုတွေပြုလုပ်တဲ့ အမျိုးသမီးတွေကို ထိ ရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတယ် လို့ သိ ရပါတယ်။

The Messenger
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ