အမေရိကန်ရောက် တေးဂီတပညာရှင် ချင်းတိုင်းရင်းသူ မီလာဒေါ့နှီယာန်း

သူမကို ၁၉၉၂ ခုနှစ်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး ပြည်တော်သာရပ်ကွက်မှာ နေထိုင်ခဲ့ပါ တယ်။ အသက် လေးနှစ်အရွယ်မှာတော့ ရန်ကုန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြပါတယ်။

ငယ်စဉ်က ကျောင်းမနေခဲ့ရပေမယ့် အိမ်မှာ စာပေသင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ၁၉၉၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို စတင်သွားရောက်ခဲ့ပြီး၂၀၀၀ ပြည့်နှစ်မှာတော့ မိသားစုအားလုံး အမေရိ ကန်ပြည်ထောင်စုကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ လက်ရှိ မေရီလန်းပြည်နယ် ကိုလမ်ဘီယာတွင် နေထိုင် လျက်ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုက Community College ကို နှစ်နှစ်ဆက်တက်ပြီး ပညာဆည်းပူးခဲ့တယ်။ သီ ချင်းဆိုဝါသနာပါလွန်းတဲ့အတွက် မီလာဟာ ၂၀၀၉ ခုနှစ်ကစလို့ သူမနှစ်သက်တဲ့ တေးသီချင်းတွေကို ကိုယ်တိုင် ဂစ်တာတီးခတ် cover သီဆိုကာ youtube ၀က်ဘ်ဆိုဒ်နဲ့ အခြား Social Network စာမျက် နှာတွေမှာ တင်လေ့ရှိပါတယ်။

O’Crew Medicine Show ရဲ့Wagon Wheel သီချင်းကို လူကြိုက်များခဲ့ပြီး တေးထုတ်လုပ်ရေးကုမ္ပဏီ တွေက စာချုပ်ဆိုဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီသီချင်းက Folk Country music အမျိုးအစား ဖြစ်ပါတယ်။

သူမရဲ့ music activities နဲ့ Profile ကို လေ့လာခဲ့ကြပြီး ကုမ္ပဏီကိုယ်စားလှယ်တွေက သူမကို ဆက် သွယ် ကမ်းလှမ်းလာခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတော်တွေက အများကြီးမို့ အခုလို ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်နိုင်တယ်ဆိုတာ အရမ်းခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါ။

သီချင်းဆိုတာကို ငယ်စဉ်ကလေးဘ၀ ချင်းပြည်နယ်မှာနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး သူမ ငယ်စဉ်ကလေးစားရတဲ့ တေးသံရှင်တွေ၊ ဂီတပညာရှင်တွေကတော့ လေးလေးဝါး၊ ကဗျာဘွဲ့မှူးနဲ့IRON CROSS တေးဂီတအဖွဲ့တို့ ဖြစ်ပါတယ်။

သူမရဲ့ Gone တေးအယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယအပတ်မှာ Tats Music Group ကနေ ဖြန့်ချိခဲ့ပါတယ်။ သူမရဲ့ ချိုမြတဲ့အသံကို သဘောကျပြီး ကုမ္ပဏီက စာချုပ်ချုပ် ၀ယ်ယူခဲ့တယ်လို့ သိရပါ တယ်။ သူမရဲ့တေးအယ်ဘမ်ကိုတော့ သူမရဲ့ဖေ့စ်ဘွတ်မှာ သွားရောက်နားဆင်နိုင်ပါတယ်။ ဒီအယ်လ် ဘမ်မှာ သူမကိုယ်တိုင်ရေးထားတဲ့ တေးသီချင်း ရှစ်ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

မီလာက သူရဲ့ပရိတ်သတ်တွေအတွက် သူမကိုယ်ပိုင် FaceBook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ အတိုင်း ပြန်တင်ပြပေးလိုက်ပါတယ်။

“တစ်နှစ်ပြည့်ဘို့ သုံးရက်အလိုမှ ပိုလီယိုရောဂါဖြစ်နေကြောင်း သိလိုက်ရတာပါ။ ဆရာဝန်ကအစ ကျွန်မ ကို အသက်ရှင်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို အသက်ရှင်ဖို့ ဒုတိယအ ကြိမ် အခွင့်အရေးပေးခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းမြောက်ကျေးဇူးတင်မိပါတယ်။ ကျွန်မဘ၀က ဆေးရုံမှာ ကြီးပြင်းလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ အခြားကလေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ ကျွန်မက ခြံကြီးထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။ အချိန်ပိုတွေအများကြီးရခဲ့လို့လဲ သီချင်းဆိုတဲ့အလုပ်ကို စိတ်ဝင်စားပြီး တစိုက်မတ်မတ် လုပ်ခဲ့မိတာပါ။ လေးနှစ်သမီးအရွယ်မှာ ပရိတ်သတ်ရှေ့ကိုထွက်ပြီး ဆို တတ်နေပါပြီ။ လူတွေကိုဖျော်ဖြေရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်။ ကျွန်မတို့အိမ်မှာ တီဗီမရှိဘူး။ သူများတွေကို သီချင်းဆိုပြရင် သူတို့က အိမ်ကိုလိုက်ပြီး တီဗီကြည့်ဖို့ ကျွန်မကို ခေါ်ပါတယ်။ ကံအား လျော်စွာ အသက်ရှစ်နှစ်မှာ အမေရိကန်ပြည်ထောင်စုကို အခြေချဖို့ ရောက်လာနိုင်ခဲ့ပါတယ်။ ဒါတင်မ က ကျွန်မဘ၀မှာ ဖြစ်ချင်တဲ့အရာတွေ၊ မက်ခဲ့တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မရေမ တွက်နိုင်တဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်တစ် ယောက် သေချာပေါက် ဖြစ်ရမယ်လို့ ကျွန်မ ရည်မှန်းထားခဲ့ပါတယ်။

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ ပညာသင်ကြားရေး စတဲ့ ကိစ္စတွေမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ်မှာ ပိုလီယိုရောဂါသည်တစ်ဦးအဖြစ် အသက်ရှင်ရတာ တကယ့်ကို အခက်အခဲပါ ပဲ။ အတိတ်ကလည်း ရင့်သီးတဲ့အတွေ့အကြုံတွေ များစွာဖြတ်သန်းခဲ့ရဘူးပါတယ်။ ကျွန်မရှေ့မှာ လူ သားတစ်ယောက် အနိုင်အထက်ပြုခံရတာ၊ နှိမ့်ချပြောဆို ဆက်ဆံခံရတာတွေ့ရင် ကျွန်မ အော့နှလုံးနာ ပါတယ်။ ဒါပေမဲ့ ကျွန်မသိထားတာတစ်ခုတော့ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဘယ်လောက်ကောင်း တဲ့အလုပ်ကိုလုပ်နေပါစေ သူ့ကို နှိမ့်ချပြောဆို ဖျက်ဆီးမယ့်သူတွေတော့ ရှိနေဦးမယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချိန်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ နည်းကတော့ ဘုရားသခင်ကို အားကိုး ချဉ်းကပ်ဖို့ပါဘဲ။ ခေါင်း ကိုမော့ထား၊ ဘယ်သူ့ကိုမျှအမှုမထားဘဲ ဘုရားနဲ့သာဆက်လက်လျှောက်လှမ်းပါ။ လိုရာပန်းတိုင်ရောက် သည်ထိပေါ့။

ကျွန်မက ကံ၊ ကံ၏အကျိုးကို ယုံသူတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို ပြောရမှာကြောက်တဲ့ လူစား မျိုးမဟုတ်ဘူး။ ကိုယ့်ရှေ့မှာ တစ်စုံတစ်ယောက်က စည်းကျော်နေတာတွေ့ရင် ကျွန်မ လက်ပိုက်ကြည့် မနေနိုင်ပါဘူး။ ကျွန်မ ကြောက်ရင်လည်း ကြောက်တယ်လို့ ၀န်ခံရမှာ မရှက်ဘူး။ တစ်ဖက်မှာလည်း ကိုယ့်ခံစားချက်အယူအဆတွေကို ရင်ထဲမှာ လှောင်ပိတ်မြိုသိပ်ထားတာကိုလည်း မတရားဘူးလို့ ထင်ပါ တယ်။ အဓိက ကိုယ့်ကိုယ်ကိုယ် မတရားလုပ်ရာကျပါတယ်။

ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ ကြောင့်လည်း ကျွန်မ သီချင်းတွေကို တစိုက်မတ်မတ် ရေးဖွဲ့နေဖြစ်တာပါ။ အဲဒီလိုရေးရတာဟာ မဟာ လွတ်လပ်မှုကြီးတစ်ခုပါပဲ။ မိမိခံစားချက်တွေကို ဖော်ထုတ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်ကတည်း ကစပြီး ကျွန်မ သီချင်းတွေရေးဖြစ်တာပါ။

ကိုယ့်စာသားနဲ့ ကိုယ့်သံစဉ်ကို ကိုယ်တိုင်သီဆိုခြင်းဟာ မိမိရဲ့ဘ၀ဒဿန၊ အချစ်ဒဿနတွေကို ကိုယ် တိုင်ကြေညာတာနဲ့ အတူတူပါပဲ။

ရုပ်ပိုင်းအရ ကျွန်မကိုယ်တိုင်အတွက်ရော သူတစ်ပါးအတွက်ပါ ကျွန်မ ဘာမှမလုပ်ပေးနိုင်သူပါ။ ဒါပေမဲ့ ဂီတ အနုပညာအားဖြင့် ကျွန်မ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အရာရာလုပ်ပေးနိုင်ပါတယ်။ တကယ်တော့ ဂီတဆိုတာ လူ့ဘ၀အတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လူတိုင်းကို ပြုံးပျော်စေနိုင်တဲ့အရာ၊ အချိန်တိုင်း နေရာတိုင်းမှာ လူတွေကို ပျော်အောင်၊ ရီအောင် လုပ်ပေးနိုင်တဲ့အ ရာပါ။ ဘယ်လို ဂီတ အမျိုးအစား ဖြစ်ပါစေ။

ကာဗာဆိုဖြစ်တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ အမျိုးအစားစုံ၊ စတိုင်ပေါင်းစုံ ဆိုရတာကို သဘောကျတယ်။ ဒါ့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ်က သီချင်းတွေ ၉၀ ကျော်ခုနှစ်က သီချင်းတွေအများကြီး ဆိုဖြစ်ခဲ့ပါတယ်။

ဂီတတူရိယာနှင့်ပတ်သက်ရင်လည်း ဘင်ဂျိုတို့၊ တယောတို့၊ ဘာဂျာတို့၊ မယ်ဒလင်တို့ကို သဘောကျ တယ်။ အဲဒီအသံတွေကြားရရင် နတ်စောင်းသံကို ကြားရသလိုပါပဲ။

ကျွန်မလိုပဲ သိသိသာသာကြီးကို မသန်မစွမ်းဖြစ်နေတဲ့ ကောင်မလေးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတောင် ကျွန်မဖြစ်ချင်တာကို ရအောင် လုပ်နိုင်ခဲ့သေးရင် သူတို့လည်း ဘ၀မှာ ရည်မှန်းတဲ့ပန်းတိုင်ကို ဆွတ်ခူးနိုင်တဲ့အခွင့်အရေး သူတို့မှာလည်း ရှိတယ်ဆိုတာကို ကျွန်မ သတိရစေ ချင်ပါတယ်။ ကိုယ့် နှလုံးသားခံစားချက်၊ စေစားချက်ကို တစိုက်မတ်မတ် ပြုစုပျိုးထောင်ပေးဖို့ပဲ လိုပါ တယ်။ ဘ၀ဆိုတာ တိုတောင်းလွန်းလို့ ကြောက်နေဖို့ အချိန်မရှိဘူး၊ ၀မ်းနည်းနေဖို့ အချိန်မရှိဘူး၊ စိတ် ပျက်အားငယ်နေဖို့ အချိန်မရှိဘူး၊ ရူးသွပ် (ဒေါသထွက်) နေဖို့ အချိန်မရှိဘူး။

ကိုယ် ဘယ်လိုဘ၀မျိုး ရောက်နေပါစေ ရင်ထဲမှာ ဘုရားကို ထာဝရထည့်ထားပြီး အကောင်းမြင်တတ် အောင် ကြိုးစားပါ။ နှလုံးသားစေစားတောင့်တရာကို တစိုက်မတ်မတ် နားထောင်ဖြည့်ဆည်းကြပါ။ အောင်မြင်ကြမှာပါ။

ကျွန်မကိုအားပေးကူညီကြတဲ့ ပရိသတ်ကြီးကို ဘယ်လိုကျေးဇူးတုံ့ပြန်ရမှန်းကို မပြောတတ်တော့ပါဘူး။ သူတို့ရဲ့ အားပေးထောက်ခံမှုကိုသာ မရခဲ့ရင် ကျွန်မဘ၀မှာ artist music fan page တစ်ခုကိုတောင် ကျွန်မ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ သုံးလေးစက္ကန့်လောက်လေးပဲဖြစ်ဖြစ် သူတို့ရဲ့တန်းဖိုးရှိတဲ့ အချိန်လေး တွေထဲက ကျွန်မရဲ့သီချင်းတွေကို အချိန်ပေးပြီး နားထောင်ခဲ့ကြလို့ ကျွန်မ ဒီဘ၀ရောက်လာရတာပါ။ ကျွန်မ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ ကရုဏာပါတဲ့လုပ်ရပ်တိုင်းဟာ ကျွန်မရဲ့ကမ္ဘာကြီးပါပဲ။

အဲဒီလောက်ကြီး ရှည်အောင်ရေးထားတဲ့ အတ္ထုပ္ပတ်္တိကို အချိန်ပေးပြီး ဖတ်ကြတဲ့ ပရိသတ်ကြီးကို အထူး ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ ပရိ သတ်ကြီးရဲ့မေတ္တာနဲ့ ပံ့ပိုးမှုအတွက် ပရိသတ်ကြီးကို ထာဝရချစ်နေပါမယ်လို့ ပြောပါရစေလို့” မီလာက ဆိုထားပါတယ်။

Benny ဘာသာပြန်သည်
Mizzima - News in Burmese


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂၇.၂.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ဦးထွန်းလွင်သည် ၎င်း၏သားများဖြစ်ကြသော ရန်နိုင်ထွန်းနှင့်ဟိန်းထွန်းအောင်တို့မှာ ခိုက်ရန်ဖြစ်ပွားကာ ဒဏ်ရာများ ရရှိပြီး ရပ်ကွက်အတွင်းရှိဆေးခန်းသို့ရောက်ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရာ ရန်နိုင်ထွန်းတွင် ၀ဲချိုစောင်းနှင့်နားထင်တို့၌ စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ်နှင့်နောက်စေ့တို့၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ဟိန်းထွန်းအောင်တွင် ယာနားထင်၌စုတ်ပြဲဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ ၎င်းတို့(၂)ဦးအား ၁၈၁၀ အချိန်ခန့်က ရပ်ကွက်အတွင်း အေ/၅လမ်းတွင် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသူ အမည်မသိ လူမြင်မှတ်မိအမျိုးသား(၇)ဦးခန့်တို့က တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းတို့(၂)ဦးအားရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ်၂၈.၂.၂၀၁၄ရက် နေ့ ၀၁၃၀ အချိန်တွင် ရန်နိုင်ထွန်းမှာ သေဆုံးသွားခဲ့ပြီး ဟိန်းထွန်းအောင် မှာ ပြင်ပလူနာအဖြစ်ကုသခဲ့ရသောကြောင့် စုံစမ်းအရေးယူပေးပါရန် ဦးထွန်းလွင်မှ တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၆၈/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၃/၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


တေးသံရှင်မေသူ၏ သာယာတဲ့ကမ္ဘာစီးရီး မတ်လ ၆ ရက်ထွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကိုယ်ပိုင်သံစဉ် အချစ်သီချင်းများစွာ ပါဝင်သော သာယာတဲ့ကမ္ဘာ စီးရီးကို မတ်လ ၆ ရက်နေ့မှစတင်ပြီး ရတနာမြိုင် တေးသံသွင်းမှ စတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း တေးသံရှင် မေသူက The Voice သို့ ပြောကြားသည်။

“ဒီစီးရီးက ညီမရဲ့ ဒုတိယမြောက် စီးရီးပါ။ ဒီခွေထဲမှာတော့ အဆွေးသီချင်းတွေ လျှော့ပြီး မြူးမြူးကြွကြွနဲ့ ကလို့ကောင်းမယ့် သီချင်းလေးတွေကို ညီမ ဦးစားပေး ထည့်ထားတယ်။ သီချင်းတွေထဲမှာ လွှမ်းပိုင်နဲ့ စုံတွဲဆိုထားတဲ့ အဖြည့်ခံလူဆိုတဲ့ သီချင်းလေးက ပရိသတ်တွေ အတွက်လည်း ထူးခြားမှာပါ။ သူက ပုံမှန်ဆို Rap တွေ ဆိုတာများပေမယ့် ညီမက Pop သီချင်းလေးပဲ ဆိုချင်တယ်လို့ တောင်းဆိုထားတဲ့အတွက် ကူညီပြီး ဆိုပေးထားပါတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

သာယာတဲ့ကမ္ဘာ စီးရီးတွင် သီချင်းများကို တေးရေး ဇဝါ၊ စံပီး၊ ရေမွန်၊ အောင်လ၊ ဒီယံ၊ သားသား၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ စောရှိုင်း၊ ဇင်ဗိုတို့က ရေးသားပေးထားပြီး တေးသံရှင် ဟဲလေး၊ လွှမ်းပိုင်နှင့် ဉာဏ်လင်းအောင်တို့က စုံတွဲပါဝင် ကူညီသီဆို ပေးထားကြောင်း၊ စီးရီးအတွက် ဗီစီဒီကို မတ်လကုန်တွင် စတင်ရိုက်ကူးရန် စီစဉ်ထားပြီး ဖြန့်ချိသည့် အချိန်တွင် ထူးခြားသည့် အစီအစဉ်များနှင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊ သီချင်းများကို တေးရေးဆရာများက အကောင်းဆုံး ရေးပေးထားသလို၊ ကိုယ်တိုင်ကလည်း ကြိုးစား သီဆိုထားသည့်အတွက် ပရိသတ်များ၏ အားပေးမှုကို မျှော်လင့်ကြောင်း မေသူက ဆိုသည်။

“ဒီစီးရီးထဲမှာ သူ့အသံနဲ့လည်း လိုက်မယ့်၊ လူငယ် ပရိသတ်တွေ အတွက်လည်း အဆင်ပြေမယ့် သီချင်းတွေကို သူနဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်ထားပါတယ်။ သူက သီချင်းလည်းဂျီး (ချေး) များတယ်။ သူကိုယ်တိုင်လည်း ဖြစ်ချင်တဲ့ အရာလေးတွေကို တေးရေး ဆရာတွေ သေချာပြောပြတယ်။ တကယ်ကြိုးစားပြီး လုပ်ထားတဲ့ ခွေလေး ဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့ အဆက်အဟပ် တည့်မယ်လို့ ထင်ပါတယ်” ဟု ယင်းစီးရီးကို တာဝန်ယူ စီစဉ်ပေးသည့် တေးရေးဆရာ နေထိုက်စိုးက ပြောကြားသည်။

The Voice Weekly

သူတို့၏ လတ်တလော အနုပညာ လှုပ်ရှားမှုများ

ဝတ်မှုံရွှေရည်

သမီးကတော့ အခု လတ်တလောမှာ ဒါရိုက်တာ ကိုပေါက်၊ မင်းသား ဇေရဲထက်နဲ့ ''အသက်သွင်း လိပ်ပြာ လေး၏ ရာဇဝင်''ဆိုတဲ့ကားလေး ရိုက်နေပါတယ်။ ကာရိုက်တာကတော့ ပထမပိုင်းမှာ အရမ်းခေတ်ဆန် တဲ့ ကောင်မလေး ပုံနဲ့ နောက်ပိုင်းမှာ ရိုးရိုးလေး ဖြစ်သွားတာပေါ့။ အဲလိုမျိုးလေးပါပဲ။ သမီးရဲ့ ပရိသတ်ကြီး အ တွက် အရာအားလုံးကို အကောင်းဆုံး ကြိုးစားသွားမှာပါ။

ရတနာမိုင်

မိုင်လေး အခုတလော နယ်မှာသီချင်းတွေ သွားဆိုဖြစ်တယ်။ အခုတော့ သင်္ကြန်အခွေလေး လုပ်နေတယ် ။ မတ်လမှာ CD ထွက်ဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကိုတော့ Hello Music လို့ပေးထားတယ်။ ယုန်လေး၊ ကျော် ထွဋ်ဆွေ၊ ဆိုတေး၊ ကောင်းဆက်၊ ရတနာမိုင်၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ နန်းသူဇာနဲ့ ဆူဇီ တို့ ပါဝင် သီဆို ထားပါတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ အဲဒီအခွေလေးနဲ့ နယ်ရှိုးတွေ ဆိုဖြစ်နေပါ တယ်။

သက်သခင်

ညီမကတော့ အခုလတ်တလော ဓာတ်ပုံတွေ ရိုက်ဖြစ်နေပါတယ်။ ကားရိုက်တာကတော့ နည်းနည်းကျဲတယ် လေ။ အိမ်က အဖေကလည်း သဘောမတူလို့ပါ။ ဒါပေမဲ့ ညီမရဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ကြိုး စား သွားမှာ ပါ။

မြ၀တီ

ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုဖြင့် ရော့ခ်အဆိုတော် လမ်ဘီဆစ် ထောင်ကိုးနှစ်ကျ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆

နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့ As I Lay Dying ရဲ့အဆိုတော် တင်မ်လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမား ငှားရမ်းပြီး ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံလိုက်ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

လမ်ဘီဆစ်ဟာ အစောပိုင်းတုန်းက အစိုးရရှေ့နေရဲ့ စွဲဆိုချက်တွေကို ငြင်းဆန် ခဲ့သေးပေမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကာ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ အသနားခံခဲ့ပြီးတဲ့ နောက်မှာတော့ တရားရုံးကသူ့ကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမားဟန် အသွင်ယူထားတဲ့ ရဲဝန်ထမ်းတစ်ဦးကို သူ့မိန်းမကို သတ်ပေးဖို့အတွက် သွားရောက် ငှားရမ်းမိတဲ့အတွက် ပြီးခဲ့တဲ့ နှစ်မေလထဲမှ စတင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ လမ်ဘီဆစ်ဟာ လူသတ်မှု ကျူးလွန်ရန် ဆွဲဆောင် စည်းရုံးမှု၊ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို လာမယ့် မေလ ၂ ရက်နေ့မှာ စတင်ကျခံရမှာ ဖြစ်ပါတယ်။

လမ်ဘီဆစ် အဖမ်းမခံရမီက သူ့ရဲ့ဇနီးဖြစ်သူက လမ်ဘီဆစ်ဟာ အိမ်ထောင်ဖက် အပေါ်မှာထက် ခန္ဓာကိုယ် ကြွက်သားတွေ လှပဖို့ လေ့ကျင့်တဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ဖူးပါတယ်။

လန်ဘီဆစ် အဖမ်းခံခဲ့ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ As I Lay Dying အဖွဲ့ဟာလည်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အပြင် အခြားအနုပညာ လှုပ်ရှားမှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

The Voice Weekly

ဆင်းထုတော်တွင်ပျားစွဲ ဖူးမြှော်ကြသူမစဲ

ထူးခြားဖြစ်စဉ်တစ်ခုကို အကြောင်းပြု၍ မှတ်တမ်းတစ်ခု အဖြစ်ပြော ဆိုလေ့ရှိသည်။ ရထားလမ်းဖောက် သည့်နှစ်က၊ လေပြင်း တိုက်သည့်နှစ်က၊ ကျောင်းရေစက်ချတဲ့နှစ်က၊ မီးလောင်တဲ့နှစ်က စသည်ဖြင့်မှတ်တမ်း အဖြစ်ပြောဆိုကြရာတွင် ဂန့်ဂေါမြို့နယ်သူ၊ မြို့နယ်သားများပြောဆိုလေ့ရှိသောစကားမှတ်တမ်းများထဲ၌ ရေကြီး လျှံတဲ့နှစ်ကဟူသော မှတ်တမ်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။
၁၉၆၈ ခုနှစ်က မြစ်သာမြစ်ရေမှာ အမြင့်ဆုံး စံချိန်း တင်ရေကြီးရေ လျှံမှုဖြစ်ခဲ့ရာ ကျေးရွာ များသို့ရေလျှံ တက်သဖြင့် အမြင့်ပိုင်း သို့ပြောင်းရွှေ့နေ ထိုင်ကြရ သည့် ကျေးရွာများ အနက် အောင်မြင်ကျေးရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်သည်။

ကျေးရွာဟောင်းအရပ်ဖြစ်ခဲ့သည့်နေရာ(ရှောက်ပင်ရွာ)တွင် ဘုရားစေတီများ ကျန်ခဲ့ရာ အောင်မြင်ရွာနေ ပြည်သူများက အဆိုပါဘုရားစေတီများအား မွမ်းမံပြင် ဆင်ခြင်း၊ အနေကဇာတင်လှူပူဇော်ခြင်းတို့နှင့် ဗုဒ္ဓပူဇနိယ ပွဲတို့ကို နှစ်စဉ်ဆောင်ရွက် လျှက်ရှိကြသည်။ ယခုနှစ်တွင်ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော်၌ အသံမစဲမဟာ ပဌာန်းပွဲကိုပါထည့်သွင်းကျင်းပပူဇော်ရာ ပဌာန်းပွဲ စတင်ကျင်းပသည့်နေ့တွင် စေတီတော်အတွင်းရှိ ဘုရား ဆင်း ထုခေါင်းတော်တွင် ပျားများအုံဖွဲ့ကြောင်းနှင့် ပွဲတော်ကျင်းပစဉ်ကာလတွင် ရာသီ ဥတုမှာ ထူးခြားစွာ သာယာမှုရှိကြောင်း၊ ပွဲတော်ကျင်းပပြီးသည်မှာ တစ်လကျော်ကြာပြီးဖြစ်သော် လည်း ဘုရားဖူးများလာရောက် ဆဲဖြစ်ကြောင်းနှင့် ဆုတောင်းပြည့်သည်ဟု ယုံကြည်မှုဖြင့် လာရောက်ဖူးမြှော်ကြခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

ဗီယမ်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်းနှင့်အတူ တယောထိုးခဲ့ဖူးသည့် တယောဦးတင်ရီ

လွန်ခဲ့သည့်နှစ်ပေါင်း ၃ဝကျော်လောက်ကတည်းက မြန်မာသံစဉ်နှင့် အနောက်တိုင်းသံစဉ်တို့ကို ပေါင်းစပ်၍ အော်ဂတ်စထရာတီးဝိုင်း ထူ ထောင်ကာဂီတပွဲများ၊ ဧည့်ခံ ပွဲများ၊ မင်္ဂလာပွဲများ၊ ညစာစား ပွဲများတွင် ဖျော်ဖြေတင်ဆက် ခဲ့ကြသည့်တယောဦးတင်ရီနှင့် အဖွဲ့တူရိယာဝိုင်းနှင့် ပတ်သက်ပြီးတယောပညာရှင်ဦး တင်ရီအား တွေ့ ဆုံမေးမြန်းဖြစ် ခဲ့သည်။ စတင်ဖွဲ့ စည်းချိန်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင် ခဲ့ရပုံများကို တယောဦးတင်ရီက

“ဆရာရွှေပြည်အေး၊ ဆရာ ဦးလှထွဋ်၊ ဆရာဦးကိုကို၊ အေ
ဝမ်းခင်မောင်တို့နဲ့ စတင်ပြီး တီးခဲ့တာပါ။ အဲဒီလိုဆရာကြီး တွေနဲ့ လိုက်ပြီးတော့မှသူတို့ အယူအဆလေးတွေ သင်ရင်း ကြားရင်းတီးခဲ့တယ်။ နောက် ပိုင်းကျတော့ သူတို့ ဆီလိုက် မတီးတော့ဘဲ ကိုယ့်ဘာသာ ကိုယ်တယောဝိုင်းဖွဲ့လိုက်တယ်။

အဲဒီအချိန်တုန်းကကျွန်တော်က မြန်မာ့အသံမှာလုပ်တယ်။ တယော ၄၊ ၅၊ ၆ ယောက် လောက်နဲ့ ချယ်လိုတို့၊ ဘေ့စ်တို့တိုက်နေတော့ လူတွေက ကျွန်တော့်ကို မြန်မာသီချင်း တွေကို အင်တာနေရှင်နယ်နဲ့ ဘာတွေလုပ်နေမှန်းမသိဘူး ပြောတာခံရတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်မပျက်ဘူး။

မြန်မာ့အသံတီဗီနှစ်ပတ်လည် လေးနှစ်မြောက်တဲ့အချိန်အခါ မှာ ကျွန်တော်က ကိုသစ္စာကို တိုင်ပင်ပြီးတော့ တစ်ဝိုင်း လောက်ပေးပါလို့ တောင်းပြီး ကျေးစေတမန်တို့ ဘာတို့ကို အင်တာနေရှင်နယ်နည်းနဲ့ ခွဲခြမ်းစိတ်ဖြာပြီးတော့ တီးခဲ့ တယ်။ အရေးအခင်းမတိုင်ခင်၁၉၈ဝလောက်ကပေါ့။ ပရိသတ် က တော်တော်ကျေနပ်သွားပုံရ ပါတယ်။ အဲဒီအချိန်အခါ တုန်းက မင်းသားကြီးဝင်းဦးနဲ့ ကျွန်တော်နဲ့စကားများထား တယ်။ အဲဒီအချိန်အခါမှာ အဲဒါ လေး ထလုပ်လိုက်တော့ မင်းသား ကြီး ဦးဝင်းဦးက သတင်းစာ မှာ ဘာရေးလိုက်လဲဆိုတော့သဲကန္တာရ မှာစမ်းရေကြည်လေး တစ်ပေါက် သောက်လိုက်ရသလိုပဲ။ အင်မတန် အေးမြပါတယ်ဆိုပြီးတော့ ရေး လိုက်ပါတယ်။ အဲဒီက စတာ ပေါ့”ဟုဆိုသည်။

အော်ဂတ်စထရာတီးဝိုင်း များ ရှားပါးသောခေတ်၌ စတင် လှုပ်ရှားခဲ့သည့် တယောဦးတင် ရီနှင့်အဖွဲ့ တူရိယာဝိုင်း၏ အဓိကဖန်တီးချင်သည့် ဂီတ အကြောင်းများနှင့် မည်ကဲ့သို့ ဖန်တီးခဲ့ရပုံများကိုလည်း “မြန်မာ သီချင်းတွေကို Classical ဖြစ် အောင်ဖန်တီးချင်တယ်။ Rhythm Section ပါရမယ်။ Harmony Section ပါရမယ်။ Melody လည်း မပျောက်ရဘူး။ အဲဒီလို ဥစ္စာကို တယောနဲ့ ဖန်တီး တဲ့အခါမှာ တစ်ခုတစ်ခုကို တော်တော်ဖန်တီးရပါတယ်။

တယောဝိုင်းဆိုတာဂစ်တာကော့ဒ် ပေးသလို မဟုတ်ဘူး။ တစ်လုံးချင်းတိတိကျကျပေးပြီးတော့မှ တီးရတာ။ ညီအောင်လည်း တော်တော်တိုက်ရပါတယ်။ ဒါ ကြောင့် ကျွန်တော်က အဆိုနဲ့ သိပ်မတီးဖြစ်တာပါ။ အော်ဂတ်စထရာဆိုတာဟာ ရှင်းရှင်းပြောရရင် ဆရာမြို့မငြိမ်းပြီးတဲ့ နောက်ပိုင်းကျွန်တော်စလုပ်ခဲ့တာပါ” ဟုတယောဦးတင်ရီက ပြောသည်။

ဂီတကိုလေ့လာလိုက်စားလိုသူ ဝါသနာရှင်များအတွက် တယောဦးတင်ရီဦးစီးသော ဂီတသင်တန်းတွင် တယော၊ စန္ဒရား၊ အဆို၊ ဂစ်တာ၊ ပန်းချီတို့အား သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းမှ ပညာ ရှင်မျိုးဆက်သစ်များအားမည်သို့ မွေးထုတ်ပေးနေသည်ကို တယော ဦးတင်ရီက

“ကျွန်တော်သင်ပေးတာက သူတို့လိုက်စားချင်တာ၊ သူတို့လုပ်ချင်တဲ့အရာကိုကျွန်တော် မပြောဘူး။ လမ်းကြောင်းက ဒါဆိုတာ ဦးတည်ပေးတာပါ။ ဝါသနာအရ လေ့လာတာရှိမယ်။ ပရော်ဖက်ရှင်နယ် အရ လေ့လာတာရှိမယ်။ ကျွန်တော့်ဆီလာတဲ့ သူတွေကို အပျော်တမ်းသင်မယ်ဆိုရင်မလာနဲ့။ ပရော်ဖက်ရှင်နယ် လုပ်မယ်ဆိုရင်တော့ လာခဲ့ပါလို့ပြောတယ်။တွဲသင်ပေးမယ်။ အဲဒါထက်မက နိုင်ငံခြားမှာ သွားပြီးတော့ ပညာသင်ချင်တာလား၊ ရတယ်။ ဒီကနေ စာမေး ပွဲ ဖြေမှာလား။ သင်ပေးမယ်။ ဖြေနိုင်အောင်သင်ပေးလိုက်မယ်။ အဲဒီလို သင်ပေးလို့ N.U.S မှာ ၂ ယောက်ရှိတယ်။ အဲဒီလိုထူးချွန်တဲ့၊ ကြိုးစားတဲ့ သူမျိုးကို သင်ပေးပါတယ်” ဟု ပြောပြသည်။

ဗီယက်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နှင့်အတူ တယောထိုးခဲ့ဖူးသည့် အမှတ်တရအား ပြန်လည် ပြော ပြသည့် ဦးတင်ရီက တယောထိုး သည့် ဂီတပညာရပ်နှ င့် ပတ်သက်ပြီး

“အသံလွှင့်ရုံမှာကျွန်တော် အလုပ်လုပ်နေတဲ့အချိန်ပေါ့။ အသံလွှင်ရုံ A ခန်းအတွင်းမှာ ကျွန်တော်တယောထိုးနေတဲ့အချိန် ဟိုချီမင်းက ဒီကိုလေ့လာ ရင်းနဲ့ ရောက်လာတယ်။ မင်း နဲ့ငါ တယောထိုးချင်တယ်ဆိုလို့ တယောတစ်လက်ယူပေးလိုက်တယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် တယောထိုးပြီးတဲ့အချိန်မှာ ဟိုချီမင်းက ငယ်စဉ်တုန်းက ငါ တယောထိုးဖူးတယ်တဲ့။ တယောကို နည်းနည်းလေးထိုးတတ်ရင် တိုင်းပြည်အုပ်ချုပ်တာလွယ်သွားပါတယ်လို့ ပြောပါတယ်။

တယောကို နည်းနည်းလေးထိုးတတ်ရင် အလုပ်ဟူသမျှ စည်းကမ်းတကျ လုပ်တတ်တယ်လို့ ပြောပါတယ်။ တယောဟာ တကယ်တော့ လက်၊ပခုံးအကုန်လုံး ညီနေရမယ်။ တစ်ချက်လွဲသွားရင် တစ်ချက်အသံတိမ်းသွားတာပဲ။

စိတ်ကိုတည်ငြိမ် အောင်ထားပြီး တော့ နောက်ဆုံးဘိုးတံတစ်ဆွဲ တစ်ဆန့်ကို ကွေးတယ်။ ဆန့်တယ်ဆိုပြီးတော့မှအသံကို ဥာဏ်နဲ့မြင်ေ အာင်ကျင့်ပြီး တော့မှ လုပ်ရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်” ဟု ဗဟု သုတဖြစ်ဖွယ်ပြောပြခဲ့သည်။

မျိုးမောင်
Popular Journal

အမည်မသိ အမျိုးသားတစ်ဦးအား နောက်မှ(၁၂)ဘီးကားဖြင့် ဝင်တိုက်မိ၍ သေဆုံး

တောင်ငူ ဖေဖေါ်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၂၁၄/၇ နှင့် ၂၁၅/၀ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေးပုံမှန် ကားလမ်း မိုင်တိုင်အမှတ် ၂၁၄/၇ နှင့် ၂၁၅/၀ အကြားတွင် တောင်မှမြောက်သို့ လမ်းလျှောက်သွားသူ အသက် (၄၅) နှစ်ခန့်၊ အမည်မသိ အမျိုးသား တစ်ဦးအား ၄င်းလမ်းအတိုင်း မောင်းနှင်လာသော ဇင်မင်းထွန်း (၂၃) နှစ်၊ (ဘ) ဦးဟန်တင်၊ ညောင်ပင်ခြံ ကျေး၇ွာ၊ ခင်ဦးမြို့နေသူ မောင်းနှင်လာသော ၉ခ/ ၃၈၂၇ နီဆန်းဒီဇယ် အဖြူရောင် (၁၂) ဘီးယာဉ်မှ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် အမည်မသိ အမျိုးသားတွင် ဦးခေါင်း ကြေမွဒဏ်ရာ၊ ဝဲ/ ယာခြေကျိုး ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ဇင်မင်းထွန်းအား ရေးယူပေးပါရန် ရဲအုပ်ကျော်ကျော်ဝင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရေနီနယ်မြေ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၄-က အရအမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ကျားသစ်တစ်ကောင် ဝင်လာသဖြင့် အိန္ဒိယမြို့ကလေးတွင် အုတ်အော်သောင်းတင်းဖြစ်၊ ကျောင်းများ ပိတ်ထားရ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅

အရွယ်ရောက်ပြီးသော ကျားသစ်တစ်ကောင် အိန္ဒိယနိုင်ငံ မီရတ်မြို့အတွင်းသို့ ဝင်ရောက်လာပြီး လွတ်မြောက်နေသဖြင့် လူအများ ကြောက်ရွံလျက်ရှိကာ ကျောင်းများ ပိတ်ရသည်အထိ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ဖမ်းမိနိုင်သေးခြင်း မရှိကြောင်း BBC သတင်းက အရာရှိများကို ကိုးကားလျက် ဖော်ပြထားသည်။

နယူးဒေလီမြို့တော်မှ ၂ နာရီကြာ ကားမောင်း သွားရသည့် အကွာတွင်ရှိသော မီရတ်မြို့အတွင်းရှိ ပြည်သူများ ထိတ်လန့်လျက်ရှိကာ ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားရသည်။

ရဲအင်အား များစွာလည်း လုံခြုံရေး ချထားသည့်အပြင် တောရိုင်း တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူ များကိုလည်း ယင်းကျားသစ်ကို ဖမ်းမိရေးအတွက် အကူအညီ ခေါ်ထားရသေးသည်။
“ကျားသစ်က ဘယ်နေရာကို ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ မသိတာကြောင့် ကျောင်းတွေကို ပိတ်ထားပါတယ်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ လုပ်ထားတာပါ” ဟု ခရိုင်တရားသူကြီး ပန်ကက်ဂ်ျ ယာဒက်ဗ်က BBC ဟင်ဒီဘာသာ အစီအစဉ်ကို ပြောကြားခဲ့သည်။

အဆိုပါ ကျားသစ်သည် အနီးအနား တောအုပ်ထဲမှ နယ်ကျွံလာပြီး မြို့ထဲရောက်လာကာ ထိတ်လန့်ပြီး လျှောက်ပြေးနေခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းဖော်ထုတ်မှုများအရ မြို့အရာရှိများက ဆိုသည်။

ဂိုဒေါင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုကျားသစ်ကို ပထမဦးဆုံးအကြိမ် တွေ့ရှိခဲ့ရပြီး ဂိုဒေါင်ထဲ ဝင်သွားသည့် အမျိုးသားတစ်ဦး အတိုက်ခိုက် ခံလိုက်ရကာ ဒဏ်ရာလည်း ရရှိသွားသည်။

နောက်ပိုင်းတွင် အနီးအနား ဆေးရုံထဲတွင် ဝင်ပုန်းနေခဲ့ပြီး နာရီအနည်းငယ် ကြာသောအခါ ပိတ်မိနေသော ဆေးရုံအခန်း၏ ပြတင်းပေါက်မှ ခုန်ချ လွတ်မြောက် သွားခဲ့ပြန်သည်။

သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူများက ၎င်းကျားသစ်ကို မေ့ဆေးဖြင့်ဖမ်းရန် ကြိုးစားခဲ့သေးကြောင်း အရာရှိများက ဆိုသည်။

အိန္ဒိယ တောအုပ်များထဲတွင် ရှိသော ကျားသစ် အရေအတွက်ကို တိတိကျကျ စာရင်းမရှိသော်လည်း ကောင်ရေ တစ်သောင်း ဝန်းကျင်သာ ရှိနိုင်ကြောင်း သားရိုင်း တိရစ္ဆာန်ရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့် လများစွာ အတွင်းကလည်း ထိုင်းနိုင်ငံရှိ ရွာတစ်ရွာ အတွင်းသို့ မျောက်အုပ်ကြီး ဝင်လာခဲ့ကာ မုန့်များ၊ ဆန်များကို ဝင်ရောက် စားသွားခဲ့ပြီး ယင်းသို့ တောနေ သတ္တဝါများ လူ့နေရပ် အတွင်းသို့ ရောက်လာခြင်းမှာ ၎င်းတို့ စားကျက်များ ကျဉ်းမြောင်း လာသောကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က ဆိုထားသည်။

The Voice Weekly

နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး

 (၁) ဥအမျိုးမျိုး

 ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။

(၂)အုတ်စပါး(Oatmeal)

အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။

(၃)လက်ဖက်ရည်ကြမ်း

(Green tea)- Green tea သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို သိသာစွာ လျော့နည်းစေရုံ သာမက ယင်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ရင်သား ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုအား လျော့နည်းစေသည်။ ထို့ပြင် green tea တွင် ပါဝင်သော Polyphenols နှင့် Flavonoids တို့က ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆီးချို ထိန်းသိမ်းရာ၌လည်း ကူညီပေးကြောင်း သိရသည်။

(၄)ဒိန်ချဉ်

ဒိန်ချဉ်တွင် ကယ်ဆီယမ်များစွာ ပါဝင်ပြီး အရိုးနှင့်သွား များကို ခိုင်ခံ့စေသည်။ ထို့ပြင် ဒိန်ချဉ်က အစာအိမ်ကို ကူညီနိုင်ပြီး အစာအိမ်အချဉ်ဖောက်ခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ အစာမကြေခြင်း တို့အား သက်သာ စေသည်။ ထို့ပြင် အရေပြားအား နူးညံ့ချောမွတ်စေ၍ အပေါ်ယံလွှာရှိ ဆဲလ်အသေများကို ကွာကျ စေနိုင်သည်။

(၅)အသီးများ

ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီ သီးစတဲ့အသီး အမျိုးမျိုး စားခြင်းက သင့်ကို နောက်တစ်ကြိမ် အစာမစားမီ အချိန်ထိ လိုအပ်သောစွမ်းအင် ပမာဏကို မပိုမလို တိကျစွာ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။

မိုင်ကိ

credit to Health Updates Journal

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


ရန်ဖြစ်နေစဉ် ၀င်ရောက်ဖျန်ဖြေပေးသည့် ညီမကို အစ်ကိုဖြစ်သူ၏ဓါးဖြင့် ထိုးမိခဲ့၍ သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရွာ၊ ပုလဲလမ်းထိပ်ရှိကုန်စုံဆိုင်အနီး၌ ၎င်းရွာနေ မောင်မျိုး(ခ)ဇော်မျိုးမှာ ကုန်စုံဆိုင်ဘေးလမ်းကြားသို့ လမ်းမှားဝင်သည့် ကိစ္စဖြင့် ကုန်စုံဆိုင်မှ ကိုကျော်မိုးနှင့်စကားများကြပြီး လုံးထွေးသတ်ပုတ် နေကြသဖြင့် မောင်မျိုး(ခ)ဇော်မျိုး၏ညီမများဖြစ်သော မငြိမ်းငြိမ်းအေးနှင့် မသန္တာထွေးတို့မှ ၀င်ရောက်ဖျန်ဖြေပေးခဲ့ကြပါသည်။

ထိုသို့ ဖျန်ဖြေပေးနေစဉ် မောင်မျိုး(ခ)ဇော်မျိုးမှ အသင့်ပါလာသောဓါးဖြင့် ကိုကျော်မိုးကိုထိုးခဲ့ရာ ကိုကျော်မိုး အားမထိုးမိဘဲ ညီမဖြစ်သူမသန္တာထွေး၏ ယာဘက်ရင်သားအောက်ကိုထိုးမိသွားခဲ့သဖြင့် လှိုင်သာယာဆေးရုံသို့
တင်ပို့ကုသစဉ် မသန္တာထွေးမှာသေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မျိုး(ခ)ဇော်မျိုးအား သောင်ကြီးနယ်မြေ ရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ By The Messenger
ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။

ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

The Messenger

သင့်ကျန်းမာရေး အတွက် လက်ဆေးပါ

''ကာကွယ် တားဆီးခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်'' ဟူသော ဆောင်ပုဒ်ဟာ ကျန်းမာရေး လိုက်စားချင်လာအောင် အလေ့အကျင့်ကောင်း၊ စနစ်ကောင်းတွေကို လိုက်နာဖို့နဲ့

ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်း မှတ်သားရပါသည်။

''သင့်ကျန်းမာရေးအတွက် လက်ဆေးပါ'' ဆိုရင် ဆပ်ပြာနဲ့ ရေကောင်းရေသန့်ကို ပြေးသတိရမှာ ဖြစ်ပါတယ်။ ရေကောင်းရေသန့်နဲ့ သုံးစွဲနိုင်တဲ့ အခြေအနေရှိခြင်း၊ ဆပ်ပြာသုံးကာ သန့်သန့်ရှင်းရှင်း နေနိုင်တဲ့ အခြေအနေရှိခြင်းတို့ဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထောက်အကူ ပြုရုံသာမက ကိုယ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘက်စုံ ဖွံ့ဖြိုးရေးကိုပါ အကူအညီ ပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်း ရေကောင်းရေသန့် သုံးစွဲရမှုနဲ့ ဆပ်ပြာဖြင့် သန့်ရှင်း ဆေးကြောနိုင်မှု အစရှိတဲ့ ကလေးများ ဖွံ့ဖြိုးမှုနှုန်းဆိုင်ရာ ကောက်ယူထားတဲ့ စာရင်းအရ ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးတဲ့ မိသားစုများမှ အသက်ငါးနှစ်အောက် ကလေးများဟာ ဆန့်ကျင်ဘက် ရေကောင်းရေသန့်နဲ့ ဆပ်ပြာ မသုံးရတဲ့ ကလေးများထက် ပျမ်းမျှအရပ် သုည

ဒသမ ၅ စင်တီမီတာ ပိုရှည်ကြောင်း စာရင်းများအရ သိရသည်။ လေ့လာမှုစစ်တမ်းကို ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ နိုက်ဂျီးရီးယား၊ ချီလီ၊ ဂွာတီ မာလာ၊ ပါကစ္စတန်၊ နီပေါ၊ တောင်အာဖရိက၊ ကင်ညာနှင့် ကမ္ဘောဒီးယား နိုင်ငံများက စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် အခြေအနေ ညံ့ဖျင်းမှုကြောင့် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုထိခိုက်ကာ ရေရှည်ဆိုးကျိုး ခံစားနေရတဲ့ ကလေး ၂၆၅ သန်း ရှိကြောင်းလည်း စာရင်းများအရ သိရသည်။

ရေကောင်း ရေသန့်ပံ့ပိုးမှု၊ ဆပ်ပြာသုံးစွဲမှုသည် ဝမ်းရောဂါနဲ့ ရောဂါဆိုးများကြောင့် ကလေးများ သေဆုံးနေရသည် ကို လျှော့ချသွားနိုင်မယ်လို့ LSHTM ခေါင်းဆောင် ပြည်သူ့ ကျန်းမာရေး အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အလန်ဒန်ဂါက ပြောကြားခဲ့သည်။ ရေကောင်းရေသန့်နဲ့ ဆပ်ပြာကို လုံလောက်အောင် ပံ့ပိုးနိုင်ရင် ကလေးများရဲ့ ကျန်းမာရေးအပေါ် အပြုသဘော တိုးတက်မှုများ သက်ရောက်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့သည်။ လေ့လာသုတေသန ပြုချက်သည် ကလေးများ ဘက်စုံဖွံ့ဖြိုးရေးမှ ရေကောင်းရေသန့် သုံးစွဲရေးနဲ့ ဆပ်ပြာသုံးစွဲရေး အရေးပါပုံကို ကောင်းစွာ ထောက်ပြ လိုက်ခြင်းဖြစ်တယ်လို့ ဒေါက်တာဒန်ဂါက ဆိုတယ်။ ''ရေမသန့်ရှင်းရင် ကလေးတွေ ဝမ်းရောဂါဖြစ်မယ်။ ကျန်းမာရေးထိခိုက်ပြီး ဘက်စုံဖွံ့ဖြိုးမှု ကျဆင်းမှာ အားလုံးအမြင်ပဲ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးခွင့်ရ ကလေးများဟာ သုည ဒသမ ၅စင်တီမီတာ အရပ်ပိုရှည်တာ နည်းတယ်ဟု မထင်စေလိုကြောင်း၊ ကလေးအားလုံးနဲ့ ပြန်နှိုင်း ယှဉ်ကြည့်ပါက ကလေး ၁၅ ရာခိုင်နှုန်းကျော် တိုးတက်မှု ရပ်ဆိုင်းနေခြင်းမှ လွတ်မြောက်ခြင်းနဲ့ ညီမျှကြောင်း ဒေါက်တာဒန်ဂါက ပြောခဲ့တယ်။ ကလေးများ လက်ဆေးတာ စနစ်တကျ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်က ကိုယ်ကာယ ကျန်းမာသန်စွမ်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြေးညှော် ကင်းသန့်ရှင်းတဲ့ မျက်မြင်အရ မိမိကိုယ်မိမိ ယုံကြည်ပြီး စိတ်ပိုင်း သန်စွမ်းဖို့အတွက် ပါရှိပြီးဖြစ်လို့ ကလေးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

 မြ၀တီ

ဇနီးသည်က တောင်းပန်သော်လည်း အများအတွက် သေထိုက်သည်ဟုဆိုကာ လယ်ယာမြေပြဿနာကြောင့် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြသတ်သေခဲ့သည့် အိန္ဒိယကလယ်သမား


အိန္ဒိယ နိုင်ငံတွင် မြေပိုင်ဆိုင်ခွင့် မရသည့် ကိစ္စအတွက် လယ်သမားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ လယ်သမား တစ်ဦးဖြစ်သော ပရာဘင်ဘိုနိုသည် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ အာဆမ်ပြည်နယ် အစိုးရက ဂူဝါဟာတီ ဒေသရှိ တောင်ကုန်းများ အနီးတွင် နေထိုင်သူများကို မြေယာပိုင်ဆိုင်ခွင့် အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည့်နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ အသက်(၄၅)နှစ်ရှိ ဘိုနိုက ယင်းဆန္ဒပြပွဲတွင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။

၎င်းကို လူအများက ကူညီမီးငြှိမ်းသတ်ပြီး ရဲများက ဆေးရုံသို့ အလျင်အမြန် တင်ပို့ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာမီမှာပင် ကွယ်လွန်ခဲ့သည်။ ဆရာဝန်များက ဘိုနို၏ ခန္ဓာကိုယ်တွင် (၁၀၀)ရာခိုင်နှုန်း မီးလောင်ဒဏ်ရာများ ရရှိနေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ဇနီးဖြစ်သူ ပူရာနီမာက သူမအနေဖြင့် ယင်းကဲ့သို့ မလုပ်ဆောင်ရန် တောင်းပန်သေးသော်လည်း ဘိုနိုက လူအများ ကောင်းကျိုးအတွက် မိမိသေပေးရန် ထိုက်တန်သည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထောက်များထံ ဖွင့်ဟခဲ့သည်။

"ကျွန်မရဲ့ အမျိုးသားက ဘာပဲဖြစ်ဖြစ် သူ့အသက်ကို လူအများအတွက် စတေးပေးမယ်လို့ ပြောပါတယ်။ သူသာသေသွားရင် ကျွန်မမှာ ကလေး(၃)ယောက်နဲ့ ဒုက္ခရောက်မယ့်အကြောင်း တောင်းပန်ပါသေးတယ်။ ဒါပေမဲ့ သူကတော့ လူအများစု မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်အတွက် သူ့ကိုယ်သူ သတ်သေဖို့ပဲ ဆုံးဖြတ်သွားခဲ့တယ်"ဟု သူမက ကြေကြေကွဲကွဲဖြင့် ဆိုသည်။ သူမသည် ယခုအခါ ခင်ပွန်းသေဆုံးမှုနှင့် စပ်လျဉ်းပြီး နိုင်ငံရေးသမားနှစ်ဦး၊ ဒေသဆိုင်ရာ ဝန်ကြီးချုပ် တူရွန်ဂိုဂိုင်နှင့် ဘဏ္ဍာရေးဝန်ကြီး ပရီသီဘီမာဂျာဟီတို့ကို တရားစွဲဆိုထားပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်မျာြးေုကာင့် ဘိုနိုသေဆုံးရခြင်းဟု စွဲချက်တင်ထားသည်။ ဘိုနိုသေဆုံးမှု သတင်းကြောင့် အခြားသော ပြည်နယ်များတွင်ပါ ယင်းကိစ္စအပေါ် ဆန္ဒပြမှုများ ထွက်ပေါ်လာကြောင်း သိရှိရသည်။

Planet Myanmar Network

ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ထိန်းချုပ်နိုင်မည့် ကုလားထိုင်

ခန္ဓာကိုယ်၏ အာရုံစူးစိုက်မှုတွေကို ထိန်းချုပ်ပေးနိုင်သော ကုလားထိုင် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက လူတွေ၏ အာရုံစူးစိုက်မှုတွေကို ၎င်းက ပြောင်းလဲ ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ထိုသို့ ထိန်းချုပ်နိုင်ရန် လျှာပေါ်တွင် သေးငယ်သော သံလိုက် အာရုံခံကိရိယာကို တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ ၎င်းကိရိယာသည် အာရုံများကို တစ်စုတစ်စည်းတည်း ထိန်းချုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းကုလားထိုင်ကို လျှာပေါ်မှာ ရှိတဲ့ သံလိုက်ကလေးက စေခိုင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလားထိုင်ပေါ်တွင် ထိုင်နေထိုင်သော သာမန် လူတစ်ယောက်ဒါမှမဟုတ် လူနာတစ်ယောက်ဟာ သွားလိုသော နေရာကို စိတ်ကတွေးလိုက်ရုံဖြင့် အလိုရှိရာကို သွားလာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ခန္ဒာကိုယ် အကြောသေသူများ အတွက် ကောင်းမွန်သော တီထွင်မှု တစ်ခုဖြစ်ပါတယ်။ ထိုကိရိယာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်။ ထို့ပြင် ဦးနှောက်ကိုပါ ထိန်းချုပ် ထားနိုင်အောင် တီထွင်ထားခြင်းဖြစ်ပါတယ်။

ထိုကုလားထိုင်ကို အသုံးပြုသသူသည် ကျောရိုးနှင့် ပက်သက်ပြီး တစ်စုံတစ်ရာ မဖြစ်ဘူးလို့ ဆိုပါတယ်။ ထိုကုလားထိုင်မှ ထိုင်နေစဉ် အနားယူ ချင်တယ်လို့ စိတ်က တွေးဆလိုက်ရုံဖြင့် အလိုအလျောက် လျှာပေါ်က သံလိုက်က စေခိုင်းပေးကာကုလားထိုင်က အနားယူရန် အသင့်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျော်လင်းနိုင် (www.smart.com.mm)

ဘော်ဘီဖောက်စ်နှင့်အတူ စုံတွဲသီချင်းတစ်ပုဒ် သီဆိုမည့် မီရန်ဒါကားရ်

မီရန်ဒါကားရ်က သူမအနေဖြင့် မော်ဒယ်လ်ဘဝမှ ခေတ္တခွဲထွက်မှုအဖြစ် သီချင်းတစ်ပုဒ်ကို အသံသွင်း သီဆိုသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အသက်(၃၀) အရွယ်ရှိ ဩစတြေးလျ စူပါမော်ဒယ်လ်က Jersey Boys အဖွဲ့သား ဘော်ဘီဖောက်စ်နှင့် တွဲဖက်ပြီး စုံတွဲသီချင်းတစ်ပုဒ် အသံသွင်းထားကြောင်း အတည်ပြုခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် အလှမယ်ဟောင်း တစ်ဦးလည်းဖြစ်သည့် မီရန်ဒါက သူမအနေဖြင့် ယခုသီချင်းအတွက် အပျော်သဘောသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကွင်းများနှင့် ဖက်ရှင်လျှောက်လမ်းများကို ကျောခိုင်းကာ Popဂီတစတားတစ်ဦး ဖြစ်လာရန် စိတ်ကူးထားခြင်း မရှိကြောင်းလည်း ဆိုသည်။

"ကျွန်မက သီချင်းဆိုနေကျပါ။ ဒါပေမဲ့ ရေချိုးခန်းထဲမှာပဲ။ ခုတော့ ဘော်ဘီက ကျွန်မကို သူနဲ့အတူ စုံတွဲသီချင်းတစ်ပုဒ် ဆိုပေးဖို့ သိမ်းသွင်းလိုက်တယ်လေ"ဟု မီရန်ဒါက ပရိသတ်များကို Twitterမှတစ်ဆင့် အသိပေးခဲ့သည်။ ပရိသတ်များက သူမအနေဖြင့် အဆိုတော်ဘဝကို ကူးပြောင်းခံယူရန် ဆန္ဒရှိမရှိ မေးမြန်းကြသည့်အခါ မီရန်ဒါက "မဟုတ်ပါဘူး။ အလုပ်အကိုင် ပြောင်းလဲသွားတာ မဟုတ်ဘူး။ အပျော်သဘော သက်သက်ပါ"ဟု ဖြေကြားခဲ့သည်။ မီရန်ဒါနှင့် ဘော်ဘီတို့သည် အဲလ်ဗစ်ပရက်စ်လေနှင့် အန်းမာဂရက်တို့၏ You're The Boss သီချင်းကို ဆန်းသစ် သီဆိုမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ ဘော်ဘီသည် အဆိုပါ စုံတွဲသီချင်းအတွက် ရည်ရွယ်ရိုက်ကူးထားသည့် ၎င်းနှင့် မီရန်ဒါတို့၏ ပုံကိုလည်း Instagramတွင် မျှဝေခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network

နွားလှည်းကြိတ်မိ၍ လူတစ်ဦး သေဆုံးမှု သန်လျင်မြို့ နယ်တွင် ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

နွားလှည်းကြိတ်မိ၍ လူတစ်ဦးသေဆုံးမှု သန်လျင်မြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတိုင်းရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် ၀၁း၁၅ အချိန် ဒုရဲအုပ်ကျော်ညွှန့် (သပြေရဲကင်းစခန်း၊ သန်လျင်) စခန်းမှုးတာဝန် ထမ်းဆောင်နေစဉ် သန်လျင်မြို့ နယ် ပုဂံကျေးရွာ၊ ကွင်းအမှတ်(၇၂၀/ဘီ) ဦးပိုင်အမှတ်(၇၂)ရှိ ဦးနိုင်ဝင်းဧ။် လယ်ကွက်အတွင်းတွင် နွားလှည်း ကြိတ်သေဆုံးနေကြာင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးရဲအောင်(၅၁)နှစ် ပုဂံကျေးရွာ သန်လျင်မြို့ နယ်နေသူဖြစ်ပြီး ၄င်းသည် ပဲစင်းငုံခြွေလှေ့ စက်တပ်ဆင်ထားသောနွားလှည်းအားမောင်းရာ ၂၃.၂.၁၄ နေ့  ည၂၃း၃၀ အချိန် တွင်နွားလှည်းပေါ်မှ ပြုတ်ကျပြီးနွားလှည်းကြိတ်မိသဖြင့် ဦးရဲအောင်တွင် ၀ဲချိုစောင်း ပေါက်ပြဲ၊ ယာမျက်လုံးဘေးပွန်း၊ ယာပေါင်ရင်းဖူးရောင်၊
ယာဒူးပွန်းဒဏ်ရာတို့ ဖြင့်သေဆုံးကြောင်း သိရသည်။

ယင်းသေဆုံးမှုကြောင့် နွားလှည်းအား ပေါ့ဆစွာမောင်းနှင်သူ ဦးရဲအောင်အားသန်လျင် မမစ(ပ)၁၂၀/၁၄၊ပြစ်မှုပုဒ်မ-၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။

ဇေဝေယံ
Popular Myanmar News Journal

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။

“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရားမှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။

Ref:dailymail.co.uk
သီဟနိုင်
Trend Myanmar

တမာပင်ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ

၁ – ထိခိုက်ရှနာများနှင့် အကောင်ကိုက်ခံရသော ဒဏ်ရာများ အတွက် ပြင်ပပိုးမ၀င်အောင် တားစီးပေးသောဆေး အဖြစ်လည်းကောင်း၊ ဘက်တီးရီးယားများနှင့် Virus များ ကိုသေစေနိုင်ပြီး သွေးကိုအကောင်းဆုံးသန့် စင်ပေးတဲ့ ဆေးအဖြစ်ပါအသုံးပြုနိုင်ပါတယ်။

၂ – အရေပြားပြဿနာများအတွက် တမာကုန်ကြမ်းကို အသုံးပြုပြီး ဆေးဆပ်ပြာများအဖြစ်နှင့် အရေပြားရောဂါ ကု ဆေးဝါးများအဖြစ်လည်းအမျိုးမျိုး
ပေါ်ထွက်နေပြီးဖြစ်ကာ နှင်းခူလိုရောဂါမျိုးအတွက်လည်း တမာရွက်ကိုကြိတ်ပြီး အနာပေါ် သိပ်ထားပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

၃ – ဆံသားအတွက်လည်း ဆံပင်ကျွတ်ခြင်း ၊ဗောက်များထခြင်း တို့ ကိုသက်သာစေပြီး ဗောက်ထခြင်းအတွက်ကတော့ တမာရွက်ကိုရေဖြင့် ပွက်ပွက် ဆူအောင် ပြုတ်ပေးပြီး အအေးခံ ကာ ခေါင်းကို လျှော်ရည်ဖြင့်လျှောပြီးနောက် ပွတ်ပေးခြင်းဖြင့် ဦးရေကိုအေးစေကာ ဗောက်ထားခြင်းကိုလျော့ပါးစေပါတယ်။

၎ – တမာရွက်ရဲ့နောက်ထပ်စွမ်းတဲ့ အချက် ကတော့ ကျောက်ရောဂါအသေးစားများအတွက် အကြီးစားဖြစ်မသွား အောင် ကာကွယ်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ သဘာဝ တမာရွက်ကိုလူနာ၏ကျောအောက်တွင်ခင်းပေးပြီး လှဲလျောင်းစေခြင်း ကျောက်ရောဂါလက္ခဏာ ရှိသောနေရာများတွင် အုံပေးခြင်းနှင့် ရေကျက်အေးဖြင့်ရော၍တိုက်ပေးခြင်းဖြင့် ကျောက်ရောဂါ အသေးစားများကိုကုသနိုင်ပါတယ်။

၅ – သွား/သွားဖုံးနှင့်ဆိုင်တဲ့ ကျန်းမာရေးဆောင့်ရှောက်မှုကိုလည်း တမာရွက်မှ အကျိုးပြုစေပါတယ်။

၆ – ဆန်၊ဂျုံကဲ့သို့ သော အရာများသိုလှောင်ရာတွင်လည်းပိုးမတက်အောင် ကာကွယ်ပေးနိုင်ပါသည်။

Credit: Kanaung.net

MOI Webportal Myanmar

Miss Myanmar ခင်ဝင့်ဝါအတွက် ဆုနှစ်ဆုကို Global Beauties နှင့် Missosology တို့ မှ မြန်မာနိုင်ငံတွင် လာရောက်ပေးအပ်မည်

ရန်ကုန်၊ မဇ္ဈိမ။ ။Miss Supranational Myanmar ခင်ဝင့်ဝါကို ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များဖြစ်သည့် Global Beauties နှင့် Missosologyတို့ မှ ကမ္ဘာ့အကောင်းဆုံး အလှမယ် စာရင်းဝင် အဖြစ် ဆုများချီးမြှင့်ကြမည်ဟု သိရသည်။

ခင်ဝင့်ဝါကို ဖိလစ်ပိုင် အခြေစိုက် အလှမယ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Missosology ကလည်း Miss Supranational ပြိုင်ပွဲတွင် ဆုမပေးအပ်ခဲ့ရသည့် Peolpe Choice Award ဆုကို Miss Golden Land Myanmar 2014 ပြိုင်ပွဲတွင် ပေးအပ်မည် ဖြစ်ပြီး တောင်အမေရိကားတိုက် အခြေစိုက် အလှမယ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Global Beauties ကလည်း Miss Grand Slam Popularity ဆုကို ပေးအပ်မည် ဖြစ်သည်။

Miss Golden Land Myanmar 2014 ဒါရိုက်တာ ကိုဝေယံအောင်က " ခင်ဝင့်ဝါက Miss Supranational မှာ People Choice Award ဆု အတွက် အသိအမှတ်ပြု ခံရပေမယ့် Missosology ပိုင်ရှင်က ပွဲကို ကိုယ်တိုင် မလာနိုင်တော့ ဆုမချီးမြှင့်ပေးခဲ့ရဘူး။ အဲဒါကြောင့် Global Beauties နှင့် Missosology တို့က သူတို့ မြန်မာပြည်ကို ရောက်ရှိလာတုန်း ခင်ဝင့်ဝါ ရရှိခဲ့တဲ့ ဆုတွေကို ပေးအပ်သွားမှာပါ "ဟု ပြောသည်။

Global Beauties Website ကြီးကလည်း ခင်ဝင့်ဝါကို ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကြီးများအားလုံးရဲ့ ပရိသတ်များ ချစ်ခင်အားပေးခြင်းအခံရဆုံး Miss Grand Slam Popularity ဆုနဲ့ Missosologyက ပေးအပ်မည့် People Choice Award ဆုများကို Miss Golden Land Myanmar 2014 Final Night တွင် ချီးမြှင့်မည်ဖြစ်သည်။

Global Beauties Website နဲ့ Missosology Website တို့မှ တာဝန်ရှိသူများက မေလတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲ၌ နိုင်ငံခြားပညာရှင် ဒိုင်အဖြစ်
ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး Miss Golden Land Myanmar 2014 ပြိုင်ပွဲကို မေလ ပထမပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲသည် ၃ပတ်ကျော် ကြာမြင့်မည်ဖြစ်သည်။ Final ပြိုင်ပွဲကြီးကိုမူ မေလ တတိယပတ်တွင် ကျင်းပမည်ဟု သိရသည်။

Miss Myanmar ခင်ဝင့်ဝါသည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးများတွင် မြန်မနိုင်ငံ၏ ပထမဆုံးသော Semi-final စကာတင်စာရင်းဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည့် Miss Myanmar တစ်ဦးဖြစ်ပြီး ဆုအများဆုံး ရရှိခဲ့သော Miss Myanmar လည်းဖြစ်သည်။

သူမသည် ယခုချိန်အထိ နိုင်ငံတကာမှ ပညာရှင်များ အဖွဲ့ အစည်းများက ပေးအပ်ချီးမြှင့်သော ဆုပေါင်း (၁၀)ခုကျော်ကို ရရှိထားသည့် မြန်မာပြည်၏ တစ်ဦးတည်းသော အလှမယ် ဖြစ်သည်။

ခင်ဝင့်ဝါသည် ၂၀၁၃ ခုနှစ်၏ အလှမယ်ပြိုင်ပွဲ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ်(၁၀၀၀) ကျော်အနက် ထိပ်ဆုံး (၄)ယောက်မြောက် စာရင်းဝင်ဖြစ်ခဲ့သည်အထိ အောင်မြင်မှုရရှိကာ မြန်မာ့အလှကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

ပန်းမြတ်ဇော်
Mizzima - News in Burmese

တူရိယာတစ်ခုခုနဲ့ နေ့တိုင်းမထိရရင် မနေနိုင်တဲ့ ဖိုးကာ

တူရိယာတစ်ခုခုကို တီးခတ်တတ်ခြင်းဟာ သီချင်းရေးတဲ့နေရာမှာ အထောက်အကူပြုပြီး မတီးတတ်ပါက သီချင်းထပ် တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုလာသူကတော့
တေးရေး၊တေးဆို ဖိုးကာဖြစ်ပါတယ်။

" ပါးစပ်နဲ့ပဲ စိတ်နဲ့ပဲရေးလာတဲ့ အခါမှာ ရှေ့ပိုင်းရေးတဲ့ အား တွေကတော့ ကောင်းတာပေါ့။ နောက်ပိုင်းရေးတဲ့သီချင်းတွေမှာ ပုံစံတူလာနိုင်တယ်။

တူရိယာတစ်ခုခုကိုတီးတတ်မှ တခြားပုံစံကွဲသီချင်းမူကွဲတွေ ဖန်တီးနိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ တချို့ ယောက်ျားလေးတွေမှာ လည်း တွေ့ဖူးတယ်။

အဆိုတော်တော် ကောင်းပေမယ့်အတီးမှာကျတော့ ကောင်းကောင်းမတီးတတ်တာတွေ့ဖူးတယ်။ အဲ့ဒီတော့ သီချင်းရေးနိုင်မှု အားနည်းနိုင်တာပေါ့။ နောက်တစ်ခုက Music Frame တွေက

ရှိနေတဲ့အခါကျတော့ ဒီထဲမှာ ကောက်စွပ်လိုက်တာမျိုးတွေတွေ့ရတယ်။ ဒါပေမဲ့ ဒါတွေက ရေရှည်အတွက်တော့ မကောင်းဘူးလို့ထင်တယ်။ ကြာလာတဲ့အခါကျရင် သံစဉ်တွေ ပုံစံတွေတူလာနိုင်တယ်။ သိပ်အများကြီးလုပ်နိုင်မယ် မထင်ဘူး။ အဲ့ဒီလိုလုပ်ရင်းနဲ့မှ တူရိယာတစ်ခုခုကို လေ့လာစေချင်တယ်" လို့ ဖိုးကာက
တူရိယာတစ်ခုခုတီးတတ်ဖို့လို ကြောင်းကို ပြောပါတယ်။

တေးသံရှင်ဖိုးကာအနေနဲ့ အမြဲ ထိတွေ့ဖြစ်တဲ့ တူရိယာပစ္စည်းကတော့ ဂစ်တာလို့လည်း သိရတာကြောင့် အဲဒီအကြောင်းကို " များသောအားဖြင့်ကတော့ ဂစ်တာပေါ့။

ဂစ်တာကတော့ တစ်နေ့မဟုတ်တစ်နေ့လက်နဲ့ ထိ နေရမှနေသာထိုင်သာရှိတာ။ လက်ကလေးနဲ့ ကြိုးကလေးနဲ့ ထိရတဲ့အရသာကိုတအား သဘောကျတယ်။

တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ထိတွေ့ ဖြစ်တယ်။ ဒရမ်တို့ဘာတို့ကတော့ တီးပေမယ့် အိမ်က လူတွေဆူညံမှာ စိုးလို့မတီးဖြစ်ဘူး" လို့ ဖိုးကာက ပြောပါတယ်။တူရိယာတစ်ခုတီးခတ်တတ်ထားခြင်းက လူတစ်ယောက်ရဲ့ဘဝအတွက် အနည်းဆုံးတော့ စိတ်အပန်း ဖြေမှုရစေတယ်ဆိုတဲ့ အကြောင်းကိုလည်း ဖိုးကာက "
အနည်းဆုံးတော့ နာရီဝက် တစ်နာရီတော့ relex ဖြစ်စေတယ်။ ဝါသနာမပါရင်တော့ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ဂစ်တာလေးတီးတတ်နေတာ။ စန္ဒရား လေးတီးတတ်နေတဲ့ အပေါ်မှာ အပန်းဖြေလို့ရတယ်" လို့ ပြောပါတယ်။

ဖိုးကာက လတ်တလောမှာတော့ သူ့ရဲ့နောက်ဆုံးထွက် စီးရီး အိပ်မက်(၁)၊ အိပ်မက် (၂) VCD ထုတ်ဖို့ကိစ္စကို နောက်ခွေနဲ့မှ တွဲထုတ်မလား၊ တစ်ခါ တည်းပေါင်း ထုတ်မလား ဆိုတာကို စဉ်းစားနေပြီး VCD ကိုတော့ သီချင်းအားလုံးမရိုက်ဖြစ်ဘဲ Hit ဖြစ်တဲ့ သီချင်းတွေ လောက်သာ MTV အနေနဲ့ ထုတ်ဖြစ်မယ်လို့လည်း သိရပါတယ်။

ရဲရဲ

Popular Journal

ဘောလုံးပွဲတစ်ပွဲရဲ့ မိနစ်တိုင်းမှာ ဂိုးသွင်းသူအဖြစ် ခရစ္စတီယာနိုရော်နယ်ဒို စံချိန်သစ်ထပ်တင်

ဘောလုံးအားကစားသမိုင်းမှာ စံချိန်ဟောင်းအများအပြားကို ရိုက်ချိုးခဲ့ပြီး ကိုယ်ပိုင်စံချိန်သစ် အများအပြားတင်နိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုဟာ အခုဆိုရင် စံချိန်သစ်တစ်ခုကို ထပ်မံတင်လိုက်နိုင်ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပါတ် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၀ - ၂ ဂိုးနဲ့  အနိုင်ယူခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ပွဲချိန် ၇ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဘောလုံးပွဲတစ်ပွဲရဲ့ ပွဲချိန်မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပွဲချိန် ၁ မိနစ်၊၂မိနစ်၊ ၃ မိနစ်၊..ကနေ မိနစ် ၉၀ အထိ မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတာပါ။ ရော်နယ်ဒိုဟာ ပွဲချိန်မိနစ် ၉၀ မှာ သွင်းဂိုး ၂၀ ရှိပြီး ၄၅ မိနစ် မှာ ၁၂ ဂိုးရှိပါတယ်။

၁ မိနစ်၊ ၇ မိနစ်၊ ၁၅ မိနစ်၊ ၁၇ မိနစ်၊ ၃၁ မိနစ်၊ ၄၀ မိနစ်၊ ၄၃ မိနစ်၊ ၅၃ မိနစ်၊ နဲ့ ၇၈ မိနစ်တို့ မှာတော့ ရော်နယ်ဒို က တစ်ဂိုးပဲ သွင်းယူထားခဲ့ပေမယ့် ဒီလို မိနစ်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရဖို့ အတွက်တော့ ဘောလုံးလောကမှာ မဖြစ်နိုင်သလောက် ခက်ခဲမှာပါ။ ကစားသမားဘ၀ သွင်းဂိုး ၄၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ ရွှေဘောလုံးဆုကို ရရှိထားသူဖြစ်ပြီး သူဟာ ဒီဆုနဲ့ ထိုက်တန်ကြောင်း အခုလို သက်သေပြနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြိုင်ဘက် ဘာစီလိုနာရဲ့ မက်ဆီကတော့ ရော်နယ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ ၁ မိနစ်၊ ၂မိနစ်၊ ၁၀ မိနစ်၊ ၁၄ မိနစ်၊ ၁၅မိနစ်၊ ၄၆ မိနစ် နဲ့ ၆၉ မိနစ်တို့ မှာ ဂိုးသွင်းယူဖို့ လိုပါသေးတယ်။

ပေါ်တူဂီနဲ့ ရီးယဲလ်မက်ဒရစ်ကစားသမားဟာ လာလီဂါမှာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား၊ လာလီဂါတစ်ရာသီမှာ အဝေးကွင်းဂိုး ၂၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား စတဲ့ စံချိန် အမြောက်အမြားကို တင်ထားနိုင်သူဖြစ်ပါတယ်။

Trend Myanmar

Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး


1. တပည့်(မ)လေးက ဗိုက်ထဲမှာ ရေအိတ်ရှိနေတယ်လို့ သိရပါတယ်။ တခါတလေတော့ မခံမရပ်နိုင်အောင် နာတယ်ပြောပါတယ်။ မနာရင်တော့လဲ လူကောင်းအတိုင်းပါ။ ဆရာမကြီးတွေနဲ့ပြတော့ ခွဲခိုင်းပါတယ်တဲ့။
မခွဲပဲအဆင်ပြေစေမဲ့နည်းလမ်းများရှိရင်လဲ သိချင်ပါတယ်ဆရာ။ ခွဲရစိတ်ရမှာလဲကြောက်တတ်တော့ မခွဲပဲကြာနေပါတယ်ဆရာ။ မခွဲပဲ ထားရင်ရော ကင်ဆာတွေ ဘာတွေအဆင့်ထိဖြစ်လာနိုင်ပါသလား ဆရာ
ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံးဆရာ။ အခုတော့ သူရိုက်ထားတဲ့အနီးကပ်ဆုံး မှတ်တမ်းစာရွက်တွေကို ထည့်ပေးလိုက်ပါတယ်။
2. ဆရာရှင့် (၁) ကျွန်မ အသက် ၂၅ တုံးက ရေအိတ် ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါ ထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများ ရှိနိုင်ပါသလဲ။ နောက်နှစ်မှာ ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး၊ ဘာတွေ ကြိုတင် မှီဝဲဖို့ လိုပါသလဲ။ (၂) ရေအိတ်က ဘာကြောင့်ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို-အအို မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။ Ovarian Cyst လို့ ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့ ဝလာသလို ထင်ရတယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ နဲနဲဘဲ စားရသေးတယ်၊ ဗိုက်က ပြည့်သွားပြီး၊ ဗိုက်တင်းသွားတယ်။ ဆက်စားချင်ပေမဲ့ မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလို ဖြစ်ပါတယ်။ အဲလောက်ဘဲ ခံစားရပါတယ်။ အိတ်ထမတင် လေ့ကျင့်ခန်း လုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။ ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး။ စိုးရိမ်လို့ ဆေးခန်း သွားတော့မှ ရေအိတ်ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက်တွေလို့ဘဲ ပြောပါတယ်။ တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရ ခက်တဲ့အတွက် အဲဒါပါ ထုတ်လိုက်တယ်လို့ ပြောပါတယ်။

အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst မျိုးဥအိမ်အကျိတ်ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ ကျူးမားခေါ်တဲ့ အလုံး-အကြိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလဲ အတိအကျ ပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

မျိုးဥအိတ်ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။ ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန်ရင့်မာ အရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ ဘေးတို့မှာ ကပ်နေတာ မဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှား လှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့ နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံး သပ်သပ်ကို ခွဲစိတ်ထုတ်လိုက်တာက အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ် တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့ မျိုးဥအိတ်ကို ချန်ထားဘို့လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင် သားသမီးရဘို့ တဝက်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံး ရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့လဲ စိတ်ချရမယ်။

တခါ ဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီ မမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ် သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်း နည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူ တွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေ ပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ “အပင်းထည့်တယ်” လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။

အဲလို ခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅ဝ% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာ စားပါ။ ဆေးလည်း ပုံမှန် အားဆေးသာ လိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့ လိုမယ်။ ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေ တားဆေးသုံးရင် မျိုးဥမထွက်စေတာမို့ မျိုးဥအိမ်အကျိတ် ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေး ယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD သားအိမ်ထဲပစ္စည်းထည့်နည်းသုံးပါ။ မကြာရင် ကွန်ဒွမ် သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥ ထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊ ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။

တလောက ဖေ့စ်ဘွတ်မှာ သူနာပြုဆရာမတယောက်ကနေ အလွန်ကြီးမားတဲ့ အလုံးတခုကို ခွဲစိတ်ခန်း နောက်ခံထားပြီး ရိုက်တဲ့ ဓါတ်ပုံနဲ့အတူ ‘လူဥ’ ဆိုတဲ့ခေါင်းစဉ်နဲ့တွေ့လိုက်သေးတယ်။ ‘လူဥ’ မဟုတ် ‘မျိုးဥအိမ်အကျိတ်’ ပါလို့ ရေးလိုက်ပါတယ်။ ပြန်ရှာနေတာ မတွေ့သေးလို့။ ပဌမမေးခွန်းမှာ ‘မ’ မပါလို့ တပည့်က ယောက်ျားလေးလား၊ မိန်းကလေးလားမသိရသေဘဲ မေးခွန်းကိုဆက်ဖတ်နေခဲ့ရတယ်။ ဆေးစာထဲမှာတော့ နာမည်ရော၊ အသက်ရောပါလို့ ‘မ’ ထည့်လိုက်တာပါ။

Dr. တင့်ဆွေ

Samsung က Galaxy S5 ကို ကြေညာပြီ

Samsung က စွမ်းဆောင်ရည်မြင့် Galaxy S5 ကို Mobile World Congress မှာ ကြေညာလိုက်ပါတယ်။ အနောက်ဘက်က Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပေမယ့် ဒီဇိုင်း ကအနည်းငယ် ကွာခြားပါတယ်။

အရင်က သတင်းတွေအရ 4K Display တပ်ဆင်ထားမယ်လို့ သိရပေမယ့် တကယ်တမ်းမှာ Galaxy S5 မှာ ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါတယ်။ ဒါပေမယ့် S5 ရဲ့ Specification များ က ကောင်းမွန်ပါတယ်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 2.1 Megapixel Camera တပ်ဆင်ထားပါတယ်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါတယ်။ 2800mAh Battery တပ်ဆင်ထားပါတယ်။

Samsung က ကင်မရာ ကို အလွန်ကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ ၀.၃ စက္ကန့် အတွင်းမှာ Auto Focus ပြုလုပ်နိုင်င်ပါတယ်။ Real-Time HDR စွမ်းဆောင်ချက်ပါရှိလာပြီး ဓာတ်ပုံ၊ ဗီဒီယို များကို ရိုက်ကူးနေစဉ်မှာ HDR Effect ကို Live Preview ပြပေးနိုင်ပါတယ်။ Shot and More က ဓာတ်ပုံအများအပြားကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး အကောင်းဆုံးပုံတစ်ပုံ ကို ရွေးချယ်နိုင်ပါတယ်။ Android 4.4 KitKat ကိုအသုံးပြုထားပြီး LTE အသုံးပြုနိုင်ပါတယ်။ အလွန်လျှင်မြန်တဲ့ WiFi 802.11ac standard ကို အသုံးပြုနိုင်ပါတယ်။

Galaxy S5 ဟာ ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါတယ်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။ MWC မှာပဲ ကြေညာခဲ့တဲ့ Sony Xperia Z2 က IP58 စံနှုန်း သတ်မှတ်ချက်ရှိပြီး S5 လောက် ဖုန်မှုန့်ဒဏ် မခံနိုင်ပေမယ့် S5 ထက် နက်ရှိုင်းတဲ့ ရေအနက် ကို ယူဆောင်သွားလို့ရပါတယ်။

iPhone 5S မှာလိုပဲ Galaxy S5 မှာ Fingerprint Scanner ကို Home Button မှာ တပ်ဆင်ထားပါတယ်။ Scanner ပေါ်မှာ လက်ချောင်း ကို ပွတ်ဆွဲပြီး ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါပေမယ့် Samsung က စွမ်းဆောင်ချက်အနည်းငယ် ထပ်ဖြည့်ထားပါတယ်။ Documents များကို Password အစား လက်ဗွေရာ နဲ့ ကာကွယ်ထားလို့ရပါတယ်။ PayPal ကနေ ငွေလွှဲတာ ကိုလည်း Scanner ကိုအသုံးပြုနိုင်ပါတယ်။

S5 မှာ နှလုံးခုန်နှုန်း ကို တိုင်းတာ ပေးတဲ့ Sensor ပါရှိလာပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားပြီး လက်ချောင်းများမှာ သွေးလည်ပတ်စီးဆင်းတဲ့နှုန်း ကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပေမယ့် Google Play Store မှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ဆော့ဝဲ များ ရှိတယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။

S5 မှာ LTE နဲ့ WiFi ကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Download Booster စွမ်းဆောင်ချက်ပါရှိလာပါတယ်။ 600-650 Mbit/s အမြန်နှုန်း ရရှိမယ်လို့ သိရပါတယ်။ Power Saving Mode ကလည်း ဘက်ထရီသက်တမ်း ကို နှစ်ဆ အသုံးခံအောင်ပြုလုပ်ပေးနိုင်ပါတယ်။

S5 ရဲ့ ဒီဇိုင်း က ပြောင်းလဲသွားပေမယ့် အလွန်ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ အရှေ့ဘက် က Galaxy S4 နဲ့ ဆင်တူပါတယ်။ S5 ကို အရင်မျိုးဆက်တွေထက်ပိုမို ကြည့်ကောင်းအောင် ပြုလုပ်ထားပါတယ်။ အနက်ရောင်၊ အဖြူရောင် ၊ အပြာရောင် ၊ ရွှေရောင် တို့ ထုတ်လုပ်ပေးထားပါတယ်။

S5 ကို စမတ်နာရီများ နဲ့ အတူ အမေရိကန် မှာ ဧပြီလ မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ဈေးနှုန်း ကို Samsung က ကြေညာခြင်းမရှိသေးပါဘူး။

Myanmar Digital Life Journal

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်

ဖြတ်တဲ့နည်းတွေကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။

ဆေးလိပ်ဖြတ်ပြီးချိန်မှာ---ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုပါ စာရင်းနဲ့ချရေးပါ။ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ထားပြီး မနက်တိုင်း ရွတ်ပေးပါ။ ပန်းအိုးထားရှိပါ။ အခန်းထဲ

မှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက်အများကြီး ရနံ့သင်းပျံ့စေပါတယ်။ သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ကင်းတဲ့ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိလာမှာပါ။ သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။ ငွေစုပါ။နေ့စဉ်ဆေးလိပ်ဖိုးအတွက် ကုန်ကျငွေကိုစုဘူးထဲမှာ စုဆောင်းပါ။ လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကိုရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။ ။

ကြည်စင်ဝင်းသန့်

မြ၀တီ

အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

ယခုတစ်ပတ်တွင် အသည်းနှင့် ပတ်သက်၍ အသုံးပြုရန် ရေးသား တင်ပြလိုသော အပင်မှာ မုန်လာဥပင် ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။

မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။ အထူးသဖြင့် အောက်အရပ် ဒေသ ခေါ် အကြေ ဒေသမှ အိမ်ရှင်မများ၊ အထက်အရပ်ခေါ် အညာဒေသနှင့် အလယ်ပိုင်း မြေလတ် ဒေသမှ အိမ်ရှင်မများ ပို၍ သိနိုင်၏။ အကြောင်းမှာ ၎င်း မုန်လာဥဖြူပင်မှ အရွက်နှင့် ဥများကို အရည်သောက် အချဉ်ဟင်း အဖြစ် လည်းကောင်း၊ ဟင်းချို အဖြစ် သော်လည်းကောင်း၊ ကြော်ချက်၍ သော်လည်းကောင်း၊ လက်သုပ်သုပ်၍ လည်းကောင်း၊ မုန်လာချဉ် အဖြစ် အချဉ်တည်၍ လည်းကောင်း စားလေ့ရှိကြ သောကြောင့် ဖြစ်၏။ ထို့အပြင် မိမိတို့ မိသားစု အတွက် လျှာရင်း မြက်ဖွယ် ဟင်းတစ်မည် အဖြစ် မုန်လာဥ ဖြူကို အသား၊ ငါးတို့နှင့် ရောဖက်၍ ချက်ပြုတ် ကျွေးမွေးနိုင်၏။ ထိုမျှမက ကြက်ဥ၊ ဘဲဥ စသည်တို့နှင့် ကြော်ချက် ၍လည်း စားနိုင်၏။ ငါးကြင်း၊ ငါးရံ့၊ ငါးပုဏ္ဏား တို့နှင့် ရောဖက်၍ ဟင်းခါးရည် အဖြစ် စီမံနိုင်၏။ အဆိုပါ မုန်လာဥဟင်း တစ်ခွက်သည် လွန်စွာမှလည်း အရသာရှိ။ မီးယပ်ချိနဲ့ နေသူများနှင့် သင့်၏။ အသည်းကို လွန်စွာ အကျိုးပြု၏။ ခံတွင်းပျက် နေသူများနှင့် သင့်၏။ သည်းခြေအိတ် ကျောက်တည်သူ ကျောက်ကပ် ရောင်သူများ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် သူများ၊ ဆီးချုပ်၊ ဆီးအောင့် နေသူများလည်း စားသင့်၏။ မျက်စိအမြင် အားနည်း သူများနှင့် လည်း သင့်၏။ မုန်လာဥပင်၏ ရုက္ခဗေဒ အမည်မှာ Taphanus Sativus Linnဖြစ်၏။ Curciferae မျိုးရင်းတွင် ပါဝင်၏။ အင်္ဂလိပ် အမည်မှာမူ Radishဖြစ်၏။

အသုံးဝင် ဆေးပင်များနှင့် မြန်မာ့ တိုင်းရင်းဆေးနည်း လက်စွဲ စာအုပ်တွင် မုန်လာဥ သတ္တုရည် ဟင်းစားဇွန်း သုံးဇွန်းကို သောက်ပေးခြင်းဖြင့် ဆီးကျန်၍ ပူခြင်း၊ နာခြင်းများကို သက်သာ စေသည်။ အသည်း၌ ဖြစ်သော ရောဂါများနှင့် အသည်းရောင် အသားဝါ ရောဂါကို မုန်လာဥ ပါးပါးလှီး၍ သကြားနှင့် ဆတူ စားပေး ရပါသည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် ရောဂါ၌ မုန်လာဥ သတ္တုရည် အကြမ်းပန်းကန် တစ်လုံးစာ နေ့စဉ် သောက်ပေးပါက ဆီးအိမ် အတွင်းရှိ ကျောက်များကို တဖြည်းဖြည်း ကြေမွ၍ ကျဆင်း စေပါသည်။ မီးယပ်ထိမ်ခြင်း၊ မီးယပ်ချုပ်ခြင်း စသော ရောဂါများ၌ မုန်လာစေ့မှုန့် နှစ်ပဲသားကို ရေနွေးနှင့် သောက်ပေးပါက ဥတုသွေးများ စင်ကြယ်စွာ သက်ဆင်း စေသည်ဟု ဖော်ပြထား၏။

စာရေးသူ အနေဖြင့် မုန်လာဥဖြူနှင့် မုန်လာဥနီ နှစ်မျိုးစလုံးကို အသည်း ဆေးများနှင့် တွဲဖက်၍ လည်းကောင်း၊ ဓာတ်စာ အနေဖြင့် လည်းကောင်း ပေးကျွေးလေ့ရှိရာ ရောဂါ သက်သာမှု မြန်ဆန်ကြောင်း တွေ့ရလေ၏။ မုန်လာဥဖြူ ရွက်သည် အဖျဉ်းရောဂါ၊ အဖောရောဂါတို့ အတွက်လည်း ကောင်းမွန်လှ၏။ ခန္ဓာကိုယ် အတွင်းရှိ အဆိပ် အတောက်များ ပြေလျော့စေရန် မုန်လာဥ ဖြူရွက်နှင့် ဥကို ဟင်းလျာ အဖြစ် ရက်သတ္တပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် အထိ ချက်ပြုတ် စားသင့်လှ၏။ အစားမှား၍ သော်လည်းကောင်း၊ ဆေးမှား၍ သော်လည်းကောင်း အစာ အဆိပ်သင့် ပါက မုန်လာဥ သတ္တုရည် ဆတူရောစပ် တိုက်ပေးရ၏။ ထိုအခါ ပျို့အန်စေ၍ ဝမ်းတွင်းရှိ အစာများနှင့် အဆိပ်များ ထွက်ကျ စေနိုင်၏။ အလွယ်တကူ သုံးစွဲနိုင်သော အစာ အဆိပ်ဖြေဆေး ဖြစ်၏။ သို့ဖြစ်၍ အသည်း ရောဂါရှင်များ အနေဖြင့် မိမိတို့ နေ့စဉ် ချက်ပြုတ်စားသောက် နေသော အစာအာဟာရတွင် အပါအဝင် ဖြစ်သည့် မုန်လာဥနှင့် အရွက်ကို အရေးကြုံက အသုံးပြု နိုင်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။

ဦးကျော်စိန်(မိုးကုတ်)

မြ၀တီ

မက်ဒရစ်ကို ရှော့ကေး အနိုင်ယူနိုင်စွမ်းရှိဟု ဟန်တဲလား ပြောကြား

ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်တွင် ရီးယဲမက်ဒရစ်နှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း မိမိတို့ အသင်းအနေဖြင့် လာလီဂါ ထိပ်သီးအသင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ရှော့ကေး တိုက်စစ်မှူး ဟန်တဲလားက ပြောကြားလိုက်သည်။

ရှော့ကေးအသင်းသည် ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ချယ်ဆီး၏ နောက်တွင်သာ ရပ်တည်နိုင်ခဲ့သောကြောင့် ရှုံးထွက်အဆင့်တွင် ရီးယဲမက်ဒရစ်နှင့် တွေ့ဆုံရခြင်း ဖြစ်သည်။ ထို့နောက် ဟန်တဲလားက မိမိတို့အသင်းသည် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်စွမ်း ရှိကြောင်း သို့သော် ရီးယဲမက်ဒရစ် အသင်းသည် ချန်ပီယံလိဂ်တွင် ချန်ပီယံအဖြစ် ရေပန်းစားနေသည့် အသင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

“ကျွန်တော့် အမြင်ကတော့ ရီးယဲမက်ဒရစ်က ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပထမအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရပါမယ်။ မက်ဒရစ်ကို အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး” ဟု ဟန်တဲလားက ပြောကြားခဲ့သည်။

ဟန်တဲလားသည် ၂၀၀၈-၀၉ ဘောလုံးရာသီက မက်ဒရစ်တွင် ကစားခဲ့စဉ် လာလီဂါ ပွဲ ၂၀ တွင် ၈ ဂိုး သွင်းယူနိုင်ခဲ့သည်။

“မက်ဒရစ်မှာ ကစားရတဲ့ အခိုက်အတန့်က အရမ်းကို ထူးခြားလှပါတယ်။ မက်ဒရစ်က ကြီးကျယ် ခမ်းနားတဲ့ အသင်းပါ။ အဲ့ဒီလို အသင်းမျိုးနဲ့ ယှဉ်ပြိုင်ရတာကို ကျွန်တော် နှစ်သက်ပါတယ်” ဟု ဟန်တဲလားက ဆိုခဲ့သည်။

Soccer Myanmar

ကလေးငယ်များကို လမ်းမှားရောက်စေကြောင်း ဝေဖန်မှုများကို မိုင်လီ တုံ့ပြန်

အသက်(၂၁)နှစ်ရှိ Popဂီတ အဆိုတော်၏ အဖော်အချွတ် အသားပေး ဂီတဗီဒီယိုများနှင့် ဝတ်စားဆင်ယင်ပုံများက လူငယ်လူရွယ်များအတွက် လမ်းမှားရောက်စေမည့် အခြေအနေမျိုးအဖြစ် မိဘအများစုက ဝေဖန်ပြစ်တင်နေကြသည်။

သူမ၏ ပုံရိပ်သည် ကလေးငယ်များအတွက် အန္တရာယ် ပေးနိုင်မည့် ညစ်ညမ်းရုပ်ရှင် အပျော့စားမျိုး ဖြစ်လာကြောင်း ဝေဖန်မှုများကို မိုင်လီဆိုင်းရပ်စ်က ငြင်းဆန်တုံ့ပြန်လိုက်သည်။ အသက်(၂၁)နှစ်ရှိ Popဂီတ အဆိုတော်၏ အဖော်အချွတ် အသားပေး ဂီတဗီဒီယိုများနှင့် ဝတ်စားဆင်ယင်ပုံများက လူငယ်လူရွယ်များအတွက် လမ်းမှားရောက်စေမည့် အခြေအနေမျိုးအဖြစ် မိဘအများစုက ဝေဖန်ပြစ်တင်နေကြသည်။ Disney၏ လူငယ်ကြယ်ပွင့် ဖော်ထုတ်ရေး အစီအစဉ်များတွင် ချစ်စရာ မိန်းကလေးငယ် တစ်ဦးအဖြစ် စတင်ကျော်ကြားလာသည့် မိုင်လီကမူ လက်ရှိ သူမ၏ ဖက်ရှင်ရွေးချယ်မှု အပြောင်းအလဲများကြောင့် ကလေးငယ်များအတွက် မည်သည့် ထိခိုက်မှုမျှ ရှိမည်မဟုတ်ဟု ဆိုသည်။

ထို့အပြင် သူမသည် မိမိ၏ ဖျော်ဖြေပွဲသို့ ရောက်ရှိလာသည့် ကလေးငယ်များကို ကောင်းမွန်သည့် အလေ့အထများကိုပင် သင်ကြားပေးနေသူဖြစ်ကြောင်း မိုင်လီက ပြောကြားခဲ့သည်။ မိုင်လီက "ကျွန်မရဲ့ ဖျော်ဖြေပွဲ အစီအစဉ်တိုင်းဟာ ရည်ရွယ်ချက် မြင့်မြင့်မားမားနဲ့ အကောင်အထည် ဖော်ထားတာချည်းပဲ။ ဒါတွေအားလုံးဟာ ကျွန်မက ကောင်းမွန်တဲ့ အနုပညာ တစ်ခုကို ဖန်တီးပြချင်တဲ့စိတ်မျိုးကြောင့် ဖြစ်ပါတယ်။ လူတော်တော်များများ အနုပညာကောင်း တစ်ခုကို သိပ်ပြီး ရင်းနှီးထိတွေ့မနေတဲ့ နေရာမျိုး ရောက်လာရင် ကျွန်မကတော့ စိတ်လှုပ်ရှားမိတယ်။ ကျွန်မအမြင်မှာတော့ ကျွန်မရဲ့ ဖျော်ဖြေပွဲကို ရောက်လာတဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ သင်ကြားမှုတွေ ဖြည့်စွမ်းပေးနိုင်တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

သူမက "လူတွေကို ကျွန်မသိစေချင်တာက ဂီတဆိုတာ ဖျော်ဖြေမှု သက်သက်မဟုတ်ဘဲ သင်ကြားမှု တစ်ခုလည်း ဖြစ်တယ် ဆိုတာပါပဲ။ လူတွေကတော့ ကျွန်မဟာ အသင်အပြ ကောင်းသူတစ်ယောက်လို့ ထင်ချင်မှ ထင်လိမ့်မယ်။ ဒါပေမဲ့ လူတချို့ အံ့ဩသွားတာမျိုးတွေ ကျွန်မလုပ်ပြနိုင်ခဲ့တယ်။ ကျွန်မကိုကြည့်ပါ။ ကျွန်မဟာ ခုချိန်မှာ ငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ဆက်ရှိမနေတော့ဘူး။ ခုလက်ရှိ အနေအထားကို လူတိုင်းသိမြင်နေပြီ။ ကျွန်မဟာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ပုံစံကို အလိုရှိတယ်။ ကျွန်မအနေနဲ့ ပိုကောင်းတဲ့ လူတစ်ယောက်၊ ပိုကောင်းတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲဖို့ အချိန်တိုင်းလိုလို ကြိုးစားနေခဲ့တယ်။ ကျွန်မလုပ်စရာ ရှိတာကို ကျွန်မဖာသာ လုပ်နေတာပဲလေ။ လက်ရှိ ကျွန်မရဲ့ ဘဝကို ကျွန်မသဘောကျတယ်"ဟုလည်း ဆိုသည်။

မိုင်လီက "စမ်းသပ်နေရတာတွေကို ကျွန်မသဘောကျတယ်။ အသစ်တွေ ဖန်တီးရတာကို ပျော်တယ်။ ဒီနေ့ခေတ် မိန်းကလေးတွေ ဘာတွေဝတ်နေသလဲ ကျွန်မလိုက်မကြည့်ဘူး။ ဒါမျိုးလိုက်စပ်စုရမှာ ပျင်းတယ်။ ကလေးတွေ ဘယ်လိုဘယ်ပုံ မတော်မရော် ဖြစ်နေသလဲ ဆိုတာလည်း ကျွန်မမစဉ်းစားဘူး။ ကျွန်မက ကိုယ်ပိုင်ပုံစံ တစ်ခုကို ရှာဖွေတယ်။ ဒါဟာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ပုံစံလို့လည်း ဆိုနိုင်တာပဲလေ"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

ဘာမင်ဂမ်အသင်းကို ရှုံးနိမ့်ခဲ့ရသည့် အဖြစ်မျိုး ထပ်မံ အဖြစ်မခံနိုင်ကြောင်း အသင်းဖော်များကို သတိပေးလိုက်သည့် နာစရီ

မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ဆင်မာ နာစရီဟာ လာမည့် တနင်္ဂနွေနေ့မှာ ကစားမည့် ကပ်ပီတယ်ဝမ်းဖလား ဖိုင်နယ်မှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်လို့ မဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားလိုက်သည်။ နာစဆီဟာ အာဆင်နယ်ကစားသမားအဖြစ် ကစားခဲ့စဉ်က ဘာမင်ဂမ်အသင်းကို ကာလင်းဖလား ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူးပြီး ထိုစဉ်က ရလာဒ်မကောင်းခဲ့သည့်အတွေ့အကြုံအရ ယခုတစ်ကြိမ် ထပ်မံ အဖြစ်မခံနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နာစရီက “ကျနော် ၂၀၁၁ ခုနှစ်တုန်းက အာဆင်နယ်အသင်းနှင့် ကာလင်းဖလား ဖိုင်နယ်မှာ ဘာမင်ဂမ်ကို ရှုံးနိမ့်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ အဲ့ဒီ ရှုံးပွဲ နောက်ပိုင်းမှာ ကျနော်တို့ အမှတ်ပေးဖလားပြိုင်ပွဲမှာ နိုင်ပွဲ ၂ ပွဲပဲ ရခဲ့တာပါ။ ဒီတော့ နိုင်ပွဲ ရဖို့ ကျနော်တို့အတွက် တကယ်အရေးပါနေပါတယ်။ ကျနော်တို့ ဒါမှ ယုံကြည်မှုတွေ ပြန်ရနိုင်မှာပါ။”

“ကျနော် ကလပ်အသင်းတွေနှင့်အတူ ဝင်ဘလေမှာ ကစားခဲ့ရတဲ့ ပွဲတွေမှာ မှတ်တမ်းကောင်းတွေ မရှိခဲ့ပါဘူး။ ဖိုင်နယ်ပွဲတွေမှာ ကျနော် အာဆင်နယ်အသင်းနှင့်အတူ ရှုံးနိမ့်ခဲ့ဖူးသလို မန်ချက်စတာစီးတီးအသင်းနှင့်လည်း ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံ့လက်ရွေးစင်အသင်းနှင့်တော့ အင်္ဂလန်အသင်းကို အဲ့ဒီကွင်းမှာ အနိုင်ရခဲ့ဖူးပါတယ်။ အဲ့ဒီလို နိုင်ပွဲမျိုး ထပ်ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အောင်စိုးမိုး
https://www.facebook.com/footballcafe.mm

တစ်ပွဲရှုံးလိုက်လို့ ပထမနေရာက ဆင်းပေးလိုက် ရတာက လွဲလို့ သိပ်ပြီး ကြီးမားတဲ့ ပြသနာမှ မဟုတ်တာ (အင်ဒီယေစတာ)

ဘာစီလိုနာ အသင်းဟာ ပွဲစဉ် (25)မှာ ရီးရဲလ် ဆိုစီဒတ်ကို ရှုံးနိမ့် သွားခဲ့ရတာ ကြောင့် ရီးရဲလ်မတ်ဒရစ် ရဲ့ (3)မှတ်ဖြတ် နောက်ကောက် ချခြင်းကို ခံလိုက်ရပါတယ်။ ဆိုစီဒတ်ရဲ့ ကွင်းမှာ ရှုံးနိမ့် သွားခဲ့ရတဲ့ ဒီပွဲမှာ ကွင်းလယ် ကစားသမား အဲလက်စ်ဆောင်း ကြောင့် အဖွင့်own goal ဖြစ်ခဲ့ရ ပေမယ့် လိုင်ယွန်နယ် မက်ဆီက ပွဲချိန် (36) မိနစ်မှာ ပြန်လည် ခြေပနိုင်ခဲ့ပါ သေးတယ်။ သို့သော် ဆိုစီဒတ် တို့ဘက်မှ ပွဲချိန် (54)/ (59) မိနစ်တို့မှာ ဆက်တိုက် သွင်းယူခဲ့ပြီး ဘာကာတို့အား သူတို့၏ အိမ်ကွင်းမှာ နှစ်မြုတ်ပစ် နိုင်ခဲ့တာပါ။

ထို အကြောင်း နဲ့ ပါတ်သတ်ပြီး ဘာစီလိုနာရဲ့ အင်ဒီယေစတာက “အဲ့ဒီနေ့က ဆိုစီဒတ် ကစားခဲ့တာ သိပ်ကို ကောင်းခဲ့တာပါ။ ကျွန်တော်တို့ထက် ကောင်းခဲ့တာ ကတော့ အသေ အခြာပါပဲ၊ တချိန်လုံး ကျွန်တော်တို့ သူတို့နောက်က လိုက်ကစား နေခဲ့မိတယ်”

“ဒါပေမယ့်လည်း ဒါဟာ အလုံးစုံ ရှုံးနိမ့် သွားတာမှ မဟုတ်တာ၊ အမှတ်တွေ အများကြီးကို လုရဦးမှာ ဖြစ်သလို မဟာ ပြိုင်ဘက်တွေနဲ့လည်း ထိပ်တိုက် တွေ့ရဖို့ ကျန်နေပါ သေးတယ်။ တစ်ပွဲရှုံးလိုက်လို့ ပထမနေရာက ဆင်းပေးလိုက် ရတာက လွဲလို့ သိပ်ပြီး ကြီးမားတဲ့ ပြသနာမှ မဟုတ်တာ။ ကျွန်တော်တို့ အလုပ်အများကြီး ကြိုးစားဖို့ တော့လိုတာပေါ့” ဟု ပြောဆို သွားခဲ့ပါတယ်။

မောရစ်

https://www.facebook.com/footballcafe.mm

လင်မယားစကားများစဉ် ခင်ပွန်းမှ ဓါးဖြင့်ထိုး၍ ဇနီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၄.၂.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲနေ သိန်းဝင်း(ခ)သူဟန်(၂၆)နှစ်၊လယ်စားရင်းငှား (ဘ)ဦးသန်းလွင်နှင့် ဇနီးဖြစ်သူမနွယ်နီ(၁၈)နှစ် တို့သည် သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာရှိ ဦးဇော်ဝင်း၏ လယ်ကွင်းအတွင်း ပဲများခူးဆွတ်သည့် အလုပ်လုပ်ကိုင်နေကြစဉ် ခင်ပွန်းဖြစ်သူ သိန်းဝင်းသည် ပဲမခူးဘဲနေသဖြင့် ဇနီးဖြစ်သူမနွယ်နီကပြောဆိုရာမှ စကားများကြပြီး သိန်းဝင်း(ခ)သူဟန်မှ မနွယ်နီအား အရိုးအသွား(၆)လက်မခန့်ရှိ မီးဖိုချောင်သုံးဓါးဖြင့် ထိုးခဲ့၍ မနွယ်နီတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာနံကြား၌ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲလက်မောင်း၊တံတောင်တို့တွင် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ၀ဲလက်ဖျံ၌ပြတ်ရှဒဏ်ရာ(၇)ချက်၊ ယာခြေသလုံး၌ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမနွယ်နီ၏ မိခင်ဒေါ်တင်လှမှ သိန်းဝင်း(ခ)သူဟန်အား အရေးယူ ပေးပါရန်တိုင်တန်းခဲ့သဖြင့် သုံးခွမြို့မရဲစခန်း (ပ)၅၆/၂၀၁၄၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ရွန်းနီချုပ်ဆို

မန်ယူအသင်းမှ ရှေ့တန်းကစားသမား ရွန်းနီသည် တစ်ပတ်လုပ်ခ စတာလင်ပေါင် သုံးသိန်းဖြင့် အသင်းနှင့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းနှင့် ၎င်း၏ ကစားသမားဘဝကို အဆိုပါ အသင်း၌သာ ၂ဝ၁၉ ခုနှစ်အထိ ပါဝင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

ရွန်းနီသည် ယင်းစာချုပ်ချုပ်ဆိုပြီးနောက် ယခုအခါ မန်ယူအသင်း၏ သမိုင်းတွင် လစာငွေအမြင့်ဆုံး ရရှိသည့် ကစား သမားတစ်ဦး ဖြစ်လာခဲ့သည်။ အသင်းနည်းပြ ဒေးဗစ်မိုရက်စ်သည် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာ အကြို ရှင်းလင်းပွဲတွင် အသင်းနှင့် ရွန်းနီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းကို အတည်ပြုပြောကြားရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

မိုရက်စ်သည် အသက် ၂၈ နှစ်အရွယ်ရှိ ရွန်းနီကို ဒုတိယ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ရန် မျှော်လင့်ထားပြီး လာမည့် ရာသီတွင် အသင်းအား ပြန်လည်ခြေစွမ်း ပြနိုင်ရေးအတွက် ၎င်းအား အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်ကစားစေရန် ရည်မှန်းထားကြောင်း သိရသည်။

မြ၀တီ

နှုတ်ခမ်းနီနှင့် သွားတိုက်ဆေးတွင် ပါသော ဓာတုပစ္စည်း များကြောင့် နှလုံး ကျန်းမာရေး ထိခိုက်နိုင်

နှုတ်ခမ်းနီ၊ မျက်နှာသစ် ဆပ်ပြာနဲ့ သွားတိုက်ဆေးမှာ ပါဝင်မှုများတဲ့ ဓာတု ပစ္စည်းတွေဟာ နှလုံးနဲ့ ကြွက်သား (Muscle) ပြဿနာ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိ ပေးလိုက်ပါတယ်။

Triclosanဆိုတဲ့ ဓာတု ပစ္စည်းဟာ အိမ်သုံး ပစ္စည်းအမျိုးအစား ၁၀၀ကျော်မှာ ပါဝင်နေပြီး ကြွက်သား (Muscle)နဲ့ နှလုံးကို ထိခိုက် စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပစ္စည်းနဲ့ထိတွေ့ပြီး မိနစ်၂၀ အတွင်းမှာ နှလုံးလုပ်ငန်းဆောင်တာ ၂၅ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရှိခဲ့တာကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တခြား ကျွမ်းကျင်သူတွေက ထုတ်ကုန်ထဲမှာပါဝင်တဲ့ Triclosan အဆင့်ဟာ အန္တရာယ် ကင်းတယ်လို့ဆိုပြီး ကြွက်တွေကို ဆေးထိုးပေးတဲ့ ပမာဏဟာ လူတွေ ထိတွေ့တဲ့ ပမာဏထက် မြင့်မား နေတာကြောင့်လို့ ပြောကြပါတယ်။ ဘာပဲပြောပြော ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေကတော့ အဲဒီဓာတု ပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါ တွင်းရောက်ရှိနိုင်ပြီး အင်္ဂါတွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းသူတွေ အနေနဲ့ နှလုံးလုပ်ငန်း ဆောင်တာ ၁၀ရာခိုင်နှုန်း လျော့ကျ သွားတာဟာ ဘာမှမဖြစ်လောက်ပေမယ့် နှလုံးရောဂါ ရှိသူတွေအနေနဲ့ အလွန် ကွာခြား သွားနိုင်ပါတယ်။

တခြား လေ့လာမှုအရလည်း အဲဒီဓာတုပစ္စည်းတွေကို ထိုးပေးပြီး တစ်နာရီအတွင်းမှာ ကြွက်တွေရဲ့ ကြွက်သားကို အသုံးချနိုင်အားဟာ ၁၈ရာခိုင်နှုန်း ကျဆင်းသွားပြီး ထိုကျဆင်းနှုန်းဟာ တစ်နေ့လုံး ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ အီးယူရဲ့ ဥပဒေအရကို အလှကုန် ပစ္စည်းနဲ့ သွားတိုက်ဆေး တွေမှာ ၀ဒသမ ၃ရာခိုင်နှုန်းထိ ပါဝင်ခွင့် ပေးထားကြောင်း သိရပြီး ဒီလေ့လာမှုကို အမျိုးသား အကယ်ဒမီ သိပ္ပံမှ ထုတ်ဝေတဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

မြ၀တီ

ဒရော့ဂ်ဘာကို တစ်ကျော့ပြန် ကမ်းလှမ်းဖွယ် ရှိနေသည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းသည် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဒီဒီရာဒရော့ဂ်ဘာကို ပြန်လည် ခေါ်ယူရန် စီစဉ်လျှက် ရှိကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

ချယ်လ်ဆီး၏ သမိုင်းဝင် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ရယူခဲ့စဉ်က အထူးတလည် ဦးဆောင်မှု ပေးခဲ့သော အိုင်ဗရီကို့စ် လက်ရွေးစင်သည် မတ်လတွင် အသက်(၃၆)နှစ် ပြည့်မည်ဖြစ်သည်။ ၎င်းသည် တူရကီ ကလပ် ဂါလာတာဆာရေးနှင့် အတူ ယခု သီတင်းပတ်တွင် ချယ်လ်ဆီးကို ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် အဖြစ် ဧည့်ခံရန် ပြင်ဆင်လျှက် ရှိသည်။ လက်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးများသည် အကောင်းဆုံး ဂိုးသွင်းစွမ်းရည် မရရှိဘဲ ရုန်းကန် နေရချိန်တွင် ဒရော့ဂ်ဘာကမူ အသက်အရွယ်နှင့် မလိုက်အောင် တိုးအား၊ ဂိုးသွင်း စွမ်းရည်ကောင်းများ ပိုင်ဆိုင်နေဆဲ ဖြစ်သည်။

ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် အသင်းကို ၎င်းပထမအကြိမ် ကိုင်တွယ်စဉ်က ဒရော့ဂ်ဘာကို ခေါ်ယူခဲ့ပြီး ကစားသမားနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သည်။ ယခုတစ်ဖန် မော်ရင်ဟိုသည် ဒရော့ဂ်ဘာကို တစ်ကျော့ပြန် ခေါ်ယူရန် ဆန္ဒရှိနေပြီး အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျ ကိုယ်တိုင်ကလည်း အဆိုပါ အစီအစဉ်အတွက် လိုလိုလားလား ကူညီဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ချယ်လ်ဆီးတွင် ဒရော့ဂ်ဘာ ကစားနေစဉ်က ချယ်လ်ဆီးသည် အခြားတိုက်စစ်မှူးများ ဖြစ်ကြသည့် ဖာနန်ဒိုတောရက်စ်၊ အေဒရီယန်မူတား၊ အန်ဒရီရှက်ဗ်ချန်ကို၊ ဟာနန်ခရက်စ်ပို၊ နီကိုလက်စ် အနယ်လ်ကာတို့ကို ပေါင်စတာလင် သန်း(၁၅၀)မျှ အကုန်အကျခံ ဝယ်ယူခဲ့သော်လည်း ဒရော့ဂ်ဘာလောက် တစ်ဦးမျှ တောက်တောက်ပပ ဖြစ်မလာခဲ့ကြချေ။

ချယ်လ်ဆီးအနေဖြင့် နွေရာသီတွင် အဓိက တိုက်စစ်ကစားသမားသစ် တစ်ဦးခေါ်ယူရေးကို ဦးစားပေး ဆောင်ရွက်ဖွယ် ရှိနေပြီး ထိပ်တန်းကြယ်ပွင့်တစ်ဦးကို ဈေးကြီးပေး ခေါ်ယူဖြစ်သည့်တိုင် ဒရော့ဂ်ဘာအတွက်လည်း ကြိုးစားချိတ်ဆက်ဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar

ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ်အား နောက်ဖက်မှတိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှည်းကူးမြို့နယ်၊ အမှတ်(၂) လမ်းမကြီးအတိုင်း ဇရပ်ကွင်းရွာဘက်မှ ဆားတလင်းကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ဆန်းကြည်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 4A---- နစ်ဆန်းဒီဇယ် (၁၂)ဘီးကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၂၆/၄)အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းမှတ်တိုင်၌ ခရီးသည်တင်/ချပြုလုပ်နေ သော လှည်းကူး-ဒါးပိန်-သင်္ဃန်းကျွန်း ပြေးဆွဲသည့် 6A---- ခရီးသည်တင် ဒိုင်နာယာဉ်၏ နောက်ဖက်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် 6A---- ယာဉ်ပေါ်ပါ ခရီးသည် ခလရ(၇၂) လွိုင်ကော်မှ ဗိုလ်ကြီးစောနိုင်ဟိန်းမှာ ယာခြေသလုံးကျိုး၊ ကျောပြင်ညိုမဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အခြားခရီးသည် (၃)ဦးတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ဒါးပိန်ဆေးရုံ၌ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကုန်တင်ယာဉ်မောင်း အောင်ဆန်းကြည်အား ဒါးပိန်နယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၀၄-က ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အင်းစိန်မြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၂.၂.၂၀၁၄ ရက်နေ့၂၁၃၀ အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်နေ ကိုထက်ဝေယံသည် နေအိမ်ရှေ့၌ ဖုန်းပြောနေစဉ် ယခင်က စက်ဘီးငှားသည့် ကိစ္စဖြင့် စကားများခဲ့ဖူးပြီး ၎င်းအားမကျေမနပ်ဖြစ်နေ သော တစ်ရပ်ကွက်တည်းနေ ဦးလေးတော်စပ်သူ ဦးနိုင်ဝင်းမှ သံတုတ်အားခါးကြားတွင်ထိုး၍ ယူဆောင်လာသည်ကို ကိုထက်ဝေယံ၏ ဖခင်ဦးသန်းအောင်မှတွေ့မြင်သဖြင့် ဦးနိုင်ဝင်းထံသွား ရောက်ကာ လုံးထွေးသတ်ပုတ်စဉ် ဦးနိုင်ဝင်းမှ သံတုတ်ဖြင့်ရိုက်ခဲ့၍ ဦးသန်းအောင်တွင် နဖူးဝဲဘက်၊ နှာခေါင်း၊မေးစေ့တို့၌ ပေါက်ပြဲဒဏ်ရာများ ရရှိကာ သတိလစ်လဲကျသွားပြီး သေဆုံးသွားသောကြောင့် ကိုထက်ဝေယံမှ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ဦးနိုင်ဝင်းအား အင်းစိန်မြို့မရဲစခန်း (ပ)၁၈၆/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

ယင်းဖြစ်စဉ်တွင် အပြန်အလှန်လုံးထွေးသတ်ပုတ်ကြရာ၌ ဦးနိုင်ဝင်းတွင် ၀ဲ/ယာလက်မောင်းနာကျင်၊ ၀ဲ/ယာချိုစောင်းပေါက်ပြဲ၊ ၀ဲမျက်ခုံးပွန်းခြစ် ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရသောကြောင့် ဦးနိုင်ဝင်းမှ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ကိုထက်ဝေယံနှင့် ဦးသန်းအောင်(သေဆုံး)တို့အား အင်းစိန်မြို့မရဲစခန်း(ပ)၁၈၇/၂၀၁၄၊ ပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police





ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂

K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

The Voice Weekly

လိင်ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှုများကို သုတေသန ပညာရှင်များက ဖော်ထုတ်

ကွန်ဒုံးများသည် သန္ဓေတား ဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါ များကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ
အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြုမှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက် များကို လေ့လာ ခဲ့ကြသည်။ သူတို့သည် ကွန်ဒုံး အထုပ်ကို ဖောက်ရာတွင် ချွန်ထက်သော ပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန် နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံးကို အလွန်စောစွာ ချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့ အပါအ၀င် မှားလေ့ မှားထရှိသည့် အမှားများစွာကို တွေ့ရှိ ခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့် လက်ထပ် ထားသည့် စုံတွဲ များမှသည် ပြည့်တန်ဆာများ အထိ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံ နေစဉ် တစ်လျှောက်လုံး အသုံးပြုလေ့ မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံး စွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်း ပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီး ချွတ်ပစ်လေ့ ရှိကြောင်း တွေ့ရှိရသည်။ အမျိုးသားများ အနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက်ရည်အတွက် နေရာလပ်ချန် ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ်ဆင်ခြင်းမရှိမီ မမှန်မကန် အလိပ်ဖြေလေ့ ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့် ပြဿနာ ရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ် လိုက်ကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။ ၅၀ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။ ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာ ခင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။

မြ၀တီ

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေ အတွက် အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါ တယ်။ ကင်ဆာရောဂါ တိုင်းဟာ ဆိုးဝါး လှသလို ရင်သား ကင်ဆာ ဆိုတာ ကလည်း

ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ် ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သား တစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက် ရတဲ့အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရမ်း ထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ကြောက်ခမန်း လိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေ အတွက် ရင်သား ကင်ဆာကို ကြိုတင် ကာကွယ် နိုင်တဲ့ သိပ္ပံ နည်းကျ နေထိုင် စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေး လိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေး မီကမှ ပြုလုပ်ခဲ့တဲ့ ရင်သား ကင်ဆာနဲ့ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန် အမျိုးသမီးများ အောက်ရင်သား ကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်း ပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ

အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်း တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ် ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ် ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။ အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်း နေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူး သင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ် တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကို အထူးသက်သာ စေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ

အသီးအရွက် တွေချည်းပဲ စားတဲ့ အမျိုးသမီး တွေဟာလည်း ရင်သား ကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန် အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ် ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံး သင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုး ဒီအစား အသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သား ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာ အများစုကို လုံးဝ တားဆီး နိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုး ကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိ ထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်းနှေး စေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ

ဗိုက်တာမင်အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင်စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့ နိုင်ပါတယ်။ ယနေ့ ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်း နေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြ သူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင်အီးနဲ့ စီအားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မား လာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေး လိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ

မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက် များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီး တွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။

(၇) ပင်လယ်ရေမှော် နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ

ဒီအစားအသောက် တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သား ကင်ဆာကို ထိရောက်စွာ ကာကွယ် နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အမျိုးသမီး တွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သား ကင်ဆာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။

နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ် ပေးသင့်ပါတယ်။

အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့် သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေ ဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။

မြ၀တီ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ