ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ၃ ဦး ဒဏ်ရာရ


နေပြည်တော်၊ ဒီဇင်ဘာ ၃၁

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃/၃-၄)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်၊ မိချောင်းအိုင်ရွာနေ အောင်လွင်(၃၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မဇာဇာဝင်း(၂၈)နှစ်နှင့် မန်ကျည်းပင်ရွာနေ မင်းဘုန်းခန့်(၇)နှစ်တို့လိုက်ပါလာသော ဖီလင်-၁၁၀ အနက်ရောင်ဆိုင်ကယ်မှာ အမြန်လမ်းအရှေ့ဘက်မှအနောက်ဘက်သို့ လမ်းလယ်ကျွန်း လမ်းပြတ်မှဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်မှရန်ကုန်သို့ လမ်းမှန်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ဦးကျော်နိုင်(၅၃)နှစ်မောင်းနှင်လာသော ၅ဃ/xxxx ဆူဇူကီးဆွစ်ငွေမင်ရောင် ယာဉ်နှင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် အောင်သူတွင် ယာခြေဖ၀ါး စုတ်ပြဲ၊ ၀ဲ/ယာဒူးခေါင်းပွန်းပဲ့၊ ရင်ဘတ်အောင့်ဒဏ်ရာ၊ မဇာဇာဝင်းတွင် နောက်ကျော/ခါးနာကျင်၊ ယာလက်ခုံပွန်းပဲ့ဒဏ်ရာနှင့် မင်းဘုန်းခန့်တွင် ဦးခေါင်းချိုစောင်းပေါက်ပြဲ၊ ယာတံတောင်ဆစ်/ယာလက်မောင်း/ ယာလက်ခုံ/ခါးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖြူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ၅ဃ/xxxx ယာဉ်တွင် တိုက်ရော့ပြုတ်၊ ရှေ့ဘန်ကာပိန်ချိုင့်ပျက်စီး၊ ရှေ့ဝဲမီးခွက်ကွဲ၊ ရှေ့ဝဲဘက်တံခါးပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့်နှင့် ဆိုင်ကယ်တွင်ရှေ့ယာဘက်ဒူးကာကွဲ၊ ယာဘက်ခြမ်းဘေးကာပျက်စီးကာ တန်ဘိုးငွေကျပ်(၂)သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမပေါ် ဖြတ်သန်းမောင်းနှင်ခွင့်မရှိသောဆိုင်ကယ်ကို မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ အောင်လွင်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပဲခူးမြို့၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ အလုပ်သမား အိပ်ဆောင်တွင် အမျိုးသားတစ်ဦးသေဆုံး

ပဲခူး ဒီဇင်ဘာ ၃၀

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ (၁၃၅၀) အချိန် ပဲခူးအမှတ်(၃) နယ်မြေ ရဲစခန်းအပိုင်၊ ဥဿာ မြို့သစ်၊ အမှတ်(၈) ရပ်ကွက်၊ မြို့ရှောင်လမ်း၊ စိုးရတနာလင်း ကုမ္ပဏီ ဆောက်လုပ်ရေး လုပ်ငန်း၊ အလုပ်သမား အိပ်ဆောင်တွင် အမျိုးသား(၁) ဦး သေဆုံးနေကြောင်း သတင်းအရ ဒုရဲအုပ် ကျော်စိုးနှင့် အဖွဲ့သည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာ အိပ်ယာအတွင်း ကဲရယ်(ခ)ဟိန်းလတ်၊ (၃၃)နှစ်၊ (ဘ)ဦးတာတူး၊ ယာဉ်မောင်း၊ လွိုင်ကော်မြို့ နေသူမှာ နဖူးပေါ် လက်တက်လျက် စောင်ခြုံထားသည့် အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသဖြင့် ကဲရယ်(ခ)ဟိန်းလတ် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးပေးပါရန် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၀) ရက် (၁၆၃၀) အချိန်တွင် ဒုရဲအုပ်ကျော်စိုးမှ တရားလိုပြုလုပ် တိုင်တန်းပြီး အမှုအား ရဲအုပ်ဟန်သင်းမှ လက်ခံစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး ပြန်/ဆက်
MOI Webportal Myanmar

လှည်းကူးမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၀.၁၂.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာအပိုင်၊ သစ်နီပင်တောစခန်း အနီးရှိ ၀ါးတစ်လက်ချောင်းစပ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သစ်နီပင်တောစခန်းနေ ကရင်(ခ)မြင့်ဇော်၊ (၅၁)နှစ်၊(ဘ)ဦးအေးမောင်မှာ ယာဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၃၀.၁၂.၂၀၁၃ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူ ကရင်(ခ)မြင့်ဇော်သည် အရက်မူးပြီး ချောင်းအတွင်းရေချိုးနေသော ဇနီးဖြစ်သူမသန်းသန်းမြင့်အား ဆဲဆိုကြိမ်းမောင်းကာ တောခုတ်ဓါးဖြင့်လိုက်လံခုတ်စဉ် ဇနီးဖြစ်သူ မသန်းသန်းမြင့်မှာ သားဖြစ်သူအောင်ဆန်းဦး(သေဆုံးသူ၏မယားပါသား) ထံထွက်ပြေးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သည့် သေဆုံးသူမှ အောင်ဆန်းဦးအား မိခင်ဖြစ်သူမသန်းသန်းမြင့်နှင့် ပေးစားဆဲဆိုခြင်းများ ပြုလုပ်ခဲ့၍ အောင်ဆန်းဦးနှင့်ထပ်မံစကားများကြကာ လုံးထွေးသတ်ပုတ်
ခဲ့ကြကြောင်း၊ ထိုသို့အခင်းဖြစ်ပွါးစဉ်သေဆုံးသူကိုင်ဆောင်ထားသော ဓါးအား အောင်ဆန်းဦးမှလုယူပြီး ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အောင်ဆန်းဦးအား ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၃/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မူးယစ်ဆေးဝါးများ ရောင်း/၀ယ်နေသည့် ရဲဘက်ပြေးအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် သံချောင်း(ခ)ထွန်းကျော်(ဘ) ဦးခင်သိန်း၊ လွတ်လပ်ရေးရပ်ကွက်၊ အလုံမြို့နယ်နေသူမှာ ရဲဘက်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်း/၀ယ်နေကြောင်း သတင်းအရ စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား ၂၉.၁၂.၂၀၁၃ရက်နေ့ ၁၁၄၅အချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ ၁၂၀၅အချိန်တွင် ၎င်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀ရမ်းဖြင့်ရှာဖွေခဲ့ရာ ဇနီးဖြစ်သူ မမြင့်မြင့်နိုင်(ဘ)ဦးပေါ်သိန်းမှာ နေအိမ် အိပ်ခန်းအတွင်းမှ အစိမ်းရောင်ပိုက်ဆံ အိတ်ငယ်(၁)လုံးအား နောက်ဖေးပေါက်မှ ပစ်ချခဲ့သည်ကို သက်သေများနှင့်အတူ တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ၎င်းအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၈၁၅)ပြား၊ အလေးချိန် (၈၁.၅)ဂရမ်၊တန်ဘိုးငွေကျပ် (၄၀၇၅၀၀၀)၊ ICE ဟုယူဆရသော အဖြူရောင်မူးယစ်ဆေးဝါးပုံဆောင်ခဲအပိုင်းအစ(၈)ခု၊ အလေးချိန် (၃.၈၇)ဂရမ်၊ တန်ဘိုးငွေကျပ်(၇၆၀၀၀)နှင့် ငွေစက္ကူရောရာ ကျပ်(၁၄၂၉၀၀)နှင့် အမေရိကန်ဒေါ်လာ (၄၅)ဒေါ်လာတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် သံချောင်း(ခ)ထွန်းကျော်နှင့် ဇနီးဖြစ်သူ မမြင့်မြင့်နိုင်တို့အား အလုံမြို့မရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အရေးယူဆောင်ရွက် ထားရှိပါသည်။

တရားခံ သံချောင်း(ခ)ထွန်းကျော်သည် ၁၄.၇.၂၀၁၀ရက်နေ့တွင် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၃၄၁/၂၀၁၀၊ ပုဒ်မ ၃၂၈/၃၇၆/၃၉၄/၁၁၄အမှုဖြင့် ထောင်ဒဏ် (၁၄)နှစ်ကျခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လအတွင်းက တွံတေးမြို့နယ်၊ တောကြီးတန်းရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သည့် ရဲဘက်ပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပို

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပိုမေတ္တာသင်္ဂဟ အဖွဲ့ဝင်ဖြစ် တာက လေးလလောက်ပဲ ရှိသေး တယ်။ အရင်ကတည်းက ကိုခန့်က ပြောပါတယ်။ အိချော ကိုယ်တိုင်က လည်း ပရဟိတကို လုပ်ချင်တယ်။ ဒါပေမဲ့ ကားရိုက်တွေ လည်းရှိတဲ့ အတွက် မလုပ်ဖြစ်ဘူး။ အိချောက ပရဟိတ လုပ်ရတာ အရမ်းဝါသနာ ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အ ရမ်းလိုအပ်နေတဲ့ လူတွေကို လှူလိုက်ရတဲ့ အတွက် ကိုယ့်မှာလည်း ပီတိဖြစ်တယ်။ သူတို့အတွက်လည်း အရမ်းကို စိတ်ချမ်းသာမှာပဲလေ။ အိ ချောတို့ မိသားစုအနေနဲ့ကတော့ အလှူဆိုရင် ဘုရားတည် တာတို့ဘာ တို့တော့ ရှိပါတယ်။ ပြီးတော့ လမ်းမှာ လည်း ကြုံရင်ကြုံသလို လိုအပ်ရင် လှူပေးဖြစ်တာလေးတွေ ရှိပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်မှာ ဘယ်လိုကာရိုက် တာမျိုး တွေအရိုက်များလဲဆိုတဲ့ အပေါ် အိချောဆီရောက်လာတဲ့ ဇာတ်တွေ က ဇာတ်အိမ်တော်တော် ကြီးတဲ့ ဒရာမာတွေ။ တကယ့်အိမ် ထောင် ရေး ဇာတ်တွေလာတာများ တယ်။

တချို့ဇာတ်ကားတွေဆိုရင် အိချော တော်တော်ကြိုးစားရတဲ့ ဇာတ်ပုံစံ မျိုးတွေရှိတယ်။ အနု ပညာပျိုးခင်းနဲ့ စာချုပ်ကတော့ ပြည့် သွားပါပြီ။ ဒါပေမဲ့လည်း ဒီအစ်ကို တွေရဲ့ လက် အောက်မှာပဲ အနု ပညာ အလုပ်တွေ လုပ်နေတာပါ။ ဒီအစ်ကိုတွေက လည်း လုပ်သင့် တာလုပ်ဖို့နဲ့ မလုပ်သင့်တာ မလုပ်ဖို့ အမြဲတမ်းသွန် သင်ဆုံးမပါတယ်။ လက်ရှိ အိချော အနုပညာလောက မှာ အခုလို အနေအထားလေးတစ်ခု ရောက်လာတာ အနုပညာပျိုးခင်း က အရမ်းအရေးပါတယ်။ ပရိသတ် တွေ သိအောင်၊ ချစ်လာအောင်၊ လက်ခံ လာအောင် မြေတောင် မြှောက်ပေးခဲ့တာ အနုပညာပျိုးခင်း ပါ။

အဲဒီအတွက်လည်း အစ်ကို ဆရာတွေရဲ့ စကားကို နားထောင် တယ်။ ဘယ်တော့မှ အစ်ကိုဆရာ တွေ မျက်နှာ ပျက်မယ့် အလုပ် မျိုးကို မလုပ်ဘဲနဲ့ ရှေ့ဆက်ပြီး ကြိုးစားသွားမှာပါ။ ပြီးတော့ ၂ဝ၁၄ ခုနှစ်မှာ ရွှေလက် တွဲကြမယ့် အနု ပညာ ညီအစ်မတွေ အနေနဲ့ ကံ ကောင်းကြမှာပါ။ ကံကောင်းပါ စေလို့လည်း ဆုတောင်းပါတယ်။ 

By 8 Days

၂၀၁၃ ခုနှစ်အလှဆုံး ၂၅ ဦးစာရင်းတွင် ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင် ထပ်မံရွေးချယ်ခံရ

မေစနိုး၊ ရန်ကုန်၊ ဒီဇင်ဘာ-၂၉

The Beauties Concept ၀က်ဘ်ဆိုက်မှရွေးချယ်သည့် ၂၀၁၃ ခုနှစ် အလှဆုံးအမျိုးသမီး ၂၅ ဦးစာရင်းတွင် မြန်မာမယ်စကြ၀ဠာ မိုးစက်ဝိုင်နှင့် Miss Supranational မြန်မာမယ် ခင်ဝင့်ဝါတို့ ထပ်မံရွေးချယ်ခံရပြီး
မြန်မာမယ် ခင်ဝင့်ဝါက အဆိုပါ ၂၅ ဦးစာရင်း၌ ကြိုက်နှစ်သက် သူအများဆုံးဖြင့် ဦးဆောင်နေကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် The Beauties Concept ၀က်ဘ်ဆိုက်မှသိရသည်။

အဆိုပါ ၂၀၁၃ ခုနှစ် အလှဆုံးအမျိုးသမီးကို နိုင်ငံတကာအလှမယ် များထဲမှ အယောက် ၁၀၀ ကိုပထမဦးဆုံးစတင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကာအဆိုပါ အလှမယ် ၁၀၀ ကို ဖေ့စ်ဘွတ်ခ်မှ Like,Share နှင့် မဲပေးမှုများပြုလုပ်ပြီး အများဆုံးကို ပြန်လည်ရွေးချယ်ကာ ထိပ်ဆုံး ၂၅ ဦး ကို ဒီဇင်ဘာ ၂၉ ရက်၌ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှဆုံးအမျိုးသမီး အယောက် ၁၀၀ စာရင်း စတင်ရွေးချယ် ခံရစဉ်က မြန်မာမယ် မိုးစက်ဝိုင်က ကြိုက်နှစ်သက်သူ အများဆုံး နေရာတွင် ဦးဆောင်နေခဲ့ပြီး ယခုအခါ ထိပ်ဆုံး ၂၅ ဦးစာရင်းတွင် မြန်မာမယ်ခင်ဝင့်ဝါက မဲအများဆုံးဖြင့် ပြန်လည်ဦးဆောင်နေပြီး မိုးစက်ဝိုင်က ဒုတိယနေရာမှ အများဆုံးဖြစ်နေကြောင်း သိရသည်။
ယခု နောက်ဆုံးရွေးချယ်ခံလိုက်ရသည့် ၂၀၁၃ ခုနှစ် အလှဆုံးအမျိုးသမီး ထိပ်ဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational ဖိလစ်ပိုင်မယ်၊ မယ်စကြ၀ဠာ ၂၀၁၃ သရဖူရ ဗင်နီဇွဲလားမယ်၊ မယ်ကမ္ဘာ ၂၀၁၃ သရဖူရ မယ်ကမ္ဘာ ဖိလစ်ပိုင်မယ်၊ မစ္စအင်တာနေရှင်နယ် ၂၀၁၃ သရဖူရထားသူ မစ္စအင်တာနေရှင်နယ် ဖိလစ်ပိုင်မယ်များလည်း ပါဝင်နေကြောင်း သိရသည်။ မြန်မာမယ်နှစ်ဦးလုံး ထိပ်ဆုံးမယ် ၂၅ ဦး စာရင်းတွင်
ရွေးချယ်ခံထားရသည့် ယခုဝက်ဘ်ဆိုက်၏ ရွေးချယ်မှုကို မြန်မာပရိသတ် များက ပိုမိုစိတ်ဝင်စားစွာ မဲပေးလျက်ရှိကြသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဘရစ်တနီကို အကြိတ်အနယ် အားပေးခဲ့သည့် ဆယ်လီနာဂိုနှင့် မိုင်လီ


ဆယ်လီနာနှင့် မိုင်လီတို့သည် ဘရစ်တနီ၏ ဂီတမှော်ကို လွန်ဆန်နိုင်ခြင်း မရှိဘဲ အခြားသော ပရိသတ်များနှင့်အတူ တစ်သားတည်း စည်းမျောရင်း သီချင်းများကို လိုက်ဆိုကာ ကခုန်နေခဲ့ကြ

ဘရစ်တနီ စပီးယားစ်၏ လာ့စ်ဗီးဂက်စ် ဖျော်ဖြေပွဲတွင် ဆယ်လီနာဂိုမက်ဇ်နှင့် မိုင်လီဆိုင်းရပ်စ်တို့ တက်တက်ကြွကြွ သွားရောက် အားပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သောကြာနေ့က လာ့စ်ဗီးဂက်စ်တွင် နာမည်ကျော် Popဂီတ ကြယ်ပွင့် ဘရစ်တနီက ဖျော်ဖြေခဲ့ရာ တက်သစ်စ ဂျူနီယာ ဂီတကြယ်နှစ်ပွင့်ကလည်း ပရိသတ်များကြားတွင် သူမကို အလေးအနက် အားပေးခဲ့ကြခြင်း ဖြစ်သည်။ ဆယ်လီနာနှင့် မိုင်လီတို့သည် ဘရစ်တနီ၏ ဂီတမှော်ကို လွန်ဆန်နိုင်ခြင်း မရှိဘဲ အခြားသော ပရိသတ်များနှင့်အတူ တစ်သားတည်း စည်းမျောရင်း သီချင်းများကို လိုက်ဆိုကာ ကခုန်နေခဲ့ကြသည်။

Planet Hollywood ကာစီနိုရုံတွင် ပြုလုပ်သော ဖျော်ဖြေပွဲ၌ Piece of Meဖြင့် ဘရစ်တနီက စဖွင့်ကတည်းက မိုင်လီရော၊ ဆယ်လီနာပါ မြူးထူးခုန်ပေါက်နေခြင်း ဖြစ်သည်။ မိုင်လီသည် ဘရစ်တနီ၏မိခင် လင်းစပီးယားစ်နှင့် မလှမ်းမကမ်းတွင် နေရာရခဲ့ပြီး ဘရစ်တနီ၏ သီချင်းအတော်များများကို လိုက်လံသီဆိုနေခဲ့သည်။ အထူးသဖြင့် တစ်ချိန်က ဘရစ်တနီ အကြီးအကျယ် အောင်မြင်ခဲ့သည့် Ooops ... I Did It Againတွင် အလွန်တက်ကြွစွာဖြင့် ခံစားပျော်ဝင်နေခဲ့သည်။

ဆယ်လီနာသည် ယခုပွဲကို ကေတီပယ်ရီနှင့်အတူ လာရောက်ကြည့်ရှုခဲ့သော်လည်း ကေတီကမူ အေးအေးလူလူသာ အားပေးခဲ့သည်။ ဆယ်လီနာတစ်ယောက်သာ အထူးမြူးကြွ ဈာန်ဝင်နေခြင်း ဖြစ်သည်။ မိုင်လီကမူ American Idol ပြိုင်ပွဲဝင်ဟောင်း အဒမ်လမ်းဘတ်၊ X Factor အမေရိကန် အစီအစဉ်မှူး တစ်ဦးဖြစ်သည့် မာရီယို လိုပက်ဇ်တို့နှင့်အတူ အသက်(၃၂)နှစ်ရှိ ဘရစ်တနီကို လာရောက်အားပေးခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း

AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================

ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်းကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကားပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ်တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံနိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေအနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။

PISCES မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၂၀ရက်အတွင်းမွေးဖွားသူ)
======================

ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းသင့်သော ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်ဖြင့် အရာရာကို လုပ်ဆောင်သင့် သော ကာလဖြစ်ပါတယ်။ မိန်ရာသီဖွားတွေအတွက် ပြသနာနဲ့တွေ့ကြုံရင် ဘာဖြစ်မှာလဲဆိုတဲ့ စိုးရိမ်စိတ်မထား ဘဲ မလုပ်နိုင်ပါဘူးလို့ပြောမယ့်အစား ပြသနာရှိရင် အဖြေရှိတယ်၊ ဖြေရှင်းနိုင်တယ် ဆိုပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်သင့်သော ကာလဖြစ်ပါတယ်။ အဖြေရှာပြီး အေးအေးဆေးဆေး ဖြေရှင်းခြင်းဖြင့် အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ အရာရာကို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို နှစ်သက်ပြီး တီထွင်ကြံဆနိုင်သူများလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူများလည်းဖြစ်ပါတယ်။
မိန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လေးလေးနက်နက်ဖြင့် လုပ်ဆောင်တတ်သူများဖြစ်ကြပြီး ဒီနှစ်အတွက် ယတြာအနေဖြင့် “ငါသိတယ် ငါလုပ်နိုင်တယ် ငါဟာ အရာရာကို အောင်မြင်နိုင်တယ်” ဆိုပြီးကြိမ်ဖန်များစွာ ရွတ်ဆိုနေရမှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံတရားက အကောင်းဆုံးအရာတွေ ရရှိစေနိုင်မယ့် နှစ်လဲဖြစ်ပါတယ်။

Aries မိဿရာသီဖွား ( မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ရက်အတွင်းမွေးဖွားသူ)
============

၂၀၁၄ ခုနှစ်သည် သင်၏ စီမံထားသည့် အဓိကဆက်ဆံရေး များ ( အချစ်ရေးနှင့် စီးပွားရေးရာ များသာမက ) တွင် အဆင်မပြေမှုများ လျော့နည်းမည်။ ယခင်က သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူပင် ဖြစ်လင့်ကစား ၂၀၁၄ ခုနှစ်တွင် ၎င်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို ရရှိမည် ဖြစ်သည်။
စိတ်ဖိစီးမှု များမည်။ သို့ရာတွင် ယင်းတို့ကို ၂၀၁၄ ခုနှစ်၏ အကောင်းဆုံး သင်ခန်းစာများအဖြစ် မှတ်ယူမည် ဆိုပါက အောင်မြင်မှုရရှိမည် ဖြစ်သည်။

Taurus ပြိဿရာသီဖွား ( ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ အတွင်း မွေးဖွားသူ)
=============

အပြောင်းအလဲများစွာနှင့် ကြုံတွေ့ရမည့်နှစ် ဖြစ်သည်။ ကောင်းသော ပြောင်း လဲခြင်းနှင့် အကျိုးရှိသော အပြောင်းအလဲများ ဖြစ်မည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။

Gemini မေထုန်ရာသီဖွား ( မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ အတွင်း မွေးဖွားသူ)
===============

ဤရာသီဖွားများအတွက် ၂၀၁၄ ခုနှစ်သည် အထူးကောင်း မွန်သော နှစ်တစ်နှစ် ဖြစ်သည်။ စိတ်လှုပ်ရှားစရာ များ၊ အပြောင်းအလဲ များနှင့် ကြုံတွေ့ရမည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။

Cancer ကရကဋ်ရာသီဖွား ( ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၂၃ ရက် အတွင်း မွေးဖွားသူများ)
==============

၂၀၁၄ ခုနှစ်သည် ဤရာသီဖွားများအတွက် အကောင်းဆုံးနှစ်ဖြစ်ရန် အလားအလာကောင်းများ တွေ့ရသည်။ ဂျူပီတာဂြိုလ်၏ တည်ရှိနေမှုသည် သင့်အတွက် တားဆီးဟန့်တားကန့်သတ်မှုများမှ လွတ်မြောက်မည့် အသွင်ဆောင်သည်။
သင့်အနေဖြင့် မလုပ်သင့်ဟု ထင်သည့်အတွက် မြိုသိပ်ထားခဲ့ရသည့် အတိတ်က ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ တစ်နှစ်ပတ်လုံး အတက်ကျ များစွာကို ဖြတ်သန်းရမည် ဆိုသော်လည်း ယေဘူယျအားဖြင့် အားလုံးကောင်းမွန်သည်။

LEO သိဟ်ရာသီဖွား (ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်းမွေးဖွားသူ)
=============

၂၀၁၄ ခုနှစ်တစ်ခုလုံး ကံကောင်းမှုများကို ရရှိမည်ဖြစ်သည်။ နှစ်စပိုင်းတွင် ကံကောင်းမှုများ စိတ်ကျေနပ် လောက်ဖွယ် အပြည့်အ၀ ရရှိမည်မဟုတ်။ သို့သော်လည်း တစ်နှစ်ပတ်လုံး နယ်ပယ်အားလုံးတွင် အောင်မြင်မှု ရရှိခြင်း၊ ဆုံးရှုံးမှုများ ပြန်ရခြင်း နှင့် တိုးတက်မှုခြင်းကို ရရှိမည်ဖြစ်သည်။ ကူညီပံ့ပိုးမှု၊ အသိအမှတ်ပြုမှု ၊ လေးစားယုံကြည်ခံရခြင်းများ ရရှိမည်ဖြစ်သည် ။ ၂၀၁၄ ခုနှစ်သည် သင့်အတွက် ကောင်းမွန်သော ဆက်ဆံရေး များ တည်ဆောက်နိုင်ခြင်းနှင့် သင်လိုအပ်သည်များ ကို အောင်မြင်အောင်လုပ်ဆောင်နိုင်မည့် နှစ်ဖြစ်သည်။

VIRGO ကန်ရာသီဖွား ( သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၃ ရက် အတွင်း မွေးဖွားသူ)
============

၂၀၁၄ ခုနှစ်သည် သင်နှင့် ရင်းနှီးသူများနှင့် ဆက်ဆံရေးကို ပြန်လည် အကဲဖြတ်မှုများ ပြုလုပ်ရမည့် နှစ်ဖြစ်ပြီး အရာအားလုံး တွင် ကျေနပ်ဖွယ်ရာဆက်ဆံမှုရှိမည်မဟုတ်ပေ။ ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ရာတွင် သင်၏ လုပ်ဆောင်ချက်သည် ပဋိပက္ခများတွက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးတည် လုပ်ဆောင်ရန် အရေးကြီးသည်။ ကမ္ဘာကြီးသည် သင်၏ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်သည်ကို ပြသနိုင်မည့် သက်သေတစ်ခု အဖြစ် ပျော်ရွှင်ဖွယ်ကောင်းသည့် တိုးတက်မှုတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။

LIBRA တူရာသီဖွား (စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၃ ရက် အတွင်းမွေးဖွားသူ)
============

၂၀၁၄ခုနှစ် တွင် သင်၏ သြဇာအရှိန်အ၀ါမြင့်မားမည့်နှစ်ဖြစ်သည်။ မိမိကိုယ်ကိုယုံကြည်မှုနည်းပါးခြင်းကြောင့် ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သင်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချမ်းမြေ့မှု၊ ပျော်ရွှင်မှုများကို ရရှိမည်ဖြစ်သည်။ ယခုနှစ်အတွင်း စိန်ခေါ်မှုများကို အပြုသဘောဆောင် သည့် နည်းလမ်းများဖြင့် အကောင်းမွန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင် မည်။အောင်မြင်မှုလမ်းကြောင်း၏ ရလဒ်များ အဖြစ် ကြည်နူးဖွယ်ကောင်းသည် တိုးတက်မှုများကိုယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

SCORPIO ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက် အတွင်းမွေးဖွားသူ)
============

ယခုလတ်တလောတွင် သင့်အနေဖြင့် စိန်ခေါ်မှုများ စူးစမ်းရှာဖွေမှု များနှင့်ပြည့်နှက်နေသည့် ခရီးလမ်းကို လျှောက်လှမ်းနေရမည်ဖြစ်သည်။ ထို့ကြောင့် ဘ၀တွင် ခက်ခဲသည့် အချိန်များကို တွေ့ကြုံရနိုင်သော်လည်း သင့်၏ ပျော်ရွှင်ချမ်းမြေ့မှုများကို တားဆီးနိုင်ခြင်းမရှိပါ။ ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းသည် Scorpio ရာသီဖွားများသည် puluto ဂြိလ်နှင့် Uranus ဂြိုလ်ကြားကျရောက်နေသည့်အတွက် နိုးနိုးကြားကြားနေရမည့် အချိန်ကာလဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် သင့်မလိုချင်သည့် မဖြစ်ချင်သည့် ကိစ္စများအားလုံးကို ချိန်ထားခဲ့နိုင်မည်ဖြစ်ပြီး ကြီးကျယ်မြင်မြတ်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ပိုင်ဆိုင် ခြင်းများ ရရှိမည်ဖြစ်သည်။

SAGITTARIUS ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ရက် အတွင်း မွေးဖွားသူ)
============

၂၀၁၄ ခုနှစ်သည် ဓနုရာသီဖွားများအတွက် အလွန်အရေးကြီးသော နှစ်တစ် ခုဖြစ်သည်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲများစွာတွေ့ကြုံနိုင်ပါတယ်။ ဒီနှစ်မှာ ဓနုရာသီဖွားတွေအတွက် အလွန် အတက်အကျ များသော နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓနုရာသီဖွားတွေ သတိထားရမည့် နှစ်တစ်နှစ်ဖြစ်ပြီး သနားလွယ် ယုံလွယ်သူများဖြစ်တာမို့ မိမိကိုယ်တိုင်ရဲ့ ရင့်ကျက်မှု၊ ပညာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုကောင်းမွန် တဲ့ အခြေအနေတစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ပြသနာတွေ တွေ့ကြုံနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က ဖြစ်ပျက်ပြီးခဲ့တဲ့ ကိစ္စတွေဟာလည်း ပြသနာ အဖြစ် ပြန်လည်ရောက်ရှိလာတက်ပါတယ်။ ဓနုရာသီဖွားတွေအနေနဲ့ မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ စွမ်းအား ရှိရမှာဖြစ်ပါတယ်။ “ငါဟာ ကမ္ဘာပေါ်မှာ ငါလိုချင်တဲ့အရာတိုင်းကို ယူနိုင်တဲ့အစွမ်းရှိတယ်။ ဒါကြောင့်မို့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးထားရှိရမှာဖြစ်ပါတယ်။
အဲဒီလို တွေးခေါ်နိုင်မှသာ ဒီနှစ်ဟာ ဘယ်လို အတက်အကျတွေပဲ ရှိတယ်ပဲဆိုဆို ကိုယ်လုပ်တဲ့ အရာမှန်သ မျှကို ဖြစ်ပါ့မလားလို့ လုပ်ကိုင်ခြင်းမျိုးမဟုတ်ပဲ အလုပ်စ လုပ်ကိုင်တယ်ဆိုရင်ပဲ ဖြစ်ကိုဖြစ်တယ် ဆိုသည့် စိတ်ဓာတ်မျိုးဖြင့်သာ လုပ်ကိုင်လျှင် အောင်မြင်မည်ဖြစ်သည်။

CAPRICORN မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ရက်မှ ဇန်န၀ါရီ ၂၀ရက်အတွင်း မွေးဖွားသူ)
===============

မကာရရာသီဖွားတွေ အတွက် ၂၀၁၄ ခုနှစ်ဟာ အရာရာတိုင်း လွယ်ကူတယ်လို့မဆိုနိုင်သော်လည်း မကာရရာသီဖွားတွေဟာ အနစ်နာခံတတ်ပြီး ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပြီးသူ တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကောင်းတယ် ဆိုးတယ်ဆိုတာ မကာရ ရာသီဖွားတွေရဲ့ အပေါ်မှာသာ မူတည်နိုင် ပါတယ်။
၂၀၁၄ ခုနှစ်မှာ မကာရရာသီဖွာတွေဟာ မကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေလင့်ကစား ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေဟာလည်း မခန့်မှန်းနိုင်တဲ့ အတွေ့အကြုံတွေ အခြေအနေတွေကြားထဲကပင် ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မကာရ ရာသီဖွားတွေရဲ့ ဘဝလမ်းကြောင်း မှာ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေတဲ့ အချိန်ကာလဖြစ်ပါတယ်။ မကာရရာသီဖွားတွေအတွက် စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေကြားထဲကပင် တိုးတက်နိုင်တဲ့ အခြေအနေတွေ ရရှိမှာဖြစ်ပါတယ်။ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေ ခံစားနေရလင့်ကစား ရင့်ကျင့်မှု၊ စိတ်ရှည်မှုနဲ့ အခြေအနေတွေကို ကောင်းမွန်တဲ့ဘက် ရရှိအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရင့်ကျက်မှု စိတ်ရှည်မှုတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် တိုက်ခိုက်နှောင့်ယှက်သူတွေတောင် ရပ်တန့်ပြီး ကိုယ်ဘက်ပါဝင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၄ ခုနှစ်ဟာ မကာရရာသီဖွားတွေအတွက် စိတ်ရှည်သည်းခံဖြင့် အောင်မြင်နိုင်သော နှစ်တစ်ခုဖြစ်တယ်။ ပြသနာတွေနဲ့ တွေ့ကြုံနိုင်ပင်မယ့် အောင်မြင်ခြင်းတွေ ရရှိနိုင်မယ့် နှစ်တစ်ခုဖြစ်ပါတယ်။

MOI Webportal Myanmar

ကံမမြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံး

ကံမ ဒီဇင်ဘာ ၃၀

သရက်ခရိုင်၊ ကံမမြို့ အမှတ်၎ ရပ်ကွက် သက်တော်ရှည် သက်တော်ရ ဘုရားနှစ်ဆူ ရှေ့ကား လမ်းပေါ်ရှိ မျက်ကွယ် ကွေ့တွင် ဒီဇင်ဘာလ ၃၀ ရက်နံနက် ၁၁ နာရီက ယာဉ်မောင်း ကြည်သိန်း (၃၈)နှစ် မောင်းနှင် လာသော ဟီနိုးကားအမျိုးအစား ကုန်တင်မော်တော်ယာဉ် ယာဉ်အမှတ် စ/၉၀၀နှင့် တဖက်မှ မော်တာကြီး(ခ) ဟန်ဇော်ဝင်း (၃၁)နှစ် မောင်းနှင် လာသော ဂျာလင်းအမျိုးအစား မော်တော်ဆိုင်ကယ် ယာဉ်အမှတ် ၃၃/ယ -၂၀၉၃၆ နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ မော်တော် ဆိုင်ကယ် မောင်းနှင် သူမှာ အခင်းဖြစ် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ သန်းထိုက်စိုး(၂၂)နှစ်မှာ ပွန်းပဲ့ ဒဏ်ရာ များသာ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရဖွယ်မရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား မြို့မရဲစခန်း စခန်းမှုး ရဲအုပ်ထွန်းစံအောင်က ယာဉ်(ပ) ၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄(က)/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

MOI Webportal Myanmar

အကောင်းဆုံးကစားသမားဖြစ်ဖို့ မက်ဆီအတွက် Ballon d'Or ဆုမလိုအပ်ကြောင်း ဂျော်ဒီအယ်လ်ဘာ ပြောကြား

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၏ အားထားရသော တိုက်စစ်မှူးမက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းတွင်း ပျော်ရွှင်မှုရရှိနေသူဖြစ်ကြောင်း ဘာစီလိုနာအသင်းကစားဖော် ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့သည်။

ထို့အပြင်တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ၂၀၁၃ Ballon d'Or ဆုမရှိခဲ့လျှင်သော်မှ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရှိနေဦးမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့လည်း မက်ဆီအတွက် Ballon d'Or ဆုမလိုအပ်ကြောင်းးလည်း ဂျော်ဒီအယ်လ်ဘာက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၃ Ballon d'Or အတွက် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီ၊ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား စီရော်နယ်လ်ဒို၊ဘိုင်ယန်မြူးတောင်ပံကစားသမား ဖရန့်ရီဘာရီတို့ကို ဆန်ကာတင် ကစားသမားသုံးဦးအဖြင့် ရွေးချယ်ထားပြီး ယင်းဆုအတွက်မည်သည့်ကစားသမားရယူဆွတ်ခူးသွားနိုင်မည်လဲဆိုတာ မသိသော်လည်း မက်ဆီမှာမူ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲပင်ဖြစ်ကြောင်း ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့သည်။

လက်ရှိတွင် ဘောလုံးမှော်ပညာရှင်မက်ဆီသည် တိုက်စစ်ပိုင်းနှင့် အသင်းဒါရိုက်တာတို့အကြားကြောင့် ဘာစီလိနာအသင်းတွင် မပျော်မရွင်ဖြစ်နေပြီး နောက်ဆုံးရရှိခဲ့သည့် တံခေါက်ကြောဒဏ်ရာအားကုသရန်အတွက် မွေးရပ်ဌာနေအာဂျင်တီးနားမြေသို့ သွားရောက်လျက်ရှိကြောင်းသိရသည်။

The Mirror Daily

သူကိုယ်တိုင်တင်ထားတဲ့ကမ္ဘာ့စံချိန်ကို ပြန်ချိုးဖျက်ပြလိုက်တဲ့ သံလိုက် လူသား


အသက် ၄၁ နှစ်အရွယ် Etibar Elchyev ဆိုသူ သံလိုက်လူသားဟာ သူ့ ရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက် တစ်ဝိုက်မှာ သတ္တုဇွန်း ၅၃ ချောင်းကို တွဲကပ်ပြပြီး လူ့ ခန္ဓာကိုယ်မှာ သတ္တုပစ္စည်းအများဆုံး တွဲကပ်နိုင်တဲ့ စံချိန် အသစ်ကို တင်လိုက်ပါတယ်။ ဂျော်ဂျီယာ လူမျိုးဖြစ်တဲ့ Elchiyev ဟာ ၂၀၁၁ ခုနှစ်ကလည်း သတ္တုဇွန်း ၅၀ ချောင်းကို ကပ်ပြ ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ အခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သူ့ ရဲ့ စွမ်းရည်ပြပွဲမှာ သတ္တုဇွန်း ၅၃ ချောင်းကို ကပ်ပြပြီး စံချိန်အသစ်ကို ထပ်တင်လိုက်ပါတယ်။

သူဟာ ဒီမှာ ရပ်တန့် နေမှာမဟုတ်ဘဲ ဆက်လက်စံချိန်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်းကို “ အချိန်တန်လို့ ရှိရင် ကျွန်တော် လေယာဉ်ပျံကြီးတစ်စီးလုံးကို ရွှေ့ ပြတာဖြစ်ဖြစ် ရထားလွတ်တစ်စီးကို ကျွန်တော့်သံလိုက်စွမ်းအားနဲ့ ရွှေ့ ပြတာဖြစ်ဖြစ် ၊အဲလိုမျိုးတစ်ခုလောက် လုပ်ပြသွားမှာပါ။ ကျွန်တော့်ရဲ့ ဖဲချပ်တွေကို ခင်ဗျားတို့ ကို တစ်ခါတည်း လှန်ပြမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။

Ref: bbc.co.uk
Trend Myanmar

ဆိုင်ကယ်ကယ်ရီသမားက လိုင်စင်မဲ့ယာဉ်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုဓားဖြင့်ထိုး

ရန်ကုန်၊ဒီဇင်ဘာ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းဘူတာတွင် ယနေ့နံနက် ၁၀နာရီ၁၅မိနစ်ချိန်ခန့်က လိုင်စင်မဲ့ဆိုင်ကယ်များကို လာရောက်ဖမ်းဆီးစဉ် ကယ်ရီသမားက ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်မြို့နယ်အုပ်ချုပ်ရေးရုံးမှအရာရှိတစ်ဦးဒဏ်ရာရရှိသွားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းသန်းဦးက People Power သတင်းစာသို့ပြောကြားသည်။

ဓားဖြင့်ထိုးသွားသည့် တရားခံဟုယူဆရသူကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း၊ ဒဏ်ရာရရှိသူနှစ်ဦးကို အင်းစိန် ဆေးရုံသို့တင်ပို့ကုသထားကြောင်း၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှစ်စီးအားဖမ်းဆီးယူဆောင်သွားစဉ် ယင်းနေရာတွင်ကျန်ခဲ့သည့် ရဲတပ်ဖွင့်ဝင်များကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

ရေးသားသူ-ကြည်ပြာ
People power

မရမ်းကုန်း(၃)ရပ်ကွက်၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်သပြေ ၂ လမ်း အမှတ်(၃၁)နေ ဦးမြင့်ခိုင်၏ဇနီး ဒေါ်အေးဝင်း ၂၈-၁၂-၂၀၁၄ ရက်နေ့ ညနေ(၄)နာရီကျော်ခန့်က နေအိမ်အောက်ထပ်ရှိ မီးဖိုဆောင်အတွင်း လည်ပင်းကြိုးတန်းလမ်းဖြင့် မတ်တပ်ရပ်အနေအထား သေဆုံးနေကြောင်း သိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဘုရင့်နောင်ရဲတပ်ဖွဲ့စခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကာ သေမှုသေခင်း ၂၁/၂၀၁၃ ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mirror Daily


အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ


အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ မြန်မာ့မျိုးရင်း စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ နာမည်ကျော် အဲဗားဂလိတ် သဘာဝ ရွှံ့နွံတောကြီးအတွင်း မြန်မာ့မျိုးရင်း စပါးအုံးမြွေများ ကျူးကျော်ဝင်ရောက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူများ  အခက်ကြုံနေရသည်။ အဆိုပါ စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်။ အဲဗားဂလိတ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်ထမ်းများက မြန်မာ့မျိုးရင်း စပါးအုံးများကို နှိမ်နင်းရန် အစီအစဉ်သည် မိမိတို့အတွက် အောင်နိုင်ခြေ မရှိသော တိုက်ပွဲကို ဆင်နွှဲနေရခြင်းနှင့် တူနေကြောင်း ဝန်ခံထားသည်။

ယခုသီတင်းပတ် အစောပိုင်းကမူ အဲဗားဂလိတ် အမျိုးသားဥယျာဉ်၏ Facebook ဝက်ဘ်ဆိုက် စာမျက်နှာတွင် မိကျောင်းတစ်ကောင်က စပါးအုံးမြွေ တစ်ကောင်ကို သတ်ဖြတ်ကိုက်ခဲထားသည့် ဓာတ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဲဗားဂလိတ်၏ အဏ္ဏဝါဘုရင်များဖြစ်သည့် မိကျောင်းများသည် စပါးအုံးမြွေများနှင့် ရင်ဆိုင်ရာတွင် များသောအားဖြင့် အနိုင်ရတတ်သော်လည်း တစ်ခါတစ်ရံတွင်လည်း မြွေများက အသာစီးရသွားတတ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အဲဗားဂလိတ် အနီးတွင် နေထိုင်သည့် စတိဗ်ဂရင်းက "မိကျောင်းတွေက သိပ်မြန်တယ်။ ပြီးတော့ စူးစိုက်မှုလည်း အားကောင်းတယ်။ မိကျောင်းနဲ့မြွေ တိုက်ပွဲဖြစ်နေတာကို ကျွန်တော် မြင်ဖူးတယ်။ မြွေကို မိကျောင်းက သတ်ဖြတ်ပစ်လိုက်နိုင်တယ်"ဟု ပြောကြားခဲ့သည်။

အဲဗားဂလိတ်၏ Facebook စာမျက်နှာတွင် "အဲဗားဂလိတ်မှာ အမေရိကန် မိကျောင်းတွေကသာ အားအကောင်းဆုံး သားရဲတွေ ဖြစ်ပါတယ်။ သူတို့ဟာ စပါးအုံးတွေကို စားသောက်ဝါးမြိုနိုင်ကြတယ်။ ဒါပေမဲ့ တစ်ခါတစ်လေတော့လည်း အခြေအနေက ပြောင်းပြန် ဖြစ်သွားတတ်တယ်"ဟု ရေးသားထားသည်။ မြန်မာ့မျိုးရင်း စပါးအုံးများတွင် သတ်သတ်မှတ်မှတ် သားကောင်ဟူ၍ မရှိဘဲ တွေ့ရာမြင်ရာ သက်ရှိကို ဖမ်းစားလေ့ရှိသည်။ ၎င်းတို့သည် အလွန်မျိုးပွားနှုန်း မြန်ဆန်ပြီး အဲဗားဂလိတ်တွင် အရေအတွက် လျင်မြန်စွာ တိုးပွားလာခြင်းမှာ သစ်တောရေးရာ ဝန်ထမ်းများအတွက် ခေါင်းခဲစရာ အခြေအနေ ဖြစ်နေသည်။

အဲဗားဂလိတ် ဒေသတွင် ပေါက်ဖွားသည့် ဇာတိရင်းမြစ် မဟုတ်သော စပါးအုံးမြွေများသည် အဆိုပါ ရွှံ့နွံတောကြီးအတွင်း ကောင်ရေ တစ်သိန်းမျှထိ ရှိနေပြီဟု ယူဆရသည်။ မြန်မာ့မျိုးရင်း စပါးအုံးမြွေ တစ်ကောင်သည် (၂၃)ပေထိ ရှည်လျားလာတတ်ပြီး ကိုယ်အလေးချိန် ပေါင်(၂၀၀)မျှထိ လေးလံကာ တယ်လီဖုန်းလိုင်း တိုင်တစ်လုံးစာမျှထိ လုံးပတ်ကြီးထွားနိုင်သည်။ အဲဗားဂလိတ်တွင် အမေရိကန် မိကျောင်းမျိုးနွယ်များ ရှင်သန်နေသည်မှာမူ နှစ်သန်းပေါင်း (၁၅၀)မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် (၁၈)ပေထိ ကြီးထွားပြီး ကိုယ်အလေးချိန် ပေါင်(၆၀၀)ထိ ထွားကျိုင်းလာနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ

၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။ အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။ ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။ ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ လောက်နဲ့ wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။ အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့ လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့ နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ စီစဉ်ရတယ်" လို့ ပြောပါတယ်။ဘဝ မှာ ပျော်ရွှင်ရတဲ့အချိန်လည်း ဖြစ်သလို၊မင်္ဂလာယူနေတဲ့ အချိန် မှာ
သူ့ကိုချစ်တဲ့ ပရိသတ်တွေက လည်း ဆုတောင်း စကားတွေ ပြောပေးရင် ဝမ်းသာမိမှာဖြစ် ကြောင်းကို ချစ်သုဝေက "ထရီဇာ ကို ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်၊ မေတ္တာစိတ်ကလေးနဲ့ ထရီဇာပျော်ရွှင် နေတဲ့အချိန်လေး၊ မင်္ဂလာယူနေတဲ့ အချိန်လေးမှာ ဆုတောင်းစကားလေး တစ်ခုခုနဲ့ ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက် လှဲလှဲလေး ဆုတောင်းပေး ရင် တအား ဝမ်းသာမိမှာပါ။ ဒီထက်ပိုပြီး တော့လည်း နှလုံးသားတစ်ခု၊ ဦးနှောက် တစ်ခုနဲ့ အနုပညာအလုပ်တွေကို ပိုပြီး မြတ်မြတ်နိုးနိုး တလေးတစားနဲ့ ဆက်
လုပ်သွားမှာပါ" လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်လုယက်သူများထဲမှ ၁ ဦးအားဖမ်းဆီးရမိ


နေပြည်တော်၊ ဒီဇင်ဘာ ၂၇

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာနေ ဦးကျော်မင်းဦး(၃၉)နှစ်သည် ဇနီးဖြစ်သူမမိုးမိုးအေး(၄၀)နှစ် နှင့်အတူ ဆိုင်ကယ်ဖြင့် ဘုရားကြီးကျေးရွာမှ ဒလမြို့နယ်သို့ သွားရောက်စဉ် ပိတ်စွယ်ကျေးရွာ တံတားကုန်းဆင်းအရောက် လူ(၃)ဦးမှ ဆိုင်ကယ်အားတားပြီး ခါးပတ်နှင့်ရိုက်သဖြင့် ဆိုင်ကယ်လဲကျ သွားစဉ် ဦးကျော်မင်းဦးနှင့် ဇနီးဖြစ်သူတို့အား ကြိုးဖြင့်ချည်နှောင်၍ ကားပေါ်သို့ဆွဲတင်ပြီး လှိုင်သာယာမြို့နယ်ဘက်သို့ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် လှိုင်သာယာမြို့နယ်၊ တိုးဂိတ်အနီးတွင် မျက်စေ့အား တိတ်ဖြင့်ပတ်ချည်နှောင်ကာ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ငွေကျပ် သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးယူရန် ချိန်းဆိုခဲ့သည်။ ၇-၁၁-၂၀၁၃ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် ဦးကျော်မင်းဦးနှင့်ဇနီးတို့အား လှိုင်သာယာစက်မှုဇုံရှိ ခြုံပုတ်ထဲတွင် ထားခဲ့ပြီး ဇနီးဖြစ်သူ မမိုးမိုးအေးဝတ်ဆင်ထားသော ရွှေထည်ပစ္စည်း(၃)မျိုးနှင့် ဆိုင်ကယ်(၁)စီးတို့အား လုယူသွားကြောင်း တိုင်တန်းသဖြင့် တွံတေးမြို့မရဲစခန်း(ပ)၄၀၁/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၄၇/၃၉၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ရာမှ ပြစ်မှုပုဒ်မ ၃၆၅/၃၉၄သို့ ပြောင်းလဲစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အမှုမှပြစ်မှုကျူးလွန်သူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ၁၉ ရပ်ကွက်နေ သူရဇော်ဦး(ခ)ကထီး(ခ)ကုလား(၃၂)နှစ်နှင့် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက် ရပ်ကွက် နေသူများဖြစ်သော ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(၄၁)နှစ်နှင့် စိုးမင်းဦး(ခ)သံပါးစပ်(၃၃)နှစ်တို့ ဖြစ်ကြောင်းသိရှိရသည်။ ၁၄-၁၁-၂၀၁၃ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်တွင် ပြစ်မှုကျူးလွန်သူ သူရဇော်ဦး(ခ)ကထီး(ခ)ကုလားသည် ကျိုက်ထိုကားဖြင့် ဘားအံသို့ထွက်ခွာသွားကြောင်းနှင့် ထိုမှ တဆင့် မြ၀တီမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၊ မြ၀တီခရိုင်အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြ၀တီမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ တို့က ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေစစ်ဆေးရာ ၂၅-၁၂-၂၀၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် မြ၀တီမြို့၊ နယ်စပ်ကုန်သွယ်ရေးဇုံတွင် သူရဇော်ဦး(ခ)ကထီး(ခ)ကုလား(ခ)အငယ်လေးအား ဖမ်းဆီး ရမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

လူမင်းရင်ခုန်တဲ့ အကယ်ဒမီ (သန့်ဇင်ဦး)

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေး ခန့်မှန်း ထားကြတဲ့အပေါ် ကိုလူမင်းရဲ့ အကယ်ဒမီ ရင်ခုန်သံလေး ပြောပြပေးပါဦး။

LM : အကယ်ဒမီအတွက် ရမယ်လို့ အသံထွက်တဲ့ နှစ်တွေကတော့ ကိုယ့်ဘဝမှာ ကြုံရတာ များခဲ့ပါပြီ။ ဒီနှစ်မှာလည်း မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အသံ ကျယ်ကျယ်လောင်လောင်တော့ ထွက်နေတာပဲ။ ကိုယ့်အနေနဲ့ကတော့ ဒီနှစ်မှာ အကယ်ဒမီ ပွဲကြီးကို ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို ထူးထူးခြားခြား လုပ်ပြရမလဲ ဆိုတာကို ပိုပြီး စိတ်ပူနေမိပါတယ်။
ဒီနှစ်မှာ ဆုရခဲ့ရင်တော့ ကိုယ့်အတွက် အင်မတန် ထူးခြားတဲ့နှစ် ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ပြည်လုံးမှာရှိတဲ့ ပရိသတ်တွေကို စကားပြောခွင့်ရမယ်။ တစ်ဆက်တည်း ဆုပါရမယ်ဆိုရင် ဒီနှစ်က ကိုယ့်အတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်မှာပါ။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။ ကြုံခဲ့ရတဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

LM : ဒီကားကတော့ ကိုယ့်အတွက် အမှတ်တရတွေ အများကြီးပါပဲ။ တစ်ဖွဲ့သားလုံး ပင်ပန်း ဆင်းရဲခံပြီးတော့ ရိုက်ခဲ့ကြရတဲ့ကား၊ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ အားလုံး ကြုံတွေ့ခဲ့ရတဲ့ကား၊ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ကား တစ်ကားပါ။ ဒီလို ဝါရင့် သရုပ်ဆောင်ကြီးတွေ၊ သရုပ်ဆောင် အင်အားတွေနဲ့ အဲဒီလို နေရာမျိုးမှာ နောက်တစ်ခါ သွားရိုက်ဖို့ မဖြစ်နိုင်တော့တဲ့ ကားတစ်ကားပါ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပြန်သုံးသပ်ရင်လည်း အဲဒီ အချိန်တုန်းကတော့ အစ်ကိုတို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ခဲ့တာပဲ။ ဦးကျော်ဟိန်းတို့၊ ဦးညွန့်ဝင်းတို့လို ဝါရင့် သရုပ်ဆောင်ကြီး တွေနဲ့ အပြိုင် သရုပ်ဆောင်ရမယ်ဆိုတော့ ကိုယ့်ဘက်က လျော့လို့မရဘူး၊ အဆမတန် ကြိုးစားရမယ်ဆိုတာ အဲဒီကတည်းက သိတဲ့အတွက် ကိုယ်ကြိုးစားခဲ့တယ်။ ဇာတ်ကား ရုံတင်တဲ့အချိန်မှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီ ရနိုင်တယ်လို့ ပြောလာကြတဲ့ အချိန်မှာလည်း ကိုယ်ကြိုးစား ခဲ့တာတွေအတွက် ပီတိဖြစ်မိတယ်။

Voice : ဒီဇာတ်ကားမှာ ကိုလူမင်း အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကို ပြောပြပေးပါဦး။ တခြား ဘယ်သူတွေရော ဒီကားမှာ အကယ်ဒမီ ရနိုင်တယ်လို့ မြင်မိလဲ။

LM : ဒီဇာတ်ကားမှာ ဦးကျော်တို့၊ ဦးညွန့်ဝင်းတို့လည်း ကောင်းတယ်။ သူထူးစံလည်း ကာရိုက်တာ ပေါ်လွင်တာပါပဲ။ ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေ ကတော့ ဦးကျော်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ အခန်းတွေရယ်၊ ကိုယ့် အဖေ ပင်လယ်ပြင်မှာ ဆုံးသွားလို့ ပေါက်ကွဲပြီးတော့ ပင်လယ်ပြင်ကြီးကို ဆီလောင်းပြီး မီးရှို့တဲ့ အခန်းတွေကို ကြိုက်ပါတယ်။

Voice : ဒီကားနဲ့သာ အကယ်ဒမီ ရခဲ့ရင် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် ဖြစ်လို့ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာနိုင်တယ်လေ။ ဒီအတွက်ရော ကိုလူမင်းရဲ့ စိတ်ကို ဘယ်လိုပြင်ဆင်ထားလဲ။

LM : ဒီကားမှာ အကယ်ဒမီဆုရခဲ့ရင် ကိုယ်နဲ့ တကယ်ထိုက်တန်မှုရှိ မရှိဆိုတာ ကြည့်လိုက်ပေါ့။ ကိုယ်က အစကတည်းက ကိုယ့်စိတ်လေးကို နှစ်ပိုင်း ပိုင်းထားတယ်။ ဒီဥက္ကဋ္ဌ လုပ်တာက တစ်ပိုင်း သတ်သတ်၊ သရုပ်ဆောင်အလုပ်က တစ်ပိုင်း သတ်သတ်ထားထားတယ်။ နဂိုကတည်းကလည်း ကိုယ်က သရုပ်ဆောင် လုပ်လာတာလေ။ ဒီဥက္ကဋ္ဌ လုပ်လိုက်တဲ့အတွက် အဲဒီအရိပ် အာဝါသကြီးက ကိုယ့်ရဲ့ သရုပ်ဆောင် အလုပ်ကိုတော့ အလွှမ်းမိုး မခံဘူး။ ကိုယ့် အနုပညာအလုပ်ကို ဒီဥက္ကဋ္ဌ အရိပ်က လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း လွှမ်းမိုးမခံဘူး။ ဥက္ကဋ္ဌမို့လို့ အကယ်ဒမီ ရတာပါလို့ ပြောလာခဲ့သူတွေ ရှိရင်လည်း ဇာတ်ကားကို ကြည့်လိုက်ပေါ့။ ကိုယ့်သရုပ်ဆောင်မှုက ဒီဆုနဲ့ မထိုက်တန်ဘူး ဆိုရင် ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ကိုယ့်ကို တိုက်ခိုက်ချင်ရုံ သက်သက်နဲ့ ပြောတာမျိုး ဆိုရင်တော့ ဂရုမစိုက်ပါဘူး။

Voice : အကယ်ဒမီပွဲ အတွက် ကိုလူမင်းတို့ ဇနီးမောင်နှံရဲ့ ဝတ်စားဆင်ယင်မှု ပိုင်းကို ဘယ်လို စီစဉ်ထားလဲ ဆိုတာ ပြောပါဦး။

LM : အကယ်ဒမီပွဲ အတွက် အဝတ်အစား ကတော့ ကိုယ်မဝတ်ဖူးတဲ့ အရောင်ဖြစ်တဲ့ မရမ်းစေ့ရောင်လေး ဝတ်မယ်လို့ ရွေးထားတယ်။ ပိုးထည်ကတော့ မန္တလေး ဒေါ်စောရှင်၊ ဖိနပ်က ဆင်ကိုးကောင်၊ အဝတ်အစား ဒီဇိုင်းကတော့ Vivid ဖက်ရှင်က ချုပ်ပေးလိမ့်မယ်။

The Voice Weekly

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲနဲ့ အကယ်ဒမီဗန်းကိုင် ရှစ်ဦးရဲ့ ရင်ခုန်စကားသံများ


၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်လျှောက် ထားသူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်နေ့တို့က အပြီးသတ်ယှဉ်ပြိုင် စေပြီး ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။ယခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင်ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင်ရွေးချယ်ခဲ့သလို အကဲ ဖြတ်အမှတ်ပေးစနစ်များဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှစ်ဦးကို အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာတင်ခဲ့သည့် ၉ဝကျော်ထဲကမှ ပြန်လည်စိစစ်ရွေးထုတ်၍ ပဏာမ ၅၈ဦး၊ ထို့နောက် ဆန်ခါတင် ၁၅ဦးထဲကမှ ရွေးထုတ် ပေးခဲ့ခြင်းဖြစ် သည်။ယခုနှစ်အကယ်ဒမီဗန်းကိုင် ၈ဦးမှာတော့ မေမြင့်မိုဟ်၊ ဆောင်း ဝတ်ရည်မေ၊ လမင်းအိန္ဒြ (ခ) ရွှေ ယမင်းအေး၊ အင်ကြင်းထူး၊ ရှင်ဝေ နိုင်ဦး၊ ခိုင်သဇင်သင်း(ခ)ပန်း ရောင်၊ နှင်းဆီဝိုင်(ခ)ခိုင်စံဝေကျော်၊
မေစူးနိုင်တို့ဖြစ်သည်။အကယ်ဒမီပွဲကြီးနီးလာသည်နဲ့ အမျှ အကယ်ဒမီစင်မြင့်ပေါ်မှာ အကယ်ဒမီ ဗန်းကိုင်ကြမယ့် လှပျိုဖြူတို့ကလည်း ရင်ခုန်နေကြပြီဖြစ်သည်။

ဒါကြောင့်လည်း အကယ်ဒမီ ပွဲမှာ အကယ်ဒမီဗန်းကိုင်ပြီး အကယ်ဒမီစင်မြင့်ပေါ်မှာ လျှောက်လှမ်းကြမည့် အကယ်ဒမီဗန်းကိုင်ရှစ်ဦး၏ ရင်ခုန်စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဆောင်းဝတ်ရည်မေ (အသက်-၁၈နှစ်)

" အကယ်ဒမီဗန်းကိုင်ကို ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ အကယ်ဒမီဗန်းကိုင်ဆိုတာကလည်း အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီးအတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့အထဲမှာပါမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို တအားပီတိဖြစ် မိနေပါတယ်။ "

ခိုင်သဇင်သင်း(ခ) ပန်းရောင် (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်က တည်းက ဝါသနာပါပါတယ်။ အဲဒါ ကြောင့်လည်း အခုပထမဦးဆုံးခြေလှမ်းအနေနဲ့ အကယ်ဒမီကို ဝင်ပြီးတော့ လျှောက်ဖြစ်ခဲ့တာပါ။

ဒီအကယ်ဒမီဆုဆိုတာ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲကမှ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်တဲ့ဆုတစ်ခုပါ။ ဒါကြောင့်မို့လို့ ခုလို ထူးချွန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ပွဲမှာ အကယ်ဒမီဗန်းကိုင် တစ် ယောက်ဖြစ်ခွင့်ရတဲ့အတွက် တအားကို ဂုဏ်ယူမိတယ်။ "

မေစူးနိုင်း(အသက်-၁၉နှစ်)

အကယ်ဒမီဗန်းကိုင်လျှောက် ဖြစ်ခဲ့တာက အနုပညာနဲ့ ပတ်သက် ရင် ပထမဦးဆုံးခြေလှမ်းပါ။ ပြိုင်ပွဲ တစ်လျှောက်မှာလည်း စိတ်လှုပ်ရှားနေခဲ့တာပါ။

ဒီလိုအခမ်းအနားကြီးမျိုးမှာ အကယ်ဒမီ ဆုအတွက် ဗန်းကိုင်ခွင့်ရမှာဆိုတော့ အရမ်းကို ဂုဏ်ယူနေမိပါတယ်။ အခု အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာနဲ့
အတူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ အနုပညာနယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သက်ရင် အစွမ်းကုန်ကြိုး စားသွားချင်တယ်။

လမင်းအိနြေ္ဒ (အသက်- ၁၉ နှစ်)

ဒီဟာက လမင်းအတွက် တတိယအကြိမ်မြောက် အကယ်ဒမီ ဗန်းကိုင်လျှောက်ဖြစ်ခဲ့ခြင်းပါ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှ အရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်။ ဒီလိုဆုဆိုတာဟာလည်း တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တွေကိုပေးတာမို့ တအားကို လည်း နတ်ကြီးတဲ့ဆုကြီးလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလိုဆုပေပွဲ မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တအားကိုပျော်ရွှင်ပြီး ဂုဏ်ယူမိ နေပါတယ်။

အင်ကြင်းထူး (အသက်-၁၉နှစ်)

မနှစ်ကတည်းက အကယ်ဒမီဗန်းကိုင်အတွက် ယှဉ်ပြိုင် ဖို့ လုပ်ခဲ့ သေးပေမယ့် မပြိုင်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှပဲ ပြန်လည် ယှဉ်ပြိုင်ခဲ့တာ။ ခမ်းနားတဲ့ ဆုပေးပွဲကြီးမှာ ကိုယ်က ဗန်းကိုင်ဖြစ်ခွင့်ရတာဆိုတော့ ကိုယ်ဟန်အလှ ပြရုံတင် မဟုတ်ဘဲနဲ့ ကိုယ်လုပ် ဆောင်ရမယ့် တာဝန်ကို အမှား အယွင်းမရှိဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် အခမ်း အနားကို
နှောင့်နှေးမှုမရှိဘဲ အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရတယ်ဆို တော့ အနုပညာလမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် ထားတော့ ဒီကနေပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြိုးစားနေဦးမှာ။ အနုပညာ လျှောက်လမ်းထဲမှာပေါ့။

နှင်းဆီဝိုင်(အသက်- ၁၉ နှစ်)

အကယ်ဒမီဗန်းကိုင်ကို လျှောက်ခဲ့ တာ အခုဆိုရင် သုံးနှစ်ရှိ သွားပါပြီ။ ဘာရည်ရွယ်ချက်နဲ့ လျှောက်ဖြစ်ခဲ့ ရတာလဲဆိုရင် အနုပညာလမ်း ကြောင်း ကို လျှောက်လှမ်းချင်တဲ့ရည်ရွယ်ချက်ပါ။ အခု ဗန်းကိုင်ထဲမှာ ပါဝင်ခွင့်ရတာဟာ လည်း ကံတရားပါပဲ။ အကုန်လုံးက အကောင်း ဆုံးယှဉ်ပြိုင်ခဲ့ကြတဲ့အထဲမှာ ကိုယ်ရခဲ့ တယ် ဆိုတာက ကံတရားနဲ့လည်းဆိုင်ပါမယ်။ အကယ် ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို ဂုဏ်ယူ မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီဆုပေးပွဲကို တစ်တိုင်း

ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံးက ကြည့်ကြတာလေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဟာလည်း ပေါ့ပြက်ပြက်စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်ကိုပေးအပ်လာမယ့် တာဝန်ကို အကောင်းဆုံးကျေပွန် အောင်ဆောင်ရွက်ရပါမယ်။

မေမြင့်မိုရ် (အသက်(၁၈)နှစ်)

အရင် အကယ်ဒမီဗန်းကိုင်တုန်းကလည်းလျှောက်ဖြစ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ The Sign of Love Season-3 ကိုကလောမှာ ရိုက်နေရတဲ့အချိန်ဖြစ်နေ တယ်။ အဲဒီတုန်းက

ပထမအကြိမ်ခေါ်တော့ ကလောကနေ လာဖြစ်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျတော့ အဆင်မပြေလို့ ပြန်မလာဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီနှစ်မှာ ပြန်လျှောက်ပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အကယ်ဒမီဆုကြီးကို ပေးအပ်ရမယ့် အကယ်ဒမီရွှေစင်ရုပ်တု ရဲ့ ဗန်းကိုင်ဖြစ်မယ်ဆိုတော့ တအားကို ပျော်ရွှင်မိတယ်။ MRTV- 4 မှာ လွှင့်နေတဲ့ "ပန်းနုသွေး" နဲ့ ပရိသတ်အားပေးမှု အနည်းငယ်ရှိနေပေမယ့် အကယ်ဒမီဗန်းကိုင်ကို ဘာလို့ ဝင်ပြိုင်ဖြစ်သလဲဆိုရင် အကယ်ဒမီဗန်းကိုင်က ငယ်စဉ်ကတည်းက အိပ်မက်မို့လို့ ဝင်ပြိုင်ခဲ့တာပါ။

ရှင်ဝေနိုင်ဦး (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတော့ အနုပညာ နဲ့ဆိုင်တဲ့ ကျောင်းတွင်းလှုပ်ရှားမှု အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးခဲ့ပေမယ့် အကယ်ဒမီ ဗန်းကိုင်ကိုတော့ အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အရွေးချယ် ခံခဲ့ရတာပါ။ အနုပညာလောကရဲ့ အကြီးကျယ်ဆုံး ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရမယ့်အတွက် တအားကို ဂုဏ်ယူနေ မိပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရလာ တဲ့အတွက် အနုပညာလျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါတယ်။ အနုပညာက ညီမအတွက် ဘဝအစိတ်အပိုင်း တစ်ခုလိုပါပဲ။ နောက်ပိုင်းမှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

ထက်လူုလူ

 Popular Academy

အကယ်ဒမီပွဲကြီးကို ဆီးဂိမ်းပွဲကြီးလိုခမ်းနားစေချင်သူ စင်ကာပူနိုင်ငံသား မစ္စတာ ဘရိုင်ယန်နှင့် တွေ့ဆုံခြင်း


၂ဝ၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်အနေနဲ့ ဆောင်ရွက်သွားမယ့် ဗန်းကိုင် အလှမယ် ၈ ဦးကို အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အတူ စင်ကာပူ နိုင်ငံသား မစ္စတာ ဘရိုင်ယန်က အနီးကပ်လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ မစ္စတာ ဘရိုင်ယန်က စင်ကာပူနိုင်ငံမှာ Creative Director တစ်ဦး
အနေနဲ့အသက်မွေးလုပ် ကိုင် နေတာဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတာကတော့ ၁၇ နှစ်နီးပါးအထိ ရှိနေပြီလို့ သိရပါတယ်။

ဒါကြောင့် မစ္စတာ ဘရိုင်ယန်ကို မြန်မာ့ရုပ်ရှင်
အကယ်ဒမီထူးချွန်ဆု အခမ်း အနားနဲ့ပတ်သက်ပြီး မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး- ဘာလို့ အကယ်ဒမီဗန်းကိုင်တွေကို အခုလိုလာရောက် သင်ကြားပေးဖြစ်နေတာလဲဆိုတာကို သိချင်ပါတယ်။

► ကျွန်တော့်ကို မမို့ (မို့မို့မြင့် အောင်)က အကူအညီတောင်း လာတဲ့အတွက် ကျွန်တော် လာပြီးတော့ သင်ကြားပေးဖြစ် နေတာပါ။ အဓိကကတော့ မမို့ကပြောတယ်။ အရင် အကယ်ဒမီတွေတုန်းကလို သစ်သားတုံးကြီးတွေလို တောင့် တောင့်ပုံကြီးတွေ မဖြစ်စေချင် တော့ဘူးတဲ့။

အဲဒါကြောင့် သူတို့တွေရဲ့ လမ်းလျှောက် ဟန်အနေအထားတွေကို
ပို ယုံကြည်မှုရှိပြီး စမတ်ကျစေဖို့ အတွက်ကို အဓိကသင်ပြပေး သွားပါမယ်။သူတို့ရဲ့ ပြုံးဟန် တွေကအစပေါ့။

မေး- မြန်မာပြည်မှာ နေလာ တာ ၁၇ နှစ်နီးပါးရှိနေပြီ ဆိုတော့ အကယ်ဒမီ ဆုပေးပွဲ အကြောင်း ကို ဘယ်လောက် အထိ သိပါသလဲ။ အကယ်ဒမီပေးပွဲကို ကြည့်ဖူးလား။

► မြန်မာနိုင်ငံမှာ နေတာ ကြာပြီဆိုတော့ ဒီမှာ အကယ် ဒမီဆုပေးပွဲကြီး တစ်နှစ် တစ်ခါ လုပ်တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒီနှစ် မှာတော့ အကယ်ဒမီဗန်းကိုင် လေးတွေကို မမို့ကနေပြီး ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ ကျွန်တော်လာပြီးတော့ ကူညီ ပေးဖြစ်တာပေါ့။ အကယ်ဒမီ ပေးပွဲတွေကိုတော့ ကျွန်တော် ကြည့်ဖူးပါတယ်။ ခမ်းခမ်းနား နားပွဲကြီးတွေပါပဲ။

မေး-အကယ်ဒမီပေးပွဲကို ကြည့်ဖူးထားတာဆိုတော့ ဒီ အကယ်ဒမီပေး ပွဲပုံစံကို ဘယ်လို မြင်ပါသလဲ။ ဒီနှစ်အတွက် အကယ်ဒမီကို ဘယ်လို အကြံပြု ပေးချင်တာရှိပါမလဲ။

► ကျွန်တော်မြင်တာကို ပြော ရမယ်ဆိုရင် ဒီပွဲကြီးက တအား ကို ခမ်းနားလှတဲ့ပွဲ တစ်ခုပါ။ ပြီးတော့ ဒီနိုင်ငံက နာမည်ကျော် သရုပ်ဆောင်တွေနဲ့ အတတ် ပညာ ရှင်တွေ အများကြီးကို တက် ရောက်ဂုဏ်ပြုတာကို တွေ့ရ တယ်။ ကျွန်တော် နိုင်ငံခြား သားတစ်ယောက်အနေနဲ့ ပြော ရရင်တော့ ထင်သာမြင်သာ အရှိဆုံးကတော့ နာမည်ကျော် အနုပညာရှင်တွေ ထိုင်ရတဲ့ထိုင် ခုံတွေပဲ။ထိုင်ခုံတွေက ပလတ်စတစ် ခုံတွေ ဖြစ်နေတယ်။အဲဒါတွေ က မဖြစ်သင့်ဘူးလို့ ထင်တယ်။ပြင်သင့်တယ်။ကျွန်တော် ဆီးဂိမ်း ဖွင့်ပွဲကြီးကိုလည်း ကြည့်ဖြစ်ခဲ့ တယ်။တအားကို ခမ်းနားထည် ဝါလွန်းတယ်။အဲဒီလိုပါပဲ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲကြီးကိုလည်းအဲဒီလိုမျိုးဖြစ်စေချင်ပါတယ်။

မေး- အခု အကယ်ဒမီဗန်း ကိုင်တွေကို လေ့ကျင့်ပေးနေတာ ဆိုတော့ အကယ်ဒမီပေးပွဲ အခမ်းအနားကို တက်ဖြစ် ဖို့ရှိမလား။

► အကယ်လို့ ကျွန်တော့်ကို အကယ်ဒမီပေးပွဲတက်ဖို့ ဖိတ် ခံခဲ့ရမယ်ဆိုရင်တော့ ကျွန် တော် တက်ဖူးချင်ပါတယ်။ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ လောလောဆယ် အလုပ်ကတော့ ဗန်းကိုင်၈ဦးကို သင်ကြားပေးဖို့ပါပဲ။အရင်နှစ် တွေကနဲ့မတူတဲ့ ပုံစံတွေကိုအကောင်း ဆုံး ကြိုးစားပေးသွားပါမယ်။ အကယ်ဒမီပေးပွဲကိုတော့ ဖိတ်ကြားခံရမယ်ဆိုရင်
ကျွန်တော်တက်မှာပါ။

ထက်လူလူ၊ စကားပြန်-ကိုကျော်ချစ်
 
 Popular Academy

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ ►အကယ်ဒမီစိုးမြတ်သူဇာ

"ဘယ်ဇာတ် ကားမဆို။ အကယ်ဒမီဆိုတာ တွေး လို့မှမရတာ။ သူရချိန်တန်ရင် ရမှာ ပဲ။ ကုသိုလ်ကံပေါ်မှာလည်း မူတည် တယ်။ အခြေ အနေ အကြောင်း အရာတွေပေါ်မှာလည်း မူတည်တယ်။ အပြောင်း အလဲတွေပေါ်မှာလည်း မူတည် တယ်။ အကြောင်းအရာတွေအားလုံး တိုက်ဆိုင်မှရမယ့် အကယ်ဒမီကို ကျွန်မတန်ဖိုးထားတယ်။ ဘာကြောင့် ပဲပေးပေး တစ်နှစ်ထဲမှာ နှစ်ဆုပဲပေးပေး၊ တစ်ယောက်တည်းကို ၃ ဆုပဲ ပေးပေး လိုချင်တာချည်းပဲ။ လိုချင်တဲ့တာဝန်က ကိုယ့် ကိစ္စ လေ။
ပေးတာတော့ကိုယ့်ကိစ္စမဟုတ်ဘူး။ဘာမှလုပ်လို့မရဘူး။ရတော့လည်းယူမယ်၊မရတော့လည်း ထိုင်ငိုနေ လို့ ဘယ်သူကလာပေးမှာလဲ" လို့ အကယ်ဒမီရင်ခုန်သံကို ပြောကြားလာသူကတော့ စိုးမြတ်သူဇာပဲဖြစ်ပါတယ်။

အကယ်ဒမီ စိုးမြတ်သူဇာအနေနဲ့ ၁၉၉၄ ခုနှစ်အတွက် 'နော်ရင်မွှေး' ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၈ ခုနှစ်အတွက် 'ရွှေနံ့သာစံအိမ်' ရုပ်ရှင်ဇာတ်ကား တို့နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု တို့ကို ရရှိထားသူဖြစ်ပါတယ်။

ယခုနှစ်တွင်ကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ဆန်ခါတင်စာရင်းဝင် 'ဥ' ၊ 'လက်ပံ' ၊ 'အမုန်းမီးတောက်' ရုပ်ရှင် ဇာတ်ကားတို့ဖြင့် အကယ်ဒမီ တစ်ကြိုပြေးနေသူဖြစ်သလို အမျိုးသမီး ဇာတ်ဆောင်ဆု ထပ်မံရရှိပါက ဆယ်စုနှစ် တစ်စုကျော်အတွင်း ထပ်မံရရှိတဲ့ သူ့ရဲ့တတိယမြောက်အကယ်ဒမီဆုအဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


Popular Academy

 

အကယ်ဒမီပွဲအကြိုစကားသံများ



အကယ်ဒမီပွဲကြီးနီးလာတာနဲ့အမျှအကယ်ဒမီရင်ခုန်သံများကို အပတ်စဉ်တင်ဆက် ပေးလျှက် ရှိရာ ယခုအပတ်မှာလည်း အနုပညာရှင်တွေရဲ့ အကယ်ဒမီအကြိုစကားသံများကို ထပ်မံစုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်။

သင်ဇာဝင့်ကျော်

" ဒီနှစ်အကယ်ဒမီဝတ်စုံကို ကောင်းမြတ်ဆီက ဝတ်မယ်။မိတ် ကပ်က မေဦးလိမ်းပေးမယ်။ လက် ဝတ်ရတနာက စိန်နန်းတော်။ အရင်နှစ်ကဆိုရင် လူတွေနဲ့ တိုး ဝှေ့ပြီးအထဲဝင်ရတယ်။ ဓာတ်ပုံ ရိုက်ရင်လည်းနေက direct light ဖြစ်နေတော့ တချို့ပုံတွေ မလှ ဘူး။ လျှောက်လှမ်းတွေ၊ ဓာတ်ပုံရိုက်တာတွေ သေသေချာချာလုပ်ပေး
သင့်တယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တအားတိုးဝှေ့ပြီးမှ ဝင်ခဲ့ရတော့ ပစ္စည်းတွေ ပျောက်ကြတယ်"

မို့မို့မြင့်အောင်

" အပြောင်းအလဲတွေလုပ်ဖို့ စီစဉ်နေကြတယ်။ အခုတော့ ကိုယ်တွေက အစမ်းသပ်ခံအဆင့်ပဲရှိသေးတော့ မမို့တို့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေပါတယ်။

ဗန်းကိုင် တွေ လမ်းလျှောက်တာက အစ အကုန်ပြောင်းပစ်လိုက်တော့ မယ်။ ဒီနှစ်ကိုလည်း အပြောင်း အလဲလေးတွေဖြစ်အောင် လက်ဆင့်ကမ်း ပြီးလှုပ်ရှားနေကြတယ်။

နောင်နှစ်ကျ ဒီရုပ်ရှင်အစည်းအရုံးကနေ ပြောင်းလဲလုပ်ကိုင်မယ် ဆိုတော့ အခုကတည်းက အကုန်ပိုကောင်းအောင်လုပ်ရမှာပေါ့"

ရန်အောင်

" ဒီနှစ်အကယ်ဒမီပေးပွဲမှာ ကိုယ်တို့ ရုပ်ရှင်အစည်းအရုံး ဘက်က အများကြီး လုပ်ခွင့်ရတဲ့အတွက်ဝမ်းသာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ အကယ်ဒမီ ဆုရွေးတာတွေကအစ ဗန်းကိုင် ရွေးတာတွေအဆုံး ရုပ်ရှင်လောက သားတွေ၊ နားလည်တဲ့ စာနယ် ဇင်းသမားတွေရော ပါဝင်ပံ့ပိုးပေးကြတဲ့အတွက် ကျေနပ် စရာ ကောင်းပါတယ်။

အကယ်ဒမီပေးပွဲကတော့ အခုအစ်ကိုတို့ အွန်လိုင်းပေါ်မှာ ဖတ်ရသလောက် ဒီရုပ်ရှင်အစည်းအရုံးကနေ လည်းပါဝင်ပြီးကျင်းပမယ်၊ တင်ဒါရတဲ့သူတွေကလည်း ခမ်းခမ်းနား နားလုပ်မယ်လို့ သိရတဲ့အတွက် တအားကို အားရှိပါတယ်။ ကျေလည်းကျေနပ်ပါတယ်"

အိန္ဒြာကျော်ဇင်

" ဝတ်စုံကတော့ အူဝဲအစ်မ (အိကျော်ဇင်)ပဲ စီစဉ်တာပါ။ သူပဲအားလုံးစီစဉ်ပေးတယ်။ အူဝဲတို့ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက တော့ ကြီးကျယ်မှကောင်းမှာလေ။ သေသေချာချာ၊ ကောင်းကောင်း မွန်မွန်၊ ခမ်းခမ်းနားနားလေးတော့ ဖြစ်စေချင်တာပေါ့။ အန်ကယ်လေး (လူမင်း)တို့ကတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့
ထင်ပါတယ်"

ကျော်ကျော်ဗို

" အကယ်ဒမီပွဲကတော့ ဖိတ်စာ ရရင်တက်လိုက်တာပါပဲ။ ထွေထွေထူးထူးသိပ်မရှိပါဘူး။ နှစ်တိုင်းလည်း ဘာမှသိပ်မပြင်ဆင်ဖြစ်ပါဘူး။ အကယ်ဒမီအပေါ်မှာ ပရိသတ် တွေရော၊ အနုပညာရှင်တွေရော ပိုပြီးတော့ ရင်ခုန်ပြီး တကယ့်ကိုသိုက်သိုက်ဝန်းဝန်းဖြစ်ဖို့တော့ ကြိုးစားရဦးမယ်။

အကုန်လုံးက အဲဒီအပေါ်မှာ မက်မက်မောမောနဲ့ မရှိကြတော့တဲ့ စိတ်မျိုးတွေဖြစ်နေကြတယ်။ အဲဒါလေးကို အကုန် နွေးနွေးထွေးထွေးဖြစ်အောင် ပြန်လုပ်ကြရဦးမယ်"


 Popular Academy

ဘယ်အရာအတွက်မှ စိတ်ရှုပ်မခံဘူး ပျော်အောင်ပဲနေတယ်လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

အသက်ငယ်ငယ်နဲ့ ပရိသတ်အားပေးမှုကို ရရှိနေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံခိုက် ပြောဖြစ်သမျှတွေကတော့  ‘အခုရိုက်နေတဲ့ကားလေးက စပွန်ဆာကိုကိုနှင့် အော်စကာကိုကိုတဲ့။ မင်းသားက အန်ကယ်လေး၊ ဒါရိုက်တာက ကိုပြည်ဟိန်းသီဟပါ။ ဒီကားလေးက ဟာသကားလေးပါပဲ။ ဒီကားမှာရွှေမှုန်က စံပယ်ပန်းရောင်းတဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားတယ်။ ချမ်းသာချင်တော့ သူဌေးသမီးဟန်ဆောင်ပြီး အန်ကယ်လေးကို ကပ်တဲ့ပုံစံလေးပါ။  အန်ကယ်လေးကလဲ ဆင်းရဲတယ်။ သူကလဲ ရွှေမှုန်ကို သူဌေးသမီးထင်ပြီး လိုက်ကပ်တာပေါ့။ ဆံပင်လေးလဲ ပြောင်းထားတယ်။ ဆံပင်ကတော့ ကောင်မလေးက လူငယ်လဲဆန်တယ်။ ချမ်းလဲချမ်းသာချင်တဲ့အတွက် နဲနဲလေး ထူးခြားအောင်လုပ်ထားတာပါ။’လို့ သူမက ပြောပါတယ်။

အနုပညာလောကထဲမှာ ကိုယ့်ကြိုးစားမှုနဲ့ကို နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ သူမဟာ အမြဲတမ်း သရုပ်ဆောင်ပညာကို ပိုမိုတိုးတက်စေဖို့ အမြဲကြိုးစားနေတတ်ပေမယ့် မျက်နှာထားတင်းတင်းနေတတ် တာကြောင့် မာနကြီးတယ်လို့ ထင်မှတ်ခံနေရသူပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမက ‘ရွှေမှုန်က စိတ်ရှုပ်မခံဘူး။ မဖြစ်ဖြစ်အောင်ကြိုးစားပြီး လုပ်မယ်ဆိုတဲ့စိတ် ရှိတယ်။ ရွှေမှုန်က မျက်နှာထား ထန်တာမျိုးတော့မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ပျော်အောင်နေတယ်။ ရိုက်ကွင်းမှာ မျက်နှာအရွှင်ဆုံးနဲ့ အပျော်ဆုံးက ရွှေမှုန်ပါပဲ’တဲ့။

ကာရိုက်တာထက် အလှအပဦးစားပေးတဲ့အထဲမှာ ရွှေမှုန်ပါလားလို့မေးကြည့်ပြန်တော့ ‘ရွှေမှုန်က ကာရိုက်တာ ၀င်အောင်ကြိုးစားတယ်။ ကာရိုက်တာက ငါးရောင်းရမှာလား။ ကြက်သားရောင်းရမှာလား။ ကြည့်တယ။် မိတ်ကပ်မလိုရင် မိတ်ကပ်မလိမ်းဘူး။ လှသင့်ရင်လှတယ်။ မလှသင့်ရင် မလှဘူး။ သူများတွေတော့မသိဘူး။ ဒါပေမဲ့ ရွှေမှုန်ကအတတ်နိုင်ဆုံး ကာရိုက်တာဝင်အောင် ကြိုးစားပါတယ်လို့ပြောပြပါတယ်’လို့ သူမက ဖွင့်ဟသွားပါတယ်။


ခင်ဆွေသက်

Trend Myanmar

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ

"ဒီကားလေးက ဖွေးဖွေးရဲ့ ပထမဦးဆုံးဇာတ်ကားလေးဖြစ် တယ်။ ပြီးတော့ ဒီဇာတ်ကားကြီးရိုက်တုန်းက ဖွေးဖွေးက အသစ် တစ်ယောက် အနေနဲ့လည်း ရိုက်ကူးထားတာပါ။ လက်ပံဇာတ် ကားလေးက လွန်ခဲ့တဲ့ ၄နှစ်က ရိုက်ကူးခဲ့တာဆို တော့ အခုနဲ့ဆို ရင်နည်းနည်းကြာသွား ပြီ။ ဖွေးအနေနဲ့လည်း ဒီကားလေးကို တော်တော်ကြိုးစားခဲ့ရတယ်။ ကိုဝိုင်းနဲ့ ဝါရင့်သရုပ်ဆောင်တွေက လည်း ဖွေးကိုသင်ပေးကြတယ်။ ဒီကားလေး ကို ဖွေးကျေနပ်အား ရပါတယ်။ ကားရိုက်တုန်းကလည်း အမှတ်တရတွေ အများကြီး ရှိပါတယ်။ ဖွေးက အကယ်ဒမီပေးပွဲ ကို ၂ခါပဲ တက်ဖူးသေးတာ။ အရင်နှစ်ကဆိုရင် ဖွေးရဲ့ ရုပ်ရှင် ကားကြီးလည်း မရှိဘူး။ ဒီနှစ်အကယ် ဒမီပေးပွဲမှာ ဖွေးရဲ့ပထမဦးဆုံးရုပ်ရှင်ဇာတ် ကားကြီးလည်းပါတယ်။ ပြီးတော့ နောက်ဆုံး စာရင်းထဲမှာလည်းပါတယ်ဆိုတော့ အရင်နှစ်တွေ ထက်စာရင် ကွဲပြားမှုတော့ရှိသွားတာပေါ့" လို့ အကယ်ဒမီရင်ခုန်သံ ကို ပြောကြားလာသူကတော့ ဖွေးဖွေးပဲဖြစ်ပါတယ်။

ဖွေးဖွေးအနေနဲ့ အခုနှစ်မှာကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ဆန်ခါတင် စာရင်းဝင် 'လက်ပံ' ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီတစ်ကြိုပြေးနေသူဖြစ်ပြီး အခုနှစ်မှာ အကယ်ဒမီ ဆွတ်ခူးနိုင်ပါက သူ့ရဲ့ ပထမဆုံးအကယ်ဒမီဆုဖြစ်သလို မြန်မာ့ရုပ်ရှင်သမိုင်းတွင်လည်း အကယ်ဒမီ ဖွေးဖွေး အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


ဖွေးဖွေး

Popular Academy

 

ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာလုပ်ဆောင်မည့် ယခုနှစ် အကယ်ဒမီဆုပေးပွဲအကြောင်း နာယကဖြစ်သူပန်းချီစိုးမိုးပြော


အကယ်ဒမီဆုပေးပွဲနီးလာ တာနဲ့အမျှ ပရိသတ်တွေက ရင် ခုန်မျှော်လင့်နေကြပြီဖြစ်ပါ တယ်။ အထူးသဖြင့်အနုပညာ ရှင်များအတွက်တော့ဘယ်သူ ဘယ်ဝါ အကယ်ဒမီဆုရကြ မယ်ဆိုတာကို ကြိုတင်ရင်ခုန် ကြမှာ အမှန်ပါပဲ။

အခုနှစ် အကယ်ဒမီဆုပေး ပွဲအတွက် ရုပ်ရှင်အစည်းအရုံး ကလည်း စီစဉ်ဆောင်ရွက်မှုမှာ ပါဝင်နေတာဖြစ်လို့အကယ်ဒမီ ဆုပေးပွဲစီစဉ်ပုံနဲ့ပတ်သက်ပြီးရုပ် ရှင်အစည်းအရုံးနာယ ကတစ်ဦး ဖြစ်သူဒါရိုက်တာအကယ်ဒမီပန်းချီစိုးမိုးကိုမေးကြည့်တော့ " ဒီနှစ်ရုပ်ရှင်လုပ်ငန်းလုပ် ပေမယ့် ရုပ်ရှင်အစည်းအရုံးက ရှိတဲ့ နဃအဖွဲ့နဲ့
နာယက အဖွဲ့က လိုအပ်တာကို ပံ့ပိုးဖို့နဲ့ နောင် တစ်ချိန်လုပ်ဖို့ လွယ်ကူအောင်သူတို့ကဒီဘက်ကိုဦးစီးပြီးပြန်လွှဲတာပါ။ရုပ်ရှင်အစည်းအရုံးက ပါတာမှန်တယ်။

ဒါပေမဲ့ တကယ်တမ်းဆုံးဖြတ်ချက်ချ၊ လုပ်ငန်းလုပ်တာတွေကို ရုပ်ရှင် လုပ်ငန်းက အားလုံးဆုံးဖြတ် ချက်ချတယ်။ နောက်နှစ်မှာ ရုပ် ရှင်အစည်းအရုံးက ဦးစီးလုပ် မယ်ဆိုတာကတောင်းထားတာ ပဲရှိတယ်။ လုပ်မယ်၊ မလုပ်ဘူး ဆို တာမပြောသေးဘူး။ဒီလိုပွဲ လမ်းသဘင်ကတော့ ဂုဏ် သိက္ခာအရ နိုင်ငံတော်ကပါတာ တော့ အကောင်းဆုံးပါပဲ။နိုင်ငံတော်က ဦးစီးပြီးအပြင် ကလုပ်။ အနုပညာရှင်တွေကတော့အတွင်းက အနုပညာနဲ့ပတ်သက်တာတွေကိုလုပ်။ အဲဒါ ကောင်းတယ်။ ဒီနှစ်တော့ ဘယ်
သူရမယ်၊ မရဘူးဆိုတာကတော့ စောင့်ကြည်ရမှာပဲ" လို့ ပြောပြ ခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံး က လုပ်ဆောင်မယ့်နှစ်မှာ ထူး ခြားတဲ့ အစီအစဉ်တွေ လုပ် ဆောင်ဖို့အတွက် ထည့်သွင်း စဉ်းစားတာမျိုးကော ရှိလား လို့မေးကြည့်တော့ " နိုင်ငံ တကာရုပ်ရှင် ပွဲ တော်လိုပဲ တခြားနိုင်ငံကို ဖိတ်တာမျိုး ဒီနှစ်တော့ မလုပ်နိုင်သေးဘူး။ လာမယ့်နှစ်ကိုတော့
လုပ်နိုင် အောင် ကြိုးစားရမယ်။ ပွဲကို ပိုပြီးစည်ကားအောင်ပေါ့။

လုပ် သင့်တယ်လေ။ အာဆီယံ လောက်ပဲ ဖိတ်ပေါ့။ ဒီလိုလုပ် ဆောင်တဲ့အခါမှာခရီးသွား လုပ်ငန်းနဲ့
ဟိုတယ်က လည်းပံ့ ပိုးရမယ်။ ယဉ်ကျေးမှုဝန်ကြီး ဌာနကလည်း ပံ့ပိုးရမယ်။ ကား ကုမ္ပဏီတွေကလည်းပံ့ပိုးရ မယ်။ ပြန်ကြားရေးဝန်ကြီးဌာန က အစိုးရနဲ့ နီးစပ်တဲ့အတွက် သူလည်း ပံ့ပိုးပေးရမယ်။ အဘက်ဘက်က ပံ့ပိုးမှုကောင်း မှ အဆင်ပြေမယ်။ အနုပညာနဲ့ ပတ်သက်ရင်လည်း အနုပညာ ရှင်၊ အတတ်ပညာရှင်တွေက လည်း ပါဝင်ရမယ်" လို့
ပန်းချီ စိုးမိုးက ပြောပြခဲ့ပါတယ်။

အခု နှစ်ပေးအပ်ချီးမြှင့်မယ့် အကယ် ဒမီနဲ့ပတ်သက်ပြီးထင်မြင်ချက် ကို မေးကြည့်တော့ " ဒီမိုကရေစီ ခေတ်မှာ ဒီမိုကရေစီနဲ့အညီ
လွတ်လပ်စွာလုပ်ကြမှာပဲ။ ဒီလို လုပ်တဲ့အတွက်ပရိသတ်တွေ ကလည်း ပြောကြမှာပဲ။ အဲဒီ အထဲမှာ မမှန်ကန်ဘူးဆိုရင် တော့ လက်မခံဘူး။ တော်လို့ ထိုက်တန်လို့ရတယ်ဆိုရင်တော့ ဂုဏ်ပြုထိုက်တယ်။ မထိုက်တန်ပဲ ရရင်တော့ ပြဿနာရှိလာ ပြီ။ ပရိသတ်တွေရဲ့ကွာဟချက် ကတော့ ကိုယ်ကြိုက်တဲ့ မင်း သား၊ မင်းသမီးရရင် ကျေနပ် ကြတယ်။မရရင်မကြိုက်ကြဘူး။ ဒါက လောကတရားပဲ။ အကောင်း ဆုံးနဲ့ တရားမျှတဆုံးလုပ်ဆောင် ကြပါတယ်" လို့ ပြောပြခဲ့ပါတယ်။

ထူးထူး


Popular Academy
 

အကယ်ဒမီဗန်းကိုင် များနဲ့ အစီအစဉ်တင်ဆက်သူများကို မိတ်ကပ်၊ ဆံပင် အလှ ဖန်တီးပေးမယ့် မေဦးမောင်(တော်ဝင်သူ)

၂ဝ၁၂ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်းအနား မှာ အကယ်ဒမီဗန်းကိုင်ကြမယ့် လှပျိုဖြူရှစ်ယောက်နဲ့အစီအစဉ် တင်ဆက်သူ သုံးယောက်တို့ အတွက် မိတ်ကပ်၊ ဆံပင်ကို မေဦးမောင် (တော်ဝင်သူ) မှ ဖန်တီးပေးမှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲမှာ သုံးနှစ် ဆက်တိုက်ပါဝင်ကူညီပေးခဲ့ တာဖြစ်သလို ဒီနှစ်ရဲ့ ပြောင်းလဲ တင်ဆက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုကို" တအားလည်း ဝမ်းသာရပါတယ်။ သုံးနှစ်ဆက်တိုက်လိမ်းရတဲ့အတွက် ကျေ နပ်ပါတယ်။

ဒီနှစ်မှာ အဘက် ဘက်က ပံ့ပိုးကြတဲ့ပညာရှင် တွေလည်း ပါဝင်ကြတော့ ကိုယ်ကလည်း တစ်စိတ်တစ် ဒေသ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာရပါတယ်။ ဒီနှစ်ကကျ တော့ မူပြောင်းသွားပြီး ဆံထုံး တွေ ဆင်တူနဲ့ မဟုတ်တော့ဘူး။ ဣနြေ္ဒရရနဲ့ တအားလှတဲ့ ပွဲ တက်ဝတ်စုံတွေနဲ့ လိုက်ဖက် အောင် ပြင်ဆင်ပေးရမှာပါ။

မိတ်ကပ်၊ ဆံပင်တွေကအစ ပြောင်းလဲသွားမယ် ဆိုတော့
ထူးခြားမှုတွေ ကို တွေ့ရမှာပါ။ ပွဲကို ခမ်းခမ်းနားနားပြင်ဆင် မှုတွေနဲ့ လုပ်မှာပါ။ အဝတ် အစားတွေကလည်း ဆင်တူတွေ ပဲ မဟုတ်ဘူး။ တစ်ယောက် တစ်မျိုးလှအောင် ပြင်ပေးရမှာ ပါ။ ရှိုးတစ်ခု ပြလိုက်သလို လည်း ဖြစ်သွားတာပေါ့။ အခု လိုလိမ်းပေးခွင့်ရတာကလည်း ဆရာဖြစ်တဲ့ မကြီးစန်းက သူ မလိမ်းဘဲမေဦးမောင်ပဲ လုပ်ပါ လို့ ပေးတဲ့အတွက်ပါ။ မကြီး စန်းက လုပ်နိုင်ရဲ့သားနဲ့ရှောင် ပေးသွားပြီး ဦးစားပေးတဲ့ အတွက် မကြီးစန်းကို ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် လုပ်ငန်းနဲ့ အစည်းအရုံးကို လည်း ကျေးဇူးအများကြီးတင်ပါ တယ်။ ဒီလိုပူးပေါင်း ပါဝင်ခွင့်ရ တဲ့အတွက် တအားလည်း ဂုဏ်ယူမိပါတယ်" လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်

အကယ်ဒမီပေးပွဲအတွက် ရင်မခုန်ပါဘူးလို့ ပြောတဲ့ ကျော်ကျော်ဗို

သရုပ်ဆောင်လောကမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ ကျော်ကျော်ဗိုက မနက်ဖြန်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီးတော့ရော၊ လက်ရှိအနုပညာ လှုပ်ရှားမှုတွေကိုပါ သူက ‘အခု ဒါရိုက်တာ သည်ခေတ်နေ နဲ့ကားရိုက်နေပါတယ်။ ဒီကားလေးထဲမှာ အစ်ကိုက အဆိုတော်ပေါ့။ New Year ကတော့ ရန်ကုန်မှာပဲရှိမယ်။ အကယ်ဒမီပွဲအတွက်တော့ ရင်မခုန်ပါဘူး။ သွားအားပေးမှာ ဆိုတော့လေ။ တော်ပြီး တတ်တဲ့သူတွေနဲ့ အကောင်းဆုံးဆိုတဲ့ သရုပ်ဆောင်မှုတွေကို ပြသနိုင်တဲ့ သူတွေရကြမှာပါ။ နှစ်သစ်မှာ ပရိသတ်တွေအားလုံး စိတ်ချမ်းသာပြီးစီးပွားရေးတွေလဲ အဆင်ပြေနိုင်ကြပါစေ’တဲ့။

ခင်ဆွေသက်

Trend Myanmar

အကယ်ဒမီပွဲကို နှစ်တိုင်းအနက်ရောင်ဝတ်စုံနဲ့တက်ဖြစ်တဲ့ ခန့်စည်သူ

ခန့်စည်သူက ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး လတ်တလောမှာတော့ ဇာတ်ကားဆန်းလေးတွေကို ရိုက်ကူးဖြစ်နေ သလို၊ ဆက်တိုက်ထွက်လာမယ်လို့ ပြောပြပါတယ်။ ရိုက်ကူးချင်တဲ့ ဇာတ်လမ်းတွေကိုလည်း အကောင်း ဆုံးကြိုးစားနေပါတယ်လို့ ပြောပြတဲ့ ခန့်စည်သူက ဇာတ်ကားတွေက " ကိုယ်လုပ်ချင်တဲ့ ဇာတ်လမ်းလေး
တွေ၊ ဇာတ်ရုပ်လေးတွေလည်းရှိပါတယ်။ ကြိုးစားမှာပါ။

ရာနှုန်းပြည့်တော့ အားရကျေနပ်မှု မရှိသေးပါဘူး။ ၇ဝ ရာခိုင်နှုန်းလောက်ပဲ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတာ။ ဒါက ခေတ်စနစ်အရ ပရိုဂျူဆာကလည်း ပိုက်ဆံ အများကြီး မရင်းနိုင်တော့ဘူး။ သူရင်းသလောက် အကျိုးအမြတ်မရတော့ လျှော့လာတဲ့အခါ အဲဒီအပေါ် မှာပဲ
အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရတာလေ" လို့ ပြောပြပါတယ်။

ခန့်စည်သူကပွဲ တော်တော်များများကို အနက် ရောင်ဝတ်ပြီး တက်လေ့ရှိသလို၊ အကယ်ဒမီပေး ပွဲကိုလည်း နှစ်တိုင်း အနက်ရောင်ဝတ်စုံဝတ်ပြီး တက်လေ့ရှိပါတယ်။

ဒီနှစ်မှာလည်း အနက်ရောင် ဝတ်စုံနဲ့ပွဲတက်ဦးမယ့် ခန့်စည်သူက "အကယ်ဒမီ ပွဲကတော့ အနက်ရောင်ပဲ ဝတ်ဖြစ်မှာပါ။ အကယ် ဒမီကိုနှစ်တိုင်းလည်း အနက်ရောင်ဝတ်ပဲဝတ် ဖြစ်တယ်။ အနက်ပဲ ကြိုက်လို့ပါ။ တခြားအရောင် တွေလည်း မဝတ်ချင်ဘူး။ မကြိုက်တာလေ။
ဒီအနက်ရောင်ကိုပဲ စွဲစွဲမြဲမြဲဝတ်ဖြစ်တယ်။

တခြား အကြောင်းလည်း မရှိပါဘူး။ ဒီနှစ်အကယ်ဒမီက တော့တော်တဲ့ သူတိုင်းထူးချွန်တဲ့သူတိုင်းကိုရစေ ချင်ပါတယ်။ ခန့်မှန်း လိုက်လို့ လွဲသွားရင်မကောင်း ဘူးလေ" လို့ပြေ ပြခဲ့ပါတယ်။

မေမွန်မောင်


Popular Academy
 

အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ်ပဲပြောပြော ကိုယ်တိုင် ထုတ်ရိုက်ရတယ် နဝရတ်

အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ်ပဲပြောပြော ကိုယ်တိုင် ထုတ်ရိုက်ရတယ် နဝရတ်အကယ်ဒမီ ဆိုတာ နတ်ကြီး တယ်။ မြန်မာ အယူဆိုရင် ပေးရင် လည်းရတယ်။  မပေးရင်လည်း ရ တယ်။ အကယ်ဒမီ ဆိုတာ ကာရိုက် တာနဲ့ပဲ ပရိသတ်ရင်ကို ထိအောင် လုပ်ပေးရ မှာပေါ့။ ဟာသနဲ့ အကယ် ဒမီပေးတယ် ဆိုတာ မရှိဘူးလေ။ ဒရာမာနဲ့ပဲ အကယ်ဒမီ ကိုဖောက်ရ မှာလေ။ ပရိသတ် ရင်ထဲကို အနက် ရှိုင်းဆုံးနေရာထိ ဝင်သွားအောင် လုပ်နိုင်ရင် အကယ်ဒမီနဲ့ နီးစပ်ပြီ လေ။ အကယ်ဒမီလိုချင်ရင် ကိုယ် ရိုက်ချင်တဲ့ဇာတ်ကိုတည်ပြီးအကယ် ဒမီစည်းမျဉ်းနဲ့အညီရိုက်ရမှာ။ ဟာ သကားတွေက အရမ်းပေါက်နေတယ်။

အကယ်ဒမီ အတွက်ဒရာမာကားတွေ က ရှားသွားပြီ။ အနုပညာရှင်တိုင်း ထည့်စဉ်းစားရမယ့်အထဲမှာ အကယ် ဒမီပါတယ်။ ရုပ်ရှင်ကားကြီးရိုက်ပြီ ဆို ပိုက်ဆံလိုချင်တဲ့ကားလား။ အ ကယ်ဒမီလိုချင်တဲ့ကားလားဆိုတာ နှစ်ခုပဲတွက်ရမှာလေ။ အကယ်ဒမီ လိုချင်ပြီးပိုက်ဆံရမယ့်ကားမျိုးပဲနဝရတ် ရွေးတယ်။ အကယ်ဒမီလည်း ရရ မယ်။ ပိုက်ဆံလည်း ရရမယ်။ အ ရည်အသွေး လည်းကောင်းရမယ်။ ပရိသတ်လည်း လက်ခံရမယ်။ နဝရတ် ကတော့ အဲဒါကို ပဲရွေးတယ်။

ကျန်တဲ့ ပရိုဂျူဆာတွေ ကိုတော့ မသိ ဘူး။ အနုပညာရှင် အတွက် အကယ် ဒမီက ပန်းတိုင်ဆိုတာ ဟုတ်ပါတယ်။ နဝရတ်တို့လည်း ဒီပန်းတိုင်ကြောင့် ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ရိုက်တာလေ။ ကိုယ့်ရဲ့မှတ်တိုင်ပေါ့။ ပန်းတိုင်ဆိုတာ ထက်မှတ်တိုင်လို့ပြော လို့ရတယ်။ မင်းသားခေါင်းဆောင် ဖြစ်နေတဲ့ ခေတ်မှာကိုယ့်ကို ဘယ်သူမှ ခေါင်းဆောင် ထုတ်ရိုက်မှာ မဟုတ်ဘူး။ အဲဒီ အတွက် အကယ်ဒမီကို ပိုက်ဆံနဲ့ ဝယ်ယူတယ် ပဲပြောပြော ကိုယ်တိုင်ထုတ်ရိုက်ရတယ်။ ကိုယ်လုပ်ချင်တဲ့ ဟာကို ကိုယ်ကိုယ်တိုင် ကိုယ့်ပိုက် ဆံနဲ့တော့ လုပ်ခွင့် ရှိတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူး။

By 8 Days

အကယ်ဒမီဗန်းကိုင်များနဲ့ အစီအစဉ်တင်ဆက်သူများအတွက် ဝတ်စုံဒီဇိုင်းချုပ်လုပ်ပေးမယ့် ဒီဇိုင်နာ မျိုးမင်းစိုး


၂ဝ၁၂ ခုနှစ်အကယ်ဒမီ ထူးချွန် ဆုပေးပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်ကြမယ့် လှပျိုဖြူရှစ်ယောက်နဲ့ အစီအစဉ်တင်ဆက်သူ ခြောက်ယောက်တို့ အတွက် ဝတ်စုံများကို
ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးချုပ်လုပ် ပေးမှာဖြစ်ပါတယ်။ အကယ်ဒမီ ဗန်းကိုင်တွေအတွက်နဲ့အစီအစဉ် တင်ဆက်သူတွေအတွက်ကိုချုပ် ပေးချင်ခဲ့ တာဟာသူ့ရဲ့စိတ်ကူး အိပ်မက်ပါ ပဲလို့ပြောပြခဲ့တဲ့ဒီဇိုင်နာမျိုးမင်းစိုးက" အစ်ကိုဒီနှစ်မှာ ဗန်းကိုင် ရှစ်ယောက်ရယ်၊ Presenter ခြောက်ယောက်ရယ်။

Presenter က ယောက်ျားလေး သုံးယောက်၊ မိန်းကလေး သုံးယောက်ပါ။ ဗန်းကိုင် ရှစ် ယောက်အတွက်ဒီဇိုင်းနှစ်မျိုးလုပ်ထားတယ်။ လေးယောက်က ဒီဇိုင်းတစ်မျိုး နောက်လေးယောက်က ဒီဇိုင်းတစ်မျိုးပေါ့။
အရင်လိုအကုန်လုံးကိုဆင်တူ ချုပ်တာမျိုးမဟုတ်တော့ဘူး။ အရောင်ကတော့ ရောင်စုံ လုပ် ပေးထားပါတယ်။ပိုးထည်ကလည်း ရက်ကန်းပိုးထည်တွေ ပါပဲ။

အရင်ကတည်းကပေးမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရက်ထားတာပါ ပဲ။ ဒီဇိုင်းတွေကတော့ ပုရပိုက် ချိတ်တို့၊ ထိပ်ခေါင်ချိတ်တို့။ ဒီလိုပွဲမျိုးက မြန်မာဆန်ဆန် လေးပဲ လုပ်မယ်။

အခုဆိုလည်း မမို့တို့၊ အန်တီဂရေ့စ်တို့ စီစဉ် ညွှန်ကြားမှုနဲ့ ကိုယ်ထွင်ထားတဲ့ ဒီဇိုင်နာတွေနဲ့ပူးပေါင်းပြီး ချုပ် ပေးနေပါတယ်။ အကယ်ဒမီဗန်း ကိုင်ရှစ်ယောက်နဲ့ Presenter ခြောက်ယောက် အပြင် နိုင်ငံ ကျော်အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ မိုးယံ ဇွန်၊ ရဝေအောင်၊ စူးရှ၊ မျိုး သန္တာထွန်း၊ ဆုလှိုင်နှင်း၊ ဆောင်းအိေâန္ဒထွန်း၊
ပပဝင်းခင်၊ ဝိုင်းစုခိုင်သိန်း၊ ယုသန္တာတင်တို့ အတွက်လည်း အကယ်ဒမီပွဲ တက်ဝတ်စုံများကို တာဝန်ယူ ပြီး ချုပ်ပေးနေတယ်လို့ ထပ်မံ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်


Popular Academy

ဒီနှစ်ထူးချွန်ဆုရသူများအတွက် လက်ခုပ်တီးပေးမယ့် အကယ်ဒမီ ချစ်စနိုးဦး

၂ဝ၁၁ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ အကယ် ဒမီထူးချွန် ဆုကို ‘ရင်ကွဲနာ’ ဇာတ်ကားနဲ့ ရရှိ ခဲ့တဲ့ ချစ် စနိုးဦးက ဒီနှစ် အကယ်ဒမီအတွက် စိုးမြတ်သူ ဇာ၊ နဝရတ်၊ ဖွေးဖွေး၊ ချောရတနာတို့ထဲက ရနိုင်တယ်လို့ ခန့်မှန်းပြောပြပါတယ်။ ကိုယ် တိုင် အကယ်ဒမီဆုအတွက် ရင်ခုန်ခဲ့ရသလို အကယ်ဒမီဆိုတာ နတ်ကြီးတဲ့အတွက်လွဲသွား မှာစိုးကြောင်းနဲ့ အကယ်ဒမီအတွက်သူ ကြို တင်ပြင်ဆင်ခဲ့ရပုံတွေကိုလည်း ပြောပြပါ တယ်။ ဒီနှစ်အကယ်ဒမီဆုတစ်ကြိုရှင်တွေ အတွက်လည်း “မနှစ်တုန်းက ဒီလို အချိန်ဆို ရင် အကုန်လုံးက ဝိုင်းပြောနေကြတော့ တအားရင် ခုန်ခဲ့ရတယ်။ ရင်ခုန်လွန်းလို့ အိမ်မှာ တောင် မနေနိုင်ဘူး။ ဘုရားသွားရှိခိုး၊ အဓိဋ္ဌာန်ဝင် တာ တွေတောင် လုပ်လိုက်ရ တယ်။ ဒီနှစ်အကယ်ဒမီရမယ် ဆိုပြီး နာမည်ထွက်နေတဲ့သူတွေ အကုန် လုံးရစေချင်ပါတယ်။ အကယ်ဒမီ ဆိုတာက သရုပ်ဆောင်တိုင်း တအား လိုချင်တဲ့ဆုပါ။ နာမည်ထွက်ထား တယ်ဆိုရင်တော့ ရင်ခုန်ကြ၊ မျှော်လင့်ကြတယ် လွဲသွားခဲ့ရင် တော့ စိတ်မကောင်းဖြစ်ရတယ် လေ။ အဲဒီတော့ အစ်မတုန်းက မရခဲ့ရင် ဆိုတာ အတွက် လည်း ပြင်ဆင်ထားတယ်။ အကယ်ဒမီ ဆိုတာက နတ်ကြီးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ရဖို့ကံပါလာမှရကြတာလေ။ စီနီ ယာတွေလည်း အများကြီးရှိတယ်။ အခွင့် အရေးရော ၊ကံရောပါမှရတာလေ။ အကယ် ၍ ဒီနှစ် မရခဲ့ရင်လည်း နောက်နှစ်တွေမှာ အခွင့်အရေးတွေ ရှိပါသေးတယ်။ အစ်မ ကတော့ ဒီနှစ်ကိုယ့်ကား လည်း မပါတော့ ဆုရတဲ့ သူတွေကိုပဲ အားပေးမယ်။ သူတို့ အတွက် လက်ခုပ်တီးအားပေးပြီး ပျော် ပေးဖို့ တက်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Academy

ဆေးစွမ်းထက်သော သလည်းသီး

မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

သလည်းသီးဟာ သဘာဝအလျောက်ကို ဆေးဖက်ဝင်နေတဲ့ အသီး ဖြစ် ပါတယ်။ vitamins C,K, folate, thiamin, dietary fiber, antioxidants အစရှိတဲ့ ဆေးဖက်ဝင် အာဟာရဓာတ် များစွာ ပါဝင်ပြီ အဓိက တိုက် ဖျက်ပေးတဲ့ ရောဂါ ကတော့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ အမျိုးသား ဆီးလမ်းကြောင်းပိတ် အကြိတ်ကင်ဆာ တို့ကို တိုက်ဖျက် ပေးတာ ဖြစ်ပါတယ်။

ပြီးတော့ အယ်လ်ဇိုင်းမား တို့လို ဦးနှောက်တဲ့ သက်ဆိုင်တဲ့ ရောဂါများကိုလည်း မဖြစ်အောင် ကာကွယ် ပေးပါတယ်။ အရိုးအဆစ်ရောင်နာ ရောဂါ ရှိသူများအတွက်လည်း ဝေဒနာ သက်သာ စေပါတယ်။ ဒါကြောင့် သလည်းသီးဟာ မှီဝဲ စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်တယ် လို့ ဆေးပညာရှင် များက ထောက်ခံ ထားကြောင်း သိရပါတယ်။

Ref: medic-facts

International news for myanmar

ပြေတီဦးကိုအကယ်ဒမီ ဆုရစေချင်တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း

ယခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင် ဇာတ်ကားများအနက် ပရိသတ်ခန့်မှန်းမဲပေးမှုများဖြင့် အကယ်ဒမီဆုများ ဆွတ်ခူးရရှိရန် ရေပန်းစားကာ ထိပ်ဆုံးရပ်တည်နေသည့် ဒါရိုက်တာဝိုင်း ရိုက်ကူးထားပြီး ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဖွေးဖွေးနှင့် ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားသော "လက်ပံ" ရုပ်ရှင်ဇာတ် ကားကြီး ပါဝင်နေသည်။

ပရိသတ်များကလည်း အကယ်ဒမီ ဆု ဆွတ်ခူးရန် ထင်ကြေးပေးထားမှုတွင်
သူတို့၏အချစ်တော် နာ မည်ကျော် မင်းသား ပြေတီဦးကလည်း ထိပ်ဆုံးကပါဝင် နေသည့်အတွက် ပြေတီဦး၏ ပရိသတ်တစ်ဦးလည်းဖြစ် ဇနီး လည်းဖြစ်သူ အိန္ဒြာကျော်ဇင်ကို လက်ပံရုပ်ရှင်ဇာတ်ကား ကြီးနှင့် ပတ်သက်သည်များနှင့်အတူ ယခုနှစ်အကယ်ဒမီ အခမ်းအနားကြီး၏ ပြောင်းလဲမှုအပေါ်အမြင်များကို ပြေ တီဦးမွေးနေ့ဖြစ်သည့် နိုဝင်ဘာ ၃ဝရက်နေ့က Orchid Hotel ၌ တွေ့ဆုံစဉ် မေးမြန်းဖြစ်ခဲ့သည်။

မေး- အကယ်ဒမီဆုပေးပွဲကြီး နီးလာတဲ့အချိန်မှာ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ပြောင်းလဲစွာလုပ်ဆောင်ပေးမှုတွေ နဲ့အတူ မြန်မာ့ရုပ်ရှင်လုပ်ငန်းကပြုလုပ်မယ့် နောက်ဆုံးအကယ် ဒမီဆုပေးပွဲအခမ်းအနားကြီးက အရင်နှစ်တွေနဲ့မတူတဲ့ပြောင်း လဲမှုတွေကို ဘယ်လိုမြင်တွေ့ ရလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ- ဘာတွေထူးခြားပြောင်းလဲမှု တွေရှိမလဲဆိုတာကိုတော့ အခု အချိန်မှာ ဘာလုပ်မယ်ဆိုတာကို မမြင် နိုင်သေးတော့ မသိနိုင်သေး ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေမသိရ၊ မမြင်ရသေးတာ ဆိုတော့ ပွဲလုပ်တော့မှပဲ သိရပြီးပြောပြလို့ရနိုင်ပါ မယ်။ ပြောင်းတော့ ပြောင်းလဲမယ် လို့မျှော်လင့်ထားပါတယ်။ မြင်နေကျပုံစံတိုင်း မဟုတ်တဲ့ အရင်နှစ်တွေနဲ့ မတူတဲ့ အစီအစဉ်ပုံစံတွေနဲ့ ပြောင်း တော့ ပြောင်းလဲလာလိမ့်မယ်လို့ ထင်ပါတယ်။

မေး- အရင်နှစ်တွေတုန်းကလည်း အကယ်ဒမီပွဲတက် အတွေ့ အကြုံတွေ များပြားစွာရှိခဲ့ပြီးဖြစ်တဲ့အတွက် ဒီနှစ်အကယ်ဒမီ အတွက်ဆိုရင် ဘာကိုများ
အကြံပြုပြောကြားချင်တာရှိပါမလဲ။

ဖြေ- အဓိကကတော့ ဒီမြန်မာ့ရုပ်ရှင်ဆုအခမ်းအနားကို ကြီးကြီး ကျယ်ကျယ်ခမ်းခမ်းနားနားနဲ့ ဖြစ်စေချင်တယ်။ နောက်ပြီးတော့ အရင့် အရင်နှစ်တွေက မြင်နေတွေ့နေကျ ပုံစံတွေလိုမျိုးမဟုတ် ဘဲနဲ့ အကယ်ဒမီပွဲဆိုတာကို အရင်နှစ်တွေက ထက်ပိုမိုလှပစေချင် တယ်။ ကိုယ်ကတော့ ကိုယ့်ရုပ်ရှင်ရဲ့ အထိမ်းအမှတ် ပွဲကြီးဖြစ်နေ တော့
အကယ်ဒမီပွဲကြီးကို လှလှပပနဲ့ ဂုဏ်ရှိတဲ့ပွဲကြီးတစ်ပွဲဖြစ် စေချင်တယ်။

မေး- ဒီနှစ်အကယ်ဒမီအတွက်ကိုကော ဘယ်သူတွေ ရလိမ့်မယ်လို့ ကြားထားတာရှိပါသလဲ။

ဖြေ-ဒီနှစ်မင်းသားထဲမှာဆိုရင် ကိုလူမင်းတို့ကိုလည်းကြားပါ တယ်။ နောက်ပြီးတော့ ဦးညွန့်ဝင်းတို့၊ ဦးကျော်ဟိန်းတို့ကိုလည်း ကြားပါ တယ်။ မင်းသမီးထဲမှာတော့ နဝရတ်၊
ဖွေးဖွေး၊ မကြီးစိုး (စိုးမြတ်သူဇာ)၊ချောရတနာတို့ကိုလည်းရကြလိမ့်မယ်လို့ ကြားပါတယ်။

မေး- လက်ပံရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုပြေတီဦးရလိမ့်မယ်လို့ ကော မကြားဘူးလား။

ဖြေ- ကိုပြေတီဦးကိုတော့ တချို့ပြော တော့ ပြောတယ်။ ဒါပေမဲ့ ကိုယ်က တော့ သူ့ကိုလည်း ပြောထားတယ်။ မမျှော်မှန်းနဲ့ လို့။ တော်ကြာ မျှော်မှန်း ထားပြီးတော့မှလေ မရခဲ့ရင် ပိုပြီးတော့ ခံစားရတယ်။ အဲဒီတော့ ပေါ့ပေါ့ပါးပါးလေး ပဲနေတာ ပိုကောင်းတယ်လို့။ ဘာပဲ ဖြစ်ဖြစ် လေရခဲ့ရင်တော့ အတိုင်း ထက်အလွန်ပေါ့။

မေး- လက်ပံဇာတ်ကား ကြီးကို အစ်မ ကိုယ်တိုင် လည်း ကြည့်ဖြစ်ခဲ့ဖူး တော့ ကိုပြေတီဦးရဲ့ အနုပညာသရုပ် ဆောင် မှုတွေက တကယ်ကိုပဲ အကယ်ဒမီဆုနဲ့ နီးစပ်မှု တွေရှိနေ ပါသလားဆိုတာ ကို ပရိသတ်တစ်ဦး အနေ နဲ့ ဘယ်လိုပြောချင်ပါ သလဲ။

ဖြေ- အဲဒါက တစ်ခုတော့ ရှိတာပေါ့နော်။ အကယ်ဒမီရဲ့ စည်းမျဉ်း စည်းကမ်းသူတို့ရဲ့ အမှတ်ပေးပုံစံနဲ့ သတ်မှတ်ချက်တွေကိုတော့ အစ်မတို့ မသိဘူးပေါ့နော်။ အဲဒါကြောင့်ပြော ဖို့တော့ခက်တယ်။ဒါပေမဲ့ အစ်မ ပရိသတ်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရစေချင်တယ်။ ရသင့် တယ်လို့လည်း ထင်ပါတယ်။

မေး- ပရိသတ်တစ်ဦးအနေနဲ့ ကိုပြေတီဦးပါဝင် သရုပ်ဆောင်ထားတဲ့ လက်ပံဇာတ်ကားကြီးရဲ့ ကောင်း မွန်မှုတွေကို ဘယ်လိုမျိုးမြင်မိပါသလဲ။

ဖြေ- အဓိကကတော့ ကိုဝိုင်းက တခြားကားတွေနဲ့ မတူအောင် တင်ပြပုံကို ထူးထူးခြား ခြားလေးတင်ဆက်ထားတာကို တွေ့ ရတယ်။နောက်ပြီးတော့ ဇာတ်ကလည်း ဆန်းတယ်။ နောက်ခံတီးလုံးတွေက လည်း အတော်လေးကို ကောင်းမွန် တယ်။ နောက်ပြီးတော့ သူ့မှာ ဘာ ပါသလဲဆိုရင် စိတ်လှုပ်ရှားစေမှုတွေ ပါတာပေါ့။ ပရိသတ်ကို
ဆွဲခေါ်သွား မှုတွေပေါ့။ အဲဒါကတော့ ဒါရိုက် တာရဲ့ ပညာတွေပဲ။ အဲဒီအထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ဖွေးဖွေးဆိုရင်လည်း တအားကောင်း တယ်။

မကြီးစိုးဆိုရင်လည်း တအား ကောင်းတယ်။ နောက် ကိုပြေတီဦးဆိုလည်း ကောင်း တယ်။ သူ့နေရာနဲ့ သူပေါ့နော်။ နောက်ပြီးတော့ ဒါရိုက်တာ ရဲ့တင်ပြပုံတွေကလည်းကောင်းပါတယ်။

ထက်လူလူ

Popular Academy

အစ်မဖြစ်သူအတွက် အကယ်ဒမီ ရင်ခုန်ပေးနေတဲ့ သန္တာဗို

သန္တာဗိုက အခုလတ်တလော မှာတော့ သီချင်း ခွေအတွက် အချိန် ပေး စီစဉ်ဖြစ်နေပြီး သရုပ် ဆောင်ရော၊ အဆိုဘက်ကိုပါ မျှတပြီး ကြိုးစား လုပ် ဆောင်သွားမှာပါလို့ ဆိုပါတယ်။

“သီချင်းတွေကို နယ်မှာသွား ပြီးဆို ဖြစ်နေတယ်။ အဆိုဘက်ကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတာတော့မဟုတ်ပါဘူး။ အနု ပညာနဲ့ပတ်သက်ပြီး ကိုယ့်ကိုကမ်းလှမ်း လာတဲ့အပေါ်မှာ အားလုံးကိုမျှတပြီး လုပ်ဖြစ်နေပါတယ်။ ကိုယ့်ရဲ့အခွေလေး ထွက်တော့လည်း ပရိသတ်တွေရဲ့ အား ပေးသံတွေရော၊ ဝေဖန်သံတွေရော ကြား ရပါတယ်။ အဲဒီအတွက် လည်း ဝမ်းသာ ပါတယ်။ ဗီစီဒီကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။ အနု ပညာအလုပ်ဆိုတာကတော့ သူ့ဟာနဲ့ သူ အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမဲ့ကိုယ့်ဘက်က အကောင်း ဆုံး ဖြစ်အောင် ကြိုးစားဖို့ပဲလိုပါတယ်။ ဒီသီချင်းခွေလေးကလည်း ညီမဆယ် တန်းပြီးကတည်းက ထွက်ဖို့စိတ်ကူး ရှိခဲ့တယ်။ ငယ်ငယ်ကတည်းက ရည်မှန်းချက်နဲ့ အခုလို အခွေ လေးထုတ်နိုင်တဲ့အတွက် ရည် မှန်းချက်နဲ့ တစ်ထပ်တည်းကျ တယ် လို့ ပြောလို့ရပါတယ်။ ကိုယ် တိုင်ဖန်တီးထားတဲ့ အနုပညာမှတ် တိုင်တစ်ခုလို့လည်း ပြောလို့ရပါ တယ်” လို့ဆိုပါတယ်။ အစ်မဖြစ်သူ ချောရတနာက အခုနှစ်အကယ်ဒမီ အတွက် အသံကြားနေရတဲ့ အပေါ် မှာလည်း အတိုင်းမသိ ဝမ်းသာရပါ တယ်လို့ဆိုတဲ့သန္တာဗိုက

“ဒီနှစ်အကယ်ဒမီမှာ ညီမရဲ့ အစ်မဖြစ်သူ က အကယ်ဒမီ စာရင်းဝင် ဆန် ခါတင်ထဲမှာပါတဲ့အတွက် တအား လည်းဝမ်းသာ ပါတယ်။တအား လည်းသူ့ကိုဆုရစေ ချင်ပါ တယ်။ သူက လက်ရှိမှာလည်းကိုယ် ဝန်ရှိနေတဲ့အ ချိန်လည်းဖြစ် နေတော့ ဆုသာရခဲ့ရင် အစ်မအတွက်ဆုနှစ်ဆုရ သလိုဖြစ်ပြီးနှစ်ဆုစာ ဝမ်းသာပေးရမှာပါ”လို့ပြော ပါတယ်။

လွင်လွင်ထွန်း
Popular Journal

ဖားကမြွေကို မျိုသည့် ထူးဆန်းသည့် ဖြစ်ရပ်

ကျောက်တန်း ဒီဇင်ဘာ ၂၇

သဘာဝဖြစ်စဉ် အလေ့အထ၏ သဘောအရ မြွေက ဖားကိုသာမျိုသည့် ဖြစ်စဉ်များသာ ရှိခဲ့သော်လည်း ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက် မဟာသုခလမ်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲက ဖားကမြွေကို မျိုသည့် ထူးဆန်းသည့်ဖြစ်ရပ် တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မဟာသုခလမ်းတွင် မြွေဟောက်တစ်ကောင် အရှည်တစ်ပေခွဲခန့်သည် လမ်းပေါ်သို့ တက်ရောက် လာသည်ကို လမ်းသူ၊ လမ်းသားများက မြင်၍ ဘေးလွတ်ရာသို့မောင်းထုတ်ရာ မြွေဟောက်မှ ပါးပျဉ်းထောင်ပြီး အနီးရှီ မြေတွင်းထဲသို့ ဝင်သွားရာ တွင်းထဲရှိ ဖားနှင့်တွေ့ကာ ဖားကမြွေကိုမျိုသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ ထိုထူးဆန်းသည့် ဖြစ်ရပ်ကို မြို့တွင်းရှိ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

MOI Webportal Myanmar

အဆိုတော် ကောင်းမြတ်၏ဖခင်ကား လူငယ်တစ်ဦး ဓားပြလုယက်မောင်းပြေး

အေးလှိုင်၊ ရန်ကုန်၊ ဒီဇင်ဘာ-၂၆

ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေ အဆိုတော်ကောင်းမြတ်၏ ဖခင်ကားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ခွဲက လူငယ်တစ်ဦးကဓားပြ ခြိမ်းခြောက်ကာ လုယက် မောင်းပြေးခဲ့ရာ ရန်ကင်းစင်တာအနောက်ဘက် လမ်း၌ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ပုလဲကွန်ဒိုနေအဆိုတော် ကောင်းမြတ်၏ ဖခင်ဦးမြင့်သိန်းသည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ၌ အပြင်သို့သွားရန် ၎င်းပိုင် နစ်ဆန်း အနက်ရောင် စီးဒရစ် အမျိုးအစားယာဉ်အမှတ် ၄ဃ-၄၁၅၅ ဖြင့် ပုလဲကွန်ဒိုမှ ကမ္ဘာအေးစေတီလမ်းပေါ်သို့ မောင်းထွက်လာစဉ် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်နေ ဇော်ဆက်လွင် (၂၃) နှစ်က ကားအနီးရောက်လာပြီး လက်ထဲအသင့်ကိုင်ဆောင်လာသည့် ဓားဖြင့်ခြိမ်းခြောက်ကာ ဦးမြင့်သိန်း မောင်းနှင်လာသည့်ကားအား လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

ကားမောင်းထွက်ပြေးသွားသူ ဇော်ဆက်လွင်အား ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သတင်းအရလိုက်ပြီးဖမ်းဆီးခဲ့ရာ ရန်ကင်းမြို့နယ် ရန်ကင်းစင်တာအနောက်ဘက်ရှိ အမှတ် (၂) စည်ပင်လမ်းရှိ
မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းရုံးချုပ်ရှေ့၌ ပြန်လည်ဖမ်းဆီးထိန်း သိမ်းနိုင်ခဲ့သည်။

" ကားမောင်းလာတဲ့သူက ဆေးကြောင်ကြောင်နေတဲ့ပုံပဲ။ ကားကို ဒီလမ်းကြားထဲအထိ ရောက်အောင်ဘယ်လိုမောင်းလာတာလဲ တော့မသိဘူး။ သူမောင်းလာတဲ့ကားက အဆိုတော်ကောင်းမြတ်ရဲ့ အဖေကားလို့ ပြောတယ်။ အဲဒီအဆိုတော်လည်း ဒီအထိလိုက်လာတာ တွေ့တယ် " ဟုအဆိုပါလမ်းအတွင်းရှိ စားသောက်ဆိုင်မှ လူငယ်တစ်ဦးက ပြောဆိုသည်။

ကားမောင်းထွက်ပြေးသူ ဇော်ဆက်လွင်အား အဆိုတော်ကောင်းမြတ်၏ဖခင် ဦးမြင့်သိန်းက အရေးယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် ဗဟန်း မြို့နယ်ရဲစခန်းမှ (ပ) ၄၈၂ ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်ထားပြီး အမှုစစ်ဒုရဲအုပ် ထွန်းမွှေးက စစ်ဆေးမေးမြန်းလျက်ရှိသည်။

" လုယက်တဲ့ယာဉ်မောင်းက ရန်ကင်းစင်တာနောက်ကျောဘက်မှာ ယာဉ်တိုက်မှုကျူးလွန်ခဲ့သေးတယ်။ အခု အဲဒီလူကို ဖမ်းပြီးစစ်ဆေးနေ တုန်းပဲရှိပါသေးတယ် " ဟု အမှုစစ် ဒုရဲအုပ်ထွန်းမွှေးက စံတော်ချိန်သို့
ပြောဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဂိုဏ်းတစ်ခု ဖမ်းမိ

ဒီဇင်ဘာ ၂၅ ရက် နံနက် ၄ နာရီခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၌ အခြေစိုက်ထားသည့် ဘိန်းချက်စခန်းကြီးတစ်ခုကို နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၀င်ရောက်စီးနင်းခဲ့ပြီး တရုတ်လူမျိုးများ ပါဝင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဘိန်းချက်စခန်းကိုပိုင်တဲ့ ခေါင်းဆောင်ကလည်း တရုတ်လူမျိုးလို့ သိရပါတယ်။ စခန်းကကြီးပြီး လျှိုတွေထဲမှာ ဆောက်ထားတော့ သေနတ်သံကြားတဲ့အချိန်မှာ တရားခံတချို့ ထွက်ပြေးသွားပါတယ်။ အဲဒီထွက်ပြေးသွားသူတွေထဲမှာ ခေါင်းဆောင်ဆိုသူလည်း ပါနိုင်ပါတယ်”ဟု ဘိန်းချက်စခန်း ၀င်ရောက်စီးနင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လားရှိုးမူးယစ်တပ်ဖွဲ့စု ၂၄ မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းတစ်ခုကို မိုးမလင်းမီအချိန် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်ဗျူဟာမှ ဗိုလ်ကြီးရန်မျိုးကျော်၊ ခလရ ၂၄ မှ ဗိုလ်မှူးနေ၀င်းမောင်နှင့် လားရှိုးမူးယစ်တပ်ဖွဲ့မှ (၂၄၁) မှ ရဲအရာရှိများ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းမှ AK47 မောင်း ပြန်ရိုင်ဖယ်တစ်လက်နှင့် သေနတ်နှစ်လက်အပြင် ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် တရုတ်လူမျိုး အမျိုးသားနှစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အရေအတွက် အတိအကျ မသိရသော ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘိန်းချက်စခန်းပိုင်ရှင်မှာ တရုတ်လူမျိုး ဟော်လောက်ဖန်ဆိုသူဖြစ်ပြီး ၎င်းကိုဖမ်းဆီးနိုင်ရန်အတွက် ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

“စီမံချက်ကာလ ပြီးဆုံးသွားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လျှို့ဝှက်စုံစမ်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေပါတယ်။ ဒေသတွင်းမှာ မူးယစ်ဆေးဝါးပပျောက်ရေးကို အတတ်နိုင်ဆုံးကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသော မူးယစ်တရားခံသုံးဦးကို လားရှိုးမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ထွက်ပြေးလွတ်မြောက်နေသော ဘိန်းချက်စခန်းပိုင်ရှင် ဟော်လောက်ဖန်ဆိုသူကိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆ (ခ)/၁၉(က)/၂၀(က)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဗဟိုမှ ရွှေလီစစ်ဆင်ရေးအမည်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်ကို ပြီးခဲ့သည့်လက ပြုလုပ်ခဲ့ရာ မူးယစ်မှု ၁၈၂ မှုနှင့် ပြစ်မှုကျူးလွန်သူ ၂၄၃ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

7Day News Journal

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့/ဖေ့စ်ဘွတ်ခ်

လမ်းဖြတ်ကူးသူ အမည်မသိအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

၂၆.၁၂.၂၀၁၃ရက်နေ့ ၂၀၃၀အချိန် သာကေတမြို့နယ်၊ ရှုခင်းသာလမ်း အတိုင်း ယာဉ်မောင်း ၀င်းနိုင် (ဘ)ဦးကျော်ငြိမ်း၊ မင်္ဂလာဒုံမြို့နယ်နေသူ
မောင်းနှင်လာသောယာဉ်အမှတ်/----၊အာရာဖတ်အနက်ရောင်ယာဉ်သည်
ဆောက်လုပ်ရေးမှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အသက်(၄၀)နှစ်ခန့်ရှိ မြန်မာအမျိုးသားတစ်ဦး (အမည်၊ နေရပ်လိပ်စာ-စုံစမ်းဆဲ)အား တိုက်မိရာ ယာဉ်တိုက်ခံရသူတွင် ၀ဲဂျိုစောင်းပွန်း၊ နဖူး ဖူးယောင်၊ ၀ဲမျက်ခုံးပေါက်ပြဲ၊ ၀ဲဒူးပွန်းဒဏ်ရာများရရှိကာ
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သဖြင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းနိုင်အား သာကေတနယ်မြေရဲစခန်း
ယာဉ်(ပ)၃၉/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီး
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန်ခဲ့သည့် အမျိုးသမီးအား အမျိုးသားက ဓားဖြင့်ထိုး

စင်ကာပူ ဒီဇင်ဘာ ၂၆

စင်ကာပူ နိုင်ငံတွင် ပါဗီသရာ ဂူနာရှီခါရမ် အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီး တစ်ဦးသည် အမျိုးသား တစ်ဦး၏ လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန် ခဲ့မှုကြောင့် နောက်တစ်ရက်တွင် ဓားဖြင့်ထိုး၍ တိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ပါဗီသရာသည် Nangyang Polytechnic သူနာပြု တက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်ပြီး အမျိုးသား တစ်ဦးထံမှ လက်ထပ်ခွင့် တောင်းဆိုခြင်းကို သူမက ငြင်းဆန်ခဲ့ကြောင်း၊ ထို့နောက် ၎င်းအမျိုးသားသည် သူမကျောင်းသို့ သွားသည့်လမ်းတွင် သူမအား စောင့်နေ ခဲ့ပြီးနောက် ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခု အခါတွင် ပါဗီသရာသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သူမ၏ မိသားစုဝင် များက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အမျိုးသားမှာ ဆေးရုံ တစ်ရုံမှ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာကို အာဏာပိုင် များက စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ


ကင်ဆာရောဂါသည် ကလေးများအတွက် စိုင်းစိုင်းခမ်းလှိုင် ဖျော်ဖြေ

မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်များအတွက် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် တေးသံရှင် ငါးဦးတို့က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန် ကလေးဆေးရုံကြီး တိုးချဲ့ဆောင်သစ်၌ ကျင်းပသော ကင်ဆာ ကလေးသူငယ်များ ပျော်ပွဲရွှင်ပွဲတွင် အတူတကွ ပူးပေါင်း ဖျော်ဖြေခဲ့ကြောင်း အဆိုပါပွဲ စီစဉ်သူ ဒေါက်တာတင့်မျိုးနှင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပျော်ပွဲ ရွှင်ပွဲတွင် ကင်ဆာ ဝေဒနာရှင် ကလေးငယ် ၂၇၀ ဦး တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီများနှင့် အလှူရှင် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း၊ ကလေးငယ်များ အတွက် တေးဂီတ ဖျော်ဖြေပွဲအပြင် မျက်လှည့်ပွဲလည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

တက်ရောက်ခဲ့သော ကလေးသူငယ် ၂၀၀ ကျော်တွင် အလုံးအကျိတ်ကင်ဆာ၊ သွေးကင်ဆာ၊ ဦးနှောက် အမှေးရောင်နှင့် သွေးရောဂါ ဖြစ်ပွားသူများ ပါဝင်ကြောင်း ဒေါက်တာတင့်မျိုးနှင်းက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်များအနက် အသက်သုံးနှစ်မှ ၁၀ နှစ်အတွင်း ကလေးသူငယ်များသည် ကင်ဆာရောဂါ အများဆုံးဖြစ်ပြီး ဆယ်ကျော်သက် အရွယ်တွင် ကင်ဆာဖြစ်ပွားသူ နည်းပါးကြောင်း၊ ရန်ကုန် ကလေးဆေးရုံကြီးသို့ လာရောက် ကုသသူများတွင် ၁၂ နှစ်အရွယ် ကလေးသူငယ် အများဆုံး ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ