အာကာသထဲ ခရီးထွက်ရန် အသင့်ဖြစ်နေသည့် ရီဟန်နာ

ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ရီဟန်နာ အနေဖြင့် အာကာသထဲ ခရီးထွက်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ Virgin Galacticသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ကျော်လွန်ကာ အာကာသထဲသို့ သွားရောက်နိုင်မည့် အလည်အပတ် ခရီးစဉ် စီမံကိန်းဖြစ်ပြီး လိုက်ပါသူ တစ်ဦးအတွက် ဒေါ်လာ (၂၅၀၀၀၀) တန်ဖိုးသတ်မှတ်ထားသည်။ ရီဟန်နာသည် ယင်းအစီအစဉ်တွင် (၃)ဦးစာ လက်မှတ် ဝယ်ယူပြီး ဒေါ်လာ (၇၅၀၀၀၀) အကုန်အကျ ခံထားသည်။

ရီဟန်နာနှင့် နီးစပ်သူ တစ်ဦးက "သူက ဒီပျံသန်းမှု ခရီးစဉ်မှာ လိုက်ပါသွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးသားပါ။ ရီဟန်နာက ကလေးဘဝ ကတည်းက အာကာသနဲ့ ပတ်သက်သမျှ သိချင်စိတ်ပြင်းပြပြီး မက်မက်မောမော ရှိတတ်ပါတယ်။ ဒီခရီးစဉ်က သူ့အတွက် အိပ်မက်တစ်ခု လက်တွေ့ ဖြစ်လာတာလို့တောင် ယူဆနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ လာမည့်နှစ်တွင် ကမ္ဘာ့လေထုမှ ဖောက်ထွက်ရန် အလုံးစုံ ပြင်ဆင်ထားသည့် ခရီးစဉ်အတွက် ရီဟန်နာသည် ကိုယ်တိုင်အပြင် မောင်ငယ် ရော်ရီနှင့် သက်တော်စောင့် တစ်ဦးတို့အတွက်ပါ လက်မှတ်အပိုဆောင်း ဝယ်ထားခြင်း ဖြစ်သည်။ Virgin Galactic၏ ပထမဆုံး အာကာသ ခရီးစဉ်တွင် ရီဟန်နာအပြင် အခြားနာမည်ကျော်များအဖြစ် အက်ရှ်တန်ကက်ချာ၊ မီလာကူးနစ်၊ ဂျက်စတင်ဘီဘာနှင့် လီယိုနာဒို ဒီကာပရီယိုတို့လည်း လိုက်ပါကြမည်ဟု သိရှိရသည်။

Planet Myanmar Network

ဂျာမနီတွင် ကလေးမွေးစာရင်းမှစ၍ လိင်အမျိုးအစား ဖော်ပြရန်မလိုတော့

မိဘများအနေဖြင့် ကလေးမွေးဖွားကြောင်း စာရွက်စာတမ်းတွင် လိင်ဖော်ပြချက်ကို ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်အဖြစ် ချန်ထားခဲ့နိုင်မည်ဖြစ်
ဂျာမနီနိုင်ငံတွင် သောကြာနေ့မှ စတင်ကာ မွေဖွားလာမည့် ကလေးများ၏ ကျား၊ မ လိင်အမျိုးအစား ဖော်ပြမှုကို သက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ဖြည့်စွက်စရာ မလိုတော့ကြောင်း သိရသည်။ ဂျာမနီသည် မွေးဖွားသည့် ကလေးများအတွက် လိင်ဖော်ပြချက် ကင်းလွတ်ခွင့်ပြုလိုက်သည့် ပထမဆုံး ဥရောပနိုင်ငံလည်း ဖြစ်လာသည်။ မိဘများအနေဖြင့် ကလေးမွေးဖွားကြောင်း စာရွက်စာတမ်းတွင် လိင်ဖော်ပြချက်ကို ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်အဖြစ် ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ ဂျာမနီ၏ ဆောင်ရွက်မှုမှာ အများပြည်သူနှင့် သက်ဆိုင်သော တရားဝင်မှတ်ပုံတင် စာရင်းသွင်းရသည့် လုပ်ငန်းစဉ်များတွင် အမျိုးအစား သတ်မှတ်ဖော်ပြထားခြင်း မရှိသော လိင်ဖော်ပြချက်ကို စတင်ကျင့်သုံးလိုက်ခြင်းဖြစ်သည်။

"ဒီ အပြောင်းအလဲက ဥပဒေပြဌာန်းမှုအနေနဲ့ လူသားတွေမှာ အမျိုးသား၊ အမျိုးသမီး ဒါမှမဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ပထမဆုံးအကြိမ် အသိအမှတ်ပြုလိက်တာပါပဲ၊ ထုံးစံအတိုင်းဖြစ်နေတဲ့ တရားဝင်သတ်မှတ်ချက်တွေနဲ့ အံ့ဝင်ခွင်ကျမဖြစ်သူတွေအတွက် အဆင်ပြေစေပါတယ်"ဟု ဘာမင်တက္ကသိုလ် ဥပဒေဘာသာရပ် ပါမောက္ခ ကွန်စတန်ဇီ ပီလက်က AFP သို့ သုံးသပ်ပြောကြားသည်။ အသစ်ကျင့်သုံးမည့် စည်းမျဉ်းကြောင့် ကလေးမွေးဖွားသည့် မိဘများအနေဖြင့် ရင်သွေး၏ လိင်ဖော်ပြချက်ကို အလျင်အမြန် ဆုံးဖြတ်ထည့်သွင်းစရာ မလိုတော့ကြောင်း သိရသည်။ ထို့ကြောင့် ကလေးငယ် အရွယ်ရောက်လာသည့်အချိန်တွင် ခွဲစိတ်ကုသကာ လိင်ပြောင်းလဲမည်ဆိုပါကလည်း အစိုးရနှင့် ပတ်သက်သည့် စာရင်းဇယားများတွင် အထူးတလည် အပြောင်းအလဲ ပြုလုပ်စရာ မလိုတော့ချေ။

ဂျာမနီနိုင်ငံ၏ နိုင်ငံကူးလက်မှတ်များတွင်လည်း အမျိုးသားလိင်ကို M၊ အမျိုးသမီးလိင်ကို F ဟု သတ်မှတ်ထည့်သွင်း ဖော်ပြထားရာမှာ မကြာမီတွင် အမျိုးသား၊ အမျိုးသမီးဟူ၍ ဖော်ပြခြင်းမပြုသူများအတွက် X ဆိုသည့် စာလုံးအမှတ်အသားကို ထည့်သွင်းသွားမည်ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁ ရက်တွင် စတင်သက်ရောက်မည့် ယခုအပြောင်းအလဲနှင့် ပတ်သက်၍ တရားဝင် လိင်အမျိုးအစားဖော်ပြချက် မရှိဘဲ ရပ်တည်နေထိုင်ခြင်းအပေါ် ဂျာမနီနိုင်ငံသားများအကြား မေးခွန်းထုတ်မှုများလည်း ရှိနေကြောင်း သိရသည်။

Planet Myanmar Network

တရုတ်ပြည်ရဲ့ ဗိုက်သားအက ရူးသွပ်မှု

တရုတ်နိုင်ငံတ၀ှမ်းမှာ ဗိုက်သားအကပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ကျောင်းတွေ ပေါ်ပေါက်လာတာနဲ့အတူ အကြီးအကျယ် လူသိများလာနေပါပြီ။ ဗိုက်သားအကဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကာလရှည်ကြာ တွဲပြီး သိလာခဲ့ကြတာပါ။ ဒါပေမယ့် သူရဲ့ အနာဂတ်ကတော့ အခု တရုတ်ပြည် ဖြစ်လာနိုင်ပါတယ်။

မကြာခင်က ပေကျင်းမှာ ကျင်းပခဲ့တဲ့ ဗိုက်သားအကညီလာခံမှာ ကမ္ဘာအနှံ့က ဗိုက်သားအက ထင်ရှားသူတွေ တက်ရောက်လာကြပြီး ၁ ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲနဲ့ ကပြ ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ကချေသည် ၂၄ ယောက်က ၀င်ကီရှင်း ဗိုက်သားအကကျောင်းမှာ သူတို့ရဲ့ သူတို့ရဲ့ ကကြိုးကကွက်တွေကို နေ့လယ်ပိုင်းသင်တန်းတွေမှာ ကပြခဲ့ကြပါတယ်။


ကျောင်းက ပေကျင်းအရှေ့ပိုင်းက ခမ်းနားတဲ့ ကူးသန်းရောင်းဝယ်ရေး အဆောက်အဦ သစ် တခုမှာပါ။
အသက် ၂၅ နှစ်အရွယ် ကျောင်းသူ တယောက် ဖြစ်တဲ့ ဖန်ဟွေမီက အဲဒီက ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းတခုက ရုံးအလုပ်ကို စွန့်လွှတ်ပြီး သူရဲ့ မိဘတွေရဲ့ ကန့်ကွက်မှုတွေ ကြားကပဲ ဗိုက်သားအက အချိန်ပြည့်ဆရာမတယောက်အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတာပါ။

“သူတို့က ကျမ ဗိုက်သားအက စကတာကို တကယ်ပဲ ကန့်ကွက်ခဲ့ကြတာရှင့်။ ဘာလို့လဲဆိုတော့ အ၀တ်အစားတွေက တရုတ် အမျိုးသမီးငယ်တွေနဲ့ မသင့်လျော်ဘူးပေါ့ရှင်။ ဒါပေမယ့် နောက်တော့ အကရဲ့ အနုပညာမြောက်တာနဲ့ လှပမှုကို သူတို့ တွေ့သွားခဲ့ပြီး တဖြည်းဖြည်း သူတို့ စိတ်ပြောင်းသွားကြပါတယ်။ နောက် သူတို့ ကျမတို့ရဲ့ကပြ ဖြေဖျော်မှုကို တီဗွီမှာ တွေ့သွားခဲ့တယ်လေ။ ကျမက ထင်ရှားတဲ့ တီဗွီရှိုးတခုမှာ ကပြခဲ့ရတဲ့အတွက် ကျမ အမေက ဂုဏ်ယူမယ်ဆိုတာကို သိပါတယ်။”

ဒီ ဗိုက်သားအကကျောင်းက အဆိုတော်ဟောင်း ၀င်ကီရှင်းက တည်ထောင်ထားတာပါ။ သူက သူ အီဂျစ်မှာ တေးဂီတ ဗွီဒီယိုတခု သွားရိုက်ခဲ့တဲ့အချိန်မှာ ဗိုက်သားအကကို သင်ယူခဲ့တာပါ။ နောက်ပိုင်းမှာ သူက ပေကျင်းရဲ့ ပထမဆုံး ဗိုက်သားအကကျောင်းနဲ့ ကလပ်ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် မှာတော့ ၀က်ဘ်ဆိုက်တခု တင်ထားခဲ့ပါတယ်။

ဒီကနေ့တော့ သူ့မှာ တရုတ်နိုင်ငံတ၀ှမ်း ဗိုက်သားအက လိုင်စင်ရ ကျောင်းပေါင်း ၆၃ ကျောင်းနဲ့ ကျောင်းသား ၁ သိန်း ကျော်ရှိနေပါပြီလို့ ပြောပါတယ်။

“ကျမတို့ဆီမှာ ဗိုက်သားအက သင်ယူတဲ့သူတွေက ၃ မျိုး ၃ စား ရှိပါတယ်။ တော်တော်များများကတော့ ဗိုက်သားအက က ခု သိပ်လူကြိုက်များလာတော့ ဗိုက်သားအက သင်ဆရာတွေ ဖြစ်လာဖို့ ကျောင်းထောင်ဖို့ လာသင်ကြတာပါ။ ဒုတိယကတော့ ဗိုက်သားအကမှာ ထင်ရှားကျော်ကြားတဲ့ ကချေသည်တွေ ဖြစ်ချင်လို့ လာသင်ကြတဲ့ ကျောင်းသူ တွေပါ။ သူတို့က ဘားတွေနဲ့ အာရပ် စားသောက်ဆိုင်တွေမှာ မကချင်ကြပဲ တရုတ်ပြည်မှာ လူကြိုက်များလာတဲ့ အားကစားရုံတွေနဲ့ ကဇာတ်ရုံတွေမှာ ကပြဖြေဖျော်ကြတဲ့ ကဇာတ်အဖွဲ့တွေမှာ ပါဝင် ကပြချင်တဲ့သူတွေပါ။ တော်တော်များများကတော့ ကျမရဲ့ အက အဖွဲ့နဲ့ တရုတ်ဗိုက်သားက အကျော်ကြားဆုံးသူများလို့ ခေါ်တဲ့အဖွဲ့မှာ ကချင်ကြတာပါ။ နောက်တော့လည်း ကျမတို့မှာ ၀ါသနာအရရော ကျန်းမာရေးကောင်းဖို့ပါ လာကကြတဲ့ ကျောင်းသားတွေ အများကြီး ရှိလာပါပြီ။”

အသက် ၃၀ ရှိပြီဖြစ်တဲ့ တောင်ဆွီလီက တရုတ်ပြည်အလယ်ပိုင်းက သူရဲ့ ဇာတိမြို့ ဖြစ်တဲ့ ရှင်ဇူးက စီးပွားရေးဘွဲ့ရ တယောက်ပါ။ သူက ဗိုက်သားအက ကို ၂၀၀၇ ခုနှစ်က သင်ယူခဲ့တာပါ။

“ကျမ စသင်တဲ့အချိန်မှာ အဲဒါက အတော်ကြီး ခက်ပါတယ်ရှင်။ ဒါပေမယ့် ကျောင်းသား အားလုံးကတော့ အစမှာ အဲဒီလို ခက်ခဲတာကို ကြုံရတာချည်းပါပဲ။ ကျမမှာ သိပ် အကူအညီ ပေးတတ်တဲ့ ဆရာမတယောက် ရှိခဲ့တယ်လေ။ သူက ကျမကို အားပေးပါတယ်။ သူက အမြဲ ဆက်လုပ်စမ်းပါကွာ၊ စိတ်မပူပါနဲ့ တချိန်မှာ တလှမ်းပဲ။ ပြန်လုပ်စမ်းပါအုန်းလို့ အမြဲ အားပေးခဲ့ပါတယ်။ နောက် တဖြည်းဖြည်း ကျမ ယုံကြည်မှု ရှိလာပြီး ပိုကောင်းလာတာပဲပေါ့ရှင်။”

သူက အခုတော့ ပေကျင်းမှာ လုပ်တဲ့ ၁ ပတ် အထူး သင်တန်းပြီးတဲ့အချိန်မှာ ဗိုက်သားက အကဆရာမ တယောက် ဖြစ်လာဖို့ အနာဂတ်ကို မြင်နေရပါပြီ။ သူက တောင်ပိုင်း ဟိုင်နန်ကျွန်း ပြည်နယ်မှာ ၀င်ကီရှင်း အကယ်ဒမီအသစ် တခု စတင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

“ဟိုင်နန်မှာ အခုဆို ဗိုက်သားအကကို သင်ယူချင်တဲ့သူတွေ အများကြီး ရှိနေပါပြီ။ အထူးသဖြင့် ကျမတို့က ပြည်နယ် တီဗွီ ထုတ်လွှင့်ရေးဌာနတခုကနေ ကပြတဲ့ အစီအစဉ် တခု လုပ်ပြီးတဲ့ အချိန်မှာ ပေါ့ရှင်။”

တရုတ်နိုင်ငံမှာတော့ အဲဒါကို စလုပ်လာသူတွေက အမျိုးသမီးတွေချည်း မဟုတ်ပါဘူး။ အသက် ၃၂ ရှိပြီ ဖြစ်တဲ့ ယောင်ပင်ဘူးကတော့ ပေကျင်းက သူရဲ့ ကိုယ်ပိုင်ကျောင်းမှာ အမျိုးသား ဗိုက်သားအက စူပါစတားတယောက် ဖြစ်ပြီး သူရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်များလှပါတယ်။

သူက အရှေ့အလယ်ပိုင်းနဲ့ အာရှတခွင်က အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သရုပ်ဆောင် ကပြမှု တွေမှာ ပါဝင်ဖို့ အဲဒီဒေသကို ခရီးသွားလေ့ ရှိပါတယ်။

“ဗိုက်သားအကအကြောင်းကို သိတဲ့သူတွေက အရင်ကထက် ပိုပြီး များလာနေပါတယ်။ ကျနော်က ထင်ရှားကျော်ကြားတဲ့ ဗိုက်သားအက ညွှန်ကြားပြသသူတယောက်နဲ့ စကားပြောဖြစ်ခဲ့ တော့ သူက ကျနော်တို့ဆီက ဗိုက်သားအက တင်ဆက်မှုပွဲတွေဟာ ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံးပဲလို့ ပြောခဲ့ပါတယ်။ သူက အဲဒီပွဲတွေကို ကမ္ဘာအနှံ့ တက်ရောက်နေသူပါ။ ကျနော် တခြားနိုင်ငံတွေကို ရောက်ဖူးပါတယ်။ ကျနော်တို့ရဲ့ ဗိုက်သားအက က သိပ်ပြီး အနုပညာ အရည်အသွေး မြင့်မားပါတယ်။ ဒီမှာက အကြောင်းတွေက ရှိနေတယ်လေ။ အနောက် နိုင်ငံတွေမှာတော့ ၀န်ထမ်းတွေနဲ့ နေရာ အဆောက်အဦတွေက သိပ် ဈေးမြင့်နေတော့ သူတို့က အဲဒါတွေကို လုပ်ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ယှဉ်ရင် အငယ်စား အဆင့်လောက်ပဲ လုပ်နိုင်ကြတယ်ဗျ။”

တရုတ် ဗိုက်သားကချေသည်တွေအတွက်ကတော့ အောင်မြင်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။
ဝင်ကီရှင်းအကယ်ဒမီကျောင်းဟာ တရုတ်နိုင်ငံမှာ ဗိုက်သားအကကို ဒီထက် ဖွံဖြိုးအောင်မြင်လာအောင် လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ တောင်ဆွီလီက ပြောပါတယ်။

“နောက်နှစ်မှာတော့ ကျမတို့က ဒေသမြို့ကြီးတွေမှာ နောက်ထပ် ၀င်ကီရှင်း အကယ်ဒမီ ၅ ခုကနေ ၈ ခု အထိ တိုးဖွင့်မှာပါ။ နောက် ကျမတို့ ကြီးမားတဲ့ အီဂျစ်ပွဲတော်တခု လုပ်ဖို့ စီစဉ်နေပါတယ်။ ကျမက တချို့ အကျော်ကြားဆုံး ဗိုက်သားကချေသည်တွေကို ဖျော်ဖြေ တင်ဆက်မှုတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ဖို့ တရုတ်နိုင်ငံကို ခေါ်ဆောင်လာဖို့ အစီအစဉ် ရှိပါတယ်ရှင်။”

မတ်ခ်ဂေါ့ဖရေးက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် တရုတ်နိုင်ငံ ပေကျင်း ကနေ သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

ချစ်သူမိန်းကလေးမရှိ၍ စိတ်ဓာတ်ကျလျက်ရှိသော လူငယ်တစ်ဦး ယောင်္ကျားအင်္ဂါ ဖြတ်တောက်

ဇီကျန်၊ အောက်တိုဘာ ၃၀။

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်၊ ဂျီဇင်းမြို့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်သော
အသက် ၂၆နှစ်အရွယ်ရှိ “ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စိတ်ဖိ စီးမှုခံစားရလျက်ရှိရာ ၎င်း၏
ယောင်္ကျားအင်္ဂါ အား အသုံးမ၀င်ဟုဆိုကာ ဖြတ်  တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင်
ဖော်ပြသည်။

“ရန်ဟူ”ဆိုသည့် လူငယ်တစ်ဦးသည် စက်ရုံတွင် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင် ရလျက်ရှိသော
ကြောင့် မိန်းကလေးတစ်ဦးဦးနှင့် တွေ့ဆုံ ကြုံကြိုက်မည့် အခွင့်အရေးမရှိခြင်းနှင့်စပ်လျဉ်း၍ စိတ်ဖိစီးမှု ခံစားရ လျက်ရှိရာ အောက်တိုဘာ ၂၉ရက်၊ ည ၉နာရီ နေအိမ် သို့ပြန်ရောက်ခဲ့ရာတွင် ၎င်း၏ ယောင်္ကျားအင်္ဂါအား အသုံးမ၀င်ဟုဆိုကာ ဖြတ်တောက်ခဲ့ကြောင်း Daily Mail သတင်းစာတွင် ဖော်ပြသည်။

“ရန်ဟူ”သည် ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆရာဝန်များက ယခုကဲ့သို့ ကုသ၍ မရကြောင်းနှင့် ၎င်းဖြတ်တောက်ခဲ့သော အစိတ်အပိုင်းအား ပြန်ယူခိုင်းရာ စက်ဘီးဖြင့် ပြန်ယူခဲ့သော်လည်း ယင်းအစိတ်အပိုင်းမှာ သွေးမရှိဘဲ အချိန်အတန်ကြာ ခဲ့ပြီဖြစ်၍ ပြန်လည်ဆက်စပ်ကုသ၍ မရနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

လူပန်းအိမ်

People power

စတိဗ်ဂျော့ဘ်၏ နေအိမ်ဟောင်းကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်

ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

စတိဗ်ဂျော့ဘ် နေထိုင်ခဲ့သည့် နေအိမ်ကို သမိုင်းဝင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။ နောင်တစ်ချိန်တွင် ကမ္ဘာကျော် နည်းပညာ ဖခင်ကြီးတစ်ဦး ဖြစ်လာမည့် ဂျော့ဘ်သည် ပထမဆုံး Apple ကွန်ပျူတာလေးများကို ယင်းနေအိမ်တွင် ဒီဇိုင်းထုတ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လယ်တောအိမ်လေး တစ်ခုနှင့် ဆင်တူသည့် နေအိမ်ဟောင်းလေးသည် ယခင်ကတည်းက ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လည်ပတ်သည့် နေရာလေးတစ်ခု ဖြစ်နေခဲ့သည်။

ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်အနေဖြင့် ၎င်းအလွန် ချစ်မြတ်နိုးသည့် လုပ်ငန်းကြီးကို ကမ္ဘာ့အထည်ဝါဆုံး နည်းပညာ ကုမ္ပဏီကြီးအဖြစ် ဆွဲတင်ပေးခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်က အသက်(၅၆)နှစ် အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ လော့စ်အေလ်တို့စ်ရှိ အဆိုပါ နေအိမ်ကို ပိုင်ဆိုင်သည့် ဂျော့ဘ်၏ အစ်မက ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်၏ ပန်ကြားမှုအတွက် လိုလိုလားလား သဘောတူ ကူညီခဲ့ကြောင်း သိရသည်။

"ဂျော့ဘ်ဟာ ဆီလီကွန်တောင်ကြား လူ့အဖွဲ့အစည်းရဲ့ ဂုဏ်အယူရဆုံး ပြယုဂ်တစ်ခုပါ"ဟု ကော်မရှင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဇာချာရီဒါးလ်က မှတ်ချက်ပြုခဲ့သည်။ ဂျော့ဘ်၊ စတိဗ်ဝေါ့ဇ်နီရက်ခ်နှင့် အခြားသော ပထမဆုံး Apple ဝန်ထမ်းများသည် Apple I ကွန်ပျူတာ အလုံး(၁၀၀)ကို ပထမဆုံးအကြိမ်အဖြစ် ယင်းနေအိမ် ဧည့်ခန်းလေးတွင် တပ်ဆင်ခဲ့ကြသည်။ Apple ကုမ္ပဏီသည် နောက်ပိုင်းတွင် ကူပါတီနိုသို့ ပြောင်းရွှေ့ အခြေစိုက်ဖြစ်ခဲ့သည်။ ထိုနေအိမ်လေးတွင် လတ်တလော၌ ဂျော့ဘ်၏ မိထွေးက နေထိုင်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

လာမည့်တနင်္ဂနွေနေ့တွင် နေကြတ်မှုဖြစ်ပေါ်မည်

လာမည့်တနင်္ဂနွေနေ့လသည် နေနှင့်ကမ္ဘာကြားသို့ရောက်ရှိကာ နေကြတ်မှုဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာအာဖရိက၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်နေကြတ်မှုအား တွေ့မြင်ကြရမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ၀က်ဆိုက်တွင်ဖော်ပြသည်။

အာဖရိကအနောက်ပိုင်းတွင် အပြည့်အ၀နေကြတ်မှုကိုရှုမြင်ရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင်မူ တစ်စိတ်တစ်ပိုင်း နေကြတ်မှုကိုသာ တွေ့မြင်ရမည်ဖြစ်ရာ ယင်းသို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီး၏ လုံးဝန်းမှုကြောင့် ဖြစ်သည်။

နေကြတ်မှုအား ကြည့်ရှုသူတို့သည် အထူးစီမံထားသော မျက်မှန်များဖြင့်သာ ကြည့်ရှုသင့်ကြောင်း၊သာမန်မျက်မှန်များသည် မျက်လုံးအား ထိထိ
ရောက်ရောက် အကာအကွယ်မပေးနိုင်ကြောင်းကျွမ်းကျင်သူများ ကဆိုသည်။

အပြည့်အ၀နေကြတ်မည်မှာ လိုက်ဘေးရီးယားနိုင်ငံအနောက်တောင်ပိုင်း ၃၃၀ကီလိုမီတာအကွာ၊အတ္တလန္တိတ်သမုဒ္ဒရာပေါ် တွင် ဂရင်းနစ်စံတော်ချိန် ၁၂၃၇အချိန်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နာဆာအဖွဲ့က ထုတ်ပြန်သည်။

People power

ထူးထူးခြားခြား မင်္ဂလာဦးဓာတ်ပုံ အရိုက်ခံခဲ့သည့် စုံတွဲ

မင်္ဂလာဦး ဓာတ်ပုံ အရိုက်ခံရာတွင် လူဇောင်နှင့် ၎င်း၏ချစ်သူ ဖန်ဂျင်တို့သည် မတ်စောက်သော တောင်ကမ္ဘားများပေါ်တွင် တွဲလျောင်းချိတ်ဆွဲလျှက် စွန့်စွန့်စားစား ကိုယ်ဟန်ပြခဲ့ကြသည်

ထူးထူးခြားခြား မင်္ဂလာဦးဓာတ်ပုံ အရိုက်ခံခဲ့သည့် စုံတွဲ
မင်္ဂလာဆောင်ခါနီး စုံတွဲတိုင်း ခက်ခဲကြမ်းတမ်းသည့် အစပြုမှုမျိုးကို မျှော်လင့်မည် မဟုတ်ချေ။ သို့သော်လည်း တရုတ်နိုင်ငံ၊ လောင်ဇူးမှ စုံတွဲတစ်တွဲကမူ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းကိုမှ ရွေးချယ်ခဲ့သူများ ဖြစ်သည်။ မင်္ဂလာဦး ဓာတ်ပုံ အရိုက်ခံရာတွင် လူဇောင်နှင့် ၎င်း၏ချစ်သူ ဖန်ဂျင်တို့သည် မတ်စောက်သော တောင်ကမ္ဘားများပေါ်တွင် တွဲလျောင်းချိတ်ဆွဲလျှက် စွန့်စွန့်စားစား ကိုယ်ဟန်ပြခဲ့ကြသည်။ အဆိုပါ စုံတွဲ၏ ထူးခြားသော စိတ်ကူးဖြင့် ဖန်တီးသော ဓာတ်ပုံများအတွက် လိုက်ရိုက်ပေးရသည့် ကင်မရာမင်းသည်လည်း မစားသာခဲ့ချေ။ မင်္ဂလာဆောင်ရန် အလုံးစုံ ပြင်ဆင်ထားပြီးဖြစ်သော လူနှင့်ဖန်တို့သည် မင်္ဂလာဦး အမှတ်တရ ဓာတ်ပုံကို သက်စွန့်ဆံဖျား ရင်ထိတ်သည်းဖို ရိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဂွမ်ဇီဇောင်းရှိ လူသူအရောက်အပေါက် နည်းပါးပြီး မတ်စောက်သော တောင်နံရံများတွင် ရိုက်ကွင်းနေရာကို ရွေးချယ်ပြီး ကြိုးများဆိုင်းကာ ဓာတ်ပုံရိုက်ခဲ့ပြီး အချိန်(၃)နာရီမျှ ကြာမြင့်ခဲ့ကြောင်း သိရသည်။ စုံတွဲနှစ်ဦးလုံးက မိမိတို့သည် ခြေလျင်ခရီးထွက်မှုကို ဝါသနာပါပြီး ယခုကဲ့သို့ ဆန်းဆန်းကျယ်ကျယ် ဓာတ်ပုံရိုက်ရန် နှစ်ဦးလုံး စိတ်အားထက်သန်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ကင်မရာသမား လွန်တီယန်ကမူ "ကျွန်တော်လည်း တောင်တက် ဝါသနာပါတယ်။ ဒါပေမဲ့ ဒီစုံတွဲက ပိုပြီးတော့ စိတ်အားထက်သန်ကြတယ်ဗျ။ ကျွန်တော် အလုပ်လုပ်ဖူး သမျှထဲမှာတော့ ဒီရိုက်ကွင်းက အခက်ဆုံးပဲ"ဟု ရယ်ရယ်မောမော ပြောကြားသွားသည်။

Planet Myanmar Network

"အနုပညာရှင် တစ် ယောက် အနေ နဲ့ စီးပွားရေးမှာ အထောက် အကူဖြစ်တယ် ဆိုတဲ့ လွင်မိုး"

အောက်တိုဘာ ၂၄ မှ ၂၆ ရက် နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်တဲ့ Myanmar Water Expo 2013 ပြပွဲမှာ သရုပ် ဆောင် လွင်မိုး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့Wa Minn Group of Companies ရဲ့ Kubota Johkasoa Waste Water Treatment Plant ကိုပါ ပြသခဲ့ပါတယ်။

ဒီပြပွဲနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီနေ့ပြပွဲမှာ ရေဆိုး သန့်စင်စက်၊ မိသားစု တစ်ခုစာပဲဖြစ်ဖြစ် Shopping Mall တစ်ခုလုံး ပဲဖြစ်ဖြစ် အဲဒီကထွက်လာ တဲ့ ရေဆိုး ၊ ရေညစ် တွေ အကုန်လုံးကို သန့်စင်ထားတဲ့ စက်ပါ။ ဒီစက် ကို မြန်မာပြည်မှာ တပ်ဆင် ထုတ်လုပ်ဖို့ အတွက်နှစ် ဆန်းပိုင်းလောက် ဆို တပ်ဆင်ထုတ် လုပ်သွားမှာပါ” လို့ပြောပါတယ်။

စီးပွားရေးကို အခြေချ လုပ်ဖြစ် နေတဲ့ အတွက် အနုပညာရှင်တစ် ယောက် အနေနဲ့ စီးပွားရေး အလုပ် တစ်ခုကို အထောက်အကူ အများကြီး ဖြစ်စေ တယ်လို့ ပြောပြတဲ့ လွင်မိုးက
“အခုက စီးပွားရေး ဘက်ကို ဦးစားပေးလုပ် လာတော့ အနုပညာ ဘက်ကို လုပ်တာ နည်းသွားပြီပေါ့။ လူဆိုတာ ကိုယ့် ဘာသာ သိပြီး သဘောထား တတ်ဖို့ လို ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ် ဖို့လည်း လိုပါတယ် ။အရင်က အနုပညာ သမား တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခု စီးပွားရေး လုပ်တဲ့အချိန် မှာ စီးပွားရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက် အလက်တွေကို လေ့လာဖို့၊ တစိုက်မတ်မတ် ကြိုးစားလုပ်ဖို့ လိုပါ တယ်။ ကြိုးစား အားထုတ်ဖို့က နေ ရာတိုင်း နဲ့ဆိုင်ပါတယ်။ အနုပညာ ပဲဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ် ကြိုးစားရမှာပဲ။ ဒါပေမဲ့ နားလည်တတ် ကျွမ်းအောင် လေ့လာဖို့လည်း လိုအပ် ပါတယ်။ အနုပညာ သမား တစ် ယောက် ဖြစ်တော့ လူချစ်လူခင်ပေါတယ်။ ကုန်ပစ္စည်း တစ်ခုကိုပြောတဲ့ ဆို တဲ့နေရာမှာ သူများတွေထက် ပိုပြီး ထိရောက်မှု ရှိတယ်။ သွား လာ လုပ်ကိုင်တဲ့ နေရာမှာ သာမန် လူတွေထက် ပိုပြီး Customer တွေက ကိုယ့် ကိုပိုပြီး ယုံကြည်မှု တွေပို ထားတဲ့ သဘော ရှိတယ်။ ဒီလို ယုံကြည်မှု ထားတဲ့ အပေါ်မှာ ကိုယ့် အနေနဲ့ က ဒီထက် ပိုပြီးပြည့်စုံ ကောင်း မွန်တဲ့ ဝန်ဆောင်မှု၊ မှန်ကန်မှု၊ ကောင်းတဲ့ Image တွေကို ရေရှည် ထိန်းသိမ်းနိုင်အောင် ပြန်ပြီး လုပ် ပေးဖို့လည်း လိုပါတယ်” လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်

မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း  ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွင် နှစ်ဦးပူးတွဲ၍ ဘဏ်စာရင်းဖွင့်ခဲ့သည်။ ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်ကို ရှေ့နေအမျိုးသမီးက ကျန်အမျိုးသမီးထံအပ်ထားခဲ့ရာ အဆိုပါငွေကြေးများနှင့် ဘဏ်စာအုပ်ကို တောင်းခံသောအခါ ပြန်မပေးဘဲ ရှောင်နေသောကြောင့် အရေးယူပေးရန် တရားလွှတ်တော်ရှေ့နေက တရားလိုပြုကာ မရမ်းကုန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေအမျိုးသမီးသည် တရားအားထုတ်နေသူဖြစ်၍ အမွေဆိုင်အိမ်ကို ရောင်းရာမှရရှိထားသည့် ကျပ်ငွေသိန်း ၈၇၀၀ အား ထိန်းသိမ်းပေးမည့်သူမရှိသောကြောင့် ၂၀၁၁ ခုနှစ်မှစ၍ ခင်မင်ခဲ့သည့် ယင်းအမျိုးသမီးထံ အပ်နှံထားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအတွက်သုံးစွဲရန် ငွေပြန်တောင်းရာမရ၍ မိတ်ဆွေတစ်ဦးထံ တိုင်ပင်ရာမှ ရဲစခန်းသို့လာရောက်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

““အခုတော့ အမှုဖွင့်ခံထားရတဲ့အမျိုးသမီးလည်း ရဲစခန်းကို ရောက်နေပြီ။ စစ်ဆေးနေဆဲပါ”” ဟု မရမ်းကုန်းမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ခင်မောင်လှက ပြောသည်။

ယင်းဖြစ်ရပ်ကို ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၄၀၆ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7DAY DAILY


Miss Grand Internationalပြိုင်ပွဲတွင် ထားထက်ထက် မြန်မာရိုးရာတူရိယာ တီးခတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၃၁။

ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand Internationalပြိုင်ပွဲတွင် မြန်မာအနေဖြင့် ၀င်ရောက်
ယှဉ်ပြိုင်မည့် ထားထက်ထက်သည် ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာတူရိယာကို တီးခေတ်ပြသသွားမည်ဖြစ်ကြောင်း မော်ဒယ်ထားထက်ထက်က ပြောကြားသည်။

“ထားထက်က အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဂျွမ်းဘားကစားခြင်းကို ၂ နှစ်
ဝင်ပြိုင်ဖူးတယ်၊ အားကစားနဲ့ မြန်မာ့ဂုဏ်ကို ပြပြီးပြီ၊ အခု အနုပညာနဲ့ မြန်မာ့ဂုဏ်ကို ပြသအုံးမှာ”ဟု
မော်ဒယ်ထားထက်ထက်က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ထားထက်ထက်သည် ဂျွမ်းဘား ကစားခြင်းနှင့် မြန်မာရိုးရာစောင်းတီးခြင်းကို Talent အနေဖြင့် ပြသသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အားကစားရော၊ အနုပညာပါ ထူးချွန်တယ်ဆိုတာကို ပြသချင်တယ်၊ ဒီပွဲလေး ပြိုင်ဖြစ်တာလည်း မြန်မာ့ဂုဏ်ကို မြှင့်တင်ချင် တာက အဓိကပါ၊ ပြီးတော့ မြန်မာယဉ်ကျေးမှု အနုပညာ ကိုလည်း ကမ္ဘာသိအောင် ချပြချင်တာဖြစ်တယ်”ဟု မော်ဒယ် ထားထက်ထက်က People Power သတင်းစာသို့ ပြောကြားသည်။

ပြိုင်ပွဲတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့် ဘာသာစကားလေးမျိုး သင်ကြားထားပြီး ပြိုင်ပွဲဝင် မည့် ၀တ်စုံများကိုလည်း ဒီဇိုင်နာများက အစွမ်းကုန် ပြင်ဆင်ပေးထားကြကြောင်း ထားထက်ထက်က ဆက်လက်ပြောကြားသည်။

ပြိုင်ပွဲဝင်ရန်အတွက် နိုဝင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့မှ ဘန်ကောက်သို့ သွားရောက်ယှဉ်ပြိုင်
မည်ဖြစ်ကြောင်း သိရသည်။

ရေးသားသူ - စည်သူမင်းချို

People power
တည်းဖြတ်သူ- အေးငြိမ်းသူ

သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်တွင်မီးလောင်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

၃၀.၁၀.၂၀၁၃ရက်နေ့ ၁၉၃၅အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့် ရပ်ကွက်၊ ရတနာလမ်း၊ မလိခအိမ်ယာ၊ တိုက်(ဘီ/၄)မြေညီထပ်ရှိ Mermaid SimleKTV ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့်အဆိုပါနေရာသို့ မီးသတ်ယာဉ် (၃)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၉၅၀အချိန်တွင် မီးငြိမ်းသွား ခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ ၎င်းဆိုင်၏မီးဖိုခန်းအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အကြော်ဆရာ စစ်မင်း (ဘ)ဦးသက်နိုင်၊ ဆိုင်လိပ်စာနေသူမှ ဂတ်စ်အိုး၏ဘားကိုဖွင့်၍ စက္ကူစအားမီးရှို့ကာ ဂတ်စ်မီးဖိုပေါ်သို့တင်စဉ် ဂတ်စ်များပန်းထွက်၍ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် စစ်မင်းတွင် ၀ဲ/ယာလက်ဖျံ၊ ဆီးခုံ၊ ခြေတောက်တို့တွင်မီးလောင်ဒဏ်ရာနှင့် မင်းမင်းထွန်း (ဘ)ဦးတင်ထွန်း(လိပ်စာတူ)တွင်လည်း ၀ဲ/ယာ ခြေကျင်းဝတ်နှင့် တင်ပါးတို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်းလူနာများ(မစိုးရိမ်ရ)အဖြစ် ကုသနေရပြီး အဆိုပါမီးလောင်မှုကြောင့် ဂတ်စ်အိုး (၁)လုံး၊ ဒယ်အိုး (၁)လုံး၊ ဂတ်စ်မီးဖို (၁)လုံးတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး တန်ဘိုးငွေကျပ် (၇၀၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ စစ်မင်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၄၅၀/၂၀၁၃၊ ပြစ်မှုပုဒ်မ၂၈၅/၂၈၆/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရေချိုးခန်းအတွင်း၌ အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

၃၀.၁၀.၂၀၁၃ရက်နေ့ ၂၁၄၅အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ သီရိမင်္ဂလာတည်းခိုခန်း၏
ရေချိုးခန်းအတွင်း၌ အမျိုးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းစန်းဦး (ဘ)ဦးဇော်အောင်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ထမီရင်လျှားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ပက်လက်အနေအထား သေဆုံးနေသည်ကိုတွေ့ရှိ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘုရင့်နောင်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

၃၁.၁၀.၂၀၁၃ရက်နေ့ ၀၈၄၅အချိန် မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီမြို့သစ်၊ သုနန္ဒာပတ်လမ်းရှိ ဒေါ်တင်အေး(ဘ)ဦးထွန်းမောင်၏
နေအိမ်တွင်မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ အထောက်အကူပြုယာဉ်(၆)စီး၊ မီးသတ်ယာဉ်
(၂၅)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၈၅၅အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ ဒေါ်တင်အေး၏
နေအိမ်အတွင်းရှိ တိုင်းရင်းဆေး ဖေါ်စပ်ရာတွင်အသုံးပြုသော
တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ်တွင်တင်၍ ဖယောင်းတိုင်မီး
ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီးမီးစွဲလောင်ခဲ့သဖြင့် နေအိမ် (၂)လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၃၉)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်အေးအား ဝေဘာဂီနယ်မြေရဲစခန်း
(ပ)၃၀၉/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်

အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။


Planet Myanmar Network

တရုတ်ရေငုပ် သင်္ဘောမှ JL-2 ဒုံးကျည်သည် အမေရိကန်မြို့များသို့ ပစ်ခတ်ရောက်ရှိနိုင်

တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တိုက်ပွဲဝင် ကင်းလှည့်တာဝန်များကို ဒုတိယကျွန်း ဆက်တန်းအနီးတွင်

တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း တရုတ်စစ်ဘက်ရေးရာ ကျွမ်းကျင်သူ လီလီက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

စစ်အေးကာလအတွင်း ဒီဇိုင်းရေး ဆွဲတည်ဆောက်ခဲ့သည့် အစောပိုင်း ကာလ တရုတ် ရေငုပ်သင်္ဘောများသည် အရွယ်အစား သေးငယ်၍ အသံကျယ်လောင်ပြီး အကွာအဝေး အနည်းငယ်သာ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း လက်ရှိတရုတ်နိုင်ငံ၏ မျိုးဆက်သစ် Type-094 Jin အတန်းအစား ရေငုပ်သင်္ဘောများသည် ဒုတိယကျွန်း ဆက်တန်း အထိ မောင်းနှင် ရောက်ရှိနိုင်ကြောင်း၊ ၎င်းတို့တွင် JL-2 အမျိုးအစား ဒုံးကျည် ၁၆ စင်း တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၈ဝဝဝ (၄၉၇ဝ မိုင်) ထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။

JL-2 ဒုံးကျည်ကို ပစိဖိတ် သမုဒ္ဒရာမြောက်ပိုင်း ကူရိုင်းကျွန်းစု၏ အရှေ့ဘက် ရေပြင်မှပစ်လွှတ်ပါက လော့စ်အိန်ဂျလိစ်မြို့ အထိ ရောက်ရှိနိုင်ကြောင်းနှင့် အရှေ့ တရုတ် ပင်လယ်မှ ပစ်လွှတ်ပါက ဂူအမ်၊ ဟာဝိုင်အီနှင့် အလက်စကာ ကျွန်းတို့အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသော JL-2 တိုက်ချင်းပစ် ဒုံးကျည်သည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် တည်ရှိနေကြောင်း သိရသည်။

မြ၀တီ

ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းနှင့်ဆက်စပ်နေသော အမျိုးသမီးများ အစာမစားချင်သည့် ပြဿနာ

အစာမစားလိုသည့် ပြဿနာ ကြုံတွေ့ရတဲ့ မိခင်လောင်းများဟာ ကလေးရနိုင်ချေနည်းတဲ့အပြင် မျိုးဆက်ပွားကျန်းမာရေးပြဿနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လေ့လာမှုမှာ အစာမစားလိုတဲ့ အခြေအနေ(anorexia)ကိုကြုံတွေ့ နေရတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အစားစားသုံးသူများထက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းစတဲ့ အခြေအနေတွေကိုပိုပြီး ကြုံတွေ့ရနိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစာမစားတဲ့ရောဂါ (bulimia) ရောဂါရှင်တွေဟာလဲ ဒီလိုပြဿနာတွေဖြစ်သွားနိုင်ခြင်းမှာ အကျုံးဝင်နေပါတယ်။

လေ့လာမှုခေါင်းဆောင် Helsinki University မှ သုတေသီ Dr Milla Linna က “စောစောစီးစွာ သိရှိခြင်း၊ ထိရောက်တဲ့ကုသမှုတွေဟာ ဒီအစာမစားချင်တဲ့ ပြဿနာကို ကုသနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးခြင်းတွေကို ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ Helsinki University ရဲ့ သင်ကြားရေးဆေးရုံကြီးကို ၁၉၉၅ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ဆေးရုံတက်ရောက်ကုသခဲ့တဲ့ အစာမစားချင်တဲ့ ရောဂါရှင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို ဆန်းစစ်သုံးသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အမျိုးသမီး (၁၁၀၀၀)ကျော်ပါဝင်ခဲ့ပြီး အစာမစားလိုတဲ့ပြဿနာ ကြုံတွေ့ရသူလူနာပေါင်း (၂၂၅၇)ဦး ပါဝင်ပါတယ်။

Dr Milla Linna က “အစာမစားခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းတွေ ဆက်စပ်နေတယ်ဆိုတာကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို လေ့လာနေဆဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။

သက်နှင်း
Ref: ANI

Health Updates Journal

ချောင်းသာ၌ မြန်မာ့အကြီးဆုံး နဂါးရုံဘုရား တည်ဆောက်

ချောင်းသာ-ငွေသောင်ယံလမ်းပေါ်ရှိ အမှတ် ၆ ရပ်ကွက်တွင်
မြန်မာနိုင်ငံ၏ အကြီးဆုံး ဒီပါအေးမြ မဟာနဂါးရုံဘုရားကို တည်ဆောက်လျက် ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း နဂါးရုံဘုရား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့က People Power သတင်းစာသို့
ပြောကြားသည်။

ယင်းနဂါးရုံဘုရားကြီးကို စတင်တည်ဆောက်စဉ်က နဂါးရုပ်တစ်ရုပ်တည်းဖြင့် တည်ဆောက်ထားသော်လည်း
နောက်ပိုင်းတွင် နဂါးခုနှစ် ကောင်ကို ထည့်သွင်းတည်
ဆောက်ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့်ရှိကြောင်း ယင်းဘုရားကိုတာဝန်ယူတည်ဆောက်သည့် ပန်းရံဆရာ ဦးအာနိုးက ပြောကြားသည်။

“ဒီဘုရားကြီး ပြီးသွားရင် မြန်မနိုင်ငံမာရှိတဲ့ နဂါးရုံးတွေထဲမှာ အကြီးဆုံးဖြစ်လာမယ်” ဟု ၎င်းကပြောကြားသည်။

ဘုရားကြီးပြီးစီးသွားပါက ချောင်းသာကမ်းခြေသည် အပန်းဖြေစရာနေရာသာမက ဘုရားဖူးများပါ စည်ကား လာနိုင်ကြောင်း ချောင်းသာရွာတွင် ဆိုင်ကယ်ကယ်ရီ
သမား ဦးအောင်လေးက ဆိုသည်။

အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး ပထမတည်ထားစဉ်က နဂါးမှာ ကျိုးကျသွားသဖြင့်
၂၀၁၂ ခုနှစ်တွင် ကတည်းကပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဘုရားဂေါပကထံမှသိရှိရသည်။

အေးငြိမ်းသူ

People power

ငိုပြရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည့် မိုင်လီ

သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်

မိုင်လီဆိုင်းရပ်စ်က သူမအနေဖြင့် ကိုယ်ရေး ဒုက္ခများကို လူအများရှေ့ ဖွင့်ဟပြောပြီး ငိုကြွေးနေရမည့်အစား အဝတ်အစားများသာ ချွတ်ပြလိုက်မည်ဟု ပြောဆိုလိုက်သည်။ သူမက မိမိ၏ အားနည်းသိမ်ငယ်မှုကို လူအများရှေ့ ထုတ်ပြနေရခြင်းထက် အဝတ်ဗလာဖြင့် ထွက်ပြလိုက်ရခြင်းကို ပိုမို၍ ယုံကြည်ချက် ရှိလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမက ကင်မရာရှေ့တွင် ဗလာကျင်း မတ်တပ်ရပ်ပြရခြင်းထက် လူသနားအောင် လုပ်ပြရခြင်းက ပိုခက်ကြောင်းလည်း ဆိုသည်။ "ကျွန်မအတွက်တော့ အဝတ်မပါဘဲ ရပ်တည်ရတာဟာ ပြဿနာ အကြီးကြီး တစ်ခုလို့ ဘယ်တုန်းကမှ မထင်ဘူး။ ပြီးတော့ လူတွေက အမျိုးမျိုးတွေး၊ အမျိုးမျိုး ဝေဖန်နေတယ် ဆိုရင်တောင် ကျွန်မရဲ့စိတ်နဲ့ ထပ်တူကျမကျ လိုက်တိုင်းတာမနေဘူး"ဟု မိုင်လီက မှတ်ချက်ပြုခဲ့သည်။

သူမက "ကျွန်မရွေးချယ်မှု အရတော့ လူတွေရှေ့မှာ သနားစရာကောင်းအောင် ထွက်ငိုပြရတာနဲ့စာရင် အေးအေးလူလူပဲ အဝတ်အစားအားလုံး ချွတ်ပြလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်လုံး ထုတ်ပြရတာထက်စာရင် ကျွန်မအတွက်က ကိုယ့်အားနည်းချက်ကိုယ် ထုတ်ပြရတာက ပိုခက်နေလို့ပဲ"ဟုလည်း ပြောဆိုသွားသည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီက VEVOနှင့် အင်တာဗျူးတွင် "မျက်ရည်ဆိုတာ အတုလုပ်လို့ရတယ်။ အားလုံးက အတုလုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ချင်ဘူး။ လူတစ်ယောက်ဟာ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင် သူပြောနေတာ တကယ်လား၊ ဟန်ဆောင်လားဆိုတာ ညာလို့မရဘူးလေ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

အချစ်ကို အယုံအကြည်မရှိ သီချင်းနဲ့ ဝါဆိုမိုးဦး

အောက်တို ဘာ ၂၅ ရက်နေ့ က ထွက် ရှိ ခဲ့ တဲ့ ရွှေအက်ဖ်အမ် ၄နှစ်ပြည့် အော်ဒီ ယိုစီဒီမှာ ဝါဆိုမိုးဦးက ဆန်းသစ်လ၊ မာရီနာတို့နဲ့အတူကောင် လေးတွေကို အသည်းခွဲ တဲ့ပုံစံဖြစ်တဲ့ “အချစ်ကိုအယုံအကြည်မရှိ” ဆိုတဲ့သီချင်းလေးကိုသီဆိုထားပါတယ်။ ဒီသီချင်းလေးက ဝါဆို မိုးဦးရဲ့ ပထမဆုံးအကြိမ်သီဆိုထားတဲ့ သီချင်းလေး လည်း ဖြစ် ပါတယ်။သီချင်းဆိုဖြစ်သွားတဲ့ အကြောင်းရင်းကို ဝါဆို မိုးဦးက” ကိုဘိုစန်းတို့က ကမ်းလှမ်းတဲ့အတွက် ဆိုဖြစ်သွားတာပါ။

သီချင်းပုံစံလေး ကတော့ ယောက်ျားေ လးတွေ ကို အသည်းခွဲ တဲ့ပုံစံလေးပါ။ သီချင်းကတော့ အမြူးလေးပါ။ အကောင်းဆုံး ဖြစ်အောင် ဝါဆိုခပ်မိုက်မိုက်လေးလုပ်သွားမှာပါ။ သီချင်း အမ် တီဗီကေ တာ့ နောက် တစ် ပတ်လောက် ရိုက်ဖြစ်မယ်။ ဒီသီချင်း လေးက ဝါဆိုရဲ့ ပထမဦးဆုံးသီဆိုထားတဲ့ သီချင်းလေးပါ” လို့ ပြောပါတယ်။ပထမဆုံးအကြိမ်သီဆိုရတဲ့အတွက် အတွေ့ အကြုံ တွေ ကိုလည်း ဝါဆိုမိုးဦးက အခုလိုပြောပြပါတယ်။

” တအားစိတ်လှုပ်ရှားတယ်။ ပရိသတ်က ဝါဆို့ကို ကျေနပ် ရဲ့လား၊ ဝါဆို့အသံကို ကြိုက်ပါ့မလား၊ အဲဒီ လိုမျိုးတွေဖြစ်မိ တယ်။ ဒါပေမဲ့ ဝါဆို့ဘက်က အကောင်း ဆုံးဖြစ်ေ အာင် ကြိုး စားပြီး သီဆိုထားပါတယ်။ ဝါဆို့ ကြိုးစားမှုကို ပရိသတ်အသိ အမှတ်ပြုရင် ဝါဆိုထပ်ပြီးကြိုးစားသွားမှာပါ။ သီချင်းဆိုဖို့အစီ အစဉ်ရှိပါတယ်” လို့ ပြော ပါတယ်။ လတ်တလောမှာတော့ ဝါဆိုမိုးဦးကကျော်ကျော်ဗိုနဲ့ ဇာတ်ကားရိုက်ကူးနေပြီး မြင်းခွာရွက်ဆေးရည်ကြော်ငြာရိုက် ကူးဖို့လည်း ရှိကြောင်းပြောပါတယ်။ “အချစ်ကို အယုံ အကြည် မရှိ” သီချင်း အမ်တီဗီကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။

မျိုးမောင်
Popular Journal

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ

ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရ

စုန်းမအဖြစ် စွပ်စွဲမှုတစ်ခုကို ပါပူအာရဲတပ်ဖွဲ့ အတည်ပြုရန် ခက်ခဲနေ
စုန်းမဆိုသော အယူအစွဲမျိုးသည် ယနေ့ခေတ်တွင် အမှန်တရားအဖြစ် လက်ခံနိုင်ရန် ခက်ခဲသွားသည့် ခေတ်နောက်ပြန်ဆွဲမှုမျိုးဟု ဝေဖန်ခံရမည့် အခြေအနေ ရှိနေသည်။ သို့သော်လည်း ပါပူအာ နယူးဂီနီတွင်မူ စုန်းမတစ်ယောက်အကြောင်း သတင်းသည် ခြောက်ခြားစရာအဖြစ် အမှန်တကယ် ထွက်ပေါ်လာသလို ရဲတပ်ဖွဲ့ကပါ အဆိုပါ အမှုအတွက် စုံစမ်းနေရကြောင်း သိရှိရသည်။ စုန်းမအဖြစ် စွပ်စွဲခံရသော အဆိုပါ အမျိုးသမီးသည် ကလေးများကို သတ်ဖြတ်ကာ နှလုံးသားကို ထုတ်စားလေ့ရှိကြောင်း လူပြောများလာသည့်နောက် ဒေသတွင်းရှိ ရွာသားများက သူမကို ဝိုင်းဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စုန်းမကို ရွာသားများက ဖမ်းဆီးကာ နှိပ်စက်ညှင်းဆဲခဲ့ကြသည်။

ထိုသတင်းကို ကြားသိရသည့်နောက် ပါပူအာ ရဲတပ်ဖွဲ့သည် အမျိုးသမီးကို ကယ်တင်ရန်အတွက် အဆိုပါရွာသို့ သွားရောက်ကယ်တင်ခဲ့ရသည်။ ရွာသားများက သူမကို တစ်ကိုယ်လုံးချွတ်ကာ မီးရဲနေအောင် ဖုတ်ထားသည့် သံချောင်းများဖြင့် ထိုးနှက် နှိပ်စက်ခဲ့သော်လည်း စုန်းမသည် လုံးဝ နာကျင်ဟန်မပြကြောင်း မျက်မြင်တစ်ဦးက ပြောကြားခဲ့သည်။ ရဲများရောက်ရှိလာချိန်တွင် အမျိုးသမီးက မိမိသည် နှိပ်စက်သူများကို သတ်ဖြတ်ပြီး ဒဏ်ပေးသည့် အနေဖြင့် ၎င်းတို့၏ နှလုံးများကို ဖောက်ထုတ် စားသောက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ကလေးတစ်ဦးကို သတ်ဖြတ်ကာ အသည်းဖောက်စားခဲ့ကြောင်း ရွာသားများက စွပ်စွဲခဲ့သည့် သက်လတ်ပိုင်း အမျိုးသမီးနှင့် ပတ်သက်ပြီး စုံစမ်းနေဆဲသာဖြစ်ကြောင်း ရဲများက ဆိုသည်။

မျက်မြင်များ၏ အဆိုအရ ညှင်းပန်းနှိပ်စက်သူများသည် စုန်းမ၏ ခန္ဓာကိုယ် အနှံ့သို့ မီးရဲရဲ သံချောင်းဖြင့် ထိုးခဲ့သလို ဘယ်ဖက်နားရွက်ကို ပလာယာဖြင့် ညှပ်ထုတ်ခဲ့ကြောင်း သိရသည်။ ရင်ဘတ်တွင်လည်း သံချောင်းဖြင့် အစိုက်ခံရပြီး သွားတစ်ချောင်းလည်း ကျွတ်သွားသည်။ သို့သော်လည်း သူမသည် နာကျင်ဟန် မရှိဘဲ ဒေါသတကြီး အော်ဟစ်ကာ နှိပ်စက်သူ အချို့ကို သတ်ဖြတ်ပြီး နှလုံးများ ဖောက်စားခဲ့ကြောင်း မျက်မြင်အများအပြားက ပြောဆိုနေကြသည်။ ယင်းဖြစ်ရပ်သည် ချဲ့ကားစကား ဟုတ်မဟုတ် ရဲများက ထဲထဲဝင်ဝင် စုံစမ်းလျှက်ရှိသည်။ "အသားထဲ သံချောင်းစိုက်ဝင်သွားတာတောင် လုံးဝ နာပုံမရဘူး။ ပြီးတော့ သူသတ်မယ့် လူစာရင်းကိုလည်း နာမည်တွေ တန်းစီပြီး အော်နေသေးတယ်"ဟု မျက်မြင်တစ်ဦးက ဒေသခံ သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ထို့နောက် လူအများက စုန်းမကို မီးတင်ရှို့ရန် ပြင်ဆင်နေစဉ် ရဲများ ရောက်ရှိသွားခြင်း ဖြစ်သည်။ ပါပူအာတွင် စုန်းအတတ်နှင့် စပ်လျဉ်းသော ယုံကြည်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် လကလည်း ရူးသွပ်နေသော အမျိုးသား တစ်ဦးသည် သမီးဖြစ်သူ၏ လည်ပင်းကို ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ပြီး ဒဏ်ရာမှ စီးကျလာသည့် သွေးများကို သောက်ခဲ့သဖြင့် အောက်လမ်းစီရင်မှု တစ်ခုအဖြစ် လူပြောများခဲ့သေးကြောင်း သိရှိရသည်။

Planet Myanmar Network

နယူး ဇီလန်တောင် နှင်းဂူအတွင်း တောင်တက်သမားနှစ်ဦး ပိတ်မိ သေဆုံး

ဝယ်လင်တန်မြို့မှ ဂျပန်တောင် တက်သမား တစ်ဦးနှင့် ၎င်း၏အဖော်တို့သည် နယူးဇီလန်တောင်ရှိ နှင်းဂူအတွင်း နှစ်ရက်ကြာ ပိတ်မိနေခဲ့ပြီး ဆိုးရွားသည့် ရာသီဥတု ဒဏ်ကြောင့် ကွယ်လွန် သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

North Island အနောက်ပိုင်း Taranaki တောင်တွင် ပိတ်မိသေဆုံးခဲ့သူ နှစ်ဦးမှာ အသက် ၃၁နှစ်အရွယ် ဟီဂိုဂီ အိုဂါဝါနှင့် အသက် ၂၉ နှစ်အရွယ် နီကိုးလ် ရှက်တန် ဆိုသူတို့ ဖြစ်ပြီး ဟီဂိုဂီ အိုဂါဝါသည် နယူးဇီလန်တွင် ပညာ သင်ကြားနေသော ဂျပန်ဘူမိ သိပ္ပံပညာရှင် တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရှက်တန်၏ ဖခင်ဖြစ်သူ ကိတ်က အောက်တိုဘာ ၂၇ ရက် ညပိုင်း တွင် သမီးဖြစ်သူထံမှ အသက်ရှင် ရန်အခွင့်အရေးမရှိတော့ကြောင်း ရေးသားထားသည့် Message တစ်စောင် ရရှိ ခဲ့ကြောင်း ၎င်းတို့နှစ်ဦး သေဆုံးသည်ဟု အတည်ပြု သည့် သတင်းသမားများ၏ တွေ့ဆုံမေးမြန်း ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ဟီဂိုဂီ အိုဂါဝါသည် အတွေ့အကြုံရှိသည့် တောင်တက်သမား တစ်ဦးဖြစ်ပြီး သမီးဖြစ်သူကို အပြည့်အဝ စောင့်ရှောက် ပေးနိုင်သည့် ဘူမိသိပ္ပံ ပညာရှင် တစ်ဦး ဖြစ်သော်လည်း ရာသီဥတု အခြေအနေကြောင့်သာ အသက် ဆုံးရှုံး ရခြင်း ဖြစ်ကြောင်း ကိတ်က ထပ်လောင်း ပြောကြားခဲ့သည်။ ယခု သေဆုံးသွားသည့် တောင်တက် သမား စုံတွဲသည် မကြာမီ လက်ထပ်မည့် ချစ်သူစုံတွဲ ဖြစ်နိုင်ကြောင်း၊ ၎င်းတို့ နှစ်ဦးသည် အခက် အခဲ တွေ့နေကြောင်းစာဖြင့် အကြောင်းကြား ခဲ့သော်လည်း ၎င်းတို့ကို ရှာတွေ့ရန် အခက်အခဲ များစွာ ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့ကို ကယ်တင်မည့် ကယ်ဆယ်ရေးအဖွဲ့သည် ၎င်းတို့ထံသို့ ရောက်ရှိသောအခါ ၎င်းတို့ နှစ်ဦး မှာ အသက်မရှင် တော့ကြောင်း သိရသည်။

မြ၀တီ

ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ

လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်လိုမျိုးဖြစ်သော glioblastoma  ကိုဖြစ်စေနိုင်သည်ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။

အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA  အတွင်းမှ sequence  (၇)သန်းကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr  ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟုယူဆရသော cytomegalovirus  များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg  မှ သုတေသီ Erik larsson  က ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြချက်တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်းရှင်းပြခဲ့ပါသည်။

ယခုလေ့လာမှုကိုသြဇာတိက္ကမ ကြီးသော သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Nature Communications  တွင် ဖော်ပြထားခြင်းဖြစ်သည်။ လေ့လာမှုတွင် အစွမ်းထက် စူပါကွန်ပျူတာများကို အသုံးပြုပြီး ကင်ဆာကျိတ်ပေါင်း ၄၀၀၀ကျော်မှ တစ်ရှုးနမူနာများနှင့် DNA အတွင်းမှ sequence  (၇)သန်းကျော်ကို သုတေသနပြုခဲ့ကြသည်။

သန့်စင်
ref: ANI

Health Updates Journal No. 89

အာဘွားပေးအပြီး ပရိသတ်ဖျားမှာစိတ်ပူနေတဲ့ ၀ိုင်းစု

တတိယအယ်လ်ဘမ်““အာဘွား”” အတွက်    ဂျန်းရှင်းစကွဲတွင် ပရိုမိုးရှင်းပွဲ စတင်ချိန်၌ မိုးများရွာနေသော်လည်း ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး မိုးစိုသွားသည့် ပရိသတ်များ ဖျားနာမှာကို စိုးရိမ်နေကြောင်း ၀ိုင်းစုခိုင်သိန်းက ပြောသည်။

““ပရိသတ်တွေက မိုးရေထဲမှာ သင်္ကြန်လိုမျိုး ဖြစ်နေပြီးတော့ ပျော်နေကြတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကိုးနာရီ၊ ဆယ်နာရီခွဲထိကို မပြန်ကြဘဲ အားပေးကြတာဆိုတော့ ဖျားမှာလည်း စိုးရိမ်တယ်။ Facebook ပေါ်မှာတွေ့တာ တချို့ဖျားနေကြပြီဆိုတော့ ၀ိုင်းစုစိတ်မကောင်းဘူး။ ကျယ်ကျယ်ဝန်းဝန်းနဲ့ စတိတ်စင်ဆောက်ပြီး ဖျော်ဖြေပေးချင်တဲ့စိတ်နဲ့လုပ်လိုက်တာ၊ မုန်တိုင်းလည်းရှိတယ်ဆိုတော့ အခုလိုမျိုး ကြုံသွားတဲ့အတွက် စိတ်မကောင်းပါဘူး”” ဟု ၀ိုင်းစုခိုင်သိန်းက ပြောသည်။

“အာဘွား” ပရိုမိုးရှင်းပွဲကို အောက်တိုဘာ ၂၇ ရက် နေ့လယ်၁ နာရီတွင် စိန်ဂေဟာ (လှည်းတန်း)နှင့် ညနေ ၅နာရီ ကျော်တွင် ဂျန်းရှင်းစကွဲရှေ့ကွင်းပြင်၌  အခွေဝယ်ယူသူ ပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးပေးပြီး တေးသီချင်းဖျော်ဖြေရန် စတင်ချိန်တွင် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည်။ ထိုနေရာနှစ်ခုတွင် ပရိသတ်များက အခွေတစ်ထောင်ကျော် ၀ယ်ယူအားပေးခဲ့ကြသည်။ မိုးရွာနေသော်လည်း ပရိသတ်များက ထီးများဆောင်းကာ ပွဲပြီးချိန်ထိ အားပေးခဲ့သည့်အတွက် အလွန်အံ့သြခဲ့မိကြောင်း ၀ိုင်းစုက ပြောသည်။

ဖျော်ဖြေရေး အစီအစဉ်တွင် ၀ိုင်းစုခိုင်သိန်းအပြင် ဖိတ်ခေါ်ထားသော ဖိုးကာ၊ Rဇာနည်၊ ဉာဏ်လင်းအောင်၊ Ar-T ၊ သိန်းလင်းစိုး၊ နိုင်းဝမ်း၊ ဘန်နီဖြိုး၊ ဇေယျ၊ ထူး၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ သန္တာဗိုလ်၊ Bobby Soxer ၊ထိုက်ထိုက် (Melody World)၊ Lone Lone ၊ ကြည်နူး စသည့်အဆိုတော်များက ပါဝင်အားဖြည့်ပေးခဲ့ကြသည်။

အာဘွားခွေကို နောက်တစ်ပတ်ကျော်တွင် အွန်လိုင်းမှ ၀ယ်ယူနိုင်ရန်အတွက် ပြင်ဆင်နေပြီး နိုဝင်ဘာ ၂ ရက်တွင် မန္တလေးနှင့် ၅ ရက်တွင် မြင်းခြံမြို့တို့၌ အခွေပရိုမိုးရှင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

7Day Daily

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ် စိုင်းစိုင်းခမ်းလှိုင်

တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက ချစ်သူသေသွားတဲ့ဇာတ် ကွက်နဲ့စဖွင့်ထားတဲ့အတွက် ဇာတ် ကားတစ်လျှောက်လုံးမှာ အသည်း ကွဲနေတဲ့ပုံစံမျိုးလေးပါ။ ဒီလိုအ သည်းကွဲတဲ့ပုံစံမျိုးလည်း ကျွန်တော် ခဏခဏရိုက်ဖူးတယ်။ ကျွန်တော် ကဇာတ်လမ်းရွေးချယ်မှုအပိုင်းမှာ ဇာတ်လမ်းကို ကြိုက်ရင်ရိုက်ဖြစ် တယ်။ ]ရင်ခုန်မိတာအချစ်လား} ဗီ ဒီယိုဇာတ်ကားမှာ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ အခန်းနည်း တယ်ဆိုတာက ကျွန်တော်က ဇာတ် လမ်းကိုကြိုက်တယ်။ စိတ်ဝင်စားတဲ့ အတွက် သရုပ်ဆောင်တာပါ။ အ ခန်းနည်းတာ၊ များတာကဇာတ်လမ်း အပေါ်မှာမူတည်တာပေါ့။ တစ်ကား လုံး ကိုယ်ကပဲဦးဆောင်သွားတဲ့ ဇာတ်လမ်းမျိုးတွေရှိသလို ဒီကားမှာ ဆိုလည်း ကိုလူမင်းက အဓိကသရုပ် ဆောင်ဖြစ်တဲ့အတွက် သူကဇာတ် ကို ဦးဆောင်သွားတာပါ။ ဇာတ် လမ်းသဘောတရားအရ ကျွန်တော် ကနယ်ရောက်တော့မှ ပါတာဆို တော့ အခန်းနည်းတာပါ။ အခန်း နည်းခြင်း၊ များခြင်းအပေါ်မှာတော့ ကျွန်တော်ဘက်ကတော့နည်းတယ်၊ များတယ် ရွေးတာမျိုးမရှိပါဘူး။ ဇာတ်လမ်းကိုပဲရွေးပါတယ်။ ဖြစ်စေ ချင်တာကတော့ စိုင်းစိုင်း ပါဝင် ရိုက် ကူးတဲ့ကား၊ စိုင်းစိုင်းကားဆိုရင်ကြည့် လို့ကောင်းတယ်၊ ကြိုက်တာမျိုးပဲ ဖြစ်စေချင်တယ်။ လတ်တလော ထွက်ရှိထားတဲ့ ]အချစ်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ} ဗီဒီယိုဇာတ် ကားလေးအောင်မြင်တယ်လို့ကြား ရတဲ့အတွက် စိတ်ချမ်းသာပါတယ်။ ဒီကားလေးကို ကြည့်ရှုအားပေးတဲ့ ပရိသတ်ကိုလည်း အရမ်းကျေးဇူး တင်တယ်။ ဒီကားလေးက တော် တော်လေးကို ခက်ခက်ခဲခဲနဲ့ ရိုက် ကူးရတာပါ။ ပထမကျွန်တော်တို့က ဒါရိုက်တာ မလိခစိုးထိုက်အောင် နဲ့ရိုက်တာ။ ရိုက်နေရင်းနဲ့ပဲ သူ့ရဲ့ မိခင်ဆုံးပါးသွားတဲ့အတွက် ဒါရိုက် တာဦးဟိန်းစိုးရဲ့ လက်ထောက် ဒါ ရိုက်တာဖြစ်တဲ့ ဦးသန့်ကနေ ဆက် လက်ကူညီပြီးတော့ ရိုက်ကူးပေးတာ ပါ။ ဒီဇာတ်ကားကို ပြင်ဦးလွင်မြို့မှာ ရိုက်ပြီးတော့ တချို့ကျန်တဲ့ဇာတ်ဝင် ခန်းတွေကို ရန်ကုန်မှာရိုက်ကူးရ တယ်။ အခက်အခဲတွေနဲ့ ရိုက်ရ တဲ့ဇာတ် ကားလေးဖြစ်တဲ့အတွက် ဒီကားမှာ လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပြီး ကြည့်ပေးပါလို့တောင်း ပန်ချင်တယ်။ ကာလာစုံ Lesson ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူး ခွင့်ခုချိန်ထိမရသေးဘူး။ ရုပ်ရှင်အ ဖြစ်နဲ့ ရိုက်ကူးနေတာပါ။ အဲဒါကို ရိုက်ကူးခွင့်ပိတ်ပင်ခြင်း ကိုခံထား ရတာပါ။ ဆက်လက်ရိုက်ကူးခွင့်ရ ချင်ပါတယ်။ ဘယ်တော့မှရမလဲ တော့မပြောတတ်ဘူး။ တစ်ချိန် ချိန်တော့ရမှာပါ။ မရရင်လည်း ဘာ ကြောင့်လဲဆိုတဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။

8 DAYS A WEEK ENTERTAINMENT

အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ် မိစန္ဒီ

နေပြည်တော်နဲ့မန္တလေးမှာ သီ ချင်းတွေသွားဆိုမယ်။ ပွင့်လင်းရာသီ ဆိုတော့နယ်ရှိုးတွေတောက်လျှောက် ဆိုဖို့ရှိပါတယ်။ ပြီးတော့ Shwe FM လေးနှစ်ပြည့်မှာလည်း မသီရိဆွေနဲ့ အတွဲဆိုဖို့စီစဉ်နေပါတယ်။ ဒုတိယ အခွေပစ်တိုင်းတောင်ကိုဇန်န၀ါရီလ ကုန်မှာထွက်နိုင်အောင် ကြိုးစားနေ ပါတယ်။ သီချင်းလေးပုဒ်လောက်က တော့အချောပြီးသွားပါပြီ။ တေးရေး တွေကတော့ သူငယ်ချင်းတွေပါပဲ။ ကိုလွှမ်းပိုင်၊ ရဲရင့်အောင်၊ သားသား တို့ကို သီချင်းတွေအပ်ထားပါတယ်။ မိစန္ဒီကအခုအခွေမှာသီချင်းခြောက် ပုဒ်လောက်ရေးထားပါတယ်။ ပြီးမှ ရွေးထုတ်သွားမှာပါ။ တေးရေးဆရာ တွေရဲ့ ပုံစံတွေနဲ့လည်းအားလုံး ညှိ ပြီးလုပ်သွားမှာပါ။ ပစ်တိုင်းထောင် ဆိုတဲ့ Title လေးပေးဖြစ်ပုံကတော့ ပစ်တိုင်းထောင်အရုပ်လေးတွေက လဲကျလည်းခဏပဲပြီးရင်ပြန်ထောင် နေတာပဲလေ။ မိစန္ဒီလည်း စိတ် ညစ်စရာတွေကြုံလာရင် ပစ်တိုင်း ထောင်လေးလိုပြန်ထောင်မယ်ဆိုတဲ့ စိတ်နဲ့ပေးဖြစ်တာပါ။ ပြီးတော့ ပစ်တိုင်းထောင်ဆိုတဲ့သီချင်းက လူ ငယ်တွေအတွက် ဘ၀သင်ခန်းစာ ပေးမယ့်သီချင်းဖြစ်မယ်လို့ယုံကြည် ပါတယ်။ Music ပုံစံအနေနဲ့ ပရိသတ်ကြီးကို အသစ်အဆန်းလေး တွေချပြချင်ပါတယ်။ ဒါပေမဲ့မိစန္ဒီက ကိုယ့်ပုံစံတစ်ခုတည်း မကြိုက်ပါဘူး။ Hip Hop နဲ့ R&B ပုံစံလေးတွေ ရယ် ပရိသတ်ကြိုက်မယ့် Music ပုံစံဆန်းဆန်းလေးတွေကိုရောပြီး အကောင်းဆုံးပြင်ဆင်နေပါတယ်။ အနုပညာကိုလွတ်လပ်တယ်လို့ခံယူ ထားပါတယ်။ အဲဒီအတွက်ပရိသတ် ကြီးလည်း Music ကို လွတ်လွတ် လပ်လပ်ခံစားစေချင်ပါတယ်။ ပရိ သတ်ကြီးကျန်းမာပါစေ၊ ချမ်းသာ ပါစေ။ ပထမအခွေ မိုနိုပိုလီကို အားပေးလို့ကျေးဇူးတင်ပါတယ်။ ဒုတိယအခွေပစ်တိုင်းထောင်ကို လည်းအားပေးပါလို့ပြောချင်ပါတယ်။

A.P.S

8 DAYS A WEEK ENTERTAINMENT

မယ်စကြ၀ဠာပြိုင်ပွဲ ဓာတ်ပုံ အစားဆုံးဆု မိုးစက်ဝိုင် ထိပ်မှဦးဆောင်

မေစနိုး၊ ရန်ကုန်၊ အောက်တိုဘာ-၂၈

မယ်စကြ၀ဠာပြိုင်ပွဲတွင် ပေးအပ်မည့် ဓာတ်ပုံအစားဆုံးမယ် Top 8 စာရင်းတွင်
 မြန်မာနိုင်ငံကိုယ်စားပြုမယ် မိုးစက်ဝိုင်က အဆင့်(တစ်)နေရာဖြင့် ဦးဆောင်နေကြောင်း
သိရသည်။

ဖိလစ်ပိုင်မယ်မိုးစက်ဝိုင်နှင့် People Choice ဆုတွင် မဲအရေအတွက် မကွာဘဲလိုက်ပါ ယှဉ်ပြိုင်လျက်ရှိနေသော ဖိလစ်ပိုင်မယ်သည် ဓာတ်ပုံအစားဆုံးဆု၏ အဆင့်(၆) နေရာ၌ ရောက်ရှိနေကြောင်း
အောက်တိုဘာ ၂၈ ရက်က မယ်စကြ၀ဠာမြန်မာအဖွဲ့အစည်းကြီး၏
ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အမျိုးသမီးရော့ခ်သံစဉ်ပြင်းပြင်းတွေကိုခံစားရမယ့် စမိုင်းလ် ရဲ့ New Me စီးရီး

၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွေမှာမော်ဒယ်လ် သရုပ်ဆောင်အဖြစ် ပရိသတ် အသိအမှတ်ပြုလက်ခံအား ပေး မှုကိုရရှိခဲ့တဲ့စမိုင်းလ်ကအနုပ ညာလောကနဲ့နှစ် အေ တ်ာကြာ ဝေးကွာခဲ့ပြီးနောက်မှာတော့ ၂ဝ၁၁ဝန်းကျင်မှာ မြန်မာ ပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး  New Me ဆိုတဲ့ ရော့ခ်တေးအယ်လ်ဘမ် တစ်ချပ်ကို နိုဝင်ဘာ လ၃ ရက်နေ့မှာ ဖြန့် ချိတော့မှာဖြစ်ပါတယ်။ ဟန်ထူးလွင်၊ဗီနိုထွန်းတို့ပါဝင်တဲ့  Boxer Music Band နဲ့ တီးခတ်ထားတဲ့ စမိုင်းလ်ရဲ့ အခွေမှာတော့ ရွှေဂျော်ဂျော်၊ ဇဝါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ရေမွန် (Idiots) နဲ့ ဖော်ကာ (Wanted) တို့က သီချင်းတွေကို ရေးစပ်ပေးထားပါတယ်။ တေးရေးအင်အားကိုကြည့်တာ နဲ့တင်ပဲ စမိုင်းလ်ရဲ့ အယ်လ် ဘမ် ဟာ ရော့ခ်အငွေ့အသက်မကင်းနိုင်ဘူးဆိုတာသိသာပါ တယ်။ သီချင်း ၁၁ပုဒ်ပါဝင်မယ့် စမိုင်းလ်ရဲ့အယ်လ်ဘမ်မှာအင်္ဂလိပ် သီချင်းနှစ် ပုဒ်နဲ့ မြန်မာ သီချင်းကိုးပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ Rock  စတိုင်တွေ လွှမ်းခြုံ နေမယ့် စမိုင်းလ်ရဲ့ အခွေထဲမှာတော့ အစဦးဆုံးအပုဒ်ကို Hello ချစ်သူဆိုတဲ့ သီချင်းအေးအေးလေးနဲ့ စထားပါတယ်။

” နောက်ပိုင်းသီချင်းတွေက တဖြည်းဖြည်း Tempo  မြင့်သွားမယ်။ အရှေ့ဆုံးမှာတော့တော်တော်ချိုတဲ့သီချင်းလေးကိုထားထားတယ်”  လို့ စမိုင်းလ်ကပြောပါတယ်။ New Me စီးရီးထဲမှာ သီချင်းအနှေးလေးတွေအပြင်မြူးကြွတဲ့ သံစဉ်တွေနဲ့ ပြင်းထန်တဲ့ ရော့ခ်ဂီတရဲ့ အနှစ်သာရကို ခံစားရမှာဖြစ်ပါတယ်။ စမိုင်းလ်ရဲ့အခွေထဲမှာ သူ့ရဲ့ သမီးလေးအတွက်ခံစားသီဆိုထားတဲ့ “သမီးလေး”   ဆိုတဲ့သီချင်းလည်းပါဝင်မှာ ဖြစ်ပြီးဗီနိုထွန်းကရေးစပ် ပေးထားတာဖြစ်ပါတယ်။

” ဗီနိုမှာလည်း သမီးလေး မွေးထားတော့ ဆိုသူ၊ ရေးသူ ခံစားချက်ချင်းတိုက်ဆိုင်ပြီး ဒီသီချင်းလေးကတော့ အမှတ်တရဖြစ်သွားတယ်။ ပြီးတော့ စမိုင်းလ်တို့ သမီးကြီး ကိုစမွေး တဲ့အချိန်မှာအင်္ဂလန်မှာ စမိုင်းလ်တို့ အခက်အခဲတွေနဲ့ အဆင်မပြေတဲ့အချိန်ဖြစ်နေတယ်။ခက်ခက်ခဲခဲမွေးခဲ့ရ တယ်။ အဲဒီတော့ ဒီသီချင်းလေး ကအမှတ် တရ ဖြစ်တာပေါ့” လို့ စမိုင်းလ်က ပြောပါတယ်။ စမိုင်းလ်ရဲ့အခွေထဲက Music  ပိုင်းကိုတော့ ကျားပေါက်က အစအဆုံးကူညီပေးထားတာကြောင့် ပန့်ရောခ့်ဟန်တွေ လွှမ်းနေမှာဖြစ်ပါတယ်။ စမိုင်းလ်က စီဒီကာဗာ ကိုလည်းရောခ့်ဆန်ဆန် ရိုက်ကူးထားပြီး ကာဗာကိုမြင်တာနဲ့ ဂီတရဲ့အငွေ့အသက်တွေကိုပါ ခံစားနိုင်စေဖို့ရည်ရွယ်ထား တယ်လို့လည်းသိရပါတယ်။

စမိုင်းလ်က နိုဝင်ဘာ ၃ ရက်နေ့မှာ စီဒီထွက်ရှိပြီးတဲ့နောက် အမ်တီဗီကိုလည်း အမြန်ဆုံးထွက်ရှိလာမယ်လို့ သိရပါတယ်။အဆင့်မြင့် Red ကင်မရာများနဲ့ရိုက်ကူး ထား ပြီး ပြည်ပကဒါရိုက်တာများနဲ့ပါ ရိုက်ကူးထားတယ်လို့လည်း  သိရပါ တယ်။ မိန်းကလေးဖြစ်တဲ့အ လျောက် မိန်းကလေးဆန်ဆန် သီချင်းချိုချို လေးတွေကို မရွေးချယ် ဘဲ ဟဲဗီးဖြစ်  မယ့် သီချင်းပြင်းပြင်းတွေကို ရွေး ချယ်ဖြစ်တဲ့အပေါ်မှာလည်း မိုင်းလ်က..

” စမိုင်းလ်အသံက သြသြ ရှရှ လည်းရှိတယ်။ ပြီးတော့ ရော့ခ်ဂီတကိုလည်း အရင်ကတည်းက ကြိုက်တော့ လုပ် ဖြစ်သွားတာ။ တော်တော် များများကလည်း မိန်း ကလေးဆန်တဲ့ သီချင်းပုံစံမျိုး လုပ်ခိုင်းတယ်။ ဒါပေမဲ့ စမိုင်းလ်အနေနဲ့ သီးသန့် တစ်လိုင်းသွားချင်တာလည်း ပါတယ်။ ဒီလို ရော့ခ်ဆန်တဲ့ ပုံစံမျိုး မိန်းကလေးထဲမှာလည်း လုပ်ကြတာ တော်တော်ရှားသေးတော့ လမ်းလေး ဖောက်ချင်တာ လည်းပါပါတယ်” လို့ လည်း စမိုင်းလ်က ရော့ခ်ဂီတကို ရွေးချယ်ဖြစ်ပုံ နဲ့ပတ်သက်ပြီး ပြော ပါ တယ်။ ရော့ခ် အငွေ့အသက်များစွာနဲ့ ထွက်ရှိလာတဲ့ စမိုင်းလ်ရဲ့ New Me  စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ အောက်တို ဘာ ၁၅ ရက်၊ နေ့လယ် ၁ နာရီအချိန်က Park Royal ဟိုတယ် မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ စမိုင်းလ်ရဲ့ စာနယ်ဇင်းအခမ်းအနားမှာလည်း ဂီတလောက မှ တေးရေး ဆရာများ၊ အနု ပညာရှင်များ စုံလင်စွာ တက် ရောက် ခဲ့ကြပြီး စမိုင်းလ်ကို ကြိုဆိုခဲ့ကြပါတယ်။ စမိုင်းလ်ရဲ့ အခွေပရိုမိုးရှင်းပွဲ ကိုတော့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ် ၂ နာရီကနေ ညနေ ၆ နာရီ အထိ တော်ဝင်စင်တာ မှာအနုပညာ ညီအစ်ကို မောင်နှမများစုံလင်စွာနဲ့ အမှတ် တရလက်မှတ်ရေးထိုး သီဆို ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

 ရဲရဲ - Popular Journal

ရည်းစားနှင့် ချိန်းတွေ့ပြီး ယောက်ျားလေးကို ရွှေလက်ကောက်ခိုးယူဟု စွပ်စွဲ

မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၀င်းယူနတီဟိုတယ်တွင် တည်းခိုခဲ့ပြီးနောက် စုံတွဲတစ်တွဲမှ မိန်းကလေးဖြစ်သူက ရွှေလက်ကောက် ပျောက်ဆုံးသွား သည့်အတွက် သူမနှင့်အတူ တည်းခိုခဲ့သူယောက်ျားလေးကို ခိုးယူပေါင်နှံသူအဖြစ် စွပ်စွဲတိုင်တန်းလိုက်သည့်အတွက် ရဲစခန်းက အမှုဖွင့်လိုက်သည်။

အဆိုပါ မိန်းကလေးမှာ မုံရွာမြို့တွင် အိမ်ငှားနေထိုင်ကာ စာရင်းအင်း ပညာရပ်သင်တန်းများ တက်ရောက် နေသူဖြစ်ပြီး ရည်းစားဖြစ်သူ၏ ချိန်းဆိုချက်အရ အောက်တိုဘာ ၅ ရက်က ၀င်းယူနတီဟိုတယ်တွင် တည်းခိုရန် သွားရောက်ခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ခိုးယူခံရသည်ဟု စွပ်စွဲထားသည်မှာ ပလက်တီနမ်မှုတ်ထားသည့် တစ်ကျပ်သားခန့်ရှိသည့် ရွှေထည် လက်ကောက်နှစ်ကွင်းဖြစ်ပြီး ဟိုတယ်တွင် တည်းခိုနေစဉ်အတွင်း မိန်းကလေး၏ လက်ကိုင်ပိုက်ဆံ အိတ်အတွင်း ထည့်ထားခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ပျောက်ဆုံးသည့်နေ့က ညစာစားရန်အတွက် လက်ကိုင်အိတ်ကို ဟိုတယ်တွင်ထားရှိကာ အပြင်သို့ထွက် သွားခဲ့ပြီးနောက် ညနေ ၆ နာရီခန့်တွင် ဟိုတယ်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အခါ ရွှေလက် ကောက်များ မပါတော့သည့်အတွက် ရည်းစားဖြစ်သူထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သေးကြောင်း မိန်း ကလေးက ဆိုထားသည်။

သို့သော် သူမ၏ ရည်းစားဖြစ်သူက ရွှေလက်ကောက်များ ရယူထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး အောက် တိုဘာ ၂၆ ရက်တွင် မုံရွာရဲစခန်းတွင် ရည်းစားဖြစ်သူကို အရေးယူပေးပါရန် တိုင်းတန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရဲစခန်းက အမှုဖွင့်ခဲ့ပြီး စစ်ဆေးချက်များအရ ရွှေလက်ကောက်နှစ်ကွင်းကို နန်ချွန်အပေါ်ဆိုင် တွင် ပေါင်နှံထားကြောင်း သိရှိခဲ့ကြသည်။

ကိုတိုးကြီး - Mizzima - News in Burmese


ဩစတြေးလျမြောက်ပိုင်းတွင် ရှားပါးတိရစ္ဆာန်သုံးမျိုးတွေ့ရှိ

[ ဆစ်ဒနီ ၊ အောက်တိုဘာ ၂၈ ၊ Ref-AFP ]

ဩစတြေးလျနိုင်ငံမြောက် ပိုင်းCape York ကျွန်းဆွယ်ပေါ် ရှိ တောင်ထူထပ်သောCape Melville တွင် ရှားပါးသောကျော ရိုးရှိ သတ္တဝါသုံးမျိုးအား သိပ္ပံ ပညာရှင်James Cook နှင့် National Geographic မှ ဓာတ် ပုံသမားအဖွဲ့တို့က ယခုနှစ် စော စောပိုင်းက တွေ့ရှိခဲ့ကြကြောင်း၊ ထိုနေရာဒေသအား ပျောက်ဆုံး နေသောကမ္ဘာဟု အမည်ပေးခဲ့ ကြောင်း သိရသည်။

သစ်ရွက်ပုံအမြီးရှိသော တောက်တဲ့၊ ရွှေရောင်သမ်းသော တွားသွားသတ္တဝါစားသည့် ကင်း လိပ်တစ်မျိုးနှင့် ကျောက်တုံးကြီး များအနီးနေသော အဝါရောင်ဖား တို့သည် မျိုးစိတ်သစ်များဖြစ်ပြီး ထိုဒေသတွင် ဂရင်းနိုက်ကျောက် တုံးကြီး သန်းပေါင်းများစွာရှိနေ ကြောင်းလည်း သိရသည်။

အရှည်ခုနစ်လက်မကျော် ရှိသော သစ်ရွက်ပုံအမြီးနှင့် တောက်တဲ့သည် ဩစတြေးလျ တိုက်တွင် မိုးသစ်တောများ ပျံ့ နှံ့စဉ်ကာလက ရှိခဲ့သောသတ္တဝါ မျိုးဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်ဖြစ်သည်။ ''ယခုကဲ့သို့ ထူးဆန်းသတ္တဝါများရှိနေသော နေရာများ၊ မစူးစမ်းမရှာဖွေခဲ့ သော နေရာများ ကျန်ရှိနေမှုကို အံ့ဩမိတယ်''ဟု သုတေသီ Tim Laman က ပြောသည်။ထိုသတ္တဝါများ နှစ်သန်း ပေါင်းများစွာပျောက်ကွယ်ခဲ့ခြင်း မရှိဘဲ ရှင်သန်နေခြင်းသည် မယုံ ကြည်နိုင်စရာကောင်းကြောင်း၊ အံ့ဖွယ်သူရဲဖြစ်ကြောင်း James Cook တက္ကသိုလ်မှ Conrad Hoskin က ထုတ်ဖော်ပြောသည်။

Yangon Media Group

အာရှမျက်နှာသစ်မော်ဒယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မော်ဒယ်သုံးဦး ရွေးချယ်ပြီးစီး

ဓာတ်ပုံ-နစ်ကီ

Face Of Myanmar ပြိုင်ပွဲကျင်းပကာ အောင်ချမ်းမြ၊Tha dar Mariah ၊ ဇွန်သံစဉ်တို့ သုံးဦးကို ရွေးချယ်ပြီး ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည် Asia New Star Model Contest 2014 ပြိုင်ပွဲသို့ ဇန်န၀ါရီလတွင် သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။

အမျိုးသားမော်ဒယ် လာရောက်ယှဉ်ပြိုင်သူ ဦးရေတစ်ရာကျော်ထဲမှ အဆင့်ဆင့် ရွေးချယ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ၁၆ ဦး၊ အမျိုးသမီးမော်ဒယ် ၁၃ ဦးတို့ကို     ယှဉ်ပြိုင်စေခဲ့ပြီး    Face of Myanmar Male ဆုကို  မော်ဒယ်ဘွိုင်း အောင်ချမ်းမြ၊ Face of Myanmar Female ဆု ကို Tha Dar Mariah နှင့် Title ဆုရရှိသူများထဲမှ Cabaco ရရှိသော ဇွန်သံစဉ်တို့ရရှိခဲ့သည်။
၎င်းတို့ကို မို့မို့မြင့်အောင်၊ လူမင်း၊ ပြိုင်ပွဲမှတာဝန်ရှိသူလေးဦးတို့က ဒိုင်အဖြစ်ဆောင်ရွက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဆန်ခါတင် ၂၉ ဦးထဲမှ မိန်းကလေး ငါးဦး၊ ယောက်ျားလေး ငါးဦး ထပ်မံရွေးချယ်ကာ ကျွမ်းကျင်မှုတစ်မျိုးစီနှင့် ဉာဏ်စမ်းမေးခွန်းများဖြေကြားစေပြီး တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့်သုံးဦးကို ထပ်မံ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲကိုအောက်တိုဘာ ၂၆ ရက် ညနေက Strand Hotel တွင် ပြုလုပ်ခဲ့သည်။ Face of Myanmar  ပြိုင်ပွဲကို Aqua Land ကုမ္ပဏီနှင့် ကိုရီးယားမော်ဒယ်အဖွဲ့အစည်းတို့ ဦးစီးကျင်းပခြင်းဖြစ်ပြီး ယခုပြုလုပ်သောပွဲမှာ  ဒုတိယအကြိမ်ဖြစ်သည်။
ပထမဆုံးအကြိမ်ပြိုင်ပွဲတွင် ရွေးချယ်ခဲ့သော အမျိုးသားမော်ဒယ် နှစ်ဦး၊ အမျိုးသမီးမော်ဒယ် လေးဦးတို့သည် တောင်ကိုရီးယားသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ မော်ဒယ်ထွန်းကိုကိုက Asia New Star Model Contest 2013 ပထမဆုကို ရရှိခဲ့သည်။

7Day Daily

ဂျကာတာလမ်းပေါ်မှ မျောက်ပွဲကို ပိတ်ပင်တားမြစ်

[ ဂျာကထာ ၊ အောက်တိုဘာ ၂၇ ၊ Ref-BBC ]

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်အုပ်ချုပ်ရေးမှူး ဂျိုကို ဝီဒူဒူက လမ်းဘေးတွင်ပြုလုပ် သည့် မျောက်ပြပွဲကိုပိတ်ပင်တား ဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
မျောက်ပြပွဲပြုလုပ်ခြင်းက မညှာမတာ ရက်စက်ရာကျသကဲ့ သို့ ရောဂါဖြစ်ပွားစေသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခြင်းလည်းဖြစ် သည်။ လူအများစည်ကားသော လမ်းပေါ်တွင် မျက်နှာဖုံးတပ်ဆင် ထားသော မျောက်များကိုအသုံး ချ၍ ပြပွဲပြုလုပ်ခြင်းကို အင်ဒို နီးရှားလုံခြုံရေးတပ်ဖွဲ့က တပ်ဖြန့် ကာ လိုက်လံစီးနင်း၍ မျောက်များ ကို ကယ်ဆယ်ခဲ့ရသည်။

ဂျကာတာအုပ်ချုပ်ရေးမှူး က လမ်းဘေးမျောက်ပြပွဲကို လာ မည့်နှစ်တွင် အပြီးသတ်ရှင်းလင်း ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက် မှုကို ရပ်တန့်ရန်နှင့် အများပြည် သူဆိုင်ရာ အဆင့်တိုးတက်မှုရှိစေ ရေးအပြင် မျောက်များသယ် ဆောင်လာသော ရောဂါများမှ အကာအကွယ်ပေးရန် ရည်ရွယ် ချက်ဖြင့် မျောက်ပြပွဲကိုပိတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂျ ကာတာအုပ်ချုပ်ရေးမှူးက ပြော ကြားခဲ့သည်။

မြို့တော်အစိုးရက မျောက် အားလုံးကိုဝယ်ယူ၍ ဂျကာတာမြို့ ရှိ ရာဂူနန်တိရစ္ဆာန်ရုံတွင် ထိန်း သိမ်းစောင့်ရှောက်ထားမည်ဖြစ် သကဲ့သို့ မျောက်ပြပွဲခင်းကျင်း သူများနှင့် မျောက်ပိုင်ရှင်များကို အလုပ်သစ်ရရှိစေရေးအတွက် စီမံပေးသွားမည်ဟု သိရသည်။အင်ဒိုနီးရှားတိရစ္ဆာန်အခွင့် အရေးအုပ်စုက မျောက်ပွဲများကို ပိတ်ပင်ရန် ကာလရှည်ကြာက တည်းက စည်းရုံးလှုံ့ဆော်နေခြင်း ဖြစ်သည်။

Yangon Media Group

chatroom ကြောင့် ချွေးမနှင့် ချိန်းတွေ့မိခဲ့သည့် တရုတ်အမျိုးသား

တရုတ် အမျိုးသား တစ်ဦးဟာ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ တွေ့ဖို့ ချိန်းမိခဲ့တဲ့ မိန်းကလေးဟာ သူ့သားရဲ့ မိန်းမ ဖြစ်နေတာကြောင့် ပြဿနာတွေ တက်ခဲ့ရကြောင်း သိရပါတယ်။

အသက် ၅၇ နှစ်ရှိ အဆိုပါ တရုတ်အမျိုးသား ၀မ်ဟာ သူ့ချွေးမဖြစ်သူ လီလီနဲ့ အွန်လိုင်း ချက်ရွန်းမှ တဆင့် သိကျွမ်း ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ မိမိတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို လိမ်ညာ ခဲ့ကြတာပါ။

အချင်းချင်း လိမ်လည် ပို့ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ နှစ်ယောက်ဟာ တရုတ်နိုင်ငံ၊ မူလင်မြို့ရှိ ဟိုတယ် တစ်လုံးမှာ တွေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။

လီလီရဲ့ ခင်ပွန်းဖြစ်သူ တကျွန်းဟာ အွန်လိုင်းမှာ သူ့ဇနီးနဲ့တွေ့ဖို့ ချိန်းလိုက်တဲ့ သူဟာ ဖခင်ဖြစ်နေတယ် ဆိုတာ သိသွားတဲ့ အခါမှာတော့ ဒေါသထွက်ပြီး ဖခင်ကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။

တကျွန်းဟာ သူ့ဖခင်ကို လက်သီးနဲ့ ထိုးပြီးတဲ့အခါ ဟိုတယ် ၀န်ထမ်းက ရဲကို ဖုန်းဆက် လိုက်တာကြောင့် ရဲက သူတို့ ၃ ဦးစလုံးကို ထိန်းသိမ်း ခဲ့ပါတယ်။ ယခုတော့ ဖခင်ကို တိုက်ခိုက်မှုနဲ့ တကျွန်းကို ၅ ရက်ကြာ ထိန်းသိမ်း ထားပြီး မူလင်မြို့ ရဲဌာနက အရာရှိတွေဟာ ၀မ်နဲ့ လီလီကို စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရပါတယ်။

MRTV-4

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့
လမ်းမှားသို့ ဦးတည်နေသော ပုံစံမျိုးဖြင့် မိမိ နာမည် မကြီးလိုကြောင်း ကေတီပယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။ Popဂီတ အဆိုတော် ကေတီက လက်ရှိ ဝေဖန်မှုများ ကြုံနေရသည့် မိုင်လီဆိုင်းရပ်စ်နှင့် နှိုင်းယှဉ် သုံးသပ်ခံရသော မေးခွန်းမျိုးကို ပါးနပ်စွာ ရှောင်လွှဲ ဖြေဆိုသွားခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့သည်။ Le Grand ဂျာနယ်က သူမကို နာမည်ကျော်ရန် မည်သို့သော နည်းလမ်းကိုဖြစ်ဖြစ် အသုံးပြုရန် စိတ်ကူးရှိမရှိ မေးမြန်းရာ ကေတီက မရှိကြောင်း ဖြေဆိုသွားသည်။

"ကျွန်မက ကိုယ့်အာရုံနဲ့ ကိုယ်ပဲ စူးစိုက်ထားပါတယ်။ ကျွန်မ ရွေးချယ်တဲ့ အရာက ဂီတပါပဲ။ ကျွန်မအနေနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရပ်တည်တဲ့ အမျိုးသမီးတိုင်းကို လေးစားမှု ထားမှာပါ။ လူတိုင်းက ကိုယ့်ရွေးချယ်မှု တစ်ခုခုကို ကိုယ်ပိုင်လမ်းကြောင်းနဲ့ သွားနေကြမှန်း ကျွန်မသိတယ်လေ"ဟု ကေတီက ဆိုသည်။ သူမက "ကျွန်မအတွက်ကတော့ ဂီတနဲ့ ဖျော်ဖြေမှု ပေးနေတဲ့သူ အဖြစ်ပဲ လူတွေနားလည်စေချင်တယ်။ လူတွေ နားထောင်ဖို့၊ ကြည့်ဖို့အတွက်တော့ ဆိုးယုတ်တဲ့ နည်းလမ်းမျိုး မသုံးချင်ဘူး။ ဘယ်သူတွေက ဘာတွေ သုံးတယ်လို့တော့ ကျွန်မ မပြောဘူးနော်"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

အမှိုက်မှ ရွှေဖြစ်သွားသည့် တရုတ် ကြွေကရားအိုးကြီး

အမှိုက်မှ ရွှေဖြစ်သွားသည့် တရုတ် ကြွေကရားအိုးကြီး အိမ်ပြောင်းရန် အကြောင်းဖန်လာသည့်နောက် ပစ္စည်းဟောင်းများကို ထုတ်ရောင်းသည့် အချိန်ကျမှ လေလံဌာန တာဝန်ရှိသူများက ရှေးဟောင်း အဖိုးတန် လက်ရာ တစ်ခုအဖြစ် သတိပြုမိလာခြင်း ဖြစ်သည်။
ရှေးဟောင်း တရုတ် ကရားအိုးကြီး တစ်လုံးသည် အဟောင်းဈေးဖြင့် ထုတ်ရောင်း ချိန်ကျမှာ ပေါင်စတာလင် တစ်သိန်းခွဲမျှ တန်ဖိုးရှိနေသည်ကို အံ့ဩဖွယ် တွေ့ရှိခဲ့ရသည်။ အိုးကြီး၏ ပိုင်ရှင်သည် မျိုးရိုးစဉ်ဆက် အမွေအဖြစ် ယင်းကို လက်ဆင့်ကမ်း ရရှိလာသော်လည်း တန်ဖိုးကို နားမလည်ခဲ့ချေ။ အိမ်ပြောင်းရန် အကြောင်းဖန်လာသည့်နောက် ပစ္စည်းဟောင်းများကို ထုတ်ရောင်းသည့် အချိန်ကျမှ လေလံဌာန တာဝန်ရှိသူများက ရှေးဟောင်း အဖိုးတန် လက်ရာ တစ်ခုအဖြစ် သတိပြုမိလာခြင်း ဖြစ်သည်။ သို့သော်လည်း လေလံစတင်ရာတွင် ကြမ်းခင်းဈေးကို ပေါင်စတာလင် (၂၀၀၀)မျှသာ သတ်မှတ်ခဲ့သည်။ နောက်ဆုံးတွင်မူ ကြမ်းခင်းဈေးထက် (၂၅)ဆမျှ ရရှိကာ ပေါင်စတာလင် (၁၅၄၂၅၀)ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

ယင်းအိုးကြီးသည် ရှေးခေတ်က တရုတ်မိသားစု ဧည့်ခန်းများတွင် ရေနွေးထည့်၍ သိုလှောင်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသည်။ ကီယင်လွမ် ဘုရင် အုပ်စိုးစဉ် (၁၈)ရာစုက လက်ရာတစ်ခုဟု သုတေသီများက အကဲခတ် အတည်ပြုခဲ့ပြီးနောက် ရှေးဟောင်း ပစ္စည်း စုဆောင်းသူက ငွေအမြောက်အမြားဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အဖြူရောင် အောက်ခံတွင် ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင်နှင့် အနီရောင်များ စီခြယ်ထားသည့် အိုးကြီးသည် လေလံပွဲသို့ မရောက်မီက ဖုန်အလိမ်းလိမ်းနှင့် ညစ်ထေးနေခဲ့သည့် အဟောင်းပစ္စည်း တစ်ခုသာ ဖြစ်ခဲ့ရသည်။ ယင်းအိုးကြီးသည် အမြင့်(၁၄)လက်မရှိပြီး ဗြိတိန်နိုင်ငံ၊ ရှာဘိုနီရှိ Charterhouse လေလံဌာနက တာဝန်ယူ ရောင်းချပေးခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

မန်စီးတီးကို ထိုက်တန်စွာ အနိုင် ရခဲ့ခြင်းဟု တောရက်စ် သုံးသပ်

ချယ်လ်ဆီး အနေဖြင့် မန်ချက်စတာ စီးတီးကို ထိုက်တန်စွာ အနိုင် ရခဲ့ခြင်း ဖြစ်ကြောင်း တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးသည် အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် မန်စီးတီးနှင့် (၁)ဂိုးစီ သရေ ကျနေ ခဲ့သော်လည်း စပိန် လက်ရွေးစင် တောရက်စ်က ပွဲပြီး ခါနီးတွင် ပြိုင်ဘက် ဂိုးသမား ဂျိုးဟတ်၏ အမှားကို ပိုင်နိုင်စွာ အသုံးချကာ (၃)မှတ်တန် ဂိုးကို သွင်းယူ ပေးခဲ့သည်။ တောရက်စ်သည် ယခု ပွဲစဉ်တွင် အပိုင် အခွင့်အရေး တစ်ရပ်ကို ဆုံးရှုံး ခဲ့သော်လည်း အနိုင် ဂိုးကို အရယူ ပေးခဲ့သလို အင်ဒရီ ရှာရဲလ်၏ ဦးဆောင်ဂိုးတွင်လည်း အားထုတ် ကူညီခဲ့သည်။ ၎င်းက မန်စီးတီးနှင့် ပွဲကြီးပွဲကောင်း ကစားပြီး မိမိတို့ အသင်း ထိုက်တန်စွာ အနိုင် ရခဲ့ခြင်းဟု မှတ်ချက်ပြုခဲ့သည်။

တောရက်စ်က "မန်စီးတီးလို ထိပ်တန်းအသင်း တစ်ခုနဲ့ ကစားတဲ့ အခါ ရလဒ်က ဘာမဆို ဖြစ်နိုင်ပါတယ်။ နောက်ဆုံးမိနစ် ဂိုးနဲ့ အနိုင်ရခဲ့တာမျိုးကတော့ ပိုပြီး ချိုမြိန်တယ်လို့ ဆိုရမှာပါ" ဟု ဆိုသည်။ ၎င်းက "တကယ်လို့ (၁-၁)နဲ့ ပွဲပြီးခဲ့မယ်ဆိုရင် မျှတတဲ့ ရလဒ် မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ပွဲချိန် တော်တော်များများကို ကျွန်တော်တို့က ထိန်းချုပ် ထားတာပါ။ အသင်း အနေနဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်းမှာ ပိုသိသာခဲ့ပါတယ်။ ဒါပေမဲ့ ဆာဂျီယို အဂူရိုလို ကစားသမားမျိုးဟာ အပြောင်းအလဲတွေ ဖန်တီးနိုင်တယ် ဆိုတာကိုတော့ လက်တွေ့ မြင်ခဲ့ရပါတယ်။ သူတို့ဟာ ဘယ်အချိန်မှာ မဆို ဂိုးသွင်းနိုင်စွမ်း ရှိတဲ့အသင်းပါ" ဟုလည်း ပြောကြားခဲ့သည်။

တောရက်စ်က "အဆုံးမှာတော့ ကျွန်တော်တို့ ခုပွဲကို နိုင်ခဲ့တယ်။ ဒါဟာ ထိုက်တန်တဲ့ အနိုင် ရလဒ်ပါ။ ကျွန်တော်တို့ အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတစ်ခုကို ပထမဆုံး အကြိမ် အနိုင်ရတဲ့ အတွက် ပျော်ပါတယ်" ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ၎င်းက နောက်ကျဂိုးနှင့် ပတ်သက်ပြီး "ပွဲရဲ့ အရေးအပါဆုံး အခိုက်အတန့်က ဘာလဲဆိုတာ အားလုံး သဘောပေါက်ခဲ့ပြီ ဖြစ်မှာပါ။ အမြောက်ကန်တင် လိုက်တဲ့ ဘောလုံးဟာ နောက်ခံလူနဲ့ ဂိုးသမားကြားမှာ နားလည်မှု အကောင်းဆုံး ဖြစ်စေမယ့် အနေအထား မဟုတ်လောက်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်က အသာစီး ရနိုင်ပါတယ်။ ပွဲတစ်ပွဲမှာ ဘောလုံးတိုင်းဟာ အရေးအပါဆုံး အပြောင်းအလဲ ဖြစ်နိုင် ပါတယ်။ ဘယ်လို ဘောလုံးမျိုးကမဆို ကိုယ့်အတွက် အသာရဖို့ ဖြစ် လာနိုင်တယ် ဆိုတာကို နားလည်ထားရပါမယ်"ဟုလည်း ပြောဆိုသွားသည်။

Ref:Dailymail
Soccer Myanmar

လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၇.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန်တွင်ဦးအောင်မြင့်သည်နေအိမ်၌ရှိနေစဉ်
လှည်းကူးမြို့နယ်၊ ဆင်ဖုံရွာနေ သားဖြစ်သူအောင်ကျော်မိုးနှင့် ချွေးမဖြစ်သူ မအေးအေးနိုင် (ဘ)ဦးထွန်းဖေတို့သည် ဆန်သယ်သည့်ကိစ္စနှင့်ပတ်သက်၍ လင်မယားချင်းစကားများ ရန်ဖြစ်ကြစဉ် သားဖြစ်သူမှ ချွေးမဖြစ်သူအား လက်သီးဖြင့်ထိုးကာလည်ပင်းအားညစ်သဖြင့်အနီးရှိထရံတွင်ထိုးထားသော စတီးဓါးအား ချွေးမဖြစ်သူမှ ဆွဲယူပြီးသားဖြစ်သူအား ထိုးခဲ့သဖြင့် လည်ပင်းတွင်ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားခဲ့၍ ချွေးမဖြစ်သူ မအေးအေးနိုင်အား အရေးယူပေးရန် ဦးအောင်မြင့်မှ တိုင်တန်းသဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၄၅၀/၂၀၁၃၊
ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်၌ အသက် ၁၈ နှစ်အရွယ် တန့်ယန်းသူပျောက်ဆုံး

အောက်တိုဘာ ၂၅ ရက် ၂၀၁၃

တာချီလိတ် - မယ်ဆိုင် (မြန်မာ - ထိုင်း) နယ်စပ် တံတားပေါ် ၌ အစ်ကိုဖြစ်သူနှင့်တွေ့ဆုံရန် စောင့် ဆိုင်းနေစဉ် အသက် ၁၈ နှစ်အရွယ် တန့်ယန်းသူတဦး ပျောက်ဆုံးသွားသောကြောင့် မိသားစုများ ပူပင်သောက ရောက်နေသည်ဟု အစ်ကိုဖြစ်သူက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ၆ ရပ်ကွက် ပါလျန်ရွာသစ်နေ စိုင်းလျဲန် နှင့် နန်းလှ တို့၏ သမီး နန်းပီး အသက် ၁၈ နှစ် သည် အောက်တိုဘာ ၂၃ ရက်နေ့ က တာချီလိတ် - မယ်ဆိုင်တံတား၌ ၇ ရက် သက်တမ်း နယ်ခြားကူးလက်မှတ်လုပ်ပြီး တံတားအကူး အစ်ကိုဖြစ်သူနှင့်တွေ့ဆုံရန် စောင့်ဆိုင်း စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

“ကျနော်တို့ တံတားမှာရှိတဲ့ နှစ်နိုင်ငံအာဏာပိုင်တွေကို တိုင်တန်းထားပြီးပြီ။ ထိုင်းဘက် လုံခြုံရေးကင် မရာကို ကျနော်တို့ သွားတောင်းကြည့်တော့ သူထိုင်းဘက်ဝင်သွားတဲ့အချိန် အင်္ကျီဖြူ နဲ့ အမျိုးသမီး တယောက်က သူ့ကိုခေါ်သွားတယ်။ လုံခြုံရေးကင်မ ရာမှတ်တမ်းအရ မနက် ၇ နာရီ ၄၆ မိနစ် ၃၈ စက္ကန့် မှာပါ” - ဟု အစ်ကိုဖြစ်သူ စိုင်းခမ်းလ က ပြောသည်။

ရဲအရာရှိတဦးက လူပျောက်သတင်းများ လက်ခံရရှိထားကြောင်း၊ သို့သော် နန်းပီး ပျောက်ဆုံးမှု နှင့်ပတ်သက်၍ တရားဝင်တိုင်တန်းမှု မရသေးကြောင်း ပြောပါသည်။

နန်းပီး၏ အစ်မ ဝမ်းကွဲတဦးကလည်း “ တဘက်ကလဲ တွေ့အောင်ရှာမယ်။ အာဏာပိုင်တွေကို လဲ တိုင်ထားတယ်။ ယုံကြည်မှုအရ အကြားအမြင်ဆရာတွေကို သွားမေးတော့ နန်းပီးက ထိုင်းဘက်ကမ်း မှာမရှိဘူး။ ဗမာဘက်ကမ်းမှာဘဲရှိနေတယ်လို့ဟောတယ်။ တန့်ယန်းက ဆရာကော၊ ချင်းမိုင်က ဆရာကော ဒီလိုဟောတယ်။ ကျမတို့ညီမလေး မိသားစုဆီအမြန်ဆုံးပြန်ရောက်ဖို့ ကူညီပေးကြပါရှင် ” ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့ နှင့် ထိုင်းနိုင်ငံမြောက်ဘက်စွန်း မယ်ဆိုင်မြို့တို့ သည် ဆက်စပ် နေသည့် နှစ်နိုင်ငံနယ်ခြားမြို့ဖြစ်သည့်အတွက် မှောင်ခိုမှု၊ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှု လူကုန်ကူးမှု မကြာခဏ ဖြစ်ပေါ်သည့် မြို့များဖြစ်သည်။

သျှမ်းသံတော်ဆင့်

အကောင်းဆုံး အသင်းကို အနိုင် ရခဲ့ခြင်းဟု မော်ရင်ဟို ကြွေးကြော်

မိမိတို့ အသင်းသည် အကောင်းဆုံး ပြိုင်ဘက်ကို အနိုင် ယူခဲ့ခြင်း ဖြစ်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ဝံ့ကြွားစွာ ပြောကြားခဲ့သည်။

ချယ်လ်ဆီးသည် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် မန်စီးတီးကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ခဲ့ရသော်လည်း ဖာနန်ဒို တောရက်စ်၏ နောက်ကျ သွင်းဂိုးဖြင့် (၃)မှတ် အပြည့် ရခဲ့သည်။ (၂-၁)ဖြင့် ပြီးဆုံးခဲ့သော ပွဲစဉ်တွင် ပထမပိုင်း၌ ချယ်လ်ဆီးက ပိုမို ခြေစွမ်းပြပြီး ဦးဆောင် ခဲ့သော်လည်း မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂူရိုက ဒုတိယ ပိုင်းတွင် ချေပဂိုး ပြန်သွင်းသလို ချယ်လ်ဆီးကို တန်ပြန် ဖိအားပေးနိုင် ခဲ့သည်။ သို့သော်လည်း ခံစစ်ပိုင်း အမှား တစ်ရပ်ကြောင့် မန်စီးတီးတို့ အရှုံး ရလဒ်နှင့် ရင်ဆိုင် ခဲ့ရခြင်း ဖြစ်သည်။

မော်ရင်ဟိုက "ပထမပိုင်းကတော့ ကျွန်တော်တို့ရဲ့ အချိန်ကောင်းပဲ။ ကျွန်တော်တို့က သိသိသာသာ ပိုကောင်းခဲ့တယ်။ အကောင်းဆုံး အသင်း တစ်ခုထက် သိသိသာသာ ပိုကောင်းဖို့ ဆိုတာက ခက်ခဲတဲ့ အရာပါ။ ကျွန်တော်တို့ ခုထက်ပိုပြီး ဂိုးရခဲ့သင့်တယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးက ပိုပြီး အားကောင်းလာတယ်။ သိပ်ကောင်းတဲ့ ဂိုးတစ်ဂိုး ပြန်သွင်းသွားတဲ့ အခါ ပွဲစဉ် အခြေအနေက ဘာမဆို ဖြစ်နိုင်ခြေ ရှိလာတယ်" ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "နှစ်သင်းလုံး အတွက် အခွင့်အရေး ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ ကံတရားဟာ ပွဲရလဒ်ကို ဆုံးဖြတ်ဖို့ နည်းနည်း အရေးပါလာပြီလေ။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ ဆိုနိုင်သလို ယုံကြည်ချက်ကို မလျှော့ချ ခဲ့ဘူးလို့လည်း ပြောနိုင်တယ်။ တောရက်စ်ဟာ ဖြစ်နိုင်ခြေ နည်းလွန်းတဲ့ ဘောလုံးနောက် မလျှော့တမ်း ပြေးလိုက် သွားခဲ့တယ်လေ" ဟုလည်း ဆိုသည်။

၎င်းက "ကျွန်တော်တို့ဟာ သိပ်အရေး ပါတဲ့ ပွဲစဉ် တစ်ခုကို အနိုင် ရခဲ့တာပါ။ ပြီးတော့ ပရီးမီးယား လိဂ်မှာ အကောင်းဆုံး အသင်းကို ကျွန်တော်တို့ အနိုင် ရခဲ့တယ်လို့လည်း ထင်ပါတယ်" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

Ref:skysports
Soccer Myanmar

အယ်လ်ကလက်စီကို ပွဲစဉ် အပြီးတွင် နေမာနှင့် ယှဉ်ပြီး ဝေဖန် ခံလာရသည့် ဘေးလ်

အယ်လ်ကလက်စီကို ပွဲစဉ် ရလဒ်နှင့် ပတ်သက်ပြီး ယခု နွေရာသီ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ခေါ်ယူထားသည့် အထင်ကရ တိုက်စစ်သမား နှစ်ဦးကို စပိန် မီဒီယာများက နှိုင်းယှဉ် ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။

နေမာနှင့် ဂါရတ်သ်ဘေးလ်တို့သည် ၎င်းတို့ ဘဝတွင် ပထမဆုံး အယ်လ်ကလက်စီကို အားပြိုင်မှုတွင် ပါဝင်ခွင့် ရခဲ့ကြပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး နေမာက ဂိုးတစ်ဂိုး သွင်းခဲ့သလို ပြောင်မြောက်သော ခြေစွမ်းမျိုး ပြသခဲ့သည်။ နူးကမ့်တွင် (၂-၁)ဖြင့် ဘာစီလိုနာက အနိုင် ရခဲ့သော ပွဲစဉ်အတွင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်သို့ ရောက်ရှိလာသည့် ဘေးလ်မှာ နေမာ၏ အရိပ်လွှမ်းခြင်းကို ခံခဲ့ရကြောင်း မီဒီယာများက ရေးသားခဲ့သည်။ စပိန် သတင်း ဌာနများက ဝေလ လက်ရွေးစင် တောင်ပံ လူသည် ဘရာဇီးလ်လူငယ် တိုက်စစ်မှူးလောက် ခန့်ညားသော အရှိန်အဝါ မရှိခဲ့ဟု ဖိအားပေး သုံးသပ်ခဲ့ကြသည်။

ဘာစီလိုနာသ် ပေါင်စတာလင် (၄၈.၆)သန်းဖြင့် နေမာကို ဆန်းတို့စ်ထံမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုပြောင်းရွှေ့ကြေး ပမာဏသည် ဘေးလ် အတွက် တော့တင်ဟမ် ဟော့စပါးထံ ရီးယဲလ် အသင်း ပေးချေ ခဲ့ရသည့် စတာလင်ပေါင် (၈၆)သန်းထက် များစွာ လျော့နည်းသည်။ နေမာသည် အန်းဒရက်စ် အင်နီယေစတာ ပေးပို့သော ဘောလုံးကို အလက်ဆစ် ဆန်းချက်ဇ်နှင့် ချိတ်ဆက် ကစားကာ အယ်လ်ကလက်စီကို ပွဲဦးထွက်တွင်ပင် ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘေးလ်အနေဖြင့် ဘာစီလိုနာ ဂိုးပေါက်သို့ နှစ်ကြိမ် ကန်သွင်းသော်လည်း ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် စောင့်ရှောက်နေသည့် ဂိုးဘားတန်းပေါ် ကျော်ခဲ့သလို ပထမပိုင်း မပြီးမီ အဝါထိခဲ့ပြီး ပွဲချိန် (၁)နာရီမျှတွင် လူစား လဲခံခဲ့ရသည်။

ဘာစီလိုနာ အခြေစိုက် အားကစား သတင်းစာကြီး El Mundo Deportivo က ဘေးလ်သည် ရီးယဲလ်အဆင့်နှင့် အံမဝင်ကြောင်း ဖော်ပြခဲ့သည်။ "ရီးယဲလ်ဟာ သူတို့ရဲ့ ကြယ်ပွင့်သစ် ကစားသမား မပါဝင်တော့တဲ့ အချိန်မှာ ပိုကောင်း လာခဲ့ပါတယ်" ဟု El Paisကလည်း ရေးသားခဲ့သည်။ မက်ဒရစ်ထုတ် အဆိုပါ သတင်းစာက ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီ အနေဖြင့် ဘေးလ်ကို တိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့ခြင်းကိုလည်း ဝေဖန်ခဲ့သည်။ "ဘေးလ်ကို တိုက်စစ်မြားဦး နေရာ ပို့လိုက်ခြင်းအားဖြင့် အသင်းကို နည်းပြက ဖျက်ဆီး လိုက်တာပါပဲ" ဟု El Pais က ဆိုသည်။

ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂက်စ်ကလည်း စပိန် လာလီဂါတွင် နေရာလွတ် ကျဉ်းမြောင်းစွာဖြင့် ကစားသည့် အနေအထားသည် ဘေးလ်အတွက် ကြီးမားသည့် စမ်းသပ်ချက် ဖြစ်လိမ့်မည်ဟု Daily Mail သို့ မှတ်ချက်ပြု ပြောဆို ခဲ့သေးသည်။ "နေရာသစ် တစ်ခုကို ပြောင်းရွှေ့လာရင် အဲဒီနေရာနဲ့ အံဝင်ဖို့တော့ လိုပါတယ်။ လာလီဂါဟာ ပရီးမီးယားလိဂ်နဲ့ လုံးဝဥဿုံ ခြားနားတဲ့ အခြေအနေပါ။ နေရာလွတ် များများစားစား မရှိသလို ကိုယ်ဘောလုံး ရလိုက်တာနဲ့ ပြိုင်ဘက် တော်တော် များများက ကိုယ့်ကို ဝန်းရံပြီးသား ဖြစ်နေပါပြီ။ နည်းဗျူဟာပိုင်း အရ လာလီဂါက ပိုသာပါတယ်" ဟု ၎င်း၏ ကစားသမားဘဝ ပွဲ(၅၀၀)ပြည့် အထိမ်းအမှတ် အဖြစ် အယ်လ်ကလက်စီကို နိုင်ပွဲအပြီးတွင် ဖာဘရီဂက်စ်က ပြောကြား သွားခဲ့သည်။

Ref:Dailymail
Soccer Myanmar

ကားတိုက်မှုဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း

ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာ နေထိုင်တဲ့ ဒေးဗစ် ဘက်ခမ်း တစ်ယောက် ယာဉ်တိုက်မှု ဖြစ်ပါတယ်။ အဝေးကြီးမှာ မဟုတ်ပါဘူး။ သူ့အိမ်ရှေ့ မှာတင် ဖြစ်ပါတယ်။

အင်္ဂလန် Range Rover ကားတစ်စီးနဲ့ အိမ်ရှေ့ က ဖြတ်သွားနေတဲ့ SUV တစ်စီးကို ဝင်တိုက်မိပြီးနောက် ကားကို ခြံထဲ ပြန်သွင်းပြီး နေခဲ့ ပါတယ်။ ၂ ဘက်စလုံး ကားကလွဲလို့ လူတွေ အထိမနာပါဘူး။ အတိုက်ခံရတဲ့ အမျိုးသမီး SUV ရဲ့  ညာဘက်ခေါင်း ဒေါင့်မှာ ချိုင့်သွားပြီး ဘက်ခမ်းရဲ့  Range Rover ကတော့ ရှေ့ က ရှဲ ပြုတ်ထွက်သွားပါတယ်။ ပြုတ်သွားတဲ့ ဘမ်ပါကို အိမ်ရှေ့ မှာ ဒီတိုင်းပဲ ထားခဲ့တော့ အကောင်းဆုံး သက်သေ ဖြစ် သွားပြီး ရဲတို့ ရောက်ရှိလာပါတယ်။

ဒဏ်ငွေလောက်ပဲ ဆောင်ရမှာပါ။ သို့ပေမယ့် Celebrity တစ်ယောက်ဖြစ်တဲ့ ကားတိုက်မှုဆိုတော့ ပွဲအတော်စည်သွားပါတယ်။ ဘက်ခမ်းအိမ်ရှေ့ မှာတင် သတင်းထောက်ပေါင်းမြောက်များစွာနဲ့ စည်ကားခဲ့ပြီး ကားကော၊ လူကော ဓာတ်ပုံအရိုက်ခံရတာ အချက်ပေါင်း ၁ ထောင်မက လောက် ပါဘူး။ နောက်တော့ ဘက်ခမ်း တစ်ယောက် ကားတိုက်မှု ဖြစ်ကြောင်း ယခုလို အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့ ပါတော့တယ်။
.
Ref: celebritycars
ColayAutomobile

မော်ဒယ်လ်နှင့်သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံခြင်း

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အခါမှာတော့ တေးစီးရီးခွေကို အရင်စလုပ် ဖြစ်ပုံလေး ပြောပြပေးပါဦး။

SM : သရုပ်ဆောင် အလုပ်ကကျတော့ အချိန်ပေးပြီး လုပ်ရတာ ဖြစ်တဲ့အတွက် အစ်မရဲ့လက်ရှိ Life Style နဲ့ကျတော့ အဆင်မပြေဘူး။ အစ်မက စီးပွားရေးလည်း တစ်ဖက် လုပ်နေရတာ ဆိုတော့လေ။ ဒီသီချင်းဆိုတဲ့ အလုပ်ကကျတော့ ကိုယ်အားတဲ့ အချိန်လေးမှာ လုပ်လို့ရတယ်လေ။ နောက်ပြီး သီချင်းဆိုတာကလည်း ကိုယ်တိုင်ရူးသွပ်တဲ့ အနုပညာ အလုပ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဖြစ်တာပါ။

Voice : New Me စီးရီးမှာပါတဲ့ တေးရေးဆရာတွေနဲ့ သီချင်း အမျိုးအစားတွေကို ပြောပြပေးပါဦး။

SM : ဒီစီးရီးထဲမှာ တေးရေးဆရာတွေက ရွှေဂျော်ဂျော်၊ ကျားပေါက်၊ ဗီနိုထွန်း၊ ဖော်ကာနဲ့ ရေမွန် ပါတယ်။ သီချင်း အမျိုးအစားတွေကတော့ Pop-Rock, Punk-Rock တွေပေါ့။ ရော့ခ်ဂီတဘက် နွယ်တဲ့ သီချင်းပုံစံမျိုးတွေ ပါမယ်။

Voice : ဒီစီးရီးမှာ ရော့ခ်သီချင်းတွေကို ဘာကြောင့် ရွေးဆိုဖြစ်တာလဲ။

SM : အစ်မက နဂိုကတည်းက ဒီလို Music အမျိုးအစားကို ကြိုက်တာပါ။ နောက်ပြီး ကိုယ့်အသံနဲ့လည်း လိုက်မယ်၊ အဆင်လည်း ပြေမယ်ထင်လို့ လုပ်ခဲ့တာပါ။

Voice : New Me စီးရီးထဲမှာပါတဲ့ သီချင်းတွေက ဘယ်လို အကြောင်းအရာတွေကို ရေးဖွဲ့ထားတာလဲ။

SM : ဒီခွေထဲမှာ ထုံးစံအတိုင်း အချစ်သီချင်းတွေကတော့ များတာပေါ့နော်။ ထူးထူးခြားခြား အနေနဲ့ကတော့ အစ်မသမီးလေး အကြောင်းကို ဆိုထားတဲ့ သီချင်းတစ်ပုဒ် ပါတယ်။ သီချင်းနာမည်က သမီးလေးတဲ့။ ကိုဗီနိုထွန်း ရေးပေးထားတာပါ။ အစ်မသမီး အကြီးလေးကို မွေးခဲ့တုန်းက ခက်ခက်ခဲခဲ မွေးခဲ့ရပါတယ်။ အဲ့ဒီ အကြောင်းလေးကို ကိုဗီနိုထွန်းကို အစ်မကိုယ်တိုင် ပြောပြပြီး ရေးခိုင်းထားတာပါ။

Voice : ဒီစီးရီးက ကိုယ့်ရဲ့ပထမဆုံးစီးရီး ဖြစ်တဲ့အတွက် ဘယ်လိုအခက်တွေ ကြုံခဲ့ရလဲ။

SM : မော်ဒယ်လ်နဲ့ သရုပ်ဆောင် အလုပ်က အစ်မနဲ့ အကျွမ်းတဝင် ရှိပါတယ်။ သီချင်းကိုလည်း အစ်မကအပျော်ပဲ ဆိုဖူးတာပါ။ ကိုယ့်အသံကလည်း အသံလုံးကြီးတဲ့အတွက် ဘယ်သီချင်းကို ဘယ်လိုဆိုရမှန်း အစ်မ မသိဘူးပေါ့နော်။ အခက်အခဲတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အကုန်လုံးကလည်း သင်ပေးတယ်။ ပြောပြပေးကြတယ်။ အစ်မကိုယ်တိုင်လည်း လေ့ကျင့်ပြီး အကောင်းဆုံး ဖြစ်အောင်တော့ ဆိုထားပါတယ်။

Voice : ဒီစီးရီးကို ဖြန့်ချိမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

SM : ဒီစီးရီး Audio ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ စဖြန့်မယ်။ အဲဒီနေ့မှာပဲ တော်ဝင်စင်တာမှာ Promotion အစီအစဉ် ရှိပါတယ်။ MTV ကိုတော့ ၂၀၁၄ နှစ် စပိုင်းမှာထွက်ဖို့ စဉ်းစားထားပါတယ်။ MTV က ခြောက်ပုဒ် ကျော်ကျော်လောက် ရိုက်ပြီး သွားပါပြီ။

Voice : ပြည်ပမှာ အကြာကြီးနေပြီးမှ မြန်မာနိုင်ငံကို ဘယ်လိုကြောင့် ပြန်လာ ဖြစ်ခဲ့တာလဲ။

SM : ဒါကတော့ အစ်မတို့လည်း ဟိုမှာနေလာတာ ကြာပြီပေါ့နော်။ အစ်မ အမျိုးသားကလည်း ဒီကိုပြန်ပြီး စီးပွားရေး လုပ်ချင်တဲ့အတွက် မိသားစုလိုက် ပြောင်းလာပြီး ပြန်နေဖြစ်တာပါ။

Voice : စမိုင်းလ် ပြန်လာတဲ့အခါမှာ မြင်တွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို ပြောပြပေးပါဦး။

SM : မြန်မာနိုင်ငံက တော်တော် ပြောင်းလဲလာပါတယ်။ စီးပွားရေးရော၊ လူမှုရေးရော ပေါ့နော်။ အစ်မတို့တုန်းကဆို စက်ပစ္စည်းပိုင်းက တိုးတက်မှုတွေ သိပ်မရှိသေးဘူး။ အခုဆို အစစ အရာရာ ခေတ်မီ တိုးတက်လာတဲ့အတွက် အစ်မကတော့ အားရပါတယ်။

Voice : စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ Y Talk ကို တည်ထောင်ဖို့ စတင် စိတ်ကူးဖြစ်ပုံလေး ပြောပြပေးပါဦး။

SM : အစ်မ နိုင်ငံခြားမှာ ရောက်နေတုန်းကဆို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အစ်မအမေက အစ်မကို အမြဲတမ်း ဖုန်းဆက်ချင်တယ်။ ဒါကတော့ သူသူကိုယ်ကိုယ်ပေါ့နော်။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်း ဒီကနေ နိုင်ငံခြားကို ဖုန်းဆက်ဖို့ကလည်း ဈေးအရမ်းကြီးတယ်လေ။ ကိုယ့်နိုင်ငံသားတွေ အဆင်ပြေအောင် ဒီလုပ်ငန်းလေး ထောင်ဖို့ အစ်မတို့ စဉ်းစားဖြစ်တယ်။ အစ်မ အမျိုးသားကလည်း ဒီ Telecom ပိုင်းကို လုပ်နေတာ ဆိုတော့လေ ကိုယ်ချည်းပဲ အဆင်ပြေဖို့ တစ်ခုတည်းကြောင့် လုပ်ခဲ့တာ မဟုတ်ပါဘူး။

Voice : မလေးရှားနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ခဲ့တုန်းက ပြည်ပရောက် မြန်မာလူမျိုးတွေကို အိမ်နဲ့အခမဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ Y Talk ကလုပ်ဆောင် ပေးခဲ့တယ်နော်။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်ပေးဖြစ်ခဲ့တာလဲ။

SM: စီးပွားရေးသမား အများစုကတော့ ကိုယ့်အကျိုးကိုပဲ ကြည့်ကြတာပေါ့ နော်။ အစ်မတို့ကတော့ စီးပွားရေး သက်သက်အတွက် တည်ထောင်ထားတဲ့ လုပ်ငန်း မဟုတ်တဲ့အတွက် လူသားချင်း ကိုယ်ချင်းစာတယ်။ မလေးရှားမှာ ကိုယ့်မိသားစုဝင်တွေထဲက တစ်ယောက်သာ ရှိနေခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ကိုယ်တတ်နိုင်သမျှလေး လုပ်ပေးတာပါ။ အစ်မတို့က အရမ်းကြီး ချမ်းသာနေ လို့တော့ မဟုတ်ပါဘူး။ ဆီးဂိမ်း ဆိုရင်လည်း အစ်မတို့ နိုင်ငံရဲ့ Communication က အဆင်မပြေဘူးဆိုတာ လူတိုင်းသိတယ်။ ဖုန်းဆက်ရတာ အဆင်မပြေဘူးဆိုတဲ့ အချက်က နိုင်ငံခြားသားတွေရဲ့ ခေါင်းထဲမှာ စွဲနေတယ်။ အဲဒါတွေကို မခံချင်တဲ့အတွက် ဘယ်နိုင်ငံ ဆီးဂိမ်းမှာမှ မရှိဖူးတဲ့ Free Call တွေ ပေးဆက်ဖို့ လုပ်ထားတယ်။ ဒီလိုလုပ်ပေးခြင်း အားဖြင့် ကိုယ့်တိုင်းပြည်ရဲ့ ဂုဏ်ကို မြင့်တက်စေသလို အစ်မတို့ ကုမ္ပဏီလေးကိုပါ တစ်ခါတည်း ကြော်ငြာပြီးသား ဖြစ်သွား တာပေါ့။

Voice : Y Talk လုပ်ငန်းကို တည်ထောင်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ။

SM : အစ်မတို့ Y Talk ကို စလုပ်တုန်းကဆို အင်တာနက်ကို အဓိက အားထားပြီး လုပ်ရတာ ဖြစ်တဲ့အတွက် မြန်မာပြည် အင်တာနက်ကလည်း သိတဲ့အတိုင်းပဲ ကျသွားတဲ့ အချိန်လည်း ရှိပါတယ်။ အဲဒီအခါကျတော့ Customer တွေလည်း ဒုက္ခရောက်တယ်။ အစ်မတို့လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုနောက်ပိုင်း အစ်မတို့ လုပ်ထားတဲ့ ဟာလေးကတော့ အင်တာနက်မလိုဘဲ အသုံးပြုလို့ ရတဲ့အတွက် တော်တော်လေး အဆင်ပြေလာပါပြီ။

Voice : မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကက အခုဆို မော်ဒယ်လ်တွေ အတွက် အခွင့်အလမ်းတွေ အရမ်းများလာတယ်။ မော်ဒယ်လ် လုပ်ခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ဒီပြောင်းလဲမှုတွေအပေါ် စမိုင်းလ် အမြင်ကို ပြောပြပေးပါဦး။

SM: ပြောင်းလဲလာတဲ့ အခြေအနေတွေကို အစ်မ ဝမ်းသာပါတယ်။ အစ်မ တို့တုန်းကတော့ မော်ဒယ်လ်လောကက လူလည်းနည်းတယ်။ တချို့လူတွေက မော်ဒယ်လ်ဆိုရင် အထင်အမြင် သေးကြတာတွေ ရှိတယ်။ အခုလို အခွင့်အလမ်းတွေ များလာတာ မော်ဒယ်လ်တွေ အတွက် ကောင်းတယ်။ တချို့ဟာလေးတွေတော့ ပြင်ဆင်ဖို့ ရှိသေးတာပေါ့နော်။ သူတို့ စာရိတ္တပိုင်းတွေ၊ နောက်ပြီး မော်ဒယ်လ်လောကကို ခုတုံးတစ်ခု အနေနဲ့ လုပ်စားတာမျိုးကိုတော့ အစ်မ မကြိုက်ဘူး။ ဒါပေမဲ့ ဘယ်လောကမှာမဆို အကောင်းနဲ့အဆိုးကတော့ ဒွန်တွဲနေမှာပါ။

Voice : New Me စီးရီးမှာ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဘယ်နှပုဒ်စီပါလဲ။

SM : ဒီစီးရီးမှာက တစ်ခွေလုံး ကိုယ်ပိုင် သံစဉ်တွေချည်းပါပဲ။ ဒီလောက် တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကော်ပီကတော့ မဆိုသင့်တော့ပါဘူး။ Copy ကျတော့ သူများဆိုထားတဲ့ သီချင်းနဲ့ တိုက်နေတာမျိုး ဖြစ်မှာစိုးတယ်။ နိုင်ငံခြားမှာ ရှိုးတွေ ဆိုမယ်ဆိုလည်း ကိုယ့်သီချင်းက ကိုယ်ပိုင်သံစဉ် ဖြစ်တဲ့အတွက် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ ချပြနိုင်တာပေါ့နော်။

Voice : ဒီစီးရီးနဲ့ ပတ်သက်ပြီး စမိုင်းလ်ဘက်က ပြောချင်တာရှိရင် ပြောပြပေးပါဦး။

SM : ဒီစီးရီးက အစ်မရဲ့ ပထမဆုံးစီးရီး ဖြစ်တဲ့အတွက် အရမ်းကို ရင်ခုန်နေပါတယ်။ တော်တော်လေးလည်း မျှော်လင့်ထားပါတယ်။ ပရိသတ်ကြီးဘက်ကလည်း အစ်မရဲ့စီးရီးလေးကို နားထောင်ပြီး ဝေဖန် အကြံပေးကြပါလို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး

The Voice Weekly

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်

မွမ်ဘိုင်း အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၁၇ နှစ်အရွယ်ရှိ အိုက်ရွှာယာအက်စ်ဒါ ဟီဝယ်လ်သည် ၎င်းအ Facebook အသုံးမပြုရန် တားမြစ်သော ၎င်း၏မိဘများနှင့် အချေအတင် စကားများ ပြီးနောက် အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

ပါ့ဘ်ဟာနီမြို့ရှိ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သူမ၏မိဘများက ဖုန်းဖြင့် Facebook အသုံးပြုမှုအား မပြုလုပ်ရန် ကြိမ်ဖန်များစွာ တားမြစ်ခဲ့ပြီး ကျောင်းစာကိုသာ အာရုံစိုက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ အောက်တိုဘာ ၂၃ ရက် ညတွင် သူမ၏မိဘများနှင့် အချေအတင် စကားများပြီးနောက် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ သေတမ်းစာ တစ်စောင် ရေးသားခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်း၏ သေတမ်းစာတွင် သူမသည် ကန့်သတ်ချုပ်ချယ်မှုများ များပြားလှသော အိမ်တွင် နေထိုင်လိုစိတ် မရှိကြောင်းနှင့် Facebook အသုံးမပြုဘဲ အသက်မရှင် နိုင်ကြောင်းတို့ကို ကြိမ်ဖန်များစွာ ရေးသားခဲ့ကြောင်း သိရသည်။

မြ၀တီ

ပါကစ္စတန် နိုင်ငံ၌ မိန်းကလေး မွေးဖွားသည့် ဇနီးသည်အား ခင်ပွန်းက အက်ဆစ်တိုက်၍ အပြစ်ပေး

ပါကစ္စတန်နိုင်ငံ ရှီကူပူရာ ခရိုင်တွင် အမျိုးသား တစ်ဦးသည် မိန်းကလေး မွေးဖွားခဲ့သည့် ၄င်း၏ ဇနီးဖြစ်သူအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် အတင်းအဓမ္မ တိုက်ခဲ့ကြောင်း ပုဂ္ဂလိကပိုင် TV channel တစ်ခုက ယခုသီတင်းပတ် အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားသည် ၄င်း၏ သမီးငယ်အား လုံးဝကြည့်ရှုခြင်း မရှိသည့်အပြင် ၄င်း၏ ဇနီးအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် တိုက်ကျွေးရာတွင် ၄င်း၏ မိသားစု ဝင်များကလည်း ဝင်ရောက် အားပေးကူညီ ခဲ့ကြောင်းနှင့် အိမ်နီးချင်းများက အဆိုပါ အမျိုး သမီးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ယခုအခါ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ၄င်း၏ ခင်ပွန်းနှင့် မိသားစု ဝင်များအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ