မသန်စွမ်းသူများကို ကြိုတင်တောင်းပန်ထားချင်ဟု ခန့်စည်သူ ပြောကြား

ရန်ကုန်၊ စက်တင်ဘာ၂၉

ရွှေ့မိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ၊ အောက်တိုဘာလအတွင်း ရုံတင်ပြသမည့် ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကား...သည် မသန်စွမ်းသူများကို လှောင်ပြောင် သရော်ထားသည်ဟု အမြင်လွဲမှားမည် စိုးသည့်အတွက် ကြိုတင် တောင်းပန်ထားချင်ကြောင်း၊ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် ခန့်စည်သူက The Voice သို့ ပြောကြားသည်။

ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်မှုများသည် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည်ဟု အမြင်လွဲမှားမည်ကို စိုးရိမ်ကြောင်း၊ ဇာတ်ကား၏ အဓိက ပေးချင်သော သတင်းစကားမှာ လူတစ်ယောက်သည် ကျန်းမာသန်စွမ်းသော်လည်း အသက်ရှင်နေစဉ် ကာလအတွင်း လောကကြီးအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျိုးမပြုနိုင်ပါက လူသန်သော်လည်း စိတ်မသန်စွမ်းသူအဖြစ် မှတ်ယူရမည် ဖြစ်ပြီး အချို့သောလူများသည် မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်ပါက လူမသန်သော်လည်း စွမ်းသူများအဖြစ် မှတ်ယူရမည်ဆိုသည့် အကြောင်းကို တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်တော်က ဟာသကားတွေမှာ သရုပ်ဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် သရုပ်ဆောင် တတ်တယ်။ ဒါပေမဲ့ ဒီကားမှာ မျက်မမြင်အဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်တွေ့တော့တာပဲ။ သရုပ်ဆောင် တစ်ယောက်ရဲ့ အသက်က မျက်လုံးလေ။ ဒီကားမှာက မျက်လုံးနဲ့ သရုပ်မဆောင်ရဘဲ ပါးစပ်နဲ့ပဲ ပြောခဲ့ရတယ်။

သရုပ်ဆောင်တဲ့ နေရာမှာလည်း ကျွန်တော်ရဲ့ဇာတ်ကောင်က မမြင်တာကို မြင်တဲ့သူ တစ်ယောက်လို အမြဲတမ်း ဟန်ဆောင်နေတာဆိုတော့ သရုပ်ဆောင်တဲ့အခါ သတိထားပြီး သရုပ်ဆောင်ရတယ်” ဟု ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် မျက်မမြင် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ ခန့်စည်သူက ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားကို လွန်ခဲ့သော ၂ နှစ်ခန့်က ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားတွင် လိုအပ်ချက်များ ရှိသည်ကို သိသော်လည်း ဈေးကွက် အနေအထားနှင့် ရရှိနိုင်သည့် ငွေကြေး အတိုင်းအတာကြောင့် ထိုမျှသာ ရိုက်ပြနိုင်ခဲ့ကြောင်း၊ လာရောက် ကြည့်ရှုသော ပရိသတ်များ စိတ်အပန်းပြေမည် ဆိုပါက ကျေနပ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် ဟန်နီ၏ ဝတ္ထုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ သန္တာဗိုလ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

စာရေးဆရာ သည်ခေတ်နေ၏ ဇာတ်လမ်းကို ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် အိချောပိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် ဂျောင်းဇာတ်ကားတွင် ရခိုင် အမျိုးသမီးများကို ထိခိုက်စေသည့် အသုံးအနှုန်း ပါဝင်ခဲ့မှုကြောင့် ရခိုင်လူမျိုးများနှင့် ပရိသတ်များကို တောင်းပန်ကြောင်း ဇာတ်ကားနှင့် သက်ဆိုင်သူများက ပြောကြားခဲ့ဖူးသည်။

The Voice Weekly

မန္တလေးမြို့က အနုပညာထုတ်ကုန်အသစ် (သို့မဟုတ်) အလင်္ကာခေတ်

အချိန်တိုအတွင်းပရိသတ်အားပေးမှုကိုရရှိနေတဲ့မန္တလေး မြို့ကမော်ဒယ် အလင်္ကာခေတ်ကိုပရိသတ်နဲ့ မိတ်ဆက်ပေး ပါမယ်။

သူ့ဓာတ်ပုံတွေကို ဘေဘုတ်တွေ၊ မဂ္ဂဇင်း၊ ဂျာနယ် တွေမှာအတွေ့ ရများလာပြီဖြစ်သလို၊ ဗီစီဒီနဲ့ ကြော်ငြာတွေ မှာလည်း တွေ့နေရပါပြီ။

အလင်္ကာခေတ်ကတော့ ကွန်ပျူ တာတက္ကသိုလ်ကျောင်းသူအဖြစ်ကျောင်း တက်ခဲ့ မန္တလေး ကွန်ပျူတာတက္ကသိုလ်မှာ First Year ကနေ Final အထိ တက် ဖြစ်ခဲ့ပြီး ထင်ရှားခဲ့တာပါ။ အလင်္ကာခေတ်ကတော့ ၂ဝ၁၁ မတ်လ ၂၃ ရက်နေ့မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနေ့ကတော့ သူ့အတွက် မှတ်မှတ် ရရပါပဲလို့ “ကွန်ပျူတာတက္ကသိုလ်ပထမနှစ်မှာ ရှိုး လျှောက်ဖို့ဖြစ်လာတယ်။ Queen ရွေးပွဲပေါ့။ အဲဒီမှာ Queen ဖြစ်သွား တယ်အဲဒါနဲ့ သူ ငယ်ချင်းတွေက ပြောပေးလို့ MRTV-4 ရဲ့ စတိုင်ရှိမှ စတားဖြစ်တယ် ပွဲလာ လုပ်တာကို ဝင်ပြိုင်ရင်း ‘စတိုင်ရှိမှ စတားဖြစ်မယ်’ ဆုရသွားတယ်။ အဲဒီ မှာ ဆက်တိုက်လုပ်ဖြစ်သွားတာပါ။ ညီမ ပြိုင်တဲ့ပြိုင်ပွဲတိုင်းမှာ Miss လည်း ချိတ်တယ်။ ရန်ကုန်မှာသွားပြိုင်တယ်။ မစ္စဗက်ဆီဗန်ဖို့မှာ ပထမဆုနဲ့ Best Shin Awardဆုပါရခဲ့တယ်” လို့ ပြောပြခဲ့ ပါတယ်။အလင်္ကာခေတ်ကသူ့အနေနဲ့ ပြိုင်ပွဲတွေ ဝင် ပြိုင်ရင်း လူသိများလာရာက အခု အခါ မှာတော့ သရုပ်ဆောင်လုပ်ဖို့ ရန်ကုန်ထုတ် လုပ်ရေး တွေက ကမ်းလှမ်းမှုတွေ ရရှိ ထားတယ်လို့ ပြောပါတယ်။ အလင်္ကာ ခေတ်ဆိုတဲ့ သူ့ရဲ့နာမည်ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး “ညီမနာမည် အရင်းက အေးမို့မို့အောင် ပါ။ ညီမကတနင်္ဂနွေ သမီးဆိုတော့ လိုက်ဖက်မယ့် အမည်ကို လျှောက်ရွေးတော့ အလင်္ကာခေတ်ဆိုတဲ့ နာမည်ကို ညီမ ဓာတ်ပုံဆရာ ကပဲ တွေးပေးတာပါ။

သူကအလင်္ကာလို့ ရွေးပေးထားပြီးမှ ခေတ်ကို ထည့်လိုက်တာ အလင်္ကာ ခေတ်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ သူ့အနေနဲ့ မန္တလေးကို ငယ် ငယ်ကတည်းက ပြောင်းလာတာမို့ မန္တလေးသူလို ဖြစ်နေပြီး မန္တလေးမှာဘုရား တွေဖူးရတာ၊လျှောက်လည်ရတာကိုကြိုက်ပြီးသူ့အနေ နဲ့ အောင် မြင်တဲ့သရုပ်ဆောင်ဖြစ်ဖို့ ရည်မှန်းထားတာမို့ အခုအခါမှာ သရုပ်ဆောင်မှုပညာကိုလေ့လာနေသလို၊ ရှမ်း သံဝဲနေတဲ့သူ့အသံ ကိုအဓိကထားပြင်ဆင်နေတယ်လို့ အလင်္ကာခေတ်က ပြောပြခဲ့ပါတယ်။

နေကွန်းထင် - Popular Journal

ဆီးဂိမ်းပြိုင်ပွဲတွင် Ytalk မှ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ကူညီပေးသွား မည်ဖြစ်ကြောင်း စမိုင်းပြော

အနုပညာလောကမှာ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့သလို ဂီတအနု ပညာ အလုပ်ကိုလည်း ဝါသနာအရ ပထမဆုံး တေးစီးရီးကို... အောက်တို ဘာလထဲမှာ ထွက်နိုင် ဖို့ကြိုး စားနေသူ စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ Ytalk ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလာမည့် ဆီးဂိမ်းပွဲကျင်းပရာ ကာလတစ်လျှောက်လုံးမှာ နိုင်ငံ တော် ကိုယ်စားဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံသား တစ်ဦးပီပီပါဝင်ပံ့ပိုးတဲ့သူမရဲ့ခံစားချက်ကို မေးကြည့်တော့ “ဆီးဂိမ်း မှာ အစ်မတို့ပါဝင်ပြီး ဒီဆက်သွယ်ရေးကို လှူဒါန်းတာကတော့ ဒီဆီးဂိမ်း မှာ လာရောက်ကစားမယ့် နိုင်ငံခြားသားတွေကို ဘာပဲဖြစ်ဖြစ် မြန်မာနိုင် ငံရောက်လို့ သူတို့မိ သားစုတွေဆီ ဆက်သွယ်လို့ရအောင်ဆိုပြီး စီစဉ်ပေးတာပါ။ သူတို့ခေါ် ချင်တဲ့နိုင်ငံကို ခေါ်လို့ရအောင် အခမဲ့စီစဉ်ပေး ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အဓိက ဒီဆက် သွယ်ရေးကိုလှူဖြစ် တာက အစ်မ အမျိုးသားနဲ့တိုင်ပင် ပြီးလှူဖြစ်တာလားလို့မေးကြည့်တော့ “နိုင်ငံခြားသားတွေက မြန်မာပြည်လာလို့ရှိရင် မြန်မာပြည် က ကော်မြူ နီကေး ရှင်း ခက်ခဲတယ်။

ဆက်သွယ်မှုဈေးနှုန်းမြင့်တယ်။ အဆင် မပြေဘူးဆိုတဲ့အသံကို အမြဲ ကြားရတယ်။ ပြီးတော့ ဒီဆီးဂိမ်းမှာက နိုင်ငံပေါင်း များစွာကလာပြီး ပြိုင်မှာ ဆိုတော့ အဲဒီလိုမျိုး ဟာကို ကိုယ့်တိုင်းပြည်မျက်နှာ မငယ် စေချင်တာ လည်းပါတယ်။ သူတို့ အားကစားသမားတွေကို အခမဲ့ပေးခေါ်တယ်ဆိုတာ တိုင်းပြည်လည်း ဂုဏ်တက် မယ်။ အစ်မ တို့ကုမ္ပဏီကိုလည်း လူတွေအမှတ် ပိုရလာ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးစီးပွားရေးတစ်ခုဖြစ် လာဖို့ အချိန်ရော၊လူရော၊ငွေရောအကုန်ခံ ပြီးလုပ်တယ်။ ဒါငါတို့ စီးပွားရေးပဲတွေး ရင် ပိုက်ဆံယူပြီးအစ်မတို့ပဲ ချမ်း သာသွားမှာလေ။ အသွားအပြန် ဆိုတာ ရှိတယ်လေ။ အခု အဲဒီလို လုပ်တာလည်း နှစ်ဖက်စလုံးစိတ်ချမ်းသာမယ်။ ပြီးတော့ ဆီးဂိမ်းက ဒီမှာမလုပ်တာတော်တော် ကြာပြီ။ စည်းလုံးမှ တိုင်းပြည်ကလုပ် လို့ရမှာလေ။ ဒါကြောင့် ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို ကူညီပံ့ပိုး ပေး တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး  -  Popular Journal

ရုပ်သေးပညာရှင်တစ်ဦး နာရီဝက်ကြာဖျော်ဖြေမှုအပြီး ရုတ်တရက်သေဆုံး

ကွယ်လွန်သွားသည့် ရုပ်သေးပညာရှင်အား ဆုတံဆိပ်များနှင့် မှတ်တမ်းတင်ထားစဉ် ဓာတ်ပုံ- htweoomyanmar.com
ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင်တစ်ဦးသည် ထိုင်းခရီးသွားလုပ်ငန်းရှင်များအား ဆီဒိုးနားဟိုတယ်၌ ဖျော်ဖြေအပြီး ရုတ်တရက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကမ္ဘာအေးဘုရားလမ်းရှိဆီ ဒိုးနားဟိုတယ်၌ ထိုင်းခရီးသွားလုပ်ငန်းရှင်များအား ည ၇နာရီ ခန့်တွင် နာရီဝက်ကြာ ဖျော်ဖြေအပြီး ပစ္စည်းများသိမ်းနေစဉ် အသက်(၆၉)နှစ်ရှိ အဆိုပါရုပ်သေးကြိုးဆွဲပညာရှင် ဦးမောင်ကြည် သေဆုံးသွားခြင်းဖြစ်သည်။

““မနေ့ကဆေးခန်းပြထားတယ်။ ဆေးသောက်ဦးမယ်ဆိုပြီး ဆေးထုတ်သောက်တယ်။ ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ပါဆိုပြီး ပေါင်မုန့်ထုတ်ပေးတာတောင် ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးအရင်သောက်လိုက်တယ်။ ပြီးမှ ပေါင်မုန့်စားနေတုန်း ရှေ့ကိုငိုက်ကျသွားလို့ ဆရာဘာဖြစ်လို့လည်းဆို ၀ိုင်းမေးတော့ စကားပြန်မပြောတော့ဘူး”” ဟု ထွေးဦးမြန်မာရုပ်သေးအဖွဲ့ ပိုင်ရှင် ဦးခင်မောင်ထွေးကပြောသည်။

သေဆုံးသူ ရုပ်သေးကြိုးဆွဲဆရာ ဦးမောင်ကြည်သည် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အငြိမ်းစားတစ်ဦးဖြစ်ပြီး လူမှုထူးချွန် တတိယအဆင့် ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်ကတည်းက ထွေးဦးမြန်မာရုပ်သေးအဖွဲ့နှင့် အလုပ်တူတူလုပ်ခဲ့ကာ ဇနီးသည်နှင့်သမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဦးခင်မောင်ထွေး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

သေဆုံးသူတွင် နှလုံးရောဂါနှင့် သွေးတိုးရောဂါများရှိပြီး ဇနီးဖြစ်သူက ““မနေ့ကသွေးတက်လို့ ဆေးခန်းသွားပြရတယ်။ ဒီနေ့လည်း နေမကောင်းရင်မသွားပါနဲ့လို့တောင် တားခဲ့ကြပါသေးတယ်။ ရတယ်။ ကောင်းတယ်ဆိုပြီး အစောကြီး ထမင်းစားပြီးထွက်သွားတာ””ဟုပြောသည်။

7Day Daily

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေး ရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသား တစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူ က ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ ပြုလုပ်မည်ဟု ခြိမ်းခြောက် ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်း
ဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီး စစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး -  Mizzima - News in Burmese


Burmese Python အမည်ဖြင့်ကျော်ကြားနေသ နှင့် MMA ၌ ရှုံးပွဲမရှိသေးသူ Jonavin Webbတို့ အောက်တိုဘာ ၂၆တွင် ထိုးသတ်မည်

[မင်းသန့် ၊ စက်တင်ဘာ၂၉ ၊ ရန်ကုန် ]

ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ MMA တွင် Burmese Python အမည်ဖြင့် နာမည်ကြီးနေသည့် Aung La... N Sang သည် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် Jonavin Webb နှင့် ထိုးသတ်ရန် စီစဉ်ထားကြောင်း သိရသည်။အသက် ၂၈ နှစ် ရှိပြီဖြစ် သည့် Aung La N Sangသည် MMA ၁၅ ပွဲ နိုင်ထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်ကာ အသက် ၂၄ နှစ်အရွယ်ရှိ Jonavin Webb မှာ MMA ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် ၄ လပိုင်းတွင် ရော်ဘတ်ဂစ်တန်း နှင့်ပွဲတွင် ထိုးသတ်ခြင်းဖြင့် ပရော် ဖက်ရှင်နယ် MMA ထိုးသတ်သူ အဖြစ် ဝင်ရောက်လာသူဖြစ်သည်။ Jonavin Webb သည် လက်ရှိအ ချိန်အထိ သုံးပွဲထိုးသတ်ခဲ့ပြီး သုံးပွဲ စလုံးကို အနိုင်ရရှိထားကြောင်း သိရသည်။

ယင်းပွဲနှင့် ပတ်သက်၍ Aung La N Sang က '' Webb နဲ့ ပွဲက အရမ်းကောင်းတဲ့ပွဲ ဖြစ်လာ လိမ့်မယ်လို့ထင်တယ်။ သူနဲ့ ထိုး သတ်ဖို့ ကျွန်တော့်မှာ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော့်မှာ ကောင်း မွန်တဲ့ အဖွဲ့အစည်းတစ်ခုရှိထား တယ်။ ကျွန်တော့် အားကစားခန်း မကိုလဲ တကယ်တော်တဲ့ ထိုးသတ် သူတွေ လာလေ့ကျင့်တယ်။ သူတို့ က ကျွန်တော် နေ့စဉ်နေ့တိုင်း တိုး တက်ဖို့ကူညီပေးတယ်''ဟု ပြော ခဲ့သည်။

ထို့အပြင် Aung La N Sang က MMA ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့်ပတ်သက် ၍ ၁၈ နှစ်အရွယ်တွင် အမေရိ ကန်သို့ရောက်ခဲ့ပြီး Elkridge တွင်ရှိသော Crazy 88 BJJ သင် တန်းကျောင်းတွင် ဘရာဇီးဂျူဂျစ် ဆု အားကစားနည်းအား လေ့လာ ခဲ့ကြောင်း၊ ယင်းတွင်လေ့ကျင့်ပြီး လအနည်းငယ်အကြာတွင် MMA လောကထဲသို့ ကူးပြောင်းလာခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ် ကတည်းက ယင်းအားကစားနည်း အား အလွန်သဘောကျခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

Aung La N Sang ဖြင့် ၎င်း၏ MMA ဖိုက်တာက စားသမားဘဝအစမှာ တာထွက် မလှခဲ့ဘဲ အမှားများကြောင့် ရှုံး နိမ့်ခဲ့ပြီး ယင်းနောက်တွင် အမှား များကို သင်ခန်းစာယူနိုင်ခဲ့သည့် အတွက်ကြောင့် နိုင်ပွဲများပြန်လည် ရယူနိုင်ခဲ့သည်။ ၎င်း၏ ပထမဦး ဆုံးပွဲ ရှုံးနိမ့်ပြီးနောက် လေးပွဲကို အနိုင်ရခဲ့သည်။ Aung La N Sang ၏ အကောင်းဆုံး ပွဲရလဒ် မှာ Jeus Martinez အား ၃၆ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲဖြစ် ကြောင်းသိရသည်။
ရှုံးပွဲများနှင့်ပတ်သက်၍ Aung La N Sang က''ကျွန်တော့် အနေနဲ့ ပွဲတွေရှုံးခဲ့တယ်ဆိုရင် တောင် ရှုံးနိမ့်ခဲ့တယ်လို့ မထင် ဘူး။ ဒီအရှုံးတွေကို အတွေ့အ ကြုံရတယ်လို့ ယူဆထားတယ်'' ဟု ပြောခဲ့သည်။

Yangon Media Group

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဓါတ်ပုံ - ရဲဇာနည်
ရန်ကုန်၊ စက်တင်ဘာ ၂၉

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်း...စဉ် ၎င်း Game စက်အတွင်း၌ မသင်္ကာ ဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး(ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့်အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက် အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

ကျော်စွာဝင်းအားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့်Gameစက်ကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က အမည်မသိအမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး
မြိတ်မြို့ရှိ ဦးနောင်ကို၊ (ဘ)ဦးညာထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း စစ်ဆေးသိရှိရ သဖြင့် ကော့သောင်းမူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါစိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျော်စွာဝင်းနှင့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အွန်လိုင်းပေါ်တွင် အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် ပရီယန်ကာချိုပရာ သတ်မှတ်ခံရ

ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင် ပရီယန်ကာချိုပရာဟာ ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်...မှတ်ခံခဲ့ရတယ်လို့ timesofindia.com မှာ ဖော်ပြထားပါတယ်။

အင်တာနက် လုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ McAfee ကုမ္ပဏီက ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ အင်တာနက် သုံးစွဲသူတွေကို ပစ်မှတ်ထား လိမ်ညာမှုတွေထဲမှာ ပရီယန်ကာချိုပရာရဲ့ နာမည်ကို အသုံးချပြီး ပြုလုပ်တဲ့ လိမ်ညာမှုတွေဟာ အများဆုံး ဖြစ်တယ်လို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပရီယန်ကာချိုပရာရဲ့နောက်မှာတော့ ရှရွတ်ခန်းနဲ့ ဆယ်လ်မန်ခန်းတို့က ဒုတိယနေရာနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ယမန်နှစ်က အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆန်နီလီယွန်ကတော့ နံပါတ် ၉ နေရာကို ရောက်ရှိ သွားတာ တွေ့ရပါတယ်။
“အနုပညာရှင်တွေကို သူရဲကောင်းအဖြစ် ကိုးကွယ်တတ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ ဆိုက်ဘာ လိမ်လည်မှု ကျူးလွန်သူတွေဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ နာမည်နဲ့ ဖြားယောင်းပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူတတ်ပါတယ်” လို့ McAfee အင်တာနက် လုံခြုံရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခုတစ်နှစ်တာအတွင်း အွန်လိုင်းပေါ်မှာ ချိုပရာရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်မှု ပြုထားတဲ့ အင်တာနက် စာမျက်နှာပေါင်း ၇၉ ခုရှိခဲ့ပြီး ရှရွတ်ခန်းရဲ့ နာမည်နဲ့ လိမ်လည်ထားတာကတော့ ၇၅ ခုရှိကာ ဆယ်လ်မန်ခန်း နာမည်နဲ့ကတော့ ၆၈ ခု ရှိခဲ့ပါတယ်။

ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် အနုပညာရှင် ၁၀ ဦးကတော့ ပရီယန်ကာချိုပရာ၊ ရှရွတ်ခန်း၊ ဆယ်လ်မန်ခန်း၊ ကရီနာကပူးရ်၊ အက်ခ်ရှေကူးမား၊ ရှိတ်ဖ်အလီခန်း၊ အမီတာဘတ်ချန်း၊ ဖာဟန်အက်ခ်တာ၊ ဆန်နီလီယွန်၊ ဟာရီသစ်ခ်ရိုရှန်တို့ပဲ ဖြစ်ပါတယ်။

The Voice Weekly

မျိုးချစ်စိတ် ကလေးကိုဖြင့် အလှမယ်လေး အောက်ဖဲ အသွင်းခံနိုင်ဘူးရယ် – အောင်ထွန်းလင်း

    သတင်းစာ ရှင်းလင်းပွဲကြီးကို ရေကူးကန် အလား အောက်မေ့ပြီး ခရီးသွားမယ်လေး ထွက်လာပုံများ ဟာခနဲ ဟင်ခနဲ၊ ရဲခနဲ ဗြဲခနဲကို ဖြစ်သွားတယ် မလား ဘယ်နှယ့်ဗျာ ငယ်ငယ်က အစ်ကိုကြီးများ လူကြီးမသိအောင် ခိုးခိုး ဖတ်ကြတဲ့ နိုင်ငံခြားထုတ် မဂ္ဂဇင်းထဲကလိုပဲ . . .

၁၊ ၁၀၊ ၇၀ နေ့က ထုတ်ဝေသော အိုးဝေဂျာနယ်ပါ မောင်လူချော၏ ဆောင်းပါးမှ ဆရာသန်းထွန်း၏ သရုပ်ဖော်ပုံကို ပြန်လည်အသုံးပြုထားခြင်း ဖြစ်ပါသည်။

 ကဲ … စာဖတ် ပရိသတ် တို့ရေ …တစ်ခါလာလည်း ပြည်သူ့ ဘက်သား တို့ဘက်သား၊ တစ်ခါ လာလည်း ပြည်သူ သာလျှင် အာဏာရှင်လို့ ပြောပြော နေရ လွန်းလို့ မောလှပြီ။ မပြောရင် မသိတဲ့ သူတွေ ရှိလို့လည်း ဆက်ပြော နေရတယ် မှတ်ပါဗျာ။ ဒီတော့ အလှည့် အပြောင်း လေးလည်း ဖြစ်အောင်၊ ဆိုတော့ ဘယ်ဘက်ကို လှည့်ကြ မတုန်းဗျို့။

တစ်နေ့ တစ်နေ့ စိတ်မောစရာ၊ စိတ်ပင်ပန်း စရာတွေကြား မောပန်း ဖြေစ ရာများ ဆိုပြီး ဟိုဘက် နည်းနည်း တိုးလိုက် ကြရ အောင်လား။

ပရိသတ်ရေ … ဒီလပိုင်းထဲ တို့ဗမာကွလို့ လက်သီးထောင်၊ အာခေါင်ခြစ်၊ နဖူးကြောတွေ တင်းတင်း လာအောင် ဂုဏ်ယူ ၀င့်ကြွား ချီးကျူး စကား ပြောရမယ့် ကိစ္စတွေ ရှိနေတယ် မဟုတ်လား ကွယ်ရို့။ စုတ်လိုက် တာမှ လွန်ရော၊ ချာလိုက်တာမှ ကမ်းကို ကုန်ရော ဆိုတဲ့ အ၀ိုင်းလေး လည်တယ် လည်တယ်နဲ့ ဖွတ်ကလိ ဒင်္ဂါး (ဆရာ အီကြာ ကွေးရေ …ဆရာ့ စကား ခိုးသုံး တယ်လို့ မထင်ဘဲ မျှဝေတယ်လို့ သဘော ထားပေးပါ) ပါပါ သွားတဲ့ ပုံပျက် ပန်းပျက် အင်တာနက်နဲ့ အားပေး လိုက်ကြ ရတာ တို့မြန်မာတွေ ကမ္ဘာ့ အလယ် ၀င့်ထည် ခဲ့တယ် မလား။ ဘာတဲ့ ဆုကလေးတောင် နှစ်ခု ပိုက် သူက ပိုက်၊ လေးခု ပိုက်သူက ပိုက်နဲ့ ပွဲပြန် ကြော့ကြော့ ဖြစ်ခဲ့ ပုံများ မျက်မြင် မဟုတ် လားဗျ။ ဘယ်သူ တွေများ ပါလိမ့်လို့ ဆိုပြီး တွေးမနေနဲ့၊ အချိန် ကုန်တယ်။ သူတို့ လေးတွေက မြန်မာ့ ဂုဏ်ဆောင် အလှမယ် တွေလေ။

တို့ရွှေမြန်မာ တွေများ အားပေးချက် ကမ္ဘာ ကတောင် ဘေးထွက်ထိုင် သွားစေ တယ်မလား။ ဘာအက်သစ်၊ ညာအက်သစ်၊ ဘာကျင့်ဝတ်၊ ညာကျင့်ဝတ်တွေ လာမပြောနဲ့၊ ရဘူး။ တို့ကတော့ အနိုင် ရဖို့ပဲ ဆိုပြီး ရှိရှိ သမျှ ကွန်ပျူတာတွေကို ရီဖလက်ရှ်လုပ်၊ အပြန်အလှန် ဘုတ်လိုက် ကြတာ။ မဘုတ်တဲ့ လူတောင် မျိုးချစ်စိတ် မရှိဘူး ဆိုပြီး လှည့်ငေါက် လိုက်သေး တယ်မလား။ …ဒီလောက်တောင် အားကောင်း မောင်းသန် ဖြစ်မှတော့ တို့မြန်မာ နိုင်ပြီ တို့မြန်မာ နိုင်ပြီ ဆိုပြီး ဂုဏ်ယူ လိုက်ရတာ နဲ့တင် တန်တယ်ဟေ့။

ဟော … နောက်ထပ် ဂုဏ်ယူ စရာလေး လာပြန် ပြီဟေ့…။ ရှေ့က မယ်မလေး တွေကို အားကျလို့ နောက်ထပ် ထပ်လာပြန် ပြီဗျာ။ ကဲ… ၀ိုင်းအုပ် မလား … အဲ လေ … မှားလို့ … ၀ိုင်းဘုတ် ကြဦး မလားပဲ။ ကလေးတွေ ဆိုဆို နေသလို ဘူလေးလဲ … ဘူလေးလဲ။ ဒါနဲ့ ဘယ်နိုင်ငံက ဘယ်ပွဲမှာ ပြိုင်မှာ တုန်း။ နိုင်ငံတွေ၊ လူတွေ ဘေးချိတ်။ တို့မြန်မာတွေ ကျန်တဲ့ နေရာ အောက်တန်း ကျချင်ကျ၊ ဒီနေရာတော့ မနိုင် နိုင်အောင် ဘုတ်ပြ လိုက်ဦးမယ်။ ကဲ…ပြော …ဘူလေးလဲ … ဘယ်မှာ ပြိုင်မှာလဲ။

ဘာ.. Xinning  မှာ…။ ဒါဆိုရင် ဆွေမျိုး ပေါက်ဖော် တရုတ် တော်တို့ နိုင်ငံပေါ့ …၊ တို့များ ရွှေလူမျိုး တွေက ပေါက်ဖော် တရုတ် ရယ်လို့ ဆိုလိုက် တာနဲ့ တီကောင်ကို ဆားတို့ သလို တွန့်ခနဲ တွန့်ခနဲ ဖြစ်ဖြစ် တတ်တာ (သင်း) ဒင်းလေး မသိ လေရော့ သလား။ ထားချေဦး။ မတော် တရော် စိတ်တွေ ထားနေရင်ဖြင့် တို့ရွှေ မြန်မာလေး အားငယ် လေမယ်ဟဲ့ မျိုးချစ် စိတ်ကလေး ပြန်သွင်း လိုက်ဦးမှ…။ တို့ များ မျိုးချစ်စိတ် ပျောက်အောင်တော့ လုပ်နဲ့။ ချစ်လွန်းလို့ (ညည်းကို ပြောတာ မဟုတ်၊ တို့ပြည်ကြီးကို ချစ်တာနော်) ဘုတ်မလား စဉ်းစားပြီး မေးမြန်း မိပါတယ်။ ငါးပါးတင် မက သံဃာ စင်ပါ မှောက်မယ့် ကိန်း။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပုံ ဆိုပုံလေးက သင်းပါ့၊ ဒါတင်လား မဟုတ်ပြန် ဘူးနော့် …။

ခရီးသွား မယ်လေး လုပ်မယ် ဆိုတော့ မြန်မာ ဟန်ပန် မြန်မာ ဆန်ဆန်နဲ့ ၀ါဝါ တောက်လေး ၀တ်တုန်းက တို့များက မရှိမဲ့ ရှိမဲ့ အားနဲ့ တို့မြန်မာဟေ့ ဆိုပြီး ဘုတ်လိုက် မဟဲ့ … (စိတ်ထဲ တွေးမိတာ လေးနော်၊ အတည် မယူ နဲ့ဦး)။ သြော် …နောက်တစ်ဖန် ထွက်လာ ပြန်တော့လည်း တစ်မျိုးလေး ရင်သပ် ရှုမော ရပြန် ကောငဲ့။

““ပုလဲပေါက် ၀တ်စုံတိုပေါ် စကပ်ဟန် ပ၀ါ ပတ်ပါလို့ မြူးလှတဲ့ ဟန် ”” လို့ပဲ မြှောက်ပေး ရမလား မသိ။ တစ်မျိုး ကြည့်ကောင်း ပြန်ကောဗျာ။ ဘုတ်ဦးမှာ …ဘုတ်ဦးမှာ (၆၀ ရာခိုင် နှုန်းတော့ သေချာ ပြီဟေ့ …ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက အင်တာနက်ပေါ် မူတည် တယ်နော်။)

ဇာတ်လမ်းက ကောင်းဆို အရေးက ဒိန်းဒေါင်း ဖျက်ပြီ …(မီးပြတ်တာ မဟုတ် ဘူးနော်၊ တို့မြန်မာပြည်က အရေး ဆိုရင် မီးက ပြတ်တတ် လွန်းလို့ အထင်တော် မှားနေ ဦးမယ်)။ ဖြုန်းခနဲ ဒိုင်းခနဲ လက်ပန်းတောင်း ရောက်သွား သလို လင်းခနဲ ရှင်းခနဲ ဖြင်းခ နဲပဲ။ လင်းခနဲ ရှင်းခနဲက စက္ခူ အာရုံမှာ ဖြစ်တာနော် …၊ ဖြင်းခနဲ ဆိုတာက တို့များရဲ့ ရွှေမျက်နှာ တော်ကို ပြောတာဗျ။

၁၉၇၀ တုန်းက အိုးဝေ ဂျာနယ် ဖတ်လိုက် ရသလို ပါပဲလား။ မောင်လူချော ရဲ့““ ဓာတ်ပုံ သတင်းထောက်၏ ရှာပုံတော် ””  ဆောင်းပါးထဲ ကလို ““ ထူးထူး ဆန်းဆန်း အလှမယ်၏ ထဘီ လဲခန်းတွင် ””၊ ““ မယ်ဗမာ ၏ နောက်ကြည့် အလှ””၊ ““ တင်တင်မူကို နောက်က ကြည့်တော့ ””၊ ““ ခုတင် ပေါ်မှ ပုဇွန် ထုပ်ကြီး”” စတဲ့ စတဲ့ စာတန်းထိုး တွေနဲ့ ဓာတ်ပုံ တွေက ကွင်းခနဲ ကွက်ခနဲ ပါခဲ့ ဖူးတာ မဟုတ်လား ပရိသတ်ရဲ့  …။

မရှိမဲ့ ရှိမဲ့ မျိုးချစ် စိတ်လေး ကြက်ပျောက် ငှက်ပျောက်နဲ့ ဒုက္ခသည် စခန်းများ ရောက်သွား လေသလား မသိ။ မြင်သမျှ ရင်ဝကို အင့်ခနဲ အင့်ခနဲ ဆောင့်ဆောင့် ထိုးလိုက် သလို ပါပဲ ကွယ်ရို့။ ဘယ်နှယ့်ဗျာ …(သင်း) ဒင်းလေး တော့မသိ၊ ကိုယ်ရွှေ သတင်းထောက် တွေရဲ့ ကင်မရာ ကတော့ ဖြောင်းခနဲ ဖြောင်းခနဲပဲ။ (ဖြောင်းခနဲ ဆိုလို့ တစ်မျိုးတော့ မထင် လိုက်ပါနဲ့။ မီးအား ကောင်းကောင်းသုံး ရိုက်ကြ လေတော့ ဒီ အသံ ထွက်လာ တာဗျ)

ဘုရားလည်း စူးရ စေရဲ့ …မြေကြီး လည်း မျိုရ စေရဲ့ …တစ်သက်နဲ့ တစ်ကိုယ် ဒီမောင် မမြင် ဖူးတာ တွေချည်း မြင်လိုက် ရတယ်။ အဟီး…။ သတင်းစာ ရှင်းလင်းပွဲ ကြီးကို ရေကူးကန် အလား အောက်မေ့ပြီး ခရီးသွား မယ်လေး ထွက်လာ ပုံများ ဟာခနဲ ဟင်ခနဲ၊ ရဲခနဲ ဗြဲခနဲကို ဖြစ်သွားတယ် မလား။ ဘယ်နှယ့်ဗျာ … ငယ်ငယ်က အစ်ကို ကြီးများ လူကြီး မသိအောင် ခိုးခိုး ဖတ်ကြတဲ့ နိုင်ငံခြားထုတ် မဂ္ဂဇင်း ထဲက လိုပဲ။

တော်ပြီ …တော်ပြီ …။ နဂိုကမှ တို့ရွှေမြန်မာတွေ မျိုးချစ်စိတ် ပြင်းတယ်ဟဲ့ ဆိုပြီး အင်တာနက် ကနေ ဖွတ်ကလိ ဒင်္ဂါး ကုန်ချင် သလောက်ကုန် ဘုတ်လိုက် မဟဲ့ ဆိုတဲ့ စိတ်လေး တင်းပုတ်နဲ့ ထုခံ ရပါ လေကော။ တင်းပုတ် ဆိုလို့ တို့များ အိမ်က အိမ်သူကို မြင်ယောင် နေသလား၊ ဒီလောက်တောင် ကြောက်ရ လားလို့ မယိုး စွပ်လိုက်နဲ့။ အမျိုးချစ်တဲ့ စိတ်ကို တင်းပုတ်နဲ့ ညွှန်းလိုက် တာပါဗျ …။

ပြိုင်ပွဲ စတိတ်စင် ပေါ်ကျမှ ရှိသမျှ အကုန် ထုတ်ပြရမယ့် ဟာကြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြ လိုက်တော့ အရပ် စကားနဲ့ ပြောရရင် အောက်ဖဲများ ထုတ်ရှိုးလေး သလားပဲ။ ရဘူး …ရဘူး …(နှုတ်ခမ်းကို ရှေ့ တစ်လံလောက် ထော်ပြီး ပြောတဲ့ အသံနဲ့)။ ဒါမျိုး ကတော့ ရဘူးပဲ။ မရိုး မသားနဲ့ မြန်မာဟေ့ ဆိုရင် ဘုတ်ကလေးများ ခိုးခိုး ပေးတဲ့ စိတ်က ဒါကျတော့ လက်ခံ ဘူးနော်။ မြန်မာ ဆိုတဲ့ မျိုးချစ် စိတ်ခံ လေးကို ဟီရိနဲ့ သြတ္တပ္ပ ဆိုတဲ့ မန်းကွင်း လေးက ချည်ထား တာဗျ … ဒါလေးက နင် မှားမယ်ဟဲ့ ဆိုပြီး သတိပေးတဲ့ ဟန်နဲ့ တင်းတင်း လာတော့ ပေးဘူးဗျာ။

ဘယ်နှယ့် … ပေါက်ဖော်ကြီးတို့ နိုင်ငံ ရောက်မှ ပြိုင်ပွဲ နည်းလမ်းလေး အတိုင်း လုပ်ချင်ရာ လုပ်ပေါ့လေ။ ခုများ တော့ဗျာ … ““ လုပ်ချက်က နာ”” လို့ပဲ ပြောရ မလို။ တို့ရွှေမြန်မာ တွေများ မျိုးချစ်စိတ် အပြည့်နဲ့ မြန်မာပြည်က ဘယ်သူ ပြိုင်ပြိုင် တောင်ဘက်က ပိတ် မြောက်ဘက်က ဘုတ်၊ ရှေ့ဘက်က ပိတ် နောက်ဘက်က လှည့်အုပ် … အဲလေ …လှည့်ဘုတ်မယ့် သူတွေပါ။ ဒါပေသိ အဘယ် ကြောင့်ရယ် မသိ … မရှိမဲ့ ရှိမဲ့ သဒ္ဓါ စိတ်လေး ပျောက်သွားလေ သတည့်လေ။

လုပ်ချင် ရင်လည်း လုပ်ပေါ့ ညီမငဲ့ … သို့ပေသိ ရှေ့ရှေ့က မယ်လေးများ ဖြစ်တဲ့ ““ခင်”” မမ များ လုပ်သွား ပုံလေး နမူနာ ယူလိုက် ရင်ဖြင့် ဘုတ်ဖြစ် ဦးမှာ၊ ဘုတ်ဦး မှာပါပဲ။ ဒါနဲ့များ စကားမစပ် ညီမငယ်ရဲ့ နည်းကိုများ နောက်ထပ် နောက်ထပ် မယ်လေးများ နမူနာ ယူကြ ရင်ဖြင့် အိုးဝေ မဂ္ဂဇင်း ဆောင်းပါးထဲက အယ်ဒီတာ မင်းက သတင်းထောက်ကို ငေါက်ငမ်းဟန် လေးနဲ့ …။

““မင်းဟာ တော်တော် အသုံး မကျတဲ့ အကောင်ပဲ၊ တင်တင်မူလို မျက်နှာ လှတဲ့ အမျိုးသမီး တစ်ယောက်ကို နောက်ကရိုက် လာတာ အံ့သြ ပါရဲ့ကွာ၊ ခါးသေး ရင်ချီ တင်ပါးဆုံ ကြီးကြီးနဲ့ ကိုယ်လုံး ပေါ်တာမျိုး ကျမှ နောက်က ရိုက်ရ တာကွ””

အောင်ထွန်းလင်း
Myanmartandawsint Newspaper

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။

AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။

Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။

AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။

Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။

AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။

"အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..."

Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။

AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။

Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။

AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။

Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။

Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။

AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။

Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။

AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။

Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။

Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။

AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။

Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။

AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။

Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။

AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။

Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့လည်း ပြောချင်ပါတယ်။

Written by  သန့်ဇင်ဦး

The Voice Weekly

ပခုက္ကူဆေးရုံက သုံးမွှာပူးအောင်မြင်စွာမွေးဖွားပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ သားဖွားမီးယပ်ကုသ ဆောင်တွင် စက်တင်ဘာ ၂၇ရက်နေ့နံနက်ပိုင်းကသုံးမွှာပူး မိန်းကလေးများအားအောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ကုက္ကူလှ ကျေးရွာအုပ်စု၊ သင်္ဘောကုန်း ကျေးရွာနေ ဦးအောင်ကျော်သူ ၏ ဇနီး ဒေါ်သင်းသင်းအေးမှ ပခုက္ကူပြည်သူ့ဆေးရုံကြီး၊ သား ဖွားမီးယပ်ကုသဆောင်တွင်ယင်းနေ့ နံနက်(၉)နာရီ(၃၅)မိနစ်အချိန်က ပထမမိန်းကလေးကို(၅)ပေါင်ဖြင့် လည်းကောင်း၊ဒုတိယမိန်းကလေး ကိုနံနက်(၉)နာရီ(၃၆)မိနစ်တွင် (၃)ပေါင်(၁၀)အောင်စဖြင့်လည်း ကောင်း၊ တတိယမိန်းကလေးကို နံနက်(၉)နာရီ(၃၇)မိနစ်တွင်(၄) ပေါင်ဖြင့်လည်းကောင်း ပခုက္ကူ ဆေးရုံးကြီးမှမီးယပ်သားဖွားအထူး ကုဆရာဝန်ဒေါက်တာအေးအေးသင်း ကအောင်မြင်စွာဖြင့်မိခင်နှင့်ကလေး (၃)ဦးစလုံးကိုကျန်းမာစွာမွေးဖွား ပေးနိုင်ခဲ့သည်။

သုံးမွှာပူးမိခင်ဒေါ်သင်းသင်း အေး ကိုပခုက္ကူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ ဒေါ်အေးအေးသင်းနှင့်အထူးကု ဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ ဆေးလူမှုဆက်ဆံ ရေးမှူးနှင့်ဝန်ထမ်းများကပိတ် အနှီးစနှင့်အလှူငွေများထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်(မန်းတက္ကသိုလ်)

Hot News Weekly

Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ်

Hunger Games ဒါရိုက်တာနှင့် ပြန်လည်အလုပ်လုပ်မည့် ဂျနီဖာလောရင့်စ် Universalက ဂျွန်စတိန်း ဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့

ဂျနီဖာ လောရင့်စ် အနေဖြင့် Hunger Games ဇာတ်ကားတွင် အတွဲညီခဲ့သည့် ဒါရိုက်တာ ဂယ်ရီရော့စ်နှင့် နောက်တစ်ကြိမ် လက်တွဲဖြစ်မည်ဟု သိရသည်။ အမျိုးသမီး တစ်ဦး၏ စွန့်စားခန်းများကို အသားပေး ဖော်ကျူးခဲ့သည့် Hunger Games ဇာတ်ကားတွင် ဂယ်ရီသည် ဂျနီဖာကို အကောင်းဆုံး လမ်းညွှန်သွန်သင်မှုများ ပြုလုပ်ပေးခဲ့သည်။ ယခုအခါ Universalက ဂျွန်စတိန်းဘက်၏ ဂန္ထဝင် ဝတ္ထုဟောင်းဖြစ်သည့် East of Edenကို ဆန်းသစ်ရိုက်ကူးရန် ဂယ်ရီကို တာဝန်ပေးခဲ့ပြီး ဂယ်ရီက ဂျနီဖာကို ပါဝင်လာရန် ကမ်းလှမ်းခဲ့သည်။ အသက်(၂၃)နှစ်ရှိ အော်စကာဆုရှင် မင်းသမီးကလည်း ဆရာဟောင်းနှင့် ပြန်လည်ပေါင်းစည်းရန် လိုလိုလားလား လက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဂျနီဖာသည် အဆိုပါ ဇာတ်ကားတွင် သီယိုဂျိမ်းစ်နှင့် တွဲဖက်သရုပ်ဆောင်ရဖွယ် ရှိနေသည်။ East of Edenသည် (၁၉၅၅)ခုနှစ်က ဒါရိုက်တာ အီလီရာကာဇန် တာဝန်ယူပြီး ရုပ်ရှင်အဖြစ် တစ်ကြိမ်ရိုက်ကူးခဲ့ဖူးသည်။ ထိုစဉ်က နာမည်ကျော်မင်းသား ဂျိမ်းစ်ဒင်းက ဦးဆောင် ပါဝင်ခဲ့သည်။ လတ်တလောတွင် ဂျနီဖာသည် Hunger Games ဇာတ်ကား၏ နောက်ဆက်တွဲ Catching Fireအတွက် အလုပ်များနေဆဲ ဖြစ်သည်။ ဂယ်ရီသည် Burial Rites ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားပြီး ယင်းအတွက်လည်း ဂျနီဖာကို ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရှိရသည်။

Planet Myanmar Network

မှော်ဘီမြို့နယ်ရှိ လှိုင်မြစ်ကြောင်းတွင် စက်လှေနစ်မြုပ်

၂၈.၉.၂၀၁၃ ရက်နေ့ ၁၅၃၀အချိန်ခန့်တွင် မှော်ဘီမြို့နယ်နေ စောနေထူး(ဘ)ဦးမောင်ငွေ မောင်းနှင်လာသည့် အရှည်ပေ(၂၀)ခန့်၊ အကျယ်(၂)ပေခွဲခန့်ရှိ တရုတ်ဟွန်ဒါ(၁)ကောင်ခွဲ အင်ဂျင်တပ် အိမ်သုံးသစ်သားစက်လှေသည် ခရီးသည်များတင်ဆောင်၍ မိုးကုလားစုကျေးရွာမှ ညောင်အင်းကုန်းကျေးရွာသို့ ချောင်းဝချောင်းမှ တဆင့် လှိုင်မြစ်ကြောင်းအတိုင်း ကမ်းပါးမှပေ(၂၀) ခန့်ခွာကာ ရေဆန်မောင်းနှင်လာစဉ် မှော်ဘီမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ မိုးကုလားစုကျေးရွာအနီးအရောက်တွင် ၀ဲစုပ်ကာ စက်လှေအတွင်းသို့ ရေ၀င်နစ်မြုပ်ခဲ့ပါသည်။

ထိုသို့နစ်မြုပ်ခဲ့သဖြင့် စက်လှေပေါ်တွင်လိုက်ပါစီးနင်းလာသူ အင်းစိန်မြို့နယ်နေသူများဖြစ်သည့် မခင်သီတာဝင်းနှင့် မတင်တင်မိုး တို့(၂)ဦးအား ရေထဲမှဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ကျန်ခရီးသည် များဖြစ်သော အင်းစိန်မြို့နယ်နေသူများဖြစ်သည့် မလှလှအေး၊ မ၀င်းဝင်းမော်နှင့် မဇာနည်မော်တို့(၃)ဦးမှာ ရေနစ်မြုပ်ပျောက်ဆုံး နေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိပါသည်။

အဆိုပါရေယာဉ်မောင်း စောနေထူးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားမှော်ဘီမြို့မရဲစခန်း (ပ)၅၅၃/၂၀၁၃၊ ပုဒ်မ ၂၈၀/၂၀၂ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လှိုင်မြစ်ကြောင်း

ကွက်ပြည့်ခွေးရူးရောဂါ ကာကွယ်ဆေးထိုးရေး စီမံချက် စက်တင်ဘာ ၂၈ စတင်မည်

ရန်ကုန်မြို့တစ်နေရာမှ ခွေးလေခွေးလွင့်အချို့ ဓာတ်ပုံ-နစ်ကီ
ခွေးရူးရောဂါ တားဆီးတိုက်ဖျက်ရေးအတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွက်ပြည့်ခွေးရူးရောဂါကာကွယ်ဆေးထိုးရေး စီမံချက် လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စက်တင်ဘာ ၂၈ (ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့)မှ စတင်၍ စီမံကိန်းပထမအဆင့်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများကို ဒုတိယအဆင့် စီမံချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

ခွေးရူးရောဂါကာကွယ်ရေးအတွက် အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် ခွေး၊ ကြောင်များကို ကာကွယ်ဆေးအလုံးရေနှစ်သိန်းခန့် အခမဲ့ထိုးပေးမည်ဖြစ်ပြီး မြို့ နယ်အသီးသီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

““အရင်တုန်းကလည်း တိုင်းဦးစီးဌာနကနေ ကာကွယ်ဆေးထိုးပေးတာတွေ ရှိပါတယ်။ အဓိက ကတော့ ပြည်သူလူထုကို ဒီရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိဖို့နဲ့ အားလုံးပူးပေါင်းဖို့ပါ””ဟု တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ခွေးတစ်ကောင်အတွက်  ကာကွယ်ဆေးတစ်လုံးလျှင် ကျပ်သုံးထောင်မှ ငါးထောင်ကြားသာ ကုန်ကျပြီး ခွေးကိုက်ခံရ၍ လူတစ်ယောက်အား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးလျှင် ငွေကျပ်ခြောက်သောင်းခန့် ကုန်ကျသည်ဟုသတင်းရရှိသည်။

ခွေးရူးရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ၂၀၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၄၀ ဦး သေဆုံးခဲ့ရပြီး မြန်မာနိုင်ငံရှိခွေးအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်သည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းလျှင် ၂၂ ဦးသည် ခွေးရူးရောဂါကြောင့် သေဆုံးနေသည်ဟု စာရင်းဇယားများ၌ ဖော်ပြထားသည်။

7Day Daily

အမျိုးသမီးတစ်ဦး ရေဒီယိုအင်တာနာတိုင် ကိုင်ရာမှ တစ်ဆင့်ဓါတ်လိုက်သေဆုံး

ပဲခူးမြို့၊မဇင်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦး ရေဒီယိုအင်တာနက်တိုင်ကိုင်ရာမှ ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။ သေဆုံးရခြင်းမှာ (၂၈.၉.၂၀၁၃)နေ့ နံနက်(၁၀း၃၀)အချိန်ခန့်က မဇင်းရပ်ကွက်၊ မဟာစေတီ အနောက်ဘက်ဈေးဆိုင်တန်းနေသူ မxxxx၊ ကမ္ဘောဇဘဏ်ဝန်ထမ်း၊ မ-က/၅၊သည် မိခင်နှင့် အတူသန့်ရှင်းရေး ပြုလုပ်နေစဉ် စာပွဲပေါ်တွင်တင်ထားသော အလျား(၄)လက်မ၊အနံ(၃)လက်မခန့်ရှိလက်ကိုင်ရေဒီယိုအား လျှပ်စစ်ဓါတ်အား သွင်းထားစဉ် ရေဒီယို၏ အင်တာနာတိုင်အား လက်ဖြင့်ကိုင်လိုက်ရာ ဓါတ်လိုက်နေသဖြင့် ၄င်းမိခင်မှ မီးမိန်းခလုတ်အားဆွဲချပြီးနောက် မxxxxxမှ မေ့မျှောသွားသည့်အတွက် ပဲခူးဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ ဆေးရုံပေါ်တွင်သေဆုံးသွားခဲ့ကြောင်းနှင့်ပဲခူးအမှတ်(၂)ရဲစခန်း စခန်းမှူးရဲအုပ်စိန်လွင်မှ သေမှုသေခင်း (ပ)၉/၂၀၁၃အရ စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့်ဇင်

by Myanmar News Now


Antibiotics ပဋိဇီဝဆေးများ

Antibiotics (အင်တီဘိုင်အောတစ်) ပဋိဇီဝဆေး ဆိုတာ သက်ရှိတမျိုးကနေ နောက်သက်ရှိ တမျိုးကို နိုင်စေနိုင်တဲ့ ဆေးမျိုးတွေ ဖြစ်ကြတယ်။ Antimicrobials ပိုးတွေကို နိုင်တဲ့ဆေးတွေထဲက တမျိုးသာ ဖြစ်တယ်။ Anti-viral ဗိုင်းရပ်စ်ဆေး၊ Anti-fungal မှိုဆေး၊ Anti-parasitic drugs ပါရာဆိုက်ဆေးတွေလဲ ရှိသေးတယ်။

နိုင်တယ်ဆိုတာ Bactericidal သေစေနိုင်တာနဲ့ Bacteriostatic မျိုးမပွါးအောင် တားနိုင်တာ ၂ မျိုးရှိတယ်။ ဗက်တီးရီးယားတွေကို နိုင်ပုံနိုင်နည်းကလဲ မတူကြဘူး။ သကြားဓါတ်ကနေ (အင်နာဂျီ) ဖြစ်မလာ စေအောင်လဲ လုပ်တာလဲ ရှိတယ်။ (ဆဲလ်) နံရံ မဖြစ်အောင်လဲ လုပ်တာက လုပ်တယ်။ Antibiotic resistance ဆေးခံနိုင်ရည် ဖြစ်စေနိုင်တာက ဒီဆေးတွေရဲ့ အားနည်းချက်ကြီး ဖြစ်တယ်။

တခြားဆေးတွေလိုဘဲ နာမယ် ၂ မျိုးရှိကြတယ်။ Generic name ဆေးနာမယ် နဲ့ Trade or brand name ဆေးကုမ္ပဏီက ပေးတဲ့နာမယ်။

Broad ဗက်တီးရီးယား အများကြီးကိုနိုင်တာနဲ့ Narrow သတ်သတ်မှတ်မှတ် ပိုးကိုသာ နိုင်တာတွေ ရှိတယ်။ နောက်ပြီး Injectable ထိုးဆေး၊ Oral သောက်ဆေး၊ Topical လိမ်းဆေး-ခပ်ဆေး အမျိုးမျိုး ရှိကြတယ်။

အမျိုးအစားပေါင်း ၁ဝဝ မက ရှိတယ်။
• Penicillins (ပနယ်စလင်) ဥပမာ Penicillin and Amoxicillin
• Cephalosporins (ကက်ဖလိုစပိုရင်) ဥပမာ Cephalexin (Keflex)
• Macrolides (မိုက်ခရိုလွိုက်) ဥပမာ Erythromycin, Clarithromycin, and Azithromycin
• Fluoroquinolones (ဖလူရိုကွီနိုလင်း) ဥပမာ Ciprofloxacin, Levofloxacin, and Ofloxacin
• Tetracyclines (တက်ထွာဆိုက်ကလင်း) ဥပမာ Tetracycline and Doxycycline
• Aminoglycosides (အမိုင်နိုင်ဂလိုက်ကိုဆိုက်) ဥပမာ Gentamicin and Tobramycin
• Sulfonamides (ဆာလ်ဖိုနမိုက်) ဥပမာ Co-trimoxazole and Trimethoprim

Penicillins အရင်ဆုံးပေါ်တာ ဖြစ်တယ်။ Alexander Fleming ကနေ 1928 မှာ ပဌမဆုံး စတွေ့ခဲ့တာပါ။ ဗက်တီးရီးယား တွေကို သေစေနိုင်တယ်။ ၄ မျိုးရှိတယ်။
1. Natural Pencillins သဘာဝ ပနယ်စလင်၊ Penicillin-G တွေက Gram-positive Streptococci နဲ့ Staphylococci တွေအပြင် Gram-negative bacteria ထဲက Meningococcus ဗက်တီးရီးယားတွေကို သေစေတယ်။
2. Penicillinase-resistant Penicillins အမျိုးအစားတွေက ပနယ်စလင်ကို သက်ရောတဲ့ Enzyme ကို ခံနိုင်ရည် ရှိတယ်။
3. Extended spectrum Penicillins ဆိုတာ ပိုးအမျိုး အများကြီးကို နိုင်တယ်။
4. Aminopenicillins သဘာဝ ပနယ်စလင်တွေထက် ပိုပြီး ပိုးတွေကိုနိုင်တယ်။ Ampicillin နဲ့ Amoxicillin ဖြစ်တယ်။

Penicillins (ပနယ်စလင်) ဘေးထွက်ဆိုးကျိုး၊ ဝမ်းပျက်၊ ပျို့၊ အန်၊ အစာမကျေဖြစ်တာ အများဆုံး။ ရှာရှားပါးပါး အလာဂျီ ရစေတယ်။ အရေပြား အနီပြင်ထွက်၊ ကိုယ်ပူ၊ Anaphylactic shock (ရှော့ခ်) ရတယ်။ ကိုယ်ဝန်ဆောင်ကို ပေးလို့ရတယ်။

Cephalosporins
ဗက်တီးရီးယားတွေအပေါ် သက်ရောက်တာ ပနယ်စလင်နဲ့ တူတယ်။ တည်ဆောက်ထားတာတော့ မတူဘူး။ ဘေးထွက် ဆိုးကျိုး နဲတယ်။ ဝမ်းပျက်၊ ပျို့၊ အန်၊ အစာမကျေ၊ (အလာဂျီ) လဲ ရတတ်တယ်။

1. First generation cephalosporins ပဌမမျိုးဆက် = Cephalothin, Cefazolin, Cephapirin, Cephradine, Cephalexin, Cefadroxil တွေ ဖြစ်ကြတယ်။
2. Second generation cephalosporins ဒုတိယမျိုးဆက် = Cefaclor, Cefamandole, Cefonicid, Ceforanide, Cefuroxime တွေ ဖြစ်ကြတယ်။
3. Third generation cephalosporins တတိယမျိုးဆက် = Cefcapene, Cefdaloxime, Cefditoren, Cefetamet, Cefixime, Cefmenoxime,Cefodizime, Cefoperazone, Cefotaxime, Cefpimizole, Cefpodoxime, Ceftibuten, Ceftriaxone တွေ ဖြစ်ကြတယ်။
4. Fourth generation cephalosporins စတုတ္ထမျိုးဆက် = Cefclidine, Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေ ဖြစ်ကြတယ်။

Macrolides
Erythromycin, Clarithromycin, Azithromycin, Roxithromycin, Troleandomycin တွေ ဖြစ်ကြတယ်။
Pharyngitis အာခေါင်နာ၊ Sinusitis (ဆိုင်းနပ်စ်)၊ Bronchitis လေပြွန်ရောင်၊ Genital infections မျိုးပွါးလမ်းရောင်၊ Gastrointestinal tract infections အစာလမ်းရောင်၊ Skin infections အရေပြားနာတွေအတွက် သုံးတယ်။
Macrolides ဘေးထွက်ဆိုးကျိုး၊ ပျို့-အန်-ဝမ်းပျက်၊ နားကိုထိခိုက်၊

Fluoroquinolones
တည်ဆောက်ယူတဲ့ နောက်ပေါ်ဆေး ဖြစ်တယ်။ စားဆေး၊ ထိုးဆေး ရှိတယ်။
Urinary tract infections ဆီးလမ်းရောင်၊ Skin infections အရေပြားနာ၊ Sinusitis (ဆိုင်းနပ်စ်)၊ Pneumonia နူမိုးနီးယား၊ Bronchitis လေပြွန်ရောင်တာတွေမှာ သုံးတယ်။
Ciprofloxacin, Levofloxacin, Lomefloxacin, Norfloxacin, Sparfloxacin, Clinafloxacin, Gatifloxacin, Ofloxacin, Trovafloxacin တွေ ဖြစ်ကြတယ်။
Fluoroquinolones ဘေးထွက်-ဆိုးကျိုး နဲတယ်။ ဝမ်းပျက်၊ အန်၊ ဗိုက်နာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အလင်းရောင်ထိခိုက်။

Tetracyclines
Tetracycline, Doxycycline, Minocycline, Oxytetracycline တွေ ဖြစ်ကြတယ်။
အသက်ရှူလမ်းရောင်၊ Sinuses (ဆိုင်းနပ်စ်)၊ Middle ear နားအလယ်ပိုင်ရောင်၊ Urinary tract ဆီးလမ်းရောင်၊ Skin အရေပြားနာ၊ Intestines အူရောင်၊ Gonorrhoea ဂနိုရီးယား၊ Rocky Mountain spotted fever, Lyme Disease, Typhus ရောဂါတွေ၊ Acne ဝက်ခြံ၊ Rosacea မျက်နှာနီမြန်းရောဂါတွေမှာ သုံးတယ်။
Tetracycline ဘေးထွက်ဆိုးကျိုး၊ ဗိုက်နာ၊ ဝမ်းပျက်၊ ပါးစပ်-လျှာနာ၊ ခေါင်းကိုက်။ skin photosensitivity နေလောင်တာ မခံနိုင်ဘူး၊ အသက် ၈ နှစ်အောက်ကလေး မပေးသင့်ဘူး။ သွားတွေ ဝါ-ညိုစေမယ်။ ကိုယ်ဝန်ဆောင်လဲ မပေးသင့်ဘူး။ ရက်လွန်ဆေးက ကျောက်ကပ်ကိုထိခိုက်စေတယ်။ ဗိုက်နာ၊ ကြွက်သားနာ၊ ဝမ်းပျက်၊ လျှာအနာပေါက်၊ အလာဂျီရစေနိုင်၊

Aminoglycosides
Amikacin, Gentamicin, Kanamycin, Neomycin, Streptomycin, Tobramycin တွေ ဖြစ်ကြတယ်။
တခြား ဆေးတွေနဲ့မရတဲ့ Gram-negative bacteria ဗက်တီးရီးယားတွေကို နိုင်တယ်။ ဒါ့ကြောင့် Penicillins တို့ Cephalosporins တို့နဲ့ တွဲသုံးရင် ဗက်တီးရီးယား အားလုံကို နိုင်မယ်။ ဆေးယဉ်တာ ဖြစ်နိုင်တယ်။ ရက်တိုသာ ပေးတယ်။
Aminoglycosides ဘေးထွက်ဆိုးကျိုး၊ Ototoxicity နားကို ထိခိုက်စေတယ်။ Nephrotoxicity ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။

Sulfonamides (ဆာလ်ဖိုနမိုက်)
Co-trimoxazole = Septrin (TMP/SMZ) ဆီးအိမ်-ဆီးကြိတ်ရောင်ခြင်း၊ ကျောက်ကပ်ပြွန်ရောင်ခြင်း၊ (ဆိုင်းနပ်စ်)၊ နားကိုက်ခြင်း၊ (ရှီဂဲလား) ဝမ်းကိုက်ခြင်း၊ (ဆာလ်မိုနည်းလား) ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ (နူမိုးနီးယား)၊ Cyclospora infection ပိုးဝင်ခြင်းတွေအတွက် ပေးတယ်။
တခြား ဆာလ်ဖါပါ ပဋိဇီဝဆေးတွေကတော့ Sulfamethoxazole, Sulfisomidine (sulfaisodimidine), Sulfacetamide, Sulfadoxine တွေ ဖြစ်တယ်။
Dichlorphenamide (DCP) နဲ့ Dorzolamide မျက်စဉ်းတွေ ဖြစ်တယ်။
Acetazolamide, Bumetanide, Chlorthalidone, Clopamide, Furosemide, Hydrochlorothiazide (HCT, HCTZ, HZT), Indapamide, Mefruside, Metolazone, Xipamide ဆီးသွားစေတဲ့ဆေးတွေ ဖြစ်တယ်။
Acetazolamide, Ethoxzolamide, Sultiame, Zonisamide အတက်ရပ်ဆေးတွေ ဖြစ်တယ်။

Septrin ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ (ပိုတက်ဆီယမ်) များစေ၊ (ဆိုဒီယမ်) နည်းစေ၊ သကြားဓါတ်နဲ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြားအဖူးပေါက်၊ ၂ နှစ် အောက်ကလေး မပေးသင့်။

• Amoxicillin အမောက်ဆာစလင် http://dts-medicaleducation.blogspot.com/2009/07/amoxicillin.html
• Azithromycin နဲ့ Ofloxacin ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.in/2012/06/azithromycin-ofloxacin.html
• Antibiotics and Skin infections ပဋိဇီဝဆေး နဲ့ အရေပြားအနာများ http://dts-medicaleducation.blogspot.in/2013/04/antibiotics-and-skin-infections.html
• Antibiotics for Acne ဝက်ခြံအတွက် ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/05/antibiotics-for-acne.html
• Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး http://dts-medicaleducation.blogspot.com/2011/11/19-11-2011-taking-antibiotics-for-viral.html
• Antibiotics ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/03/antibiotics.html
• Doxycycline (ဒေါက်ဆီဆိုက်ကလင်း) http://dts-medicaleducation.blogspot.in/2013/08/doxycycline.html
• Staphylococcus ဗက်တီးရီးယားဆိုး (စတက်ဖလိုကောကပ်စ်) http://dts-medicaleducation.blogspot.in/2012/03/staphylococcus.html

Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁

တေးသံရှင်ဆိုတေး စကားစပြော

မန္တလေး၊ စက်တင်ဘာ၂၇

ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီး တွင် နှစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက် ရှိသော တေးသံရှင် ဆိုတေးသည် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာလျက်ရှိပြီး မိသားစုများ၊ ဆေးရုံရှိ ဆရာ၊ ဆရာမများနှင့်အတူ ကောင်းမွန်စွာ စကားပြန်လည် ပြောနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
“ဆိုတေးက ပြီးခဲ့တဲ့နှစ်ရက်လောက် ကတည်းက စကားလည်း ပြောနိုင်ပြီ။ နန်းဆုရတီစိုးနဲ့လည်း ဖုန်းနဲ့ စကားပြောတယ်။ ဦးနှောက်ပိုင်း မှတ်ဉာဏ်ကလည်း ကောင်းတယ်။ ကျန်းမာရေး အခြေအနေကတော့ တော်တော်လေး ကောင်းမွန်နေပါတယ်” ဟု ဦးမင်းလွင်က ဆိုသည်။

တေးသံရှင် ဆိုတေးသည် မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ် ကုသဆောင်တွင် ၄၉ ရက်ကြာ တက်ရောက် ကုသရာမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့မှစ၍ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွှေ့ ကုသလျက်ရှိရာ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ဆိုသည်။
“အခု ရေချိုးပေးနေတယ်။ မီဒီယာတွေနဲ့တော့ အင်တာဗျူး မဖြေနိုင်သေးဘူး။ စကားလည်း ပြောနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ ဆိုတေး၏ ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောသည် မိတ္ထီလာ ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ဆိုတေးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေရခြင်း ဖြစ်သည်။

The Voice Weekly

စိတ်ညစ်နေချိန်မှာ Shopping ထွက်တာ အကောင်းဆုံးပါပဲလို့ ယူဆသူလေး ခင်ဝင့်ဝါ

လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။

အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေလည်း ဖြေပေးတယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။

အရင်အေဂျင်စီနဲ့ ပြဿနာတက်တယ်ဆို တာက။

သြော် ဟုတ်ကဲ့။ အဲဒီကိစ်္စကအဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ။Supranational Organization မှာက အေဂျင်စီတစ်ခုခုနဲ့ စာချုပ်ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင်လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့အနေနဲ့က Miss နဲ့ Model နဲ့မတူဘူးဆိုတာကို ပြောပြချင်တာ။ သူတို့စာချုပ်ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ်ချုပ်ထားတာ မရှိရဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်ဆိုတဲ့ အချက်ပါ တယ်။ အဲဒါကြောင့်မို့လို့ပါ။ Miss Supranational ရကတည်းက သူတို့နဲ့ ချုပ်ရတာ။

ညီမလေးဘက်ကရော ထိခိုက်နစ်နာမှုတွေ ရှိလား။

မရှိပါဘူး အစ်မ။

လျော်ကြေးက ညီမလေးကိုယ်တိုင်လျော် ရတာလား။

ဟိုဘက် အေဂျင်စီက လျော်ပေး တာလား။

ကိုယ့်ဟာကိုယ် လျော်ရတာပါ အစ်မ။

အခုလတ်တလောမှာ ၀တ်ဖြစ်နေတာ က။

မြန်မာဝတ်စုံလေးတွေလည်း အရမ်းကြိုက် နေတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ဂါဝန်အရှည် လေးတွေ ၀တ်ဖြစ်နေပါတယ်။

ညီမလေး အသားအရောင်နဲ့ လိုက်ဖက် တဲ့ Colour တွေက။

အနီ၊ အ၀ါ၊ ပန်းရောင်၊ အဖြူတို့နဲ့လိုက် မယ်ထင်တယ်။

ညီမလေးရဲ့ မိသားစုကရော Fashion နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပေးလဲ။

အတိုတွေ၊ အပြတ်တွေတော့ မ၀တ်ခိုင်း ဘူး။ အကြံပေးတာထက်ကို သင့်တော်တာပဲ ၀တ်ခိုင်းပါတယ်။

Fashion ပစ်္စည်းထဲမှာ စုဆောင်းဖြစ်တာ က။

Accessories တွေတော့ မကြိုက်ပေမဲ့ ၀ယ်စုဖြစ်တယ်။ တချို့ဆို ညီမကို Accessories မကြိုက်ဘူးလားတဲ့။ ဓာတ်ပုံရိုက်ရင် မ၀တ်လို့။ မကြိုက်တာထက် ၀တ်လေ့ဝတ်ထ မရှိတာပေါ့။ စုရတာတော့ ၀ါသနာပါတယ်။

သူငယ်ချင်းတွေနဲ့ရော Fashion အကြောင်း နှီးနှောဖလှယ်တာမျိုးရှိလား။

Fashion နဲ့ပတ်သက်ပြီး လိုက်တယ်။ မလိုက်ဘူးဆိုတာတော့ တစ်ယောက်နဲ့တစ် ယောက် ဝေဖန်အကြံပေးကြတယ်။ အသစ်ထွက် တဲ့ ဒီဇိုင်းတွေအကြောင်းကို ဖလှယ်တာမျိုးရှိ တယ်။
အပြင်သွားတဲ့အခါမှာ ဘယ်လို ပုံစံကို ၀တ်ဖြစ်လဲ။
အရင်ကတော့ လွတ်လွတ်လပ်လပ် ပေါ့ ပေါ့ပါးပါး ကြိုက်တယ်။ အခုက မြန်မာဝတ်စုံ တွေ ၀တ်ဖြစ်နေတယ်။ ချုပ်တာထက် Ready Made ၀ယ်တာများတယ်။

Shopping ထွက်တဲ့အခါ အသွားဖြစ်ဆုံး နေရာက။

Taw Win နဲ့ Junction Square ပေါ့။

ဝယ်ဖြစ်တဲ့ ဆိုင်တွေက။

တစ်နေရာ၊ တစ်သမတ်တည်းတော့ မရှိ ဘူး။ တကယ်လို့ ညီမသဘောကျ ရင် ၀ယ်တယ်။ မြန်မာဝတ်စုံဆိုင်တွေဆိုလည်း အများကြီးရှိ တယ်။ မြန်မာဝတ်စုံမှာ စီးကွင့်လေးတွေ ထိုး ထားရင် အရမ်းသဘောကျတယ်။ ညီမ၀ယ်နေ ကျဆိုင်မှာဆို တစ်ဆိုင်လုံး ကပစ်္စည်းတွေကို ၀ယ်ချင်တယ်။ ဖိနပ်နဲ့ Accessories တွေပေါ့။

ဖိနပ်နဲ့ အိတ်ဆိုရင်။

ဖိနပ်က ပေါ့ပေါ့ပါးပါး Slipper တွေစီး ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ကအမြဲတမ်းဒေါက်နဲ့ ထိတွေ့ခဲ့တဲ့သူဆိုတော့ ဒေါက်တွေ အမြဲဝယ် ဖြစ်တယ်။ လှတာကို ဦးစားပေးဝယ်တယ်။ ကိုယ့်အတွက်လည်း သက်သောင့်သက်သာ ဖြစ်ပြီး လိုက်မယ်ဆို ၀ယ်ဖြစ်တယ်။ အိတ်ကို တော့ အကြီးကြီးတွေ ကြိုက်တယ်။

Shopping ထွက်ရတာရော သဘောကျ လား။

သဘောကျတယ်။ တစ်ခါတလေ တစ်နေ ကုန် Shopping ထွက်တယ်။ Shopping ထွက်ရင် စိတ်သက်သာရပြီး ပျော်တယ်။ ညောင်း လာရင် မုန့်ဆိုင်ထိုင်တယ်။ ပြီးရင် ပြန်ပတ် တယ်။ စိတ်ညစ်ရင် Shopping ထွက်တာ အကောင်းဆုံးပေါ့။
ှ့
Shopping ကိုရော ဘယ်သူနဲ့ အများဆုံး သွားဖြစ်လဲ။

အစ်မရယ်၊ အမေရယ်၊ အဒေါ်ရယ် အမြဲ ပါတယ်။ သူငယ်ချင်းတွေနဲ့က အရင်ကပေါ့။ အခု သိပ်မသွားဖြစ်တော့ဘူး။

Shopping ထွက်တဲ့အခါ ၀တ်ဖြစ်တာ က။

စကတ်နဲ့ ဘောင်းဘီတိုလေးတွေ ၀တ်ဖြစ် တယ်။ အရမ်းကြီး လူမြင်မကောင်းတာမျိုး မဟုတ်ဘဲ Free Style လေးတွေပေါ့။

Shopping ထွက်တာမျိုး မဟုတ်ဘဲ Online ကနေမှာတာမျိုးရောရှိလား။

တစ်ခါပဲ။ အိတ်လေးတွေ သဘောကျလို့ ၀ယ်ဖူးတယ်။

ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဝယ်ဖူးတဲ့ အသုံးအ ဆောင်ပစ်္စည်းလေးရှိရင်။

Accessories တွေပါ။

ကျောင်းတစ်ဖက်၊ အနုပညာအလုပ်တစ် ဖက်နဲ့ဆိုတော့ မပင်ပန်းဘူးလား။

အဲလိုတော့ မခံစားပါဘူး။ တစ်ခါတလေ ကျရင်တော့ အရမ်းပင်ပန်းတယ်။ အိပ်ချိန်လည်း အရမ်းနည်းတယ်။ မနက်ဆို ကျူရှင်လဲရှိတယ်။ ပြီးရင် တောက်လျှောက်ရှုတင်တွေ ဆက်တိုက် ပဲ။ ဒါပေမဲ့ ၀ါသနာပါတဲ့ အလုပ်ဖြစ်နေတဲ့အ တွက် သိပ်တော့ မညည်းဖြစ်ဘူး။

M Plaza Shopping Journal မှာ Covdr ရိုက်ရတဲ့ ခံစားချက်လေး။

M Plaza Shopping Journal ပါဝင် ရိုက်ကူးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါ တယ်။

ညီမရဲ့ ပရိသတ်တွေကိုရော ဘာပြောချင် သေးလဲ။

ညီမကို အားပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ်၊ အားမပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ် အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်း ချစ် ပါတယ်။ ရှေ့ဆက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ဆောင်သွားပါမယ်။ အားပေးပါဦးလို့။ ချစ် ခင်ပါဦးလို့။ ပရိသတ်ကြီး စိတ်မပျက်အောင်လဲ အစွမ်းကုန်ကြိုးစားသွားပါ့မယ်လို့။ ပရိသတ်ကြီး အလုပ်အကိုင်တွေ အဆင်ပြေပြီး ပျော်ရွှင်ပါစေ လို့။

အမ်ဘုံဆူးခက်
ဓာတ်ပုံ - Studio Saw
မိတ်ကပ် - မထက်(Pop Soul)
ီDress - Vogue
Shoe - Lily

**********************
M Plaza Shopping Journal (Vol 1, No 16 )

လူရွှင်တော်များ အသင်း စတင် ဖွဲ့စည်း လိုက်ပြီဖြစ်

ဟာသ ပညာရှင်များ ပါဝင် ဖွဲ့စည်း ထားတဲ့ လူရွှင်တော်များ အသင်း ဖွဲ့စည်းမှုကို စက်တင်ဘာလ ၂၇ ရက်နေ့က ဆရာစံလမ်းရှိ SS Food Centre မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟာသ လူရွှင်တော်များ အသင်း ဖွဲ့စည်းမှုဟာ အချို့လူရွှင်တော် အများစု အနေနဲ့  ဆင်းရဲ နွမ်းပါးကြတဲ့ အတွက် အသက်အရွယ် အိုမင်းလာတဲ့ အခါမှာ ဆေးဝါး ကုသစရိတ်၊ နေရေး၊ ထိုင်ရေး စရိတ် အားလုံးကို လူရွှင်တော်များ အသင်းမှ တာဝန်ယူပေး သွားနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ယခုအသင်း စတည်ဖွဲ့စည်းမှု မှာတော့ ရန်ကုန်နဲ့ မန္တလေးအပြင် မြန်မာနိုင်ငံ အနှံအပြားမှာ ရှိတဲ့ လူရွှင်တော်များ ပါဝင်ပြီး လစဉ်ရန်ပုံငွေ အဖြစ်လည်း တစ်ယောက်ကို ၁၀၀၀ ကျပ်နှုန်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ ယခုလို ကောက်ခံမှုဟာ  အသက်အရွယ် ကြီးနေတဲ့ လူရွှင်တော် များကို အပြည့်အ၀ ကူညီ ထောက်ပံ့ ပေးနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလို လူရွှင်တော်များ အသင်း စတင် ဖွဲ့စည်းမှုမှာ လူရွှင်တော် အလှူရှင်တွေမှ ရန်ပုံငွေပေါင်း နှစ်ဆယ့် ရှစ်သိန်း တစ်သောင်း ကိုလည်း ထည့်ဝင် လှူဒါန်း ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ မှာလည်း ရန်ကုန်မှာ ရှိတဲ့ လူရွှင်တော်များနဲ့ မန္တလေးမှာရှိတဲ့ လူရွှင်တော်များဟာ အသင်းရန်ပုံငွေ အဖြစ် ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်းမှာ ချစ်ကြည်ရေး ဘောလုံး ကန်သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV-4

ပျံသန်းချိန်အတွင်း အိပ်ပျော်လေ့ရှိသည့် ဗြိတိန်မှ လေယာဉ်မှူးများ

ဗြိတိန်မှ စစ်တမ်းတစ်ခုအရ ဗြိတိန်လေယာဉ်မှူး တစ်ဝက်ကျော်ခန့်ဟာ ခရီးစဉ်ပျံသန်းနေစဉ် အတွင်း အိပ်ပျော်နေတတ်ကြကြောင်း

သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ဗြိတိန်ခရီးသည် လေယာဉ် တစ်စင်းမှ လေယာဉ်မှူးနှစ်ဦးဟာ ခရီးစဉ်အတွင်း အိပ်ပျော်နေတာကို တွေ့ရှိခဲ့ပြီးနောက် ယခုလို စစ်တမ်းပြုစုခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းအကြောင်းကို ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ဗြိတိန်လေယာဉ်မှူး ၆ဦးအနက် ၁ဦးဟာ အိပ်ပျော်နေလေ့ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ဗြိတိန်ပြည်တွင်း လေကြောင်းဦးစီးဌာန CCA ကတော့ လေယာဉ်တွေမှာ အလိုလျောက် ထိန်းချုပ်စနစ်ပါဝင်တာကြောင့် လေယာဉ်မှူးတွေ အိပ်ပျော်တာဟာ သီးခြားပြဿနာဖြစ်ပြီး ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် CCA က လေယာဉ်မှူးနဲ့ လက်ထောက် လေယာဉ်မှူးတွေဟာ ကြာမြင့်တဲ့ ခရီးစဉ်တွေကို မောင်းနှင်ရာမှာ နှစ်ညအတွင်း ငါးနာရီလောက်သာ အိပ်စက်ရပြီး အလွန်ပင်ပန်းတာကြောင့် အိပ်ပျော်ကြဟန်ရှိပြီး မိနစ် ၂၀အလှည့်ကျစနစ်နဲ့ အိပ်စက်နေစဉ်အတွင်း အိပ်မောကျသွားခြင်းမျိုး ဖြစ်နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဗာဂျင်လေကြောင်းလိုင်း ပိုင်ရှင်ကလည်း လေယာဉ်မှူး အိပ်ပျော်တဲ့ လေကြောင်းတွေထဲမှာ မိမိတို့ ပါဝင်ကြောင်း ၀န်ခံပြောကြားခဲ့ပေမယ့် လေယာဉ်မှူးနှစ်ဦးလုံး အိပ်ပျော်ခြင်း မဟုတ်ကြောင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗြိတိန်လေယာဉ်မှူးများ အဖွဲအစည်းကတော့ ခရီးစဉ်ရေးဆွဲမှုနဲ့ လေကြောင်းတွေရဲ့ ၀န်ထမ်းတာဝန် ရေးဆွဲမှုဇယားအပေါ် အပြစ်တင်ခဲ့ကြောင်း သိရပါတယ်။

MRTV-4


ပေးသမျှတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တတ်သူလေး ရွှေမှုန်ရတီ

နိုင်ငံတကာနဲ့ အဆင့်အတန်းမီအောင် ရိုက်နေတဲ့Anubis ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံ ခိုက်...။

ဒီကားထဲမှာ ရွှေမှုန်က အန်ကယ်လေးရဲ့ တစ်ဦးတည်းသော သမီးနေရာ ကနေ သရုပ်ဆောင် ထားတယ်။ သေချာစိတ်နှစ်ပြီး အ၀တ်အစားက အစ၊ အစစအရာရာ ပြင်ဆင်ထားပါတယ်။

ဒီကားထဲမှာ အ၀တ်အစားပိုင်းကို စီစဉ် ပေးတာက။

ရွှေမှုန့်ရဲ့ ဒီဇိုင်နာ ကိုမင်းသက်စံပဲ အကုန် လုပ်ပေးတာပါ။ ပထမကား “အောင်မြင်ကျော် ကြား စူးရှထက်မြက်”၊ ပြီးတော့ ဒီကားက ရုံ ကြီးကား ဒုတိယမြောက်ပေါ့။

ဒီကားကြီးပေါ်မှာ ရွှေမှုန့်ရဲ့ ရင်ခုန်မှုက။

ပထမကားလောက်တော့ Worry မရှိတော့ ဘူး။ Relax ဖြစ်သွားပါပြီ။ ဒီကားကို ရွှေမှုန် ရင်လည်းခုန်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေ အကုန်လုံး အားစိုက်ပြီး ကြိုးစားထားတဲ့အတွက် ပရိသတ်တွေ သဘောကျမယ် လို့လဲ မျှော်လင့် ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီးတော့။

ရွှေမှုန် ဒီနှစ်ဆယ်တန်းဖြေရမယ်။ တစ်နေ ကုန်ကားရိုက်တယ်။ ညနေ(၆)နာရီကနေစပြီး ကျူရှင်တက်တယ်။ ကားရိုက်ဘက်လည်း အား မလျော့အောင် ပညာရေးဘက်ကိုလည်း မလစ် ဟင်းရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါ တယ်။
အလုပ်(၂)ခု လုပ်နေရတဲ့အတွက် စိတ်ဖိ စီးမှုတွေရော မဖြစ်ဘူးလား။
အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ ပင်ပန်း ပေမယ့် ပင်ပန်းတယ်ဆိုပြီး ဘယ်တော့မှမတွေး ဘူး။

Fashion နဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ် ဖြစ်လဲ။

ကာရိုက်တာနဲ့ လိုက်ဖက်တာပဲ ၀တ်တာ များတယ်။ Relax Style ကတော့ သပ်သပ် ပေါ့နော်။ Fashion ကိုတစ်ကားနဲ့တစ်ကား မတူအောင် ၀တ်တယ်။ အတတ်နိုင်ဆုံး ကွဲလွဲ အောင် ကြိုးစားပြင်ဆင်ဖြစ်တယ်။ ဒီကားထဲ မှာဆို ဃသူသကမ နဲ့ပတ်သက်ပြီး လိုင်းတစ်လိုင်း သီးသန့်ထားတယ်။ တစ်ကိုယ်လုံး All Black ဖြစ်နေရင်တောင် Accessories ပဲဖြစ်ဖြစ်၊ ပိုက်ဆံအိတ်လေးပဲဖြစ်ဖြစ်၊ ဖုန်းလေးပဲဖြစ်ဖြစ် ပန်းရောင်သုံးထားတယ်။ အဓိက Main က ပန်းရောင်ပါစေချင်တာပေါ့။

ရွှေမှုန် Crazy အဖြစ်ဆုံး Colour က။

အနီနဲ့ အနက်။

ဒီဇာတ်ကိုရတဲ့အချိန် ကိုယ်ပါဝင်သရုပ် ဆောင်ရမယ်ဆိုတော့ ခံစားရတဲ့ ခံစားမှုက။

လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကတည်း က ရွှေမှုန်ဇာတ်ညွှန်းရ ထားတာပါ။ အလွတ်နီး ပါးရအောင်လည်း ခဏခဏဖတ်တယ်။ ဇာတ် ထဲမှာ ရွှေမှုန်အရမ်းကို စိတ်နှစ်ထားပါတယ်။ ကားတိုင်းမှာ ရွှေမှုန့်ကိုပေး တဲ့တာဝန်ကျေအောင် ထမ်းဆောင်တယ်။ ပရိသတ်ကြီး စိတ်မပျက်အောင် ရွှေမှုန်ကြိုးစားနေပါတယ်။ ပရိသတ် တွေ လက်ခံအားပေးလို့ ဒီနေရာရောက်လာရ တဲ့အတွက် အမြဲတမ်းလည်း ကြိုးစားသွားမှာပါ လို့။

လေချိုသွေး
ဓာတ်ပုံ - ဉာဏ( Professional Eye)

M Plaza Shopping Journal (Vol 1, No 16 )

Fashion နဲ့ပတ်သက်ရင် ပရိသတ်ဝေဖန်မှု သိပ်မရှိခဲ့တဲ့ သက်မွန်မြင့်

အသံဝဲ၀ဲလေးနဲ့ ချစ်စရာကောင်းတဲ့ ချင်းတိုင်း ရင်းသူလေး သက်မွန်မြင့်က ၂၀၁၃ ထဲမှာ အကယ်ဒမီတန်းဝင် ဇာတ်ကားတွေရိုက်ရတာနဲ့ ပတ်သက်ပြီး...

*၂၀၁၃ ထဲမှာ ရုံကြီးကားတွေ ဆက်တိုက် ရိုက်နေရတယ်နော်။

ဟုတ်တယ်။ ရှေ့မှာ နေတိုးနဲ့ပဲဆက်တိုက် ရုံကြီးကားတွေ ရိုက်လာရတယ်။ အဲဒီထဲမှာ အပင်ပန်းဆုံးကတော့ “လူးရတနာသိုက်”ပေါ့။ ရိုက်နေကျဇာတ်ကားတွေနဲ့ လုံးဝမတူဘူး။ အ ၀တ်အစား၊ ရှုခင်း၊ ဇာတ်ညွှန်းကအစ အစစ အရာရာ အပင်ပန်းခံပြီး ရိုက်ထားတယ်။

*သက်မွန်ရဲ့ Fashion ပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ဆီက ဝေဖန်သံမကြားရ ဘူးနော်။
ကိုယ်ကလည်း ၀တ်ရမှာရှက်တယ်။ အဲဒီ လိုမျိုးဆို မနေတတ်ဘူး။ စိတ်လည်း မလုံဘူး။ ကိုယ်က လွတ်လွတ်လပ်လပ်နေချင်တာဆို တော့ မ၀တ်ဖြစ်ဘူး။

*အခုခေတ်မှာ Fashion ကို အကြောင်း ပြပြီး အတိုလေးတွေ ၀တ်လာကြတဲ့အပေါ်။

ဒါကတော့ သူတို့ရဲ့စိတ်၊ သူတို့ရဲ့ခံယူချက် ပေါ့နော်။ သူတို့ဝတ်တာလေးတွေ လဲ လှပါတယ်။ တစ်ခုရှိတာက ကိုယ်ကမြန်မာလူမျိုးဆိုတာကို တော့ မမေ့သင့်ဘူး။ မြန်မာဆိုတာ ဗုဒ်္ဓဘာသာ ယဉ်ကျေးမှုနိုင်ငံဖြစ်တဲ့ အတွက် မြန်မာဆိုတာ ကိုတော့ မမေ့စေချင်ဘူး။ နိုင်ငံခြားယဉ်ကျေးမှု ကိုလိုက်တုမှ ကိုယ့်ဘ၀က အောင်မြင်မှာမဟုတ် ဘူးလေ။

*ဒီလောကထဲဝင်ကာစမှာ ကြုံတွေ့ခဲ့ရတဲ့ သက်မွန်ရဲ့ အခက်အခဲတွေ အကြောင်းသိချင် ပါတယ်။

အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းမရှိတဲ့အ တွက် အများကြီးခက်ခဲခဲ့တယ်။ နယ်ကလာတာ ဖြစ်တဲ့အတွက် ၀တ်ပုံစားပုံကလည်း ရိုးတယ်။ ဒီရောက်တော့ အ၀တ်အစားစီစဉ်ရတာလဲ ခက် တယ်။ ဘယ်မှလဲ မသွားတတ်ဘူး။ နောက်ပြီး တော့ ကိုယ်ကလူအများကြီးထဲမှာလဲ မနေ တတ်ဘူး။ ရှက်တယ်။ ကြောက်တယ်ဆိုတော့ စကားလဲ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ အစ ကဗမာစကားလဲ သိပ်နားမလည်ဘူး။ နောက် ပိုင်း အတွေ့အကြုံရလာမှသာ ဒီလောကမှာ အဆင်ပြေသွားတာပေါ့။

*င်္Fashion နဲ့ပတ်သက်ပြီး သက်မွန်ရဲ့အမြင် ကို ပြောပါဆိုရင်။

ၤေ့်ငသည ကေတာ့ လေ့လာဖြစ်ပါတယ်။ သက်မွန်နဲ့လိုက်တဲ့ Fashion ကအပြင်မှာဝယ် ရတာတော့ခက်တယ်။ ဘာလို့လဲဆိုတော့ သက် မွန်က လူကောင်နည်းနည်းကြီးတဲ့အတွက် ချုပ် ၀တ်တာပဲများတယ်။ အခုခေတ်မှာဆို ၤေ့်ငသည ကအရမ်းလည်း ခေတ်စားတယ်။ အ၀တ်အစား တွေဆိုလည်း ဒီဇိုင်းအသစ်၊ ပုံစံအသစ်တွေကုန် ကိုမကုန်နိုင်ဘူး။ တချို့ဆို အတိုလေးတွေနဲ့ တအားချစ်ဖို့ကောင်း တယ်။ Fashion ကတော့ လေ့လာလို့ မကုန်သလို၊ ဘယ်တော့မှမှေးမှိန်သွား မယ့်အရာမဟုတ်ဘူးလို့ ထင်ပါတယ်။

*သက်မွန်ရဲ့ Fashion နဲ့ပတ်သက်ပြီး ဘယ် သူတွေနဲ့ တိုင်ပင်ဖြစ်လဲ။

မပုံ့နဲ့ ဆွေးနွေးဖြစ်တယ်။ သက်မွန်အတွက် မပုံ့ပဲ အမြဲစီစဉ်ပေးတာ များတယ်။ ဇာတ်ရပြီဆို ရင် မပုံ့ကိုပြတယ်။ ဘယ်လိုပုံစံလေးချုပ်မယ်။ ဘာတွေခေတ်စားနေလဲ။ ခေတ်စားနေတဲ့ပုံစံ ကိုမှ သက်မွန်နဲ့လိုက်ဖက်မှု ရှိမယ့် ပုံစံကိုပြောင်း၊ Character နဲ့လိုက်တဲ့ပုံစံကို ဦးစားပေး စဉ်းစား ဖြစ်တယ်။ အပြင်မှာလည်း ၀ယ်ပါတယ်။ ဒါပေမဲ့ ချုပ်ဝတ်တာတော့ ပိုများတာပေါ့။ သက် မွန်က မြန်မာဝတ်စုံလေးတွေ ၀တ်ရတာလည်း ကြိုက်တယ်လေ။

*ကိုယ့်ရဲ့ Fashion ကိုကြိုက်လို့ ပရိသတ် တွေ လိုက်ဝတ်တာမျိုးရောရှိလား။

ရှိမယ်ထင်တယ်။ သက်မွန်သေချာတော့ မသိဘူး။

*သက်မွန်နဲ့ လိုက်ဖက်မယ်လို့ထင်တဲ့ Fashion ပုံစံက။

မြန်မာဝတ်စုံလေးတွေ၊ နောက်ပြီးလုံခြုံမှု နဲ့ သက်သောင့်သက်သာရှိတဲ့ Fashion ပုံစံ မျိုးပေါ့။

*နေရာဒေသနဲ့လိုက်ဖက်စွာ ၀တ်ဆင်တတ် တဲ့ သက်မွန်ရဲ့ ၤေ့်ငသည နဲ့ပတ်သက်ပြီး။

တချို့ပွဲတွေဆို မြန်မာဝတ်စုံဝတ်တာများ တယ်။ ညပွဲဆို ဂါဝန် Dress အရှည်လေးတွေ ၀တ်တယ်။ များသောအားဖြင့် မြန်မာဝတ်စုံပဲ ၀တ်ဖြစ်တာများပါတယ်။

*ပရိသတ်ကြီးကို စကားလက်ဆောင်အနေ နဲ့ ပြောချင်တာက။

သက်မွန် အရာအားလုံးမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ပရိသတ်တွေလည်း ဆက်ပြီးအားပေးကြပါလို့။

အမ်ဘုံဆူးခက်
ဓာတ်ပုံ- ကိုနိုင်(R 2)
M Plaza Shopping Journal (Vol 1, No 16)

ချစ်သူသစ်တစ်ယောက် ရရှိလာရန် မျှော်လင့်ထားသည့် ဂမ်မာအာတင်တန်

ချစ်သူသစ်တစ်ယောက် ရရှိလာရန် မျှော်လင့်ထားသည့် ဂမ်မာအာတင်တန် Prince of Persia: The Sands of Time ဇာတ်ဆောင် မင်းသမီးသည် အီတလီ စီးပွားရေး လုပ်ငန်းရှင် စတီဖန်နို ကာတယ်လီနှင့် ဖေဖော်ဝါရီလ အတွင်းက ကွာရှင်းပြတ်စဲခဲ့သူ ဖြစ်သည်
သူမအနေဖြင့် တည်ငြိမ်သော အချစ်ရေး ဘဝသစ် တစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ဂမ်မာ အာတင်တန်က ပြောကြားလိုက်သည်။ Prince of Persia: The Sands of Time ဇာတ်ဆောင် မင်းသမီးသည် အီတလီ စီးပွားရေး လုပ်ငန်းရှင် စတီဖန်နို ကာတယ်လီနှင့် ဖေဖော်ဝါရီလ အတွင်းက ကွာရှင်းပြတ်စဲခဲ့သူ ဖြစ်သည်။ သူမက တစ်ကိုယ်တည်း ဘဝတွင် ပိုမိုပျော်ရွှင်ပြီး အပူအပင်ကင်းကြောင်း ယခင်က ပြောဆိုခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ချစ်သူသစ်တစ်ယောက် ထားရှိရန် စဉ်းစားနေကြောင်း ဖွင့်ဟခဲ့သည်။ "အမေကတော့ ကျွန်မကို အဲလိဇဘက်သ် တေလာလို ယောက်ျားတွေ အများကြီး ရနေဦးမယ်လို့ သတိပေးပါတယ်။ ကျွန်မကလည်း ကောင်းတာပေါ့လို့ ပြန်ပြီး နောက်လိုက်ပါသေးတယ်။ ဒါပေမဲ့ လူတိုင်းသိပါတယ်။ ဘယ်သူမှ ကွာရှင်းပြတ်စဲချင်လို့ လက်ထပ်ခဲ့တာ မရှိပါဘူး။ ဒါဟာ ဘဝပဲလေ။ ဘာမဆို ပြောင်းလဲတတ်တယ် မဟုတ်လား"ဟု ဂမ်မာက မှတ်ချက်ပြုခဲ့သည်။

သူမက လတ်တလောတွင် ချစ်သူမရှိသေးသော်လည်း တစ်နေ့နေ့တွင် သင့်တော်သည့် အမျိုးသား တစ်ဦး ရှိလာမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ အသက်(၂၇)နှစ်ရှိ ဗြိတိန်သူ မင်းသမီးက "အင်တာနက်ကနေ Dateလုပ်ရတာမျိုးကို ကျွန်မ သဘောကျပါတယ်။ ဒါပေမဲ့ အပျော်သက်သက်ပါ။ ဒါပေမဲ့ လေးလေးနက်နက်တော့ ကျွန်မ သဘောမထားချင်ဘူး။ အဲဒီမှာက လှည့်စားမှုတွေ များလွန်းတယ်။ ပြောရရင် အရက်ဘားတစ်ခုမှာ တွေ့ရာလူနဲ့ ကောက်တွဲလိုက်တာနဲ့တောင် မတူဘူး။ အင်တာနက်ကနေ Dateခဲ့သမျှ အမြဲတမ်း စစ်မှန်မှု မရှိဘူးလို့တော့ ကျွန်မ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်မက ပိုပြီးတော့ စိတ်ပူတတ်တယ်။ ပြီးတော့ အခြေခံကျကျလည်း တွေးဖြစ်တယ်။ တစ်နေ့နေ့တော့ ကျွန်မမှာ ချစ်သူသစ် ရှိချင် ရှိလာမှာပေါ့။ ဒါပေမဲ့ လောလောဆယ် အိုကေပါတယ်။ ကျွန်မမှာ အတည်တကျ တွဲဖြစ်တဲ့သူ မရှိသေးဘူး"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

ကျောက်တုံးဖြင့်ထု၊ ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးသွားသဖြင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ စက်တင်ဘာ ၂၇

၂၆-၉-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၇/၆)၊ လမ်း၏အနောက်ဘက်ခြမ်း ပေ(၁၇၀)ခန့်အကွာ Under pass သို့သွားသည့်လမ်းတွင် ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းနေ နိုင်မိုး(၃၆)နှစ်တွင် ဦးခေါင်းနောက်စေ့သွေးထွက်ဒဏ်ရာ ၁ ချက်၊ ယာဒူးခေါင်း ၀ဲဘက်ဒဏ်ရာ ၁ ချက်တို့ရရှိကာ... လဲကျနေသည်ကို တစ်ဝင်းတည်းနေ ဦးမြင့်စိုးဦး(၆၀)နှစ်မှ တွေ့ရှိသဖြင့် တာဝန်ရှိသူများထံသတင်းပို့ပြီး ညောင်ပင်သာတိုက်နယ်ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွား၍ ကိုဇော်ဇော်အောင်မှ တရားလိုပြုလုပ်တိုင်တန်းရာ ညောင်ပင်သာရဲစခန်း (ပ)၁၆၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

စစ်ဆေးချက်အရ ၂၅-၉-၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် နိုင်မိုးသည် အရက်သေစာသောက်စားမူးယစ်ပြီး ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းအတွင်း ဒါရိုက်တာနှင့် ၀န်ထမ်းများအား အော်ဟစ်ဆဲဆိုရမ်းကားပြီး ကုမ္ပဏီဝင်းအပြင်သို့ထွက်သွားခဲ့ကြောင်း၊ နာရီဝက်ခန့် အကြာ ကုမ္ပဏီအနီး ညောင်ပင်သာ-ဆိပ်ကြီး မြေသားလမ်းဘက်မှ သူခိုးသူခိုးဟု အော်ဟစ်ရိုက်နှက် သံများ ကြားရကြောင်း သိရှိရသည်။

၎င်းနေ့ ၁၉၅၀ အချိန် ““မြတ်အိနြေ်္ဒိ”” ကုမ္ပဏီဝင်းနေ ၀င်းဇော်(၂၉)နှစ်အား စစ်မေးရာ သေဆုံးသူနိုင်မိုး အား သူခိုးသူခိုးဟုအော်ဟစ်၍ လိုက်လံထိုးကြိတ် ရိုက်နှက်ရာတွင်ပါဝင်ခဲ့ကြောင်း၊ ၎င်းမှ ကျောက်တုံးဖြင့်ထုပြီး တစ်ဝင်းတည်းနေသူများဖြစ်ကြသည့် ဇော်မြင့်(၃၆)နှစ်၊ သက်နိုင်ဝင်း(၂၄)နှစ်၊ ဟိန်းမင်းဦး(၂၉)နှစ်၊ ဖုန်းကျော်(၅၁)နှစ်၊ ဦးတင်ဝင်း(၅၅)နှစ်၊ မောင်မျိုး(ခ) မျိုးကြီး(၂၆)နှစ်၊ ဇော်မင်းထက်(၂၁)နှစ်၊ ရဲရင့်အောင်(၂၅)နှစ်တို့မှ ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်ရာတွင် ပါဝင်ကြောင်းသိရသဖြင့် ၀င်းဇော်ပါ(၉)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရ

စက်တင်ဘာလ ၂၇ရက်။ ၂၀၁၃ခုနှစ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးနယ်ခွဲရှိ ဘုရားသုံးဆူမြို့ ရပ်ကွက်(၄) ဒီဘင်္ဂရာဘုရားလမ်း၊ တိုင်တစ်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၂၅ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈နာရီကျော်အချိန်တွင် ထိုင်းနိုင်ငံသားတစ်ဦး ကို သေနတ်ဖြင့် ပစ်ခတ်မှုခံခဲ့ရသည်ဟု သိရသည်။

အပစ်ခံရသူမှာ အသက် ၃၆နှစ်အရွယ် အလစ်ဆိုသူဖြစ်ပြီး ၎င်းအသိမိတ်ဆွေတစ်ဦး၏ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ ရာမှ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ပစ်ခတ်မှုအပေါ် ကိုယ်တိုင်သေနတ်သံ ကြားခဲ့ရသူ ဘုရားသုံးဆူမြို့ခံတစ် ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဘုန်းကြီးကျောင်းဝင်းမှာ အပစ်ခံရတာ။ သေနတ်သံ သုံးချက် ကြားတယ်။ နောက်ပြီး ခွေးဟောင်သံလည်း ကြားလို့ ဘုန်းကြီးတစ်ပါးက သွားကြည့်တော့ ကြံခင်းထဲမှာ လူးလှဲနေတာကို တွေ့တယ်။ ဘုန်းကြီးက သူ့ရဲ့ ဒကာတွေကို ခေါ်ပြီး ဆေးရုံ ကို ပို့လိုက်တယ်”ဟု ပြောသည်။

သေနတ်ဖြင့် အပစ်ခတ်ခံရသူမှာ ၎င်း၏ ညာဘက်ခြမ်း ရင်ဘတ်တွင် တစ်ချက်ထိမှန်၍ ထိုးထွင်းပေါက်သွားခဲ့သလို ညာဘက် လက်မောင်းနှင့် ညာဘက်တံတောင်အောက်တွင် တစ်ချက်စီ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ယခု ပစ်ခတ်ခံရ မှုမှာ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်ကြောင်း၊ အချင်းချင်းကြား ဝေစုမတည့်၍ ပစ်ခတ်ခံရသည်အထိ ပြဿနာဖြစ်လာခြင်းဖြစ် ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါထိုင်းနိုင်ငံသား အလစ်မှာ ထိုင်းနိုင်ငံ၊ ဆိုဖန်ခရိုင်တွင် နေထိုင်ကာ ၀က်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်သည့် ဘုရားသုံးဆူမြို့တွင် အစဉ်အမြဲလိုလို ၀င်ထွက်သွားလာသူတစ်ဦး ဖြစ်သည်။ ၎င်းအား ဘုရား သုံးဆူမြို့ဆေးရုံတွင် အနည်းငယ် ဆေးကုသစေပြီးနောက် ည ၉နာရီကျော်အတွင် နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးမှတဆင့် ထိုင်းအာဏာပိုင်များထံသို့ ညတွင်းချင်း ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဘုရားသုံးမြို့ရှိ ရဲအရာရှိတစ်ဦးအား ကေအိုင်စီက မေးမြန်းခဲ့ရာ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့ သော် အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “နောက်ကနေ လှမ်းပစ်တဲ့ အနေအထားပဲ။ အတို(ပစ္စတိုနဲ့ ပစ်ခတ်ခံရတဲ့ပုံစံ ပဲ။ အခုချိန်ထိတော့ တရားခံကို ဘယ်သူဘယ်ဝါလည်းဆိုတာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ”ဟု ပြောသည်။

ထိုင်းနိုင်ငံသားအချို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ဖက်စပ်စီးပွားရေးလုပ်ငန်းနှင့် အလည်အပတ်များအတွက် နေ့ချင်းပြန် သို့မဟုတ် ညအိပ်ညနေ ၀င်ထွက်သွားလာနေလည်း ရှိသော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရမှုများ မရှိခဲ့ပေ။

စောသိန်းမြင့် - KIC (Karen Information Center)

ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်း

ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့ ဆိုတဲ့ သဉ္ဖာနွယ်ဝင်းအနုပညာ လောကတွင် သရုပ်ဆောင် တစ်ယောက်အဖြစ် အချိန်တိုတို အတွင်း  အသိအမှတ်ပြုခံ ရသော သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက " ဘဝမှာ မိသားစု ရှိနေရင်ပဲ ပြည့်စုံ ပါတယ်လို့" ဟု Venus News Weekly သို့ပြောသည်။ " သဉ္ဇာဘဝမှာ အချစ်ကို လူတွေ အမျိုးမျိုး အဓိပ္ပာယ် အမျိုးမျိုးဖွင့်ကြပေမယ့် သဉ္ဇာ အတွက်တော့ ၁၅၀ဝ အချစ်မရှိလည်း ရတယ်၊ မိသားစုဆိုတဲ့ ၅၂၈ မေတ္တာရှိရင် အဆင် ပြေပြည့်စုံ ပါတယ်"ဟု ၎င်းက ပြောသည်။ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဖက်ရှင်ပိုင်းတွင် လတ်တလော စကပ်အတို၊ ဘောင်းဘီ အတိုတွေသာ ဝတ်ဆင်ဖြစ်နေကြောင်း၊ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်ရာတွင် ကြိုးစားမှု၊ အချိန်တွေကိုဂရုတစိုက် အရေးပေး ဆောင်ရွက်ဖြစ်ကြောင်း၊ အချစ်ရေးတွင် အေးအေးဆေးဆေး အခြေအနေသာ ရှိသေးကြောင်း သဉ္ဇာနွယ်ဝင်းက ထပ်မံ ပြောပြသည်။ ယခု လက်တလောတွင် သဉ္ဇာနွယ်ဝင်း အနေဖြင့် ဒါရိုက်တာ ညီညီထွန်းလွင်ရိုက် သော " မထူးရှော့" ဟာသဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ကျော်ဗို၊ လင်းလက် ဟိန်းတို့နှင့် တွဲဖက်၍ကာ တောသူမ တစ်ယောက် အဖြစ် သရုပ်ဆောင်လျက် ရှိသည်။

စုသက်နှင်း

By Venus News Journal

တရုတ်နယ်စပ် မူစယ်မြို့၌ လူ ၂ ဦး ဓားပြတိုက်ပြီး ဆိုင်ကယ်လု

စက်တင်ဘာ ၂၆ ရက် ၂၀၁၃

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ လူ ၂ ဦးက ၃ ရက်ဆက်တိုက် ဓားဖြင့်ခုတ် ဓားပြလိုက်တိုက်သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရပါသည်။

စက်တင်ဘာ ၂၃ ရက် ညနေ ၇ နာရီခန့် အသက် ၃၀ နှစ်ရှိ မစံပယ် အလုပ်နားချိန် အမှတ် ၂ စည်ပင် သာယာဈေးမှအပြန် တောင်ရပ်ကွက် သစ္စာကားပစ္စည်းဆိုင်လမ်းကြား၌ လူ ၂ ဦးက ဓားပြတိုက် ကြောင်း ဆို၏။

“နှာခေါင်းမှာ ဓားထိသွားတယ်။ ဒဏ်ရာပြင်းတော့ မန္တလေးဆေးရုံကို ပို့လိုက်ရတယ်။ အချက်ပေါင်း ၅၀ ကျော် ချုပ်ရတယ်” ဟု တောင်ရပ်ကွက်နေ စိုင်းထွန်း က ပြောပါသည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက် နံနက် ၆:၃၀ နာရီ ထိုဖူးနွေးဝယ်ရန် ပန်လုံရပ် စည်ပင်ဝန်ထမ်းအိမ် ယာမှ ထွက်လာသည့် အမေနှင့်ကလေး ၂ ယောက်(အသက် ၁၄ နှစ် နှင့် ၃ နှစ်)အား လူ ၂ ဦးက ဓားပြ တိုက်ကြောင်း၊ အသက် ၁၄ နှစ်အရွယ် ပပ မှာ နှာခေါင်း၌ ဓားဒဏ်ရာရရှိကာ မိခင်ဖြစ်သူ ဒေါ်အေးမြ မှာ လက်ကျိုးသွားကြောင်း ဆိုပါသည်။

အလားတူ စက်တင်ဘာ ၂၅ ရက် ည ၇ နာရီကျော် မူစယ်မြို့အဝင်မုခ်ဦးမတိုင်ခင်၌ ဟိုမွန်ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် စိုင်းမြင့်ကျော် မှာ ဓားပြတိုက်ခံရကြောင်း မူစယ်လူငယ် စိုင်းလောဝ် က ပြော ပါသည်။

“သူလည်း နဖူးမှာ ဓားထိသွားတယ်။ ၆ ချက် ချုပ်လိုက်ရတယ်။ သူစီးသွားတဲ့ဆိုင်ကယ် 125 News An-Bo ပါသွားတယ်။ အဲဒီမုခ်ဦးအနီးမှာ ရဲကင်းလည်း ရှိတယ်။ အခုလိုဖြစ်သွားတယ်ဆိုတော့ ရဲကင်းမှာ ကင်းဘဲရှိပြီး ရဲမရှိလို့လားတော့ မပြောတတ်ဘူး။”

အဆိုပါ ဓားပြ ၂ ယောက်သည် ၃ ရက်ဆက်တိုက် ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်ယူ ဓားပြတိုက်မှု ကျူးလွန် နေကြောင်း၊ ဓားပြတိုက် လုယူသွားသည့် ဆိုင်ကယ်မှာလည်း 125 အမျိုးအစားများ ဖြစ်နေသကဲ့သို့ ဓားဖြင့်မျက်နှာကိုသာ ခုတ်ကြောင်း ဒေသခံများက ဆိုပါသည်။
“အစည်းအဝေးတွေ သွားတက်တိုင်း အာဏာပိုင်တွေက လုံခြုံရေးအတွက် ကင်းလှည့်နေပါတယ်။ နေ့ ရောညရောတဲ့။ ပြောတာဘဲ။ ဒါဆို ဘာကြောင့်ဓားပြတိုက်တာတွေ ဖြစ်နေရတာလဲ။ ကင်းလှည့်တယ် ဆိုပေမဲ့ လူထုက လုံခြုံမှု မရှိသေးဘူး။ ဒါကြောင့် လူထုရဲ့လုံခြုံရေးအတွက် အာဏာပိုင်တွေ ပိုပြီးအာရုံ စိုက်စေချင်တယ်” ဟု မူစယ်ရပ်မိရပ်ဖ လုံးဆွယ်ဟိန်း က ပြောပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း၌ ခရစ်ယာန်ရပ်ကွက် ဗိုလ်တည်းရပ်လမ်းကြားနေ ဆရာဝန် တင်ယင့် အား လူ ၂ ဦးက အိမ်ထဲသို့ဝင်ရောက်ကာ ဓားဖြင့်ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။

မွေခေါဝ် - သျှမ်းသံတော်ဆင့်

သုံးခွမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂၇

၂၆.၉.၂၀၁၃ရက်နေ့ ၀၇၀၀ အချိန် သုံးခွမြို့နယ်၊ လက်ပန်နန်းခလဲရွာ၊ ဘုရားလေးတဲစုနေ ဦးနေ၀င်းအောင်သည် နေအိမ်တဲနှင့်(၁)မိုင်ခန့် အကွာရှိ မွေးနေ့အလှူအိမ်သို့သွားရောက်ခဲ့ပြီး အပြန်တွင် ၁၂၀၀အချိန်ခန့်၌ ဖခင်ဖြစ်သူဦးမြဟန်၏တဲသို့သွားကာ တဲအတွင်းသို့မ၀င်ဘဲ ခေါင်းရင်းရှိနွားတဲတွင်နွားစာထည့်ပေးပြီးနောက် နေအိမ်သို့ပြန်လာစဉ် ဖခင်နှင့်အတူနေညီဖြစ်သူ ကျော်လင်းအောင်မှ လိုက်လာကာ ဖခင်ဖြစ်သူဦးမြဟန်မှာ တဲအတွင်း၌ သွေးအိုင်ထဲတွင် လဲကျနေကြောင်းပြောပြသိရသဖြင့် ညီဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုရာ တဲရှေ့ခန်းပြူတင်း ပေါက်အနီးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ဦးခေါင်းဝဲဘက်ခြမ်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးရန် ဦးနေ၀င်းအောင်မှတိုင်ကြားခဲ့၍ သုံးခွမြို့မရဲစခန်း (ပ)၂၈၇/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များနှင့်သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်းကာ စုံစမ်းဖေါ်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


အင်းစိန်က ဟွားဝေဖုန်းဆိုင် ဖောက်ထွင်းခဲ့သူမှာ ထောင်ဒဏ် ၈၃ နှစ်ကျခံနေရသူဖြစ်

ဓါတ်ပုံ - Yangon Police
အင်းစိန်မြို့နယ်အတွင်းရှိ ဟွားဝေ ဖုန်းဆိုင်အား ဖောက်ထွင်းခဲ့သူမှာ ခိုးမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ်ကျခံနေရ သည့် ထောင်ပြေးတစ်ဦးဖြစ်ပြီး ယင်းကို စက်တင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက မှုခင်းသတင်း ထုတ်ပြန်လိုက်သည်။

အမှုမှာ စက်တင်ဘာ ၈ရက်က အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ ဟွားဝေဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် ကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖောက်ထွင်းမှုကြောင့် ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ တစ်သောင်းတန် ငွေဖြည့်ကတ် (၅၉)ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် (၆၆)ကတ်တို့ ခိုးယူခံရပြီး တန်ဘိုးအားဖြင့် ငွေကျပ် တန်ဘိုး သိန်း(၁၈၀) ကျော်ဖိုးအထိ ဆုံးရှုံးခဲ့ရသော အမှုတစ်ခုလည်း ဖြစ်သည်။

ယင်းဖောက်ထွင်းခံရမှုကြောင့် ဆိုင်တာဝန်ခံဖြစ်သူ မသူဇာက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်ခဲ့ရာ အင်းစိန်ရဲ စခန်းက (ပ) ၉၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ တို့ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

စုံစမ်းစဉ်အတွင်း ဆက်စပ်ပြည်သူများ၏ ကူညီမှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သူမှာ ကျော်မင်းလွင် ရွှေလင်းဗန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်ဟုလည်း ဆိုထားသည်။

၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ကြည့်မြင် တိုင် အနောက်ပိုင်း ဆေးရုံအနီးတွင် တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူသည် ဖောက်ထွင်းမှု၊ ခိုးမှုများဖြင့် ၂၀၀၀ပြည့်နှစ်တွင် ထောင်ဒဏ်(၈၃)နှစ်ထိ ကျခံနေရသူ တစ်ဦး ဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

၎င်းသည် ၂၀၁၂ခုနှစ်(၁၁)လပိုင်းက မွန်ပြည်နယ်၊ မုပ္ပလင်ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သူလည်းဖြစ်သည်။

ထို့ပြင် ဖုန်းဆိုင် ဖောက်ထွင်းမှုတွင်လည်း အခင်းဖြစ်ဆိုင်၏ နောက်ဘက် ပြူတင်းပေါက်အား သံတူရွင်းဖြင့် ကလော်ဖွင့်ပြီး အတွင်းရှိ သံပန်းတံခါးသော့ကို ဖျက်ဆီးဝင်ရောက်ကာ အမှုမှ ပျောက်ဆုံးပစ္စည်းများကို ခိုးယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ယင်းခိုးယူခဲ့သော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်နေပြီး ယင်းကိုလည်း တရားစွဲတင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ် ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ကော်ရှူသူများ ကလေးငယ်များ ပြစ်မှုကျူးလွန်ပါက ကလေးသူငယ်ဥပဒေဖြင့် အရေးယူမည်

ရန်ကုန် ၊ ၂၇-၉-၂၀၁၃

ကော်ရှူလူငယ် အများစုမှ စိတ် အခြေအနေ နှင့် အခြား ပြဿနာ များကြောင့် ခိုးမှုများ ကျူးလွန် လာနိုင်သဖြင့် ရာဇ၀တ်မှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက ကလေးသူငယ် ဥပဒေ အတိုင်း အရေးယူ သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

ကော်ဘူး တစ်ဘူးလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြားသာ ရှိသော်လည်း မတတ်နိုင်သည့် ကလေးများ အနေဖြင့် ခိုးယူမှုများ ပြုလုပ် လာနိုင်သည့် အတွက် ကော်ရှူ အလေ့အထ တားဆီးမှု ဥပဒေကို လွှတ်တော်တွင် တင်ပြ သွားရန် အစီအစဉ် ရှိကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်း မှ သိရသည်။

ကော်ရှူမှုသည် အသက် ၁၀ နှစ်မှ ၁၈ နှစ်အောက် လူငယ်များ အကြား တဖြည်းဖြည်း ရေပန်းစား လာကာ ကျောင်းသား လူငယ်ထု အကြားပါ ပျံ့နှံ့ လာသဖြင့် အခြေခံ လူတန်းစား များသော မြောက်ဥက္ကလာပ ကျောင်းသား များတွင် အောက်တိုဘာလ မှစတင်၍ အသိပညာပေး မှုများ ပြုလုပ် သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ကော်မတီ နှင့် ဌာနဆိုင်ရာ များသို့ ဖိတ်ကြား သွားမည် ဖြစ်ကြောင်း မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်းမှ သတင်း ထုတ်ပြန် ထားကြောင်း သိရှိရသည်။

The Myawady Daily s

တရုတ်အလယ်ပိုင်းတွင် ပဒူကောင် အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ပဒူကောင် (ပျားတူ) အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတစ်ဦးက ယနေ့ ပြောကြားသည်။

တရုတ်နိုင်ငံအလယ်ပိုင်း #Shaanxi ပြည်နယ် #Angkang မြို့နှင့် အနီးဝန်းကျင်ဒေသတွင် လူပေါင်းတစ်ရာကျော်မှာ အဆိုပါ အင်းဆက် အကိုက်ခံခဲ့ရသည်။

ထိုဒေသတွင် ယခုလပိုင်းအတွင်း အင်းဆက်များ ရုတ်တရက် စုပြုံရောက်ရှိလာကြောင်း သိရသည်။ ဒေသခံသတင်းစာ Huashangbao ၏ အဆိုအရမူ ပဒူကောင် အကိုက်ခံရသူ ၂၁ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

Planet Myanmar Network

မုံရွာမြို့တွင် တိကုဆရာဝန် မောင်းနှင်းလာသည့်ကားနှင့် လော်ကယ်မီးရထား ကန့်လန့်ဖြတ် ယာဉ်တိုက်မှုဖြစ်ပွား

မုံရွာ၊ စက်တင်ဘာ ၂၆

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အင်းရွာသစ် အောင်မင်္ဂလာလမ်းနှင့် ပြည်ထောင်စုလမ်းဆုံအနီး ရထားလမ်း ဖြတ်နေရာတွင် စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ရထားနှင့်ကား ကန့်လန့်ဖြတ် ယာဉ်တိုက်မှု တစ်ရပ်ဖြစ်ပွားပေါ်ပေါက်ခဲ့ကြောင်း အမှတ် ၁၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော် မြင့်မှ ပြောကြားသည်။

ဖြစ်စဉ်မှာ ခင်ဦး - မုံရွာ ရထာလမ်းပိုင်းရှိ တင်းတိန်ရံဘူတာမှ မုံရွာ ဘူတာသို့ ထွက်ခွာလာသော လော်ကယ်ရထား (အစုန်) စက်ခေါင်းအမှတ် 128 အား စက်ခေါင်းမှူး ဦးသန်းကြွယ်မှ မြောက်မှ တောင်သို့ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ်ဂိတ် နေရာအဖြစ် တရားဝင်သတ်မှတ်ပြဌာန်းပေးထားခြင်းမရှိသည့် အဆိုပါနေရာသို့အရောက်၌ အင်းရွာသစ် အောင်မင်္ဂလာလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်အမှတ် ၇ခ/ ၅၃၆၃ ပါဂျဲရိုယာဉ်အမျိုး အစား ကားအား ဒေါက်တာ ဦးမင်းမင်းကျော်(တိ/ကု)ဆိုသူမှ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ်နေရာ၌ ကန့်လန့်ဖြတ်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ယာဉ်တိုက်မိရာတွင် စတင်ဖြစ်ပွားသည့်နေရာမှ ပါဂျဲရိုးကားကြီးသည် ရထားစက်ခေါင်းရှေ့၌ ချိတ်လျက် သံလမ်းပေါ်တွင် ပါရှိသွားခဲ့သည်။ မုံရွာမြို့မ ရဲစခန်းမှ ရဲအရှိတစ်ဦး၏ စစ်ဆေး တိုင်းထွာချက်များ အရ ရထားနှင့်ကား ကန့်လန့်ဖြတ်ချိတ်၍ ပါသွားခဲ့သည်မှာ (၁၁၅)ခန့်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားစဉ်အချိန်ခန့်က မုံရွာမြို့၌ မိုးသဲထန်စွာရွာနေသည့်အတွက် ကားမောင်းသူမှ မှန်တံခါး များအားပိတ်၍ မောင်းနှင်းလာခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဦးမင်းမင်းကျော်မှ ပြောပြသည်။ ဆက်လက်၍ ၎င်း၏ ခြေမပွန်းပဲ့ ဒဏ်ရာနှင့် ၀ဲဘက်လက်ဖမိုး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုလည်း ထိုသူမှ ဆိုသည်။

၎င်းယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရောက်ရှိနေသူ မုံရွာ မီးရထားဘူတာ ရုံပိုင်ကြီး ဦးဇော်လွင်၏ ပြောပြချက်များအရ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရထားပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် (၁၀၀)၀န်းကျင်ခန့် လိုက်ပါသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးရထားတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ထိုကဲသို့ ဖြစ်စဉ်များသည် မီးရထားအက် ဥပဒေ ၁၂၆(၁) အရ အရေးယူထိုက်ကြောင်း တုန့်ပြန်ပြောကြား ခဲ့သည်။

သို့သော် ၎င်းယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ညနေ ၂ နာရီအချိန်ခန့်တွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေ အား သိရှိလိုသဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ပြောကြားခြင်းမရှိသည့်အတွက် သီးခြား သတင်းအတည်ပြုနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း) (facebook)

မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်

"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထဲက တရားခံ ဦးတင်အေး (ခ)မာမက်ဇလီ (၄၃)နှစ်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်လိုက်ပါတယ်။
25.9.2013 ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်)မှာ နောက်ဆုံးစီရင်ချက် အမိန့်ချမှတ်ခဲ့တာပါ။
အမှုအမှတ် (ပ) ၂၅၉/၁၃ဖြစ်ပြီး၊ ပုဒ်မ ၃၇၆/၅၁၁။ ၄၅၈ အရ ထောင်ဒဏ် ငါးနှစ်စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။
အဆိုပါ နောက်ဆုံးဒီဂရီချမှတ်ရာနေ့၌ ပြည်သူလူထု ၀ (၁ဝဝ)ဦးခန့်နှင့် ရဟန်းသံဃာ (၂ဝ)ပါးကျော် တက်ရောက် အားပေးခဲ့ကြောင်း သိရပါတယ်။
(ပို့စ်အဟောင်းလေးကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)
"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း"
7.4.2013မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။
သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ကြံစည်သူက ဦးတင်အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင်တစ်ဦးဖြစ်ပါတယ်။
ကျောင်းသူလေး အိပ်မောကျနေတုန်း ခြင်ထောင်ထဲဝင်ပြီးလည်ပင်းညှစ်ထားတာပါ။ ကလေးမလေးက မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်းဆောင့်သံပြင်းထန်တာကြောင့် မိသားစုများနိုးလားပြီး ခြင်ထောင်လှပ်ကြည့်ရာမှ တွေ့ရှိခဲ့တာပါ။
မာမက်ဇလီက လက်သည်းညှပ်အကြီးစားထဲမှာပါတဲ့ဓားချွန်နှင့်ထောက်ထားပြီး လက်တစ်ဖက် ကလည်းလည်ပင်းညှစ်ရက်ကြီးနဲ့ "ငါ့မထိနဲ့၊ထိရင်ကောင်မလေးကို ထိုးသတ်ပစ်မယ်"ဟု ကြိမ်းဝါးပါတယ်။ ခဲအိုးဖြစ်သူ ကိုအောင်မျိုးဇော်ကနာသလယ်ကိုဖြတ်ကန်လိုက်လို့ မာမက်ဇလီလဲကျသွားတဲ့အခါ ဖခင်ဦးသန်းနိုင်ကပါ ၀င်ချုပ်ဖမ်းဆီးပြီးလက်သည်းညှပ်ဓားကို လုယူနိုင်ခဲ့ပါတယ်။
ဒီအခါ မာမက်ဇလီက သူ့ကို ဝိုင်းရိုက်နေကြပါတယ်ကယ်ပါအုံး အကူအညီတောင်းလို့ တစ်ရပ်ကွက်လုံးလန့်နိုးကုန်ကြပါတယ်။
ဦးသန်းနိုင်က ရွှေပြည်သာလူငယ်ခေါင်းဆောင်ကိုအောင်ကြီးကို ဖုန်းဆက်ခေါ်ပါတယ်။ ကိုအောင်ကြီးက မြို့နယ်ရဲမှူးထံ သတင်းပို့ပြီး ရဲမှူးနှင့်အတူကားနှစ်စီးနဲ့ ထွက်လာကြတဲ့အခါ နယ်ထိန်းခေါင်းဆောင်ရောက်နေပါပြီ။ မာမက်ဇလီကို လက်ထိပ်ခတ်ထားပါပြီ။ မာမက်ဇလီကို တစ်ရပ်ကွက်လုံးက ဝိုင်းရိုက်မယ်လုပ်လို့ ကိုအောင်ကြီးက "ထောက်ခြောက်ထဲဝင်သွားမယ်။ မလုပ်နဲ့"တားလို့ပြည်သူများသဘောပေါက်သွားကြပါတယ်။
ရဲစခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့်စွဲဆိုထားပြီး 10.4.2013 နေ့မှာ ထောင်ကြီးချုပ်သို့ ပို့ထားပါတယ်။
မာမက်ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား ) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ကာ မ တရုတ်မလို့ လူသိများတဲ့ ငါးရောင်းသူတစ်ယောက်ပါ။မ တရုတ်မကို တရားဝင်မယား (ကြီး) အဖြစ်ပေါင်းသင်းကာ သားသမီးသုံးယောက်ရှိပါတယ်။ အခြားအမြှောင်မယားသုံးယောက်လုံးကလည်း ဗမာတွေပဲလို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ပြဿနာများ ပူပေါင်းဖြေရှင်းဖို့အတွက်ဘာသာပေါင်းစုံအဖွဲ့ ဖွဲ့စည်း ထားတာ 31.3.2013 ရက်နေ့ကဖြစ်ပါတယ်။
မုဒိမ်းကြံစည်မှုဖြစ်လာတဲ့အခါ မူစလင်ခေါင်းဆောင်များနဲ့ညှိုနှိုင်းပြီး ဆောင်ရွက်ခဲ့ရာမှာ မူဆလင်များက မာမက်ဇာလီတို့ရဲ့ ထရံကာကြမ်းခင်းအိမ်ကိုဖျက်ယူရွှေ့ပေးကြတဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချကြောင်းပါ ကြေငြာချက်ထုတ်ပြန်ပေးခဲ့ကြပါတယ်။မူဆလင်းခေါင်းဆောင်ကြီးက"သဘာဝကျပါတယ်။ လုပ်ပေးရမှာပေါ့" လို့ ပြောဆိုပြီးဆောင်ရွက်ပေးခဲ့တာပါ။ အမှိုက်ဆိုတာ ရှုပ်တတ်တဲ့အမျိုးပဲနော် ရှုပ်လာပြီဆိုရင်တော့ မဖြစ်မနေရှင်းရမှာပဲပေါ့။ဒီတစ်ခါ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရလေအောင် ရှင်းတတ်ဖို့တော့လိုမယ်နော်။
ရွှေပြည်သာမှ ကိုအောင်ကြီးတို့ဖြေရှင်းပုံကိုစံနမူနာယူရမယ်မဟုတ်လားဗျာ။

အကြမ်းဖက်ခံရသောကလေးမလေးသည် ဆံပင်စဆွဲဆောင့်ခံထားရ၍ ဦးရေများ နာကြင်နေပြီး ညအခါတွင်စိတ်ခြောက်ခြားကာ အိပ်မပျော်ဘဲဖြစ်နေပါသည်။ နေ့အခါတွင်လည်းခါတိုင်းလိုပုံမှန်စကားပြောခြင်းမရှိဘဲ ငေးမှိုင်တွေဝေနေကြောင်း သိရပါသည်။ ဦးဝီရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါသည်။

by ဦးဝီရသူ

ဆက်သွယ်ရန်-
ကိုအောင်ကြီး-09.43070794
ရဲတပ်ဖွဲ့မှူး-09.450542933
နယ်ထိန်းခေါင်းဆောင်-09.43170716
ရဲစခန်း-01.610667






လိင်အင်္ဂါအတုဖြင့် တားမြစ်ဆေးစစ်ဆေးမှုကို ရှောင်လွှဲရန် ကြိုးစားခဲ့သည့် အားကစားသမား


လိင်အင်္ဂါအတုဖြင့် တားမြစ်ဆေးစစ်ဆေးမှုကို ရှောင်လွှဲရန် ကြိုးစားခဲ့သည့် အားကစားသမား အီတလီ တာဝေးအပြေးသမား ဒီဗစ် လစ်ကီရာဒီသည် ဆေးစစ်မှုတွင် အောင်မြင်စေရန်အတွက် လိင်အင်္ဂါ အတုတစ်ခုကို အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြုံနေရ

တားမြစ်ဆေး စစ်ဆေးမှုနှင့် ပတ်သက်ပြီး အားကစားသမားများ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲမှုများ ယခင်က ရှိခဲ့ဖူး၊ ကြုံခဲ့ဖူးသော်လည်း အီတလီနိုင်ငံမှ အားကစားသမား တစ်ယောက်၏ လုပ်ရပ်က အတန်ငယ် ထူးခြားနေသည်။ အီတလီ တာဝေးအပြေးသမား ဒီဗစ် လစ်ကီရာဒီသည် ဆေးစစ်မှုတွင် အောင်မြင်စေရန်အတွက် လိင်အင်္ဂါ အတုတစ်ခုကို အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြုံနေရသည်။ အသက်(၂၇)နှစ်ရှိ ကစားသမားသည် ပူဂလီယာတွင် ကျင်းပသည့် အပြေးပြိုင်ပွဲ တစ်ခု၌ ဆေးစစ်မှု ခံယူရာတွင် ရလဒ်ပိုင်း ကင်းကင်းရှင်းရှင်း ဖြစ်စေရန် ပလပ်စတစ် လိင်အင်္ဂါ တစ်ခုကို အသုံးပြုခဲ့ကြောင်း သိရသည်။ Daily Telegraph သတင်းစာက မီတာ(၁၀၀၀၀) အပြေးပြိုင်ပွဲ အပြီးတွင် ဆေးစစ်မှု ခံယူရန် ဆီးနမူနာ ပေးခဲ့ရာ၌ ကိုယ်ပိုင်ပစ္စည်းကို အသုံးမပြုခဲ့ဟု ဖော်ပြခဲ့သည်။

ဆီးနမူနာအတွက် ဒီဗစ်က ဝှက်ယူလာသည့် ပလပ်စတစ် လိင်အင်္ဂါအတွင်း ကြိုတင်ထည့်သွင်းထားသည့် ဆီးများကို ညှစ်ချပေးခဲ့ကြောင်း သတင်းစာက ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ဆေးစစ်မှု တာဝန်ခံများက မသင်္ကာသဖြင့် ဒီဗစ်ထံမှ နောက်ထပ်ဆီးနမူနာ ရယူပြီး စစ်ဆေးခဲ့ရာ ၎င်းစွန့်ထားသည့် ဆီးမဟုတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ဆီးသွားခါနီးတွင် ဒီဗစ်က "ကျွန်တော် တစ်ယောက်တည်း ရှိပါရစေ"ဟု ဆရာဝန်များထံ တောင်းဆိုခဲ့သော်လည်း စည်းမျဉ်းများအရ လက်မခံခဲ့သဖြင့် အကျပ်တွေ့ခဲ့သည်။ ၎င်းသည် ကိုယ်နှင့်ကွယ်ကာ မရိုးမဖြောင့် လိမ်လည်မှု ပြုလုပ်ခဲ့သော်လည်း နောက်ထပ် စစ်ဆေးမှုများအရ ဆီးနမူနာ မတူသည်ကို ဖော်ထုတ်တွေ့ရှိသွားခြင်း ဖြစ်သည်။

အီတလီ လေတပ်မတော် အားကစားအသင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒီဗစ်သည် အားကစားခုံရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အားကစားလောကမှ (၂)နှစ်ထိ ဖယ်ရှားခံရဖွယ် ရှိနေသည်။ အင်တာနက်တွင် လိင်ဖျော်ဖြေမှုအတွက် ရောင်းချသည့် အမျိုးသား လိင်အင်္ဂါ အတုများမှာ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိနေပြီး ဝက်ဘ်ဆိုက် တစ်ခုက ရောင်းချသော အတုအပ ပစ္စည်းသည် ခမ်းခြောက်နိုင်ပြီး ဆေးဝါးပစ္စည်း ကင်းရှင်းသည့် ဆီးတုကိုပါ ထည့်သွင်းထားကြောင်း ကြေညာခဲ့သည်။ ယင်းဝက်ဘ်ဆိုက်တွင် ဖောက်သည် တစ်ဦးက "ကျွန်တော်တော့ ဒီပစ္စည်း ဝယ်လိုက်လို့ ဆေးအောင်သွားတယ်။ ကျွန်တော့်ကို စောင့်ကြည့်သူ ရှိနေပေမယ့် အောင်အောင်မြင်မြင်ပဲ အသုံးပြုနိုင်ခဲ့တယ်။ ဒီပစ္စည်းကတော့ ပေးရသမျှ ဈေးနဲ့တန်ပါတယ်"ဟု မှတ်ချက် ရေးသားထားကြောင်းလည်း သိရသည်။

Planet Myanmar Network

လမ်းခွဲသတင်းများ မှားယွင်းကြောင်း လက်တွေ့ပြလိုက်သည့် ဂျေဆန်နှင့် ရိုစီ

ပဲရစ်သို့ ရောက်ရှိနေသည့် စုံတွဲသည် တစ်ဦးနှင့်တစ်ဦး ကြည်ကြည်နူးနူး ချစ်ချစ်ခင်ခင် ကျီစယ်နောက်ပြောင်ရင်း နွေးနွေးထွေးထွေးပင် ရှိနေကြောင်း မျက်မြင်များက ဆိုသည်။

လမ်းခွဲသတင်းများ မှားယွင်းကြောင်း လက်တွေ့ပြလိုက်သည့် ဂျေဆန်နှင့် ရိုစီ လမ်းခွဲခဲ့ပြီဟု သတင်းများ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်နေချိန်တွင် ဂျေဆန် စတက် ဟမ်းနှင့် ရိုစီဟတ်တင်ဂမ် ဝှစ်တလေတို့ လူအများရှေ့၌ ပေါ်ပေါ် ထင်ထင် လမ်းထွက်လာသည်ကို တွေ့ရသည်။ ပဲရစ်သို့ ရောက်ရှိနေသည့် စုံတွဲသည် တစ်ဦးနှင့်တစ်ဦး ကြည်ကြည်နူးနူး ချစ်ချစ်ခင်ခင် ကျီစယ်နောက်ပြောင်ရင်း နွေးနွေးထွေးထွေးပင် ရှိနေကြောင်း မျက်မြင်များက ဆိုသည်။ (၃)နှစ်ကြာ တွဲလာသည့် ဗြိတိသျှ နာမည်ကျော် စုံတွဲသည် တသီးတခြား ခွဲခွာနေထိုင်လျှက် ရှိနေကြောင်း ယခုလ အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ အဓိကအားဖြင့် အသက်အရွယ် ကွာဟမှုသည် ယင်းတို့နှစ်ဦးကြား အမြင်မတူမှု များ ဖြစ်ပေါ်စေခဲ့ကြောင်း သတင်းများက ရေးသားခဲ့သည်။

သို့သော်လည်း ထိုစဉ်က Transformers မင်းသားနှင့် Victoria's Secret မော်ဒယ်လ်တို့၏ အေးဂျင့်များက ယင်းဖော်ပြမှုများကို အသီးသီး ငြင်းဆန်ခဲ့ကြသည်။ ပဲရစ်တွင်မူ ရိုစီသည် ဂျေဆန့်ကို ရင်းရင်းနှီးနှီး စကားပြောဆိုနေပြီး အပြည့်အဝ ပျော်ရွှင်နေဟန် တွေ့ရသည်။ ကျားသစ်ကွက် ဖက်ရှင်နှင့် လှပနေသော အသက်(၂၆)နှစ်အရွယ် Transformers: Dark of the Moon မင်းသမီးသည် နေကာမျက်မှန်ကို တပ်ဆင်ကာ သားရေအိတ် တစ်လုံးကိုလည်း သယ်ဆောင်လာကြောင်း တွေ့ရသည်။

ဂျေဆန်မှာ အညိုရောင် တီရှပ်လက်ရှည်၊ ဂျင်းဘောင်းဘီတို့နှင့် သက်တောင့်သက်သာ အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားပြီး ၎င်းတို့နှစ်ဦးသည် အာရုံစိုက်နေသည့် လမ်းသွားလမ်းလာများကို မျက်ကွယ်ပြုကာ ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့နေသည်ကို တွေ့ရသည်။ ရိုစီသည် ယခုလ အစောပိုင်းက အိုင်ဘစ်ဇာတွင် သူငယ်ချင်းများနှင့်အတူ ဂျေဆန်မပါဘဲ သွားရောက် အပန်းဖြေခဲ့သလို GQ၏ Man of the Year ဆုပေးပွဲကိုလည်း တစ်ကိုယ်တည်း တက်ရောက်ခဲ့သည့်နောက် ယင်းတို့နှစ်ဦးကြား ဆက်ဆံရေး ပျက်စီးသွားပြီဟု ခန့်မှန်းသတင်းများ အားကောင်းခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

အသားလှုပ် ဟောကိန်း

ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။

အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။

မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။

မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။

လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။

ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။
အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။
ပါးစောင်လက်ယာ၊ လှုပ်ဘိခါသော်၊ ပိယာ သိနေဟ၊ ခင်ပွန်းရလိမ့်။

လှုပ်ကြွမေးသား၊ တရားဆင်ခင်း။

လည်ပင်းလှုပ်မူ၊ ရွှေခြူဘယက်၊ လက်ခတ်တန်းဆာ၊ ရတို့ရာ၏။
လက်ယာပခုံး၊ လှုပ်သည့်ထုံးကား၊ မယားကောင်းရ။

လက်ဝဲမှသော်၊ ရန်စခိုက်ဆစ်၊ ဖြစ်အံ့မမှား။

လက်ကြားဘီးစုပ်၊ အသားလှုပ်သော်၊ ဥက္ကဋ္ဌသီး၊ စုပ်ကြီးရမြဲ။

လက်ဝဲဟိစုပ်၊ လှုပ်သော်ပျက်စီး၊ ဥပဒ်ကြီး၏။

တသီးလက်ယာ၊ ရုံးလှုပ်လာမူ၊ မဟာမိတ္တ၊ ရမည်အကြောင်း၊ စားကောင်းလည်းစား။

ဝဲလှုပ်ငြားသော်၊ ထူးခြားဥစ္စာ၊ သူပေးလာအံ့။
လက်ယာရင်ဘတ်၊ ဆတ်ဆတ်ခုံကြွ၊ ချမ်းသာလှ၏။

ဘယ်ကလှုပ်မူ၊ နှလုံးပူအံ့။

စူစူချက်မ၊ ခုန်ကြွသောခါ၊ ဗိုလ်ပါလူပေါင်း၊ ကောင်းချီး ချီးပ။
နှံတောင်းမှသော်၊ ရအံ့ဥစ္စာ။

လက်ယာတင်သား၊ လှုပ်ဘိငြားမူ၊ တပါးသူစု၊ ဥပဒ်ပြုလိမ့်။
ဘယ်စုလှုပ်ခါ၊ ပ-ရန်ရှာ၏။

ခါးသားလှုပ်က၊ ဥစ္စာကျလိမ့်။

ညာကပေါင်သား၊ မယားရစစ်။

ဘယ်ကဖြစ်မူ၊ ချစ်သူမျက်လို။

ကိုယ်ဒူးပုဆစ်၊ လှုပ်လစ်သော်ကား၊ ခိုက်ရန်ပွားလိမ့်။

သလုံးသားညာ၊ သားရရာ၏။

ဝဲမှာသော်ကား၊ မယားမာန်တက်။

ကျောက်ကုန်းထက်မှ၊ လှုပ်ချက်ထူးလာ၊ တန်းဆာဝတ်စား၊ ရငြားမယွက်။

လက်နှစ်ဘက်တွင်၊ တဘက်ဘက်မှ၊ ဆတ်ဆတ်ကြွသော်၊ ကိစ္စရေးရာ၊ ဆောင်ရစွာ၏။

အင်္ဂါဣနြေ္ဒ၊ လှုပ်ဘိချေသော်၊ ချစ်ဆွေမယား၊ သူတပါးနှင့်၊ တိမ်းပါးတုံမြောက်၊ မက်လောက်ဥစ္စာ၊ ပျောက်တတ်စွာဟု၊ ဆရာဘုန်းဟေ့၊ ဟောရိုးတွေ့ရှင့်။

သိပ်ငွေ့ဝမ်းပြင်း၊ လှုပ်လတ်ခြင်းကား၊ အစားကောင်းရ။

ပါဒအစုံ၊ လှုပ်လတ်တုံသော်၊ ပြင်းတုံရှည်လျား၊ ခရီးသွားဟု၊ အများသူငါ၊ မှတ်သိရာသည်၊ စဉ်လာတိတ္တုံ စကားတည်း။

မင်္ဂလာသတင်းစဉ်

နေမာ၏ အရည်အသွေးကို မည်သည့်အခါကမျှ သံသယ မဝင်ခဲ့ဟု အဲလ်ဗက်စ်ဆို

ရီးယဲလ်ဆိုစီဒက်ကို (၄-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင်မူ နေမာနှင့် မက်ဆီတို့ အချိတ်အဆက်မိမိ တွဲဖက် ကစားခဲ့ပြီး နှစ်ဦးလုံး ဂိုးသွင်းနိုင်ခဲ့

နေမာ၏ အရည်အသွေးကို မည်သည့်အခါကမျှ သံသယ မဝင်ခဲ့ဟု အဲလ်ဗက်စ်ဆိုနေမာအနေဖြင့် ဘာစီလိုနာ အသင်း၏ ကြယ်တစ်ပွင့် ဖြစ်လာနိုင်သည်ကို မိမိ လုံးဝ သံသယ မဝင်ကြောင်း နောက်ခံလူ ဒန်နီအဲလ်ဗက်စ်က ပြောကြားလိုက်သည်။ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးလေး နေမာသည် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာသို့ စတာလင်ပေါင် သန်း(၅၀)ဖြင့် နွေရာသီ က ပြောင်းရွှေ့ ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် လာလီဂါတွင် ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်နေရသည့်နောက် ဝေဖန်မှုများ ကြုံခဲ့ရပြီး ဘာစီလိုနာ ဂန္ထဝင်ကြီး ဂျိုဟန်ခရိုက်ဖ်က နေမာနှင့် လီယွန်နယ်လ်မက်ဆီ တွဲဖက်ကစားရန် မဖြစ်နိုင်ဟုပင် ပြောဆိုခဲ့သည်။ သို့သော်လည်း ရီးယဲလ်ဆိုစီဒက်ကို (၄-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင်မူ နေမာနှင့် မက်ဆီတို့ အချိတ်အဆက်မိမိ တွဲဖက် ကစားခဲ့ပြီး နှစ်ဦးလုံး ဂိုးသွင်းနိုင်ခဲ့သည်။

နေမာနှင့် လက်ရွေးစင် အသင်းတွင်လည်း တွဲဖက် ကစားနေသည့် အဲလ်ဗက်စ်က "ကျွန်တော်က နေမာ့ အရည်အသွေးတွေကို ကောင်းကောင်း သိပြီးသားပါ။ ဘာစီလိုနာနဲ့ သူအံဝင်မယ် ဆိုတာကို ကျွန်တော် သေချာပေါက် နားလည်ထားတယ်။ ခုချိန်မှာ သူ့ရဲ့ ခြေစွမ်းက စပြီးတော့ ကောင်းမွန်လာပါပြီ။ ဒါကို ကျွန်တော် မအံ့ဩဘူး"ဟု ဆိုသည်။ အသက်(၂၁)နှစ်ရှိ နေမာသည် ဘာစီလိုနာ ကစားကွက်တွင် အသားကျရန် အတန်ငယ် ရုန်းကန်နေရဆဲ ဖြစ်သော်လည်း တစ်စထက်တစ်စ အံဝင်လာဟန် ရှိနေသည်။

အဲလ်ဗက်စ်က အသင်းသည် ပုံစံသစ် တစ်ခုကို ချက်ချင်းပြောင်းလဲယူဖွယ် မရှိသေးဟု ဆိုသည်။ "နည်းပြ ဂီရာဒို မာတီနိုက ဘာစီလိုနာရဲ့ ပင်ကိုယ်ဟန်ကို ဆက်ထိန်းထားစေချင်တယ်။ သူက ကိုယ်ပိုင်ဟန်နဲ့တော့ ပြောင်းလဲမှုတချို့ လုပ်ဆောင်မှာပါ။ ဒါပေမဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေချင်ရင် ချက်ချင်း အပြောင်းအလဲတွေ လုပ်ဖို့ မလွယ်ဘူးဆိုတာ သူလက်ခံတယ်လေ။ ဒါပေမဲ့ ခက်ခဲတဲ့ ပွဲစဉ်တချို့မှာတော့ နည်းပြက ပုံစံကွဲလေးတွေ ဖန်တီးလိမ့်မယ် ထင်ပါတယ်"ဟု အဲလ်ဗက်စ်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ