ဒေါ်လာ (၁) သန်းတန်သောအဖော်ချွတ် ဓါတ်ပုံရိုက်ရန် ငြင်းခဲ့သူမင်းသမီး
ဟောလီးဝဒ်မှ နာမည်ကြီး မင်းသမီးဖြစ်သူ လင်းဆေးလိုဟန်မှ Playboy မဂ္ဂဇင်း (၅၅)နှစ်ပြည့် တွင် အဖော်ချွတ်ပုံ ရိုက်ကူးရန် အယ်ဒီတာ Hugh Hefner's အမျိုးသားများ သီးသန့် မဂ္ဂဇင်း မှတဆင့် ချင်းကပ်ခံခဲ့ရကြောင်း သိရသည်။
မင်းသမီးမှ အဆိုပါ ကမ်းလှမ်းမူကိုငြင်းပယ်ခဲ့သည်။
ယခုအကြီမ်တွင် ယခင်ချင်းကပ်စဉ်က ထက်ပိုမိုသော ငွေကြေး ပမာဏအဖြစ် အမေရိကန်ဒေါ်လာ (၁) သန်းဖြင့် ဓါတ်ပုံ ရိုက်ကူးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
လင်းစေးလိုဟန် မှာ တ၀က်တပျက် အဖော်ချွတ်ပုံများကို ယခင်ထုတ် မဂ္ဂဇင်းများတွင် များစွာ ရိုက်ဖူးခဲ့ကြောင်း ဖက်ရှင် ဒီဇိုင်နာဖြစ်သူ Hedi Slimane မှပြောသည်။
Source:oddee
Hau Sian Siam ( MM Social Sky )
ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့်
ခန္ဓာကိုယ်အလှ ထိန်းသိမ်းရန် အေဒရီယန် လီမာ လက်ဝှေ့ထိုး လေ့ကျင့် အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။
Catwalk လျှောက်လမ်းပေါ်တွင် ရှုမငြီးသည့် အလှနတ်သမီးလေး တစ်ပါးသဖွယ် ကျော့ရှင်းပြေပြစ်သည့် ကမ္ဘာကျော် မော်ဒယ်လ် တစ်ဦးဖြစ်သော်လည်း ကြိုးဝိုင်းထဲတွင်မူ အေဒရီယန် လီမာသည် မာကျောရဲရင့်သည့် ကျားသစ်မလေးသဖွယ် ရှိနေသည်။ အသက်(၃၁)နှစ်ရှိ ဘရာဇီးလ် စူပါစတား မော်ဒယ်လ်သည် သူမ၏ အဆီပို လုံးဝမရှိသော ခန္ဓာကိုယ် ထိန်းသိမ်းရန်အတွက် လက်ဝှေ့လေ့ကျင့် ကစားလေ့ ရှိသူဖြစ်သည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သော Victoria's Secret မော်ဒယ်လ်၏ မိတ်ကပ်ဗလာ မျက်နှာဖြင့် ပြင်းပြင်းထန်ထန် လက်ဝှေ့လေ့ကျင့်နေသော ပုံများကို အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။
ဖလော်ရီဒါရှိ မီယာမီမှ အားကစားရုံ တစ်ခုတွင် အနက်ရောင် ဝတ်စုံနှင့် အေဒရီယန်သည် ချွေးတလုံးလုံးဖြင့် လက်ဝှေ့ လေ့ကျင့်နေခဲ့သည်။ ယခုသီတင်းပတ်အတွင်း လက်ဝှေ့ကြိုးဝိုင်းပေါ်၌ ကြံ့ခိုင်ရေးမှူး တစ်ဦးနှင့်အတူ ချွေးတလုံးလုံး လက်ဝှေ့လေ့ကျင့်ခန်း ပြုလုပ်နေသော အေဒရီယန်သည် ကင်မရာအများအပြား ရှေ့မှောက်တွင် တွေ့မြင်နေက ပုံစံနှင့် လုံးဝ ကွဲလွဲနေသည်။ သူမသည် အနက်ရောင် ဆံပင်ကို နောက်ဘက်တွင် စည်းထားပြီး လက်ဝှေ့ထိုးသည့် ပစ်မှတ်ကိုသာ မျက်လုံးပြာပြာများနှင့် စူးစိုက် ကြည့်နေခဲ့သည်။ သူမ၏ လေ့ကျင့်ခန်း အစီအစဉ် အပြီးတွင် ချွေးပြိုက်ပြိုက်ကျကာ အားကစားရုံမှ ထွက်ခွာသွားချိန်ထိ အေဒရီယန်သည် အရိုင်းဆန်ဆန် တစ်မျိုးလှပနေဆဲဟု ပရိသတ်များက ဆိုသည်။
အေဒရီယန်သည် ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံး စူပါမော်ဒယ်လ် တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသော သန်းကြွယ်သူဌေးမလေး ဖြစ်သည်။ သူမက လက်ဝှေ့ထိုးခြင်းသည် ကောင်းမွန်သည့် ကိုယ်လက် လေ့ကျင့်ခန်း တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားဖူးသည်။ "အားကစား တစ်ခုခုကို စဉ်းစားရင်း လက်ဝှေ့ကို သဘောကျသွားတယ်။ ဒီအားကစားဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုအတွက် တကယ့်ကို ကောင်းမွန်တယ်ဆိုတာ ကျွန်မ လက်ခံတယ်။ အကောင်းဆုံးဆိုတဲ့ အချိုးအဆက်မျိုးကို ရှင်ရလာချင်ရင် လက်ဝှေ့ ကစားသင့်တယ်။ ဒါဟာ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်မကလည်း စိန်ခေါ်မှုတွေကို သဘောကျတယ်လေ"ဟု အေဒရီယန်က ပြောဆိုခဲ့သည်။
Planet Myanmar Network
ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ
အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ်ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူမှုကို အဆင်ပြေစေရန် ဖျော်စပ်နိုင်စွမ်းရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။
၎င်းစက်ရုပ်ကို ဂျာမန်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူကာမှ ဖန်တီးသော စက်ရုပ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့အစည်းမှာ စက်ရုပ်ထုတ်လုပ်မှု နယ်ပယ်တွင် ၂၃နှစ်သက်တမ်းရှိပြီဖြစ်သည့် စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ ဘန်စချီဖာဦးဆောင်သော အင်ဂျင်နီယာအဖွဲ့ ဖြစ်သည်။
စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ်ထည့်သွင်းပေးထားသည်။ အရက်မှာရာတွင် အဆင်ပြေစေရန်အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်းပေးထားသော်လည်း စကားများများ ပြောကြသည့်သူများအတွက် ၎င်းတို့၏ စကားသံများကို စက်ရုပ်က မှတ်မိနိုင်မည် မဟုတ်ကြောင်း သိရသည်။
Ref: Direct Marketing News
Myanmar ICT
သင်…မှန်ကန်သော ဆံပင်ပုံစံကို ရယူပါ
လူတစ်ယောက်နဲ့တစ်ယောက် မျက်နှာကျပုံစံ၊ ကိုယ်လုံးကိုယ်ထည်နဲ့ ဆံပင်အမျိုးအစားပါ မတူညီကြတာ လူတိုင်း သိပြီးသား ဖြစ်မှာပါ။ ဒီလို မတူညီတဲ့ ပုံစံတွေထဲမှာမှ မိမိမျက်နှာက ဘယ်လို ပုံစံဆိုတာ လူတိုင်း သိကြပါရဲ့လား။ ပျိုမေတွေရဲ့ အလှအပတွေထဲမှာ မိမိဆံပင်ပုံစံနဲ့ မိမိမျက်နှာ လိုက်ဖက်မှုကရော အရေးပါတယ် ဆိုတာ ပျိုမေတို့ လက်ခံကြပါရဲ့လား။ ဒီနေ့တော့ ICT ပရိသတ် ပျိုမေများအတွက် မိမိမျက်နှာအကျနဲ့ အလိုက်ဖက်ဆုံး ထားနိုင်အောင် ဆံပင်ပုံစံလေးတွေကို ရွေးချယ်တင်ပြပေးသွားပါ့မယ်။
ကဲ………ပျိုမေတို့ရေ အရင်ဆုံး မိမိရဲ့ မျက်နှာအကျက ဘယ်လိုပုံစံလဲဆိုတာ မိမိဘာသာ မိမိသိစေအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ပြောပြမယ်နော်။ မိမိရဲ့ နေအိမ်က မှန်တင်ခုံ ရှေ့ထိုင်ပြီး ဆံပင်တွေ အားလုံးကို စုစည်း ချည်နှောင်လိုက်ပါ။ အကယ်၍ ဆံပင်အတိုသမားဆိုရင်တော့ ဆံပင်ကို ရေဆွတ်ပြီး နောက်ဘက်ကို အားလုံးလှန်ဖြီးထားပါ။
ပြီးရင် မှန်ကို တည့်တည့်ကြည့်ပြီး နှုတ်ခမ်းနီ ဒါမှမဟုတ် ပုံဆွဲ ဖယောင်းနဲ့ မှန်ပေါ်မှာ မြင်ရတဲ့ မိမိမျက်နှာကို လိုက်ပြီး သေချာရေးဆွဲလိုက်ပါ။ အရေးအကြီးဆုံးက နဖူး၊ နားသယ်စပ်တွေ၊ မေးစေ့နေရာတွေပေါ်အောင် ရေး ဆွဲပါ။ ဒါမှ မိမိရဲ့ မျက်နှာကျကို အမှန်ရစေမှာပါ။ မိမိရဲ့ မျက်နှာပုံစံကို သိရပြီ ဆိုရင်တော့ ပညာရှင်တွေ ခွဲခြားထားတဲ့ အမျိုးသမီးများရဲ့ မျက်နှာပုံသဏ္ဌာန် (၄)မျိုးထဲက မိမိဟာ ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ၊ ဘယ်လိုဆံပင် ပုံစံကို ထားသင့်လဲ၊ ဘယ်လိုပုံစံကို ရှောင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
ဘဲဥပုံမျက်နှာ
ဘဲဥပုံမျက်နှာကျ ပိုင်ရှင်တွေကတော့ ဘယ်ပုံစံမျိုးမဆို လိုက်ဖက်တာ တွေ့ရတတ်ပါတယ်။ ဒီပုံစံတွေရဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကတော့ ပါးပြင်ပေါ်ကို အလွှာလိုက်၊ အထပ်လိုက် ခပ်ဝဲဝဲ ကျနေတာမျိုးဆို အင်မတန် ကြည့်ကောင်းပါတယ်။ နှုတ်ခမ်းနဲ့ မေးစေ့အလှကို ပိုပြီး ပေါ်လွင်စေမယ့် အတိုပုံစံမျိုးလည်း လိုက်ဖက်စေပါတယ်။ အရှည် ဒါမှမဟုတ် အလယ်အလတ် ရှည်သူများက ဆံပင်ကို စုစည်းပြီး မျက်နှာအလှကို ရှင်းရှင်းလေးလည်း ပြုလုပ်နိုင်ပါသေးတယ်။
မျက်နှာရှည်သွယ်သူ
ယခုလို ပုံစံရှိတဲ့သူတွေအတွက်တော့ မျက်နှာလေးကို ဖောင်းပြည့်တဲ့ပုံ စံဖြစ်အောင် မျက်နှာဘေး တစ်ဖက်တစ်ချက် နားရွက်တစ်ဝိုက်၊ ပါးပြင်တွေနားမှာ ဆံပင်တွေ အုံပိုထူလာအောင် အထပ်ထပ် ပြု လုပ် ပေးရပါမယ်။ ဆံပင် ဖြောင့်ထားတဲ့ သူဆိုရင်တော့ ဆံပင်ကို မေးစေ့ရှည်နေတဲ့ ပုံပျောက်အောင် မညီမညာနဲ့ အလွှာလိုက် အထပ်ထပ်ညှပ်ပေးပြီး မေးစေ့သွယ်တာကို ဖျောက်ပေးသယောင် ဖြစ်သွားမှာပါ။ အကောင်းဆုံး ကတော့ ဆံပင်ကို လှိုင်းတွန့် လေးတွေ ဖြစ်အောင် ကောက်
ပေးရင် အလှဆုံးပါပဲ။ ဆံပင်ရဲ့တစ်ဝက်လောက်ကို အလွှာ အထပ်ထပ်လေး တွေနဲ့ပေါ့။ ဒါပေမယ့် ဆံပင်ကို အရမ်းတိုလွန်း၊ ရှည်လွန်းတာမျိုးတော့ မလိုက်ဖက်ကြောင်းကိုလည်း အသိပေးလိုက်ပါရစေ။
မျက်နှာဝိုင်းသူ
ထိုသူတွေကတော့ မျက်နှာကို ရှည်သွယ်သွားအောင် ပြုလုပ်ပေးရမှာပါ။ အကောက်ပုံစံ ကြိုက်ရင်တော့ မေးစေ့ နားလောက်ထိကို ပြေပြေလှိုင်း တွန့်လေးနဲ့ ကောက်ပေးပြီး အလွှာလိုက် ညှပ်ပေးသင့်ပါတယ်။ ဒါမှ အပေါ် အတိုလွှာလေးတွေက ဖောင်းပြီး အောက်ဘက်ကို ရှုးပြီးသွယ်ဆင်းတဲ့ ပုံစံပေါက်မှာပါ။ ဆံပင်ကို အလယ်ခွဲပုံစံနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာပေါ်မှာ ဆံပင်တုံးတိတိ ပုံစံမျိုးတွေကိုတော့ မညှပ်မီအောင် ရှောင်သင့်ပါတယ်။
လေးထောင့် ပုံစံ မျက်နှာ
လေးထောင့်ပုံစံ မျက်နှာရှိသူတွေကတော့ မေးရိုးကားနေတာကို ဖုံးကွယ်ပေးမယ့် ပုံမျိုးဖြစ်အောင် ဆံပင်တွေကို အလွှာအထပ်ထပ် ညှပ်ပြီး ပါးရိုးနဲ့ မေးရိုးတွေကို ဖုံးကွယ်ဖို့ ပြုလုပ်သင့်ပါတယ်။ ဘေးနှစ်ဖက်ကို တိုအောင် ညှပ်ပြီးကာကွယ်ပါ။ ဆံပင်ကို လှိုင်းတွန့်ကြီးကြီးတွေ ကောက်ပေးပြီး တိုတာကလည်း မျက်နှာအကျကို ဖုံးကွယ်သွားစေမှာပါ။ လေးထောင့်ပုံစံ၊ အနောက်ဘက်ကို ချွန်သွယ်သွားတဲ့ပုံစံ၊ တိုလွန်းတဲ့ပုံစံတွေက အလှကို ပျောက်စေပါတယ်။ ဒါကြောင့် ICT ပျိုမေတို့က မိမိမျက်နှာကို သေချာလေ့လာပြီး ဒီနေ့တင်ပြလိုက်တဲ့ အချက်လေးတွေကို စမ်းသပ်ပြုလုပ်ကြည့်လိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်။
Ref: www.myanmaryp.com
Myanmar ICT
အမျိုးသမီးတစ်ဦးနဲ့လျှို့ဝှက်ချိန်းတွေ့ခဲ့တဲ့ ရောဘတ်ပတ်တင်ဆန်
Twilight မင်းသားရော ဘတ်ပတ်တင်ဆန်ဟာ အမျိုး သမီးတစ်ဦးနဲ့လျှို့ဝှက်ချိန်းတွေ့ ခဲ့ပြီးနောက် အိမ်အပြန်လမ်းမှာ ကင်မရာတွေကို ရှောင်ရှားရင်း ပြန်ခဲ့ရပေမယ့် သူ့ရဲ့ပုံကိုတော့ ဓာတ်ပုံဆရာက ရိုက်ကူးနိုင်ခဲ့ ပါတယ်။
သူနဲ့အတူတွဲလာတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသ မီးဟာ ကင်မရာတွေရဲ့ရန်ကို ကာကွယ်ဖို့ မျက်နှာကိုလက်နဲ့ ကာထားပြီး ရောဘတ်ကတော့ လမ်းကိုဘဲ ငုံ့ကြည့်ရင်းလျှောက် လာတာတွေ့ရပါတယ်။ ဒါပေမဲ့ ရောဘတ်ဟာ ချစ်သူဟောင်း စတီးဝပ်ကို မပြတ်နိုင်သေးဘူးလို့ ပြောကြောင်း သူ့ရဲ့သူငယ်ချင်း တွေက ပြောခဲ့ပါတယ်။
အခုကြုံရတဲ့အခြေအနေ အရတော့ ရောဘတ်ရဲ့စကားနဲ့ အပြုအမူက ကွဲပြားနေပါတယ် လို့ သတင်းများမှာဖော်ပြခဲ့ပါတယ်။
Yangon Media Group
အပြောင်းအရွှေ့ကိစ္စ မိုယက်စ်နှင့် နာနီ ဆွေးနွေးမည်
အပြောင်းအရွှေ့ကိစ္စ မိုယက်စ်နှင့် နာနီ ဆွေးနွေးမည် ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမားသည် ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့် တွေ့ဆုံကာ အနာဂတ်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန် ဆန္ဒရှိနေသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ သိရှိရန် လူးဝစ်နာနီက မျှော်လင့်လျှက်ရှိသည်။ ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမားသည် ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်နှင့် တွေ့ဆုံကာ အနာဂတ်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန် ဆန္ဒရှိနေသည်။ သတင်းအချို့ကမူ ယူနိုက်တက်သည် အသက်(၂၆)နှစ်ရှိ ကစားသမားကို ခေါ်ယူရန်အတွက် ပြင်သစ်ကလပ် မိုနာကို အသင်းထံ ချိတ်ဆက် တောင်းဆိုခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ မိုနာကိုကလည်း ပေါင်စတာလင် (၈.၅)သန်းဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် နာနီကို ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
နာနီ၏ မိတ်ဆွေ တစ်ဦးက "ဒီကိစ္စမှာ နာနီကတော့ ဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူက လောလောဆယ် မိုယက်စ်နဲ့ ဆွေးနွေးချင်တယ်။ ပြီးမှပဲ နောက်ဆုံး ရွေးချယ်မှုက ဘာဖြစ်မယ် ဆိုတာကို ဆုံးဖြတ်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ နာနီသည် ပြီးခဲ့သည့် ရာသီက မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက်တွင် အသင်းနှင့် ပွဲထွက်ကစားခွင့် ဝေးကွာနေခဲ့သူလည်း ဖြစ်သည်။ မိုနာကိုက နာနီကို ခေါ်ယူနိုင်ခွင့်အတွက် ကမ်းလှမ်းမှုတစ်ခု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး လက်ရှိတွင်မူ မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ရသေးကြောင်း ကြေညာထားသည်။
Planet Myanmar Network
သရုပ်ဆောင်လောက်ကို ကျောခိုင်းဖွယ်ရှိကြောင်း ဂျွန်နီဒက်ပ် ဖွင့်ဟ
မကြာမီ တစ်ချိန်ချိန်တွင် ရုပ်ရှင်သရုပ်ဆောင် လောကကို ကျောခိုင်းသွားဖွယ် ရှိနေကြောင်း ဟောလီးဝုဒ်မင်းသား ဂျွန်နီဒက်ပ်က ဝန်ခံခဲ့သည်။ မကြာသေးမီက ရုံတင်ခဲ့သည့် The Lone Ranger ဇာတ်ကားတွင် ဒက်ပ်သည် အမေရိကန် တိုင်းရင်းနယ်သား တွန်တိုအနေဖြင့် သရုပ်ဆောင်ထားသည်။ အဆိုပါ ဇာတ်ကားသည် Box Office စာရင်းတွင် မျှော်လင့်သလောက် မအောင်မြင်ခဲ့ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ Disney၏ နောက်ဆုံးထုတ် ဇာတ်ကားတွင် ပါဝင်ခဲ့ပြီးနောက် ဒက်ပ်အနေဖြင့် မကြာသေးမီ နှစ်များအတွင်း အနုပညာ နယ်ပယ်၌ အလွန်အကျွံ အားစိုက်ထားရကြောင်း သုံးသပ်မှုများလည်း ရှိလာခဲ့သည်။
ဒက်ပ်က ယင်းအခြေအနေကို လက်ခံပြီး တစ်ချိန်ချိန်တွင် သရုပ်ဆောင် ဘဝကို စွန့်ခွာနိုင်ကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၅၀) အရွယ်ရှိ Pirates of Caribbean ဇာတ်ဆောင် မင်းသားက "တစ်နှစ် တစ်နှစ်ကို ကိုယ်က သရုပ်ဆောင် အလုပ်အတွက် ပြောဆိုနေရတဲ့ စကားတွေက ကိုယ့်လက်တွေ့ ဘဝမှာ ပြောဆိုနေရတာထက် ပိုများနေပြီ ဆိုတာကို သတိပြုမိလာတဲ့အခါ လူတစ်ယောက်အတွက် ထူးဆန်းတဲ့ အမြင်တစ်ခုလို ဖြစ်လာပါတယ်"ဟု BBC Breakfast အစီအစဉ်တွင် ပြောကြားခဲ့သည်။
"ဒီထက် ပိုဆိတ်ငြိမ်တဲ့ အခြေအနေမျိုးကို ကျွန်တော် မတွေးမိခဲ့ဘူးလားလို့ မေးရင် ဟုတ်တယ်၊ မတွေးမိသလောက်ပဲလို့ ဖြေရမယ်။ ကျွန်တော့် အလုပ်ကနေ အပြီးအနားယူတော့မယ်လို့ ပြောမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ သိပ်မဝေးတဲ့ ကာလတစ်ခုမှာ ကျွန်တော် ပြောကောင်း ပြောမိလိမ့်မယ်"ဟုလည်း ဒက်ပ်က ပြောဆိုသွားသည်။ ဒက်ပ်သည် ပဉ္စမမြောက် Pirates of Caribbean ဇာတ်ကားတွင် ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် ဆက်လက် ပါဝင်နေမည် ဖြစ်သလို Alice in Wonderland ဇာတ်လမ်းအဆက်တွင် ဟတ်တာအဖြစ် ပြန်လည် သရုပ်ဆောင်ရန် သဘောတူညီထားသည်။
Planet Myanmar Network
တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံခြင်း
သံမဏိလိပ်ပြာ စီးရီး ထွက်ရှိပြီးနောက် ပရိသတ်များ၏ အားပေးမှုနှင့်အတူ ဝေဖန်မှုများပါ ကြုံတွေ့ခဲ့ရသော တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံပြီး ဝေဖန်ခံရသည့် စစ်ဆန့်ကျင်ရေး သီချင်းအကြောင်း၊ ဝေဖန်မှုများအပေါ် သူ့အမြင်နှင့် သူ၏တစ်ကိုယ်တော် Show ပွဲ အကြောင်းကို The Voice မှ မေးမြန်းထားခြင်း ဖြစ်သည်။
The Voice ။ ။ သံမဏိလိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
L.L ။ ။ စီးရီးထွက်ပြီးတဲ့ အချိန်မှာ ကြားရတဲ့ ပရိသတ်တွေရဲ့ အသံကတော့ အားရပါတယ်။ ဒီခွေအပေါ်မှာ သူတို့မြင်တဲ့ အမြင်တွေ၊ သူတို့ထင်တဲ့အထင်တွေနဲ့ အပြုသဘောဆောင်စွာ ဝေဖန်တယ်ပေါ့နော်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ကျွန်တော်အားရတယ်။ ကျေနပ်ပါတယ်။
The Voice ။ ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပေါ်မှာရော လင်းလင်းရဲ့အမြင်က ဘယ်လိုရှိလဲ။
L.L ။ ။ ကျွန်တော့်အမြင်ကို အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီစီးရီးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို လက်ခံသလို၊ ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေကိုလည်း လက်ခံတယ်။ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေတဲ့ပုံစံ၊ ဖြတ်သန်းနေတဲ့ အနေအထားအရ ဘယ်လိုပဲ ကောင်းတာလုပ်လုပ်၊ ဘယ်လိုပဲ ကောင်းတာပြောပြော ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူအဖွဲ့နဲ့ ပြည်သူတွေကြားကို ခလောက်ဆန်ချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမှောင်ခေတ်ကို ပြန်သွားစေချင်တယ်။ အဲဒီလိုမျိုး ဖြစ်စေချင်တဲ့လူတွေ တချို့က ပြည်တွင်းထဲမှာလည်း ရှိတယ်။ ပြည်ပမှာလည်း ရှိတယ်။ သူတို့ရဲ့အကွက်ကျကျ ဆွဲယူတွေးတောပြီးတော့ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်အောင်လုပ်ကြတာ။ ကျွန်တော့် ဒီခွေမှ မဟုတ်ဘူး။ ဘာသာရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း ရှိတယ်။ နိုင်ငံရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း မြင်နေရတယ်။ အဲဒီအတွက် ကျွန်တော်က ဒီကိစ္စတွေပေါ်မှာ သေချာ လိုက်ရှင်းပြစရာတော့ မလိုပါဘူး။ ပရိသတ်တွေက ကျွန်တော်ပေးချင်တဲ့ Message၊ ကျွန်တော်ပေးချင်တဲ့ ပန်းတိုင်ကို နားလည်ပြီး ကျွန်တော်နဲ့လည်း ရင်ခုန်သံတူတယ်ဗျ။ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုဆီက ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေ အပေါ်တော့ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ အဲဒီလိုဝေဖန်ခြင်းအားဖြင့် သူတို့စိတ်ထဲမှာ အခိုက်အတန့်ပဲဖြစ်ဖြစ် ပေါ့ပါးသွားတယ်ဆိုရင် ကျွန်တော်လည်း ကုသိုလ်ရပါတယ်။
The Voice ။ ။ အခုဆို Facebook လို လူမှုကွန်ရက်တွေကို လက်နက်အဖြစ် အသုံးချပြီး ဝါဒဖြန့်တဲ့ လုပ်ဆောင်မှုတွေလိုမျိုး ရှိလာတဲ့အတွက် Facebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လင်းလင်း သုံးသပ်ပေးပါဦး။
L.L ။ ။ Facebook ကိုတော့ ကျွန်တော်လည်း တစ်ခါတလေ သုံးပါတယ်။ သူ့ရဲ့ ကောင်းကျိုးကတော့ သတင်းမီဒီယာ Website တွေကို Like လုပ်ထားခြင်းအားဖြင့် ဂျာနယ် ထွက်မယ့်ရက် ကိုတောင် သိပ်စောင့်စရာ မလိုတော့ဘူး။ ဘယ်နားလေးမှာ မီးလောင်တယ်ဆိုရင် ချက်ချင်းတက်လာတယ်။ ကျွန်တော် Facebook သုံးရင် ကိုယ် Like လုပ်ထားတဲ့ သတင်း Website တွေကို လိုက်ဖတ်တယ်။ ဆိုးကျိုးကတော့ Facebook မှာ လူအများစုက တခြားနာမည်တွေ၊ ကိုယ့်ရဲ့ဓာတ်ပုံမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ ဓာတ်ပုံတွေနဲ့ သုံးကြတဲ့အခါကျတော့ သူဘယ်သူလဲဆိုတာ ကိုယ်မသိရဘူး။ သူ့စိတ်ထဲမှာ လတ်တလော ခံစားနေရတာတွေ၊ နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရတာတွေကို အလွယ်တကူ ရင်ဖွင့်လို့ရတယ်။အဲဒီမှာဆိုးရွားတဲ့၊ မိသားစုဖတ်လို့မရတဲ့ စာသားမျိုးတွေ ပါသွားတာရှိမယ်။ စည်းလွတ်၊ ဘောင်လွတ်တဲ့ စကားလုံးမျိုးတွေ ပါသွားတာ ရှိမယ်။ ဒါတွေကိုတော့ ကျွန်တော်ဆိုးကျိုးလို့ မြင်ပါတယ်။ ဒါတွေကို ဆိုးတယ်လို့ မြင်ပေမယ့် အကောင်းဘက်က ပြန်တွေးရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးက နှစ်ပေါင်း ၂၀ ကျော်၊ ခုတင်အောက်ထဲဝင်ပြီး ကျိတ်ဆဲခဲ့ရတာ ဆိုတော့ ဒီလိုပြောလိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ထွက်ပေါက်လေး ရသွားတာပေါ့နော်။ ဒီလိုပြောလိုက်လို့ စိတ်ထွက်ပေါက်ရသွားပေမယ့် စည်းတွေ၊ ဘောင်တွေလွတ်ပြီး ပြောဆိုကြတာကိုတော့ ဆိုးတယ်လို့ မြင်ပါတယ်။
The Voice ။ ။ ဒီစီးရီးထဲမှာ ထူးခြားတဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ သံမဏိလိပ်ပြာနဲ့ အိပ်မက်ထဲက စစ်သားကြီး သီချင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်သံတွေ ကြားရလဲ။
L.L ။ ။ ကျွန်တော် ပြန်ကြားရသလောက်တော့ ကိုယ့်ကိုကြိုက်တဲ့ ပရိသတ်တွေဆီကပဲ မို့လို့လားတော့ မသိဘူး။ ကောင်းတယ်ဗျ။ ဒါပေမဲ့ သူငယ်ချင်းတွေဆီကနေ တစ်ဆင့် ပြန်ကြားရတဲ့ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုရဲ့ ဝိဝါဒ ကွဲပြားစရာတွေနဲ့ ပတ်သက်လို့တော့ ပရိသတ်တွေက အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရေးခဲ့တဲ့ သီချင်း၊ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ တာဝန်ယူနိုင်တယ်။ ဘယ်လို အခြေမနေမျိုးမှာမဆို၊ ဘယ်လိုပုံစံမျိုးနဲ့မဆို ကျွန်တော်က ဖြေရှင်းရဲတဲ့သတ္တိ အပြည့်ရှိတယ်။ ကျွန်တော် လုပ်ခဲ့တာတွေသည် အဆိုးမြင်တဲ့အနေနဲ့၊ ဝေဖန်ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တာ တစ်ခုမှမပါဘူး။ အိပ်မက်ထဲက စစ်သားကြီး သီချင်းဆိုလည်း လူတစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ပုတ်တဲ့ စစ်ပွဲတွေမရှိရင် ကမ္ဘာကြီးက ဘယ်လောက် ပျော်စရာကောင်းမလဲ ဆိုတဲ့ အနာဂတ်လေးကို အိပ်မက်မက်ပြီး ရေးထားတာ။ ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာလား။ စစ်ပွဲမကောင်းကြောင်း ရေးတာလား ဆိုတာကို ခွဲသိဖို့လိုတယ်။ အမှောင်ခေတ်ကို သွားချင်တဲ့လူတစ်စုရဲ့ ဝိဝါဒကွဲပြားစေမယ့် စကားတွေကို ယုံကြည်ပြီး ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာပဲဆိုတဲ့ အမြင်ကို ဆုပ်ကိုင်လိုက်ရင်တော့ အဆိုးဘက်ကို ရောက်သွားမှာပေါ့နော်။ ကျွန်တော်ရေးထားတဲ့ စာသားကတော့ ရှင်းရှင်းလေးပါ။ စစ်ပွဲတွေအားလုံးကို ရပ်ဆိုင်းစေချင်တယ်။ တစ်ကမ္ဘာလုံးမှာ စစ်မဲ့ဇုန်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ပြီးတော့ အေးချမ်းတဲ့ ကမ္ဘာသစ်ကြီးဆီကို သွားချင်တဲ့အိပ်မက်နဲ့ ဒီသီချင်းကို ရေးထားတာ။
The Voice ။ ။ လင်းလင်းကိုယ်တိုင်က NLD ပါတီဝင်တစ်ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုထားတဲ့ သံမဏိလိပ်ပြာ သီချင်းလည်း ဒီစီးရီးမှာ ပါတယ်ဆိုတော့ နိုင်ငံရေး ရပ်တည်ချက် တစ်ခုခုကြောင့် ဒီစီးရီးထုတ်လိုက်တာလို့ ဝေဖန်မှု တွေအပေါ်ရော လင်းလင်း ဘာပြောချင်လဲ။
L.L ။ ။ ကျွန်တော် ဒီစီးရီးကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ဒီခွေလေးမှာ ပရိသတ်တွေကို ပြောပြချင်တာတွေ အများကြီးပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူလူကြီး အသိုင်းအဝိုင်း ပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ချစ်ချစ်ခင်ခင်နဲ့ အားလုံးမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုကို သွားရအောင်ဆိုတဲ့ Message တစ်ခုကို ကျွန်တော်ပေးချင်တာ။ ဒီစီးရီးက အဖွဲ့အစည်း တစ်ခုအတွက်၊ လူတစ်စုအတွက်လည်း မဟုတ်ဘူး။ ဒီလိုဝေဖန်မှုတွေက ဒီခွေလေးကို သေချာနားမရှင်းသေးလို့ ထင်တယ်။ ဒီခွေထဲမှာပါတဲ့ စာသားတွေကို သေချာနားထောင် ခံစားလိုက်မယ်ဆိုရင် ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှာပါ။
The Voice ။ ။ ဒီစီးရီးထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးဖွဲ့ထားတဲ့ သံမဏိလိပ်ပြာ သီချင်းကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးထားတာလဲ။
L.L ။ ။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့၊ မြေကြီးပေါ်မှာ ရပ်နေသရွေ့ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေတ္တာဘွဲ့ တေးတစ်ပုဒ်အနေနဲ့ ဒီသီချင်းလေး ကိုရေးဖွဲ့ထားပါ။ ဒီသီချင်းလေးကို ကျွန်တော့်ပရိသတ်တွေ၊ ဒီသီချင်းလေးကို ကြိုက်တဲ့သူ တွေကြားထဲမှာ ပျံ့နှံ့စေချင်တယ်။ ဒီသီချင်းထဲမှာ သေချာခိုင်မာတဲ့ အမှန်တရားတွေကိုပဲ ကျွန်တော် ရေးဖွဲ့ထားတာ။ ဒီသီချင်းလေးကို ကျွန်တော်တို့ သေပြီးတဲ့နောက်မှာလည်း ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေစေချင်တယ်။
The Voice ။ ။ ဒီစီးရီးကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် လင်းလင်းဘာပြောချင်လဲ။
L.L ။ ။ ဒီခွေကို အားပေးကြ တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်အခွေမှ မဟုတ်ဘူး။ တခြားအနုပညာရှင်တွေရဲ့ အခွေတွေကိုလည်း ကိုယ်ကြိုက်တယ်၊ နားထောင်ခံစားချင်တယ်ဆိုရင် ပရိသတ်တွေကို အားပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂီတလောက အခြေအနေက နာလန်မထူနိုင်လောက်အောင် ဖြစ်နေပြီ။ ကျွန်တော့်အခွေကို အားပေးသလို တခြားအနုပညာရှင် တွေရဲ့ အခွေတွေကိုလည်း အားပေးရင် တော်တော်များများ ရပ်တည်သွားနိုင်မယ်လို့ ထင်တယ်။
The Voice ။ ။ လင်းလင်းလုပ်ဖို့ရှိတဲ့ တစ်ကိုယ်တော် Show ပွဲအကြောင်းလည်း ပြောပြပေးပါဦး။
L.L ။ ။ တစ်ကိုယ်တော် Show ပွဲကတော့ ကျွန်တော် ပထမဆုံးအကြိမ် လုပ်မှာပါ။ ဒီ Show ကို ဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့၊ အမှတ်တရ တစ်ခုအနေနဲ့ ကျန်သွားစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်မှာပါ။ ကျွန်တော်မှန်းထားတာတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ လုပ်ဖြစ်မယ်။ လုပ်မယ့်နေရာနဲ့ ရက်တွေသေချာရင် ကျွန်တော့်ပရိသတ်တွေနဲ့ မီဒီယာတွေကို အသိပေးမှာပါ။
(သန့်ဇင်ဦး)
The Voice Weekly
ခရီးလမ်းမပေါ်မှာကြွေလွင့်ခဲ့ရသော အနုပညာကြယ်ပွင့်များ
၁၈၈၈ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ နံနက်ခင်းတွင် ဂျာမနီနိုင်ငံသား ကား(လ်)ဖရီး ရစ်(ခ်ျ)ဘင့်(ဇ်)၏ဇနီးသည် ဘာသာဘင့်(ဇ်)သည် ဝက်ဂွန် Wagon ကားလေးကိုမောင်း၍ ၆၅ မို...င်ဝေးသော ပီဖိုဇိန်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြင့်ကမ္ဘာပေါ် တွင်မော်တော်ကားကို လူတွေ စတင်စိတ်ဝင်တစားခဲ့လေသည်။ ထိုကားကို စက်မှုအင်ဂျင် နီယာကား(လ်)ဖရီးရစ်(ခ်ျ)ဘင့်(ဇ်) ဆိုသူ ဂျာမနီနိုင်ငံသားက ၁၈၈၅ ခုနှစ်တွင် တီထွင်ထုတ်လုပ်ကာ ၁၈၈၆ခုနှစ်ဇန်နဝါရီလ၂၉ရက် တွင်မှတ်ပုံတင် ခဲ့ခြင်းဖြစ်သည်။
သည်ကားကိုတီထွင်သူ ကားလ် ဖရီးရစ်(ခ်ျ)ဘင့်(ဇ်)ကို ၁၈၄၄ခုနှစ် နိုဝင်ဘာ ၂၅ ရက် နေ့တွင်ဂျာမနီနိုင်ငံ ဘာလင်မြို့ ကား(လ်)စ်ဂူဟီအရပ်တွင် မွေး ဖွားခဲ့သည်။ငယ်စဉ်ကပင် ပညာ ရေးကို အထူးစိတ်ဝင်စားသူဖြစ် ရာ အသက် ၉နှစ်သားအရွယ်မှာ ပင်လိုက်ဇီယမ်အ ရှေ့တိုင်းသိပ္ပံ ဌာန၌ သင်ကြားခဲ့ပြီး အ သက် ၁၅နှစ်သားအရွယ်မှာပင် စက်မှု အင်ဂျင်နီယာဘွဲ့ကို
ရရှိခဲ့သူ ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဗီလိုအမျိုး အစား၊ ၁၉ဝ၉ခုနှစ်တွင် ဘလစ် ဇင်ဘင့်(ဇ်)ကားများကို ဆက် လက်တီထွင်နိုင်ခဲ့သည်။
ဤသို့ ဖြင့်ကမ္ဘာပေါ်တွင် မော်တော်ကားဆိုသောယာဉ်တစ်မျိုး ပေါ် ပေါက်လာခြင်း ဖြစ်လေသည်။
၁၈၉၃ ခုနှစ်တွင်တော့ မြန်မာနိုင်ငံ၌ လူဖြင့်ဆွဲရသည့် လန်ချားများပေါ်ပေါက်လာပြီး ၁၉ဝဝပြည့်နှစ်တွင်ကိုယ် ပိုင်မော် တော်ကားများ ပေါ်ပေါက်လာ ပြီဟု ဆိုပါသည်။ ၁၉ဝ၆ ခုနှစ်တွင်
ဓာတ် ရထားများ စတင်ပြေးဆွဲနေပြီ ဖြစ်သည်။ မန္တလေး မြို့မှာတော့ ၁၉ဝ၄ ခုနှစ်တွင်စတင်သည် ဟု သိရသည်။ ထို ဓာတ်ရထားကို ထရော် လီဘတ်(စ်)ဟုလည်း ခေါ်ကြပါသေးသည်။
မြန်မာနိုင်ငံတွင် RBT ကုမ္ပဏီက ဘတ်စ် ကားငါးစီးဖြင့် ၁၉၁၃ခုနှစ်တွင် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်းကို စတင်ခဲ့သည်ဖြစ်ရာ ယခုနှစ်သည်မြန်မာနိုင်ငံ၌ ဘတ်စ် ကားပြေးဆဲသည့်
နှစ်တစ်ရာ ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ၁၉၁၅ ခုနှစ်တွင်တော့ ရန်ကုန်မြို့မှာ အငှားယာဉ် ၂၈စီး၊ ကိုယ်ပိုင်ကား ၄၂၆စီး၊ မော်တော်ဆိုင်ကယ် ၁၃၉စီးမျှရှိ နေပြီဟုသိရသည်။ ၁၉၂၅ ခုနှစ်တွင် မော်တော် ယာဉ်လိုင်းသစ်များတိုးချဲ့ခဲ့ပြီးရန် ကုန်တက္ကသိုလ် နှင့်မြို့တွင်း သို့ ပြေးဆွဲသောကားခြောက်စီးရှိခဲ့ကြောင်းလည်း သိရသည်။
လမ်းမပေါ်တွင် မော် တော်ကားများဖြင့် ခရီးသည် များ၊ ကုန်စည်များ ပို့ဆောင်လာ နိုင်ခြင်းကြောင့်ခေတ်သစ်တစ် ခုဆီသို့ ပြောင်းလဲတိုးတက်လာ ခဲ့သလိုတစ်ဖက်တွင်လည်း မော် တော်ယာဉ်တိမ်းမှောက်ခြင်း၊ မော် တော်ကား တိုက်ခြင်းတို့ကြောင့် လူတွေအသက် အန္တရာယ်ထိခိုက် သေ ဆုံးမှုတွေလည်း ပေါ်လာရ ပါတော့သည်။ ထိုအထဲတွင် ထင်ပေါ်ကျော်ကြားသူတွေ၊ အနု ပညာရှင်တွေလည်း လမ်းမပေါ် ၌ ကြွေလွင့်ခဲ့ရသည်က အများအပြားပင် ဖြစ်လေသည်။
၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၅ ရက် က ဖြစ်သည်။ ထိုနေ့သည် ၁၉ နှစ်မြောက်အမျိုးသားနေ့ လည်းဖြစ်ရာ စာရေးဆရာကြီး ပီမိုးနင်းသည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိမြန်မာ့အလင်း သတင်းစာတိုက်သို့ တိုက်သားဟောင်းတစ်ဦးအနေဖြင့် တက်ရောက်ခဲ့လေသည်။ အလှူရှင်က သတင်းစာတိုက် ဝန်ထမ်းများအား တစ်ဦးလျှင်ကျပ် ၂ဝ စီ ချီးမြှင့်ခဲ့သည်။ နံနက် ၁၁ နာရီ တွင် ဆရာကြီးပီမိုးနင်းသည် ဘုရင်မပန်းခြံ(ယခု မဟာဗန္ဓုလပန်းခြံ)ဘေးဆူးလေဘုရားလမ်း အတိုင်းလျှောက်လာစဉ် အချုပ်ထောင်ဝန်ထမ်းတစ်ဦးက နောက်မှ စက်ဘီးဖြင့် အရှိန်ပြင်းစွာဝင် တိုက်မိလေသည်။ ဆရာကြီးမှာ လဲကျသွားပြီးဒူးအပေါ်ပိုင်း အရိုးကျိုးသွားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသရင်း ဆီးချိုရောဂါအခံကြောင့် ခြင်ဆီကိုထိခိုက်သွားပြီး ခြေထောက်ဖြတ်ရန် ပြင်ဆင်နေစဉ် ၁၉၄ဝပြည့်နှစ်ဇန်နဝါရီလ ၆ ရက်၌ ကွယ်လွန်သွားရှာပါသည်။
မြန်မာနိုင်ငံ အနုပညာလောကတွင် ၁၉၅၅ ခုနှစ်၊ စက် တင်ဘာလ ၁၅ရက်နေ့က မော် တော်ကားတိုက်၍ သေဆုံးခဲ့ ရသော အနုပညာရှင်ကြီးမှာ မျိုးချစ် ဂီတစာဆိုကြီးမြို့မငြိမ်း
ပင်ဖြစ်လေသည်။ ဆရာမြို့မငြိမ်းသည် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မွေးဖွားခဲ့သူဖြစ်ရာ ကွယ်လွန်ချိန် တွင် အသက် ၄၆ နှစ်ကျော် ၄၇ နှစ်အရွယ်သာ ရှိသေးသည့် အတွက်
အနုပညာလောက အတွက်ဆုံးရှုံးမှုကြီး တစ်ရပ် လည်း ဖြစ်ပါသည်။
ဆရာမြို့မငြိမ်းသည် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာ အဖွဲ့ကိုဦးထော်လုံဆိုသူက တည်ထောင်စဉ်ကပင်
အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ငယ်စဉ်က မောင်ဘ ငြိမ်း၊ နောင်ကိုကျော်ညိန်းမှ မြို့မ ငြိမ်းအမည်ဖြင့်ထင်ရှားခဲ့သူဖြစ် သည်။ မြို့မငြိမ်းသည် သီချင်း ပေါင်း ၂ဝဝကျော် ရေးစပ်ခဲ့ရာ ယင်းတို့အထဲတွင် မျိုးချစ်စိတ် နှင့်ဇာတိ မာန်တေးအမြောက် အမြားပါဝင်ခဲ့ပေသည်။ သူကွယ် လွန်ပြီး ၁ဝနှစ် အကြာ ၁၉၆၅ ခုနှစ်တွင် နိုင်ငံတော်က အလင်္ကာ ကျော်စွာဘွဲ့ကိုပေးအပ်ခြင်းခံရ သူလည်း ဖြစ်ပါသည်။
နာမည်ကျော် အဆိုတော်များထဲတွင်လည်း ကိုကျော်ရှိန်၊ ကိုသက်ဦး၊ ကိုလွှမ်းမိုးတို့မှာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ရသလို နာမည်ကျော် စာရေးဆရာများထဲတွင်လည်း ဖိုးကျော်မြင့်၊မောင်လွန်းကြင်တို့ သည်လည်းယာဉ်မတော်တဆမှု ကြောင့်သေဆုံးခဲ့ရပါသည်။ အနုပညာရှင်များနှင့် ယာဉ်အန္တရာယ် မြန်မာနိုင်ငံ တွင် ၁၂ ပွဲခေါ် ဘုရားပွဲများတွင် လှည့်လည်ကပြကြရသော ဇာတ်ပွဲများရှိခဲ့ရာ ထိုဇာတ်သဘင်ပညာရှင်များမှာလည်း တစ်မြို့မှတစ်မြို့အကူးတွင် ဇာတ်ကား မှောက်၍ သေဆုံးခဲ့ကြသဖြင့် ဇာတ်ပါပျက်သွားရသောအဖွဲ့
များပင်ရှိခဲ့ဖူးပါသည်။
ရုပ်ရှင်သရုပ်ဆောင်(ဦး)မောင်မောင်မြင့်၏ သားဖြစ်သူ မင်းသားကို ပြေငြိမ်းမှာလည်း ရန်ကုန်မှမန္တလေးသို့အသွား တောင်ငူမြို့အနီး ခပေါင်းတံတားပေါ် ရထားအရောက်တွင် ပြုတ်ကျသေဆုံးခဲ့ပါသည်။ ထိုအချိန်က ကိုပြေငြိမ်းမှာရုပ်ရှင်လောကတွင် အလွန်ထင်ရှားကျော်ကြားနေချိန်လည်းဖြစ်၍ ရုပ်ရှင်ပရိသတ်များ အကြားဝမ်းနည်းကြေကွဲခဲ့ရသော ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပါသည်။
မော်တော်ဆိုင်ကယ်ဟာ သေမင်းတမန်လား
ယနေ့ကမ္ဘာပေါ်တွင် မော်တော်ဆိုင်ကယ်ကြောင့် အသက် ၂၅ နှစ်အောက် လူငယ် ၁ဝဝဝ ခန့်မှာ နေ့စဉ် သေဆုံးနေရသည် ဟုလည်းစာရင်းများအရ သိရပါသည်။မြန်မာနိုင်ငံ၌ တရား ဝင်မှတ်ပုံတင်ယာဉ်စီးရေ တစ် သန်းခန့်တွင် မော်တော်ဆိုင် ကယ်ကခြောက်သိန်း ငါးသောင်း ကျော်ပါဝင်နေသည်ဟု ဆိုပါ သည်။ အထူးသဖြင့် မန္တလေး တိုင်းဒေသကြီးသည် ယာဉ် တိုက်မှု အများဆုံးဖြစ်ပေါ် သောဒေသတစ်ခုဖြစ်နေပြီး ဆိုင် ကယ်ကြောင့်သေ ဆုံးမှုများပြား နေသည်ကိုလည်း တွေ့ရမည် ဖြစ် သည်။
ရန်ကုန်မြို့မှာတော့ သက်ဆိုင်ရာက ဆိုင်ကယ်စီး နင်းခွင့် ကန့်သတ်ထားသဖြင့် ဆိုင် ကယ်ကြောင့်သေဆုံး မှုနည်းပါး သည်ဟုဆိုနိုင်သော်လည်း ပြီး ခဲ့သည့် လအတွင်းကပင် မယ် လို ဒီဝေါမှ တစ်ဆင့်ဂီတစင် မြင့်ထက်သို့ ရောက်ရှိလာသူ လူငယ်တေးသံ ရှင် ကိုကိုမောင် မှာဆိုင်ကယ် အက် ဆီးဒင့်ဖြင့် သေ ဆုံး ခဲ့ရလေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ယာဉ်မတော် တဆမှုများကြောင့် တစ်နေ့လျှင်
လူ၁ဝဦးသေဆုံးနေပြီးလူ ၅ဝ ကျော်ထိခိုက်ဒဏ်ရာရနေ ကြောင်း သိရပါသည်။
ယာဉ်ဟုဆိုရာတွင် ကုန်း လမ်း၊ ရေလမ်း၊ လေလမ်းဟု ခွဲခြားပြောဆိုကြည့် မည်ဆိုပါက မြန်မာနိုင်ငံတွင် ပြည်တွင်းလေ ကြောင်းလိုင်း ၈လိုင်း၊ ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်းက ပျံသန်းပို့ ဆောင်နေ သည်ကို တွေ့ရပြီး မတော်တဆမှုများ မှာလည်း စိုးရိမ်ဖွယ်အခြေ အနေတစ်ရပ်ဖြစ်နေသည်ကို တွေ့ရလေသည်။
၂ဝ၁ဝ ပြည့်နှစ်က မြန်မာ နိုင်ငံတွင် လေယာဉ်ပျံသန်းချိန် ၃၈၉၁၈နာရီရှိခဲ့ပြီး လေယာဉ် မတော်တဆမှု ၃၃ ခု၊ ၂ဝ၁၁ ခုနှစ်တွင် ပျံသန်းချိန် ၄၄ဝ၃ဝ နာရီရှိပြီး လေယာဉ်မတော် တဆမှု
၄၆ မှု၊ ၂ဝ၁၂ ခုနှစ်တွင် လေယာဉ်ပျံသန်းချိန် ၅၁၆၄၃ နာရီ၊ လေယာဉ်မတော်တဆမှု ၅၇မှုရှိခဲ့ရာ လေယာဉ်မတော် တဆမှုအကြိမ်ရေ တိုးလာသည် ကို တွေ့ရမည် ဖြစ်ပါသည်။
ရေလမ်းဘက်တွင်လည်း ပြည်တွင်း ရေကြောင်းပို့ဆောင် ရေးမှ ပြေးဆွဲပေးနေသည့် ရေ လမ်း ၁၈ ခုရှိပြီး ပုဂ္ဂလိကမှ ဝင် ရောက်ပြေးဆွဲနေသော ရေယာဉ် များလည်းရှိပါသည်။ ရေလမ်း ဘက်တွင်လည်း မကြာခဏဆို သလို ရေယာဉ်တိမ်း မှောက်နစ် မြုပ်ခြင်း၊သဘာဝအန္တရာယ်ဖြစ် သော မုန်တိုင်းကြောင့် တိမ်း မှောက်ခြင်းများဖြင့် အသက်
သေဆုံးမှုများရှိနေပါသည်။
ရန်ကုန်မြို့တွင် တစ်နေ့ လျှင် မီးရထားစီးခရီးသည် နှစ် သိန်းကျော်ကို ခေါက်ရေ ၂ဝဝ ခန့်ဖြင့် ပြေးဆွဲပေးနေရာ တစ် လလျှင်လေးကြိမ်ခန့်အထိ မတော် တဆမှုများဖြစ်ပေါ်နေကြောင်း
တာဝန်ရှိသူတစ်ဦးပြောပြချက် အရ သိရပြန်သည်။
ကုန်းလမ်းကတော့ လူ အများဆုံးအသုံးပြုသော ခရီး လမ်းပင်ဖြစ်သည်။ယနေ့မြန်မာ နိုင်ငံ ရန်ကုန်မြို့တော်တွင်ပင် ၂ဝ၁၂ ခုနှစ် စာရင်းများအရ မြို့တွင်းယာဉ်လိုင်း ၃၇၇ လိုင်း တွင် စီးတီးဘတ်စ် ၂၄ဝ၉ စီး၊ မီနီဘတ်စ်၃ဝ၅ စီး၊ဒိုင်နာ ၂ဝ၁ဝ စီး၊ ဟိုင်းလတ်၁ဝ၉၃စီး၊ ဘီအမ် ၆၄၄ စီး၊ စစ်ကျန်ဘတ်စ် ၁၉၄ စီး၊ ဂျစ် ၄စီးရှိကြောင်း သိရ သည်။ဤမျှများပြားသော ယာဉ် များကို အသုံးပြု ၍တစ်နေ့လျှင် ခရီးသည်သုံးသန်းခွဲ ခန့်ကယာဉ် စီး၍ခရီးနှင်နေကြရသည်။
အမြန်ရောက်ချင်ပေမယ့် အရောက် တော့မမြန်ချင်
တလောက မိတ်ဆွေတစ် ဦးကခရီးတစ်ခုကိုအမြန်ရောက် ချင်ပေမယ့် သေမင်းဆီကိုတော့ အရောက် မမြန်ချင်ကြောင်း ဆောင်းပါးတစ်ပုဒ် ရေးထား တာ တွေ့လိုက်ရသည်။ ဟုတ်ပါ သည်။ ကျွန်တော်တို့ အမြန် လမ်းမကြီးကဖြင့် အမြန်ရောက် ချင်သူများကိုလိုရာခရီး မရောက် စေဘဲ အရောက်မမြန်ချင် သည့် သေလမ်းသို့ အရောက်ပို့နေ သည်ကလည်း အသေအချာပင် ဖြစ်ပါ သည်။အမြန်လမ်း ကြောင့် ဖြစ်ပေါ်လာသောဝမ်းနည်း ကြေ ကွဲမှုတွေကလည်းမနည်းလှ။မေး ခွန်းထုတ်စရာများကလည်း အန မတဂ္ဂဖြစ်လို့နေသည်။
ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို ၂ဝဝ၅ခုနှစ် အောက် တိုဘာလက စီမံကိန်းစတင်ခဲ့ သည်။ ရန်ကုန်- နေပြည်တော် အပိုင်းနှင့် နေပြည်တော် - မန္တ လေးအပိုင်းဟူ၍အကောင် အထည် ဖော်ခဲ့ရာရန်ကုန်- နေပြည်တော် လမ်းပိုင်း(အရှည် ၂ဝ၂မိုင် ၁ ဖာလုံ)ကို ၂ဝဝ၉ခုနှစ်မတ်လ ၂၅ရက်က ဖွင့်လှစ်နိုင်ခဲ့သည်။ အရှည် ၁၅ဝ မိုင် ၅ ဖာလုံ ရှိသော နေပြည်တော်-
မန္တလေး အပိုင်းကိုတော့ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စုစု ပေါင်း၃၅၂မိုင် ၆ဖာလုံ ရှိသည်။
ယာဉ်မောင်းချိန် ၇ နာရီဝန်း ကျင်ဖြင့်မောင်းနှင်နိုင်ကြပြီဖြစ် သည်။ဤခရီးကို ရထားဖြင့်သွား မည်ဆိုပါက ၃၈၅မိုင်မျှရှိရာ မိုင်ပေါင်း ၃ဝ ကျော်ကျုံ့သွားပြီ ဖြစ်သည်။တစ်ဖက်က အမြန် လမ်းမို့ မြန်လာသလို တစ်ဖက် ကလည်း ထိခိုက်သေ ဆုံး ဒဏ်ရာရ မှုတွေ က တစ်နှစ်ထက် တစ်နှစ် ပိုမိုများ ပြားလာ သည်မို့ စိုး ရိမ်ဖွယ်ပင် သည်။
အမြန်လမ်း မပေါ်မှ ယာဉ်မ တော် တဆမှုများကို ပိုင်းခြား စိတ်ဖြာကြည့်လျှင် ယာဉ်မောင်း သူအမှားကြောင့်ဖြစ်ရသည့် ယာဉ် တိုက်မှုက ၇၃ ရာခိုင်နှုန်းရှိသည် ဟုဆိုသည်။
လူတွေသေဆုံးမှု ကိုကြည့်လျှင်လည်း ၂ဝဝ၉ ခုနှစ် က ၄၇ဦး၊ ၂ဝ၁ဝတွင် ၃၈ ဦး၊ ၂ဝ၁၁တွင် ၄၇ဦး၊၂ဝ၁၂တွင်၅၄ဦး ရှိခဲ့သည်။ ၂ဝ၁၃ခုနှစ်တွင်လည်း မေ လ ၂၅ ရက်ကမန်းရွှေမြို့တော် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၂ဦး သေဆုံးပြီး အမြန်လမ်းမ ပေါ်၌တစ်ကြိမ်တည်းဖြင့် အများ ဆုံးသေဆုံးမှုဖြစ်ခဲ့သည်။
ဇူလိုင်လထဲမှာပင်ရန် ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် လူငယ်အဆိုတော်ဆိုတေးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာ များရရှိကာ မန္တလေးဆေးရုံကြီး တွင်အရေးပေါ်ခွဲ စိတ်ခဲ့ရပြီး ဆေး ကုသမှုခံယူနေရဆဲဖြစ်သည်။ ဆိုရလျှင် ၂ဝဝ၉ ခုနှစ် အမြန်လမ်းစတင်ဖွင့်လှစ်သည် မှ ယနေ့အထိ အမြန်လမ်းမပေါ် မှာ လူပေါင်း ၂ဝဝကျော် သေ ဆုံးခဲ့ရပြီးဖြစ်သည်။ ထိုအထဲတွင် နာမည်ကျော်အနုပညာရှင်တွေ ပါသည်။အတတ်ပညာရှင် တွေ ပါသည်။လေယာဉ်မယ်တွေပါ သည်။ နိုင်ငံကို တည်ဆောက် မည့်လူငယ်တွေပါသည်။
တိုင်း ပြည်အတွက် နစ်နာဆုံးရှုံးမှုများ ပင် ဖြစ်ပါသည်။ လမ်းမပေါ်မှာ ကြွေလွင့်ခဲ့သော ကြယ်ပွင့်တွေက များလှပါ ဘိ...။
သိန်းအေး
(လမ်းပန်းဆက်သွယ်ရေး နှင့် အန္တရာယ်ကင်းစင်ရေး အထူးပြုအချပ်ပိုမှ )
Popular Journal
ချစ်တင်းနှောအပြီး အမျိုးသားတစ်ဦး သတိလစ်သေဆုံး
တည်းခိုခန်းတွင် ချစ်သူနှင့် ချစ်တင်းနှောအပြီးတွင် အမျိုးသားတစ်ဦး သတိလစ်သေဆုံးခဲ့မှုတစ်ခု ဇူလိုင် ၂၈ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ထိုကိစ္စကို မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲစခန်းက သတင်းထုတ်ပြန်သည်။
ရဲများက ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အမျိုးသားတစ်ဦး သေဆုံးပြီး ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာမှ ထိုကိစ္စစတင်ပေါ်ပေါက်ခြင်းဖြစ်သည် ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သူသည် မြောက်ဥက္ကလာပမြိှု့နယ် ဃ-ရပ်ကွက်ရှိ တည်ခိုခန်းတွင်သူ နှင့်အသက်အရွယ်တူ ချစ်သူနှင့် အတူ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တည်းခိုနေထိုင်ခဲ့သည်ဟုလည်း ရဲများကအတည် ပြုထားသည်။
သေဆုံးသူသည် ချစ်သူမိန်းကလေးနှင့် နှစ်ကြိမ်ခန့် ချစ်တင်းနှောအပြီးတွင် သတိလစ်မေ့မြောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲများ၏စုံစမ်းစစ်ဆေးမှုရလဒ်များကို သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလောင်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရသဖြင့် ၎င်းအမျိုးသားသေဆုံးရသည့် အကြောင်းအရင်း မှန်ကိုသေချာစွာစစ်ဆေးရန် မြောက်ဥက္ကလာပဆေးရုံကြီးကို အပ်နှံထားကြောင်း ရဲဌာနကဆိုသည်။
ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းခက်က တရားလိုပြုလုပ်တိုင်တန်းထားပြီး ရဲစခန်း ကလည်း အမှုအမှတ်(ပ)၂၉/၁၃ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဟု ရဲစခန်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
အနုပညာရှင်တို့ရဲ့ယာဉ်မောင်းတွေပြောတဲ့ယာဉ်လမ်း ခရီးအတွေ့ အကြုံစကားများ
►ဟိန်းဝေယံရဲ့ယာဉ်မောင်း -ကိုမျိုး
"ကျွန်တော့်အနေနဲ့ကတော့ မင်းသားတစ်ယောက်ရဲ့ယာဉ် ကို မောင်းပေးရတာ တာဝန် ပို ကြီးပါတယ်။ မင်းသားရဲ့... ကားကို မောင်း ရတဲ့အခါမှာ ကျွန်တော့် အနေနဲ့ယာဉ်မောင်းအပြင် တခြား အပြုအမူအနေ အထိုင်ကအစ အားလုံးကိုဂရုစိုက်ရတယ်။ ကျွန် တော်က နယ်ဘက်ကို ကားရိုက်တို့ သီချင်းဆိုတာတို့ထွက်ရတဲ့ အခါ ဆိုရင် ကိုငယ်(ဟိန်းဝေယံ)တို့ အဖေနဲ့ အမေက ညဘက်ကို ကားမ မောင်းခိုင်းဘူး။
ကျွန် တော်တို့နေ့ခင်းဘက်ပဲ မောင်းရ တယ်။ညဘက်ကိုအိပ်ရေးဝအောင် အိပ်ပြီး နေ့ဘက်ကိုမောင်းတယ်။ အန္တရာယ်ကင်း အောင်လို့နေ့ခင်း ဖက်ပဲ မောင်းပြီး ခရီး သွားဖြစ် တယ်။ကိုငယ်(ဟိန်း ဝေယံ) ကားကို မှာမောင်းတဲ့အခါ ကျတော့ သူများတွေထက်ပိုပြီး ဂရုတစိုက်ထား ပြီး မောင်းပေးရ တယ်။ ယာဉ်မောင်းတွေအားလုံး ကတော့ သတိထားပြီးေ မာင်းကြ ပါတယ်။ကျွန်တော်ကတော့ ခရီး ပဲဖြစ်ဖြစ်၊ ရိုက်ကွင်းပဲဖြစ်ဖြစ် အိမ်ကနေပြီးမသွားခင်မှာကား ရဲ့ ခိုင်ခံ့မှုပိုင်း၊ စက်ပိုင်းဆိုင်ရာ တွေ အားလုံးကို သေသေချာချာ လေးစစ်ဆေးပြီးမှ ထွက်တယ်။ နယ်ကို သွားမယ်ဆိုလည်း ဆာ ဗစ်စင်ဝင်ပြီးတော့ ကားကိုစစ် တယ်။
ပြီးတော့မှ စိတ်ချရပြီ ဆိုမှ ခရီးထွက်ဖြစ်တယ်။ လမ်း ကြောင်းတွေကိုလည်း အိမ်က နေပြီး Plan ချပြီးတော့စီစဉ် ပြီး မောင်းဖြစ်တယ်။ ကိုယ်မသိ တဲ့ လမ်းတွေဆိုရင်ကို ငယ်ရဲ့မိဘတွေ ကဖုန်းနဲ့လမ်းကြောင်းပြောပြ တယ်။"
(လမ်းပန်းဆက်သွယ်ရေး နှင့် အန္တရာယ် ကင်းစင်ရေး အထူးပြု အချပ်ပိုမှ )
Popular Journal
ပရိသတ် ၆၇ ဦးပါဝင်သည့် စူပါမင်း ပွဲတော်ကြီး ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့
ဗြိတိန်နိုင်ငံတွင် ကျင်းပခဲ့သည့် Kendal Calling ပွဲတော်တွင် စူပါမင်း ဝတ်စုံများကို ဝတ်ဆင်၍ ဂင်းနစ် မှတ်တမ်း တင်ရန် ကြိုးပမ်းရာတွင် စူပါမင်း ဇာတ်ကားမှ သရုပ်ဆောင်သူကို နှစ်သက်သူ ပရိသတ် ၈၆၇ဦးက ပျော်ရွှင်စွာ ပါဝင် ခဲ့ကြကြောင်း သိရသည်။
စူပါမင်းဝတ်စုံ ဝတ်ဆင်၍ Kendal Calling ပွဲတော်တွင် ပါဝင်လိုသူ ပရိသတ် ၁၂ဝဝ နီးပါးသည် ပွဲတော်တည်ရှိရာ အဆိုပါ ဆိုင်သို့ လာရောက် ခဲ့ကြသော်လည်း ကမ္ဘာ့ဂင်းနစ် မှတ်တမ်းအဖွဲ့က ၈၆၇ ဦးဖြင့်သာ အသိအမှတ် ပြု ပေးခဲ့သည်ဟု သိရသည်။
Kendal Calling ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ Help For Heroes အဖွဲ့အစည်း အတွက် ရန်ပုံငွေ ပွဲ ရှာဖွေရန် ကျင်းပခြင်း ဖြစ်ပြီး ၎င်းအဖွဲ့အစည်းသည် ဒဏ်ရာရရှိသော လူမှုဝန်ထမ်းများနှင့် မိသားစုများကို ကူညီရန် အတွက် ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်သည်။
စူပါမင်း ဝတ်စုံများအား ကုမ္ပဏီတစ်ခုမှ စီစဉ်ထုတ်လုပ် ပေးခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂင်းနစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းမှုသည် ဒုတိယ အကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး ပြီးခဲ့သည့် အကြိမ်ကလည်း စူပါမင်းဝတ်စုံ ဝတ်ဆင်ထားသူ ၅၅ဝ ဦးသည် ဂင်းနစ်မှတ်တမ်းတွင် ဂုဏ်ပြုဖော်ပြ ခံရကြောင်း သိရသည်။
ယခုပွဲတော်တွင် ပါဝင်သည့် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို ချီးကျူးမိကြောင်း၊ ၎င်းတို့၏ စိတ်အားထက်သန် မှုကြောင့် ယခုကဲ့သို့ ဂင်းနစ်မှတ်တမ်း တင်ခံရခြင်းဖြစ်ကြောင်း စူပါမင်း ဝတ်စုံ စီစဉ်ပေးသူ Escapade ကုမ္ပဏီမှ ဥက္ကဋ္ဌ ဘူပန်ဒရာ မိုင်ဆူရီယာက ပြောကြားခဲ့ကြောင်း သိရသည်။
 မြ၀တီ
ဂျနီဖာ အနစ္စတန်စုံတွဲ အလောတကြီး လက်ထပ်ရန် အစီအစဉ်မရှိသေး
မိမိတို့ နှစ်ဦးအနေဖြင့် လတ်တလော အခြေအနေတွင်ပင် လက်ထပ်ထားသကဲ့သို့ ခံယူပြီးဖြစ်ရာ ကျန်ကိစ္စများအတွက် ပြဿနာ မရှိကြောင်းလည်း အနစ္စတန်က ဆိုသည်
ဂျနီဖာ အနစ္စတန်က သူမနှင့် ချစ်သူ ဂျက်စတင် သီရော့စ်တို့သည် အလောတ ကြီး လက်ထပ်ရန် အစီအစဉ် မရှိသေးကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အနစ္စတန်နှင့် သီရော့စ်တို့သည် စေ့စပ်ထားပြီးဖြစ်ကာ မကြာမီ လက်ထပ်ဖြစ် မည်ဟု ခန့်မှန်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း အနစ္စတန်က ယင်းကို ငြင်းဆန်ခဲ့ပြီး သူမအနေဖြင့် လက်ထပ်မည့် ကိစ္စကို လတ်တလော မစဉ်းစားသေးဟု ဖြေရှင်းခဲ့သည်။ မိမိတို့ နှစ်ဦးအနေဖြင့် လတ်တလော အခြေ အနေတွင်ပင် လက်ထပ်ထားသကဲ့သို့ ခံယူပြီးဖြစ်ရာ ကျန်ကိစ္စများအ တွက် ပြဿ နာ မရှိကြောင်းလည်း သူမက ဆိုသည်။
နယူးယော့ခ်တွင် သူမ၏ နောက်ဆုံးထွက် ရုပ်ရှင်ဖြစ်သော We're the Millersအတွက် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အနစ္စတန်က သူမ၏ ပုဂ္ဂိုလ်ရေးဘဝကို အတန်ငယ် ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ကျွန်မတို့ အနေနဲ့ ကိုယ်လိုချင်တဲ့ အနေအထားမျိုး ပြည့်ပြည့်စုံစုံ ခံယူ ရရှိထားပြီးပါပြီ။ လက်ထပ်ဖို့က အလောတကြီး မလိုတော့ပါဘူး။ ကျွန်မတို့ ခုချိန်မှာကတည်းက လက်ထပ်ပြီးသားလို့ ခံစားမိတယ်လေဟု အနစ္စတန်က ဆိုသည်။ သူမက ခုချိန်မှာ ဘယ်သူမှ အလောတကြီး မရှိပါဘူး။ လက်ထပ်မယ့် နေ့ရက်ကို သတ်မှတ်ထားတာလည်း မရှိသေးပါဘူးဟု ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။
အနစ္စတန်က အတူတွဲလာပြီး (၁)နှစ်မျှအကြာ ပြီးခဲ့သည့်နှစ်၊ ဩဂုတ်လက သီရော့စ်က သူမကို လက်ထပ်ရန် ခွင့်ပန်ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။ လက်ထပ်မယ့် အစီအစဉ်ကို ဖျက်လိုက်တာလည်း မဟုတ်ဘူး။ ရွှေ့ဆိုင်း လိုက်တာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်နေ့မှာ လက်ထပ်မယ် ဆိုတာမျိုး စီစဉ်ထားတာကို မရှိသေးတာပါ။ ဒီအတွက် ကျွန်မတို့နှစ်ယောက် အငြင်းပွားတာမျိုး မရှိသလို ဆက်ဆံရေးကလည်း အဆင်ပြေပြေ ရှင်းရှင်းလင်းလင်းပါပဲဟုလည်း သူမက ဆက်လက်ပြောကြား သွားသည်။
Planet Myanmar Network
ဘယ်နောက်ခံနေရာအားဖြည့်ရန် လီဗာပူးလ်မန်နေဂျာ ကြိုးပမ်း
ရော့ဂျာသည် ယခုအခါ ပေါ်တူဂီကလပ် ဘင်ဖီကာမှ ဘယ်တောင်ပံ ခံစစ်မှူး လိုရန်ဇို မယ်လ်ဂါရီဂျိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်
လီဗာပူးလ် အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဘယ်နောက်ခံလူ နေရာအတွက် အားဖြည့်နိုင်ရန် အလေးအနက် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ရော့ဂျာသည် ယခုအခါ ပေါ်တူဂီကလပ် ဘင်ဖီကာမှ ဘယ်တောင်ပံ ခံစစ်မှူး လိုရန်ဇို မယ်လ်ဂါရီဂျိုကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၂)နှစ်ရှိ ပါရာဂွေး လက်ရွေးစင်သည် ပြီးခဲ့သည့်ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို အရေးနိမ့်စဉ်က ဘင်ဖီကာအတွက် ပါဝင် ကစားခဲ့သေးသည်။
ရော့ဂျာသည် လတ်တလောတွင် ဗလန်စီယာ အသင်း၏ ဘယ်တောင်ပံ ခံစစ်သမားဖြစ်သူ အလီ ဆစ်ဆိုခိုကိုလည်း ဆက်သွယ်နေဆဲ ဖြစ်သည်။ အကယ်၍ မယ်လ်ဂါရီဂျိုကို လီဗာပူးလ်က တရားဝင် ချိတ်ဆက်ခဲ့ပါက ၎င်းအနေဖြင့် အင်္ဂလန်တွင် ကစားရန် Work Permitကိစ္စ လိုအပ်ချက် ရှိနေသည်။ ရော့ဂျာအနေဖြင့် ယင်းကစားသမားကို ဝယ်ယူဖြစ်ပါက ဦးစားပေး လူစာရင်းတွင် ထည့်သွင်းရန် ရည်ရွယ်ထားသည်။
လက်ရှိ လီဗာပူးလ်၏ ဘယ်တောင်ပံ ခံစစ်တွင် စပိန်သား ဟိုဆေး အင်းနရစ်နှင့် အင်္ဂလန် အသက်(၂၁)နှစ်အောက် လူငယ် ကစားသမား ဂျက်ရော်ဘင်ဆင်တို့ ရှိနေသော်လည်း လုံလောက်သည့် စုဖွဲ့မှုမျိုး မရှိနိုင်သေးဟု ရော့ဂျာက ယူဆထားသည်။ မယ်လ်ဂါရီဂျိုကို ယခုနွေရာသီတွင် အာဆင်နယ်နှင့် တူရကီကလပ် ဖီနာဘာချီတို့ကလည်း စိတ်ဝင်စားခဲ့သေးသည်။ လီဗာပူးလ်သည် ယခုနွေရာသီတွင် ကစားသမားသစ် (၄)ဦး ခေါ်ယူပြီး ဖြစ်သည့်တိုင် ဘယ်နောက်ခံနှင့် ကွင်းလယ်တိုက်စစ် နေရာတို့တွင် အင်အားဖြည့်တင်းနိုင်ရန် ဆက်လက်ကြိုးပမ်းလျှက်ရှိသည်။
Planet.com.mm
လူးရတနာသိုက်ရုပ်ရှင် ပရိသတ်များအတွက် အမြင်ဆန်းစေနိုင်ဟု သက်မွန်မြင့်ဆို
ရန်ကုန်၊ ဇူလိုင်၂၇
စာရေးဆရာမ ရီရီဌေးရဲ့ဝတ္ထုကို ဒါရိုက်တာကိုဇော် ( အရုဏ်ဦး) ရိုက်ကူးတဲ့ လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းမှ ရိုက်ကွင်းနေရာဒေသတွေဟာ ပရိသတ်တွေအတွ...က် ဆန်းသစ်တဲ့ အမြင်တွေ ရရှိစေမယ်လို့ သရုပ်ဆောင်သက်မွန်မြင့်က The Voice ကို ပြောပါတယ်။
အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး“ဒီဇာတ်ကားမှာ သက်မွန်ရဲ့ ကာရိုက်တာက ဆင်ထိန်းတစ်ယောက်ရဲ့ မိန်းမပေါ့။ ယောက်ျားရှိတယ်။ ကလေးရှိတယ်။ ကိုယ့်မိသားစုနဲ့ အေးအေးချမ်းချမ်းနေတယ်။ တစ်နေ့မှာ လူးလူမျိုးစုရဲ့အဖမ်းခံရပြီး သူတို့လူမျိုးစုခေါင်းဆောင်ရဲ့ ကြင်ရာတော်အဖြစ် အမြှောက်ခံရတယ်။ ကိုယ်ကတော့ အချိန်ရှိသရွေ့ ကိုယ့်မိသားစုဆီပြန်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်ပေါ့။ ဒီဇာတ်ကားမှာ သက်မွန်အတွက် အခက်အခဲကတော့ ရှုတင်တစ်နေရာပြီး တစ်နေရာ ပြောင်းနေရတဲ့အတွက် ခရီးပန်းတာရယ်၊ အဝတ်အစားပိုင်းရယ်ပေါ့။ အဝတ်အစားက တစ်ကားလုံးလိုလို ရင်ရှားနဲ့ ထဘီကိုလည်း အတိုဝတ်ရတာဆိုတော့ ရှက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ်ကဖန်တီးပြီး ဝတ်တာလည်း မဟုတ်ဘူး။ လူမျိုးစုတစ်စုရဲ့ပုံစံကို သရုပ်ဖော်ရမှာဆိုတော့ ကိုယ့်စိတ်တိုင်းကျလည်း ဝတ်လို့မရဘူးလေ။ စိတ်ကျဉ်းကျပ်ပေမယ့်လည်း ဇာတ်ကောင်စရိုက်အရ ဝတ်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ရင်းနဲ့ နေသား တကျတော့ ဖြစ်သွားပါတယ်” လို့ သက်မွန်မြင့်က ပြောပါတယ်။
လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရတဲ့ ကောင်းပြည့်ကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေရော ဒါရိုက်တာကပါ အကောင်း ဆုံးဖြစ်အောင် အပင်ပန်းခံ ကြိုးစားထားတဲ့အတွက် ပရိသတ်များ စောင့်ကြည့်ရကျိုး နပ်စေမယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါလို့ ဆိုပါတယ်။
လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ နေမင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ကောင်းပြည့်နဲ့ ဖူးပွင့်သခင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
The Voice Weekly
ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူး။(ယုသန္တာတင်)
မြန်မာမိန်းကလေး တစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေ ဝတ်တာ မလိုက်ဖက်ဘူး ရယ်လို့ မရှိပါဘူး။ အမှန်ပြောရရင် ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူး။(ယုသန္တာတင်)
 မေး - မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို အများ ဆုံးဝတ်ဆင်လာတာ တွေ့ရတယ်နော်။ မြန်မာ ဝတ်စုံကိုကြိုက်တာလား။
ဖြေ - အင်းဟုတ်တယ်။ အခုလို မြန်မာဆန်ဆန် ပုံစံလေးတွေဝတ်ဆင်ရတာကို ပိုသဘောကျတယ်။ နောက်ပြီးတော့ ယုအဲဒီလိုမျိုးဝတ်တာကို ပရိသတ် ကလည်း လက်ခံအားပေးတယ်။ ကြိုက်နှစ်သက် တယ်။ နောက်တစ်ခုက ယုကိုယ်တိုင်လည်း ကြိုက် လို့ပါ၊
မေး - မြန်မာဝတ်စုံတွေကို ဘယ်အချိန်ကနေစပြီး နှစ်သက်ခဲ့တာလဲ။ ဒီဇိုင်နာနဲ့အပ်ပြီး ဝတ်တာလား။
ဖြေ - ယုတို့ ပဉ္စမတန်းနှစ်တက်တုန်းက ကျောင်းစိမ်းအင်္ကျီက ထဘီနဲ့တွဲပြီးဝတ်ရတာဆို တော့ အဲဒီကတည်းက နှစ်သက်ခဲ့တာ။ နောက်ပြီး တော့ ဘုရားသွား၊ ကျောင်းကန်တွေသွားရင်လည်း ဝတ်တဲ့အခါမှာ တအားကိုကျက်သရေရှိတဲ့ မြန် မာဝတ်စုံတွေကိုဝတ်ရတာ ပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလာတယ်လို့ထင်တယ်။ ဝတ်စုံ တွေကို ဒီဇိုင်နာဆီမှာအပ်ပြီးချုပ်ဝတ်တာ တော် တော်များပါတယ်။
မေး - ယုသန္တာတင်ရဲ့ အခုလတ်တလောအနု ပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ - အခုက ရမည်းသင်းဆေးရုံမှာ ကြော်ငြာ တစ်ခုရိုက်နေတယ်။ ဩဂုတ်ကျရင်တော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ရှိတယ်။ 'ကျန်စစ်မင်းကြီး အား တရားစွဲပေးပါ'ဆိုတဲ့ ဇာတ်ကားပါ။ ဒါရိုက်တာ ဒေါနရိုက်ကူးထားပြီး ကိုနေတိုးနဲ့ပါ။
မေး - အခုချိန်မှာ အချိန်တိုအတွင်း အောင်မြင်တဲ့ သူတွေထဲမှာပါလာပြီဆိုတော့ အရင်နဲ့ အခု ဘာတွေ ကွာသွားလဲ။
ဖြေ - ပရိသတ်က ယုကို လက်ခံအားပေးတဲ့အ တွက် ကြိုးစားထားတဲ့အရာတစ်ခုက ပြန်ရသလို ပဲ တအားဝမ်းသာတယ်။ အခက်အခဲတွေက တော့ အများကြီးပဲပေါ့။ နောက်တစ်ခုက ဒီလော ကထဲကိုဝင်ဖို့ စပြီးတော့ ကြိုးစားကတည်းက အခက် အခဲတွေကရှိတာပေါ့နော်။ အောင်မြင်မှုတစ်ခုရ ဖို့ဆိုတာ ဘယ်တော့မှ အလွယ်တကူမရပါဘူး။ အလွယ်တကူနဲ့ရတဲ့အောင်မြင်မှုကလည်း ရေ ရှည်မတည်မြဲဘူးလို့ ယု ထင်ပါတယ်။
မေး - 'အနုပညာပျိုးခင်း'ကနေ တက်လာတာဆို တော့ အဲဒီက ဘယ်လိုအထောက်အပံ့တွေပေးသလဲ။
ဖြေ - အခု ယုရိုက်နေတဲ့ဇာတ်ကားတွေက လည်း 'အနုပညာပျိုးခင်း'နဲ့ပဲ ရိုက်နေတာပါ။ ရှေ့ ဆက်ပြီးတော့လည်း သူတို့နဲ့ပဲ ဇာတ်ကားတွေရိုက် ဖို့ရှိပါတယ်။
မေး - 'အနုပညာပျိုးခင်း'က အနုပညာမောင်နှမတွေ ကရော ယုတို့ကို ဘယ်လိုမျိုးတွေ သင်ကြားပေးခဲ့လဲ။
ဖြေ - သူတို့က အကောင်းဆုံးဖြစ်အောင် သင်ကြားပေးတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွေကိုလည်း ရွေးပြီတော့ ယုနဲ့ လိုက်ဖက်မယ့် ဇာတ်ကားတွေကိုရွေးပြီး တော့ ရိုက်ခိုင်းတယ်။
မေး - 'အနုပညာပျိုးခင်း'ကနေ အခုလို တက်လာတာဆိုတော့ ယုသန္တာတင်အနေ နဲ့ ဘယ်လိုပြောင်းလဲမှုမျိုးတွေ ဖြစ်ပေါ် ခဲ့လဲ။
ဖြေ - ကားတွေကို ယုနဲ့လိုက်မယ့် ဇာတ်ကားတွေကို ရွေးပြီးပေး တယ်။ သူတို့ကြောင့်ပဲ သရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလောက ထဲမှာ အခုလို ပရိသတ်တော်တော် များများ သိလာတာပါ။
မေး - ယုသန္တာတင်က ဆံပင်အရောင် ဆိုးတာ သိပ်မတွေ့ရသလိုပဲ ဘာဖြစ် လို့လဲ။
ဖြေ - ယုက ဆိုးတာတော့ ဆိုး တယ်။ ဒါပေမဲ့ ကာလာအရောင် ရဲရဲကြီးတွေဆိုးတာကို မကြိုက် ဘူး။ မနှစ်သက်ဘူး။ အဲဒါကြောင့် ခပ်ပါးပါးနဲ့ အရောင်သိပ်မထွက် တဲ့ ကာလာလေးတွေကို ဆိုးတာ ပါ။ နောက်ပြီးတော့ နောက် ရိုက်မယ့် ဇာတ်ကားတွေမှာ လည်း မြန်မာဆန်တဲ့ပုံစံတွေကို ပဲ အများဆုံးရိုက်ဖြစ်မှာဆို တော့လေ။ ယုက တက္ကသိုလ် ဝင်တန်းနှစ်ကတည်းကစ ပြီး ဆံပင်ကို အရှည်ထား ထားတာပါ။
မေး - ညီမရုပ်ရှင်ကား တွေရိုက်ထားတာရောရှိ လား။
ဖြေ - ရုပ်ရှင်ကားကြီး ရိုက်ထားတာလဲ မရှိသေးပါ ဘူး။
မေး - မြန်မာမိန်းကလေးတစ် ဦးအနေနဲ့ မြန်မာ ဝတ်စုံလေးတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ - မြန်မာမိန်းကလေးတစ်ဦးအနေနဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေဝတ်တာ မလိုက်ဖက်ဘူးရယ်လို့ မရှိပါဘူး။ လိုက်ဖက်မှာ ပါ။ အမှန်ပြောရရင်တော့ ကိုယ့်မြန်မာဝတ်စုံတွေ ကိုတော့ မပျောက်ပျက်စေချင်ဘူး။
ရတနာစုစည်းသည်။
ရန်ကုန်တိုင်း(မ်)
စင်ကာပူမှာကျောင်းတက်နေတဲ့ မေဖြူဖြူ
မေဖြူဖြူက လတ်တလောမှာ သူ့ရဲ့ ပညာရေးအတွက် စင်ကာပူ မှာ ကျောင်းတက် နေပြီဖြစ်ပါတယ်။ ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ လမှာ YUFL က အင်္ဂလိပ်မေဂျာနဲ့ ဘွဲ့ရပြီးပြီး ချင်းမှာပဲ Master of Business Administration and Professional Account Joint Degree ကို စင်ကာပူက James Cook University မှာသွားရောက် သင်ကြား နေေ ကြာင်း မေဖြူဖြူက ပြောပါတယ်။ စင်ကာပူ မှာ ကျောင်း သွားတက်ဖြစ်ခဲ့ ပုံကိုတော့ မေဖြူဖြူက "အဓိကကတော့ ပညာရေးကလည်း မေဖြူ့အတွက် အရေးကြီးပါတယ်။ အလုပ် အကိုင်အခွင့်အလမ်း ပိုများတော့ အနာဂတ်မှာ အာမခံချက်ပိုရှိတာပေါ့။ မေဖြူ့ မိဘနဲ့ ချစ်တဲ့ဘွားဘွားအတွက်ပါ။
ဘွဲ့ကပူးတွဲ နှစ်ဘွဲ့မို့ ၁၆လတက်ရမှာပါ။ ကျောင်း ပြီးရင် CPA ဖြစ်ပြီလေ။ ကိုယ့်နိုင်ငံမှာက ပညာရှင်တွေ လိုကိုလိုအပ်နေတာ လေ။ မေဖြူက ကိုယ့်နိုင်ငံကို ဒီလိုပြန်ပြီး အကျိုးပြုခွင့်ရတော့မှာမို့ တအားဝမ်းသာနေ ပါတယ်"လို့ ပြောပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း မြန်မာနိုင်ငံကို ပြန်လာ ပြီး အနုပညာအလုပ်တွေကို လုပ်မှာဖြစ်တာကြောင့် ပရိသတ်တွေ အတွက်လည်း မလစ်ဟင်းတော့ဘူးဆိုတဲ့မေဖြူဖြူက စင်ကာပူမှာကျောင်း တက်ရတာ ပျော်ရွှင်ကြောင်းကိုလည်း "ကျောင်းတက်ရတာပျော်သလား မမေးနဲ့ပါးစပ်တောင် နားရွက်ချိတ် နေပြီ။ သူငယ်ချင်းတွေ ကိုတောင် မြန်မာနိုင်ငံအလည်ဖိတ်ထားသေးတယ်။ မေဖြူ့ ဘဝကရိုး ရိုးလေးပါ။ ရတဲ့သူငယ်ချင်းတွေကလည်း လူမျိုး၊ဘာသာ၊ နိုင်ငံ၊ ယဉ်ကျေးမှု
မတူကြပေမယ့် ခပ်အေးအေးသမားတွေပဲမို့ အဆင်ပြေပါတယ်။ ပညာလိုချင်လို့ လာကြသူတွေပါပဲ။ ကူညီတတ်တယ်။ နားလည်တတ်တယ်။ စာအတူတူ လုပ်နေကြ ရတာကိုက အပျော်ဆုံးပါပဲ။ ပရိသတ်နဲ့လည်း အဆက်အသွယ်ရပါတယ်။ မေဖြူ assignment တွေမရှိတဲ့အပတ်ဆို ရင် ပြန်လာတာပဲ။ တခြား Shopping ထွက်တာ တို့ ဘာတို့မှ မရှိတာ။ စားစရိတ်အပြင်ပိုကုန်တာမရှိတော့ မိသားစုဆီ ပြန်ပြန်လာနိုင် တယ်။ ချစ်ပရိသတ်တွေနဲ့လည်း မလစ်ဟင်းတော့ဘူးလေ။ ပိုကောင်းသွားတာ က မေဖြူအာရုံရတာနဲ့ သီချင်းရေးဖို့ အချိန်ရှိသွားတယ်။ နောက်ပြီး ပေါင်း သင်းဆက်ဆံ ရေးလည်း ကောင်းလာတယ်။ ရှေ့ဆက်ပြီးလည်း အနုပညာ အလုပ်တွေ လုပ်သွားမှာ ပါ။ မေဖြူက ပြည်သူထဲက အနုပညာရှင်ပေါ့" လို့ ပြောပါတယ်။
ခိုင်ဝေလွင် - Popular Journal
အနုပညာ အမျိုးမျိုး ဖန်တီးခွင့် ရှိလာသူ ချမ်းမီမီကို
လတ်တလောမှာတော့ ချမ်းမီမီကိုက ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးတဲ့ 'အစွန်းရောက်' ဇာတ် ကားကို သူထူးစံနဲ့အတူ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားမှာ ချမ်းမီမီကိုက စား...သောက်ဆိုင်မှာ သီချင်းဆို တဲ့ကောင်မလေးတစ်ယောက်အဖြစ် သရုပ် ဆောင်ထားပါတယ်။
"ချမ်းမီ အခုနောက်ပိုင်းမှာ ဒရာမာဇာတ်တွေကို အဓိက ရိုက်ဖြစ်ပါ တယ်။ ဟာသလည်း ရိုက်ဖြစ် တယ်။ ဒါပေမဲ့ ချမ်းမီလုပ်ခွင့်ရမယ်ဆိုရင် ပရိသတ် တွေဆီကို ဇာတ်ရုပ်အစုံနဲ့ ချပြချင်ပါတယ်။ ချမ်းမီ က ဟာသဇာတ်ရုပ်တွေ၊ ဘဝနဲ့ဆိုင်တဲ့ ဒရာမာ ဇာတ်ကားတွေနဲ့လည်း လိုက်တယ်လို့ ပရိသတ် တွေဆီက စကားသံတွေ ပြန်ကြားရပါတယ်" လို့ ပရိသတ်အတွက် ဇာတ်ရုပ်အစုံ ရိုက်ပြချင် ကြောင်း ချမ်းမီမီကို က ပြောပါတယ်။
အခုနောက်ပိုင်း အနုပညာအလုပ် လုပ်ရတာ အရင်ကထက် ပိုပြီး ပွင့်လင်းလာ သလို၊ ပိုပြီးလည်း လွတ်လပ် လာကြောင်း ချမ်းမီမီကို က ပြောပါတယ်။ "ဒီခေတ်က ပွင့်လင်းလာ သလို၊ ပိုပြီး လွတ်လပ်လာတယ်။ အနု ပညာကို အမျိုးမျိုး ဖန်တီး ခွင့်ရှိလာတယ်။
ကိုယ် ရောက်တဲ့ နေရာကိုလည်း ဘယ်သူမဆို ကြိုးစားပိုင် ခွင့်ရှိတယ်။ ပွင့်လင်းလာ တာနဲ့အမျှ ဗီဒီယိုကား တွေကိုလည်း သေချာစိ စစ်ပြီး ရိုက်ကူးပါတယ်။ အခုဆင်ဆာ လွတ်လပ် ခွင့်ပေးတယ်ဆိုတာကလည်း သူ့ အပိုင်းနဲ့သူ ကန့်သတ်ထားတယ်။ ဇာတ်ကားရိုက်ရင် နိုင်ငံခြားလို တအားကြီး Social ကျမယ့် ကား မျိုးကို ချမ်းမီလုံးဝရိုက် မှာ မဟုတ်ဘူး" လို့ ချမ်းမီမီ ကိုက ပြောပါတယ်။
တွယ်တာ - Popular Journal
ဒိုင်ယာနာ သင်ခန်းစာ
လူ့ဘုံ၊နတ်ဘုံ၊ဗြဟ္မာဘုံတို့၌ရှိသမျှ သတ္တဝါ တို့သည် သေခြင်းတရား မှမလွတ်ကြချေ။ မည် သည့် ဆေးဝါးနှင့်လည်း ကုစား၍မရ။ ဆင် သည်၊ မြင်းသည်၊ လက်နက်ဗိုလ်ပါ ပေါင်းစုံ တို့ဖြင့်လည်း တိုက်၍မရနိုင်၊ ကြံရာမရ၊ လက် မှိုင်ချရသည်သာဖြစ်၏။
မဃဒေဝလင်္ကာသစ်ကြီး
သေခြင်းနှင့် မွေးဖွားခြင်းသာ ထာဝရရှိ ပါတယ်ဆိုတဲ့ ဈင်ဘုန်းကြီး တစ်ပါးရဲ့ ကဗျာ အတိုင်း လွန်ခဲ့တဲ့ ၁၆နှစ်က ဝေလမင်းသမီး ဒိုင်ယာနာ ယာဉ်မတော်တဆဖြစ်မှုနဲ့ ကွယ်လွန် ခဲ့ပါတယ်။ ၂ဝ၁၃၊ဇူလိုင်လ ၂၂ရက် ညနေမှာ ဝေလမင်းသား ချားလ်စ်နဲ့ ဒိုင်ယာနာတို့ရဲ့ သားတော်ကြီး ဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့က သားတော်တစ်ပါးမွေးဖွားသန့်စင်ခဲ့ပြန်ပါပြီ။
ဒိုင်ယာနာရဲ့ တော်ဝင်ဈာပန မကျင်းပခင် တစ်ရက်အလို မာသာထရီဇာ လည်း အိန္ဒိယမှာ ကွယ်လွန်ခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာ မှာတော့
မာဘာထရီဇာရဲ့သတင်းက ဒိုင်ယာနာရဲ့သတင်းလောက်နေရာ မယူ ခဲ့သလို၊အိုမင်းရင့်ရော်ပြီး သေရိုး သေစဉ်သေခဲ့လို့သံဝေဂယူစရာလည်း ဝေလမင်းသမီးကို မမီခဲ့ပါဘူး။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ မြေအောက် ဥမင်ထဲမှာ လေဒီဒိုင်ယာနာရယ်၊ သူ့ရဲ့ အမျိုးသားမိတ်ဆွေ ဒိုဒီရယ်၊ ယာဉ်မောင်း ဟင်နရီပေါလ်တို့ဟာ ၁၉၉၇ခုနှစ်၊ သြဂုတ် လ ၃၁ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံး ခဲ့ရတာပါ။ အဲ့ဒီယာဉ်တိုက်မှုကနေ သူတို့ရဲ့ကိုယ်ရံတော် ထရေဗာရီးစ်ဂျူံး တစ်ဦးပဲ အသက်ရှင်ခဲ့ပါတယ်။
ဒိုင်ယာနာတို့ရဲ့ ယာဉ်တိုက်မှုကို ပထမ ပိုင်းက ပါပါရာဇီတွေေ ကြာင့် ဖြစ်ခဲ့ရတာလို့ မီဒီယာတွေက အသားပေးပြောကြပြီး၊ နောက် ပိုင်းမှာ ဗြိတိသျှထောက်လှမ်းရေးနဲ့ တော်ဝင် မိသားစုက ပူးပေါင်းကြံစည် လုပ်ကြံ တာလို့ သတင်းထွက်ခဲ့ပါတယ်။ ဒီ လုပ်ကြံတဲ့စွပ်စွဲချက်ကို ၂ဝဝ၆ခုနှစ် ကျမှ ပြင်သစ်တရားရေးဌာနက စုံစမ်း စစ်ဆေးပြီး မဟုတ်ကြောင်း ပယ်ချခဲ့တယ်။
၁၉၉၉ခုနှစ်တုန်းကလည်း ၁၈လကြာ ပြုလုပ်ခဲ့တဲ့ ပြင်သစ် တရားရေး ဆိုင် ရာ စုံစမ်းစစ်ဆေးမှုမှာ စိတ်ငြိမ်ဆေးတွေ နဲ့ အရက်ရော သောက်ပြီး ကားမောင်း တဲ့ ယာဉ် မောင်း ပေါ်လ် ရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့်လို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
အင်္ဂလန်နိုင်ငံဥပဒေမှာ ရုတ် တရက် သို့မဟုတ် အကြောင်းအရင်း ကိုဖော်မ ပြနိုင်ဘဲသေဆုံးသူတွေ ဘာကြောင့် သေဆုံး ခဲ့ရသလဲဆိုတဲ့အဖြေ ကို တရားရုံးတော်မှာ ဦးတိုက်လျှောက်ရင် ရုံးတော်က စုံစမ်းစစ်ေ ဆး ရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးရတဲ့ Inquest ဆိုတဲ့ ဥပဒေရှိတယ်။
၂ဝဝ၇ခုနှစ်ဇူလိုင်၂၇ရက်နေ့မှာ အင်္ဂလိပ် တရားသူကြီးတစ်ဦး က ဝေလမင်းသမီး ယာဉ် တိုက်မှုအတွက် အောက် ပါ မေးခွန်း တချို့ပါတဲ့ စုံစမ်းစစ် ဆေးမှု တစ်ခု ပြုလုပ်ခဲ့ရ တယ်။
(၁)။ ယာဉ်တိုက်မှုဟာ ယာဉ် မောင်းရဲ့မှားယွင်းမှုကြောင့် လား။
(၂)။ မူးယစ်ဆေးဝါးသို့မဟုတ် အရက်သောက်သုံးထားတဲ့ ယာဉ် မောင်းကြောင့်လား။
(၃)။ယာဉ်ကိုယ်၌က ယာဉ်တိုက် မှု ဖြစ်စေဖို့ အလားအလာရှိ နေ တာလား(ယာဉ်ရဲ့ ပင်ကို ချွတ်ယွင်း ချက်လား)။
(၄)။ပါပါရာဇီတွေရဲ့လုပ်ရပ်က ယာဉ်တိုက်မှုကို ဖြစ်စေတာလား။
(၅)။ လမ်းသို့မဟုတ်ဥမင်ရဲ့ ပုံစံ နဲ့တည်ဆောက်ထားပုံကိုယ်၌ က
ယာဉ်တိုက်မှုဖြစ်နိုင်ခြေ၊ တိမ်းမှောက်နိုင်မှုဖြစ်နိုင်ခြေရှိနေလား။
၂ဝဝ၈ခုနှစ်၊ ဧပြီလ ၇ရက် မှာတော့ အင်္ဂလန်နိုင်ငံတော်ဝင် တရားရုံး ဂျူရီတရားသူကြီးက ဒိုင် ယာနာနဲ့ ဒိုဒီတို့ရဲ့ သေဆုံးမှုဟာ "ယင်းတို့၏ ကားနှင့် နောက်မှ လိုက်လာသောကားများ၏ မဆင် မခြင်မောင်းနှင် မှုကြောင့်လည်း ကောင်း၊ မူးယစ်ဆေးနဲ့ အရက် သုံးစွဲထားသည့် ယာဉ်မောင်း ၏ဆုံးဖြတ်ချက်မှားခြင်းကြောင့် လည်းကောင်း၊နောက် ဆုံးသေဆုံး မှု၏အဓိကလက်သည်မှာ ယာဉ် တိုက်မှုဖြစ်ပွားစဉ် ယာဉ် မောင်းသူ အပါအဝင်စီးနင်းလိုက်ပါလာ သူ အားလုံးထိုင်ခုံခါးပတ် ဝတ်ဆင် ထားခြင်းမရှိသော ကြောင့်ဖြစ်ရ သည်" လို့ နိဂုံးချုပ်ခဲ့ရပါတယ်။
တကယ်လို့သာ ထိုစဉ်အခါ က လေဒီဒိုင်ယာနာတစ်ယောက် ထိုင် ခုံခါးပတ်ပတ်ထားခဲ့မယ် ဆိုရင်သူ့ရဲ့မြေးတော်လေးမွေးဖွား သန့်စင်တာကို ဒီနေ့ တွေ့ရမယ် ဆိုတာ အဲဒီအချိန်က သေမှုသေ ခင်းဆရာဝန်ကြီးတွေရဲ့ မှတ်တမ်း တွေအရ အမှန်ပါ။
ဒိုင်ယာနာရဲ့ မြေးဖြစ်သူ ကိတ်မစ်ဒယ်တန်ရဲ့သားယောက်ျား လေးေ မွးဖွားမှုနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံမှ အနုပညာရှင်များက လည်း ဝမ်းသာ ပီတိဖြစ်ခဲ့ကြပါ တယ်။ ဒိုင်ယာနာကိုတော့ အခု အချိန် အထိ လွမ်း ဆွတ် တသရှိ တုန်း ကြ တုန်းပဲဖြစ် တဲ့ဖြူဖြူကျော် သိန်းနဲ့ အိန္ဒြာ ကျော် ဇင်တို့ ရဲ့ စကားသံ ကိုလည်း မေး မြန်းတင်ဆက်လိုက်ပါတယ်။
►ဖြူဖြူကျော်သိန်း
"Celebrity တစ် ယောက်အနေနဲ့ ဒီလိုယာဉ် တိုက်မှုနဲ့ ဆုံးပါးသွားတာ ဝမ်းနည်းဖို့ကောင်း သလို နှမြောဖို့ကောင်း တယ်။ ဒိုင်ယာနာဆိုတာ ကမ္ဘာ မှာ ဖက်ရှင် icon တစ်ခုလို့ ပြောလို့ရတယ်။ ကမ္ဘာမှာ စိတ်ဝင်စားစရာ အကောင်းဆုံး မိန်းမထဲမှာပါ တယ်။ သူသာရှိနေဦးမယ်ဆို ရင် ကမ္ဘာပေါ် မှာ စောင့် ကြည့်စရာ လူတစ်ယောက် ရှိ နေဦးမှာပေါ့။ ပြီးတော့ သူ့ရဲ့ ရုပ်ရည်က လွှမ်းမိုးနိုင်စွမ်းရှိ တယ်။ သူ့ရဲ့ချွေးမက ချော တယ်ဆိုပေမယ့် သူ့လောက်ဆွဲ ဆောင်မှုမရှိသလိုဖြစ်တယ်။ အခု ဒီကလေးလေးကိုသူသာ ပိုက် ထားမယ်ဆိုရင် ဒီပုံက နာမည် ကြီးဦးမှာပဲ။အခုဒိုင်ယာနာချွေးမ 'ကိတ်' ပိုက်ထားတဲ့ပုံနဲ့သူပိုက်ထား တဲ့ပုံမျိုးကို ယှဉ်ကြည့်ရင် အရှိန် အဝါတော့ ကွာနေသေးတယ်။ သူ့မြေးလေးကိုသူပိုက်ထားတဲ့ပုံ ဆိုရင် ဒီဓာတ်ပုံဟာလည်း ဆွဲ ဆောင်မှုရှိဦးမှာပါပဲ"
►အိန္ဒြာကျော်ဇင်
"သားလေးမွေးတယ်ဆို တော့ သူတို့နဲ့ ထပ်တူ ဝမ်း သာပါတယ်။ အဲဒီကလေးလေး မွေးတဲ့နေ့က ဒီမှာ ဆိုရင် ကဆုန်လပြည့်နေ့မှာဆိုတော့ အူဝဲတို့ မြန်မာတွေအနေနဲ့ အမှတ်တရဖြစ်တာပေါ့။ သူတို့ က အဲဒါမျိုး အယူတော့ ဘယ်ရှိ ပါ့မလဲ။ သားလည်းဖြစ်တယ် ဆိုတော့ အမွေတွေလည်း ဆက်ခံလို့ရတာပေါ့။ ဒိုင်ယာ နာကိုလည်း နဂိုကတည်းက ချစ်ကြ တယ်။ မျိုးရိုးစဉ်ဆက် ချစ်လာကြတာ။ ဝီလျံကိုလည်း ချစ်ကြတယ်။ ကိတ်မစ်ဒယ်တန် ကိုလည်း အူဝဲတို့ဆိုရင် လည်း တအားချစ်တယ်။ သူတို့ နှစ် ယောက်က မွေးလာတဲ့ ကလေး လေးဆိုတော့ ပိုပြီးတော့ ချစ်ကြ တယ်လို့ ထင်ပါတယ်"
Popular Journal
ဝိုင်းစုခိုင်သိန်း၏ အာဘွားစီးရီး အောက်တိုဘာလတွင် ထွက်မည်
ရန်ကုန်၊ ဇူလိုင်၂၈
မက်လောက်စရာ၊ မျက်လှည့်စတဲ့ စီးရီးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင်ဝိုင်းစုခိုင်သိန်းက သူ့ရဲ့တတိယမြောက် တစ်ကိုယ်တော်စီးရီး အာဘွားကို အောက်တိုဘာလမ...ှာ ဖြန့်ချိပေးတော့ မှာပါလို့ The Voice ကိုပြောပါတယ်။
အဲ့ဒီစီးရီးနဲ့ ပတ်သက်ပြီး “ဒီစီးရီးထဲက သီချင်းစာသားတွေ၊ ပုံစံတွေကို ရှေ့မှာထွက်ခဲ့တဲ့ ခွေတွေနဲ့ မတူအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ တေးရေးတွေကတော့ ရွှေဂျော်ဂျော်၊ မိုးမိုး၊ ဇဝါ၊ စံပီး၊ ညီမင်းခိုင်၊ ဆောင်းဦးလှိုင်၊ ဖိုးကာတို့ရေးတဲ့ သီချင်းတွေပါမယ်။ စီးရီးခေါင်းစဉ်ကို အာဘွားလို့ ပေးဖြစ်တာကတော့ ဝိုင်းစုက ရှိုးပွဲတစ်ခုဆိုပြီးတိုင်း ပရိသတ်တွေကို အာဘွားလို့ နှုတ်ဆက်လေ့ရှိတယ်။ အဲ့ဒီအကြောင်းလေးကို အခြေတည်ပြီး ရေးထားတဲ့ သီချင်းလေးပါ။ ငယ်ငယ်တုန်းက အဖေ၊ အမေတွေက အာဘွားပေးတယ်။ ကြီးလာတော့ ချစ်သူက အသည်းယားလို့ အာဘွားပေးတယ်ဆိုတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ သီချင်းတွေက အားလုံးပြီးနေပါပြီ။ အောက်တိုဘာလလောက်မှာတော့ ထွက်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို တေးသံရှင် ဆောင်းဦးလှိုင်နဲ့ စုံတွဲတေးစီးရီးတစ်ခွေ၊ တေးသံရှင် R ဇာနည်၊ ဟန်ထွန်း၊ ဆိုတေး၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ဟဲလေး၊ Snare၊ မိုးမိုး၊ နေတိုး၊ စည်သူလွင်တို့နဲ့ စုံတွဲတေးစီးရီးတစ်ခွေ စီစဉ်နေပြီး အမေရိက ဖျော်ဖြေရေးခရီးတစ်ခုလည်း သွားဖို့ရှိတယ်လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။
The Voice Weekly
နယူးယောက် TKO အမျိုးသမီး လက်ဝှေ့ပွဲ ဟဲသာဟာဒီ အနိုင်ရရှိ
လန်ဒန်  ဇူလိုင်  ၂၇
အမေရိကန် ပြည်ထောင်စု  နယူးယောက်မြို့ DiBella Entertainments  ခန်းမရှိ Broadway လက်ဝှေ့ ကြိုးဝိုင်း၌ ဇူလိုင် ၂၅ ရက်က ကျင်းပသော TKO  အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွင် ဟဲသာ ဟာဒီ  သည် ဆီယက်တယ်မြို့မှ ကတ်ဆီတရို့စ်အား အနိုင် ရရှိခဲ့ကြောင်း သိရသည်။
ဟာဒီသည် ၎င်းပွဲစဉ်တွင် ပြိုင်ဘက် လက်ဝှေ့မယ်အား   စတုတ္ထ အချီတွင် (၆-ဝ)ဖြင့် စံချိန်တင် ထိုးသတ် နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်အား ဆဋ္ဌမ အချီအထိ ထိုးသတ်ရန် စီစဉ် ထားခဲ့သော်လည်း ပွဲအခြေအနေ အရ စတုတ္ထ အချီဖြင့်ပင် ပွဲသိမ်း နိုင်ခဲ့သည်။ ဟာဒီ၏ ပွဲအစပိုင်း ထိုးချက်များသည် လွဲချော် ခဲ့သော်လည်း နောက်ပိုင်းတွင် တရို့စ်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် တို့၌ ပြင်းထန်သော ထိုးချက်များ မလွဲတမ်း ကျရောက်ခဲ့သည်။
ဒုတိယအချီတွင် ဟာဒီသည် ပိုမို ယုံကြည်ချက် ရှိလာပြီး သူမ တရစပ် ထိုးချက်များကြောင့် သူမ၏ ပြိုင်ဘက်မှာ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ ယိုစီးခဲ့ရကြောင်း သိရသည်။ ယခုပွဲစဉ်၏ အောင်မြင်မှုသည် ဟာဒီ၏  ခြောက်ကြိမ်မြောက်  အောင်ပွဲလည်း ဖြစ်ကြောင်း သိရသည်။  
မြ၀တီ
ဆွာရက်ဇ်ကို ပေါင် ၄၂.၅ သန်းဖြင့် အာဆင်နယ်က ကမ်းလှမ်းမည်ဟုဆို
လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်အား လာမည့်သီတင်းပတ်ကုန် စနေနေ့တွင် အပြီးသတ် ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်ဂါးက ဆန္ဒရှိနေသည်။ အာဆင်နယ်၏ ရာသီကြိုပွဲစဉ် အိမ်းမရိတ်ဖလား ပြိုင်ပွဲအမီ ဆွာရက်ဇ်အား ဝင်းဂါးက စာချုပ်ခေါ်ယူလိုခြင်းဖြစ်သည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၄၂.၅ သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းသွားမည်ဟုဆိုသည်။ အမ်းမရိတ်ဖလား ပြိုင်ပွဲကို သြဂုတ်လ ၃ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အစောပိုင်းက ဆွာရက်ဇ်အား ပေါင်စတာလင် သန်း ၄၀ အပြင် ငွေသား ၁ ပေါင်ဖြင့် အာဆင်နယ်၏ ကမ်းလှမ်းမှုကို လီဗာပူးလ်က ပယ်ချထားခဲ့ပြီး ဖြစ်သည်။ သို့သော် လာမည့် သီတင်းပတ်ကုန်တွင် ကျင်းပမည့် အမ်းမရိတ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်ကစားသမားဖြစ် ဆွာရက်ဇ် ပါဝင်လာရန် လုပ်ဆောင်နိုင်မည်ဟု ဝင်းဂါးက မျှော်လင့်နေဆဲဖြစ်သည်။ အသက် ၂၆ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးလ်မှ ထွက်ခွာလိုကြောင်း ဖွင့်ဟထားပြီးဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ရော့ဂျာကမူ အာဆင်နယ်သို့ ပြောင်းရွှေ့ပါက အမှားကြီး မှားလိမ့်မည်ဟု ဆွာရက်ဇ်အား သတိပေးထားသည်။
ဆွာရက်ဇ်နှင့် လီဗာပူးလ်အသက်း ချုပ်ဆိုထားသော စာချုပ်အရ ပေါင်စတာလင် သန်း ၄၀ နှင့်အထက် ကမ်းလှမ်းမှု တစ်ခုရှိလာလျှင် အဆိုပါ အသင်းနှင့် ဆွေးနွေးခွင့်ရမည်ဆိုသော အချက်ကို ထည့်သွင်း သဘောတူညီထားသည်။ အာဆင်နယ်က ထိုအချက်ကို အခွင့်ကောင်းယူကာ ပေါင်စတာလင် သန်း ၄၀ ထက်ပိုသော ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခြင်းဖြစ်သည်။ လီဗာပူးလ်အနေဖြင့် အာဆင်နယ်၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း ကစားသမားကိုယ်တိုင်က အသင်းပြောင်းခွင့် တောင်းဆိုလာလျှင် စာချုပ်သတ်မှတ်ချက်အရ အကျုံးဝင်မည်ဖြစ်ပြီး လီဗာပူးလ်အတွက် ဆွာရက်ဇ်ကို ထိန်းထားနိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။
Planet Myanmar Network
ဗြိတိသျှ လက်ဝှေ့ကျော် တိုနီဘဲလျူး WBC လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲတွင် ထိုးသတ်မည်
လန်ဒန် ဇူလိုင် ၂၆
ဗြိတိသျှ လက်ဝှေ့ကျော် တစ်ဦးဖြစ်သူ တိုနီဘဲလျူးသည် WBC လိုက်ဟဲဗီးဝိတ် ချန်ပီယံခါး ပတ်လုပွဲအတွက် ကနေဒါမှ အဒိုးနစ်စ် စတီဗင်ဆင် သို့မဟုတ် အမေရိကန် လက်ဝှေ့သမား တာဗိုရစ်စ်ကလောက် တို့အနက်မှ တစ်ဦးဦးနှင့် ယခုနှစ် နှောင်းပိုင်းတွင် ယှဉ်ပြိုင်ထိုး သတ်သွားမည်ဟု သိရသည်။
အသက် ၃ဝ နှစ်ရှိ လီဗာပူးမြို့သား ဘဲလျူးသည် ယခုနှစ်မေလအတွင်းက လန်ဒန်မြို့၌ ထိုးသတ်ခဲ့သည့် လက်ဝှေ့ ပွဲတွင် အိုက်ဆက်ချီလင်ဘာအား အနိုင် ရရှိပြီးနောက်ပိုင်းတွင် WBC ခါးပတ်ကို  ဆွတ်ခူးမည့်သူ အဖြစ် ရေပန်းစား လျက်ရှိသည်။
သို့ရာတွင်  အဆိုပါ ချန်ပီယံခါးပတ်ကို လက်ရှိပိုင်ဆိုင်ထား သူမှာ ကနေဒါနိုင်ငံမှ စတီဗင်ဆင်ဖြစ်ပြီး ၎င်းသည် ယင်းချန် ပီယံ ခါးပတ်ကို ကာကွယ်ရန်အတွက် အမေရိကန် လက်ဝှေ့ကျော် ကလောက်နှင့် လာမည့် စက်တင်ဘာတွင် ဦးစွာထိုးသတ်သွား မည်ဖြစ်သည်။
ထို့နောက်တွင် ဘဲလျူးသည် အဆိုပါ လက်ဝှေ့ပွဲမှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင် ထိုးသတ်၍ ချန်ပီယံ ခါးပတ်ကို ရယူနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်သည်။
ဘဲလျူးသည် နောက်ဆုံးထိုးသတ်ခဲ့သည့် လက်ဝှေ့ပွဲပေါင်း ၂၂ ပွဲတွင် ပွဲ ၂ဝ အနိုင်ရရှိထားပြီး တစ်ပွဲသရေနှင့် ၂ဝ၁၁  ခုနှစ်တွင် နေသန် ကလဲဗား လေးနှင့် ထိုးသတ်သည့် ပွဲတွင်သာ ရှုံးနိမ့်ထားသည်ဟု သိရသည်။
မြ၀တီ
ရီးယဲလ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဘေးလ်နှင့် စပါး အဆင်မပြေဖြစ်
ရီးယဲလ်မက်ဒရစ် အသင်း၏ ကမ်းလှမ်းမှုကို တော့တင်ဟမ် ဟော့စပါးက ငြင်းဆိုလိုက်သည့်နောက် ဂါရတ်သ်ဘေးလ်နှင့် စပါးတို့ကြား ပြဿနာအချို့ ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗြိတိသျှ မီဒီယာ အချို့က စပိန်ထိပ်တန်း ကလပ်အသင်းကြီး ရီးယဲလ်သည် ဝေလလက်ရွေးစင် တောင်ပံ ကစားသမားအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၂)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သတင်း အမှန်ဖြစ်ပါက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရီးယဲလ်ခေါ်ယူစဉ် ပေးချေခဲ့ရသည့် ကမ္ဘာ့စံချိန်တင် ဈေးနှုန်း စတာလင်ပေါင် သန်း(၈၀)ထက် ပိုမို များပြားသော ပြောင်းရွှေ့ကြေး ဖြစ်နေသည်။
သို့သော်လည်း စပါးသည် ယင်းချဉ်းကပ်မှုကို ငြင်းဆိုခဲ့သည့်အတွက် ဘေးလ်က စိတ်ပျက်နေကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် စနေနေ့က ဟောင်ကောင်တွင် ကစားခဲ့သည့် ကလပ်အသင်း ခြေစမ်းပွဲကို လွဲချော်ခဲ့သည်။ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ဘေးလ်၏ အနာဂတ်နှင့် ပတ်သက်ပြီး သံတမန်ဆန်ဆန် မတင်မကျ ပြောဆိုထားပြီး ဘေးလ်တွင် ကြွက်သား ဒဏ်ရာ အနည်းငယ် ရှိနေကြောင်းသာ ပြောဆိုထားသည်။ သို့သော်လည်း ဘေးလ်သည် ရီးယဲလ်တွင် ကမ္ဘာ့ထိပ်သီး ကြယ်ပွင့်များနှင့် တွဲဖက်ကစားရန် လိုလားနေပြီး စပါးနှင့် အတွင်းရေး ပြဿနာများ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းကမူ အသင်း၏ အရေးအပါဆုံး ကစားသမားအား ဆက်လက် ထိန်းသိမ်းထားရန်သာ အဓိက လိုလားလျှက်ရှိသည်။ ရီးယဲလ်သည် ဘေးလ်ကို နှစ်အတန်ကြာ အလေးအနက် စိတ်ဝင်စားနေခဲ့ပြီး ယခုနွေရာသီတွင် အတည်ပြု ကြိုးပမ်းလာခြင်းဟု ယူဆရသည်။ ဘိုအာ့စ်ကမူ မိမိတို့သည် ဘေးလ်ကို သက်တမ်းတိုး စာချုပ်ရန် ကြိုးပမ်းနေဆဲဟု ထုတ်ဖော် ပြောကြားထားသည်။
Planet Myanmar Network
ဖာဘရီဂက်စ်ကို ပေါင် ၃၆ သန်းဖြင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းရန် မန်ယူ စဉ်းစား
မန်ချက်စတာယူနိုက်တက်သည် ဆက်စ် ဖာဘရီဂက်စ်အား နောက်ဆုံးအကြိမ်အဖြစ် ပေါင်စတာလင် ၃၆ သန်းဖြင့် ကမ်းလှမ်းရန် စဉ်းစားနေကြောင်း သိရသည်။ သို့သော် နည်းပြသစ် မာတီကိုက ၎င်းအား အသင်း ပွဲထွက်ကစားသမားအဖြစ် အာမခံချက်ပေးလျှင် ဘာစီလိုနာ၌သာ ဆက်လက်ရှိနေလိမ့်မည်ဟု ဖာဘရီဂက်စ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်။ဖာဘရီဂက်စ်သည် ဘာစီလိုနာနှင့်အတူ ယနေ့စတင်သည့် ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး နည်းပြသစ်မာတီကိုနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။
မန်ယူသည် ဖာဘရီဂက်စ်အား ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၂၆ သန်းဖြင့် ပထမအကြိမ်၊ ပေါင်စတာလင် သန်း ၃၀ ဖြင့်ဒုတိယအကြိမ် ကမ်းလှမ်းခဲ့ပြီးဖြစ်ရာ ဘာစီလိုနာက ပယ်ချထားခဲ့သည်။ ယခုအခါ တတိယနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် ၃၆ သန်းအထိ တိုးမြှင့်ကမ်းလှမ်းရန် မန်ယူက စဉ်းစားနေခြင်းဖြစ်သည်။ မန်ယူမန်နေဂျာသစ် ဒေးဗစ် မိုယက်စ်က ဖာဘရီဂက်စ်မှာ အသင်းကွင်းလယ်တွင် အံဝင်ခွင်ကျဖြစ်မည့် ကစားသမားအဖြစ် ရှုမြင်ထားသည်။
မန်ယူသည် အခြားသော ကစားသမားသစ် ခေါ်ယူရန် အစီအစဉ်အဖြစ် အဲဗာတန်အသင်းမှ ဘယ်နောက် ခံလူ လေတန် ဘိန်းစ်ကို စောင့်ကြည့်နေပြီး ကွင်းလယ်တိုက်စစ်သမား ဖယ်လိုင်နီကိုလည်း ဖာဘရီဂက်စ်၏ အပြောင်းအရွှေ့ အဆင်မပြေပါကဒုတိယဦးစားပေးအဖြစ် ပစ်မှတ်ထားခေါ်ယူရန် ရည်ရွယ်ထားသည်။ မန်ယူအသင်း မန်နေဂျာသစ် မိုယက်စ်နှင့် အမှုဆောင်ချုပ်အသစ် ဝုဒ်ဝါ့ဒ်တို့မှာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် ထိပ်တန်းကစားသမား စာချုပ်ခေါ်ယူရန်အတွက် ဖိအားပေးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။
Planet Myanmar Network
သံစဉ်များနဲ့ကမ္ဘာ (၂၀၁၃)၊ Level(1) ပွဲစဉ်(၂၁)
သံစဉ်များနဲ့ကမ္ဘာ (၂၀၁၃)၊ Level(1) ပွဲစဉ်(၂၁)
မိမိတို့ကျန်းမာရေးအတွက် လက်ဆင့်ကမ်းစေချင်ပါတယ် (ချစ်သုဝေ)
ဒီဇာတ်ကားကိုကြည့်ရှုမိတဲ့သူတွေ မိမိတို့ကျန်းမာရေးအတွက် ဂရုတစိုက်နေထိုင်သွားကြဖို့နဲ့ မကြည့်မိကြတဲ့သူတွေကိုလည်း လက်ဆင့်ကမ်းစေချင်ပါတယ် (ချစ်သုဝေ)
''ထရီဇာက ဆရာဝန်တစ်ဦးဆိုပေမဲ့လည်း ဆရာဝန်အလုပ်တွေနဲ့ ကင်းကွာပြီး အနုပညာလမ်းကြောင်းပေါ်မှာ ကောင်းကောင်းမွန်မွန်နဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ လျှောက်လှမ်းနေပါတယ်။ ထရီဇာဆေး ကျောင်းသူဘဝတုန်းက ထရီဇာကိုသင်ကြားပေးခဲ့တဲ့ ဆရာသမားတွေအ ပေါ်မှာ ထရီဇာ ကျေးဇူးကြွေးတွေတင်နေသလို ခုထရီဇာက အနုပညာ လမ်းကြောင်းပေါ်မှာ ပရိသတ်တွေပေးတဲ့မေတ္တာတွေ၊ အားပေးမှုတွေနဲ့ ရပ်တည်နေတဲ့သူတစ်ဦးဖြစ်တဲ့အတွက် ထရီဇာက ပရိသတ်တွေအပေါ် မှာလည်း ကျေးဇူးကြွေးတွေ တင်နေပါသေးတယ်။ အဲဒီကျေးဇူးကြွေး တွေကို ထရီဇာက တစ်ဖက်တစ်လမ်းက ထရီဇာတတ် မြောက်ထားတဲ့အနုပညာနဲ့ ကျန်းမာရေးအသိပညာ ပေးဇာတ်လမ်းလေးတွေမှာ ပါဝင်ခွင့်ရရှိခဲ့ပါ တယ်။ ထရီဇာချစ်တဲ့ ထရီဇာ့ကိုချစ်ခင် တဲ့ ပရိသတ်တွေကို ကျန်းကျန်းမာ မာနဲ့ပဲ လူ့လောကကြီး ကိုဖြတ်သန်း
စေချင်ပါတယ်။ ဒါကြောင့် 'ရှေ့ဆက်လှမ်းမည့်ခြေလှမ်းများ' ဇာတ်ကား ကို ကြည့်ရှုမိတဲ့သူများကလည်း မိမိတို့ကျန်းမာရေးအတွက် ဂရုတစိုက် နေထိုင်သွားကြဖို့နဲ့ မကြည့်မိကြတဲ့သူတွေကိုလည်း လက်ဆင့်ကမ်းစေ ချင်ပါတယ်။ နောက် ထပ်ပြီးတော့ ပြည်သူတွေကို ကျန်းမာရေးနဲ့ပတ်သက် တဲ့ အသိပညာတွေ မျှဝေပေးချင်ပါသေးတယ်။
နွေးနွေး - Photo-ရဲနောင်(ဖယ်ခုံ) Yangon Media Group
မိသားစုတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူရှိပါက ကင်ဆာဖြစ်ပွားနိုင်ခြေများ
မီလန်၊ ဇူလိုင် ၂၅
မိသားစုတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ရှိပါက အမျိုးအစားတူသော ကင်ဆာရောဂါများသာမက အခြားသော ကင်ဆာရောဂါများ လည်း ဖြစ်ပွားနိုင်သည်ဟု လေ့လာ သုတေသနပြုမှု တစ်ရပ်ကို BBC သတင်းဌာနက ကိုးကား ဖော်ပြသည်။
ကင်ဆာရောဂါ ၁၃ မျိုးမှာ ဆွေမျိုး အနီးစပ်ဆုံး တော်စပ်သူများတွင်ပါ ယင်းကဲ့သို့သော ကင်ဆာ အမျိုးအစား ဖြစ်ပွားရန် အလားအလာ များကြောင်း အီတလီနှင့် ဆွစ်ဇာလန် နိုင်ငံများရှိ လူပေါင်း ၂၃,၀၀၀ ကို လေ့လာချက်အရ သိရသည်။
ထို့ပြင် မိသားစုတွင်း ကင်ဆာရောဂါ ရှိပါက အခြားသော ကင်ဆာရောဂါ များလည်း ဖြစ်ပွားနိုင်ကြောင်း အထောက်အထားများ တွေ့ရှိထားသည်။
“သင့်အမျိုးထဲက တစ်ယောက်ယောက်မှာ ကင်ဆာ ရှိတယ်ဆိုရင် သင့်မှာလည်း အဲဒီလိုမျိုး ကင်ဆာ အမျိုးအစားတူ ဖြစ်ပွားဖို့ အလားအလာ များပါတယ်” ဟု အီတလီ သုတေသန အင်စတီကျု့မှ ဒေါတ်တာ အီဗာနီရစ်က ပြောကြားသည်။
ဆွေမျိုးထဲတွင် ကင်ဆာရောဂါ ရှိသူ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ကို လျှော့ချပေးနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မိသားစုတွင်း ဆေးလိပ် သောက်သုံးမှု ပုံစံ၊ အရက်သောက်မှု ပုံစံ စသည့် တူညီသော အလေ့အထများ ကလည်း ကင်ဆာရောဂါ ဖြစ်ပွားမှုအတွက် အဆက်အစပ် ဖြစ်စေကြောင်း ဒေါတ်တာအီဗာက ပြောကြားသွားသည်။
ထို့အပြင် မျိုးရိုးဗီဇ လက္ခဏာများကလည်း ကိုယ်ခန္ဓာတွင်းရှိ ကင်ဆာ ဖြစ်ပွားနိုင်သည့် အစိတ်အပိုင်းများအပေါ် အကျိုး သက်ရောက်နိုင် သည်။
မိဘများထံမှ လက်ခံ ရရှိထားသော မျိုးရိုး ဗီဇ၊ နေထိုင် စားသောက်မှု ပုံစံနှင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေများက ကင်ဆာရောဂါ ဖြစ်ပွားမှု အခြေအနေကို အဆုံးအဖြတ်ပေးကြောင်း ဗြိတိသျှ ကင်ဆာ သုတေသနဌာန ကျန်းမာရေး သတင်းအချက်အလက် မန်နေဂျာ ဟာရစ်က ပြောကြား သွားသည်။
ဆေးလိပ် လုံးဝ မသောက်ဘဲ နေခြင်း၊ အရက် သောက်သုံးမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ် မျှတစွာ စားသုံးခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း စသည့် အလေ့အကျင့်များကို လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြု ပြော ကြားသည်။
ရင်သားကင်ဆာ ဖြစ်ပွားမှုမှာ မိသားစု တစ်ခုတွင်း ဖြစ်ပွားလေ့ ရှိသော် လည်း ဖြစ်ရပ် အများစုမှာ မျိုးရိုးစဉ်ဆက် ဖြစ်ပွားလေ့ မရှိကြောင်း၊ ယင်းရောဂါ ဖြစ်ပွားမှုကို အသေးစိတ် သိရှိနိုင်ရန် အမျိုးသမီးများကို ကာလ ရှည်ကြာ လေ့လာ သုတေသန ပြုရဦးမည်ဖြစ်ကြောင်း ရင်သား ကင်ဆာ ဖြစ်ပွားမှု ကူညီကယ်ဆယ်ရေး အဖွဲ့က မှတ်ချက်ပေးထားသည်။
The Voice Weekly
တစ်ယောက်တစ်ပြန် သွေးသောက်ကြသည့် လင်မယား
အမည်ကတော့ ဖော်ပြမထားပါဘူး။ ၎င်းလင်မယားဟာ ဒိန်းမတ်နိုင်ငံမှာ
နေထိုင်ကြပါတယ်။ ဒိန်းမတ်နိုင်ငံမှာ အလွန်ပင် နာမည်ကြီးခဲ့သော သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ထိုလင်မယား နှစ်ယောက်ဟာ သာမန်မဟုတ်ဘဲ ဖုတ်ဝင်နေကြတာလို့ မဂ္ဂဇင်းတစ်ချို့မှာ ဖော်ပြ ထားပါတယ်။
၎င်းတို့နှစ်ယောက်ဟာ တစ်ယောက်သွေးကို တစ်ယောက် သောက်ကြ
ပါတယ်။ ခဏတာ သွေးစုပ်ခြင်း မဟုတ်ဘဲ အချိန်တော်ကြာ သွေး
စုပ်ခြင်း ဖြစ်ပါတယ်။ နှစ်ခြိုက်စွာ သွေးသောက်ကြတဲ့ လင်မယားနှစ်ယောက်
ဟာ အလွန်ပင်ထူးဆန်းသော လူသားတွေ ဖြစ်ပါတယ်။ ထိုလင်မယားကို
သွေးစုပ်ဖုတ်ကောင် လင်မယားလို့လဲ ခေါ်ဆိုကြပါတယ်။
Kyaw Lin Naing (MM Social Sky)
အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသားစုဂုဏ်ဆောင်နိုင်ရေးအတွက် မသဘာဝကို ဖြတ်တောက်ခြင်းခံနေကြရသည်
ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့တွင်ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူမ ငယ်စဉ်ဘဝက မေ့မရနိုင်ခဲ့သော နာကြည်းချက်များကို ပြန်ပြောင်းပြောပြနေသည်။ သူ့အမည်က မဒီနာ ဘိုကွန်ဒပ်ဖ်ဖြစ်သည်။
မဒီနာ အပျိုဖော်ဝင်စ အရွယ်တွင်ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံအတော်များများတွင် အမျိုးသမီးတို့ဘဝ ရှောင်လွှဲ၍ မရခဲ့သော မသဘာဝဖြတ်တောက်ခြင်း FGM (female genital mutilation) ကို သူမလည်း ခံစားခဲ့ရသည်။
အသက်ငယ်လွန်းသေးသဖြင့် အဘယ်ကြောင့် ဤသို့လုပ်ကြရသနည်းဆိုခြင်းကို မဒီနာ နားမလည်ခဲ့ပေ။ သူမလိုပင် မာလီနိုင်ငံအတွင်းရှိ ဖူလာနီမျိုးနွယ်စုတို့အတွင်း မိန်ကလေးတိုင်းသည် မသဘာဝကို ဖြတ်တောက်ခြင်း ခံကြရသည်။ အပျိုဖော်ဝင်ချိန်မတိုင်မီ ရိုးရာဓလေ့အတိုင်း မသဘာဝကို ဖြတ်တောက်ခြင်းခံရမည်မှာ ထုံးစံသာဖြစ်သည်။
အာဖရိကတိုက်ရှိ လူမျိုးစုများအတွင်း အမျိုးသမီးတို့ကို အပျိုဖော်မဝင်မီ မအင်္ဂါအစိတ်အပိုင်းကို ဖြတ်တောက်ခြင်းဖြင့်၊ ဆီးသွားရန်ကောင်းမွန်ခြင်း၊ ရာသီသွေးဆင်းရန် အဆင်ပြေခြင်းတို့ဖြစ်စေသည်ဟု အယူရှိခဲ့ကြသည်။ ထို့ပြင် ပိုဆိုးသည်က အင်္ဂါကိုချုပ်ကာ တစ်လခန့် ခြေလက်တို့ကို တုတ်နှောင်ထားမှု ခံရခြင်းဖြစ်သည်။
“ကျွန်မသိလိုက်တာကတော့ သူတို့ပြောသလိုမဟုတ်ဘဲ နာကျင်တဲ့ဝေဒနာကို အရမ်းခံစားခဲ့ရတယ်။ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်ချိန်မှာလည်း မချိမဆန့်ခံစားရတယ်။ ပိုဆိုးတာက အရှက်ရအောင်လုပ်သလိုမျိုး အမြဲခံစားနေရတယ်” ဟု မဒီနာကပြောသည်။
အာဖရိက နိုင်ငံတကာ ကလေးများနေ့တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသမီးများ သဘာဝကို ဖြတ်တောက်ခြင်းဓလေ့အား အပြင်းအထန်ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ အမျိုးသမီးပေါင်း သန်း ၁၄၀ ခန့်သည် ထိုဓလေ့ဆိုး၏ အဓမ္မကျင့်ခြင်းကို ခံနေကြရသည်ဟုဆိုသည်။ ထိုဓလေ့၏ ပြုကျင့်ခြင်းခံနေရသော အမျိုးသမီးအများစုမှာ အာဖရိကတိုက်မှ ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ယနေ့တိုင်လုပ်ဆောင်နေကြဆဲဖြစ်သည်။
အသက် ၁၀ နှင့်အထက် မိန်းကလေး ၁၀၁ သန်းခန့်သည် အာဖရိကတိုက်တွင် နည်းမျိုးစုံဖြင့် မသဘာဝဖြတ်တောက်ခြင်းကို ခံနေကြရသည်။ ၂၀၁၀ ပြည့်နှစ်တွင် မာလီနိုင်ငံ၌ ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် အခွင့်အရေးအတွက် ထူထောင်ထားသည့် Plan Internation အဖွဲ့သည် အမျိုးသမီး ငယ်များ မသဘာဝဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ခံ ခဲ့ရာ ဖခင်အားလုံး၏ ထက်ဝက်ခန့်နှင့် မိခင်သုံးပုံ တစ်ပုံတို့သည် ထိုဓလေ့ကို သဘောကျနေကြောင်း တွေ့ရသည်။
“ဒီဓလေ့က စိုးရိမ်စရာမှ မလိုတာ။ ကျွန်တော်တို့ ရာစုနှစ်ပေါင်းများစွာ အစဉ်အလာအနေနဲ့ လုပ်ခဲ့ကြတာပဲ” ဟု သမီးနှစ်ယောက်ဖခင်ဖြစ်သူ အဘ္ဘဒူက သုတေသီများကို ပြောကြားခဲ့သည်။
အန္တရာယ်များသော ခွဲစိတ်မှု
မိသားစုများတွင် မိန်းကလေးများကို လက်မထပ်မီ မသဘာဝကို ပိတ်ထားခြင်းသည် မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ခြင်း ဟု ယူဆကြသည်။
မသဘာဝကို ငယ်စဉ်ကတည်းက ပိတ်ခြင်းခံရသော မိန်းကလေးများဘဝသည် တစ်ကြိမ်နှင့် ကိစ္စပြီးသည်မဟုတ်ပေ။ သူတို့ လက်ထပ် ထိမ်းမြားချိန်တွင် တစ်ကြိမ်ပြန်ဖွင့်ချိန်ကြရသဖြင့် နောက်ထပ်နာကျင်မှုဝေဒနာကို ခံစားကြရပြန်သည်။ အပျိုစစ် ကြောင်းပြလိုသဖြင့် ရိုးရာက တားမြစ်ထားသည့်ဒုက္ခများကို အမျိုးသမီးတို့ မရှုမလှ ခံစားကြရုံသာရှိသည်။
“ဘယ်လောက် ထိတ်လန့်ကြောက်ရွံ့ရတယ်ဆိုတာ ပြောပြလို့တောင် မရဘူး။ ဒါကြောင့် လက်ထပ်ရတော့မယ်ဆိုရင် ကျွန်မတို့ သေမလောက်ကြောက်လွန်းလို့ တွေးတောင် မတွေးဝံ့ဘူး” ဟု မဒီနာကဆိုသည်။
ရိုးရာအရ မသဘာဝ ပိတ်ပွဲ၊ ဖွင့်ပွဲများကို ပြုလုပ်ရာတွင် မေ့ဆေး၊ ထုံဆေးများကို အသုံးပြုခွင့်မရှိပေ။ ထို့ပြင် သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးသော ကိစ္စလည်းမဟုတ်။ ဘလိတ်ဓား၊ သာမန်ဓား သို့မဟုတ် ကတ်ကြေးများကို အသုံးပြုပြီး ပိုးသတ်ရသည် ဆိုခြင်းမှာ လုံးဝနားမလည်ကြပေ။ ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ပေးသူကလည်း ကြုံသည့်နေရာတွင် သင့်သလို ပြုလုပ်ပေးလိုက်သည်သာဖြစ်သည်။ အိမ်ရှေ့တွင် လုပ်ချင်လည်းလုပ်မည်၊ ရေချိုးသည့်နေရာတွင် လုပ်ချင်လည်း လုပ်လိုက်မည်သာဖြစ်သည်။
“လုပ်ဆောင်စရာတွေ လုပ်ဆောင်ပေးပြီးရင် သတို့သမီးဘဝကို အဲဒီယောက်ျားက ပိုင်သွားပြီ။ တစ်နေ့ထဲမှာ မသဘာဝကို လွတ်မြောက်အောင် အလုပ်ခံရခြင်းအပြင် ယောက်ျားနဲ့အတူနေရခြင်းဆိုတဲ့ ဒုက္ခနှစ်မျိုးကို တစ်ပြိုင်တည်းခံစားရတဲ့ အမျိုးသမီးတွေရဲ့ဘဝ တွေးသာကြည့်ပေတော့” ဟု မဒီနာကဆိုသည်။
နေရာတိုင်းတွင် မသဘာဝဖြတ်တောက်ခြင်းဓလေ့ကို အတွေ့အကြုံရှိသူတွေက ပြုလုပ်နေကြခြင်းဖြစ်သည်။ သူတို့က မိန်းကလေးဘဝကို အပျိုဖော်ဝင်ခြင်းနှင့် လက်ထပ်ရန်ပြင်ဆင်ခြင်းကို တစ်ပြိုင်တည်းရိုးရာအရ ပြုလုပ်ပေးကြခြင်းဖြစ် သည်။ လက်မထပ်မီ အပျိုရည် ထိန်းသိမ်းခြင်းနှင့် ၊ အိမ်ထောင်မပြုမီ သစ္စာရှိခြင်းတို့ကို ဤနည်းဖြင့်ပြသခြင်းကိုသာ သူတို့ ဓလေ့က လက်ခံကြသည်။ အရွယ်ရောက်လာသည်နှင့် မိန်းကလေးတိုင်း ထိုဓလေ့ကို လိုက်နာကျင့်သုံးရန် သူတို့လူနေမှုဘဝ တွေက တွန်းအားပေးခဲ့ကြသည်။
မသဘာဝပိတ်ခြင်းခံရသော မိန်းကလေးတိုင်းသည် နှစ်စဉ် ကျန်းမာရေးဆိုင်ရာ ပြဿပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။ နာကျင်ခြင်း၊ ခြောက်ခြားခြင်း၊ ကူးစက်ရောဂါဝင်ပြီး သွေးဆင်းခြင်းစသည့် ဝေဒနာများကို ခံစားကြရသည်။ ဘဝတစ်လျှောက်လုံး ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမွေးဖွားရခက်ခဲခြင်း၊ သားပျက်ခြင်းစသည့် ဒုက္ခပေါင်းစုံကိုလည်း ခံစား ကြရသည်။
မကြာသေးမီက အီဂျစ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် ဆိုဟီရာ ဘာတေးဆိုသည့် မိန်ကလေးတစ်ဦးသည် အပျိုဇာတ် သွင်းစဉ်အချိန်တွင် သေဆုံးသွားခဲ့ရသည်။ ဆိုဟီရာ သေဆုံးခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် ဆူဆူညံညံများ ဖြစ်သွား ခဲ့ရသည်။ တစ်နိုင်ငံလုံးတွင် ထိုဓလေ့ကို ပိတ်ပင်ပေးရန် တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်။ အီဂျစ်နိုင်ငံတွင် ထိုဓလေ့ကို ပိတ်ပင်ထားသော်လည်း အမျိုးသမီး သုံးပုံနှစ်ပုံလောက် ခံစားနေကြရဆဲ ဒုက္ခဖြစ်နေသေးသည်။
မည်သို့ အသနားခံသည်ဆိုစေ ရိုးရာအရ မိဘများက နှုတ်အားဖြင့် ခြိမ်းခြောက်ခြင်း၊ ရိုက်ပုတ်နှိပ်စက်ကာ အတင်းအဓမ္မ ပြုလုပ်ခံစေခြင်းတို့ကြောင့်လည်း အမျိုးသမီးတို့ဘဝ ဒုက္ခတွေ့နေကြရဆဲဖြစ်သည်။
“အဲဒီနေ့ကို သမီး ဘယ်တော့မှ မမေ့ဘူး။ အမေက သမီးကို စောစော လာနှိုးတယ်။ ပြီးတော့ ဖြတ်တောက်ခံဖို့ အသင့်ပြင် ထားလို့ ခပ်မာမာ ပြောတယ်” ဟု အသက် ၁၃ နှစ်အရွယ် အာလမ်ဆိုသူ မိန်းကလေးကဆိုသည်။
“အခန်းထဲကို မိန်းမကြီးနှစ်ယောက်ဝင်လာတယ်။ အိတ်ထဲက ဘလိတ်ဓားကို ဆွဲထုတ်လိုက်ကြတယ်။ အမေက သမီး လက်မောင်းတွေကို မလှုပ်နိုင်အောင် ချုပ်လိုက်တယ်။ မိန်းမကြီးတွေက ဘလိတ်ဓားနဲ့ သမီးကို ဖြတ်တောက်ကြတယ်။ သမီး နာလွန်းလို့ အော်လိုက်မိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ ကိစ္စပြီးတော့ အမေက အဲဒီမိန်းမကြီးတွေကို ပိုက်ဆံ ပေးလိုက်တယ်။ နာရီပိုင်းအတွင်းမှာပဲ သွေးတွေ အရမ်းထွက်လာတယ်”
ဂျဘူတီး၊ ဆီရီယာ လီယွန်၊ မာလီ၊ ဆိုမာလီနှင့် ဂီနီနိုင်ငံများတွင် ထိုဓလေ့က စွဲမြဲနေဆဲဖြစ်သည်။ အမျိုးသမီး ၁၀ ဦးတိုင်းတွင် ၉ ဦးသည် မသဘာဝဖြတ်တောက်ပိတ်ဆို့ခြင်းများကို ခံစားနေကြရသည်။
စိုးရိမ်ရသည့်နေ့
အသက် ၁၁ နှစ်အရွယ်မာရီယာမာသည် ထိုနေ့က ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ယနေ့ သူမကို ရိုးရာဓလေ့အတိုင်း အပျိုဇာတ်သွင်းမည်ဖြစ်သည်။ အကြမ်းဖက်မှုများကြောင့် သူတို့မိသားစုသည် မာလီမြောက်ပိုင်းမှ မြို့တော် ဘာမာကိုသို့ လပိုင်းလေးအတွင်းကမှ ရောက်ရှိလာကြခြင်းဖြစ်သည်။
ဤမြို့သို့ရောက်ကတည်းက သူမစိတ်ထဲတွင် တစ်နေ့နေ့ ဓလေ့နှင့် ရင်ဆိုင်ရတော့မည်ကို စိုးရိမ်ပြီး သောကရောက်နေရရှာ သည်။ နာကျင်စွာ ခံစားရမည့်နေ့ကို စောင့်နေရသလိုဖြစ်သည်။
“အိမ်နီးချင်း သမီး သူငယ်ချင်းရဲ့ အစ်မက အဲဒီလိုလုပ်ပြီး သေသွားတယ်။ သမီးအလှည့်ရောက်ရင် အဲဒီလိုဖြစ်မှာ အရမ်း ကြောက်နေတယ်” ဟု မာရီယာမာကဆိုသည်။
ဘာသာရေးခေါင်းဆောင်များသည် ထိုဓလေ့နှင့်ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးခဲ့ကြသည်။ အချို့က ဆက်လုပ်ရန် တိုက်တွန်းပြီး အချို့ကလည်း ရပ်ဆိုင်းပစ်ရန် တိုက်တွန်းတောင်းဆိုကြသည်။
အယ်လ် ရှိတ် ဆဒ်ဆိုသူသည် အီဂျစ်နိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာမှ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ အသက် ၇ နှစ်အရွယ် သမီးလေး၏ ဖခင်တစ်ဦးလည်းဖြစ်သည်။ ဆဒ်သည် ထိုဓလေ့က ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကောင်းစွာသိထားသူဖြစ်သည်။ သို့ဖြစ်ရာ သမီးအတွက် ထိုဓလေ့ကို မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်များကို သွားရောက်ဆွေးနွေးခဲ့သည်။
“ကျွန်တော်ကတော့ အဲဒီဓလေ့ကို လက်မခံဘူး။ ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီဓလေ့ဟာ လက်တွေ့ မဆန်ဘူးလို့ သွားဆွေးနွေးခဲ့တယ်”
မာလီတွင် မိန်းကလေးတိုင်းကို အသက် ၅ နှစ်ရောက်သည်နှင့် မသဘာဝဖြတ်တောက်ခြင်းကို စတင်ပြုလုပ်သည်။ အချို့သော မြို့ပြများတွင် မိန်းကလေးများကို မွေးပြီးပြီးချင်း ရက်ပေါင်း ၄၀ တွင် ပြုလုပ်ပေးလေ့ရှိသည်။
နိုင်ငံတကာစံဖြင့်ကြည့်လျှင် ဤအပြုအမူသည် အကြမ်းဖက်သည့် လုပ်ရပ်သာဖြစ်သည်။ သို့သော် ယနေ့တိုင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ၂၈ နိုင်ငံအတွင်း မသဘာဝဖြတ်တောက်ခြင်းကို ဓလေ့တစ်ခုအနေဖြင့် လုပ်ဆောင်နေကြဆဲဖြစ်သည်။ အာဖရိကတွင် ထိုဓလေ့ကို ဥပဒေဖြင့် တားမြစ်ခဲ့သော်လည်း လူမျိုးစုများအတွင်း တရားမဝင် လုပ်ဆောင်နေကြဆဲဖြစ်သည်။ ဥပဒေရှိသော် လည်း ဥပဒေအရ အရေးယူမှုမှာ ခပ်ရှားရှားဖြစ်သည်။
ကလေးများအခွင့်အရေးကို အကာအကွယ်ပေးပါမည်ဟု အာဖရိကသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ လက်မှတ်များ ရေးထိုးခဲ့သော်လည်း ဥပဒေကို မျက်ကွယ်ပြုခြင်း၊ ချိုးဖောက်မှုများကို မသိချင်ယောင်ဆောင်ခြင်းများ ပြုလုပ်နေသေးသည်။
ဘဝနှင့်ရင်းပြီး ခံစားခဲ့ရသော မဒီနာတစ်ယောက် ယခု မာလီနိုင်ငံတွင် အမျိုးသမီးများနှင့် ကလေးများအခွင့်အရေးအတွက် လှုပ်ရှားနေသော Plan International တွင် ဝင်ရောက်ဆောင်ရွက်ပေးနေသည်။ သူမတို့လုပ်ငန်း အောင်မြင်မှုများ ရနေသည်ဟုဆိုသည်။
“သူတို့ကို ပညာပေးကြရတယ်။ ကျွန်မတို့လုပ်နေတဲ့ ရွာပေါင်း ၄၄ ရွာလောက်မှာ မသဘာဝဖြတ်တောက်တဲ့ဓလေ့ ကင်းစင်တဲ့ရွာတွေဖြစ်ကုန်ပြီ” ဟု မဒီနာက ဝမ်းသာအားရဆိုသည်။
“မိဘတွေ သက်ကြီးဝါကြီးတွေကို ကျွန်မတို့ မချဉ်းကပ်ဘူး။ ကလေးတွေကို အဓိကထားပြီး ကျွန်မတို့ ချဉ်းကပ်ကြတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဆိုတာ အခွင့်အရေး မတူကြဘူး။ နောင်တစ်ချိန်မှာ မိဘတွေဖြစ်လာကြမယ့် မျိုးဆက်သစ် တွေကို ကျွန်မတို့က ဆိုးမွေတွေ လက်ဆင့်မကမ်းစေချင်ဘူး” ဟု မဒီနာ၏ပြောစကားမှာ အားတက်စရာဖြစ်တော့သည်။
http://www.aljazeera.com/ မှ Davinder Kumar ရေးသားသည့် Fighting female genital mutilation in Africa ကို မြန်မာမှုပြုပါသည်။
Written by အယ်ဒီတာတစ်ဦး
မောက္ခ
အိန္ဒိယနိုင်ငံတွင် ဦးခေါင်းနှစ်လုံးပါ ကလေးငယ်တစ်ဦး မွေးဖွား
နယူးဒေလီ  ဇူလိုင်  ၂၆
အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ် ဂျာအီပူမြို့ရှိ J.K.Lone ဆေးရုံတွင် ဇူလိုင် ၂၄ ရက်က ဦးခေါင်း နှစ်လုံးပါ ယောက်ျား လေးတစ်ဦးအား မွေးဖွားခဲ့ပြီး ၎င်းကလေးငယ်တွင်
အာရုံကြော ဖွဲ့စည်းမှု စနစ်နှစ်ခုနှင့် တင်ပါးဆုံရိုးနှင့် ချိတ်ဆက်ထားသော သီးခြား ကျောရိုးနှစ်ခုကိုလည်း ဆရာဝန်များက အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆရာဝန်များသည် ၎င်းကလေးငယ်၌ အခြားဆက်သွယ်ထား သော အင်္ဂါအစိတ်အပိုင်းများ ရှိ၊ မရှိကို ယခုအခါ  စမ်းသပ်လျက်ရှိပြီး ၎င်းကလေးအား အရေးပေါ် အခြေအနေမှ ကယ်ဆယ်နိုင်စေရန် အတွက် ကြိုးပမ်း ကုသလျက်ရှိကြောင်း သိရသည်။
မြ၀တီ
ဆူးလေဘုရားဖူးလာသည့် အမျိုးသမီး ကလေးမွေးဖွား
ပြည်မြန်မာ
အဖြေမပါတဲ့ Vent ဇာတ်ရုပ်တွေ ခုပိုရိုက်ချင် လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
အဖြေမပါတဲ့ Vent ဇာတ်ရုပ်တွေ ခုပိုရိုက်ချင် လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ဗီလိန်ကျတော့ ပရိသတ်မုန်း သွားမှာ မလိုလားကြဘူး ဆိုတာက ဘယ်လို ပြောရမလဲ၊ ဒါက ပရိသတ် တွေက အယူသီး တာပေါ့နော်။ အဲ ဒီ သူတို့ရဲ့ ခံယူချက် တွေကို ဖျောက် ဖျက်ပေး ချင်တယ်။ ကိုရီးယားမင်း သမီးတွေ ဗီလိန်လုပ်တယ် ဆိုရင် သူ တို့ဘက်က လက်ခံနိုင်တယ်။ မြန်မာ မင်းသမီးတွေ ဗီလိန်လုပ်တယ် ဆိုရင် သူတို့ဘက်က လက်မခံနိုင်ဘူး။ အဲ ဒါဘာကြောင့်လဲ၊ ဘာတွေများကွာ ဟနေလို့လဲ။
သင်ဇာတို့ ဆိုရင်လည်း ဗီလိန်လုပ်တာကို လက်ခံနိုင်တယ်။ ဥပမာ-မခိုင်ကြီး(ထွန်းအိန္ဒြာဗို)ဆို တချို့ကား တွေမှာ ဗီလိန်ကို လုံးဝအ ပီအပြင် သရုပ်ဆောင် သွားတာကို အရမ်းကြိုက်တယ်။ လုံးဝ အဖြည်မ ပါတဲ့ ဗီလိန်။ ဒါပေမဲ့ သူ့နေရာမှာ အံဝင်ခွင်ကျ ဖြစ်အောင် သရုပ် ဆောင်နိုင်တဲ့ အတွက်ကြောင့် သူ ဟာသ ရုပ်ဆောင်ကောင်းတစ် ယောက်၊ အရမ်းတော်တဲ့ ပါရမီရှင် တစ်ယောက်လို့ ပြောလို့ရတယ်။ ကိုယ်လည်း အဲဒီလိုပဲ သူများတွေ ပြောတာ ခံချင်တယ်။ အဲဒီအတွက် ကြောင့်မို့လို့ ကိုယ့်ရဲ့ အနုပညာကိုပဲ ကိုယ်ပြချင်တယ်။
အဲဒါကြောင့်မို့ ဒီလိုမျိုး ဗီလိန်တွေ ဆက်တိုက်ရိုက် ဖြစ်နေတာလည်း ပါတယ်။ ဘာဖြစ် လို့ ပရိသတ်မုန်းမယ့် ဗီလိန်ပုံစံမျိုး ရိုက်တာလဲ ဆိုရင် နောက်ပိုင်းကျ တော့ အဲဒီလိုမျိုး သရုပ်ဆောင်ရတာ ပိုပြီးကြိုက်လာတယ်။ ဒီကားထဲမှာ နုနုရွရွလေးနေ၊ မင်းသားကလည်း ကိုယ့်ကိုကြိုက်မှ၊ ပြီးရင် မင်းသားနဲ့ လည်းညားရမှဆိုတဲ့ ဟာမျိုးတွေ သိပ်စိတ်မဝင်စား တော့ဘူး။
ဘာလို့ လဲဆိုတော့ အရှေ့မှာ အများကြီးပဲ ရိုက်ပြီး သွားပြီလေ။ ဗီလိန်လုပ်တာ က ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်ဖူးတဲ့ အရာဖြစ်တဲ့ အတွက် ကိုယ့်အတွက် အသစ်လည်းဖြစ်သလို အတွေ့အ ကြုံလည်းရတယ်။ အရမ်း Sexy ဖြစ်တဲ့ ပုံစံမျိုးဆိုရင်တော့ ကြိုးစား ပြီးသရုပ်ဆောင်ရတယ်။ သင်ဇာက အရမ်း Sexy ဖြစ်တဲ့ပုံစံမျိုးလားဆို တော့လည်းမဟုတ်ဘူး။ သင်ဇာက အပြင်မှာနေရင် Tom Boy ပုံစံမျိုး ပဲနေတာများတယ်။ အရမ်းချစ်ဖို့ ကောင်းတဲ့ပုံစံမျိုးလည်းမဟုတ်ဘူး။
8 DAYS A WEEK ENTERTAINMENT
အဖြည်မပါတဲ့ ဇာတ်ရုပ်မျိုးတွေ မရိုက်ရဲသေးဘူးဆိုတဲ့ စိုးပြည့်သဇင်
အဖြည်မပါတဲ့ ဇာတ်ရုပ်မျိုးတွေ မရိုက်ရဲ သေးဘူးဆိုတဲ့ စိုးပြည့်သဇင် စိုးပြည့်အတွက် လုပ်ရတာခက် ခဲတဲ့ ကာရိုက်တာ မျိုးဆိုတာ ရှိတယ်။ sexy ကျတဲ့ဟာမျိုး စိုးပြည့်သိပ်ပြီး တော့သရုပ်မဆောင် တတ်ဘူး။ အဲ ဒီလိုပုံစံမျိုး စိုးပြည့် အတွက်နည်း နည်းခက်ခဲတယ်။ ဒါက စိုးပြည့်ပွင့် ပွင့်လင်းလင်း ပြောတာပါ။ စိုးပြည့ှ်Sexy ကျတဲ့ပုံစံမျိုး သရုပ်ဆောင်ရင် ခက်ခဲတယ်။ အဲဒီလို Sexy ကာ ရိုက်တာမျိုး သရုပ်ဆောင် ဖူးတယ်။ ကိုယ်ကအကြံနဲ့ အမေ့အတွက်စမ်း သပ်တဲ့ သဘောမျိုးနဲ့ တမင် အဲဒီလို အခန်းမျိုးကို သရုပ်ဆောင် ရတာပါ။
ဒါရိုက်တာလည်း တော်တော်သင် ယူရတယ်။ အဲဒီအတွက်လည်း ပိုပြီး တော့ဂရုစိုက်ခဲ့ ရတယ်။ စက်ဘီးမစီး တတ်တဲ့သူက စက်ဘီးစီး တတ်တဲ့သူ နဲ့မတူဘူးလေ။ စက်ဘီး မစီးတတ် ရင်စက်ဘီးလဲ သွားမလား ဆိုပြီးတော့ ပိုပြီးဂရုစိုက် ရတယ်။ နောက်တစ်ခါ Sexy ပုံစံမျိုးလာ ကမ်းလှမ်းခဲ့မယ် ဆိုရင်လည်း ဇာတ်လမ်း ပုံစံကိုမူ တည်ပြီးတော့ စဉ်းစားမယ်။ စိုးပြည့် ဒီလိုပြောလိုက်လို့ သူများတွေကို ပုတ်ခတ် သလိုများဖြစ်သွား မလားမ သိဘူး။ စိုးပြည့်က ဇာတ်လမ်းရွေး တယ်။ ကိုယ့်အတွက် အဆင်ပြေမယ့် ဇာတ်လမ်း မျိုးဆိုရင် ရိုက်တယ်။ အဲ ဒီလိုမျိုး Vent ဆန်ဆန်ကြီးတော့ စိုးပြည့်မလုပ်ချင်ဘူး။
ဒါပေမဲ့ တစ်ခု ရှိတာက ပြန်ဖြည်ပေးမယ့် Vent လား။ အဲဒါမျိုးဆိုရင် စိုးပြည့်ရိုက်ရဲ တယ်။ စိုးပြည့်ရိုက်တဲ့ ကားတွေဆို ရိုးရိုးသားသား ပုံစံတွေများပြီး Vent ပုံစံမျိုးတွေရိုက်တာသိပ်မတွေ့ရတာ က စိုးပြည့်ကိုမျက်နှာကြည့်ပြီး ပရို ဂျူဆာတွေကမငှားတာဖြစ်မယ်။ စိုး ပြည့်မျက်နှာက အရမ်းကြီး Vent လုပ်လို့မရဘူး။ စိုးပြည့်မျက်နှာကို ကြည့်ပြီး ထုတ်လုပ်သူတွေက Vent ဇာတ်ရုပ်မျိုးကို သိပ်ပြီးမပေးဘူး။ မပေးဘူး ဆိုတာ ကလည်း ကိုယ်ကအ ရမ်းကြီးပရိသတ်မုန်းတဲ့ ဇာတ်ရုပ်မျိုး မလုပ်ချင်ဘူး။ အဲဒီအတွက်ကြောင့် မို့လို့ အဖြည်မပါတဲ့ Vent ဇာတ် ရုပ်မျိုးဆိုရင် မရိုက်ရဲ သေးပါဘူး။
8 DAYS A WEEK ENTERTAINMENT
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်
လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။
လက်ခုပ်သံကို အာရုံခံသည့် စနစ်သည် သံလိုက်ကို အလှည့်အပြောင်း ဖြစ်စေပြီး ယခုလို ဖြစ်စဉ်တစ်ရပ်ထံ ဦးတည်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အဆိုပါ ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်တတ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အတွင်းခံကို ချွတ်ရာတွင် အခက်အခဲ ကြုံရနိုင်တော့မည် မဟုတ်ဟု ဆိုသည်။ ဒီဇိုင်းပညာရှင် ရန်ဒီ ဆာရာဖန်သည် ဆီးရီးယား ဈေးတန်းတစ်ခုတွင် အဆင့်မြင့် နည်းပညာသုံး ဘရာစီယာ အချို့ကို တွေ့ရှိပြီးနောက် ၎င်းကိုယ်ပိုင် စိတ်ကူးဖြင့် ဘရာစီယာသစ် တစ်မျိုးကို တီထွင်ခဲ့ခြင်းဟု သိရသည်။
အနောက်နိုင်ငံတွေ အနေနဲ့ အာရပ်ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာ ချုပ်တည်းပိတ်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုလို ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး အတွင်းခံ နည်းပညာတွေအတွက် ကြော်ငြာရာမှာတော့ သူတို့က ရှေ့တန်းကနေ ပွင့်ပွင့်လင်းလင်း မြင်သာလွန်းတယ်။ ဒီတော့ ကျွန်တော်ကလည်း အနောက်ကမ္ဘာရဲ့ ပထမဆုံး နည်းပညာသုံး ဘရာစီယာ တီထွင်သူ ဖြစ်လာဖို့ စဉ်းစားလိုက်ပါတယ်။ လက်ခုပ်တီးရုံနဲ့ ချိတ်ပြုတ်သွားတဲ့ ဘရာစီယာဆိုတာ အနောက်ကမ္ဘာရဲ့ ဘရာစီယာ နည်းပညာ ထိုးထွင်းဖန်တီးမှု တစ်ခုလို့ပဲ ယူဆကြပါစို့"ဟု ဆာရာဖန်က ပြောကြားသွားသည်။ ဆာရာဖန်၏ နည်းပညာသည် အဆစ်အမြစ်ရောင် ဝေဒနာရှင်များအပြင် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ချို့တဲ့နေသူများ အတွက်ပါ အသုံးဝင်မည်ဟု မျှော်လင့်ထားသည်။ လက်ခုပ်တီးခြင်းဖြင့် မီးခလုတ် အဖွင့်အပိတ် လုပ်နိုင်သော နည်းပညာမျိုးသည် (၁၉၈၀)ပြည့်လွန် နှစ်များကတည်းက တီထွင် အသုံးပြုပြီး ဖြစ်သည်။
Planet Myanmar Network
တင့်ကားအမောင်းသင်သည့် ဘရတ်ပစ်တ်
တင့်ကားအမောင်းသင်သည့် ဘရတ်ပစ်တ် ဒုတိယ ကမ္ဘာစစ်ကာလ နောက်ခံဇာတ်လမ်း တစ်ခုဖြစ်သည့် Furyတွင် ပါဝင် သရုပ်ဆောင်ရန်အတွက် ပတ်စ်သည် ယခုလို တင့်ကားမောင်း လေ့ကျင့်နေရခြင်းဟု ဆိုသည်
ဟောလီးဝုဒ်မင်းသား ဘရတ်ပစ်တ်တစ်ယောက် ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် တင့်ကား အမောင်းသင်ရမည် ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ ကမ္ဘာစစ်ကာလ နောက်ခံဇာတ်လမ်း တစ်ခုဖြစ်သည့် Furyတွင် ပါဝင် သရုပ်ဆောင်ရန်အတွက် ပတ်စ်သည် ယခုလို တင့်ကားမောင်း လေ့ကျင့်နေရခြင်းဟု ဆိုသည်။ ပစ်တ်နှင့်အတူ Transformersစတား မင်းသား ရှားလီဘော့ဖ်သည်လည်း ယခုဇာတ်ကားတွင် ပါဝင်မည်ဟု သိရှိရသည်။ ပစ်တ်အနေဖြင့် ဒုတိယ ကမ္ဘာစစ်သုံး တင့်ကားမျိုးနှင့် အမှန်တကယ် အမောင်းသင် လေ့ကျင့်ရန် စီစဉ်ထားသည်။ ပစ်တ်သည် အဆိုပါ ဇာတ်ကားတွင် ရန်သူ့နယ်မြေထဲ ဝင်ရောက် လှုပ်ရှားရသည့် အမေရိကန် စစ်သည် တစ်ဦးအနေဖြင့် ပါဝင်မည် ဖြစ်သည်။
ပစ်တ်အပြင် အခြားသော တွဲဖက် သရုပ်ဆောင် အချို့တို့သည် ဝစ်ရှိုင်းယားဒေသနှင့် ဂျာမနီတို့တွင် တင့်ကားမောင်း လေ့ကျင့်ရေး သင်တန်းများ တက်ရောက်ရမည် ဖြစ်သည်။ အဆိုပါ စိတ်ကူးသည် ရုပ်ရှင်ကို ပိုမို အသက်ဝင် နိုးကြွစေမည်ဟု ထုတ်လုပ်သူများက မျှော်လင့်ထားသည်။ ထုတ်လုပ်မှုအပိုင်းနှင့် နီးစပ်သူ တစ်ဦးက "ခုရုပ်ရှင်အတွက် ကာယလေ့ကျင့်ခန်း အစီအစဉ်တွေအပြင် တင့်ကား အမောင်းသင်ရတာလည်း ပါမှာပါ။ ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့ဂ်က Saving Private Ryan ဇာတ်ကားမှာ အဲဒီလို လုပ်ခဲ့ဖူးတယ်"ဟု ပြောကြားခဲ့သည်။ Furyကို လာမည့်နှစ်တွင် ရုံတင်ရန် ရည်ရွယ်ထားသည်။ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဒေးဗစ်အေယာက ရိုက်ကူးရန် တာဝန်ယူထားကြောင်းလည်း သိရှိရသည်
Planet Myanmar Network
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Sponsors
အနုပညာရှင်နှင့် လူသိများသူများ
အားကစား သတင်များ
နည်းပညာ သတင်းများ
Most Reading
အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ
သတင်းစာနှင့် ဂျာနယ်များ