သီချင်းတွေ ဆိုရင်း ပျိုးပင်ပျိုးနေသူ


ဂီတအနုပညာဖြင့် ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် ဂစ်တာတီး၊ သီချင်းဆိုရင်း အလှူငွေ များ ရှာဖွေပေးခဲ့သူ၊ ပျိုးပင်ပေါက်လေးများကို ကိုယ်တိုင်ပျိုး၍ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ရည်ရွယ်ပြီး လူတိုင်းကို ဝေငှပေးနေသူ၊ သူ့ဘဝရဲ့ အချိန်များကို သီချင်းတွေဆိုရင်း ပျိုးပင်များ ပျိုးရင်းဖြင့် နေထိုင်သွားမည်ဟု ဆိုလာသူမှာ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့သူ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂစ်တာသမား ကိုရဲလွင် ဖြစ်သည်။

ဂီတသံစဉ်တွေကို ချစ်တယ်

မြန်မာနိုင်ငံ ဂီတလောကတွင် အောင်မြင်သော တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့သည့် မဇ္ဈိမလှိုင်း တီးဝိုင်း၏ Bass ဂစ်တာသမားတစ်ဦး ဖြစ်သည့်သူ့ကို ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးမောင်မောင်မှာ စက်ရှင်တရားသူကြီး တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ကြိုင်မှာ သာမန် အိမ်ရှင်မတစ်ဦး။ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် သူက ရှစ်ယောက်မြောက် သား ဖြစ်သည်။

လူတိုင်းတွင် ငယ်စဉ် ကလေးဘဝကတည်းက မွေ့လျော်ရာ ဝါသနာ ကိုယ်စီရှိရာ သူ့အတွက်ကတော့ ဂီတသံစဉ်တွေကို ခံစားနားဆင်၊ တီးခတ်နေရသော အချိန်တိုင်းသည် ပျော်ရွှင်ခဲ့ရသော အချိန်များ ဖြစ်သည်။ ဂီတသံစဉ်တွေကို ချစ်သည်ဟု သူကဆိုသည်။

ခရစ်ယာန် ဘာသာကို ကိုးကွယ်သော မိဘနှစ်ပါးမှ မွေးဖွားလာသည့်အတွက် ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါ ဘုရားရှိခိုးကျောင်းတွင် သီချင်းများ သီဆိုခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည် သီဆိုခဲ့ခြင်းတို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ်မှာ ထိုစဉ်ကတည်းက သူ့တွင် သန္ဓေတည်ခဲ့သည်။ ပညာရေး ပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး ပညာရေးထက် ဂီတကို ပိုမိုစိတ်ပါဝင်စား ခဲ့သည်ဟု သူကပြောပြသည်။
ကိုယ်ပိုင်ဂစ်တာ မရခဲ့ဘူး

သူအလယ်တန်းကျောင်းသား အရွယ်မှာ အမေရိကန် ရုပ်ရှင်မင်းသား အဲဗစ်ပရက်စလေ ရုပ်ရှင် ဇာတ်ကားများ မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သည်။ ယင်းရုပ်ရှင်ကားများထဲမှ ပရက်စလေ၏ ဂစ်တာတီးပုံကို ကြည့်ပြီး သူဂစ်တာသမား တစ်ယောက် ဖြစ်ချင်လာခဲ့သည်ဟု ဆိုသည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် ဂစ်တာ မပေါ်သေးပေ။ ပရက်စလေကို အားကျ၍ ဂစ်တာ တီးချင်လာသောသူက လက်ဖက်ခြောက်ထုပ်များ ထည့်သော တစ်ဖက်ပွင့် ထင်းရှူးပုံးကို ဒေါက်ထောက်ပြီး ကြိုးဖြင့် အတင်းအလျော့လုပ်ကာ ဂစ်တာလို သဘောထား တီးခတ်ခဲ့သည်ဟု သူကပြောပြသည်။

ဂစ်တာများ ပေါ်ပေါက်လာသော အခါတွင်လည်း သားသမီး ၁၀ ယောက်ကို ပညာအမွေသာ အဓိက ပေးလိုသော ဖခင်ဖြစ်သူက အပိုပစ္စည်းများကို သားသမီးတိုင်းအတွက် ဝယ်မပေးနိုင်ခဲ့။ အစ်ကိုဖြစ်သူကို ဂစ်တာတစ်လုံး ဝယ်ပေးခဲ့ပြီး သူ့အတွက်တော့ ကိုယ်ပိုင်ဂစ်တာတစ်လုံး မရခဲ့ပေ။ အစ်ကိုဖြစ်သူကပဲ သူ့ကို အဘိုးကြီးအို ခါးကုန်းကုန်းကဲ့သို့ လွယ်ကူသော Chord လေးများဖြင့် ဂစ်တာတီး သင်ပေးခဲ့ပြီး သူမရှိသည့် အချိန်မှသာ ဂစ်တာကို ခိုးတီးခဲ့ရသည်ဟု သူကပြောပြသည်။

နောင်မှသာ အိမ်နီးချင်း တစ်ယောက်က သူ့ဂစ်တာ အဟောင်းလေးကို ၁၅ ကျပ်ဖြင့် ရောင်းမည်ဟု ပြောသည့်အတွက် မိခင်ဖြစ်သူကို ပူဆာပြီး ဝယ်ခိုင်းခဲ့ရသည်ဟု သူကဆိုသည်။ သူ၏ ကျောင်းမုန့်ဖိုးမှာ တစ်လလျှင် ငါးကျပ်သာ ရခဲ့ပြီး ထိုစဉ်က ဂစ်တာအသစ် တစ်လုံး၏ တန်ဖိုးမှာ ၆၀ ကျပ်ပေးရသည်။

“ဂစ်တာလေး ရလာတော့ ကိုယ်ရသမျှ သီချင်းလေးတွေ၊ ခရစ္စမတ် သီချင်းလေးတွေကို ခဏခဏ တီးတာပေါ့။ ကြာလာတော့ ဂစ်တာက ဆေးတွေ ကွာလာတယ်။ ကျွန်တော်က ဆေးတွေကို ကော်ပတ်နဲ့တိုက်၊ ဆေးအသစ် ပြန်သုတ်မယ်ဆိုပြီး သင်္ဘောဆေးတွေ သုတ်လိုက်တာ ဂစ်တာက အသံမထွက်တော့ဘူး” ဟု သူ့ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေးနှင့် ပတ်သက်သော အမှတ်တရ အဖြစ်အပျက်များကို သူကပြန်ပြောင်း ပြောပြသည်။

RIT မှာ

သူကိုးတန်းနှစ် အရောက်တွင် မိဘများက ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်။ ဆယ်တန်းအောင် သောအခါ ရန်ကုန် RIT တွင် Electronic အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သည်။ RIT တွင် နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊ တေးရေး မောင်မောင်တို့နှင့် သူသိကျွမ်းခဲ့ရသည်။ “သူတို့က ကျွန်တော့်ထက် RIT ရောက်တာ စောတယ်။ ရောက်ရောက်ချင်းတော့ သူတို့နဲ့ မသိသေးဘူး။ သူတို့အုပ်စုက သူငယ်ချင်းတွေနဲ့ အဆောင်တွေမှာ တယောထိုး၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။ ကျွန်တော်ကလည်း အင်းစိန်မှာ သူငယ်ချင်းတွေနဲ့ တီးပေါ့။ သူတို့ အဆောင်တွေမှာ တီးတဲ့အချိန်မှာ ကိုယ်တွေက သွားနားထောင်ပေါ့” ဟု ကျောင်းသားဘဝ အမှတ်တရ များကို ဖွင့်ဟသည်။

တက္ကသိုလ် တက်နေဆဲ အချိန်တွင်ပင် E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် သူပါဝင် တီးခတ်ခဲ့ပြီး တေးသံရှင် စိုးပိုင်၊ မင်းမင်းလတ်တို့နှင့် ခင်မင်ခဲ့ရသလို တေးသံရှင် ခင်မောင်တိုး၊ တေးရေး ကိုမောင်မောင် တို့နှင့်လည်း တက္ကသိုလ် အပြင်ဆောင်တွင် အတွဲမိနေကြပြီ ဖြစ်သည်။ ကျောင်းတွင် သူတို့အဖွဲ့ကို ‘The Problems’ (ပြဿနာအုပ်စု) ဟု အမည်ပေးထားသည်။ ကျောင်းဆောင်တွင် သီချင်းတိုက်ကြ၊ ကော်ပီသီချင်းများ ရေးကြကျင့်ကြရင်းဖြင့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြသည်။

E.Machine တီးဝိုင်းတွင် သူလေးနှစ်ကြာ တီးခတ်ပြီးနောက် ကိုနေဝင်း၊ ခင်မောင်တိုး၊ ကိုမောင်မောင် တို့နှင့်အတူ The Problems တီးဝိုင်းကို ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်။ ယင်းတီးဝိုင်းမှ နေ၍ တေးသံရှင် ခင်မောင်တိုး၏ ပထမဆုံး တေးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ကို တီးခတ်ပေးခဲ့သည်။ ထိုစီးရီးမှာ ပရိသတ်များကြား သိပ်မပျံ့နှံ့ခဲ့ပေ။

စာသားဖွဲ့ရာမှာ အားနည်းတယ်

သူဂစ်တာ တီးတတ်စအချိန်က မြန်မာ့အသံတွင် ‘Local Talent’ ပြိုင်ပွဲများ ကျင်းပပေးလေ့ ရှိသည်။ ထိုပြိုင်ပွဲများတွင် အင်္ဂလိပ် သီချင်းများကို ကိုယ်တိုင်သီဆို တီးခတ်၍သော် လည်းကောင်း၊ သူကိုယ်တိုင် ရေးစပ်ထားသော သီချင်းများကို သူငယ်ချင်း တစ်ယောက်က သီဆို၍သော် လည်းကောင်း ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ဆုတော့မရခဲ့ပေ။ နောက်ပိုင်းတွင် ပြိုင်ပွဲများ ဝင်ရောက် မယှဉ်ပြိုင် တော့သော်လည်း ကော်ပီ သီချင်းလေးများကို မြန်မာ စာသားသွင်းရင်း သီချင်းများ ရေးစပ်နေခဲ့သည်။

သူပထမဆုံး ရေးခဲ့သော သီချင်းမှာ ဗီယက်နမ် စစ်ပွဲကာလ သူ၏ခံစားချက်များကို အင်္ဂလိပ်စာသားဖြင့် ရေးဖွဲ့ထားသော ‘နောက်ဆုံးအိပ်မက်’ သီချင်းဖြစ်သည်။
“အဲဒီအချိန်တုန်းက ဗီယက်နမ် စစ်ပွဲကြောင့် လူ့အသက်တွေ ဆုံးရှုံးနေတာကို စိမ်းမြသစ်ရွက်တွေ ကြွေနေတယ်လို့ တင်စားပြီး ရေးခဲ့တာ။ အင်္ဂလိပ်လို ရေးတာကတော့ အိမ်မှာက ဂါးဒီးယန်း သတင်းစာ အမြဲယူတော့ အင်္ဂလိပ်စာကို ပိုပြီးထိတွေ့သလို ဖြစ်နေတာပေါ့။ သီချင်းကတော့ Round Chord လေးနဲ့ ရေးထားတာပါ။ သီချင်းရေးနေရင်း တစ်နေရာမှာ ဆက်ရေးလို့ မရတော့ ကိုနေဝင်းကို ဆိုပြကြည့်တဲ့အခါ မြန်မာလို ရေးကြည့်ပါလို့ ပြောတော့ မြန်မာလို ပြန်ပြောင်း ရေးခဲ့တာ” ဟု သူပထမဆုံး ရေးစပ်ခဲ့သော သီချင်းအကြောင်းကို ပြောပြသည်။

ထိုသီချင်းမှာ ယနေ့ကာလအထိ ဂစ်တာတီးသင်စ လူငယ်များအတွက် အသုံးတည့်နေသော သီချင်း ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ သီချင်းရေးစ ကာလများတွင် စာသားဖွဲ့မှု ကျွမ်းကျင်အောင် လေ့ကျင့်သည့် အနေနှင့် ကော်ပီသံစဉ်များကို မြန်မာစာသားများ ထည့်သွင်း ရေးစပ်ခဲ့ပြီး နောက်ပိုင်းတွင်မူ ကိုယ်ပိုင်သံစဉ် သီချင်းကို ပိုမိုရေးဖွဲ့ ဖြစ်ခဲ့သည်ဟု သူကပြောပြသည်။

သီချင်းများ ရေးဖွဲ့ရာတွင် သူ့အတွက် အခက်အခဲမှာ သီချင်းစာသားများ ရရှိရန် အချိန်ကြာကြာ စဉ်းစားရခြင်းပင် ဖြစ်သည်ဟု သူကဆိုသည်။ တေးရေး ကိုနောင်း၊ ကိုမောင်မောင် (အဉ္ဇလီ) တို့လောက် စာသား ရေးဖွဲ့ရာတွင် မသွက်သည့်အတွက် အချို့သီချင်းများကို သူကသံစဉ်ရှာပြီး ကိုနေဝင်း၊ ကိုမောင်မောင်တို့က စာသားရေးဖွဲ့ ပေးခဲ့သည်။

သူရေးဖွဲ့ခဲ့သော သီချင်းများကို တေးသံရှင် ဖိုးချို၊ စိုးလွင်လွင်၊ မွန်းအောင်တို့က သီဆိုခဲ့ကြသည်။ တေးရေး ဆရာမောင်သစ်မင်း၏ စာသားများကို သူကသံစဉ် ထည့်သွင်းပေးထားသည့် တေးသံရှင် မွန်းအောင်၊ စိုးပိုင်၊ ခင်မောင်တိုး၊ မီမီဝင်းဖေတို့ သီဆိုခဲ့ကြသော သီချင်းများမှာလည်း အောင်မြင်မှု ရရှိခဲ့သည်။

မဇ္ဈိမလှိုင်း

ခင်မောင်တိုး၏ ပထမဆုံးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ထွက်ရှိပြီးနောက် ဘော်တွင်းတွင် အလုပ်လုပ်ရန်အတွက် သူထွက်ခွာ သွားခဲ့သည်။ ထိုအချိန်တွင် တေးရေးမောင်မောင် (အဉ္စလီ) မှာ မန္တလေးမြို့တွင် Medium Wave Music Lab ဆိုပြီး ဂစ်တာသင်တန်းတစ်ခု ဖွင့်နေခဲ့သည်။ သူတို့ ပထမဆုံး ဖွဲ့စည်းခဲ့သော The Problems တီးဝိုင်းတွင် လူအပြောင်းအလဲများ ရှိလာပြီး ယင်းနာမည်မှ လိစ္ဆဝီများဟူသော အမည်သို့ ပြောင်းလဲခဲ့ပြီး အဉ္စလီအတွက် ဂီတအဉ္စလီ အမည်ရှိ စီးရီးတစ်ခွေ ဖြန့်ချိခဲ့သည်။

ယင်းနောက် တတိယစီးရီး ဖြစ်သော ‘မဟာဆန်သူ’ ကို စီစဉ်ဆောင်ရွက်နေဆဲတွင် သူမန္တလေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူငယ်ချင်းများ၏ ဝိုင်းဝန်း တိုက်တွန်းမှုကြောင့် သူမန္တလေးတွင် ဆက်လက်နေထိုင်ပြီး ကိုမောင်မောင်၏ ဂစ်တာသင်တန်းတွင် ကူညီ ပြသပေးခဲ့သည်။ ‘မဟာဆန်သူ’ စီးရီးတွင် တီးဝိုင်းအမည်ကိုလည်း ‘လိစ္ဆဝီများ’ မှ ကိုမောင်မောင်၏ ဂစ်တာသင်တန်းအမည် ဖြစ်သော ‘Medium Wave’ ကို မြန်မာမှုပြု၍ မဇ္ဈိမလှိုင်းဟူသော အမည်ကို ပြောင်းခဲ့သည်။ ထို့နောက်တွင် သူတို့ အဖွဲ့သားအားလုံး လက်တွဲညီညီဖြင့် အောင်မြင်သော တေးစီးရီးများစွာကို ဆက်လက် ဖန်တီးခဲ့ကြသည်။

ဂီတလောကတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ တစိုက်မတ်မတ် သီဆိုရင်း တေးသံရှင် ခင်မောင်တိုးမှာ အနုပညာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို မဇ္ဈိမလှိုင်း တီးဝိုင်းမှာလည်း အောင်မြင်သော တီးဝိုင်း အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။ “ကျွန်တော်တို့ ထိုးဖောက်ခဲ့တဲ့ လမ်းမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လက်တွဲညီညီနဲ့ ဆက်လက် လျှောက်လှမ်းခဲ့ကြတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီးတော့ အားပေးခဲ့ပါတယ်။ ဒီဘက် အင်တာနက်ခေတ် ရောက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အဆိုတော်ရဲ့ အသံ၊ သီချင်းစာသားတွေရဲ့ လေးနက်မှု၊ တီးဝိုင်းအဖွဲ့ရဲ့ တီးခတ်မှု ပုံစံတွေကို ပိုပြီးအားပေးလာကြတာ တွေ့ရပါတယ်” ဟု မဇ္ဈိမလှိုင်း တီးဝိုင်း၏ အောင်မြင်မှုအပေါ် သူ့အမြင်နှင့် သုံးသပ်ပြသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြသော ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ဂီတဖြင့် အလှူငွေ ကောက်ခံပြီး ရန်ပုံငွေ ရှာဖွေသည့် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ ဂီတဖျော်ဖြေရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလတွင် သူအပါအဝင် သားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) တို့နှင့် စုပေါင်း၍ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့မှ နေ၍ ရန်ကုန်မြို့နှင့် အညာဒေသများရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် တေးသီချင်း လှည့်လည်သီဆို ဖျော်ဖြေရင်း စစ်ရှောင် ဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် အလှူငွေများ ကောက်ခံခဲ့ကြသည်။

“ကျွန်တော်တို့ စဆိုတုန်းကတော့ ဟော်လို ဂစ်တာလေး တစ်လုံးနဲ့ Unplugged ပုံစံလေး စဆိုခဲ့တာ။ အသံကလည်း သိပ်မကောင်းဘူး။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူသံတွေကလည်း ဆူညံနေတာပေါ့။ ဒါပေမဲ့ စိတ်ဝင်တစားနဲ့ လာရောက် နားထောင်တဲ့ ပရိသတ်တွေက အလှူငွေတွေ ထည့်ဝင်ခဲ့ကြတော့ ထင်ထားတာထက် အလှူငွေရခဲ့တယ်။ အဲဒါနဲ့ အသံချဲ့စက်တွေ၊ တခြားလိုတဲ့ ပစ္စည်းလေးတွေ ထပ်ဖြည့်ရင်း လိုက်ဆိုခဲ့ကြတာပေါ” ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့၏ အစကနဦး ကာလတွင် ကြုံခဲ့ရသော အခက်အခဲများကို သူကပြောပြသည်။

သူတို့အဖွဲ့၏ ဖျော်ဖြေရေး ပွဲများတွင် အာဏာပိုင်များ၏ ပိတ်ပင်တားဆီးမှု များနှင့် ကြုံခဲ့ရသည်ဟု သူကဆိုသည်။ ရန်ကုန်နှင့် နယ်မြို့များရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဖျော်ဖြေရန် သွားသောအခါ သက်ဆိုင်ရာ အာဏာပိုင်များက ဖျော်ဖြေခွင့် မပေးခဲ့ကြသလို ဖျော်ဖြေခွင့်ပေးသော ဆိုင်ရှင်များကိုလည်း အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများနှင့် ကြုံခဲ့ရဖူးကြောင်းလည်း သူကပြောပြသည်။ “ဒီအချက်တွေကို ကြည့်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်က လုံခြုံမှု မရှိဘူးဆိုတာ ပြနေတာပေါ့။ ဥပဒေအတိုင်း တားမြစ်တာ မဟုတ်ဘဲ ဖျော်ဖြေခွင့် ပိတ်ပင်ခံ ခဲ့ရတာပေါ့။ နေရာတိုင်းမှာ ပိတ်ပင်တာတော့ မဟုတ်ဘူးပေါ့။ တချို့ နေရာတွေ ကျတော့လည်း မပိတ်ပင်ပါဘူး” ဟု ဖျော်ဖြေရေး ခရီးစဉ်များတွင် ကြုံခဲ့ရသော အာဏာပိုင်များ၏ ပိတ်ပင်မှုများအပေါ် သူ့အမြင်ကို ဖွင့်ဟသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ကို စတင်တည်ထောင်သည့် ကာလမှသည် ယခုအချိန်အထိ ရရှိ သော လှူဒါန်းငွေများကို နာရေးကူညီမှုအသင်း၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များနှင့် ကချင်ပြည်နယ်ရှိ စစ်ရှောင် ဒုက္ခသည်များအတွက် ‘ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း’ မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ချစ်ခင်မှုကို ပြတယ်

ကချင်နှင့် ရခိုင်ဒေသရှိ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့သည့်အတွက် ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများ ပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို သူရရှိခဲ့သည်။ “ဒီလိုဆုရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒီဆုက ကျွန်တော့်အပေါ်မှာ သူတို့ချစ်ခင်မှု ရှိတယ်။ ကျွန်တော် တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့တာ လေးတွေကို အသိအမှတ်ပြုလို့ ပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခြင်းအပေါ် သူ၏ခံစားမှုကို ဖွင့်ဟသည်။

ပန်းပျိုးလက်

ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ပရိသတ်တွေဆီက အလှူငွေများ ကောက်ခံ ခဲ့ရသလို ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးချင် သည့်အတွက် စဉ်းစားသောအခါ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပျိုးပင်ပေါက်လေးများကို လက်ဆောင် ပြန်ပေးဖို့ စိတ်ကူးရခဲ့သည်။ ယင်းစိတ်ကူးမှာ အင်းစိန် ကြို့ကုန်းရှိ အစ်မဖြစ်သူ၏ ခြံတွင် နေထိုင်စဉ်ရခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

ပျိုးပင်ပေါက်လေးများ ပျိုးရန်အတွက် ပျိုးထုပ်လေးများ၊ ဘူးစေ့၊ ချဉ်ပေါင်စေ့ကဲ့သို့ ဟင်းသီးဟင်းရွက် ပင်များ၏ မျိုးစေ့များကိုလည်း ပြင်ပမှ ဝယ်ယူ၍ အပင်လေး တွေ ဖြစ်အောင် ပျိုးသည်။ ရရှိလာသော ပျိုးပင်ပေါက်လေးများကို အင်းလျား ကန်ဘောင်ရှိ စားသောက်ဆိုင်တန်းတွင် ပရိသတ်များကို သီချင်းဖြင့် ဖျော်ဖြေရင်း ပျိုးပင်ပေါက်များကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်။ ထို့ပြင် နာရေးကူညီမှုအသင်းမှ တစ်ဆင့်အပင် စိုက်ပျိုးလိုသော သူများကို ပျိုးပင်ပေါက်များ ဝေငှပေးခဲ့သည်။

ပျိုးပင်တွေပျိုးရင်း သီချင်းဆက်ဆိုမယ်

ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် သီချင်းတွေဆိုရင်း အလှူငွေ ရှာခဲ့သူ၊ အလှူငွေ ထည့်ဝင်သည့် ပရိသတ်များကို လက်ဆောင်အဖြစ်ရော၊ ကမ္ဘာမြေ စိမ်းလန်းရေးအတွက်ပါ ပျိုးပင်ပေါက်လေးများကို ပြန်လည် ပေးခဲ့သော သူကဆက်လက်၍လည်း အပင်တွေပျိုးရင်း သီချင်းတွေ ဆက်ဆိုသွားမည် ဖြစ်ကြောင်း အောက်ပါအတိုင်း ပြောပြသည်။

“ဒုက္ခသည်တွေအတွက် အကူအညီရဖို့ ပန်းရဲ့လမ်း အဖွဲ့နဲ့ အလှူငွေတွေ ဆက်လက် ရှာဖွေသွားမှာ ဖြစ်သလို ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပန်းပျိုးလက်အမည်နဲ့ ပျိုးပင်လေးတွေ ဆက်ပျိုးသွားမယ်”

Written by  သန့်ဇင်ဦး - The Voice Weekly

တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံခြင်း


မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုတွင် သွားရောက် နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံ၍ သူပါဝင် သီဆိုမည့် တေးသံရှင် ခင်မောင်တိုး အမှတ်တရ စီးရီးအကြောင်း၊ ဂီတနယ်ပယ်အတွင်း အလေးထား ပြောဆိုလာ ကြသည့် မူပိုင်ခွင့် ဥပဒေအကြောင်းနှင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် ၎င်း၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ မြန်မာနိုင်ငံ ပြန်ရောက်နေတုန်း အစ်မဘာစီးရီးတွေ လုပ်ဖြစ်နေလဲ။

M.M.W.P ။ ။ မမီတို့ ကိုခင်မောင်တိုး အမှတ်တရ စီးရီးလေး လုပ်နေပါတယ်။ ဒီစီးရီးထဲမှာက တခြားအဆိုတော်တွေ ထက်စာရင် ကိုတိုးကြီးနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ သူတွေပါမယ်။ မဇ္ဈိမလှိုင်း တီးဝိုင်းက ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုနိုင်မင်း၊ စိုးစိုးရယ်၊ နောက်ပြီး သရုပ်ဆောင် နောင်နောင်၊ အဉ္စလီမောင်မောင်ရဲ့သားလေး၊ ကိုကြီးချို၊ ကိုစိုးထိုက်တို့ ပါမယ်။

Voice ။ ။ ဒီစီးရီးက ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

M.M.W.P ။ ။ သိပ်မကြာတော့ပါဘူး၊ အားလုံးပြီးနေပါပြီ။ မမီက နောက်ဆုံး ဆိုတာပေါ့။ မမီ ဆိုပြီးတာနဲ့ Mixing ဆွဲလို့ရပြီ။

Voice ။ ။ သီချင်းတွေက ကိုခင်မောင်တိုး ဆိုခဲ့တဲ့ သီချင်းအဟောင်းတွေပဲလား။

M.M.W.P ။ ။ သီချင်း တော်တော်များများကတော့ ကိုတိုးကြီး ဆိုခဲ့တဲ့ သီချင်း အဟောင်းတွေပါပဲ။ ဒါပေမဲ့ ကိုနေဝင်းတို့၊ ကိုနိုင်မင်းတို့ကတော့ သီချင်းအသစ်တွေ ဆိုကြမယ် ထင်တယ်။

Voice ။ ။ မမီကျတော့ ကိုတိုးကြီးရဲ့ ဘယ်သီချင်းကို ပြန်ဆိုထားလဲ။

M.M.W.P ။ ။ အမှန်အတိုင်း ပြောရရင် သီချင်းရွေးတဲ့ အချိန်မှာ မမီဆိုချင်တဲ့ သီချင်းတွေက အရမ်းများတယ်။ မမီသဘောကျတာတွေက အများကြီးပဲ။ ဆိုခါနီးကျတော့ ကိုယ်ကိုယ်တိုင် မရွေးဖြစ်တော့ဘူး။ တီးဝိုင်းကိုပဲ ရွေးခိုင်းလိုက်ပြီးတော့ ‘အချစ်ရဲ့ဘဝမှတ်တမ်း’ ဆိုတဲ့ သီချင်းလေး ဆိုမယ်။ ကိုတိုးကြီးက မမီအပေါ် အရမ်း Influence ရှိပါတယ်။ မမီက အစ်ကိုတွေ ကြားထဲမှာ ကြီးလာခဲ့တာ ဆိုတော့ ငယ်ကတည်းက ဒီလိုသီချင်းတွေကို အုတ်ခုံတွေမှာ ဂစ်တာတွေ တီးရင်း ဆိုခဲ့တာဆိုတော့ မမီရဲ့ဆရာလို့လည်း ပြောလို့ရပါတယ်။

Voice ။ ။ မမီကအခု အမေရိကကနေ ဒီကို အပြီးပြန်လာတာလား။

M.M.W.P ။ ။ တကယ်တမ်းတော့ မမီအိမ်က ဒီမှာပါ။ ဟိုကို သွားလိုက်တာကလည်း အဖေနဲ့အမေက နည်းနည်းအသက်အရွယ် ကြီးလာကြပြီဆိုတော့ မမီသူတို့နားမှာ နေဖို့ သင့်တယ်ဆိုပြီး သွားလိုက်တာ။ ဖေဖေက အခုဒီကို ပြန်လာဖို့ အခြေအနေ ပေးတယ်ဆိုတော့ ပြန်လာခဲ့တာ။ ဖြစ်နိုင်ရင်တော့ ဖေဖေရော၊ မမီပါ ဒီမှာပဲ နေချင်တယ်။ ဒါပေမဲ့ မေမေက လောလောဆယ် ဒူးခွဲရဦးမယ်၊ နောက် Anemia ဖြစ်နေတော့ ဆေးကုရမှာတွေ ရှိတာကြောင့် မမီဟိုမှာခဏ နေနေရတာ။

Voice ။ ။ မမီ နောက်ဆုံး ထွက်ထားတဲ့ စီးရီးနာမည်က ဘာလဲ။

M.M.W.P ။ ။ မမီရယ်၊ မေဆွိရယ်၊ ရတနာဦးရယ် သုံးယောက် ဆိုထားတဲ့ အဝေးတစ်နေရာ ဆိုတဲ့ စီးရီးလေးပါ။ ဒီစီးရီးလေး လုပ်ဖြစ်တာက အမေရိကမှာ နာဂစ်အတွက် လှူဖို့ဆိုပြီး မမီတို့ပွဲလေး တစ်ပွဲလုပ်တယ်။ အဲ့ဒီပွဲကိုလုပ်တဲ့ ကိုငယ်ဆိုတာက နယူးယောက်ကပေါ့။ သူက အစ်မတို့တွေ ကိုယ့်တိုင်းပြည်နဲ့ ဝေးတဲ့နေရာမှာ ရောက်နေတဲ့အတွက် အစ်မတို့ သီချင်းတွေကို ပရိသတ်က မကြား ရတာ ကြာပြီဆိုပြီး ဒီစီးရီးလေးကို သူစီစဉ်ပေးတာပေါ့။

Voice ။ ။ မမီ ဒီနိုင်ငံကနေ ထွက်သွားတာလည်း ကြာပြီဆိုတော့ ဒီကိုပြန်ရောက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ အနေအထားက ဘာတွေပြောင်းလဲ လာတယ်လို့ ထင်လဲ။

M.M.W.P ။ ။ မမီ ထွက်သွားတုန်းကထက် စာရင်တော့ အများကြီး ပြောင်းလဲလာပါတယ်။ မမီက ၂၀၀၇ ခုနှစ်လောက်မှာ ထွက်သွားတာပေါ့။ အဲဒီအချိန်တုန်းက ဒီနိုင်ငံမှာရှိတဲ့ အရာအားလုံးက တော်တော်လေး မွန်းကျပ်တယ်။ အခုတော့ စိတ်ထဲမှာ နည်းနည်း ပေါ့ပေါ့ပါးပါး ရှိပါတယ်။ လူတွေရဲ့ စားဝတ်နေရေးပိုင်းကတော့ ဒီလောက် မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ ကိုယ်ပြောချင်တာလေးတွေ ပြောခွင့်ရလာသလို ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိစ္စတစ်ခုကို ကိုယ်ကြိုက်တယ်၊ မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရလာကြတယ်။

Voice ။ ။ မြန်မာနိုင်ငံမှာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုရော မမီ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ မမီတို့က တောက်လျှောက်ကြီး စိတ်ထဲမှာ တို့နိုင်ငံကတော့ ပြောင်းလဲမှု ရှိတော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ကျပ်ကျပ်တည်းတည်းကြီး ခံစားခဲ့ရတဲ့ အခြေအနေတစ်ခုမှာ အကြာကြီး နေလာခဲ့ရတော့ အပြောင်းအလဲတစ်ခုကို အရမ်းလိုချင်ပါတယ်။ မမီလိုပဲ ပြည်သူအားလုံးလည်း လိုချင်မှာပဲလို့ မမီထင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့ ဦးဆောင်ပြီး သွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုလည်း မမီတို့ ဝမ်းသာပါတယ်။

Voice ။ ။ အခုဆို ဂီတလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဦးစားပေးပြီး လုပ်လာကြတယ်။ မမီကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ဆိုခဲ့တော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ ကိုယ်ပိုင်သံစဉ်တွေ ပိုပြီး လုပ်လာကြတာကိုတော့ မမီအရမ်း အားရပါတယ်။ အရင်ကတည်းက ဆိုင်းဇီ တို့ဆို ကိုယ့်သီချင်း ကိုယ်ရေးပြီးဆိုတယ်။ တခြား ကိုယ်တိုင် သီချင်းရေးနိုင်တဲ့ မိန်းကလေး အဆိုတော်တွေ အများကြီး ထွက်လာတယ်။ ယောက်ျားလေး ထဲမှာဆို လည်း တကယ့်ကို ကောင်းတဲ့သီချင်းတွေ အများကြီး ကြားရတယ်။ မမီအရင်ကတည်းက သိပါတယ်။ ကော်ပီ သီချင်းတွေက အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်တဲ့အချိန်လေးပဲ ဆိုကြမှာဆိုတာ မမီသိတယ်။ အခုတော့ ကိုယ်ပိုင် သံစဉ်တွေကိုပိုပြီး လုပ်လာကြတယ်ဆိုတာ ဒါဖြစ်ကိုဖြစ်သင့်တဲ့ ကိစ္စပါ။

Voice ။ ။ အခုဆို ဂီတလောကမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးပေး ပြောလာကြတယ်။ မမီကလည်း မူပိုင်ခွင့်ကို အလေးထားတဲ့ နိုင်ငံမှာ အချိန်အတော်ကြာ နေလာခဲ့တာ ဆိုတော့ မူပိုင်ခွင့်ဆိုတဲ့ အပေါ်မှာ မမီ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ မမီတို့က မူပိုင်ခွင့်နဲ့ ပတ်သက်ရင် ဘာမှကို လာမပြောနဲ့ ဆိုတဲ့ခေတ်မှာ နေခဲ့ဖူးတာ ပေါ့နော်။ အခုတော့ မူပိုင်ခွင့်အကြောင်း ဆွေးနွေးလာကြတာ၊ ပြောဆိုလာကြတာတေ ကြားရတော့ မမီ အရမ်းဝမ်းသာပါတယ်။ တဖြည်းဖြည်းနဲ့ စည်းစနစ်ကျနပြီး အားလုံး လိုက်နာနိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဥပဒေတွေ ထွက်ပေါ်လာဖို့ အတွက်ကတော့ အချိန်လေး တစ်ခုတော့ စောင့်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် စလုံးရေစနေပြီ ဆိုတဲ့အတွက် မမီအရမ်း အားရတယ်။ မူပိုင်ခွင့်ကို တကယ်အလေးထားတဲ့ တိုင်းပြည်မှာ နေခဲ့တာဆိုတော့ သူတို့တိုင်းပြည်မှာက မူပိုင်ခွင့်ကို အလေးထားတာက ကြောက်ဖို့တောင် ကောင်းပါတယ်။ အဲ့ဒီလောက်တောင် လေးစားရသလားဆို ပြီးတော့ပေါ့နော်။ စီဒီတစ်ချပ် ဝယ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်တစ်ခုမှာ ဖွင့်လို့မရဘူး။ သိပ်တင်းကျပ်တယ်။ လူတွေ ကိုယ်တိုင်ကလည်း မလုပ်ကြဘူး။ အိမ်မှာ နားထောင်မှာလား။ ဟိုတယ်မှာ ဖွင့်မှာလားဆိုပြီး တစ်ခုခု စီးပွားရေးနဲ့ ပတ်သက်လိုက်တာနဲ့ သူတို့ရဲ့ Rights တွေက မတူတော့ဘူး။ ဒီမှာလည်း အခုဆို ဂီတအစည်းအရုံးကနေ ဦးဆောင်ပြီး FM တွေ၊ ရုပ်သံလိုင်းတွေကနေ မမီတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဆောင်ရွက် ပေးနေပါပြီ။ ဒီ့ထက်ပိုပြီး လုပ်စရာတွေတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ အခုဆို ကဏ္ဍအားလုံးမှာ ပြုပြင် ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင် နေကြပြီ။ ဖြစ်ချင်တိုင်းတွေ ဖြစ်ထားတာတွေကို စနစ်တကျ ပြန်ဖြစ်ဖို့အတွက် စလုပ်နေကြပြီဆိုတော့ တစ်ချိန်မှာတော့ လမ်းကြောင်းက တည့်သွားမှာပါ။

Voice ။ ။ မမီရဲ့ ပရိသတ်တွေက ရှိနေတုန်းပဲဆိုတော့ အနုပညာ အလုပ်တွေကို ဘယ်တော့လောက် ပြန်လုပ်ဖြစ်မလဲ။

M.M.W.P ။ ။ မမီက မေမေ့ ကျန်းမာရေးအတွက် သေချာဂရုတစိုက် ပြင်ဆင်ပေးပြီးတော့ ဒီကိုပြန်လာခွင့် ရပြီဆိုရင် ပရိသတ်အတွက် Own Tune ခွေတစ်ခွေကို သေချာလေး လုပ်ချင်ပါတယ်။ အဲ့ဒီကျလို့ရှိရင် မမီတို့အရွယ်တွေအပြင် နောက်တက်လာမယ့် ကလေးတွေ အတွက်ပါ အသုံး တည့်မယ့်၊ အဆင်ပြေမယ့် သီချင်းမျိုးလေးတွေကို ဆိုနိုင်အောင် မမီကြိုးစားပါ့မယ်။

Written by  သန့်ဇင်ဦး - The Voice Weekly

ဂျွန်ထရာဗိုလ်တာ ဖန်ကမ္ဘာလုံးဆု ဆွတ်ခူး

ခါလိုဗီ ဗေးရီး၊ ဇွန် ၂၉

နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ဂျွန်ထရာဗိုလ်တာဟာ ချက်ဇ်နိုင်ငံမှာ ကျင်းပတဲ့ ခါလိုဗီဗေးရီး ရုပ်ရှင်ပွဲတော်မှာ ဖန်ကမ္ဘာလုံးဆု ဆွတ်ခူးခဲ့တယ်လို့ hollywoodreporter.com မှာ ဖော်ပြထား ပါတယ်။

ဥရောပရဲ့ ထိပ်တန်း ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်တဲ့ ခါလိုဗီဗေးရီး ရုပ်ရှင်ပွဲတော်ကို ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တာ ဖြစ်ပြီး နာမည်ကျော် အနုပညာရှင်တွေ အပါအဝင် ပရိသတ် ၂၀၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်မှာ ဂျွန်ထရာဗိုလ်တာရဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Pulp Fiction, Grease, Saturday Night Fever နဲ့ The Talking of Pelham 1 2 3 တို့ကိုလည်း ပြသခဲ့တယ်လို့ သိရပါတယ်။

ဆုလက်ခံရယူ အပြီးမှာ ဂျွန်ထရာ ဗိုလ်တာက “သရုပ်ဆောင် ဖြစ်ရတာ အထူးအခွင့်အရေး တစ်ရပ်ပါပဲ” လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဂျွန်ထရာဗိုတာလ် အပြင် အခြားနာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဟယ်လင်မီရန်၊ ဂျူလော၊ ဟာဗေးကီတဲလ်၊ ဂျွန်မယ်လ်ကိုဗစ်ခ်ျ တို့ဟာလည်း ယခင်နှစ်တွေက ဖန်ကမ္ဘာလုံး ဆုကို ရရှိဖူးပါတယ်။

The Voice Weekly

အကြီးအကျယ် အားပေးခံရတဲ့ Rolling Stone အဖွဲ့ ဖျော်ဖြေမှု

တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ Rolling Stone အဖွဲ့သားတွေ

လွန်ခဲ့တဲ့ ၄၃ နှစ်လောက်ကတည်းက နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ အင်္ဂလန် အနောက်တောင်ပိုင်းက Glastanbury ဂီတ ပွဲတော်မှာ ရိုးလင်းစတုန်း ဂီတ အဖွဲ့က ပထမဆုံး အကြိမ် ဖျော်ဖြေခဲ့ပါတယ်။

အသက် ခြောက်ဆယ့် ကိုးနှစ် ရှိပြီ ဖြစ်တဲ့ အဆိုတော် မိုက်ခ် ဂျက်ဂါ ဦးဆောင်တဲ့ ရိုးလင်း စတုန်း အဖွဲ့က တချိန်က သူတို့ အဖွဲ့ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်တဲ့ Jumping Jack Flash သီချင်းနဲ့ စတင် ဖျော်ဖြေခဲ့ပါတယ်။

Glastanbury ဂီတ ပွဲတော် လုပ်ခဲ့တဲ့ ကာလတလျှောက် အခု ရိုးလင်းစတုန်း အဖွဲ့ ရဲ့ ဖျော်ဖြေမှုဟာ ပရိသတ်ရဲ့ အားပေးမှု အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။

သုံးရက်ကြာ ကျင်းပတဲ့ ဒီဂီတပွဲတော်ကို လူပေါင်း တသိန်းသုံးသောင်းလောက် တက်ရောက်ခဲ့ ပါတယ်။

ဒီပွဲဟာ ဗြိတိန်မှာ သူတို့ ဖျော်ဖြေခဲ့တဲ့ သမိုင်းတလျောက် အထွပ်အထိပ်ကို ရောက်ခဲ့တဲ့ အောင်မြင်မှု တခုဘဲလို့ ရိုးလင်းစတုန်း အဖွဲ့က ဂီတာ သမား Keith Richards က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို

ဒိုင်တွေက အနိုင် ရသူကို လူမှားပြီး ကြေညာ မိရာ ကနေ ဒုတိယ ရတဲ့ သူက အလှ ဘုရင်မ သရဖူ ရရှိ ခဲ့သူကို ဝင်ပြီး နပန်း လုံးခဲ့ တာပါ။ BBC Burmese - ၂၉.၀၆.၂၀၁၃ (စနေနေ့)

ဂျပ်စတင်ဘီဘာရဲ့ အိပ်မက်ထဲက လင်းနို့လူသား ကားတစ်စီးအတွက်ဆိုရင်


အသက် ၁၉ နှစ်အရွယ်မှာ နာမည်ကျော်ကြား နေခဲ့ဖြစ်တဲ့ ပေါပ့်အဆိုတော်ဂျပ်စတင်ဘီဘာဟာ သူအကြိုက်နှစ်သက်ဆုံး ကားကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက လင်းနို့လူသားစီးတဲ့ ကားပုံစံမျိုးပိုင်ဆိုင်ချင်လို့ပါတဲ့။ ဂျပ်စတင်နှစ်သက်တဲ့ကားက Fisker Karma လျှပ်စစ်ကားပါ။ သူ့ရဲ့ ၁၈ နှစ် မြောက်မွေးနေ့ပွဲမှာ မန်နေဂျာ စကူတာဘရောန် က လက်ဆောင်ပေးခဲ့ဖူးပါတယ်။ သူကြားခဲ့တဲ့ သတင်းတစ်ခုက အဲဒီကားကုမ္ပဏီမှာ ဘဏ္ဍာရေး အခက် အခဲတွေရှိနေတာကြောင့် ကုမ္ပဏီပိတ်ပစ် ရတော့မယ့်အခြေအနေမျိုး ရှိနေတယ်။ ကုမ္ပဏီက နောက်ထပ်ထုတ်လုပ်မယ့်မော်ဒယ်ဟာ ဂျပ်စတင် အိပ်မက်အမြဲ မက်နေခဲ့ရတဲ့ လင်းနို့လူသားစီးတဲ့ကားပုံစံပါပဲ။ ဂျပ်စတင်က သူ့ရဲ့လက်ထောက်တွေ ကို ကုမ္ပဏီရဲ့ သတင်းအသစ်တွေပေးဖို့ အသိ ပေးထားလိုက်တယ်။ ဂျပ်စတင့် အဖွဲ့ကတော့ မတွေးမဆ၊ ရင်းနှီးမြှုပ်နှံဖို့ ခွင့်မပြုချင်ကြဘူး။

ပြီးခဲ့တဲ့နွေရာသီတုန်းက Boyfriend အဆိုတော်လေးဟာ သူ့ရဲ့ Fisker Karma ကားနဲ့ကယ်လီဖိုးနီးယား၊ ကာလာဘာဆာ့ 101 Southland freeway မှာ တစ်နာရီမိုင် ၁ဝဝ ကျော်အောင် မောင်းနှင်ခဲ့တယ်။ ရဲက အပြစ်ပေးတားမြစ်တာ ခံရသေးတာပေါ့။ ဂျပ်စတင်ရဲ့ Fisker Karma ဟာ hybrid ပါဝါပြိုင်ကားမျိုးဖြစ်ပြီး ဖင်လန်နိုင်ငံ မှာထုတ်လုပ်တယ်။ ဒေါ်လာ ၁ဝဝ,ဝဝဝ တန် ကြေးရှိပါတယ်။

ငွေရောင်တောက်တောက်ပပ ခရုမ်းသတ္တုသားနဲ့ ပြုလုပ်ထားတဲ့ကားဖြစ်ပြီး တစ်နာရီအမြင့်ဆုံး ၁၂၅ မိုင် မောင်းနှင်နိုင်တယ်။ ၂ဝ၁၁မှာ ဂျပ်စတင်ဟာ သူ့စိတ်ကြိုက် ပေါင် ၁ဝဝ,ဝဝဝ တန်တဲ့ Range Rover ကားတစ်စီး ဝယ်ခဲ့ပါသေးတယ်။ အဲဒီကားမှာတော့ အသံစနစ် အတွက်ကိုပဲ ပေါင် ၅ဝ,ဝဝဝ တန်ကြေးရှိတယ်။ အတွင်းမှာ သားရေသားနဲ့ဖြစ်ပြီး ပန်းချီဆေးရေး ခြယ်မှုန်းထားပါတယ်။ Cosworth အင်ဂျင်နဲ့ ကားပါ။ တကယ်ဆို Batman စတိုင် Cadillac နဲ့ Ferrari ကားတွေလည်း ပိုင်ဆိုင်ထားပါသေး တယ်။ လင်းနို့လူသားစတိုင်ကားတွေကို မဆုံးနိုင် အောင် ကြိုက်နှစ်သက်လှတဲ့ ဂျပ်စတင်ဘီဘာပါ ပဲ။

Yati Magazine

သူတို့ပြောတဲ့ “D” သံသာဝင်း

Yati Magazine

‘Drugs’

‘Drugs’ ဆိုတာကို သံသာ တစ်ယောက်တည်းရဲ့ အဓိပ္ပာယ် အနေနဲ့ဆိုရင် လူသားတွေကို ဆိုးကျိုးပေးတဲ့အရာပါပဲ။ သာမန်လူတွေမှာတော့ ‘Drugs’ ဆိုတာနဲ့ နံပါတ်ဖိုးထိုးတာလို့ပဲ ထင်တတ် ကြတယ်။ သံသာဆိုလည်း အရင်တုန်းက ‘Drugs’ ဆိုတာ ဘိန်းဖြူထိုးတာပဲလို ထင်ခဲ့မိတယ်။ အမှန်တော့ ‘Drugs’ က အများကြီးပါပဲ။ စိတ်ကြွဆေးတွေ စိတ်ကျစေတဲ့ဆေးတွေ အမျိုးမျိုးရှိတယ်။ ဆေးလုံး တွေဆေးပြားတွေ ဆေးရည်တွေ၊ ဆေးမှုန့်တွေ အများကြီးရှိတယ်။ လူငယ်ဆိုတာမျိုးက လည်းလက်တည့်စမ်းချင်ကြ တဲ့ စိတ်ရှိကြတယ်။ လက်တွေ့မှယုံချင်ကြတာ လူငယ်သဘာဝပဲလေ။ ဘယ်အရာကိုမဆို စမ်းချင်ကြတယ်။ အဲဒီလို စမ်းရင်းနဲ့ ဒီ ‘Drugs’ တွေနဲ့ ထိတွေ့ကြတာပဲ။ စမ်းရင်းနဲ့မှ Over Drugs ဘဝကိုရောက်ပြီး ဘဝဆုံးသွားကြတဲ့ လူငယ်တွေ သံသာတို့ လူ့ပတ်ဝန်းကျင်မှာ အများကြီးပဲ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြ မှာပါ။ အဓိကကတော့ အပေါင်းအသင်းမှားတာ ကနေ စကြတာပါပဲ။ ‘Drugs’ ဆိုတာက သုံးစွဲတဲ့သူ ကိုတင် ဆိုးကျိုးပေးတာမဟုတ်ဘူး။ သူ့ရဲ့ပတ်ဝန်း ကျင်ကလူတွေကိုပါ ဆိုးကျိုးပေးတာပါ။ ငယ်တဲ့ အရွယ်မှာ စမ်းသပ်ရင်းနဲ့ စွဲလမ်းသွားပြီး အသက် ကြီးတဲ့အထိ ‘Drugs’ ရဲ့သားကောင်တွေ ဖြစ်သွား ကြရတယ်။ ဒီတောီ့မကျါ ဆိုတာ မကောင်း ဆိုးဝါးတစ်ကောင်ဆိုရင် မမှားဘူးပေါ့။ တချို့ လူငယ်တွေကျတော့လည်း လက်တည့်စမ်းကြည့် ပြီး ဒီအကြောင်းကို သိသွား လို့ ရှောင်လိုက်နိုင်ကြ တာမျိုးတွေလည်း ရှိကြပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ ပါးနပ်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒီကိစ္စက အထူးသဖြင့်လူတစ်ယောက်ရဲ့ခံစားချက်နဲ့ ဆိုင်တယ်။ တချို့က ‘Drugs’ သုံးတာက ကိုယ့်ဘဝမှာ ရှိတဲ့ စိတ်ဆင်းရဲစရာ အားလုံးကို ဒါနဲ့ ဖြေဖျောက် လို့ ရနိုင်တယ်လို့ထင်ပြီး သုံးစွဲကြတယ်။ နောက်ပြီး အပျော်လွန်ပြီး သုံးကြတာလည်း ရှိတယ်။ အခုဆို ရင် Club တွေ သွားကြတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးကခုန်ကြတယ်။ ပျော်ပါးကခုန်ကြတဲ့အထိက ပြဿနာမရှိသေးပေမယ့် အဲဒီလိုနေရာမှာက အပေါင်းအသင်းနဲ့တွေ့ပြီး အပေါင်း အသင်းမှား ပြီး ‘Drugs’ နဲ့ ထိတွေ့သွားနိုင်တယ်။ များသောအားဖြင့် လူငယ်တွေအတွက်က ‘Drugs’ ဆိုတာ ထိတွေ့ပြီးသွားရင် ပြန်ပြီးရုန်းထွက်ဖို့ခက်ပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်ပြီး Control လုပ်နိုင်ဖို့ကကျ တော့ ပြောသလောက်တော့ မလွယ်ဘူး။ ပါးနပ်ဖို့ လိုတယ်လေ။ Drugs ကိုစွဲလမ်းသွားတဲ့ သူဆိုတာ အရက်စွဲတာမျိုး ဆေးလိပ်စွဲတာမျိုးနဲ့ မတူဘူး။ ဘဝပါပျက်သွားလောက်တဲ့ အထိဖြစ်တာပါ။ တချို့ဆို ဆေးရုံတောင်တက်ပြီး ဖြတ်ရတယ်ဆိုတာ မျိုးအထိ ဖြစ်သွားတယ်။ လနဲ့ချီ Care လုပ်ပြီး ရေရှည် Treatment လုပ်ကြရတယ်။

‘Drugs’ က ကောင်းသလားဆိုတော့ ဒါကတော့ သုံးတဲ့သူတွေ ပဲသိလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ရင်းရလောက် အောင်တန်လားဆိုတာတော့ ပြန်ပြီး မေးခွန်း ထုတ်ရလိမ့်မယ်။ ပြီးတော့ ‘Drugs’ ဆိုတာ ဝယ်ရတာ မလွယ်သလိုဈေးတွေကလည်း မပေါဘူး။ ဒီတော့ ဒီဆေးရဖို့အတွက် ကိုယ့် Character ပါ ပျက်စီး သွားကြတာတွေရှိတယ်။ ဆေးဝယ်ဖို့ ခိုးတယ်ဝှက်တယ်။ လုယက်တယ်ပေါ့။ နောက်ပြီး ဆေးသုံးတဲ့သူက Personality ပါ ကျသွားတာပါ။ လန်းဆန်းတဲ့ အသွင်အပြင်မရှိတော့ဘူး။ မျက်လုံး တွေကလည်း သာမန်နဲ့မတူဘဲ ဂနာမငြိမ်ဖြစ်တတ် တယ်။ အပြောအဆိုတွေကလည်း သာမန်မဟုတ် တော့ဘူး။ ဒါကြောင့် ဒီလိုကိစ္စတွေ အထိရင်းပြီး ဆေးသုံးရတာ တန်ရဲ့လားပေါ့။ လူငယ် တစ်ယောက် အတွက်ကတော့ အပေါင်းအသင်းက အဓိကပါပဲ။

သံသာကြားဖူးတာကတော့ အပေါင်းအသင်း ကဆွယ်လို့ ကိုယ်က ဆေးသုံးဖြစ်သွားတယ်ပဲ ကြားဖူးတယ်။ အဲဒီလိုလာပြီးဆွယ်တဲ့ သူငယ်ချင်း ကို ‘Drugs’ ရဲ့ မကောင်းကြောင်းတွေပြောပြီး သူပါမသုံးဖြစ်တော့အောင် လုပ်ပေးပါတယ်ဆိုတဲ့ အကြောင်းမျိုးမကြားဖူးဘူး။ ဒီတော့ သံသာ အမြင်ကတော့ ‘Drugs’ နဲ့ ပတ်သက်ပြီး လူငယ် တွေကို ပညာပေးတွေ များများလိုလိမ့်မယ်။ နောက်ပြီး ပတ်ဝန်းကျင်ကလည်းလိုတယ်။လူ တစ်ယောက်ကဆေးသုံးမိလို့ စွဲသွားပြီ။ ဒါပေမဲ့ ဒီဆေးက မကောင်း ဘူးဆိုတာသိပြီး သူက ဖြတ် ချင်စိတ်ရှိပြီ။ ဒီလိုအချိန်မှာ သူနဲ့တွေ့ရမယ့် ပတ်ဝန်းကျင်က တအားအရေးကြီးပါတယ်။ သူ့ မိဘ၊ သူ့ရဲ့ဆရာသမား၊ သူငယ်ချင်းဒါတွေက သူ့ကို ကောင်းကောင်းပံ့ပိုးပေးပြီး သူဆေးဖြတ် သွားနိုင်အောင်ကူညီပေးရမယ်။ လမ်းမှန်ကိုပြပေးနိုင်တဲ့သူတွေ ဖြစ်ဖို့လိုတယ်။ သူ့ကို နားလည်ပြီး ဖေးမပေးရတယ်။ ဆေးသုံးတဲ့သူတွေရဲ့ Emotion တွေ Feeling တွေက အတက်အကျ တအားမြန်တယ်။ သူတို့ရဲ့ အတွေးတွေက ပုံမှန်ရှိမနေတတ်ဘူး။ ဒါကိုနားလည်ပေးပြီး ဖေးမပေးနိုင်ရမယ်။ နောက်အရေးကြီးတာက သူကဆေးပြတ်ပြီပေါ့။

ဆေးပြတ်ပြီးသွားတဲ့ သူတစ်ယောက်က Society ထဲ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ကိုပိုပြီး Care လုပ်ပေးရမယ်။ လူတွေကဘယ်လိုသဘောမျိုး ရှိတတ်လဲဆိုတော့ ”ဟာ ဒီကောင်က ဆေးသမား ဖြစ်ဖူးတယ်ဆိုပြီး Discriminate လုပ်တတ်ကြ တယ်။ လူ့အဖွဲ့ အစည်းထဲက ဖယ်ချင်ကြတယ်။ ဒီတော့ ဒီလူက ဒီနေရာမှာ သူ့ကို နေရာ မပေးတော့ သူ့ရဲ့ နဂိုနေရာပြန်ရောက်သွားပြီး နောက်ထပ် Drugs User အဖြစ်ပြန်ရောက်သွားတယ်။ ဒါကြောင့် အဲဒီလိုခွဲခြားတာ နှိမ်ချဆက်ဆံတာမျိုး တွေ မလုပ်ဘဲ တန်းတူလေးထားပြီး နေရာပေးစေ ချင်ပါတယ်။ လူဆိုတာ ဘဝမှာမှားသွားနိုင်ပါ တယ်။ အဲဒီအမှားကို မှားမှန်းသိပြီး အမှန်ပြန်ပြင် တာကို သံသာတို့က ဝိုင်းပြီးပံ့ပိုးပေးရမယ်လေ။သံသာအမြင်ပြောရရင်တော့ စီးပွားရေး ဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ လူမှုရေးဒုက္ခတွေ မျိုးစုံနဲ့ တွေ့ရတဲ့ Drugs ဆိုတာကို လုံးဝမထိတွေ့မိပါ စေနဲ့လို့ ပြောချင်ပါတယ်။

Depression

Depression ဆိုတာက စိတ်ကျတာပေါ့။ အခုခေတ်မှာ Depression ခံစားရတဲ့ သူတော် တော်များတယ်။ အရင်တုန်းကတော့ သူများ Depression ဖြစ်တာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ်ကအသက်လည်းရလာပြီး ကိုယ်တိုင်လည်း Depression ခံစားရပြီးတော့မှ ဒါကို နားလည်နိုင်သွားတယ်။ Depression ဆိုတာလည်းထူးဆန်းတယ်ပြောရမယ်။ ဖြစ်နေတဲ့သူက ကိုယ်တိုင်မသိနိုင်ဘူး။ ဘေးကလူကပဲ ကြည့်ပြီးသိရတယ်။ အခုဆိုရင် Depression ဆိုတာကို လူငယ်တွေက ခေတ်စကားနဲ့ D ဝင်နေတယ်လို့ ပြောကြတယ်။ စိတ်ကျတာက လူကြီးမှ မဟုတ်ဘူး။ လူငယ်တွေမှာလည်း ဖြစ်ပါတယ်။ အင်မတန် တက်ကြွနေတဲ့အရွယ် လူငယ်တွေမှာဝင်တဲ့ Depression က ပိုတောင် ဆိုးတတ်သေးတယ်။ အခုခေတ်ကာလမှာ Depression သမားတွေ ပိုများတယ်ဆိုတာ ခေတ်ရဲ့အခြေအနေကြောင့် လည်း အများကြီးပါပါတယ်။

ဒီခေတ်ရဲ့စီးပွားရေး အခြေအနေ၊ ပညာရေး၊ လူမှုရေးဒါတွေက Depression အများကြီးဖြစ်စေတာပေါ့။ အားငယ်စိတ်တွေ ပူပန်မှုတွေတအားများတဲ့သူက Depression ဖြစ်နိုင်ခြေပိုများတယ်။ ကိုယ့်ကိုယ် ကိုယ် မကျေနပ်ဖြစ်နေတဲ့သူတွေပေါ့။ နောက်ပြီး စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် ကိုယ်လုပ်တာတွေက မအောင်မမြင်ဖြစ်တာမျိုး၊ မှားယွင်းသွားတာမျိုးတွေ ဖြစ်နိုင်တယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုဘေးကနေ Support လုပ်ပေးမယ့်သူလိုတယ်။ Support ဆိုတာ နှစ်သိမ့်ပေးတာမျိုး၊ အားပေးစကားပြောပေးရုံပါပဲ။ ဒီလိုလေးတောင်မရှိခဲ့ရင် အဲဒီလူကDepression ဝင်သွားတာပဲ။ လူအများစုက ကိုယ်လိုချင်တာမရတော့ ဘူးဆိုတဲ့အချိန်မှာ Depression ဖြစ်သွားတယ်။ ဒီလိုအခြေအနေနဲ့ တွေ့နေတဲ့သူကို မိသားစုတွေအသိုင်းအဝိုင်းတွေက နားလည်ပေးနိုင်ရမယ်။ သူက တစ်ယောက်တည်းနေချင်တယ်တို့၊ ဘယ်သူ့ ကိုမှ စကားမပြောချင်တော့ဘူးတို့တွေ ဖြစ်တတ်တယ်။ ဒါကိုနားလည်ပေးပြီး သူ့ကိုဖေးမပြီး စောင့်ရှောက်ပေးလိုက်ရင် ခဏနဲ့ပျောက်သွားမှာပါ။ အဲဒီလို ဖေးမတာမလုပ်ပေးခဲ့ရင် သူက Depression ရဲ့ နောက်ဆက်တွဲတွေ ဖြစ်ကုန်ရော။

စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ လျှောက်လုပ်တာပေါ့။ ဥပမာ-ဆေးစွဲသွားတာတို့၊ ကိုယ့်ကိုယ် ကိုယ်သတ်သေသွားတာတို့အထိ လုပ်သွားနိုင်တယ်။ ကိုယ်က Depression မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ သံသာကသိပ်ပြီး မသိဘူး။ ဒါပေမဲ့ သံသာ့အမြင်အရဆိုရင်တော့ ကိုယ်ကကိုယ့်ဘဝကို Prepare လုပ် ထားရမယ်။ ဘဝဆိုတာ အချိုးအကွေ့ အင်မတန်များပါတယ်။ တစ်သမတ်တည်းရှိမနေဘူး။ အောင်မြင်တာတွေ ရှိသလို ဆုံးရှုံးတာတွေလည်း ရှိမှာပဲ။ ဒါတွေကို ခံနိုင်ရည် ရှိအောင် ကိုယ်က ပြင်ဆင်ထားရမယ်။

ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ ဘာသာရေးလုပ် တာပေါ့။ သံသာဆိုရင် ခရစ်ယာန်ဆိုတော့ ဘုရား ဆုတောင်းတာလုပ်တယ်။ ကိုယ်နဲ့ဆိုင်ရာ ဘာသာ ရေးကိုလုပ်ရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား လို့ ရတယ်။ တရားသဘောကို နားလည်ထားတော့ ကောင်းတာပေါ့။ Depression ဆိုတာက လူတိုင်းဖြစ်နိုင်တယ်။ အလွယ်တကူ ဖြစ်နိုင်တဲ့ ကိစ္စပါ။ Depression ရလို့ လုပ်မိလုပ်ရာလုပ်လိုက်တဲ့ ထွက်ပေါက်တွေကနေ နောက်ဆက်တွဲဆိုးကျိုးတွေက အန္တရာယ်ဖြစ်တာ။ ဒါကြောင့်လူတိုင်းဟာ ကိုယ့်ဘဝအတွက်ကြိုပြီး Prepare လုပ်ထားဖို့ လိုပါတယ်။

Daddy

Dadd ဆိုတာကတော့ အဖေပေါ့။ သံသာဆိုရင် ငယ်ငယ်တုန်းက ဖေဖေနဲ့ တစ်ရုပ်တည်းတူတာတဲ့။ မေမေဆိုရင် ခဏခဏ ပြောတယ်။ လမ်းဘေးမှာသာ သွားပစ်ထားခဲ့လည်း အိမ်ပြန်ရောက်လာမှာပဲတဲ့ ဘာလို့လဲဆိုတော့ ဖေဖေနဲ့တစ်ရုပ်တည်းတူတော့ အိမ်ကိုပြန်လာပို့ကြမှာတဲ့။ သံသာက အသားညိုတာ ဆံပင်ကောက်တာတွေ ကအစ ဖေဖေနဲ့ တထေရာတည်းတူတာ။ အခု ကျမှသာမိတ်ကပ်တွေ ဘာတွေပြင်လိုက်ရင် မသိကြတဲ့လူတွေက မေမေနဲ့တူတယ်လို့ ပြောကြတာ။ အမှန်က သံသာက ဖေဖေနဲ့တူတာပါ။ နောက်ပြီးသမီးတွေအတွက် Daddy ဆိုတာက ပိုပြီးနက်ရှိုင်းတယ်။ ဘာလို့လဲဆိုတော့ အဖေတွေက သမီးတွေကို ပိုပြီးချစ်တတ်ကြတယ်လေ။ သံသာတို့မှာ မောင်နှမ ၄ ယောက်ရှိတယ်။ ၄ ယောက်လုံးကို ပြုစုပျိုးထောင်တဲ့ပုံရော၊ ဆုံးမတဲ့ပုံစံရောကတော့ ဖေဖေရော မေမေရောက ညီတူညီမျှပဲလုပ်ပေးခဲ့တာပါ။ တချို့မိသားစုဆိုရင် ရှိတတ်တယ်လေ အကြီးဆုံးမို့လို့တို့ အငယ်ဆုံးမို့လို့တို့နဲ့ ပိုချစ်တာ မျိုးတွေရှိတတ်တယ်။ သံသာတို့မိသားစုက အဲဒီလိုမရှိခဲ့ဘူး။ အားလုံးအတူတူပဲ။ သားသမီးကို သွန်သင်တာမှာ အမေတစ်ယောက်တည်းထက် အဖေရောအမေရောပါရင် ဒီသား၊ သမီးတွေ အတွက် ပိုကောင်းတာပေါ့။ များသောအားဖြင့် အဖေတွေက သား၊ သမီးကို ဆုံးမစရာရှိရင်တောင် အမေကတစ်ဆင့် ပြောခိုင်းတတ်တာမျိုးလေ။ ဒီတော့ လူတွေက အဖေကို မေ့နေတတ်ကြတယ်။ အဖေတွေရဲ့ မေတ္တာကိုလျစ်လျူရှုထားတာတွေ ရှိကြတယ်။ အမှန်ကတော့ အဖေက အမေတွေနဲ့ အတူတူပါပဲ။ အဖေဆိုတာမျိုးက သူတို့စိတ်ထဲမှာ ရှိတာကို မဖော်ပြတတ်ကြဘူး။ အမေကတော့ ပြောစရာရှိပြော၊ ဆူစရာရှိဆူ၊ ရိုက်စရာရှိ ရိုက် တာပဲ။ ဒီတော့ သား၊ သမီးတွေက အမေနဲ့ပိုပြီး ရင်းနှီးသွားတယ်။ အမှန်ကတော့ အဖေ့မေတ္တာက အမေ့မေတ္တာ အတိုင်းပါပဲ။ သား၊ သမီးကို စိတ်ပူ တတ်တယ်။ ချစ်တတ်တယ်။ စိုးရိမ်တတ်ကြပါ တယ်။ သံသာ့အဖေက သား၊ သမီးတွေနဲ့ အရမ်း ရင်းနှီးအောင်နေတယ်။

ဖေဖေ့အလုပ်က နိုင်ငံ ခြားအမြဲသွားနေရပြီး သံသာတို့နဲ့ အမြဲမနေရပေ မယ့် သား၊ သမီးတွေနဲ့ ရင်းနှီးအောင်နေတယ်။ သံသာတို့မောင်နှမတွေကို နိုင်ငံခြားခေါ်သွားပြီး ပြင်ပဗဟုသုတတွေရအောင် လုပ်ပေးတယ်။ ပြီးတော့ မေမေကဆိုရင် ကိုယ်ပူဆာတာတွေကို အကုန်ဝယ်ပေးချင်မှ ဝယ်ပေးတာ။ ဝယ်ပေးဖို့ မလိုဘူးထင်ရင် မေမေက လုံးဝမဝယ်ပေးဘူး။ ဖေဖေက အဲဒီလို မဟုတ်ဘူး။ လုံးဝမငြိုငြင်ဘူး။ သားသမီးပူဆာရင် အကုန်မဖြစ်ဖြစ်အောင် ဝယ်ပေးတယ်။ သံသာအတွက်တော့ Daddy ဆိုတာ ပြီးပြည့်စုံမှုပါပဲ။

ဖြိုးစုပိုပို

Yati Magazine

သူတို့ပြောတဲ့ “D” မိုးမင်း



‘Drugs’

‘Drugs’ ရဲ့ အမှန်တကယ် အဓိပ္ပာယ်ကတော့ ဆေးဝါးပေါ့။ ဆေးဝါးဆိုတာ လူတွေအသုံးပြုဖို့ အတွက်လိုအပ်တာပေါ့။ ‘Drugs’ ဆိုတာ ကြောက်စရာကောင်းတဲ့အရာ မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ သုံးဖို့ပါပဲ။ အသုံးပြုတဲ့သူပေါ်မှာပဲ မူတည်တယ်။ သုံးသင့်သလောက်ပဲ သုံးရမယ်။ ဆေးတိုင်းမှာ Side Effect ဆိုတာ ရှိတယ်။ မြန်မာပြည်ရဲ့
တိုင်းရင်းဆေးဝါးတွေကိုလည်း အင်္ဂလိပ်လိုခေါ်ရင် ‘Drugs’ ပါပဲလေ။ ဓာတ်ပြုမှု လွန်ကဲပြီး မှားယွင်းသွားရင် အဆိပ်ဖြစ်သွားတယ်။ ဆေးဝါးတွေကို မှန်ကန်အသုံးပြု တတ်ဖို့ လိုအပ် တယ်။ ဒါကြောင့် ဆရာဝန်တွေက လမ်းညွှန်ပေး ရတာပေါ့။ ဒါကြောင့် အိမ်သုံးဆေးဝါးများ သုံးစွဲနည်းလမ်းညွှန်စာအုပ်တွေ ဘာတွေ ရှိလာ တာလေ။ အခု ‘Drugs’ ဆိုတဲ့စာလုံးကို အနီရောင်နဲ့ဝိုင်းထားပြီး ကြက်ခြေခတ်ထားတယ်။ ဒါဆို ဒီဆေးဝါးကို မသုံးရဘူးလားပေါ့။ ဒါကတော့ မူးယစ်ဆေးကို ပြောတာပါ။ ဒါတောင် မူးယစ်ဆေးဝါးတချို့က မနာကျင်အောင်လုပ်ဖို့နဲ့ စိတ် ပိုင်းဆိုင်ရာကုသရေးတွေမှာ လိုအပ်သေးတာပဲ။ ဒါတွေရဲ့ အာနိသင်ကဘာလဲဆိုတော့ မူးယစ် ထုံထိုင်းစေတဲ့စိတ်ကို ပြောင်းလဲစေတယ်။ စိတ် ကြွဆေးဆိုတာလည်း လိုအပ်မှုတစ်ခုရှိရင်ပေါ့။ ဥပမာ – နိုင်ငံတော်အတွက်ကာကွယ်ရေးလုပ်ဖို့ လူတစ်ယောက်က ၃ ရက်လောက်မအိပ်ဘဲ ကင်းစောင့်ရမယ်ဆိုရင် သူ့အတွက် လိုအပ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုမလိုဘဲ သုံးတာတော့ မလုပ်ရဘူး။ လူငယ်တွေက မှားယွင်းပြီး သုံးတတ်ကြတယ်။ အထူးသဖြင့် လူငယ်ရဲ့စိတ်က စမ်းသပ်ချင်တယ်။

စမ်းသပ်ပြီးသုံးရင် ကောင်းတယ်ဆိုပြီး စွဲသွားတယ်။ မူးယစ်ဆေးသုံးတဲ့အခါ ကောင်းတယ်။ အဲဒီကောင်းတာကို စွဲပြီးသုံးတော့ Side Effect က အဆိုးတွေ အများကြီးဖြစ်သွားတယ်။ ကိုယ် တိုင်နဲ့ ပတ်ဝန်းကျင်ကို ကြီးကြီးမားမားနဲ့ ဒုက္ခ ရောက်စေတယ်။ မူးယစ်ဆေးက သုံးတဲ့သူရဲ့စိတ် ကို ပြောင်းလဲသွားစေတယ်။ ပုံမှန်စိတ်ကူးမဟုတ် တော့ အထူးအဆန်းမဟုတ်တဲ့ စိတ်ကူးတွေ ဖြစ်လာတတ်တယ်။ ကိုယ်တိုင် အတွက်ကတော့ မူးယစ်ဆေးစွဲသူတစ်ယောက်က အလုပ်ပျက် တယ်။ သူအလုပ်ပျက်တာက လုပ်အားကျဆင်း ခြင်းပဲ။ လူငယ်တစ်ယောက်ရဲ့ အရည်အသွေးနဲ့ လုပ်အားတွေကျဆင်းတယ်။ အဲဒီလူငယ်ကို ဝိုင်း ပြီးပြုစုပေးရတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အချိန် တွေလည်း ကုန်တယ်။ နိုင်ငံရဲ့တိုးတက်မှုအချိန်တွေလည်း နှောင့်နှေးသွားတယ်။ ဆေးသုံးတယ် ဆိုတာ ဈေးအပေါဆုံးဆေးရဲ့ ဈေးနှုန်းက ၅ဝဝဝ ရှိတယ်။ သိန်းကျော်တန်တာ တွေအထိ ရှိတယ်။ ဒီတော့ ကိုယ့်ရဲ့စာရိတ္တပါ ပျက်ပြားသွားတယ်။ အိမ်က ခိုးတယ်။ ပတ်ဝန်းကျင်က ခိုးမယ်။ နောက်ထပ် ဘာဖြစ်နိုင်လဲဆိုတော့ ပိုက်ဆံလိုတော့ ကိုယ်တိုင်သုံးရာကနေ ရောင်းဝယ်ဖောက်ကားသူ အဖြစ် ရောက်သွားတယ်။ သူ့လိုပျက်စီးဖို့ တခြား လူငယ်တွေကို ဆွဲခေါ်သွားတယ်။ ဒီငွေတွေကို ပြန်တွက်ရင် နိုင်ငံရဲ့ GDP အထိ ထိခိုက်တယ်။

ဒီလိုကိစ္စတွေ အထိ ဆုံးရှုံးသွားတယ်။ အဲဒါကြောင့် လူငယ်တွေရဲ့ ပတ်ဝန်းကျင်က လူကြီးတွေက ဒီလိုကိစ္စတွေကို သတိထားပြီး ထိန်းပေးရမယ်။ အဲဒီလိုကိစ္စတွေက ရဲက လိုက်ဖမ်းနေရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးလေ။ ဒါဆို ပိုပြီးဆိုးရုံပဲ ရှိလိမ့်မယ်။ ရဲကဖမ်းရုံနဲ့ ပပျောက်သွားရင် နိုင်ငံ တကာမှာ ပျောက်နေပြီပေါ့။ သူ့ကို ကာကွယ်ဖို့က ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကာကွယ်ဖို့ပါပဲ။ ကိုယ့်ရပ်ရွာထဲက ”လူငယ်လေးတွေကို ဂရုစိုက် ပေးရမယ်။ လူငယ်တွေ စုဝေးနေရင် ဂရုစိုက်ပြီး သူတို့လေးတွေ ဘာတွေလုပ်နေလဲ လေ့လာပေးရ မယ်။ သူတို့စုတာများလာရင် သူတို့ကို ရပ်ရွာရဲ့ သာရေးနာရေးတွေမှာ ဆွဲခေါ်ပေးရမယ်။ သူတို့ စိတ်တွေပြောင်းသွားအောင် လုပ်ပေးရမယ်။ ဒါကို နိုင်ငံတော်က အလေးထားပြီး Project တစ်ခုအနေနဲ့ လုပ်ပေးသင့်တယ်။ စိတ်ကြွဆေး တွေက အရင်တုန်းကပေါ်ခဲ့တဲ့ နံပါတ်ဖိုးထက် ဆိုးတယ်။ ဦးမိုး သံတမန်လုပ်ပေးနေတဲ့ MANA အဖွဲ့ရဲ့ သဘောအရဆိုရင် လူငယ်တွေ မူးယစ် ဆေးကို အသုံးမပြုမိစေဖို့၊ ပြီးတော့ မှားယွင်းပြီး သုံးစွဲမိရင်းစွဲနေတဲ့ လူငယ်တွေကိုလည်း ဆေးဖြတ် ဖို့ ကူညီပေးရတယ်။

ပညာပေးလုပ်ငန်းတွေက တော့ နိုင်ငံနဲ့အဝန်း လိုအပ်ပါတယ်။ မူးယစ်ဆေး ဖြတ်ထားတဲ့လူငယ်တစ်ယောက်ကို ဝိုင်းပြီး မမုန်း ကြပါနဲ့။ ဝိုင်းချစ်ပြီး ဖေးမပေးရမယ်။ လူတွေရဲ့ Behaviour Change ကောင်းလာရင် လူ့အဖွဲ့အစည်းက ပိုပြီးဖွံ့ဖြိုးလာမှာပါ။ အတိတ်က ကိစ္စ တွေကိုသာ ပြန်တူးဆွပြီး တွေးနေရင် နိုင်ငံတော် တည်ဆောက်လို့ မရတော့ဘူး။ သူတို့တွေကို လက်တွဲခေါ်ရမယ်။ ဒါမှ နိုင်ငံတိုးတက်မှုက မြန်ဆန်သွားမှာလေ။

Depression

Depression ဆိုတာ လူတိုင်းမှာ ဖြစ်ကြပါတယ်။ မြတ်စွာဘုရားနဲ့ ရဟန္တာကလွဲရင် Depression က လူတိုင်းဝင်ကြတယ်။ လူအများနားလည်ထားတာက Depression က လူကြီး တွေပဲ ဖြစ်တတ်တယ်ပေါ့။ အမှန်တကယ်တော့ ကလေးတွေမှာလည်း ဖြစ်ကြတယ်။ ကလေး အရွယ်မှာလည်း ဖြစ်သလို teenage အရွယ်မှာ လည်း ဖြစ်တတ်တယ်။ မိဘတွေက ကလေးတွေ ရဲ့ စိတ်ခံစားမှုကို Participate လုပ်ပေးရမယ်။ လူငယ်အရွယ်မှာဖြစ်တဲ့ Depression က ခုနက ပြောတဲ့ Drugs ကို သွားညှိတတ်တယ်။ Depression ဆိုတာက တိုးတက်တဲ့နိုင်ငံတွေမှာ ပိုပြီးဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် လိုက်ကြတာလေ။ နိုင်ငံခြားမှာဆို Depression ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ အများကြီးပဲ။ Depression က Stress ကြောင့်လည်း ဖြစ်တယ်။ Stress တွေ များလာရင် ဖြစ်တာပဲလေ။ အခုမြန်မာပြည်မှာလည်း နောက်ဆို ဖြစ်လာတော့မယ်။ ဘာလို့လဲဆိုတော့ အရစ်ကျပေးဆိုပြီး အခုဒီမှာစပြီးရောင်းပြီလေ။ လူက Stress တွေများလာရင် Depression ဖြစ်တယ်။ နောက်ပြီး အသက်ကြီး လာတဲ့အခါ အသက် ၄ဝ နောက်ပိုင်း လူတွေက Depression ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ Mental တွေ မြင့်လာပေမယ့် ကိုယ့်ရဲ့Physical တွေက မလိုက်နိုင်တော့တဲ့ အချိန်လေ။

Depression ဝင်လာတဲ့သူတွေက စကားပြောများလာတတ်တယ်။ တချို့က စကားမပြောတော့ဘူး။ Depression မဖြစ်အောင်က ကိုယ့်ရဲ့ဘာသာရေးကို အလေးထားပြီး လုပ်ရမယ်။ တရားသဘောကို နားလည်ထားရင်ဘဝမှာ ကြုံလာရမယ့်ကိစ္စတွေကို ခံနိုင်ရည်ရှိပြီး ရင်ဆိုင်နိုင်တာပေါ့။ နောက်ပိုင်းမြန်မာပြည်က တိုးတက်လာနေပြီ။ လူတွေလည်း အလုပ်တွေ အရမ်းလုပ်နေကြရပြီ။ နောက် Generation တွေမှာ ကြုံ ရမယ့် Depression က ဦးမိုးတို့ထက်ပိုပြီး ကြီးလိမ့်မယ်။ အဲဒါကြောင့် ဦးမိုးပြောချင်တာက ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းလက်ခံပြီး ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မလိုက်မိဖို့လိုတယ်။ လူတွေရဲ့ Stress တွေကိုပြင်ပေးရမယ်။ လူတွေရဲ့ Stress တွေကို နည်းနိုင်သမျှနည်းအောင် နေရမယ်။ မြန်မာစကားမှာ ရှိပါတယ်။ ‘ဝ’ မရှိဘဲ ‘ဝိ’ မလုပ်ပါနဲ့တဲ့။ အဲဒီစကားကမှန်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက်ကို လိုက်ရင် Stress က ကြီး တာပဲ။ Stress များလာရင် Depression ဖြစ်လာမှာပါ။

Daddy

Daddy ဆိုတာက အဖေပေါ့။ အဖေဆိုတာ က မိသားစုတစ်စုရဲ့စံပါပဲ။ ကလေးတွေရဲ့ သဘာဝကငယ်စဉ်ကတည်းက မိဘကိုပဲကြည့်ပြီး အတုယူရင်း ကြီးပြင်းရ တာလေ။ အဲဒါကြောင့် ကလေးတွေရဲ့ အပြုအမူတွေက သူ့မိဘတွေနဲ့ တူနေတတ်တာပါ။ အဲဒါကြောင့် အဖေက အရမ်း အရေးကြီးတယ်။ စံရှိတဲ့အဖေဖြစ်ဖို့ ကြိုးစားရ မယ်။ ဦးမိုးဆိုရင် ဦးမိုးရဲ့အဖေ စိန်မာဒင်ကို စံထားပါတယ်။ အဖေက မိသားစုကို ချစ်ခင်တာ၊ စောင့်ရှောက်တာ၊ မိန်းမအပေါ်သစ္စာတရားရှိတာ၊ သဘင်လောကအတွက် အလုပ်တွေ လုပ်ပေးနိုင် တာတွေက စံထားရမယ့်ဟာတွေပါပဲ။ အဖေက အားလုံးပြည့်စုံပြီး တော်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အရမ်းအလုပ်လုပ်နိုင်တယ်။ အလုပ်အပေါ် ရိုးသားတယ်။ အလုပ်ကို ချစ်ခင် တယ်။ ဦးမိုးအဖေက အတန်းပညာ မတတ်ရှာပါ ဘူး။ ဒါပေမဲ့ လေ့လာမှုအားတွေ ကောင်းတော့ အသိÓဏ်ပညာ ဗဟုသုတပြည့်ဝတယ်။ သားသမီးတွေကိုလည်း အရမ်းအလေးထားတယ်။ အဖေက ကပ်စေးနှဲတယ်။ သူက ဆင်းရဲတဲ့မိသားစု က မွေးဖွားလာတော့ လက်မဖွာဘူး။ ဒါပေမဲ့ အလှူအတန်းအပေးအကမ်းကျတော့ ရက်ရောပါ တယ်။ ဘာသာရေးကို လိုက်စားတာလည်း အရမ်းစံထားရလောက်တဲ့ ပုဂ္ဂိုလ်ပါ။ ဦးမိုးက အဖေ့ကိုစံထားပြီး အခုဦးမိုးရဲ့ ကိုယ်ပိုင်မိသားစု ကို အဲဒီလိုပဲ စောင့်ရှောက်နေပါတယ်။ ဦးစိန်မာ ဒင်ကိုမမီပေမယ့် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

ဖြိုးစုပိုပို

Yati Magazine

သူတို့ ပြော တဲ့ “D” လူမင်း



Drugs

ကျွန်တော်နားလည်ထားတာတော့ Drugs ဆိုတာက ပုံမှန်စိတ်ဖြစ်တည်မှုကို ပြောင်းလဲစေတတ်တယ်။ မူးယစ်စေတတ်တယ်။ အဲဒီလို ဖြစ် စေတဲ့ ဆေးဝါးတွေ လို့နားလည်ထားတယ်။ လောကမှာ Drugs ဆိုတာကို မကောင်းဘူးဆို တာသိကြပါတယ်။ ဒါကို တရားဥပဒေကရော အာဏာပိုင်အဖွဲ့အစည်းကရော၊ အကျိုးပြုစိတ်ဓာတ်ရှိတဲ့ ပြည်သူတွေကရော ဘယ်လိုပဲ တားဆီးဆီး ဘယ်လောက်ပဲပိတ်ပင်ပင် Drugs ဆိုတာ လုံးဝပျောက်သွားတယ်ဆိုတာမရှိဘူး။ တစ်မျိုးမဟုတ် တစ်မျိုး အမြဲအသစ်အဆန်းတွေ ပေါ်နေတယ်။ ခေတ်အဆက်ဆက်မှာ ပပျောက်ခဲ့တာမရှိဘူး။ ဒီတော့ ကျွန်တော်တို့က ဘယ်လိုဘက်က လှည့်ပြီး တားဆီးနိုင်မလဲပေါ့။ တကယ်သုံးစွဲနေတဲ့သူတွေကို သူတို့ကိုယ်တိုင်သုံးစွဲချင် စိတ် မရှိအောင်လက်တည့်မစမ်းမိအောင် အသိပညာပြန့်ပွားမှုအပိုင်းကနေပိုပြီး ဖိဖိစီးစီးလုပ်ရလိမ့်မယ်။ နောက်ပြီးတရားသဘောအရ ပြောရမယ်ဆိုရင် လူ့ရဲ့စိတ်ကိုက မကောင်းမှုမှာ မွေ့ပျော်တယ်။ ဒီတော့ လူ့ရဲ့စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ လူငယ်တွေကို ဒီလို Drugs မှာ လက်တည့်မစမ်းမိအောင် ပညာများများပေးရမယ်။

ဒီလိုအရာက လက်တည့်စမ်းဖို့၊ စမ်းသပ်ဖို့ မလုပ် သင့်တဲ့အရာပါ။ အဓိကကတော့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုတယ်။ ဘယ်သူဘာပြောပြောကိုယ် ကလက်တည့် မစမ်းဖို့လိုတယ်။ ကိုယ်မစမိရင် နောက်ပိုင်း Drugs သုံးတာကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မတွေ့ရတော့ဘူး။ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်း ကျင်လည်း ဒီလို ဒုက္ခတွေနဲ့ မတွေ့ရတော့ဘူး။ နောက်တစ်ဆင့်က ကိုယ်တိုင်လည်းမသုံးဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မသုံးမိအောင်ကိုယ်က ကြိုးစားနိုင်ရမယ်။ အခုခေတ်ကာလက အဆုံး ဘက်ကို ရွေ့လျားလာနေတာလေ။ ပြီးတော့ ကျွန်တော်တို့တစ်တွေက Drugs ကို မစမိတဲ့သူကို လုံးဝမ စမိအောင်ကြိုး စားပေးရသလို သူ့ကိုစမိလို့ စွဲသွားပြီ။ Drugs ရဲ့ နွံထဲနစ်သွားတဲ့သူ တွေကိုလည်းပြန်ပြီး ရုန်းထွက်နိုင်အောင် ကူညီပေးရမယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘယ်လိုဖြစ်နေလဲ ဆိုတော့ မူးယစ်ဆေးနွံထဲနစ်နေတဲ့သူတွေကိုဆိုရင် ဖယ်ကြဉ်ထားလိုက်ကြ တယ်။ အမှန်ကအဲဒီလိုမလုပ်ရဘူး။ သူ့ကိုအဲဒီ နွံထဲက ထွက် လာနိုင်အောင် ဘယ်လိုကူညီပေးရ မလဲဆိုတာကို ကြိုးစားရမှာ။ အခုကျွန်တော် သံတမန်အဖြစ်လုပ်နေတဲ့ MANA အဖွဲ့ဆိုရင် ဒီလိုကူညီပေးနေတာပါ။ ဆေးစွဲနေ၊ ဘိန်းစွဲနေတဲ့ သူတွေကို ဖမ်းဆီးဖို့သတင်းပေးတဲ့အဖွဲ့ မဟုတ်ပါဘူး။

မစရသေးတဲ့ သူတွေကို မစဖြစ်အောင် ဒီနွံထဲနစ်နေတဲ့သူတွေကို ရုန်းထွက်ချင်လာအောင် ကူညီနေတဲ့အဖွဲ့အစည်းပါ။ အဓိကကတော့ မူးယစ်ဆေးစွဲနေတဲ့သူတွေက ဒီနွံထဲက ရုန်းထွက်ချင်စိတ် ဆေးဖြတ်ချင်စိတ်ရှိလာဖို့ပဲ လိုပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်က ကူညီပေးရမယ်။ မူးယစ်ဆေး ဘယ်လိုဆေးကိုပဲ သုံးသုံး အမှန်တော့ ဥပဒေအရ ငြိစွန်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ဖြတ်ချင်တယ်ဆိုရင် အခုဆိုရင် ဆေးဖြတ်စခန်းတွေ ရှိပါတယ်။ ဝက်ထီးကန်တို့ ရွာသာကြီးတို့မှာ ဖြတ်လို့ရပါတယ်။ ဒီနေရာတွေက ကောင်းတဲ့ ဘက်ကို ရောက်လာဖို့ ကူညီပေးနေတဲ့ နေရာတွေပါ။ တချို့ကကျတော့ ဒါတွေကို နားမလည်တော့ နစ်သထက်နစ် သွားကြတဲ့သူတွေ ရှိပါတယ်။ ဖြစ်နေတဲ့အခြေအနေမှန်ကို မိသားစု ကလည်း နားလည်ပေးရမယ်။ နောက်ပြီး လူငယ်တွေကို ကျွန်တော်ပြောချင်တာက ဆေးလိပ် မသောက်ကြ ဖို့ပါ။ ကျွန်တော်က လူငယ်အရွယ် ကျောင်းသားဘဝကတည်းက ဆေးလိပ်သောက်ခဲ့တာပါ။ ကျွန်တော့်ဘဝနဲ့ယှဉ်ပြီး ပြောတာပါ။ ဆေးလိပ်သောက်တဲ့ သူတိုင်းကတော့ မူးယစ်ဆေး သုံးကြ စွဲကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေး တွေရဲ့အစကတော့ ဆေးလိပ်ကလို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်တဲ့ လူငယ်တစ်ယောက်က ဆက်စပ်ပြီး ဆေးခြောက်တို့၊ ဘိန်းမည်းတို့အစုံပဲ ရပ်ကွက်တွေ ကူးသွားနိုင်တယ်။ အစကတည်းက ဆေးလိပ်မသောက်ရင် ဒီလိုရပ်ကွက်တွေကို ကူးသွားမှာ မဟုတ်တော့ဘူး။ မဆက်စပ်မိတော့ ဘူးပေါ့။

ကျန်းမာရေးအရပြောရရင်လည်း ဆေးလိပ်ကဆိုးပါတယ်။ လူအများက အရက် သောက်ရင် ကျန်းမာရေးထိခိုက်မယ်လို့ ပြောကြ တယ်။ အမှန်က ဆေးလိပ်ကအရက် ထက်ပိုပြီး ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဆေးလိပ်စွဲတာ က အရက်ထက်ပိုဆိုးတယ်။ ကျွန်တော်တို့က ဆေးလိပ်သောက်တတ်ပြီဆိုတာနဲ့ ကိုယ်တွေရဲ့ လက်တစ် ကမ်းမှာရှိ တယ်။ ဆေးလိပ်တို့ မီးခြစ်တို့ ဆိုတာ လက်တစ်ကမ်းမှာပဲလေ။ သွေးသားဆန္ဒ အရလည်း နီကိုတင်းကစွဲလမ်းစေတယ်။ ပြီးတော့ လူရဲ့ အကျင့်က လည်း စွဲတတ်တယ်။ ဥပမာ – လက်ဖက်ရည်သောက်ပြီးတာနဲ့ ဆေးလိပ်သောက် ရမယ်ဆိုတာမျိုးပေါ့။ အဲဒီလိုအကျင့်က စွဲတတ်တယ်။ အဲဒီတော့ ဆေးလိပ် ကသောက်မိရင် ဖြတ် ဖို့ခက်တတ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘဝကတည်းက ဆေးလိပ် ခဏခဏ ဖြတ်ဖူးတယ်။ နှစ်လသုံးလလောက် ပြတ်လိုက် ပြန်သောက်လိုက်နဲ့ပဲ။ မှတ်မှတ်ရရ ဒေါ်အောင် ဆန်းစုကြည် ၆၄ နှစ်မြောက်မွေးနေ့မှာ အမှတ် တရဖြတ်ဖူးတယ်။ အဲဒီတုန်းက အမေစု မလွတ် သေးဘူး။ အဲဒါက သုံးနှစ်လောက် ပြတ်သွားတယ်။ သမီးလေး မမွေးခင်အထိပေါ့။

အိမ်ထောင်ကျပြီး ကလေးမရတဲ့ အိမ်ထောင်ရှင်တွေကို ကျွန်တော် ပြောချင်တာက ဆေးလိပ်ဖြတ်တာက ကလေးရဖို့ အခွင့်အလမ်းရှိပါတယ်လို့။ ကျွန်တော်ဆိုရင် အဲဒီလို ဆေးလိပ်ကို သုံးနှစ်ဖြတ်လိုက်တော့ သားလေးကို သဘာဝအတိုင်းရခဲ့တယ်။ နောက် တော့ ပြန်သောက်ဖြစ်ပြီး ဒီနှစ်နှစ်ဆန်းတစ်ရက် နေ့မှာ ပြန်ဖြတ်တယ်။ ဒီတစ်ခါတော့ တစ်သက်လုံး ပြန်မသောက်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြတ်တာ။ ဆေးလိပ်ဖြတ်ချင်တဲ့သူကို ကျွန်တော် အကြံပေး ချင်တာက ဆေးလိပ်ဖြတ်ဖို့ဆိုရင် တခြားဘာမှ အစားမထိုးပါနဲ့။ ဥပမာ-ကွမ်းစားတာတို့ ပီကေ ဝါးတာတို့၊ ဆေးလိပ်အတုသောက်တာတို့တွေ မလုပ်ပါနဲ့။ အဲဒီလိုအစားထိုးလေ ဒီဆေးလိပ်ကို မမေ့ဘဲပိုပြီး သတိရလေလေပဲ။ ကျွန်တော်ကတော့ ဆေးလိပ် ဖြတ်ကတည်းက ဆေးလိပ်ဘူးနဲ့မီးခြစ်ကို ကျွန်တော့်ဘေးမှာထားတယ်။ ရှိနေရဲ့နဲ့ မသောက် မိအောင် ကိုယ့်စိတ်ကို ကိုယ်ထိန်းတယ်။ ဘာနဲ့ မှလည်း အစားမထိုးဘူး။ ပြီးတော့ အချိန်စုတယ်။ ကိုယ်က မနက်ကစပြီး မသောက်ဘူး။ နေ့လယ် ရောက်ပြီဆိုရင် ‘သြော် ငါနေ့တစ်ပိုင်း’ ရသွားပြီ။ ညနေရောက်တော့ ငါဒီနေ့ ဆေးလိပ်မသောက် ဘူး။ တစ်ရက်၊ နှစ်ရက်၊ အဲဒီလိုနဲ့ အချိန်စုတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ဒီနေ့ ဆေးလိပ်ဖြတ် ချင်ရင် အခုပဲစပြီးဖြတ် နောက်ပြီး ဘာမှ အစားမထိုးပါနဲ့။ စိတ်ကိုထိန်းနိုင်ရင် ပြတ်ပါတယ်လို့။

Depression

Depression ဆိုတာ စိတ်ကျဝေဒနာလို့ ပြောမှာပေါ့။ ဒီရောဂါရဲ့လက္ခဏာတွေကို လူတွေ တော်တော်များများက မသိကြဘူး။ ဒီရောဂါဖြစ်ရင် ပုံမှန်ထက်ပိုပြီး အစားအသောက်စားတာ။ မစားတော့တာ ပုံမှန်ထက်ပိုပြီး အိပ်တာ။ မအိပ်တာ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါက “D” ဝင်တာရဲ့ အစပဲ။ ပတ်ဝန်းကျင်ကနေရှောင်ပြီး တစ်ယောက် တည်းနေတာ။ ဒါတွေက Depression ပဲ။ စိတ်ကျဝေဒနာရဲ့ ရောဂါလက္ခဏာတွေကို လူတွေကျယ်ကျယ်ပြန့်ပြန့် သိထားဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ Depression ဝင်တာက ကိုယ့်ကိုယ် ကိုယ်အလိုမကျမှုက စတာပါပဲ။ ဥပမာ-အောင်မြင်တဲ့ အနုပညာရှင်တွေက ပိုပြီး Depression ဖြစ်တတ်တယ်။ Care လုပ်တဲ့သူများတယ်။ “C” များခဲ့ရင် “D” ပိုဝင်တာပေါ့။ တစ်ချိန်ကျတော့ ကိုယ့်အောင်မြင်မှုတွေ လျော့သွားတော့ ငါ့ကို ပရိသတ်က အားမပေးတော့ဘူးဆိုပြီး “D” ဝင် သွားတယ်။ Stress တွေများရင်လည်း Depression ဝင်တယ်ပြီးတော့ ခေတ်က ဆုတ်ခေတ်လေ။ အရာရာက ဆုတ်ယုတ်နေတာ။ သာသနာပဲဖြစ်ဖြစ်၊ ရာသီဥတုပဲဖြစ်ဖြစ်။ စားစရာသောက်စရာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ငယ်ငယ် တုန်းက ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်လို့ရတယ်။ အခု ခေတ်က နေရာတိုင်းသတိထားနေရတယ်။ ပုံမှန် သောက်နေတဲ့ရေ၊ ပုံမှန်စားနေတဲ့ အစားအသောက် ဒါတွေအားလုံးကို သတိထားနေရတယ်။ အန္တရာယ်ပေးနေတာလေ။ ရေ၊ မြေ၊ လေအားလုံးကို သတိထားနေရတယ်။ ဒီတော့ဒီခေတ်မှာက Depression တွေက ပိုများလာတယ်။ စီးပွားရေးတို့၊ လူမှုရေးတို့၊ ပညာရေးတို့ကလည်း ဒီခေတ်မှာ အရမ်းကိုယှဉ်ပြိုင် လာတာကိုး။ နောက်ပြီး အရေးကြီးတာက Depression ဆိုတာ လူကြီးမှာပဲဖြစ်တတ်တာ မဟုတ်ပါဘူး။

ကလေးလေးတွေမှာလည်း ဖြစ်တတ်တယ်။ နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ ဒီရောဂါဖြစ်ရင်ပိုဆိုးတာပေါ့။ ဥပမာ – ကလေးနှစ်ယောက်ရှိတာမှာ မိဘက တစ်ယောက် ကိုတော့ လွန်လွန်ကဲကဲတွေ ဂရုစိုက်ပြီး ကျန်တဲ့တစ် ယောက်ကို ဂရုစိုက်မခံရတဲ့ ကလေးက “D” ဝင်သွားတာပဲ။ ဒါကြောင့် မိဘတွေက ကလေးတွေရဲ့စိတ် ကို နားလည်ပေးနိုင်ရမယ်။ Depression မဖြစ်အောင်က တရားသဘောရှိရမယ်။ တရားသဘောကို နားလည်ထား ရင် ဖြစ်ခြင်းပျက်ခြင်းဆိုတာကို နားလည်ထားရင် အရာရာကိုခံနိုင်ပြီး Depressionမဖြစ်တော့ဘူး။ အလုပ်နဲ့ပတ်သက်လာရင်လည်း Worry တွေကို သေချာသုံးသပ်ပြီး လုပ်ရမယ်။

Daddy

Daddy ဆိုတာအဖေပေါ့။ တခြားသူတွေ အတွက်တော့ မပြောတတ်ဘူး။ ကျွန်တော်က တော့ သားတစ်ယောက်ဘဝဖြစ်တုန်းကလည်း ကိုယ့် Daddy ရဲ့ဦးဆောင်မှု လမ်းညွှန်မှုတွေနဲ့ ဒီလိုဖြစ်လာခဲ့ရတယ်။ ဒီတော့ ကျွန်တော်ကအဖေရဲ့မေတ္တာကို ဟိုးအနက်ရှိုင်းဆုံးအထိ နားလည်ခဲ့ပါတယ်။ အခုကိုယ်ကိုယ်တိုင် Daddy ဘဝရောက်တော့မှ အဖေရဲ့ ခံစားချက်ကို ထပ်တူ ခံစားနိုင်တာပါ။ သားနေရာကနေ အဖေ့ကို နားလည်တာထက် အဖေ့နေရာကနေ အဖေ့ကို နားလည်တော့မှ ပိုပြီး တန်ဖိုးထားတတ်သွားတာ ပါ။ အမေ့မေတ္တာနဲ့ အဖေ့မေတ္တာက သက်ရောက်ပုံချင်းတော့ကွဲကြတယ်။ အဖေပီသတဲ့ အဖေကိုပဲ ပြောချင်တာပါ။ အဖေဆိုတဲ့သူတစ်ယောက် က တာဝန်ယူမှုဆိုတာလည်းရှိရမယ်ဗျ။ အဖေ ပီသတဲ့အဖေတစ်ယောက်ရဲ့ မေတ္တာအင်အားက အမေ့ထက်တော့ မနည်းနိုင်ပါဘူး။ လောကကြီးမှာ အမေကို ဇောင်းပိုပေးကြတာက။ မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ဖြစ်၊ ကလေးမွေးပြီး ချက်ချင်းအမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့သူပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ သူကသူ့ရဲ့ဗိုက်ထဲမှာ ကိုးလလွယ်ဆယ်လဖွားဆိုတဲ့ ပဋိသန္ဓေဒုက္ခကြီးကို ခံစားခဲ့ရတာလေ။ ဒီတော့ သားသမီးတိုင်းမှာ ဘယ်လိုအမေမျိုးပဲဖြစ်ဖြစ် အမေ့ကျေးဇူးက ရှိကို ရှိပါတယ်။ အဖေဆိုတာကျတော့ တချို့ကသွေးသားဆန္ဒတစ်ခုကြောင့် သန္ဓေဖြစ်သွားခဲ့ပေမယ့် သား၊ သမီးရလိုမှုဆန္ဒလည်း မရှိဘူး။ ရတော့လည်း မေတ္တာ မပေးဘူး။ တာဝန်လည်း မယူချင်ကြဘူးဆိုတဲ့ သူတွေရှိတယ်။ ဒါမျိုးဆိုရင် အဖေ ပီသတဲ့ အဖေမျိုးမဟုတ်ဘူးလေ။

ကျွန်တော့်သားသမီးတွေအတွက်တော့ ကျွန်တော်က အသိတရားနဲ့ အုပ်ချုပ်တဲ့ အဖေတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ် ကျွန်တော် တို့ခေတ်တုန်းက ကျွန်တော် ၁ဝ တန်းမှာ အဖေ က တုတ်နဲ့ရိုက်ပြီးဆုံးမနေတုန်းပဲ။ ဒါက အဲဒီ ခေတ်က ပုံပေါ့။ အကြောက်တရားနဲ့ အုပ်ချုပ် တယ်။ အခုခေတ်မှာအဲဒီလိုမရတော့ဘူး။ သူတို့ ကို အသိတရားနဲ့ အုပ်ချုပ်မှ ရမယ့်ခေတ်လေ။ သူတို့ကိုယ်တိုင်ကို ဒါက ကောင်းတယ် ဒါက မကောင်းဘူးဆိုတာကိုသိပြီး ဆုံးဖြတ်နိုင်စွမ်းရှိ အောင်သွန်သင်ဖို့ပါပဲ။

ဖြိုးစုပိုပို

Yati Magazine

ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း


ဆန်တီယာဂို ဇွန်   ၂၈

ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း  သူမမျက်နှာ ပေါ်တွင်  သွေးမျက်ရည်များ စီးကျလာကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အတွက် ဒေသတွင်းရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

သူမ၏ မျက်လုံးအိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင်  ရောဂါ အမျိုးအမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန်များက ထုတ်ဖော် ပြောကြား ထားသည်။

သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက်စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာလာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။

Myanmar CNN

အချစ်အကြောင်း မပြောချင်ဘူးဆိုတဲ့ သန္တာဗို


အချစ်အကြောင်း မပြောချင်ဘူးဆိုတဲ့ သန္တာဗိုဇာတ်ကားတွေ သိပ်မရိုက်ဖြစ် ဘူးဆိုတာက ညီမရဲ့ တစ်ကိုယ်တော် အခွေ အတွက်ပဲ  အဓိက ထားပြီးလုပ် နေလို့ပါ။ ပရိသတ်နဲ့ အဆက်ပြတ် မှာမစိုး ရိမ်ပါဘူး။ ကိုယ့်ကို အားပေး တဲ့ပရိသတ် ဆိုလို့ရှိရင် ဘယ်လောက်ပဲ အဆက် အသွယ် ပြတ်ပြတ် သူတို့ အမြဲတမ်း စောင့်ပြီးတော့ အားပေး မယ်လို့ ထင်ပါတယ်။ အရင်တုန်းက တော့ facebook သုံးပြီး ညီမဓာတ် ပုံတွေ အမြဲတမ်း တင်ဖြစ်တယ်။

အခု နောက်ပိုင်းတော့ facebook က မသုံးဖြစ် တော့ဘူး။ ပရိသတ် တွေက အားပေးရင် မဂ္ဂဇင်းတွေကပဲ အားပေးတယ်။ တချို့ပရိသတ် တွေက ဖုန်းဆက်ပြီး တော့ပဲ အားပေး ကြပါတယ်။ ကားရိုက်တွေ သိပ်မရိုက်ဖြစ် တာက ဝါသနာ မပါလို့ မဟုတ်ပါဘူး။ တကယ်လို့ ကမ်းလှမ်း လာလို့ ရှိရင် တော့ ရိုက်ဖြစ်မှာပါ။ ညီမက Model ဘက်ပဲ သွားနေတော့ Show တွေရှိတဲ့ အတွက်ကြောင့်မို့ မလုပ်ဖြစ်သေးဘူး။

စင်္ကာပူမှာက မယ့် နှင်းဆီခရီးသည် အငြိမ့်မှာ ညီမ က Performance လုပ်ရမှာ။ ဝါဆို မိုးဦးရယ်၊ စင်္ကာပူက Dancer တွေ ရယ်၊ ပြီးတော့ ယူရေနီယမ်က ကိုဇေယျာ ပါမယ်။ ညီမကတော့ ကိုယ့်သီချင်း ကိုယ်ဆိုမှာလေ။ 'ဒိုး'ဆို တဲ့သီချင်းကို Performance လုပ် ပြီးတော့ Dancer တွေနဲ့ ဖျော်ဖြေရ မှာပေါ့။ Dancer ပိုင်းက လာတာ မဟုတ်တော့ တစ်ခါမှလည်း အဲဒီလိုမျိုး စင် ပေါ်ကြီးမှာတော့ မကဖူးဘူး။

ဒါက ပထမဦးဆုံး အကြိမ်ဆိုတော့ ရင်တော့ တုန်တယ်။ အရမ်းကြီး သိပ်ပြီးလည်း မကတတ်ဘူး။ စိုးရိမ်စိတ်တွေ ကတော့ အများကြီးပဲ ရှိတာပေါ့။ ဟိုမှာကျ လို့ရှိရင် အကမှား သွားမှာတွေ ပရိသတ်အား မပေးမှာ ကိုတော့ စိုးရိမ်စိတ်တွေ အများကြီးပဲ။ စိတ်ပူနေ တာတော့ အများကြီးရှိ တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး တော့ ညီမမပြောတာဘဲ ကောင်းပါ တယ်။ အချစ်ရေးက မပူလောင်ပါ ဘူး။ အေးဆေးပါပဲ။ အေးဆေးပဲ ဆိုတော့လေ ဘာမှပြော စရာကို မရှိဘူး။

ပရိသတ် တွေလည်း အချစ်ရေး ထက် ညီမတို့ အနုပညာ အလုပ်တွေ ကို ပိုစိတ်ဝင်စား မယ်လို့ ထင်တယ်။ ပြီးတော့လည်း အကုန်လုံး သေချာမှ ပြောတာ ကောင်းပါတယ်။ အခုက မသေချာသေးဘူး လားတော့ မဟုတ်ပါဘူး။ သေချာပါတယ်။ အဲဒီလို မျိုးကြီး ညီမက အခုတစ်မျိုး တော်ကြာတစ်မျိုး ဆိုပြီးဖြစ် သွားမှာ စိုးလို့။

 By 8 Days

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ



လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံးရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

http://therealsingapore.com/content/prc-couple-fell-death-while-having-sex-window မှ သတင်းကို Myanmar CNN မှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြပါသည်။

Myanmar CNN

ဂိမ်းထဲကလို ပျံသန်းပြသခဲ့တဲ့ Jetpack


ဂိမ်းထဲကလို ပျံသန်းပြသခဲ့တဲ့ Jetpack HalfBrick ကထုတ်တဲ့ Android ဂိမ်းအမျိုးစား တစ်မျိုးဖြစ်တဲ့ Jetpack လိုအပြင်မှာ အမှန်တကယ်ပျံသန်း ပြသနိုင်ခဲ့တဲ့ သူကတော့ နယူးဇီလန်နိုင်ငံသား Glenn Martin ပါ၊ Jetpack နဲ့ လေပေါ်မှာ မိနစ် ၃၀ ကြာ ပျံသန်း ပြသခဲ့တာပါ၊ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အမြန်ဆုံး ပျံသန်းပြသနိုင်ခဲ့ ပါတယ်၊

ဟော်လန်ကွင်းလယ် လူငယ် မာကို ဗန်ဂင်ကဲလ်အား ခေါ်ယူ လိုက်နိုင်ပြီဖြစ် သည့် ချဲလ်ဆီး


ချယ်ဆီး အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကို နောက် ကောက်ချ ကာ ဟော်လန်လူငယ် ကစားသမား ဗီတက်ဆီ အသင်းကွင်း လယ်လူ မာကို ဗန်ဂင်ကဲလ် အားခေါ်ယူ လိုက်နိုင်ပြီဟု သတင်းများတွင် ဖေါ်ပြ ထားသည် ။ မော်ရင်ဟိုသည် ချယ်ဆီးကို တာဝန်ယူ လိုက်သည့် အချိန်မှစပြီး မာကိုဗန်ဂင်ကဲလ်အား တောက်လျှောက်လိုက် နေခဲ့ရာ အရံခုံတန်းတွင် ထားရန် ဖြစ်နိုင်ချေ မရှိသည့် လူငယ်ကစားသမားဟု အားကစားသတင်း မီဒီယာများက သုံးသပ်ကြသည် ။ အဆိုပါ လူငယ် ကစားသမားအား အခုရက်ပိုင်းတွင် မန်ချက်စတာယူနိုက်တက် ကလည်း ချဉ်းကပ်လာသဖြင့် ချဲလ်ဆီးအသင်းက အလျှင်အမြန်လက်ဦးမှု့ ရယူသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည် ။

အသက် (၂၀)နှစ်သာရှိသေးသည့် ဂင်ကဲလ်သည် ပြီးခဲ့သည့်ရာသီက (၃၃)ပွဲ ပွဲထွက်ခွင့်ရခဲ့ရာတွင် (၈)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး (၁၀)ဂိုး assists လုပ်ခဲ့သူဖြစ်ပြီး လမ်းပါတ်ကဲ့သို့ပင် ဗဟိုကွင်းလယ်နေရာကို စိုးမိုးနိုင်သူ ဖြစ်ကြောင်း သတင်းများတွင် ရေးသားထားပြီး မော်ရင်ဟို အနေဖြင့် လမ်းပါတ်၏ ပုံရိပ်များကို ဆက်ခံနိုင်မည့် သူအဖြစ် မျှော်လင့်ထားကြောင်းသိရသည် ။

Ref : Myanmar Goal .com

ဂီတသမားဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ အိမ့်ချစ်


“ကိုယ်တိုင်ရေးပုံတူ” ဆိုတဲ့ တစ်ကိုယ်တော်စီးရီးလည်းထွက်ရှိထားပြီး အတွဲခွေများစွာပရိသတ်အားပေးမှုကိုရရှိထားတဲ့ တေးသံရှင် အိမ့်ချစ်က ဇွန်လ ၂၇ရက်နေ့မှာ ဖြစ်ပေါ်လာမယ့် ဂီတနေ့အတွက် ဂုဏ်ယူနေပါတယ်။” ဂီတသမားဆိုတာ အသံကောင်း ရုံနဲ့ မရဘူး။ ရုပ်ချောရုံနဲ့မရဘူး။ တခြားလုပ်ငန်းတွေက ကျောင်း တွေနဲ့ သင်ယူတတ်မြောက်နိုင်တယ်။ ဂီတသမားက ကိုယ့်မှာပင် ကို အရည်အချင်းရှိရမယ်။ ပါရမီအခံပါရမယ်။ ဒါတွေအားလုံးစုပြီးမှ အောင်မြင်တဲ့သူတစ်ယောက်ဖြစ် တာ။ ပြီးတော့ ဒီလိုလူပေါင်းများစွာ ရဲ့ ရှေ့မှာထွက်ပြဖို့ကသတ္တိရှိဖို့လိုတယ်။ အနု ပညာသမားဆို တော်ရုံတန်ရုံက စိတ် ဓာတ်ပျော့ညံ့တယ်ထင်တယ်။ တကယ် က အင်မတန် စိတ်ဓာတ်ခိုင်မာတဲ့သူ တွေပါ။ အောင်မြင်ဖို့အတွက် ကြိုး စားခဲ့ရတာအများ ကြီးရှိတယ်။

ပြီး တော့ လူအများနဲ့ ဆက်ဆံနေရတဲ့ အတွက် စိတ်ညစ် မှုတွေ၊ ဝမ်းနည်း မှုတွေကို ထုတ်ပြ လို့ မရဘူး။ဒီလို ခံနိုင်ရည်တွေရှိဖို့လိုတယ်။ အဲဒီအတွက် ဂီတသမား ဖြစ်ရတာပျော်တယ်။ ဂုဏ်ယူတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။ အိမ့်ချစ်ရဲ့ ဒုတိယတစ်ကိုယ်တော် အခွေကိုတော့ ၂ဝ၁၃ ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပြီး ဒီဒုတိယ အခွေမှာတော့အိမ့်ချစ်ရဲ့ သီချင်းဟောင်း ၂ပုဒ်ပါဝင်ပြီး တခြား သူ နှစ်သက်တဲ့ သီချင်းဟောင်းနှစ် ပုဒ်ကိုလည်း အိမ့်ချစ်စတိုင်နဲ့ ဗားရှင်း ပြောင်းဆိုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်းနဲ့ bobby soxer တို့လည်း အိမ့်ချစ်ရဲ့ ဒုတိယခွေမှာ ပါဝင် သီဆို မယ်လို့ သိရပါတယ်။

Popular Journal

စူပါစတား ဗီစီဒီ ရိုက်ကူးမှု နှင်းဆီ အဖွဲ့ကိုအပ်မယ့်ထွန်းထွန်း


ထွန်းထွန်းက “စူပါစတား” ဗီစီဒီအတွက် ပြင်ဆင်နေပြီး ဒီနှစ်ထဲမှာ ထွက်နိုင်အောင်စီစဉ်နေတယ်လို့ ပြောပြပါတယ်။ သီချင်းခွေအတွက် ဗီစီဒီရိုက်ကူးမှုတွေကို ကိုယ်တိုင် ထက်နှင်းဆီအဖွဲ့တွေလက်ထဲအပ်ဖို့ စီစဉ်နေတယ်လို့ ပြောပြတာကြောင့်” ဒီနှစ်ထဲ ထွက်မှာပါ။ မြန်မာမှုပြု ပြီးပျော်စရာကောင်းတဲ့ဟာ တစ်ခုဖြစ်အောင် ကြိုးစားရ မှာပေါ့။

ဘယ်လောက်ပဲ ဘိုဆန်ဆန်၊ အနောက်တိုင်း ယဉ်ကျေးမှုကို ဘယ်လိုပဲ မှီခိုပေမယ့်မီမှာ မဟုတ်ဘူး။ကျွန် တော်ကိုယ်တိုင်ကလည်း မမီရင် နောက်ဆို အနောက်တိုင်းဟာပဲ ကြည့်မှာ ပေါ့လို့ စိတ်ထဲမှာ ဖြစ်သွားလိမ့် မယ်။ ကျွန်တော့် တစ်ခွေလုံးကို ကိုနေတိုး၊ ကိုကြံ့တို့နဲ့တိုင်ပင်ပြီး ကျွန်တော်ကိုယ် တိုင်မရိုက်ဘဲသူတို့ကို လက်လွှဲ လိုက်တာကောင်းမယ်လို့ ထင်တယ်။ နှင်းဆီ အဖွဲ့တွေရဲ့ လက်ထဲအပ်မှာပေါ့။ ကျွန်တော် ကိုယ်တိုင်လုပ်ရင် အင်မ တန်ကြေး(ဂျီး)များပြီး နောက် ၁ဝနှစ်လောက်ကြာသွားမှာစိုးလို့လေ။ သူတို့ အိုင်ဒီယာပေါ်မူတည်ပြီးတော့ လုပ်မယ်။ ဒါရိုက်တာဆိုလည်း အဆင်ပြေမယ့် သူမျိုးပေါ့။ အဓိကက ကျွန်တော်နဲ့ အိပ်မက်တူဖို့လိုတယ်။

ကျွန်တော်ကိုယ်တိုင် ဟေးလား၊ဝါးလားလုပ်နေတဲ့ ကာလတွေများနေတော့ အဲဒီအရှိန်က ဒီအခွေထဲမှာ ပါသွားပြီလို့ ပြောလို့ရတယ်။ ဖြန့်ချိရေးပိုင်း လည်း ကိုယ်တိုင်အားမစိုက်နိုင်ခဲ့ဘူး။ တာဝန်မကျေမှုတွေများတော့ တာဝန်ကျေ အောင် အခုပြန်ကြိုးစားထားတာဖြစ်တဲ့ အတွက် အဆင်ပြေအောင် လုပ်ထားပါတယ်”လို့ ပြောပြပါတယ်။

နှင်းဆီအဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းက စင်ကာပူဖျော်ဖြေရေး ခရီးစဉ်နဲ့ပတ်သက်ပြီးလည်း ” ကျွန်တော်တို့ တစ်နှစ်တစ်ခါလောက် သွားဖြစ်နေတာ၊ ပြီးခဲ့တဲ့နှစ်ကဆို ကျွန်တော့် စိတ်ထဲမှာ တာဝန်မကျေ သလိုခံစားရတယ်။ ကျွန်တော် အခွေနဲ့ပတ်သက်ပြီး အလုပ်တွေ များနေ ခဲ့တော့လေ။ ဒီတစ်ခေါက်တော့ တာဝန်ကျေချင်တယ်။ ခေတ်နဲ့လည်း လိုက်လျောညီထွေ ဖြစ်အောင်၊ ပြက်လုံးတွေလည်း အသစ်ဖြစ်အောင် မလိုအပ်ဘဲနဲ့လည်း၊ မသရော်မိအောင် ကြိုးစားရမှာပေါ့။ ပြီးခဲ့တဲ့ နှစ်ကလို ခံစား ချက်ကြီးတော့ ထပ်မဖြစ်ချင်တဲ့အတွက် ကိုယ့်ဘက်က တတ်အားသရွေ့အမှားနည်းအောင် ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

Popular Journal

ဂျနီဖာလိုပက်ဇ် Walk of fame ဆု ရရှိ


အဆိုတော် ၊သရုပ်ဆောင် တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ် ရဲ့ ဂီတလော က အောင်မြင်မှု များကြောင့် Holly wood Walk of fame မှ ဇွန် ၂ဝ ရက်က ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီ အခမ်း အနားကို ဟောလီးဝုဒ်ရဲ့ W ဟိုတယ်လ်မှာ ကျင်းပခဲ့ရာ ဂျနီဖာလိုပက်ဇ်က “ကျွန်မ တကယ်ပျော်ပါတယ်။

ယုံ တောင်မယုံဘူး။ အိပ်မက်များ မက်နေ သလားလို့။ ဒါပေမဲ့ အပြင်မှာ တကယ်ဖြစ်နေ တယ်လို့” မျက်ရည် လည်ကာ ကျေးဇူး တင် စကား ဆိုပါ တယ်။ အသက် ၄၃ နှစ် အရွယ် ဂျနီဖာ က ၁၉၈၆ ခုနှစ် မှာ ‘My Little Girl’ ရုပ်ရှင် ဇာတ်ကား ဖြင့် သရုပ်ဆောင် လောကကို ဝင်ရောက်ခဲ့ပြီး ရုပ်ရှင် ဇာတ်ကား အများအပြား ရိုက်ကူးခဲ့ပါတယ်။ ဂီတလောက မှာ လည်း အောင်မြင်သူ တစ်ဦးဖြစ်ပြီး ဖက်ရှင် ဒီဇိုင်နာ၊ တီဗွီ အစီအစဉ်များရဲ့ ဒိုင်လူကြီး နေရာက ဆောင်ရွက်ခဲ့ပါတယ်။

Walk of fame ဆုချီးမြှင့်ပွဲ အခမ်း အနားကို ကယ်စပါစမတ်၊ ရက်ပါ အဆိုတော် မစ်ဘူးလ်၊ မင်းသမီးဂျိမ်း ဖောင်ဒါ၊ ‘American Idol’ ပရိုဂျူ ဆာနီဂယ်လစ်ရိုး အပြင် အနု ပညာရှင် များစွာ တက် ရောက်ခဲ့ပါတယ်။

Ref;UPI
Popular Journal

ဂန္ထဝင်ဆန်တေးသွားတွေနဲ့ Orchestra ဂီတကိုတိုးတက်စေချင်တဲ့ ဓိရာမိုရ်


မြန်မာပြည်ဂီတလောကတွင် ဂီတပုံစံအမျိုးအစားအသီးသီးသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲကာ ဂီတအမျိုးမျိုးတိုးတက် ထွန်းကား လာနေကြရာ Orchestra (သံစုံတီးဝိုင်း) ဂီတလည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ထိုဂန္ထဝင်ဆန်သော ဂီတသည် လူစုံဝိုင်းစုံဖြင့် တူရိယာအစုံမြိုင်ဆိုင်စွာ တီးခတ်သီကြွေးရသော ဂီတဖြစ်သောကြောင့် ခံ့ညားသော ဂီတလည်းဖြစ်သည်။ ထိုအထဲတွင် ဂီတကဗျာဟူသော Semi Orchestra ဝိုင်းကို ဖွဲ့စည်းကာ Orchestration ပြုလုပ်နေသူ ဂီတမှူး ဓိရာမိုရ်က လိုအပ်ချက် များနှင့်ပတ်သက်၍ “နည်းနည်း လိုနေသေးတာပေါ့။ ပြီးတော့ ဒီမှာပါတဲ့ တူရိယာတွေက ကရိကထများတယ်။ အသံသွင်းတာပဲဖြစ်ဖြစ်၊ ပါဖော့မန့်စ် လုပ်တာပဲဖြစ်ဖြစ် ဘတ်ဂျက်က လိုလာတယ်။ အဲဒီဘတ်ဂျက်ကို အကုန်မခံနိုင်တာရှိတယ်။ ပြီး တော့ player တွေလူနည်းစုရှိ နေသေးတာလည်းပါတယ်။ ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး သင် ကြားမွေးထုတ်ပေးနိုင်မယ့် နေရာတွေလည်း နည်းနေသေးတယ်”ဟု ဓိရာမိုရ်က ပြောပြသည်။

Orchestra ဟု မြန်မာပြည်တွင် ၁၉၆ဝ ဝန်းကျင်မှ စတင်ခဲ့ပြီးထိုအချိန်က ထိုဂီတ နှင့်ပတ်သက်၍ ပြည်ပသို့ ပညာတော်သင်စေလွှတ်မှုများရှိ လာကြောင်း ၁၉၆ဝ ကျော်ကာလများတွင် နိုင်ငံတော်သံစုံတီးဝိုင်းကို စတင် တည်ထောင်ခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ ဝိုင်းများ ပေါ်ပေါက်ခဲ့သော် လည်း ပရိသတ် အားပေးမှု နည်းပါးနေသေး၍ ထင်သလောက် ရှေ့ရောက် မလာခဲ့သေးပေ။ Classic ဂီတ ၏နူးညံ့မှုကို သက်ဝင်ယုံကြည် သူများကတော့ ထိုဂီတကို စွဲ လမ်းစွာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ က ဒီဂီတကို မြင်သွားတယ်။ အမျိုးမျိုးပေါင်း စပ်လို့ရတဲ့အတွက် ကြိုက်တယ်။ ကျွန်တော်တို့ဝိုင်းက ၉၈လောက်မှာ စတယ်။ ၂ဝဝ၂ လောက်မှာ ချစ်သူတို့ရဲ့ မင်္ဂလာတေး အခွေမှာတီးတယ်။ အဲဒီ မှာ လူသိတာပေါ့။ အဲဒါ လည်း မြန်မာဂီတကို Orchestra ကာလာတင်တဲ့အခါ အားပေးကြပါ တယ်။ မြန်မာသီချင်း တွေကို ပိုပြီးခံ့ခံ့ညားညား ကြားရတော့ ပရိသတ်လည်းနှစ်သက်တယ်။ ဒါပေမဲ့ အမြဲမလုပ် နိုင်ဘူး။ ဒီအပေါ်မှာ သီးခြားခံစားတဲ့ပရိသတ်လည်း ရှားတယ်”ဟု တောက်လျှောက် မလုပ်နိုင်ပုံကို ပြောပြသည်။

ရဲရဲ
Popular Journal

X Galz အဖွဲ့ရဲ့ ဖျော်ဖြေမှု အနုပညာ (ရုပ်/သံ)


X Galz အဖွဲ့ရဲ့ ဖျော်ဖြေမှု အနုပညာ ပိုင်းရယ် သရုပ်ဆောင်ပုံရယ် MTV ရိုက်ကွက်လေးနဲ့ ကြည့်လို့ နားထောင်လို့ တော်တော် ကောင်းပါတယ်။

MTV Myanmar



ကမ္ဘာ့ပထမဆုံး အာကာသစူးစမ်းလေ့လာရေး စက်ရုပ် Kirobo


အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် စကားပြောတတ်သည့် စက်ရုပ်လေး တစ်ရုပ်ကို ပထမဆုံး အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ Kiroboဟု အမည်ပေးထားသော စက်ရုပ် အငယ်စားလေးသည် နိုင်ငံတကာ အာကာသ အေဂျင်စီ (ISS)တွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင်များနှင့် စကားလက်ဆုံ ကျနိုင်မည်ဟု ဆိုသည်။

Kiboဟူသော ဂျပန် စကားနှင့် ဆက်နွယ်ပြီး အမည်ပေးထားသည့် စက်ရုပ်လေးများသည် အမြင့် (၃၄)စင်တီမီတာသာ ရှိမည်ဟုဆိုသည်။ Kiboဆိုသော စကားလုံးသည် ဂျပန်ဘာသာအရ မျှော်လင့်ချက်ဟု အဓိပ္ပါယ်ရသည်။ ယင်းစက်ရုပ်ငယ်လေးအနက် ပထမဆုံး တစ်ရုပ်သည် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ နက္ခတ်ဗေဒ ပညာရှင် တစ်ဦးနှင့်အတူ အာကာသတွင်း သွားရောက် ချိတ်ဆက်မည် ဖြစ်သည်။

ပညာရှင်များက Kiroboသည် အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်များတွင် အမှန်တကယ် အကူအညီ ပေးနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ Kiroboကို ဂျပန်နိုင်ငံတွင် မိတ်ဆက် ပြသခဲ့ရာ သွက်လက်ချက်ချာစွာ စကားပြောနိုင်သလို သတင်းထောက်များ၏ မေးမြန်းမှုများကိုလည်း ရည်ရည်မွန်မွန် ဖြေဆိုခဲ့သည်။

ပြည်သူ့ဆက်ဆံရေးနှင့် ကြော်ငြာ လုပ်ငန်းစု Dentsuနှင့် တိုကျိုတက္ကသိုလ်တို့သည် Robo Gargaeနှင့် Toyota ကော်ပိုရေးရှင်းတို့ကို ချိတ်ဆက်ပူးပေါင်းကာ ယခုစက်ရုပ်ငယ်လေးကို သုတေသနပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်။ "ရုရှားက အာကာသထဲ အရင်ဆုံး ရောက်ခဲ့သူတွေ ဖြစ်တယ်။ အမေရိကန်တွေက လပေါ်ကို ပထမဆုံး ခြေချခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ကလည်း ဂျပန်တွေဟာ လူသားတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ ပထမဆုံး စက်ရုပ် နက္ခတ်ဗေဒ ပညာရှင်ကို အာကာသထဲ လွှတ်ပေးနိုင်သူတွေ ဖြစ်ချင်တယ်လေ"ဟု Kirobo ပရောဂျက်၏ မန်နေဂျာဖြစ်သူ ယိုရီချီကာ နီရှီဂျာမာက ပြောကြားခဲ့သည်။

Kiroboသည် (၁၃)လက်မသာ မြင့်ပြီး (၁)ကီလိုဂရမ် ဝန်းကျင်သာ အလေးချိန်ရှိသည်။ သတင်းထောက်များက Kirobo၏ အိပ်မက်ကို မေးမြန်းခဲ့ရာ "စက်ရုပ်နဲ့ လူသားတွေ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ အနာဂတ် တစ်ခုကို ဖန်တီးသွားချင်တာပါ"ဟု ဖြေဆိုသွားသည်။

Planet Myanmar Network

အစ္စကိုအား တရားဝင် ခေါ်ယူရန် သဘော တူညီခဲ့ပြီဟု ရီးယဲလ်ကြေညာ


ရီးယဲလ်မက်ဒရစ် အသင်းသည် မာလာဂါ ကွင်းလယ်တိုက်စစ် ကစားသမားလေး အစ္စကိုအား တရားဝင် စာချုပ် ခေါ်ယူရန် အပြီးသတ် သဘော တူညီခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မန်ချက်စတာ စီးတီးအသင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် မာလာဂါမှ ၎င်း၏ တပည့်ဟောင်းကို အလေးအနက် ချိတ်ဆက်ခဲ့သော်လည်း ကစားသမားသည် ရီးယဲလ်သို့ ပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ရီးယဲလ်သည် တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အစ္စကိုအား ဝယ်ယူကာ (၅)နှစ် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ချုပ်ဆိုတော့မည်ဟု ပြောကြားခဲ့သည်။ အစောပိုင်းက ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က မိမိတို့သည် အစ္စကိုအတွက် အားပြိုင်မှုတွင် အနိုင်ရခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် များအား အသိပေးထား ခဲ့သေးသည်။

အစ္စကိုသည် ဆေးစစ်မှု တစ်ခု ခံယူပြီးမြောက်ပါက (၂၀၁၈)ထိ ဘာနေဗျူးတွင် ရှိနေမည့် စာချုပ်ကို လက်မှတ် ရေးထိုးသွားမည် ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားသည် ဥရေပ လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် စပိန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းနှင့်အတူ အောင်ပွဲခံခဲ့ပြီးနောက် အပြောင်းအရွှေ့ ကိစ္စအတွက် ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်အသင်း ဝက်ဘ်ဆိုက်တွင် "ရီးယဲလ်နဲ့ မာလာဂါတို့ဟာ ဖရန်ဆစ်စကို ရိုမန် အယ်လာကွန် အစ္စကိုအတွက် အပြောင်းအရွှေ့ သဘောတူညီချက်တစ်ခု ရခဲ့ပါပြီ။ သူဟာ  အသင်းမှာ (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးမှာပါ။ ဇူလိုင်လ (၃)ရက်နေ့မှာ ဆေးစစ်ပြီးတဲ့နောက် ဘာနေဗျူးကွင်းမှာ ပရိသတ်ကို မိတ်ဆက်သွားပါ့မယ်"ဟု ဖော်ပြထားသည်။

ရီးယဲလ်နဲ့ မာလာဂါတို့ဟာ ဖရန်ဆစ်စကို ရိုမန် အယ်လာကွန် အစ္စကိုအတွက် အပြောင်းအရွှေ့ သဘောတူညီချက်တစ်ခု ရခဲ့ပါပြီ။ သူဟာ အသင်းမှာ (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးမှာပါ။ ဇူလိုင်လ (၃)ရက်နေ့မှာ ဆေးစစ်ပြီးတဲ့နောက် ဘာနေဗျူးကွင်းမှာ ပရိသတ်ကို မိတ်ဆက်သွားပါ့မယ်...
အစ္စကိုသည် ဗလန်စီယာ လူငယ် အကယ်ဒမီမှ ထွက်ပေါ်လာသူ တစ်ဦးဖြစ်ပြီး (၂၀၁၁)ခုနှစ်၊ နွေရာသီက ပုံမှန်ကစားခွင့် ပိုမိုရရှိနိုင်မည့် မာလာဂါသို့ ပြောင်းရွှေ့ခဲ့ပြီး ယင်းအသင်းတွင် အဓိက အကျဆုံး ကစားသမား တစ်ဦးအဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

Ref: Goal

Soccer Myanmar

ဘိန်းစ် အတွက် မန်ချက်စတာ ယူနိုက်တက်၏ ကမ်းလှမ်းမှုကို အဲဗာတန် ငြင်းပယ်ထား


လေတန်ဘိန်းစ် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းထံမှ တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှု တစ်ရပ်ကို အဲဗာတန်က ပယ်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Sky သတင်း ဌာနက အင်္ဂလန် ချန်ပီယံ အသင်းသည် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမား အတွက် အတည်ပြု ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့သော်လည်း အဲဗာတန်က ငြင်းဆိုခဲ့ကြောင်း နီးစပ်သော သတင်း ရင်းမြစ်များကို ကိုးကား၍ ထုတ်ဖော် ရေးသားခဲ့သည်။ ယူနိုက်တက် မန်နေဂျာသစ် မိုယက်စ်သည် အဲဗာတန်တွင် ၎င်းနှင့် အတွဲ ညီခဲ့သည့် အသက်(၂၈)နှစ်အရွယ် ကစားသမားအား အိုးလ်ထရက်ဖို့ဒ်တွင် ပြန်လည် ပူးပေါင်းနိုင်ရန် အလေးအနက် ဆန္ဒ ရှိနေဆဲ ဖြစ်သည်။ ယူနိုက်တက်သည် ဘိန်းစ်အတွက် နောက်ထပ် ကမ်းလှမ်း လာရန်လည်း အစီအစဉ် ရှိနေသည်။

ဘိန်းစ်ကို ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် လက်ထက် ကတည်းက စိတ်ဝင်စားခဲ့ဖူးသည်။ ယူနိုက်တက်သည် ဘိန်းစ်အား ပေါင်စတာလင် (၁၅)သန်းဖြင့် ကမ်းလှမ်းပြီး စွမ်းဆောင်မှု အလိုက် နောက်ထပ် ပေါင်စတာလင် (၅)သန်းထိ ထပ်တိုးပေးသွားမည့် အဆိုပြုမှုမျိုး ပြုလုပ်လာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြလျှက် ရှိသည်။ အဲဗာတန် မန်နေဂျာသစ် ရောဘတ်တို မာတီနက်ဇ်ကမူ မိမိသည် ဘိန်းစ်ကို (၂)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ကမ်းလှမ်းလိုကြောင်း ပြောဆိုထားသည်။

Skyသတင်းဌာနက အင်္ဂလန် ချန်ပီယံ အသင်းသည် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမားအတွက် အတည်ပြု ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း အဲဗာတန်က ငြင်းဆိုခဲ့ကြောင်း နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ထုတ်ဖော် ရေးသားခဲ့...
ယူနိုက်တက်က ဘိန်းစ်ကို စိတ်ဝင်စားမှုသည် ဝါရင့် နောက်ခံလူ ပက်ထရစ် အီဗရာ၏ အနာဂတ် အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာစေခဲ့သည်။ အသက်(၃၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင် အီဗရာကို မိုနာကိုနှင့် PSG အသင်းများက စိတ်ဝင်စားလျှက် ရှိသည်။

Ref: Sky Sports

Soccer Myanmar

ကွန်ဖက်ဒရေးရှင်း ဗိုလ်လုပွဲတွင် ဘရာဇီးလ်က ပိုရေပန်း စားမည်ဟု စပိန်နည်းပြ မှတ်ချက်ပြု


ကွန်ဖက်ဒရေးရှင်း ဖလား ဗိုလ်လုပွဲတွင် ဘရာဇီးလ်သာ ပိုမို ရေပန်းစားသည့် အသင်း ဖြစ်လိမ့်မည်ဟု စပိန်နည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေးက မှတ်ချက်ပြု ပြောကြားလိုက်သည်။

စပိန်သည် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်တွင် အနိုင် ရသည့်နောက် ဘရာဇီးလ်မြေတွင် ကျင်းပနေသည့် ပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ ဂိုးမရှိ သရေ ဖြစ်နေသော ပွဲစဉ်တွင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ ဂျီးဆက်စ်နာဗက်စ်၏ အဆုံးအဖြတ်ဂိုးကြောင့် အီတလီကို (၇-၆)ဖြင့် ကျော်ဖြတ်ကာ စပိန်တို့ ဗိုလ်လုပွဲ ရောက်လာခြင်း ဖြစ်သည်။ စပိန်သည် လက်ရှိ ကမ္ဘာ့ချန်ပီယံနှင့် ဥရောပ ချန်ပီယံ ဖြစ်နေသည့်တိုင် အိမ်ရှင် ဘရာဇီးလ်ကို ကျော်ဖြတ်ရန်မှာ ခက်ခဲလိမ့်မည်ဟု ဒယ်လ်ဘော့စကေးက ဝန်ခံခဲ့သည်။

အသက်(၆၂)နှစ်ရှိ နည်းပြကြီးက "ဘရာဇီးလ်က ရေပန်း အစားဆုံး အသင်းပါ။ သူတို့ဟာ ကမ္ဘာ့ဖလားကို (၅)ကြိမ် ရပြီး ကွန်ဖက်ဒရေးရှင်း ဖလားကို (၃)ကြိမ် ရယူဖူးတယ်။ ပြီးတော့ သူတို့ကို ကျွန်တော်တို့ ရင်ဆိုင် ကစားရမယ့် နေရာက မာရာကာနာ ကွင်းကြီးမှာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်" ဟု ဆိုသည်။ ၎င်းက "အသင်း အနေနဲ့ ပွဲပန်းနေရာက မြန်မြန်ဆန်ဆန် နိုးထပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး အခြေအနေနဲ့ သူတို့ကို ရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ဘက်ကလည်း (၃)ရက်အတွင်း ခုလိုပဲ ပြင်ဆင်မယ်ဆိုတာ ယုံကြည်ပါတယ်" ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဘရာဇီးလ်က ရေပန်းအစားဆုံး အသင်းပါ။ သူတို့ဟာ ကမ္ဘာ့ဖလားကို (၅)ကြိမ်ရပြီး ကွန်ဖက်ဒရေးရှင်း ဖလားကို (၃)ကြိမ် ရယူဖူးတယ်။ ပြီးတော့ သူတို့ကို ကျွန်တော်တို့ ရင်ဆိုင် ကစားရမယ့် နေရာက မာရာကာနာ ကွင်းကြီးမှာလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်...
ဒယ်လ်ဘော့စကေးက "အီတလီနဲ့ပွဲမှာ ကစားသမားတွေက မိနစ်(၁၂၀) ကစားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် အသင်းသား အများစုဟာ တစ်ပတ်ကို နှစ်ပွဲလောက် ပုံမှန် ကစားနေသူတွေပါ။ ဒါကြောင့် တနင်္ဂနွေနေ့ည ပွဲစဉ်ကိုလည်း ကောင်းကောင်း ကစားနိုင်မယ် ထင်ပါတယ်။ ပွဲကို ဘယ်အသင်းက လွှမ်းမိုးထားနိုင်မယ် ဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ပိုပြီး နှစ်နှစ်ကာကာ အားထည့်တဲ့ အသင်းမျိုးကတော့ အခြေအနေ ပိုကောင်းမှာပါ။ အီတလီဆိုရင် အင်မတန် ကောင်းမွန်ခဲ့ပြီး ပွဲကို ချုပ်ကိုင် ကစားသွားနိုင်ခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

Ref: Goal

Soccer Myanmar

မိုင်တိုင် ၂၆ သရဲဇာတ်ကား Free Showပြသမည်


ဒါရိက်တာမောင်မျိုးမင်း -( ရင်တွင်းဖြစ် ) ရိုက်ကူးပြီး ကျောက်ဆူး ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှရိုက် ကူးထုတ်လုပ်သော ( မိုင်တိုင် ၂၆ ) အမည်ရှိ ဖြစ်ရပ်မှန်  သရဲဇာတ်ကား ကိုအဆင့်မြင့်မြန်မာ
ဗီဒီယို ဇာတ်ကားအဖြစ်  ဇူလိုင်လ ၅ ရက်နေ့တွင် တော်ဝင်စင်တာ ရုပ်ရှင်ရုံ ၌ ရုံတင်ပြသမည်ဖြစ်ပါ
သည် ။

ဇူလိုင်လ ၂ ရက်နေ့တွင် အထူးပွဲ အဖြစ် Junction မော်တင် ၌ နံနက် ၉ နာရီအချိန်တွင် ပရက်ရှိုး အဖြစ် Free Show ပြသပေးမည်ဖြစ်ပါသည် ။

ကြည့်ချင်သူများ  Free Showပြသမည့်နေ့တွင် အခမဲ့လာရောက် ကြည့်ရူ့နိုင်ပါကြောင်းသတင်း ကောင်းပါးလိုက်ပါသည် ။

လူဦးရေအကန့်အသက်ရှိပါသောကြောင့် ကြည့်ချင်သူများ သည် kunnsint@gmail.com သို့
email ပို့ကာ စရင်းပေးနိုင်ပါသည် ။

ခွန်းဆင့်နေခြည်

Myanmar News Now

Head Phone တွေဖန်တီးဦးမယ့် PSY


Head Phone တွေဖန်တီးဦးမယ့် PSYလတ်တလော နိုင်ငံတကာကို ခြေဆန့်ပြီး အောင်ပွဲတွေ ဆက်နေတဲ့ တောင်ကိုရီးယား အဆိုတော် (PSY) Un SEOUL Electronic နဲ့လက်တွဲပြီး လာမယ့် နှစ်မှာ Head Phone နဲ့ Speaker တွေ ထုတ်ဦး မှာဖြစ်ပါတယ်။ PSY ဟာ ဂန်းနား စတိုင်အကနဲ့ You Tube ကတစ်ဆင့် ကမ္ဘာ ကျော်ခဲ့ပြီး သူ့ရဲ့ကကွက်များနဲ့ ကနိုင်တဲ့ စက်ရုပ်များ ကိုတောင် သိပ္ပံပညာ ရှင်များ ကတီထွင်ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်ခဲ့ ကြတဲ့ အထိ လူအများ အပေါ် လွှမ်းမိုးနိုင် ခဲ့တဲ့ သူ့ရဲ့စိတ် ကူးစိတ်သန်းနဲ့ အောင်မြင်မှုကို SEOUL Electronic က ကောင်းစွာ အသုံးချတဲ့ အနေနဲ့ PSY ရဲ့ ကိုယ်ပို င်ဒီဇိုင်းနဲ့ လျှပ်စစ် ထုတ်ကုန် သစ်များ ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ PSY ဖန်တီးမယ့် ဒီဇိုင်း တွေဟာ ဂီတချစ်သူ တွေကို မငြင်း သာလော က်အောင် ဆွဲဆောင်နိုင် မယ်လို့ SEOUL Electronic ကမျှော်လင့် ထားပါတယ်။ SEOUL ဟာသူ့ရဲ့ Brand များ ကို နိုင်ငံတကာက စိတ်ဝင် စားဖို့နိုင်ငံ တကာက နယ်ပယ်စုံက ထူးချွန်ကျော်ကြား သူတွေကို သံတမန်အနေနဲ့ ခန့်အပ်ခြင်း၊ လက်တွဲ လုပ်ကိုင်ခြင်းများ ပြုလုပ်လျက် ရှိပါတယ်။

By Popular News

ပရိသတ်ချစ်တာကိုပဲ လိုချင်သူ မိုးယုစံ


ပရိသတ်ချစ်တာကိုပဲ လိုချင်သူ မိုးယုစံဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ ‘သန္တာရောင် ဆုံမှတ် များ’ ဇာတ်ကားကို  မိုးယုစံက နေတိုး နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားထဲမှာ မိုးယုစံက နေတိုးရဲ့သူငယ် ချင်းချစ်သူအဖြစ် သရုပ်ဆောင်ထား ပါတယ်။

ဒီဇာတ်ကား လေးက လူငယ် ဖန်တီး ဇာတ်ကားလေး ဖြစ်တယ်လို့ သိရပါတယ်။ မိုးယုစံက အခုနောက် ပိုင်းမှာ ဒရာမာ ဇာတ်ကားထက် ဖန်စီ ဇာတ်ကား လေးတွေကို ပိုပြီး ရိုက်ကူး ဖြစ်လာတာနဲ့ ပတ်သက်ပြီး “မိုးယု အတွက် အဓိက ကတော့ ဇာတ်လမ်းက အရေး အကြီးဆုံးပဲ။ မိုးယု တို့ကပရိသတ်တွေ ရီရအောင် ပလော့ခ်လေး တွေကို ပြောရတယ်။ အိုက်တင်လည်း ပါတယ်။ သဘာဝ ကျကျ ရယ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ် ဆောင်ဖြစ်တယ်။ ဖန်စီ ဇာတ်လေး တွေကို လည်း ရိုက်ရတာ အရမ်း သဘော ကျ တယ်” လို့ ပြောပါတယ်။

ဇာတ်ကား ရိုက်တဲ့ အခါမှာ လည်း ဇာတ်ကို သေသေ ချာချာ ရွေးပြီး ရိုက်ဖြစ် သလို ကိုယ်ရဲ့ ဇာတ် ကား ကို ကြည့်ပြီး ပရိသတ် ဆီက အချစ်နဲ့ လက် ခံမှုကိုပဲ လိုချင် ပါတယ်လို့ မိုးယုစံက ပြောပါတယ်။ မိုးယု ကတော့ အတတ် နိုင်ဆုံး ပရိသတ် လက်မခံတဲ့ ကာရိုက်တာ မျိုး ဇာတ်မျိုးကို မရိုက်ပါ ဘူး။ ဘာပဲလုပ်လုပ် အလွန့်အကျွံ မဖြစ်ရင်တော့ အကောင်းဆုံး ပါပဲ။ ကိုယ်က မြန်မာပြည်မှာ နေတဲ့ အတွက် မြန်မာတွေက မြန်မာလိုပဲ ဇာတ်ကား ကိုကြည့်မှာလေ။ တခြား နိုင်ငံက ဘယ်လိုပဲ ရိုက်ရိုက် ဒါကို လွန်တယ်လို့ မြင်မှာမဟုတ်ဘူး။

ကိုယ့်မြန်မာပြည်မှာက ကိုယ့်ယဉ် ကျေးမှုနဲ့ ကြည့်ကြ မှာဆိုတော့ အားလုံးကိုဆင်ဆင်ခြင်ခြင်နဲ့ လုပ် ရင် အကောင်းဆုံးလို့ မြင်မိပါတယ်။ မိုးယုကတော့ အတတ်နိုင်ဆုံး မရိုက် ဖြစ်အောင်ထိန်းပါတယ်။ ရိုက်ဖို့ လည်း စိတ်ကူးမရှိပါဘူး။ အခုအချိန် ထိလည်း မရှိသေးဘူး။ ရှိလာခဲ့ရင် လည်း မိုးယုက ငြင်းမှာပဲ။ ဘာဖြစ်လို့ လဲဆိုတော့ မိုးယုက ပရိသတ် ချစ် တာ၊ လက်ခံတာကိုပဲ လိုချင်ပါ တယ် လို့ ပြောပါတယ်။

လွင်လွင်ထွန်း
 By Popular News

အစဉ်အလာကို စိန်ခေါ်ရဲခဲ့တဲ့ ကျောင်းသား (သို့မဟုတ်) 3 idiots ရုပ်ရှင်ဇာတ်ကား



ပညာရေးကို အဓိပ္ပါယ်အသစ် ဖွင့်ဆိုမှုများနဲ့ ရုပ်ရှင်ဇာတ်ကားကြီး…

အစဉ်အလာကို ဆန့်ကျင်ရဲတဲ့ ကျောင်းသားတစ်ဦး …

ဆရာကို သင်ပြနည်းပညာ ပေးရဲတဲ့ ကျောင်းသား …

အောင်မြင်မှုနောက်ကို မလိုက်ဘဲ ၀ါသနာရယ်၊ ကျွမ်းကျင်မှုရယ်နောက်ကိုသာ လိုက်ပြီး အကောင်းဆုံး ကြိုးစား လုပ်ဆောင်ဖို့ သူငယ်ချင်းများကို တိုက်တွန်းခဲ့သူ…

ဟောလိဝုဒ်အကျော်အမော် ဒါရိုက်တာ Steven Spielberg စတီဗင်စပီးဘာ့ခ် ကိုယ်တိုင် ၃ ကြိမ် ကြည့်ရှုခဲ့ပါကြောင်း ၀န်ခံရတဲ့ ရုပ်ရှင်ဇာတ်ကား…

ရာစုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဇာတ်လမ်းအဖြစ် သမိုင်းတွင်ရစ်မယ့် အိန္ဒိယမှာ ၀င်ငွေအများဆုံး ဘောလိဝုဒ်ဇာတ်ကား…

တရုတ်၊ ဟောလိဝုဒ်၊ စပိန်နဲ့ အခြားသော နိုင်ငံများကလည်း ပြန်လည် ရိုက်ကူးနေတဲ့ ဇာတ်ကား…

ဟာသ၊ အချစ်၊ ပညာရေး၊ အလုပ်အကိုင်၊ လူငယ် စွန့်စားခန်း ဒရာမာ…

ကျေးလက်လူထုအတွက် လူမသိ၊ သူမသိ ဖန်တီးခဲ့သူတွေရဲ့ တီထွင်မှုများစွာကိုလည်း လက်တွေ့ အသုံးပြု ပြသထားတဲ့ ဇာတ်ကား..

ကျောင်းပညာကို ချက်ခြင်း အသုံးချတတ်သူ၊ မေးခွန်း မေးတတ်သူ၊ မေးရဲသူ၊ သူငယ်ချင်းအပေါ် အကြင်နာတရားနဲ့ ဆက်ဆံတတ်သူ…

“အချစ်” ဆိုတာကိုလည်း ချစ်သူ သူဌေးသမီး၊ ကောင်မလေးကို အဓိပ္ပါယ်အသစ်တွေ ပြသနိုင်ခဲ့သူ…

အစဉ်အလာကို ပြုပြင်ပြောင်းလဲလိုသူများ၊

မျက်မှောက်ခေတ် ပညာရေး အတွေးအမြင်၊ အကျင့်အကြံများကို ပြုပြင်လိုသူများ….

ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနဲ့ မိဘများအားလုံး ကြည့်ရှုလေ့လာသင့်ပါကြောင်း မောက္ခပညာရေးမဂ္ဂဇင်းက တိုက်တွန်းလိုက်ရပါတယ်။

3 idiots ဇာတ်လမ်းအကျဉ်း …

အင်ဂျင်နီယာအထူးပြု သီးသန့်ကျောင်းသားဘ၀တုန်းက အတူတူတွဲခဲ့ကြတဲ့ သူငယ်ချင်း ၂ ဦးဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ သူငယ်ချင်းဖြစ်သူကို ရှာပုံတော်ဖွင့်ခြင်းနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။ ကောလိပ်ကျောင်းသားဘ၀ နေ့ရက်များကို ပြန်ပြောင်း တမ်းတသတိရခြင်းများနဲ့ ဇာတ်လမ်းက ဆွဲခေါ်သွားတာပါတယ်။ အထူးသဖြင့် အစဉ်အလာကို ဆန့်ကျင်ရဲခဲ့သူ… အတွေးအမြင် အသစ်တွေ ပေးခဲ့သူ… ဆရာကိုလည်း ပညာပြန်ပြခဲ့သူ… သူငယ်ချင်းကို အကူအညီ ပေးတတ်ခဲ့သူ… တစ်ကျောင်းလုံးက သူတို့ကို idiots ငမိုက်သားတွေလို့ ကင်ပွန်းတပ်ခြင်း ခံခဲ့ရပေမယ့် မမှု့ခဲ့သူ… ဆင်းရဲတဲ့အတွက် လူစားထိုး ကျောင်းတတ်ရင်း ပထမဆု ရရှိခဲ့သူ… သူတို့ရဲ့ သူငယ်ချင်း Ranchhoddas Shamaldas Chhanchad (သရုပ်ဆောင် Aamir Khan) နဲ့ အတူ ရှိနေခဲ့တဲ့ ကောလိပ်ကျောင်း နေ့ရက်များကို ဖြတ်သန်းပြသပါတယ်။

ပထမအပိုင်းမှာ ဇာတ်ပျိုးရင်း အချိန်ယူထားပေမယ့် ဒုတိယပိုင်းမှာတော့ ဇာတ်ရှိန်မြင့်လာပြီး နောက်ခံသီချင်းများ၊ ဘောလိဝုဒ်စတိုင် ဇာတ်ကွက်များနဲ့ ပရိသတ်ကို ဇာတ်လမ်းဆုံးတဲ့အထိ အသော၊ အလွမ်း၊ ထေ့လုံး၊ ငေါ့လုံးများ၊ ကြည်နူးဖွယ်ရာ ဇာတ်ကွက်များနဲ့ ဆွဲဆောင်ခေါ်ယူ သွားနိုင်ခဲ့ပါတယ်။

ဘာကြောင့် ကမ္ဘာကျော် နေရသလဲဆိုတာကို အပေါ်က ဗွီဒီယိုမှာ ဆက်လက်ရှုစားတော်မူကြပါ။

မောက္ခပညာရေးမဂ္ဂဇင်း

Facebook Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File


ခွန်းဆင့်နေခြည် ၏ Facebook Account Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File နားထောင်ကြည့်ကြပါ ချစ်ပရိတ်သတ်တို့။



သိပ်ချစ်နေကြဆဲ ဂျေဆန်နှင့် ရိုစီ


ရိုစီ ဟတ်တင်ဂန် ဝှစ်ဘလေနှင့် ဂျေဆန် စတက်ဟမ်းတို့၏ အချစ်ရေးသည် နွေးထွေး လှပနေဆဲဖြစ်ကြောင်း သတင်းများက ချီးကျူး ရေးသားခဲ့သည်။ Victoria's Secret အလှမယ်နှင့် Transformers: Dark of the Moon မင်းသမီးဖြစ်သူ ရိုစီသည် Transporterဇာတ်ဆောင် ဂျေဆန်နှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

အသက်(၂၆)နှစ်ရှိ မင်းသမီးသည် အသက်(၄၅)နှစ်အရွယ် ဂျေဆန်နှင့်အတူ ကြာသပတေးနေ့က ချစ်သူနှစ်ဦး အတူထွက်၍ ညစာစားခဲ့စဉ်က ဂျေဆန့်အပေါ် အရူးအမူး ဖြစ်နေသည့် မိန်းကလေး တစ်ဦးနှင့် ဆင်တူနေကြောင်း သတင်းများက ရေးသားခဲ့သည်။

ဂျေဆန်က ကားမောင်းလာချိန်တွင် ရိုစီသည် တမြတ်တနိုး ငေးနေသည်ကို ပါပါရာဇီများက ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သည်။
ဂျေဆန်မှာ နက်ပြာရောင် ကုတ်နှင့် သပ်ရပ် ခန့်ညားနေပြီး ရိုစီမှာ အဖြူရောင် အောက်ခံတွင် အနက်ရောင် အင်္ကျီကိုထပ်၍ ဝတ်ဆင်လာသည်။

နှစ်ဦးလုံးမှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်ပင် ရှိနေပြီး ရိုစီသည် ဂျေဆန်ကို အချိန်အတော်များများ ကြည်နူးစွာ ငေးကြည့်နေသည်ကို တွေ့ရသည်။ ဂျေဆန်သည် နာမည်ကျော် မော်ဒယ်လ် တစ်ဦးဖြစ်သူ ကယ်လီဘရွတ်ခ်နှင့် (၇)နှစ်မျှ တွဲခဲ့ဖူးသေးသည်။ ဂျေဆန်နှင့် ရိုစီတို့သည် လတ်တလောတွင် လော့စ်အန်ဂျလိစ်၌ အတူနေထိုင်လျှက် ရှိသည်။

ဂျေဆန်က ၎င်း၏ ချစ်သူနှင့် ပတ်သက်ပြီး "သူ့ဖာသာ ပရော်ဖက်ရှင်နယ် အလုပ်မှာ ဘယ်လို ကြွရွအောင် ပြင်ဆင်နေပါစေ၊ အိမ်မှာဆိုရင် ရိုစီဟာ ကျေးတောသူလေး တစ်ယောက်လို ရိုးရှင်းတယ်။ အရမ်း သဘာဝကျတယ်"ဟု မှတ်ချက်ပြု ပြောဆိုခဲ့ဖူးသည်။ ရိုစီနှင့် ဂျေဆန်တို့သည် (၂၀၁၀)ပြည့်နှစ်၊ ဧပြီလ ကတည်းက တွဲခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar

လေတန်ဘိန်းစ်ကိုခေါ်ယူရန် မန်ယူ ကြိုးပမ်းလျက်ရှိ


မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် နောက်ခံလူ လေတန်ဘိန်းစ်ကို ခေါ်ယူရန် အလေးအနက် ကြိုးပမ်းနေကြောင်း သိရှိရသည်။ ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် အသင်းဟောင်းတွင် ၎င်းနှင့် အတွဲညီခဲ့သော အင်္ဂလန် လက်ရွေးစင်ကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပြီး အဲဗာတန်က ငြင်းဆန်ခဲ့ကြောင်း Sky Sportsက ဖော်ပြခဲ့သည်။

သို့သော်လည်း မိုယက်စ်သည် ဘယ်တောင်ပံ နောက်ခံလူအတွက် ပေါင်စတာလင် (၁၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ထပ်မံ ချဉ်းကပ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၅)သန်းထိ တိုးမြှင့်ပေးသွားမည့် မက်လုံးမျိုးဖြင့် နောက်တစ်ကြိမ် အားထုတ်ရန် အသင့်ရှိနေဆဲဟု ဆိုသည်။

အဲဗာတန်တွင် မိုယက်စ်နေရာကို ဆက်ခံသော မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က မိမိတို့သည် ဘိန်းစ်ကို စာချုပ်သက်တမ်းတိုးရန် လိုလားကြောင်း ဝန်ခံထားသည်။ ယူနိုက်တက်သည် ပထမအကြိမ် ကမ်းလှမ်းမှုတွင် ပေါင်စတာလင် (၁၂)သန်းထိ ဈေးပေးခဲ့သော်လည်း မအောင်မြင်သည့်အတွက် နောက်ထပ် ဈေးတိုးပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၀၀၀၀)ဖြင့် (၂)နှစ် သက်တမ်းတိုး စာချုပ်ရန် အဲဗာတန်ကလည်း စီစဉ်နေကြောင်း သိရှိရသည်။

PlanetMyanmar

ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်

ဒါရိုက်တာ အဏ်ထော်နီ

၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက လေယာဉ်ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှန်ရုပ်ရှင်ကို ဒါရိုက်တာ အဏ်ထော်နီက ရိုက်ကူးချိန်ခြောက်လသတ်မှတ်ပြီး ရိုက်ကူးစရိတ်တချို့ကို ပြန်ကြားရေးဝန်ကြီး ဌာနဆီတင်ပြတောင်းခံသွားမယ်လို့ ဒါရိုက်တာအဏ်ထော်နီက ဆိုပါတယ်။ ကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၃၀၀၀ လောက် ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

“ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ဟိုတလောက လာတွေ့တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း အနုပညာသမားတွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တခုပေါ်လာတယ်။ ဇာတ်လမ်းကောင်းတယ်၊ ကမ္ဘာကို သွားလို့ရနိုင်တဲ့အတွက် လိုအပ်ရင် ရုပ်ရှင်သမားတွေကို နိုင်ငံတော်က မတည်ပြီး ထုတ်ချေးပေးမယ်ပြောလို့ ကိုယ်တိုင် နိုင်ငံတော်သမ္မတဆီတင်မယ်၊ ခွင့်ပြုချက်ရတဲ့အပေါ် မူတည်ပြီး ဇာတ်ကားကို ထုတ်ချေးမယ်။”

ဒီဖြစ်ရပ်ကိုရိုက်ကူးတဲ့အခါမှာ လိုအပ်မယ့် အမေရိကန်နိုင်ငံထုတ် ဒါကိုတာ လေယာဉ်ပုံစံကိုတော့ အမေရိကန်နိုင်ငံကိုပဲ အကူအညီတောင်းခံသွားမယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးဖို့အတွက် အဓိကကျတဲ့ ရည်ရွယ်ချက်နဲ့ ပရိသတ်ကိုပေးချင်တဲ့ အချက်အလက်အလက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဏ်ထော်နီက အခုလိုပြောပါတယ်။

“ကမ္ဘာနဲ့ချီပြီး ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းဆိုတော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာရော၊ ပထမဆုံးစလုပ်တဲ့သူက စွန့်ဦးတီထွင်ပဲလေ။ ကိုယ့်နိုင်ငံက စွန့်ဦးတီထွင်ပြီး သတ္တိရှိရှိနဲ့ လေယာဉ်ပြန်ပေးဆွဲတယ်ဆိုတော့၊ အသက်ကိုတောင်စွန့်ပြီး လုပ်ခဲ့တဲ့ ကြံစည်မှုကြီး။ ဒီလို ကြံစည်မှုမျိုးကို လုပ်ရဲတဲ့သတ္တိရှိသူဟာ ကိုယ့်နိုင်ငံက ပေါက်ဖွားခဲ့တဲ့သူတွေ ဖြစ်လို့ ဒါကို ရိုက်ပြလာခြင်းအားဖြင့် ကမ္ဘာကို ချပြရတာ ဂုဏ်ယူစရာပေါ့။”

နိုင်ငံတကာဖြန့်ချိမယ့် ဇာတ်လမ်းဖြစ်တဲ့အပြင် ကမ္ဘာကျော်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးတာဖြစ်တဲ့အတွက် တိကျတဲ့ အချက်အလက်မှန်တွေကို သက်ရှိထင်ရှားရှိနေသေးတဲ့ ဦးစောကျော်အေးက ကူညီပေးမယ်လို့ အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဗိုလ်စောသိန်းကျော် (ကွယ်လွန်) ရဲ့ သားဖြစ်သူ ဦးစောဒေါဒေါက ပြောပါတယ်။

ကေအန်ဒီအိုက သူတို့အဖွဲ့အတွက် လိုအပ်တဲ့လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ သယ်ယူဖို့အတွက် လေယာဉ်တစ်စီး လိုအပ်လာတာကြောင့် လေယာဉ်ကို ရယူလိုရုံသက်သက် ပြန် ပေးဆွဲမှုကို ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့နေရာမှာ နာမည်ရနေတဲ့ မင်းသား၊မင်းသမီးတွေကို လုံးဝသုံးမှာ မဟုတ်ဘဲ အသစ်တွေနဲ့သာ ရိုက်ကူးမယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဦးနုအစိုးရ လက်ထက် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲခဲ့တဲ့ လေယာဉ်ပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကေအန်ဒီအို အဖွဲ့ဝင် ၃ ဦးက ဦးစီးပြီး ပြန်ပေးဆွဲခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေအနက် ဦးစောကျော်အေးက သက်ရှိထင်ရှားရှိပြီး ကျန် ဦးစောသိန်းကျော်နဲ့ အငြိမ်းဆိုတဲ့ပုဂ္ဂိုလ်တို့ကတော့  ကွယ်လွန်သွားပြီဖြစ်ပါတယ်။

 by ယုဇနကိုကို  (ဒီဗွီဘီ)

ဂျောက်ဂျက် ဘာတွေ လုပ်နေလဲ


ဂျောက်ဂျက် က အခုတလော ရှမ်းပြည်နယ် ဘက်ကို ဖျော်ဖြေပွဲ တွေ အသွား များလာတယ် လို့ ပြောပြခဲ့ပါတယ်။ အဲဒီ ဘက်က လူတွေက ဟိုးအရင် က သီ ချင်းဟောင်းတွေ အတောင်း များတယ် လို့ပြောပြီး သူ့အနေနဲ့ အဲဒီ သီချင်းတွေ ပြန်ဆိုဖို့ မဖြစ်ဘဲ အခွေသစ် ထဲက သီချင်းတွေ ဆိုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ တိုင်း သိပြည်သိ အမ်တီဗီကိုလည်း ရိုက်နေပြီး အဲဒီအခွေ ကိုတော့ ဒီဇင်ဘာလောက် ထွက်ဖို့ မှန်းထား တယ်လို့ ပြောပါတယ်။

ဟိုးတုန်းက ဂျောက်ဂျက်နဲ့ အခု ဂျောက် ဂျက် ဘာကွာခြားလဲ ဆိုတော့ “ဆံပင်ဘေး ပိုပြောင်သွားတယ် (ရယ်လျက်) ကျွန်တော် လူကြီး နည်းနည်း ပိုဆန်လာတယ် လို့ ပြောရမယ်။ ကျွန်တော်သီချင်း ရိုးရိုး ကြီး တွေ သိပ်မဆိုချင်တော့ဘူး။ ဆိုလည်း မဆိုဖြစ်တော့ဘူး။ တရားဝင်ဖြန့်ထားတဲ့ အခွေထဲက သီချင်းတွေပဲ ဆိုဖြစ်နေတယ်”လို့ ပြောပါတယ်။

ဂျောက်ဂျက် က နောက် တက်လာမယ့် ရက်ပ်ပါ တွေ အတွက်ပြောတာက “သူတို့တွေလည်း အနည်းနဲ့ အများတော့ ဒုက္ခခံရတာပဲ။ တစ်ခုပြောရမှာက အခုခံရတာထက်ကို ဆယ်ဆပိုခံရဦးမယ်လို့ သတိပေးတာပါ။ ခြောက်လှန့်
တာ မဟုတ်ဘူး။ နေရာ တစ်ခုရဖို့ အနင်းခံရမယ်။ အဲဒီဒဏ်တွေ ခံနိုင်အောင် ပြင်ဆင်ထားပါ။ အဲလို ခံနိုင်ခဲ့လို့ ကျွန်တော်တို့ ဒီလို ဖြစ်လာ
တာပါ” လို့ ပြောပါတယ်။

ဂျောက်ဂျက်က Under ground ကအဖွဲ့တွေနဲ့ သိပ် မတွေ့ဖြစ်ဘူး လို့ ပြောပြီး သူပေါင်းတဲ့ လူတွေက လူကြီးတွေ များနေပြီး new ဆိုလို့ လွှမ်းပိုင်း လောက် သာ ပေါင်းဖြစ်တယ်လို့ ပြောပါတယ်။ ဂျောက်ဂျက်ကို ဂျူနီယာလေးတွေက Simple သီချင်းခွေတွေ လာပေးထား ကြသေးလား ဆိုတော့ “အိမ်မှာတို့၊ ရှိုးပွဲတို့မှာတော့ လာပေးထားကြတာတွေ ရှိပါတယ်။ သူတို့ပေးတဲ့ အခွေတွေ အကုန်နားထောင်ဖြစ်တယ်။

ဒါပေမဲ့ အားနည်းချက်တွေများနေ သလား လို့၊ သေချာ အချိုးကျတဲ့ လူထက်ပေါ်ပင် လုပ်ထားတာတွေ့ရတယ်။ အဲဒီတော့ သိပ်မကြိုက်ဘူး။ ဟစ်ဟော့ပ် စစ်စစ်သိပ် မထွက်လာဘူး လို့ ပြောလို့ ရပါတယ်” လို့ ပြော ပါတယ်။ ဂျောက်ဂျက်က ပြင်ဦး လွင်မြို့ အမှတ်တရ အနေနဲ့ “ကျွန်တော် ပထမဆုံး စပေါက် တဲ့အချိန်တုန်းက ပြင်ဦးလွင် ပန်းပွဲတော်မှာ စဆိုခဲ့တာ။ အဲဒီတုန်း က အပြော အဆိုမတတ်ဘူး။ ပြောချင်ရာပြော ဆိုချင်တာ ဆိုပဲ။ အဲဒီတုန်းက ကျွန်တော် မဆိုခင်ကျွန်တော့် နာမည်အော်နေကြ တာတော့ အမှတ်တရပဲ”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
Popular Journal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ