INTERNATIONAL CULTURE EXHIBITION တွင် မြန်မာပါဝင်ဆင်နွှဲ



INTERNATIONAL CULTURE EXHIBITION ပြပွဲကို မေလ ၂၄ ရက်နေ့က တူရကီနိုင်ငံ Izmir မြို့ရှိ INTERNATIONAL FAIR AREA မှာပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံတစ် နိုင်ငံစီကို ပြခန်းတစ်ခန်းစီဖြင့် ရိုးရာဓလေ့ အဝတ်အစား၊ ရိုးရာဓလေ့ ပစ္စည်းများကို ပြသခဲ့ကြပါတယ်။

HORIZON INTERNATIONAL SCHOOL မှ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနှင့် မြန်မာ့ရိုးရာပစ္စည်းများကို သွားရောက် ပြသခဲ့ကြပါတယ်။

 ပြပွဲလာ ဧည့်ပရိတ်သတ်များက မြန်မာ့ရိုးရာ သနပ်ခါးနှင့် ပုသိမ်ထီးကို တအားစိတ်ဝင်တစားနှင့် လာရောက်လေ့လာကြသူ အများအပြားရှိခဲ့ပြီး ကမ္ဘာအလယ်မှာ ဝင့်ထည်နိုင်ခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ - လင်းအက္ခရာ
Popular Journal

ဆင်ဆာမလွတ် ဇာတ်ဝင်ခန်း များတွင် ပထမဆုံး သရုပ်ဆောင်ခဲ့သူ ဘောလီးဝုဒ် မင်းသမီး


ဘောလီးဝုဒ် မင်းသမီး မာလီကာရှာရာဝပ်သည် အိန္ဒိယ ရုပ်ရှင်လောက၌ ရေကူးဝတ်စုံ ဝတ်၍ သရုပ် ဆောင်သူနှင့် အကြင်နာပေးသည့် ခန်းများ ရိုက်ကူးသူ ပထမဆုံး မင်းသမီးဖြစ်ကြောင်း သူမက ဖွင့်ဟပြော ကြားခဲ့သည်။

”အိန္ဒိယ ရုပ်ရှင်မင်းသမီးတွေထဲမှာ ရေကူး ဝတ်စုံဝတ်တာနဲ့ အကြင်နာပေးတဲ့ အခန်းတွေ ပထမ ဆုံးရိုက်တာ ကျွန်မပါ။ အဲဒီလို ရိုက်ပြီးတာနဲ့ ကျွန်မလည်း နာမည် ကြီးလာတာပဲ”ဟု ကိန်း ရုပ်ရှင်ပွဲတော်၌ Variety မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ရှာရာဝပ်သည် မကြာခင်ဖြန့်ချိမည့် သူမ ပါဝင်သရုပ်ဆောင် ထားသော ”Dirty Politics” ရုပ်ရှင်ဇာတ်ကား အရောင်း မြှင့်တင်ရန် အတွက် ကိန်းရုပ်ရှင် ပွဲတော်သို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

၎င်းဇာတ်ကားနှင့် ပတ်သက်ပြီး သူမက ”အိန္ဒိယနိုင်ငံ က အမျိုးသားတွေ နဲ့ယှဉ်ရင် အမျိုးသမီးတွေကို နှိမ်ကြပြီး အောက်ခြေ အဆင့်မှာ သာထားတဲ့ ကြောင်သူတော် လူ့ အဖွဲ့အစည်းပါ။ ဒီ ဇာတ်ကားက နိုင်ငံရေး သမား တစ် ယောက်ရဲ့ ဗလက္ကာယ aစ်ာကားမှုကို ရဲရဲဝံ့ဝံ့ ဖော် ထုတ်တဲ့ အမျိုးသမီး အကြောင်းကို ရိုက်ကူးထား တာပါ” ဟု ပြောကြားသည်။
သူမသည် လတ်တလော၌ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတွင် တစ်လှည့်စီ နေထိုင်လျက်ရှိပြီး ဘောလီးဝုဒ် နှင့် ဟောလီးဝုဒ်ကြား သမ မျှတအောင် ရိုက်ကူးရေး ပြုလုပ်လျက် ရှိကြောင်း သိရသည်။

သိင်္ဂီဝင်း - Popular Myanmar News Journal

စိတ်ကြိုက်ဖန်တီးမှုတွေနဲ့ ဒုတိယ တေးစီးရီးစီစဉ်နေတဲ့ နန်းဆုရတီစိုး


စိတ်ကြိုက်ဖန်တီးမှုတွေနဲ့ ဒုတိယ တေးစီးရီးစီစဉ်နေတဲ့ နန်းဆုရတီစိုးပရိသတ်ကို ချစ်စဖွယ် အမူအရာလေး တွေနဲ့ ဖမ်စား နေတဲ့ နန်းဆုရတီစိုးက ဒါရိုက်တာ တပြားသု ရိုက်ကူးနေတဲ့ ‘မယားညီအစ်ကို တစ်ဝမ်းကွဲ’ ဇာတ်ကားကို မိုးအောင်ရင်နဲ့ အတူ ပါဝင်သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကား ထဲမှာ နန်းဆု ရတီစိုးက မိုးအောင်ရင်ရဲ့ ဇနီးအဖြစ် သရုပ်ဆောင် ထားပါတယ်။

ဒီဇာတ်ကားလေးက အချစ်ဟာသ ဇာတ်လမ်း လေးဖြစ်ပြီး ပရိသတ် တွေအကြိုက်တွေ့မယ့် ဇာတ်လမ်း ဖြစ်တယ်လို့ သိရပါ တယ်။ နန်းဆုရတီစိုးက ဇာတ်ကား ရိုက်ရင်းနဲ့ တစ်ကိုယ်တော် အခွေကို လုပ်ဖြစ်နေတယ်လို့ သိရပြီး ဇာတ်ကား ရိုက်ကူးမှုထက် တစ်ကိုယ်တော်အခွေ အတွက်ကို ပိုပြီး ဦးစားပေးဖြစ် နေပြီး အခွေအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ဖြစ်နေတယ်လို့ ဆို ပါတယ်။

”နန်းဆုက အခုထွက်မယ့် အခွေလေးကို အရင်အခွေထက် ပိုကြိုးစားပြီး လုပ်ဖြစ် နေတယ်။ ကိုယ်တိုင်လည်း ဆရာတွေနဲ့ တိုင်ပင်ပြီး နန်းဆုစိတ် ကြိုက် ဖန်တီးမှုလေးတွေနဲ့ ပေါင်းပြီး ပရိသတ်ကို မြင်စေချင်တယ်။ အစစ အရာရာ ဂရုစိုက်ပြီး လုပ်ဖြစ် နေတယ်။ နန်းဆု အခွေထွက် လာရင်လည်း ပထမ အခွေထက် အသိအမှတ်ပြု တာကိုလည်း လိုချင် ပါတယ်။ ပရိသတ်ရဲ့ အကြိုက်ဆိုတာကိုလည်း စေတနာအပြည့် ထည့်ထားပြီး လုပ်ဖြစ်နေ တယ်။ အားလုံးကလည်း ဝိုင်းဝန်းကူညီပေးတဲ့ အတွက် နန်းဆုအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်” လို့ နန်းဆုရတီစိုးက အခွေ နဲ့ပတ်သက်ပြီး ပြောပါတယ်။

နန်းဆုရတီစိုးက သူ့အနေနဲ့ အဆိုရောသရုပ်ဆောင်ကိုပါတွဲပြီး ပရိသတ်ကို ရိုက်ပြကြောင်း၊ ကိုယ့်ကို အားပေးတဲ့ပ ရိသတ်တွေက ဂီတဘက်မှာရှိသလို သရုပ်ဆောင် ဘက်မှာလည်း ရှိနေမှာပဲဖြစ်ကြောင်း၊ ဂီတဘက်မှာ ပရိသတ်ရှိနေရင်လည်း သူတို့ကို လည်းပစ်ထားလို့မရကြောင်း၊ အဲဒီအတွက် ထိုက်ထိုက်တန်တန်လေး ပေးဆပ်ချင် ကြောင်းပြောပါတယ်။ ”ဂီတရော သရုပ်ဆောင်ကိုပါ ပေါင်းပြီး ချပြနိုင်တဲ့ အခွေလေးတစ်ခွေကို နန်းဆုဖန်တီးကြည့်ချင်တယ်။ နန်းဆုဘဝရဲ့အမှတ်တရမှတ်တိုင်လေး တစ်ခုလည်းဖြစ် တယ်။ ဂီတနဲ့ သရုပ်ဆောင်ကို ပေါင်းစည်းထားတဲ့ အမှတ်တရလေးလည်းဖြစ်တယ်။

ပြီးတော့ ဗီဒီယိုကားတွေ ရုပ်ရှင်တွေဆိုရင်၊ လူအများကြီးနဲ့ အဖွဲ့အစည်းနဲ့လုပ်ရတယ်။ အဆိုကျတော့ ကိုယ်ရဲ့စိတ်ကြိုက်ဖန်တီးမှုနဲ့ စိတ်တိုင်းကျလုပ်ရတာများတယ်။ ဇာတ် ကားမှာကျတော့ ကိုယ်တစ်ယောက်တည်း စွမ်းဆောင်လို့မရဘူး။ အားလုံးစုပေါင်းပြီးမှ ဖန်တီးလို့ရတယ်။ သီချင်းခွေကျတော့ ကိုယ်မှတ်တိုင်အဖြစ် ကိုယ်ရဲ့ အနုပ ညာ တစ်ခုအတွက်ကို နန်းဆုက အမှတ်တရ အနေနဲ့ ဖန်တီးဖြစ်တာပါ” လို့ ဒုတိယတေးစီးရီးနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက ပြောပါတယ်။

By Popular News

အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်


အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်တစ်ကိုယ်တော် တေးစီးရီးခွေ ထွက်ရှိခဲ့ပြီး ဖြစ်သလို အနုပညာ စင်မြင့်ထက်မှာ ကြိုးစားမှု အပြည့်နဲ့ လျှောက်လှမ်း နေသူလေး အိမ့်ချစ်ကို အနည်းငယ် မေးမြန်းကြည့်ခဲ့ ရာမှာတော့ အနုပညာနဲ့ ပတ်သက်ရင် အရာအားလုံး အဆင်ပြေကြောင်း အဆိုတော် အိမ့်ချစ်က ဖြေကြား သွားခဲ့ ပါတယ်။

 အဖေ့ ကျေးဇူးကြောင့် ဒီလောကမှာ ရပ်တည်နိုင် တာလား၊ ဦးချစ်နဲ့သဘော ကွဲလွဲမှုတွေ ရှိနေတယ်ဆို။ ဟုတ်ပါတယ်၊ ညီမတို့ မိသားစု ပြဿနာ လေးတွေ ရှိနေတယ်၊ အဲ့ဒီ အတွက်ကြောင့် သဘောထား ကွဲနေကြ တာပါ။ အနုပညာနဲ့ ပတ်သက်ရင် အားလုံး အဆင်ပြေပါတယ်၊ အဖေ့ရဲ့ အကြံပေးမှုတွေ၊ နည်းလမ်းပြသမှု တွေတော့ ရခဲ့ပါတယ်။

 မိဘနဲ့ ပတ်သက်လို့ အိမ့်ချစ်ရဲ့ခံစားချက်က။ အတူ နေသည် ဖြစ်စေ၊ မနေရ သည်ဖြစ်စေ မိသားစု တစ်စုအတွက် ဘဝ၀ဋ်ကြွေး ကံကြမ္မာရှိလို့ မိသားစု ပြဿနာ တွေရှိကြတယ်၊ ဒါပေမယ့် ညီမ ရင်ထဲမှာတော့ မိဘဆိုတာ မိဘပါပဲ။ ညီမ အိမ်ထောင် ကျလို့ ညီမ သား၊ သမီးတွေ ကျရင် ကိုယ့်လို ခံစားမှုမျိုး မခံစားရအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။

အိမ့်ချစ် သုံးလေ့ ရှိတဲ့ လက်သုံး စကား လေးက။ လူတွေ အားလုံးကို အဖြူစင် ဆုံးနဲ့ အသန့်ရှင်း ဆုံးကို အမှန်တရား တွေပေးသလို ကိုယ့်အပေါ် သူတို့မမှန်ပါက သူတို့ လမ်းသူတို့ သွားကြ ပါစေလို့ ညီမ အမြဲဆုတောင်း ပါတယ်။

By Venus News Journal

ဂျူမုံမင်းသမီးလေးလက်ထပ်တော့မည်


အံ့အားသင့်ဖွယ် သတင်းစုံ ကြည့်မြင်နေရတဲ့ ပရိသတ်အတွက် ခဏတာ အပြော င်းအလဲ ဖြစ်စေဖို့ ကိုရီးယား သတင်းလေး တစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။

ဂျူမုံဇာ တ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ရထားတဲ့ မင်းသမီးလေး ဟန်ဟေးဂျင် တစ်ယောက်သူမရဲ့ချစ်သူ ဘောလုံးသမားလေး ကီဆွန်ယွန်းနဲ့ ဇူလိုင်လ(၁)ရက်နေ့မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။

ချစ်သူနှစ်ဦး ပြတ်စဲသွားပြီ ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ပါကြောင်းနဲ့ လက်ရှိမှာနှစ်ဦး သားခိုင်ခိုင်မြဲမြဲလက်တွဲ လျက်ရှိပါကြောင်း မင်းသမီးက ပြောကြား ထားပါတယ်။

သူမရဲ့မင်္ဂလာပွဲကို ဆိုးလ်မြို့ရှိ Intercontinental Hotel မှာ ကျင်းပမယ်လို့ သိရပါတယ်။

သတို့သား ကီဆွန်ယွန်းကတော့ မင်္ဂလာပွဲအပြီး နောက်ရက်မှာ ဆွမ်းဆီးမြို့သို့ သွားရောက်ထရိန်နင်ဆင်းရမှာ ဖြစ်တယ်လို့ Hancinema news မှာ ဖော်ပြထားပါတယ်....။

Sunday Journal


တစ်ကိုယ်တော်တေးစီးရီးခွေထွက်ဖို့ သီချင်းတွေအပ်ထားပြီဆိုတဲ့ ခင်လေးနွယ်

ခင်လေးနွယ်က သရုပ်ဆောင်အလုပ်ကိုနားလိုက်ပြီး ဂီတဘက်ကို ပိုပြီးလုပ်ဖြစ် နေခဲ့ပါတယ်။ သီချင်းဆိုတာနဲ့ပတ်သက်ပြီး သရုပ်ဆောင် လုပ်တုန်းကနဲ့ ဘယ်လိုကွာခြား သွားလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲလို့မေးကြည့်တော့..”နှစ်ခုလုံးက ခက်ခဲ တယ်။ ကားရိုက်တာ က နေ့စဉ်လုပ်နေကျအလုပ်။ သီချင်းကျတော့ ဆိုရက်ရှိမှဆိုရတာ။ ဒါပေမဲ့ အသံသွင်းတဲ့ရက်ဆိုရင် အဆိုဘက်မှာ ကိုယ်သင်ခဲ့တာမရှိတော့ အခက်အခဲတော့ အများကြီးရှိတယ်”  လို့ ပြောပါတယ်။ ရုပ်ရှင် သရုပ်ဆောင်တွေမှာလည်း ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်တွေရှိသလို အဆိုတော်တွေ မှာလည်း ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ပေါက် သီချင်းတွေ ရှိကြပါတယ်။ ခင်လေးနွယ်ကော ကိုယ်ပိုင်စတိုင်နဲ့ ကိုယ်ပိုင်သီချင်းကို ပရိသတ် ရှေ့ချပြ ဖို့ရှိလားလို့ မေးကြည့်တော့ “ကိုယ်ပိုင်သီချင်းတော့ မရှိသေးဘူး။အဆိုတော်တွေရဲ့သီချင်းပဲ ဆိုတယ်။ သီချင်းတစ်ပုဒ်ဆိုတာကလည်း ဇာတ်ကား တစ်ကားရိုက်နေရသလိုပါပဲ။ သီချင်းစာသားတွေကို ခံစားချက်အပြည့်နဲ့ စိတ်ပါအောင်ဆိုရင် ကောင်းတယ်။ ဒါလည်း ခက်ခဲတဲ့အလုပ်တစ်ခုပဲ။ ရှိုးပွဲတွေမှာဆို ပိုပြီးတော့ခက်ခဲတယ်။ ကိုယ်က သူများသီချင်းကို ဆိုနေတာဆိုတော့ ဆိုထားတဲ့ပိုင်ရှင်ကိုတော့ ဘယ်မီမှာလဲ။ သိတာပေါ့။ ပရိသ တ်တွေက နားလည်ပြီးသားပါ” လို့ ပြောပြခဲ့ပါတယ်။ တစ်ကိုယ်တော်ခွေထွက်ဖို့ ကြိုးစားနေပြီး သီချင်းတွေလည်းအပ်ထားကြောင်း၊ အတီးပိုင်း လည်း  အပ်ထားကြောင်း၊ စီဒီအရင်ထွက်မှာဖြစ်ကြောင်း၊ စီးပွားရေးဘက်ကိုလည်း လုပ်ဖို့ရှိပြီး သေချာရင်တော့ အတည်တကျပြောပြမှာဖြစ်ေ ကြာင်း ခင်လေးနွယ်ကပြောပါတယ်။

ထူးထူး
By Popular Myanmar

အင်္ဂလန်က ဒါရိုက်တာနဲ့ မြန်မာပြည်မှာ ဗီစီဒီရိုက်ကူးဖို့စီစဉ်နေတဲ့ စမိုင်း

စီးပွားရေးလုပ်ငန်းလည်း လုပ်ကိုင်နေသလို ပျော်ရွှင်စရာကောင်း တဲ့ မိသားစုဘက်ကိုလည်း အချိန်ပေးနေတဲ့ စမိုင်းက အနုပညာ ဘက်မှာလည်း မလစ်ဟင်းအောင် သူ့ရဲ့ ပရိသတ်တွေအတွက်New Me လို့  Title နာမည်ပေးထားတဲ့ တစ်ကိုယ်တော် စီးရီး ခွေစီစဉ်နေတာ ၂ နှစ် လောက် ကြာနေပြီဖြစ်ပြီး ပရိသတ်တွေ က စမိုင်းကို ပုံစံအသစ်၊ လူအသစ်နဲ့ မြင်တွေ့ရမှာဖြစ်လို့New Me  လို့ နာမည်ပေးထားခြင်းဖြစ်ကြောင်း စမိုင်းက   ပြောပါတယ်။ ဗီစီဒီပါ တစ်ခါတည်းရိုက်ကူးနေပြီး ဇွန်လကုန်လောက်ထွက်ဖို့ မျှော်လင့်ထား  ကြောင်း ပြောပါတယ်။ မိသားစုနဲ့အတူ သင်္ကြန်မတိုင် ခင်က အင်္ဂလန်နဲ့ စပိန်ဘက် ကိုလည်း အလည်သွားရောက်ခဲ့ပြီး ဗီစီဒီအတွက် သီချင်း ၄ ပုဒ်ရိုက်ကူးခဲ့ ကြောင်းသိရပါတယ်။ “နိုင်ငံခြားက ဒါရိုက် တာနဲ့ပဲ ရိုက် တာပါ။ သွားမယ်ဆိုကတည်းက ဟိုက ဒါရိုက်တာနဲ့ရိုက်ဖို့ ကြိုပြီးစီစဉ်ထားတာ ပါ။ ပရိသတ်တွေ အမြင်ဆန်းအောင်လို့ ကြိုးစားထားပါ တယ်။ ကွာခြားမှုကတော့ နိုင်ငံခြားက ဒါရိုက်တာကတော့ သူတို့ရဲ့ မီးအယူအဆတွေ၊ တည်းဖြတ်တဲ့အပိုင်း တွေကအစကွာခြားပါတယ်။ မြန်မာ   ပြည်က ဒါရိုက်တာတွေကလည်းတော် ကြပါ တယ်။ နိုင်ငံခြားက ဒါရိုက်တာနဲ့ ရိုက် တယ်ဆိုတာက နည်းနည်းလေး အမြင်ဆန်း သွားအောင်လို့ပါ။ ကျန်တဲ့သီချင်းတွေကိုလည်း ဒီ့ပြင် ဒါရိုက်တာတွေနဲ့ ရိုက်ဖြစ်မှာပါ။ အင်္ဂလန် က ဒါရိုက်တာကိုလည်း ဒီကို ခေါ်ပြီးရိုက်ဖို့ စီစဉ်နေပါတယ်။ သူနဲ့ မေလ ကုန် ဒါမှမဟုတ် ဇွန်လဆန်းထဲ မှာတော့ ရိုက်ဖြစ်မှာပါ။ သီချင်း ၁၂ ပုဒ်လောက်ပါပါမယ်”  လို့ အခွေနဲ့ ပတ်သက်ပြီး စမိုင်း က ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar

သရုပ်ဆောင်မှု ပီပြင်အောင် စိတ်ခံစားမှုတွေအတွက် မိုးယုစံ ပြင်ဆင်

ဇာတ်ကားတွေမှာ သရုပ်ဆောင်မှုတွေ ပိုမိုပီပြင်လာအောင် မိုးယုစံက သူ့ရဲ့စိတ်ခံစားမှုတွေကိုပါ ကြိုးစားပြီး ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ သူ့ရဲ့မူရင်း စိတ်က မာကျောတဲ့အတွက် စိတ်ပျော့ လာအောင် ကြိုးစားဖြစ်ပုံကို မိုးယုစံက “အရင်တုန်းက မိုးယုရဲ့ မူရင်းစိတ်က တအားတင်းတယ်။ အခု နောက်ပိုင်းတော့ တစ်ခုခုဆိုရင် မျက်ရည်ကျနိုင်အောင်၊ စိတ်နည်းနည်းပျော့ အောင် ကိုယ့်ဘာသာကိုယ်ကြိုးစားပြီးလုပ်နေတယ်။ မျက်ရည် ကျတာတို့၊ ငိုရတာတို့က စိတ်ခံစားလွယ်မှလေ။ အမှန်အတိုင်းဝန်ခံတာပါ။ ငိုတဲ့အခါ ကျရင်အမြဲတမ်း ကီးတော့ မျက်ရည်အစစ်နဲ့ မငိုနိုင်ပါဘူး။ တချို့ အချိန် တွေကျရင် မျက်ရည်အတုသုံးတယ်။ အဲဒီလိုအချိန်ကျရင် သရုပ်ဆောင်ရတာခက်တယ်။ မျက်ရည်အတုသုံးတဲ့ အချိန်ကျရင် စိတ်ပါအောင် ပိုလုပ်ရတယ်။ တကယ် မျက်ရည်ကျလို့ရှိရင် သူ့အလိုလိုဖြစ်သွားတယ်။ အဲဒါက သရုပ် ဆောင်တာ ပိုလွယ်တယ်။ အဓိကကတော့ မိုးယုရဲ့ စိတ် ခံစားမှု လွယ်အောင် ကိုယ့်ကိုယ်ကိုယ်ထိန်းပြီးကျင့်ဖြစ်တယ်။ အရင် တုန်းကဆိုရင် မိုးယုက ရယ်လည်း ရယ်ဖို့ခက်တယ်။ ငိုလည်း ငိုဖို့ခက်တယ်။ တော်ရုံတန်ရုံ ၁ဝယောက်မှာ ၁ဝယောက်လုံး ထရယ်တဲ့ဟာသတောင် မိုးယုမရယ်ဘူး။ မိုးယုအတွက် ဒါရယ်စရာမဟုတ်ဘူး။ အဲဒီလို စိတ်ကတင်းတယ်။အဲဒါ ကြောင့် အခုနောက်ပိုင်း ဇာတ်ကားတွေကြည့်ရင် တချို့ငိုစရာပါတဲ့ ဇာတ်လမ်းဆိုရင် ငိုစရာပါရင် ငိုလို့ရအောင် စိတ်ကိုလျော့ပြီး သူတို့နဲ့ အတူလိုက်ပြီး၊ စိတ်ထည့်ပြီး ကြည့် ဖြစ်တယ်။ တစ်ခါ တလေကျရင် ဇာတ်ကားမရိုက်ခင် စိတ်သွင်းလို့ မရဘူး။ ရိုက် တဲ့ အခါကျရင် သူများပြောတဲ့ ဒိုင်ယာလော့ခ်၊ ကိုယ်ပြောတဲ့ ဒိုင်ယာလော့ခ်ပေါ်မှာ စိတ်ဝင်သွားတယ်ဆိုရင် သရုပ်ဆောင်ရ တာပိုပြီးစိတ်ဝင်စားလာတယ်” လို့ ပြောပါတယ်။

 ခိုင်ဝေလွင် 
By Popular Myanmar

အနုပညာအသိနဲ့ မိုးအောင်ရင်

မိုးအောင်ရင်က ဒါရိုက်တာ သပြားသုရိုက်ကူးတဲ့ ‘မယားညီအစ်ကိုတစ်ဝမ်းကွဲ’ ဇာတ်ကားကို နန်းဆု ရတီစိုးနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ပရိသတ်တွေ အနေနဲ့ ဟာသတစ်လိုင်းတည်းမှာ မအီသွားအောင် နောက်ပိုင်း ပညာပေးဇာတ်လမ်းပုံစံ တွေရိုက်သွားချင်တယ်လို့ မိုးအောင်ရင်ကပြောပါတယ်။ “ကျွန်တော်က နောက် ပိုင်းမှာ သမားရိုးကျမဟုတ်တဲ့ ဇာတ်လမ်းပုံစံမျိုးရိုက်ချင်တယ်။ ပညာပေးပါတဲ့ ဇာတ်လမ်းပုံစံမျိုးပေါ့။ ဒါပေမဲ့ ပရိသတ်က ဟာသကိုပိုကြိုက်ကြတယ်။ နောက် တစ်ခုက အဲဒီလိုကားဆိုရင် တစ်ကားတလေလောက်ပဲ ကြိုက်ကြတာ။ ပရိသတ် က ကျွန်တော့်ဆိုရင် ဟာသပဲကြည့်ချင်တယ်။ ကျွန်တော့်အနေနဲ့ ဟာသကားတွေ ရိုက်သွားပေမယ့်လည်း ပညာေ ပးဆန်တဲ့ ဇာတ်လမ်းတွေကို ကြားထဲမှာ ရိုက် သွားမှာပါ” လို့ပြောပါတယ်။ မကြာသေးခင်ကပဲ တရုတ်ပြည်မှာ မြန်မာ နောက်ခံစကားပြော အသံသရုပ်ဆောင်အနေနဲ့ စည်သူမောင်၊ သီရိရှင်းသန့် တို့နဲ့ အတူသွားခဲ့တဲ့ မိုးအောင်ရင်က ဒီခရီးစဉ်ကနေ အတွေ့အကြုံများစွာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

“တရုတ်တီဗီစီးရီးဇာတ်လမ်းတွဲကို အသံသရုပ်ဆောင်အနေနဲ့သွားခဲ့တာပါ။ အဲဒီကားက မြန်မာ့အသံမှာ စီးရီးလိုက်လွှင့်မယ်လို့ပြောတယ်။ စာတန်းထိုးစရာမလို တော့ဘဲ မြန်မာစကားနဲ့ပြောထားတာ။ တရုတ်ကို စရောက်ခါစကဆိုရင် ကိုယ်က ဘာမှလည်းမသိ၊ တရုတ် စကားလည်း မတတ်ဘူး။ အခန်းထဲကနေ အခန်းအပြင်လည်း မထွက်ရဲဘူး။ ကျွန်တော်တို့နေခဲ့ တဲ့ဟိုတယ်မှာ က ရေသောက်ဖို့ ရေဘူးလည်းမရှိဘူး။ ရေကို တုံကင်နဲ့ဖိပြီး ယူရတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ အတွေ့အကြုံကတော့ အများကြီးရခဲ့တယ်။ ဇာတ်လမ်းတွဲအပိုင်း ၄ဝ က မြန်မာလိုဘာသာပြန်ထားတာ။ မြန်မာလူမျိုးတွေက ဘာသာပြန်ထားတာမဟုတ်ဘူး။ ဟိုကတရုတ်တွေက မြန်မာပြန် ထားတာ။ ကိုယ်ပြော ရမယ့်စကားလုံးအကုန်လုံးကို ကိုယ့်ဘာသာ ကိုယ်ရေးလိုက်ရတာ။ နေ့မနား၊ ညမနား တောက်လျှောက်လုပ်လိုက်ရတယ်” လို့ပြောပါတယ်။ “အဲဒီ တရုတ် ကားထဲက မင်းသား၊ မင်းသမီးနဲ့ တွေ့ပေးမယ်လို့  ပြောတယ်။ သူတို့မအားတာနဲ့ မတွေ့ ခဲ့ဘူး။ နောက်တစ်ခေါက် တရုတ်ပြည်ပြန်သွားရမယ်လို့ပြောတယ်။ ဒါပေမဲ့ အခုရက် ရွှေ့လိုက်ပြန်ပြီ။ကျွန်တော်လေ့လာခဲ့တာက သူတို့တရုတ်ကားတွေက နန်းတွင် ဇာတ်လမ်း ရိုက်ရင် တကယ့်နန်းတော်မှာရိုက်ကြ တာမဟုတ်ဘူး။ စတူဒီယိုမှာ ဆက်တင်လုပ်ပြီး ရိုက်ကြတယ်။ ဆက်တင်မရှိတာက ကျွန်တော်တို့  မြန်မာနိုင်ငံတစ်နိုင်ငံပဲ ဆိုတဲ့အသိ လေးဝင်လာတယ်”
လို့ပြောပါတယ်။

တွယ်တာ  
By Popular Myanmar           

မသန်ပေမယ့် စွမ်းကြ တဲ့ လူတွေကို လေးစားတတ်ဖို့ လိုကြောင်း ချစ်သုဝေ ပြောကြား


မသန်စွမ်းသူများရဲ့ သံတမန်တစ်ဦးအဖြစ်ဆောင်ရွက် နေသူ ချစ်သုဝေက မသန်စွမ်းသူများနဲ့ ပတ်သက်တဲ့ activity တွေကို ဆောင်ရွက်နေသ လို သူတို့အတွက် တတ်နိုင်သလောက် အကြံဥာဏ်တွေပေးကာ၊ ဆွေးနွေးတာမျိုးတွေလည်း လုပ်ဖြစ် ကြောင်း ပြောပါတယ်။”အဓိကက မသန်စွမ်းသူေ တွလာရင် ထရီဇာ သွားတွေ့ပေးတယ်။ သွားပြီး အားပေးတယ်။ ထရီဇာ စတိတ်ရှိုးရောက်တဲ့ ရေကြည်လို နေရာကိုရောက်တယ်ဆိုရင် ရေ ကြည် လိုနေရာမျိုးကမသန်စွမ်း activity  တွေစပြီး လုပ်ခဲ့တဲ့ နေရာလေ။အဲဒီလိုနေရာဆိုရင်မသန်စွမ်းတဲ့တကယ့် ခေါင်း ဆောင်က လာတွေ့တယ်။ လိုအပ်တာတွေ ညှိနှိုင်းကြတယ်။ စတိတ်ရှိုးမှာလည်း ဒီလူတွေကို တန်ဖိုးထားဖို့အတွက် ထရီဇာရောက်တဲ့နယ်မြို့တွေမှာပညာပေးပြောပေးတယ်။ 

မသန်စွမ်း တွေကတအားတက်ကြွကြတယ်လေ။သူတို့တွေကိုထရီဇာပေး နိုင်တဲ့အကြံဥာဏ်တွေပေးဖြစ်တယ်။ မသန်စွမ်းတွေက့ hand made ပစ္စည်းလေးတွေတအားကျွမ်းကျင်တယ်။ အဲဒီပစ္စည်း တွေကို ရောင်းချတဲ့ ဆိုင်လေးတွေဖွင့်ပါလားဆိုပြီး သူတို့ဘဝ ရပ်တည်ရေးအထိ ကိုယ်သိသေ လာက် အကြံဥာဏ်ပေးနိုင်တယ်။ ဆွေးနွေးနိုင်တယ်။ ထရီဇာတို့က အဆိုတော်တွေဆိုတော့ နယ်မြို့တွေလည်း ရောက်တယ်။ ထရီဇာ ရောက်မှန်း သိရင် သူတို့တွေက လာဆက်သွယ်တယ်။ အဲဒီနယ်မြို့တွေမှာရှိတဲ့ မသန်စွမ်းတွေနဲ့ပါတွေ့ရတယ်။စတိတ်ရှိုးမှာဆိုရင်လည်း ဒီမြို့ မှာ မသန်စွ မ်းတွေရှိတဲ့ ဂေဟာရှိတယ်။ မသန်စွမ်းတွေ အပေါ်သူတို့ တွေ့မြင်တဲ့အမြင်၊ သူတို့ထားတဲ့ တန်ဖိုးတွေ ပြောင်းလဲလာအောင်ကိုယ်က စကားလှလှေ လးတွေ သုံးပြီး ပရိသတ်ကိုပါ ဆွဲဆောင်ရတာပေါ့” လို့ ပြောပါတယ်။ လူတိုင်း မှာအရာအားလုံး ပြည့်စုံတာမျိုး မရှိနိုင်ဘဲချို့ယွင်းချက်တစ် ခုတော့ ရှိနိုင်ကြောင်းကိုလည်း ချစ်သုဝေက..”လူတိုင်းက စနမ်နခအ မဖြစ်နိုင်ပါဘူး။လူတိုင်းမှာ ချို့ယွင်းချက်တွေရှိ နေကြတယ်။ ထရီဇာတို့တွေ မှာလည်းရှိနိုင်တယ်။ ထရီဇာတို့ရဲ့ ချို့ယွင်းချက်က ကိုယ်ကာယမှာ မဟုတ်ဘူး။ စိတ်မှာရှိရင် ရှိနေမယ်။ ထရီဇာတို့ရဲ့ အကျင့်တရားမှာ ဖြစ်ရင်ဖြစ်နေမယ်။ လူမမြင်ရတဲ့အရာ ပေါ့။ သူတို့ဖြစ်နေတဲ့ ချို့ယွင်းချက်က လူမြင်ရတဲ့အရာပေါ့။ လူရယ်လို့ဖြစ်လာ ရင် ချို့ယွင်းချက်တစ်ခုတော့ရှိမှာပဲ။လူမြင်ရတဲ့ ချို့ယွင်းချက်ဆိုရင်ကိုယ်က မြင်ရတဲ့အတွက် ကူညီနိုင်တယ်။ဖြည့် ဆည်းပေးနိုင်တယ်။ ကိုယ်လုပ်ပေး တဲ့အရာလေးတွေကို နှိမ်တဲ့ သဘော၊မဖေး မတဲ့သဘော မျိုးနဲ့ မဟုတ်ဘဲ သူတို့အတွက် ဖြည့်ဖြည့်ဆည်းဆည်း လေး လိုက်စဉ်းစားပေးနိုင်တာ မျိုးလေး ဖြစ်စေချင်တာပေါ့။ ဥပမာ- ဟို တယ်ဆောက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ လမ်း ပလက်ဖောင်းလေး ဆောက်တဲ့အခါမှာပဲ ဖြစ် ဖြစ်ငါတို့ သာမန်လူတွေ အတွက်ပဲစဉ်းစားတာ ထက်မ သန်စွမ်းတွေ အတွက်သွားလို့လာလို့ ရမယ့် အဆင်ပြေနိုင်တာ မျိုးတွေကိုလုပ်ပေးရမှာ ပါလားဆိုတာသိစေချင် တယ်။”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar

ကိုယ်က သူ့ကိုချစ်သလို သူကလည်း ကိုယ့်ကိုချစ်ဖို့ပဲ အဓိကပါလို့ ဆိုတဲ့ အောင်ရဲလင်း

ကိုယ်က သူ့ကိုချစ်သလို သူကလည်း ကိုယ့်ကိုချစ်ဖို့ပဲ အဓိကပါလို့ ဆိုတဲ့ အောင်ရဲလင်းရုပ်ရှင် ဇာတ်ကား ကြီးအတွက် အောင်ရဲလင်း မျှော်မှန်း ထားတာ တွေများရှိမလား  ဆိုတဲ့ မေးခွန်းကို တော့ "မရှိပါဘူး။ ရိုက်တဲ့ ကားကြီး တွေအပေါ်မှာ အကောင်းဆုံးပဲ သ ရုပ်ဆောင် ပါတယ်။ အဓိက ကတော့ ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်း ဆုံးလုပ်တာ ကိုယ်ဖြစ်ချင်တဲ့ နေရာ ဖြစ်ဖို့များ တယ်လို့တော့ ကျွန်တော် ထင်ပါတယ်"။ ပရိသတ်တွေ စိတ် ဝင်စားနေတဲ့ အချစ်ရေးနဲ့ ပတ်သက် ပြီးတော့ အချစ်ရေးက အေးဆေး ပါပဲ။ အသက် ၃၀ မှာ အိမ်ထောင် ပြုမယ်ဆိုတာ ကတော့ အဲဒါက ခန့် မှန်းခြေနဲ့ ပြောတာလေ။ အဲဒါထက် စောရင်လည်း စောမယ်။ အဲဒီအ သက်ထက် ပိုပြီးတော့ နောက်ကျရင် လည်း နောက်ကျမယ်။ ဘာမှန်း တော့ အတိအကျ မသိသေးဘူး။ ကိုယ်တိုင်တောင် မသိသေးဘူး။ လှ တာတွေ မလှတာတွေ စိတ်မဝင် စားဘူး။ အဓိကကတော့ ကျွန်တော့် ကို နားလည် ပေးရမယ်။ ဖြူစင်ရ မယ်။ ကျွန်တော့်ကို ချစ်ရမယ်။ ကျွန် တော်ကလည်း သူ့ကိုချစ်ရမယ်။ တော်တော် များများက အချစ်ကို ပူလောင် တယ်လို့ အဓိပ္ပာယ်ဖွင့် တယ်ဆိုတော့ အစ်ကို့အနေနဲ့ အချစ် ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲ ဆိုရင် ဟုတ်မှာပေါ့။ အချစ်က ပူလောင်ရင်တော့ ပူလောင်မှာပါ။ အေးချမ်းရင်လည်း အေးချမ်းမှာ ပါ။ ဒါပေမဲ့ တစ်သမတ်တည်း တော့ ဘယ်အရာမှ မရှိဘူး။ 

By 8 Days

တေးသံရှင် ဘန်နီဖြိုးနှင့်တွေ့ဆုံခြင်း

အလွမ်းပြေ အနမ်း၊ နှစ်ပတ်လည် သီချင်းများဖြင့် ပရိသတ် အားပေး လက်ခံတဲ့ တေးသံရှင် တစ်ယောက် ဖြစ်ခဲ့တဲ့ ဘန်နီဖြိုးနှင့် တွေ့ဆုံပြီး၊ သူ၏ ပြည်တွင်း၊ ပြည်ပ ဖျော်ဖြေပွဲများ အကြောင်း၊ Playback သီဆိုသည့် တေးသံရှင်များ အပေါ် သူ၏အမြင်နှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်း ထားခြင်းဖြစ်သည်။

Voice : ရှိုးပွဲတွေ ဆက်တိုက် ဖျော်ဖြေဖို့ ရှိတယ်လို့ကြားတယ်။ ဘယ်တွေမှာ ဖျော်ဖြေရမှာလဲ။
BP : ကျွန်တော် ပြည်တွင်းမှာဆို မကွေး၊ မြစ်ကြီးနား၊ မန္တလေးမှာ ရှိုးတွေ ဆိုဖို့ ရှိပါတယ်။ ပြည်ပကတော့ စင်ကာပူနဲ့ ဘန်ကောက်မှာ ဖျော်ဖြေဖို့ ရှိတယ်။ လာမယ့် မေလ၂၆ ရက်နေ့ မှာလည်း ရန်ကုန်မှာ ကျွန်တော်ရယ်၊ စိုင်းစိုင်းရယ်၊ လွှမ်းပိုင်ရယ်၊ Snare လေးယောက်ရဲ့ ရှိုးပွဲရှိပါတယ်။
Voice : ဒီလေးယောက်တွဲ ဖျော်ဖြေပွဲက ထူးခြားတယ်လေ။ ဒီပွဲမှာ ဘယ်လို ဖျော်ဖြေမယ်လို့ စဉ်းစားထားလဲ။

BP : ဒီပွဲလေးစလုပ်ဖို့ လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော်တို့ စစီစဉ်ခဲ့ပါတယ်။ ကျွန်တော်တို့၊ စိုင်းစိုင်းတို့ အကုန်တိုင်ပင် ပြီးတော့ ပထမပိုင်းမှာ သီချင်း ခုနစ်ပုဒ်စီလောက်ကို ကျွန်တော်နဲ့ စိုင်းစိုင်းက Band နဲ့ဆိုပါမယ်။ ဒုတိယပိုင်းမှာ Dancer တွေပါမယ်။ နောက်ပြီးတော့ ကျွန်တော်တစ်ခါမှ တွဲမဆိုဖူးတဲ့ မိန်းကလေး တေးသံရှင်တွေပါမယ်။ ဒီလိုထူးထူးခြားခြား ပွဲတွေဆိုရင်တော့ ကျွန်တော်တို့က သေချာပြင်ဆင်ပြီး လုပ်လေ့ရှိပါတယ်။ သာမန်ပွဲတွေ ဆိုရင်တော့ ဖြစ်လာတဲ့အခြေအနေ၊ ရတဲ့အချိန်ပေါ်မှာ မူတည်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်လေ့ရှိပါတယ်။

Voice : ရှိုးပွဲတွေမှာ CD နဲ့ဆိုတာနဲ့ Band နဲ့ဆိုတာ ကိုယ့်အတွက် ဘယ်ဟာက ပိုပြီးအဆင်ပြေလဲ။
BP : CD နဲ့ဆိုရတာကတော့ ကျွန်တော်တို့ ဆိုနေကျ Form ဖြစ်တဲ့အတွက် အဲ့ဒီအပေါ်မှာ mood ထည့်ပြီး သာမန်ဆိုလိုက်ရုံ ပါပဲ။ Band နဲ့ဆိုတာကျတော့သီချင်းကို ကျွန်တော်တို့ arrange ပြောင်းချင်ရင် ပြောင်းလို့ရတယ်။ သီချင်းကို ရပ်ချင်ရင် ရပ်ပစ်လို့လည်းရတယ်။ ပြီးမှ ပြန်ဆိုလို့လည်းရ တယ်။ Band နဲ့ကတော့ နည်းနည်းကွန့်လို့ ရတာပေါ့။

Voice : တချို့တေးသံရှင်တွေက ပွဲတွေမှာ သီချင်းဖွင့်ပြီး Playback (ပါးစပ်လှုပ်၍ သီချင်းဆိုဟန်ဆောင်ခြင်း) ဆိုကြတာတွေ ရှိတယ်လေ။ အဲ့ဒီအပေါ်မှာ ဘန်နီဖြိုးရဲ့ အမြင်က ဘယ်လိုရှိလဲ။ ကိုယ်တိုင်ရော Playback ဆိုဖူးလား။
BP : ဘယ်လိုမှမမြင်ပါဘူး။ သူတို့ Playback ဆိုတော့လည်း ဆိုတယ်ပေါ့။ ကျွန်တော်လည်း ပြီးခဲ့တဲ့နှစ် Gold Roast က လုပ်တဲ့ပွဲမှာတုန်းက ကျွန်တော့်ခွေထဲက သီချင်းကို ဗီစီဒီရိုက်မှာ ဖြစ်တဲ့အတွက် Playback တစ်ခါဆိုဖူးပါတယ်။ သီချင်းဆိုပြီးတဲ့ အချိန်မှာ ကျွန်တော်ရော ကိုရန်ရန်ချန်းပါ ဗီစီဒီရိုက်ဖို့အတွက် Playback နဲ့ဆိုတာလို့ ကြေညာခဲ့ပါတယ်။ ကိုရန်ရန်ချန်းဆိုတာ ကျွန်တော်တို့လူငယ်ထုရဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်ထက်တောင် ပိုပြီး သူ့ရဲ့ Image ကိုထိခိုက်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်လည်း ကြေညာတယ်။ ကိုရန်ရန်ချန်းလည်း ကြေညာတယ်။

Voice : သီချင်းတွေကို ကိုယ်တိုင်ရေးနေတာ ဆိုတော့ သီချင်း အကြောင်းအရာပိုင်း အတွက် ကုန်ကြမ်းကျတော့ ဘယ်လိုရှာဖြစ်လဲ။
BP : ဒီလိုပဲ သူ့ဟာသူစဉ်းစားရင်းနဲ့ ထွက်လာတာပဲ။ တစ်ခါတလေလည်း လမ်းလျှောက်ရင်း၊ ရေချိုးရင်းနဲ့ ရတာရှိတယ်။ ကုန်ကြမ်းရှာတာတော့ သူငယ်ချင်းတွေရဲ့ အဖြစ်အပျက်တွေကို ကပ်ပြီးမေးတယ်။ စာအုပ်တွေ ဖတ်တဲ့အခါလည်း ရတယ်။ တစ်ခါတလေ ကျတော့လည်း ကြည့်ဖူးတဲ့ ဇာတ်လမ်းလေးတွေ၊ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေက ကိုယ့်အတွက် ကုန်ကြမ်းတွေ ဖြစ်သွား တာပါပဲ။

Voice : ကြော်ငြာတွေမှာ သရုပ်ဆောင်တာလည်း တွေ့နေရတော့ ကိုယ့်နယ်ပယ် မဟုတ်တဲ့ အတွက် ဘယ်လို အခက်အခဲတွေ ကြုံရသေးလဲ။
BP : အခက်အခဲကတော့ ကျွန်တော်က ဘာမှမလုပ်တတ်ဘူး။ ကြော်ငြာတွေ ကလည်း ကိုဇော်ကိုကိုတို့နဲ့ ရိုက်တယ်။ တခြား ကျွန်တော့်အတွက် အဆင်ပြေလောက်မယ့် ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာတိုင်းလည်း ရိုက်လေ့ရိုက်ထမရှိပါဘူး။

သန့်ဇင်ဦး
By The Voice Journal

နာမည်ပျက်မရှိဘဲ အောင်မြင်မှုကို လိုချင်တယ်ဆိုတဲ့ မိုးယုစံ

မြန်မာ အကတွေ ကပြီး နိုင်ငံခြား အကမကဘူး ဆိုတာက ဝါသ နာမပါတာ မဟုတ်ပါဘူး။ အစီအစဉ် မရှိသေး တာပါ။ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ မြန်မာ အကကို ကတတ်ဖို့ အရေးကြီးတယ်။ ဥပမာ ပြောရရင် Over Sea မှာ ဖျော်ဖြေ တဲ့အခါမှာ မြန်မာအကနဲ့ ဖျော်ဖြေ တာအကောင်းဆုံးပဲ။ မြန်မာအက မဟုတ်ဘဲ တခြားအကနဲ့ ဖျော်ဖြေ ရင် ကိုယ့်မြန်မာ့ ယဉ်ကျေးမှုကို သိမှာ မဟုတ်ဘူး။ မိုးယုက ကောလာဟ လမထွက်ဘူး ဆိုတာ အဖေက အမြဲ ဆုံးမတယ်။ နာမည်ပျက် မရှိအောင် နေ။ နေလို့အောင်မြင်မှု ရတာကိုပဲ လိုချင်တယ် ဆိုလို့ အတတ်နိုင်ဆုံး အကောင်းဆုံး နာမည်ပျက်မရှိအောင် နေပါတယ်။

အဲဒါဆို အဖေ့စကား ကြောင့် နာမည်ပျက် မရှိအောင်နေ တာလား ဆိုတော့ အဖေ့စကား ကြောင့်လည်း မဟုတ်ပါဘူး။ မိုးယု ကိုယ်တိုင် ကလည်း အဲဒီလိုပဲနေ တတ်တယ်။ စိတ်ထဲက မပါဘဲ ဟန် ဆောင်ပြီး မလုပ်တတ်ဘူး။ ကော လာဟလနဲ့ အတူ တိတ်ဆိတ်နေ တာအချစ်ရေး ဆိုတော့ အချစ်ရေး နဲ့ ပတ်သက်ပြီး အသံမထွက်သေး တာ မရှိသေးလို့ပါ။ စဉ်းစားဖို့ လူ မရှိသေးပါဘူး။ ပြင်ပက လူကိုစဉ်း စားမှာလား၊ အနုပညာ လောကထဲ ကလူကို စဉ်းစားမှာ လားဆိုတော့ အဲ ဒါကတော့ တသမတ်ထဲ ပြောလို့ မရဘူး။ မိုးယု ဖြစ်ချင်တာ အပြင်က ရိုးရိုး သားနဲ့ ကြိုးစားတဲ့ သူပဲဖြစ်ချင် ပါတယ်။

ဒရာမာတွေ ရိုက်တဲ့အခါ မျက်ရည် အတုသုံး ရလား ဆိုတော့ မိုးယု မညာပါဘူး။ မျက်ရည်အတု သုံးရတဲ့ အခါ ရှိပါတယ်။ မိုးယုရဲ့ ခန္ဓာကိုယ်က ပုရိသ တွေအပြင်၊ မိန်းမ အချင်းချင်းတောင် နှစ်သက် ကြတဲ့ ခန္ဓာကိုယ်ဖြစ်တဲ့ အတွက် ကိုယ့်ခန္ဓာကိုယ် အလှနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိတာမျိုး ဖြစ်ဖူးလား ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိ တာတော့ မဖြစ်မိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်လည်း မကြီးပါဘူး။ ကြိုက် ကြတယ်ဆိုတော့ ဝမ်းသာ ပါတယ်။

By 8Days Journal

တေးသံရှင် ကျားပေါက် (ဟန်ထူးလွင်) နှင့် တွေ့ဆုံခြင်း

Big Bag အဖွဲ့မှ လူငယ်ကြိုက်တေးသံရှင် တစ်ဦးဖြစ်သူ ကျားပေါက် (ဟန်ထူးလွင်) နှင့်တွေ့ဆုံပြီး Blood Sugar Politik Band ဖြင့် သူသွားရောက်ဖျော်ဖြေခဲ့သော အာဆီယံဂီတဖျော်ဖြေပွဲ အတွေ့အကြုံများ၊ သူရေးဖွဲ့ထားသော ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းများ အကြောင်း၊ ဂီတလောကတွင် အသံပိုကျယ်လာသည့် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး သူ့အတွေး၊ သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : ဗီယက်နမ်နိုင်ငံမှာ သွားရောက်ဖျော်ဖြေ ခဲ့တဲ့ အာဆီယံဂီတပွဲတော် အတွေ့အကြုံလေး ပြောပါဦး။

HHL : ဒီပွဲက အဆင်ပြေပါတယ်။ အရမ်းကြီး ကိုယ်ဘယ်လောက် အဆင်ပြေလာတယ်လို့ ကိုယ့်ဟာကိုယ် ပြန်ပြောရတာလည်း မကောင်းဘူး။ ကျွန်တော်တို့ ဒီပွဲမှတ်တမ်း ဗီဒီယိုတွေကို Social Websites တွေမှာ တင်ထားပါတယ်။ Youtube မှာလည်း ရှိတယ်။ ကျွန်တော့် Fan Page မှာလည်း ရှိတယ်။ အဆင်ပြေလာပါတယ်။ ကျွန်တော်တို့အဖွဲ့ကို တော်တော်လေးလည်း စိတ်ဝင်စားကြတယ်။

Voice : ဒီပွဲမှာ ဖျော်ဖြေခွင့်ရဖို့ ဘယ်လို ချိတ်ဆက်ခဲ့ရလဲ။

HHL : ဒီပွဲမှာ ဆိုဖြစ်သွားတာက ဒီလိုဗျ။ ဒီပွဲက ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ လုပ်မလို့။ အဲဒီအချိန်က ကျွန်တော်တို့ဆီက သင်္ကြန်ပွဲတော်နဲ့ တိုက်နေတယ်။ အဲဒီရက်မတိုင်ခင် ကျွန်တော်တို့က သူတို့ကို အခွေတွေ၊ ဗီဒီယိုတွေ၊ Profile တွေ လှမ်းပို့ပေးရတယ်။ အဲဒီအခါ သူတို့က ဆိုခွင့်ပေးမယ်၊ တခြားဘယ်နိုင်ငံတွေ ပါမယ်၊ ဆိုခွင့်ရမယ့်နေ့တွေ ပြန်ပြောပါ့မယ်ဆိုပြီး အကြောင်း ပြန်တယ်။ ဒါပေမဲ့ ဆိုရမယ့်ရက်က သင်္ကြန်ရက်ကြီး ဖြစ်နေတယ်။ သင်္ကြန်ကတော့ ဘယ်လိုမှ မသွားနိုင် ဘူးလေ။ S.I.R နဲ့ ဆိုရမယ့်ပွဲကလည်း ရှိနေတယ်။ ကျွန်တော်တို့ကို ကြားထဲက ဆက်သွယ်ပေးတာက ကျွန်တော်တို့ရဲ့ သူငယ်ချင်း အန်း ဆိုတာ ရှိတယ်။ သူက ဟိုဘက်ကို ခွေတွေပို့ပေးတယ်။ ချိတ်ဆက်ပေးတယ်။ သွားတဲ့အခါမှာလည်း မန်နေဂျာတစ်ယောက်လိုမျိုး စီစဉ်ပေးတယ်။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့ မဆိုနိုင်ဘူးဆိုတော့ သူတို့ဘက်က ခဏစောင့်ရင်း အချိန်ရွှေ့လိုက်တာ။ သူတို့က ကျွန်တော်တို့ကို ဆိုစေချင်ခဲ့တဲ့ သဘောလည်းပါတယ်။

Voice : ဒီပွဲမှာ သီချင်းဘယ်နှပုဒ်လောက်နဲ့ ဖျော်ဖြေခဲ့လဲ။

HHL : ဒီပွဲကို ကျွန်တော် Big Bag အနေနဲ့ သွားတာမဟုတ်ဘူးဗျ။ ကျွန်တော် နောက်ထပ် သတ်သတ်ဖွဲ့ထားတဲ့ Blood Sugar Politik Band အနေနဲ့ သွားတာ။ ဒီ Band နဲ့ ထွက်ထားတဲ့ ပထမခွေထဲက သီချင်း ၁၂ ပုဒ်မှာ ၁၀ ပုဒ်ဆိုခဲ့တယ်။ Blood Sugar Politik ရဲ့ နောက်ထပ်ထွက်မယ့် ခွေထဲက လေးပုဒ်လောက်ဆိုတယ်။ ဆိုပြီးသွားတော့ ကျွန်တော် တို့ကို ပေးမဆင်းဘူး။ Break လုပ်ခိုင်းပြီး နောက်တစ် ခေါက်တက်ခိုင်းတော့ Big Bag ရဲ့ AD 3000 ခွေထဲက သီချင်းတွေဆိုခဲ့တယ်။

Voice : အာဆီယံဂီတပွဲတော်မှာ ကိုယ်နဲ့အတူ ဖျော်ဖြေခဲ့တဲ့ နိုင်ငံတွေက Band တွေရဲ့ ဂီတပုံစံတွေက မြန်မာနိုင်ငံက Band တွေနဲ့ ဘယ်လိုကွာလဲ။

HHL : ကွာတယ်ဗျာ။ သူတို့က အဆို (Vocal) ကို သိပ်ဦးစားမပေးတော့တဲ့ အပိုင်းတွေ ဖြစ်လာတယ်။ အဲဒီပွဲမှာ တီးလုံးကို အသားပေးတဲ့ (Instrumental Band) နှစ်ဖွဲ့ပါတယ်။ Dream Theatre အဖွဲ့တို့လို အဆို (Vocal) မပါဘူး။ အတီးကိုပဲ ဦးစားပေးကြတယ်။ နောက် စင်ကာပူက အဖွဲ့တွေလည်း ကောင်းတယ်။ သူတို့အကုန်လုံးနဲ့ ကျွန်တော်တို့သူငယ်ချင်းတွေ ဖြစ်လာတယ်။ တော်တော်ပျော်ဖို့လည်း ကောင်းတယ်။

Voice : အခုသွားတဲ့ အာဆီယံဂီတပွဲတော်က မူပိုင်ခွင့်ကို ခေါင်းစဉ်တပ်ပြီး လုပ်တာဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာခဲ့ရလဲ။

HHL : မူပိုင်ခွင့် ကျွန်တော်တို့တစ်နိုင်ငံတည်း အားနည်းတာ မဟုတ်ဘူး။ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးဆဲနိုင်ငံလို့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံတွေက Intellectual Property Right (ဉာဏပစ္စည်းမူပိုင်ခွင့်) နဲ့ပတ်သက်ပြီး အရမ်းအားနည်းတဲ့ အထဲမှာ ပါတယ်။ သူတို့က ဘယ်လိုလုပ်လဲ ဆိုတော့ ကျွန်တော်တို့ဆိုခဲ့တာတွေ အကုန်လုံး၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ အကုန်လုံး မှတ်တမ်းတင်ထားတယ်။ အဲဒါတွေကို အွန်လိုင်းမှာ ဘယ်လောက်မှမရှိတဲ့ ဈေးလေးနဲ့ ပိုက်ဆံ ပေးပြီး Download လုပ်တတ်အောင် လုပ်ပေးထားတယ်။ အခု မေလ ၁၈ ရက်နေ့ကစပြီး ဒါတွေကို အွန်လိုင်းမှာ စတင်ထားတယ်။ သူတို့က ဈေးပေါပေါနဲ့ Link လေးတွေရောင်းတယ်။ အဲဒီ Link ကနေပြီး သီချင်းတွေ၊ ဓာတ်ပုံတွေကို Download ဆွဲလို့ရတယ်။ သူတို့က မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပညာပေးချင်တာ။ သူတို့လုပ်တဲ့ ပုံစံလေးက တော်တော်ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးကနေ စလုပ်တဲ့ သဘောပေါ့။ iTunes တို့ ဘာတို့ကနေ ကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်တာလောက် ကိုတော့ မပြောနဲ့ဦး။ ဒီနိုင်ငံအတွင်းမှာပဲ Website လေးတစ်ခု လုပ်ပေးပြီးတော့ Download ဆွဲတတ် အောင်၊ အနုပညာရှင်တွေရဲ့ Rights တွေကို တန်ဖိုးထား တတ်အောင် လုပ်ပေးထားတယ်။

Voice : မြန်မာနိုင်ငံမှာ မကြာခင် အသက်ဝင်တော့မယ့် မူပိုင်ခွင့်ဥပဒေအပေါ် ကျားပေါက်အမြင်က ဘယ်လိုရှိလဲ။

HHL : လူတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ဆင်ထား ရမယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ကတော့ ကိုယ့်သီချင်းကို ကိုယ်အရမ်း တန်ဖိုးထားပြီး သူများသီချင်းကို လုပ်ချင်ရာလုပ်ပစ်တဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါမျိုးတွေရှိတာ သေချာတယ်။

Voice : ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတွေကို ကျားပေါက် ဘယ်အချိန်လောက်က စရေးဖြစ်တာလဲ။

HHL : စရေးဖြစ်တာက ၂၀၀၂-၂၀၀၃ ခုနှစ်၊ ကျွန်တော် ကျောင်းတက်နေတုန်းအချိန်၊ ဒုတိယနှစ် လောက်မှာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက သီချင်းတွေက Perfect မဖြစ်သေးဘူး။ အဲဒီတော့ တီးလိုက် သွင်းထား လိုက်နဲ့ပေါ့နော်။ ခုလောက်ကျမှ ထုတ်လို့ရတဲ့ အနေ အထားရောက်လာတာပါ။

Voice : Big Bag အနေနဲ့က အောင်မြင်နေပြီလေ။ အခု Blood Sugar Politik ဆိုပြီး Band သတ်သတ်ဖွဲ့ထားတော့ ဒီအဖွဲ့နဲ့က ကျတော့ ဘယ်အခြေ အနေအထိ ရောက်အောင်လုပ်မယ် စိတ်ကူးထားလဲ။

HHL : ကျွန်တော်က လုပ်တာတော့ လုပ်နေမှာပါပဲ။ အခု Big Bag ရော၊ S.I.R ရော လုပ်နေသလို ဒီအဖွဲ့နဲ့လည်း လုပ်လို့ရသလောက် လုပ်သွားမှာပေါ့နော်။ ရောပြီးလုပ်လို့ရရင် Big Bag ဆိုပြီး Project တစ်ခုထဲနဲ့ အတူတူပေါင်းပြီး လုပ်ချင်တာ။ ရောလို့မရလို့ဗျ။ ဒီ Blood Sugar Politik နဲ့က ကိုယ်စမ်းသပ်ချင်တာတွေ တအားများတော့ ကျွန်တော်တို့က Side Project အနေနဲ့ လုပ်လိုက်ရတာ။ လုပ်လို့ရသလောက်တော့ လုပ်နေမှာပဲ။ ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ ဆိုတာတော့ ပေးလာတဲ့ အခြေအနေပေါ်မှာ မူတည်တယ်။

ဒီခွေတွေဖြန့်တာ စီးပွားရေးပိုင်း မပါဘူးဗျ။ ကမ္ဘာအနှံ့ဖြန့်လို့ရတဲ့ ပိုက်ဆံကိုလည်း မလိုချင်ဘူး။ အဓိက ကတော့ ကျွန်တော်တို့သည် လုပ်နိုင်တယ်၊ ဒီမှာလုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြချင်တယ်။ နောက် ကျွန်တော့် သမီးလေး ကြီးလာတဲ့အခါ ဒါတွေက ငါ့အဖေလုပ်ခဲ့တာ တွေဆိုပြီး သူပြန်ကြည့်ပြီး ဂုဏ်ယူစေချင်တယ်။ ကျွန်တော်တို့မှာ ရည်မှန်းချက် ကြီးကြီးမားမားတွေ မရှိပါဘူး။ လုပ်လို့ရတဲ့အထိ လုပ်နေတဲ့သဘောပါ။

Voice : Blood Sugar Politik အဖွဲ့ရဲ့ခွေကိုရော ဘယ်လိုပုံစံနဲ့ ဖြန့်ထားလဲ။

HHL : ဒီခွေကို ကျွန်တော် iTunes တစ်ကမ္ဘာ လုံးကို ဖြန့်ထားတာဗျ။ iTunes ကနေ တစ်ကမ္ဘာလုံး Download လုပ်လို့ရတယ်။ ဒီခွေက ဒီမှာဖြန့်ထားသလို အခု ဗီယက်နမ်မှာလည်း ကျွန်တော်တို့ အခွေကို တင်ဖို့ ပြောထားတဲ့ လူတွေလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ရဲ့ ဘက်က နောက်ထွက်မယ့် ခွေနဲ့အတူ ပထမခွေ CD တွေပါ ပေါင်းပြီးပို့ပေးဖို့ ပြောထားတာတွေရှိတယ်။

Voice : ကျားပေါက် နောက်ဆုံးထွက်ထားတဲ့ စီးရီးရဲ့ ဗီစီဒီရော ရိုက်နေပြီလား။

HHL : အဲဒီအကြောင်းကလည်း ပြောရရင် အရမ်းရယ်ရတယ်။ ဒီခွေရဲ့ ပရိုဂျူဆာဖြစ်တဲ့ ကိုလေးဖြူ နဲ့ ကျွန်တော်က သူအားတဲ့အချိန်ဆို ကျွန်တော်က ရန်ကုန်မှာမရှိဘူး။ ကျွန်တော် ရန်ကုန်မှာ ရှိတဲ့အခါ ကျတော့ သူက အမေရိကကို ဖျော်ဖြေရေးခရီး သွားနေရတယ်။ ကိုလေးဖြူက တစ်ခါတလေဝင်ပြီး အကြံဉာဏ် ပေးတတ်တော့ ကျွန်တော်တို့က သူ့ကိုပြန်စောင့်နေတဲ့ သဘောပါ။ ကျွန်တော်တို့အချင်းချင်းက နားလည်တယ်။အပြင်က ပရိသတ်ကတော့ မထွက်သေးဘူးလား လို့ မေးကြတာပေါ့နော်။ အခုတော့ ဗီစီဒီကို အပြီးသတ်ဖို့ လုပ်နေတယ်။ နောက်ထပ်ထွက်မယ့် ခွေအတွက် သီချင်းတွေကလည်း အဆင်သင့်ပဲ။ တီးသာ မတီးသေးတာ။ Blood Sugar Politik ကိုလည်း အချိန်နည်းနည်း ပေးချင်လို့ပါ။

By The Voice Weekly

ဖွေးဖွေး - ကိုယ်လှလား၊ မလှလားတော့မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်အားလုံးကြိုက်တယ်

Q. ဘာကြောင့်အောင်မြင်လာ တယ်ထင်လဲ
A. သင်ဆရာ၊ မြင်ဆရာ၊ ကြားဆ ရာတွေရဲ့ကျေးဇူးကြောင့်ရယ်၊ ပရိ သတ်နဲ့အလုပ်ကိုတန်ဖိုးထားတတ် တဲ့ ဖွေးဖွေးရဲ့စိတ်ကြောင့်လို့ထင်ပါ တယ်။ ဒါပေမဲ့ အများကြီးကြိုးစား ရဦးမှာပါ။

Q. ကိုယ့်ကိုဘာကြောင့် ပရိသတ် ကြိုက်တယ်ထင်လဲ
A. ပရိသတ်ကြီးပဲ သိပါတယ်။

Q. ရှုတင်မိတ်ကပ်လိမ်းရတာကို ကြိုက်လား
A. မိတ်ကပ်သိပ်မလိမ်းဖြစ်ပါဘူး။

Q. တစ်ယောက်တည်းရှိတဲ့အခါ လုပ်တတ်တဲ့အမူအကျင့်
A. စဉ်းစားတယ်။ တစ်ခါတလေ အကောင်အထည်ဖော်ဖြစ်တယ်။

Q. ဒိုင်ယာလော့ခ်ချပေးရင် လွယ်လွယ်နဲ့ရတတ်တဲ့သူလား
A. ဒါရိုက်တာကြီးများကိုမေးကြည့် ပေါ့။

Q. ကိုယ့်ခန္ဓာကိုယ်မှာ အလှဆုံး လို့သတ်မှတ်ထားတဲ့အစိတ်အပိုင်း
လှလား၊ မလှဘူးလားဆိုတာ တော့မသိပါ။ အားလုံးကိုကြိုက်ပါ တယ်။

By 8Days Journal

ကလေးမြို့တွင် ပထမဆုံး ဖျော်ဖြေခဲ့တဲ့ Lဆိုင်းဇီ

အဆိုတော် Lဆိုင်းဇီက ကလေးမြို့တွင် ပထမဆုံး ဖျော်ဖြေ ခဲ့ရခြင်း အတွက် ပျော်ရွှင် ရပါကြောင်း ပြောသည်။
အဆိုတော် Lဆိုင်းဇီ သည် မေလ ၁၄ ရက်နေ့က ကလေးမြို့ရှိ ရှင်းဟုန် ဟိုတယ် ခန်းမ၌ ဖျော်ဖြေခဲ့သည်။
L ဆိုင်းဇီ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲအား REVITAL ဂျင်စင်း အားဆေးမှ ကူညီခဲ့ပြီး ၄င်းဖျော်ဖြေပွဲတွင် သူမ၏ တေးစီးရီးခွေ များအား ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့သည်။
ယခု ဖျော်ဖြေရေး ခရီးစဉ်သည် Lဆိုင်းဇီ အနေဖြင့် ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ဖျော်ဖြေပွဲသို့ ဟိုတယ် ခန်းမဆောင် အပြည့် Lဆိုင်းဇီ ပရိသတ်များ ငြိမ်းချမ်း ပျော်ရွှင်စွာ အားပေးခဲ့ကြပြီး ပရိသတ်များဖြင့် တွဲဖက် ဓာတ်ပုံ ရိုက်ခံခဲ့သည်။
Lဆိုင်းဇီသည် REVITAL ဂျင်စင်းအားဆေး၏ ၂ဝ၁၃ ခုနှစ် အတွက် Brand Ambassador တစ်ဦးဖြစ်ပြီး ယခုပွဲစဉ် အပြီး လာမည့် မေလ ၂ဝ ရက်နေ့တွင်လည်း မော်လမြိုင်မြို့နှင့် ဘားအံမြို့ များသို့ REVITAL ဂျင်စင်း အားဆေးနှင့် အတူ သွားရောက် ဖျော်ဖြေဦးမည် ဖြစ်သည်။ ယခု Lဆိုင်းဇီ ၏ ဖျော်ဖြေရေး ခရီးစဉ်သည် REVITAL ဂျင်စင်းအားဆေး ၏ Brand Ambassador အဖြစ် ပထမဆုံး ဖျော်ဖြေပွဲလည်း ဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်
By Popular Myanmar

အချစ်က အရေးမကြီး အလုပ်ပဲ အရေးကြီးတယ် ဆိုသူ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က အချစ်က အရေး မကြီးတော့ဘဲ အလုပ်သာ အရေးကြီးကြောင်း ပြော သည်။စံရတီမိုးမြင့်က တဖြည်းဖြည်း နဲ့ သိလာတာက အချစ်က အမြဲတမ်း ကိုယ့်ဘေးနားမှာ မရှိကြောင်း ပြောပါသည်။ ”ညီမအခု အချိန်အထိရှိတဲ့ အချစ်က အမြဲတမ်း ကိုယ့်ဘေးမှာ တစ်သက်လုံး တည်ချင်မှ လည်း တည် မှာလေ။ ပိုပြီး တဖြည်းဖြည်း သိလာတာက အလုပ်ပဲ။ အလုပ်ကို ပိုကြိုးစားပြီး လုပ်ရင် ပရိသတ်က ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ရှိမှာလေ။ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေ အသက်ကြီးတဲ့ အထိ ကိုယ့်ဘေးနားမှာ ရှိလာ တာကို သိလာတယ်”ဟု ဆို သည်။

လတ်တလောမှာ ဒါရိုက်တာ နေပိုင်၏ ‘ရိုးမြေကျ သီအိုရီ’ ဇာတ်ကားလေးကို နေမင်းနဲ့ အတူ ရိုက်ကူး နေပါသည်။
”ညီမနောက်ပိုင်းမှာ ဇာတ်လမ်းတွေကို မျှအောင် ရိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ်က မလုပ်ဖူး သေးတော့ အကုန်လုံးကို လုပ်ကြည့်စေချင်တယ်။ ဒရာမာ ရိုက်တာ လွန်သွားရင်လည်း ပရိသတ် အတွက် ရိုးအီ သွားမှာစိုးတယ်”ဟု ၄င်းက ပြောသည်။
”မိန်းကလေး တော်တော်များများက ကိုယ့်ကို သစ္စာရှိပြီး နားလည်ပေးနိုင်မယ့် သူမျိုးမှပဲ ဖြစ်မယ်။ အဲဒါက အဓိကပါပဲ။ ညီမ စဉ်းစားထားတာက အသက် ၃ဝ နားကပ်လောက်မှ အိမ်ထောင်ရေးကို စဉ်းစားမယ်”ဟု စံရတီမိုးမြင့်က ပြောသည်။

တွယ်တာ
By Popular Myanmar

ရုပ်ရှင်ရုံတွေ နည်းသွားလို့ စိတ်မကောင်း ဖြစ်ရတဲ့ မို့မို့မြင့်အောင်

ရုပ်ရှင်ရုံ နည်းပါး သွားရခြင်း အတွက် စိတ်မကောင်း ဖြစ်ရကြောင်း အကယ်ဒမီ မို့မို့မြင့်အောင် က ပြောသည်။”ရုပ်ရှင်ရုံတွေ သိပ်မရှိကြတော့ဘူးလေ။ အခုလည်း ရွှေမန်းရုံ နဲ့ သီတာရုံ ပါသွားပြီလို့ ကြားရတယ်။ စိတ်မကောင်းလိုက်တာ။ ထုတ်လုပ်သူတွေက ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ပြီး ဘယ်ရုံမှာ သွားတင်ရမှာလဲ။ မမို့တို့ ဆီမှာလည်း ရှော့ပင်း မောလ်တစ်ခု၊ ဟိုတယ်တစ်ခု ဖွင့်ပြီ ဆိုရင် နိုင်ငံခြားက လိုမျိုးတော့ ရုပ်ရှင်ရုံ အနည်းဆုံး တစ်ခုလောက်တော့ ပေးသင့်တာပေါ့။ အနုပညာသမားတွေက ဘယ်လောက်ချည်း ပဲဖြစ်ဖြစ် လုပ်ပေးဖို့ ဆိုတာကလည်း မလွယ်ဘူးလေ။ မြန်မာပြည် ကတော့ ဗီဒီယိုလည်း ဗီဒီယို ဈေးကွက်မို့လို့ အခြေအနေ ဆိုးပါတယ်။ အခုဆိုလည်း စာချုပ် ရှိနေတဲ့ ပြေတီဦးတို့၊ နေတိုး တို့လောက်ပဲ ရှိတာလေ။ ကျန်တာတွေက သိပ် မရိုက်ရဘူး။ မမို့လည်း အရင်တုန်းက မမို့ ရိုက်ရက်ရဖို့ ၁ဝ လ ၁ နှစ်စောင့်ရတာ။ အခုဆို စီမယ့်လူတောင် မရှိဘူး။ လာ တစ်ကားပဲရှိတာ” ဟု မို့မို့မြင့်အောင်က ပြောသည်။ မို့မို့မြင့်အောင်က လပ်ကီးဆဲဗင်း ထုတ် လုပ်ရေးဖြင့် ယခုလ ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိကြောင်း သိရသည်။
”မမို့တို့ခေတ် နဲ့တော့ ဘယ်တူမလဲနော်။ မမို့ တို့ခေတ်ကဆို ရုပ်ရှင် ဇာတ်ကားကြီးဆို တစ်ကားကို ရိုက်ရက် ၁၅ ရက်ပေးတယ်။ နယ်ဆိုရင် ရက် ၂ဝ ပေးတယ်။ ၁ နှစ်နဲ့ ၆ လ ဇာတ်ကားကြီး ရိုက်ဖို့ အများကြီး တန်းစီရတယ်။ အခုတော့ ကလေး တွေ အတွက် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ဆိုတာ မလွယ်လှရှာဘူး။ တစ်ခေတ်တော့ ပြန်လည် လာမှာပါလို့ မျှော်လင့်ပါတယ်။ မမို့ တို့ခေတ်တုန်းက ဗီဒီယို မရှိဘူး။ ရုံတွေက လည်း အများကြီး ရှိတယ်လေ။ အကယ်ဒမီ ဇာတ်ကား ဆန်ခါတင် စာရင်းဝင်တဲ့ ၇ ကားကို ကြည့်လိုက်ရင် မို့မို့မြင့်အောင် အချင်းချင်း ဖိုက်နေရတာ” ဟု ပြောသည်။

ခိုင်ဝေလွင်
By Popular Myanmar

ကျောင်းပြီးတာ နဲ့ ရန်ကုန်မှာ အခြေချ နေထိုင်ပြီး အနုပညာ အလုပ်တွေ ကို လုပ်သွားတော့မယ့် မှူးသခင်

မန္တလေးမှာ နေထိုင်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် တစ်ဦးလည်းဖြစ်သူ မှူးသခင်က ရန်ကုန်ကို ဒီလကုန်မှာ သွားမှာဖြစ်တယ်လို့ သိရပြီး သူရိုက်ခဲ့တဲ့ ဗီဒီယို ၇ကားထဲမှာ ၄ကားကတော့ ထွက်ရှိပြီး ပြီလို့ ပြောပါ တယ်။ “မှူးရဲ့ သရုပ်ဆောင်မှုတွေက လိုသေးတာပေါ့နော်။ ပရိသတ်တွေ ကလည်း ဝေဖန်ပေးပါတယ်။ ရန်ကုန်ကိုတော့ တက်ဖြစ်မှာပါ။ ဒီမှာက ကျောင်းတက်နေသေးလို့ ကျောင်းပြီးရင်တော့ ရန်ကုန်မှာ အခြေချပြီး လုပ်ဖြစ်မှာပါ။ လက်ရှိ အနေအထားကိုတော့ အားရပါတယ်။ ဒါပေမဲ့ လိုအပ်တာတွေက အများကြီး လိုသေးတယ်။ အဲဒီအတွက်လည်း မှူးအစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ မှူးသခင် ကပြောပါတယ်။ မှူးသခင် ကပြည် ပနိုင်ငံ က ဇာတ်ကားတွေနဲ့ သရုပ်ဆောင်မှု စာအုပ်တွေကို အချိန်ပေးပြီး လေ့လာ ဖတ်ဖြစ်နေတယ်လို့ ပြောပါတယ်။ “အနုပညာမှာ အခွင့်အလမ်းပိုရဖို့ ရန်ကုန်ကို သွားရမယ် ဆိုတာ လက်ခံပါတယ်။ ရန်ကုန် ကျတော့ တက်လမ်းတွေ အများကြီး ရှိတယ်လေ။ အနုပညာ အသိုင်းအဝိုင်းနဲ့ လည်းပိုပြီးတော့ နီးစပ်တယ်” လို့ မှူးသခင် ကပြောပါတယ်။ မှူးသခင်ဟာ မော်ဒယ် ပြိုင်ပွဲတွေ မှာ Best Costumer, Best Design, Miss Kanebo, Best Perifital စတဲ့ ဆုများကို ပိုင်ဆိုင် ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

By Popular Myanmar

လမ်းပြမြေပုံနဲ့ နေတိုး ရဲ့ကမ္ဘာလေး တစ်ခု

နေတိုးက မေလ ၁၂ရက် နေ့က ” We Love NAY TOE Fan Page Member”ဝင်တွေကို နေတိုး ကိုယ်တိုင် မေးခွန်း ထုတ်ထားတဲ့မေးခွန်း၂၅ခု ကိုအဖြေမှန်ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

နေတိုးက”ကျွန်တော့်ရဲ့အမာခံ ပရိသတ် လို့လည်းပြောလို့ရတယ် ။နောက် သူတို့ အတွက် ပျော်စရာလေး လည်းဖြစ်အောင်၊ကိုယ်တိုင်ကလည်း သူတို့ နဲ့တွေ့ ဆုံချင်တယ်။ ဒီလို Fan Page တစ်ခုက ကျွန်တော့် အတွက်ရော၊ပရိ သတ်အတွက်ရော တွေ့ဆုံစေနိုင် တယ်။အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန် အကြံပြု ချက်တွေလည်း ပေးတယ်။ ကျွန် တော်မေးခဲ့တဲ့ မေးခွန်းတွေထဲက တချို့ကကိုယ့်ရဲ့ ဇာတ်ကားတွေကို ဘယ်လောက်အ ထိ အလေး ထား ကြည့် ဖြစ်လဲ၊ ဘယ် အချိန် လောက်ထဲက အားပေးခဲ့ သလဲ ဆိုတာပြန်ပြီး အမှတ်ရ စေမယ့်မေးခွန်းလေး တွေပါ တယ်။ ပဟေဠိဆန်တဲ့မေး ခွန်းလေးတွေလည်းပါတယ်။ ကျွန်တော် ကိုယ်တိုင် မေးထား တဲ့မေး ခွန်း၂၅ခုပါ။

အဓိက နံပါတ်၁က မေးခွန်းတွေ ကို ဖြေ နိုင်ခြင်း၊ မဖြေနိုင်ခြင်း ထက် သူ တို့နဲ့တွေ့ဆုံမှုကို လုပ်ချင်တာ။ ရင်ခုန်စရာကောင်းတဲ့ အစီ အ စဉ်လေးတွေ ပေးချင်တယ်။ တွေ့ဆုံမယ်ဆိုတော့ ရန်ကုန် မှာအရင် ဆုံးတွေ့ဖြစ်တာ။ မေ ၁၂ ရက်နေ့က Dinner လုပ်ဖြစ်တယ်။
အွန်လိုင်းမှာပဲ တွေ့နေရတဲ့ ပရိသတ်ကို အပြင် မှာ တွေ့ရတော့မယ် ဆိုတော့ တအား ရင်ခုန်ခဲ့တယ်။ ပရိသတ် တွေကလည်း အနုပညာ ရှင် တွေနဲ့တွေ့ရင် ဒီလိုပဲဖြစ်မယ် ထင်တယ်။ အဲဒါကြောင့် ကျွန် တော်တို့ရဲ့ ရင်ခုန်သံတွေက အမြဲထပ်တူဖြစ်နေတယ်။ အဲဒါ ကြောင့် We Love NAY TOE ရဲ့ Presentation တွေအပေါ် မှာ ကိုယ်တိုင်မစီစဉ်နိုင်ပေမယ့် လိုက်ပြီး ပရိသတ်ရဲ့ဆန္ဒကို ဖြည့် ဆည်းတာပါ။ အဖြေမှန်တဲ့သူ တွေက ရန်ကုန်လိပ်စာနဲ့ မှန် သမျှတော့ ဖိတ်ပါတယ်။ လိပ် စာအတိအကျမသိရတဲ့ သူတွေ လည်းရှိတော့ သူတို့နဲ့တော့ မတွေ့ရဘူး” လို့ ပြောပြပါတယ်။

ဒီလိုတွေ့ဆုံရတဲ့နေ့က ၂ဝ၁၃ ခုနှစ်အတွက် အင်အား အဖြစ်ဆုံးနေ့ တစ်နေ့လို့ ဆိုလာ တဲ့ နေတိုးကသူ့ရဲ့လမ်းပြ မြေပုံ တစ်ခုလိုခံစားရကြောင်း ကို
” ဒီလိုတွေ့ဆုံရတာက အမြဲတမ်းရင်ထဲမှာ နွေးထွေးမှုနဲ့ စိတ်ထဲမှာ ကြည်လင် မှုကို ပေးနိုင်တဲ့ အတွက် အင်အား တစ်ခုဖြစ်စေတယ်။၂ဝ၁၃မှာ အင်အားအဖြစ်ဆုံးနေ့တစ် နေ့ကို ပြောပါဆို အဲဒီနေ့ပါပဲ။ ကိုယ်ပြောချင် တာတစ်ခုကို ချက်ချင်း မပြောနိုင်တာတွေရှိ တော့ အဲဒီ နေ့မှာ ကျွန်တော့် ကို ပြောချင်တာအဆိုး၊ အကောင်း ဝေဖန်မှုတွေကိုရေးပြီး စာအိတ် လေး နဲ့ပေးဖို့ပြောထားတော့ သူတို့ ယူလာကြတယ်။ သူတို့ ပေးချင် တဲ့အမှတ် တရလေး တွေလည်းယူလာတယ်။ ကျွန်တော်ကလည်း Mini-Biography စာအုပ်၊ အမှတ် တရ သိမ်းလို့ရမယ့် အရုပ်လေး တွေတော့ ပေးဖြစ်တယ်။ ဒီ We Love NAY TOEက ကျွန်တော် နဲ့ပတ်သက်ပြီးလုပ် ချင်တာတွေ စုစည်းပြီး သူတို့ စိတ်ကြိုက် လုပ်ကြတာ။ကျွန် တော် ကိုယ် တိုင် ဘာလုပ် ပါလို့ ဘယ်တော့မှ မလုပ်ဘူး။ အွန်လိုင်းသုံးတိုင်း ဝင်ကြည့်ဖြစ် တယ်။ We Love NAY TOE ကကျွန်တော့် ရှေ့လျောက်အလုပ်လုပ်ရမယ့် ခရီးမှာ လမ်းပြမြေပုံတစ်ခု လိုပဲခံစားရတယ်။ပရိသတ်ရဲ့ အားပေးမှု၊လက်ခုပ်သံ ကျွန်တော့်ရဲ့ပင် ပန်းမှုတွေ ကို ပြေပျောက်စေ တယ်။ အဲဒါ ကြောင့်ဒီ We Love NAY TOE က ကျွန်တော့်အတွက် လက်ခုပ်သံတွေများကြီးနဲ့ လမ်းပြမြေပုံတစ်ခု၊အင်အား ဖြစ်စေမယ့် နှလုံးသားချင်းထပ် တူကျနေတဲ့ သူတွေစု ဝေးထား တဲ့ ကမ္ဘာလေးတစ်ခုလို့ တင်စားချင်ပါတယ်” လို့ ပြောပြ ပါ တယ်။မန္တလေးက We Love NAY TOE+Fan Page Member တွေ မန္တလေးမှာ ဇွန်လပထမပတ်မှာတွေ့ဆုံဖို့ ရှိသလို၊ နိုင်ငံ ခြားသွားရင်လည်း နိုင်ငံခြားကပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်မယ်လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
By Popular Myanmar

ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း

(ဟန်သူထွန်း)

မြန်မာအနုပညာရှင်ငါးဦး တည်ထောင်ထားသော အနုပညာပျိုးခင်းမှ သရုပ်ဆောင်လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာလောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ်ဝေဖန်မှုကို အများဆုံးခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်းအကြောင်းနှင့် ဆက်ရန်ရှိသေးတဲ့ ပညာရေး အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : အနုပညာပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။

SHYT : ရွှေမှုန်တို့ကို Star & Model အေဂျင်စီကနေ လာရွေးလို့ပါသွားတဲ့ သဘောပါ။ ညီမက ဒီအနုပညာပျိုးခင်းကမှ သရုပ်ဆောင် ဘဝထဲကို စပြီးခြေလှမ်းတာပါ။ အရင်တုန်းကတော့ မော်ဒယ်လ်ဘဝနဲ့ သုံးလလောက် နေပြီးတော့မှ ခြေလှမ်းစလှမ်းတာဆိုတော့ အတွေ့ အကြုံက သိပ်မရှိဘူးလေ။ ရွှေမှုန် ပထမဆုံးခြေချတာက ကိုခန့်နဲ့ အနုပညာပျိုးခင်းက သုံးယောက်နဲ့ ဒရာမာ ဇာတ်ကားတစ်ခုပါ။ အဲဒါပြီးမှ ညီမ သခင့်ကျေးကျွန် ဆိုတဲ့ကားပါ။

Voice : အခုတစ်လော ပရိသတ်တွေ ဝေဖန်နေတဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကလေးချစ် ဇာတ်ကားတွေ အပေါ်ကို ဘယ်လိုတုံ့ပြန်ချင်လဲ။

SHYT : တချို့ပရိသတ်တွေက အသက် ငယ်ငယ်လေးနဲ့ ဒီလိုမျိုး မရိုက်ခိုင်းသင့်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ရွှေမှုန်တို့ သရုပ်ဆောင်တွေက သဏ္ဌာန်လုပ် သရုပ်တူတွေပါ။ ရွှေမှုန့် စိတ်ထဲမှာ ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ ရွှေမှုန်က ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်တယ်။ ပြီးတော့ ရွှေမှုန်ဟာ အသစ်တစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ နားလည်ပေးတဲ့ ပရိသတ်ကြီးကိုလည်း ဆက်ပြီး နားလည်ပေးပါလို့ ပြောချင်ပါတယ်။

Voice : ဇာတ်ကားတွေရိုက်တဲ့အခါ ကိုယ့် ဘက်က ဘယ်လိုပြင်ဆင်မှုတွေ လုပ်လဲ။

SHYT : ရွှေမှုန်က အရင်တုန်းထဲက ကားရိုက်တာတွေဆိုရင် ဂရုစိုက်တတ်တဲ့ အကျင့်ရှိတယ်။ ဒီကား ဘာဝတ်ရမယ်။ ဘယ်လိုလေး လုပ်လိုက် မယ်ဆိုတာ အစကတည်းက တွက်ချက်ထားတာပါ။ ဖတ်ဖို့အချိန်မရဘူး ဆိုရင်တောင် ဇာတ်လမ်း သဘောတရားကို ဖတ်ပြီးတော့မှ ရိုက်တဲ့နေ့မှ ဇာတ်လမ်းကို သေချာပြန်ဖတ်တယ်။ ဘယ်ခန်းမှာ ဘယ်လိုဝတ်ရမယ်၊ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကို ခေါင်းထဲမှာ စဉ်းစားတယ်။

Voice : အခုချိန်မှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ် တွေရှိလား။ အခုရိုက်ခဲ့တဲ့ အတွေ့အကြုံအရ အခက်အခဲတွေ ဘယ်လိုရှိခဲ့လဲ။

SHYT : ဟုတ်။ ရွှေမှုန် ဇာတ်ရုပ်အကုန် ရိုက်ချင်ပါတယ်။ အခုလည်း ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေ ရိုက်နေရတာပါပဲ။ ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေက အများကြီးပါပဲ။ ရွှေမှုန်အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ အခန်းတို့၊ ကလေးမွေးရမယ့် အခန်းတွေက တော်တော်ခက်ခဲပါတယ်။ အတွေ့အကြုံလည်း မရှိတော့ ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူးပေါ့။ အဲလို အခက်အခဲလေးတွေ ရှိပါတယ်။ အဲဒီလို မျိုးတွေကျတော့ မသိတော့ ဒါရိုက်တာတွေ သင်ပေးပါတယ်။

Voice : သရုပ်ဆောင်တစ်ယောက် အနေနဲ့ အနုပညာအပေါ်ထားတဲ့ ခံယူချက်ကရော။

SHYT : ရွှေမှုန်က အနုပညာကိုချစ်လို့ လုပ်တာမဟုတ်ပါဘူး။ ရူးလို့ လုပ်တာပါ။ အနုပညာရှင်ဆိုတာ ကိုယ့်အနုပညာကို အမြဲတမ်း ရူးသွပ်စွာနဲ့ ဖန်တီးနေရမယ်လို့ ထင်ပါတယ်။ ချစ်တယ်ဆိုတာ အပေါ်ယံလေးပါ။ တကယ်ကို ရူးလို့လုပ်တာပါ။

Voice : ညီမလေးရဲ့ပညာရေးကိုရော ဘယ်လောက်ထိ မျှော်မှန်းထားလဲ။

SHYT : ရွှေမှုန်ပညာရေးကို ဆုံးခန်းတိုင်အောင် လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။

The Voice Weekly


"ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လှုံ့ဆော်ရေး ကဏ္ဍတွေမှာ ပါဝင်မယ့် ချစ်သုဝေ"

လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ချစ်သုဝေက လက်ရှိ လုပ် ဆောင်နေတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ မသန်စွမ်း ကလေးငယ် များနဲ့ မိဘမဲ့ကလေးငယ်များအတွက်လည်း လှုပ်ရှားမှုတွေ ပါဝင်ဆောင် ရွက် ပေးသူတစ်ဦး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ပရိုဂရမ်လေးတစ်ခုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ် )နဲ့ ရိုက် ပေးဖို့ရှိပြီး ဆွေးနွေးပွဲတွေ တက်ရောက်ပေးဖို့ ရှိကြောင်း၊ ကျန်းမာရေး အနေနဲ့ တီဘီရောဂါ တိုက်ဖျက်ရေး အတွက် စိုင်းစည်တွမ်ခမ်း နဲ့အတူ ရိုက်ကူးပေးဖို့ ရှိကြောင်းပြောပါတယ်။ ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့ အတွက် ချစ်သုဝေက..

”ဆင်းရဲနွမ်းပါးမှုနဲ့ ဆိုင်တာလည်းသိရမယ်။ ထရီဇာ တို့နိုင်ငံမှာ အခြေခံ အုတ်မြစ် က ဒီ ဆင်းရဲနွမ်းပါးမှုကြီး မပပျောက်လို့ဖြစ်တာပေါ့။ လတ်တေ လာ ဖြေရှင်းတာ ထက်စာရင် ထရီဇာက သူတို့ အတွက် ပြန်လည် ထူထောင်ရေး ကို ဖြစ်စေချင်တယ်။ ထရီဇာထင်တာကတော့ ထရီဇာတို့ ဆီမှာ သဘာဝဘေး အန္တရာယ်တွေကြောင့် ကျရောက်လာတဲ့ အန္တရာယ်တွေ ဖြစ်တဲ့အခါမှာ ဘယ်လိုချဉ်း ကပ်ကြမလဲဆိုတာ စနစ်တကျ မရှိဘူး။ ထရီဇာ တို့လည်း ပြောသာပြောနေတာ၊ ကိုယ့် ဥာဏ်နဲ့ကိုယ် ထင်သလိုတွေပြောနေတာ။ စနစ်တကျ သင်ကြားပို့ချပေးမယ့် အဖွဲ့တွေ လည်း မရှိဘူး။လုပ်ပေး မယ့်အဖွဲ့တွေလည်းမရှိ ဘူး။ လူကြောင့်ဖြစ် တဲ့ ဘေးအန္တရာယ် ပဲဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ် ကြောင့် ပဲဖြစ်ဖြစ် ဘေးအန္တရာယ် ဖြစ်လာပြီး နောက်ပိုင်းမှာ ချက်ချင်း ဘယ်လိုပြန် လည်ကယ်ဆယ် ရေးတွေလုပ်ကြမလဲ။ နောက်ထပ် ပြန်လည်ထူထောင်ရေးတွေ ဘယ် လိုလုပ်ကြမလဲ၊ ဒါဆိုရင် နှစ်နဲ့ ချီပြီးတောင် စောင့်စရာမလို ဘူး။ ဒီနိုင်ငံမှာက ပညာ ရေးတအား အားနည်း တော့ စနစ်တကျ ဘယ် လိုလုပ်ရမလဲ ဆိုတာ သင် ယူလေ့ လာရ မှာပါ။

လူရယ်လို့ဖြစ်လာရင်ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ရ မယ်ဆိုတဲ့ အသိစိတ် ရှိရမယ်။အဲဒီ အတွက် team တွေခေါ်၊ပညာ တတ်တွေခေါ်၊ တကယ့် volunteer တွေစုပြီး လခတွေပေး တဲ့NGO လို ဖွဲ့ပြီး ထိထိမိမိ လုပ်ရမယ်” လို့ သူ့ ရဲ့ အမြင်ကို ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar

သီချင်းတွေလိုက်ဆို တတ်နေပြီ ဖြစ်တဲ့ ပြေသုဒြာ အကြောင်း ပြောတဲ့ ပြေတီဦး

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ပြေတီဦးက ဝိုင်းစုခိုင်သိန်း၊ အိချော ပိုတို့နဲ့အတူ သရုပ်ဆောင် ထားပါတယ်။ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အနုပညာ အလုပ်တွေကို ခဏတာ ရပ်နားထားတဲ့ အပေါ် နှမြောလည်း နှမြောမိသလို သူ့ရဲ့ စိတ်ကိုလေးစား မိတယ်လို့ ပြောလာတဲ့ ပြေတီဦးက “နှမြောတယ်လို့ ပြောလို့ရသလို၊ သူ့စိတ်ကို လေးစားတယ် လို့လည်း ပြောလို့ ရတယ်။ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ သိလိုက်ရတဲ့ အရာ တစ်ခုက သူဘာကြောင့် အောင်မြင်ခဲ့သလဲ ဆို တာ အခုမှ ကျွန်တော် သေချာ သိလိုက် ရတာ။ အလုပ် တစ်ခုကို လက်ခံပြီး အဲဒီအလုပ် အပေါ်သူက စိတ်ရော ကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တယ်။ ဒါကြောင့် အခုလို အောင်မြင်ခဲ့ တာ။ ဒီအချိန်မှာ သူ့ရဲ့ စိတ်ခံစား ချက်က ဘာဖြစ်လာလဲ ဆိုတော့ သူ့သမီး နားမှာ နေချင်တာ။ သူရှုတင် ကိုသွား တယ်။ ကားရိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က ရှုတင်ပေါ်မှာ အပြည့်အဝ မရှိဘူး။ သူ့သမီး ဆီပဲ စိတ်ကပြန် ပြန်ရောက်နေတယ်။ သူ့သမီး ဘာ လုပ်နေလဲ၊ ဘာစားနေလဲ။ အဲဒီလို စိတ် မျိုးပေါ့။သူက ဒီရှုတင်ဆို တဲ့ အလုပ် ပေါ်မှာ ၁ဝဝရာခိုင်နှုန်း စိတ်ကို နှစ် လို့မရဘူး။ အဲဒီလိုနှစ်လို့ မရ တဲ့အတွက်ကြောင့် သူက မလုပ်ချင် ဘူး။ သူကသူ လက်ခံထားတဲ့ အလုပ် ကို အပြည့် အဝကို တာဝန် ယူနိုင်မှကို သူလုပ်ချင်တာ။ သူဒီလိုမျိုး ဆုံးဖြတ် ရဲတဲ့ အတွက်လည်း လေးစားတယ်” လို့ ဇနီး နဲ့ပတ်သက်ပြီးပြောပါတယ်။ မိဘနှစ်ဦး စလုံးက အနုပညာဝါ သနာကြီး သူတွေဖြစ်လို့ သမီးလေး ပြေသုဒြာ မှာကော မိဘတွေရဲ့ အနု ပညာ ဗီဇပြတာမျိုးတွေကော ရှိလား လို့ မေးတော့…
“သမီးကအခု လက်ရှိတော့ သရုပ်ဆောင်ထက် သီချင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ သီချင်း တွေကို ပိုရတယ်။ အခုဆိုရင် တချို့ သီချင်း တွေဆို တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို သူတစ်ယောက်တည်း ဆိုနိုင်နေပြီ။ သီချင်းတွေကို သူက မှတ်မိနေပြီ။ သူက တစ်နှစ်နဲ့ နှစ်လလောက်ကတည်း က သီချင်းတွေ လိုက် ညည်းနေပြီ ဆို တော့ သီချင်းဘက်မှာ ပိုပြီးတော့ စိတ်အား ထက်သန်သလို ပုံစံမျိုးလေး တော့ တွေ့ရတယ်။ ဝိုင်းစု ခိုင်သိန်း ဆိုရင် သိပ်ကြိုက်တာ။ ကြော်ငြာလာ လည်း လိုက်ဆိုတယ်။ သားချော့တေး လေးတွေဆိုလည်း သူရတယ်”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
By Popular Jouarnal

"Blood Sugar Politik ရဲ့ အာဆီယံ ဂီတပွဲတော် ဖျော်ဖြေရေးအတွေ့အကြုံ "

ကျားပေါက်တို့ရဲ့တီးဝိုင်းတစ်ခုဖြစ်တဲ့ Blood Sugar Politik အဖွဲ့က ဗီယက်နမ်နိုင်ငံကို မေလ ၈ရက်နေ့က တစ်ပတ်ကြာ ထွက် ခွာသွားခဲ့ပြီး အာဆီယံဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ Art work is work လို့ အမည်ပေးထားတဲ့ ဂီတပွဲတော်မှာ အာဆီယံနိုင်ငံ ၅နိုင်ငံက တီးဝို င်းတွေနဲ့ အပြိုင်ကြဲခဲ့တဲ့BSP တီးဝိုင်းက အဲဒီပွဲမှာတော့ သီချင်း ၁၅ပုဒ်ဝန်းကျင်သီဆိုခဲ့တယ်လို့ သိရပါတယ်။

ပွဲစဉ်ရဲ့ ၅ဝိုင်းမြောက်လောက် မှာ ဖျော်ဖြေခဲ့တBSP အဖွဲ့အနေနဲ့ စိတ်လှုပ်ရှားမှုတော့ ရှိခဲ့တယ်လို့ ကျားပေါက်က ပြောပါတယ်။ “ပွဲက၂နာရီလောက်မှာစမယ်။ ကျွန်တော်တို့ က နောက်ဆုံးBand ရဲ့ ရှေ့မှာတက်မယ်။ ရှေ့မှာလည်း ဝိုင်းတွေက အရမ်းကောင်းပြီး ပရိသတ်တွေကလည်း အရမ်းအားပေး နေတော့ ကိုယ်တွေ အလှည့်မှာ စိတ်လှုပ်ရှားတာပေါ့။ ပြီးတော့ ရှေ့မှာBand တွေက သီချင်းပုဒ်ရေ လျှော့ဆို သွားတော့ အချိန်နည်းနည်းဟတဲ့ အချိန်ကိုDJ ခဏလော က်ဝင်လိုက်ချင်တယ်ဆိုတော့ ကျွန်တော်တို့ တက်ခါနီး မှာ နည်းနည်းပြန်စောင့်လိုက်ရသေးတာပေါ့။ ကျွန်တော်တို့ စတက်တော့ မတီးရသေးဘူး။ ဂစ် တာအသံတွေ ထုတ်နေတုန်းရှိသေးတယ်။
အောက်က မြန်မာ၊ မြန်မာဆိုပြီးအော်နေကြပြီ။ သိပ် open ဖြစ်တယ်။ မထင် ထားလောက်တဲ့ အထိကို အားပေးတယ်” လို့ ကျားပေါက်ကပြောပြီး ခုလိုနိုင်ငံတကာပွဲကနေပြီးတော့ သူတို့သွားချင်တဲ့အဆင့်လေး တိုးသွားတယ်လို့လည်းပြော ပါတယ်။

ကျားပေါက်တို့အဖွဲ့က Artwork is work အာဆီယံဂီတအဖွဲ့မှာ ဖျော်ဖြေပြီးတဲ့ နောက် ရက်မှာတော့ဗီယက်နမ်က မိတ်ဆွေတစ်ဦး ရဲ့ တောင်းဆို မှုနဲ့ ကမ်းခြေမှာလည်း ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ကြ ပါသေးတယ်။ အဲဒီနောက် လာကြည့်တဲ့သူ တွေထဲက တီးဝိုင်းက လူတစ်ယောက် ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ သူတို့တီးဝိုင်းနဲ့တွဲပြီး လည်း တီးခဲ့ကြသေးတယ်လို့ သိရပါ တယ်။

ရဲရဲ (Photo - event.pose.com)
By Popular Myanmar

အချစ်တွေနဲ့ တူနှစ်ကိုယ်ဘဝခရီးလမ်းကို ဆေးရောင်ခြယ်ကြမယ့် ရဲလေးနဲ့ အေးမြအောင်တို့ရဲ့ ချစ်ခွန်းဖွဲ့စကားသံများ

တေးသံရှင်ရဲလေးက သူ့ဘဝရဲ့ လက်တွဲဖော်ဖြစ်တဲ့ အေးမြအောင်နဲ့အတူ ဖေဖော်ဝါရီ ၂၆ရက်နေ့က နှစ်ဖက် မိဘများရှေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ပြီး သူတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို တည်ဆောက်လိုက်ပါ ပြီ။ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ကြတဲ့ ရဲလေးနဲ့ အေးမြတို့ရဲ့ ကြည်နူးဖွယ်စကားသံများကိုလည်း မေးမြန်းတင် ဆက်လိုက်ပါတယ်။
ရဲလေး အိမ်ထောင်ဖက်ရွေးချယ်
ကျွန်တော်တို့ မိတ်ဆွေလို ခင်တာ ကြာပါပြီ။ ၅ နှစ် ကျော်ရှိပါ ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ချစ်သူ သက်တမ်းက ၁နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ မိန်းကလေး တွေကများတယ်။ ယောက်ျားလေး တွေလည်းများတယ်။ ဒါပေမဲ့ ယောက်ျားကောင်းတစ်ယောက် ရဖို့၊ မိန်းမကောင်း တစ် ယောက်ရဖို့တော်တော် ခက်ခဲတဲ့ခေတ်ကြီး ဖြစ်နေတယ်။  ထူးသဖြင့် ကျွန်တော်တို့လို လူမျိုးက ပိုပြီးခက်ခဲသွားပြီ။ ကျွန်တော်တို့လို လူမျိုးကို တကယ်ယုံကြည်ကြည်နဲ့ ဘဝတစ်ခု ပုံအပ်နှင်းမယ့် မိန်းကလေးက တော် တော်ရှားသွားပြီ။ အဲဒီအားလုံးထဲမှာမှ ကျွန်တော်သံယောဇဉ်အရှိဆုံးလူ၊ ကျွန်တော် လက်တွဲလို့ရတဲ့ လူတစ်ယောက်ကို ရွေးချယ် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့လို လူမျိုးဆိုတာက  အဆိုတော်တွေဖြစ်တဲ့၊ ပရိသတ် အားပေးတဲ့၊ ပရိသတ်နှစ်ခြိုက်တဲ့ ပရိသတ်
မေတ္တာကိုခံယူနေရတဲ့လူတွေကိုပြောတာပါ။ အချစ်နဲ့ နားလည်မှု
နားလည်မှုကတော့ အများကြီးယူရပါတယ်။ အခုထိလည်း ယူနေရတုန်းပဲ။ နောက်လည်းထပ်ယူရဦးမှာပဲ။ အပြောင်း အလဲတွေက အများကြီးဖြစ် တာပေါ့။ လူပျိုဘဝနဲ့ အိမ်ထောင်သည်ဘဝနဲ့ မတူဘူးဆိုတာ ကိုယ်ကိုယ်တိုင် လက်တွေ့ကြုံလာမှသိလာရတာပေါ့။ အနေ အထိုင်အပြော အဆိုက အစပေါ့။ အားလုံးဆင်ခြင်ရပါတယ်။ လူပျိုဘဝတုန်းက နေချင်သလို နေလို့ရတာပေါ့။ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ကြည့်ရတာလေ။ အခုကျတော့ သူ့မိသားစုဘက်၊ကိုယ့်မိသားစုဘက်အကုန်ကြည့်ရတာပေါ့။လောလောဆယ်တော့ ကျွန်တော်တို့ ဟန်းနီးမွန်းကိုတော့ စင်ကာပူကို သွားဖို့ ရွေးထားပါတယ်။ စီစဉ်နေပါပြီ။ အားလုံးက ကိုယ်ကိုယ် တိုင်စီစဉ်နေရတဲ့ ပွဲတွေဖြစ်သလို၊ အခုလည်း ကိုယ်တိုင်ပဲ စီစဉ်နေရတာပါပဲ။

အေးမြအောင်
ယုံကြည်မှုနဲ့ လက်တွဲဖော်

ကိုရဲလေးကို တကယ်မေတ္တာရှိလို့ပါ။ ချစ်လို့ပါ။ မြန်မာသီချင်းတွေ သိပ်မသိဘူး။ သိပ်လည်း နားထောင်လေ့တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုရဲနဲ့ ခင်တာ တော့ ကြာလှပြီ။ တစ်ယောက် အကြောင်းလည်း တစ်ယောက်သိတာကြောင့်လက်တွဲဖော် အဖြစ် ရွေးချယ်ဖြစ်သွားတာပါ။ လူဆိုတာ ဘယ် အလုပ်ပဲလုပ်လုပ် အကျင့်စာရိတ္တပဲ အရေးကြီး တယ်။ ကိုရဲလေးက အကျင့် စာရိတ္တကောင်းမွန်တဲ့ယောက်ျားတစ်ယောက် ဆို တာအပြည့်အဝ ယုံကြည်လို့ လက်တွဲတာပါ။ အိမ်ထောင်တစ်ခုမှာ ချစ်တာအရေးကြီးဆုံးပါပဲ။အချစ်ရှိဖို့ လိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်ဖို့ ကလည်း လိုအပ်တယ်လေ။ ညှိ နှိုင်းရင်းနဲ့ အားလုံးအဆင် ပြေသွားမှာပါ။
ခင်ပွန်းသည်အတွက် ပါရမီဖြည့်မယ်
သူလိုတာရှိရင် ပါရမီဖြည့်ဖို့ပဲ သိပါတယ်။ သူ့အလုပ်တွေကို ဝေဖန် ပေးဖို့တော့ နားမလည်ပါဘူး။ သူ့ဝါသနာအရ သူ့အနုပညာ သူလုပ်တာပဲလေ။ သူလုပ်စရာရှိတာတွေ လုပ်မှာပဲ။ သူလိုအပ်တာတွေကို ဝိုင်းလုပ်ပေးဖို့ပဲ ရှိတယ်။ကျန်တာတော့ နားမလည်ပါဘူး။

ခိုင်ဝေလွင်
By Popular Myanmar

"ဒုတိယသီချင်း အခွေ အတွက် သီချင်းတွေ စုနေပြီ"

စိုးပြည့်သဇင်က သရုပ်ဆောင်တဲ့ဘက်မှာ ပရိသတ်တွေရဲ့ အားပေး မှုရရှိ ခဲ့သလို တေးသံရှင်တစ်ယောက်အနေနဲ့ သီချင်း သီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အဆိုပိုင်းကို ဝါသနာပါ ခဲ့တာဖြစ်ကြောင်းကို စိုးပြည့်သဇင်က ......

“ငယ်ငယ်ကတည်းက ဖေဖေ ကဂစ်တာတီးရင် စိုးပြည့်က သီချင်း ဆိုတယ်။ စကား မပီကလာ ပီကလာနဲ့ လိုက်လိုက်ဆိုတယ်။ အဲဒီထဲက စိုးပြည့်မိ ဘတွေ က စိုးပြည့်ဒါကို ဝါသနာပါမှန်း သိတယ်။ စိုးပြည့်ကို သရုပ်ဆောင်ဖြစ်မယ်လို့လည်းမထင်ဘူး။ တအားကြောက်တတ်တယ်။ တအား ရှက်တတ် တဲ့အခါကျတော့ မင်းသမီး ဖြစ်မယ်လို့ မထင်ဘူး။ အနုပညာ စလုပ်တော့လည်း အဆိုပိုင်း ကို စလုပ်ခဲ့တာပဲ။ တကယ်တမ်း ကျတော့ သရုပ်ဆောင် ဘက်ကိုလည်း စိုးပြည့် တအား ရူးသွပ်ခဲ့တယ်။ သရုပ်ဆောင်ဘက်ကို လုပ်ဖြစ် သွားပြီးတော့ အဆိုဘက်ကိုတော့ မလုပ်ဖြစ် ခဲ့ဘူး။ အခုမှ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ဖြစ်သွားတာ။ နောက် ထပ်လည်း အခွေ တွေထွက်ဖို့ ရှိပါ တယ်သေး တယ်” လို့ ပြောပါတယ်။

ငယ်စဉ်က ဆို၊က၊ ရေး၊ တီးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး မဟာ ဂီတနဲ့ပဲခူးတိုင်း မှာဒုတိယဆု ရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

“တကယ် တမ်းကျတော့ စိုးပြည့် အသံက ခေတ်ပေါ်နဲ့ ပိုပြီး လိုက်ဖက် တာပါ။ မြန်မာသံကျတော့ မြန်မာသံ သက်သက်ရှိတယ်လေ။ ဒါပေမဲ့ စိုးပြည့်က ငယ် ငယ်ကတည်းက တအား ဝါသနာပါတော့ ဆို၊ က၊ရေး၊တီး ကိုလည်း ၇တန်း၊၈တန်း လောက် က ၂နှစ်လောက်ပြိုင်ခဲ့ဖူးတယ်။ စိုးပြည့် ငယ် ငယ်တုန်းက ကျောင်းစုံညီ ပွဲတော် တွေမှာ လည်း သီချင်းမဆိုရဘူး ဆိုရင် ဂျီကျတာပဲ” လို့ ပြောပါတယ်။

အဆိုပိုင်းကိုလည်း ဆက်ပြီး ကြိုးစားသွားမှာဖြစ်သလို သရုပ်ဆောင်နဲ့ အဆို ဘက်ကိုမျှပြီး လုပ်သွား မှာဖြစ်ကြောင်း၊ ဒုတိယ အခွေအတွက်လည်း သီချင်း တွေ စုနေပြီဖြစ်ကြောင်း စိုးပြည့်သဇင် ကပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
By Popular Myanmar

သြဂုတ်လထဲမှာ အမေရိက ဖျော်ဖြေရေး သွားမယ့် ဝိုင်းစုခိုင်သိန်း

ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဝိုင်းစုခိုင်သိန်းက ပြည်ပ ဖျော်ဖြေရေး အနေ နဲ့ ဇွန်လ ကုန်ပိုင်းမှာ ဘန်ကောက်ကို သွားဖျော်ဖြေဖို့ ရှိပြီး သြဂုတ်လ ထဲမှာတော့ အမေရိကမှာ သွားဖျော်ဖြေမှာ ဖြစ်တယ်လို့ပြောပါတယ်။ တတိယ တစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “အာဘွား” စီးရီးကို လုပ်နေရင်းနဲ့ စုံတွဲ သီချင်းခွေ လုပ်ဖို့ စိတ်ကူး ရ လာတာကြောင့် ပရိသတ်တွေကို ဖေ့စ်ဘုတ်က တစ်ဆင့်ရော၊ အပြင်မှာရော မေးကြည့်တဲ့ အခါမှ စုံတွဲအခွေကို ပိုနားထောင်ချင်တယ် လို့ ပြောကြတာကြောင့် စုံတွဲ အခွေကို အရင် လုပ်နေခြင်းဖြစ်ကြောင်း ဝိုင်းစု ခိုင်သိန်း က ပြောပါတယ်။ “စုံတွဲအခွေက ဝိုင်းစုနဲ့ အဆိုတော် ယောက်ျားလေး ၁၄ယောက် ဆိုတော့ နည်းနည်း အခက်အခဲရှိတယ်။ ဝိုင်းစု အသံနဲ့ လိုက်တဲ့ သီချင်းဖြစ်ရမယ်။ ဒီယောက်ျားလေး နဲ့လည်း လိုက်တဲ့ သီချင်း ဖြစ်ရမယ်။ အသံတွေ ညှိရတဲ့ အခါကျတော့ ရေးရတာ နည်းနည်းလေး ကြာတာပေါ့။ တချို့ သီချင်းတွေ ကျတော့ အားလုံးပြီးလို့ တီးပြီးသွားပြီ။ ဆိုဖို့ပဲ ကျန်တော့တယ်။ တချို့ သီချင်းတွေက ရေးပြီးသွားပြီ။ မတီး ရသေးဘူး။ ပထမ မှန်းထားတာတော့ ၈လပိုင်း၊ ၉လပိုင်း ထွက်ဖို့ မှန်းထားပါတယ်။ Valentine Day နဲ့ ကပ်နေပြီ ဆိုရင်တော့ အဲဒီတော့မှပဲ ထုတ်တော့မယ်” လို့ စုံတွဲအခွေ နဲ့ပတ်သက်ပြီး ဝိုင်း စုခိုင်သိန်း က ပြောပါတယ်။ မုန်တိုင်းသတင်း တွေ ကြားတဲ့ အတွက် ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဖခင် ဖြစ်သူနဲ့ ပရိသတ်တွေ အားလုံး အတွက် စိတ်ပူ မိကြောင်းကို ဝိုင်းစုခိုင်သိန်းက ပြောပါ တယ်။ အဝေးမှာ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ချစ်သူကလည်း မြန်မာပြည်မှာ မုန်တိုင်း ဝင်မယ်လို့ ကြားတဲ့ အခါမှာလည်း စိုး ရိမ်တကြီး နဲ့ လှမ်းပြီး သတင်းမေးခဲ့တယ်လို့ ပြောပါတယ်။

နေကွန်းထင်
By Popular Myanmar

Fast & Furious 6 (2013)

Directed by: Justin Lin

Year: 2013

Duration: 130 min

Genre: Action, Crime, Thriller

Starring: Dwayne Johnson, Vin Diesel, Paul Walker

Country: USA

Language: English

Watch Here

ချစ်သူမရွေးသေးဘူးဆိုတဲ့ စိုးပြည့်သဇင်

စိုးပြည့်က စီးရီးမှာ ချစ်သူရွေး မယ်ခေါင်းစဉ် ပေးထားတော့ အပြင် မှာရော ချစ်သူရွေး နေပြီလား ဆို တော့ မရွေးပါဘူး။ ဘာသတင်း ကြားလို့လဲ။ ဘာသတင်းမှ မကြား သေးရင် စိုးပြည့် ချစ်သူ မရွေးသေး လို့ပါ။ အဆိုရှင် တစ်ယောက် အနေ နဲ့ရပ်တည်ရတဲ့ ဘဝရော၊ သရုပ် ဆောင်တစ်ယောက် အနေနဲ့ ရပ် တည်ရတဲ့ ဘဝကိုရော စိုးပြည့် နှစ် သက်ပါတယ်။ နှစ်ခုလုံးလည်း ဝါသနာ ပါတယ်။

စိုးပြည့် ဖြေထားတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင် စာရင်းကလည်း ထွက်တော့မယ် ဆိုတော့ စိုးပြည့် ကြောက်နေလား ဆိုတော့ ကြောက်တယ်။ အရမ်း ကြောက်တယ်။ စိုးပြည့်က သာမန် ကျောင်းသူတစ်ယောက်လည်း မဟုတ်ဘူး။ ရတဲ့အချိန် လေးမှာပဲ ကြိုးစား ရတာ။ တကယ်ဖြေတော့ လည်း စိုးပြည့် ကြောက်တယ်။ အောင်မယ် မအောင်ဘူး ကလည်း မပြောနိုင် သေးဘူးလေ။ စိုးပြည့် တတ်နိုင် သလောက်တော့ ကြိုးစားပြီး ဖြေခဲ့ တာပဲ။ ကံတရား အပေါ်မှာပဲ မူ တည်ပါတယ်။
စိုးပြည့်က ရှူတင်မှာ စာကျက် ခဲ့ရတဲ့ အချိန်တွေလည်း ရှိ ခဲ့တယ်။ ပရိသတ်ကြီးလည်း စိုးပြည့် စာမေးပွဲ အောင်ဖို့ ဆုတောင်း ပေးကြ ပါလို့ ပြောချင်ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေ မဆုံဖြစ်ကြ ဘူးဆိုတာ မကြီးတို့ ၊ မဒါတို့ မဒီဒီတို့က သူ့အချိန် ဇယားနဲ့သူ စိုးပြည့် ကလည်း ကိုယ့်အချိန် ဇယားနဲ့ကိုယ် ဆိုတော့ မဆုံဖြစ်တာပါ။ ဇာတ်တွေ အပေါ်မှာလည်း မူတည် ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေကို ချစ်ပေး တဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ပါ တယ်။ စိုးပြည့်လည်း ညီအစ်မတွေ ဆုံပြီး ရိုက်ချင်ပါတယ်။ ဒါပေမယ့် လည်း ဇာတ်အခြေ အနေကလည်း ရှိသေးလို့ပါ သူ့အချိန် ဇယားနဲ့သူ ဆိုတော့ ညှိဖို့ကလည်း နည်းနည်း ခက်လို့ပါ။

By 8Days Journal

ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ သက်မွန်မြင့်

စေတန်ရဲ့ ကချေသည် ဇာတ် ကားက မန္တလေးမှာ အောင်မြင်ခဲ့ သလောက် ပရိသတ် ကလည်း သက် မွန်ကို အကယ်ဒမီ မှန်းကြတဲ့ အပေါ် ခံစားချက်က ဆုဆိုတာက ကြိုးစား ခဲ့တာက ကြိုးစား ခဲ့ပြီးပြီ။ ဒါက အပိုဆု ပေါ့နော်။

အဓိကကတော့ ကိုယ့်ရဲ့ ကာရိုက်တာ ပီပြင်အောင် ရယ် ကိုယ်လုပ်ရမယ့် ကိုယ့်တာဝန် ကိုပဲ စိတ်ထဲမှာ ထားတယ်။ ဆုဆို တာက ရုံတင်ပြီးတဲ့ အချိန်မှာ သတ် မှတ်ပြီး ပေးတာဆိုတော့ ဒီအတွက် ကြိုးစားတာ မရှိဘူး။ ပေးရင် ယူမယ်။ မပေးရင် မယူဘူးပေါ့။ ကျွန်မက နှင်းဆီပါမောင် မရိုက်ဖြစ်တော့တဲ့ အတွက် ဘယ်လို ခံစားရလဲ ဆိုတော့ ထွေထွေ ထူးထူး ပြောစရာတော့ မရှိပါဘူး။ အခန့်မသင့် ဖြစ်တာလို့ပဲ သဘော ထားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။

ဒီဇာတ်ကား အပေါ်မှာ ကိုယ်က စိတ်နှစ်ထားပြီး လက်လွှတ် လိုက်ရတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒါကလည်း ကံပဲပေါ့။ ကိုယ်က ဒီဇာတ်ကားနဲ့ မထိုက်တန လို့ပေါ့။ ကိုယ်ဆုံးဖြတ် ပြီးထားတဲ့ အပေါ်မှာတော့ နောင်တ မရပါဘူး။ ကိုဝိုင်းနဲ့ သက်မွန်က ကံစပ်ပါတယ်။ ကားတိုင်းလို့ ပြောရလောက်အောင် ကားတိုင်း ပေါက်ခဲ့တယ်။

သူကလည်း အလုပ်ကို ကြိုးစားပြီး လုပ်တဲ့ သူတစ်ယောက် ဖြစ်သလို ကိုယ် လည်း လေးစားရတဲ့ သူတစ်ယောက် ပါ။ ဒါပေမဲ့ အနုပညာမှာ သူ့ခံယူ ချက်နဲ့ သူရှိတယ်။ ကိုယ်လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ကိုယ်မလုပ် နိုင်ဘဲ စိတ်မပါဘဲ လုပ်ရင် ပီပြင်မှာ မဟုတ်ဘူး။ သူလိုချင်တဲ့ ပုံစံကို ကိုယ့်ဆီကရမှာ မဟုတ်ပါဘူး။

အဲဒါ ထက် စာရင် မရိုက်တာ ပိုကောင်းပါ တယ်။ သက်မွန်ရဲ့ ခေတ်ဆိုပြီး စိတ်ထဲမှာ မရှိဘူး။ အောင်မြင်ကျော် ကြားတာကိုလည်း မက်မောတာ မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာကို ချစ်တယ်။ ကြိုးစားပြီး လုပ်တယ်။ ကျန်တာ ကတော့ သူ့ဟာနဲ့သူ အကျိုးသက် ရောက်မှုပေါ့။ အဲဒီ အပေါ်မှာ သက်မွန် မသာယာ ပါဘူး။

By 8Days Journal

အမုန်းမီးတောက် ဇာတ်ကားထဲကလိုမျိုး အပြင်မှာ မုန်းခဲ့ရသူ ရှိတယ်ဆိုတဲ့ မေသန်းနု

အမုန်းမီးတောက် ဇာတ်ကား ထဲမှာ အမုန်းမီးတွေ တောက်လောင် နေတဲ့သူ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ထားတော့ အပြင်မှာ ရော အမုန်းမီးတောက် ခဲ့ရတဲ့သူ ရှိခဲ့လားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို ရုပ်ရှင်ထဲကလို မဟုတ်ဘူး။ ဘဝတစ်လျှောက်လုံး လောဘ၊ ဒေါသ၊ မောဟတွေထား လို့ ဇာတ်လမ်း ဖြစ်လာ တာပေါ့။ မဆင့်က အပြင်မှာတော့ ကိုယ့် စိတ်ကိုယ် ချုပ်တီး ရတာပေါ့။ အမုန်း မီးတွေရှိခဲ့လို့ ကာရိုက်တာက ပို ပီပြင်သွား တယ်လို့ ပြောလို့ရလား ဆိုတော့။ အဲဒီလို တော့လည်း မဟုတ်ပါဘူး။ မဆင့်တို့က ဇာတ် ကောင်အတိုင်း သရုပ်ဆောင်ခဲ့ တာပါ။ ဒါပေမဲ့ ဖီလင် အခံရှိတော့ ပိုပီပြင် သလားလို့တော့ ထင်မိတယ်။ မဆင့်တို့ အခုနောက်ပိုင်း ရိုက်ရတဲ့ ကားတွေက mood မပါတာ ပိုများ တယ်။ မဆင့်တို့က အမုန်းမီး တောက်လို ဒရာမာ ဇာတ်ကား တွေကို အားသန်တယ်။ ပိုလုပ်ချင် တယ်။ ဒီဘက်ပိုင်းမှာက ကိုယ့် အတွက် နေရာသိပ် မရတဲ့ကားတွေ၊ ဟာသ ကားတွေက များတယ်။ မဆင့်က အငယ်ခန်း တွေဆို သိပ် မရိုက် ချင်တော့ဘူး။ သိပ်ငယ်လွန်း ရင်လည်း မဖြစ်သလို အမူအရာ တွေကလည်း မငယ်တော့ ဘူးလေ။ သိပ်ကလေး မဆန် တော့ဘူး။ အဲဒီ တော့ မဆင့်တို့က လူကြီးပိုင်းပဲ အား သန်တယ်။ ဒီဘက်ခေတ်က ကလေး တွေက ပိုတော်ကြတယ်။ ပညာ တတ်အသိုင်း အဝိုင်းများတော့ ထက် မြက်ကြတယ်။ အဓိကက ကိုယ် ရေရှည် ရပ်တည်ဖို့ အတွက် ကြိုးစားဖို့ လိုတယ်။

By 8Days Journal

နိုင်ငံတကာ အမ်တီဗီကိုမီဖို့ လိုအပ်ချက်တွေ မိစန္ဒီ ပြော

‘မိုနိုပိုလီ’ ဗီစီဒီလည်း မကြာ ခင်က ထွက်ရှိထားတဲ့အတွက် ပရိ သတ် အားပေးမှုအခြေအနေနဲ့ ပတ်သက် ပြီး မိစန္ဒီက.. “Audio ထက်စာရင် ဗီစီဒီက ရောင်း အားလည်း ပိုကောင်းလာတယ်။ ပရိသတ် တွေအနေနဲ့ ဒီအခွေလေးကို သိပ်အား ပေးကြတယ်။ ရေးထားတဲ့ သီချင်းတွေ အားလုံး ထဲမှာ ဒီသီချင်းက ညီမအတွက် အကြိုက်ဆုံးသီချင်းဆိုတော့story ပုံစံ ရိုက်ချင်တာနဲ့ ဒါရိုက်တာနဲ့တိုင်ပင် ပြီးတော့ ရိုက်ဖြစ်သွားတယ်။ ဇာတ်လမ်း ချည်းဖြစ်နေတဲ့အတွက် ဘာများပြော ရမလဲဆိုပြီး စိုးရိမ်တယ်” လို့ ပြော ပါတယ်။

ပြည်ပနိုင်ငံတွေမှာ MTV ကို တစ်ပုဒ်ဆို တစ်ပုဒ်အလျောက် ပေါက် တယ်ဆိုတာက World Wide International Channel တွေဆီက လွှင့်တဲ့ အတွက် အောင်မြင်ရခြင်း ဖြစ်ကြောင်း မိစန္ဒီက ပြောပါတယ်။”သူတို့က Album အလိုက် Audio ချည်းရောင်းတယ်။ ကျန် တာတွေ အားလုံးက Download Links ထဲ ကနေ သီချင်းတစ်ပုဒ် ဘယ်လောက်ဆိုပြီး ရောင်းတယ်။ ကိုယ့်ဆီမှာက သီချင်းတွေကို Channel တွေက ဝယ်မှာလည်း မဟုတ်ဘူး။

ကိုယ်တွေမှာကခိုးကူးခွေတွေရှိတဲ့အတွက် ပြန် ရမယ့်အရာနဲ့ လုပ်ရမယ့် အရာနဲ့ချင့် ချိန်ပြီး လုပ်ရ တယ်။ ပြီးတော့ ကိုယ်တွေ က မြန်မာ လိုဆိုတာလေ။ အင်္ဂလိပ်ကျတော့ တစ်ကမ္ဘာလုံးနားလည်ကြတယ်။ သူတို့နိုင်ငံတွေမှာက ဘက် စုံဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံလေ” လို့ မိစန္ဒီကပြောပါတယ်။

တွယ်တာ
By Popular Journal

Assassins Run (2013)

Directed by: Robert Crombie

Year: 2013

Duration: 90 min

Genre: Action, Crime, Thriller

Starring: Christian Slater, Sofya Skya, Cole Hauser

Countries: USA, Russia

Language: English

Watch Here

Vehicle 19 (2013)

Directed by: Mukunda Michael Dewil

Year: 2013

Duration: 85 min

Genre: Thriller

Starring: Paul Walker, Naima McLean, Gys de Villiers

Country: USA

Language: English

Watch Here

အသက်၂၉၊ ၃ဝ လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ် အောင်ရဲလင်း

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “သူ့ထံပါး” ဇာတ်ကားကို အောင်ရဲလင်းက ဝတ်မှုံရွှေရည် နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ် လမ်း နဲ့ပတ်သက်ပြီး အောင်ရဲလင်းက “အဓိက ကတော့ ဒီဇာတ်ရဲ့ ကာ ရိုက်တာ၊ အရှေ့ပိုင်းမှာ မြှုပ်ထားတာက မျက်နှာကို ကြည့်လိုက်ရင် ဘာမှ ခံစားချက် မရှိတဲ့ သူလိုမျိုး သရုပ်ဆောင် ရတယ်။ ပြီးတော့ စကား တစ်လုံးမှလည်း မပြောရဘူး။ နောက်ဆုံးကျ မှ စကားပြောရတဲ့ အခန်း ပါတယ်။ အခက်အခဲတော့ မရှိပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ သတိလေး ထားပြီး တော့ သရုပ်ဆောင် ဖြစ်တယ်။ အခုလို စကားမပြောရတဲ့ ကာရိုက်တာ ကတော့ ပထမဦးဆုံး သရုပ် ဆောင်ရတာပါပဲ” လို့ ဇာတ်ကား နဲ့ ပတ် သက်ပြီး အောင်ရဲလင်းက ပြောပါတယ်။

လတ်တလော ပရိသတ်တွေ သိချင်နေကြတဲ့ အောင်ရဲလင်း ရဲ့ အချစ်ရေးက တော့ “ကျွန်တော့်ရဲ့ အချစ်ရေး ကတော့ အေးအေးဆေးဆေး ပါပဲ။ အချစ်ရေး နဲ့ ပတ်သက်ပြီး တော့ အိမ် ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။ အိမ်ထောင် ပြုဖို့ကို စဉ်းစားမယ် ဆိုရင်တော့ နှစ်ဆယ့်ကိုး၊ သုံးဆယ်လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်။ ကံတရား ကိုလည်း ယုံကြည်ပါတယ်။ ကံကောင်းဖို့ ဆိုတာ ကိုယ်ကောင်း အောင် လုပ်ဖို့ လည်း လိုပါတယ်”လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
By Popular Myanmar

အချစ်ရေး အေးအေး ဆေးဆေး ဖွေးဖွေး

ဖွေးဖွေးက “ကျွန်မကနှင်းဆီပါမောင်” ဆိုတဲ့ ဇာတ်ကားကို နေတိုး၊ ဒါရိုက်တာဝိုင်း တို့နဲ့ ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ကူးခဲ့ပြီး လက်ကျန် ဆင်း(န်)တွေ ကိုတော့ ရန်ကုန်မှာ ဆက်လက် ရိုက်ကူးနေပါတယ်။ ဇာတ်ကား အတွက် ပြင်ဆင်မှုတွေကို ဖွေးဖွေးက “ဒီကားကို ပြင်ဦးလွင်မှာ ရိုက်နေရင်း နဲ့ ဆံပင်ကို အရှည်ပြောင်း ရမှာဆိုတော့ ၊ကိုယ်က လုပ်နေကျ ဆိုင်မှာပဲ လုပ်ချင်တာ နဲ့ ရန်ကုန်ကို တစ်ခေါက် ပြန်လာရတယ်။ အဝတ်အစား ကလည်း နှင်းဆီပန်းတွေ ပါတာမျိုးကို အဓိကထားပြီး ပြင်ဆင် ထားတယ်။ နောက် ဒီကားမှာ စိတ်က အမျိုးမျိုးနဲ့ အမူအရာက အပိုင်းပိုင်းတွေ လုပ်ရတာတွေ ရှိတယ်။ မာန်တက်နေတာ၊ မာန်ကျသွားတာ၊ ချမ်းသာတာ၊ ဆင်းရဲတာ အိမ်ထောင် သည်၊ အပျို အဆင့်ဆင့်လေးတွေ အများ ကြီး လုပ်ရတာ။ ကိုဝိုင်းကလည်း အများကြီး သင်ပေးပါတယ်။ ဖွေးဖွေး လည်း အတတ်နိုင်ဆုံး ကြိုးစားထား ပါတယ်” လို့ ပြောပြပါတယ်။

ရုပ်ရှင်ကားကြီး မရိုက်ကူးခင် ၁လ နားပြီး ရိုက်ကူးခဲ့တဲ့ ဒီကားပြီးရင်လည်း ၁ပတ် နားပြီးမှ ဇာတ်ကားတွေပြန် ရိုက်မယ်လို့ ဖွေးဖွေးက ပြောပြပါတယ်။ လတ်တလော မှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေ တဲ့ ဖွေးဖွေး ရဲ့ အချစ် ရေးကိုမေးကြည့်တော့ အချစ်ရေးက  အေးအေးဆေးဆေး ပါပဲလို့ ဖြေခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar

ရာဇာနေဝင်း ဒါရိုက်တာ လုပ်ပြီး ရိုက်မယ့် Live Show

ဇာတ်ကား ရိုက်ကူးမှုတွေ သိပ်မလုပ်ဖြစ်တော့တဲ့ ရာဇာနေဝင်းက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “ပူးတွဲချန်ပီယံ” ဇာတ်ကား မှာလူမင်းနဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက် ပြီး ရာဇာနေဝင်းက “ဦးညီ ကလည်း ခေါ်တာနဲ့ ဇာတ်ကားက ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာက လူပျိုကြီး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို လိုက်ရင်း အဲဒီကောင်မလေးက  ယောက်ျား ယူသွားတဲ့ ပုံစံ မျိုးပေါ့။ ဇာတ်ကား ရိုက်တိုင်းက အမှတ်တရ ရှိတာပါပဲ။ ကျွန်တော့် ဇာတ်ကားတွေကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။  တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပြ ပါတယ်။ အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ် သွားမယ် ဆိုတဲ့ ရာဇာနေဝင်းက ဒီဇာတ်ကား ရိုက်ကူးမှု ပြီးတာနဲ့ သီချင်းခွေ Live Show ရိုက်ကူးမယ်လို့ ပြောပြပါတယ်။ “သီချင်းတွေ အကုန်လုံး ပြီးနေပြီ ။ Live Show က ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်မယ်။ သီချင်းတွေ အကုန်ဆိုပြီးပြီ။ ဟာမိုနီပဲ ကျန် တော့တယ်။ သီချင်း ဆိုရတာလည်း အရင်ထဲက ဝါသနာပါတယ်။ နောက် အဆို သင်တန်းတွေလည်း ကြားထဲမှာ တစ်နှစ် ခွဲ နှစ်နှစ်လောက် တက်ထားတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ်။ သီချင်းက အတွဲ အနေနဲ့ ဟေမာနေဝင်း၊ အိပ်မက်ဆုံရာ က သူဇာလင်း တို့ပါတယ်။ သီချင်းက အားလုံးပေါင်း ၁၂ပုဒ် ပါမယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar

အသက်မွေးဝမ်းကျောင်းပညာနဲ့ မော်ဒယ်သင်တန်း

ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ ဖျော်ဖြေရေးဆိုင်ရာ အနုပညာတွေဟာ အသက်မွေးဝမ်းကျောင်းအနုပညာတစ်ရပ်အနေနဲ့ ပရော် ဖက်ရှင်နယ်ဆန်ဆန် အသုံးချနိုင်ခွင့်ရှိလာတာတွေ့ရပါတယ်။ နိုင်ငံတကာ အထိ ကျယ်ပြန့်စွာထိုးဖောက်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပြည်တွင်း မှာ လည်း ဖျော်ဖြေရေးကဏ္ဍတွေမှာမပါရင်မပြီးသလို ဖြစ်နေတာကတော့ မော်ဒယ်လောကပါပဲဖြစ်ပါတယ်။ စင်တင်ဖျော်ဖြေရေးတွေ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေရဲ့ အခမ်းအနားတွေမှာ မော်ဒယ်လောကဟာ အဓိကပုံရိပ်တစ်ခု လိုဖြစ်နေပါတယ်။ဒါကြောင့် မော်ဒယ်လောက ခေတ်ဦးရဲ့ ပုံရိပ်ရှင် တစ်ဦးလည်းဖြစ်၊ စံပြမော်ဒယ်လေးတွေ ကိုလည်း မွေးထုတ်ပေး သူလည်းဖြစ်သူ တင်မိုးလွင်က ” ၁၉၉၄ လောက်မှာ မမိုးရဲ့အိမ်မှာပဲ မမိုးနာမည်နဲ့ မော်ဒယ်သင်တန်းဖွင့်တယ်။ ၁၉၉၆- ၉၇ မှာ တော့ Talents & Models ကိုစဖွင့်တယ်။ အခု မမိုးမော်ဒယ်သင်တန်း ဖွင့်ခဲ့တာအနှစ်၂ဝလောက်ရှိပြီ။ မမိုးရဲ့ ရည်ရွယ်ချက်က မမိုးသိတဲ့ ပညာ၊ တတ်တဲ့ပညာအပြင် ဆက်ဆံမှု၊ ပတ်ဝန်းကျင်သဘောထား၊ လူများအလယ်မှာ အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့ အဲဒါ တွေကို ပြန်ပြီးလက်ဆင့်ကမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စလုပ်တာပါ။ နိုင်ငံကိုယ်စားပြုတယ်ဆိုတာ အားကစား ထူးချွန်မှုအပြင် Miss  ဆိုတာလည်း ဖြစ်နိုင်တယ်ဆိုတာကို သိသလောက်၊တတ်သလောက် ပြန်ပြီး မမိုးသင်ပေးတယ်။ နိုင်ငံတကာ သင်တန်းကြေးက တအား များတော့ မော်ဒယ်ကို ဝါသနာပါတဲ့ ကလေးတွေကလည်း လူတန်းစားအမျိုးမျိုးကဖြစ်နိုင်တယ်ဆိုတော့ မဖြစ်စလောက် သင်တန်းကြေးနဲ့ မမိုးလုပ်တာပါ။ မမိုးတို့ သင်တန်းကပေးတဲ့ အောင်လက်မှတ်ဆိုလည်း ဘယ်နေရာမှာပြပြ အသုံးဝင်ပါတယ်။ ဒီသင်တန်းက တကယ်ဝါသနာပါပြီး တကယ်လုပ်တဲ့ကလေးတွေကတော့ တတ်လာတာပဲ။  ကိုယ့်ကိုယ်မှာရှိတဲ့ အရည်အသွေးတွေတောက်ပလာအောင် ဘာတွေလုပ်သင့်လဲဆိုတာ မမိုးတို့ သိသလောက် သင်ပေးပါတယ်” လို့ ပြောပြခဲ့ပါတယ်။

By Popular Myanmar

လူ့အောက်ကျို့လို့ လူပိပြီး မသေဘူး’ ဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ပြုသူ မြင့်မြတ်

မြန်မာပြည် တစ်နံတစ်လျားမှာ ရှိကြတဲ့ ရုပ်ရှင် ဗီဒီယို ချစ်သူ ပရိသတ်တွေရဲ့ စိတ်နှလုံးသားထဲ တဖြည်းဖြည်း စွဲဆောင်လာသူ လူငယ် သရုပ်ဆောင် အနုပညာရှင် ကတော့ မြင့်မြတ် ပဲဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ အနုပညာ ပိုင်း ဆိုင်ရာ သရုပ်ဆောင် စွမ်းရည်တွေ နဲ့ ဖက်ရှင် စတိုင်တွေ ကိုလည်း လူငယ် ပရိသတ်တွေ ကြားမှာ နေရာ တစ်နေရာ အခိုင် အမာရှိလာသူဖြစ်ပါတယ်။ ဒါကြောင့် လူငယ် သရုပ်ဆောင် မြင့်မြတ်ရဲ့ လူမှု ဘဝနေထိုင်မှု နဲ့ ယုံကြည် သက်ဝင်မှု အကြောင်းအရာ များကို ဒီတစ်ပတ် လိုက်ဖ်စတိုင် ကဏ္ဍကနေ ဖော်ပြ လိုက်ရပါတယ်။
သာမန်လူ့ဘဝနဲ့ အနုပညာသည် ဘဝဟာ ထူးထူးခြားခြားကွာခြားမှု မရှိပါဘူး
“ကျွန်တော်တို့ အနုပညာရှင် တွေနဲ့ သာမန်သူတွေက ပိုက်ဆံရှာ နေရတာချင်း ကတော့ အတူတူပါပဲ။ သိပ်ပြီးတော့ ထူးထူးခြားခြားကြီး မရှိပါဘူး။ အနုပညာသမား ဆိုတော့ လူချစ်လူခင် ပေါများတဲ့ နေရာမှာ သူများတွေ ထက် ပိုများတာတော့ ရှိတယ်။ ကျန်တာ ကတော့ အနုပညာ သမားလည်း လူပဲ။ တအားကြီး ထူးထူး ခြားခြား ကွာခြားတာမျိုးတော့ မရှိပါဘူး”
ဘာသာတရားကို ယုံယုံကြည်ကြည် ကိုးကွယ်ဖြစ်တယ်
“ကျွန်တော် တစ်လကို တစ်ခါ ဘုန်းကြီးကျောင်း သွား လေ့ရှိတယ်။ အလှူလုပ် တယ်။ ပုံမှန် ကတော့ ကိုယ့်ရဲ့အိမ်မှာ ဘာသာရေး နဲ့ ပတ်သက်ပြီး နိုင်သလောက်လေး လုပ်ဖြစ်တယ်။ ပြီးတော့ ဘာသာရေး ဆိုတာက စိတ်နှစ်ပြီး ကျင့်ကြံလုပ် နိုင်မယ်ဆိုရင် ပိုကောင်းတယ်။ လူငယ် တွေကိုလည်း ပိုလုပ်စေချင်ပါတယ်။ အဓိကက တန်ပြန် အကျိုးကို မျှော်လင့်ပြီး လုပ်တာထက် ယုံကြည်မှု ထားပြီး မဆုတ်မနစ် လုပ်သင့်တယ် လို့ ထင် တယ်။ ကျွန်တော် ကတော့ ဘာသာတရားကို ယုံယုံကြည်ကြည် နဲ့ ကိုးကွယ်ဖြစ်ပါတယ်။
အနုပညာကြေးနဲ့ အလှူအတန်းလုပ်တယ်
ကျွန်တော်က အခုလို အနုပညာ နဲ့လုပ်ကိုင်ပြီး ရလာတဲ့ ငွေကြေးတွေ ကို လှူသင့်တာ ရှိရင် လှူတယ်။ သုံးသင့်တာ ရှိရင်လည်း သုံးတယ်။ မိဘ တွေကိုလည်း ပေးတယ်။ ကျွန်တော့် လက်အောက် ငယ်သားတွေ ကိုလည်း ပေးတယ်။ ကျွန်တော် တစ်ယောက် တည်းတော့ မသုံးဖြစ်ဘူး။ အဓိပ္ပာယ် ရှိရှိလေးပဲ သုံးတယ်။ဘဝရှေ့ရေး အတွက် လည်း ဆုသင့်တာကို ဆုဖြစ် တယ်။ အလကား သက်သက်တော့ မသုံးဖြစ်ဘူး။ အကျိုး ရှိရှိ ပဲ သုံး ဖြစ်တယ်။
အားလပ်ရက်တွေမှာ ခရီးထွက်ဖြစ်တယ်
ကျွန်တော် တအား စိတ်ပင်ပန်း ပြီး ဖိစီးမှုတွေ များလာရင် အဓိကက တော့ အလုပ် နားရက်တွေ ရှိလာရင် ကျွန်တော် ခရီးထွက်လိုက်တယ်။ ခရီး ကပြန်လာရင်လည်း ကျွန်တော် စိတ်ညစ်ခဲ့တာ မှန်သမျှ ခေါင်းထဲမှာ ဘာမှ မရှိတော့ဘူး။ အားလုံးကို အစ ကနေပြီး ပြန်လုပ်လိုက်တယ်။ ခရီး ထွက်ခြင်း ကလည်း စိတ်ညစ်စရာတွေ တချို့တစ်ဝက်ကို ပြေပျောက်စေနိုင် တယ်လို့လည်း ထင်ပါတယ်။
ဘောလုံးကန်တာနဲ့ လက်ဝှေ့ထိုးတာ ဝါသနာပါတယ်
ကျွန်တော်တခြား ဝါသနာ ပါတာဆိုရင် ဘောလုံး ကန်တာကို ဝါသနာပါတယ်။ ပြီးရင် လက်ဝှေ့ကို လည်း ဝါသနာပါ ပါတယ်။ အနုပညာရှင် တစ်ယောက် မဖြစ် ခဲ့ရင် တခြား အလုပ်နဲ့ စီးပွားရေး သမား အနေနဲ့ ပိုက်ဆံ ရှာနေရမှာပဲ။
မိသားစုအရေးထက်အလုပ်ကို ဦးစားပေးတယ်
ကျွန်တော်က မိသားစုကို အချိန်ပေးတာ နည်းပါတယ်။ ဒါကတော့ ထုံးစံပဲ၊ မိသားစုကို ကျွန်တော် အချိန်ပေးရင် အလုပ် မှာ တာဝန်လစ် ဟင်းသွားမှာ စိုးတယ်။ အဲဒီ နှစ်ခုကို မျှအောင် လုပ်ဖို့ ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လက်ရှိ ဘဝ ရပ်တည်မှုအရ ကျွန်တော် ကတော့ အလုပ်ကိုပဲ ဦးစားပေးဖြစ်တာ များပါတယ်။ လက်ဆွဲ ဆောင်ပုဒ် အနေနဲ့ အခု ချိန်ထိ “လူ့အောက်ကျို့လို့ လူပိပြီး မသေဘူး” ဆိုတဲ့ ဆောင်ပုဒ်လေး ကိုတော့ လက်ကိုင်ထားတယ်။
ဘဝနဲ့အလုပ်ကတစ်ထပ်တည်းကျ ပါတယ်
ဒီသရုပ်ဆောင် အလုပ် ကတော့ ကျွန်တော့် ရဲ့ ဘဝပါပဲ။ ကျွန်တော့်ရဲ့ ဝါသနာ နဲ့ ဘဝ ရပ်တည်မှု နောက်ပြီး ဒီအလုပ် နဲ့ ပတ်သက်ပြီး တအားလည်း တန်ဖိုး ထားတယ်။ ဘဝ နဲ့ ကိုယ်လုပ်ကိုင် နေတဲ့ အနုပညာ အလုပ် ကလည်း တစ်ထပ်တည်း ကျပါတယ်။

လွင်လွင်ထွန်း
By Popular Myanmar

ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ ခိုင်နှင်းဝေ

ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်ပြီး ဇာတ်ကားတွေ ရိုက်ကူးတော့မှာ ဖြစ်တဲ့ ခိုင်နှင်းဝေ က အနုပညာ အလုပ်ကို ဝါသနာ ပါပြီး စီးပွားရေးလည်း လုပ်ချင်တာကြောင့်၊ ကိုယ်ပိုင် ထုတ်လုပ်ရေး ကိုပဲ လုပ်ဖြစ်သွား တာ ဖြစ်ကြောင်း ပြောပါတယ်။  ဇာတ်ကား ကောင်းတွေကို ဦးစားပေးပြီး ရိုက်ကူး သွားမှာ ဖြစ်ကြောင်းပြောတဲ့ ခိုင်နှင်းဝေက “ကုမ္ပဏီအတွက် ဇာတ်ကား ကောင်းတွေကို ဦးစားပေးပြီး ရိုက်သွားမှာပါ။ ကုမ္ပဏီ ကတော့ အခုမှ ကြိုးစားပြီး ရိုက်တုန်းပါပဲ။ ကုမ္ပဏီ နာမည် ရွေးပြီးတော့ တကယ် ဖွင့်ပြီ ဆိုတော့မှ စာနယ်ဇင်းတွေ နဲ့ မိတ်ဆက်ပွဲ လုပ်သွားမှာပါ။  ဇာတ်လမ်း ကောင်းတွေကို ရွေးပြီး ကြိုးစား သွားမှာပါ။  ကျွန်မရိုက်တဲ့ ဇာတ်ကားက ပိုကုန် ပါတယ်။ သရုပ်ဆောင်တွေကို ဈေး မဆစ်ချင်ဘူး။ ကိုယ်ချင်းလည်း စာပါတယ်။ ကိုယ်ကလည်း သရုပ်ဆောင် ထဲက လာတာ ဆိုတော့ ဇာတ်ကား ရိုက်ဖို့ ဈေးစကားပြောရ တာတွေ ရှိတယ်။ အလျှော့ပေးရ တာတွေ ရှိတယ်။ ဒါပေမဲ့ သူများကို အလျှော့ပေးပါ လို့ပြောရမှာ သရုပ် ဆောင်ချင်း ကိုယ်ချင်းစာ စိတ်ဖြစ် ဖြစ်နေတော့ သိပ် မကိုက်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ စီးပွားရေး ဆိုတော့လည်း ကုမ္ပဏီ ဘက်ကလည်း ပြန် ကြည့်ရသေး တယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar

ဇာတ်လမ်းတွေ ရွေးချယ်ပြီးရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကလတ်တလောမှာ ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးတဲ့ ‘သူ့ထံပါး’ ဇာတ်ကားကို အောင်ရဲလင်း၊ ညီထွဋ်ခေါင်တို့နဲ့အတူ သရုပ်ေ ဆာင်နေပါတယ်။ ဒီ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က အောင်ရဲလင်းကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ အခုနောက်ပိုင်းမှာ အဘက်ဘက်က ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ အင်တာနက်ကလည်း လူတွေအတွက် မရှိမဖြစ်  လိုအပ် လာတာကိုလ ည်း တွေ့ရပါတယ်။

အနုပညာရှင်တွေအနေနဲ့လည်း သူတို့ချစ်တဲ့ ပရိသတ်ကြီးကိုသူတို့ရဲ့ တစ်နေ့တာလှုပ်ရှားမှုများ ကို အင်တာနက်ကနေတစ် ဆင့်  ဖော် ပြလေ့ရှိပါတယ်။ အင်တာနက်သုံး ခြင်းရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က.. “ဖေ့စ်ဘုတ်သုံး တာက ကောင်းတာ၊ ဆိုးတာနှစ်ခုတွဲနေတယ်။ ဒါပေမဲ့ အနုပညာသမားတွေ၊ ကြော်ငြာတွေအတွက်က ကောင်းပါတယ်။ ဆိုးတာကျတော့ သူ့လည်း မသိ၊ ကိုယ့်လည်းမသိ၊ ဘယ်ကသူတွေမှန်းလည်းမသိဘူး။

ကိုယ့်ပရိသတ်မဟုတ်ဘဲရမ်းကားတဲ့သူတွေကလည်း ဆဲတယ်။ တကယ့်ပရိသတ်အစစ်ေ တွလည်းရှိပါတယ်။ စော်ကားချင်တဲ့သူတွေအတွက်ကျတော့ ဒါကို လွတ်လပ်ခွင့်ပေးထား သလိုဖြစ်နေ တယ်။ အဓိက ကစ်တို့ သုံးနေ တယ်ဆိုတာ ကလည်း ကိုယ့်ကို ချစ်တဲ့ပရိသတ်တွေ၊ အမြဲတမ်းအားပေးနေတဲ့ အမာခံပရိသတ် အစစ်တွေကို ကစ်တို့သတင်းလေး တွေ၊ ဓာတ်ပုံ၊ Update News  တွေကို အသိပေးချင်လို့ သုံးဖြစ် တယ်။ ဖေ့စ်ဘုတ်မှာ လူမျိုးစုံတွေ့ ရပါတယ်။ ကစ် ဖေ့စ်ဘုတ်သုံးနေတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ” လို့ပြောပါတယ်။ အခု နောက်ပိုင်းမှာတော့ အရင်က ရိုက်ကူးထားတဲ့ ဇာတ်လမ်းပုံစံတွေနဲ့မတူအောင် ရိုက်ကူးထားကြောင်း ဝတ်မှုံ ရွှေရည် ကပြောပါတယ်။

“ကစ် ရှေ့ကကားတွေနဲ့မတူ အောင် ရွေးပြီးရိုက်ကူးထားတယ်။ ဇာတ်လမ်းတွေကအစ တစ်ခါမှမရိုက်ဖူးသေးတဲ့ ပုံစံမျိုးကို အဓိကထားပြီး ရိုက်ကူြး ဖစ်တယ်။ ရှေ့နှစ်တွေကလည်း ဇာတ်လမ်းမျိုးစုံရိုက်ပြီးပြီ လေ။ ဒီနှစ်ကျတော့ ကားရိုက်တွေကိုနည်းနည်းလျှော့ရိုက်တယ်။ သေချာလေး ဇာတ် လမ်းကိုရွေးပြီး ရိုက်ကူးမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ အခုလည်း အဲဒီလိုပုံစံမျိုးရိုက်ကူးဖြစ် နေပါတယ်” လို့ပြောတဲ့ ဝတ်မှုံရွှေ ရည်က ရုပ်ရှင်ကား ပဲဖြစ်ဖြစ်၊ ဗီဒီယို ကားပဲဖြစ်ဖြစ်အဝတ် အစားကို သေချာပြင်ဆင်လေ့ရှိကြောင်း ပြောပါတယ်။

“ကားတစ်ကားရိုက်တော့မယ်ဆိုရင် ခေါင်းအစခြေ အဆုံး သေချာ ပြင်ဆင်ပြီးမှ ရိုက်ကူးတယ်။ အဲဒီအတွက်လည်း သေချာ အချိန်ယူပြီး ပြင်ဆင်လေ့ရှိတယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး လက်လှမ်းမီ သလောက်တော့ လေ့လာဖြစ်ပါတယ်။ ဝါသနာလည်းပါတယ်”  လို့ ပြောပါတယ်။

တွယ်တာ
By Popular myanmar

မြန်မာနိုင်ငံ အနေနဲ့ တင်းနစ်အားကစား ရော၊ Davis Cup ပြိုင်ပွဲပါ မကျင်းပနိုင်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြေတီဦး ပြော

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂ဝ၁၃ ဆီးဂိမ်း အားကစား ပြိုင်ပွဲမှာ တင်းနစ်အား ကစား မပါဝင်လို့ စိတ်မကောင်း ဖြစ်ရသလို၊ ဒီဧပြီလမှာပဲ ယှဉ်ပြိုင်ရမယ့် Davis Cup  ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ် ထားရာ ကနေ ပျက်သွားတဲ့ အတွက် တအား စိတ် မကောင်း ဖြစ်ရတယ်လို့ အနုပညာရှင် တစ်ဦး လည်းဖြစ်၊ တင်းနစ် အားကစားသမား လည်းဖြစ်တဲ့ ပြေတီဦးက အခုလို ပြောပြခဲ့ပါတယ်။
“ကျွန်တော် ပထမဦးဆုံး စသိတာက ဆီးဂိမ်း အရင် လာတာပေါ့ Davis Cup ကို မသိသေးဘူး။ ဆီးဂိမ်းမှာ တင်းနစ် အားကစားကို မထည့်ဘူးဆိုတဲ့ သတင်း ကြားရတယ်။ တအား စိတ်မကောင်းဖြစ်တယ်။ တအား ဝမ်းနည်းတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း တင်းနစ်ကို တအား ဝါသနာပါပါတယ်။ တင်းနစ်မှ မဟုတ်ဘူး။ အားကစားတော်တော် များများကို ဝါသနာပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ တင်းနစ်ကို ကစားဖြစ်နေ တာပေါ့။ ကျွန်တော်တို့ နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ လက်ခံမယ်လို့ ကျွန်တော်တို့ စဉ်းစား ထားကြပြီး ဆုံးဖြတ်ပြီး သွားကြပြီ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကျွန်တော် တို့ ဘက်ကနေ တာဝန်ယူနိုင် အောင် ကြိုးစား ရမှာပဲလေ။ အားလုံး ပြည့်စုံအောင် မလုပ် နိုင်ဘူး ဆိုရင်တော့ အစောကြီး ကတည်းက မလုပ်တာ အကောင်းဆုံးပဲလေ။ တင်းနစ် အားကစားဆို တာ ကမ္ဘာကျော် အားကစားတစ်ခု၊ ကမ္ဘာပေါ်မှာ သိပ် နာမည်ကြီးတဲ့ အားကစား တစ်ခု၊ ဥပမာ တင်းနစ် အားကစားသမား တစ် ယောက်ရဲ့ ဝင်ငွေဆို ရင် အားကစား သမားတွေထဲမှာ အမြင့်ဆုံး ဆိုတဲ့ စံချိန် တွေ ထဲမှာပါတယ်။ ကမ္ဘာပေါ်မှာ လည်း ဒီပရိသတ်က သန်း နဲ့ ချီပြီးရှိတယ်။ ကမ္ဘာကျော် အားကစား တစ်ခုကို ဘာဖြစ်လို့ မထည့်တာလဲပေါ့။ ပထမ ထင်လိုက်တာက လုံလောက်တဲ့ ကွင်း၊ အဆင့် အတန်းမီတဲ့ ကွင်းမရှိလို့ လားပေါ့။ အဆင့်အတန်းမီတဲ့ ကွင်းမရှိလည်း ထည့်ကို ထည့်ရမှာပဲ။ တခြားနိုင်ငံတွေ ကလည်း ဝိုင်းပြီးတော့ Complain တက်ကြတယ်။ တင်းနစ်ကို မထည့်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒီလို မထည့်နိုင်ဘူး ဆိုတာက ကျွန်တော် တို့နိုင်ငံရဲ့ သိက္ခာကျတာပေါ့။ ကွင်းတွေ အဆင် မပြေဘူးဆိုလည်း ထားလိုက်ပါတော့လေ မတတ်နိုင် ဘူးပေါ့။ သိပ်မကြာခင်မှာပဲ သတင်းတစ်ခု ထပ်ကြားတယ်။ Davis Cup ကို မြန်မာပြည်ကနေ တာဝန်ယူပြီး လုပ်မယ်ပေါ့။ တကယ် ရိုက်ရမှာက ဧပြီလ၂၂ရက်နေ့ ရိုက်မှာ။ ကျွန်တော် တို့ ကြားတာက ဧပြီလ ၁၃၊၁၄ လောက်မှ ဒီပြိုင်ပွဲကို လုပ်ခွင့်မပြု ဘူးဆိုပြီး စာထွက်လာတယ်။ ထွက်လာတဲ့ စာကလည်း ရုံးပိတ်ရက်ကြီးမှာ ထွက်လာ တယ်။ ကျွန်တော်တို့ စဉ်းစားတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်သွားတယ် ဆိုတာ မှန်တယ်။ ဒါပေမဲ့ အခုလာတဲ့ အားကစားသမားတွေ ကျတော့ လာတဲ့ လူတွေကို လုံခြုံရေးက သေချာ စစ်ဆေးလို့ရတယ်။ ကျွန်တော်တို့နိုင်ငံ မှာ တင်းနစ် အားကစား ဆိုတာက ပရိသတ်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး လာကြည့်တဲ့ အားကစား မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကွင်းထဲမှာ ဟိုဘက်၊ ဒီဘက် ကစားကြတာ ဆိုတော့ ဘာပြဿနာ မှမရှိဘူး။ လုံခြုံရေးသာ တင်းတင်းကျပ်ကျပ်ပေး မယ် ဆိုရင် ဘာမှမဖြစ်နိုင်ဘူး။ ဒီပွဲနှစ်ပွဲလုံး မကျင်းပဖြစ်လို့ တအား စိတ်မကောင်း ဖြစ်ပါတယ်။ နောက်ဆိုရင် ကျွန်တော်တို့  မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာကို အိမ်ရှင် အဖြစ်နဲ့လက်ခံပြီး ကျင်းပ နိုင်မယ့် အခွင့်အရေး က နည်းသွားတာပေါ့။ နောက် ဆိုရင် ကျွန်တော်တို့ နိုင်ငံကို ယုံကြည်မှု ဆိုတဲ့ အခွင့်အရေးက အများကြီး နည်းသွားတာ ပေါ့” လို့ပြောပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့က ဒုတိယမြောက် ရင်သွေးကို ထပ် ယူဖြစ် တဲ့ အကြောင်း အရင်း ကိုလည်း ပြေတီဦး က “သမီးလေး အတွက်ပါပဲ။ သမီးလေးက တစ်ယောက်တည်း အထီးကျန် ဖြစ်မှာ စိုးလို့ သူ့အတွက် အဖော်လေး တစ်ယောက်တော့ အနည်းဆုံး ရှိသင့်တာပေါ့။ ကလေး တစ်ယောက် အတွက် ပူရတဲ့ အပူက သိပ်ကြီး လွန်းတယ်။ သမီးလေး အတွက် အဖော်တစ်ယောက် လိုတယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် တစ်ယောက် ယူဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
By Popular Myanmar

အချစ်ကြီးသူ ယုသန္တာတင်

ယုသန္တာတင်က ‘မီးတောင်ပြိုများ’ ဆိုတဲ့ဇာတ်ကားမှာ မြင့်မြတ်၊ ရွှေမှုံရတီတို့ နဲ့  ရိုက်ကူးနေပါတယ်။ မြင့်မြတ်ရဲ့ အလုပ်ရှင်သူဌေး အချစ်ကြီးတဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလို့ ပြောပြ တဲ့ ယုသန္တာတင်က အခုတလော အချစ်ကြီးတဲ့ ဇာတ်ရုပ်မျိုးတွေ ရိုက်ဖြစ်နေတယ်လို့ ပြောပြ ပါတယ်။”တအားအစွန်းရောက်ပြီး အချစ်ကြီး တဲ့ကားမျိုးတွေပဲ ရိုက်ဖြစ်နေတယ်။ တိုက် ဆိုင်သွားတာလည်းပါတယ်။ အခုတလော လာပေးတာ ဒီလိုဇာတ်လေးတွေများတယ်။ ကိုယ့်အတွက်လည်းပိုအဆင်ပြေတယ်လို့ ပြော လို့ရတယ်။ယုကနဂိုကတည်းကလည်း အနေ တည်တယ်။ အကြော တင်းတဲ့ပုံစံမျိုးနဲ့ဆို ပိုလိုက်တယ်။ ဇာတ်ကားတွေ တစ်ကား ထက်တစ်ကား ပိုပြီးကြိုးစားပါတယ်။ ကားရိုက် များလာတော့ အရင်ထက်စာရင် ပိုပြီးအရှိန်နည်းနည်းရလာတယ်။ အဆင် ပြေလာတယ်။ ဇာတ်ကားတွေလည်း ဆက်တိုက်ထွက် လာမှာပါ” လို့ ပြောပြပါတယ်။ ဇာတ်ကား တွေ၊ေ ကြာ်ငြာ တွေ ဆက်တိုက် ရိုက်ကူးသွားမယ့် ယုသန္တာတင်က အနုပညာ လှုပ်ရှား မှုပုံရိပ်တွေကို ဖေ့စ် ဘုတ်ကနေ အမြဲတင်ဖြစ် နေတာကိုလည်း “အနု ပညာလှုပ်ရှားမှုတွေကို ပရိသတ် တွေ သိစေချင်လို့ အမြဲ Update လုပ်ဖြစ်တယ်။ပရိသတ်တွေနဲ့ လည်း ပိုပြီးထိတွေ့မှုရှိတယ်။ သူတို့ရဲ့ ရေးေ ပးတဲ့ ကွန်မန့်တိုင်း၊ ဝေဖန်ထားတဲ့ အကြောင်းအရာတိုင်း ပြန်ပြီး မပြောဖြစ်ပေမယ့် အကုန်ဖတ် ဖြစ်တယ်။လိုအပ်တာရှိရင်လည်း ပြင် တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ